1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
7. Baby
ေန႔လယ္စာစားဖို႔ Lock ေအာက္ထပ္ဆင္းလာေတာ့ Chain က ဧည့္ခန္းထဲမွာ Laptop တစ္လံုးနဲ႔အလုပ္မ်ားေနရာက လွမ္းၾကည့္လာၿပီး

"ထမင္းစားေတာ့မွာလား။ ခဏေလးေစာင့္၊ ဟင္းေတြျပန္ေႏႊးေပးမယ္ေလ။"

Lock ဘာမွျပန္မေျပာဘဲ ထမင္းစားစားပြဲမွာဝင္ထိုင္ေတာ့ Chain က ဟင္းေတြျပန္ေႏႊးေနရင္း

"Garuda နဲ႔စာခ်ဳပ္မယ့္ကိစၥ ဖ်က္လိုက္ၿပီ Baby."

"အဲဒီေတာ့ ..."

ေႏႊးၿပီးတဲ့ဟင္းခြက္ေတြကို စားပြဲေပၚခ်ေပးရင္း

"အသိေပးတာပါ။"

"အင္း"

"Leo ဘက္ကလည္း သူတို႔နဲ႔ Garuda ၾကားကကိစၥေတြ ရပ္ထားတယ္။"

"အင္း"

"Garuda နဲ႔ကိစၥအားလံုးျပတ္မွ Leo နဲ႔သီးသန္႔စာခ်ဳပ္ေတြ ျပန္လုပ္ျဖစ္မယ္။"

"အင္း"

ျပင္ေပးတဲ့ထမင္း၊ ဟင္းကို စားရင္ 'အင္း' တစ္လံုးသာ ျပန္ေျဖလာတာမို႔

"Baby ဘာျဖစ္လို႔လဲ။"

"ဘာျဖစ္ေနလို႔လဲ။"

"ကိုယ္က အလုပ္ကိစၥေတြကို Baby သိေအာင္ ..."

"ငါ့ကိုျပန္လႊတ္ေပးလိုက္ေလ။ အဲဒါဆို ငါသိရၿပီေပါ့။"

"Garuda ဘက္က အေျခအေနၿငိမ္သြားရင္ Spectrum ကိုျပန္ၾကမယ္ေလ။ အခုက Baby ကိုပစ္မွတ္ထားလာမွာမို႔ ဒီေနရာမွာ အႏၲရာယ္ကင္းတဲ့အထိ ခဏေနေပးပါ။"

ထမင္းစားေနရာက ေမာ့ၾကည့္လာၿပီး

"ငါက Spectrum နဲ႔ သက္ဆိုင္ေနေသးတာလား။ မသိပါဘူး၊ ေခါင္းေဆာင္ေနရာက ေျပာင္းသြားၿပီလားလို႔ပါ။"

ေျပာၿပီး ခပ္တည္တည္ပဲ ထမင္းဆက္စားေနျပန္တယ္။

"ဘယ္လိုေျပာလိုက္တာလဲ။ ကိုယ္အခုလုပ္ေနတာေတြက Baby နဲ႔ Spectrum အႏၲရာယ္ကင္းဖို႔ေလ။"

"ငါသေဘာမတူတဲ့ကိစၥကို မင္းဘာသာဆံုးျဖတ္ၿပီးလုပ္တယ္။ ငါ့ကို ဘာမွမရွင္းျပဘဲ ေခၚထုတ္လာၿပီး မင္းအစီအစဥ္ေတြဆက္လုပ္တယ္။ ၿပီးေတာ့ Spectrum ကိုျပန္ၾကမယ္ဆိုေတာ့ ငါက Spectrum နဲ႔ ဘယ္လိုပတ္သက္ေသးလဲလို႔ သိခ်င္႐ံုပါ။"

"Baby က ေခါင္းေဆာင္ေလ။"

စားေနတဲ့ဇြန္းကိုအသာခ်၊ ေရေသာက္၊ ပါးစပ္သုတ္၊ လက္ႏွစ္ဖက္ယွက္ၿပီး ေမးကိုေထာက္လို႔ Chain မ်က္လံုးကိုစိုက္ၾကည့္မိေတာ့

"ဆက္စားဦးေလ၊ ထမင္းနည္းနည္းေလးပဲ ဝင္ေသးတာကို။"

"ငါက Spectrum ကို ေခါင္းေဆာင္အေနနဲ႔ျပန္ေရာက္ရင္ မင္း အေကာင္းအတိုင္းရွိေနမယ္ထင္သလား။"

"ဪ ... ဒါက Baby စိတ္ႀကိဳက္ဆံုးျဖတ္ပါ။ တစ္ခုပဲသိထားေပး၊ ကိုယ္ေသရင္ေတာင္ ဝိညာဥ္က Spectrum မွာပဲရွိေနမွာ။"

"ဆိုေတာ့ ... မင္းကိုသတ္ေပးရမွာလား။"

ေျပာၿပီး Chain ထိုင္ေနတဲ့ထိုင္ခံုနားေလၽွာက္လာကာ ဆံပင္ကေနေဆာင့္ဆြဲလို႔ ေခါင္းေမာ့ေစလိုက္တယ္။ Chain က Lock မ်က္လံုးေတြထဲစိုက္ၾကည့္ၿပီး

"Baby သေဘာပဲလို႔ ကိုယ္ေျပာၿပီးၿပီပဲ။"

"မင္းစကား မင္းမွတ္ထား။"

Lock ကလႊတ္ေပးလိုက္ေတာ့

"ဟုတ္ကဲ့ပါ။ အခုေတာ့ ထမင္းဆက္စားေနာ္။ ကိုယ္ဧည့္ခန္းမွာရွိေနမယ္။"

မ်က္စိေရွ႕ျမင္ေနရင္ ေဒါသထြက္ေနမွာစိုးတာမို႔ ေရွာင္ေပးဖို႔ျပင္ေပမဲ့

"မသြားရဘူး။ Hepius ယူလာတဲ့အထဲ ကင္းမြန္ေတြ႕တယ္။ အစပ္ေၾကာ္ေပး။"

"ကင္းမြန္အစပ္ေၾကာ္လား။"

"အင္း"

"Ok. Baby ဧည့္ခန္းထဲကေစာင့္၊ င႐ုတ္သီးေညႇာ္နံ႔နဲ႔ဆို ေခ်ာင္းေတြဆိုးကုန္လိမ့္မယ္။"

Lock ဧည့္ခန္းဘက္ထြက္သြားတာကို Chain ေငးၾကည့္ေနမိၿပီး တစ္ခ်က္ျပံဳးလိုက္တယ္။ Chain ဒဏ္ရာေၾကာင့္ သက္သက္မဲ့အေညႇာ္လုပ္ခိုင္းတာမွန္း သိေနေပမဲ့ ဒီလူဆိုးေခါင္းေဆာင္ေလးကို မျငင္းႏိုင္မွေတာ့ .............

"ရၿပီ Baby ေရ၊ လာစားေတာ့ေနာ္။"

Lock က စားပြဲမွာျပန္လာထိုင္ကာ Chain အသစ္ခူးေပးထားတဲ့ ထမင္းပန္းကန္ကို ေသခ်ာၾကည့္ၿပီး

"ဘာႀကီးလဲ။"

"ဒယ္အိုးထဲ ထည့္နယ္ထားတာေလ။"

အဲဒါ Lock အႀကိဳက္။ Chain ခ်က္တဲ့ ကင္းမြန္အစပ္ေၾကာ္ကို Lily ကသိပ္ႀကိဳက္သလို၊ ဟင္းေတြခပ္ၿပီးက်န္တဲ့အႏွစ္ကို ထမင္းနဲ႔နယ္ထားတာကို Lock သိပ္ႀကိဳက္တာ သူတို႔ငယ္ငယ္ကတည္းက။
ေညႇာ္မိတာနဲ႔တန္ေအာင္ သူ႔ Baby ထမင္းမ်ားမ်ားစားျဖစ္ဖို႔ အႀကီးႀကီးၾကံလိုက္ပါေသာ Chain.

Lock တစ္ေယာက္ကေတာ့ စိတ္ႀကိဳက္စားေသာက္ၿပီး ဧည့္ခန္းမွာသြားထိုင္ေနေလရဲ႕။
ပန္းကန္ေတြေဆးေၾကာသိမ္းဆည္းၿပီး Chain ထြက္လာေတာ့ Lock က တီဗြီဖြင့္ၿပီး သစ္သီးပန္းကန္နဲ႔ၿငိမ့္လို႔။
Chain ဆိုတာ Lock မ်က္ႏွာ တစ္ကမ႓ာလုပ္ေနတာမို႔ ေနရာကြက္ၿပီးအျပံဳးသည္းလို႔ေနၿပီ။

ေဘးဘက္ကဆိုဖာမွာဝင္ထိုင္ၿပီး Laptop ဖြင့္၊ အလုပ္လုပ္ခ်င္ေယာင္ေဆာင္လို႔ Lock ကို ခိုးၾကည့္ေနပါေသာ Chain ႏွင့္ အသီးစားရင္း Action movie ၾကည့္ေနပါေသာ သူ၏ Baby တို႔ အနီးတဝိုက္ .......
အၾကည့္တစ္ခ်က္တြင္ ႏွလံုးသားေလး အႀကိမ္(၁၅၀၀) ခုန္ေနပါေၾကာင္း။
.
.
.
.
.
ဒီလဝက္ေလာက္မွာ Baby ကို အခုမွ သာသာယာယာျမင္ေတြ႕ရတာမို႔ ကိုယ္ေငးေနမိတာ။ အရင္တစ္ပတ္ကတည္းက Baby ေသာင္းက်န္းေနတာနဲ႔ ကိုယ့္မွာလည္း ဒဏ္ရာအထပ္ထပ္။
ျပႆနာက Garuda သမီးေတာ္ရဲ႕ ေမြးေန႔ပြဲက စခဲ့တာ။

¤¤¤

Last two weeks ago

Philippine ေသြးတစ္ဝက္ေႏွာတဲ့ Garuda Princess ေလး Maria ရဲ႕ ဆယ့္ရွစ္ႏွစ္ျပည့္တဲ့ေမြးေန႔မွာ Lock ကို Special guest အေနနဲ႔ဖိတ္ၿပီး Maria ရဲ႕ Escort အေနနဲ႔ပါ ပြဲတက္ေပးဖို႔ကမ္းလွမ္းလာပါတယ္။
လတ္တေလာမွာ Spectrum, Leo & Garuda က လုပ္ငန္းတစ္ခုအတြက္ ပူးေပါင္းဖို႔ရွိေနတာမို႔ Lock က ပြဲတက္ဖို႔လက္ခံခဲ့ေပမဲ့ Chain က တားခဲ့တယ္။
Garuda မွာ အၾကံအစည္တစ္ခုရွိေနလို႔ Lock ကိုထိခိုက္ႏိုင္တဲ့အတြက္ ပြဲမတက္ဖို႔ေျပာေပမဲ့ သက္ေသမရွိတာမို႔တားမရခဲ့ဘဲ ပြဲတက္ဖို႔ျဖစ္လာခဲ့တယ္။

"အစ္ကိုေလး၊ အစားအေသာက္ေတြကို သတိထားေပးပါ။ ျဖစ္ႏိုင္ရင္ ဘာမွမစားမိပါေစနဲ႔ေနာ္။"

ပြဲမစခင္ကတည္းက မွာေနတာမို႔ Lock ေခါင္းသာညိတ္ျပလိုက္တယ္။
Lock အပိုင္းၿပီးေတာ့ ေခါင္းမၾကည္လို႔ toilet ထဲဝင္ၿပီး လက္ထိုးအန္လိုက္တယ္။ သူခဏထိုင္ေနတုန္းမွာ ဘယ္သူမွ သန္႔စင္ခန္းထဲဝင္မလာခဲ့။
ျပန္ထြက္လာလို႔ အဝမွာရပ္ၾကည့္ေနတဲ့ Chain နဲ႔ သူ႔တို႔လူေတြကိုေတြ႕မွ ဘယ္သူမွမဝင္ေအာင္တားထားမွန္း သိလိုက္ရတယ္။

"အဆင္ေျပရဲ႕လား အစ္ကိုေလး။"

"ေျပတယ္။ ဘာထူးလို႔လဲ။"

"ဘာမွမထူးဘဲ အရမ္းၿငိမ္ေနတယ္။ အေျခအေနက သေဘာက်စရာမရွိဘူး။"

အဲဒီအခ်ိန္ Chain နားကို ဂိုဏ္းသားတစ္ေယာက္ကပ္လာၿပီး ခပ္တိုးတိုးေျပာသြားတယ္။

"Maria က အစ္ကိုေလးကို ရွာေနတယ္တဲ့။"

"အင္း၊ သြားရေအာင္။"

"အစ္ကိုေလး ခဏ။"

"..................."

"ဘာမွမေသာက္ပါနဲ႔ေနာ္။"

ခုနက ဝိုင္နည္းနည္းဝင္တာေတာင္ လူကအဆင္မေျပတာ တကယ္ကို ဂဠဳန္ႀကီးတစ္ခုခုၾကံေနပံုမို႔

"ငါသိတယ္။"

သူတို႔ party ထဲျပန္ေရာက္ေတာ့

"အစ္ကို၊ ဘယ္ေပ်ာက္သြားတာလဲ။ Maria က လိုက္ရွာေနတာ။"

"အေနာက္ဘက္ခဏသြားတာပါ။"

"ဟုတ္။ ဒီမွာအစ္ကို႔အတြက္၊ ေသာက္လိုက္ပါဦး။ ၿပီးရင္ Maria သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္လို႔။ သူတို႔ကေမးေနလို႔ေလ၊ ဆံပင္ရွည္ရွည္နဲ႔ နင့္ Escort က အရမ္းမိုက္တာပဲတဲ့။ မိတ္ဆက္ေပးပါတဲ့။"

အျပံဳးခ်ိဳခ်ိဳေလးနဲ႔ Maria ေလးဟာ သိပ္ခ်စ္ဖို႔ေကာင္းေနတယ္။

"မေသာက္ေတာ့ဘူး Maria, ကိုယ္ေဆးေသာက္ထားလို႔ alcohol နဲ႔မျဖစ္ဘူး။"

"ေနမေကာင္းဘူးလား။ ဒါဆို Maria အတြက္ယူလာတဲ့အခ်ိဳရည္ကို ေသာက္လိုက္ေနာ္။ အခုမွအသစ္ထည့္လာတာ။"

"အာ ... အဲဒါက ..."

