32. Save
"မင္း ေနမေကာင္းဘူးဆို Chain?"
"သတင္းအမွားေတြကို ဘယ္တုန္းကလက္ခံသြားတာလဲ?"
"ငါအေကာင္းေမးေနတာေနာ္"
"မင္းပို႔လိုက္တဲ့ဓာတ္ပံုၾကည့္ၿပီး ႏွာေခါင္းေသြးလၽွံသြားတာ။ ဘာမွမဟုတ္ဘူး"
"အနားမရတာ ဘယ္ေလာက္ၾကာေနၿပီလဲ? အဲဒါကို Bermuda နဲ႔ ရွင္းခ်င္ေသးတာလား?"
"အခုက Leo နဲ႔ အလုပ္ဆက္လုပ္မွာေလ။ အဲဒီဘက္ကို အာ႐ံုေရာက္ေနၾကတုန္း Bermuda နဲ႔ပါ တစ္ခါတည္း႐ွင္းလိုက္ခ်င္တာ"
"ငါ့ဆီက သတင္းမရရင္ မင္း ႐ွင္းလို႔ရမွာတဲ့လား? ငါေျပာေနတယ္ေလ၊ မင္းခဏအနားယူပါဦး။ ဒီလိုပင္ပန္းေနခ်ိန္မွာ အာ႐ံုႏွစ္ခုထပ္သံုးေနရင္ အႏၲရာယ္မကင္းႏိုင္ဘူး"
"ငါ ဘာမွမျဖစ္ဘူး"
"Bermuda နဲ႔သတ္ၾကၿပီး ေဆး႐ံုေရာက္တယ္။ ေဆး႐ံုမွာတင္ Paris ကိစၥနဲ႔အနားမရဘူး။ ျပန္လာေတာ့ Wedding ကိစၥနဲ႔အလုပ္႐ႈပ္တယ္။ ၿပီးေတာ့ ညဘက္မအိပ္တာေတြ မ်ားေနၿပီဆို? မေန႔ကမွ မဂၤလာေဆာင္ၿပီးတဲ့ေကာင္က အခု Leo နဲ႔ Bermuda ကို တစ္ၿပိဳင္တည္းကိုင္ခ်င္ေနတယ္။ လတစ္ဝက္အတြင္း တစ္ခ်က္မနားတာေလ။ ႏွာေခါင္းကေနပဲ မဟုတ္ေတာ့ဘူး၊ ႐ွိသမၽွအေပါက္ေတြကေန ေသြးထြက္လို႔ ကုန္လိမ့္မယ္"
"Hurri ... "
"Shut up! Hepius ေဆး႐ံုမွာ ေဆးသြားစစ္ၿပီး ဘာမွမျဖစ္ပါဘူးဆိုတဲ့သက္ေသ ယူလာမလား? Leo ကိစၥကိုပဲ ေအးေအးေဆးေဆးလုပ္ၿပီး နားမလား? ဒါမွမဟုတ္ လက္ဖြဲ႕ရထားတဲ့ Honeymoon ခရီးစဥ္ကိစၥအတြက္ Private Flight စီစဥ္ေပးရမလား?"
"မင္းက ငါ့အေဖလား?"
"မေတာ္လိုက္ရတဲ့ မင္းလင္ေလ"
Speechless ပါ Hurricane ေရ။ ဘယ္တုန္းကမ်ား အဲဒီေလာက္ထိ အေျပာၾကမ္းသြားတာလဲ?
"ဘာေတြ ဆြံ႕အေနတာလဲ? သြားျပန္နားေတာ့ကြာ၊ သြား! မင္းၿငိမ္ၿငိမ္မေနရင္ Spectrum ဒုေခါင္းေဆာင္က မဂၤလာေဆာင္ၿပီးတာမၾကာေသးဘဲ တိတ္တိတ္ပုန္းလင္ငယ္နဲ႔ ခ်ိန္းေတြ႕ေနပါတယ္လို႔ သတင္းထြက္သြားခ်င္လား?"
OMG! Hurricane တို႔ ဘီလူးဆိုင္းတီးေနပါၿပီ။ ဘာျပန္ေျပာရမွန္းမသိတဲ့ေနာက္ ေခါင္းသာညိတ္ျပလိုက္ရတယ္။
"ေအး၊ ျပန္လိုက္ေတာ့။ ငါမသိေအာင္လုပ္ႏိုင္ရင္ လုပ္ၾကည့္လိုက္! တစ္ခုပဲ၊ မင္းက အရိပ္နက္ဆိုရင္ ငါကလည္း ပံုရိပ္ေယာင္ဆိုတာ သိထားေပး"
Chain က လူမသိသူမသိလႈပ္ရွားရတာေတြ ကၽြမ္းက်င္သလို၊ Hurricane ကလည္း သတင္းယူလ်င္ျမန္သေလာက္ သူ႔သတင္းေတြကိုေတာ့ ရဖို႔ခက္ၿပီး ရခဲ့မယ္ဆိုရင္ေတာင္ သတင္းမွားေတြျဖစ္ေနတတ္လို႔ သူတို႔ႏွစ္ေယာက္ကေတာ့ Nicknames ေတြနဲ႔ ကိုက္ညီၾကတယ္။
ေနာက္ဆံုးေတာ့ Chain တစ္ေယာက္ Bermuda နဲ႔႐ွင္းဖို႔ကိစၥကို ေနာက္ေရႊ႕လိုက္ရတယ္။
Chain ရာ၊ မင္းက မင္း Baby အတြက္ဆို ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ဖို႔ ေမ့ေနတတ္တာဆိုေတာ့ ငါကပဲ မင္းကို ဂ႐ုစိုက္ေပးရမွာေပါ့။
ၿပီးေတာ့ Lily က ဘာေတြကိုမ်ား အရမ္းစပ္စုခ်င္ေနတာလဲမသိဘူး။ မျဖစ္ႏိုင္ဘူးဆိုေပမဲ့လည္း Lily ကသာ ဟိုေၾကးစားေကာင္နဲ႔ေပါင္းၿပီးလိုက္ရင္ ငါအေမွာင္ခ်ထားတဲ့ မင္းသတင္းေတြအတြက္ ငါအာမခံႏိုင္ပါ့မလား မေသခ်ာဘူး။
ဒါေပမဲ့ ငါအတတ္ႏိုင္ဆံုး မင္းကိုကာကြယ္မွာပါ။
¤
"Chain, Bermuda က ျပႆနာျဖစ္ၿပီးတည္းက ၿငိမ္ေနတယ္။ သူ႔လက္႐ံုးတစ္ဖက္ျပဳတ္သြားလို႔ ေတာ္ေတာ္ေလးေတာ့ မခံခ်င္ျဖစ္ေနမွာပဲ"
"ေသခ်ာတာေပါ့။ မီးငယ္ေရာ ဘာသတင္းရေသးလဲ?"
"ဘာမွမရပါဘူး။ ဪ၊ အခန္းထဲသြားလိုက္ဦး။ ဓာတ္ပံုခ်ိတ္ေနၾကတယ္။ ကိုကိုက ျခံေနာက္မွာ အပင္ေတြနဲ႔ အလုပ္႐ႈပ္ေနတယ္"
"အင္း၊ ရြက္က်ပင္ေပါက္ေတြ မွာေနတာၾကားတယ္"
"ဟုတ္တယ္၊ မ်ိဳးစံုပဲ။ ဒါနဲ႔ Chain တို႔က Honeymoon မထြက္ၾကေတာ့ဘူးလား"
"မီးငယ္ကိုကိုၾကားရင္ ေဒါသထြက္ေနပါဦးမယ္။ မီးမေမႊးပါနဲ႔ ငါ့ညီမရာ"
"မနက္ကေမးၿပီးၿပီ။ မေျဖဘဲ ေရွာင္ထြက္သြားတယ္။ ေဒါသမထြက္ပါဘူး၊ Chain ေျပာၾကည့္ပါလား?"
"ခ်စ္လြန္းလို႔ ယူခဲ့ၾကတာမွမဟုတ္ပဲ မီးငယ္ရယ္။ ထားလိုက္ပါ၊ ျခံေနာက္ဘက္ လိုက္သြားလိုက္ဦးမယ္"
Sorry, Chain စိတ္မေကာင္းျဖစ္သြားဖို႔ မရည္ရြယ္ပါဘူး။ ခ်စ္လို႔ယူခဲ့ၾကတာမဟုတ္ဘူးဆိုတာ တစ္ဝက္ေတာ့မွားတယ္ေလ။ Chain ကိုကို႔ကို သိပ္ခ်စ္တာ အကုန္လံုးသိေနတာပဲ။ Chain လုပ္ေနသမၽွေတြက ကိုကိုေဘးကင္းဖို႔လို႔ပဲ မီးငယ္ယံုၾကည္ပါတယ္။
¤
ပန္းအိုးေတြ အစီလိုက္ခ်ထားၿပီး စင္ေပၚမွာတခ်ိဳ႕၊ တြဲေလာင္းခ်ိတ္ထားတာတခ်ိဳ႕နဲ႔ အပင္စိမ္းစိမ္းေတြၾကားက ပ်ားပိတုန္းတစ္ေကာင္ဟာ သိပ္ေတာက္ပလြန္းတယ္။ ဟိုေနာက္ဘက္က အျဖဴေရာင္ေရေငြ႕အစိုင္အခဲေတြနဲ႔ အစိမ္းေရာင္သက္ရွိေတြေတာင္ အေရာင္မွိန္မွိန္ Background တစ္ခု ျဖစ္သြားေလာက္ေအာင္ Highlight က်ေနတဲ့ ကိုယ့္ရဲ႕ Life Source ေလး။
ဘာကိုအလိုမက်ျဖစ္ျပန္လဲမသိ၊ မ်က္ေမွာင္က်ံဳ႕ၾကည့္ေနၿပီး ေျမေပၚကပန္းအိုးကို ေဘးကေက်ာက္စားပြဲေပၚ မတင္လိုက္ျပန္တယ္။ အေျပးသြားကူရေအာင္လည္း ကိုယ့္ Baby က ဂိုဏ္းတစ္ခုကိုအုပ္ခ်ဳပ္ေနတဲ့ က်ားက်ားလ်ားလ်ားေယာက္်ားတစ္ေယာက္။ ကိုယ့္ေ႐ွ႕ကျမင္ကြင္းဟာ National Geographic က သဘာဝဆန္ဆန္ျပကြက္ေတြထက္ ပိုအသက္ဝင္ေနတဲ့အခါ ကိုယ့္ရင္ထဲ မီးေတာင္ေတြေပါက္ကြဲေနသလို တဝုန္းဝုန္းနဲ႔ ဆူညံလာျပန္တယ္။
အခ်စ္က တစ္ခါတေလ ရင္ထဲမွာ ပူေလာင္စြာေတာင့္ခဲေစသလို၊ တစ္ခါတေလက်ေတာ့ ေအးခ်မ္းစြာ ေလာင္မီးက်ေစတယ္။
"ကိုယ္ ဘာကူရမလဲ Baby?"
ေက်ာခိုင္းလ်က္သားျဖစ္သြားတဲ့ Baby က ျပန္လွည့္မလာေတာ့လည္း ေမာ္ဖူးခ်င္သူက အနားထိေရာက္သြားရတာေပါ့။
"ဪ ... မင္းကိုေမးေသးတယ္။ အျပင္ထြက္သြားတယ္ဆိုလို႔ ငါတစ္ေယာက္တည္း လာလုပ္ေနတာ။ က်န္တဲ့လူေတြလည္း မခိုင္းခ်င္ဘူး။ အဲဒီေကာင္ေတြက ၾကမ္းၾကမ္းတမ္းတမ္းေတြသာ ခိုင္းလို႔ေကာင္းတာ"
လွည့္ၾကည့္ၿပီးေျပာလာတဲ့ Baby ေၾကာင့္ ကိုယ့္မွာ ေငးမဝျပန္ဘူး။ ပါးတစ္ဖက္မွာ ေျမမႈန္႔တခ်ိဳ႕တင္ေနၿပီး နဖူးစပ္မွာစို႔ေနတဲ့ေခၽြးစေတြမွာ ဆံပင္စေတြက ကပ္ၿငိလို႔။ ဆံပင္ေတြကို ေနာက္ဘက္မွာထံုးေႏွာင္ထားတာကလည္း သိပ္ခ်စ္ဖို႔ေကာင္းေနတယ္။
ဒီစကားၾကားရင္ေတာ့ ရန္ရွာမယ္ထင္တယ္၊ ခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာတာကို ဘယ္ေယာက္်ားက ႀကိဳက္ပါ့မလဲ?
"ခဏေလး ၿငိမ္ၿငိမ္ေန"
ပါးေပၚကေျမမႈန္႔ေတြကို ဖယ္ေပးၿပီး နဖူးစပ္ကေခၽြးေတြကို လက္နဲ႔ပြတ္သုတ္ေပးလိုက္ေတာ့
"ညစ္ပတ္ေနတာကို"
"ကိုယ့္လက္က သန္႔ပါတယ္"
"ငါ့ကိုယ္ငါေျပာတာေလ"
"အခု Baby ကိုကူရင္လည္း ညစ္ပတ္သြားမွာပဲေလ။ ေျပာ၊ ဘာလုပ္ေပးရမလဲ?"
အက်ႌလက္ကိုေခါက္တင္ၿပီး ကူညီဖို႔ျပင္ေတာ့
"ဟိုမွာလက္အိတ္ေတြရွိတယ္။ ဒီအိုးထဲကအပင္ေလးေတြကိုခြဲၿပီး အိုးေသးေလးေတြထဲ ထည့္ေပး။ ၿပီးရင္ ဟိုမွာခ်ိတ္မယ္"
"Ok, Baby"
ႏွစ္ေယာက္သား ေျမမႈန္႔အလူးလူး၊ ေခၽြးအလံုးလံုးနဲ႔ ပန္းပင္ေတြၾကား အလုပ္႐ႈပ္ေနၾကရင္း အိုးေသးေလးေတြ ခ်ည္ေနတဲ့ Baby ကို ေငးျဖစ္ေအာင္ ေငးမိပါေသးတယ္။
နားသယ္ကေခၽြးစက္ေလးက ေနေရာင္မွာလက္ခနဲ၊ ခ်ည္ၿပီးသြားတဲ့ အပင္ငယ္ေလးေတြကို ၾကည့္ရင္းျပံဳးတဲ့ အျပံဳးတစ္ပြင့္ကလည္း လင္းခနဲ၊ ေခါင္းေမာ့ၿပီးခ်ည္ေနရင္း ခပ္ဟဟျဖစ္ေနတဲ့ နႈတ္ခမ္းႏွစ္လႊာကလည္း မိန္းကေလးေတြလို ရဲစိုမေနေပမဲ့ နီညိဳေရာင္ ဖူးဖူးျပည့္ျပည့္ေလး။
"Chain, ဟိုဘက္ကတစ္အိုး ေပးစမ္းပါ"
ေငးေနတာ လူမိမွာစိုးလို႔ ခ်က္ခ်င္းလွည့္ယူေပးလိုက္ေတာ့မွ လြဲေတာ့တာ။ ယူခိုင္းတာကိုယူဖို႔သာ စိတ္ေစာေနၿပီး လက္ထဲကိုင္ထားတဲ့အိုးကိုေတာ့ ေမ့ၿပီးလႊတ္ခ်မိၿပီ။
ခြပ္ခနဲကြဲသြားတဲ့ ပန္းပြင့္ေလးေတြပါတဲ့အပင္အိုးကိုၾကည့္ၿပီး
"မင္း ကေလးလား? ဘာကိစၥ လႊတ္ခ်လိုက္တာလဲ? အပြင့္ေတြေတာ့ သြားၿပီထင္ပါတယ္။ မင္းဟာေလ၊ ငါလုပ္ရရင္ နာေတာ့မယ္"
"ဘာလုပ္မွာလဲ Baby?"
"ဘာေျပာတယ္! ေသာက္ခြက္ကေျပာင္ေနေသးတယ္။ ဖယ္စမ္း၊ ငါဆက္လုပ္မယ္။ ခုန ငါေျပာတဲ့အပင္ကိုသာ ဟိုေနရာမွာ သြားခ်ိတ္လိုက္"
"ဟုတ္ ဟုတ္"
ကမန္းကတန္းေလး အပင္ကိုသြားခ်ိတ္လိုက္ေပမဲ့ အာ႐ံုက Baby ဆီျပန္ေရာက္ခ်ိန္မွာ
*ခြပ္*
"Yahh!!! ေဟ့ေကာင္၊ မင္း ... မင္း ... ငါ့အပင္ေတြကို လာဖ်က္ဆီးေနတာလား? သြားျပန္ၿပီ တစ္အိုး"
"ဟို ... ဟိုေလ ... ခ်ိတ္လိုက္တာ လြဲ ... လြဲသြားတာ၊ အဲဒါ"
"မင္းေတာ့"
"အ ... အား ... နာတယ္"
အေျပာနဲ႔အတူ လူကအနားေရာက္လာၿပီး လက္အိတ္အၾကမ္းဝတ္ထားတဲ့လက္နဲ႔ နားရြက္ကိုလာဆြဲတာမို႔ ထေအာ္မိေတာ့ နားရြက္ကေနဆြဲၿပီး ထိုင္ခိုင္းကာ
"အပင္ကို ေသခ်ာျပန္ေကာက္"
ေျပာသာေျပာတာ လက္ကလႊတ္မေပး။ ေခါင္းတစ္ျခမ္းေစာင္းလ်က္သားနဲ႔ အပင္ကို တယုတယေကာက္ယူလိုက္ေတာ့
"လာခဲ့၊ ဒီထဲေပါင္းထည့္လိုက္ေတာ့"
"အ! ျဖည္းျဖည္း Baby"
လႊတ္မေပးေသးဘဲ စင္ဘက္ကအိုးနားေလး ဆြဲေခၚျပန္တာေၾကာင့္ ေျပာသလိုလုပ္ေပးလိုက္ေတာ့မွ လႊတ္ေပးပါေတာ့တယ္။ နီရဲေနေလာက္တဲ့ နားတစ္ဖက္ကိုပြတ္ရင္း မ်က္ႏွာခ်ိဳေသြးရျပန္တယ္။
"ဟီး ... ဖ်က္ဆီးတာမဟုတ္ ..."
"ေတာ္ ... ေတာ္ ... ကူလည္းမကူနဲ႔ေတာ့။ ၿပီးလည္းၿပီးေတာ့မယ္။ ဟိုခံုမွာ ၿငိမ္ၿငိမ္ထိုင္ေနေတာ့"
"မျဖစ္ေတာ့ပါဘူး။ ဆက္ကူေပးမယ္ေလ။ ထပ္မျဖစ္ေစရဘူး"
"ေအး၊ ျဖစ္ၾကည့္လိုက္! မင္းေခါင္းကိုပါ ႐ိုက္ခြဲပစ္မယ္"
သြားျဖဲျပၿပီး ပန္းအိုးကြဲေတြကို အိတ္တစ္လံုးထဲစုထည့္၊ ျပန္႔က်ဲသြားတဲ့ ေျမေဆြးေတြကို အိုးအလြတ္ထဲေကာက္ထည့္ေပးလိုက္ရတယ္။
"ဟား ရၿပီ။ ဒီေလာက္ဆို အဆင္ေျပေနၿပီ။ ေနာက္ေန႔မွ နည္းနည္းေလးလိုတာ ျဖည့္ရမယ္"
စက္ဝိုင္းပံုသစ္သားဝိုင္းေလးကေန တြဲေလာင္းက်ေနတဲ့ အိုးငယ္ေလးေတြက Spiral ပံုေလး။
"ဟို ေရတံခြန္ေဘးကနံရံမွာ အပင္ေတြတြဲေလာင္းဆြဲခ်င္ေသးတယ္"
"တိုက္ကပ္ႏြယ္ေတြကို ဖယ္ပစ္ၿပီးေတာ့လား? ကိုယ္လုပ္ေပးမယ္ေလ"
"ေနာက္ေန႔မွေပါ့"
"အင္း၊ Baby သေဘာ"
¤
မေန႔က ညေနပိုင္း မဂၤလာဧည့္ခံပြဲက ညဘက္နဲ႔ဆက္သြားၿပီး ျပန္ေရာက္ေတာ့ Chain ႏွာေခါင္းေသြးလၽွံတာနဲ႔ Lock က ေသခ်ာေစာင့္ၾကည့္လို႔ အနားယူေစခဲ့တာ။
ဒီေန႔အတြက္က Lock ရဲ႕အပင္ေတြရယ္၊ Leo ကိစၥေတြနဲ႔ရယ္ နပန္းလံုးၿပီးတဲ့ေနာက္မွာ Lock တစ္ေယာက္ကေတာ့ အိပ္ခန္းထဲဝင္သြားေပမဲ့ Chain ကေတာ့ အခန္းထဲကို ေတာ္ေတာ္နဲ႔မေရာက္။
အဲဒီအခန္းထဲ တစ္ပတ္ေက်ာ္အတူေနလာေပမဲ့ အခုထိ အက်င့္မရေသးပါဘူးဆိုမွ ခုတင္ႏွစ္လံုးၾကားက နံရံေပၚမွာရွိေနတဲ့ ဓာတ္ပံုႀကီးကလည္း ေတာ္ေတာ္ေလးေႏွာင့္ယွက္ပါတယ္။
Hurricane ဆိုတဲ့လူပ်ိဳႀကီးက ဘာစိတ္ကူးနဲ႔မ်ား အေႏွာင့္ေတြလုပ္ပို႔ေပးတာလဲ?
ေတာ္ေတာ္ေလးေနာက္က်မွ Chain အခန္းထဲဝင္လိုက္ေတာ့ အခန္းဝနားကမီးတစ္ပြင့္ရယ္၊ ခုတင္နားက ညအိပ္မီးမွိန္မွိန္ရယ္ကလြဲၿပီး မီးေတြပိတ္လို႔ Lock က ေစာင္ကိုကိုယ္တစ္ပိုင္းျခံဳၿပီး အိပ္ေနတာေတြ႕ရတယ္။
စိတ္သက္သာရာရသြားသလိုမို႔ အသာေလး ကိုယ့္ခုတင္ေပၚကိုယ္တက္အိပ္ဖို႔အျပင္
"သူခိုးေျခလွမ္းနဲ႔ ဘာျဖစ္လာတာလဲ?"
"ဪ၊ Baby အိပ္ေပ်ာ္ေနတယ္ထင္လို႔ပါ"
"အင္း၊ အိပ္ေပ်ာ္ေတာ့မလို႔ပါပဲ။ မင္းဝင္လာလို႔ ႏိုးတာမဟုတ္ဘူးေနာ္။ မင္းကိုသတိထားမိတာၾကာၿပီ။ ဒါလည္းမင္းအခန္းပဲေလ၊ ေပါ့ေပါ့ပါးပါးေနပါ"
"ကိုယ့္ေၾကာင့္နဲ႔ Baby ကို အေႏွာင့္အယွက္မျဖစ္ေစခ်င္ဘူး"
"အရင္က ငါ ဘာေျပာဖူးလို႔လဲ?"
"Baby အခန္းထဲကိုကိုယ္ဝင္တာ မႀကိဳက္ဘူး။ မူးလာလို႔ တြဲပို႔ေပးရင္ေတာင္ လက္မခံဘူး"
"ဟုတ္ၿပီ။ အခု မင္းနဲ႔ငါက တရားဝင္လက္ထပ္ထားတာေလ။ ၿပီးေတာ့ ငါေမးတာ အမွန္အတိုင္းေျဖ။ ငါ အကုန္လံုးကိုျပန္သတိရလာရင္ လက္ထပ္ထားတဲ့ကိစၥကို ျပႆနာရွာမွာစိုးတာလား? အခု မင္းလိုက္လုပ္ေပးထားသမၽွကို မင္းသေဘာနဲ႔ တစ္ဖက္သတ္ဆံုးျဖတ္တယ္လို႔ ငါေျပာလာမွာလည္း စိုးရိမ္ေနတာမဟုတ္လား?"
"အဲဒါေတြထက္ Baby ကို စိုးရိမ္တာပါ။ ေခါင္းေဆာင္ဆံုးတုန္းကတစ္ခါ၊ ကိုယ့္ကို Bermuda က ျပန္လာပို႔သြားတုန္းကတစ္ခါ Baby အရမ္းေဒါသထြက္ၿပီး တအားပင္ပန္းခဲ့ရတာ။ Baby ကို အဲဒီလိုေတြ မခံစားေစခ်င္ေတာ့ဘူး။ Baby လည္းပူေလာင္ရသလို Lily လည္း အရမ္းခံစားရတယ္"
"အဲဒီႏွစ္ေခါက္လံုးမွာ မင္းေဆး႐ံုေရာက္ခဲ့ရတာေၾကာင့္လား?"
"မဟုတ္ဘူး၊ အဲဒီလိုမဟုတ္ဘူးေလ"
"အင္း၊ ငါသိပါတယ္။ ငါ့ကိုဖုံးကြယ္ထားတာတစ္ခုခု ရွိေနလား?"
"ဘာျဖစ္လို႔လဲ? မရွိပါဘူး Baby ရဲ႕"
ရွိတာေပါ့။ ေတာ္ေတာ္ဆိုးဆိုးကိစၥကို ဖုံုးကြယ္ထားတာေလ။ Baby သတိရလာမွပဲ ႏွစ္ခါျပန္ ေတာင္းပန္ပါ့မယ္။
"ရွိခဲ့ရင္လည္း ငါသတိရလာလို႔ မင္းကိုတစ္ခုခုလုပ္မိရင္ေတာင္ ငါနားလည္ေအာင္ ရွင္းျပေပးပါ။ အခုရက္ပိုင္းျဖစ္ပ်က္သမၽွေတြကို ငါ Dairy ေရးထားတယ္။ ေနာင္တစ္ခ်ိန္ ငါျပန္ဖတ္ႏိုင္ေအာင္ေလ။ ေသတၱာေလးထဲ ထည့္ထားတယ္"
"ေက်းဇူးတင္ပါတယ္"
"ဘာကိုလဲ?"
"အခုလိုေတြးတာကိုေပါ့"
"မင္းကပဲ ဆိုးတာလား? ငါကပဲ ဆိုးတာလား? ငါတို႔ႏွစ္ေယာက္ၾကား အေျခအေနက ေတာ္ေတာ္ေလးတင္းမာေနခဲ့တာပဲ။ ထားပါ။ ငါ အေမ့ဆီသြားခ်င္တယ္"
"လိုက္ပို႔ေပးမယ္ေလ။ မနက္ျဖန္သြားမလား? ကိုယ္လည္း အဲဒီကိုေရာက္ရင္ ေျပာစရာရွိတယ္"
"အင္း၊ အေမ့ကို အရမ္းေတြ႕ခ်င္တယ္။ မီးငယ္ေလးပါ ေခၚသြားမယ္"
"အဲဒါဆို နားေတာ့ေလ Baby"
"Good Night"
"Sleep Tight, Baby"
¤
"မီးငယ္၊ ကိုကို အေမတို႔ဆီသြားမလို႔။ လိုက္ခဲ့မယ္မဟုတ္လား?"
"အခုလား?"
"အင္း၊ အခု Breakfast ၿပီးရင္ သြားမလို႔"
"ကိုကိုကလည္း မေန႔ကႀကိဳမေျပာဘူး။ မီးငယ္က မအားေတာ့ဘူးေလ။ ေမေမတို႔ဆီလည္း လိုက္ခ်င္တယ္"
"ဒါဆိုလည္း ေနာက္တစ္ေခါက္ေပါ့"
"မဟုတ္ဘူး၊ အခ်ိန္ေရႊ႕ခ်ိန္းလိုက္မယ္။ ကိုကိုက ေအးေအးေဆးေဆးေနခ်င္ရင္ က်န္ေနခဲ့ေလ။ မီးငယ္က အခ်ိန္မီျပန္လာလိုက္မယ္။ မီးငယ္တို႔ေမာင္ႏွမ ေဖေဖနဲ႔ေမေမကို သြားမေတြ႕တာ ၾကာေနၿပီလိုပဲ ခံစားရတယ္"
"အင္း၊ မီးငယ္ျပန္လာဖို႔ပါ စီစဥ္ေပးလိုက္ Chain"
မနက္စာစားရင္း ေမာင္ႏွမႏွစ္ေယာက္ေျပာသမၽွကို နားေထာင္ေနတဲ့ Chain ကို အခုမွသတိရၾကပံုပဲ။
"ဟုတ္"
"Chain?"
"အင္း၊ မီးငယ္။ ဘာလိုေသးလို႔လဲ?"
"မဟုတ္ပါဘူး။ တစ္ခါေလာက္မ်ား ကိုကို႔ကို ကလန္ကဆန္ေတြလုပ္ၾကည့္ပါလား?"
"ဟာ၊ ဘာမ်ားလဲလို႔။ လုပ္ဖူးပါတယ္၊ ခဏခဏပဲ"
"အဲဒီလို အလုပ္ကိစၥတို႔၊ ကိုကို႔လံုျခံဳေရးကိစၥတို႔နဲ႔မဟုတ္ဘဲ ဒီအတိုင္းေလးပဲ Chain စိတ္မပါရင္၊ မလုပ္ေပးခ်င္ရင္ မလုပ္ေပးႏိုင္ေသးဘူးလို႔ ျငင္းခိုင္းတာေလ"
"ဘယ္လိုစိတ္မပါတာမ်ိဳးလဲ? အစ္ကိုေလးလုပ္ခိုင္းတာက အပန္းမွမႀကီးတာကို"
"ဟုတ္တယ္၊ မီးငယ္မွားတာ။ ေသနတ္သြားယူေပးစမ္းပါ၊ မင္းကိုပစ္သတ္ခ်င္လို႔ဆိုရင္ေတာင္ အပန္းမႀကီးပါဘူးဆိုၿပီး သြားယူေပးမယ့္လူကို ေျပာမိတာကိုက မီးငယ္မွားတာ"
"ငါက အဲဒီေလာက္ဆိုးလား?" "အစ္ကိုေလးက အဲဒီလိုမဟုတ္ပါဘူး"
ၿပိဳင္တူထြက္လာတဲ့ စကားႏွစ္ခြန္းေၾကာင့္ Lily စိတ္ပ်က္လက္ပ်က္အမူအရာနဲ႔
"ေရွ႕သြားေနာက္လိုက္ညီတယ္ဆိုတာ အဲဒါ။ ေနစမ္းပါဦး! ဘာ အစ္ကိုေလး လဲ?"
"မဟုတ္ဘူးေဟ့၊ Baby တဲ့ကြ။ ငါ့ညီမေလး နားပူမွာစိုးလို႔ သူကေျပာင္းေခၚေပးတာ။ စားစရာရွိတာစားပါေတာ့ ကေလးမရယ္"
Lock ရဲ႕ စိတ္မရွည္ေတာ့သလိုအေျပာေၾကာင့္ Lily က အားပါးတရရယ္ၿပီး Chain ကေတာ့ ေရေတြခ်ည္း ဖိေသာက္ေနေလရဲ႕။
¤
"အေမနဲ႔ အေဖ၊ သားတို႔လာတယ္"
"ေမေမေရ ... ဒါက ေမေမ့သားမက္၊ ကိုကို႔အမ်ိဳးသား Chain တဲ့။ ေမေမမျမင္ဖူးလိုက္ေပမဲ့ ဒီကိုေတာ့ ကိုကိုနဲ႔လိုက္လာတတ္တာ ေမေမသိမွာပါ။ ေဖေဖကေတာ့ Chain ကို သိပ္အားကိုးတာ။ ေဖေဖရွိရင္လည္း သေဘာတူမယ္ထင္ပါတယ္။ မီးငယ္ ေဖေဖ့ကို သိပ္လြမ္းတာပဲ"
ေျပာၿပီး ငိုေနတဲ့ Lily ကိုပခံုးဖက္ရင္း Lock လည္း မ်က္ရည္ဝဲလို႔ေနၿပီ။
"အေမ၊ ဒီအပင္က အေမႀကိဳက္တဲ့အပင္ေလးေလ။ Bonsai လုပ္ၿပီး သားယူလာေပးတာ။ ပန္းပြင့္ရင္ အေမသေဘာက်တယ္ဆိုလို႔ေလ"
Lock က ပန္းအိုးအေသးေလးကို ေနရာခ်ၿပီး မ်က္ရည္ေတြကို လက္ခံုနဲ႔ပြတ္သုတ္ပစ္လိုက္တယ္။
မိဘႏွစ္ပါးကိုစကားေတြေျပာလိုက္၊ မ်က္ရည္ေတြသုတ္လိုက္နဲ႔ ကေလးလုပ္ေနတဲ့ေမာင္ႏွမကိုၾကည့္ရင္း Chain စိတ္ထဲကေန ေခါင္းေဆာင္ကို ေတာင္းပန္မိတယ္။
*ေခါင္းေဆာင္၊ ကၽြန္ေတာ္ အစ္ကိုေလးနဲ႔မီးငယ္ကိုေတာ့ အသက္နဲ႔လဲၿပီး ေစာင့္ေရွာက္ပါ့မယ္။ ေခါင္းေဆာင္ကို မကာကြယ္ေပးႏိုင္ခဲ့တာ ခြင့္လႊတ္ပါ။ အန္တီ့ကိုလည္း ကၽြန္ေတာ္ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္နဲ႔အစ္ကိုေလးက အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ထားရတာမို႔ အန္တီမစိုးရိမ္ပါနဲ႔။ အန္တီ့ရဲ႕သားေလးက မိန္းမေကာင္းေလးတစ္ေယာက္နဲ႔ ေပ်ာ္စရာမိသားစုေလးတစ္ခု ရသင့္တာမို႔ အခ်ိန္တန္ရင္ အဲဒီလို Family Life ေလးရေအာင္ ကၽြန္ေတာ္ဖယ္ေပးမွာပါ*
"ေတာ္ေတာ္လည္းၾကာၿပီ။ ကိုကိုေနဦးမွာမလား? မီးငယ္ Austin တို႔နဲ႔ ျပန္ေတာ့မယ္"
"အင္း မီးငယ္။ ကိုကိုတို႔ ေနလိုက္ဦးမယ္"
"ဟုတ္"
Lily တို႔ထြက္သြားၿပီးေနာက္မွာ Chain က အနားကလူေတြကို ဖယ္ခိုင္းလိုက္တာမို႔
"ဘာေျပာခ်င္လို႔လဲ Chain?"
"ေခါင္းေဆာင္ကေျပာခ်င္တာပါ"
"ဘယ္လို?"
Chain က ဓာတ္ပံုကိုအသာမ,ကာ ခလုတ္တစ္ခုႏွိပ္လိုက္တဲ့အခါ ပန္းအိုးေလးေနရာေရြ႕သြားၿပီး အံဝွက္ေလးတစ္ခုေတြ႕ရတာေၾကာင့္ Lock က နႈိက္ယူလိုက္ေတာ့ စာအိတ္ေလးတစ္အိတ္။
ဖြင့္ၾကည့္ၿပီးတဲ့အခ်ိန္မွာ
"ဒါက ..."
"အဲဒါ ထိုင္းဘက္ကစိန္တြင္းရဲ႕ ပိုင္ဆိုင္မႈလႊဲေျပာင္းေၾကာင္းစာပါ။ Baby အိမ္ေထာင္က်ၿပီးရင္ ဒီစာနဲ႔လက္ထပ္စာခ်ဳပ္ျပၿပီး ေရွ႕ေနဆီကေန ပိုင္ဆိုင္မႈလႊဲယူ႐ံုပါပဲ။ Baby အတြက္လက္ဖြဲ႕တဲ့"
မ်က္ရည္က်မိျပန္တဲ့ Lock ကို Chain က ပခံုးကိုခပ္ဖြဖြဆုပ္ကိုင္ရင္း
"တအားႀကီး စိတ္တင္းမထားပါနဲ႔လား"
ေျပာလိုက္မွ တင္ပလႅင္ေခြထိုင္ခ်လိုက္ၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္လို႔ ႐ႈိက္ႀကီးတငင္ငိုခ်လိုက္တဲ့ Lock ကို Chain ကဖက္ထားရင္း ႏွစ္သိမ့္ေပးေနမိေပမဲ့ သူလည္း မ်က္ရည္ေတြနဲ႔။
အခ်စ္ဆိုတာ တစ္ေယာက္ကငိုေနရင္ တစ္ေယာက္က မ်က္ရည္က်မိတာမ်ိဳး။
¤
အခ်ိန္ကိုက္ေရာက္လာတဲ့ ေရွ႕ေနဆီကေန ကားေပၚမွာပဲ စာခ်ဳပ္ေတြလႊဲေျပာင္းအၿပီး
"လက္ဖြဲ႕ဆိုေတာ့ ႏွစ္ေယာက္လံုးပိုင္တာမဟုတ္ဘူးလား?"
"ေခတၱထိန္းသိမ္းေပးတဲ့သူက Mr. Ivy တစ္ဦးတည္းနာမည္နဲ႔ လႊဲေပးလိုက္ပါတယ္"
"သူက ဘယ္သူလဲ?"
"ကၽြန္ေတာ္ေျပာခြင့္မရွိပါဘူး။ ခြင့္ျပဳပါဦး"
"ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္"
"ကဲ၊ ျပန္ရေအာင္ Baby"
"Chain ဒါေတြက ..."
"ေခါင္းေဆာင္ယံုၾကည္လို႔ အပ္ထားခဲ့တဲ့လူရဲ႕ ဆံုးျဖတ္ခ်က္က မမွားႏိုင္ပါဘူး။ သိမ္းထားလိုက္ပါ"
¤
"အ!"
"Baby ဘာျဖစ္တာလဲ? Baby, ထပါဦး"
အိပ္ေနရင္း အသံၾကားလို႔ၾကည့္မိေတာ့ Baby ကေခၽြးေတြနဲ႔ ခုတင္ေပၚလူးလိမ့္လို႔။ တစ္ေန႔လံုးလည္း စိတ္မေကာင္းျဖစ္ခဲ့ရၿပီး အခုလည္း အိပ္မက္ဆိုးမက္ေနပံုမို႔ လႈပ္ႏႈိးမိတယ္။
"အင္း"
"ေရေသာက္လိုက္ေနာ္၊ ခဏ"
"အင္း"
"အဆင္ေျပၿပီလား? အိပ္မက္ဆိုးမက္တာလား?"
"ကားေမွာက္တယ္။ ၿပီးေတာ့ လမ္းေဘးမွာ ငါေျပးေနခဲ့တာ"
Chain ရင္ထိတ္သြားမိတယ္။
Baby က သတိျပန္ရေတာ့မွာလား? အဲဒီေတာ့လည္း ရင္ဆိုင္႐ံုေပါ့။
"မွတ္ဉာဏ္တခ်ိဳ႕ ျပန္ေပၚတာပါ။ အဆင္ေျပရဲ႕လား Baby? ေခါင္းကိုက္ေနလား?"
"နည္းနည္းပါ။ ငါ ျပန္မအိပ္ခ်င္ေတာ့ဘူး"
"အဲဒါဆို ကိုယ္တို႔ ကားေလၽွာက္စီးၾကမလား?"
"မစီးခ်င္ပါဘူး။ ကားေမွာက္တယ္လို႔ အိပ္မက္မက္ထားတာေလ"
"Sorry, Baby. ဘာလုပ္ခ်င္လဲ?"
"ငါ မေန႔က မင္းအခန္းမွာ Guitar ေတြ႕တယ္။ သြားယူကြာ"
"ဟင္!"
"သြားယူ"
ေနာက္ဆံုးမွာေတာ့ ဝရန္တာမွာ Guitar တစ္လက္နဲ႔ ေျဗာင္းဆန္ေနတဲ့ႏွစ္ေယာက္ကို Lily အတင္းဆြဲေခၚၿပီး အိပ္ခိုင္းေနတာကို ေတြ႕ရမွာပဲ ျဖစ္ပါတယ္။
■■■■■ Part XXXIII ဆက္ရန္ ■■■■■
"မင်း နေမကောင်းဘူးဆို Chain?"
"သတင်းအမှားတွေကို ဘယ်တုန်းကလက်ခံသွားတာလဲ?"
"ငါအကောင်းမေးနေတာနော်"
"မင်းပို့လိုက်တဲ့ဓာတ်ပုံကြည့်ပြီး နှာခေါင်းသွေးလျှံသွားတာ။ ဘာမှမဟုတ်ဘူး"
"အနားမရတာ ဘယ်လောက်ကြာနေပြီလဲ? အဲဒါကို Bermuda နဲ့ ရှင်းချင်သေးတာလား?"
"အခုက Leo နဲ့ အလုပ်ဆက်လုပ်မှာလေ။ အဲဒီဘက်ကို အာရုံရောက်နေကြတုန်း Bermuda နဲ့ပါ တစ်ခါတည်းရှင်းလိုက်ချင်တာ"
"ငါ့ဆီက သတင်းမရရင် မင်း ရှင်းလို့ရမှာတဲ့လား? ငါပြောနေတယ်လေ၊ မင်းခဏအနားယူပါဦး။ ဒီလိုပင်ပန်းနေချိန်မှာ အာရုံနှစ်ခုထပ်သုံးနေရင် အန္တရာယ်မကင်းနိုင်ဘူး"
"ငါ ဘာမှမဖြစ်ဘူး"
"Bermuda နဲ့သတ်ကြပြီး ဆေးရုံရောက်တယ်။ ဆေးရုံမှာတင် Paris ကိစ္စနဲ့အနားမရဘူး။ ပြန်လာတော့ Wedding ကိစ္စနဲ့အလုပ်ရှုပ်တယ်။ ပြီးတော့ ညဘက်မအိပ်တာတွေ များနေပြီဆို? မနေ့ကမှ မင်္ဂလာဆောင်ပြီးတဲ့ကောင်က အခု Leo နဲ့ Bermuda ကို တစ်ပြိုင်တည်းကိုင်ချင်နေတယ်။ လတစ်ဝက်အတွင်း တစ်ချက်မနားတာလေ။ နှာခေါင်းကနေပဲ မဟုတ်တော့ဘူး၊ ရှိသမျှအပေါက်တွေကနေ သွေးထွက်လို့ ကုန်လိမ့်မယ်"
"Hurri ... "
"Shut up! Hepius ဆေးရုံမှာ ဆေးသွားစစ်ပြီး ဘာမှမဖြစ်ပါဘူးဆိုတဲ့သက်သေ ယူလာမလား? Leo ကိစ္စကိုပဲ အေးအေးဆေးဆေးလုပ်ပြီး နားမလား? ဒါမှမဟုတ် လက်ဖွဲ့ရထားတဲ့ Honeymoon ခရီးစဉ်ကိစ္စအတွက် Private Flight စီစဉ်ပေးရမလား?"
"မင်းက ငါ့အဖေလား?"
"မတော်လိုက်ရတဲ့ မင်းလင်လေ"
Speechless ပါ Hurricane ရေ။ ဘယ်တုန်းကများ အဲဒီလောက်ထိ အပြောကြမ်းသွားတာလဲ?
"ဘာတွေ ဆွံ့အနေတာလဲ? သွားပြန်နားတော့ကွာ၊ သွား! မင်းငြိမ်ငြိမ်မနေရင် Spectrum ဒုခေါင်းဆောင်က မင်္ဂလာဆောင်ပြီးတာမကြာသေးဘဲ တိတ်တိတ်ပုန်းလင်ငယ်နဲ့ ချိန်းတွေ့နေပါတယ်လို့ သတင်းထွက်သွားချင်လား?"
OMG! Hurricane တို့ ဘီလူးဆိုင်းတီးနေပါပြီ။ ဘာပြန်ပြောရမှန်းမသိတဲ့နောက် ခေါင်းသာညိတ်ပြလိုက်ရတယ်။
"အေး၊ ပြန်လိုက်တော့။ ငါမသိအောင်လုပ်နိုင်ရင် လုပ်ကြည့်လိုက်! တစ်ခုပဲ၊ မင်းက အရိပ်နက်ဆိုရင် ငါကလည်း ပုံရိပ်ယောင်ဆိုတာ သိထားပေး"
Chain က လူမသိသူမသိလှုပ်ရှားရတာတွေ ကျွမ်းကျင်သလို၊ Hurricane ကလည်း သတင်းယူလျင်မြန်သလောက် သူ့သတင်းတွေကိုတော့ ရဖို့ခက်ပြီး ရခဲ့မယ်ဆိုရင်တောင် သတင်းမှားတွေဖြစ်နေတတ်လို့ သူတို့နှစ်ယောက်ကတော့ Nicknames တွေနဲ့ ကိုက်ညီကြတယ်။
နောက်ဆုံးတော့ Chain တစ်ယောက် Bermuda နဲ့ရှင်းဖို့ကိစ္စကို နောက်ရွှေ့လိုက်ရတယ်။
Chain ရာ၊ မင်းက မင်း Baby အတွက်ဆို ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မေ့နေတတ်တာဆိုတော့ ငါကပဲ မင်းကို ဂရုစိုက်ပေးရမှာပေါ့။
ပြီးတော့ Lily က ဘာတွေကိုများ အရမ်းစပ်စုချင်နေတာလဲမသိဘူး။ မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း Lily ကသာ ဟိုကြေးစားကောင်နဲ့ပေါင်းပြီးလိုက်ရင် ငါအမှောင်ချထားတဲ့ မင်းသတင်းတွေအတွက် ငါအာမခံနိုင်ပါ့မလား မသေချာဘူး။
ဒါပေမဲ့ ငါအတတ်နိုင်ဆုံး မင်းကိုကာကွယ်မှာပါ။
¤
"Chain, Bermuda က ပြဿနာဖြစ်ပြီးတည်းက ငြိမ်နေတယ်။ သူ့လက်ရုံးတစ်ဖက်ပြုတ်သွားလို့ တော်တော်လေးတော့ မခံချင်ဖြစ်နေမှာပဲ"
"သေချာတာပေါ့။ မီးငယ်ရော ဘာသတင်းရသေးလဲ?"
"ဘာမှမရပါဘူး။ ဪ၊ အခန်းထဲသွားလိုက်ဦး။ ဓာတ်ပုံချိတ်နေကြတယ်။ ကိုကိုက ခြံနောက်မှာ အပင်တွေနဲ့ အလုပ်ရှုပ်နေတယ်"
"အင်း၊ ရွက်ကျပင်ပေါက်တွေ မှာနေတာကြားတယ်"
"ဟုတ်တယ်၊ မျိုးစုံပဲ။ ဒါနဲ့ Chain တို့က Honeymoon မထွက်ကြတော့ဘူးလား"
"မီးငယ်ကိုကိုကြားရင် ဒေါသထွက်နေပါဦးမယ်။ မီးမမွှေးပါနဲ့ ငါ့ညီမရာ"
"မနက်ကမေးပြီးပြီ။ မဖြေဘဲ ရှောင်ထွက်သွားတယ်။ ဒေါသမထွက်ပါဘူး၊ Chain ပြောကြည့်ပါလား?"
"ချစ်လွန်းလို့ ယူခဲ့ကြတာမှမဟုတ်ပဲ မီးငယ်ရယ်။ ထားလိုက်ပါ၊ ခြံနောက်ဘက် လိုက်သွားလိုက်ဦးမယ်"
Sorry, Chain စိတ်မကောင်းဖြစ်သွားဖို့ မရည်ရွယ်ပါဘူး။ ချစ်လို့ယူခဲ့ကြတာမဟုတ်ဘူးဆိုတာ တစ်ဝက်တော့မှားတယ်လေ။ Chain ကိုကို့ကို သိပ်ချစ်တာ အကုန်လုံးသိနေတာပဲ။ Chain လုပ်နေသမျှတွေက ကိုကိုဘေးကင်းဖို့လို့ပဲ မီးငယ်ယုံကြည်ပါတယ်။
¤
ပန်းအိုးတွေ အစီလိုက်ချထားပြီး စင်ပေါ်မှာတချို့၊ တွဲလောင်းချိတ်ထားတာတချို့နဲ့ အပင်စိမ်းစိမ်းတွေကြားက ပျားပိတုန်းတစ်ကောင်ဟာ သိပ်တောက်ပလွန်းတယ်။ ဟိုနောက်ဘက်က အဖြူရောင်ရေငွေ့အစိုင်အခဲတွေနဲ့ အစိမ်းရောင်သက်ရှိတွေတောင် အရောင်မှိန်မှိန် Background တစ်ခု ဖြစ်သွားလောက်အောင် Highlight ကျနေတဲ့ ကိုယ့်ရဲ့ Life Source လေး။
ဘာကိုအလိုမကျဖြစ်ပြန်လဲမသိ၊ မျက်မှောင်ကျုံ့ကြည့်နေပြီး မြေပေါ်ကပန်းအိုးကို ဘေးကကျောက်စားပွဲပေါ် မတင်လိုက်ပြန်တယ်။ အပြေးသွားကူရအောင်လည်း ကိုယ့် Baby က ဂိုဏ်းတစ်ခုကိုအုပ်ချုပ်နေတဲ့ ကျားကျားလျားလျားယောက်ျားတစ်ယောက်။ ကိုယ့်ရှေ့ကမြင်ကွင်းဟာ National Geographic က သဘာဝဆန်ဆန်ပြကွက်တွေထက် ပိုအသက်ဝင်နေတဲ့အခါ ကိုယ့်ရင်ထဲ မီးတောင်တွေပေါက်ကွဲနေသလို တဝုန်းဝုန်းနဲ့ ဆူညံလာပြန်တယ်။
အချစ်က တစ်ခါတလေ ရင်ထဲမှာ ပူလောင်စွာတောင့်ခဲစေသလို၊ တစ်ခါတလေကျတော့ အေးချမ်းစွာ လောင်မီးကျစေတယ်။
"ကိုယ် ဘာကူရမလဲ Baby?"
ကျောခိုင်းလျက်သားဖြစ်သွားတဲ့ Baby က ပြန်လှည့်မလာတော့လည်း မော်ဖူးချင်သူက အနားထိရောက်သွားရတာပေါ့။
"ဪ ... မင်းကိုမေးသေးတယ်။ အပြင်ထွက်သွားတယ်ဆိုလို့ ငါတစ်ယောက်တည်း လာလုပ်နေတာ။ ကျန်တဲ့လူတွေလည်း မခိုင်းချင်ဘူး။ အဲဒီကောင်တွေက ကြမ်းကြမ်းတမ်းတမ်းတွေသာ ခိုင်းလို့ကောင်းတာ"
လှည့်ကြည့်ပြီးပြောလာတဲ့ Baby ကြောင့် ကိုယ့်မှာ ငေးမဝပြန်ဘူး။ ပါးတစ်ဖက်မှာ မြေမှုန့်တချို့တင်နေပြီး နဖူးစပ်မှာစို့နေတဲ့ချွေးစတွေမှာ ဆံပင်စတွေက ကပ်ငြိလို့။ ဆံပင်တွေကို နောက်ဘက်မှာထုံးနှောင်ထားတာကလည်း သိပ်ချစ်ဖို့ကောင်းနေတယ်။
ဒီစကားကြားရင်တော့ ရန်ရှာမယ်ထင်တယ်၊ ချစ်ဖို့ကောင်းတယ်လို့ပြောတာကို ဘယ်ယောက်ျားက ကြိုက်ပါ့မလဲ?
"ခဏလေး ငြိမ်ငြိမ်နေ"
ပါးပေါ်ကမြေမှုန့်တွေကို ဖယ်ပေးပြီး နဖူးစပ်ကချွေးတွေကို လက်နဲ့ပွတ်သုတ်ပေးလိုက်တော့
"ညစ်ပတ်နေတာကို"
"ကိုယ့်လက်က သန့်ပါတယ်"
"ငါ့ကိုယ်ငါပြောတာလေ"
"အခု Baby ကိုကူရင်လည်း ညစ်ပတ်သွားမှာပဲလေ။ ပြော၊ ဘာလုပ်ပေးရမလဲ?"
အင်္ကျီလက်ကိုခေါက်တင်ပြီး ကူညီဖို့ပြင်တော့
"ဟိုမှာလက်အိတ်တွေရှိတယ်။ ဒီအိုးထဲကအပင်လေးတွေကိုခွဲပြီး အိုးသေးလေးတွေထဲ ထည့်ပေး။ ပြီးရင် ဟိုမှာချိတ်မယ်"
"Ok, Baby"
နှစ်ယောက်သား မြေမှုန့်အလူးလူး၊ ချွေးအလုံးလုံးနဲ့ ပန်းပင်တွေကြား အလုပ်ရှုပ်နေကြရင်း အိုးသေးလေးတွေ ချည်နေတဲ့ Baby ကို ငေးဖြစ်အောင် ငေးမိပါသေးတယ်။
နားသယ်ကချွေးစက်လေးက နေရောင်မှာလက်ခနဲ၊ ချည်ပြီးသွားတဲ့ အပင်ငယ်လေးတွေကို ကြည့်ရင်းပြုံးတဲ့ အပြုံးတစ်ပွင့်ကလည်း လင်းခနဲ၊ ခေါင်းမော့ပြီးချည်နေရင်း ခပ်ဟဟဖြစ်နေတဲ့ နှုတ်ခမ်းနှစ်လွှာကလည်း မိန်းကလေးတွေလို ရဲစိုမနေပေမဲ့ နီညိုရောင် ဖူးဖူးပြည့်ပြည့်လေး။
"Chain, ဟိုဘက်ကတစ်အိုး ပေးစမ်းပါ"
ငေးနေတာ လူမိမှာစိုးလို့ ချက်ချင်းလှည့်ယူပေးလိုက်တော့မှ လွဲတော့တာ။ ယူခိုင်းတာကိုယူဖို့သာ စိတ်စောနေပြီး လက်ထဲကိုင်ထားတဲ့အိုးကိုတော့ မေ့ပြီးလွှတ်ချမိပြီ။
ခွပ်ခနဲကွဲသွားတဲ့ ပန်းပွင့်လေးတွေပါတဲ့အပင်အိုးကိုကြည့်ပြီး
"မင်း ကလေးလား? ဘာကိစ္စ လွှတ်ချလိုက်တာလဲ? အပွင့်တွေတော့ သွားပြီထင်ပါတယ်။ မင်းဟာလေ၊ ငါလုပ်ရရင် နာတော့မယ်"
"ဘာလုပ်မှာလဲ Baby?"
"ဘာပြောတယ်! သောက်ခွက်ကပြောင်နေသေးတယ်။ ဖယ်စမ်း၊ ငါဆက်လုပ်မယ်။ ခုန ငါပြောတဲ့အပင်ကိုသာ ဟိုနေရာမှာ သွားချိတ်လိုက်"
"ဟုတ် ဟုတ်"
ကမန်းကတန်းလေး အပင်ကိုသွားချိတ်လိုက်ပေမဲ့ အာရုံက Baby ဆီပြန်ရောက်ချိန်မှာ
*ခွပ်*
"Yahh!!! ဟေ့ကောင်၊ မင်း ... မင်း ... ငါ့အပင်တွေကို လာဖျက်ဆီးနေတာလား? သွားပြန်ပြီ တစ်အိုး"
"ဟို ... ဟိုလေ ... ချိတ်လိုက်တာ လွဲ ... လွဲသွားတာ၊ အဲဒါ"
"မင်းတော့"
"အ ... အား ... နာတယ်"
အပြောနဲ့အတူ လူကအနားရောက်လာပြီး လက်အိတ်အကြမ်းဝတ်ထားတဲ့လက်နဲ့ နားရွက်ကိုလာဆွဲတာမို့ ထအော်မိတော့ နားရွက်ကနေဆွဲပြီး ထိုင်ခိုင်းကာ
"အပင်ကို သေချာပြန်ကောက်"
ပြောသာပြောတာ လက်ကလွှတ်မပေး။ ခေါင်းတစ်ခြမ်းစောင်းလျက်သားနဲ့ အပင်ကို တယုတယကောက်ယူလိုက်တော့
"လာခဲ့၊ ဒီထဲပေါင်းထည့်လိုက်တော့"
"အ! ဖြည်းဖြည်း Baby"
လွှတ်မပေးသေးဘဲ စင်ဘက်ကအိုးနားလေး ဆွဲခေါ်ပြန်တာကြောင့် ပြောသလိုလုပ်ပေးလိုက်တော့မှ လွှတ်ပေးပါတော့တယ်။ နီရဲနေလောက်တဲ့ နားတစ်ဖက်ကိုပွတ်ရင်း မျက်နှာချိုသွေးရပြန်တယ်။
"ဟီး ... ဖျက်ဆီးတာမဟုတ် ..."
"တော် ... တော် ... ကူလည်းမကူနဲ့တော့။ ပြီးလည်းပြီးတော့မယ်။ ဟိုခုံမှာ ငြိမ်ငြိမ်ထိုင်နေတော့"
"မဖြစ်တော့ပါဘူး။ ဆက်ကူပေးမယ်လေ။ ထပ်မဖြစ်စေရဘူး"
"အေး၊ ဖြစ်ကြည့်လိုက်! မင်းခေါင်းကိုပါ ရိုက်ခွဲပစ်မယ်"
သွားဖြဲပြပြီး ပန်းအိုးကွဲတွေကို အိတ်တစ်လုံးထဲစုထည့်၊ ပြန့်ကျဲသွားတဲ့ မြေဆွေးတွေကို အိုးအလွတ်ထဲကောက်ထည့်ပေးလိုက်ရတယ်။
"ဟား ရပြီ။ ဒီလောက်ဆို အဆင်ပြေနေပြီ။ နောက်နေ့မှ နည်းနည်းလေးလိုတာ ဖြည့်ရမယ်"
စက်ဝိုင်းပုံသစ်သားဝိုင်းလေးကနေ တွဲလောင်းကျနေတဲ့ အိုးငယ်လေးတွေက Spiral ပုံလေး။
"ဟို ရေတံခွန်ဘေးကနံရံမှာ အပင်တွေတွဲလောင်းဆွဲချင်သေးတယ်"
"တိုက်ကပ်နွယ်တွေကို ဖယ်ပစ်ပြီးတော့လား? ကိုယ်လုပ်ပေးမယ်လေ"
"နောက်နေ့မှပေါ့"
"အင်း၊ Baby သဘော"
¤
မနေ့က ညနေပိုင်း မင်္ဂလာဧည့်ခံပွဲက ညဘက်နဲ့ဆက်သွားပြီး ပြန်ရောက်တော့ Chain နှာခေါင်းသွေးလျှံတာနဲ့ Lock က သေချာစောင့်ကြည့်လို့ အနားယူစေခဲ့တာ။
ဒီနေ့အတွက်က Lock ရဲ့အပင်တွေရယ်၊ Leo ကိစ္စတွေနဲ့ရယ် နပန်းလုံးပြီးတဲ့နောက်မှာ Lock တစ်ယောက်ကတော့ အိပ်ခန်းထဲဝင်သွားပေမဲ့ Chain ကတော့ အခန်းထဲကို တော်တော်နဲ့မရောက်။
အဲဒီအခန်းထဲ တစ်ပတ်ကျော်အတူနေလာပေမဲ့ အခုထိ အကျင့်မရသေးပါဘူးဆိုမှ ခုတင်နှစ်လုံးကြားက နံရံပေါ်မှာရှိနေတဲ့ ဓာတ်ပုံကြီးကလည်း တော်တော်လေးနှောင့်ယှက်ပါတယ်။
Hurricane ဆိုတဲ့လူပျိုကြီးက ဘာစိတ်ကူးနဲ့များ အနှောင့်တွေလုပ်ပို့ပေးတာလဲ?
တော်တော်လေးနောက်ကျမှ Chain အခန်းထဲဝင်လိုက်တော့ အခန်းဝနားကမီးတစ်ပွင့်ရယ်၊ ခုတင်နားက ညအိပ်မီးမှိန်မှိန်ရယ်ကလွဲပြီး မီးတွေပိတ်လို့ Lock က စောင်ကိုကိုယ်တစ်ပိုင်းခြုံပြီး အိပ်နေတာတွေ့ရတယ်။
စိတ်သက်သာရာရသွားသလိုမို့ အသာလေး ကိုယ့်ခုတင်ပေါ်ကိုယ်တက်အိပ်ဖို့အပြင်
"သူခိုးခြေလှမ်းနဲ့ ဘာဖြစ်လာတာလဲ?"
"ဪ၊ Baby အိပ်ပျော်နေတယ်ထင်လို့ပါ"
"အင်း၊ အိပ်ပျော်တော့မလို့ပါပဲ။ မင်းဝင်လာလို့ နိုးတာမဟုတ်ဘူးနော်။ မင်းကိုသတိထားမိတာကြာပြီ။ ဒါလည်းမင်းအခန်းပဲလေ၊ ပေါ့ပေါ့ပါးပါးနေပါ"
"ကိုယ့်ကြောင့်နဲ့ Baby ကို အနှောင့်အယှက်မဖြစ်စေချင်ဘူး"
"အရင်က ငါ ဘာပြောဖူးလို့လဲ?"
"Baby အခန်းထဲကိုကိုယ်ဝင်တာ မကြိုက်ဘူး။ မူးလာလို့ တွဲပို့ပေးရင်တောင် လက်မခံဘူး"
"ဟုတ်ပြီ။ အခု မင်းနဲ့ငါက တရားဝင်လက်ထပ်ထားတာလေ။ ပြီးတော့ ငါမေးတာ အမှန်အတိုင်းဖြေ။ ငါ အကုန်လုံးကိုပြန်သတိရလာရင် လက်ထပ်ထားတဲ့ကိစ္စကို ပြဿနာရှာမှာစိုးတာလား? အခု မင်းလိုက်လုပ်ပေးထားသမျှကို မင်းသဘောနဲ့ တစ်ဖက်သတ်ဆုံးဖြတ်တယ်လို့ ငါပြောလာမှာလည်း စိုးရိမ်နေတာမဟုတ်လား?"
"အဲဒါတွေထက် Baby ကို စိုးရိမ်တာပါ။ ခေါင်းဆောင်ဆုံးတုန်းကတစ်ခါ၊ ကိုယ့်ကို Bermuda က ပြန်လာပို့သွားတုန်းကတစ်ခါ Baby အရမ်းဒေါသထွက်ပြီး တအားပင်ပန်းခဲ့ရတာ။ Baby ကို အဲဒီလိုတွေ မခံစားစေချင်တော့ဘူး။ Baby လည်းပူလောင်ရသလို Lily လည်း အရမ်းခံစားရတယ်"
"အဲဒီနှစ်ခေါက်လုံးမှာ မင်းဆေးရုံရောက်ခဲ့ရတာကြောင့်လား?"
"မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူးလေ"
"အင်း၊ ငါသိပါတယ်။ ငါ့ကိုဖုံးကွယ်ထားတာတစ်ခုခု ရှိနေလား?"
"ဘာဖြစ်လို့လဲ? မရှိပါဘူး Baby ရဲ့"
ရှိတာပေါ့။ တော်တော်ဆိုးဆိုးကိစ္စကို ဖုံးကွယ်ထားတာလေ။ Baby သတိရလာမှပဲ နှစ်ခါပြန် တောင်းပန်ပါ့မယ်။
"ရှိခဲ့ရင်လည်း ငါသတိရလာလို့ မင်းကိုတစ်ခုခုလုပ်မိရင်တောင် ငါနားလည်အောင် ရှင်းပြပေးပါ။ အခုရက်ပိုင်းဖြစ်ပျက်သမျှတွေကို ငါ Dairy ရေးထားတယ်။ နောင်တစ်ချိန် ငါပြန်ဖတ်နိုင်အောင်လေ။ သေတ္တာလေးထဲ ထည့်ထားတယ်"
"ကျေးဇူးတင်ပါတယ်"
"ဘာကိုလဲ?"
"အခုလိုတွေးတာကိုပေါ့"
"မင်းကပဲ ဆိုးတာလား? ငါကပဲ ဆိုးတာလား? ငါတို့နှစ်ယောက်ကြား အခြေအနေက တော်တော်လေးတင်းမာနေခဲ့တာပဲ။ ထားပါ။ ငါ အမေ့ဆီသွားချင်တယ်"
"လိုက်ပို့ပေးမယ်လေ။ မနက်ဖြန်သွားမလား? ကိုယ်လည်း အဲဒီကိုရောက်ရင် ပြောစရာရှိတယ်"
"အင်း၊ အမေ့ကို အရမ်းတွေ့ချင်တယ်။ မီးငယ်လေးပါ ခေါ်သွားမယ်"
"အဲဒါဆို နားတော့လေ Baby"
"Good Night"
"Sleep Tight, Baby"
¤
"မီးငယ်၊ ကိုကို အမေတို့ဆီသွားမလို့။ လိုက်ခဲ့မယ်မဟုတ်လား?"
"အခုလား?"
"အင်း၊ အခု Breakfast ပြီးရင် သွားမလို့"
"ကိုကိုကလည်း မနေ့ကကြိုမပြောဘူး။ မီးငယ်က မအားတော့ဘူးလေ။ မေမေတို့ဆီလည်း လိုက်ချင်တယ်"
"ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့"
"မဟုတ်ဘူး၊ အချိန်ရွှေ့ချိန်းလိုက်မယ်။ ကိုကိုက အေးအေးဆေးဆေးနေချင်ရင် ကျန်နေခဲ့လေ။ မီးငယ်က အချိန်မီပြန်လာလိုက်မယ်။ မီးငယ်တို့မောင်နှမ ဖေဖေနဲ့မေမေကို သွားမတွေ့တာ ကြာနေပြီလိုပဲ ခံစားရတယ်"
"အင်း၊ မီးငယ်ပြန်လာဖို့ပါ စီစဉ်ပေးလိုက် Chain"
မနက်စာစားရင်း မောင်နှမနှစ်ယောက်ပြောသမျှကို နားထောင်နေတဲ့ Chain ကို အခုမှသတိရကြပုံပဲ။
"ဟုတ်"
"Chain?"
"အင်း၊ မီးငယ်။ ဘာလိုသေးလို့လဲ?"
"မဟုတ်ပါဘူး။ တစ်ခါလောက်များ ကိုကို့ကို ကလန်ကဆန်တွေလုပ်ကြည့်ပါလား?"
"ဟာ၊ ဘာများလဲလို့။ လုပ်ဖူးပါတယ်၊ ခဏခဏပဲ"
"အဲဒီလို အလုပ်ကိစ္စတို့၊ ကိုကို့လုံခြုံရေးကိစ္စတို့နဲ့မဟုတ်ဘဲ ဒီအတိုင်းလေးပဲ Chain စိတ်မပါရင်၊ မလုပ်ပေးချင်ရင် မလုပ်ပေးနိုင်သေးဘူးလို့ ငြင်းခိုင်းတာလေ"
"ဘယ်လိုစိတ်မပါတာမျိုးလဲ? အစ်ကိုလေးလုပ်ခိုင်းတာက အပန်းမှမကြီးတာကို"
"ဟုတ်တယ်၊ မီးငယ်မှားတာ။ သေနတ်သွားယူပေးစမ်းပါ၊ မင်းကိုပစ်သတ်ချင်လို့ဆိုရင်တောင် အပန်းမကြီးပါဘူးဆိုပြီး သွားယူပေးမယ့်လူကို ပြောမိတာကိုက မီးငယ်မှားတာ"
"ငါက အဲဒီလောက်ဆိုးလား?" "အစ်ကိုလေးက အဲဒီလိုမဟုတ်ပါဘူး"
ပြိုင်တူထွက်လာတဲ့ စကားနှစ်ခွန်းကြောင့် Lily စိတ်ပျက်လက်ပျက်အမူအရာနဲ့
"ရှေ့သွားနောက်လိုက်ညီတယ်ဆိုတာ အဲဒါ။ နေစမ်းပါဦး! ဘာ အစ်ကိုလေး လဲ?"
"မဟုတ်ဘူးဟေ့၊ Baby တဲ့ကွ။ ငါ့ညီမလေး နားပူမှာစိုးလို့ သူကပြောင်းခေါ်ပေးတာ။ စားစရာရှိတာစားပါတော့ ကလေးမရယ်"
Lock ရဲ့ စိတ်မရှည်တော့သလိုအပြောကြောင့် Lily က အားပါးတရရယ်ပြီး Chain ကတော့ ရေတွေချည်း ဖိသောက်နေလေရဲ့။
¤
"အမေနဲ့ အဖေ၊ သားတို့လာတယ်"
"မေမေရေ ... ဒါက မေမေ့သားမက်၊ ကိုကို့အမျိုးသား Chain တဲ့။ မေမေမမြင်ဖူးလိုက်ပေမဲ့ ဒီကိုတော့ ကိုကိုနဲ့လိုက်လာတတ်တာ မေမေသိမှာပါ။ ဖေဖေကတော့ Chain ကို သိပ်အားကိုးတာ။ ဖေဖေရှိရင်လည်း သဘောတူမယ်ထင်ပါတယ်။ မီးငယ် ဖေဖေ့ကို သိပ်လွမ်းတာပဲ"
ပြောပြီး ငိုနေတဲ့ Lily ကိုပခုံးဖက်ရင်း Lock လည်း မျက်ရည်ဝဲလို့နေပြီ။
"အမေ၊ ဒီအပင်က အမေကြိုက်တဲ့အပင်လေးလေ။ Bonsai လုပ်ပြီး သားယူလာပေးတာ။ ပန်းပွင့်ရင် အမေသဘောကျတယ်ဆိုလို့လေ"
Lock က ပန်းအိုးအသေးလေးကို နေရာချပြီး မျက်ရည်တွေကို လက်ခုံနဲ့ပွတ်သုတ်ပစ်လိုက်တယ်။
မိဘနှစ်ပါးကိုစကားတွေပြောလိုက်၊ မျက်ရည်တွေသုတ်လိုက်နဲ့ ကလေးလုပ်နေတဲ့မောင်နှမကိုကြည့်ရင်း Chain စိတ်ထဲကနေ ခေါင်းဆောင်ကို တောင်းပန်မိတယ်။
*ခေါင်းဆောင်၊ ကျွန်တော် အစ်ကိုလေးနဲ့မီးငယ်ကိုတော့ အသက်နဲ့လဲပြီး စောင့်ရှောက်ပါ့မယ်။ ခေါင်းဆောင်ကို မကာကွယ်ပေးနိုင်ခဲ့တာ ခွင့်လွှတ်ပါ။ အန်တီ့ကိုလည်း ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်နဲ့အစ်ကိုလေးက အခြေအနေတစ်ခုကြောင့် လက်ထပ်ထားရတာမို့ အန်တီမစိုးရိမ်ပါနဲ့။ အန်တီ့ရဲ့သားလေးက မိန်းမကောင်းလေးတစ်ယောက်နဲ့ ပျော်စရာမိသားစုလေးတစ်ခု ရသင့်တာမို့ အချိန်တန်ရင် အဲဒီလို Family Life လေးရအောင် ကျွန်တော်ဖယ်ပေးမှာပါ*
"တော်တော်လည်းကြာပြီ။ ကိုကိုနေဦးမှာမလား? မီးငယ် Austin တို့နဲ့ ပြန်တော့မယ်"
"အင်း မီးငယ်။ ကိုကိုတို့ နေလိုက်ဦးမယ်"
"ဟုတ်"
Lily တို့ထွက်သွားပြီးနောက်မှာ Chain က အနားကလူတွေကို ဖယ်ခိုင်းလိုက်တာမို့
"ဘာပြောချင်လို့လဲ Chain?"
"ခေါင်းဆောင်ကပြောချင်တာပါ"
"ဘယ်လို?"
Chain က ဓာတ်ပုံကိုအသာမ,ကာ ခလုတ်တစ်ခုနှိပ်လိုက်တဲ့အခါ ပန်းအိုးလေးနေရာရွေ့သွားပြီး အံဝှက်လေးတစ်ခုတွေ့ရတာကြောင့် Lock က နှိုက်ယူလိုက်တော့ စာအိတ်လေးတစ်အိတ်။
ဖွင့်ကြည့်ပြီးတဲ့အချိန်မှာ
"ဒါက ..."
"အဲဒါ ထိုင်းဘက်ကစိန်တွင်းရဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်းစာပါ။ Baby အိမ်ထောင်ကျပြီးရင် ဒီစာနဲ့လက်ထပ်စာချုပ်ပြပြီး ရှေ့နေဆီကနေ ပိုင်ဆိုင်မှုလွှဲယူရုံပါပဲ။ Baby အတွက်လက်ဖွဲ့တဲ့"
မျက်ရည်ကျမိပြန်တဲ့ Lock ကို Chain က ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်ရင်း
"တအားကြီး စိတ်တင်းမထားပါနဲ့လား"
ပြောလိုက်မှ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး မျက်နှာကိုလက်နဲ့အုပ်လို့ ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ Lock ကို Chain ကဖက်ထားရင်း နှစ်သိမ့်ပေးနေမိပေမဲ့ သူလည်း မျက်ရည်တွေနဲ့။
အချစ်ဆိုတာ တစ်ယောက်ကငိုနေရင် တစ်ယောက်က မျက်ရည်ကျမိတာမျိုး။
¤
အချိန်ကိုက်ရောက်လာတဲ့ ရှေ့နေဆီကနေ ကားပေါ်မှာပဲ စာချုပ်တွေလွှဲပြောင်းအပြီး
"လက်ဖွဲ့ဆိုတော့ နှစ်ယောက်လုံးပိုင်တာမဟုတ်ဘူးလား?"
"ခေတ္တထိန်းသိမ်းပေးတဲ့သူက Mr. Ivy တစ်ဦးတည်းနာမည်နဲ့ လွှဲပေးလိုက်ပါတယ်"
"သူက ဘယ်သူလဲ?"
"ကျွန်တော်ပြောခွင့်မရှိပါဘူး။ ခွင့်ပြုပါဦး"
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"
"ကဲ၊ ပြန်ရအောင် Baby"
"Chain ဒါတွေက ..."
"ခေါင်းဆောင်ယုံကြည်လို့ အပ်ထားခဲ့တဲ့လူရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ပါဘူး။ သိမ်းထားလိုက်ပါ"
¤
"အ!"
"Baby ဘာဖြစ်တာလဲ? Baby, ထပါဦး"
အိပ်နေရင်း အသံကြားလို့ကြည့်မိတော့ Baby ကချွေးတွေနဲ့ ခုတင်ပေါ်လူးလိမ့်လို့။ တစ်နေ့လုံးလည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး အခုလည်း အိပ်မက်ဆိုးမက်နေပုံမို့ လှုပ်နှိုးမိတယ်။
"အင်း"
"ရေသောက်လိုက်နော်၊ ခဏ"
"အင်း"
"အဆင်ပြေပြီလား? အိပ်မက်ဆိုးမက်တာလား?"
"ကားမှောက်တယ်။ ပြီးတော့ လမ်းဘေးမှာ ငါပြေးနေခဲ့တာ"
Chain ရင်ထိတ်သွားမိတယ်။
Baby က သတိပြန်ရတော့မှာလား? အဲဒီတော့လည်း ရင်ဆိုင်ရုံပေါ့။
"မှတ်ဉာဏ်တချို့ ပြန်ပေါ်တာပါ။ အဆင်ပြေရဲ့လား Baby? ခေါင်းကိုက်နေလား?"
"နည်းနည်းပါ။ ငါ ပြန်မအိပ်ချင်တော့ဘူး"
"အဲဒါဆို ကိုယ်တို့ ကားလျှောက်စီးကြမလား?"
"မစီးချင်ပါဘူး။ ကားမှောက်တယ်လို့ အိပ်မက်မက်ထားတာလေ"
"Sorry, Baby. ဘာလုပ်ချင်လဲ?"
"ငါ မနေ့က မင်းအခန်းမှာ Guitar တွေ့တယ်။ သွားယူကွာ"
"ဟင်!"
"သွားယူ"
နောက်ဆုံးမှာတော့ ဝရန်တာမှာ Guitar တစ်လက်နဲ့ ဗြောင်းဆန်နေတဲ့နှစ်ယောက်ကို Lily အတင်းဆွဲခေါ်ပြီး အိပ်ခိုင်းနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
■■■■■ Part XXXIII ဆက်ရန် ■■■■■

Коментарі