1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
8. Cold-blooded
Party မွာ သမီးလုပ္သူကိုငါးစာခ်ၿပီး Lock ကို ပိုက္ကြန္အုပ္ဖမ္းမယ့္ Garuda ရဲ႕အၾကံေတြကို Chain ေျပာျပအၿပီး

"မင္း ေနာက္တစ္ခါ အဲဒီအခ်ိဳးမ်ိဳး ထပ္မလုပ္နဲ႔။"

"Maria ဘာလုပ္မယ္ဆိုတာကို အစ္ကိုေလးေတြးမိမွာပါ။ အဲဒါေၾကာင့္ အျမန္ဆံုးေရွာင္ထြက္လို႔ရမယ့္နည္း သံုးလိုက္တာ။"

"အဟက္၊ ငါက သိသိႀကီးနဲ႔ဇြတ္တိုးေနတယ္လို႔ ေျပာခ်င္တာလား။"

"ငါ အဲဒီလိုမေျပာပါဘူး။ အစ္ကိုေလးဘာသာ ဝန္ခံေနတာဆိုရင္ေတာ့ မသိဘူးေပါ့။"

"ဘာေျပာတယ္။ ဟိတ္ေကာင္၊ ျပန္ေျပာစမ္း။"

Chain ေရွ႕ေရာက္လာၿပီး မီးေတာက္ေနတဲ့မ်က္ဝန္းေတြနဲ႔ ေစ့ေစ့ၾကည့္ကာ ေအာ္လာတာေၾကာင့္

"Garuda နဲ႔ အမ်ိဳးေတာ္ခ်င္ေနတာလား။"

"မင္းေသာက္ပူပါလား။"

Chain ရဲ႕ပါးႏွစ္ဖက္ကို လက္နဲ႔ညႇစ္ကိုင္ၿပီးေမးလာတဲ့ Lock.
Chain က ဘာမွျပန္မေျဖေတာ့ မ်က္ႏွာကိုဆြဲခါၿပီး

"မင္းေျပာစရာအေၾကာင္းမဟုတ္ဘူး။ မင္းသာ အဓိပၸါယ္မရွိတာေတြ ေလၽွာက္မလုပ္နဲ႔။"

Lock က တြန္းလႊတ္လိုက္ေတာ့

"အဓိပၸါယ္မရွိဘူးတဲ့လား။ အဲဒါ ဘာျဖစ္သြားလို႔လဲ။"

Chain ခပ္တိုးတိုးေရရြတ္လိုက္တာကို Lock ၾကားၿပီး

"ဘာျဖစ္သြားလဲ ဟုတ္လား။ ဘာတဲ့၊ Baby က ေနမေကာင္းဘူးဆိုလား။ ရြံစရာေတြ။"

Chain အစမေဖာ္ဖို႔ေတြးထားေပမဲ့ Lock က အဆံုးမသတ္ႏိုင္ေတာ့

"ေနေကာင္းလို႔လား အဲဒီအခ်ိန္က။ Baby ဆိုတာကေရာ ရြံစရာပါလား။"

ဟုတ္တယ္။ အဲဒီ Baby ဆိုတာကို Lock မသိေအာင္ေခၚလာတာ Lock သူ႔ကိုမျမင္ဖူးခင္ကတည္းကပဲ။
ဒါကို ရြံစရာေတြလို႔ေျပာလာေတာ့ Chain ၿငိမ္မေနႏိုင္ေတာ့ပါ။

"ေတာ္စမ္း၊ အဲ့ဒီအေခၚအေဝၚ ေနာက္ထပ္ထြက္မလာနဲ႔။"

Chain အရြဲ႕တိုက္ခ်င္လာတယ္။

"ဘာလို႔လဲ Baby?"

"မင္း ....."

ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္ အၾကည့္ခ်င္းစစ္တိုက္ၾကၿပီး

"မင္း ငါ့ကိုအရြဲ႕မတိုက္နဲ႔ Chain."

"ကိုယ္ အရြဲ႕တိုက္ေနတာမဟုတ္ဘူး Ba...by."

*ခြပ္*

Chain မ်က္ႏွာလည္ထြက္သြားေပမဲ့ ခ်က္ခ်င္းေရွ႕ျပန္လွည့္လာတယ္။

"အေၾကာမတင္းနဲ႔။ မင္းေသာက္ခ်ိဳး ျပင္လိုက္။"

"Baby သာ အကဲဆတ္ေနတာ Baby ရဲ႕။"

*ခြပ္*

ဒီတစ္ခ်က္ကပိုျပင္းတာေၾကာင့္ ေျခတစ္လွမ္းယိုင္သြားခ်ိန္ ဗိုက္ကိုတိုးဝင္လာတဲ့ ေနာက္ထပ္လက္သီးတစ္ခ်က္။

"အ၊ အင္း ... Baby တစ္ခြန္း၊ လက္သီးတစ္ခ်က္လို႔ ေျပာခ်င္တာလား။"

"ဘာရယ္။ ငါစိန္ေခၚေနတာမဟုတ္ဘူး။ မင္းအေပါက္ပိတ္ထားဖို႔ ေျပာေနတာ။ ငါ့ကိစၥေတြမွာ အကုန္ဝင္မပါဖို႔ေျပာေနတာ။"

"ဒုကၡျဖစ္မွာကို ဒီအတိုင္းၾကည့္ေနရမွာလား။"

"မင္းလိုက္ထိန္းေပးရမယ့္ ကေလးေပါက္စမဟုတ္ဘူး။ ဘာလဲ ... မင္းလုပ္ခ်င္ရာလုပ္ၿပီး Spectrum ကို မင္းအပိုင္လုပ္ခ်င္တာလား။"

"အသိအမွတ္မျပဳခ်င္ရင္ေန၊ မေစာ္ကားနဲ႔။"

Chain ေအာ္ပစ္လိုက္ေတာ့

"အသံေကာင္းဟစ္မေနနဲ႔။ အေဖေသတဲ့ကိစၥမွာ မင္းစနက္မပါဘူးလို႔ ငါမယံုႏိုင္ေသးဘူး။ ငါ့သံသယကို မီးမထိုးေပးနဲ႔။"

"ဟား၊ ေခါင္းေဆာင္ေသရတာ ကိုယ္အသံုးမက်လို႔ဆိုတာ ဝန္ခံတယ္။ ဒါေပမဲ့ ကိုယ့္ဘက္က တစ္ခ်က္ကေလးေတာင္ မေကာင္းမၾကံဖူးဘူး။ ကိုယ္သာေနာက္မက်ခဲ့ရင္ဆိုတဲ့ ေနာင္တအေတြးနဲ႔ပူေလာင္ေနခဲ့ရတာ အခုထိပဲ။ အဲဒီအျပစ္အတြက္ ႀကိဳက္သလိုလုပ္ႏိုင္တယ္၊ ကိုယ္သတ္တယ္လို႔ေတာ့ မစြပ္စြဲနဲ႔။ ေခါင္းေဆာင္တုန္းကလိုပဲ ကိုယ့္ဘက္ကလစ္ဟင္းလို႔ ထိခိုက္သြားတာမ်ိဳး လံုးဝအျဖစ္မခံႏိုင္လို႔ မ်က္လံုးေဒါက္ေထာက္ၾကည့္ေနတာ။ Spectrum ေတြ၊ ေခါင္းေဆာင္ေနရာေတြ ကိုယ္မသိဘူး၊ သိလည္းမသိခ်င္ဘူး။ ကိုယ္သိတာ မင္းမထိခိုက္ဖို႔ပဲ Baby.  ကိုယ္ခ်စ္တဲ့မင္းကို တစ္စက္ကေလးမွ အပြန္းပဲ့မခံႏိုင္ဘူး။"

Chain စကားအဆံုးမွာ Lock တစ္ေယာက္ shock ျဖစ္သြားၿပီးမွ ေဒါသေၾကာင့္ မ်က္လံုးေတြပါရဲတက္လာၿပီး

"မင္းက ... အဟက္ ... မင္းက ငါ့ညီလည္းမဟုတ္ဘူး။ ငါ့သူငယ္ခ်င္းလည္း မဟုတ္ဘူး။ အဲဒါေၾကာင့္ အဲဒီစကားကို မင္းေျပာစရာအေၾကာင္းမရွိဘူး။"

"မွန္တယ္ေလ။ ညီအစ္ကိုလို၊ သူငယ္ခ်င္းလိုလည္း မခ်စ္ပါဘူး။ အဲဒီလိုေျပာလို႔ လင္မယားလိုလားလို႔ မေမးနဲ႔။ ကိုယ္တို႔ႏွစ္ေယာက္လံုး ေယာက္်ားစစ္စစ္ေတြမွန္း ကိုယ္သိတယ္။ Lock ဆိုတဲ့ က်ားက်ားလ်ားလ်ား၊ ေသြးေအးရက္စက္တတ္တဲ့  ေယာက္်ားစစ္စစ္တစ္ေယာက္ကိုပဲ Chain ဆိုတဲ့ ေယာက္်ားတစ္ေယာက္က ခ်စ္တာ။ ဘယ္လိုအခ်စ္လဲလို႔ မေမးနဲ႔။ ကိုယ္လည္းမသိဘူး။"

"မင္း ... မင္း ပါးစပ္ပိတ္ေတာ့။ ဘယ္လိုအခ်စ္နဲ႔မွလည္း ခ်စ္စရာမလိုဘူး။ အဲဒီလိုအဓိပၸါယ္မရွိတာေတြ ေလၽွာက္ေျပာေနစရာလည္းမလိုဘူး။"

"ကိုယ့္အတြက္ကေတာ့ အဓိပၸါယ္ရွိတာမို႔ မခ်စ္နဲ႔လို႔တားလို႔လည္း ရမွာမဟုတ္ဘူး။ သူ႔ဘာသာျဖစ္လာတဲ့ခံစားခ်က္ေလ။"

"ငါ့ကို လူသတ္ခ်င္ေအာင္မလုပ္နဲ႔။"

"သတ္ပစ္လိုက္ေလ။ Baby လက္နဲ႔ပဲ သတ္ပစ္လိုက္။"

"လာျပန္ၿပီလား ဒီ Baby. ေအး၊ ဒီေန႔ေတာ့ မင္းအေသပဲ Chain."

Lock က Chain ကို ေဆာင့္တြန္းပစ္လိုက္ေတာ့ နံရံနဲ႔တိုက္ၿပီးလဲက်သြားတဲ့အခါ Chain အေပၚကေနစီးမိုးၿပီး လက္သီးေတြပစ္သြင္းေနမိတာ စိတ္လြတ္လက္လြတ္။
Chain က တားလည္းမတား၊ ရုန္းလည္းမရုန္းဘဲ ၿငိမ္ခံေနလို႔ အထိုးခံရတဲ့မ်က္ႏွာသာမက ထိုးတဲ့လက္မွာလည္း ေသြးေတြရဲလာေတာ့မွ Lock ရဲ႕လက္ကို ဖမ္းထိန္းၿပီး

"Baby လက္ေတြ ေရာင္လာၿပီေလ။"

"ရတယ္ေလ။ မင္းကေတာ့မလြတ္ဘူး။"

Lock က ထရပ္လိုက္ၿပီး Chain ဗိုက္ကို ေျခေထာက္နဲ႔ကန္ပါေတာ့တယ္။ Chain ပါးစပ္က ေသြးေတြအန္က်လာေတာ့မွ ရပ္လိုက္ၿပီး ခုတင္ေဘးကထိုင္ခံုမွာဝင္ထိုင္ကာ စားပြဲေပၚကစီးကရက္ကို ယူေသာက္လိုက္တယ္။
Chain ကိုျပန္ၾကည့္လိုက္ေတာ့ ထရပ္ဖို႔ႀကိဳးစားေနတုန္းပဲ။

"အဟက္၊ ဒီေလာက္နဲ႔ကို ထမရပ္ႏိုင္ေတာ့ဘူးလား။"

ေဆးလိပ္အေသာက္မပ်က္ Chain အနားကိုျပန္သြားၿပီး ဒူးေခါက္ခြက္ကို ေဘးတိုက္ကန္လိုက္ေတာ့ Chain မတ္တပ္ရပ္ေနရာက ဒူးေထာက္က်သြားတယ္။

"မင္း Baby လို႔ေခၚေနတာ ေသြးေအးရက္စက္တတ္တဲ့ ေယာက္်ားစစ္စစ္တစ္ေယာက္မွန္း သိပါတယ္ဆို။ Spectrum ရဲ႕ေခါင္းေဆာင္ဆိုတာေရာ သိတယ္မဟုတ္လား။ မင္းကို ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ အစေဖ်ာက္ပစ္လို႔ရတယ္။ ဒါေပမဲ့ ငါသိခ်င္တာတစ္ခုရွိေနေသးတယ္။ အဲဒီအတြက္ မင္းေသလို႔မျဖစ္ေသးဘူး။"

"ဘာသိခ်င္တာလဲ။"

စီးကရက္ကို တစ္ခ်က္႐ႈိက္လိုက္ၿပီး

"မင္းအမွန္အတိုင္းမေျဖႏိုင္မယ့္ ေမးခြန္းတစ္ခုေပါ့။"

"Baby"

"မေခၚနဲ႔။"

"ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္မွာေတာ့ ေခၚပါရေစ။"

"မင္း အဲဒီလိုေတာင္းဆိုခြင့္ရွိလား။"

"Please, Baby."

ဒူးေထာက္အေနအထားနဲ႔ရွိေနတဲ့ Chain ရဲ႕ဆံပင္ကိုဆြဲကာ မ်က္ႏွာေမာ့ေစၿပီး မ်က္လံုးေတြထဲ ေဆးလိပ္ေငြ႕ေတြမႈတ္ပစ္ေတာ့ Chain တစ္ေယာက္ မ်က္ေတာင္ေတြပုတ္ခတ္လို႔ မ်က္ရည္ဝဲလာၿပီ။

"How dare you?"

"Why not?"

Chain ရဲ႕ ကလန္ကဆန္အေမးကို Lock က Smirk တစ္ခ်က္ေပးရင္း

"အင္း"

Chain ရဲ႕ဆံပင္ကို ပိုၿပီးတင္းတင္းဆြဲကာ ႏႈတ္ခမ္းကို ေဆးလိပ္မီးနဲ႔ဖိထားလိုက္ေတာ့ Chain ဆီက ညည္းသံတစ္ခ်က္ထြက္လာအၿပီး အခန္းအတြင္းအေျခအေနက ခဏၿငိမ္သက္သြားတယ္။
ေညႇာ္နံ႔တစ္မ်ိဳးနဲ႔အတူ Chain ရဲ႕ႏႈတ္ခမ္းေတြတုန္လာေပမဲ့ မ်က္ဝန္းႏွစ္စံုကေတာ့ စစ္ခင္းဆဲ။

ေသြးထြက္လာၿပီး မီးၿငိမ္းသြားတဲ့စီးကရက္ကို ေတာက္ထုတ္လိုက္တဲ့ Lock က ဆံပင္ေတြကိုေတာ့ လႊတ္မေပးေသး။
Chain မ်က္ႏွာမွာေတာ့ ေပါက္ျပဲဒဏ္ရာေတြနဲ႔အတူ ေသြးေတြနီရဲလို႔။

"ေခါင္းမမာခ်င္နဲ႔ Chain."

"ပထမဆံုးေတာင္းဆိုဖူးတာပါ။"

Lock ကလႊတ္ေပးလိုက္ၿပီး

"Ok. မင္းဘက္က ဘာျပန္ေပးမလဲ။"

"ဘာျဖစ္ျဖစ္ရတယ္။"

Devil smile နဲ႔ Lock ဆီက အေမးစကားတစ္ခြန္း

"ငါ့ကိုခ်စ္တယ္ေပါ့။"

"အတိအက်ပဲ။"

"ငါကအေျခာက္မဟုတ္တာလည္း သိတယ္ဆိုေတာ့ ... ဥပမာ၊ ငါတို႔တြဲလို႔ sex ျဖစ္ၾကရင္ ဘယ္သူက မိန္းမေနရာေနမွာလဲ။"

"ကိုယ္ခ်စ္ေနတာကို ဖြင့္ေျပာခ်င္႐ံုသက္သက္ပါပဲ။ Baby ဆီကအခ်စ္ကိုလည္း မေမၽွာ္လင့္သလို အဲဒီအေျခအေနထိ တစ္ခါမွမေတြးဖူးလို႔ ကိုယ္မေျပာတတ္ဘူး။ ဒါေပမဲ့ ဒါက အၾကာႀကီးစဥ္းစားစရာမလိုတဲ့၊ ခ်က္ခ်င္းေျဖလို႔ရတဲ့ ေမးခြန္းပါ။ Baby သေဘာအတိုင္းပါပဲ။"

"ဟာ ဟ၊ ေသ ... ခ်ာ ... လား။"

Lock ရဲ႕စကားေတြက ဘယ္အေျခအေနကို ဦးတည္ေနတယ္ဆိုတာ ရိပ္မိလာတဲ့ Chain က သက္ျပင္းခိုး႐ႈိက္လိုက္ၿပီး

"Dead sure, Baby."

သူ႔အတြက္သိပ္ေသခ်ာတာမို႔ ေျဖလိုက္ေပမဲ့

"အဲဒီလိုေတြႀကိဳက္ရင္ Gay Club သြားပါလား။"

Chain နာနာက်င္က်င္ျပံဳးလိုက္မိတယ္။ သိပ္ကိုေစာ္ကားလြန္းေနေပမဲ့ ေျပာတဲ့သူက Lock ျဖစ္ေနေလေတာ့

"Baby ကိုခ်စ္မိလို႔ Gay လို႔ေျပာခ်င္တယ္ဆို ကိုယ္လက္ခံတယ္။ ဒါေပမဲ့ ဘယ္ေယာက္်ားနဲ႔မွ sex ကိစၥလုပ္မွာမဟုတ္ဘူး။ ဪ... မိန္းမေတြနဲ႔လည္း ကင္းတယ္ေနာ္။ ကိုယ္လူပ်ိဳစစ္စစ္ပါ။"

"ဟား ... ဟား ... ဟား ... ဟာသေတြပါလား။"

"ဟာသလို႔ထင္တာလား။ Love ျဖစ္ျဖစ္၊ Sex ျဖစ္ျဖစ္ စဥ္းစားရမယ္ဆိုရင္ ... အင္း ... Baby မွမဟုတ္ရင္ က်န္တဲ့လူကို စိတ္မဝင္စားဘူး။"

"ဘာေျပာတယ္။"

Lock ေဒါသတႀကီး စိုက္ၾကည့္ၿပီး

"ေကာင္းၿပီေလ၊ မင္းဆႏၵကို ျဖည့္ေပးရမွာေပါ့"

Lock ဖုန္းယူၿပီး ခလုတ္တခ်ိဳ႕ႏွိပ္လိုက္တယ္။

"George! မင္း ဟိုတယ္မွာေျပာတဲ့ကိစၥ ငါေမးစရာရွိလို႔။"

"................"

"အာ ... ငါ စမ္းသပ္စရာရွိလို႔ပါ။ အဲဒါ မင္းရဲ႕အိမ္မွာသက္သက္ရွိတာလား။ ဘယ္အိမ္မွာလဲ။"

"................."

"ဪ၊ ဘယ္သူမွမရွိတဲ့ေနရာဆိုေတာ့ ပိုအဆင္ေျပတာေပါ့။ အဲဒီေနရာကိုငါသိတယ္။ အခုသံုးခ်င္တာ။"

"................"

"ဟားဟားဟား ... မဟုတ္ရပါဘူးကြာ။ အင္း ... ထင္ခ်င္လည္းထင္လိုက္ေပါ့၊ ငါကအဲဒီလိုပဲလို႔ေလ။"

Chain ဘက္ကိုၾကည့္ၿပီးေျပာလိုက္တဲ့ ဒီစကားက ဘာအဓိပၸါယ္လဲဆိုတာ Chain ေသခ်ာမသိေပမဲ့ သူ႔အတြက္ေကာင္းက်ိဳးမရွိတာ ေသခ်ာေနတယ္။
George ဆိုတာ Lock သူငယ္ခ်င္း၊ Night Club ေတြအေျမာက္အျမားပိုင္တဲ့ လူ႐ႈပ္လူေပြ၊ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္။

"Ok, ေျပာထားလိုက္။ Thank you so much. Room charges ကို ေနာက္မွ မင္းႀကိဳက္တဲ့အတိုင္းရွင္းေပးမယ္။"

"................"

"See ya, George."

Lock က Chain ဆီဦးတည္ၿပီး

"မင္း ငါခိုင္းတာလုပ္ႏိုင္ရင္ မင္းႀကိဳက္သလိုေခၚခြင့္ေပးမယ္။ အခုထ၊ သြားစရာရွိတယ္။"

ေျပာၿပီးထြက္သြားတဲ့ Lock ေနာက္ကို Chain တစ္ေယာက္ ကားေသာ့ယူၿပီးလိုက္ရပါေတာ့တယ္။

■■■■■ Part IX ဆက္ရန္ ■■■■■


Party မှာ သမီးလုပ်သူကိုငါးစာချပြီး Lock ကို ပိုက်ကွန်အုပ်ဖမ်းမယ့် Garuda ရဲ့အကြံတွေကို Chain ပြောပြအပြီး

"မင်း နောက်တစ်ခါ အဲဒီအချိုးမျိုး ထပ်မလုပ်နဲ့။"

"Maria ဘာလုပ်မယ်ဆိုတာကို အစ်ကိုလေးတွေးမိမှာပါ။ အဲဒါကြောင့် အမြန်ဆုံးရှောင်ထွက်လို့ရမယ့်နည်း သုံးလိုက်တာ။"

"အဟက်၊ ငါက သိသိကြီးနဲ့ဇွတ်တိုးနေတယ်လို့ ပြောချင်တာလား။"

"ငါ အဲဒီလိုမပြောပါဘူး။ အစ်ကိုလေးဘာသာ ဝန်ခံနေတာဆိုရင်တော့ မသိဘူးပေါ့။"

"ဘာပြောတယ်။ ဟိတ်ကောင်၊ ပြန်ပြောစမ်း။"

Chain ရှေ့ရောက်လာပြီး မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့ စေ့စေ့ကြည့်ကာ အော်လာတာကြောင့်

"Garuda နဲ့ အမျိုးတော်ချင်နေတာလား။"

"မင်းသောက်ပူပါလား။"

Chain ရဲ့ပါးနှစ်ဖက်ကို လက်နဲ့ညှစ်ကိုင်ပြီးမေးလာတဲ့ Lock.
Chain က ဘာမှပြန်မဖြေတော့ မျက်နှာကိုဆွဲခါပြီး

"မင်းပြောစရာအကြောင်းမဟုတ်ဘူး။ မင်းသာ အဓိပ္ပါယ်မရှိတာတွေ လျှောက်မလုပ်နဲ့။"

Lock က တွန်းလွှတ်လိုက်တော့

"အဓိပ္ပါယ်မရှိဘူးတဲ့လား။ အဲဒါ ဘာဖြစ်သွားလို့လဲ။"

Chain ခပ်တိုးတိုးရေရွတ်လိုက်တာကို Lock ကြားပြီး

"ဘာဖြစ်သွားလဲ ဟုတ်လား။ ဘာတဲ့၊ Baby က နေမကောင်းဘူးဆိုလား။ ရွံစရာတွေ။"

Chain အစမဖော်ဖို့တွေးထားပေမဲ့ Lock က အဆုံးမသတ်နိုင်တော့

"နေကောင်းလို့လား အဲဒီအချိန်က။ Baby ဆိုတာကရော ရွံစရာပါလား။"

ဟုတ်တယ်။ အဲဒီ Baby ဆိုတာကို Lock မသိအောင်ခေါ်လာတာ Lock သူ့ကိုမမြင်ဖူးခင်ကတည်းကပဲ။
ဒါကို ရွံစရာတွေလို့ပြောလာတော့ Chain ငြိမ်မနေနိုင်တော့ပါ။

"တော်စမ်း၊ အဲ့ဒီအခေါ်အဝေါ် နောက်ထပ်ထွက်မလာနဲ့။"

Chain အရွဲ့တိုက်ချင်လာတယ်။

"ဘာလို့လဲ Baby?"

"မင်း ....."

နှစ်ယောက်သားမျက်နှာချင်းဆိုင် အကြည့်ချင်းစစ်တိုက်ကြပြီး

"မင်း ငါ့ကိုအရွဲ့မတိုက်နဲ့ Chain."

"ကိုယ် အရွဲ့တိုက်နေတာမဟုတ်ဘူး Ba...by."

*ခွပ်*

Chain မျက်နှာလည်ထွက်သွားပေမဲ့ ချက်ချင်းရှေ့ပြန်လှည့်လာတယ်။

"အကြောမတင်းနဲ့။ မင်းသောက်ချိုး ပြင်လိုက်။"

"Baby သာ အကဲဆတ်နေတာ Baby ရဲ့။"

*ခွပ်*

ဒီတစ်ချက်ကပိုပြင်းတာကြောင့် ခြေတစ်လှမ်းယိုင်သွားချိန် ဗိုက်ကိုတိုးဝင်လာတဲ့ နောက်ထပ်လက်သီးတစ်ချက်။

"အ၊ အင်း ... Baby တစ်ခွန်း၊ လက်သီးတစ်ချက်လို့ ပြောချင်တာလား။"

"ဘာရယ်။ ငါစိန်ခေါ်နေတာမဟုတ်ဘူး။ မင်းအပေါက်ပိတ်ထားဖို့ ပြောနေတာ။ ငါ့ကိစ္စတွေမှာ အကုန်ဝင်မပါဖို့ပြောနေတာ။"

"ဒုက္ခဖြစ်မှာကို ဒီအတိုင်းကြည့်နေရမှာလား။"

"မင်းလိုက်ထိန်းပေးရမယ့် ကလေးပေါက်စမဟုတ်ဘူး။ ဘာလဲ ... မင်းလုပ်ချင်ရာလုပ်ပြီး Spectrum ကို မင်းအပိုင်လုပ်ချင်တာလား။"

"အသိအမှတ်မပြုချင်ရင်နေ၊ မစော်ကားနဲ့။"

Chain အော်ပစ်လိုက်တော့

"အသံကောင်းဟစ်မနေနဲ့။ အဖေသေတဲ့ကိစ္စမှာ မင်းစနက်မပါဘူးလို့ ငါမယုံနိုင်သေးဘူး။ ငါ့သံသယကို မီးမထိုးပေးနဲ့။"

"ဟား၊ ခေါင်းဆောင်သေရတာ ကိုယ်အသုံးမကျလို့ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က တစ်ချက်ကလေးတောင် မကောင်းမကြံဖူးဘူး။ ကိုယ်သာနောက်မကျခဲ့ရင်ဆိုတဲ့ နောင်တအတွေးနဲ့ပူလောင်နေခဲ့ရတာ အခုထိပဲ။ အဲဒီအပြစ်အတွက် ကြိုက်သလိုလုပ်နိုင်တယ်၊ ကိုယ်သတ်တယ်လို့တော့ မစွပ်စွဲနဲ့။ ခေါင်းဆောင်တုန်းကလိုပဲ ကိုယ့်ဘက်ကလစ်ဟင်းလို့ ထိခိုက်သွားတာမျိုး လုံးဝအဖြစ်မခံနိုင်လို့ မျက်လုံးဒေါက်ထောက်ကြည့်နေတာ။ Spectrum တွေ၊ ခေါင်းဆောင်နေရာတွေ ကိုယ်မသိဘူး၊ သိလည်းမသိချင်ဘူး။ ကိုယ်သိတာ မင်းမထိခိုက်ဖို့ပဲ Baby.  ကိုယ်ချစ်တဲ့မင်းကို တစ်စက်ကလေးမှ အပွန်းပဲ့မခံနိုင်ဘူး။"

Chain စကားအဆုံးမှာ Lock တစ်ယောက် shock ဖြစ်သွားပြီးမှ ဒေါသကြောင့် မျက်လုံးတွေပါရဲတက်လာပြီး

"မင်းက ... အဟက် ... မင်းက ငါ့ညီလည်းမဟုတ်ဘူး။ ငါ့သူငယ်ချင်းလည်း မဟုတ်ဘူး။ အဲဒါကြောင့် အဲဒီစကားကို မင်းပြောစရာအကြောင်းမရှိဘူး။"

"မှန်တယ်လေ။ ညီအစ်ကိုလို၊ သူငယ်ချင်းလိုလည်း မချစ်ပါဘူး။ အဲဒီလိုပြောလို့ လင်မယားလိုလားလို့ မမေးနဲ့။ ကိုယ်တို့နှစ်ယောက်လုံး ယောက်ျားစစ်စစ်တွေမှန်း ကိုယ်သိတယ်။ Lock ဆိုတဲ့ ကျားကျားလျားလျား၊ သွေးအေးရက်စက်တတ်တဲ့  ယောက်ျားစစ်စစ်တစ်ယောက်ကိုပဲ Chain ဆိုတဲ့ ယောက်ျားတစ်ယောက်က ချစ်တာ။ ဘယ်လိုအချစ်လဲလို့ မမေးနဲ့။ ကိုယ်လည်းမသိဘူး။"

"မင်း ... မင်း ပါးစပ်ပိတ်တော့။ ဘယ်လိုအချစ်နဲ့မှလည်း ချစ်စရာမလိုဘူး။ အဲဒီလိုအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေစရာလည်းမလိုဘူး။"

"ကိုယ့်အတွက်ကတော့ အဓိပ္ပါယ်ရှိတာမို့ မချစ်နဲ့လို့တားလို့လည်း ရမှာမဟုတ်ဘူး။ သူ့ဘာသာဖြစ်လာတဲ့ခံစားချက်လေ။"

"ငါ့ကို လူသတ်ချင်အောင်မလုပ်နဲ့။"

"သတ်ပစ်လိုက်လေ။ Baby လက်နဲ့ပဲ သတ်ပစ်လိုက်။"

"လာပြန်ပြီလား ဒီ Baby. အေး၊ ဒီနေ့တော့ မင်းအသေပဲ Chain."

Lock က Chain ကို ဆောင့်တွန်းပစ်လိုက်တော့ နံရံနဲ့တိုက်ပြီးလဲကျသွားတဲ့အခါ Chain အပေါ်ကနေစီးမိုးပြီး လက်သီးတွေပစ်သွင်းနေမိတာ စိတ်လွတ်လက်လွတ်။
Chain က တားလည်းမတား၊ ရုန်းလည်းမရုန်းဘဲ ငြိမ်ခံနေလို့ အထိုးခံရတဲ့မျက်နှာသာမက ထိုးတဲ့လက်မှာလည်း သွေးတွေရဲလာတော့မှ Lock ရဲ့လက်ကို ဖမ်းထိန်းပြီး

"Baby လက်တွေ ရောင်လာပြီလေ။"

"ရတယ်လေ။ မင်းကတော့မလွတ်ဘူး။"

Lock က ထရပ်လိုက်ပြီး Chain ဗိုက်ကို ခြေထောက်နဲ့ကန်ပါတော့တယ်။ Chain ပါးစပ်က သွေးတွေအန်ကျလာတော့မှ ရပ်လိုက်ပြီး ခုတင်ဘေးကထိုင်ခုံမှာဝင်ထိုင်ကာ စားပွဲပေါ်ကစီးကရက်ကို ယူသောက်လိုက်တယ်။
Chain ကိုပြန်ကြည့်လိုက်တော့ ထရပ်ဖို့ကြိုးစားနေတုန်းပဲ။

"အဟက်၊ ဒီလောက်နဲ့ကို ထမရပ်နိုင်တော့ဘူးလား။"

ဆေးလိပ်အသောက်မပျက် Chain အနားကိုပြန်သွားပြီး ဒူးခေါက်ခွက်ကို ဘေးတိုက်ကန်လိုက်တော့ Chain မတ်တပ်ရပ်နေရာက ဒူးထောက်ကျသွားတယ်။

"မင်း Baby လို့ခေါ်နေတာ သွေးအေးရက်စက်တတ်တဲ့ ယောက်ျားစစ်စစ်တစ်ယောက်မှန်း သိပါတယ်ဆို။ Spectrum ရဲ့ခေါင်းဆောင်ဆိုတာရော သိတယ်မဟုတ်လား။ မင်းကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အစဖျောက်ပစ်လို့ရတယ်။ ဒါပေမဲ့ ငါသိချင်တာတစ်ခုရှိနေသေးတယ်။ အဲဒီအတွက် မင်းသေလို့မဖြစ်သေးဘူး။"

"ဘာသိချင်တာလဲ။"

စီးကရက်ကို တစ်ချက်ရှိုက်လိုက်ပြီး

"မင်းအမှန်အတိုင်းမဖြေနိုင်မယ့် မေးခွန်းတစ်ခုပေါ့။"

"Baby"

"မခေါ်နဲ့။"

"နှစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ ခေါ်ပါရစေ။"

"မင်း အဲဒီလိုတောင်းဆိုခွင့်ရှိလား။"

"Please, Baby."

ဒူးထောက်အနေအထားနဲ့ရှိနေတဲ့ Chain ရဲ့ဆံပင်ကိုဆွဲကာ မျက်နှာမော့စေပြီး မျက်လုံးတွေထဲ ဆေးလိပ်ငွေ့တွေမှုတ်ပစ်တော့ Chain တစ်ယောက် မျက်တောင်တွေပုတ်ခတ်လို့ မျက်ရည်ဝဲလာပြီ။

"How dare you?"

"Why not?"

Chain ရဲ့ ကလန်ကဆန်အမေးကို Lock က Smirk တစ်ချက်ပေးရင်း

"အင်း"

Chain ရဲ့ဆံပင်ကို ပိုပြီးတင်းတင်းဆွဲကာ နှုတ်ခမ်းကို ဆေးလိပ်မီးနဲ့ဖိထားလိုက်တော့ Chain ဆီက ညည်းသံတစ်ချက်ထွက်လာအပြီး အခန်းအတွင်းအခြေအနေက ခဏငြိမ်သက်သွားတယ်။
ညှော်နံ့တစ်မျိုးနဲ့အတူ Chain ရဲ့နှုတ်ခမ်းတွေတုန်လာပေမဲ့ မျက်ဝန်းနှစ်စုံကတော့ စစ်ခင်းဆဲ။

သွေးထွက်လာပြီး မီးငြိမ်းသွားတဲ့စီးကရက်ကို တောက်ထုတ်လိုက်တဲ့ Lock က ဆံပင်တွေကိုတော့ လွှတ်မပေးသေး။
Chain မျက်နှာမှာတော့ ပေါက်ပြဲဒဏ်ရာတွေနဲ့အတူ သွေးတွေနီရဲလို့။

"ခေါင်းမမာချင်နဲ့ Chain."

"ပထမဆုံးတောင်းဆိုဖူးတာပါ။"

Lock ကလွှတ်ပေးလိုက်ပြီး

"Ok. မင်းဘက်က ဘာပြန်ပေးမလဲ။"

"ဘာဖြစ်ဖြစ်ရတယ်။"

Devil smile နဲ့ Lock ဆီက အမေးစကားတစ်ခွန်း

"ငါ့ကိုချစ်တယ်ပေါ့။"

"အတိအကျပဲ။"

"ငါကအခြောက်မဟုတ်တာလည်း သိတယ်ဆိုတော့ ... ဥပမာ၊ ငါတို့တွဲလို့ sex ဖြစ်ကြရင် ဘယ်သူက မိန်းမနေရာနေမှာလဲ။"

"ကိုယ်ချစ်နေတာကို ဖွင့်ပြောချင်ရုံသက်သက်ပါပဲ။ Baby ဆီကအချစ်ကိုလည်း မမျှော်လင့်သလို အဲဒီအခြေအနေထိ တစ်ခါမှမတွေးဖူးလို့ ကိုယ်မပြောတတ်ဘူး။ ဒါပေမဲ့ ဒါက အကြာကြီးစဉ်းစားစရာမလိုတဲ့၊ ချက်ချင်းဖြေလို့ရတဲ့ မေးခွန်းပါ။ Baby သဘောအတိုင်းပါပဲ။"

"ဟာ ဟ၊ သေ ... ချာ ... လား။"

Lock ရဲ့စကားတွေက ဘယ်အခြေအနေကို ဦးတည်နေတယ်ဆိုတာ ရိပ်မိလာတဲ့ Chain က သက်ပြင်းခိုးရှိုက်လိုက်ပြီး

"Dead sure, Baby."

သူ့အတွက်သိပ်သေချာတာမို့ ဖြေလိုက်ပေမဲ့

"အဲဒီလိုတွေကြိုက်ရင် Gay Club သွားပါလား။"

Chain နာနာကျင်ကျင်ပြုံးလိုက်မိတယ်။ သိပ်ကိုစော်ကားလွန်းနေပေမဲ့ ပြောတဲ့သူက Lock ဖြစ်နေလေတော့

"Baby ကိုချစ်မိလို့ Gay လို့ပြောချင်တယ်ဆို ကိုယ်လက်ခံတယ်။ ဒါပေမဲ့ ဘယ်ယောက်ျားနဲ့မှ sex ကိစ္စလုပ်မှာမဟုတ်ဘူး။ ဪ... မိန်းမတွေနဲ့လည်း ကင်းတယ်နော်။ ကိုယ်လူပျိုစစ်စစ်ပါ။"

"ဟား ... ဟား ... ဟား ... ဟာသတွေပါလား။"

"ဟာသလို့ထင်တာလား။ Love ဖြစ်ဖြစ်၊ Sex ဖြစ်ဖြစ် စဉ်းစားရမယ်ဆိုရင် ... အင်း ... Baby မှမဟုတ်ရင် ကျန်တဲ့လူကို စိတ်မဝင်စားဘူး။"

"ဘာပြောတယ်။"

Lock ဒေါသတကြီး စိုက်ကြည့်ပြီး

"ကောင်းပြီလေ၊ မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့"

Lock ဖုန်းယူပြီး ခလုတ်တချို့နှိပ်လိုက်တယ်။

"George! မင်း ဟိုတယ်မှာပြောတဲ့ကိစ္စ ငါမေးစရာရှိလို့။"

"................"

"အာ ... ငါ စမ်းသပ်စရာရှိလို့ပါ။ အဲဒါ မင်းရဲ့အိမ်မှာသက်သက်ရှိတာလား။ ဘယ်အိမ်မှာလဲ။"

"................."

"ဪ၊ ဘယ်သူမှမရှိတဲ့နေရာဆိုတော့ ပိုအဆင်ပြေတာပေါ့။ အဲဒီနေရာကိုငါသိတယ်။ အခုသုံးချင်တာ။"

"................"

"ဟားဟားဟား ... မဟုတ်ရပါဘူးကွာ။ အင်း ... ထင်ချင်လည်းထင်လိုက်ပေါ့၊ ငါကအဲဒီလိုပဲလို့လေ။"

Chain ဘက်ကိုကြည့်ပြီးပြောလိုက်တဲ့ ဒီစကားက ဘာအဓိပ္ပါယ်လဲဆိုတာ Chain သေချာမသိပေမဲ့ သူ့အတွက်ကောင်းကျိုးမရှိတာ သေချာနေတယ်။
George ဆိုတာ Lock သူငယ်ချင်း၊ Night Club တွေအမြောက်အမြားပိုင်တဲ့ လူရှုပ်လူပွေ၊ ပျော်ပျော်နေတတ်သူတစ်ယောက်။

"Ok, ပြောထားလိုက်။ Thank you so much. Room charges ကို နောက်မှ မင်းကြိုက်တဲ့အတိုင်းရှင်းပေးမယ်။"

"................"

"See ya, George."

Lock က Chain ဆီဦးတည်ပြီး

"မင်း ငါခိုင်းတာလုပ်နိုင်ရင် မင်းကြိုက်သလိုခေါ်ခွင့်ပေးမယ်။ အခုထ၊ သွားစရာရှိတယ်။"

ပြောပြီးထွက်သွားတဲ့ Lock နောက်ကို Chain တစ်ယောက် ကားသော့ယူပြီးလိုက်ရပါတော့တယ်။

■■■■■ Part IX ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі