1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
10. Life
ျပႆနာျဖစ္တဲ့ေန႔က Lock လည္း သူ႔ Studio မွာအိပ္သလို Chain လည္း Hepius နဲ႔ပါသြားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းမဆိုင္မိၾက။

Lock ရဲ႕အိပ္မက္က Architect တစ္ေယာက္ျဖစ္ဖို႔။ ဒါေပမဲ့ ေမြးရာပါတာဝန္ကရွိေနၿပီးသားမို႔ သူ႔အိပ္မက္ကို Career တစ္ခုအေနနဲ႔ Professional က်က်မလုပ္ႏိုင္ခဲ့ေပမဲ့ Hobby အျဖစ္နဲ႔ေတာ့ ဆက္လက္ေမြးျမဴခဲ့တယ္။ သူ႔စိတ္ႀကိဳက္ Drawing Studio ေလးလုပ္ၿပီး အားတဲ့အခ်ိန္ေတြ၊ စိတ္ညစ္တဲ့အခ်ိန္ေတြ စိတ္ေျပလက္ေပ်ာက္ ဒီဇိုင္းေတြဆြဲေနတတ္တယ္။
သူ႔စိတ္ႀကိဳက္ဆြဲထားတဲ့အထဲမွာမွ တကယ္အေကာင္အထည္ေပၚလာတာ Studio, Starry House, ၿပီးေတာ့ Pandora's Box လို႔ နာမည္ေပးထားတဲ့အိမ္ေလး။ Studio ကို သူ႔စိတ္ႀကိဳက္ေနရာရွာေဆာက္ထားၿပီး Starry House ကိုေတာ့ Spectrum ေခါင္းေဆာင္ေဟာင္းက သားျဖစ္သူကို ေမြးေန႔လက္ေဆာင္အေနနဲ႔ေပးဖို႔ တိတ္တိတ္ေလးေဆာက္ေပးခဲ့တာ။ တကယ္ေတာ့ Chain ပဲ အဲဒီ့အႀကံေပးၿပီး ကိုယ္တိုင္အစအဆံုးတာဝန္ယူခဲ့တာ။ Pandora's Box ကေတာ့ Chain က Lock မသိတဲ့ေနရာမွာ ေဆာက္ထားေပးခဲ့ၿပီး အခု Lock ကိုေခၚလာၿပီးပိတ္ထားခဲ့တဲ့ အိမ္ေလးေပါ့။

Lock ကို ေမ့ေဆးေပးေခၚလာၿပီး သတိရတဲ့အခ်ိန္မွာ ထေသာင္းက်န္းလို႔ Chain ေခါင္းကြဲခဲ့ရတယ္။
Lock စိတ္ၿငိမ္သြားတဲ့အခ်ိန္က်မွ သူ႔ကိုထားတဲ့အိပ္ခန္းရဲ႕ အေနအထားေတြကို သတိထားမိၿပီး "ဘယ္ေနရာလဲ။ ဘယ္အိမ္လဲ။" ေမးေတာ့တာပဲ။
သူ႔အခန္းမွာ နံရံကပ္ဗီ႐ိုရဲ႕အလယ္ေလာက္ကေန ဆြဲထုတ္ေနရာခ်ရတဲ့ Adjustable Table ေလးရယ္၊ တံခါးေပါက္ဖြင့္လိုက္ရင္ တစ္ခါတည္းပါလာတဲ့ Balcony အေသးေလးရယ္၊ Bedhead အေပၚပိုင္းက စက္ဝိုင္းျခမ္းပံု စာအုပ္စင္ေလးရယ္က Pandora's Box ရဲ႕ Bedroom တစ္ခုမွာထည့္ထားတဲ့ Lock ရဲ႕စိတ္ကူးေတြပါ။ Bedroom layout ကလည္း လံုးဝအတိအက်မို႔ Chain ဝန္ခံလိုက္တဲ့အခါ သူ႔ Drawing ေတြကို ဘယ္တုန္းကခိုးသြားတာလဲဆိုၿပီး ျပႆနာရွာျပန္ပါေရာေလ။

Chain ဆိုတာ ငယ္ငယ္ကတည္းက Lock ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးေနက်ပါ။ Lock မသိတာေလးတစ္ခုပါပဲ။ အခုလည္း သူ႔ရဲ႕ Pandora's Box ေလးဆီကို ေခၚလာေပးခဲ့ေပမဲ့ Chain အမ်ားႀကီးျပင္ဆင္လိုက္ရတယ္။
Lock ရဲ႕ကိုယ္ပိုင္ဒီဇိုင္းမို႔ Plan ေတြအလြတ္ရေနတဲ့အိမ္ကို လံုျခံဳဖို႔ ခ်က္ခ်င္းစီစဥ္ၿပီး ေခၚလာခဲ့ရတာ။ Lock အတြက္ ထြက္ေျပးရတာပိုလြယ္မွာမို႔ ျပင္ဆင္ရတဲ့သူက ပိုၿပီးခက္ခဲေပမဲ့ ကိုယ့္ Design ေလးထဲကိုယ္ပိတ္မိေနရင္ Lock နည္းနည္းစိတ္ေက်နပ္မလားလို႔ စီစဥ္ခဲ့ရျခင္းသာ။

*ဗုန္း*

Lock ကိုေငးရင္း လြန္ခဲ့တဲ့ႏွစ္ပတ္ဆီျပန္ေရာက္ေနတဲ့ Chain ရဲ႕စိတ္ေတြ သူ႔ေရွ႕ကအသံက်ယ္က်ယ္ေၾကာင့္ ပစၥဳပၸန္ကိုျပန္ေျပးကပ္သြားရတယ္။ Lock ေျခေထာက္တင္ထားတဲ့ ဆိုဖာခံုတံုးအနိမ့္ေလးကို ေဆာင့္ကန္လိုက္လို႔ Chain ထိုင္ေနတဲ့ဆိုဖာနဲ႔တိုက္မိၿပီး လဲက်သြားတာကို မသိလိုက္တဲ့အထိ အေတြးေတြရြက္လႊင့္မိတာ။

"ေဟ့ေကာင္၊ ငါေခၚေနတယ္ေလ။ ငုတ္တုတ္ေသေနတာလား။"

"Sorry, Baby. ကိုယ္အေတြးလြန္သြားလို႔ပါ။ အဲ၊ ဇာတ္လမ္းေတာင္ၿပီးသြားၿပီပဲ။ ဘာလိုခ်င္လို႔လဲ Baby. ကိုယ္ဘာလုပ္ေပးရမလဲ။"

"ငါ့ကို Studio ခန္းရဲ႕ေသာ့ အခုေပး။"

ဒီအိမ္ေလးမွာ Studio ခန္းေလးထည့္ထားတယ္။ Pandora's Box ေလးထဲမွာ လူသားေတြအတြက္ ေမၽွာ္လင့္ခ်က္ဆိုတဲ့အရာတစ္ခု က်န္ေနေသးသလို ဒီအိမ္ေလးမွာလည္း Lock က သူေမၽွာ္လင့္ခဲ့တဲ့အရာေတြကို ထည့္ၿပီး ဒီဇိုင္းထုတ္ခဲ့တာပါ။
Studio ခန္းကိုေတာ့ ဖြင့္ေပးလို႔မျဖစ္ေသးဘူး။ အဲဒီထဲမွာ Lock ကိုေပးမသိခ်င္ေသးတာေတြ ရွိေနတယ္။ ေရႊ႕ဖို႔အခ်ိန္မမီခဲ့လို႔ေပါ့။

"ေပးလို႔မျဖစ္ေသးလို႔ပါဆိုတာ Baby ကို ေျပာခဲ့သားပဲ။"

"အဲဒါေၾကာင့္ကို မသကၤာတာ။"

"Baby ရယ္၊ အခ်ိန္တန္ရင္သိရမွာပါ။ တျခားဘာလုပ္ေပးရမလဲ။"

"Rooftop Pool မွာ ေရကူးမယ္။"

"ဟင္၊ မိုးရြာေတာ့မယ္ထင္တယ္ Baby ရဲ႕။ ရာသီဥတုေကာင္းမွ ကူးပါေနာ္။"

Chain က ဧည့္ခန္းမွန္ကာေတြကေန အျပင္ကိုတစ္ခ်က္ၾကည့္ၿပီး ျငင္းလိုက္ျပန္တယ္။

"ငါ့ကို Cocktail စပ္ေပး။"

Rooftop Pool က Mini Bar ေလးရဲ႕ အျပင္ဘက္မွာေလ။

"အဲဒါ ... အဲဒါကေလ ... ဟို ... Bar မွာ ဘာမွဝယ္မျဖည့္ထားမိဘူး။ ေနာက္ေန႔ေတြက် ျဖည့္ထားေပးပါ့မယ္။"

"ေအး၊ ေနာက္ဆို ဘာလိုခ်င္လဲတို႔၊ ဘာလုပ္ေပးရမလဲတို႔၊ အဲဒီလိုေမးခြန္းေတြကို လက္လြတ္စပယ္မေမးနဲ႔။"

"အာ ... Sorry Baby."

Lock က တမင္ေျပာေနတာေတြကို Chain အခုမွသေဘာေပါက္တာပါ။ သူ႔ Baby အလိုမက်မွာစိုးလို႔ အသည္းအသန္ရွင္းျပေနရတာနဲ႔ အရိပ္အကဲကိုမသိလိုက္မိ။

"ငါ ေမးစရာတစ္ခုရွိတယ္။ မင္းအမွန္အတိုင္းေျဖ။"

"ေျဖလို႔မျဖစ္တဲ့ေမးခြန္းဆိုရင္ေတာ့ ကိုယ္မေျဖႏိုင္ဘူး။"

"ေျဖလို႔ရတဲ့ေမးခြန္းပါ။"

"အင္း၊ ေမးေလ။"

"Baby လို႔ေခၚရဖို႔၊ မင္းအခ်စ္ကို ငါအသိအမွတ္ျပဳဖို႔က မင္းရဲ႕မာန၊ သိကၡာ၊ အ႐ွက္တရားေတြထက္ ပိုအေရးႀကီးေနတာလား။"

"Baby က အားလံုးထက္ ပိုအေရးႀကီးတယ္။"

"အင္း၊ အဲဒါေတာ့ ငါယံုရလိမ့္မယ္ထင္တယ္။"

"ဟား ဟား"

ဘာလို႔ရယ္တာလဲဆိုတဲ့အၾကည့္နဲ႔ ရင္ဆိုင္လိုက္ရလို႔ အရယ္ရပ္ၿပီး

"Baby က တစ္ခါတေလ ကေလးလိုပဲ ပြင့္လင္းလြန္းၿပီး အမွန္အတိုင္းဝန္ခံတတ္တယ္။"

"ငါ့ကို ကေလးခ်င္းထပ္ၿပီးမေျပာနဲ႔။"

"ကေလးေတြက ကေလးလို႔ေခၚခံရတာကို မႀကိဳက္ၾကဘူး။"

"ေဟ့ေကာင္၊ ငါ မင္းထက္အသက္ႀကီးတယ္ေနာ္။"

"အသက္နဲ႔မဆိုင္ပါဘူး။ စိတ္ကိုေျပာတာ။"

"ငါ ကေလးမဟုတ္တာ မင္းသိမွာပါ။"

Chain မ်က္ႏွာတည္သြားတယ္။
ဟုတ္ပါတယ္၊ Baby က အလုပ္ကိစၥနဲ႔ ပါတီေတြ၊ ကလပ္ေတြ သြားတဲ့အခါ တခ်ိဳ႕ညေတြမွာ မိန္းကေလးေတြနဲ႔အခ်ိန္ျဖဳန္းတတ္တာကို အခန္းေရွ႕ တစ္ညလံုးေစာင့္ေနတတ္တဲ့ဒီလူက အသိဆံုးပါ။ ရင္နာတာကို လ်စ္လ်ဴရႈရင္းနဲ႔ေလ။

"အဲဒါေတာ့ ကိုယ္ျမင္ရတာမဟုတ္လို႔ ေသခ်ာမသိဘူး။ ကိုယ္ေသခ်ာျမင္ခဲ့ရတာေတာ့ Baby က လူႀကီးကိစၥေတြကိုစိတ္မဝင္စားဘူး။ ကေလးလိုသာ စမ္းသပ္စူးစမ္းခ်င္ေနတာမ်ိဳးေလး။"

ဒီတစ္ခါမ်က္ႏွာတင္းသြားတာ Lock ပါ။
Chain စိန္ေခၚပစ္လိုက္တယ္။ စိတ္ဆိုးမွာသိရဲ႕နဲ႔ အဲဒီကိစၥကို အစေဖာ္လိုက္တယ္။

"မင္းဒဏ္ရာထပ္ရရင္ ငါပဲ နတ္ဆိုးျဖစ္ဦးမွာ။ ရန္မစနဲ႔ Chain."

"Baby ေျပာလို႔ ကိုယ္ေျပာတာပါ။"

"ငါမွ မင္းလို ေယာက္်ားေတြကို စိတ္မဝင္စားတာ။"

"ကိုယ္စိတ္ဝင္စားတာ ေယာက္်ားေတြကိုမဟုတ္ဘူးေလ။ Baby ကိုပဲ။ ရွင္းေအာင္ေျပာရရင္ Baby က မိန္းမျဖစ္ျဖစ္၊ ေယာက္်ားျဖစ္ျဖစ္၊ အေျခာက္ပဲျဖစ္ျဖစ္ကြာ၊ ကိုယ္စိတ္ဝင္စားတာ Lock ဆိုတဲ့ Baby ကိုပဲ။"

"ငါ့ကို မိန္းမျဖစ္ျဖစ္၊ အေျခာက္ျဖစ္ျဖစ္တဲ့လား။ မင္း ဒဏ္ရာေတြနည္းေနေသးလို႔လား။"

ေျပာလည္းေျပာ လူကလည္း ကိုယ့္ေ႐ွ႕လာရပ္တာမို႔ ေမာ့ၾကည့္လိုက္ၿပီး

"Baby ျဖစ္တည္မႈတိုင္းကိုခ်စ္တယ္လို႔ ေျပာျပတာ။"

Lock က ထိုင္ေနတဲ့ Chain မ်က္ႏွာနားအထိ ခါးကိုင္းခ်လိုက္ၿပီး

"မင္း ျမႇဴဆြယ္ေနလည္း ငါစိတ္မဝင္စားဘူး။"

စကားဆံုးတာနဲ႔ Lock က ကိုယ္ကိုျပန္မတ္ဖို႔ျပင္လိုက္စဥ္ Chain ရဲ႕ လ်င္ျမန္လြန္းတဲ့ လႈပ္ရွားမႈတစ္ခုေၾကာင့္

"မင္း ..."

Lock ကလည္း ခ်က္ခ်င္းကို စားပြဲေပၚက သစ္သီးထည့္တဲ့ဖန္ပန္းကန္ကိုယူၿပီး

*ခြမ္း*

ျဖစ္ရျပန္ပါၿပီ။ Chain ရဲ႕ခ်ိဳေစာင္းမွာ ေသြးေတြရဲခနဲ။ ဒါကိုမမႈဘဲ

"Baby ကိုယ့္ကိုစိတ္မဝင္စားေပမဲ့ ကိုယ္ကေတာ့ Baby ဘာလုပ္လုပ္စိတ္ဝင္စားတာမို႔ သိပ္မျမႇဴဆြယ္ပါနဲ႔ Baby."

"ဘာရယ္၊ မျမႇဴဆြယ္နဲ႔ ..."

ေျပာလည္းေျပာ၊ လက္ထဲက်န္ခဲ့တဲ့ဖန္ကြဲစကို Chain လည္ပင္းေပၚ ေထာက္ပစ္လိုက္တယ္။

"ထပ္ေျပာစမ္း။ ငါက မင္းကိုျမႇဴဆြယ္တယ္တဲ့လား။"

"Baby ကိုသိပ္ခ်စ္ပါတယ္လို႔ ဝန္ခံထားၿပီး ခ်စ္တယ္တဖြဖြေျပာေနတဲ့ ေယာက္်ားတစ္ေယာက္နားကို အဲဒီလိုေလးကပ္လာတာ Baby ဘက္က ဘာရည္႐ြယ္ခ်က္မွမရွိေပမဲ့ ကိုယ္စိတ္မထိန္းႏိုင္ဘူးေလ။"

ဟုတ္တယ္။ Chain စိတ္မထိန္းႏိုင္လို႔ အနီးကပ္ျမင္ေနရတဲ့ Baby ႏႈတ္ခမ္းကို နမ္းပစ္လိုက္မိတာ။ တန္ပါတယ္။
Chain ဟာေလ တကယ္ကို ငရဲမေၾကာက္၊ Lock မေၾကာက္ပါပဲ။

"ငါလုပ္ရရင္ မင္းေသေတာ့မယ္။"

ပါးစပ္ကေျပာေနေပမဲ့ လက္ထဲကဖန္စကို Lock လႊင့္ပစ္လိုက္တယ္။

"ေက်းဇူးတင္ပါတယ္၊ ကိုယ့္အေပၚေပါက္ကြဲေပးလို႔။"

"႐ြဲ႕တာလား။"

"မဟုတ္ပါဘူး။ ခုနက ဂိုဏ္းကိစၥေတြေျပာကတည္းက Baby စိတ္တိုေနတာသိပါတယ္။ မေပါက္ကြဲရရင္ စိတ္မေျပမခ်င္း ၿငိမ္ေနတတ္တာေလ။ အခုလည္း Action တစ္ကားၿပီးတဲ့အထိ ၿငိမ္ေနတယ္။ အဲဒါ Baby အတြက္မေကာင္းဘူး။ အခုစိတ္ေျပၿပီလား။"

Chain ဆိုသည္မွာ Lock အေၾကာင္းကို ကာယကံ႐ွင္ထက္ပိုသိသူ။

"ဒဏ္ရာကိုေရသြားေဆးစမ္းကြာ။ ၿပီးရင္ ေဆးေသတၱာယူၿပီးလာခဲ့။"

"ဟင္၊ Bab ... Baby ေဆးထည့္ေပးမွာလား။ Ok, ok. အခုသြားေဆးၿပီ။"

လင္ေနာက္လိုက္မယ့္ဆယ္ေက်ာ္သက္ေလးလို ပ်ာယာခတ္ၿပီးထေျပးသြားတဲ့ Spectrum ရဲ႕ဒုေခါင္းေဆာင္ကို Lock တစ္ေယာက္ တအံ့တဩၾကည့္ၿပီး ေခါင္းသာရမ္းေနမိေတာ့တယ္။
ခဏအၾကာ ...

"ၿပီးၿပီ။ အသက္႐ွိေသးလား။"

ၿငိမ္ၿငိမ္ေလးေနၿပီးေဆးထည့္ခံရင္း လူကိုမ်က္ေတာင္မခတ္စိုက္ၾကည့္ေနတဲ့ Chain ကို ခပ္နာနာေလးဖိၿပီး ေဆးထည့္ေပးလည္း မ်က္ႏွာတစ္ခ်က္မပ်က္လို႔ အျမန္လက္စသတ္ေပးလိုက္ရတာ Lock ပါ။

"ဒီဒဏ္ရာပိစိေလးကို အဲဒီေလာက္ေလးဖိလိုက္႐ံုနဲ႔ ကိုယ္မေသႏိုင္ပါဘူး Baby ရဲ႕။"

စပ္ျဖဲျဖဲနဲ႔ သြားမစိႏိုင္တဲ့ Chain ကို

"မင္း မ်က္ႏွာ႐ူးမွန္း ငါမသိခဲ့ဘူး။"

"အင္း၊ Hepius လည္းေျပာတယ္။ လင္တ႐ူးတဲ့။"

"ေတာ္စမ္းကြာ၊ ထေတာ့။"

ေခါင္းကဒဏ္ရာကို ေဆးထည့္ေပးရတာမို႔ အရပ္နည္းနည္းပို႐ွည္တဲ့ Chain က ၾကမ္းျပင္ေပၚထိုင္ခ်ေပးတာေၾကာင့္ Lock က ဆိုဖာေပၚထိုင္ရင္း ေဆးထည့္ေပးေနခဲ့တာပါ။ ၿပီးသြားလည္း Lock ေျခေထာက္နားကမထဘဲ ေမာ့ၾကည့္ၿပီး

"အဲဒီေန႔က Hepius ကိုအေၾကာင္းၾကားေပးတာ ဘာလို႔လဲ။"

"မင္းတစ္ေယာက္တည္းနဲ႔ အဆင္မေျပႏိုင္ဘူးထင္လို႔ေလ။"

ေမာ့ၾကည့္ေနတဲ့ Chain ကို Lock ကငံု႔ၾကည့္ၿပီး ဘာမွမထူးဆန္းသလိုေျဖလာတယ္။ အဲဒီလို reply လာမယ္လို႔ မထင္ထားတာမို႔

"စိတ္ေတာ့ပူတယ္ေပါ့။"

"အင္း၊ မင္းလိုခ်င္တဲ့အေျဖကို ဆြဲေတြးခ်င္ရင္ေတြးေပါ့။ တကယ္ဆို အဲဒီကိစၥကို သတင္းမထြက္ေစခ်င္တာအမွန္ပဲ။ George နဲ႔ အဲဒီကအလုပ္သမားကို ပါးစပ္ပိတ္ထားဖို႔ ငါလုပ္ႏိုင္တယ္။ မင္းျမန္ျမန္ျပန္ထြက္ႏိုင္ေလ ျပႆနာနည္းေလပဲ။"

"Baby သိကၡာက်မွာစိုးလို႔လား။"

"ငါဆိုတာထက္ Spectrum ရဲ႕ေခါင္းေဆာင္ႏွစ္ေယာက္လို႔ နာမည္တပ္မခံခ်င္တာ။ Garuda ပြဲကပံုေတြနဲ႔တင္ ေတာ္ေလာက္ၿပီေလ။"

"ကိုယ္ေတာင္းပန္ပါတယ္၊ တစ္ဇြတ္ထိုးဆန္သြားတယ္။"

ဒဏ္ရာဗရပြနဲ႔လူက ေတာင္းပန္ပါတယ္ဆိုေတာ့ ဒဏ္ရာေပးခဲ့တဲ့လူက ဘာမွကိုမေျပာခ်င္ေတာ့။

"Baby, ကိုယ္ေျပာခ်င္တာေလး ခဏနားေထာင္ေပးပါလား။"

Lock ​ေခါင္းညိတ္လိုက္တယ္။

"ကိုယ့္ေၾကာင့္ စိတ္႐ႈပ္တယ္မဟုတ္လား။ Party ကကိစၥက Baby ကိုစိတ္ပူလို႔ ျဖစ္သြားတာ။ ဖြင့္ေျပာျဖစ္တာကလည္း ကိုယ္မခံစားႏိုင္လြန္းလို႔ပါ။ Baby အနား ေနခြင့္မရေတာ့မွာေၾကာက္လို႔ ခိုင္းတဲ့အတိုင္းလုပ္ခဲ့ေပမဲ့ အဲဒီကိစၥေၾကာင့္ ကိုယ့္ကိုပိုၿပီး႐ြံသြားမွာကိုလည္း ကိုယ္သိပ္ေၾကာက္ေနခဲ့တာ။ ကိုယ္ေျပာဖူးသလိုပါပဲ၊ တျခားဘာမွျပန္ရဖို႔ ကိုယ္မေမၽွာ္လင့္ပါဘူး။ တစ္ခုပါပဲ၊ ကိုယ့္ကို Baby နားက ေမာင္းမထုတ္ပါနဲ႔။ အခုကိုယ္ေျပာတာေတြ ယံုပါေနာ္။"

"အင္း"

"ေက်းဇူးပါ၊ ယံုေပးလို႔ေက်းဇူးတင္ပါတယ္။ အခု ဒီကိုေခၚလာတာလည္း Red ထဲမွာကို သူလၽွိဳ႐ွိေနလို႔။ ဘာေၾကာင့္ဆိုတာေတြ ကိုယ္ေသခ်ာ႐ွင္းျပမွာပါ။ အခု သက္ေသနည္းနည္းလိုေနေသးလို႔ပါ။  ကိုယ္ Baby အမိန္႔ကိုလြန္ဆန္ခဲ့တဲ့အျပစ္အတြက္ Spectrum ကိုျပန္ေရာက္ရင္ ကိုယ့္ကိုႀကိဳက္တဲ့အျပစ္ေပးပါ။ ဒုေခါင္းေဆာင္ရာထူးကလည္း ဖယ္ေပးပါ့မယ္။ ဒါေပမဲ့ Spectrum ကေနေတာ့ ႏွင္မထုတ္ပါနဲ႔။ Zone Green မွာေနဆိုလည္း ေနပါ့မယ္။"

Spectrum မွာ အေရာင္ခုနစ္ေရာင္နဲ႔ အဆင့္ေတြသတ္မွတ္ထားတာပါ။ ေခါင္းေဆာင္အိမ္ေတာ္က Violet, လက္႐ံုးေတြ၊ အနီးကပ္သက္ေတာ္ေစာင့္ေတြက Red, ဥပေဒပိုင္းနဲ႔ နည္းပညာပိုင္းက Indigo, ဂိုဏ္းခြဲေတြရဲ႕ သက္ဆိုင္ရာနယ္ေျမေခါင္းေဆာင္ေတြက Orange, ဂိုဏ္းသားေတြက Blue, လူသစ္ေတြက Yellow, ေအာက္ေျခသိမ္းအလုပ္သမားေတြက Zone Green တန္းလ်ားမွာ ေနရပါတယ္။ Spectrum ရဲ႕အ႐ွိန္အဝါက သိပ္ႀကီးတာမို႔ ေအာက္ဆံုးအဆင့္ Zone Green မွာေတာင္ သန္႔႐ွင္းသပ္ရပ္ၿပီး တစ္ေယာက္ခ်င္းအခန္းေလးေတြက အတန္သင့္က်ယ္ဝန္းပါတယ္။

"Red ထဲမွာ သူလၽွိဳရွိတယ္ဆိုတာ မျဖစ္ႏိုင္ဘူး။"

"အဲဒီကိစၥ ကိုယ္သက္ေသရမွ ဆက္ေျပာတာေပါ့။ Bryan ကိုေတာ့ယံုလို႔ရတယ္။ ကိုယ့္ကို Spectrum ကႏွင္မထုတ္ပါဘူးလို႔ ကတိေပးပါလား Baby."

"သတ္ပစ္ခ်င္တာ။"

"အင္း၊ အဲဒါဆို ကိုယ့္ဝိညာဥ္ကေတာ့ Spectrum မွာ႐ွိေနမယ္။ ၿပီးေတာ့ Spectrum ကို​ေရာက္တာနဲ႔ အရင္အေျပာအဆို၊ အျပဳအမူအတိုင္း ေနပါ့မယ္။ ဒီမွာႏွစ္ေယာက္တည္းရွိလို႔ အခုလိုေျပာဆိုဆက္ဆံတာပါ။ လူေတြၾကားမွာ Baby ကို အ႐ိုအေသတန္ေအာင္၊ သိကၡာက်ေအာင္ ကိုယ္မလုပ္ပါဘူး။ ဒီရက္ပိုင္းအျပဳအမူတခ်ိဳ႕အတြက္ ကိုယ္ထပ္ၿပီးေတာင္းပန္ပါတယ္၊ ခုနကကိစၥအပါအဝင္ေပါ့။ အာ ... အဲဒါ ကိုယ့္ရဲ႕ First Kiss ေနာ္ Baby."

Chain ေျပာတာကို ၿငိမ္နားေထာင္ေနရာက သူ႔ေဘာင္းဘီစကိုဆြဲၿပီးေျပာလိုက္တဲ့  ေနာက္ဆံုးတစ္ခြန္းေၾကာင့္ Lock တစ္ေယာက္ ၿဂိဳဟ္ၾကည့္ၾကည့္ၿပီး ပါးစပ္လႈပ္႐ုံေလး

"F*** you"

အဲဒါကို Chain က

"F*** me"

"႐ြံစရာ"

အဲဒီစကားကို Lock နဲ႔အၿပိဳင္ Chain ကပါ တစ္ခ်ိန္တည္းေျပာလိုက္တာမို႔ Lock က မ်က္ေမွာင္က်ံဳ႕လို႔ၾကည့္လာတာေၾကာင့္

"ဟား ဟား ဟား ... Baby က စိတ္တိုေနလည္း ခ်စ္ဖို႔ေကာင္းတယ္။"

Spectrum King က ေဒါသထြက္လည္းခ်စ္ဖို႔ေကာင္းေၾကာင္း Chain ရဲ႕အဆိုကို ေထာက္ခံမယ့္လူမရွိႏိုင္ပါ။

"Ball မို႔ ခ်စ္ဖို႔ေကာင္းတာလား။ ငါ့ကို ကေလးလိုမေျပာနဲ႔ဆိုတာကို မင္းကန္းေနလို႔မၾကားတာလား။"

"ခ်စ္လို႔စတာကို။"

"ဖယ္စမ္း၊ ငါအေပၚတက္ေတာ့မယ္၊"

ေဘာင္းဘီစကိုကိုင္ထားဆဲ Chain လက္ကို ကန္လိုက္ေတာ့ အျပံဳးမပ်က္

"ဟုတ္"

ဧည့္ခန္းထဲတစ္ေယာက္တည္းက်န္မွ Chain ျပံဳးေနတာတည္သြားၿပီး

"Baby ဘာရည္႐ြယ္ခ်က္နဲ႔ ကိုယ့္ကိုအဖက္လုပ္ေနမွန္းမသိေပမဲ့ ဘာေတြပဲလုပ္လုပ္ ကိုယ္လက္ခံႏိုင္ပါတယ္။ Baby အနားမွာပဲ ႐ွိေနရမယ္ဆိုရင္ေပါ့။"

တကယ္ေတာ့ ဒီေန႔အနမ္းက Baby သိတဲ့ First Kiss ပါ။ ဘယ္လိုမွႏႈိးမရတဲ့ Baby ကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေဆးတိုက္ဖူးတာ ကိုယ္တို႔အသက္ ဆယ့္ေျခာက္ႏွစ္မွာေလ။ အဲဒါကမွ ကိုယ္တို႔ရဲ႕ First Kiss ပါ Baby.
လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ကတည္းက ပထမအနမ္းကို မသိေအာင္ယူထားမိတာ Baby သိရင္ ကိုယ့္ကို အမႈန္႔ႀကိတ္ပစ္မလားပဲေနာ္။

အိပ္ခန္းထဲေရာက္သြားသူမွာလည္း

"ေပ်ာ္ေနလိုက္ဦး Chain. ငါစံုစမ္းလို႔ရတဲ့အခါ မင္းဆိုတာ ဝိညာဥ္ေတာင္ Spectrum မွာမ႐ွိေစရဘူး။"

■■■■■ Part XI ဆက္ရန္ ■■■■■

ပြဿနာဖြစ်တဲ့နေ့က Lock လည်း သူ့ Studio မှာအိပ်သလို Chain လည်း Hepius နဲ့ပါသွားတာကြောင့် သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင်မိကြ။

Lock ရဲ့အိပ်မက်က Architect တစ်ယောက်ဖြစ်ဖို့။ ဒါပေမဲ့ မွေးရာပါတာဝန်ကရှိနေပြီးသားမို့ သူ့အိပ်မက်ကို Career တစ်ခုအနေနဲ့ Professional ကျကျမလုပ်နိုင်ခဲ့ပေမဲ့ Hobby အဖြစ်နဲ့တော့ ဆက်လက်မွေးမြူခဲ့တယ်။ သူ့စိတ်ကြိုက် Drawing Studio လေးလုပ်ပြီး အားတဲ့အချိန်တွေ၊ စိတ်ညစ်တဲ့အချိန်တွေ စိတ်ပြေလက်ပျောက် ဒီဇိုင်းတွေဆွဲနေတတ်တယ်။
သူ့စိတ်ကြိုက်ဆွဲထားတဲ့အထဲမှာမှ တကယ်အကောင်အထည်ပေါ်လာတာ Studio, Starry House, ပြီးတော့ Pandora's Box လို့ နာမည်ပေးထားတဲ့အိမ်လေး။ Studio ကို သူ့စိတ်ကြိုက်နေရာရှာဆောက်ထားပြီး Starry House ကိုတော့ Spectrum ခေါင်းဆောင်ဟောင်းက သားဖြစ်သူကို မွေးနေ့လက်ဆောင်အနေနဲ့ပေးဖို့ တိတ်တိတ်လေးဆောက်ပေးခဲ့တာ။ တကယ်တော့ Chain ပဲ အဲဒီ့အကြံပေးပြီး ကိုယ်တိုင်အစအဆုံးတာဝန်ယူခဲ့တာ။ Pandora's Box ကတော့ Chain က Lock မသိတဲ့နေရာမှာ ဆောက်ထားပေးခဲ့ပြီး အခု Lock ကိုခေါ်လာပြီးပိတ်ထားခဲ့တဲ့ အိမ်လေးပေါ့။

Lock ကို မေ့ဆေးပေးခေါ်လာပြီး သတိရတဲ့အချိန်မှာ ထသောင်းကျန်းလို့ Chain ခေါင်းကွဲခဲ့ရတယ်။
Lock စိတ်ငြိမ်သွားတဲ့အချိန်ကျမှ သူ့ကိုထားတဲ့အိပ်ခန်းရဲ့ အနေအထားတွေကို သတိထားမိပြီး "ဘယ်နေရာလဲ။ ဘယ်အိမ်လဲ။" မေးတော့တာပဲ။
သူ့အခန်းမှာ နံရံကပ်ဗီရိုရဲ့အလယ်လောက်ကနေ ဆွဲထုတ်နေရာချရတဲ့ Adjustable Table လေးရယ်၊ တံခါးပေါက်ဖွင့်လိုက်ရင် တစ်ခါတည်းပါလာတဲ့ Balcony အသေးလေးရယ်၊ Bedhead အပေါ်ပိုင်းက စက်ဝိုင်းခြမ်းပုံ စာအုပ်စင်လေးရယ်က Pandora's Box ရဲ့ Bedroom တစ်ခုမှာထည့်ထားတဲ့ Lock ရဲ့စိတ်ကူးတွေပါ။ Bedroom layout ကလည်း လုံးဝအတိအကျမို့ Chain ဝန်ခံလိုက်တဲ့အခါ သူ့ Drawing တွေကို ဘယ်တုန်းကခိုးသွားတာလဲဆိုပြီး ပြဿနာရှာပြန်ပါရောလေ။

Chain ဆိုတာ ငယ်ငယ်ကတည်းက Lock ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနေကျပါ။ Lock မသိတာလေးတစ်ခုပါပဲ။ အခုလည်း သူ့ရဲ့ Pandora's Box လေးဆီကို ခေါ်လာပေးခဲ့ပေမဲ့ Chain အများကြီးပြင်ဆင်လိုက်ရတယ်။
Lock ရဲ့ကိုယ်ပိုင်ဒီဇိုင်းမို့ Plan တွေအလွတ်ရနေတဲ့အိမ်ကို လုံခြုံဖို့ ချက်ချင်းစီစဉ်ပြီး ခေါ်လာခဲ့ရတာ။ Lock အတွက် ထွက်ပြေးရတာပိုလွယ်မှာမို့ ပြင်ဆင်ရတဲ့သူက ပိုပြီးခက်ခဲပေမဲ့ ကိုယ့် Design လေးထဲကိုယ်ပိတ်မိနေရင် Lock နည်းနည်းစိတ်ကျေနပ်မလားလို့ စီစဉ်ခဲ့ရခြင်းသာ။

*ဗုန်း*

Lock ကိုငေးရင်း လွန်ခဲ့တဲ့နှစ်ပတ်ဆီပြန်ရောက်နေတဲ့ Chain ရဲ့စိတ်တွေ သူ့ရှေ့ကအသံကျယ်ကျယ်ကြောင့် ပစ္စုပ္ပန်ကိုပြန်ပြေးကပ်သွားရတယ်။ Lock ခြေထောက်တင်ထားတဲ့ ဆိုဖာခုံတုံးအနိမ့်လေးကို ဆောင့်ကန်လိုက်လို့ Chain ထိုင်နေတဲ့ဆိုဖာနဲ့တိုက်မိပြီး လဲကျသွားတာကို မသိလိုက်တဲ့အထိ အတွေးတွေရွက်လွှင့်မိတာ။

"ဟေ့ကောင်၊ ငါခေါ်နေတယ်လေ။ ငုတ်တုတ်သေနေတာလား။"

"Sorry, Baby. ကိုယ်အတွေးလွန်သွားလို့ပါ။ အဲ၊ ဇာတ်လမ်းတောင်ပြီးသွားပြီပဲ။ ဘာလိုချင်လို့လဲ Baby. ကိုယ်ဘာလုပ်ပေးရမလဲ။"

"ငါ့ကို Studio ခန်းရဲ့သော့ အခုပေး။"

ဒီအိမ်လေးမှာ Studio ခန်းလေးထည့်ထားတယ်။ Pandora's Box လေးထဲမှာ လူသားတွေအတွက် မျှော်လင့်ချက်ဆိုတဲ့အရာတစ်ခု ကျန်နေသေးသလို ဒီအိမ်လေးမှာလည်း Lock က သူမျှော်လင့်ခဲ့တဲ့အရာတွေကို ထည့်ပြီး ဒီဇိုင်းထုတ်ခဲ့တာပါ။
Studio ခန်းကိုတော့ ဖွင့်ပေးလို့မဖြစ်သေးဘူး။ အဲဒီထဲမှာ Lock ကိုပေးမသိချင်သေးတာတွေ ရှိနေတယ်။ ရွှေ့ဖို့အချိန်မမီခဲ့လို့ပေါ့။

"ပေးလို့မဖြစ်သေးလို့ပါဆိုတာ Baby ကို ပြောခဲ့သားပဲ။"

"အဲဒါကြောင့်ကို မသင်္ကာတာ။"

"Baby ရယ်၊ အချိန်တန်ရင်သိရမှာပါ။ တခြားဘာလုပ်ပေးရမလဲ။"

"Rooftop Pool မှာ ရေကူးမယ်။"

"ဟင်၊ မိုးရွာတော့မယ်ထင်တယ် Baby ရဲ့။ ရာသီဥတုကောင်းမှ ကူးပါနော်။"

Chain က ဧည့်ခန်းမှန်ကာတွေကနေ အပြင်ကိုတစ်ချက်ကြည့်ပြီး ငြင်းလိုက်ပြန်တယ်။

"ငါ့ကို Cocktail စပ်ပေး။"

Rooftop Pool က Mini Bar လေးရဲ့ အပြင်ဘက်မှာလေ။

"အဲဒါ ... အဲဒါကလေ ... ဟို ... Bar မှာ ဘာမှဝယ်မဖြည့်ထားမိဘူး။ နောက်နေ့တွေကျ ဖြည့်ထားပေးပါ့မယ်။"

"အေး၊ နောက်ဆို ဘာလိုချင်လဲတို့၊ ဘာလုပ်ပေးရမလဲတို့၊ အဲဒီလိုမေးခွန်းတွေကို လက်လွတ်စပယ်မမေးနဲ့။"

"အာ ... Sorry Baby."

Lock က တမင်ပြောနေတာတွေကို Chain အခုမှသဘောပေါက်တာပါ။ သူ့ Baby အလိုမကျမှာစိုးလို့ အသည်းအသန်ရှင်းပြနေရတာနဲ့ အရိပ်အကဲကိုမသိလိုက်မိ။

"ငါ မေးစရာတစ်ခုရှိတယ်။ မင်းအမှန်အတိုင်းဖြေ။"

"ဖြေလို့မဖြစ်တဲ့မေးခွန်းဆိုရင်တော့ ကိုယ်မဖြေနိုင်ဘူး။"

"ဖြေလို့ရတဲ့မေးခွန်းပါ။"

"အင်း၊ မေးလေ။"

"Baby လို့ခေါ်ရဖို့၊ မင်းအချစ်ကို ငါအသိအမှတ်ပြုဖို့က မင်းရဲ့မာန၊ သိက္ခာ၊ အရှက်တရားတွေထက် ပိုအရေးကြီးနေတာလား။"

"Baby က အားလုံးထက် ပိုအရေးကြီးတယ်။"

"အင်း၊ အဲဒါတော့ ငါယုံရလိမ့်မယ်ထင်တယ်။"

"ဟား ဟား"

ဘာလို့ရယ်တာလဲဆိုတဲ့အကြည့်နဲ့ ရင်ဆိုင်လိုက်ရလို့ အရယ်ရပ်ပြီး

"Baby က တစ်ခါတလေ ကလေးလိုပဲ ပွင့်လင်းလွန်းပြီး အမှန်အတိုင်းဝန်ခံတတ်တယ်။"

"ငါ့ကို ကလေးချင်းထပ်ပြီးမပြောနဲ့။"

"ကလေးတွေက ကလေးလို့ခေါ်ခံရတာကို မကြိုက်ကြဘူး။"

"ဟေ့ကောင်၊ ငါ မင်းထက်အသက်ကြီးတယ်နော်။"

"အသက်နဲ့မဆိုင်ပါဘူး။ စိတ်ကိုပြောတာ။"

"ငါ ကလေးမဟုတ်တာ မင်းသိမှာပါ။"

Chain မျက်နှာတည်သွားတယ်။
ဟုတ်ပါတယ်၊ Baby က အလုပ်ကိစ္စနဲ့ ပါတီတွေ၊ ကလပ်တွေ သွားတဲ့အခါ တချို့ညတွေမှာ မိန်းကလေးတွေနဲ့အချိန်ဖြုန်းတတ်တာကို အခန်းရှေ့ တစ်ညလုံးစောင့်နေတတ်တဲ့ဒီလူက အသိဆုံးပါ။ ရင်နာတာကို လျစ်လျူရှုရင်းနဲ့လေ။

"အဲဒါတော့ ကိုယ်မြင်ရတာမဟုတ်လို့ သေချာမသိဘူး။ ကိုယ်သေချာမြင်ခဲ့ရတာတော့ Baby က လူကြီးကိစ္စတွေကိုစိတ်မဝင်စားဘူး။ ကလေးလိုသာ စမ်းသပ်စူးစမ်းချင်နေတာမျိုးလေး။"

ဒီတစ်ခါမျက်နှာတင်းသွားတာ Lock ပါ။
Chain စိန်ခေါ်ပစ်လိုက်တယ်။ စိတ်ဆိုးမှာသိရဲ့နဲ့ အဲဒီကိစ္စကို အစဖော်လိုက်တယ်။

"မင်းဒဏ်ရာထပ်ရရင် ငါပဲ နတ်ဆိုးဖြစ်ဦးမှာ။ ရန်မစနဲ့ Chain."

"Baby ပြောလို့ ကိုယ်ပြောတာပါ။"

"ငါမှ မင်းလို ယောက်ျားတွေကို စိတ်မဝင်စားတာ။"

"ကိုယ်စိတ်ဝင်စားတာ ယောက်ျားတွေကိုမဟုတ်ဘူးလေ။ Baby ကိုပဲ။ ရှင်းအောင်ပြောရရင် Baby က မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ အခြောက်ပဲဖြစ်ဖြစ်ကွာ၊ ကိုယ်စိတ်ဝင်စားတာ Lock ဆိုတဲ့ Baby ကိုပဲ။"

"ငါ့ကို မိန်းမဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ်တဲ့လား။ မင်း ဒဏ်ရာတွေနည်းနေသေးလို့လား။"

ပြောလည်းပြော လူကလည်း ကိုယ့်ရှေ့လာရပ်တာမို့ မော့ကြည့်လိုက်ပြီး

"Baby ဖြစ်တည်မှုတိုင်းကိုချစ်တယ်လို့ ပြောပြတာ။"

Lock က ထိုင်နေတဲ့ Chain မျက်နှာနားအထိ ခါးကိုင်းချလိုက်ပြီး

"မင်း မြှူဆွယ်နေလည်း ငါစိတ်မဝင်စားဘူး။"

စကားဆုံးတာနဲ့ Lock က ကိုယ်ကိုပြန်မတ်ဖို့ပြင်လိုက်စဉ် Chain ရဲ့ လျင်မြန်လွန်းတဲ့ လှုပ်ရှားမှုတစ်ခုကြောင့်

"မင်း ..."

Lock ကလည်း ချက်ချင်းကို စားပွဲပေါ်က သစ်သီးထည့်တဲ့ဖန်ပန်းကန်ကိုယူပြီး

*ခွမ်း*

ဖြစ်ရပြန်ပါပြီ။ Chain ရဲ့ချိုစောင်းမှာ သွေးတွေရဲခနဲ။ ဒါကိုမမှုဘဲ

"Baby ကိုယ့်ကိုစိတ်မဝင်စားပေမဲ့ ကိုယ်ကတော့ Baby ဘာလုပ်လုပ်စိတ်ဝင်စားတာမို့ သိပ်မမြှူဆွယ်ပါနဲ့ Baby."

"ဘာရယ်၊ မမြှူဆွယ်နဲ့ ..."

ပြောလည်းပြော၊ လက်ထဲကျန်ခဲ့တဲ့ဖန်ကွဲစကို Chain လည်ပင်းပေါ် ထောက်ပစ်လိုက်တယ်။

"ထပ်ပြောစမ်း။ ငါက မင်းကိုမြှူဆွယ်တယ်တဲ့လား။"

"Baby ကိုသိပ်ချစ်ပါတယ်လို့ ဝန်ခံထားပြီး ချစ်တယ်တဖွဖွပြောနေတဲ့ ယောက်ျားတစ်ယောက်နားကို အဲဒီလိုလေးကပ်လာတာ Baby ဘက်က ဘာရည်ရွယ်ချက်မှမရှိပေမဲ့ ကိုယ်စိတ်မထိန်းနိုင်ဘူးလေ။"

ဟုတ်တယ်။ Chain စိတ်မထိန်းနိုင်လို့ အနီးကပ်မြင်နေရတဲ့ Baby နှုတ်ခမ်းကို နမ်းပစ်လိုက်မိတာ။ တန်ပါတယ်။
Chain ဟာလေ တကယ်ကို ငရဲမကြောက်၊ Lock မကြောက်ပါပဲ။

"ငါလုပ်ရရင် မင်းသေတော့မယ်။"

ပါးစပ်ကပြောနေပေမဲ့ လက်ထဲကဖန်စကို Lock လွှင့်ပစ်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်၊ ကိုယ့်အပေါ်ပေါက်ကွဲပေးလို့။"

"ရွဲ့တာလား။"

"မဟုတ်ပါဘူး။ ခုနက ဂိုဏ်းကိစ္စတွေပြောကတည်းက Baby စိတ်တိုနေတာသိပါတယ်။ မပေါက်ကွဲရရင် စိတ်မပြေမချင်း ငြိမ်နေတတ်တာလေ။ အခုလည်း Action တစ်ကားပြီးတဲ့အထိ ငြိမ်နေတယ်။ အဲဒါ Baby အတွက်မကောင်းဘူး။ အခုစိတ်ပြေပြီလား။"

Chain ဆိုသည်မှာ Lock အကြောင်းကို ကာယကံရှင်ထက်ပိုသိသူ။

"ဒဏ်ရာကိုရေသွားဆေးစမ်းကွာ။ ပြီးရင် ဆေးသေတ္တာယူပြီးလာခဲ့။"

"ဟင်၊ Bab ... Baby ဆေးထည့်ပေးမှာလား။ Ok, ok. အခုသွားဆေးပြီ။"

လင်နောက်လိုက်မယ့်ဆယ်ကျော်သက်လေးလို ပျာယာခတ်ပြီးထပြေးသွားတဲ့ Spectrum ရဲ့ဒုခေါင်းဆောင်ကို Lock တစ်ယောက် တအံ့တဩကြည့်ပြီး ခေါင်းသာရမ်းနေမိတော့တယ်။
ခဏအကြာ ...

"ပြီးပြီ။ အသက်ရှိသေးလား။"

ငြိမ်ငြိမ်လေးနေပြီးဆေးထည့်ခံရင်း လူကိုမျက်တောင်မခတ်စိုက်ကြည့်နေတဲ့ Chain ကို ခပ်နာနာလေးဖိပြီး ဆေးထည့်ပေးလည်း မျက်နှာတစ်ချက်မပျက်လို့ အမြန်လက်စသတ်ပေးလိုက်ရတာ Lock ပါ။

"ဒီဒဏ်ရာပိစိလေးကို အဲဒီလောက်လေးဖိလိုက်ရုံနဲ့ ကိုယ်မသေနိုင်ပါဘူး Baby ရဲ့။"

စပ်ဖြဲဖြဲနဲ့ သွားမစိနိုင်တဲ့ Chain ကို

"မင်း မျက်နှာရူးမှန်း ငါမသိခဲ့ဘူး။"

"အင်း၊ Hepius လည်းပြောတယ်။ လင်တရူးတဲ့။"

"တော်စမ်းကွာ၊ ထတော့။"

ခေါင်းကဒဏ်ရာကို ဆေးထည့်ပေးရတာမို့ အရပ်နည်းနည်းပိုရှည်တဲ့ Chain က ကြမ်းပြင်ပေါ်ထိုင်ချပေးတာကြောင့် Lock က ဆိုဖာပေါ်ထိုင်ရင်း ဆေးထည့်ပေးနေခဲ့တာပါ။ ပြီးသွားလည်း Lock ခြေထောက်နားကမထဘဲ မော့ကြည့်ပြီး

"အဲဒီနေ့က Hepius ကိုအကြောင်းကြားပေးတာ ဘာလို့လဲ။"

"မင်းတစ်ယောက်တည်းနဲ့ အဆင်မပြေနိုင်ဘူးထင်လို့လေ။"

မော့ကြည့်နေတဲ့ Chain ကို Lock ကငုံ့ကြည့်ပြီး ဘာမှမထူးဆန်းသလိုဖြေလာတယ်။ အဲဒီလို reply လာမယ်လို့ မထင်ထားတာမို့

"စိတ်တော့ပူတယ်ပေါ့။"

"အင်း၊ မင်းလိုချင်တဲ့အဖြေကို ဆွဲတွေးချင်ရင်တွေးပေါ့။ တကယ်ဆို အဲဒီကိစ္စကို သတင်းမထွက်စေချင်တာအမှန်ပဲ။ George နဲ့ အဲဒီကအလုပ်သမားကို ပါးစပ်ပိတ်ထားဖို့ ငါလုပ်နိုင်တယ်။ မင်းမြန်မြန်ပြန်ထွက်နိုင်လေ ပြဿနာနည်းလေပဲ။"

"Baby သိက္ခာကျမှာစိုးလို့လား။"

"ငါဆိုတာထက် Spectrum ရဲ့ခေါင်းဆောင်နှစ်ယောက်လို့ နာမည်တပ်မခံချင်တာ။ Garuda ပွဲကပုံတွေနဲ့တင် တော်လောက်ပြီလေ။"

"ကိုယ်တောင်းပန်ပါတယ်၊ တစ်ဇွတ်ထိုးဆန်သွားတယ်။"

ဒဏ်ရာဗရပွနဲ့လူက တောင်းပန်ပါတယ်ဆိုတော့ ဒဏ်ရာပေးခဲ့တဲ့လူက ဘာမှကိုမပြောချင်တော့။

"Baby, ကိုယ်ပြောချင်တာလေး ခဏနားထောင်ပေးပါလား။"

Lock ခေါင်းညိတ်လိုက်တယ်။

"ကိုယ့်ကြောင့် စိတ်ရှုပ်တယ်မဟုတ်လား။ Party ကကိစ္စက Baby ကိုစိတ်ပူလို့ ဖြစ်သွားတာ။ ဖွင့်ပြောဖြစ်တာကလည်း ကိုယ်မခံစားနိုင်လွန်းလို့ပါ။ Baby အနား နေခွင့်မရတော့မှာကြောက်လို့ ခိုင်းတဲ့အတိုင်းလုပ်ခဲ့ပေမဲ့ အဲဒီကိစ္စကြောင့် ကိုယ့်ကိုပိုပြီးရွံသွားမှာကိုလည်း ကိုယ်သိပ်ကြောက်နေခဲ့တာ။ ကိုယ်ပြောဖူးသလိုပါပဲ၊ တခြားဘာမှပြန်ရဖို့ ကိုယ်မမျှော်လင့်ပါဘူး။ တစ်ခုပါပဲ၊ ကိုယ့်ကို Baby နားက မောင်းမထုတ်ပါနဲ့။ အခုကိုယ်ပြောတာတွေ ယုံပါနော်။"

"အင်း"

"ကျေးဇူးပါ၊ ယုံပေးလို့ကျေးဇူးတင်ပါတယ်။ အခု ဒီကိုခေါ်လာတာလည်း Red ထဲမှာကို သူလျှိုရှိနေလို့။ ဘာကြောင့်ဆိုတာတွေ ကိုယ်သေချာရှင်းပြမှာပါ။ အခု သက်သေနည်းနည်းလိုနေသေးလို့ပါ။  ကိုယ် Baby အမိန့်ကိုလွန်ဆန်ခဲ့တဲ့အပြစ်အတွက် Spectrum ကိုပြန်ရောက်ရင် ကိုယ့်ကိုကြိုက်တဲ့အပြစ်ပေးပါ။ ဒုခေါင်းဆောင်ရာထူးကလည်း ဖယ်ပေးပါ့မယ်။ ဒါပေမဲ့ Spectrum ကနေတော့ နှင်မထုတ်ပါနဲ့။ Zone Green မှာနေဆိုလည်း နေပါ့မယ်။"

Spectrum မှာ အရောင်ခုနစ်ရောင်နဲ့ အဆင့်တွေသတ်မှတ်ထားတာပါ။ ခေါင်းဆောင်အိမ်တော်က Violet, လက်ရုံးတွေ၊ အနီးကပ်သက်တော်စောင့်တွေက Red, ဥပဒေပိုင်းနဲ့ နည်းပညာပိုင်းက Indigo, ဂိုဏ်းခွဲတွေရဲ့ သက်ဆိုင်ရာနယ်မြေခေါင်းဆောင်တွေက Orange, ဂိုဏ်းသားတွေက Blue, လူသစ်တွေက Yellow, အောက်ခြေသိမ်းအလုပ်သမားတွေက Zone Green တန်းလျားမှာ နေရပါတယ်။ Spectrum ရဲ့အရှိန်အဝါက သိပ်ကြီးတာမို့ အောက်ဆုံးအဆင့် Zone Green မှာတောင် သန့်ရှင်းသပ်ရပ်ပြီး တစ်ယောက်ချင်းအခန်းလေးတွေက အတန်သင့်ကျယ်ဝန်းပါတယ်။

"Red ထဲမှာ သူလျှိုရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။"

"အဲဒီကိစ္စ ကိုယ်သက်သေရမှ ဆက်ပြောတာပေါ့။ Bryan ကိုတော့ယုံလို့ရတယ်။ ကိုယ့်ကို Spectrum ကနှင်မထုတ်ပါဘူးလို့ ကတိပေးပါလား Baby."

"သတ်ပစ်ချင်တာ။"

"အင်း၊ အဲဒါဆို ကိုယ့်ဝိညာဉ်ကတော့ Spectrum မှာရှိနေမယ်။ ပြီးတော့ Spectrum ကိုရောက်တာနဲ့ အရင်အပြောအဆို၊ အပြုအမူအတိုင်း နေပါ့မယ်။ ဒီမှာနှစ်ယောက်တည်းရှိလို့ အခုလိုပြောဆိုဆက်ဆံတာပါ။ လူတွေကြားမှာ Baby ကို အရိုအသေတန်အောင်၊ သိက္ခာကျအောင် ကိုယ်မလုပ်ပါဘူး။ ဒီရက်ပိုင်းအပြုအမူတချို့အတွက် ကိုယ်ထပ်ပြီးတောင်းပန်ပါတယ်၊ ခုနကကိစ္စအပါအဝင်ပေါ့။ အာ ... အဲဒါ ကိုယ့်ရဲ့ First Kiss နော် Baby."

Chain ပြောတာကို ငြိမ်နားထောင်နေရာက သူ့ဘောင်းဘီစကိုဆွဲပြီးပြောလိုက်တဲ့  နောက်ဆုံးတစ်ခွန်းကြောင့် Lock တစ်ယောက် ဂြိုဟ်ကြည့်ကြည့်ပြီး ပါးစပ်လှုပ်ရုံလေး

"F*** you"

အဲဒါကို Chain က

"F*** me"

"ရွံစရာ"

အဲဒီစကားကို Lock နဲ့အပြိုင် Chain ကပါ တစ်ချိန်တည်းပြောလိုက်တာမို့ Lock က မျက်မှောင်ကျုံ့လို့ကြည့်လာတာကြောင့်

"ဟား ဟား ဟား ... Baby က စိတ်တိုနေလည်း ချစ်ဖို့ကောင်းတယ်။"

Spectrum King က ဒေါသထွက်လည်းချစ်ဖို့ကောင်းကြောင်း Chain ရဲ့အဆိုကို ထောက်ခံမယ့်လူမရှိနိုင်ပါ။

"Ball မို့ ချစ်ဖို့ကောင်းတာလား။ ငါ့ကို ကလေးလိုမပြောနဲ့ဆိုတာကို မင်းကန်းနေလို့မကြားတာလား။"

"ချစ်လို့စတာကို။"

"ဖယ်စမ်း၊ ငါအပေါ်တက်တော့မယ်၊"

ဘောင်းဘီစကိုကိုင်ထားဆဲ Chain လက်ကို ကန်လိုက်တော့ အပြုံးမပျက်

"ဟုတ်"

ဧည့်ခန်းထဲတစ်ယောက်တည်းကျန်မှ Chain ပြုံးနေတာတည်သွားပြီး

"Baby ဘာရည်ရွယ်ချက်နဲ့ ကိုယ့်ကိုအဖက်လုပ်နေမှန်းမသိပေမဲ့ ဘာတွေပဲလုပ်လုပ် ကိုယ်လက်ခံနိုင်ပါတယ်။ Baby အနားမှာပဲ ရှိနေရမယ်ဆိုရင်ပေါ့။"

တကယ်တော့ ဒီနေ့အနမ်းက Baby သိတဲ့ First Kiss ပါ။ ဘယ်လိုမှနှိုးမရတဲ့ Baby ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆေးတိုက်ဖူးတာ ကိုယ်တို့အသက် ဆယ့်ခြောက်နှစ်မှာလေ။ အဲဒါကမှ ကိုယ်တို့ရဲ့ First Kiss ပါ Baby.
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက ပထမအနမ်းကို မသိအောင်ယူထားမိတာ Baby သိရင် ကိုယ့်ကို အမှုန့်ကြိတ်ပစ်မလားပဲနော်။

အိပ်ခန်းထဲရောက်သွားသူမှာလည်း

"ပျော်နေလိုက်ဦး Chain. ငါစုံစမ်းလို့ရတဲ့အခါ မင်းဆိုတာ ဝိညာဉ်တောင် Spectrum မှာမရှိစေရဘူး။"

■■■■■ Part XI ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі