1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
13. VIP
ေနာက္တစ္ရက္က ပံုမွန္လည္ပတ္ၿပီးသြားခ်ိန္မွာ ႏွစ္ဆယ့္ေလးနာရီေက်ာ္တာေတာင္ Lily နဲ႔ Chain အေၾကာင္းမထူးတာေၾကာင့္ Lock လည္း ပစ္ထားလိုက္တယ္။

ေနာက္ထပ္တစ္ရက္ရဲ႕ မနက္မွာေတာ့ Lock နဲ႔ Lily တို႔ ဦးငယ္ရဲ႕ႏွစ္ပတ္လည္ရက္မို႔ ဂိုဏ္းသားတခ်ိဳ႕နဲ႔အတူ အုတ္ဂူဆီထြက္လာခဲ့ၾကတယ္။ ဦးငယ္ရဲ႕ေမြးစားသားဆိုတဲ့လူ မပါဘဲနဲ႔ေပါ့။
မလိုဘူး၊ သူ႔ေၾကာင့္ပဲ ဦးငယ္ေသရတာမို႔ သင္းမ်က္ႏွာလာျပစရာမလိုဘူး။ Basement နဲ႔ပဲတန္တဲ့ေကာင္။
ဦးငယ္အုတ္ဂူမွာ Lock တို႔ အခ်ိန္အေတာ္ၾကာခဲ့ၿပီး အျပန္မွာ Lily ကေတာ့ ငိုထားလို႔ပင္ပန္းၿပီး အိပ္လိုက္လာခဲ့တယ္။ ဦးငယ္ဆံုးေတာ့ သူက ေျခာက္ႏွစ္သမီးမို႔ ဘာမွေသခ်ာမမွတ္မိေပမဲ့ အေဖျဖစ္သူကိုပါသတိရၿပီး ငိုယိုေနခဲ့တာ။

* Ring ... Ring ... Ring *

"Nick, ဘာကိစၥလဲ။"

"ေခါင္းေဆာင္ အုတ္ဂူမွာလား။"

"ငါ ျပန္လာေနၿပီ။"

"ဟိုေလ၊ မေန႔က နယ္စပ္ပို႔ရမယ့္ပစၥည္းေတြက ထြက္သြားၿပီးမွ အခုျပန္ေရာက္လာတယ္။ ေခါင္းေဆာင္ဆီက ခြင့္ျပဳမိန္႔ပါမသြားဘူးေျပာတယ္။ ပို႔ဖို႔တာဝန္ယူရမယ့္ Orange ဆီေရာက္မွ Permit မပါဘူးဆိုၿပီး ျပန္ေရာက္လာပါတယ္။"

"အခု ဘယ္မွာလဲ။"

"Area 6 မွာပါ။"

"ငါလာမယ္။ အဲဒီနား နီးေနၿပီ။"

"ဟုတ္ကဲ့"

ကားရပ္ခိုင္းၿပီး ေနာက္ကားကလူေတြကိုဖယ္လို႔ ကားေမာင္းသူနဲ႔ Lock ႏွစ္ေယာက္တည္း နီးေနၿပီျဖစ္တဲ့ Area 6 ဘက္ကိုထြက္လာခဲ့ရင္း ကားေပၚမွာ ဘာေတြျဖစ္သြားတယ္ဆိုတာ မသိေတာ့။
Lock ျပန္သတိရခ်ိန္မွာ Pandora's Box ကို ေရာက္ေနတာပါ။
Lily တို႔ ကတိတည္ခ်က္က ႏွစ္ဆယ့္ေလးနာရီေက်ာ္မွ Chain ကို ဘယ္လိုထုတ္ေပးလိုက္တယ္မသိ။ သင္းက ကားသမားေနရာမွာအစားထိုးဝင္ၿပီး ကိုယ့္ကို ေမ့ေဆးေပးေခၚလာခဲ့တာလို႔ သိရခ်ိန္ ေသာင္းက်န္းပစ္ေပမဲ့ Basement ထဲ ႏွစ္ရက္နီးပါးေနခဲ့တဲ့လူကို ေခါင္းကြဲေစ႐ံုအျပင္ ဘာမွမတတ္ႏိုင္ဘဲ ေမ့ေဆးအရွိန္ေၾကာင့္မို႔ ကိုယ္ပဲ ျပန္ၿငိမ္ေနလိုက္ရတယ္။
ဒီေကာင္ဟာ လူမဟုတ္ဘဲ တေစၧလား။ တစ္ပတ္ေလာက္အတြင္း သူ႔ကိုႏွိပ္စက္ထားတာပဲ မနည္းဘူး။ ဒါကိုပဲ သူ႔ကိုမႏိုင္တဲ့ကိုယ္က သိပ္ညံ့ေနတာလား။

¤¤¤

ဒီအိမ္ေရာက္လာရတဲ့အေၾကာင္းကို ေတြးေနရင္း Lock အခန္းထဲကေန ျပန္ထြက္လာလိုက္တယ္။
အေပၚထပ္ဧည့္ခန္းရဲ႕ေဘးဘက္မွာ အစြန္းထုတ္ထားတဲ့ မွန္အျပည့္ မိုး၊ကာထားတဲ့ေနရာမွာ မွန္နံရံကိုမွီၿပီး အျပင္ကိုေငးေနတဲ့ Chain, အနားေရာက္သြားမွ ေျခသံၾကားလို႔ထင္ရဲ႕၊ လွည့္ၾကည့္လာၿပီး

"Baby ဘာျဖစ္လို႔လဲ။"

"ငါေတြးမိတာ မင္းကိုေျပာမလို႔။"

"ဘာကိုလဲ Baby?"

Lock က မ်က္ႏွာခ်င္းဆိုင္နံရံမွာ မွီရပ္လိုက္ၿပီး

"Red ထဲေရာက္ေနတဲ့သူလၽွိဳက ဘယ္ဘက္ကလဲ။"

"မေသခ်ာေသးဘူး။"

"မင္းသိထားတာေျပာ။"

ဆံုေနတဲ့အၾကည့္ေတြကို လႊဲသြားတဲ့ Chain.

"ကိုယ္သိသေလာက္ ဟို Taiwan ေကာင္ Black Bird, ဟိုတေလာက ေက်ာက္ကိစၥဝင္ရႈပ္တဲ့ Oleander, ဒါမွမဟုတ္ရင္ The Dark ေပါ့။"

"ဘာလို႔ အမ်ားႀကီးေတြေျပာေနတာလဲ Chain? Bermuda ေရာ မျဖစ္ႏိုင္ဘူးလား။"

Bermuda ဆိုတာနဲ႔ ဣေျႏၵမရေတာ့တဲ့အေတြးေတြကို ထိန္းခ်ဳပ္ၿပီး

"Bermuda? ဘာလို႔ Bermuda လို႔ ထင္တာလဲ။ သူတို႔နဲ႔ မဆံုတာေတာင္ ေလးႏွစ္ေက်ာ္ၿပီ။"

ေျပာၿပီးမွ စကားမွားသြားတာသိေပမဲ့ မသိသလိုဟန္ေဆာင္ေနလိုက္ၿပီး Lock ဆီကအေျဖကို ေစာင့္ေနလိုက္တယ္။

"အဲဒါေၾကာင့္ပဲေလ။ Red ထဲေရာက္ဖို႔ဆို အဲဒီလူက Spectrum မွာ အနည္းဆံုး လြန္ခဲ့တဲ့သံုးႏွစ္ေက်ာ္ကတည္းက ရွိေနၿပီးသားလူပဲ။ သူက ႀကီးႀကီးမားမားဘာမွမလႈပ္ရွားလို႔ ငါတို႔မသိတာမို႔ ေလးႏွစ္ေက်ာ္ၿငိမ္ေနတဲ့ Bermuda ကို မင္းက ထည့္မစဥ္းစားဘူးလား။"

Chain ကို ေသခ်ာစိုက္ၾကည့္ၿပီး ေမးလာတာမို႔ ဒီတစ္ေခါက္ အၾကည့္မလႊဲေတာ့ဘဲ

"ကိုယ္ေတြးမိေပမဲ့ အဲဒီလိုမထင္လို႔ပါ။ Baby လို မစဥ္းစားလိုက္မိတာ။"

"အင္း၊ ထားပါေတာ့ေလ။ အခု ဘယ္လိုအေျခအေနရွိလဲ။"

"သန္ဘက္ခါေလာက္ Violet ကိုျပန္ၾကမယ္။ ဟိုေရာက္ရင္ အကုန္သိရမွာပါ။"

"ဪ၊ ျပန္ဖို႔အစီအစဥ္ေတာ့ ရွိေသးတယ္ေပါ့။"

"အဲ့ဒီအခ်ိန္ဆို အဲဒီေကာင္ကို ရွင္းထုတ္ႏိုင္ၿပီ။ Garuda ကိုလည္း အျပတ္ျဖတ္ႏိုင္ၿပီ။ Baby အႏၲရာယ္ကင္းၿပီေလ။"

"ဟာဟ၊ ေကာင္းၿပီေလ။ ျပန္ၾကတာေပါ့။ အဲဒီအခ်ိန္ဆို ေနာက္ထပ္ ရွင္းစရာရွိတာေလးေတြပါ အျပတ္ရွင္းၾကတာေပါ့။ ဒါနဲ႔ ငါ့ကိုဒီေခၚလာတဲ့ေန႔က မင္း ဦးငယ္ဆီေရာက္ေနတာလား။"

"ဟုတ္ပါတယ္။ Lily ကို ေသာ့ဖြင့္ခိုင္းၿပီး ဦးငယ္ဆီလည္း သြားကန္ေတာ့ခ်င္လို႔ လိုက္လာတာ။"

Lily ကလႊတ္ေပးတာမဟုတ္ဘဲ သူကေတာင္းဆိုလို႔သာ လႊတ္ေပးရသလို ေျပာေနတာ သိတာေပါ့။ Lily အျပစ္မျဖစ္ေအာင္လို႔ေလ။

"ဂိုဏ္းထဲလည္း ေသခ်ာစစ္ဦးမွပါ။ တျခားအဖြဲ႕ကသာ မင္းေနရာမွာဆို ငါေသေနေလာက္ၿပီ။"

"မဟုတ္ပါဘူး။ ကိုယ္မို႔လို႔ သူတို႔က ဒီတိုင္းထည့္ေပးလိုက္တာပါ။ Lily ေရာ၊ ကို္ယ္ေရာ သူတို႔ကို ေသခ်ာရွင္းျပထားတာမို႔ Baby ကို ခဏေလးဝွက္ထားလို႔ရေအာင္ သူတို႔ကူညီတာပါ။ သူတို႔အျပစ္လည္း မဟုတ္ဘူး။ ၿပီးေတာ့ Baby က ကားေပၚေရာက္မွ ေမ့ေဆးမိတာမဟုတ္ဘူး။ ဦးငယ္အုတ္ဂူမွာထြန္းတဲ့ အေမႊးတိုင္နံ႔နဲ႔တင္ ေခါင္းမၾကည္ျဖစ္ေနတာ သတိထားမိလား။"

"အဟက္၊ ငါေတာ့ ေသလို႔ရေနၿပီ။"

"Lily က အရမ္းငိုေနေတာ့ Baby လည္း တအားစိတ္႐ႈပ္ၿပီး ေခါင္းမၾကည္တာလို႔ ထင္တာပါ။ အဲဒီလုိမဟုတ္ရင္ Baby ရိပ္မိေလာက္တယ္။"

"Lily က မင္းကို ဘယ္လိုထုတ္ေပးခဲ့တာလဲ။ Nick ရဲ႕ဖုန္းလိုင္းကိုေတာင္ ဝင္ျဖတ္လိုက္ေသးတာ။ မင္းကေတာ့ အသံတုနဲ႔ ..."

"မီးငယ္က ကိုယ္လုပ္ခိုင္းလို႔လုပ္တာပါ။ သူ႔ကိုအျပစ္မတင္ပါနဲ႔။ ၿပီးေတာ့ ဂိုဏ္းထဲက ဘယ္သူမွ ဒီေနရာကိုမသိဘူး။"

"အဲဒီေတာ့ ဒီအိမ္ကို ဘယ္အဖြဲ႕နဲ႔ေဆာက္ခဲ့တာလဲ။"

"ကိုယ္မေျပာခ်င္ဘူး။"

"ရတယ္ေလ။ ဘာပဲေျပာေျပာ သူတို႔ေတာ္တယ္။ Pandora's Box ေလးက လံုးဝ Perfect ပဲ။"

Lock က သူ႔ျမင္ကြင္းထဲဝင္လာသမၽွ အိမ္အတြင္းပိုင္းကို လွည့္ၾကည့္ၿပီး ေျပာလိုက္တာေၾကာင့္ Chain ျပံဳးျဖစ္တယ္။

"ေက်းဇူးတင္ပါတယ္ Baby, သေဘာက်ေပးလို႔။ Drawing ေတြခိုးယူလာၿပီး ေဆာက္ထားခဲ့လို႔ Baby သေဘာမက်ေလာက္ဘူးထင္တာ။"

"အင္း၊ ငါမသိေအာင္ခိုးယူသြားတာကို မႀကိဳက္တာေလ။ ငါ့ Design အတိုင္း အတိအက်ထြက္လာတာေလးေတာ့ ငါႀကိဳက္တယ္။"

အိမ္ထဲမ်က္လံုးေဝ့ၾကည့္ေနတာကိုရပ္ၿပီး Chain ကိုၾကည့္မိေတာ့ ျပံဳးၿပီးၾကည့္ေနတဲ့မ်က္လံုးေတြနဲ႔ ဆံုသြားရတယ္။

"ဒီလိုဆိုေတာ့ မင္းအျပစ္ေတြက အမ်ားႀကီးပဲ။"

Lock က လက္ပိုက္ၿပီး နံရံကိုခပ္ေလ်ာ့ေလ်ာ့မွီရင္း ေျပာလိုက္တာကို Chain က အျပံဳးမပ်က္ဘဲ

"ကိုယ္သိပါတယ္။ Spectrum ကိုျပန္ေရာက္ရင္ ႀကိဳက္သလိုအျပစ္ေပးပါလို႔ ကိုယ္ေျပာသားပဲ။"

"မင္းကေလ လုပ္ခ်င္တာလုပ္ေနရမယ္ဆိုရင္ တကယ္ကို အျပစ္မေၾကာက္၊ ငရဲမေၾကာက္ေကာင္။"

"ကိုယ္လုပ္ခ်င္တာေတြက Baby စိတ္ခ်မ္းသာဖို႔၊ အႏၲရာယ္ကင္းဖို႔ေတြပါပဲ။ တစ္ခါတေလေတာ့ Baby ကို စိတ္တိုေစႏိုင္ေပမဲ့ ေနာက္ပိုင္း စိတ္ေအးရေအာင္ပါ။"

"အဲဒီေတာ့ ငါ့ေၾကာင့္ေပါ့။"

"အဲဒီလိုဆိုလိုတာမဟုတ္ပါဘူး Baby ရယ္။"

"ရွိေစေတာ့။ ငါ ျခံထဲဆင္းခ်င္တယ္။"

"မိုးဖြဲေတြနဲ႔ Baby ရဲ႕။"

Lock က စိတ္ပ်က္သလိုနဲ႔ အျပင္ကိုၾကည့္ေနေတာ့

"ခဏေစာင့္၊ ထီးအႀကီးသြားရွာလိုက္မယ္။"

ေျပာၿပီးလွည့္ထြက္သြားတဲ့ Chain ကို Lock က လွမ္းေအာ္တယ္။

"အဝင္ဝက ျခင္းထဲမွာ ထီးေတြရွိတာကို။"

"ေသးတယ္။ ခဏပဲ Baby."

လူမေတြ႕ရေတာ့ဘဲ လွမ္းေအာ္ေနတဲ့ Chain ရယ္ပါ။ ခဏၾကာေတာ့

"ရၿပီ။ ေတာ္ေသးတယ္၊ အဲဒါ ဟိုတေလာက CCTV ေတြဝယ္တုန္းက ေပးလိုက္တဲ့ထီးႀကီး။"

လက္ထဲကထီးႀကီးကိုျပၿပီး ေျပာေနေတာ့ Lock ျပံဳးလိုက္မိတယ္။ ကိုယ့္ကိုေစာင့္ၾကည့္ဖို႔ သူထပ္တပ္လိုက္တဲ့ CCTV ေတြအေၾကာင္း ေျပာမိၿပီးမွ သြားျဖဲျပေနတာေၾကာင့္ မ်က္ႏွာတည္လိုက္ၿပီး ေရွ႕ကထြက္လာခဲ့တယ္။

ျမက္ခင္းအစပ္ေလး ဖိနပ္ခၽြတ္လိုက္ၿပီး မိုးစက္ေတြစိုေနတဲ့ ျမက္သားႏုႏုေတြေပၚ ေျခလွမ္းဖို႔အျပင္

"ခဏေလး Baby."

တားလိုက္လို႔ အရွိန္သတ္လိုက္ေတာ့ ေဘးကေန ထီးႀကီးမိုးေပးထားတဲ့ Chain က

"ခဏကိုင္ထားေပးပါလား။"

သူ႔လက္ထဲကထီးကို ယူလိုက္ေတာ့ ကိုယ့္ေရွ႕ထိုင္ခ်ၿပီး ကိုယ့္ေဘာင္းဘီရွည္အနားေတြကို ေခါက္တင္ေပးေနတယ္။ ၿပီးသြားေတာ့ ထီးကိုျပန္ယူၿပီး ျပံဳးျပရင္း

"ရၿပီ"

ဘာမွေျပာမေနေတာ့ဘဲ ျမက္ခင္းေပၚနင္းေလၽွာက္ၿပီး ရြက္က်ပင္ေပါက္မ်ိဳးစံု စိုက္ထားရာဆီ ဦးတည္လိုက္တယ္။ အမိုးအကာနဲ႔မို႔ အထဲကို လြတ္လြတ္လပ္လပ္ဝင္လိုက္ေပမဲ့

" Baby ေရ၊ ဖိနပ္ျပန္စီးထား။ ေအးတယ္။"

လွည့္ၾကည့္လိုက္ေတာ့ ထီးကိုပိတ္ရင္း ဘယ္အခ်ိန္ကေကာက္ကိုင္လာမွန္းမသိတဲ့ ကိုယ္ျမက္ခင္းအစပ္မွာခၽြတ္ခဲ့တဲ့ ကြင္းထိုးဖိနပ္ကို ကိုယ့္ေျခေထာက္နားလာခ်ေပးတဲ့ Chain.
မထင္ထားတာမို႔ ႐ုတ္တရက္ေၾကာင္သြားရၿပီးမွ ဖိနပ္စီးလိုက္တယ္။ သူကေတာ့ အဝင္ဝမွာ ထီးကိုျပန္သြားေထာင္ထားတယ္။ အာ႐ံုကို အပင္ေတြဆီျပန္ပို႔လိုက္မိတယ္။

Kalanchoe မ်ိဳးရင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ Bryophyllum မ်ိဳးရင္းဝင္ Sprout-leaf plants လို႔ေခၚတဲ့ ရြက္က်ပင္ေတြက ကိုယ္သိပ္ႀကိဳက္တဲ့ အပင္အမ်ိဳးအစားပါ။
သူတို႔ကိုျမင္ေနရတာ အခါခါေႂကြက်ရင္ေတာင္ အထပ္ထပ္ျပန္ရွင္ႏိုင္သလို အားအင္ေတြရတာမို႔ သူတို႔ဟာ ျပန္လည္ရွင္သန္မႈပံုစံတစ္မ်ိဳး။
ျမင္ေနက် အရြက္ထူထူျပားျပားေလးေတြအျပင္ တျခားပံုစံစံုအပင္ေတြ၊ အပြင့္ပြင့္ေနတဲ့ အပင္ေလးေတြ၊ စံုလို႔ပါပဲ။ ေတာ္ေတာ္ေလး ရွာရွာေဖြေဖြနဲ႔ ေသခ်ာစိုက္ေပးထားတာပါပဲ။
ဒီအတိုင္း အရြက္ေတြေႂကြက်ၿပီး အပင္ထပ္ပြားတာဆိုေပမဲ့ ပန္းပြင့္ေလးေတြရဖို႔အတြက္ ဂ႐ုစိုက္ရတယ္ေလ။
အပင္ေတြကိုလိုက္ပတ္ၾကည့္ၿပီး သေဘာက်ေနတဲ့ကိုယ္၊ Chain ရွိေနတာ ေမ့သြားတဲ့အထိ။

"Baby, Chocolate Soldier က ဟိုးဘက္အစြန္မွာ။ သူက ဝယ္တာမၾကာေသးလို႔ နည္းနည္းေလးပဲရွိေသးတယ္။"

Chain ညႊန္ျပရာကိုၾကည့္မိေတာ့ ေတြ႕ပါၿပီ။ ကတၱီပါလို အေမြးႏုႏုျဖဴျဖဴေလးေတြနဲ႔ အရြက္အစြန္းေလးေတြညိဳေနတဲ့ ပန္ဒါပင္ (သို႔) ေခ်ာကလက္စစ္သည္လို႔ေခၚတဲ့ အပင္ေလး။
အနီးကပ္ၾကည့္ေနမိေတာ့ Chain က

"ဘာလိုခ်င္ေသးလဲ။"

"ေတာ္ေတာ္စံုေနပါၿပီ။ ျဖစ္ႏိုင္ရင္ Succulent plants ေတြ အကုန္ရွာစိုက္ခ်င္တယ္။"

"Baby စိုက္ပ်ိဳးေရးလုပ္ပါလား။"

"ငါ့ကိုရြဲ႕တာလား။"

"မရြဲ႕ပါဘူး။ Baby က Building Design ဆြဲ၊ အပင္စိုက္ေလ။ Baby စိတ္မပါတဲ့ Landscaping ကို ကိုယ္သင္လိုက္မယ္။ ၿပီးရင္ အပင္အတြက္ သီးသန္႔ရွာစရာမလိုေတာ့ဘူး။"

"ကိုယ့္ဘာသာ ဘဝကေအးခ်မ္းေနႏိုင္ၿပီဆိုမွေတာ့ မင္းက ငါ့အနား ဘာ႐ႈပ္ဦးမွာလဲ။"

Lock ရဲ႕ အမွတ္တမဲ့ေျပာစကားက Chain အတြက္ အမွတ္တရဒဏ္ရာတစ္ခုလို ရင္ထဲမွာနင့္ခနဲ။

"Baby အတြက္ ကိုယ္ကအမိႈက္လား။"

ခပ္တိုးတိုးအေမးေၾကာင့္ Lock က အပင္ေတြၾကည့္ေနရာကေန Chain ဘက္လွည့္ၾကည့္လာၿပီး

"မင္းကဘာလဲဆိုတာ မင္းဘာသာသိမွာေပါ့။"

"Baby အနားေနခြင့္ရမယ္ဆိုရင္ ကိုယ္က ဘာျဖစ္ျဖစ္ရတယ္။ ကၽြန္လိုပဲေနရေနရေပါ့။"

"ကဗ်ာရြတ္ေနတာလား။ လာႏုမေနစမ္းနဲ႔။"

Chain ခပ္ေဖ်ာ့ေဖ်ာ့ျပံဳးရင္း

"စကားလွေအာင္ေျပာေနတာမဟုတ္မွန္း Baby သိမွာပါ။ ကိုယ္က Baby ခိုင္းတာ ျငင္းဖူးလို႔လား။"

"အင္း"

'အင္း' ဆိုၿပီး အပင္ေတြဆီ အာ႐ံုျပန္ေရာက္သြားတဲ့ Baby က ကိုယ့္စကားမွန္တယ္လို႔ အသိအမွတ္ျပဳလိုက္တာလား။ ကိိုယ္ကအမႈိက္ဆိုရင္ေတာင္ Recycle Bin ထဲေတာ့ထားပါ။ လိုအပ္လာတဲ့အခါ အခ်ိန္မေရြး restore လုပ္လို႔ရေအာင္ေလ။ ပစ္ပစ္ခါခါ မစြန္႔ပစ္လိုက္ပါနဲ႔။

လူတခ်ိဳ႕က အသက္ေပးၿပီးခ်စ္ႏိုင္ေပမဲ့ အရွက္တရားေတြ၊ ဂုဏ္သိကၡာေတြနဲ႔က် မလဲရဲၾကဘူး။ အသက္ရွင္လ်က္နဲ႔ သိကၡာက်မွာ၊ အရွက္မရွိ ရွင္သန္ေနထိုင္ရမွာကို ေသတာထက္ေၾကာက္တတ္ၾကတယ္။

ကိုယ္ကေတာ့ အဲဒါေတြလည္းဂ႐ုမစိုက္ဘူး။
မင္းအတြက္ အသက္ေပးရဲသလို၊ မင္းတစ္ေယာက္တည္းအတြက္ပဲလည္း ရွင္သန္ရဲတယ္။
ကိုယ္က မင္းကို ကိုယ့္ရဲ႕အရာရာထက္ ပိုခ်စ္တယ္။
မင္းမၾကားခ်င္ဘူးဆိုတာသိလို႔ ဒါေတြကို ကိုယ္ဖြင့္ေျပာမွာေတာ့မဟုတ္ဘူး။ ကိုယ့္လုပ္ရပ္ေတြကေနေတာ့ Baby သိႏိုင္ပါတယ္။

"Chain, Florist Kalanchoe ေတြက ဂရုစိုက္ရမယ္ထင္တယ္ေနာ္။"

"Violet မွာ ထားဖို႔လား။"

"အင္း၊ မီးငယ္အတြက္ ယူသြားေပးမလို႔။ ႐ႈပ္ပါတယ္၊ Pies from Heaven တစ္ပင္ေလာက္သာ ယူသြားလိုက္မယ္။"

"အင္း၊ ဒါမွမဟုတ္ Echeveria တစ္မ်ိဳးမ်ိဳး ရွာေပးရမလား။ မီးငယ္က ႏွင္းဆီႀကိဳက္ေတာ့ အဲဒီအပင္ေတြဆို ႀကိဳက္မွာပါ။"
(အရြက္တြင္း အရည္သိုေလွာင္ထားေသာ အသားထူ၊ အရည္ရႊမ္းသည့္အရြက္ရွိေသာ Succulent plant တစ္မ်ိဳး)

"Ok, အဲလိုပဲလုပ္လိုက္။"

Lock က အိမ္ထဲျပန္ဝင္လာေတာ့ မိုးစဲၿပီးေနသာလာလို႔ သက္တံထြက္ေနတာေတြ႕ေတာ့ ရပ္ၾကည့္ေနမိတုန္း ေနာက္ကလိုက္လာတဲ့ Chain က

"Baby, ဒီကိုၾကည့္ ..."

လွည့္ၾကည့္လိုက္ေတာ့ ခ်ပ္ခနဲအသံနဲ႔အတူ ဖုန္းနဲ႔ဓာတ္ပံု႐ိုက္ခံလိုက္ရတာမို႔ ေဒါသထြက္ၿပီး

"ဘာလုပ္တာလဲ။"

"စိတ္မဆိုးပါနဲ႔။ ဒီမွာၾကည့္။"

သူျပတဲ့ကိုယ့္ပံုကို ၾကည့္မိေတာ့ သက္တံရဲ႕အစြန္းတစ္ဖက္မွာ ကိုယ္ကရပ္ေနသေယာင္။
သူက ဒီလို angle ကေနျမင္လိုက္လို႔ ဓာတ္ပံုရိုက္ယူဖို႔ ေတြးမိတာပဲ။
ေဒါသေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိလိုက္ပါ။

¤

စိတ္ဆိုးၿပီးထေအာ္လိုက္တာေတာင္ Baby က သိပ္ၾကည့္ေကာင္းေနတယ္။ သက္တံေလးေတာင္ အေရာင္ေတြမွိန္လို႔။

■■■■■ Part XIV ဆက္ရန္ ■■■■■



နောက်တစ်ရက်က ပုံမှန်လည်ပတ်ပြီးသွားချိန်မှာ နှစ်ဆယ့်လေးနာရီကျော်တာတောင် Lily နဲ့ Chain အကြောင်းမထူးတာကြောင့် Lock လည်း ပစ်ထားလိုက်တယ်။

နောက်ထပ်တစ်ရက်ရဲ့ မနက်မှာတော့ Lock နဲ့ Lily တို့ ဦးငယ်ရဲ့နှစ်ပတ်လည်ရက်မို့ ဂိုဏ်းသားတချို့နဲ့အတူ အုတ်ဂူဆီထွက်လာခဲ့ကြတယ်။ ဦးငယ်ရဲ့မွေးစားသားဆိုတဲ့လူ မပါဘဲနဲ့ပေါ့။
မလိုဘူး၊ သူ့ကြောင့်ပဲ ဦးငယ်သေရတာမို့ သင်းမျက်နှာလာပြစရာမလိုဘူး။ Basement နဲ့ပဲတန်တဲ့ကောင်။
ဦးငယ်အုတ်ဂူမှာ Lock တို့ အချိန်အတော်ကြာခဲ့ပြီး အပြန်မှာ Lily ကတော့ ငိုထားလို့ပင်ပန်းပြီး အိပ်လိုက်လာခဲ့တယ်။ ဦးငယ်ဆုံးတော့ သူက ခြောက်နှစ်သမီးမို့ ဘာမှသေချာမမှတ်မိပေမဲ့ အဖေဖြစ်သူကိုပါသတိရပြီး ငိုယိုနေခဲ့တာ။

* Ring ... Ring ... Ring *

"Nick, ဘာကိစ္စလဲ။"

"ခေါင်းဆောင် အုတ်ဂူမှာလား။"

"ငါ ပြန်လာနေပြီ။"

"ဟိုလေ၊ မနေ့က နယ်စပ်ပို့ရမယ့်ပစ္စည်းတွေက ထွက်သွားပြီးမှ အခုပြန်ရောက်လာတယ်။ ခေါင်းဆောင်ဆီက ခွင့်ပြုမိန့်ပါမသွားဘူးပြောတယ်။ ပို့ဖို့တာဝန်ယူရမယ့် Orange ဆီရောက်မှ Permit မပါဘူးဆိုပြီး ပြန်ရောက်လာပါတယ်။"

"အခု ဘယ်မှာလဲ။"

"Area 6 မှာပါ။"

"ငါလာမယ်။ အဲဒီနား နီးနေပြီ။"

"ဟုတ်ကဲ့"

ကားရပ်ခိုင်းပြီး နောက်ကားကလူတွေကိုဖယ်လို့ ကားမောင်းသူနဲ့ Lock နှစ်ယောက်တည်း နီးနေပြီဖြစ်တဲ့ Area 6 ဘက်ကိုထွက်လာခဲ့ရင်း ကားပေါ်မှာ ဘာတွေဖြစ်သွားတယ်ဆိုတာ မသိတော့။
Lock ပြန်သတိရချိန်မှာ Pandora's Box ကို ရောက်နေတာပါ။
Lily တို့ ကတိတည်ချက်က နှစ်ဆယ့်လေးနာရီကျော်မှ Chain ကို ဘယ်လိုထုတ်ပေးလိုက်တယ်မသိ။ သင်းက ကားသမားနေရာမှာအစားထိုးဝင်ပြီး ကိုယ့်ကို မေ့ဆေးပေးခေါ်လာခဲ့တာလို့ သိရချိန် သောင်းကျန်းပစ်ပေမဲ့ Basement ထဲ နှစ်ရက်နီးပါးနေခဲ့တဲ့လူကို ခေါင်းကွဲစေရုံအပြင် ဘာမှမတတ်နိုင်ဘဲ မေ့ဆေးအရှိန်ကြောင့်မို့ ကိုယ်ပဲ ပြန်ငြိမ်နေလိုက်ရတယ်။
ဒီကောင်ဟာ လူမဟုတ်ဘဲ တစ္ဆေလား။ တစ်ပတ်လောက်အတွင်း သူ့ကိုနှိပ်စက်ထားတာပဲ မနည်းဘူး။ ဒါကိုပဲ သူ့ကိုမနိုင်တဲ့ကိုယ်က သိပ်ညံ့နေတာလား။

¤¤¤

ဒီအိမ်ရောက်လာရတဲ့အကြောင်းကို တွေးနေရင်း Lock အခန်းထဲကနေ ပြန်ထွက်လာလိုက်တယ်။
အပေါ်ထပ်ဧည့်ခန်းရဲ့ဘေးဘက်မှာ အစွန်းထုတ်ထားတဲ့ မှန်အပြည့် မိုး၊ကာထားတဲ့နေရာမှာ မှန်နံရံကိုမှီပြီး အပြင်ကိုငေးနေတဲ့ Chain, အနားရောက်သွားမှ ခြေသံကြားလို့ထင်ရဲ့၊ လှည့်ကြည့်လာပြီး

"Baby ဘာဖြစ်လို့လဲ။"

"ငါတွေးမိတာ မင်းကိုပြောမလို့။"

"ဘာကိုလဲ Baby?"

Lock က မျက်နှာချင်းဆိုင်နံရံမှာ မှီရပ်လိုက်ပြီး

"Red ထဲရောက်နေတဲ့သူလျှိုက ဘယ်ဘက်ကလဲ။"

"မသေချာသေးဘူး။"

"မင်းသိထားတာပြော။"

ဆုံနေတဲ့အကြည့်တွေကို လွှဲသွားတဲ့ Chain.

"ကိုယ်သိသလောက် ဟို Taiwan ကောင် Black Bird, ဟိုတလောက ကျောက်ကိစ္စဝင်ရှုပ်တဲ့ Oleander, ဒါမှမဟုတ်ရင် The Dark ပေါ့။"

"ဘာလို့ အများကြီးတွေပြောနေတာလဲ Chain? Bermuda ရော မဖြစ်နိုင်ဘူးလား။"

Bermuda ဆိုတာနဲ့ ဣနြေ္ဒမရတော့တဲ့အတွေးတွေကို ထိန်းချုပ်ပြီး

"Bermuda? ဘာလို့ Bermuda လို့ ထင်တာလဲ။ သူတို့နဲ့ မဆုံတာတောင် လေးနှစ်ကျော်ပြီ။"

ပြောပြီးမှ စကားမှားသွားတာသိပေမဲ့ မသိသလိုဟန်ဆောင်နေလိုက်ပြီး Lock ဆီကအဖြေကို စောင့်နေလိုက်တယ်။

"အဲဒါကြောင့်ပဲလေ။ Red ထဲရောက်ဖို့ဆို အဲဒီလူက Spectrum မှာ အနည်းဆုံး လွန်ခဲ့တဲ့သုံးနှစ်ကျော်ကတည်းက ရှိနေပြီးသားလူပဲ။ သူက ကြီးကြီးမားမားဘာမှမလှုပ်ရှားလို့ ငါတို့မသိတာမို့ လေးနှစ်ကျော်ငြိမ်နေတဲ့ Bermuda ကို မင်းက ထည့်မစဉ်းစားဘူးလား။"

Chain ကို သေချာစိုက်ကြည့်ပြီး မေးလာတာမို့ ဒီတစ်ခေါက် အကြည့်မလွှဲတော့ဘဲ

"ကိုယ်တွေးမိပေမဲ့ အဲဒီလိုမထင်လို့ပါ။ Baby လို မစဉ်းစားလိုက်မိတာ။"

"အင်း၊ ထားပါတော့လေ။ အခု ဘယ်လိုအခြေအနေရှိလဲ။"

"သန်ဘက်ခါလောက် Violet ကိုပြန်ကြမယ်။ ဟိုရောက်ရင် အကုန်သိရမှာပါ။"

"ဪ၊ ပြန်ဖို့အစီအစဉ်တော့ ရှိသေးတယ်ပေါ့။"

"အဲ့ဒီအချိန်ဆို အဲဒီကောင်ကို ရှင်းထုတ်နိုင်ပြီ။ Garuda ကိုလည်း အပြတ်ဖြတ်နိုင်ပြီ။ Baby အန္တရာယ်ကင်းပြီလေ။"

"ဟာဟ၊ ကောင်းပြီလေ။ ပြန်ကြတာပေါ့။ အဲဒီအချိန်ဆို နောက်ထပ် ရှင်းစရာရှိတာလေးတွေပါ အပြတ်ရှင်းကြတာပေါ့။ ဒါနဲ့ ငါ့ကိုဒီခေါ်လာတဲ့နေ့က မင်း ဦးငယ်ဆီရောက်နေတာလား။"

"ဟုတ်ပါတယ်။ Lily ကို သော့ဖွင့်ခိုင်းပြီး ဦးငယ်ဆီလည်း သွားကန်တော့ချင်လို့ လိုက်လာတာ။"

Lily ကလွှတ်ပေးတာမဟုတ်ဘဲ သူကတောင်းဆိုလို့သာ လွှတ်ပေးရသလို ပြောနေတာ သိတာပေါ့။ Lily အပြစ်မဖြစ်အောင်လို့လေ။

"ဂိုဏ်းထဲလည်း သေချာစစ်ဦးမှပါ။ တခြားအဖွဲ့ကသာ မင်းနေရာမှာဆို ငါသေနေလောက်ပြီ။"

"မဟုတ်ပါဘူး။ ကိုယ်မို့လို့ သူတို့က ဒီတိုင်းထည့်ပေးလိုက်တာပါ။ Lily ရော၊ ကိုယ်ရော သူတို့ကို သေချာရှင်းပြထားတာမို့ Baby ကို ခဏလေးဝှက်ထားလို့ရအောင် သူတို့ကူညီတာပါ။ သူတို့အပြစ်လည်း မဟုတ်ဘူး။ ပြီးတော့ Baby က ကားပေါ်ရောက်မှ မေ့ဆေးမိတာမဟုတ်ဘူး။ ဦးငယ်အုတ်ဂူမှာထွန်းတဲ့ အမွှေးတိုင်နံ့နဲ့တင် ခေါင်းမကြည်ဖြစ်နေတာ သတိထားမိလား။"

"အဟက်၊ ငါတော့ သေလို့ရနေပြီ။"

"Lily က အရမ်းငိုနေတော့ Baby လည်း တအားစိတ်ရှုပ်ပြီး ခေါင်းမကြည်တာလို့ ထင်တာပါ။ အဲဒီလိုမဟုတ်ရင် Baby ရိပ်မိလောက်တယ်။"

"Lily က မင်းကို ဘယ်လိုထုတ်ပေးခဲ့တာလဲ။ Nick ရဲ့ဖုန်းလိုင်းကိုတောင် ဝင်ဖြတ်လိုက်သေးတာ။ မင်းကတော့ အသံတုနဲ့ ..."

"မီးငယ်က ကိုယ်လုပ်ခိုင်းလို့လုပ်တာပါ။ သူ့ကိုအပြစ်မတင်ပါနဲ့။ ပြီးတော့ ဂိုဏ်းထဲက ဘယ်သူမှ ဒီနေရာကိုမသိဘူး။"

"အဲဒီတော့ ဒီအိမ်ကို ဘယ်အဖွဲ့နဲ့ဆောက်ခဲ့တာလဲ။"

"ကိုယ်မပြောချင်ဘူး။"

"ရတယ်လေ။ ဘာပဲပြောပြော သူတို့တော်တယ်။ Pandora's Box လေးက လုံးဝ Perfect ပဲ။"

Lock က သူ့မြင်ကွင်းထဲဝင်လာသမျှ အိမ်အတွင်းပိုင်းကို လှည့်ကြည့်ပြီး ပြောလိုက်တာကြောင့် Chain ပြုံးဖြစ်တယ်။

"ကျေးဇူးတင်ပါတယ် Baby, သဘောကျပေးလို့။ Drawing တွေခိုးယူလာပြီး ဆောက်ထားခဲ့လို့ Baby သဘောမကျလောက်ဘူးထင်တာ။"

"အင်း၊ ငါမသိအောင်ခိုးယူသွားတာကို မကြိုက်တာလေ။ ငါ့ Design အတိုင်း အတိအကျထွက်လာတာလေးတော့ ငါကြိုက်တယ်။"

အိမ်ထဲမျက်လုံးဝေ့ကြည့်နေတာကိုရပ်ပြီး Chain ကိုကြည့်မိတော့ ပြုံးပြီးကြည့်နေတဲ့မျက်လုံးတွေနဲ့ ဆုံသွားရတယ်။

"ဒီလိုဆိုတော့ မင်းအပြစ်တွေက အများကြီးပဲ။"

Lock က လက်ပိုက်ပြီး နံရံကိုခပ်လျော့လျော့မှီရင်း ပြောလိုက်တာကို Chain က အပြုံးမပျက်ဘဲ

"ကိုယ်သိပါတယ်။ Spectrum ကိုပြန်ရောက်ရင် ကြိုက်သလိုအပြစ်ပေးပါလို့ ကိုယ်ပြောသားပဲ။"

"မင်းကလေ လုပ်ချင်တာလုပ်နေရမယ်ဆိုရင် တကယ်ကို အပြစ်မကြောက်၊ ငရဲမကြောက်ကောင်။"

"ကိုယ်လုပ်ချင်တာတွေက Baby စိတ်ချမ်းသာဖို့၊ အန္တရာယ်ကင်းဖို့တွေပါပဲ။ တစ်ခါတလေတော့ Baby ကို စိတ်တိုစေနိုင်ပေမဲ့ နောက်ပိုင်း စိတ်အေးရအောင်ပါ။"

"အဲဒီတော့ ငါ့ကြောင့်ပေါ့။"

"အဲဒီလိုဆိုလိုတာမဟုတ်ပါဘူး Baby ရယ်။"

"ရှိစေတော့။ ငါ ခြံထဲဆင်းချင်တယ်။"

"မိုးဖွဲတွေနဲ့ Baby ရဲ့။"

Lock က စိတ်ပျက်သလိုနဲ့ အပြင်ကိုကြည့်နေတော့

"ခဏစောင့်၊ ထီးအကြီးသွားရှာလိုက်မယ်။"

ပြောပြီးလှည့်ထွက်သွားတဲ့ Chain ကို Lock က လှမ်းအော်တယ်။

"အဝင်ဝက ခြင်းထဲမှာ ထီးတွေရှိတာကို။"

"သေးတယ်။ ခဏပဲ Baby."

လူမတွေ့ရတော့ဘဲ လှမ်းအော်နေတဲ့ Chain ရယ်ပါ။ ခဏကြာတော့

"ရပြီ။ တော်သေးတယ်၊ အဲဒါ ဟိုတလောက CCTV တွေဝယ်တုန်းက ပေးလိုက်တဲ့ထီးကြီး။"

လက်ထဲကထီးကြီးကိုပြပြီး ပြောနေတော့ Lock ပြုံးလိုက်မိတယ်။ ကိုယ့်ကိုစောင့်ကြည့်ဖို့ သူထပ်တပ်လိုက်တဲ့ CCTV တွေအကြောင်း ပြောမိပြီးမှ သွားဖြဲပြနေတာကြောင့် မျက်နှာတည်လိုက်ပြီး ရှေ့ကထွက်လာခဲ့တယ်။

မြက်ခင်းအစပ်လေး ဖိနပ်ချွတ်လိုက်ပြီး မိုးစက်တွေစိုနေတဲ့ မြက်သားနုနုတွေပေါ် ခြေလှမ်းဖို့အပြင်

"ခဏလေး Baby."

တားလိုက်လို့ အရှိန်သတ်လိုက်တော့ ဘေးကနေ ထီးကြီးမိုးပေးထားတဲ့ Chain က

"ခဏကိုင်ထားပေးပါလား။"

သူ့လက်ထဲကထီးကို ယူလိုက်တော့ ကိုယ့်ရှေ့ထိုင်ချပြီး ကိုယ့်ဘောင်းဘီရှည်အနားတွေကို ခေါက်တင်ပေးနေတယ်။ ပြီးသွားတော့ ထီးကိုပြန်ယူပြီး ပြုံးပြရင်း

"ရပြီ"

ဘာမှပြောမနေတော့ဘဲ မြက်ခင်းပေါ်နင်းလျှောက်ပြီး ရွက်ကျပင်ပေါက်မျိုးစုံ စိုက်ထားရာဆီ ဦးတည်လိုက်တယ်။ အမိုးအကာနဲ့မို့ အထဲကို လွတ်လွတ်လပ်လပ်ဝင်လိုက်ပေမဲ့

" Baby ရေ၊ ဖိနပ်ပြန်စီးထား။ အေးတယ်။"

လှည့်ကြည့်လိုက်တော့ ထီးကိုပိတ်ရင်း ဘယ်အချိန်ကကောက်ကိုင်လာမှန်းမသိတဲ့ ကိုယ်မြက်ခင်းအစပ်မှာချွတ်ခဲ့တဲ့ ကွင်းထိုးဖိနပ်ကို ကိုယ့်ခြေထောက်နားလာချပေးတဲ့ Chain.
မထင်ထားတာမို့ ရုတ်တရက်ကြောင်သွားရပြီးမှ ဖိနပ်စီးလိုက်တယ်။ သူကတော့ အဝင်ဝမှာ ထီးကိုပြန်သွားထောင်ထားတယ်။ အာရုံကို အပင်တွေဆီပြန်ပို့လိုက်မိတယ်။

Kalanchoe မျိုးရင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Bryophyllum မျိုးရင်းဝင် Sprout-leaf plants လို့ခေါ်တဲ့ ရွက်ကျပင်တွေက ကိုယ်သိပ်ကြိုက်တဲ့ အပင်အမျိုးအစားပါ။
သူတို့ကိုမြင်နေရတာ အခါခါကြွေကျရင်တောင် အထပ်ထပ်ပြန်ရှင်နိုင်သလို အားအင်တွေရတာမို့ သူတို့ဟာ ပြန်လည်ရှင်သန်မှုပုံစံတစ်မျိုး။
မြင်နေကျ အရွက်ထူထူပြားပြားလေးတွေအပြင် တခြားပုံစံစုံအပင်တွေ၊ အပွင့်ပွင့်နေတဲ့ အပင်လေးတွေ၊ စုံလို့ပါပဲ။ တော်တော်လေး ရှာရှာဖွေဖွေနဲ့ သေချာစိုက်ပေးထားတာပါပဲ။
ဒီအတိုင်း အရွက်တွေကြွေကျပြီး အပင်ထပ်ပွားတာဆိုပေမဲ့ ပန်းပွင့်လေးတွေရဖို့အတွက် ဂရုစိုက်ရတယ်လေ။
အပင်တွေကိုလိုက်ပတ်ကြည့်ပြီး သဘောကျနေတဲ့ကိုယ်၊ Chain ရှိနေတာ မေ့သွားတဲ့အထိ။

"Baby, Chocolate Soldier က ဟိုးဘက်အစွန်မှာ။ သူက ဝယ်တာမကြာသေးလို့ နည်းနည်းလေးပဲရှိသေးတယ်။"

Chain ညွှန်ပြရာကိုကြည့်မိတော့ တွေ့ပါပြီ။ ကတ္တီပါလို အမွေးနုနုဖြူဖြူလေးတွေနဲ့ အရွက်အစွန်းလေးတွေညိုနေတဲ့ ပန်ဒါပင် (သို့) ချောကလက်စစ်သည်လို့ခေါ်တဲ့ အပင်လေး။
အနီးကပ်ကြည့်နေမိတော့ Chain က

"ဘာလိုချင်သေးလဲ။"

"တော်တော်စုံနေပါပြီ။ ဖြစ်နိုင်ရင် Succulent plants တွေ အကုန်ရှာစိုက်ချင်တယ်။"

"Baby စိုက်ပျိုးရေးလုပ်ပါလား။"

"ငါ့ကိုရွဲ့တာလား။"

"မရွဲ့ပါဘူး။ Baby က Building Design ဆွဲ၊ အပင်စိုက်လေ။ Baby စိတ်မပါတဲ့ Landscaping ကို ကိုယ်သင်လိုက်မယ်။ ပြီးရင် အပင်အတွက် သီးသန့်ရှာစရာမလိုတော့ဘူး။"

"ကိုယ့်ဘာသာ ဘဝကအေးချမ်းနေနိုင်ပြီဆိုမှတော့ မင်းက ငါ့အနား ဘာရှုပ်ဦးမှာလဲ။"

Lock ရဲ့ အမှတ်တမဲ့ပြောစကားက Chain အတွက် အမှတ်တရဒဏ်ရာတစ်ခုလို ရင်ထဲမှာနင့်ခနဲ။

"Baby အတွက် ကိုယ်ကအမှိုက်လား။"

ခပ်တိုးတိုးအမေးကြောင့် Lock က အပင်တွေကြည့်နေရာကနေ Chain ဘက်လှည့်ကြည့်လာပြီး

"မင်းကဘာလဲဆိုတာ မင်းဘာသာသိမှာပေါ့။"

"Baby အနားနေခွင့်ရမယ်ဆိုရင် ကိုယ်က ဘာဖြစ်ဖြစ်ရတယ်။ ကျွန်လိုပဲနေရနေရပေါ့။"

"ကဗျာရွတ်နေတာလား။ လာနုမနေစမ်းနဲ့။"

Chain ခပ်ဖျော့ဖျော့ပြုံးရင်း

"စကားလှအောင်ပြောနေတာမဟုတ်မှန်း Baby သိမှာပါ။ ကိုယ်က Baby ခိုင်းတာ ငြင်းဖူးလို့လား။"

"အင်း"

'အင်း' ဆိုပြီး အပင်တွေဆီ အာရုံပြန်ရောက်သွားတဲ့ Baby က ကိုယ့်စကားမှန်တယ်လို့ အသိအမှတ်ပြုလိုက်တာလား။ ကိုယ်ကအမှိုက်ဆိုရင်တောင် Recycle Bin ထဲတော့ထားပါ။ လိုအပ်လာတဲ့အခါ အချိန်မရွေး restore လုပ်လို့ရအောင်လေ။ ပစ်ပစ်ခါခါ မစွန့်ပစ်လိုက်ပါနဲ့။

လူတချို့က အသက်ပေးပြီးချစ်နိုင်ပေမဲ့ အရှက်တရားတွေ၊ ဂုဏ်သိက္ခာတွေနဲ့ကျ မလဲရဲကြဘူး။ အသက်ရှင်လျက်နဲ့ သိက္ခာကျမှာ၊ အရှက်မရှိ ရှင်သန်နေထိုင်ရမှာကို သေတာထက်ကြောက်တတ်ကြတယ်။

ကိုယ်ကတော့ အဲဒါတွေလည်းဂရုမစိုက်ဘူး။
မင်းအတွက် အသက်ပေးရဲသလို၊ မင်းတစ်ယောက်တည်းအတွက်ပဲလည်း ရှင်သန်ရဲတယ်။
ကိုယ်က မင်းကို ကိုယ့်ရဲ့အရာရာထက် ပိုချစ်တယ်။
မင်းမကြားချင်ဘူးဆိုတာသိလို့ ဒါတွေကို ကိုယ်ဖွင့်ပြောမှာတော့မဟုတ်ဘူး။ ကိုယ့်လုပ်ရပ်တွေကနေတော့ Baby သိနိုင်ပါတယ်။

"Chain, Florist Kalanchoe တွေက ဂရုစိုက်ရမယ်ထင်တယ်နော်။"

"Violet မှာ ထားဖို့လား။"

"အင်း၊ Lily အတွက် ယူသွားပေးမလို့။ ရှုပ်ပါတယ်။ Pies from Heaven တစ်ပင်လောက်သာ ယူသွားလိုက်မယ်။"

"အင်း၊ ဒါမှမဟုတ် Echeveria တစ်မျိုးမျိုး ရှာပေးရမလား။ Lily က နှင်းဆီကြိုက်တော့ အဲဒီအပင်တွေဆို ကြိုက်မှာပါ။"
(အရွက်တွင်း အရည်သိုလှောင်ထားသော အသားထူ၊ အရည်ရွှမ်းသည့်အရွက်ရှိသော Succulent plant တစ်မျိုး)

"Ok, အဲလိုပဲလုပ်လိုက်။"

Lock က အိမ်ထဲပြန်ဝင်လာတော့ မိုးစဲပြီးနေသာလာလို့ သက်တံထွက်နေတာတွေ့တော့ ရပ်ကြည့်နေမိတုန်း နောက်ကလိုက်လာတဲ့ Chain က

"Baby, ဒီကိုကြည့် ..."

လှည့်ကြည့်လိုက်တော့ ချပ်ခနဲအသံနဲ့အတူ ဖုန်းနဲ့ဓာတ်ပုံရိုက်ခံလိုက်ရတာမို့ ဒေါသထွက်ပြီး

"ဘာလုပ်တာလဲ။"

"စိတ်မဆိုးပါနဲ့။ ဒီမှာကြည့်။"

သူပြတဲ့ကိုယ့်ပုံကို ကြည့်မိတော့ သက်တံရဲ့အစွန်းတစ်ဖက်မှာ ကိုယ်ကရပ်နေသယောင်။
သူက ဒီလို angle ကနေမြင်လိုက်လို့ ဓာတ်ပုံရိုက်ယူဖို့ တွေးမိတာပဲ။
ဒေါသတွေတောင် ဘယ်ရောက်သွားမှန်းမသိလိုက်ပါ။

¤

စိတ်ဆိုးပြီးထအော်လိုက်တာတောင် Baby က သိပ်ကြည့်ကောင်းနေတယ်။ သက်တံလေးတောင် အရောင်တွေမှိန်လို့။

■■■■■ Part XIV ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі