1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
65. Bliss
🎵 Country roads, take me home
To the place I belong ... 🎶

"John Denver ေျပာသလို ဒီလမ္းေတြကေန အိမ္ျပန္ေရာက္ႏိုင္ရင္ေတာ့ ေကာင္းသား"

"ဘာလဲ Chain? ဘာေျပာလိုက္တာလဲ?"

"John Denver ရဲ႕သီခ်င္းက ဘယ္ေတာ့မွ႐ိုးမသြားဘူးလို႔ ေျပာတာပါ"

"အင္း၊ Country Songs ေတြက မင္းအႀကိဳက္ထဲပါတာကိုးကြ"

ငါၾကားတယ္ Chain, မင္းအတြက္က ဘယ္ေနရာကိုအိမ္လို႔သတ္မွတ္ရမလဲလို႔ ေတြေဝေနတဲ့အၾကည့္ေတြ ငါျမင္လိုက္တယ္။ မင္းႏွလံုးသားက အခိုင္အမာအေျခခ်ထားတဲ့ Spectrum ကို မင္းအိမ္လို႔သတ္မွတ္လိုက္ရင္ နာက်င္တာေတြသက္သာမယ္မဟုတ္လား? တစ္ခါတေလေတာ့လည္း ငါေတြးမိပါတယ္။ Lock ဘက္ကသာ မင္းအခ်စ္ကို တံု႔ျပန္ေပးႏိုင္မယ္ဆိုရင္ ငါလည္း တစ္ခါပဲရင္ကြဲ႐ံုေပါ့။ အခုေတာ့ ငါတို႔ေတြအျဖစ္က အသြားႏွစ္ဖက္ရွိတဲ့ဓားကို ဆုပ္ကိုင္ထားