52. Sick
"ဆော့ရအောင် ကလေးလား?"
"မင်းက ဘာရယ်တာလဲ?"
¤
အရုပ်လေးကပြောတယ်။ ဖျားနေကြမယ်နော်တဲ့။
"အစ်ကိုလေး၊ ကိုကိုရေ။ Baby! တံခါး ... အဲ!"
"ဘာတွေအော်နေတာလဲ?"
"ငါက ဘာလို့ဖျားရမှာလဲ?"
"မလာနဲ့။ သွား!"
"အား၊ လက်ညပ်တော့မယ်။ မရှုပ်စေရပါဘူး။ မရှိသလိုနေမှာလေ"
"အဟီး၊ ငါပြောပြမယ်"
"အေးလေ၊ ပြီးတာပဲ"
¤
"အင်း ... ဟင်း ..."
"ထင်သားပဲ"
"ဟင်?"
"ချမ်းတယ်"
"အစ်ကိုလေး၊ ခဏထပါဦး။ အင်္ကျီလဲရအောင်လေ"
"ပေး"
"အဆင်ပြေလား Baby?"
¤
"Chain, ဖျားနေပြီလား?"
"ငါက ကောင်းတယ်။ မင်း ဖျားနေပြီ"
"အ၊ နာတယ်"
"ကောင်းသွားပြီ?"
"အင်း"
"အမ်၊ ဘယ်လိုဖြစ်လို့ ..."
"အင်း၊ ဖျားတယ်။ ဘာဖြစ်လို့လဲ?"
"ဟုတ်၊ သွားပြန်ကြည့်ဦး"
"အင်း၊ ထင်တာပဲ"
"ဘယ်ကစဖြစ်တာလဲ?"
"ငါက ဘာမသိတာလဲ?"
"ငါ မသိဘူး"
¤
🎶 Just Give Me a Reason, just a little ... 🎶
"ဘယ်လိုဖြစ်တာလဲ?"
"ရိုးရိုးဖျားတာပါ။ ကျွန်တော့်ဆီကကူးတာ"
"သက်သာသွားပါပြီ"
¤
"အင်း"
"အောက်ဆင်းမယ်"
"အင်း၊ သွားရအောင်"
"ဘယ်လိုသိသွားတာလဲ?"
"ဘာမေးနေတာလဲ?"
"ကောင်းပါပြီ"
¤
"အင်္ကျီလဲတော့လေ။ ချွေးတွေထွက်လာပြီ"
■■■■■ Part LIII ဆက်ရန် ■■■■■
ရေတွေစိုရွှဲကာ ရွှံတွေပေကျံညစ်ပတ်နေကြတဲ့ Chain နဲ့ Lock ကိုကြည့်ကာ Lily အကြီးအကျယ် စိတ်ဓာတ်တွေကျနေပါပြီ။ ဒီပုံစံအတိုင်းဆို ညကျရင်လည်း ပွဲကြီးပွဲကောင်းဖြစ်ဦးမှာပင်။
ဇာတ်ရှိန်မြင့်သွားရင်ဖြင့် Lily တို့ပါ အိပ်ရေးပျက်ကိန်းရှိနေတယ်။
"ဆော့လို့ဝရင် ရေမြန်မြန်ချိုးကြပါတော့။ ပြီးရင်ဆေးကြိုသောက်နော်။ ညကျ ကိုကြီးကို ဖုန်းကြိုဆက်ထားမယ်"
"ဆော့ရအောင် ကလေးလား?"
"ကလေးမဟုတ်၊ ကျွဲမဟုတ်ဘဲ ရွှံ့လူးနေကြတာ ကိုကိုတို့လေ"
နှစ်ယောက်သား ဘာမှပြန်မပြောနိုင်ကြပါ။ ရေချိုး၊ ထမင်းစားပြီးတော့ Lily က ဆေးတွေထုတ်ပေးလာသည်။
"ဘာကြည့်နေတာလဲ? ဆေးမမြင်ဖူးဘူးလား? သောက်ကြလေ"
"နာရီဝက်လောက် ရေစိုတာ ဆေးသောက်စရာလား?"
Lock အပြောကို Chain က ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံနေပါတယ်။
နှစ်ယောက်လုံးကဖြင့် မျက်လုံးတွေနီနေပြီးတော့။
"ရတယ်လေ။ ညကျ တစ်ယောက်ယောက်ဖျားရင် Lily ကို လာမပြောကြနဲ့။ နှစ်ယောက်လုံးဖျားရင်တော့ မနက်နိုးမှ ဆေးရုံပို့ပေးမယ်"
"မီးငယ်၊ အခုပြောနေတာ မီးငယ်ထက်အကြီးတွေကိုနော်"
"သိတယ်လေ။ အဲဒီကလေးကြီးတွေကိုပဲ ပြောမနိုင်တာ။ မသောက်ကြနဲ့"
ကလေးအမေအထာနဲ့ လှည့်ထွက်သွားတော့ Chain ရယ်လိုက်မိတယ်။
"မင်းက ဘာရယ်တာလဲ?"
ပါးစပ်ပြန်ပိတ်ပြီးသာ ခေါင်းခါပြလိုက်တယ်။ သူတို့မောင်နှမက ဘာတွေဖြစ်နေမှန်းမှမသိတာ။
¤
အရုပ်လေးကပြောတယ်။ ဖျားနေကြမယ်နော်တဲ့။
နေပူထဲကနေပြန်လာရင် ရေမချိုးရဘူးဆိုတော့ နေ့လည်က ကိုကိုBaby အပြင်ကပြန်လာပြီး ရေတွေစိုတာ ဖျားနေမလားမသိဘူး။
Chain အတွေးနဲ့အတူ စောင်နဲ့ခေါင်းအုံးရယ်၊ ရေဘူးရယ်ယူကာ Lock အခန်းရှေ့ရောက်သွားတယ်။
"အစ်ကိုလေး၊ တံခါးဖွင့်ပေးပါဦး။ အစ်ကိုလေးရေ"
အထဲက အသံမကြားရလို့ တံခါးထပ်ခေါက်လိုက်တယ်။
"အစ်ကိုလေး၊ ကိုကိုရေ။ Baby! တံခါး ... အဲ!"
"ဘာတွေအော်နေတာလဲ?"
"ဒီည ဒီအခန်းထဲ ပေးအိပ်ပါ"
"ဘာပြောတယ်။ ဘာသောက်ရူးထနေတာလဲ? မင်းအခန်းမင်းပြန်တော့"
Lock က တံခါးပြန်ဆွဲပိတ်တော့ Chain ကတွန်းထားပြီး
"ခဏ၊ ခဏနေပါဦး။ အစ်ကိုလေးဖျားရင် မသိမှာစိုးလို့ပါ"
"ငါက ဘာလို့ဖျားရမှာလဲ?"
"နေ့လည်က အပြင်မှာနေပူတယ်လေ။ ပြန်လာပြီး ရေစိုတယ်လေ။ အဲဒါဖျားတတ်တယ်တဲ့။ အစ်ကိုလေးခုတင်ဘေးမှာပဲ စောင်ခင်းပြီးအိပ်မှာပါ။ မရှုပ်ပါဘူး"
"မလာနဲ့။ သွား!"
"အား၊ လက်ညပ်တော့မယ်။ မရှုပ်စေရပါဘူး။ မရှိသလိုနေမှာလေ"
"မင်း ဘယ်လိုဖြစ်နေတာလဲ?"
"အဟီး၊ ငါပြောပြမယ်"
Chain က ခဏငြိမ်လိုက်တော့ Lock ကလည်း ငြိမ်သွားပြီး Chain ပြောမှာကို အာရုံစိုက်လိုက်ချိန် ...
"ဟာ! ဟေ့ကောင်၊ ဘာလုပ်တာလဲ? ပြန်ထွက်စမ်း"
Lock အလစ်မှာ Chain က တံခါးကိုတွန်းဖွင့်ဝင်သွားတာပါ။
"အစ်ကိုလေးရယ်၊ ငါမရှိဘူးလို့ သဘောထားလိုက်ပါ"
Lock က မျက်နှာရှစ်ခေါက်ချိုးနဲ့ စိုက်ကြည့်နေပြီးမှ
"အေးလေ၊ ပြီးတာပဲ"
Lock လည်း စားပွဲမှာ သူ့အလုပ်သူဆက်လုပ်နေသလို Chain ကလည်း ကော်ဇောပေါ်မှာ စောင်တစ်ထည်ထပ်ခင်းပြီး ခေါင်အုံးနဲ့ နောက်ထပ်စောင်တစ်ထည်ကို နေရာချနေပါတော့တယ်။
Lock က သူ့အာရုံနဲ့သူအလုပ်လုပ်နေပြီး တော်တော်ကြာတော့မှ လှည့်ကြည့်လိုက်တော့ Chain က စောင်ကိုမခြုံဘဲ အခေါက်လိုက်ခါးပေါ်ဖြတ်တင်ပြီး အိပ်နေတာကိုတွေ့ရတာကြောင့် စောင်ဖြန့်ပြီး ကိုယ်တစ်ပိုင်းအထိခြုံပေးလိုက်တယ်။
ညအိပ်မီးပြောင်းပြီး ခုတင်ပေါ်တက်အိပ်သွားတဲ့ Lock ကတော့ သူ့ကိုခေါင်းထောင်ကြည့်ပြီး ပြုံးနေတဲ့ Chain ကို မမြင်လိုက်ရပါဘူး။
¤
"အင်း ... ဟင်း ..."
အတော်လေးညနက်မှ ညည်းသံသဲ့သဲ့ကို ကြားရတာမို့ Chain နိုးလာခဲ့တော့ Lock က စောင်ပုံထဲမှာ တိုးတိုးလေးညည်းနေပါတယ်။ Chain က မီးထဖွင့်ပြီး Lock နဖူးကိုစမ်းကြည့်တော့ ပူခြစ်နေပြီ။ နှုတ်ခမ်းတွေက ခြောက်ကပ်ကပ်ဖြူဖျော့ဖျော့။
"ထင်သားပဲ"
ရေချိုးခန်းထဲကနေ ရေဖတ်ဝတ်ယူပြီး Lock နဖူးပေါ်တင်ပေးလိုက်၊ ပူလာရင်ပြန်လဲပေးလိုက်နဲ့ အလုပ်ရှုပ်နေတာ တော်တော်ကြာမှ အပူနည်းနည်းကျသွားတာကြောင့် သူ့အင်္ကျီအိတ်ထဲကဆေးကို ထုတ်ယူပြီး ရေတစ်ခွက်ငှဲ့ကာ
"အစ်ကိုလေး၊ အစ်ကိုလေး။ ဆေးထသောက်လိုက်ပါနော်၊ ကိုယ်ပြန်ပူလာမှာစိုးလို့"
"ဟင်?"
"အစ်ကိုလေး ဖျားနေပြီလေ။ ဆေးထသောက်ပါလို့"
"ချမ်းတယ်"
"စောင်တွေထပ်ယူပေးမယ်လေ။ ဆေးတော့သောက်လိုက်နော်"
အတင်းဆွဲထူဆေးတိုက်ပြီး ဗီရိုထဲစောင်ရှာကာ ထပ်ခြုံပေးထားလိုက်တယ်။
"တော်သေးတာပေါ့။ Nancy ကို ကြိုပြီးလှမ်းမေးထားမိလို့။ မဟုတ်ရင် အရုပ်လေးကိုနှိုးနေရမှာ"
ဆေးအရှိန်၊ စောင်ခြုံထားတဲ့အရှိန်တွေကြောင့် Lock ချွေးတွေထွက်လာပြီ။ Chain က အဝတ်အစားတွေသွားထုတ်ပြီး စောင်တွေဖယ်ပစ်လို့ Lock ကို နှိုးပြန်တယ်။
မရတဲ့အဆုံး ခုတင်ပေါ်မှာ စောင်တွေနဲ့လုံးထွေးပြီး အဝတ်လဲပေးခြင်းကိစ္စက ပြီးသွားခဲ့တယ်။
Lock ကတော့ စောင်အောက်ပြန်ဝင်ခွေနေတာကြောင့်
"ချမ်းပြန်ပြီလား? ပြန်အိပ်လိုက်နော်။ ချွေးထပ်ထွက်လာရင်တော့ ကောင်းသွားမယ်ထင်ပါတယ်"
Chain ပြောသလိုပါပဲ၊ တော်တော်လေးအကြာမှာ Lock ချွေးတွေထွက်လာပြန်ပါတယ်။
"အစ်ကိုလေး၊ ခဏထပါဦး။ အင်္ကျီလဲရအောင်လေ"
အတင်းနှိုးနေတာကြောင့် Lock ထထိုင်တော့ အင်္ကျီလဲဝတ်ပေးလာတယ်။
"ဘောင်းဘီက ဘယ်လိုလုပ်မှာလဲ အစ်ကိုလေး? ခြေထောက်တွေလည်း ချွေးတွေနဲ့"
"ပေး"
ခုတင်တစ်ဘက်စွန်းမှာထိုင်လျက်ပဲ လဲဝတ်လိုက်ပြီး ခုတင်ပေါ်ပြန်ပစ်လဲသွားတယ်။
"အဆင်ပြေလား Baby?"
နှုတ်ခမ်းတွေအရောင်ပြန်ပြောင်းလာပြီး ခွေခေါက်နေကာ မျက်နှာကစူပုပ်နေတာကြောင့် အသည်းယားလာကာ Baby လို့ ခေါ်မိသွားပြီးမှ
"မကြားဘူးမဟုတ်လား အစ်ကိုလေး"
ပြောပြီး Lock နဖူးကိုစမ်းကြည့်တော့ အပူငွေ့ငွေ့လေးသာကျန်တော့တာကြောင့်
"စောင်အထူတွေမလိုတော့ဘူး။ အေးအေးဆေးဆေးအိပ်တော့နော်။ ငါထပ်နှိုးစရာမလိုတော့ဘူး ထင်ပါတယ်"
Chain ပြောနေတာတွေကို အဖျားကျသွားတဲ့ Lock က ကြားနေရပါတယ်။ ဘယ်လိုမှ မျက်စိမဖွင့်နိုင်ဘဲ ပြန်အိပ်ပျော်သွားတဲ့နောက်မှာ .....
¤
နွေးနွေးထွေးထွေးနေရောင်ခြည်တွေ ဖြန့်ကျက်ပြီး အေးအေးဆေးဆေးနှုတ်ဆက်လာတဲ့ မနက်ခင်းရယ်။
ညကလိုကိုက်ခဲမနေပေမဲ့ လူကနုံးနေတာကြောင့် ချက်ချင်းမထသေးဘဲ တစ်ဖက်ကိုလှိမ့်လိုက်ဖို့ တွေးမိချိန်မှာ မျက်နှာနားကခပ်နွေးနွေးအငွေ့ကြောင့် မျက်စိဖွင့်ကြည့်မိတဲ့ Lock ရယ်။
ညက Lock ပြန်အိပ်ပျော်သွားတာသေချာမှ မီးပြန်ပိတ်ပြီး ညအိပ်မီးရောင်အောက်မှာ Lock မျက်နှာဘက်ခေါင်းလှည့်ပြီး ခုတင်ပေါ်မှီအိပ်သွားတဲ့ Chain ရယ်။
အနီးကပ်မြင်နေရတဲ့ Chain မျက်နှာကိုကြည့်နေရင်း Lock က တစ်ခုခုကိုသတိထားမိသွားတယ်။
"Chain, ဖျားနေပြီလား?"
သူ့ကိုယ်ငွေ့က ကိုယ့်မျက်နှာအထိလာဟပ်နေတော့ နဖူးကိုစမ်းကြည့်လိုက်မိတယ်။
"အင်း ... အစ်ကိုလေး။ နိုးပြီလား? နေကောင်းပြီလား?"
ထိလိုက်တာနဲ့နိုးလာပြီး မျက်စိတွေပွင့်လာတော့ နီရဲနေတဲ့ မျက်ဝန်းတွေ။
"ငါက ကောင်းတယ်။ မင်း ဖျားနေပြီ"
"အာခေါင်ခြောက်လိုက်တာ"
ခေါင်းထောင်လိုက်ပြီးမှ
"အ၊ နာတယ်"
ခေါင်းစောင်းပြီးအိပ်ပျော်သွားတာကြောင့် ဇက်နာသွားပုံရတဲ့ Chain ကို
"မင်းက ဘာလို့ သေချာလှဲမအိပ်တာလဲ?"
"ဒီတိုင်းပဲ စောင့်ကြည့်နေရင်း မျက်စိတွေစပ်လို့ အိပ်ပျော်သွားတာ"
ရေဘူးကိုဆွဲယူပြီး ရေသောက်နေတဲ့ Chain က မျက်နှာခပ်နွမ်းနွမ်း။ ခုတင်ပေါ်ထိုင်နေတဲ့ Lock က
"ငါပြောတာကြားလား? မင်းဖျားနေပြီ"
"ဟုတ်မယ်ထင်တယ်။ ငါပြန်အိပ်လိုက်ဦးမယ်"
သူခင်းထားတဲ့စောင်ပေါ် ပြန်လှဲအိပ်ဖို့ပြင်နေတာကြောင့် Lock ကလှမ်းဆွဲပြီး
"ခုတင်ပေါ်တက်အိပ်စမ်း! ဆန်ပြုတ်နဲ့ဆေး ယူလာပေးမယ်။ ဖျားနေတာကို ဘယ်လိုတွေ ပေတေအိပ်မလို့လဲ?"
Chain ဘာမှအထွန့်မတက်ဘဲ ခုတင်ပေါ်တက်လာတာကြောင့် Lock တစ်ဘက်ကနေဆင်းလိုက်တယ်။
စောင်ခြုံပြီး ပြန်အိပ်သွားတဲ့ Chain ကိုကြည့်ကာ Lock မျက်နှာအမြန်သစ်ပြီး အောက်ဆင်းလာတော့
"ကိုကို၊ Morning! နေမကောင်းဘူးလား?"
"ကိုကိုက ကောင်းသွားပြီ။ Chain ဖျားနေတယ်"
"ကောင်းသွားပြီ?"
"အင်း"
ပြန်ဖြေပြီး ဆန်ပြုတ်ပြုတ်ဖို့ပြင်နေတာကြောင့် Lily မေးမိတယ်။
"ဆန်ပြုတ်လား? Chain က တော်တော်ဖျားသွားတာလား? သွားကြည့်လိုက်ဦးမယ်"
"အင်း၊ သွားကြည့်ပေးဦး။ ဪ၊ ကိုကို့အခန်းထဲမှာနော်"
"အမ်၊ ဘယ်လိုဖြစ်လို့ ..."
"ညက ကိုကိုဖျားမှာစိုးလို့ စောင့်အိပ်မယ်ဆိုပြီး လာအိပ်တာ။ တကယ်ဖျားတော့ တစ်ညလုံး သူစောင့်ပေးရင်း အဖျားကူးသွားတယ်ထင်တယ်။ မနက်နိုးတော့ ကိုယ်တွေပူနေတယ်"
"ဟာ၊ အဲဒါဆို ကိုကိုရေတွေကိုင်မနေနဲ့တော့။ ပေး၊ မီးငယ်လုပ်ပေးမယ်။ သေချာသွားပြန်ကြည့်ပြီး လိုရင် ကိုကြီးကိုဖုန်းဆက်လေ။ Chain က အဲဒီလိုဖြစ်တတ်တယ်၊ ကိုကိုညက တော်တော်ဖျားလား?"
"အင်း၊ ဖျားတယ်။ ဘာဖြစ်လို့လဲ?"
"ဟာ! အခုထိမသိသေးဘူးလား? ကိုကိုအရမ်းဖျားပြီဆို သူကပဲ သေချာစောင့်ကြည့်ပြီး ကိုယ်ပူကျအောင်လုပ်ပေးတာ။ ပြီးရင် သူဖျားတာပဲ"
"အဲဒါဆို မီးငယ်ဆက်လုပ်လိုက်တော့"
"ဟုတ်၊ သွားပြန်ကြည့်ဦး"
ခဏနေတော့ Lock ပြန်ဆင်းလာပြီး
"ကိုယ်တွေအရမ်းပူနေတယ်"
"ကိုကြီးကိုဖုန်းဆက်လေ ကိုကိုရယ်။ ညက ကိုကိုဖျားတာပါ ပြောလိုက်ဦး"
Lily ဆန်ပြုတ်ပြုတ်ပြီးတဲ့အချိန် Hepius ရောက်လာလို့ အဒေါ်ကြီးကိုဆက်ကြည့်ခိုင်းထားပြီး အပေါ်ထပ်တက်လာခဲ့ကြတယ်။
"ညက မင်းလည်း တော်တော်လေးမှကိုယ်ပူရဲ့လား?"
Chain ကိုဆေးထိုးပေးပြီး Hepius ကမေးလာတယ်။
"အင်း၊ ထင်တာပဲ"
"ဘယ်ကစဖြစ်တာလဲ?"
"အမလေး ကိုကြီးရယ်။ ပြောပြမယ်၊ ပြောချင်လွန်းလို့"
Lily ကပြောလိုက်၊ Hepius က အံ့ဩလိုက်နဲ့ နောက်ဆုံးမှာ
"အေး၊ ဖြစ်ရမယ်။ ဒီကောင် အဲဒါတွေမသိဘူးမဟုတ်လား မီးငယ်"
"မသိဘူး။ အသည်းနှလုံးမရှိတဲ့ လူစက်ရုပ်"
"ငါက ဘာမသိတာလဲ?"
"မင်း သာမန်ဖျားရင် ငါမလိုဘူး၊ Chain ရှိရင်အဆင်ပြေတယ်။ ပြီးရင်တော့ သူ့ဆီအဖျားကူးပြီး သူက ငါ့ဆီရောက်လာတော့တာပဲ။ တစ်ခါတလေမေးကြည့်မိတယ်၊ မှော်တွေဘာတွေများတတ်လို့ နေမကောင်းတာကို ကူးယူသလားလို့လေ။ အဲဒါ ဘာမှန်းမသိဘူး။ မင်းကိုယ်တွေပူပြီးဖျားရင် အဲဒီလိုပဲ ဖြစ်နေကျက ငါလည်းလိုက်မမီဘူး။ ဆေးပညာနဲ့မဆိုင်တော့ဘူး"
"ငါ မသိဘူး"
"ဘယ်သိမလဲ? အဲဒီကောင်က မင်းသိအောင်လည်းမနေဘူးလေ။ မင်းသိတာက မင်းအခန်းထဲကနေ သူ့ကိုနှင်ထုတ်ဖို့ပဲသိတာ။ အခု အရင်က Chain မဟုတ်လို့သာ မင်းသိသွားတာ"
Lock ဘာမှမပြောတတ်တော့ပါ။ ဘာလို့များ ဒါတွေသတိမထားမိခဲ့ရတာလဲ?
ဖုန်းသံတိုးတိုးလေးကြားလို့ လိုက်ရှာတော့ Bedside Table ပေါ်မှာ ဖုန်းတစ်လုံး။ Contact က Kyle တဲ့။ ဒါက Chain ရဲ့ဖုန်းလား? ဘယ်တုန်းက သူ့ဆီပြန်ရောက်နေတာလဲ?
Lock က ဖုန်းကိုင်လိုက်တော့
"မင်းကလည်း ကြာလိုက်တာ။ ဘာတွေမွှေနေပြန်ပြီလဲ?"
"Hurricane, ကျွန်တော် Lock"
"ဪ၊ Chain ထင်လို့ ပြောလိုက်တာ"
"သူဖျားနေလို့ Hepius ဆေးထိုးပေးထားတဲ့အရှိန်နဲ့ အိပ်ပျော်နေတယ်"
"ဘယ်လိုဖြစ်တာလဲ?"
"ရိုးရိုးဖျားတာပါ။ ကျွန်တော့်ဆီကကူးတာ"
"ဪ၊ Lock က သက်သာသွားပြီပေါ့"
ဘာလဲ? အဲဒီလိုအဖျားကူးတတ်တာ Hurricane ပါသိတာပဲလား? ကိုယ်တစ်ယောက်ပဲ မသိတာလား?
"သက်သာသွားပါပြီ"
"အင်း၊ အဲဒါဆို ခဏနေအလုပ်လက်စသတ်ပြီးရင် ကိုယ်လာခဲ့မယ်။ ဒါပဲနော်"
ပြောပြီးဖုန်းချသွားတော့ Lock က ဖုန်းကိုကိုင်လျက်သား ကျန်နေခဲ့တယ်။
"ဘာလဲဟ! ငါတို့ကပဲ သူ့သူငယ်ချင်းကို ပစ်ထားမှာကျလို့"
¤
"အင်း"
Chain နိုးလာပြီး ခုတင်ပေါ်ထထိုင်ရင်း ခေါင်းကိုက်လွန်းလို့ လက်နှစ်ဖက်နဲ့ဖိထားမိတယ်။ ခုတင်ပေါ်ကဆင်းမယ်လုပ်တော့ Lily က အခန်းထဲဝင်လာချိန်
"Chain နိုးပြီပဲ။ အဆင်ပြေရဲ့လား? ခေါင်းကိုက်နေတာလား? ကိုကြီးလာပြီး ဆေးထိုးပေးသွားတာ"
"အင်း၊ သိသလိုလို မသိသလိုလိုပဲ"
"ဆန်ပြုတ်ပြုတ်ထားတယ်။ ဒီကိုယူလာပေးရမလား? အောက်ထပ်ဆင်းမလား?"
"အောက်ဆင်းမယ်"
"အင်း၊ သွားရအောင်"
Chain တို့အောက်ရောက်တော့ Hurricane ကပါ ရောက်လာတယ်။
"Kyle, မင်းအလုပ်အားတယ်ပေါ့?"
"မင်းဖျားနေတယ်ဆိုလို့ အလုပ်တွေမြန်မြန်ဖြတ်ပြီး ရောက်လာတာ"
"ဘယ်လိုသိသွားတာလဲ?"
"ငါဖုန်းဆက်တော့ Lock ကမင်းဖုန်းကိုကိုင်တယ်လေ"
"ဪ၊ ဟုတ်သား။ အရုပ်လေး၊ အစ်ကိုလေးသက်သာလား?"
"ကောင်းသွားပြီ။ ဖျားပြီဆို မနက်ကျ ကိုကိုကအမြဲသက်သာသွားတာပဲကို"
"ငါ မင်းစားလို့ရမယ့်ဟာတွေ ဝယ်လာတယ်။ Kitchen ထဲသွားရအောင်"
Hurricane ဝယ်လာပေးတဲ့ အစားအသောက်အစုံအလင်ကြောင့် ဆန်ပြုတ်အိုးက သနားစရာ။
စားသောက်နေရင်းကို Chain က စပ်စုပြန်ပါသေးတယ်။
"အရုပ်၊ ခုနကပြောတာလေ ... အစ်ကိုလေးက အကြာကြီးမဖျားတတ်ဘူးဆို?"
"မဟုတ်ပါဘူး။ Chain စားပြီးရင်သောက်ဖို့ ဆေးသွားယူလိုက်ဦးမယ်။ အခန်းထဲမှာကျန်ခဲ့တယ်"
Hurricane ရှေ့မှာ အစမဖော်ချင်လို့ Lily ကရှောင်ထွက်သွားပေမဲ့ Hurricane ကပဲ
"Lock ဖျားရင် မင်းဆီအဖျားကူးတတ်တယ်။ မနက်ကျ မင်းပဲဖျားပြီး Hepius ဆီရောက်တာ"
"ဪ၊ အဲဒီလိုလား? အဲဒါကြောင့်ထင်တယ်၊ ညက အစ်ကိုလေးကိုစောင့်ပေးတုန်းက ငါအကုန်လုပ်ဖူးနေသလိုပဲ။ Nancy ကိုဖုန်းဆက်မေးထားလို့ လုပ်ရလွယ်နေတယ်ထင်တာ"
ဖျားမှာသိလို့ Nancy ဆီကိုတောင် ဖုန်းဆက်မေးထားတယ်တဲ့လား?
အေးလေ၊ ငါဒဏ်ရာရရင်လည်း မင်းပဲ ဆေးထည့်ပေးနေကျပဲ။ အဲဒါတွေကျ မမှတ်မိဘူးမဟုတ်လား?
မင်းက Hepius နဲ့အတူ ဆရာဝန်လုပ်ရမှာ။
"Kyle? Kyle ရေ၊ ငါမေးနေတယ်လေ"
"ဘာမေးနေတာလဲ?"
"တော်ပါတော့၊ မမေးတော့ဘူး"
Hurricane က ထပ်မေးဖို့ပြင်လိုက်ချိန်မှာ Lock ရောက်လာပြီး
"Hurricane ရောက်လာပြီပဲ။ အလုပ်တွေရော ပြတ်ခဲ့ရဲ့လား?"
"ပြတ်ခဲ့ပြီ။ ဒီကောင်ဖျားနေတယ်ဆိုတော့ သူစားတတ်တာလေးတွေ လာပို့တာလေ"
အဲဒါလည်း ငါမသိပြန်ဘူး။
"ဪ၊ ဟုတ်ကဲ့။ အေးအေးဆေးဆေး စကားပြောကြလေ။ ကျွန်တော် Red ဘက်ကူးလိုက်ဦးမယ်"
"ကောင်းပါပြီ"
ထွက်လာလိုက်ရင်း Lock အတွေးထဲမှာတော့ Chain နဲ့ပတ်သက်ရင် သူမသိတာတွေ အရမ်းများနေတဲ့အကြောင်း တွေးနေမိတယ်။
¤
"အင်္ကျီလဲတော့လေ။ ချွေးတွေထွက်လာပြီ"
"အား! ဗိုက်နာတယ်။ အိမ်သာသွားလိုက်ဦးမယ်"
"ဟာ၊ အင်္ကျီတွေပါယူသွားပြီး လဲလိုက်။ စိုရွှဲနေပြီ"
Chain လက်ထဲ အတင်းထိုးထည့်ပေးလိုက်ပြီး Chain အခန်းရဲ့ဝရန်တာမှာ ခဏထွက်ရပ်နေမိတယ်။
ကိုယ်ဆိုသည်မှာလည်း သူ့ခင်ပွန်းဟောင်းရှေ့အထိ လာပြီးဂရုစိုက်ပေးနေမိတာမျိုး။
တော်ရုံကိစ္စတွေကို မသိသလိုနေလိုက်ဖို့ကြိုးစားပေမဲ့ အကျင့်ဆိုတာ ဖျောက်ရခက်တယ်လို့သာ ဆင်ခြေပေးနေမိတယ်။ ကိုယ်တိုင်မတွေ့ရရင် စိတ်မချလို့ လာကြည့်မိတာပါလို့ ဝန်မခံချင်လို့ပါ။
■■■■■ Part LIII ဆက်ရန် ■■■■■