1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
62. Diary
ဓာတ္ပံုေတြရိုက္ၾကၿပီး ျခံထဲမွာ Party တဲ့။ ဝိုင္းတိုက္ေနလိုက္ၾကတာ ဘယ္အခ်ိန္မူးၿပီး ဘယ္အခ်ိန္ေမွာက္လို႔ ဘယ္တုန္းကအိပ္ရာထဲေရာက္သြားလဲ မမွတ္မိေတာ့ဘူး။ ေခါင္းေတြအံုခဲၿပီး ႏိုးလာတဲ့အခ်ိန္ မနက္လင္းေနၿပီ။ Chain က ခုတင္ေဘးၾကမ္းျပင္မွာအိပ္ေနတာလား? ေဖ်ာ္ထားေပးတဲ့ ပ်ားသံပရာေသာက္ၿပီး ေရခ်ိဳးလိုက္ဖို႔ေတြးရင္း သူ႔ကိုခုတင္ေပၚတက္အိပ္ခိုင္းမိတယ္။ ျပန္ထြက္လာေတာ့ သူအိပ္ေပ်ာ္ေနၿပီ။ တစ္အိမ္လံုးလည္း တိတ္ဆိတ္လို႔ပဲ။

ေကာ္ဖီေသာက္ဖို႔ေတြးေနတုန္း အိမ္ႀကီးရွင္က ေပါက္ကရေတြလာေမးေနတယ္။ ငါတို႔က အဲဒီလိုပတ္သက္မႈေတြအထိ ရွိႏိုင္တဲ့အေျခအေနလား? Hepius က ဆက္ေမးလာတယ္၊ Chain ကိုဘယ္လိုျမင္လဲတဲ့။ အေၾကာင္းမရွိဘဲၾကည့္မရျဖစ္တတ္တာရယ္၊ အရမ္းရင္းႏွီးသလိုထင္ရတာရယ္၊ သူ႔အခ်စ္ကိုခံစားမိတာရယ္အျပင္ ငယ္ငယ္ကသိခဲ့တဲ့ ဒဏ္ရာေတြနဲ႔ေကာင္ေလးတစ္ေယာက္ကို Chain နဲ႔တြဲျမင္ေနတာ ဘာလို႔မွန္းမသိဘူး။

ေသခ်ာေတြးလိုက္ရင္ေပၚလာတာက Chain ရဲ႕နီရဲေနတဲ့မ်က္လံုးေတြ၊ ငါ့ေၾကာင့္ မ်က္ရည္က်ဖူးပံုပဲ။ Lock ဆိုတဲ့အေျခအေနထက္ Ivy မွတ္ဉာဏ္ေတြသာရွိေနတာမို႔ Hepius ကေတာ့ေျပာပါတယ္၊ မင္းက positive side ကိုပဲမွတ္မိေနတာပါတဲ့။ ငါ့မွာအမွတ္တရဆိုးေတြမ်ားခဲ့တာလား? Hepius ကို Chain နဲ႔ပတ္သက္တာေမးရင္ ေရွာင္ထြက္လြန္းလို႔ ငါတို႔ႏွစ္ေယာက္ၾကားကျပႆနာကို အတင္းေမးေတာ့ Chain ကို Garuda Party အေၾကာင္းကေနစေမးပါတဲ့။

မီးငယ္က Chain အေပၚခံစားခ်က္ရွိေနတာလားဆိုေတာ့ Hepius မျငင္းခဲ့ဘူး။ ဒါနဲ႔မ်ား ဘာလို႔ လက္ထပ္ဖို႔အၾကံေပးခဲ့တာလဲ မီးငယ္ရယ္။ ကိုကိုမသိခဲ့ဘူး၊ Chain ကို Wedding Suit နဲ႔မျမင္ခင္ထိ မီးငယ္ဆီမွာ ဘာသဲလြန္စမွေပၚမေနခဲ့ဘူး။ သိပ္ခ်စ္တတ္တာလား ကေလးေလး၊ သူေပ်ာ္ေနရင္ ၿပီးေရာတဲ့လား? Chain ကလည္း မီးငယ္ရဲ႕သံေယာဇဥ္ကို ရိပ္မိေနပံုပါပဲ။ ဒီၾကားထဲကကိစၥေတြကို ငါအရမ္းသိခ်င္ေနၿပီ။

ျခံထဲမွာ Austin နဲ႔ Nick ကိုေတြ႕လို႔ သိခ်င္တာေလးေတြေမးၾကည့္ေနရင္း Chain ေရာက္လာတယ္။ အဲဒီ Baby ဆိုတာႀကီးက နားထဲကန္႔လန္႔ႀကီးေပမဲ့ မေန႔ကမွလက္ထပ္ထားတဲ့ အေျခအေနတစ္ခုမွာ ငါမျငင္းေတာ့ပါဘူး။ Hepius ေမးခိုင္းသလိုေမးလိုက္ေတာ့ သိလိုက္ရတာေတြက မယံုႏိုင္ဘူးလို႔ေျပာရမလား? Baby လို႔ ေခၚခြင့္ရဖို႔၊ သူ႔အခ်စ္ကို အသိအမွတ္ျပဳေပးဖို႔အတြက္တဲ့။ တန္လို႔လား? သူမလုပ္ႏိုင္ဘူးထင္လို႔ ငါေျပာခဲ့တာပဲေနမွာ။ အခုအခ်ိန္မွာေတာ့ ငါမ်က္ႏွာပူတာပဲသိေတာ့တယ္။ ငါ ဘယ္လိုလုပ္ႏိုင္ခဲ့တာလဲ?
ဘာတဲ့? လင္ေယာက္်ားကို ႐ူးမတတ္ခ်စ္တာကို လင္တရူးလို႔ေခၚတယ္တဲ့။ ဘယ္လိုေကာင္လဲကြာ!

Chain က ဘယ္လိုစိတ္နဲ႔ သည္းခံခဲ့တာလဲ? ငါကေရာ ဘယ္လိုအေတြးနဲ႔ ဒီကိစၥကိုလုပ္မိခဲ့တာလဲ? ႏွစ္ေယာက္လံုးပဲ ခဏတာရူးသြားခဲ့ၾကတာလား? Chain ေျပာျပၿပီးေတာ့ သူရဲ႕မ်က္လံုးနီရဲရဲေတြကို ရွင္းရွင္းလင္းလင္းျမင္ေယာင္လာတယ္။ အဲဒီလို သူနာက်င္ခံစားေနရတာကို သေဘာက်တာလားတဲ့။ မ်က္စိမွိတ္ခ်စ္ႏိုင္လြန္းတဲ့သူ႔ကို ရြဲ႕ၿပီးေျပာမိေတာ့ အသာအယာေလးပဲျပံဳးၿပီးေျပာတယ္၊ မေဝးရရင္ နာက်င္ေနရလည္း ေက်နပ္တယ္တဲ့။

"ေသရင္ေတာင္ ဝိညာဥ္က Spectrum မွာပဲရွိေနမယ္" တဲ့။ အဲဒီစကားကို အလိုလိုၾကားေယာင္မိတယ္။ တကယ္ကိုပဲ အားနာစရာေကာင္းေလာက္ေအာင္ အျဖစ္အပ်က္ေတြက ျပန္ျပင္လို႔လည္းမရေတာ့ဘူး။ သူကေတာ့ Lock ကိုလည္းခ်စ္တယ္၊ Ivy ကိုလည္းျမတ္ႏိုးတယ္တဲ့။
ငါမင္းကိုမမုန္းခဲ့ဘူးထင္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းအတြက္နဲ႔ သူမ်က္ရည္ဝဲသြားတာလား? ငါက အဲဒီေလာက္ဆိုးခဲ့တာလား? မမုန္းဘူးဆိုတဲ့စကားနဲ႔တင္ ေပ်ာ္လို႔မ်က္ရည္ဝဲရတယ္တဲ့ေလ။
အခ်စ္က ငါတို႔ကိုရူးသြပ္ေစတာလား?

▪︎▪︎▪︎

Baby က Play room ထဲကကိစၥကို အားနာေနခဲ့တာပဲ။ မလိုပါဘူးလို႔ပဲ ထပ္ေျပာပါရေစ။ ကိုယ္တိုင္ကတိုးဝင္ခဲ့တဲ့ပိုးဖလံကို မီးေတာက္ေလးက အားနာစရာမလိုဘူးလို႔ ထင္ပါတယ္။ ေလာင္ကၽြမ္းခံရမယ္ဆိုရင္လည္း အနားမွာပဲေနပါ့မယ္။

လက္မွတ္ထိုးခဲ့ၾကတယ္တဲ့။ ဒါဆို လက္ထပ္စာခ်ဳပ္ကေရာ? Nick ရိုက္ေပးတဲ့ပံုေတြထဲက တစ္ပံုကို ဖုန္းထဲမွာေတြ႕တယ္။ ေသခ်ာတယ္၊ အဲဒီပံုဆိုတာေတာ့ မလြဲႏိုင္ဘူး။ တျခားပံုေတြကိုေတာ့ Nick ကိုပဲ ေမးၾကည့္လိုက္တာ ေကာင္းပါတယ္။ မီးငယ္ကိုလည္း မေမးခ်င္ေတာ့ဘူး၊ အားနာတယ္။ ဟိုတစ္ေန႔က သိခ်င္ေဇာနဲ႔ေမးမိတာေတြက မီးငယ္ကိုစိတ္ထိခိုက္ေစခဲ့သလား? အဲဒီေလာက္မူးလာခဲ့တာ ကိုယ့္ပေယာဂမကင္းေတာ့ ဘာမွလည္း မေမးခ်င္ေတာ့ပါ။ ဘာလို႔မ်ား ကိုယ့္ကိုခ်စ္တဲ့လူေတြ စိတ္ဆင္းရဲေအာင္ လုပ္မိေနတယ္မသိ။

▪︎▪︎▪︎

ငါ့အခန္းကိုပဲ ႏွစ္ေယာက္စာျပင္ေပးလိုက္ၾကတယ္တဲ့။ အကုန္ျပင္လိုက္သလားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။ ႏွစ္ေယာက္အိပ္ခုတင္အသစ္ႀကီးတစ္လံုးက အသစ္မွန္းသိသာစြာထင္းလို႔။ ဘာကိုမွန္းမသိ ေနရခက္လာတာေၾကာင့္ Meeting အေၾကာင္းျပလို႔ Chain ကိုေခၚထုတ္ၿပီး အခန္းထဲကအျပင္အဆင္ကိစၥ ရွင္းခိုင္းလိုက္ရတယ္။ သူလည္းငါ့လို ေနရခက္ေနတာလား?
စိတ္ေတြ႐ႈပ္လို႔ အလုပ္ခန္းထဲကခုတင္မွာသာ နားေနလိုက္တယ္၊ သူ႔ဘာသာ ရွင္းပါေစေတာ့။

ျပန္ႏိုးလာေတာ့မွ အလုပ္ခန္းထဲၾကည့္မိေတာ့ စာအုပ္စင္မွာ Photo Album ေတြေတြ႕ရတာေၾကာင့္ ေသခ်ာယူၾကည့္မိတယ္။ ေက်ာင္းတက္တုန္းက႐ိုက္ထားတဲ့ ဓာတ္ပံုေတြေၾကာင့္ အဲဒီတုန္းကပံုရိပ္ေတြ ျပန္ေပၚလာၾကတယ္။ Rapunzel ဆိုတာ ဆံပင္ရွည္ေတြကိုသိပ္ျမတ္ႏိုးတဲ့ ငါ့သူငယ္ခ်င္းမေလး။ Chain က ဘာလို႔ငါ့ကို Rapunzel နဲ႔တြဲေနတယ္ထင္ရသလဲဆိုတာ ပံုေတြၾကည့္႐ံုနဲ႔ သိလိုက္ရတယ္။
ငါခံစားမိတာေတာ့ အရမ္းေပ်ာ္ဖို႔ေကာင္းတဲ့ Friendship ေလးတစ္ခုပါပဲ။

ငါမွတ္မိေနတဲ့ေသတၱာေလးထဲမွာ ေသခ်ာသိတဲ့ပစၥည္းဆိုလို႔ အေဖေပးတဲ့ေသနတ္၊ အေမနဲ႔ဆင္တူ လက္စြပ္ေလး။ ဒါဆို အေမ့လက္စြပ္ေလးကဘယ္မွာလဲ? ထပ္မေတြးခ်င္လို႔ျခံေနာက္ဆင္းခဲ့ေတာ့ သစ္ပင္ေအာက္မွာ အေဖနဲ႔အတူတူခံုတန္းေလး႐ိုက္ခဲ့ၾကတဲ့ ျမင္ကြင္းက အထင္းသား။ ႏွစ္တိုင္းျပန္ျပင္ခဲ့ၾကေသးတယ္။
Chain ေရာက္လာၿပီးေျပာျပမွ အေမ့လက္စြပ္က အ႐ိုးျပာနဲ႔အတူရွိတယ္တဲ့။ Bracelet ေလးအေၾကာင္းေမးမိၿပီးမွ သူ႔လက္မွာလည္းေတြ႕မိတာေၾကာင့္ သူေပးတာမွန္း ရိပ္မိခဲ့ရတယ္။ ၿပီးေတာ့ မီးငယ္ရဲ႕ကလစ္ေလးတစ္စံုအေၾကာင္း၊ Rapunzel အေၾကာင္း။

Chain က Rapunzel အေၾကာင္းသိပ္မသိဘူးတဲ့ေလ။ ငါတို႔အေၾကာင္းေရာ Rapunzel သိလားလို႔ ေမးမိတာ မသိေစခ်င္တဲ့သေဘာမဟုတ္ပါဘူး။ သူကေတာ့ အဲဒီလိုေတြ တလြဲေတြးလိုက္ၿပီး မ်က္ႏွာပ်က္သြားပံုပဲ။ ဘာလို႔မ်ား အေသးစိတ္ေတြလိုက္ခံစားေနတာလဲ? ငါတကယ္ကို သမီးရည္းစားအခ်စ္မ်ိဳး မခံစားခဲ့ဖူးတာ ေသခ်ာတယ္ေလ။ Chain ကေတာ့ေမးလာတယ္၊ ဒီအရြယ္ထိမခ်စ္ဖူးဘူးလားတဲ့။ ဒီအရြယ္ေရာက္ရင္ ဒီလိုမ်ိဳးေတာ့ခံစားဖူးရမယ္လို႔ ဥပေဒရွိလို႔လား?

Paris Meeting ကိစၥေဆြးေႏြးၾကတာ ေနာက္ဆံုးေတာ့ တရားဝင္မိသားစုဝင္ျဖစ္တဲ့ Chain တစ္ေယာက္တည္းပဲသြားဖို႔ ျပင္ဆင္ၿပီးသြားၾကတယ္။ တျခား Cullen တစ္ေယာက္ေယာက္မပါဘဲ Chain နဲ႔တင္ Final decision ခ်ႏိုင္မယ္ေပါ့။ ေပ်ာ္တတ္ပံုရတဲ့ Nick က စေနာက္ေနလို႔ ငါေတြးမိတယ္။ Lock က ေသြးေအးရက္စက္တယ္ဆိုရင္ အခုငါ့ပံုစံက Ivy လိုျဖစ္ေနတယ္ထင္ပါရဲ႕။ Red နဲ႔ Orange ကအဖြဲ႕သားေတြက ေပါ့ေပါ့ပါးပါးျဖစ္ေနၾကတယ္။ အရင္လည္း ငါ့ေရွ႕မွာ ဒီလိုပဲေပါ့ေပါ့ပါးပါးပဲလားလို႔ ငါေမးေတာ့မွ ပ်ာပ်ာသလဲနဲ႔ ျဖစ္ကုန္ၾကေပမဲ့ Bryan ကေတာ့ သူတို႔နားလည္ေပးႏိုင္ပါတဲ့။ ငါက တကယ္ကို ပံုစံတစ္မ်ိဳးနဲ႔ ရွင္သန္ခဲ့တာပဲ။

▪︎▪︎▪︎

ကိုယ္ေတာင္းပန္ပါတယ္ Baby. Ivy ရဲ႕စိတ္ဝိညာဥ္က Lock ရဲ႕ခႏၶာကိုယ္ထဲပိတ္မိေနတာကို Dexter အေနနဲ႔လည္း မကူညီႏိုင္ခဲ့သလို Chain အေနနဲ႔လည္း ေပ်ာ္ရႊင္ေအာင္လုပ္မေပးႏိုင္ခဲ့ဘူး။ Lock ဆိုတဲ့ Cover Life မွာ သိပ္ကိုမြန္းၾကပ္ေနခဲ့မွာေပါ့။ ျဖစ္ႏိုင္ရင္ေလ ကိုယ္ Baby ကို Ivy Neil Cullen အျဖစ္နဲ႔ပဲ လြတ္လပ္တဲ့ဘဝေလးနဲ႔ ရွင္သန္သြားေစခ်င္တယ္။

ေက်းဇူးတင္ပါတယ္ Baby. သမီးရည္းစားအခ်စ္မ်ိဳး မခံစားဖူးတဲ့အေၾကာင္းနဲ႔ Rapunzel က သူငယ္ခ်င္းသက္သက္ပဲဆိုတာ သိခြင့္ရခဲ့လို႔ပါ။ ကိုယ့္ေၾကာင့္ စိတ္႐ႈပ္ရတာမ်ိဳးေတြ ထပ္မျဖစ္ေအာင္ ကိုယ္ဆင္ျခင္ပါ့မယ္။

▪︎▪︎▪︎

Chain တစ္ေယာက္ ညစာစားၿပီးတည္းက အလုပ္ေတြထဲေခါင္းစိုက္ေနလို႔ ေမးၾကည့္ေတာ့ Paris ကို မသြားခင္ေလး Starry House ကိုသြားရေအာင္တဲ့။ ငါလည္းသြားၾကည့္ခ်င္တယ္။ မီးငယ္ကေတာ့ ေကာ္ဖီခြက္ေတြနဲ႔ ေရာက္ခ်လာေလရဲ႕၊ ေကာ္ဖီနဲ႔ပတ္သက္ရင္ ေမာင္ႏွမႏွစ္ေယာက္လံုးစိတ္ဝင္စားတာ အေမ့ဆီကအေမြရခဲ့ၾကတာ။ ျဖစ္ႏိုင္ရင္ေလ ေကာ္ဖီနဲ႔မုန္႔ဆိုင္ေလးပဲဖြင့္ၿပီး ေအးေအးခ်မ္းခ်မ္းေနသြားခ်င္မိတယ္။ မီးငယ္လည္း အဲဒီလိုေလးေနရမယ္ဆို ပိုေပ်ာ္ရွာမွာ။

အလုပ္ေတြၿပီးလို႔ ေကာ္ဖီေသာက္ၾကရင္း Rapunzel ေပၚကို Chain လက္ထဲကခြက္တစ္ခုခု ေမွာက္က်တာကို ျပန္ျမင္ေယာင္လာခဲ့တယ္။ ၿပီးေတာ့ လူၾကားထဲမွာ Chain ကိုေအာ္ေငါက္ပစ္မိတာ။ အဲဒါ ေကာ္ဖီေတာ့မဟုတ္ပါဘူး၊ ဝိုင္နီေတြပါတဲ့။ သူက ငယ္ငယ္တည္းကခ်စ္ခဲ့ရတာေၾကာင့္ အရာရာမွာ ေခါင္းငံု႔သည္းခံေနတာကလည္း အခ်ိန္ေတာ္ေတာ္ၾကာၿပီမို႔ ဘယ္လိုမွခံစားမေနေတာ့တာလား? အဲဒီလိုၾကံဳတိုင္း သူ႔စိတ္ထဲေတာ့ စိတ္မေကာင္းျဖစ္မယ္ထင္တယ္။

သူငယ္ခ်င္းေလးေယာက္ Archi Firm ေလးတစ္ခုလုပ္ျဖစ္ခဲ့ၾကတာေတြ ဓာတ္ပံုေတြၾကည့္ရင္းမွတ္မိခဲ့တယ္။ ဟိုႏွစ္ေယာက္ကေတာ့ လက္ထပ္ၿပီးၾကၿပီတဲ့။ Rapunzel အေၾကာင္း Chain ကိုေမးဖို႔ကအဆင္မေျပခဲ့ဘူး။ သူကေတာ့ မသိရဲခဲ့ဘူးတဲ့။
အေဖနဲ႔ Chain ၾကားမွာ ဘယ္လိုယံုၾကည္မႈေတြရွိေနမလဲ? အရမ္းကိုယံုၾကည္အားကိုးခဲ့ပံုပဲ။ ဒါေတြေၾကာင့္ပဲ သူ႔အေပၚအျမင္မၾကည္ခဲ့တာေနမွာ။ ဘယ္လိုပဲေျပာေျပာပါ၊ ငါမင္းကိုမမုန္းပါဘူး Chain.

ငါနဲ႔ Rapunzel တြဲခဲ့ၾကတာပဲ၊ သူငယ္ခ်င္းေလးေယာက္ရဲ႕ ဓာတ္ပံုေတြထဲမွာ အတြဲႏွစ္တြဲလိုပံုမ်ိဳးေတြ ေတြ႕မိတယ္။ Rapunzel ဆီ လူကိုယ္တိုင္သြားမဖိတ္ႏိုင္ေပမဲ့ ေသခ်ာေလးေတာ့ဖုန္းဆက္ၿပီး Wedding ကိုဖိတ္မိတယ္။ Starry House ကိုေရာက္ေတာ့လည္း အရင္ကပံုရိပ္ေတြဟာ Ivy ရဲ႕မွတ္ဉာဏ္ေတြ။ Lock ကို တျခားတစ္ေယာက္လိုျမင္ေနလားတဲ့။ ေမးတတ္တယ္ေနာ္။ ငါ့ကိုယ္ငါေတာ့ တျခားတစ္ေယာက္လိုမျမင္ေပမဲ့ အခုခံစားခ်က္က Lock ဆိုတဲ့ဘဝနဲ႔ေဝးလြန္းေနတာ။ Chain က ငါ့ကို သာမန္ဘဝေလးနဲ႔ ေအးေအးခ်မ္းခ်မ္းေနေစခ်င္တဲ့။ ေက်းဇူးတင္ပါတယ္၊ ငါ့အေတြးေတြကိုနားလည္ေပးလို႔ေပါ့။

အစားအေသာက္ေတြကိုယ္တိုင္ခ်က္စားဖို႔ မီးငယ္ကိုေခၚမရခဲ့ဘူး။ ႏွစ္ေယာက္တည္းေအးေဆးေနပါတဲ့။ လူစံုရင္ ပိုေပ်ာ္ဖို႔ေကာင္းမွာ။ Chain က ညေနပိုင္း Flight နဲ႔ Paris ကိုသြားရမွာမို႔ ေစာေစာျပန္ၾကဖို႔ကို မျပန္ခ်င္ဘူးတဲ့။ မနက္ေစာေစာ Flight နဲ႔ဆိုလည္း Meeting ခ်ိန္မီတယ္တဲ့ေလ။ Starry House မွာပဲ အခ်ိန္ျဖဳန္းျဖစ္ၾကတယ္။ ငါတို႔အခုလိုမ်ိဳး အဆင္ေျပေျပမေနျဖစ္ၾကဘူးလား Chain? ဒီတိုင္းေလး ေပါ့ေပါ့ပါးပါး စားေသာက္အခ်ိန္ျဖဳန္းၾကတာမ်ိဳး မလုပ္ခဲ့ဖူးလို႔ အဲဒီေလာက္ထိ ဒီအခ်ိန္ေတြကိုမက္ေမာေနတာလား?

မီးငယ္က Invitation card နဲ႔ Thank you gift ေတြကို သူ႔စိတ္ႀကိဳက္ေရြးၿပီး လာျပတယ္။ ဒီကေလးလည္း ဘယ္လိုစိတ္နဲ႔ ဒါေတြလိုက္လုပ္ေပးေနတယ္မသိဘူး။ ဒီေန႔လည္း သူေရြးထားတဲ့ Wine ပုလင္းေသးေသးေလးေတြ ယူခ်လာတယ္။ ဖဲႀကိဳးေလးေတြစည္းထားတဲ့ ဝိုင္ပုလင္းေလးေတြက ေဈးႀကီးလို႔တဲ့။ နာမည္ေရးထားတဲ့ Font style ကိုပါ ႏုရြလြန္းတယ္၊ ကေလးဆန္လြန္းတယ္နဲ႔ သူတစ္ေယာက္တည္း အမ်ိဳးမ်ိဳးေခ်းမ်ားၿပီး ဆိုင္မွာရစ္ေနတာကို သတိထားခဲ့မိေသးတယ္။

Chain တို႔ Meeting room ထဲေရာက္တဲ့အခ်ိန္ အသံဖမ္းမရသလို Table နဲ႔နီးတဲ့ Chain ရဲ႕ၾကယ္သီးက Camera ေလးကလည္း အလုပ္မလုပ္ေတာ့ဘူး။ ခပ္လွမ္းလွမ္းမွာရပ္ေနတဲ့ Austin ဆီကေနေတာ့ ျမင္ကြင္းတခ်ိဳ႕ျမင္ေနရတယ္။ Lip Sync ေတြကေန ဘာေျပာလဲသိႏိုင္တာမို႔ ေစာင့္ၾကည့္ေနတုန္း Member ဝင္တစ္ေယာက္က အမ်ိဳးမ်ိဳးလွည့္ပတ္ကန္႔ကြက္ေနတာေၾကာင့္ စိတ္႐ႈပ္မိေပမဲ့ Chain က အလြယ္တကူပဲ ေခ်ပလိုက္ႏိုင္တာေတြ႕ရတယ္။ တစ္ေယာက္ကလည္း အေဖသာရွိရင္ ဒီမဂၤလာကိစၥကို သေဘာတူပါ့မလားတဲ့။ Chain ေျဖလိုက္သလိုပဲ အေဖကလည္း ႏွစ္ေယာက္လံုးရဲ႕ဆံုးျဖတ္္ခ်က္ကို ယံုၾကည္လက္ခံေပးႏိုင္မွာပါ။

ကိုယ္စားလွယ္တစ္ဖြဲ႕က လက္ဖြဲ႕အေနနဲ႔ Honeymoon အတြက္ အကုန္အက်ခံပါ့မယ္တဲ့။ ႐ုတ္တရက္ဆန္တဲ့ ေႏွာင္ဖြဲ႕ျခင္းတစ္ခုမွာ အဲဒီပ်ားရည္ဆမ္းခရီးဆိုတာကို ငါထည့္မတြက္ခဲ့မိဘူး။ ဟင့္အင္း၊ မလိုဘူးထင္ပါတယ္။ ငါတို႔က ... ငါတို႔က ဒီအတိုင္း လိုအပ္ခ်က္တစ္ခုေၾကာင့္ မျဖစ္မေနလက္ထပ္ခဲ့ၾကတာ မဟုတ္ဘူးလား? မီးငယ္က သူ႔အၾကံကိုလက္မခံလို႔တဲ့၊ စိတ္ေကာက္သြားေလရဲ႕။ အဓိကက ညပိုင္း Dinner မွာ အလုပ္ကိစၥေတြ လက္စသတ္ႏိုင္ဖို႔ပဲေလ။

Paris ကပို႔လိုက္တဲ့ Meeting Record ေတြကိုၾကည့္ရင္း Chain နားက အစိမ္းရင့္ရင့္ဂါဝန္ရွည္နဲ႔ အမ်ိဳးသမီးကိုျမင္ရတာ အရင္ကပံုရိပ္တခ်ိဳ႕ကို ျမင္ေယာင္လာမိသလိုလို။ Chain ကေတာ့ ငါ့အနားကပ္ေနက်အမ်ိဳးသမီးတဲ့။ သူ႔ကိုလည္း လက္ထပ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ရြဲ႕ေစာင္းေျပာသြားတယ္တဲ့။ အဲဒီ Chain က Family name ေျပာင္းတဲ့ကိစၥဟာ အရမ္းကို Hot ေနတာလား? သူတို႔ကပဲ အေတြးလြန္ေနၾကပံုရတယ္။

Chain ကလည္း အဲဒီကိစၥကို စကားနဲ႔အႏိုင္ပိုင္းေျပာလာခဲ့တယ္။ သူ႔အေနနဲ႔ အိမ္မႈကိစၥေတြလည္း လုပ္ႏိုင္တယ္ဆိုလို႔ ျပန္ေနာက္မိတာကို ကၽြန္လိုပဲေနရေနရတဲ့ေလ။ ဘယ္ေလာက္အထိေတြးလိုက္သလဲ? ငါအမ်ားႀကီးေတြးထားတာမဟုတ္လို႔ အဲဒီလိုေတြၾကားရရင္ အဆင္မေျပဘူးမို႔ လွည့္ထြက္တာေတာင္ သူ႔အေနနဲ႔က ရွိသမၽွတာဝန္ေတြယူႏိုင္ပါတယ္တဲ့။ ငါ မင္းအေတြးေတြကို မဖ်က္ဆီးခ်င္ပါဘူး။ ဒါေပမဲ့ ငါ့စိတ္ကူးေတြကိုေတာင္ ငါမသိေသးဘူးေလ။

Chain ေျပာသလို Lip sync ေတြနဲ႔ ျပင္သစ္စကားကို ငါမေမ့ေပမဲ့ ငါ့အတြက္က ငါ့ဘဝငါမပိုင္သလို မေရမရာအေျခအေနမ်ိဳးမွာ သူ႔ကိုေမၽွာ္လင့္ခ်က္မေပးခ်င္ဘူး။ ငါ့ကိုယ္ငါလည္း မေသခ်ာတာမို႔ အခ်ိန္ေလးခဏေတာ့ေစာင့္ပါ။ အဲဒီလို သည္းသည္းလႈပ္ျဖစ္ေနတာမ်ိဳးေတြ ငါအသားမက်ေသးဘူး။ သူ႔ဘက္က ဒီေလာက္အထိဂရုစိုက္ေနတာကို Lock အေနနဲ႔ မသိခဲ့ဘူးလားလို႔လည္း ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးေနမိတုန္းပါပဲ။

▪︎▪︎▪︎

Baby ရယ္ ... မေရရာဘူးတဲ့လား? အသားမက်ဘူးတဲ့လား?
ဘယ္တုန္းကမွလည္း မေမၽွာ္လင့္ခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီလိုအက်င့္ပါေနတာေတြက Baby အတြက္ အေႏွာင့္အယွက္ျဖစ္ေစဖို႔ေတာ့ မရည္ရြယ္ခဲ့ပါဘူး။

▪︎▪︎▪︎

မီးငယ္တို႔ေျပာမရပံုက Wedding planner နဲ႔ခ်ိန္းထားၿပီးမွ ကိုကုိသြားလိုက္ေတာ့တဲ့။ ဘယ္လိုမွေျပာမရတဲ့အျပင္ အတူလိုက္ဖို႔ေတာင္ေခၚမရဘူး။ အဲဒီကိစၥေတြကို ငါကဘယ္လိုလုပ္ရမွာလဲ? တစ္ခုၿပီးတစ္ခုေျပာလာၿပီးမွ ဝတ္စံုေရြးဖို႔ကို ဆက္မေတြးခ်င္ေတာ့လို႔ အခ်ိန္ကိုၾကည့္မိေတာ့ Chain ျပန္ေရာက္ေနေလာက္ၿပီ။ ေခၚတာကို အူေၾကာင္ေၾကာင္လုပ္ေနၿပီးမွ ခ်က္ခ်င္းတက္ႂကြသြားျပန္တာ။ ေရြးၿပီးျပန္လာအထိ ပါးစပ္မစိႏိုင္တဲ့သူ႔ကို မီးငယ္ပါေျပာယူရတယ္။ သူက အရမ္းေပ်ာ္ေနတာလား?

ဒီဆံပင္စည္းတဲ့ကိစၥက ခန္းမထဲဝင္ခါနီးအထိမၿပီးႏိုင္ဘူး။ မီးငယ္ကပါ အားေပးအားေျမႇာက္လုပ္ေနလို႔ တစ္ဝက္ပဲစည္းၿပီးထြက္လာခဲ့ရတယ္။ ငါအေျပာခံရရင္ သတ္ပစ္မိေတာ့မယ္။ ျပႆနာက ခန္းမအဝင္အထိ မျပတ္ႏိုင္ဘူး။ လက္မခ်ိတ္ခ်င္ဘူးတဲ့၊ လက္ကိုင္ပန္းစည္းမကိုင္ခ်င္ဘူးတဲ့။ ငါလည္းမလုပ္ခ်င္ဘူးေလ၊ အဲဒီပန္းစည္းကလည္း ဘယ္တုန္းကပါလာမွန္းမသိဘူး။ မတတ္ႏိုင္တဲ့အဆံုး တစ္ေယာက္တစ္ထစ္စီေလၽွာ့လို႔ Chain ကိုလက္ခ်ိတ္ခိုင္းၿပီး ငါပဲပန္းစည္းကိုင္ခဲ့ရတယ္။

ဘယ္တုန္းကအစဥ္အလာေတြမွန္းမသိဘူး။ Yes, I do. နဲ႔တင္မၿပီးႏိုင္ဘဲ ဘာကိစၥ You can kiss ဆိုတာႀကီးကိုပါ ထည့္ထားရတာလဲ? ပန္းစည္းကိုင္ထားၿပီး သတို႔သားလာနမ္းတာကို ရွက္ျပံဳးျပံဳးျပေနရေအာင္ ငါကမိန္းမလည္းမဟုတ္၊ ငါပဲနမ္းမယ္။ အဲဒီပန္းစည္းေလ၊ ဒီလိုမွန္းသိရင္ ငါမကိုင္ခဲ့ပါဘူး။ ပြဲၿပီးရင္ သတို႔သမီးေတြက ပန္းစည္းပစ္ၾကတဲ့ကိစၥ ငါေမ့သြားလို႔ကိုင္လာမိတာ။ စပ္ျဖဲျဖဲလုပ္ေနတဲ့မီးငယ္ေၾကာင့္ Nick လက္ထဲသာ ပန္းစည္းထိုးထည့္ခဲ့လိုက္တယ္။ စိတ္ကုန္စရာ။

ႏႈတ္ဆက္စရာေတြကလည္း အရမ္းမ်ားေနသလား? Rapunzel က သူ႔အစ္ကိုနဲ႔အတူရွိမေနဘူး။ သူငယ္ခ်င္းေတြနဲ႔ထိုင္ေနမယ္ထင္တယ္။ Hepius တို႔စံုတြဲက အရမ္းကိုလိုက္ဖက္ေတာက္ပေနၾကတာ။ Nancy က စစေနာက္ေနာက္ျပံဳးရယ္ရင္း အရမ္းလွေနေတာ့ Hepius တို႔ လက္တြဲကိုအျဖဳတ္မခံဘူး။ Rapunzel ကေတာ့ သူငယ္ခ်င္းစံုတြဲနဲ႔အတူ ထိုင္ေနခဲ့တယ္။ စကားေျပာရင္ အမွားပါမွာစိုးေနမိတယ္။ မွတ္ဉာဏ္ေပ်ာက္ေနတဲ့ကိစၥ ဘယ္သူ႔ကိုမွမသိေစခ်င္ဘူး။

ေနာက္တစ္ခါေလးေယာက္ဆံုရင္ ႐ံုးခန္းေလးရဲ႕အတြင္းခန္းဒီဇိုင္း ျပန္ေျပာင္းၾကမယ္ဆိုတာ ငါမွတ္မိေနတယ္။ Chain နဲ႔သူတို႔ နႈတ္ဆက္ၾကၿပီးေတာ့ Chain ကတိုးတိုးေလးကပ္ေျပာတယ္။ သူတို႔စံုတြဲမွာ ကေလးေလးရွိေနၿပီတဲ့။ ဒီသတင္းကို Chain ကဘယ္လိုမ်ားသိသြားတာလဲ? Rapunzel ပါ အခုမွသိၿပီးအံ့ဩေနခဲ့တာ။ ကာယကံရွင္ေတြကိုယ္တိုင္လည္း မေန႔ညေနမွသိတာတဲ့။ အဲဒါကို သူက ခ်က္ခ်င္းသတင္းရတာ တကယ္ခ်ီးက်ဴးမိတယ္။ သူငယ္ခ်င္းေလးေယာက္ထပ္ဆံုဖို႔ ခ်ိန္းခဲ့ၿပီ။ ဘယ္လိုေတြဆက္လုပ္ရမယ္ေတာ့ မသိဘူး။

အိမ္ျပန္ေရာက္ေတာ့ လူလည္းပင္ပန္းေနၿပီမို႔ နားဖို႔သာေတြးေနမိတယ္။ ဧည့္ခန္းထဲမွာေတြ႕မိတဲ့ Blue Diamond ရဲ႕မဂၤလာလက္ဖြဲ႕က Father ေရွ႕ရပ္ေနတဲ့ ငါတို႔ႏွစ္ေယာက္ရဲ႕ပံုတဲ့။ ပြဲၿပီးၿပီးခ်င္းပို႔လိုက္တာပဲ၊ ျမန္လိုက္တာ။ အဲဒါႀကီးကို အခန္းထဲမွာခ်ိတ္ခိုင္းမလို႔တဲ့လား မီးငယ္။ စိတ္အိုက္လိုက္တာေနာ္။ အခန္းထဲေရာက္ေတာ့ ပင္ပန္းလို႔ပစ္လွဲလိုက္တာကို Chain က ေျခလက္ေဆးဖို႔လုပ္ေပးရမလားတဲ့။ သူကိုယ္တိုင္ကေတာ့ မပင္ပန္းတာက်လို႔။

ငါကေတြးေနရင္းကို ႏွာေခါင္းေသြးလၽွံလာတဲ့ Chain. အိပ္ေရးေတြပ်က္၊ အလုပ္ေတြမ်ားၿပီး အပင္ပန္းလြန္သြားလို႔လား? အနားမရေအာင္ကို အလုပ္ေတြပံုေပးမိတာလား? Fridge ထဲက ေရခဲေတြယူေပးၿပီး ကပ္ထားလိုက္ေတာ့မွ ေသြးလၽွံတာရပ္သြားတယ္။ သူေျပာတာေတာ့ ပင္ပန္းသြားလို႔ပါတဲ့။ ေအးေအးေဆးေဆးအနားယူလိုက္ပါ Chain.

■■■■■ Part (LXIII) ဆက္ရန္ ■■■■■

ဓာတ်ပုံတွေရိုက်ကြပြီး ခြံထဲမှာ Party တဲ့။ ဝိုင်းတိုက်နေလိုက်ကြတာ ဘယ်အချိန်မူးပြီး ဘယ်အချိန်မှောက်လို့ ဘယ်တုန်းကအိပ်ရာထဲရောက်သွားလဲ မမှတ်မိတော့ဘူး။ ခေါင်းတွေအုံခဲပြီး နိုးလာတဲ့အချိန် မနက်လင်းနေပြီ။ Chain က ခုတင်ဘေးကြမ်းပြင်မှာအိပ်နေတာလား? ဖျော်ထားပေးတဲ့ ပျားသံပရာသောက်ပြီး ရေချိုးလိုက်ဖို့တွေးရင်း သူ့ကိုခုတင်ပေါ်တက်အိပ်ခိုင်းမိတယ်။ ပြန်ထွက်လာတော့ သူအိပ်ပျော်နေပြီ။ တစ်အိမ်လုံးလည်း တိတ်ဆိတ်လို့ပဲ။

ကော်ဖီသောက်ဖို့တွေးနေတုန်း အိမ်ကြီးရှင်က ပေါက်ကရတွေလာမေးနေတယ်။ ငါတို့က အဲဒီလိုပတ်သက်မှုတွေအထိ ရှိနိုင်တဲ့အခြေအနေလား? Hepius က ဆက်မေးလာတယ်၊ Chain ကိုဘယ်လိုမြင်လဲတဲ့။ အကြောင်းမရှိဘဲကြည့်မရဖြစ်တတ်တာရယ်၊ အရမ်းရင်းနှီးသလိုထင်ရတာရယ်၊ သူ့အချစ်ကိုခံစားမိတာရယ်အပြင် ငယ်ငယ်ကသိခဲ့တဲ့ ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်ကို Chain နဲ့တွဲမြင်နေတာ ဘာလို့မှန်းမသိဘူး။

သေချာတွေးလိုက်ရင်ပေါ်လာတာက Chain ရဲ့နီရဲနေတဲ့မျက်လုံးတွေ၊ ငါ့ကြောင့် မျက်ရည်ကျဖူးပုံပဲ။ Lock ဆိုတဲ့အခြေအနေထက် Ivy မှတ်ဉာဏ်တွေသာရှိနေတာမို့ Hepius ကတော့ပြောပါတယ်၊ မင်းက positive side ကိုပဲမှတ်မိနေတာပါတဲ့။ ငါ့မှာအမှတ်တရဆိုးတွေများခဲ့တာလား? Hepius ကို Chain နဲ့ပတ်သက်တာမေးရင် ရှောင်ထွက်လွန်းလို့ ငါတို့နှစ်ယောက်ကြားကပြဿနာကို အတင်းမေးတော့ Chain ကို Garuda Party အကြောင်းကနေစမေးပါတဲ့။

မီးငယ်က Chain အပေါ်ခံစားချက်ရှိနေတာလားဆိုတော့ Hepius မငြင်းခဲ့ဘူး။ ဒါနဲ့များ ဘာလို့ လက်ထပ်ဖို့အကြံပေးခဲ့တာလဲ မီးငယ်ရယ်။ ကိုကိုမသိခဲ့ဘူး၊ Chain ကို Wedding Suit နဲ့မမြင်ခင်ထိ မီးငယ်ဆီမှာ ဘာသဲလွန်စမှပေါ်မနေခဲ့ဘူး။ သိပ်ချစ်တတ်တာလား ကလေးလေး၊ သူပျော်နေရင် ပြီးရောတဲ့လား? Chain ကလည်း မီးငယ်ရဲ့သံယောဇဉ်ကို ရိပ်မိနေပုံပါပဲ။ ဒီကြားထဲကကိစ္စတွေကို ငါအရမ်းသိချင်နေပြီ။

ခြံထဲမှာ Austin နဲ့ Nick ကိုတွေ့လို့ သိချင်တာလေးတွေမေးကြည့်နေရင်း Chain ရောက်လာတယ်။ အဲဒီ Baby ဆိုတာကြီးက နားထဲကန့်လန့်ကြီးပေမဲ့ မနေ့ကမှလက်ထပ်ထားတဲ့ အခြေအနေတစ်ခုမှာ ငါမငြင်းတော့ပါဘူး။ Hepius မေးခိုင်းသလိုမေးလိုက်တော့ သိလိုက်ရတာတွေက မယုံနိုင်ဘူးလို့ပြောရမလား? Baby လို့ ခေါ်ခွင့်ရဖို့၊ သူ့အချစ်ကို အသိအမှတ်ပြုပေးဖို့အတွက်တဲ့။ တန်လို့လား? သူမလုပ်နိုင်ဘူးထင်လို့ ငါပြောခဲ့တာပဲနေမှာ။ အခုအချိန်မှာတော့ ငါမျက်နှာပူတာပဲသိတော့တယ်။ ငါ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ?
ဘာတဲ့? လင်ယောက်ျားကို ရူးမတတ်ချစ်တာကို လင်တရူးလို့ခေါ်တယ်တဲ့။ ဘယ်လိုကောင်လဲကွာ!

Chain က ဘယ်လိုစိတ်နဲ့ သည်းခံခဲ့တာလဲ? ငါကရော ဘယ်လိုအတွေးနဲ့ ဒီကိစ္စကိုလုပ်မိခဲ့တာလဲ? နှစ်ယောက်လုံးပဲ ခဏတာရူးသွားခဲ့ကြတာလား? Chain ပြောပြပြီးတော့ သူရဲ့မျက်လုံးနီရဲရဲတွေကို ရှင်းရှင်းလင်းလင်းမြင်ယောင်လာတယ်။ အဲဒီလို သူနာကျင်ခံစားနေရတာကို သဘောကျတာလားတဲ့။ မျက်စိမှိတ်ချစ်နိုင်လွန်းတဲ့သူ့ကို ရွဲ့ပြီးပြောမိတော့ အသာအယာလေးပဲပြုံးပြီးပြောတယ်၊ မဝေးရရင် နာကျင်နေရလည်း ကျေနပ်တယ်တဲ့။

"သေရင်တောင် ဝိညာဉ်က Spectrum မှာပဲရှိနေမယ်" တဲ့။ အဲဒီစကားကို အလိုလိုကြားယောင်မိတယ်။ တကယ်ကိုပဲ အားနာစရာကောင်းလောက်အောင် အဖြစ်အပျက်တွေက ပြန်ပြင်လို့လည်းမရတော့ဘူး။ သူကတော့ Lock ကိုလည်းချစ်တယ်၊ Ivy ကိုလည်းမြတ်နိုးတယ်တဲ့။
ငါမင်းကိုမမုန်းခဲ့ဘူးထင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းအတွက်နဲ့ သူမျက်ရည်ဝဲသွားတာလား? ငါက အဲဒီလောက်ဆိုးခဲ့တာလား? မမုန်းဘူးဆိုတဲ့စကားနဲ့တင် ပျော်လို့မျက်ရည်ဝဲရတယ်တဲ့လေ။
အချစ်က ငါတို့ကိုရူးသွပ်စေတာလား?

▪︎▪︎▪︎

Baby က Play room ထဲကကိစ္စကို အားနာနေခဲ့တာပဲ။ မလိုပါဘူးလို့ပဲ ထပ်ပြောပါရစေ။ ကိုယ်တိုင်ကတိုးဝင်ခဲ့တဲ့ပိုးဖလံကို မီးတောက်လေးက အားနာစရာမလိုဘူးလို့ ထင်ပါတယ်။ လောင်ကျွမ်းခံရမယ်ဆိုရင်လည်း အနားမှာပဲနေပါ့မယ်။

လက်မှတ်ထိုးခဲ့ကြတယ်တဲ့။ ဒါဆို လက်ထပ်စာချုပ်ကရော? Nick ရိုက်ပေးတဲ့ပုံတွေထဲက တစ်ပုံကို ဖုန်းထဲမှာတွေ့တယ်။ သေချာတယ်၊ အဲဒီပုံဆိုတာတော့ မလွဲနိုင်ဘူး။ တခြားပုံတွေကိုတော့ Nick ကိုပဲ မေးကြည့်လိုက်တာ ကောင်းပါတယ်။ မီးငယ်ကိုလည်း မမေးချင်တော့ဘူး၊ အားနာတယ်။ ဟိုတစ်နေ့က သိချင်ဇောနဲ့မေးမိတာတွေက မီးငယ်ကိုစိတ်ထိခိုက်စေခဲ့သလား? အဲဒီလောက်မူးလာခဲ့တာ ကိုယ့်ပယောဂမကင်းတော့ ဘာမှလည်း မမေးချင်တော့ပါ။ ဘာလို့များ ကိုယ့်ကိုချစ်တဲ့လူတွေ စိတ်ဆင်းရဲအောင် လုပ်မိနေတယ်မသိ။

▪︎▪︎▪︎

ငါ့အခန်းကိုပဲ နှစ်ယောက်စာပြင်ပေးလိုက်ကြတယ်တဲ့။ အကုန်ပြင်လိုက်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ နှစ်ယောက်အိပ်ခုတင်အသစ်ကြီးတစ်လုံးက အသစ်မှန်းသိသာစွာထင်းလို့။ ဘာကိုမှန်းမသိ နေရခက်လာတာကြောင့် Meeting အကြောင်းပြလို့ Chain ကိုခေါ်ထုတ်ပြီး အခန်းထဲကအပြင်အဆင်ကိစ္စ ရှင်းခိုင်းလိုက်ရတယ်။ သူလည်းငါ့လို နေရခက်နေတာလား?
စိတ်တွေရှုပ်လို့ အလုပ်ခန်းထဲကခုတင်မှာသာ နားနေလိုက်တယ်၊ သူ့ဘာသာ ရှင်းပါစေတော့။

ပြန်နိုးလာတော့မှ အလုပ်ခန်းထဲကြည့်မိတော့ စာအုပ်စင်မှာ Photo Album တွေတွေ့ရတာကြောင့် သေချာယူကြည့်မိတယ်။ ကျောင်းတက်တုန်းကရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့် အဲဒီတုန်းကပုံရိပ်တွေ ပြန်ပေါ်လာကြတယ်။ Rapunzel ဆိုတာ ဆံပင်ရှည်တွေကိုသိပ်မြတ်နိုးတဲ့ ငါ့သူငယ်ချင်းမလေး။ Chain က ဘာလို့ငါ့ကို Rapunzel နဲ့တွဲနေတယ်ထင်ရသလဲဆိုတာ ပုံတွေကြည့်ရုံနဲ့ သိလိုက်ရတယ်။
ငါခံစားမိတာတော့ အရမ်းပျော်ဖို့ကောင်းတဲ့ Friendship လေးတစ်ခုပါပဲ။

ငါမှတ်မိနေတဲ့သေတ္တာလေးထဲမှာ သေချာသိတဲ့ပစ္စည်းဆိုလို့ အဖေပေးတဲ့သေနတ်၊ အမေနဲ့ဆင်တူ လက်စွပ်လေး။ ဒါဆို အမေ့လက်စွပ်လေးကဘယ်မှာလဲ? ထပ်မတွေးချင်လို့ခြံနောက်ဆင်းခဲ့တော့ သစ်ပင်အောက်မှာ အဖေနဲ့အတူတူခုံတန်းလေးရိုက်ခဲ့ကြတဲ့ မြင်ကွင်းက အထင်းသား။ နှစ်တိုင်းပြန်ပြင်ခဲ့ကြသေးတယ်။
Chain ရောက်လာပြီးပြောပြမှ အမေ့လက်စွပ်က အရိုးပြာနဲ့အတူရှိတယ်တဲ့။ Bracelet လေးအကြောင်းမေးမိပြီးမှ သူ့လက်မှာလည်းတွေ့မိတာကြောင့် သူပေးတာမှန်း ရိပ်မိခဲ့ရတယ်။ ပြီးတော့ မီးငယ်ရဲ့ကလစ်လေးတစ်စုံအကြောင်း၊ Rapunzel အကြောင်း။

Chain က Rapunzel အကြောင်းသိပ်မသိဘူးတဲ့လေ။ ငါတို့အကြောင်းရော Rapunzel သိလားလို့ မေးမိတာ မသိစေချင်တဲ့သဘောမဟုတ်ပါဘူး။ သူကတော့ အဲဒီလိုတွေ တလွဲတွေးလိုက်ပြီး မျက်နှာပျက်သွားပုံပဲ။ ဘာလို့များ အသေးစိတ်တွေလိုက်ခံစားနေတာလဲ? ငါတကယ်ကို သမီးရည်းစားအချစ်မျိုး မခံစားခဲ့ဖူးတာ သေချာတယ်လေ။ Chain ကတော့မေးလာတယ်၊ ဒီအရွယ်ထိမချစ်ဖူးဘူးလားတဲ့။ ဒီအရွယ်ရောက်ရင် ဒီလိုမျိုးတော့ခံစားဖူးရမယ်လို့ ဥပဒေရှိလို့လား?

Paris Meeting ကိစ္စဆွေးနွေးကြတာ နောက်ဆုံးတော့ တရားဝင်မိသားစုဝင်ဖြစ်တဲ့ Chain တစ်ယောက်တည်းပဲသွားဖို့ ပြင်ဆင်ပြီးသွားကြတယ်။ တခြား Cullen တစ်ယောက်ယောက်မပါဘဲ Chain နဲ့တင် Final decision ချနိုင်မယ်ပေါ့။ ပျော်တတ်ပုံရတဲ့ Nick က စနောက်နေလို့ ငါတွေးမိတယ်။ Lock က သွေးအေးရက်စက်တယ်ဆိုရင် အခုငါ့ပုံစံက Ivy လိုဖြစ်နေတယ်ထင်ပါရဲ့။ Red နဲ့ Orange ကအဖွဲ့သားတွေက ပေါ့ပေါ့ပါးပါးဖြစ်နေကြတယ်။ အရင်လည်း ငါ့ရှေ့မှာ ဒီလိုပဲပေါ့ပေါ့ပါးပါးပဲလားလို့ ငါမေးတော့မှ ပျာပျာသလဲနဲ့ ဖြစ်ကုန်ကြပေမဲ့ Bryan ကတော့ သူတို့နားလည်ပေးနိုင်ပါတဲ့။ ငါက တကယ်ကို ပုံစံတစ်မျိုးနဲ့ ရှင်သန်ခဲ့တာပဲ။

▪︎▪︎▪︎

ကိုယ်တောင်းပန်ပါတယ် Baby. Ivy ရဲ့စိတ်ဝိညာဉ်က Lock ရဲ့ခန္ဓာကိုယ်ထဲပိတ်မိနေတာကို Dexter အနေနဲ့လည်း မကူညီနိုင်ခဲ့သလို Chain အနေနဲ့လည်း ပျော်ရွှင်အောင်လုပ်မပေးနိုင်ခဲ့ဘူး။ Lock ဆိုတဲ့ Cover Life မှာ သိပ်ကိုမွန်းကြပ်နေခဲ့မှာပေါ့။ ဖြစ်နိုင်ရင်လေ ကိုယ် Baby ကို Ivy Neil Cullen အဖြစ်နဲ့ပဲ လွတ်လပ်တဲ့ဘဝလေးနဲ့ ရှင်သန်သွားစေချင်တယ်။

ကျေးဇူးတင်ပါတယ် Baby. သမီးရည်းစားအချစ်မျိုး မခံစားဖူးတဲ့အကြောင်းနဲ့ Rapunzel က သူငယ်ချင်းသက်သက်ပဲဆိုတာ သိခွင့်ရခဲ့လို့ပါ။ ကိုယ့်ကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ထပ်မဖြစ်အောင် ကိုယ်ဆင်ခြင်ပါ့မယ်။

▪︎▪︎▪︎

Chain တစ်ယောက် ညစာစားပြီးတည်းက အလုပ်တွေထဲခေါင်းစိုက်နေလို့ မေးကြည့်တော့ Paris ကို မသွားခင်လေး Starry House ကိုသွားရအောင်တဲ့။ ငါလည်းသွားကြည့်ချင်တယ်။ မီးငယ်ကတော့ ကော်ဖီခွက်တွေနဲ့ ရောက်ချလာလေရဲ့၊ ကော်ဖီနဲ့ပတ်သက်ရင် မောင်နှမနှစ်ယောက်လုံးစိတ်ဝင်စားတာ အမေ့ဆီကအမွေရခဲ့ကြတာ။ ဖြစ်နိုင်ရင်လေ ကော်ဖီနဲ့မုန့်ဆိုင်လေးပဲဖွင့်ပြီး အေးအေးချမ်းချမ်းနေသွားချင်မိတယ်။ မီးငယ်လည်း အဲဒီလိုလေးနေရမယ်ဆို ပိုပျော်ရှာမှာ။

အလုပ်တွေပြီးလို့ ကော်ဖီသောက်ကြရင်း Rapunzel ပေါ်ကို Chain လက်ထဲကခွက်တစ်ခုခု မှောက်ကျတာကို ပြန်မြင်ယောင်လာခဲ့တယ်။ ပြီးတော့ လူကြားထဲမှာ Chain ကိုအော်ငေါက်ပစ်မိတာ။ အဲဒါ ကော်ဖီတော့မဟုတ်ပါဘူး၊ ဝိုင်နီတွေပါတဲ့။ သူက ငယ်ငယ်တည်းကချစ်ခဲ့ရတာကြောင့် အရာရာမှာ ခေါင်းငုံ့သည်းခံနေတာကလည်း အချိန်တော်တော်ကြာပြီမို့ ဘယ်လိုမှခံစားမနေတော့တာလား? အဲဒီလိုကြုံတိုင်း သူ့စိတ်ထဲတော့ စိတ်မကောင်းဖြစ်မယ်ထင်တယ်။

သူငယ်ချင်းလေးယောက် Archi Firm လေးတစ်ခုလုပ်ဖြစ်ခဲ့ကြတာတွေ ဓာတ်ပုံတွေကြည့်ရင်းမှတ်မိခဲ့တယ်။ ဟိုနှစ်ယောက်ကတော့ လက်ထပ်ပြီးကြပြီတဲ့။ Rapunzel အကြောင်း Chain ကိုမေးဖို့ကအဆင်မပြေခဲ့ဘူး။ သူကတော့ မသိရဲခဲ့ဘူးတဲ့။
အဖေနဲ့ Chain ကြားမှာ ဘယ်လိုယုံကြည်မှုတွေရှိနေမလဲ? အရမ်းကိုယုံကြည်အားကိုးခဲ့ပုံပဲ။ ဒါတွေကြောင့်ပဲ သူ့အပေါ်အမြင်မကြည်ခဲ့တာနေမှာ။ ဘယ်လိုပဲပြောပြောပါ၊ ငါမင်းကိုမမုန်းပါဘူး Chain.

ငါနဲ့ Rapunzel တွဲခဲ့ကြတာပဲ၊ သူငယ်ချင်းလေးယောက်ရဲ့ ဓာတ်ပုံတွေထဲမှာ အတွဲနှစ်တွဲလိုပုံမျိုးတွေ တွေ့မိတယ်။ Rapunzel ဆီ လူကိုယ်တိုင်သွားမဖိတ်နိုင်ပေမဲ့ သေချာလေးတော့ဖုန်းဆက်ပြီး Wedding ကိုဖိတ်မိတယ်။ Starry House ကိုရောက်တော့လည်း အရင်ကပုံရိပ်တွေဟာ Ivy ရဲ့မှတ်ဉာဏ်တွေ။ Lock ကို တခြားတစ်ယောက်လိုမြင်နေလားတဲ့။ မေးတတ်တယ်နော်။ ငါ့ကိုယ်ငါတော့ တခြားတစ်ယောက်လိုမမြင်ပေမဲ့ အခုခံစားချက်က Lock ဆိုတဲ့ဘဝနဲ့ဝေးလွန်းနေတာ။ Chain က ငါ့ကို သာမန်ဘဝလေးနဲ့ အေးအေးချမ်းချမ်းနေစေချင်တဲ့။ ကျေးဇူးတင်ပါတယ်၊ ငါ့အတွေးတွေကိုနားလည်ပေးလို့ပေါ့။

အစားအသောက်တွေကိုယ်တိုင်ချက်စားဖို့ မီးငယ်ကိုခေါ်မရခဲ့ဘူး။ နှစ်ယောက်တည်းအေးဆေးနေပါတဲ့။ လူစုံရင် ပိုပျော်ဖို့ကောင်းမှာ။ Chain က ညနေပိုင်း Flight နဲ့ Paris ကိုသွားရမှာမို့ စောစောပြန်ကြဖို့ကို မပြန်ချင်ဘူးတဲ့။ မနက်စောစော Flight နဲ့ဆိုလည်း Meeting ချိန်မီတယ်တဲ့လေ။ Starry House မှာပဲ အချိန်ဖြုန်းဖြစ်ကြတယ်။ ငါတို့အခုလိုမျိုး အဆင်ပြေပြေမနေဖြစ်ကြဘူးလား Chain? ဒီတိုင်းလေး ပေါ့ပေါ့ပါးပါး စားသောက်အချိန်ဖြုန်းကြတာမျိုး မလုပ်ခဲ့ဖူးလို့ အဲဒီလောက်ထိ ဒီအချိန်တွေကိုမက်မောနေတာလား?

မီးငယ်က Invitation card နဲ့ Thank you gift တွေကို သူ့စိတ်ကြိုက်ရွေးပြီး လာပြတယ်။ ဒီကလေးလည်း ဘယ်လိုစိတ်နဲ့ ဒါတွေလိုက်လုပ်ပေးနေတယ်မသိဘူး။ ဒီနေ့လည်း သူရွေးထားတဲ့ Wine ပုလင်းသေးသေးလေးတွေ ယူချလာတယ်။ ဖဲကြိုးလေးတွေစည်းထားတဲ့ ဝိုင်ပုလင်းလေးတွေက ဈေးကြီးလို့တဲ့။ နာမည်ရေးထားတဲ့ Font style ကိုပါ နုရွလွန်းတယ်၊ ကလေးဆန်လွန်းတယ်နဲ့ သူတစ်ယောက်တည်း အမျိုးမျိုးချေးများပြီး ဆိုင်မှာရစ်နေတာကို သတိထားခဲ့မိသေးတယ်။

Chain တို့ Meeting room ထဲရောက်တဲ့အချိန် အသံဖမ်းမရသလို Table နဲ့နီးတဲ့ Chain ရဲ့ကြယ်သီးက Camera လေးကလည်း အလုပ်မလုပ်တော့ဘူး။ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ Austin ဆီကနေတော့ မြင်ကွင်းတချို့မြင်နေရတယ်။ Lip Sync တွေကနေ ဘာပြောလဲသိနိုင်တာမို့ စောင့်ကြည့်နေတုန်း Member ဝင်တစ်ယောက်က အမျိုးမျိုးလှည့်ပတ်ကန့်ကွက်နေတာကြောင့် စိတ်ရှုပ်မိပေမဲ့ Chain က အလွယ်တကူပဲ ချေပလိုက်နိုင်တာတွေ့ရတယ်။ တစ်ယောက်ကလည်း အဖေသာရှိရင် ဒီမင်္ဂလာကိစ္စကို သဘောတူပါ့မလားတဲ့။ Chain ဖြေလိုက်သလိုပဲ အဖေကလည်း နှစ်ယောက်လုံးရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်လက်ခံပေးနိုင်မှာပါ။

ကိုယ်စားလှယ်တစ်ဖွဲ့က လက်ဖွဲ့အနေနဲ့ Honeymoon အတွက် အကုန်အကျခံပါ့မယ်တဲ့။ ရုတ်တရက်ဆန်တဲ့ နှောင်ဖွဲ့ခြင်းတစ်ခုမှာ အဲဒီပျားရည်ဆမ်းခရီးဆိုတာကို ငါထည့်မတွက်ခဲ့မိဘူး။ ဟင့်အင်း၊ မလိုဘူးထင်ပါတယ်။ ငါတို့က ... ငါတို့က ဒီအတိုင်း လိုအပ်ချက်တစ်ခုကြောင့် မဖြစ်မနေလက်ထပ်ခဲ့ကြတာ မဟုတ်ဘူးလား? မီးငယ်က သူ့အကြံကိုလက်မခံလို့တဲ့၊ စိတ်ကောက်သွားလေရဲ့။ အဓိကက ညပိုင်း Dinner မှာ အလုပ်ကိစ္စတွေ လက်စသတ်နိုင်ဖို့ပဲလေ။

Paris ကပို့လိုက်တဲ့ Meeting Record တွေကိုကြည့်ရင်း Chain နားက အစိမ်းရင့်ရင့်ဂါဝန်ရှည်နဲ့ အမျိုးသမီးကိုမြင်ရတာ အရင်ကပုံရိပ်တချို့ကို မြင်ယောင်လာမိသလိုလို။ Chain ကတော့ ငါ့အနားကပ်နေကျအမျိုးသမီးတဲ့။ သူ့ကိုလည်း လက်ထပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွဲ့စောင်းပြောသွားတယ်တဲ့။ အဲဒီ Chain က Family name ပြောင်းတဲ့ကိစ္စဟာ အရမ်းကို Hot နေတာလား? သူတို့ကပဲ အတွေးလွန်နေကြပုံရတယ်။

Chain ကလည်း အဲဒီကိစ္စကို စကားနဲ့အနိုင်ပိုင်းပြောလာခဲ့တယ်။ သူ့အနေနဲ့ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်တယ်ဆိုလို့ ပြန်နောက်မိတာကို ကျွန်လိုပဲနေရနေရတဲ့လေ။ ဘယ်လောက်အထိတွေးလိုက်သလဲ? ငါအများကြီးတွေးထားတာမဟုတ်လို့ အဲဒီလိုတွေကြားရရင် အဆင်မပြေဘူးမို့ လှည့်ထွက်တာတောင် သူ့အနေနဲ့က ရှိသမျှတာဝန်တွေယူနိုင်ပါတယ်တဲ့။ ငါ မင်းအတွေးတွေကို မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ ငါ့စိတ်ကူးတွေကိုတောင် ငါမသိသေးဘူးလေ။

Chain ပြောသလို Lip sync တွေနဲ့ ပြင်သစ်စကားကို ငါမမေ့ပေမဲ့ ငါ့အတွက်က ငါ့ဘဝငါမပိုင်သလို မရေမရာအခြေအနေမျိုးမှာ သူ့ကိုမျှော်လင့်ချက်မပေးချင်ဘူး။ ငါ့ကိုယ်ငါလည်း မသေချာတာမို့ အချိန်လေးခဏတော့စောင့်ပါ။ အဲဒီလို သည်းသည်းလှုပ်ဖြစ်နေတာမျိုးတွေ ငါအသားမကျသေးဘူး။ သူ့ဘက်က ဒီလောက်အထိဂရုစိုက်နေတာကို Lock အနေနဲ့ မသိခဲ့ဘူးလားလို့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတုန်းပါပဲ။

▪︎▪︎▪︎

Baby ရယ် ... မရေရာဘူးတဲ့လား? အသားမကျဘူးတဲ့လား?
ဘယ်တုန်းကမှလည်း မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလိုအကျင့်ပါနေတာတွေက Baby အတွက် အနှောင့်အယှက်ဖြစ်စေဖို့တော့ မရည်ရွယ်ခဲ့ပါဘူး။

▪︎▪︎▪︎

မီးငယ်တို့ပြောမရပုံက Wedding planner နဲ့ချိန်းထားပြီးမှ ကိုကိုသွားလိုက်တော့တဲ့။ ဘယ်လိုမှပြောမရတဲ့အပြင် အတူလိုက်ဖို့တောင်ခေါ်မရဘူး။ အဲဒီကိစ္စတွေကို ငါကဘယ်လိုလုပ်ရမှာလဲ? တစ်ခုပြီးတစ်ခုပြောလာပြီးမှ ဝတ်စုံရွေးဖို့ကို ဆက်မတွေးချင်တော့လို့ အချိန်ကိုကြည့်မိတော့ Chain ပြန်ရောက်နေလောက်ပြီ။ ခေါ်တာကို အူကြောင်ကြောင်လုပ်နေပြီးမှ ချက်ချင်းတက်ကြွသွားပြန်တာ။ ရွေးပြီးပြန်လာအထိ ပါးစပ်မစိနိုင်တဲ့သူ့ကို မီးငယ်ပါပြောယူရတယ်။ သူက အရမ်းပျော်နေတာလား?

ဒီဆံပင်စည်းတဲ့ကိစ္စက ခန်းမထဲဝင်ခါနီးအထိမပြီးနိုင်ဘူး။ မီးငယ်ကပါ အားပေးအားမြှောက်လုပ်နေလို့ တစ်ဝက်ပဲစည်းပြီးထွက်လာခဲ့ရတယ်။ ငါအပြောခံရရင် သတ်ပစ်မိတော့မယ်။ ပြဿနာက ခန်းမအဝင်အထိ မပြတ်နိုင်ဘူး။ လက်မချိတ်ချင်ဘူးတဲ့၊ လက်ကိုင်ပန်းစည်းမကိုင်ချင်ဘူးတဲ့။ ငါလည်းမလုပ်ချင်ဘူးလေ၊ အဲဒီပန်းစည်းကလည်း ဘယ်တုန်းကပါလာမှန်းမသိဘူး။ မတတ်နိုင်တဲ့အဆုံး တစ်ယောက်တစ်ထစ်စီလျှော့လို့ Chain ကိုလက်ချိတ်ခိုင်းပြီး ငါပဲပန်းစည်းကိုင်ခဲ့ရတယ်။

ဘယ်တုန်းကအစဉ်အလာတွေမှန်းမသိဘူး။ Yes, I do. နဲ့တင်မပြီးနိုင်ဘဲ ဘာကိစ္စ You can kiss ဆိုတာကြီးကိုပါ ထည့်ထားရတာလဲ? ပန်းစည်းကိုင်ထားပြီး သတို့သားလာနမ်းတာကို ရှက်ပြုံးပြုံးပြနေရအောင် ငါကမိန်းမလည်းမဟုတ်၊ ငါပဲနမ်းမယ်။ အဲဒီပန်းစည်းလေ၊ ဒီလိုမှန်းသိရင် ငါမကိုင်ခဲ့ပါဘူး။ ပွဲပြီးရင် သတို့သမီးတွေက ပန်းစည်းပစ်ကြတဲ့ကိစ္စ ငါမေ့သွားလို့ကိုင်လာမိတာ။ စပ်ဖြဲဖြဲလုပ်နေတဲ့မီးငယ်ကြောင့် Nick လက်ထဲသာ ပန်းစည်းထိုးထည့်ခဲ့လိုက်တယ်။ စိတ်ကုန်စရာ။

နှုတ်ဆက်စရာတွေကလည်း အရမ်းများနေသလား? Rapunzel က သူ့အစ်ကိုနဲ့အတူရှိမနေဘူး။ သူငယ်ချင်းတွေနဲ့ထိုင်နေမယ်ထင်တယ်။ Hepius တို့စုံတွဲက အရမ်းကိုလိုက်ဖက်တောက်ပနေကြတာ။ Nancy က စစနောက်နောက်ပြုံးရယ်ရင်း အရမ်းလှနေတော့ Hepius တို့ လက်တွဲကိုအဖြုတ်မခံဘူး။ Rapunzel ကတော့ သူငယ်ချင်းစုံတွဲနဲ့အတူ ထိုင်နေခဲ့တယ်။ စကားပြောရင် အမှားပါမှာစိုးနေမိတယ်။ မှတ်ဉာဏ်ပျောက်နေတဲ့ကိစ္စ ဘယ်သူ့ကိုမှမသိစေချင်ဘူး။

နောက်တစ်ခါလေးယောက်ဆုံရင် ရုံးခန်းလေးရဲ့အတွင်းခန်းဒီဇိုင်း ပြန်ပြောင်းကြမယ်ဆိုတာ ငါမှတ်မိနေတယ်။ Chain နဲ့သူတို့ နှုတ်ဆက်ကြပြီးတော့ Chain ကတိုးတိုးလေးကပ်ပြောတယ်။ သူတို့စုံတွဲမှာ ကလေးလေးရှိနေပြီတဲ့။ ဒီသတင်းကို Chain ကဘယ်လိုများသိသွားတာလဲ? Rapunzel ပါ အခုမှသိပြီးအံ့ဩနေခဲ့တာ။ ကာယကံရှင်တွေကိုယ်တိုင်လည်း မနေ့ညနေမှသိတာတဲ့။ အဲဒါကို သူက ချက်ချင်းသတင်းရတာ တကယ်ချီးကျူးမိတယ်။ သူငယ်ချင်းလေးယောက်ထပ်ဆုံဖို့ ချိန်းခဲ့ပြီ။ ဘယ်လိုတွေဆက်လုပ်ရမယ်တော့ မသိဘူး။

အိမ်ပြန်ရောက်တော့ လူလည်းပင်ပန်းနေပြီမို့ နားဖို့သာတွေးနေမိတယ်။ ဧည့်ခန်းထဲမှာတွေ့မိတဲ့ Blue Diamond ရဲ့မင်္ဂလာလက်ဖွဲ့က Father ရှေ့ရပ်နေတဲ့ ငါတို့နှစ်ယောက်ရဲ့ပုံတဲ့။ ပွဲပြီးပြီးချင်းပို့လိုက်တာပဲ၊ မြန်လိုက်တာ။ အဲဒါကြီးကို အခန်းထဲမှာချိတ်ခိုင်းမလို့တဲ့လား မီးငယ်။ စိတ်အိုက်လိုက်တာနော်။ အခန်းထဲရောက်တော့ ပင်ပန်းလို့ပစ်လှဲလိုက်တာကို Chain က ခြေလက်ဆေးဖို့လုပ်ပေးရမလားတဲ့။ သူကိုယ်တိုင်ကတော့ မပင်ပန်းတာကျလို့။

ငါကတွေးနေရင်းကို နှာခေါင်းသွေးလျှံလာတဲ့ Chain. အိပ်ရေးတွေပျက်၊ အလုပ်တွေများပြီး အပင်ပန်းလွန်သွားလို့လား? အနားမရအောင်ကို အလုပ်တွေပုံပေးမိတာလား? Fridge ထဲက ရေခဲတွေယူပေးပြီး ကပ်ထားလိုက်တော့မှ သွေးလျှံတာရပ်သွားတယ်။ သူပြောတာတော့ ပင်ပန်းသွားလို့ပါတဲ့။ အေးအေးဆေးဆေးအနားယူလိုက်ပါ Chain.

■■■■■ Part (LXIII) ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі