Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 32
" သားလေး....မယ်တော့်ရဲ့သားလေး။ "

ဝမ်းနည်းပူဆွေးစွာငိုကြွေးနေသော သူမ၏အသံက နေရောင်ခြည်ပင်ဖြာမကျနိုင်သော အခန်းဆောင်ထဲတွင် ပဲ့တင်ထပ်နေလေ၏။

" တောင်းပန်ပါတယ်။ ဒီအသုံးမကျတဲ့ မိခင်ကြောင့် ဒီလိုမျိုး သူတစ်ပါးရဲ့အသုံးတော်ခံဖြစ်ပြီး သေဆုံးရတာ။ မယ်တော့ရဲ့ အပြစ်တွေပါ။ အားလုံး....အားလုံးကဒီမယ်တော့်ရဲ့ အပြစ်တွေချည်းပါပဲ......"

* ကျွီ.........*

တံခါးချပ်နှစ်ဖက်လုံး ပွင့်ဟသွားပြီးနောက် နေရောင်ခြည်ပြင်းပြင်းက သူမထိုင်နေသောနေရာသို့ တမဟုတ်ချင်းဖြာကျလာသည်။ အလန်းပေါက်ဝတွင် ကောင်လေးတယောက် က မတ်တပ်ရပ်ကာနေလေ၏။

သူမက သိသာသောပြောင်းလဲမှုကြောင့် ထိုတံခါးပေါက်ဝကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် မျက်ရည်စများဖြင့် စိုရွဲကာနေလေ၏။ အပေါက်ဝတွင် ရပ်ကာနေသေယ ထိုကောင်လေးက သူမကိုကြည့်ရင်း လှမ်းအော်လိုက်သည်။

" မယ်တော်..... "

"....."

သူမက နေရောင်ကြောင့် အရိပ်မဲမဲပုံစံကိုသာမြင်ရသော ထိုကောင်လေးကိုသေချာစွာကြည့်နေရင်းမှ ထိုကောင်လေးဆီက ထွက်လာသောအသံကြောင့် သူမ၏ မျက်ဝန်းများက ပြူးကျယ်လာလေသည်။

" အား...အားချန်....အားချန်လား။"

ထိုအခါမှ ယိချန်က သူမဆီသို့ အပြေးရောက်ကာလာသည်။ ထိုင်ခုံပေါ်တွင် ထိုင်နေသော သူမ၏ ရှေ့သိူ့ ရောက်ရောက်လာခြင်းပင် ကြမ်းပြင်တွင် ဒူးထောက်ထိုင်ချလိုက်ရင်း သူမ၏ ပေါင်ပေါ်တွင် ခေါင်းကိုအသာမှီချလိုက်သည်။

" မယ်တော်....သားတော်..အားချန်ပါ။...သားတော်ပါ။"

"  မျက်နှာလေးကို မယ်တော့်ကို ပြပါအုန်း။ သားတော်ကို ကြည့်ပါရစေအုန်း။ ဒီ မယ်တော့်ကိုပြပါအုန်း။"

ယိချန်က သူ၏ခေါင်းကိူမော့ပေးလိုက်သည်။ သူမက ယိချန်၏ပါးပြင်အားလက်နှစ်ဖက်ဖြသ့် တစ်ဖက်စီကိုင်လိုက်ရင်း

" သားတော်....အားချန်...တကယ်ကို အားချန်ပဲ။"

သူမ၏ ဝမ်းသားပျော်ရွှင်သွားသောအသံက ငိုရလွန်းလို့ ရှိုက်နေသောအသံနှင့်အတူ ရောနှောကာထွက်ကြလာသည်။ ယိချန်က သူမ၏ လက်ကို အပေါ်ထပ်ကာထိလိုက်ရင်း

" ဟုတ်တယ်။ သားတော် မယ်တော့်ကိုလာခေါ်တာ။ သားတော်တို့ ဒီနေရာကနေ အဝေးဆုံးကို ထွက်သွားကြမယ်။ သားတော်တို့ ဒီမှာ နေစရာမလိုတော့ဘူး။ အမြန်ဆုံးသွားကြမယ်။"

ယိချန်က မတ်တပ်ပြန်ရပ်လိုက်ပြီးဆိုသည်။ ထိုအခါမှ သူမ၏ မျက်နှာက ချက်ချင်းတည်သလိုဖြစ်ကာ

" မယ်တော် ကြားလိုက်တာက အခု မင်းရဲ့ခမည်းတော်နဲ့ မိဖုရားခေါင်ကြီးတို့က ဝူနန်မှာ မင်းကိုသတ်တဲ့အမှုနဲ့ ထောင်ချထားခံရတယ်တဲ့။ မယ်တော် မနေ့က ဒီသတင်းကိုရခဲ့တယ်။ ဒါပေမဲ့ မင်းက......"

သူမက ယိချန်၏ခေါင်းအစ၊ ခြေအဆုံးတစ်ချက်ကြည့်ရင်း

" ယိချန် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ မင်းသူတို့ကိုများ ချောက်ချထားတာလား။ သူက မင်းရဲ့ ခမည်းတော်နော်။"

" မဟုတ်ပါဘူး။ မိဖုရားယွီ...."

ရုတ်တရက် ပြင်ပမှဝင်ကာလာသောသူက ကျင့်ချီပင်ဖြစ်သည်။ သူမတို့သားအမိရှေ့ကိုရောက်တော့ နှစ်ယောက်လုံးကို ဂါရဝ​ပြုလိုက်သည်။ ပြီးမှ ဆက်ပြောလေ၏။

" ဖြစ်နိုင်ရင် ကျွန်တော်တို့ နန်းတော်ကနေ အမြန်ဆုံးထွက်နိုင်လေ ကောင်းလေပါ။ မဟုတ်ရင် မိဖုရားယွီမှာပါ အန္တာရာယ်ရှိလာနိုင်တာမလို့ ကျွန်တော်တို့ ဒီကို အမြန်ဆုံးရောက်လာခဲ့ရတာပါ။

ပြီးတော့ အခုမိဖုရားရှေ့မှာရှိနေတာက မိဖုရားရဲ့ သားတော်အစစ်ပါ။ ဝူနန်နယ်မှာ သေဆုံးသွားတယ်ဆိုတဲ့ တယောက်က ကိုယ်လုပ်တော်ကျင့်ဆိုပြီး မင်းသားလေးရဲ့ အယောင်ဆောင်ထားတဲ့သူတစ်ယောက်ပါ။ သူတိူ့က အမြွှာနီးပါး ရုပ်ချင်းဆင်တူကြပါတယ်။ ဒါ့ကြောင့် ဒိီလိုတွေဖြစ်လာတာပါ။"

"အရင်ဆုံး ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ။ နန်းတော်အပြင်ဘက် စိတ်ချရတဲ့နေရာရောက်တဲ့အခါ အားလုံးကိုရှင်းပြပေးပါမယ်။"

ယိချန်က သူ့မိခင်၏ လက်ကိုဆွဲလိုက်ရင်း ထပ်မံကာပြောသည်။ သူမက ခေါင်းကိုငုံ့ကာစဥ်းစားနေပုံရ၏။ အတော်ကြာတော့ သူမကယိချန်ကိုကြည့်လာသည်။

" မယ်တော်လိုက်ခဲ့ပါ့မယ်။"

ယိချန်ရော ကျင့်ချီပါ ပြုံးလိုက်ကြသည်။ ကျင့်ချီက ယိချန်ကို တချက်ကြည့်လိုက်ပြီးနောက်

" ဒါဆို ကျွန်တော်တို့ မြန်မြန်ထွက်သွားရအောင်။ "

"အင်း....."

"ဒါပေမဲ့......... "

ယိချန်တို့နှစ်ယောက်လုံးအသင့်ဖြစ်နေချေပြီး။ အပြင်သိူ့ပြန်ထွက်ရန်ပြင်လေတော့ နောက်တွင်လိုက်လာသော သူမက ရုတ်တရက်ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်ပြီးဆိုသည်။

" မင်းရဲ့ ခမည်းတော်နဲ့ မိဖုရားခေါင်ကြီးကို မင်းက ကယ်ရလိမ့်မယ်။ ဘာတွေပဲဖြစ်ဖြစ်...နောက်ဆုံးမှာသူတို့က မယ်တော်တို့ကိုဘယ်လောက်ပဲ နှိပ်စက်ခဲ့ပါစေ။ သူတို့မရှိတော့ရင် သူတစ်ပါးလက်အောက်ခံပြန်ဖြစ်မဲ့အပြင် ချိုက်အန်းဘုရင်ရဲ့အမြတ်ဒေါသနဲ့သာဆို ယွဲ့တိုင်းပြည်ကြီးက ပျက်သုန်းပျောက်ကွယ်သွားလိမ့်မယ်။

ဒါ့ကြောင့် မင်းသူတို့ကိုကယ်ရမယ်။"

သူမက ယိချန်၏လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း ပြောလိုက်သည်။ ယိချန်က သူမအား သေချာစွာကြည့်နေလေ၏။ ထို့နောက် သက်ပြက်တစ်ချက်ချလိုက်ပြီးနောက်

" ကျွန်တော် ကြိုးစားကြည့်ပါမယ်။ မယ်တော် အရင်လိုက်ခဲ့ပေးပါ။"

....................................

လှည်းယာဥ်အတွင်းတွင် အိပ်ပျော်သွားသော မိခင်ဖြစ်သူအား ပိတ်စရှည်တစ်ထည်အားအပေါ်ယံခြုံလွှားပေးလိုက်ပြီးနောက် လှည်းယာဥ်အပြင်ဘက်တွင် လှည်းမောင်းနေသော ကျင့်ချီရှိရာဘေးတွင် လာထိုင်လိုက်သည်။ ကျင့်ချီက သူအားဘေးစောင်းကာ ခတ္တကြည့်လိုက်ရင်း

" မင်းသားလေး မအိပ်သေးဘူးလား။ အရင်လိုအားမနည်းတော့ဘူးဆိုပေမဲ့လည်း ကိုယ့်ကိုယ်ကို အရမ်းကြီး အပင်ပန်းမခံပါနဲ့။"

ယိချန်သည် ယခင်နှင့်လုံးဝမတူပဲ အားအင်များက တမဟုတ်ချင်းသူ၏ကိုယ်ခန္တာထဲသို့ ဝင်ရောက်လာသလိုပင် စိတ်သွားတိုင်းကိုယ်ပါလာလေ၏။ ဤကိစ္စက မရိုးသားသည်ကိုလည်း သူသိသည်။

လွန်ခဲ့တဲ့နှစ်ရက်ညဘက်ခင်းတွင်ပင် ဆေးသောက်နေရင်း ရုတ်တရက်သူ၏ကိုယ်ခန္တာကစွမ်းအားများ ရလာသလိုခံစားခဲ့ရပြီး အိပ်ယာထဲမှ အားနည်းကာ နာမကျန်းဖြစ်နေသည့်ပုံစံမျိုးသည် တမဟုတ်ချင်းပြောင်းလဲကာသွားလေသည်။ ထိုကိစ္စကိုစဥ်းစားနေချိန်တွင်ပဲ အန်းလုပို့ပေးသော စာလွှာကိုသူရသည်။

စာလွှာထဲတွင် ယွဲ့တိုင်းပြည်သည် လွတ်လပ်သွားပြီးဖြစ်ကြောင်း၊ မယ်တော်ဖြစ်သူကိုလည်း နှစ်ရက်အကြာတွင် သွားရောက်ခေါ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဖြစ်နိုင်လျင် တိုင်းပြည်နှစ်ခုလုံးနှင့် ဝေးရာ တိုင်းပြည်တစ်ခုခုတွင် သွားရောက်နေထိုင်ကာ အေးချမ်းသည့်ဘဝကို အတူတည်ဆောက်ဖို့ အကြံညာဏ်ပေးကြောင်းရေးသားထားသည်။ ကျင့်ချီက အရင်ဖတ်ရန်ပြင်သော်လည်း အန်းလု၏ လက်ရေးမှာ သူနားမလည်နိုင်လောက်သည်အထိ ရေးသားထားသောကြောင့် ယိချန်ကပင် ဖတ်ပြလိုက်ရသည်။

ယိချန်က ထိုစာကိုဖတ်ရင်းပြုံးလိုက်သည်။ ထို့နောက် ထိုစာရွက်၏အောက်တွင်ပဲ နောက်ထပ်စာရွက်တစ်ရွက်ကို သူတွေ့လိုက်ရသည်။

*မကြာခင်မှာ ကျွန်တော်တစ်ခုခုဖြစ်လာနိုင်တာမလို့ ၊ သတင်းတစ်ခုခုရခဲ့တာနဲ့ နှစ်ရက်တာကို စောင့်ဆိုင်းမနေတော့ပဲ ချက်ချင်းယွဲ့တိုင်းပြည်ကိုသွားပြီး မိခင်ကိုခေါ်ပါ။ ပြီးတော့ အဝေးဆုံးကို ထွက်သွားပါ။ မဟုတ်ရင် ဒီကိစ္စတွေထဲမှာ ယိချန်က ထပ်ပြီးပါဝင်နေရလိမ့်မယ်။ ပြီးတော့ ယိချန်ရဲ့ ပိုင်ဆိုင်မှုတွေကို ကပ်ပါးအတုယောင်ကောင်လိုမျိုး ယူသုံးမိလို့ တောင်းပန်ပါတယ်။*

ထို့ကြောင့်ပင် နောက်တစ်နေ့မနက်မှာ ယိချန်တို့ ကိုယ်လုပ်တော်ကျင့်သေဆုံးပြီဟူသော လျှို့ဝှက်သတင်းကို ရရှိခဲ့သည်။ ကျင့်ချီက ထိုနေရာကိုပါ သတင်းပါးသူတစ်ချို့ လွှတ်ထားတာကြောင့် ယွဲ့တိုင်းပြည်၏ ဘုရင်ပါ သံသယရှိသူအဖြစ်ဖမ်းဆီးခံထားရမှန်း သိခဲ့ရသည်။ နှစ်ဦးသားတိုင်ပင်ပြီး ချက်ချင်းပင် ချိုက်အန်းမှ ထွက်ကာ ယွဲ့တိုင်းပြည်သို့ ခရီးနှင်လာကြလေတော့သည်။

ယိချန်က သူ၏မိခင်အား အနည်းငယ်လှမ်းကြည့်လိုက်ပြီးမှ ရှေ့သိူ့ပြန်ကြည့်ရင်း ကျင့်ချီကိုပြောသည်။

" အန်းလုက သူတစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိနေခဲ့တယ်။ ငါ ထင်သလောက်ဆို အခုချိန်မှာ ဘုရင်လီချီရှန်းက အရူးတပိုင်းဖြစ်နေလောက်ပြီ။ သေချာသလောက်ဆို သူက ခမည်းတော်တို့ကို သတ်မှာပဲ။ ကြံရာမရတဲ့သူမို့ သက်သေမရှိခဲ့ဘူးဆိုရင်တောင် ယွဲ့တိုင်းပြည်ကို အခဲမကျေဖြစ်ပြီး မဖြစ် ဖြစ်တဲ့နည်းနဲ့ သတ်တာကိုခံရမှာပဲ။ အဲ့ဒီကျရင် မယ်တော်ပြောသလို ယွဲ့တိုင်းပြည်ဟာ ဖျက်စီးခံရလိမ့်မယ်။"

" ရပ်......."

ယိချန်၏ စကားကြောင့် ကျင့်ချီကဇာတ်ကြိုးကို လှည်းကိုရပ်လိုက်သည်။ ဘေးရှိ ယိချန်ကိုကြည့်ရင်း

" မင်းသားလေးဘာကိုဆိုလိုချင်တာလဲ။ ဘာလို့သူတို့ကို ထပ်ကူညီဖို့တွေးနေရတာလဲ။ ဒီအချိန်က ကျွန်တော်တို့ ထွက်သွားပြီး အတူတူပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း တသက်လူံးနေသွားလို့ရနေတဲ့အချိန်လေ။ ဘာလို့ ထပ်ပြီး ဒုက္ခတွင်းထဲဆင်းနေအုန်းမှာလဲ။ တောက်..."

ကျင့်ချီက မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ သူကမြင်း၏ ရှေ့ဘက်နားကိုသွားလိုက်၏။ ယိချန်ကလည်း မြင်းလှည်းပေါ်မှ လိုက်ဆင်းလာခဲ့သည်။ ကျင့်ချီအနားသို့ သွားလိုက်ရင်း

" ဟိုဘက်မှာ ခဏသွားပြောကြရအောင်။ မယ်တော်နိူးသွားလိမ့်မယ်။"

ယိချန်က ရှေ့မှ ဦးဆောင်လျက် သစ်ပင်များရှိရာဘက်သိူ့ သွားလိုက်သည်။ ကျင့်ချီကလည်း နောက်မှလိုက်လာ၏။ တစ်နေရာသို့ရောက်တော့ ကျင့်ချီကပင် ထပ်မံကာပြောသည်။ စိတ်တိုနေပုံရသလို ယိချန်ကိုလည်း အားမလို၊ အားမရဖြင့် စိတ်ဆိုးနေပုံရသည်။

" ယွဲ့တိုင်းပြည်က ဘယ်တုန်းကမှ မင်းသားလေးတို့သားအမိကို စိတ်ရင်းအမှန်နဲ့ကောင်းကောင်းမွန်မွန် ဆက်ဆံမပေးခဲ့ဖူးဘူး။ တော်ဝင်မိသားစုကလည်း ဘယ်တုန်းကမှ အကောင်းမမြင်ပေးဖူးဘူး။ ကျွန်တော့် အနေနဲ့ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် သူတို့ကိုသတ်ပစ်လိုက်ချင်သေးတယ်။

အခုလို အစားသတ်ပေးမဲ့သူရှိတာတောင် ကျေးဇူးတင်လွန်းနေပြီ။"

"တိတ်စမ်း....ကျင့်ချီ။ မင်းအခုပြောနေတာ မင်းရဲ့မွေးရပ်မြေဖြစ်တဲ့ မင်းရဲ့တိုင်းပြည်ကို သစ္စာဖောက်နေတာနဲ့အတူတူပဲ။ မင်းဘာလို့ တစ်ကိုယ်ကောင်းဆန်နေရတာလဲ။"

" တစ်ကိုယ်ကောင်းဆန်တယ်....ကျွန်တော်ကလေ။ ဟား........"

ယိချန်၏စကားကြောင့် ကျင့်ချီက မိမိကိုယ်ကို လက်ညိူးထိုးလျက် ပြောလာသည်။ သူ၏မျက်ဝန်းများက အနည်းငယ်နီမြန်းကာလာလေ၏။ ယိချန်အနားသိူ့ တစ်လှမ်းတိုးလာလိုက်ရင်း

" မင်းသားလေး တကယ်ပဲ မသိ​တာလား။ ကျွန်တော့်တစ်ဘဝလုံးကို ဘယ်သူ့အတွက်ပေးဆပ်ထားတယ်ဆိုတာကို......အဲ့တာကိုတောင် ကျွန်တော်က တစ်ကိုယ်ကောင်းဆန်သေးတယ်လို့ ထင်တယ်သေးပေါ့။"

ကျင့်ချီ၏အသံက ကျယ်သထက်ကျယ်ကာလာသည်။ သူ၏အသံထဲတွင် ဝမ်းနည်းကာ မကျေမချမ်းဖြစ်နေသော ခံစားချက်တိူ့ပါဝင်နေ၏။ ကျင့်ချီ၏ မျက်ဝန်းမှ မျက်ရည်စတို့ စီးကျလာသည်။ ယိချန်သည် ထိူအခိုက်အတန့်တွင် အနည်းငယ်ထိတ်လန့်သွားလေ၏။ နှစ်ဦးသား မျက်ဝန်းအကြည့်တို့ ဆုံစည်းကာနေကြသည်။

တအောင့်နေတော့မှ ကျင့်ချီကသူ၏မျက်လုံးများကို မှိတ်ချလိူက်ပြီး အပေါ်သိူ့မော့ကာ နှာတစ်ချက်ရှိုက်လိုက်သည်။ သူက တစ်ဖက်သို့လှည့်မည်အလုပ် ယိချန်က

" ငါတောင်းပန်ပါတယ် ။ ငါမင်းရဲ့ သစ္စာရှိမှုကို လျစ်လျူရှုတာမဟုတ်ပါဘူး။ မင်းရဲ့ငါ့အပေါ်ထားတဲ့ အချစ်ကိုလည်းမသိကျေးကျွန်ပြုတာမဟုတ်ရပါဘူး။

မင်းငါ့အတွက် ကြိုးစားပေးသမျှအရာအားလုံးကို ငါ့စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပါတယ်။ "

ကျင့်ချီက ယိချန်ကိုထပ်မံကာကြည့်လာသည်။ သူ၏မျက်ဝန်းများက နီရဲလျက်ရှိပြီး အံကိုကြိတ်ကာထားသည်။

" ကျွန်တော့်အတွက် မှတ်ထားပေးဖို့မလိုပါဘူး။ မင်းသားလေးအတွက် ဝန်ထူပ်ဝန်ပို ဖြစ်နေပါအုန်းမယ်။ "

ကျင့်ချီက တဖက်သိူ့လှည့်ကာထွက်ရန်ပြင်လိုက်သည်။

" ဒီတစ်ခုပါပဲ။ "

နောက်ဘက်မှ ခါးအားလက်လျှိုကာဖက်လိုက်တာကြောင့် ကျင့်ချီက ရပ်တန့်လိုက်မိသည်။ ဤလက်တစ်စုံက ယိချန်၏သေးသွယ်နူးညံ့သောလက်တစ်စုံပင်ဖြစ်သည်။ နောက်မှ ဖက်ထားရင်း ယိချန်က ဆိုသည်။ သူ၏အသံတွင် ငိုသံအနည်းငယ်ပါနေလေ၏။

"ဒီတစ်ခုပြီးသွားရင် ငါတို့သုံးယောက် တစ်သက်လုံးပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ မင်းပြောသလို အတူနေကြမယ်လေ။ ငါတောင်းဆိုနေတာပါ။"

ကျင့်ချီက ယိချန်၏ လက်နှစ်ဖက်ကိုဖြုတ်ချလိုက်ပြီး ယိချန်ဘက်သို့လှည့်လာသည်။ မျက်ရည်များပြည့်နေသော မျက်ဝန်းတစ်စုံက ကျင့်ချီအားမော့ကာကြည့်နေလေ၏။ ကျင့်ချီက ယိချန်၏ ကျဆင်းလာသော မျက်ရည်စများကို လက်မဖြင့်ခပ်ဖွဖွသုတ်ပေးလိုက်ရင်း

" မငိုပါနဲ့။

မင်းသားလေး ငိုရင်ကျွန်တော့် နှလုံးသားကနာကျင်ပြီး မခံစားနိုင်လို့ပါ။ "

ယိချန်က ကျင့်ချီကို ထပ်မံကာဖက်တွယ်ထားလိုက်သည်။

" ငါ့ကိုနားလည်ပေးလို့ ကျေးဇူးပါ ကျင့်ချီ။ "

ကျင့်ချီက ဘာစကားတစ်ခွန်းမှမပြောတော့ သလိုပဲ ယိချန်ကိုသာတင်းကျပ်စွာပြန်လည်ဖက်တွယ်ထားလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hello မရေးတာကြာတဲ့ A/ N လေးရေးချင်လို့ပါ။

LBH က S3မှာ ဖတ်ရှုသူအတော်နည်းလာတဲ့အထိ ပျင်းဖို့ကောင်းလာတာသိပါတယ်။ updateမမှန်တာကြောင့်လည်းပါတာမလို့ ကိုယ်ပြောချင်တာကတော့ အခုလို ဒီလိုမျိုး ဆက်တိုက် ကိုယ့်ကိုစိတ်မပျက်ပဲ အားပေးဖတ်ရှုပေးနေတဲ့ Reader တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတာပြောချင်လို့ပါ။ 🙇‍♀️🙆

Feedback တွေက ကိူယ့်အတွက်အားဆေးလို့ဆိုပေမဲ့ မတောင်းရဲပါဘူး။ ကိုယ်က updateမမှန်တဲ့သူဖြစ်နေတာကြောင့်ဆိုတော့လေ။ ဒါပေမဲ့ မပေးနဲ့လို့တော့ မဆိုလိုဘူးနော်😁😁။ အခုနောက်ပိုင်း တပတ်ကိုတပိုင်းနီးပါးတော့ မပြတ်အောင် updateလူပ်ပေးနေမှာပါ။ တခြား fictionလေးတွေလည်း ရသလို upနေတာမလို့လေ။

ဆက်လက်ဖတ်ရှုပေးကြပါအုန်းနော်။
Thank You all~~~~~♥

" သားေလး....မယ္ေတာ့္ရဲ့သားေလး။ "

ဝမ္းနည္းပူေဆြးစြာငိုေႂကြးေနေသာ သူမ၏အသံက ေနေရာင္ျခည္ပင္ျဖာမက်နိုင္ေသာ အခန္းေဆာင္ထဲတြင္ ပဲ့တင္ထပ္ေနေလ၏။

" ေတာင္းပန္ပါတယ္။ ဒီအသုံးမက်တဲ့ မိခင္ေၾကာင့္ ဒီလိုမ်ိဳး သူတစ္ပါးရဲ့အသုံးေတာ္ခံျဖစ္ၿပီး ေသဆုံးရတာ။ မယ္ေတာ့ရဲ့ အျပစ္ေတြပါ။ အားလုံး....အားလုံးကဒီမယ္ေတာ့္ရဲ့ အျပစ္ေတြခ်ည္းပါပဲ......"

* ကၽြီ.........*

တံခါးခ်ပ္ႏွစ္ဖက္လုံး ပြင့္ဟသြားၿပီးေနာက္ ေနေရာင္ျခည္ျပင္းျပင္းက သူမထိုင္ေနေသာေနရာသို႔ တမဟုတ္ခ်င္းျဖာက်လာသည္။ အလန္းေပါက္ဝတြင္ ေကာင္ေလးတေယာက္ က မတ္တပ္ရပ္ကာေနေလ၏။

သူမက သိသာေသာေျပာင္းလဲမွုေၾကာင့္ ထိုတံခါးေပါက္ဝကို လွမ္းၾကည့္လိုက္သည္။ သူမ၏ မ်က္ႏွာထက္တြင္ မ်က္ရည္စမ်ားျဖင့္ စိုရြဲကာေနေလ၏။ အေပါက္ဝတြင္ ရပ္ကာေနေသယ ထိုေကာင္ေလးက သူမကိုၾကည့္ရင္း လွမ္းေအာ္လိုက္သည္။

" မယ္ေတာ္..... "

"....."

သူမက ေနေရာင္ေၾကာင့္ အရိပ္မဲမဲပုံစံကိုသာျမင္ရေသာ ထိုေကာင္ေလးကိုေသခ်ာစြာၾကည့္ေနရင္းမွ ထိုေကာင္ေလးဆီက ထြက္လာေသာအသံေၾကာင့္ သူမ၏ မ်က္ဝန္းမ်ားက ျပဴးက်ယ္လာေလသည္။

" အား...အားခ်န္....အားခ်န္လား။"

ထိုအခါမွ ယိခ်န္က သူမဆီသို႔ အေျပးေရာက္ကာလာသည္။ ထိုင္ခုံေပၚတြင္ ထိုင္ေနေသာ သူမ၏ ေရွ႕သိူ႔ ေရာက္ေရာက္လာျခင္းပင္ ၾကမ္းျပင္တြင္ ဒူးေထာက္ထိုင္ခ်လိုက္ရင္း သူမ၏ ေပါင္ေပၚတြင္ ေခါင္းကိုအသာမွီခ်လိုက္သည္။

" မယ္ေတာ္....သားေတာ္..အားခ်န္ပါ။...သားေတာ္ပါ။"

"  မ်က္ႏွာေလးကို မယ္ေတာ့္ကို ျပပါအုန္း။ သားေတာ္ကို ၾကည့္ပါရေစအုန္း။ ဒီ မယ္ေတာ့္ကိုျပပါအုန္း။"

ယိခ်န္က သူ၏ေခါင္းကိူေမာ့ေပးလိုက္သည္။ သူမက ယိခ်န္၏ပါးျပင္အားလက္ႏွစ္ဖက္ျဖသ့္ တစ္ဖက္စီကိုင္လိုက္ရင္း

" သားေတာ္....အားခ်န္...တကယ္ကို အားခ်န္ပဲ။"

သူမ၏ ဝမ္းသားေပ်ာ္ရႊင္သြားေသာအသံက ငိုရလြန္းလို႔ ရွိုက္ေနေသာအသံႏွင့္အတူ ေရာေႏွာကာထြက္ၾကလာသည္။ ယိခ်န္က သူမ၏ လက္ကို အေပၚထပ္ကာထိလိုက္ရင္း

" ဟုတ္တယ္။ သားေတာ္ မယ္ေတာ့္ကိုလာေခၚတာ။ သားေတာ္တို႔ ဒီေနရာကေန အေဝးဆုံးကို ထြက္သြားၾကမယ္။ သားေတာ္တို႔ ဒီမွာ ေနစရာမလိုေတာ့ဘူး။ အျမန္ဆုံးသြားၾကမယ္။"

ယိခ်န္က မတ္တပ္ျပန္ရပ္လိုက္ၿပီးဆိုသည္။ ထိုအခါမွ သူမ၏ မ်က္ႏွာက ခ်က္ခ်င္းတည္သလိုျဖစ္ကာ

" မယ္ေတာ္ ၾကားလိုက္တာက အခု မင္းရဲ့ခမည္းေတာ္နဲ႔ မိဖုရားေခါင္ႀကီးတို႔က ဝူနန္မွာ မင္းကိုသတ္တဲ့အမွုနဲ႔ ေထာင္ခ်ထားခံရတယ္တဲ့။ မယ္ေတာ္ မေန႔က ဒီသတင္းကိုရခဲ့တယ္။ ဒါေပမဲ့ မင္းက......"

သူမက ယိခ်န္၏ေခါင္းအစ၊ ေျခအဆုံးတစ္ခ်က္ၾကည့္ရင္း

" ယိခ်န္ တကယ္ပဲ ဘာေတြျဖစ္ေနတာလဲ။ မင္းသူတို႔ကိုမ်ား ေခ်ာက္ခ်ထားတာလား။ သူက မင္းရဲ့ ခမည္းေတာ္ေနာ္။"

" မဟုတ္ပါဘူး။ မိဖုရားယြီ...."

႐ုတ္တရက္ ျပင္ပမွဝင္ကာလာေသာသူက က်င့္ခ်ီပင္ျဖစ္သည္။ သူမတို႔သားအမိေရွ႕ကိုေရာက္ေတာ့ ႏွစ္ေယာက္လုံးကို ဂါရဝ​ျပဳလိုက္သည္။ ၿပီးမွ ဆက္ေျပာေလ၏။

" ျဖစ္နိုင္ရင္ ကၽြန္ေတာ္တို႔ နန္းေတာ္ကေန အျမန္ဆုံးထြက္နိုင္ေလ ေကာင္းေလပါ။ မဟုတ္ရင္ မိဖုရားယြီမွာပါ အႏၲာရာယ္ရွိလာနိုင္တာမလို႔ ကၽြန္ေတာ္တို႔ ဒီကို အျမန္ဆုံးေရာက္လာခဲ့ရတာပါ။

ၿပီးေတာ့ အခုမိဖုရားေရွ႕မွာရွိေနတာက မိဖုရားရဲ့ သားေတာ္အစစ္ပါ။ ဝူနန္နယ္မွာ ေသဆုံးသြားတယ္ဆိုတဲ့ တေယာက္က ကိုယ္လုပ္ေတာ္က်င့္ဆိုၿပီး မင္းသားေလးရဲ့ အေယာင္ေဆာင္ထားတဲ့သူတစ္ေယာက္ပါ။ သူတိူ႔က အႁမႊာနီးပါး ႐ုပ္ခ်င္းဆင္တူၾကပါတယ္။ ဒါ့ေၾကာင့္ ဒိီလိုေတြျဖစ္လာတာပါ။"

"အရင္ဆုံး ကၽြန္ေတာ္တို႔နဲ႔လိုက္ခဲ့ေပးပါ။ နန္းေတာ္အျပင္ဘက္ စိတ္ခ်ရတဲ့ေနရာေရာက္တဲ့အခါ အားလုံးကိုရွင္းျပေပးပါမယ္။"

ယိခ်န္က သူ႔မိခင္၏ လက္ကိုဆြဲလိုက္ရင္း ထပ္မံကာေျပာသည္။ သူမက ေခါင္းကိုငုံ႔ကာစဥ္းစားေနပုံရ၏။ အေတာ္ၾကာေတာ့ သူမကယိခ်န္ကိုၾကည့္လာသည္။

" မယ္ေတာ္လိုက္ခဲ့ပါ့မယ္။"

ယိခ်န္ေရာ က်င့္ခ်ီပါ ျပဳံးလိုက္ၾကသည္။ က်င့္ခ်ီက ယိခ်န္ကို တခ်က္ၾကည့္လိုက္ၿပီးေနာက္

" ဒါဆို ကၽြန္ေတာ္တို႔ ျမန္ျမန္ထြက္သြားရေအာင္။ "

"အင္း....."

"ဒါေပမဲ့......... "

ယိခ်န္တို႔ႏွစ္ေယာက္လုံးအသင့္ျဖစ္ေနေခ်ၿပီး။ အျပင္သိူ႔ျပန္ထြက္ရန္ျပင္ေလေတာ့ ေနာက္တြင္လိုက္လာေသာ သူမက ႐ုတ္တရက္ေျခလွမ္းမ်ားကို ရပ္တန္႔ပစ္လိုက္ၿပီးဆိုသည္။

" မင္းရဲ့ ခမည္းေတာ္နဲ႔ မိဖုရားေခါင္ႀကီးကို မင္းက ကယ္ရလိမ့္မယ္။ ဘာေတြပဲျဖစ္ျဖစ္...ေနာက္ဆုံးမွာသူတို႔က မယ္ေတာ္တို႔ကိုဘယ္ေလာက္ပဲ ႏွိပ္စက္ခဲ့ပါေစ။ သူတို႔မရွိေတာ့ရင္ သူတစ္ပါးလက္ေအာက္ခံျပန္ျဖစ္မဲ့အျပင္ ခ်ိဳက္အန္းဘုရင္ရဲ့အျမတ္ေဒါသနဲ႔သာဆို ယြဲ႕တိုင္းျပည္ႀကီးက ပ်က္သုန္းေပ်ာက္ကြယ္သြားလိမ့္မယ္။

ဒါ့ေၾကာင့္ မင္းသူတို႔ကိုကယ္ရမယ္။"

သူမက ယိခ်န္၏လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ရင္း ေျပာလိုက္သည္။ ယိခ်န္က သူမအား ေသခ်ာစြာၾကည့္ေနေလ၏။ ထို႔ေနာက္ သက္ျပက္တစ္ခ်က္ခ်လိုက္ၿပီးေနာက္

" ကၽြန္ေတာ္ ႀကိဳးစားၾကည့္ပါမယ္။ မယ္ေတာ္ အရင္လိုက္ခဲ့ေပးပါ။"

....................................

လွည္းယာဥ္အတြင္းတြင္ အိပ္ေပ်ာ္သြားေသာ မိခင္ျဖစ္သူအား ပိတ္စရွည္တစ္ထည္အားအေပၚယံျခဳံလႊားေပးလိုက္ၿပီးေနာက္ လွည္းယာဥ္အျပင္ဘက္တြင္ လွည္းေမာင္းေနေသာ က်င့္ခ်ီရွိရာေဘးတြင္ လာထိုင္လိုက္သည္။ က်င့္ခ်ီက သူအားေဘးေစာင္းကာ ခတၱၾကည့္လိုက္ရင္း

" မင္းသားေလး မအိပ္ေသးဘူးလား။ အရင္လိုအားမနည္းေတာ့ဘူးဆိုေပမဲ့လည္း ကိုယ့္ကိုယ္ကို အရမ္းႀကီး အပင္ပန္းမခံပါနဲ႔။"

ယိခ်န္သည္ ယခင္ႏွင့္လုံးဝမတူပဲ အားအင္မ်ားက တမဟုတ္ခ်င္းသူ၏ကိုယ္ခႏၲာထဲသို႔ ဝင္ေရာက္လာသလိုပင္ စိတ္သြားတိုင္းကိုယ္ပါလာေလ၏။ ဤကိစၥက မရိုးသားသည္ကိုလည္း သူသိသည္။

လြန္ခဲ့တဲ့ႏွစ္ရက္ညဘက္ခင္းတြင္ပင္ ေဆးေသာက္ေနရင္း ႐ုတ္တရက္သူ၏ကိုယ္ခႏၲာကစြမ္းအားမ်ား ရလာသလိုခံစားခဲ့ရၿပီး အိပ္ယာထဲမွ အားနည္းကာ နာမက်န္းျဖစ္ေနသည့္ပုံစံမ်ိဳးသည္ တမဟုတ္ခ်င္းေျပာင္းလဲကာသြားေလသည္။ ထိုကိစၥကိုစဥ္းစားေနခ်ိန္တြင္ပဲ အန္းလုပို႔ေပးေသာ စာလႊာကိုသူရသည္။

စာလႊာထဲတြင္ ယြဲ႕တိုင္းျပည္သည္ လြတ္လပ္သြားၿပီးျဖစ္ေၾကာင္း၊ မယ္ေတာ္ျဖစ္သူကိုလည္း ႏွစ္ရက္အၾကာတြင္ သြားေရာက္ေခၚယူနိုင္ၿပီျဖစ္ေၾကာင္း၊ ျဖစ္နိုင္လ်င္ တိုင္းျပည္ႏွစ္ခုလုံးႏွင့္ ေဝးရာ တိုင္းျပည္တစ္ခုခုတြင္ သြားေရာက္ေနထိုင္ကာ ေအးခ်မ္းသည့္ဘဝကို အတူတည္ေဆာက္ဖို႔ အႀကံညာဏ္ေပးေၾကာင္းေရးသားထားသည္။ က်င့္ခ်ီက အရင္ဖတ္ရန္ျပင္ေသာ္လည္း အန္းလု၏ လက္ေရးမွာ သူနားမလည္နိုင္ေလာက္သည္အထိ ေရးသားထားေသာေၾကာင့္ ယိခ်န္ကပင္ ဖတ္ျပလိုက္ရသည္။

ယိခ်န္က ထိုစာကိုဖတ္ရင္းျပဳံးလိုက္သည္။ ထို႔ေနာက္ ထိုစာရြက္၏ေအာက္တြင္ပဲ ေနာက္ထပ္စာရြက္တစ္ရြက္ကို သူေတြ႕လိုက္ရသည္။

*မၾကာခင္မွာ ကၽြန္ေတာ္တစ္ခုခုျဖစ္လာနိုင္တာမလို႔ ၊ သတင္းတစ္ခုခုရခဲ့တာနဲ႔ ႏွစ္ရက္တာကို ေစာင့္ဆိုင္းမေနေတာ့ပဲ ခ်က္ခ်င္းယြဲ႕တိုင္းျပည္ကိုသြားၿပီး မိခင္ကိုေခၚပါ။ ၿပီးေတာ့ အေဝးဆုံးကို ထြက္သြားပါ။ မဟုတ္ရင္ ဒီကိစၥေတြထဲမွာ ယိခ်န္က ထပ္ၿပီးပါဝင္ေနရလိမ့္မယ္။ ၿပီးေတာ့ ယိခ်န္ရဲ့ ပိုင္ဆိုင္မွုေတြကို ကပ္ပါးအတုေယာင္ေကာင္လိုမ်ိဳး ယူသုံးမိလို႔ ေတာင္းပန္ပါတယ္။*

ထို႔ေၾကာင့္ပင္ ေနာက္တစ္ေန႔မနက္မွာ ယိခ်န္တို႔ ကိုယ္လုပ္ေတာ္က်င့္ေသဆုံးၿပီဟူေသာ လၽွို႔ဝွက္သတင္းကို ရရွိခဲ့သည္။ က်င့္ခ်ီက ထိုေနရာကိုပါ သတင္းပါးသူတစ္ခ်ိဳ႕ လႊတ္ထားတာေၾကာင့္ ယြဲ႕တိုင္းျပည္၏ ဘုရင္ပါ သံသယရွိသူအျဖစ္ဖမ္းဆီးခံထားရမွန္း သိခဲ့ရသည္။ ႏွစ္ဦးသားတိုင္ပင္ၿပီး ခ်က္ခ်င္းပင္ ခ်ိဳက္အန္းမွ ထြက္ကာ ယြဲ႕တိုင္းျပည္သို႔ ခရီးႏွင္လာၾကေလေတာ့သည္။

ယိခ်န္က သူ၏မိခင္အား အနည္းငယ္လွမ္းၾကည့္လိုက္ၿပီးမွ ေရွ႕သိူ႔ျပန္ၾကည့္ရင္း က်င့္ခ်ီကိုေျပာသည္။

" အန္းလုက သူတစ္ခုခုျဖစ္ေတာ့မယ္ဆိုတာကို သိေနခဲ့တယ္။ ငါ ထင္သေလာက္ဆို အခုခ်ိန္မွာ ဘုရင္လီခ်ီရွန္းက အ႐ူးတပိုင္းျဖစ္ေနေလာက္ၿပီ။ ေသခ်ာသေလာက္ဆို သူက ခမည္းေတာ္တို႔ကို သတ္မွာပဲ။ ႀကံရာမရတဲ့သူမို႔ သက္ေသမရွိခဲ့ဘူးဆိုရင္ေတာင္ ယြဲ႕တိုင္းျပည္ကို အခဲမေက်ျဖစ္ၿပီး မျဖစ္ ျဖစ္တဲ့နည္းနဲ႔ သတ္တာကိုခံရမွာပဲ။ အဲ့ဒီက်ရင္ မယ္ေတာ္ေျပာသလို ယြဲ႕တိုင္းျပည္ဟာ ဖ်က္စီးခံရလိမ့္မယ္။"

" ရပ္......."

ယိခ်န္၏ စကားေၾကာင့္ က်င့္ခ်ီကဇာတ္ႀကိဳးကို လွည္းကိုရပ္လိုက္သည္။ ေဘးရွိ ယိခ်န္ကိုၾကည့္ရင္း

" မင္းသားေလးဘာကိုဆိုလိုခ်င္တာလဲ။ ဘာလို႔သူတို႔ကို ထပ္ကူညီဖို႔ေတြးေနရတာလဲ။ ဒီအခ်ိန္က ကၽြန္ေတာ္တို႔ ထြက္သြားၿပီး အတူတူေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေအးေအးခ်မ္းခ်မ္း တသက္လူံးေနသြားလို႔ရေနတဲ့အခ်ိန္ေလ။ ဘာလို႔ ထပ္ၿပီး ဒုကၡတြင္းထဲဆင္းေနအုန္းမွာလဲ။ ေတာက္..."

က်င့္ခ်ီက ျမင္းလွည္းေပၚမွ ခုန္ဆင္းလိုက္သည္။ သူကျမင္း၏ ေရွ႕ဘက္နားကိုသြားလိုက္၏။ ယိခ်န္ကလည္း ျမင္းလွည္းေပၚမွ လိုက္ဆင္းလာခဲ့သည္။ က်င့္ခ်ီအနားသို႔ သြားလိုက္ရင္း

" ဟိုဘက္မွာ ခဏသြားေျပာၾကရေအာင္။ မယ္ေတာ္နိူးသြားလိမ့္မယ္။"

ယိခ်န္က ေရွ႕မွ ဦးေဆာင္လ်က္ သစ္ပင္မ်ားရွိရာဘက္သိူ႔ သြားလိုက္သည္။ က်င့္ခ်ီကလည္း ေနာက္မွလိုက္လာ၏။ တစ္ေနရာသို႔ေရာက္ေတာ့ က်င့္ခ်ီကပင္ ထပ္မံကာေျပာသည္။ စိတ္တိုေနပုံရသလို ယိခ်န္ကိုလည္း အားမလို၊ အားမရျဖင့္ စိတ္ဆိုးေနပုံရသည္။

" ယြဲ႕တိုင္းျပည္က ဘယ္တုန္းကမွ မင္းသားေလးတို႔သားအမိကို စိတ္ရင္းအမွန္နဲ႔ေကာင္းေကာင္းမြန္မြန္ ဆက္ဆံမေပးခဲ့ဖူးဘူး။ ေတာ္ဝင္မိသားစုကလည္း ဘယ္တုန္းကမွ အေကာင္းမျမင္ေပးဖူးဘူး။ ကၽြန္ေတာ့္ အေနနဲ႔ဆိုရင္ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ သူတို႔ကိုသတ္ပစ္လိုက္ခ်င္ေသးတယ္။

အခုလို အစားသတ္ေပးမဲ့သူရွိတာေတာင္ ေက်းဇူးတင္လြန္းေနၿပီ။"

"တိတ္စမ္း....က်င့္ခ်ီ။ မင္းအခုေျပာေနတာ မင္းရဲ့ေမြးရပ္ေျမျဖစ္တဲ့ မင္းရဲ့တိုင္းျပည္ကို သစၥာေဖာက္ေနတာနဲ႔အတူတူပဲ။ မင္းဘာလို႔ တစ္ကိုယ္ေကာင္းဆန္ေနရတာလဲ။"

" တစ္ကိုယ္ေကာင္းဆန္တယ္....ကၽြန္ေတာ္ကေလ။ ဟား........"

ယိခ်န္၏စကားေၾကာင့္ က်င့္ခ်ီက မိမိကိုယ္ကို လက္ညိဴးထိုးလ်က္ ေျပာလာသည္။ သူ၏မ်က္ဝန္းမ်ားက အနည္းငယ္နီျမန္းကာလာေလ၏။ ယိခ်န္အနားသိူ႔ တစ္လွမ္းတိုးလာလိုက္ရင္း

" မင္းသားေလး တကယ္ပဲ မသိ​တာလား။ ကၽြန္ေတာ့္တစ္ဘဝလုံးကို ဘယ္သူ႔အတြက္ေပးဆပ္ထားတယ္ဆိုတာကို......အဲ့တာကိုေတာင္ ကၽြန္ေတာ္က တစ္ကိုယ္ေကာင္းဆန္ေသးတယ္လို႔ ထင္တယ္ေသးေပါ့။"

က်င့္ခ်ီ၏အသံက က်ယ္သထက္က်ယ္ကာလာသည္။ သူ၏အသံထဲတြင္ ဝမ္းနည္းကာ မေက်မခ်မ္းျဖစ္ေနေသာ ခံစားခ်က္တိူ႔ပါဝင္ေန၏။ က်င့္ခ်ီ၏ မ်က္ဝန္းမွ မ်က္ရည္စတို႔ စီးက်လာသည္။ ယိခ်န္သည္ ထိူအခိုက္အတန္႔တြင္ အနည္းငယ္ထိတ္လန္႔သြားေလ၏။ ႏွစ္ဦးသား မ်က္ဝန္းအၾကည့္တို႔ ဆုံစည္းကာေနၾကသည္။

တေအာင့္ေနေတာ့မွ က်င့္ခ်ီကသူ၏မ်က္လုံးမ်ားကို မွိတ္ခ်လိူက္ၿပီး အေပၚသိူ႔ေမာ့ကာ ႏွာတစ္ခ်က္ရွိုက္လိုက္သည္။ သူက တစ္ဖက္သို႔လွည့္မည္အလုပ္ ယိခ်န္က

" ငါေတာင္းပန္ပါတယ္ ။ ငါမင္းရဲ့ သစၥာရွိမွုကို လ်စ္လ်ဴရွုတာမဟုတ္ပါဘူး။ မင္းရဲ့ငါ့အေပၚထားတဲ့ အခ်စ္ကိုလည္းမသိေက်းကၽြန္ျပဳတာမဟုတ္ရပါဘူး။

မင္းငါ့အတြက္ ႀကိဳးစားေပးသမၽွအရာအားလုံးကို ငါ့စိတ္ထဲမွာ စြဲစြဲျမဲျမဲမွတ္ထားပါတယ္။ "

က်င့္ခ်ီက ယိခ်န္ကိုထပ္မံကာၾကည့္လာသည္။ သူ၏မ်က္ဝန္းမ်ားက နီရဲလ်က္ရွိၿပီး အံကိုႀကိတ္ကာထားသည္။

" ကၽြန္ေတာ့္အတြက္ မွတ္ထားေပးဖို႔မလိုပါဘူး။ မင္းသားေလးအတြက္ ဝန္ထူပ္ဝန္ပို ျဖစ္ေနပါအုန္းမယ္။ "

က်င့္ခ်ီက တဖက္သိူ႔လွည့္ကာထြက္ရန္ျပင္လိုက္သည္။

" ဒီတစ္ခုပါပဲ။ "

ေနာက္ဘက္မွ ခါးအားလက္လၽွိုကာဖက္လိုက္တာေၾကာင့္ က်င့္ခ်ီက ရပ္တန္႔လိုက္မိသည္။ ဤလက္တစ္စုံက ယိခ်န္၏ေသးသြယ္ႏူးညံ့ေသာလက္တစ္စုံပင္ျဖစ္သည္။ ေနာက္မွ ဖက္ထားရင္း ယိခ်န္က ဆိုသည္။ သူ၏အသံတြင္ ငိုသံအနည္းငယ္ပါေနေလ၏။

"ဒီတစ္ခုၿပီးသြားရင္ ငါတို႔သုံးေယာက္ တစ္သက္လုံးေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေအးေအးခ်မ္းခ်မ္းနဲ႔ မင္းေျပာသလို အတူေနၾကမယ္ေလ။ ငါေတာင္းဆိုေနတာပါ။"

က်င့္ခ်ီက ယိခ်န္၏ လက္ႏွစ္ဖက္ကိုျဖဳတ္ခ်လိုက္ၿပီး ယိခ်န္ဘက္သို႔လွည့္လာသည္။ မ်က္ရည္မ်ားျပည့္ေနေသာ မ်က္ဝန္းတစ္စုံက က်င့္ခ်ီအားေမာ့ကာၾကည့္ေနေလ၏။ က်င့္ခ်ီက ယိခ်န္၏ က်ဆင္းလာေသာ မ်က္ရည္စမ်ားကို လက္မျဖင့္ခပ္ဖြဖြသုတ္ေပးလိုက္ရင္း

" မငိုပါနဲ႔။

မင္းသားေလး ငိုရင္ကၽြန္ေတာ့္ ႏွလုံးသားကနာက်င္ၿပီး မခံစားနိုင္လို႔ပါ။ "

ယိခ်န္က က်င့္ခ်ီကို ထပ္မံကာဖက္တြယ္ထားလိုက္သည္။

" ငါ့ကိုနားလည္ေပးလို႔ ေက်းဇူးပါ က်င့္ခ်ီ။ "

က်င့္ခ်ီက ဘာစကားတစ္ခြန္းမွမေျပာေတာ့ သလိုပဲ ယိခ်န္ကိုသာတင္းက်ပ္စြာျပန္လည္ဖက္တြယ္ထားလိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
Hello မေရးတာၾကာတဲ့ A/ N ေလးေရးခ်င္လို႔ပါ။

LBH က S3မွာ ဖတ္ရွုသူအေတာ္နည္းလာတဲ့အထိ ပ်င္းဖို႔ေကာင္းလာတာသိပါတယ္။ updateမမွန္တာေၾကာင့္လည္းပါတာမလို႔ ကိုယ္ေျပာခ်င္တာကေတာ့ အခုလို ဒီလိုမ်ိဳး ဆက္တိုက္ ကိုယ့္ကိုစိတ္မပ်က္ပဲ အားေပးဖတ္ရွုေပးေနတဲ့ Reader တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္ဆိုတာေျပာခ်င္လို႔ပါ။ 🙇‍♀️🙆

Feedback ေတြက ကိူယ့္အတြက္အားေဆးလို႔ဆိုေပမဲ့ မေတာင္းရဲပါဘူး။ ကိုယ္က updateမမွန္တဲ့သူျဖစ္ေနတာေၾကာင့္ဆိုေတာ့ေလ။ ဒါေပမဲ့ မေပးနဲ႔လို႔ေတာ့ မဆိုလိုဘူးေနာ္😁😁။ အခုေနာက္ပိုင္း တပတ္ကိုတပိုင္းနီးပါးေတာ့ မျပတ္ေအာင္ updateလူပ္ေပးေနမွာပါ။ တျခား fictionေလးေတြလည္း ရသလို upေနတာမလို႔ေလ။

ဆက္လက္ဖတ္ရွုေပးၾကပါအုန္းေနာ္။
Thank You all~~~~~♥

© Hnin Aung,
книга «Love, But Hurt (Season_3) The Last Begin».
Коментарі