Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 10
"ဒါနဲ့....ပြောရပါအုန်းမယ်။"

"အမ်...ဘာအကြောင်းလဲ။"

ချီရှန်းက အန်းလုအား ကြောင်တောင်တောင်ရုပ်လေးဖြင့် ကြည့်ကာနေသည်။ အန်းလုက ချီရှန်းကို မျက်စောင်းထိုးက သေချာကြည့်နေလေ၏။

ရူတ်တရက်ပင် အန်းလုက လက်ညိုးထိုးလျက်

"ကျွန်တော်သေတော့မလိူ့လေ။ ရှန်းရှန်း သတ်တာ။"

"ဘာကို...."

"အံမယ် မသိချင်ယောင်ဆောင်နေတာ။ ဟိုနေ့က ကျွန်တော့်အဆောင်ကို လူလွှတ်ပြီး သတ်ခိုင်းလိုက်တယ်လေ။ ဒီမှာတွေ့လား အရာကြီး လည်ပင်းအညှစ်ခံရတာဗျ။"

ချီရှန်းက စိုးရိမ်သွားသော မျက်နှာဖြင့် အန်းလု၏ လည်ပင်းအနားသို့လက်လှမ်းလိုက်လေသည်။ အန်းလုက ထပ်အော်လေ၏။

"ကံကောင်းလို့သာပေါ့။ ဟိုတယောက်ကယ်လို့။"

ချီရှန်းက ထိုအခါမှ လက်သီးဆုပ်ကာ ချောင်းအသာဟန့်လိုက်ရင်း

"အဟမ်း....အဲ့တာကလေ....."

"အဲ့တာကဘာဖြစ်လဲ။ ဟမ်....သူများသားသမီးကို စိတ်မဝင်စားတိုင်း သတ်ပစ်ဖို့တွေးနေတာလား။"

"အာ...အဲ့လိုမဟုတ်ပါဘူး။"

"ဒါဆိုဘယ်လိုတုန်း။"

အန်းလုက ခါးကိုထောက်ကာနှူတ်ခမ်းဆူထားသည်။ အရင်က ပုံစံနဲ့မတူတော့သည့် အန်းလုဟုဆိုသော်လည်း အပြုအမူတွေက အန်းလု၏ ပုံစံအား အပြည့်အဝထင်ဟပ်နေသည်။ ချီရှန်းက ကြည့်ကာ ပြုံးလိုက်ရင်း

"လာပါအုန်း။ ဒီနားကို...."

"မလာဘူး။"

ချီရှန်းက အန်းလု၏ တင်ပါးနှစ်ဖက်ကိုဆွဲကိုင်ကာ သု့ဘက်အားဆွဲလိုက်လေသည်။ အန်းလုကလည်း ထုံးစံအတိုင်း ဆူပုတ်နေသော မျက်နှာဖြင့် ပင် ချီရှန်းအနားသို့ပါသွားလေ၏။ ချီရှန်းက မျက်လုံးချင်းဆုံစေပြီးနောက်

"အဲ့တာမင်းမှန်း မသိလို့ပါ။ကံကောင်းလို့သာပေါ့။ မဟုတ်ရင် ကိုယ့်မိန်းမ ကိုယ့်ဆီမရောက်ခင် ထပ်ပျောက်သွားနေအုန်းမှာ။ "

အန်းလုက ချီရှန်း၏ ရင်ဘတ်အား လက်သီးဆုပ်ကာထုလိုက်သည်။

"သေစေချင်နေတာလား။ "

"ကိုယ်ပြောမယ်။ အခု အန်းလုကို ကာကွယ်ပေးနေတဲ့တယောက်က အန်းလုရဲ့ ကိုယ်ရံတော်လား။"

"အင်း...အဲ့လိုပါပဲ။"

ချီရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကအဲ့လိုပါပဲလဲ။ သေချာပြော...ကိုယ်သူ့ကိုတစက်မှကြည့်ရတာမဟုတ်ဘူး။"

"အမလေး...သူကြည့်ရတဲ့သူရှိတာကြနေတာပဲ။အကုန်လိုက် အမြင်ကပ်နေပြီးတော့။"

"ကိုယ့်ကိုဘာထင်နေတုန်း။ "

ချီရှန်းက ပြောပြောနှင့်ပင် အန်းလု၏ခါးအား ကလိထိုးလေ၏။ အန်းလုကလည်း ရုန်းရင်းနှင့်ပင် တဖက်သို့လှည့်သွားပြီး ချီရှန်း ရင်ခွင်အတွင်းသို့ ပြုတ်ကျလေသည်။

"ဟားဟားဟားဟား တော်တော့လို့ ယားတယ်။"

အန်းလုက ချီရှန်းကိုမော့ကြည့်ရင်း လက်နှစ်ဖက်ကို မြှောက်ကာ ချီရှန်း၏ ပါးနှစ်ဖက်ကို လက်တစ်ဖက်စီဖြင့် ထိကိုင်လိုက်သည်။

"ရှန်းရှန်း...... "

ချီရှန်းကလည်း အန်းလုကိုကြည့်နေရင်းမှ ခေါင်းကို အနည်းငယ်လှုပ်လိုက်ရင်း ပြန်ဖြေသည်။

"အင်း...."

အန်းလုကအတော်ကြာစိုက်ကြည့်လာပြီးမှ ချီရှန်း၏ပါးနှစ်ဖက်အားထိကိုင်ထားသော သူ၏လက်နှစ်ဖက်ကို ဖြုတ်ချလိူက်ပြီး

"အမ်း...ဘာမှမဟုတ်တော့ပါဘူး။ ဒီအတိုင်း ပိန်သွားတယ်။ ဒီနေ့ကစပြီး များများစားရမယ်။ထမင်းစားချိန်တိုင်းကို ကျွန်တော်ကိုယ်တိုင်ကြည့်မယ်။ အဲ့တော့ မစားရဲမစားကြည့်။"

"ကောင်းပါပြီ မိန်းမရယ်"

.........

အန်းလုက ညနေစောင်းလောက်မှ သူ့ရဲ့အဆောင်သို့ပြန်လာခဲ့လိုက်သည်။ ချီရှန်းကို တစ်ချို့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အသိမပေးသေးပဲ နေတာကပိုအဆင်ပြေစေလျမ့်မည်ဟု သူထင်သည်။ ကျင့်ချီကတယ်ပဲ ချီရှန်းအတွက် အန္တာရာ်ရှိသည့် လူဟုတ်မဟုတ် သူကိုယ်တိုင် အရင်စစ်ဆေးခြင်းက ချီရှန်းကို အလုပ်မပိုစေရန် ဖြေရှင်းသည့် အကောင်းဆုံးနည်းလမ်းပင်။

"ကိုယ်လုပ်တော်ကျင့်....မနေ့ညကတည်းကဘယ်ကိုရောက်နေခဲ့တာလဲ။"

ရောက်လျင်ရောက်ချင်း အပေါက်ဝမှ ရပ်စောင့်ကာမေးလေသော ကျင့်ချီကြောင့် အန်းလုသက်ပြင်းချလိူက်သည်။

"ဟူး....ဘာလဲ။ ကိုယ့်ဘာသာ ဘယ်သွားသွားပေါ့။"

"မဟုတ်ဘူးလေ။ ကျွန်တော်ဒီလောက် သတိအထပ်ထပ်ပေးနေတာတောင် ဘာလို့များ ကိုယ့်သဘောကျ ကိုယ့်စိတ်ကြိုက်လုပ်နေရတာလဲဗျာ"

(ဘာဖြစ်လဲ။ဘာဖြစ်လဲ ။ လုပ်ချင်ရာလူပ်တော့ဘာဖြစ်လဲ။)

အန်းလုက ပြုံးပြလိုက်သည်။

"ဟီး...."

ကျင့်ချီက ခေါင်းခါရင်း စိတ်ပျက်သည့်ပုံစံလုပ်ပြသည်။

"ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် ပေါ့။
ဒါနဲ့ နည်းလမ်းတွေဘာတွေရော စဉ်းစားပြီးပြီလား။ ဘုရင်ကို ဖြားယောင်းဖို့။"

အန်းလုကပြန်မဖြေပဲ အဆောင်ထဲသို့ ဝင်လာလိုက်ပြီး ထိုင်ခုံတစ်ခုပေါ်တွင် ခြေပစ်လက်ပစ်အရင်ထိုင်ချလိူက်သည်။ ကျင့်ချီက သူ့ဘေးတွင် ရပ်လိုက်ပြီး

"အန်းလု ခင်ဗျ"

အန်းလုက လက်ကာပြလိုက်သည်။

"တိတ် တိတ်...ငါ ညကျရင် သူ့အဆောင်ကိုသွားမလို့။"

"အဝင်ခံမယ်ထင်လို့လား။"

အန်းလုက အကြည့်စူးစူးဖြင့် ကျင့်ချီအား မော့ကြည့်လိုက်သည်။ ကျင့်ချီက အနည်းငယ်လန့်သွားပြီးနောက် တံတွေးတစ်ချက်မြို့ချလိုက်ရင်း

"အင်း...ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ။ ကျွန်တော် လာအသိပေးတာ။ ဒီည ကျွန်တော့်မင်းသားလေးဆီ သွားမှာမလို့။ အသတ်ခံရကိန်းရှိရင်လည်း ကြိုပြောပါလို့။"

ကျင့်ချီကကအန်းလုအား ဂါရဝပြုလိုက်သည်။ အန်းလုက ကျင့်ချီအား မျက်စောင်းထိုးလိုက်လေ၏။ ကျင့်ချီက အန်းလုအား ပြန်မကြည့်တော့ပဲ မြန်မန်ပင် အပြင်သို့ထွက်သွားလေတော့သည်။

ဘာရယ်ကြောင့်မှန်းတော့မသိပေမဲ့ ကျင့်ချီက အမြဲတမ်းအလုပ်များနေတတ်သည်။ အန်းလု၏ ကိုယ်ရံတော်အဖြစ်ထားရှိသည်ဟုသာဆိုသည် အနားမှာမရှိသည်က များနေလေ၏။ ရောက်သည့်ရက်က တပ်တပင်မပြည့်သေး။ သူလူပ်နေသည့် အလုပ်များက ဆက်တိုက်ပင်။ အတော်လေးကို အလုပ်ရှုပ်နေပုံရ၏။

အန်းလုကဆက်မတွေးတော့ပဲ တရေးတမောအိပ်ရန်သာ ဆုံးဖြတ်လိုက်ပြီး အိပ်ယာသို့ သွားကာ ပက်လက်လှန်ချလိုက်တော့သည်။

~~~~~~~~~~~~~

"အရှင် ကျွန်တော့်ကို မနောက်ပါနဲ့တော့။ ကျေးဇူးပြုပြီး "

ချီရှန်းက အဆောင်တော်ကိုပြန်ရောက်သည်နှင့် ရှောင်ရှန်းအား အကြောင်းဆုံပြောပြလိုက်သည်။ ရှောင်ရှင်းက အန်းလုရော သူရောပါ အပြည့်အဝယူံကြည့်ရသည့် လူတယောက်ပေမို့ မပြောနိုင်စရာအကြောင်းမရှိပေ။

ရှောင်ရှင်း၏ မယုံသင်္ကာဖြစ်နေသော စကားသံကြောင့် ချီရှန်းက စိုက်ကြည့်လိုက်သည်။ ရှောင်ရှင်းက သူ၏မျက်နှာကိုပြန်ပြင်လိုက်ပြီး

"အဟမ်း..."

ချီရှန်းက မျက်လွှာကိုပြန်ချလိူက်ပြီး

"သူ့ရဲ့ ကိုယ်ရံတော်နဲ့ပတ်သတ်ပြီးသိချင်တယ်။ တစ်ခုမကျန် ။ ဘေးမှာဆက်ထားသင့်မထားသင့်။ အန်းလုအပေါ်ဘယ်လိူသဘောထားတာလဲဆိုတာ။ အန်းလုပြောတာတော့ သူ့ရဲ့ ဝိညာည်က အဲ့ဒီကိုယ်လူပ်တော်ရဲ့ကိုယ်ထဲကို ဝင်သွားတာလိူ့ပြောတယ်။ သူတို့ရဲ့ ဆက်နွယ်မှုကရော သခင်နဲ့အစေခံအဆင့်ပဲလား။ အကုန်သိချင်တယ်။ "

ရှောင်ရှင်းက ချီရှန်းပြောသမျှ တတွတ်တွတ်စကားတွေကို ပါးစပ်အဟောင်းသားဖြင့် နယးထောင်နေပြီး ပြန်ဖြေရန် ပင် မေ့လျော့နေလေ၏။ ချီရှန်က မည်သည့် အကြောင်းပြန်ချက်မှ မလာသဖြင့် မော့ကြည့်လိုက်ပြန်သည်။

ထိုအခါမှ ရှောင်ရှင်းက ဂါရဝပြုလိုက်ပြီး

"ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် စုံစမ်းလိူက်ပါ့မယ်။"

~~~~~~~~~~~~~
© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі