Chapter 19
"အဟမ်း..."
အန်းလုကအကြည့်လွှဲလိုက်ပြီး ခေါင်းကိုငူံ့လိုက်သည်။ သူ၏မျက်နှာက ရှက်သွေးဖြာနေသည်မှာသိသာ၏။ ချီရှန်းက အန်းလုကိုငုံ့ကာကြည့်နေသည်။ အန်းလုက ချက်ချင်းပတ်ဝန်းကျင်ကို ထပ်စူးစမ်းလိုက်ပြီးေနာက် သူတစ်ခုခုကိုတွေ့လိုက်ပုံရ၏။ သူက ချီရှန်းကိုပြန်ကြည့်သည်။
"ရှန်းရှန်း.... ရှန်းရှန်း အချိန်ရသေးလား။"
"အချိန်လား။ ရတယ်။ ဘာလုပ်ချင်လို့လဲ။"
"ခဏလောက်လည်ရအောင်လို့။ ဒီနေရာက အသစ်အဆန်းဆိုတော့ ဗဟုသုတလေးဘာလေးရှာသင့်တယ်လေ။ ဟုတ်တယ်မလား။ လက်ပေး။"
အန်းလုက ပြုံးစစနှင့်ပင် သူ၏ လက်ကိုမြှောက်ကာ လက်ဖဝါးဖြန့်ပေးလိုက်သည်။ ချီရှန်းက ချက်ချင်းပင်သူ၏လက်ကို အန်းလု၏လက်ဖဝါးပေါ်တွင်တင်လိူက်ပြီးနောက် ဆုတ်ကိုင်လိုက်သည်။ အန်းလုကလည်း ပြန်လည်ဆုတ်ကိုင်လိုက်ပြီးနောက် ချီရှန်းကိုဆွဲကာ ထိုလူအုပ်ကြားမှထွက်လာလေတော့သည်။
အန်းလုက ချီရှန်းကိုဆွဲကာ တခြားတစ်ဖက်သို့ထွက်သွားသည်ကို သူတိူ့နှင့်မလှမ်းမကမ်းတွင်ရှိနေသော ရှောင်ရှင်းနှင့် ကျီချန်းတို့က မြင်းများကို ဘေးတွင် ရပ်ကာထားရင်း ကြည့်နေကြသည်။
" အန်းလုက အမြဲတမ်း တတ်ကြွနေတော့တာပဲ။"
ကျီချန်းကရေရွတ်လိုက်သည်။ သူ၏နှုတ်ခမ်းထက်တွင် သဘောကျ ပြီတိဖြာသည့် အပြုံးမျိုးက ထင်ဟပ်နေလေ၏။ ရှောင်ရှင်းက လက်ပိုက်ထားလျက်ပင် ကျီချန်းကို ကြည့်လိုက်ပြီးနောက် အန်းလုတို့အားပြန်ကြည့်သည်။
"ကိုယ်သဘောကျတဲ့သူနဲ့အခြားတစ်ယောက်ကိုတွဲမြင်ရတာက ပျော်စရာကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်မှန်းကျွန်တော်သိပါတယ်။ အဲ့တာကိုမသိတာကလည်း ကိုယ်လုပ်တော်လု တစ်ယောက်ပဲရှိလိမ့်မယ်လို့ထင်တယ်။"
ကျီချန်းက ရှောင်ရှင်း၏စကားကြောင့်ခေါင်းကိုငုံ့ကာ ရီလိုက်သည်။ ပြီးနောက်သူက ရှောင်ရှင်းကိုကြည့်ရင်း
"ကျွန်တော် အန်းလုကိုညီလေးတစ်ယောက်လိုပဲခင်တွယ်တော့တာပါဗျာ။ စွန့်လွှတ်နိုင်ခဲ့ပါပြီ။"
ကျီချန်းက သူ၏မျက်နှာကို မိုးကောင်းကင်ပေါ်သို့မော့ကာထားလိုက်ရင် သက်ပြင်းချသည်။
"ဟူး.....ဒါမှမဟုတ် ခင်မင်မှုကိုမပျက်စီးစေချင်လို့ ကျွန်တော့ရဲ့နှလုံးသားကို မမြင်ချင်ယောင်ဆောင်ခဲ့တာနေမှာပေါ့။ အဲ့တာလည်းကောင်းပါတယ်။ အခုချိန်ထိ သူ့ဘေးနားရှိနေပေးလို့ရတာပေါ့။ "
" အရှင်ကျီချန်း မရုန်းထွက်နိုင်သေးပါဘူး။"
ရှောင်ရှင်းက ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။ထိုစကားကြောင့် ကျီချန်းကရီလိုက်ရုံအပြင် ပြန်လည်ချေပနိုင်စွမ်းမရှိတော့ချေ။
"ဟား......"
....................
ဤနေရာတွင်လည်း ချိုက်အန်းတွင်ရှိသောအစားအစာတစ်ခုဖြစ်သည့် ပဲပေါင်မုန့်ဆိုင်များကိုတွေ့လိုက်ရသည့်အခါ အန်းလုမှာ ထခုန်မတတ်ပင်ဖြစ်သွားသည်။ ထိုဆိုင်မှ ဆယ်ခုလောက်ကိုစက္ကူအိတ်လေးဖြင့်ထည့်ခိုင်းပြီးနောက် ပဲပေါင်မုန့်တစ်ခုကိုလက်မှကိုင်ကာ ဆက်လျှောက်လာခဲ့သည်။ ချီရှန်းက ထိုပေါင်မုန့်အိတ်ကိုကိုင်ပေးထားသည်။
"ကောင်လေး။"
ရုတ်တရက် မိမိလက်မောင်းကိုလှမ်းဆွဲကာဆုပ်ကိုင်ခံလိုက်ရသောကြောင့် အန်းလုကထိုလူကိုကြည့်လိုက်သည်။ စျေးလမ်းမထက်တွင် လူတိုင်းက အလုပ်ကိုယ်စီဖြင့် ရှိနေကြသည်။ အန်းလုဘေးတွင်ရှိသော ချီရှန်းကထိုလူ၏ လက်ကိုဖြုတ်ချရန်ပြင်လိုက်သော်လည်း ချီရှန်း၏လက်ကမြှောက်၍ပင်မရလိုက်ပဲ ကိုယ်ခန္တာတစ်ခုလုံးထိန်းချုပ်ခံလိုက်ရသလိုဖြစ်သွားလေ၏။
ထိုသူက နီညိုရောင်ခြုံလွှာကို သူ၏ခေါင်းထိပ်မှ တစ်က်ုယ်လုံး ခြေဖျားအထိပင်လုံအောင်ခြုံထားသည်။ ခေါင်းကိုငုံကာထားပြီး အရပ်က အန်းလုထက်အနည်းငယ်သာရှည်သည်။ အန်းလုက ခေါင်းငုံ့နေသော ထိုလူအားကြည့်ရန်ကြိုးစားသော်လည်း အမှောင်ထုကတမင်ဖုံးကွယ်ထားကြသလိုပင် မည်းမှောင်နေလေ၏။ ထိုသူကဆက်သည်။
" သူများရဲ့ခန္တာကိုယ်အတုနဲ့နေရတာ တကယ်အဆင်ပြေလို့လား။"
အန်းလုလက်ထဲတွင်ရှိသော ပဲပေါင်မုန့်မှာမြေပြင်ပေါ်သို့ပြုတ်ကျကာသွားသည်။ အန်းလု၏ ပါးစပ်ဖျားမှ အာမေဋိတ်အသံလေးပင်ခပ်ရေးရေးထွက်လာသေး၏။
"ဗျာ..."
"အန်းလု..."
ဘေးရှိ ချီရှန်းကအံကြိတ်လျက်ပင် အန်းလုကို လှမ်းခေါ်သည်။ အန်းလုက ချီရှန်းကိုပြန်မော့ကြည့်လိုက်ပြီး
"ရှန်းရှန်း... "
"ကိုယ်လှုပ်လို့မရဘူး။"
"ဘာလို့...."
အန်းလုက ချီရှန်းဘက်ကိုလှည့်ရန်ပြင်လိုက်သည်။ သို့သော်လည်း တစ်ဖက်တွင်သူ၏ လက်မောင်းကိုဆွဲထားသော ထိုလူက ပို၍တင်းကျပ်အောင် ဆွဲလိုက်ရင်းအန်းလုကို ချုပ်လိုက်သည်။
"အ့...."
"သူ့ကိုလွှတ်လိုက်။"
ချီရှန်းက ခတ်ထန်သည့်အသံမျိုးဖြင့် အမိန့်ပေးလိုက်သော်လည်း ထိုလူကဂရုစိုက်ပုံပင်မရပဲ ခေါင်းကိုသာဆက်ငုံ့ကာထားသည်။ ချီရှန်းက သူ၏ကိုယ်ကိုအတတ်နိုင်ဆုံးရုန်းထွက်ရန်ကြိုးစားနေသည်။ သို့သော် ချုပ်နှောင်ခံထားရသည်မှာ သံကြိုးများဖြင့်အထပ်ထပ်အတုပ်နှောင်ခံထားရသလိုခံစားနေရလေ၏။
*ညရောက်တဲ့အခါ နားကိုစွင့်ထားပါ။*
ထိုစကားက အန်းလုတစ်ယောက်အပြင်ကြားပုံမရချေ။ ထိုသူက အန်းလု၏အသိစိတ်ကိုထိုးဖောက်ဝင်ရောက်၍ အသိပေးစကားဆိုလိုက်သည်။ အန်းလုအသိပြန်ဝင်ပြီးနောက် ထိုသူကသူတိူ့ရှေ့တွင်မရှိတော့ချေ။ ချက်ချင်း ချီရှန်းကိုလှည့်ကြည့်လိုက်တော့ ရုန်းကန်နေရာမှ လွတ်သွားပုံရသည်။
ချီရှန်းက ချက်ချင်းပင် အန်းလု၏ ပုခုံးနှစ်ဖက်ကိုဆွဲကိုင်လိုက်ရင်း
"အဲ့ဒီလူတစ်ခုခုပြောသွားသေးလား။"
"ဟမ်....ဘာကို..."
"တစ်ခုခုပြောသွားသေးလားလိူ့။ "
"ဟင့်...ဟင့်အင်း...မပြောသွားဘူး။ "
ချီရှန်းက မျက်မှောင်ကြုတ်ကာပင် ဘေးဘီကိုဝေ့ဝဲကြည့်နေသည်။ ထိုလူ၏အရိပ်အယောင်ကိုပင်သူမမြင်ရတော့ချေ။ အန်းလုက ထိုနေရာတွင်ပင် ကြက်သေသေနေဆဲ။
"ဘာဖြစ်လို့လဲ။"
ရုတ်တရက်အပြေးရောက်လာကြသူများက ကျီချန်းနှင့်ရှောင်ရှင်းပင်။ ချီရှန်းကရှောင်ရှင်းကို အမိန့်ပေးလိုက်သည်။
"တည်းခိုခန်းတစ်ခုအမြန်ရှာလိုက်။ ပြီးတော့ ကျီချန်း မင်းရဲ့လူတွေကိုပါ တည်းခိုခန်းပတ်လည်မှာ အစောင့်ချထားလိုက်။"
ကျီချန်းကဆိုသည်။
"ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား။"
"မသိဘူး။ ထူးဆန်းတဲ့သူတစ်ယောက် အန်းလုအနားကိုရောက်လာတယ်။ ငါ့ကိုလှုပ်မရအောင် ထိန်းချုပ်သွားတယ်။ ဘယ်သူဖြစ်ဖြစ် သာမန်လူမဟုတ်တာမို့ အန္တာရာယ်ရှိတယ်။"
"အန်းလု အဆင်ပြေရဲ့လား။"
ကျီချန်းက ချီရှန်းစကားကိုကြားပြီးပြီးချင်းပင် စိတ်ပူနေသည့်မျက်နှာအမူအရာဖြင့်ပင် အန်းလုကိုမေးလိုက်သည်။ အန်းလုက ကျီချန်းကိုမော့ကြည့်လိုက်ပြီးနောက်
"အမ်....အင်း...ကျွန်တော်ဘာမှမဖြစ်ပါဘူး။"
အန်းလုကခေါင်းကိုပြန်ငုံ့ထားသည်။ ကျီချန်းကမျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏လူများကိုခေါ်ရန် အချက်ပြလိုက်သည်။
"အရှင်ဘုရင်လီချီရှန်းကို ကျွန်မ မင်းသမီးချင်းယာက ဂါရဝပြုပါတယ်။"
သူတို့နောက်မှ ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် တစ်ဖွဲ့လုံးလှည့်ကြည့်မိကြသည်။ ချီရှန်းက သူ၏အမည်ကိုကြားလိုက်ရတာကြောင့် သူ၏လက်ကလည်းချက်ချင်းဆိုသလိုပင် အန်းလုကို သူရင်ခွင်နားသို့ဆွဲသိမ်းပစ်လိုက်သည်။
"မင်းသမီးချင်းယာ.."
ချီရှန်းက မျက်နှာသေဖြင့်ပင်သူမ၏ အမည်ကိုရေရွတ်လိုက်သည်။သူမက ဂါရဝပြုကာနှုတ်ဆက်စကားဆိုပြီးနောက် သူမ၏ကိုယ်ခန္တာကို ပြန်တည့်မတ်လိုက်သည်။ သူမ၏ နောက်တွင် အခြားအမျိုးသမီးငယ်နှစ်ယောက်က ခြံရံပြီး နောက်ဘက်တွင်ရဲမက်ဆယ်ယောက်ကျော်ခန့်လောက်က မတ်တပ်ရပ်နေကြသည်။ သူမက အနီရင့်ရောင် ဝတ်ရုံကိုပေါ့ပါးသည့်အသွင်ဝတ်ဆင်ထားသည်။ သူမ၏ လက်ထဲတွင်လည်း လက်ကိုင်မှအစ သားရေဖက်ပါအပါအဝင် အနီရောင်ကိုသာသုံးထားသော ကြာပွတ်ကိုခွေကာကိုင်ထားသေးသည်။ သူမကဆံနွယ်များကို ထက်ဝက်ခန့်စီးကာထားပြီး ထိုစီးထားသောဆံနွယ်များကို ကျစ်ဆံမြှီးအသေးလေးများ မြောက်များစွာ ကျစ်ကာထားပြီးကျောပြင်တွင်ချထားသည်။။ အနီရောင်ချည်ကြိုးကိုကျောက်မြတ်ရတနာလေးများ တွဲချည်ကာကျစ်ထားသော ခေါင်းပတ်လေးကိုတော့ နှဖူးတစ်ဝက်လောက်ကနေမှ ပတ်ကာထားသေးသည်။
သူမကတစ်ချက်ပြုံးသည်။
"ကျွန်မကို သိလိမ့်မယ်လို့မျှော်လင့်ထားခဲ့တာ။ စိတ်မကောင်းစရာပဲ။ ဒါဆို တရားဝင်မိတ်ဆက်ပေးပါ့မယ်။ ကျွန်မက ဝူနန်နယ်စားမင်းရဲ့ လေးယောက်မြောက်သမီးတော် ဝမ်ချင်းယာပါ။ ခမည်းတော်ဆီက အရှင်ဘုရင်ချီရှန်းတို့ကို နန်းတော်ကိုခေါ်ဆောင်ခဲ့ဖို့ အမိန့်လက်ခံရရှိထားလို့ပါ။"
ချီရှန်းမှတ်မိသလောက်ဆို ဝူနန်ကိုသူတစ်ခေါက်ရောက်ဖူးစဥ်က ဆယ်နှစ်သားအရွယ်လောက်ပင်ရှိလိမ့်အုန်းမည်။ သို့ဆိုလျင် ထိုအချိန်က သူမသည်မွေးပင်မမွေးသေးချေ။ ထို့ကြောင့် ချီရှန်းသူမကို သိလိမ့်မည်မဟုတ်။ သို့သော်လည်း သူမက သူမ၏အမည်နာမကိုတော့ ချီရှန်းသိလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပုံရသည်။ ချီရှန်း၏ ဖခင်နှင့်ဝူနန်နယ်စားတို့က ဖအေတူအမေကွဲညီအကိုများဖြစ်ကြသည်။ ချင်းယာနှင့်ချီရှန်းတို့က နှစ်ဝမ်းကွဲမောင်နှမတော်စပ်လိမ့်မည်။ ချီရှန်း သူမ၏အကြောင်းကိုသိပ်ဂရုထားခဲ့ပုံမပေါ်ချေ။
ယခုစိတ်ပူရမည့်အချက်သည်က သူမတို့သည် မိမိတို့ ဤနေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း မည်သို့သိနေခဲ့သနည်း။ သတင်းပေးသူများက ဤမျှလောက်ပင် မြန်ဆန်ကြလေသလား။ အကယ်၍ သိခဲ့လျင်လည်း တိတ်တဆိတ်မျက်ကွယ်ပြုကာ ပြန်လည်အကွက်ဆင်ခြင်းကသူတိူ့အတွက် ပိုဖြစ်သင့်သည့်ကိစ္စပင်။ ယခုမူ မင်းသမီးကိုယ်တိုင်ပင် လာရောက်ကာကြိုဆိုလိုက်သေးသည်။ ထိုအကြောင်းအရာသည်က ထင်သလောက်ရိုးရှင်းခြင်းတော့မရှိချေ။
ချီရှန်းကဘေးရှိ ရှောင်ရှင်းကိုအချက်ပြလိုက်သည်။ ရှောင်ရှင်းကခေါင်းကိုအသာငြိမ့်ပြလိုက်၏။ ထိုအခါ သူတိူ့ရှေ့တွင်ရှိသော ချင်းယာက တချက်ပြုံးလိုက်ပြီး ချီရှန်းကိုကြည့်လျက်ပင်
" ဝူနန်နယ်မှာတော့ ဧည့်သည်တော်တွေအနေနဲ့ပဲရှိနေပေးလို့ရမလား။ သိကြတဲ့အတိုင်း မနက်ဖြန်က ဒီမြို့တော်ရဲ့ နေ့ကောင်းနေ့မြတ်တစ်ခုပဲလေ။ သုံးယောက်မြောက်အကိုတော်ရဲ့ မင်္ဂလာပွဲနေ့ဆိုတော့ အားလုံးက ပါဝင်ဆင်နွဲကြဖို့ စိတ်အားထက်သန်နေကြတာ။"
သူမ၏စကားလုံးများကလှပသည်။ ရင့်ကျက်မှုကိုအပြည့်အဝခံစားရသည်။ ချီရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အသက်က တွက်ကြည့်လျင် အလွန်ဆုံးမှ ၁၈ ၊၁၉နှစ်ခန့်သာရှိလိမ့်အုန်းမည်။ သို့သော် သူမက ရှိသင့်သည့်အသက်ထက်ပို၍ ရင့်ကျက်နေလွန်းသည်။
"ကြွပါ။"
သူမက သူ့ရဲ့လူများကို တစ်ဖက်တစ်ချက်ဆီသို့ ကပ်ခိုင်းလိုက်ပြီးနောက် နန်းတော်ဘက်သို့ လက်ဆန့်ကာ လမ်းပြသည့်သဖွယ်လုပ်လိုက်သည်။ ဤသည်က မလိုက်လျင် အင်အားသုံးမည်ဟုသော အပြုအမူကို သူတို့အကုန်လူံးနားလည်ကြသည်။ နောက်ဘက်တွင်ရှိသော ကျီချန်းက ချီရှန်းအနားသို့ရောက်လာကာ ခပ်တိုးတိုးပြောလိုက်သည်။
"အရင်ဆုံး လိုက်သွားလိုက်ကြတာပေါ့။"
"အင်း"
ချီရှန်းက အနောက်သို့ ခေါင်းကိုစောင်းရုံသာစောင်းရင်း ကျီချန်းကိုပြန်ဖြေသည်။ သူက တစ်လက်စတည်းအန်းလုကိုကြည့်မိတော့ အန်းလုက ငြိမ်နေ၏။ အန်းလုပုခုံးပေါ်တွင် ဖက်ကာထားသော သူ၏ လက်ကို ပို၍တင်းကျပ်အောင်ဖက်လိုက်ရင်း အန်းလုကိုသူ့အနားသို့ပိုတိုးစေလိုက်သည်။ အန်းလုက သူ့ကိုမော့ကြည့်လာလေ၏။ ချီရှန်းကခေါင်းအသာညိမ့်ပြလိုက်သည်။ အန်းလုက စိတ်ချသည့်ပုံစံမျိုးဖြင့် ချီရှန်းကိုရီပြသည်။ ချီရှန်းက ချင်းယာကိုပြန်ကြည့်လိုက်ပြီး
"မင်းသမီးချင်းယာ...လမ်းပြပေးပါ။"
"ကောင်းပါပြီ။"
သူမကလည်း ပြုံးလိုက်ပြီးနောက် ရှေ့မှထွက်ခွာသွားတော့သည်။
~~~~~~~~~~~~~~~~~~~~~~

Коментарі