"မရျပန္ဘူးလား။ အခ်ိဳရည္ပဲကို။"

အရမ္းျငင္းေနရင္ ႐ိုင္းရာက်မွာစိုးလို႔ ယူမယ္လုပ္ေတာ့ အနားကိုခ်က္ခ်င္းေရာက္လာတဲ့ Chain က

"ကၽြန္ေတာ္တို႔ေခါင္းေဆာင္က ေနသိပ္မေကာင္းလို႔ပါ။"

သူက ၾကားျဖတ္ယူလိုက္ၿပီး ေျပာတာမို႔ Lock ကလွမ္းၾကည့္တယ္။

"ျပန္ရေအာင္ေလ ေခါင္းေဆာင္"

"ဟင္၊ ျပန္ၾကေတာ့မွာလား။ ပြဲအစီအစဥ္က မၿပီးေသးဘူးေလ။ အစ္ကို Maria နဲ႔ ရွိေနေပးရဦးမွာ။"

"Sorry, Maria. ကၽြန္ေတာ္တို႔ ျပန္မွျဖစ္မွာမို႔ပါ။"

"ကာယကံရွင္က ဘာမွမေျပာတာကို ဒုေခါင္းေဆာင္က ဘာေတြစိတ္ပူေနတာလဲရွင္။"

Lock ေခါင္းထဲ မၾကည္လင္မႈအျပင္ သူတို႔စကားႏိုင္လုေနတာကို စိတ္႐ႈပ္လာတာမို႔

"Chain ငါ ခဏေနဦးမယ္။"

"ဒါဆို လာေလ၊ အစ္ကို။"

Maria က Chain ကို ေအာင္ႏိုင္သူအျပံဳးနဲ႔ၾကည့္ကာ Lock လက္ကိုလွမ္းခ်ိတ္လိုက္တယ္။
ဒါေပမဲ့ Chain က ျဖတ္တားလိုက္ၿပီး Lock ကို သူ႔ဘက္ဆြဲကာ

"ျပန္ရေအာင္။"

"ရွင္ကဘယ္အဆင့္မို႔ ဝင္ပါေနတာလဲ။"

Lock ကလည္း ႐ုန္းေနတာမို႔ ပခံုးကေနဆြဲဖက္လိုက္ၿပီး

"ၿငိမ္ၿငိမ္ေနပါ Baby ရယ္။ ေနေကာင္းတာလည္းမဟုတ္ဘဲနဲ႔။"

"ဘာ"

"ဘယ္လို ..."

Lock နဲ႔ Maria ရဲ႕ အာေမဋိတ္သံေတြကို လ်စ္လ်ဴ႐ႈလို႔

"ကိုယ္ဘယ္အဆင့္လဲ သိေလာက္ပါၿပီေနာ္ Maria, ခြင့္ျပဳပါဦး။ ကိုယ့္ Baby က ေနသိပ္ေကာင္းတာမဟုတ္လို႔ ျပန္ေခၚသြားရေတာ့မယ္။"

အံ့ဩေနၾကတာကို အခြင့္ေကာင္းယူၿပီး Lock ကို လက္ဆြဲထြက္လာၿပီး ခပ္လွမ္းလွမ္းေရာက္မွ

"လႊတ္စမ္း"

"ေပြ႕ေခၚရမလား။ အခု အားနည္းေနသလို ခံစားရတယ္မဟုတ္လား။"

Lock မျငင္းႏိုင္ေတာ့ဘဲ ေနာက္ကပါလာရတယ္။ ကားေပၚေရာက္ေတာ့ အဖြဲ႕သားေတြကိုမွာစရာရွိတာမွာၿပီး ႏွစ္ေယာက္တည္း ကားတစ္စီးနဲ႔ထြက္လာခဲ့တယ္။

"ဒီေဆးေသာက္လိုက္ေနာ္။"

Chain ေပးတဲ့ေဆးကိုေသာက္ၿပီးတာေတာင္ လူကမဟန္ႏိုင္ဘဲ အိပ္ေပ်ာ္သြားတယ္။
ျပန္ႏိုးေတာ့ Lock ရဲ႕ အခန္းမွာမဟုတ္။ ေသခ်ာၾကည့္ေတာ့မွ အပန္းေျဖေနက် Starry house ေလးမွာ။
အိမ္ေလးက ျခံက်ယ္က်ယ္ရဲ႕အလယ္မွာ။ ေနာက္ဘက္တစ္ျခမ္းက မွန္ေတြနဲ႔ပဲကာထားၿပီး ေခါင္မိုးကအရွင္မို႔ အေပၚေခါင္မိုးကိုဖြင့္လိုက္ရင္ မွန္ေတြမိုးထားတာကိုျဖတ္ၿပီး ေကာင္းကင္ကို ရွင္းရွင္းလင္းလင္းျမင္ေနရတာမ်ိဳး။
Lock စိတ္ႀကိဳက္ Design ဆြဲထားတဲ့ အိမ္ေလး။
ေနရာရွာၿပီး Lock မသိေအာင္ေဆာက္ေပးခဲ့တာက အေဖပါ။
အေဖ့ကိုသိပ္သတိရတာပဲ။

"သတိရၿပီလား။ လန္းသြားေအာင္ ပ်ားသံပရာေသာက္လိုက္ပါဦး။"

ေမာ့ေသာက္ပစ္လိုက္ၿပီးမွ

"Party ကကိစၥ ငါ့ကိုအခုရွင္းစမ္း။"

■■■■■ PartVIII ဆက္ရန္ ■■■■■


နေ့လယ်စာစားဖို့ Lock အောက်ထပ်ဆင်းလာတော့ Chain က ဧည့်ခန်းထဲမှာ Laptop တစ်လုံးနဲ့အလုပ်များနေရာက လှမ်းကြည့်လာပြီး

"ထမင်းစားတော့မှာလား။ ခဏလေးစောင့်၊ ဟင်းတွေပြန်နွှေးပေးမယ်လေ။"

Lock ဘာမှပြန်မပြောဘဲ ထမင်းစားစားပွဲမှာဝင်ထိုင်တော့ Chain က ဟင်းတွေပြန်နွှေးနေရင်း

"Garuda နဲ့စာချုပ်မယ့်ကိစ္စ ဖျက်လိုက်ပြီ Baby."

"အဲဒီတော့ ..."

နွှေးပြီးတဲ့ဟင်းခွက်တွေကို စားပွဲပေါ်ချပေးရင်း

"အသိပေးတာပါ။"

"အင်း"

"Leo ဘက်ကလည်း သူတို့နဲ့ Garuda ကြားကကိစ္စတွေ ရပ်ထားတယ်။"

"အင်း"

"Garuda နဲ့ကိစ္စအားလုံးပြတ်မှ Leo နဲ့သီးသန့်စာချုပ်တွေ ပြန်လုပ်ဖြစ်မယ်။"

"အင်း"

ပြင်ပေးတဲ့ထမင်း၊ ဟင်းကို စားရင် 'အင်း' တစ်လုံးသာ ပြန်ဖြေလာတာမို့

"Baby ဘာဖြစ်လို့လဲ။"

"ဘာဖြစ်နေလို့လဲ။"

"ကိုယ်က အလုပ်ကိစ္စတွေကို Baby သိအောင် ..."

"ငါ့ကိုပြန်လွှတ်ပေးလိုက်လေ။ အဲဒါဆို ငါသိရပြီပေါ့။"

"Garuda ဘက်က အခြေအနေငြိမ်သွားရင် Spectrum ကိုပြန်ကြမယ်လေ။ အခုက Baby ကိုပစ်မှတ်ထားလာမှာမို့ ဒီနေရာမှာ အန္တရာယ်ကင်းတဲ့အထိ ခဏနေပေးပါ။"

ထမင်းစားနေရာက မော့ကြည့်လာပြီး

"ငါက Spectrum နဲ့ သက်ဆိုင်နေသေးတာလား။ မသိပါဘူး၊ ခေါင်းဆောင်နေရာက ပြောင်းသွားပြီလားလို့ပါ။"

ပြောပြီး ခပ်တည်တည်ပဲ ထမင်းဆက်စားနေပြန်တယ်။

"ဘယ်လိုပြောလိုက်တာလဲ။ ကိုယ်အခုလုပ်နေတာတွေက Baby နဲ့ Spectrum အန္တရာယ်ကင်းဖို့လေ။"

"ငါသဘောမတူတဲ့ကိစ္စကို မင်းဘာသာဆုံးဖြတ်ပြီးလုပ်တယ်။ ငါ့ကို ဘာမှမရှင်းပြဘဲ ခေါ်ထုတ်လာပြီး မင်းအစီအစဉ်တွေဆက်လုပ်တယ်။ ပြီးတော့ Spectrum ကိုပြန်ကြမယ်ဆိုတော့ ငါက Spectrum နဲ့ ဘယ်လိုပတ်သက်သေးလဲလို့ သိချင်ရုံပါ။"

"Baby က ခေါင်းဆောင်လေ။"

စားနေတဲ့ဇွန်းကိုအသာချ၊ ရေသောက်၊ ပါးစပ်သုတ်၊ လက်နှစ်ဖက်ယှက်ပြီး မေးကိုထောက်လို့ Chain မျက်လုံးကိုစိုက်ကြည့်မိတော့

"ဆက်စားဦးလေ၊ ထမင်းနည်းနည်းလေးပဲ ဝင်သေးတာကို။"

"ငါက Spectrum ကို ခေါင်းဆောင်အနေနဲ့ပြန်ရောက်ရင် မင်း အကောင်းအတိုင်းရှိနေမယ်ထင်သလား။"

"ဪ ... ဒါက Baby စိတ်ကြိုက်ဆုံးဖြတ်ပါ။ တစ်ခုပဲသိထားပေး၊ ကိုယ်သေရင်တောင် ဝိညာဉ်က Spectrum မှာပဲရှိနေမှာ။"

"ဆိုတော့ ... မင်းကိုသတ်ပေးရမှာလား။"

ပြောပြီး Chain ထိုင်နေတဲ့ထိုင်ခုံနားလျှောက်လာကာ ဆံပင်ကနေဆောင့်ဆွဲလို့ ခေါင်းမော့စေလိုက်တယ်။ Chain က Lock မျက်လုံးတွေထဲစိုက်ကြည့်ပြီး

"Baby သဘောပဲလို့ ကိုယ်ပြောပြီးပြီပဲ။"

"မင်းစကား မင်းမှတ်ထား။"

Lock ကလွှတ်ပေးလိုက်တော့

"ဟုတ်ကဲ့ပါ။ အခုတော့ ထမင်းဆက်စားနော်။ ကိုယ်ဧည့်ခန်းမှာရှိနေမယ်။"

မျက်စိရှေ့မြင်နေရင် ဒေါသထွက်နေမှာစိုးတာမို့ ရှောင်ပေးဖို့ပြင်ပေမဲ့

"မသွားရဘူး။ Hepius ယူလာတဲ့အထဲ ကင်းမွန်တွေ့တယ်။ အစပ်ကြော်ပေး။"

"ကင်းမွန်အစပ်ကြော်လား။"

"အင်း"

"Ok. Baby ဧည့်ခန်းထဲကစောင့်၊ ငရုတ်သီးညှော်နံ့နဲ့ဆို ချောင်းတွေဆိုးကုန်လိမ့်မယ်။"

Lock ဧည့်ခန်းဘက်ထွက်သွားတာကို Chain ငေးကြည့်နေမိပြီး တစ်ချက်ပြုံးလိုက်တယ်။ Chain ဒဏ်ရာကြောင့် သက်သက်မဲ့အညှော်လုပ်ခိုင်းတာမှန်း သိနေပေမဲ့ ဒီလူဆိုးခေါင်းဆောင်လေးကို မငြင်းနိုင်မှတော့ .............

"ရပြီ Baby ရေ၊ လာစားတော့နော်။"

Lock က စားပွဲမှာပြန်လာထိုင်ကာ Chain အသစ်ခူးပေးထားတဲ့ ထမင်းပန်းကန်ကို သေချာကြည့်ပြီး

"ဘာကြီးလဲ။"

"ဒယ်အိုးထဲ ထည့်နယ်ထားတာလေ။"

အဲဒါ Lock အကြိုက်။ Chain ချက်တဲ့ ကင်းမွန်အစပ်ကြော်ကို Lily ကသိပ်ကြိုက်သလို၊ ဟင်းတွေခပ်ပြီးကျန်တဲ့အနှစ်ကို ထမင်းနဲ့နယ်ထားတာကို Lock သိပ်ကြိုက်တာ သူတို့ငယ်ငယ်ကတည်းက။
ညှော်မိတာနဲ့တန်အောင် သူ့ Baby ထမင်းများများစားဖြစ်ဖို့ အကြီးကြီးကြံလိုက်ပါသော Chain.

Lock တစ်ယောက်ကတော့ စိတ်ကြိုက်စားသောက်ပြီး ဧည့်ခန်းမှာသွားထိုင်နေလေရဲ့။
ပန်းကန်တွေဆေးကြောသိမ်းဆည်းပြီး Chain ထွက်လာတော့ Lock က တီဗွီဖွင့်ပြီး သစ်သီးပန်းကန်နဲ့ငြိမ့်လို့။
Chain ဆိုတာ Lock မျက်နှာ တစ်ကမ္ဘာလုပ်နေတာမို့ နေရာကွက်ပြီးအပြုံးသည်းလို့နေပြီ။

ဘေးဘက်ကဆိုဖာမှာဝင်ထိုင်ပြီး Laptop ဖွင့်၊ အလုပ်လုပ်ချင်ယောင်ဆောင်လို့ Lock ကို ခိုးကြည့်နေပါသော Chain နှင့် အသီးစားရင်း Action movie ကြည့်နေပါသော သူ၏ Baby တို့ အနီးတဝိုက် .......
အကြည့်တစ်ချက်တွင် နှလုံးသားလေး အကြိမ်(၁၅၀၀) ခုန်နေပါကြောင်း။
.
.
.
.
.
ဒီလဝက်လောက်မှာ Baby ကို အခုမှ သာသာယာယာမြင်တွေ့ရတာမို့ ကိုယ်ငေးနေမိတာ။ အရင်တစ်ပတ်ကတည်းက Baby သောင်းကျန်းနေတာနဲ့ ကိုယ့်မှာလည်း ဒဏ်ရာအထပ်ထပ်။
ပြဿနာက Garuda သမီးတော်ရဲ့ မွေးနေ့ပွဲက စခဲ့တာ။

¤¤¤

Last two weeks ago

Philippine သွေးတစ်ဝက်နှောတဲ့ Garuda Princess လေး Maria ရဲ့ ဆယ့်ရှစ်နှစ်ပြည့်တဲ့မွေးနေ့မှာ Lock ကို Special guest အနေနဲ့ဖိတ်ပြီး Maria ရဲ့ Escort အနေနဲ့ပါ ပွဲတက်ပေးဖို့ကမ်းလှမ်းလာပါတယ်။
လတ်တလောမှာ Spectrum, Leo & Garuda က လုပ်ငန်းတစ်ခုအတွက် ပူးပေါင်းဖို့ရှိနေတာမို့ Lock က ပွဲတက်ဖို့လက်ခံခဲ့ပေမဲ့ Chain က တားခဲ့တယ်။
Garuda မှာ အကြံအစည်တစ်ခုရှိနေလို့ Lock ကိုထိခိုက်နိုင်တဲ့အတွက် ပွဲမတက်ဖို့ပြောပေမဲ့ သက်သေမရှိတာမို့တားမရခဲ့ဘဲ ပွဲတက်ဖို့ဖြစ်လာခဲ့တယ်။

"အစ်ကိုလေး၊ အစားအသောက်တွေကို သတိထားပေးပါ။ ဖြစ်နိုင်ရင် ဘာမှမစားမိပါစေနဲ့နော်။"

ပွဲမစခင်ကတည်းက မှာနေတာမို့ Lock ခေါင်းသာညိတ်ပြလိုက်တယ်။
Lock အပိုင်းပြီးတော့ ခေါင်းမကြည်လို့ toilet ထဲဝင်ပြီး လက်ထိုးအန်လိုက်တယ်။ သူခဏထိုင်နေတုန်းမှာ ဘယ်သူမှ သန့်စင်ခန်းထဲဝင်မလာခဲ့။
ပြန်ထွက်လာလို့ အဝမှာရပ်ကြည့်နေတဲ့ Chain နဲ့ သူ့တို့လူတွေကိုတွေ့မှ ဘယ်သူမှမဝင်အောင်တားထားမှန်း သိလိုက်ရတယ်။

"အဆင်ပြေရဲ့လား အစ်ကိုလေး။"

"ပြေတယ်။ ဘာထူးလို့လဲ။"

"ဘာမှမထူးဘဲ အရမ်းငြိမ်နေတယ်။ အခြေအနေက သဘောကျစရာမရှိဘူး။"

အဲဒီအချိန် Chain နားကို ဂိုဏ်းသားတစ်ယောက်ကပ်လာပြီး ခပ်တိုးတိုးပြောသွားတယ်။

"Maria က အစ်ကိုလေးကို ရှာနေတယ်တဲ့။"

"အင်း၊ သွားရအောင်။"

"အစ်ကိုလေး ခဏ။"

"..................."

"ဘာမှမသောက်ပါနဲ့နော်။"

ခုနက ဝိုင်နည်းနည်းဝင်တာတောင် လူကအဆင်မပြေတာ တကယ်ကို ဂဠုန်ကြီးတစ်ခုခုကြံနေပုံမို့

"ငါသိတယ်။"

သူတို့ party ထဲပြန်ရောက်တော့

"အစ်ကို၊ ဘယ်ပျောက်သွားတာလဲ။ Maria က လိုက်ရှာနေတာ။"

"အနောက်ဘက်ခဏသွားတာပါ။"

"ဟုတ်။ ဒီမှာအစ်ကို့အတွက်၊ သောက်လိုက်ပါဦး။ ပြီးရင် Maria သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့။ သူတို့ကမေးနေလို့လေ၊ ဆံပင်ရှည်ရှည်နဲ့ နင့် Escort က အရမ်းမိုက်တာပဲတဲ့။ မိတ်ဆက်ပေးပါတဲ့။"

အပြုံးချိုချိုလေးနဲ့ Maria လေးဟာ သိပ်ချစ်ဖို့ကောင်းနေတယ်။

"မသောက်တော့ဘူး Maria, ကိုယ်ဆေးသောက်ထားလို့ alcohol နဲ့မဖြစ်ဘူး။"

"နေမကောင်းဘူးလား။ ဒါဆို Maria အတွက်ယူလာတဲ့အချိုရည်ကို သောက်လိုက်နော်။ အခုမှအသစ်ထည့်လာတာ။"

"အာ ... အဲဒါက ..."

"မရပြန်ဘူးလား။ အချိုရည်ပဲကို။"

အရမ်းငြင်းနေရင် ရိုင်းရာကျမှာစိုးလို့ ယူမယ်လုပ်တော့ အနားကိုချက်ချင်းရောက်လာတဲ့ Chain က

"ကျွန်တော်တို့ခေါင်းဆောင်က နေသိပ်မကောင်းလို့ပါ။"

သူက ကြားဖြတ်ယူလိုက်ပြီး ပြောတာမို့ Lock ကလှမ်းကြည့်တယ်။

"ပြန်ရအောင်လေ ခေါင်းဆောင်"

"ဟင်၊ ပြန်ကြတော့မှာလား။ ပွဲအစီအစဉ်က မပြီးသေးဘူးလေ။ အစ်ကို Maria နဲ့ ရှိနေပေးရဦးမှာ။"

"Sorry, Maria. ကျွန်တော်တို့ ပြန်မှဖြစ်မှာမို့ပါ။"

"ကာယကံရှင်က ဘာမှမပြောတာကို ဒုခေါင်းဆောင်က ဘာတွေစိတ်ပူနေတာလဲရှင်။"

Lock ခေါင်းထဲ မကြည်လင်မှုအပြင် သူတို့စကားနိုင်လုနေတာကို စိတ်ရှုပ်လာတာမို့

"Chain ငါ ခဏနေဦးမယ်။"

"ဒါဆို လာလေ၊ အစ်ကို။"

Maria က Chain ကို အောင်နိုင်သူအပြုံးနဲ့ကြည့်ကာ Lock လက်ကိုလှမ်းချိတ်လိုက်တယ်။
ဒါပေမဲ့ Chain က ဖြတ်တားလိုက်ပြီး Lock ကို သူ့ဘက်ဆွဲကာ

"ပြန်ရအောင်။"

"ရှင်ကဘယ်အဆင့်မို့ ဝင်ပါနေတာလဲ။"

Lock ကလည်း ရုန်းနေတာမို့ ပခုံးကနေဆွဲဖက်လိုက်ပြီး

"ငြိမ်ငြိမ်နေပါ Baby ရယ်။ နေကောင်းတာလည်းမဟုတ်ဘဲနဲ့။"

"ဘာ"

"ဘယ်လို ..."

Lock နဲ့ Maria ရဲ့ အာမေဋိတ်သံတွေကို လျစ်လျူရှုလို့

"ကိုယ်ဘယ်အဆင့်လဲ သိလောက်ပါပြီနော် Maria, ခွင့်ပြုပါဦး။ ကိုယ့် Baby က နေသိပ်ကောင်းတာမဟုတ်လို့ ပြန်ခေါ်သွားရတော့မယ်။"

အံ့ဩနေကြတာကို အခွင့်ကောင်းယူပြီး Lock ကို လက်ဆွဲထွက်လာပြီး ခပ်လှမ်းလှမ်းရောက်မှ

"လွှတ်စမ်း"

"ပွေ့ခေါ်ရမလား။ အခု အားနည်းနေသလို ခံစားရတယ်မဟုတ်လား။"

Lock မငြင်းနိုင်တော့ဘဲ နောက်ကပါလာရတယ်။ ကားပေါ်ရောက်တော့ အဖွဲ့သားတွေကိုမှာစရာရှိတာမှာပြီး နှစ်ယောက်တည်း ကားတစ်စီးနဲ့ထွက်လာခဲ့တယ်။

"ဒီဆေးသောက်လိုက်နော်။"

Chain ပေးတဲ့ဆေးကိုသောက်ပြီးတာတောင် လူကမဟန်နိုင်ဘဲ အိပ်ပျော်သွားတယ်။
ပြန်နိုးတော့ Lock ရဲ့ အခန်းမှာမဟုတ်။ သေချာကြည့်တော့မှ အပန်းဖြေနေကျ Starry house လေးမှာ။
အိမ်လေးက ခြံကျယ်ကျယ်ရဲ့အလယ်မှာ။ နောက်ဘက်တစ်ခြမ်းက မှန်တွေနဲ့ပဲကာထားပြီး ခေါင်မိုးကအရှင်မို့ အပေါ်ခေါင်မိုးကိုဖွင့်လိုက်ရင် မှန်တွေမိုးထားတာကိုဖြတ်ပြီး ကောင်းကင်ကို ရှင်းရှင်းလင်းလင်းမြင်နေရတာမျိုး။
Lock စိတ်ကြိုက် Design ဆွဲထားတဲ့ အိမ်လေး။
နေရာရှာပြီး Lock မသိအောင်ဆောက်ပေးခဲ့တာက အဖေပါ။
အဖေ့ကိုသိပ်သတိရတာပဲ။

"သတိရပြီလား။ လန်းသွားအောင် ပျားသံပရာသောက်လိုက်ပါဦး။"

မော့သောက်ပစ်လိုက်ပြီးမှ

"Party ကကိစ္စ ငါ့ကိုအခုရှင်းစမ်း။"

■■■■■ PartVIII ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі