1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
21. Attachment
Bermuda မွာ သားရွိေသးတာလား။
သိသမၽွက ဘိုးေတာ္ဟာေပြ႐ႈပ္လြန္းသေလာက္ တရားဝင္မိန္းမျဖစ္သူက ကေလးမရႏိုင္။ တရားမဝင္ကေလးသံုးေယာက္မွာ သားေလးတစ္ေယာက္ပါေပမဲ့ သားအမိႏွစ္ေယာက္လံုး ဆံုးသြားၿပီလို႔ သိထားခဲ့ၾကတာပဲ။ အခုက သားျဖစ္သူကို ျပန္ေခၚဖို႔တဲ့လား။
သတင္းေတြက အဲဒီေနရာကေနေရွ႕မဆက္ေတာ့၊ ဘာမွလည္းဆက္စံုစမ္းလို႔မရ။ Hurricane ေတာင္ မသိေတာ့ဘူးဆိုေတာ့ စံုစမ္းစရာေနရာက .....

Chain ကိုဖမ္းသြားတဲ့ကိစၥမွာ တစ္ညနဲ႔ အထိအခိုက္မရွိျပန္လႊတ္တာကလြဲရင္ ဘာမွလည္း မသကၤာစရာသက္ေသ ထြက္မလာခဲ့။
ဒါဆို တူညီတဲ့အခ်က္က Bermuda ေခါင္းေဆာင္ Griffin ရဲ႕ေနာက္ေၾကာင္း၊ Chain အဖမ္းခံရတဲ့ညက ဘာျဖစ္ခဲ့သလဲ၊ ၿပီးေတာ့ Chain ရဲ႕ အရိပ္အဖြဲ႕။
ဒါေတြကို ဘယ္သူက သတင္းအေမွာင္ခ်ေပးတာလဲ။

Lock တစ္ေယာက္ ဝရန္တာမွာ ေဆးလိပ္ေငြ႕ေတြၾကား အေတြးေပါင္းစံု ရြက္လႊင့္ေနတုန္း ...
ျခံထဲက အလင္းကြယ္ရာေနရာကေန လွမ္းၾကည့္ေနသူရဲ႕အေတြးကေတာ့ တစ္ခုတည္း။

"Baby ေဆးလိပ္ေသာက္ေနတာ ေလးလိပ္ေတာင္ရွိေနၿပီ။ ဘာေတြ အေတြးလြန္ေနျပန္ၿပီလဲ။"

ခပ္တိုးတိုးစကားသံကိုၾကားခဲ့ရင္ ေဆးလိပ္မီးက ကိုယ္ေပၚတစ္ေနရာရာဆီ ေရာက္လာႏိုင္တာကို မသိတဲ့အတိုင္းပဲ။ ၾကားေအာင္မေျပာႏိုင္တာကိုပဲ စိတ္ထဲမေက်နပ္ခ်င္။

¤

ဒီလိုပါပဲ။ အခ်စ္ဆိုတာ လူၾကားထဲ အႏိုင္ယူအရွက္ခြဲေနရင္ေတာင္ ၿငိမ္ခံေနမိၿပီး၊ အျမတ္တႏိုးနဲ႔ ၾကည့္ေနမိတာမ်ိဳး။

¤

"မီးငယ္၊ Bermuda သတင္း ဘာရေသးလဲ။"

"ကိုကိုရသေလာက္ေပါ့။ မီးငယ္ကေတာင္ ေနာက္က်ဦးမယ္။"

"ရြဲ႕ေနတာလား။"

"အမွန္အတိုင္းေျပာတာ။ Rapunzel အဝင္အထြက္မ်ားေနကတည္းက သိသားပဲ။"

"ဘာသိတာလဲ။"

"ဘာသိသိ ကိုကိုရာ။ ဘာလဲ၊ ကိုကိုတို႔ တြဲေနတာလား။"

"သိတယ္ဆို။"

"တကယ္ေျပာေနတာလား။ ဟိုေန႔ကလည္း အတူတူပြဲတက္လာတာေလ။ Love Birds ဆိုၿပီး နာမည္ကိုႀကီးလို႔။ ကိုကို ေတာ္ေတာ္ေပ်ာ္ေနတာလား။"

"အဲဒါ Hurricane လည္းပါတာပဲ။ အကုန္သိေနတာႀကီးကို ဘာေတြခ်ဲ႕ကားေနတာလဲ။"

"Hurricane ကေရာ ဘာအထာလဲ။ အစ္ကိုလုပ္ေနၿပီး ညီမကို ဒီလိုလႊတ္ထားတာပဲလား။ ကိုကို႔ကို သတင္းေတြလည္းရွာေပးေနတယ္။ Hurricane က ဘယ္တုန္းကမ်ား တျခားလူအတြက္ သတင္းရွာေပးဖူးလို႔လဲ။ ကိုကိုတို႔က ဘာျဖစ္ခ်င္ေနၾကတာလဲ။"

"မီးငယ္ေျပာသလိုပဲေလ။ အဲဒါအကုန္ပဲ။ ဘာမွဆက္ျဖစ္စရာမရွိဘူး။"

"ကိုကိုရာ၊ Chain လည္း Green မွာ တစ္လေလာက္ၾကာေနၿပီ။ Bermuda ဘိုးေတာ္လည္း ျပန္သြားၿပီၾကားတယ္။ ဘာေတြ သံသယဝင္ေနေသးတာလဲ။"

"ဟာဟ၊ ေက်းဇူးပဲ မီးငယ္။ ဟုတ္တာေပါ့၊ Chain လံုးဝ အလႈပ္အရွားမရွိတာနဲ႔ ဘိုးေတာ္ကျပန္ႂကြသြားတာဆိုေတာ့ ပိုေသခ်ာသြားတာေပါ့။"

"ဪ၊ Chain က ကိုကိုမသိေအာင္မလႈပ္ရွားႏိုင္ဘူးလို႔ ထင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။ သူ႔စိတ္ကကို ကိုကို႔အမိန္႔အတိုင္း နာခံေနတာေလ။ သူ႔ဘာသာၿငိမ္ေနေတာ့လည္း အေျပာမလြတ္ျပန္ဘူး။"

"ေတာ္စမ္း မီးငယ္။ မင္းေျပာတာေနာ္၊ သူက ငါမသိေအာင္လႈပ္ရွားႏိုင္တယ္လို႔။"

"သူ႔အရည္အခ်င္းကိုေျပာတာ။ ကိုကိုမသိေအာင္ လုပ္ထားသမၽွေတြကိုလည္း ကိုကိုပဲအရင္သိလာတာပဲေလ။ သူ႔ကိုေမးရင္လည္း ဘယ္တုန္းကညာလို႔လဲ။ အကုန္ဝန္ခံတာပဲကို။"

"ေအး၊ မေျဖဘဲ ႏႈတ္ဆိတ္ေနတဲ့အႀကိမ္တိုင္းကလည္း မဟုတ္တာလုပ္ထားလို႔ပဲေလ။"

"ကိုကို႔ကို အသက္နဲ႔ရင္းၿပီးခ်စ္တဲ့လူကို ... မဟုတ္ေသးဘူး၊ မာနေတြ သိကၡာေတြနဲ႔ပါရင္းၿပီး ခ်စ္တဲ့လူေလ။ ကိုကိုထိခိုက္ေအာင္ လုပ္ပါ့မလား။"

"ေသခ်ာလား မီးငယ္၊ ေသခ်ာလား။ မီးငယ္ ငါးမၽွားခ်ိတ္ကိုမျမင္တာေရာ မျဖစ္ႏိုင္ဘူးလား။"

"ကိုကို႔သံသယေတြ ေတာ္သင့္ေနၿပီေနာ္။ Garuda party ေနာက္ရက္က ကိုကိုတို႔ဘယ္မွာရွိေနခဲ့လဲလို႔ မီးငယ္သိၿပီးၿပီ။ ကိုကိုကေလ သိပ္ရက္စက္တာပဲ။ အဲဒါေယာက္်ားတစ္ေယာက္ေနာ္။ ကိုကိုက ပိုၿပီးကိုယ္ခ်င္းစာတတ္မွာပါ။ တကယ္ကို တရားလြန္လုပ္ရပ္ပဲ။ ၿပီးေတာ့ သူက ကိုကို႔ကိုအရမ္းခ်စ္တဲ့လူ။ ေမတၱာေတြစူးဦးမွာ သိလား။ သူလည္း ဘယ္လိုေတာင္ ဦးေႏွာက္မရွိတာမွန္းမသိဘူး။ သူ႔ေနရာမွာဆို တျခားဘယ္သူကမွ ၿငိမ္ေနမွာမဟုတ္ဘူး။ သူ႔ဝဋ္ေႂကြးကုန္တဲ့ေန႔က ကိုကို႔အလွည့္မျဖစ္ေစနဲ႔။"

Lily မ်က္ရည္ေတြနဲ႔ ေျပာပစ္မိတယ္။ ဒီသတင္းကိုသိရခ်ိန္မွာ Shock ရၿပီး အာ႐ံုေၾကာေတြပါ ထံုထိုင္းသြားသလိုပဲ။ ကိုကိုက အဲဒီေလာက္ရက္စက္သလား။ Chain ကပဲ ခ်စ္တတ္လြန္းတာလား။ သိခ်င္လို႔ရွာၾကည့္မိတဲ့ Lily ကပဲ မွားသြားတာလား။
Chain ဟာ Bermuda နဲ႔ပတ္သက္ေနမယ္ဆိုရင္ အခုခ်ိန္ထိ Bermuda က ကိုကို႔ကိုထိမရတာ Chain ေၾကာင့္ဆိုတာ ေသခ်ာတယ္။ မပတ္သက္ဘူးဆိုရင္လည္း Chain က ေကာင္းေကာင္းကာကြယ္ေပးႏိုင္ေနတာပဲ။ Chain နဲ႔ Bermuda ရဲ႕ပတ္သက္မႈကို Lily ဘယ္ေတာ့မွ မစံုစမ္းေတာ့ဘူး။

.

မ်က္ရည္ေတြအဝိုင္းသားနဲ႔ ကိုယ့္ကိုရန္ေတြ႕သြားတာ ကိုယ့္ညီမေလးတဲ့လား။ ကိုကို႔အလွည့္မျဖစ္ပါေစနဲ႔တဲ့။ သူ႔ကိုေတာ္ေတာ္ခ်စ္တာလား မီးငယ္။
မီးငယ္ကိုေပ်ာ္ေစခ်င္ေပမဲ့ သူနဲ႔ေတာ့ သေဘာမတူႏိုင္ဘူး။ တျခားသူနဲ႔ဆိုရင္ေတာင္ ကိုကိုကိုယ္တိုင္ မီးငယ္စိတ္ႀကိဳက္ျဖစ္ရေအာင္ ဖန္တီးေပးမိမွာ။ ဒီလိုမ်ိဳး စိတ္မခ်ရတဲ့ေကာင္နဲ႔ေတာ့ အဆင္မေျပႏိုင္ဘူး မီးငယ္ရယ္။
အခု ဘယ္လိုပဲစံုစမ္းပါေစ ဦးငယ္ကိစၥမွာလည္း ေနာက္ကြယ္မွာ တစ္ခုခုရွိေနမွာကိုသိရဲ႕နဲ႔ ရွာမရဘူး။ အေဖဆံုးသြားရတာလည္း Bermuda ေၾကာင့္။ ကိုယ္မေက်နပ္ဘူး။ Bermuda ကို ေျမလွန္ပစ္မယ္။ သင္းပါပတ္သက္ေနရင္ေတာ့ လံုးဝအလြတ္မေပးႏိုင္တာမို႔ မီးငယ္ သူ႔ကိုပတ္သက္ဖို႔ မႀကိဳးစားပါနဲ႔။

¤

ေရကူးကန္ကိုသန္႔ရွင္းေရးလုပ္ဖို႔ ေရေတြေဖာက္ထုတ္ေနတဲ့ Chain, အေပၚပိုင္းကိုယ္ဗလာ၊ ေအာက္ပိုင္းက ေဘာင္းဘီတိုနဲ႔။
အျပင္ကျပန္လာၿပီး စိတ္႐ႈပ္လို႔ ေရကန္နားကသစ္ပင္ရိပ္မွာထိုင္ဖို႔ ထြက္လာမိတာ ကိုယ့္အမွား။

"အစ္ကိုေလး၊ ဟို ... ေရကူးခ်င္လို႔လား။ ငါက အစ္ကိုေလးအျပင္သြားေနတုန္းဆိုၿပီး သန္႔ရွင္းေရးလုပ္ေနတာ။ ခဏေလးပဲေစာင့္ေနာ္၊ ေနာက္တစ္ေယာက္ပါသြားေခၚၿပီး ျမန္ျမန္လုပ္လိုက္မယ္။"

ဟုတ္ပါတယ္။ ေရကူးကန္အက်ယ္ႀကီးကို တစ္ေယာက္တည္းရွင္းရင္ ၾကာေနမွာပဲ။ Lock တို႔ စိတ္ယုတ္ကေလးက ဝင္လာတာမို႔

"သြားမေခၚနဲ႔။ မင္းဘာသာလုပ္၊ ျမန္ျမန္လုပ္။"

"အာ ... ဟုတ္ကဲ့ပါ။"

တစ္ေယာက္တည္းနဲ႔ တစ္ခ်က္မနားဘဲ ခပ္ျမန္ျမန္အလုပ္လုပ္ေနတဲ့လူကို ေက်ာခိုင္းၿပီး သစ္ပင္ရိပ္မွာထိုင္ရင္း အခုပဲလာပို႔ေပးသြားတဲ့ ဝိုင္ခ်ိဳခ်ိဳေအးေအးကို အရသာခံေသာက္ေနမိတယ္။
ဖုန္းသုံုးရင္း၊ Rapunzel နဲ႔စာပို႔ရင္း၊ အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္း သတိမထားမိလိုက္။

"အစ္ကိုေလး၊ ရပါၿပီ။"

ေခၽြးေတြလား၊ ေရေတြလားမသိဘူး။ တစ္ကိုယ္လံုးလည္း စိုလို႔။ ေရစိုဆံပင္ေတြကို ေနာက္ကိုသပ္တင္ၿပီး မ်က္ႏွာကေျပာင္ရွင္းလို႔။
ဘာလဲ၊ ငါက သူ႔ကိုေသခ်ာၾကည့္မိတာလား။
ေရကူးကန္ဆီၾကည့္မိေတာ့ ေရေတြေတာင္ ျဖည့္ၿပီးေနၿပီ။

"မကူးခ်င္ဘူး။ မင္း ငါ့ေရွ႕ကသြားေတာ့။"

"ဟုတ္"

"ေနဦး၊ တစ္လက္စတည္း ငါ့ကားကိုသြားေဆးလိုက္။ ဂိုေဒါင္ေနာက္လမ္းကပတ္ၾကည့္တာ ရႊံ႕ေတြေပလာတယ္။"

"ဟုတ္၊ အစ္ကိုေလး။"

Chain ထြက္သြားတဲ့အထိ Lock ေနရာမေရႊ႕မိေသး။
ေတာ္ေတာ္ေလးၾကာၿပီးေနာက္

"ၿပီးသြားပါၿပီ။ အစ္ကိုေလး ဘာခိုင္းစရာရွိေသးလဲ။"

ခုနကထြက္သြားတုန္းက ပခံုးေပၚတင္သြားတဲ့အက်ႌအပါးကို အခုဝတ္ထားၿပီး ေရမေျခာက္ေသးတဲ့ပံုစံအတိုင္း ျပန္ေရာက္လာတဲ့ Chain.

"ဒါေတြသိမ္းသြား။ မင္းအဝတ္အစားလဲၿပီးရင္ အလုပ္ခန္းထဲ ခဏလာခဲ့။ မင္းလုပ္ထားတဲ့ေသာ့က ပ်က္သြားတယ္။ ေသတၱာဖြင့္မရဘူး၊ ျပန္လာျပင္ေပး။"

Chain ဟန္မေဆာင္ႏိုင္ဘဲျပံဳးမိၿပီး Lock ေရွ႕က ခြက္ေတြ၊ ပုလင္းေတြကို သိမ္းယူရင္း

"ေရခ်ိဳးၿပီးတာနဲ႔ လာခဲ့ပါ့မယ္။"

ေရႏူးေနတဲ့လက္နဲ႔ သိမ္းစရာရွိတာေတြသိမ္းၿပီး ထြက္သြားသူကို ေက်ာခိုင္းကာ အေပၚျပန္တက္လာခဲ့လိုက္တယ္။
အဲဒီေသတၱာေလးထဲမွာ ကိုယ္အႀကိဳက္ဆံုးအမွတ္တရပစၥည္းေတြ သိမ္းထားခဲ့တာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီ။ အေဖ့ဆီက ပထမဆံုးရခဲ့တဲ့ေသနတ္တစ္လက္လည္း အပါအဝင္ေပါ့။
ညေနက်ရင္ ေသနတ္နဲ႔လက္စမ္းခ်င္လို႔ မနက္က ေသတၱာကိုဖြင့္တာ ေသာ့ကမပြင့္ေတာ့။
ဘယ္သူ႔ကိုျပင္ခိုင္းခိုင္းရေပမဲ့ ေသတၱာေလးကိုေပးတာက Chain မို႔လို႔ သူ႔ကိုပဲျပင္ခိုင္းဖို႔ အေတြးရွိခဲ့႐ံု။

*Knock ... Knock*

"ဝင္ခဲ့"

ေရခ်ိဳး၊ အဝတ္လဲၿပီး ေခါင္းကဆံပင္ေတြကို အကုန္ေျခာက္တဲ့အထိ သုတ္ခဲ့ပံုမရ။ အနည္းငယ္ဖြထားတဲ့  ဆံပင္အေခ်ာင္းလိုက္ေတြက ဖြာဆန္ၾကဲကာ ေဘာင္းဘီရွည္၊ တီရွပ္လက္ရွည္နဲ႔ သူ႔ပံုစံက ဆယ္ေက်ာ္သက္ေကာင္ေလးေတြလိုလို။
Violet မွာ သူ႔အဆင့္အတန္းတစ္ခုအေလ်ာက္ ေနထိုင္ခဲ့သူက Green မွာ သူႀကိဳက္သလိုေနၿပီး ေနေပ်ာ္ေနတာလား။
Chain ဆိုတာ ဘယ္ေနရာေရာက္ေရာက္ အဆင္ေျပေနတတ္တာလား။ ကိုယ့္ကိုခ်စ္လွပါရဲ႕ဆိုၿပီး ကိုယ္မရွိတဲ့အရပ္ေရာက္သြားရင္ေရာ အဆင္ေျပေနမွာပဲထင္ပါတယ္။

ဪ ... ဒါ ငါနဲ႔ဘာသက္ဆိုင္လို႔လဲ။

"ပြင့္ၿပီ Baby, ဘာယူမလို႔လဲ။ ညေနက်မွ လိုတာယူၿပီး ေသာ့အသစ္လုပ္ေပးမယ္။ ရတယ္မဟုတ္လား။"

ကိုယ္ျပန္မေျဖေတာ့ လွည့္ၾကည့္လာၿပီးမွ သတိရသြားပံုနဲ႔ သူ႔ပါးစပ္သူ လက္နဲ႔ကာလိုက္ၿပီး

"ေတာင္းပန္ပါတယ္၊ အစ္ကိုေလး။"

"ေသနတ္ယူမလို႔ဖြင့္တာ။ ညေနက်ရင္ နည္းနည္းေလာက္ လက္စမ္းၾကည့္ခ်င္လို႔။"

Chain က ေသနတ္ကိုယူလိုက္ေတာ့ ျမင္လိုက္ရတဲ့ပစၥည္းတစ္ခုေၾကာင့္ ျပံဳးမိရျပန္တယ္။ Lock ကို ေသနတ္ကမ္းေပးလိုက္ၿပီး အဖံုးျပန္ဖံုးရင္း

"သိမ္းထားေပးလို႔ ေက်းဇူးတင္ပါတယ္။"

ေသနတ္ကိုစစ္ၾကည့္ေနတဲ့ Lock က

"ဘာကိုလဲ။"

Chain က သူ႔လက္ကိုေထာင္ၿပီး လက္ေကာက္ဝတ္က Bracelet ေလးကိုျမင္သာေအာင္ လက္ကိုလွည့္ျပရင္း

"ဒါေလးနဲ႔ ဆင္တူေလ။"

ဒီ Bracelet ခုနက သူ႔ဆီမွာမျမင္မိပါဘူး။ အလုပ္လုပ္မွာမို႔ ခၽြတ္ထားခဲ့တာေနမွာ။

"ငါမဝတ္ခ်င္လို႔ ေခ်ာင္ထိုးထားတာ။"

အဲဒီေသတၱာက ေခ်ာင္ထိုးရတဲ့ေနရာလားလို႔သာ ေမးလိုက္မိရင္ ...
Chain ျပံဳး႐ံုျပံဳးၿပီးသာ ၾကည့္ေနလိုက္မိတယ္။
ကိုယ္ေပးထားတဲ့ေသတၱာထဲက သူအေလးထားတဲ့ အမွတ္တရပစၥည္းေတြၾကားမွာ ကိုယ့္လက္ေဆာင္ကိုေတြ႕လိုက္ရတဲ့ ခံစားခ်က္က ဘယ္လိုမွ မျပံဳးဘဲမေနႏိုင္ေတာ့။ ၿပီးေတာ့ အဲဒါကလည္း သူကိုယ့္ကို ခါးခါးသီးသီးေပါက္ကြဲေနတဲ့အခ်ိန္က ေပးထားခဲ့တာ။ အဲဒီေန႔ကဝတ္ထားၿပီးေတာ့ ေနာက္ရက္ေတြမွာမေတြ႕ေတာ့လို႔ စိတ္မေကာင္းျဖစ္ၿပီး ပံုစံတူေနာက္တစ္ခုထပ္လုပ္ေပးဖို႔ စဥ္းစားေနခဲ့တာ။ အခုလို ဒီထဲမွာမွေတြ႕လိုက္ရေတာ့ လူက ရင္ေတြတလွပ္လွပ္နဲ႔။
ကေလးမဟုတ္၊ ဆယ္ေက်ာ္သက္မဟုတ္ပါဘဲ ပရမ္းပတာေတြျဖစ္ေနတာက ဒီလူႏွလံုးသားအတြက္ ႐ိုးရာတစ္ခုလို။

"ဘာရပ္ၾကည့္ေနတာလဲ။ မင္း သြားလို႔ရၿပီ။"

"ဟုတ္။ ညေန အစ္ကိုေလးအားတဲ့အခ်ိန္ ေခၚခိုင္းလိုက္ပါ။ ေသာ့ျပင္ေပးဖို႔ေလ။"

ျပန္မေျဖသူကို တစ္ခ်က္ေငးၾကည့္မိၿပီးမွ အခန္းအျပင္ကိုထြက္လာေပမဲ့ ေျခေထာက္နဲ႔ၾကမ္းျပင္က လြတ္ေနသလိုလို။ ဒီအတိုင္းဆို Baby ကိုယ့္အေပၚ အရမ္းခါးသီးေနတာေတာ့ မဟုတ္ဘူးေပါ့။

"ဟား ဟား"

အသံထြက္ၿပီးရယ္လိုက္မိတဲ့အထိ ေက်နပ္ေနမိတာလည္း Baby အျပဳအမူေလးတစ္ခုေၾကာင့္ပါပဲ။
Violet ကေန အခန္းဆီျပန္အကူး

"Chain, ဘာေတြေပ်ာ္ေနတာလဲ။"

"ဪ၊ Bryan. ဘယ္ကျပန္လာတာလဲ။"

"Hotel ေတြဘက္ကကိစၥေတြ သြားရွင္းေနတာ။ ၾကည့္ေနတာၾကာၿပီ။ Violet ကေနထြက္လာကတည္းက ပါးစပ္ကနားရြက္ခ်ိတ္လို႔။ အခုလည္း ကၽြန္ေတာ့္ကိုမျမင္ဘူး။ မိုးမျမင္၊ ေလမျမင္ ဘာေတြေပ်ာ္ေနတာလဲ။"

"မင္းက မိုးလား၊ ေလလား။ ငါ့ေရွ႕ပိတ္ရပ္ေနလို႔ ငါကျမင္ရမွာလား။ ေပ်ာ္ေနတာေလးေတာင္ ေပ်ာက္ေတာ့မယ္။ ဖယ္ပါကြာ။"

Bryan က အနားနည္းနည္းကပ္လာၿပီး လက္ကိုပါးစပ္နားကာလို႔ ခပ္တိုးတိုးေမးရွာတယ္။

"Baby က ဘာေျပာလိုက္လို႔လဲ။"

"မင္း ... ေသခ်င္ေနတယ္ ဟုတ္လား။ မင္းေခၚစရာလား။"

Bryan က Chain အနားကျပန္ခြာၿပီး

"မေခၚရဲပါဘူးဗ်ာ။ ကၽြန္ေတာ္တို႔က ေၾကာက္တတ္တယ္။ အေၾကာက္အလန္႔မရွိတဲ့သူ မဟုတ္ဘူး။ ကိုယ့္ထက္ရာထူးႀကီးတဲ့သူကိုလည္း မ႐ိုမေသမလုပ္ရဲပါဘူး။ အသက္ဆိုတာ အပိုမပါဘူးေလ။"

"ေအး၊ ငါက အသက္အပိုပါတယ္။ အဲဒီေတာ့ ငါပဲေခၚမယ္။ မေက်နပ္လို႔သတ္လည္း လည္စင္းေပးလိုက္မယ္။ သြားစမ္းပါ၊ ကိုယ့္အလုပ္ကိုယ္လုပ္။ မင္းတို႔ နားလည္မွာလည္းမဟုတ္ဘူး။"

ပခံုးခ်င္းတိုက္ၿပီးထြက္သြားတဲ့ Chain ကိုၾကည့္ကာ Bryan  ေခါင္းခါမိတယ္။

"ပိုးဖလံမ်ိဳး မီးက္ိုတိုးဆိုတာ ဒါမ်ိဳးေနမွာ။ ငါ့ကိုမ်ား နားမလည္ပါဘူးတဲ့။ သက္သက္ႏွိမ္တာ။ မိန္းမရမွ ေရွ႕ကေန အေခါက္တစ္ရာေလာက္တြဲေလၽွာက္ၿပီး ႂကြားျပမယ္။"

Bryan တစ္ေယာက္ ဘယ္လိုပဲေရရြတ္ေနေန Chain ကေတာ့ အခန္းထဲမွာ အေတြးနဲ႔သာယာၿပီး တစ္ေနကုန္ အာဟာရသိဒၶိၿပီးလို႔ပါပဲ။

အခ်စ္သည္ တစ္ခါတစ္ရံ ရင္ျပည့္တတ္၏။

¤

ညေနဘက္လုပ္ရမယ့္အလုပ္ေတြကို တျခားတစ္ေယာက္နဲ႔လဲခဲ့ၿပီး Lock ေသနတ္ပစ္ေနရာဆီ ေရာက္လာတဲ့ Chain, Lock ျမင္ကြင္းကြယ္ရာကေန ရပ္ၾကည့္ေနမိတယ္။

"Chain?"

"ဪ၊ မီးငယ္။"

"ဘာလုပ္ေနတာလဲ ဒီမွာ။"

Lock ရွိရာဘက္ကို ေမးေငါ့ျပမိေတာ့

"ဪ၊ လွမ္းေခၚေပးရမလား။ ကို...... အြန္း ... အြန္း"

မီးငယ္ပါးစပ္ကို အတင္းလွမ္းပိတ္ထားရတယ္။ ၾကားသြားမွျဖင့္ ...
လက္ကိုအတင္းပုတ္ထုတ္ေနလို႔ ဖယ္ေပးလိုက္ေတာ့မွ

"ေၾကာက္တတ္လိုက္တာ။ မနက္ကေတာ့ အဲဒီ႐ုပ္မဟုတ္ပါဘူး။"

"အဟား၊ ျမင္ၿပီးၿပီေပါ့။"

"ျမင္တာကျမင္ပါတယ္။ ဒါေပမဲ့ အလုပ္ခန္းထဲ ကိုကိုရွိေနရင္ အထဲက Camera ေတြက အလုပ္မလုပ္ေတာ့ အထဲမွာဘာျဖစ္ၾကတာလဲေတာ့ မသိဘူးေပါ့။"

"ဟာ ... ဒီကေလး၊ ဟိုက ေသနတ္ကိုင္ထားတာေနာ္။"

"မၾကားပါဘူး။ သိခ်င္လို႔ေမးတာကိုပဲ။ ေျပာျပလို႔မျဖစ္တဲ့အေၾကာင္းေတြ ရွိေနရင္လည္း မေျပာပါနဲ႔။"

"ေပါက္ကရေတြ မီးငယ္ရယ္။ ေသတၱာေသာ့ပ်က္သြားလို႔ ျပန္ျပင္ခိုင္းလို႔ပါ။"

"ဟုိေသတၱာေလးလား။ အဲဒါက ဘယ္သူျပင္ျပင္ရတာပဲကို။"

Chain မ်က္ႏွာ မနည္းတည္ထားရၿပီ။ အဲဒီအေၾကာင္းျပန္ေတြးမိရင္ကို လူက အလိုလိုျပံဳးမိေနတာ။

"မရလို႔ေနမွာေပါ့။"

"ဟုတ္တယ္၊ အဲဒီမ်က္ႏွာ။ မနက္က အဲဒီလိုမ်က္ႏွာနဲ႔။"

"မေနာက္ပါနဲ႔ေတာ့ မီးငယ္ရာ။"

Lock ဆီကိုအၾကည့္ပို႔ၿပီး ခပ္တိုးတိုးရယ္ေနမိတုန္းမွာ

"Bryan ကေရာ အနားကပ္ၿပီး ဘာေတြေျပာသြားတာလဲ။"

"အားက်လို႔ ေယာက္်ားယူမလို႔တဲ့။ ရၿပီလား။"

"အဟီး ... မရြဲ႕ပါနဲ႔ Chain ကလည္း။ အခုေရာ ဘာလို႔ရပ္ၾကည့္ေနတာလဲ။"

"ေသတၱာေသာ့ျပင္ဖို႔ ပစၥည္းေတြယူလာၿပီး ညေနက်ျပင္ေပးမယ္လို႔ ေျပာထားတာေလ။"

"အင္းေလ။ အဲဒါလည္း ကိုကိုအလုပ္ခန္းထဲေရာက္မွ သြားေလ။"

"ေအးပါကြာ။ သူ႔အစ္ကိုကို တိုေနလိုက္တာ။"

"ဟုတ္တယ္၊ သေဘာမတူဘူး။ အဲဒီလိုသာခ်စ္တတ္ေနရင္ ယူၿပီးတဲ့အခါ အခန္းထဲထည့္ဝွက္ထားရင္ ဘယ္လိုလုပ္မလဲ။"

"ေပါက္ကရေျပာျပန္ပါၿပီကြာ။"

"ကိုကိုလာေနတယ္။"

မီးငယ္စကားေၾကာင့္ ကိုယ့္ဘာသာအရွိန္သတ္ၿပီး လွည့္ၾကည့္မိေတာ့

"ဘာကိစၥလဲ မီးငယ္။"

"Rapunzel ေရာက္ေနလို႔ လာေခၚတာ။"

အံ့ဩသြားရတာက Chain ပါ။ ေခၚစရာရွိတာကိုမေခၚဘဲ စကားရပ္ေျပာေနေသးတာ။ Lock သာ ေရာက္လာၿပီးမေမးရင္ သြားေရာေျပာပါ့မလား။

"ဪ၊ ဧည့္ခန္းမွာလား အခု။"

"ဟုတ္၊ ဧည့္ခန္းမွာ။"

"မင္းက အလုပ္ခန္းထဲသြားမွာမဟုတ္လား။ ပစၥည္းေတြယူၿပီးရင္ လိုက္ခဲ့။"

"ဟုတ္ကဲ့၊ အစ္ကိုေလး။"

Lock ထြက္သြားေတာ့ Lily က ေဘးကပါသြားၿပီး ေနာက္လွည့္လို႔ မ်က္စိတစ္ဖက္မွိတ္ျပသြားေသးရဲ႕။
လိုတာေတြယူၿပီး ဧည့္ခန္းဆီေရာက္ေတာ့

"အခန္းေသာ့ဖြင့္ထားတယ္။ ဝင္သြားလိုက္။"

"ဟုတ္"

Rapunzel ကို အျပံဳးတစ္ခ်က္နဲ႔ႏႈတ္ဆက္ၿပီး အလုပ္ခန္းဆီတက္လာမိေပမဲ့ စိတ္ေတြက ဧည့္ခန္းထဲမွာပဲက်န္ခဲ့သလိုလို။

အခန္းထဲေရာက္ေတာ့ ၾကမ္းျပင္ေပၚထိုင္ခ်ၿပီး ေသတၱာေလးကိုျပင္ေပးရင္း Lock ကိုေစာင့္ေနမိေပမဲ့ တက္မလာပါ။
ဧည့္ခန္းက CCTV ျမင္ကြင္းကို ဒီအခန္းထဲကေန ဖြင့္ၾကည့္လို႔ရေပမဲ့ မျမင္ခ်င္ျပန္။
ျပင္ၿပီးသြားေတာ့ ဆိုဖာေပၚမွာေသတၱာေလးကိုတင္ၿပီး တယုတယပြတ္သပ္ရင္း ငယ္ငယ္ကအေၾကာင္းေတြဆီ စိတ္ကူးရြက္လႊင့္မိပါရဲ႕။

■■■■■ Part XXII ဆက္ရန္ ■■■■■

Bermuda မှာ သားရှိသေးတာလား။
သိသမျှက ဘိုးတော်ဟာပွေရှုပ်လွန်းသလောက် တရားဝင်မိန်းမဖြစ်သူက ကလေးမရနိုင်။ တရားမဝင်ကလေးသုံးယောက်မှာ သားလေးတစ်ယောက်ပါပေမဲ့ သားအမိနှစ်ယောက်လုံး ဆုံးသွားပြီလို့ သိထားခဲ့ကြတာပဲ။ အခုက သားဖြစ်သူကို ပြန်ခေါ်ဖို့တဲ့လား။
သတင်းတွေက အဲဒီနေရာကနေရှေ့မဆက်တော့၊ ဘာမှလည်းဆက်စုံစမ်းလို့မရ။ Hurricane တောင် မသိတော့ဘူးဆိုတော့ စုံစမ်းစရာနေရာက .....

Chain ကိုဖမ်းသွားတဲ့ကိစ္စမှာ တစ်ညနဲ့ အထိအခိုက်မရှိပြန်လွှတ်တာကလွဲရင် ဘာမှလည်း မသင်္ကာစရာသက်သေ ထွက်မလာခဲ့။
ဒါဆို တူညီတဲ့အချက်က Bermuda ခေါင်းဆောင် Griffin ရဲ့နောက်ကြောင်း၊ Chain အဖမ်းခံရတဲ့ညက ဘာဖြစ်ခဲ့သလဲ၊ ပြီးတော့ Chain ရဲ့ အရိပ်အဖွဲ့။
ဒါတွေကို ဘယ်သူက သတင်းအမှောင်ချပေးတာလဲ။

Lock တစ်ယောက် ဝရန်တာမှာ ဆေးလိပ်ငွေ့တွေကြား အတွေးပေါင်းစုံ ရွက်လွှင့်နေတုန်း ...
ခြံထဲက အလင်းကွယ်ရာနေရာကနေ လှမ်းကြည့်နေသူရဲ့အတွေးကတော့ တစ်ခုတည်း။

"Baby ဆေးလိပ်သောက်နေတာ လေးလိပ်တောင်ရှိနေပြီ။ ဘာတွေ အတွေးလွန်နေပြန်ပြီလဲ။"

ခပ်တိုးတိုးစကားသံကိုကြားခဲ့ရင် ဆေးလိပ်မီးက ကိုယ်ပေါ်တစ်နေရာရာဆီ ရောက်လာနိုင်တာကို မသိတဲ့အတိုင်းပဲ။ ကြားအောင်မပြောနိုင်တာကိုပဲ စိတ်ထဲမကျေနပ်ချင်။

¤

ဒီလိုပါပဲ။ အချစ်ဆိုတာ လူကြားထဲ အနိုင်ယူအရှက်ခွဲနေရင်တောင် ငြိမ်ခံနေမိပြီး၊ အမြတ်တနိုးနဲ့ ကြည့်နေမိတာမျိုး။

¤

"မီးငယ်၊ Bermuda သတင်း ဘာရသေးလဲ။"

"ကိုကိုရသလောက်ပေါ့။ မီးငယ်ကတောင် နောက်ကျဦးမယ်။"

"ရွဲ့နေတာလား။"

"အမှန်အတိုင်းပြောတာ။ Rapunzel အဝင်အထွက်များနေကတည်းက သိသားပဲ။"

"ဘာသိတာလဲ။"

"ဘာသိသိ ကိုကိုရာ။ ဘာလဲ၊ ကိုကိုတို့ တွဲနေတာလား။"

"သိတယ်ဆို။"

"တကယ်ပြောနေတာလား။ ဟိုနေ့ကလည်း အတူတူပွဲတက်လာတာလေ။ Love Birds ဆိုပြီး နာမည်ကိုကြီးလို့။ ကိုကို တော်တော်ပျော်နေတာလား။"

"အဲဒါ Hurricane လည်းပါတာပဲ။ အကုန်သိနေတာကြီးကို ဘာတွေချဲ့ကားနေတာလဲ။"

"Hurricane ကရော ဘာအထာလဲ။ အစ်ကိုလုပ်နေပြီး ညီမကို ဒီလိုလွှတ်ထားတာပဲလား။ ကိုကို့ကို သတင်းတွေလည်းရှာပေးနေတယ်။ Hurricane က ဘယ်တုန်းကများ တခြားလူအတွက် သတင်းရှာပေးဖူးလို့လဲ။ ကိုကိုတို့က ဘာဖြစ်ချင်နေကြတာလဲ။"

"မီးငယ်ပြောသလိုပဲလေ။ အဲဒါအကုန်ပဲ။ ဘာမှဆက်ဖြစ်စရာမရှိဘူး။"

"ကိုကိုရာ၊ Chain လည်း Green မှာ တစ်လလောက်ကြာနေပြီ။ Bermuda ဘိုးတော်လည်း ပြန်သွားပြီကြားတယ်။ ဘာတွေ သံသယဝင်နေသေးတာလဲ။"

"ဟာဟ၊ ကျေးဇူးပဲ မီးငယ်။ ဟုတ်တာပေါ့၊ Chain လုံးဝ အလှုပ်အရှားမရှိတာနဲ့ ဘိုးတော်ကပြန်ကြွသွားတာဆိုတော့ ပိုသေချာသွားတာပေါ့။"

"ဪ၊ Chain က ကိုကိုမသိအောင်မလှုပ်ရှားနိုင်ဘူးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ သူ့စိတ်ကကို ကိုကို့အမိန့်အတိုင်း နာခံနေတာလေ။ သူ့ဘာသာငြိမ်နေတော့လည်း အပြောမလွတ်ပြန်ဘူး။"

"တော်စမ်း မီးငယ်။ မင်းပြောတာနော်၊ သူက ငါမသိအောင်လှုပ်ရှားနိုင်တယ်လို့။"

"သူ့အရည်အချင်းကိုပြောတာ။ ကိုကိုမသိအောင် လုပ်ထားသမျှတွေကိုလည်း ကိုကိုပဲအရင်သိလာတာပဲလေ။ သူ့ကိုမေးရင်လည်း ဘယ်တုန်းကညာလို့လဲ။ အကုန်ဝန်ခံတာပဲကို။"

"အေး၊ မဖြေဘဲ နှုတ်ဆိတ်နေတဲ့အကြိမ်တိုင်းကလည်း မဟုတ်တာလုပ်ထားလို့ပဲလေ။"

"ကိုကို့ကို အသက်နဲ့ရင်းပြီးချစ်တဲ့လူကို ... မဟုတ်သေးဘူး၊ မာနတွေ သိက္ခာတွေနဲ့ပါရင်းပြီး ချစ်တဲ့လူလေ။ ကိုကိုထိခိုက်အောင် လုပ်ပါ့မလား။"

"သေချာလား မီးငယ်၊ သေချာလား။ မီးငယ် ငါးမျှားချိတ်ကိုမမြင်တာရော မဖြစ်နိုင်ဘူးလား။"

"ကိုကို့သံသယတွေ တော်သင့်နေပြီနော်။ Garuda party နောက်ရက်က ကိုကိုတို့ဘယ်မှာရှိနေခဲ့လဲလို့ မီးငယ်သိပြီးပြီ။ ကိုကိုကလေ သိပ်ရက်စက်တာပဲ။ အဲဒါယောက်ျားတစ်ယောက်နော်။ ကိုကိုက ပိုပြီးကိုယ်ချင်းစာတတ်မှာပါ။ တကယ်ကို တရားလွန်လုပ်ရပ်ပဲ။ ပြီးတော့ သူက ကိုကို့ကိုအရမ်းချစ်တဲ့လူ။ မေတ္တာတွေစူးဦးမှာ သိလား။ သူလည်း ဘယ်လိုတောင် ဦးနှောက်မရှိတာမှန်းမသိဘူး။ သူ့နေရာမှာဆို တခြားဘယ်သူကမှ ငြိမ်နေမှာမဟုတ်ဘူး။ သူ့ဝဋ်ကြွေးကုန်တဲ့နေ့က ကိုကို့အလှည့်မဖြစ်စေနဲ့။"

Lily မျက်ရည်တွေနဲ့ ပြောပစ်မိတယ်။ ဒီသတင်းကိုသိရချိန်မှာ Shock ရပြီး အာရုံကြောတွေပါ ထုံထိုင်းသွားသလိုပဲ။ ကိုကိုက အဲဒီလောက်ရက်စက်သလား။ Chain ကပဲ ချစ်တတ်လွန်းတာလား။ သိချင်လို့ရှာကြည့်မိတဲ့ Lily ကပဲ မှားသွားတာလား။
Chain ဟာ Bermuda နဲ့ပတ်သက်နေမယ်ဆိုရင် အခုချိန်ထိ Bermuda က ကိုကို့ကိုထိမရတာ Chain ကြောင့်ဆိုတာ သေချာတယ်။ မပတ်သက်ဘူးဆိုရင်လည်း Chain က ကောင်းကောင်းကာကွယ်ပေးနိုင်နေတာပဲ။ Chain နဲ့ Bermuda ရဲ့ပတ်သက်မှုကို Lily ဘယ်တော့မှ မစုံစမ်းတော့ဘူး။

.

မျက်ရည်တွေအဝိုင်းသားနဲ့ ကိုယ့်ကိုရန်တွေ့သွားတာ ကိုယ့်ညီမလေးတဲ့လား။ ကိုကို့အလှည့်မဖြစ်ပါစေနဲ့တဲ့။ သူ့ကိုတော်တော်ချစ်တာလား မီးငယ်။
မီးငယ်ကိုပျော်စေချင်ပေမဲ့ သူနဲ့တော့ သဘောမတူနိုင်ဘူး။ တခြားသူနဲ့ဆိုရင်တောင် ကိုကိုကိုယ်တိုင် မီးငယ်စိတ်ကြိုက်ဖြစ်ရအောင် ဖန်တီးပေးမိမှာ။ ဒီလိုမျိုး စိတ်မချရတဲ့ကောင်နဲ့တော့ အဆင်မပြေနိုင်ဘူး မီးငယ်ရယ်။
အခု ဘယ်လိုပဲစုံစမ်းပါစေ ဦးငယ်ကိစ္စမှာလည်း နောက်ကွယ်မှာ တစ်ခုခုရှိနေမှာကိုသိရဲ့နဲ့ ရှာမရဘူး။ အဖေဆုံးသွားရတာလည်း Bermuda ကြောင့်။ ကိုယ်မကျေနပ်ဘူး။ Bermuda ကို မြေလှန်ပစ်မယ်။ သင်းပါပတ်သက်နေရင်တော့ လုံးဝအလွတ်မပေးနိုင်တာမို့ မီးငယ် သူ့ကိုပတ်သက်ဖို့ မကြိုးစားပါနဲ့။

¤

ရေကူးကန်ကိုသန့်ရှင်းရေးလုပ်ဖို့ ရေတွေဖောက်ထုတ်နေတဲ့ Chain, အပေါ်ပိုင်းကိုယ်ဗလာ၊ အောက်ပိုင်းက ဘောင်းဘီတိုနဲ့။
အပြင်ကပြန်လာပြီး စိတ်ရှုပ်လို့ ရေကန်နားကသစ်ပင်ရိပ်မှာထိုင်ဖို့ ထွက်လာမိတာ ကိုယ့်အမှား။

"အစ်ကိုလေး၊ ဟို ... ရေကူးချင်လို့လား။ ငါက အစ်ကိုလေးအပြင်သွားနေတုန်းဆိုပြီး သန့်ရှင်းရေးလုပ်နေတာ။ ခဏလေးပဲစောင့်နော်၊ နောက်တစ်ယောက်ပါသွားခေါ်ပြီး မြန်မြန်လုပ်လိုက်မယ်။"

ဟုတ်ပါတယ်။ ရေကူးကန်အကျယ်ကြီးကို တစ်ယောက်တည်းရှင်းရင် ကြာနေမှာပဲ။ Lock တို့ စိတ်ယုတ်ကလေးက ဝင်လာတာမို့

"သွားမခေါ်နဲ့။ မင်းဘာသာလုပ်၊ မြန်မြန်လုပ်။"

"အာ ... ဟုတ်ကဲ့ပါ။"

တစ်ယောက်တည်းနဲ့ တစ်ချက်မနားဘဲ ခပ်မြန်မြန်အလုပ်လုပ်နေတဲ့လူကို ကျောခိုင်းပြီး သစ်ပင်ရိပ်မှာထိုင်ရင်း အခုပဲလာပို့ပေးသွားတဲ့ ဝိုင်ချိုချိုအေးအေးကို အရသာခံသောက်နေမိတယ်။
ဖုန်းသုံးရင်း၊ Rapunzel နဲ့စာပို့ရင်း၊ အချိန်ဘယ်လောက်ကြာသွားမှန်း သတိမထားမိလိုက်။

"အစ်ကိုလေး၊ ရပါပြီ။"

ချွေးတွေလား၊ ရေတွေလားမသိဘူး။ တစ်ကိုယ်လုံးလည်း စိုလို့။ ရေစိုဆံပင်တွေကို နောက်ကိုသပ်တင်ပြီး မျက်နှာကပြောင်ရှင်းလို့။
ဘာလဲ၊ ငါက သူ့ကိုသေချာကြည့်မိတာလား။
ရေကူးကန်ဆီကြည့်မိတော့ ရေတွေတောင် ဖြည့်ပြီးနေပြီ။

"မကူးချင်ဘူး။ မင်း ငါ့ရှေ့ကသွားတော့။"

"ဟုတ်"

"နေဦး၊ တစ်လက်စတည်း ငါ့ကားကိုသွားဆေးလိုက်။ ဂိုဒေါင်နောက်လမ်းကပတ်ကြည့်တာ ရွှံ့တွေပေလာတယ်။"

"ဟုတ်၊ အစ်ကိုလေး။"

Chain ထွက်သွားတဲ့အထိ Lock နေရာမရွှေ့မိသေး။
တော်တော်လေးကြာပြီးနောက်

"ပြီးသွားပါပြီ။ အစ်ကိုလေး ဘာခိုင်းစရာရှိသေးလဲ။"

ခုနကထွက်သွားတုန်းက ပခုံးပေါ်တင်သွားတဲ့အင်္ကျီအပါးကို အခုဝတ်ထားပြီး ရေမခြောက်သေးတဲ့ပုံစံအတိုင်း ပြန်ရောက်လာတဲ့ Chain.

"ဒါတွေသိမ်းသွား။ မင်းအဝတ်အစားလဲပြီးရင် အလုပ်ခန်းထဲ ခဏလာခဲ့။ မင်းလုပ်ထားတဲ့သော့က ပျက်သွားတယ်။ သေတ္တာဖွင့်မရဘူး၊ ပြန်လာပြင်ပေး။"

Chain ဟန်မဆောင်နိုင်ဘဲပြုံးမိပြီး Lock ရှေ့က ခွက်တွေ၊ ပုလင်းတွေကို သိမ်းယူရင်း

"ရေချိုးပြီးတာနဲ့ လာခဲ့ပါ့မယ်။"

ရေနူးနေတဲ့လက်နဲ့ သိမ်းစရာရှိတာတွေသိမ်းပြီး ထွက်သွားသူကို ကျောခိုင်းကာ အပေါ်ပြန်တက်လာခဲ့လိုက်တယ်။
အဲဒီသေတ္တာလေးထဲမှာ ကိုယ်အကြိုက်ဆုံးအမှတ်တရပစ္စည်းတွေ သိမ်းထားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ အဖေ့ဆီက ပထမဆုံးရခဲ့တဲ့သေနတ်တစ်လက်လည်း အပါအဝင်ပေါ့။
ညနေကျရင် သေနတ်နဲ့လက်စမ်းချင်လို့ မနက်က သေတ္တာကိုဖွင့်တာ သော့ကမပွင့်တော့။
ဘယ်သူ့ကိုပြင်ခိုင်းခိုင်းရပေမဲ့ သေတ္တာလေးကိုပေးတာက Chain မို့လို့ သူ့ကိုပဲပြင်ခိုင်းဖို့ အတွေးရှိခဲ့ရုံ။

*Knock ... Knock*

"ဝင်ခဲ့"

ရေချိုး၊ အဝတ်လဲပြီး ခေါင်းကဆံပင်တွေကို အကုန်ခြောက်တဲ့အထိ သုတ်ခဲ့ပုံမရ။ အနည်းငယ်ဖွထားတဲ့  ဆံပင်အချောင်းလိုက်တွေက ဖွာဆန်ကြဲကာ ဘောင်းဘီရှည်၊ တီရှပ်လက်ရှည်နဲ့ သူ့ပုံစံက ဆယ်ကျော်သက်ကောင်လေးတွေလိုလို။
Violet မှာ သူ့အဆင့်အတန်းတစ်ခုအလျောက် နေထိုင်ခဲ့သူက Green မှာ သူကြိုက်သလိုနေပြီး နေပျော်နေတာလား။
Chain ဆိုတာ ဘယ်နေရာရောက်ရောက် အဆင်ပြေနေတတ်တာလား။ ကိုယ့်ကိုချစ်လှပါရဲ့ဆိုပြီး ကိုယ်မရှိတဲ့အရပ်ရောက်သွားရင်ရော အဆင်ပြေနေမှာပဲထင်ပါတယ်။

ဪ ... ဒါ ငါနဲ့ဘာသက်ဆိုင်လို့လဲ။

"ပွင့်ပြီ Baby, ဘာယူမလို့လဲ။ ညနေကျမှ လိုတာယူပြီး သော့အသစ်လုပ်ပေးမယ်။ ရတယ်မဟုတ်လား။"

ကိုယ်ပြန်မဖြေတော့ လှည့်ကြည့်လာပြီးမှ သတိရသွားပုံနဲ့ သူ့ပါးစပ်သူ လက်နဲ့ကာလိုက်ပြီး

"တောင်းပန်ပါတယ်၊ အစ်ကိုလေး။"

"သေနတ်ယူမလို့ဖွင့်တာ။ ညနေကျရင် နည်းနည်းလောက် လက်စမ်းကြည့်ချင်လို့။"

Chain က သေနတ်ကိုယူလိုက်တော့ မြင်လိုက်ရတဲ့ပစ္စည်းတစ်ခုကြောင့် ပြုံးမိရပြန်တယ်။ Lock ကို သေနတ်ကမ်းပေးလိုက်ပြီး အဖုံးပြန်ဖုံးရင်း

"သိမ်းထားပေးလို့ ကျေးဇူးတင်ပါတယ်။"

သေနတ်ကိုစစ်ကြည့်နေတဲ့ Lock က

"ဘာကိုလဲ။"

Chain က သူ့လက်ကိုထောင်ပြီး လက်ကောက်ဝတ်က Bracelet လေးကိုမြင်သာအောင် လက်ကိုလှည့်ပြရင်း

"ဒါလေးနဲ့ ဆင်တူလေ။"

ဒီ Bracelet ခုနက သူ့ဆီမှာမမြင်မိပါဘူး။ အလုပ်လုပ်မှာမို့ ချွတ်ထားခဲ့တာနေမှာ။

"ငါမဝတ်ချင်လို့ ချောင်ထိုးထားတာ။"

အဲဒီသေတ္တာက ချောင်ထိုးရတဲ့နေရာလားလို့သာ မေးလိုက်မိရင် ...
Chain ပြုံးရုံပြုံးပြီးသာ ကြည့်နေလိုက်မိတယ်။
ကိုယ်ပေးထားတဲ့သေတ္တာထဲက သူအလေးထားတဲ့ အမှတ်တရပစ္စည်းတွေကြားမှာ ကိုယ့်လက်ဆောင်ကိုတွေ့လိုက်ရတဲ့ ခံစားချက်က ဘယ်လိုမှ မပြုံးဘဲမနေနိုင်တော့။ ပြီးတော့ အဲဒါကလည်း သူကိုယ့်ကို ခါးခါးသီးသီးပေါက်ကွဲနေတဲ့အချိန်က ပေးထားခဲ့တာ။ အဲဒီနေ့ကဝတ်ထားပြီးတော့ နောက်ရက်တွေမှာမတွေ့တော့လို့ စိတ်မကောင်းဖြစ်ပြီး ပုံစံတူနောက်တစ်ခုထပ်လုပ်ပေးဖို့ စဉ်းစားနေခဲ့တာ။ အခုလို ဒီထဲမှာမှတွေ့လိုက်ရတော့ လူက ရင်တွေတလှပ်လှပ်နဲ့။
ကလေးမဟုတ်၊ ဆယ်ကျော်သက်မဟုတ်ပါဘဲ ပရမ်းပတာတွေဖြစ်နေတာက ဒီလူနှလုံးသားအတွက် ရိုးရာတစ်ခုလို။

"ဘာရပ်ကြည့်နေတာလဲ။ မင်း သွားလို့ရပြီ။"

"ဟုတ်။ ညနေ အစ်ကိုလေးအားတဲ့အချိန် ခေါ်ခိုင်းလိုက်ပါ။ သော့ပြင်ပေးဖို့လေ။"

ပြန်မဖြေသူကို တစ်ချက်ငေးကြည့်မိပြီးမှ အခန်းအပြင်ကိုထွက်လာပေမဲ့ ခြေထောက်နဲ့ကြမ်းပြင်က လွတ်နေသလိုလို။ ဒီအတိုင်းဆို Baby ကိုယ့်အပေါ် အရမ်းခါးသီးနေတာတော့ မဟုတ်ဘူးပေါ့။

"ဟား ဟား"

အသံထွက်ပြီးရယ်လိုက်မိတဲ့အထိ ကျေနပ်နေမိတာလည်း Baby အပြုအမူလေးတစ်ခုကြောင့်ပါပဲ။
Violet ကနေ အခန်းဆီပြန်အကူး

"Chain, ဘာတွေပျော်နေတာလဲ။"

"ဪ၊ Bryan. ဘယ်ကပြန်လာတာလဲ။"

"Hotel တွေဘက်ကကိစ္စတွေ သွားရှင်းနေတာ။ ကြည့်နေတာကြာပြီ။ Violet ကနေထွက်လာကတည်းက ပါးစပ်ကနားရွက်ချိတ်လို့။ အခုလည်း ကျွန်တော့်ကိုမမြင်ဘူး။ မိုးမမြင်၊ လေမမြင် ဘာတွေပျော်နေတာလဲ။"

"မင်းက မိုးလား၊ လေလား။ ငါ့ရှေ့ပိတ်ရပ်နေလို့ ငါကမြင်ရမှာလား။ ပျော်နေတာလေးတောင် ပျောက်တော့မယ်။ ဖယ်ပါကွာ။"

Bryan က အနားနည်းနည်းကပ်လာပြီး လက်ကိုပါးစပ်နားကာလို့ ခပ်တိုးတိုးမေးရှာတယ်။

"Baby က ဘာပြောလိုက်လို့လဲ။"

"မင်း ... သေချင်နေတယ် ဟုတ်လား။ မင်းခေါ်စရာလား။"

Bryan က Chain အနားကပြန်ခွာပြီး

"မခေါ်ရဲပါဘူးဗျာ။ ကျွန်တော်တို့က ကြောက်တတ်တယ်။ အကြောက်အလန့်မရှိတဲ့သူ မဟုတ်ဘူး။ ကိုယ့်ထက်ရာထူးကြီးတဲ့သူကိုလည်း မရိုမသေမလုပ်ရဲပါဘူး။ အသက်ဆိုတာ အပိုမပါဘူးလေ။"

"အေး၊ ငါက အသက်အပိုပါတယ်။ အဲဒီတော့ ငါပဲခေါ်မယ်။ မကျေနပ်လို့သတ်လည်း လည်စင်းပေးလိုက်မယ်။ သွားစမ်းပါ၊ ကိုယ့်အလုပ်ကိုယ်လုပ်။ မင်းတို့ နားလည်မှာလည်းမဟုတ်ဘူး။"

ပခုံးချင်းတိုက်ပြီးထွက်သွားတဲ့ Chain ကိုကြည့်ကာ Bryan  ခေါင်းခါမိတယ်။

"ပိုးဖလံမျိုး မီးကိုတိုးဆိုတာ ဒါမျိုးနေမှာ။ ငါ့ကိုများ နားမလည်ပါဘူးတဲ့။ သက်သက်နှိမ်တာ။ မိန်းမရမှ ရှေ့ကနေ အခေါက်တစ်ရာလောက်တွဲလျှောက်ပြီး ကြွားပြမယ်။"

Bryan တစ်ယောက် ဘယ်လိုပဲရေရွတ်နေနေ Chain ကတော့ အခန်းထဲမှာ အတွေးနဲ့သာယာပြီး တစ်နေကုန် အာဟာရသိဒ္ဓိပြီးလို့ပါပဲ။

အချစ်သည် တစ်ခါတစ်ရံ ရင်ပြည့်တတ်၏။

¤

ညနေဘက်လုပ်ရမယ့်အလုပ်တွေကို တခြားတစ်ယောက်နဲ့လဲခဲ့ပြီး Lock သေနတ်ပစ်နေရာဆီ ရောက်လာတဲ့ Chain, Lock မြင်ကွင်းကွယ်ရာကနေ ရပ်ကြည့်နေမိတယ်။

"Chain?"

"ဪ၊ မီးငယ်။"

"ဘာလုပ်နေတာလဲ ဒီမှာ။"

Lock ရှိရာဘက်ကို မေးငေါ့ပြမိတော့

"ဪ၊ လှမ်းခေါ်ပေးရမလား။ ကို...... အွန်း ... အွန်း"

မီးငယ်ပါးစပ်ကို အတင်းလှမ်းပိတ်ထားရတယ်။ ကြားသွားမှဖြင့် ...
လက်ကိုအတင်းပုတ်ထုတ်နေလို့ ဖယ်ပေးလိုက်တော့မှ

"ကြောက်တတ်လိုက်တာ။ မနက်ကတော့ အဲဒီရုပ်မဟုတ်ပါဘူး။"

"အဟား၊ မြင်ပြီးပြီပေါ့။"

"မြင်တာကမြင်ပါတယ်။ ဒါပေမဲ့ အလုပ်ခန်းထဲ ကိုကိုရှိနေရင် အထဲက Camera တွေက အလုပ်မလုပ်တော့ အထဲမှာဘာဖြစ်ကြတာလဲတော့ မသိဘူးပေါ့။"

"ဟာ ... ဒီကလေး၊ ဟိုက သေနတ်ကိုင်ထားတာနော်။"

"မကြားပါဘူး။ သိချင်လို့မေးတာကိုပဲ။ ပြောပြလို့မဖြစ်တဲ့အကြောင်းတွေ ရှိနေရင်လည်း မပြောပါနဲ့။"

"ပေါက်ကရတွေ မီးငယ်ရယ်။ သေတ္တာသော့ပျက်သွားလို့ ပြန်ပြင်ခိုင်းလို့ပါ။"

"ဟိုသေတ္တာလေးလား။ အဲဒါက ဘယ်သူပြင်ပြင်ရတာပဲကို။"

Chain မျက်နှာ မနည်းတည်ထားရပြီ။ အဲဒီအကြောင်းပြန်တွေးမိရင်ကို လူက အလိုလိုပြုံးမိနေတာ။

"မရလို့နေမှာပေါ့။"

"ဟုတ်တယ်၊ အဲဒီမျက်နှာ။ မနက်က အဲဒီလိုမျက်နှာနဲ့။"

"မနောက်ပါနဲ့တော့ မီးငယ်ရာ။"

Lock ဆီကိုအကြည့်ပို့ပြီး ခပ်တိုးတိုးရယ်နေမိတုန်းမှာ

"Bryan ကရော အနားကပ်ပြီး ဘာတွေပြောသွားတာလဲ။"

"အားကျလို့ ယောက်ျားယူမလို့တဲ့။ ရပြီလား။"

"အဟီး ... မရွဲ့ပါနဲ့ Chain ကလည်း။ အခုရော ဘာလို့ရပ်ကြည့်နေတာလဲ။"

"သေတ္တာသော့ပြင်ဖို့ ပစ္စည်းတွေယူလာပြီး ညနေကျပြင်ပေးမယ်လို့ ပြောထားတာလေ။"

"အင်းလေ။ အဲဒါလည်း ကိုကိုအလုပ်ခန်းထဲရောက်မှ သွားလေ။"

"အေးပါကွာ။ သူ့အစ်ကိုကို တိုနေလိုက်တာ။"

"ဟုတ်တယ်၊ သဘောမတူဘူး။ အဲဒီလိုသာချစ်တတ်နေရင် ယူပြီးတဲ့အခါ အခန်းထဲထည့်ဝှက်ထားရင် ဘယ်လိုလုပ်မလဲ။"

"ပေါက်ကရပြောပြန်ပါပြီကွာ။"

"ကိုကိုလာနေတယ်။"

မီးငယ်စကားကြောင့် ကိုယ့်ဘာသာအရှိန်သတ်ပြီး လှည့်ကြည့်မိတော့

"ဘာကိစ္စလဲ မီးငယ်။"

"Rapunzel ရောက်နေလို့ လာခေါ်တာ။"

အံ့ဩသွားရတာက Chain ပါ။ ခေါ်စရာရှိတာကိုမခေါ်ဘဲ စကားရပ်ပြောနေသေးတာ။ Lock သာ ရောက်လာပြီးမမေးရင် သွားရောပြောပါ့မလား။

"ဪ၊ ဧည့်ခန်းမှာလား အခု။"

"ဟုတ်၊ ဧည့်ခန်းမှာ။"

"မင်းက အလုပ်ခန်းထဲသွားမှာမဟုတ်လား။ ပစ္စည်းတွေယူပြီးရင် လိုက်ခဲ့။"

"ဟုတ်ကဲ့၊ အစ်ကိုလေး။"

Lock ထွက်သွားတော့ Lily က ဘေးကပါသွားပြီး နောက်လှည့်လို့ မျက်စိတစ်ဖက်မှိတ်ပြသွားသေးရဲ့။
လိုတာတွေယူပြီး ဧည့်ခန်းဆီရောက်တော့

"အခန်းသော့ဖွင့်ထားတယ်။ ဝင်သွားလိုက်။"

"ဟုတ်"

Rapunzel ကို အပြုံးတစ်ချက်နဲ့နှုတ်ဆက်ပြီး အလုပ်ခန်းဆီတက်လာမိပေမဲ့ စိတ်တွေက ဧည့်ခန်းထဲမှာပဲကျန်ခဲ့သလိုလို။

အခန်းထဲရောက်တော့ ကြမ်းပြင်ပေါ်ထိုင်ချပြီး သေတ္တာလေးကိုပြင်ပေးရင်း Lock ကိုစောင့်နေမိပေမဲ့ တက်မလာပါ။
ဧည့်ခန်းက CCTV မြင်ကွင်းကို ဒီအခန်းထဲကနေ ဖွင့်ကြည့်လို့ရပေမဲ့ မမြင်ချင်ပြန်။
ပြင်ပြီးသွားတော့ ဆိုဖာပေါ်မှာသေတ္တာလေးကိုတင်ပြီး တယုတယပွတ်သပ်ရင်း ငယ်ငယ်ကအကြောင်းတွေဆီ စိတ်ကူးရွက်လွှင့်မိပါရဲ့။

■■■■■ Part XXII ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі