Chapter 4
"ခဏ...ခဏလေး...အဲ့တာဆို
မင်းပြောတဲ့ ဧကရာဇ်အမည်က မဟုတ်မှ....လီချီရှန်း"
"အင်းဟုတ်တယ် ။ အန်းလုမသိစရာအကြောင်းတော့မရှိပါဘူး။"
ကျင့်ချီက အကြောင်းအရာတစ်ချို့ရှင်းပြနေရင်းမှ အန်းလုအမေးကြောင့် ပြန်လည်ဖြေလိုက်သည်။
အန်းလု တစ်ကိုယ်လုံး ပူထူသွားသည်။ ဝမ်းသာသွားသည်လည်းပါလိမ့်မည်။ ချီရှန်းဆီသို့ ထိူလူအကူအညီဖြင့်ပင် သွားလျင်ရနေပြီ။ အကြောင်းအခွင့်တိုက်ဆိုင်သွားသည်ပဲပေါ့။ အန်းလုက တချက်ပြုံးလိုက်ပြီး
"အင်း....ကျွန်တော် ကြားတော့ကြားဖူးပါတယ်။ သူကအတော်လေးကို ပြည့်စုံမြင့်မြတ်တဲ့ ဘုရင်တစ်ပါးဆိုတာကို...."
"သတင်းတွေကတော့ ဒီလိုတွေပါပဲ။ပြောရရင် အရင်ကပေါ့။ အခုတော့....."
ထိုစကားကြောင့် အန်းလုကျင့်ချီကိုကြည့်လိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ။ သူကဘာဖြစ်လို့လဲ။"
"လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက်က အမျိုးအမည်မသိတဲ့ ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လေ။ ဘယ်သူမှတော့ အဲ့ဒီအကြောင်းအရာကို သေချာမသိကြဘူး။ ဒါပေမယ့် နန်းတော်ကြီးကတော့ အတော်လေး ကြောက်စရာကောင်းသွားခဲ့တယ်။ အဲ့ဒီဘုရင်လီချီရှန်းကလည်း များသောအားဖြင့် နန်းတော်မှာ မနေတော့ပဲ စစ်ပွဲတွေထဲမှာ အချိန်ကုန်ပြီးနယ်ချဲနေခဲ့တယ်။ "
(ဘာတွေလဲ....)
အန်းလု၏ မျက်ဝန်းတို့ကပြူးကျယ်လာလေတော့သည်။
ချီရှန်းက သူသေပြီးနောက်ပိုင်းနဲ့ သွားစပ်ဆက်နေခဲ့သည်တဲ့လား။ ဒါဆို သူနဲ့အတူဂှိနေခဲ့တဲ့ ချီရှန်းကရော။ ဘာတွေက ဘယ်လိုဖြစ်နေသည်ကို သူကိုယ်တိုင်ပင်နားမလည်နိုင်တော့ချေ။
ကျင့်ချီက ဆက်ကာပြောသည်။
"အစဦးကတည်းက သူ့ရဲ့သြဇာအာဏာကအတော်လေးကြီးခဲ့တာဆိုတော့ အခုဆို ကြောက်စရာ့ကောင်းတဲ့ဘုရင်တစ်ပါးလိုကိုဖြစ်နေပြီ။ ဒါပေမဲ့ ကိုယ်လုပ်တော်ခေါ်ယူနေကြ ကိစ္စတွေကိုက သူလူပ်တာတော့မဟုတ်ဘူး။ သူရဲ့ အမတ်ဝန်တွေက လုပ်တာ။ စစ်ပွဲနိုင်လာပြီးတဲ့ တိုင်းပြည်ကနေ ကိုယ်လုပ်တော်တွေဆက်သနေကြဆိုပေမဲ့ ထူးခြားတာက အမျိုးသားကိုယ်လုပ်တော်ပဲ ဆက်သခိုင်းတာ။ နောက်ကွယ်မှာအကြောင်းအရာတစ်ခုခုတော့ရှိလိမ့်မယ် ဆိုတာ ကျွန်တော်သိတယ်။ မင်းသားလေးကို စတေးခံရမဲ့ ကိစ္စမျိုး အဖြစ်မခံနိုင်တာမလို့ အခုလိုအကူအညီတောင်းရတာပါ။ သူကတော်ဝင်မျိုးနွယ်မလို့ သူ့အသက်က ကျွန်တော့အတွက် အများကြီးအရေးပါပါတယ်။"
(ဒါဆို သူတို့တိုငး်ပြည်က ရှန်းရှန်းရဲ့လက်အောက်ခံဖြစ်သွားတာပေါ့။)
"ကျွန်တော်တို့လိူ သာမာန်ပြည်သူတွေရဲ့အသက်က အရေးမပါတော့ဘူးပေါ့။"
"အရေးမပါဘူးရယ်လို့တော့ မဟုတ်ပေမဲ့ ကျွန်တော့်အတွက် မင်းသားလေးကိုစောင့်ရေှာက်ရမဲ့တာဝန်က ကျွန်တော့်အသက်ထက်အရေးပါတာမလို့ပါ။"
အန်းလုက ကျင့်ချီအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ပြီးမှ သူက သက်ပြင်းတချက်ချပြီး
"ကျွန်တော် နည်းနည်းတော့စဉ်းစားချင်သေးတယ်။ ဒီတစ်ညလောက်တော့.... အဆင်ပြေတယ်မလား ။"
ကျင့်ချီက အန်းလုအား မယုံသင်္ကာဖြစ်နေသည့်ပုံစံဖြင့် အကဲခတ်နေသည်။ အန်းလုက ထိုလူအားကြည့်လိုက်ပြီး တံခါးမဘက်သို့လက်ညိုးထိုးပြလိုက်သည်။
"ကျွန်တော်ဘယ်မှထွက်မသွားပါဘူးဗျာ။ အပြင်မှာလဲ ခင်ဗျားလူတွေ ရှိနေတာပဲကို။ ကျုပ်ဘယ်လိုလုပ်လွတ်နိုင်မှာလဲ။"
ထိုသူက အန်းလုညွွန်ရာကို ကြည့်လိုက်ပြိးနောက် အန်းလုကြိုပန်ကြည့်ကာ ရီလိုက်သည်။
"ဟားဟား.... ဟုတ်သားပဲနော်။ ဒါဆိုလဲ အဲ့လိုပဲဖြစ်ပါစေလို့ ကျွန်တော်မျေှာ်လင့်ပါတယ်။ ကလေးတွေကဲ့ အသက်နဲ့ခြိမ်းခြောက်ရလို့လဲ စိတ်မကောင်းပါဘူး။"
*စိတ်မကောင်းဖို့တော့သတိရသေးတယ်ပေါ့။ ကျက်သရေတုန်းတဲ့ကောင်။*
အန်းလုက ပါးစပ်ကလေးဟရုံပင် ထိုစကားကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"တစ်ခုခုပြောလိုက်လား။"
အန်းလုက ထိုလူအားပြုံးပြလိုက်ပြီး
"အာ...ဘာမှမဟုတ်ပါဘူး ။ ကျွန်တော်နားတော့မယ်။"
ထိုလူက အန်းလုကို နွုတ်ဆက်လိုက်ပြီး အပြင်ဘက်သို့ ထွက်သွားလေတော့သည်။
................
ရောင်နီပျောက်၍ ညဘက်သို့ရောက်လာသော်လည်း တည်းခိုဆောင်တစ်ခုလုံးသည် မီးရောင်တို့ဖြင့် ထိန်ထိန်သာလျက်ရှိသည်။ အဆက်မပြတ်ဝင်ထွက်သွားလာနေသော အောက်ဆုံးထပ်ရျိ စားသောက်ဆိုင်သည်လည်း စည်းကားနေဆဲပင်။
အခန်းထဲရှိ ကုတင်ပေါ်တွင် အန်းလုက ခွေခွေလေး ကွေးကာမအိပ်သေးပဲ တစ်ခုခုကိုတွေးတောနေသည်။
"မဟုတ်သေးဘူး ။ အစတုန်းကအတိုင်းဆို ရှန်းရှန်းက ငါသေပြီးတဲ့နောက်ကို သူပါအဆိပ်သောက်ပြိးအဆုံးသတ်ပစ်ခဲ့တာ။ အခုက ဘယ်လိုဖြစ်တာလဲ။ ဒါဆို အချိန်တွေက နောက်ကိုပြန်ရောက်ပြီး ပြောင်းကုန်တာလား။ အဲ့တာဆို ငါကထပ်ပြီး ဒီအချိန်ကိုပဲ ပြန်ရောက်လာပြန်တာလား။
ဒါပေမဲ့ ဒီကမ္ဘာမှာ ငါကသေပြီ။ အဲ့တာဆို အခုငါ ရှန်းရှန်းနဲ့ ပြန်တွေ့တဲ့အခါ သူက ငါ့ကိုမှတ်မိပါ့မလား။သရဲလို့ထင်မှာလား။အာ... ဘာပဲဖြစ်ဖြစ် ငါသူ့ကိုတွေ့ရမှကိုဖြစ်မယ်။ သူ့ဘေးနားမှာငါရှိနေဖို့လိုတယ်။ ကိစ္စတွေကိုတဖြည်းဖြညး်ချင်း နားလည်လာအောင်တော့ ကြိုးစားရမှာပဲ။"
ရုတ်တရက်အန်းလုက ထထိုင်လိုက်သည်။
"အယ်...ဒါနဲ့....ငါအကုန်လုံးကို ပြန်တွေ့ရတော့မှာပေါ့။ အကိုကျီချန်းနဲ့ ကျီယွမ်...နောက်ပြီး ယူချန်း၊ အားလော့ရော ဘယ်လိုနေပါလိမ့်။ အခုပုံစံအတိုင်းဆို သူနန်းတော်ကနေ မထွက်သွားရလောက်ဘူး။ အား...တစ်ခုတော့ ပျော်ဖို့ကောင်းတာပဲ။ ငါစိတ်တော့လွုပ်ရှားနေပြီ။"
အန်းလုက နာမည်များကိုခေါ်ရင်း လက်ချိုးရေနေလေ၏။
သူတကယ်လည်း စိတ်လွုပ်ရှားနေခဲ့သည်။ တစ်ညလုံးပင် အိပ်၍မပျော်နိုင်ခဲ့။
..............
"ဝါး........"
သန်းဝေခြင်းတို့နှင့်အတူ နိုးထလာပါလေသောအန်းလု။
ခြေနှစ်ချောင်းကို ကုတင်အောက်ချလိုက်ပြီး လက်ကိုမြေှာက်ကာ အကျောဆန့်လိုက်သည်။
မျက်စိကို အခုမှ သေချာဖွင့်ကြည့်လေတော့
သူ့ဘေးတွင် မတ်တပ်ရပ်ကာနေသော ကျင့်ချီအားတွေ့ရလေသည်။
"အမလေး...လန့်တာ..."
"အန်းလုကို ကြည့်ရတာ ညကတွေးတာအတော်များသွားတဲ့ပုံပဲ။ မျက်ကွင်းတွေလဲညိုလို့။ ဒီမှာ ဝတ်ရမဲ့အဝတ်တစ်ချို့ကို ကျွန်တော်စီစဉ်ပေးထားပါတယ်။ ပြီးရင်အောက်ထပ်ကိုလာခဲ့ပေးပါ။"
ထိုသူကစားပွဲပေါ်တွင် အဝတ်တစ်ချို့ကိုတင်လိုက်ပြီး
အပြင်ထွက်ရန် ပြင်လိုက်ပြီးမှ ပြန်လှည့်လာပြီး
"ဒါနဲ့...သတိပေးရုံပါ။ ဒီနား ပတ်ပတ်လည်မှာ ကျွန်တော့လူတွေရှိပါတယ်။ "
ထိုလူက တံခါးကိုဆွဲပိတ်ကာ ထွက်သွားလေ၏။
အန်းလုက ထိုပိတ်သွားသော တံခါးကိုလှမ်းကာ မျက်စောင်းထိုးပြီး
"ဟမ့်...ဘယ်သူကထွက်ပြေးနေလို့လဲ။
ဒီမှာ သွားချင်နေတာမှ တစ်ပိုင်းကိုသေလို့..."
အန်းလုက မတ်တပ်ကောက်ရပ်လိုက်သည်။ စားပွဲပေါ်တင်ကာထားသော အဝတ်ကို အနည်းငယ်ဖြန့်ကြည့်လိုက်ပြီးနောက် ဘေးဘက်ကိုဝေ့ဝဲကြည့်လိုက်တော့ ကိုယ်လုံးပေါ်မှန်တစ်ချပ်ကိုသူတွေ့လိုက်ရသည်။
"အားယား....ငါအခုထိ မှန်မကြည့်ရသေးဘူး။ မျက်နှာလဲမသစ်ရသေး။ အတော်တော့ကြည့်ရဆိုးနေမှာ။"
အန်းလုက အဝတ်ပုံအား ပစ်ချလိုက်ပြီးနောက်
မှန်ရှိရာသို့ ဦးတည်လိူက်သည်။
ရုတ်တရက် ပေါ်လာသော မြင်ကွင်းကြောင့် အတော်ပင်ထိတ်လန့်သွားလေတော့သည်။
"ဒါ...ဒါက....ငါလား။....."
အန်းလုက သူ၏မျက်နှာအား နေရာအနှံ့ ဟိုဆွဲသည်ဆွဲ လိုက်ပွတ်ဆွဲနေသည်။ မှန်ထဲတွင်ပေါ်နေသောသူက သူ့နှင့်မတူသော အခြားကောင်လေးတစ်ယောက်ပင်။
ထိုမှန်ထဲရှိလူက သူ၏ ရုပ်သွင်မဟုတ်ပဲ အခြားသော ကောင်ငယ်လေးတစ်ယောက်၏ ရုပ်မျက်နှာဖြစ်နေလေ၏။
အန်းလု သူ၏ လက်နှစ်ဖက်ကို အထိန်းအကွပ်မဲ့ကာ ပြန်ချလိုက်မိသည်။
"ငါ...တခြားတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲကိုရောက်သွားတာလား။"
~~~~~~~~~~~~~~~

Коментарі