5. Predestination
Hepius နဲ႔စကားေျပာၿပီး အခန္းထဲျပန္လာ၊ Chain ထည့္ထားေပးတဲ့စာအုပ္ေတြ ယူဖတ္ရင္း ခဏအၾကာ အိပ္ေပ်ာ္သြားလိုက္တာ ေန႔လယ္မွျပန္ႏိုးလာတဲ့ Lock, အခန္းထဲမွာ ေရဘူးေတြကုန္ေနလို႔ ေအာက္ထပ္ဆင္းလာေတာ့
"Hepius? မင္းမျပန္ေသးဘူးလား။"
"ငါျပန္ေတာ့ ငါ့သူငယ္ခ်င္းကို မင္းဒီအတိုင္းပစ္ထားလို႔ ေသသြားရင္ ဘယ္လိုလုပ္မလဲ။"
ဆန္ျပဳတ္ေတြကို ပန္းကန္ထဲေျပာင္းထည့္ရင္း ေျပာလာတဲ့ Hepius ေၾကာင့္ Lock ႏႈတ္ခမ္းတစ္ခ်က္မဲ့လိုက္ၿပီး ေရခဲေသတၱာထဲက ေရဘူးထုတ္ကာ စားပြဲမွာထိုင္ေသာက္ေနလိုက္တယ္။
အခန္းထဲယူသြားဖို႔ ေရဘူးေတြထုတ္ေတာ့ ထုံးစံအတိုင္း အပ်င္းေျပ၊ အဆာေျပစားဖို႔ စားေသာက္စရာေတြရွိေနၿပီး Hepius ကပါ ထပ္ထည့္ထားလို႔ ေရခဲေသတၱာကအျပည့္။
လိုင္ခ်ီးသီးေတြလည္း ရွိေနတယ္။
ကိုယ္တို႔ေမာင္ႏွမက လိုင္ခ်ီးသီးသိပ္ႀကိဳက္တာကို Chain အသိပဲေလ။
Hepius က ဆန္ျပဳတ္ပန္းကန္ကိုင္ၿပီး အေပၚတက္ေတာ့ Lock လည္း ေရသန္႔ဘူးေတြပိုက္ၿပီး ေနာက္ကလိုက္တက္လာတယ္။
Hepius က Chain အခန္းထဲဝင္သြားတာမို႔ Lock လည္း ကိုယ့္အခန္းကိုယ္ျပန္လာခဲ့တယ္။
မနက္က အစားမ်ားထားတာမို႔ ေန႔လယ္စာမစားခ်င္ေသးလို႔ ယူလာတဲ့အေအးတစ္ဘူးကို ေဖာက္ေသာက္လိုက္တယ္။
လိုင္ခ်ီးသီးေတြကိုျမင္ခဲ့ေတာ့ Lily ဆီ စိတ္ကေရာက္သြားျပန္တယ္။ သူကေတာ့ အခုျဖစ္ေနတဲ့ကိစၥကို သိမွာမဟုတ္ဘူး။
Lily က Chain ကို သိပ္တြယ္တာရွာတာ။ ဒီကေလးမ အဲဒီေကာင္ကိုႀကိဳက္ေနတဲ့အေၾကာင္း သိေနေပမဲ့ အစ္ကိုတစ္ေယာက္အေနနဲ႔ ဘာမွဝင္မစြက္ဖက္မိခဲ့။
ငယ္ငယ္ကေတာ့ စိတ္သိပ္မရွည္တတ္တဲ့ အစ္ကိုျဖစ္သူထက္ သူ႔ကိုဂ႐ုစိုက္ေပးတဲ့ Chain ကို တြယ္တာခဲ့တာ။
အရြယ္ေရာက္ေတာ့ အေရာင္ေျပာင္းလာခဲ့ေပမဲ့ Chain ကေတာ့ အရင္အတိုင္း ညီမေလးလိုပဲ မေျပာင္းမလဲ ေစာင့္ေရွာက္ေပးတတ္တာ ကိုယ့္အျမင္ပဲမို႔ ဘာမွမေျပာမိ။
Chain ဆိုတာကလည္း သူ႔ေဘးကလူေတြနဲ႔ အကုန္အဆင္ေျပတဲ့လူမ်ိဳး။
Spectrum ရဲ႕ေခါင္းေဆာင္ေဟာင္း ကိုယ့္အေဖကေနစၿပီး၊ ေအာက္ေျခအဖြဲ႕သားေတြအလယ္၊ ေမြးထားတဲ့ေခြးေတြအဆံုး သူနဲ႔မတည့္တာမရွိ။
သူ႔ကိုၾကည့္မရတာ တစ္ဂိုဏ္းလံုးမွာ ကိုယ္တစ္ေယာက္တည္းပဲထင္ပါရဲ႕။
အဲဒီလိုျဖစ္ရျခင္း သမိုင္းေၾကာင္းေတြကလည္း မ်ားတယ္။
သူ႔ကို အေဖေခၚလာေတာ့ ေယာင္လည္လည္ေလးနဲ႔ အေဖ့ေနာက္ကပါလာေပမဲ့ ေၾကာက္ရြံ႕ေနပံုေတာ့မရ။
အေဖ့ PA ရဲ႕ သီးသန္႔အိမ္ေလးဆီကိုပါသြားတာ ကိုယ္ေတြ႕ေတာ့ ေတြးမိေသးတယ္။ ဘာလို႔ ဂိုဏ္းသားေတြအေဆာင္ဘက္ မပို႔တာလဲေပါ့။
အဲဒီကတည္းက ဆယ့္ႏွစ္ႏွစ္သားသူ႔ကို ကိုယ္သိပ္မၾကည္တာ အေဖက နည္းနည္းအေရးေပးေနခဲ့လို႔။
ေက်ာင္းတက္ေတာ့ တစ္ေက်ာင္းတည္း၊ တစ္တန္းတည္းေပမဲ့ အခန္းမတူတာမို႔ သိပ္မေတြ႕ျဖစ္တာေတာင္ ေက်ာင္းကျပန္ေရာက္တာနဲ႔ တစ္အိမ္လံုးအလုပ္ေတြ ႏိုင္သေလာက္လိုက္ကူတတ္တဲ့သူ႔ကို အိမ္မွာေတြ႕ရလြန္းလို႔ မ်က္စိေနာက္မိတယ္။
တစ္ေယာက္တည္းအေနမ်ားတဲ့ကိုယ္က Social သိပ္ေကာင္းတဲ့သူ႔ကို ခပ္တန္းတန္းေပမဲ့ ကိုယ္ေတြထက္ေျခာက္ႏွစ္ငယ္တဲ့ ညီမငယ္ Lily ကေတာ့ သူနဲ႔သိပ္မေဆာ့ျဖစ္တဲ့ကိုယ့္ထက္ သူ႔ကိုအလိုလိုက္တဲ့ Chain ကိုဆို အျမဲလိုက္ကပ္ေနပါေရာ။
တစ္ရက္မွာေတာ့ ကိုယ္စာလုပ္ေနတဲ့နား Lily ေရာက္လာၿပီး
"ကိုကိုေရ ... မီးမီး လိုင္ခ်ီးသီးေတြေရာ။"
"ရွိတယ္ေလ၊ မနက္ကေတာင္ ေတြ႕ေသးတာကို။"
"ရွိေတာ့ဘူး။ ကိုကိုစားလိုက္တာဟုတ္ဘူးလား။ ျပန္ေလ်ာ္ေပး။"
"ဟင္၊ မစားပါဘူး မီးမီးရာ။"
"ဟင့္၊ အသီးေတြကို မီးမီးမစားရင္ ကိုကိုကလြဲၿပီး ဘယ္သူကယူစားမွာလဲလို႔။ အဲဒါ မီးမီးတို႔ပဲစားတဲ့ဟာကို။ ကိုကိုလူဆိုးႀကီး ... အဟင့္ ... အကုန္စားပစ္တယ္ ... အီးဟီး ..."
"ဟာ ... မငိုနဲ႔ေလ။ ကိုကို မစားဘူးလို႔။ မီးမီးစားၿပီး ေမ့သြားတာေနမွာေပါ့။"
"အဟင့္ ... မနက္က ေက်ာင္းမသြားခင္က ရွိေသးတယ္လို႔ ... ဟင့္ ... ခုဘယ္ေရာက္သြားၿပီလဲ။"
ငိုလိုက္၊ ႐ႈိက္လိုက္၊ စကားေျပာလိုက္၊ သူ႔လက္ေမာင္းကို႐ိုက္လိုက္နဲ႔ ဂ်စ္တိုက္ေနတဲ့ Lily ေလးကို Lock တို႔ စိတ္မရွည္ေတာ့ပါ။
"ငါမစားပါဘူးဆိုကြာ။"
"ဝါး ... ကိုကို မီးမီးကိုေအာ္တယ္ ... အီးဟီး ... ေဖေဖေရ ... ကိုကို႔ကိုလာ႐ိုက္ပါ။"
ၾကမ္းျပင္ေပၚထိုင္ခ်လို႔ ေအာ္ငိုေနတဲ့ Lily ကိုၾကည့္ၿပီး
"ေဒၚႀကီးေရ ... ေဒၚႀကီး၊ ဘယ္ေရာက္ေနလဲ။ ဒီမွာ ကေလးကိုလာေခ်ာ့ပါဦး။"
ကိုယ္ေအာ္ေခၚတာတစ္ေယာက္၊ အေျပးေရာက္လာတာက Chain.
"Lily ေရ ... ဘာလို႔ငိုေနတာလဲကြယ္။ လာပါဦး၊ မီးမီးကိုကိုက စာလုပ္ေနတာေလ။ မ႐ႈပ္ရဘူးေလေနာ္။"
ေျပာရင္း Lily ကိုေကာက္ေပြ႕ေတာ့ ထြန္႔ထြန္႔လူးၿပီး႐ုန္းေနတဲ့ ညီမျဖစ္သူေၾကာင့္ အတင္းထိန္းေနရပံုပါပဲ။
"လႊတ္။ အဲဒီကိုကိုလည္း လူဆိုး ... အီးဟီး ... Chain လည္း လူဆိုးပဲ။ ေဖေဖနဲ႔တိုင္ေျပာမယ္။"
"ေအးပါ မီးမီးရယ္။ ဘာျဖစ္တာလဲ ေျပာေနာ္။"
"အဟင့္ ... အဟင့္ ... လူဆိုးေတြ ..."
"ေတာ္စမ္း၊ မီးမီးရာ။ Chain! မင္း ကေလးတစ္ေယာက္ကိုေတာင္ မထိန္းႏိုင္ဘူးလား။ ငါ စာလုပ္မရဘူး။ ျမန္ျမန္ေခၚသြားၿပီး ေခ်ာ့လိုက္။ သူ႔လိုင္ခ်ီးသီးေတြေပ်ာက္လို႔တဲ့။"
"ဟုတ္၊ အစ္ကိုေလး။ စာဆက္လုပ္ပါ။ ငါေခၚသြားၿပီး ေခ်ာ့လိုက္ပါ့မယ္။"
ေတြ႕လား။ ေျပာပံုကအစ အခ်ိဳးမေျပ။ အားလံုးေခၚသလို အစ္ကိုေလးလို႔ေတာ့ေခၚပါရဲ႕။ သူ႔ကိုယ္သူေတာ့ ငါတဲ့။
ဘာလို႔အဲဒီလိုေျပာလဲေမးေတာ့
"အတန္းလည္းတူ၊ အသက္လည္းတူလို႔ပါ" တဲ့။
"ေမြးတဲ့ခုႏွစ္ပဲတူတာ၊ မင္းက ငါ့ထက္ ရွစ္လငယ္တယ္" ေျပာေတာ့
"ေမြးႏွစ္တူရင္ အသက္တူတာမို႔ အဲလိုေျပာလို႔ မရဘူးလား" တဲ့။
အေဖကလည္း ဘာမွမေျပာတာမို႔ ဒီတိုင္းသာလႊတ္ထားလိုက္ရတယ္။
အခုေတာ့ တြန္းထိုးေနတဲ့ Lily ကို ေကာက္ေပြ႕ၿပီးထြက္သြားေတာ့ ကေလးက ငိုယိုေအာ္ဟစ္ၿပီး Chain ဆံပင္ေတြကိုဆုပ္ကိုင္လို႔ ပါသြားေလရဲ႕။
Chain တစ္ေယာက္က Lily ကိုဆို သိပ္အလိုလိုက္ၿပီး အေလၽွာ့ေပးေပါင္းတတ္တာပါ။
ကေလးဆိုတာမ်ိဳးက ဆိုးလို႔ရတဲ့သူကိုဆို ဆိုးေနတတ္တာမို႔ ကိုယ္ကအလိုမလိုက္ေတာ့ ကိုယ့္နားသိပ္မကပ္။
Chain ကိုေတာ့ အ႐ုပ္တစ္႐ုပ္လိုကို သူလုပ္ခ်င္ရာလုပ္တတ္တာ။
Chain မ်က္ႏွာမွာ ေပါင္ဒါေတြ႐ိုက္၊ ႏႈတ္ခမ္းနီဆိုး၊ ဆံပင္ကို ၾကက္ေတာင္စည္းေပးရတာတစ္မ်ိဳး၊ ေက်ာေပၚတက္ခြၿပီး ျမင္းလုပ္ခိုင္းတာကတစ္နည္း၊ ျခံထဲကေခြးေတြနဲ႔ နပန္းလံုးခိုင္းတာတစ္ဖံု (သူက ျခံထဲကေခြးတိုင္းနဲ႔ သူငယ္ခ်င္းျဖစ္ေနလို႔သာေပါ့)၊ စိတ္တိုလာရင္ တုတ္ေကာက္ခိုင္းၿပီး ေက်ာကို တျဖန္းျဖန္းရိုက္တာကတစ္သြယ္နဲ႔ အမ်ိဳးမ်ိဳးကိုဆိုးပါတယ္။
Chain ကလည္း ခိုင္းသမၽွအကုန္လုပ္ေပးတာမို႔
အေဖကေတာင္ Lily ကို တအားမဆိုးဖို႔ ေခ်ာ့ေမာ့ေျပာရတဲ့အထိ။
သူက
"ေမြးခ်င္းမရွိခဲ့လို႔ Lily ကို ညီမအရင္းေလးတစ္ေယာက္လို ခ်စ္တာရယ္၊ မိန္းကေလးျဖစ္တဲ့ မိတဆိုးကေလးေလးက ၾကမ္းၾကမ္းတမ္းတမ္း ေယာက္်ားေတာထဲမွာ ေနေနရလို႔ သူ႔ကိုသနားတာရယ္ေၾကာင့္ အလိုလိုက္တာပါ" တဲ့။
ေခြးဆိုလို႔ ... Chain နဲ႔ကိုယ္နဲ႔အဆင္မေျပရတဲ့ အေၾကာင္းအရင္းတစ္ခုက ေခြးေၾကာင့္ပါ။
သူငယ္ခ်င္းတစ္ေယာက္ဆီက Birthday present ရထားတဲ့ Boxer တစ္ေကာင္ကို ကိုယ္သေဘာက်လို႔ေမြးထားၿပီး ပ်င္းတဲ့အခါ ျခံထဲမွာ အတူေဆာ့ေလ့ရွိတယ္။
အဲဒီညေနက သူက ျခံေနာက္မွာ Doberman ေတြကိုအစာေကၽြးၿပီး ေလွာင္အိမ္တံခါးေတြကို ေသခ်ာလိုက္စစ္ေနတုန္း အသစ္ေရာက္လာတဲ့တစ္ေကာင္က ျခံေဘးမွာေဆာ့ေနတဲ့ Boxer ရဲ႕အသံကိုၾကားၿပီး အတင္းေျပးထြက္လာပါတယ္။ ကိုယ္က သူတို႔ႏွစ္ေကာင္ၾကားေရာက္ေနေတာ့ ကိုယ့္ကိုခုန္အုပ္ဖို႔လုပ္တဲ့ေကာင္ကို ကိုယ့္ေခြးက သခင္ကိုထိေတာ့ ဝင္လံုးပါေလေရာ။ ေနာက္ကေျပးလိုက္လာတဲ့ Chain က ကိုယ့္ကိုခုန္အုပ္မွာကိုျမင္ေတာ့ အသံေတြေၾကာင့္အေျပးေရာက္လာတဲ့ ဂိုဏ္းသားတစ္ေယာက္ရဲ႕ ခါးကေသနတ္ကို ဆြဲယူၿပီး ေခြးကို ႏွစ္ခ်က္ဆင့္ပစ္လိုက္တယ္။ တစ္ခ်က္က Doberman ရဲ႕ေခါင္းကိုထိၿပီး တစ္ခ်က္ကေတာ့ သခင္ကိုဝင္ကာကြယ္တဲ့ Boxer ေလးကို ဗိုက္ပြင့္သြားေစခဲ့တယ္။
အဲဒီမွာ ကိုယ္နဲ႔သူနဲ႔ ၿငိေတာ့တာပါပဲ။
ကိုယ့္ကိုထိမွာေၾကာက္လို႔ ကိုယ့္နားမွာလံုးေထြးေနတဲ့ေခြးေတြကို ဘယ္သူမွမပစ္ရဲေပမဲ့ ဂိုဏ္းထဲေရာက္တာ ႏွစ္ႏွစ္ပဲရွိေသးတဲ့ ဆယ့္ေလးႏွစ္သား Chain က လက္တည့္တည့္နဲ႔ပစ္လိုက္တာကို အေဖသိသြားေတာ့ ခ်ီးက်ဴးခဲ့တယ္။
ကိုယ္ကေတာ့ ကိုယ့္ေခြးကို ေရွ႕မွာတင္ပစ္သတ္ခဲ့တဲ့သူ႔ကို စိတ္ေတြတိုၿပီး ေခြးလည္ပင္းက Leather leash နဲ႔ စိတ္ရွိလက္ရွိ ႐ိုက္ပစ္လိုက္တယ္။
"ငါက အစ္ကိုေလးရဲ႕ေခြးကိုပစ္ဖို႔ မရည္ရြယ္ပါဘူး။ အစ္ကိုေလးကို ခုန္အုပ္လိုက္တာျမင္လို႔ စိတ္ခ်ရေအာင္ ႏွစ္ခ်က္ဆက္ပစ္လိုက္မိတာမွာ ႐ုတ္တရက္ဝင္လံုးတဲ့ Boxer ကို ထိသြားတာပါ" ဆိုတဲ့ သူ႔ေျဖရွင္းခ်က္ကို ကိုယ္လံုးဝနားမဝင္ခဲ့ပါဘူး။
ကိုယ့္ေဒါသကိုၿငိမ္ခံေနတဲ့ သူ႔ကို ပြဲၾကမ္းခဲ့တုန္းက ကိုယ္ေတြငယ္ေသးတာပဲ။
ကိုယ္ဆိုသည္မွာလည္း Chain ကို ဘယ္တုန္းကမွ အျမင္မၾကည္ခဲ့တာ ေရစက္ဆိုးတစ္ခုလိုမ်ိဳး။
■■■■■ Part VI ဆက္ရန္ ■■■■■
Hepius နဲ့စကားပြောပြီး အခန်းထဲပြန်လာ၊ Chain ထည့်ထားပေးတဲ့စာအုပ်တွေ ယူဖတ်ရင်း ခဏအကြာ အိပ်ပျော်သွားလိုက်တာ နေ့လယ်မှပြန်နိုးလာတဲ့ Lock, အခန်းထဲမှာ ရေဘူးတွေကုန်နေလို့ အောက်ထပ်ဆင်းလာတော့
"Hepius? မင်းမပြန်သေးဘူးလား။"
"ငါပြန်တော့ ငါ့သူငယ်ချင်းကို မင်းဒီအတိုင်းပစ်ထားလို့ သေသွားရင် ဘယ်လိုလုပ်မလဲ။"
ဆန်ပြုတ်တွေကို ပန်းကန်ထဲပြောင်းထည့်ရင်း ပြောလာတဲ့ Hepius ကြောင့် Lock နှုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး ရေခဲသေတ္တာထဲက ရေဘူးထုတ်ကာ စားပွဲမှာထိုင်သောက်နေလိုက်တယ်။
အခန်းထဲယူသွားဖို့ ရေဘူးတွေထုတ်တော့ ထုံးစံအတိုင်း အပျင်းပြေ၊ အဆာပြေစားဖို့ စားသောက်စရာတွေရှိနေပြီး Hepius ကပါ ထပ်ထည့်ထားလို့ ရေခဲသေတ္တာကအပြည့်။
လိုင်ချီးသီးတွေလည်း ရှိနေတယ်။
ကိုယ်တို့မောင်နှမက လိုင်ချီးသီးသိပ်ကြိုက်တာကို Chain အသိပဲလေ။
Hepius က ဆန်ပြုတ်ပန်းကန်ကိုင်ပြီး အပေါ်တက်တော့ Lock လည်း ရေသန့်ဘူးတွေပိုက်ပြီး နောက်ကလိုက်တက်လာတယ်။
Hepius က Chain အခန်းထဲဝင်သွားတာမို့ Lock လည်း ကိုယ့်အခန်းကိုယ်ပြန်လာခဲ့တယ်။
မနက်က အစားများထားတာမို့ နေ့လယ်စာမစားချင်သေးလို့ ယူလာတဲ့အအေးတစ်ဘူးကို ဖောက်သောက်လိုက်တယ်။
လိုင်ချီးသီးတွေကိုမြင်ခဲ့တော့ Lily ဆီ စိတ်ကရောက်သွားပြန်တယ်။ သူကတော့ အခုဖြစ်နေတဲ့ကိစ္စကို သိမှာမဟုတ်ဘူး။
Lily က Chain ကို သိပ်တွယ်တာရှာတာ။ ဒီကလေးမ အဲဒီကောင်ကိုကြိုက်နေတဲ့အကြောင်း သိနေပေမဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ဘာမှဝင်မစွက်ဖက်မိခဲ့။
ငယ်ငယ်ကတော့ စိတ်သိပ်မရှည်တတ်တဲ့ အစ်ကိုဖြစ်သူထက် သူ့ကိုဂရုစိုက်ပေးတဲ့ Chain ကို တွယ်တာခဲ့တာ။
အရွယ်ရောက်တော့ အရောင်ပြောင်းလာခဲ့ပေမဲ့ Chain ကတော့ အရင်အတိုင်း ညီမလေးလိုပဲ မပြောင်းမလဲ စောင့်ရှောက်ပေးတတ်တာ ကိုယ့်အမြင်ပဲမို့ ဘာမှမပြောမိ။
Chain ဆိုတာကလည်း သူ့ဘေးကလူတွေနဲ့ အကုန်အဆင်ပြေတဲ့လူမျိုး။
Spectrum ရဲ့ခေါင်းဆောင်ဟောင်း ကိုယ့်အဖေကနေစပြီး၊ အောက်ခြေအဖွဲ့သားတွေအလယ်၊ မွေးထားတဲ့ခွေးတွေအဆုံး သူနဲ့မတည့်တာမရှိ။
သူ့ကိုကြည့်မရတာ တစ်ဂိုဏ်းလုံးမှာ ကိုယ်တစ်ယောက်တည်းပဲထင်ပါရဲ့။
အဲဒီလိုဖြစ်ရခြင်း သမိုင်းကြောင်းတွေကလည်း များတယ်။
သူ့ကို အဖေခေါ်လာတော့ ယောင်လည်လည်လေးနဲ့ အဖေ့နောက်ကပါလာပေမဲ့ ကြောက်ရွံ့နေပုံတော့မရ။
အဖေ့ PA ရဲ့ သီးသန့်အိမ်လေးဆီကိုပါသွားတာ ကိုယ်တွေ့တော့ တွေးမိသေးတယ်။ ဘာလို့ ဂိုဏ်းသားတွေအဆောင်ဘက် မပို့တာလဲပေါ့။
အဲဒီကတည်းက ဆယ့်နှစ်နှစ်သားသူ့ကို ကိုယ်သိပ်မကြည်တာ အဖေက နည်းနည်းအရေးပေးနေခဲ့လို့။
ကျောင်းတက်တော့ တစ်ကျောင်းတည်း၊ တစ်တန်းတည်းပေမဲ့ အခန်းမတူတာမို့ သိပ်မတွေ့ဖြစ်တာတောင် ကျောင်းကပြန်ရောက်တာနဲ့ တစ်အိမ်လုံးအလုပ်တွေ နိုင်သလောက်လိုက်ကူတတ်တဲ့သူ့ကို အိမ်မှာတွေ့ရလွန်းလို့ မျက်စိနောက်မိတယ်။
တစ်ယောက်တည်းအနေများတဲ့ကိုယ်က Social သိပ်ကောင်းတဲ့သူ့ကို ခပ်တန်းတန်းပေမဲ့ ကိုယ်တွေထက်ခြောက်နှစ်ငယ်တဲ့ ညီမငယ် Lily ကတော့ သူနဲ့သိပ်မဆော့ဖြစ်တဲ့ကိုယ့်ထက် သူ့ကိုအလိုလိုက်တဲ့ Chain ကိုဆို အမြဲလိုက်ကပ်နေပါရော။
တစ်ရက်မှာတော့ ကိုယ်စာလုပ်နေတဲ့နား Lily ရောက်လာပြီး
"ကိုကိုရေ ... မီးမီး လိုင်ချီးသီးတွေရော။"
"ရှိတယ်လေ၊ မနက်ကတောင် တွေ့သေးတာကို။"
"ရှိတော့ဘူး။ ကိုကိုစားလိုက်တာဟုတ်ဘူးလား။ ပြန်လျော်ပေး။"
"ဟင်၊ မစားပါဘူး မီးမီးရာ။"
"ဟင့်၊ အသီးတွေကို မီးမီးမစားရင် ကိုကိုကလွဲပြီး ဘယ်သူကယူစားမှာလဲလို့။ အဲဒါ မီးမီးတို့ပဲစားတဲ့ဟာကို။ ကိုကိုလူဆိုးကြီး ... အဟင့် ... အကုန်စားပစ်တယ် ... အီးဟီး ..."
"ဟာ ... မငိုနဲ့လေ။ ကိုကို မစားဘူးလို့။ မီးမီးစားပြီး မေ့သွားတာနေမှာပေါ့။"
"အဟင့် ... မနက်က ကျောင်းမသွားခင်က ရှိသေးတယ်လို့ ... ဟင့် ... ခုဘယ်ရောက်သွားပြီလဲ။"
ငိုလိုက်၊ ရှိုက်လိုက်၊ စကားပြောလိုက်၊ သူ့လက်မောင်းကိုရိုက်လိုက်နဲ့ ဂျစ်တိုက်နေတဲ့ Lily လေးကို Lock တို့ စိတ်မရှည်တော့ပါ။
"ငါမစားပါဘူးဆိုကွာ။"
"ဝါး ... ကိုကို မီးမီးကိုအော်တယ် ... အီးဟီး ... ဖေဖေရေ ... ကိုကို့ကိုလာရိုက်ပါ။"
ကြမ်းပြင်ပေါ်ထိုင်ချလို့ အော်ငိုနေတဲ့ Lily ကိုကြည့်ပြီး
"ဒေါ်ကြီးရေ ... ဒေါ်ကြီး၊ ဘယ်ရောက်နေလဲ။ ဒီမှာ ကလေးကိုလာချော့ပါဦး။"
ကိုယ်အော်ခေါ်တာတစ်ယောက်၊ အပြေးရောက်လာတာက Chain.
"Lily ရေ ... ဘာလို့ငိုနေတာလဲကွယ်။ လာပါဦး၊ မီးမီးကိုကိုက စာလုပ်နေတာလေ။ မရှုပ်ရဘူးလေနော်။"
ပြောရင်း Lily ကိုကောက်ပွေ့တော့ ထွန့်ထွန့်လူးပြီးရုန်းနေတဲ့ ညီမဖြစ်သူကြောင့် အတင်းထိန်းနေရပုံပါပဲ။
"လွှတ်။ အဲဒီကိုကိုလည်း လူဆိုး ... အီးဟီး ... Chain လည်း လူဆိုးပဲ။ ဖေဖေနဲ့တိုင်ပြောမယ်။"
"အေးပါ မီးမီးရယ်။ ဘာဖြစ်တာလဲ ပြောနော်။"
"အဟင့် ... အဟင့် ... လူဆိုးတွေ ..."
"တော်စမ်း၊ မီးမီးရာ။ Chain! မင်း ကလေးတစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးလား။ ငါ စာလုပ်မရဘူး။ မြန်မြန်ခေါ်သွားပြီး ချော့လိုက်။ သူ့လိုင်ချီးသီးတွေပျောက်လို့တဲ့။"
"ဟုတ်၊ အစ်ကိုလေး။ စာဆက်လုပ်ပါ။ ငါခေါ်သွားပြီး ချော့လိုက်ပါ့မယ်။"
တွေ့လား။ ပြောပုံကအစ အချိုးမပြေ။ အားလုံးခေါ်သလို အစ်ကိုလေးလို့တော့ခေါ်ပါရဲ့။ သူ့ကိုယ်သူတော့ ငါတဲ့။
ဘာလို့အဲဒီလိုပြောလဲမေးတော့
"အတန်းလည်းတူ၊ အသက်လည်းတူလို့ပါ" တဲ့။
"မွေးတဲ့ခုနှစ်ပဲတူတာ၊ မင်းက ငါ့ထက် ရှစ်လငယ်တယ်" ပြောတော့
"မွေးနှစ်တူရင် အသက်တူတာမို့ အဲလိုပြောလို့ မရဘူးလား" တဲ့။
အဖေကလည်း ဘာမှမပြောတာမို့ ဒီတိုင်းသာလွှတ်ထားလိုက်ရတယ်။
အခုတော့ တွန်းထိုးနေတဲ့ Lily ကို ကောက်ပွေ့ပြီးထွက်သွားတော့ ကလေးက ငိုယိုအော်ဟစ်ပြီး Chain ဆံပင်တွေကိုဆုပ်ကိုင်လို့ ပါသွားလေရဲ့။
Chain တစ်ယောက်က Lily ကိုဆို သိပ်အလိုလိုက်ပြီး အလျှော့ပေးပေါင်းတတ်တာပါ။
ကလေးဆိုတာမျိုးက ဆိုးလို့ရတဲ့သူကိုဆို ဆိုးနေတတ်တာမို့ ကိုယ်ကအလိုမလိုက်တော့ ကိုယ့်နားသိပ်မကပ်။
Chain ကိုတော့ အရုပ်တစ်ရုပ်လိုကို သူလုပ်ချင်ရာလုပ်တတ်တာ။
Chain မျက်နှာမှာ ပေါင်ဒါတွေရိုက်၊ နှုတ်ခမ်းနီဆိုး၊ ဆံပင်ကို ကြက်တောင်စည်းပေးရတာတစ်မျိုး၊ ကျောပေါ်တက်ခွပြီး မြင်းလုပ်ခိုင်းတာကတစ်နည်း၊ ခြံထဲကခွေးတွေနဲ့ နပန်းလုံးခိုင်းတာတစ်ဖုံ (သူက ခြံထဲကခွေးတိုင်းနဲ့ သူငယ်ချင်းဖြစ်နေလို့သာပေါ့)၊ စိတ်တိုလာရင် တုတ်ကောက်ခိုင်းပြီး ကျောကို တဖြန်းဖြန်းရိုက်တာကတစ်သွယ်နဲ့ အမျိုးမျိုးကိုဆိုးပါတယ်။
Chain ကလည်း ခိုင်းသမျှအကုန်လုပ်ပေးတာမို့
အဖေကတောင် Lily ကို တအားမဆိုးဖို့ ချော့မော့ပြောရတဲ့အထိ။
သူက
"မွေးချင်းမရှိခဲ့လို့ Lily ကို ညီမအရင်းလေးတစ်ယောက်လို ချစ်တာရယ်၊ မိန်းကလေးဖြစ်တဲ့ မိတဆိုးကလေးလေးက ကြမ်းကြမ်းတမ်းတမ်း ယောက်ျားတောထဲမှာ နေနေရလို့ သူ့ကိုသနားတာရယ်ကြောင့် အလိုလိုက်တာပါ" တဲ့။
ခွေးဆိုလို့ ... Chain နဲ့ကိုယ်နဲ့အဆင်မပြေရတဲ့ အကြောင်းအရင်းတစ်ခုက ခွေးကြောင့်ပါ။
သူငယ်ချင်းတစ်ယောက်ဆီက Birthday present ရထားတဲ့ Boxer တစ်ကောင်ကို ကိုယ်သဘောကျလို့မွေးထားပြီး ပျင်းတဲ့အခါ ခြံထဲမှာ အတူဆော့လေ့ရှိတယ်။
အဲဒီညနေက သူက ခြံနောက်မှာ Doberman တွေကိုအစာကျွေးပြီး လှောင်အိမ်တံခါးတွေကို သေချာလိုက်စစ်နေတုန်း အသစ်ရောက်လာတဲ့တစ်ကောင်က ခြံဘေးမှာဆော့နေတဲ့ Boxer ရဲ့အသံကိုကြားပြီး အတင်းပြေးထွက်လာပါတယ်။ ကိုယ်က သူတို့နှစ်ကောင်ကြားရောက်နေတော့ ကိုယ့်ကိုခုန်အုပ်ဖို့လုပ်တဲ့ကောင်ကို ကိုယ့်ခွေးက သခင်ကိုထိတော့ ဝင်လုံးပါလေရော။ နောက်ကပြေးလိုက်လာတဲ့ Chain က ကိုယ့်ကိုခုန်အုပ်မှာကိုမြင်တော့ အသံတွေကြောင့်အပြေးရောက်လာတဲ့ ဂိုဏ်းသားတစ်ယောက်ရဲ့ ခါးကသေနတ်ကို ဆွဲယူပြီး ခွေးကို နှစ်ချက်ဆင့်ပစ်လိုက်တယ်။ တစ်ချက်က Doberman ရဲ့ခေါင်းကိုထိပြီး တစ်ချက်ကတော့ သခင်ကိုဝင်ကာကွယ်တဲ့ Boxer လေးကို ဗိုက်ပွင့်သွားစေခဲ့တယ်။
အဲဒီမှာ ကိုယ်နဲ့သူနဲ့ ငြိတော့တာပါပဲ။
ကိုယ့်ကိုထိမှာကြောက်လို့ ကိုယ့်နားမှာလုံးထွေးနေတဲ့ခွေးတွေကို ဘယ်သူမှမပစ်ရဲပေမဲ့ ဂိုဏ်းထဲရောက်တာ နှစ်နှစ်ပဲရှိသေးတဲ့ ဆယ့်လေးနှစ်သား Chain က လက်တည့်တည့်နဲ့ပစ်လိုက်တာကို အဖေသိသွားတော့ ချီးကျူးခဲ့တယ်။
ကိုယ်ကတော့ ကိုယ့်ခွေးကို ရှေ့မှာတင်ပစ်သတ်ခဲ့တဲ့သူ့ကို စိတ်တွေတိုပြီး ခွေးလည်ပင်းက Leather leash နဲ့ စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။
"ငါက အစ်ကိုလေးရဲ့ခွေးကိုပစ်ဖို့ မရည်ရွယ်ပါဘူး။ အစ်ကိုလေးကို ခုန်အုပ်လိုက်တာမြင်လို့ စိတ်ချရအောင် နှစ်ချက်ဆက်ပစ်လိုက်မိတာမှာ ရုတ်တရက်ဝင်လုံးတဲ့ Boxer ကို ထိသွားတာပါ" ဆိုတဲ့ သူ့ဖြေရှင်းချက်ကို ကိုယ်လုံးဝနားမဝင်ခဲ့ပါဘူး။
ကိုယ့်ဒေါသကိုငြိမ်ခံနေတဲ့ သူ့ကို ပွဲကြမ်းခဲ့တုန်းက ကိုယ်တွေငယ်သေးတာပဲ။
ကိုယ်ဆိုသည်မှာလည်း Chain ကို ဘယ်တုန်းကမှ အမြင်မကြည်ခဲ့တာ ရေစက်ဆိုးတစ်ခုလိုမျိုး။
■■■■■ Part VI ဆက်ရန် ■■■■■

Коментарі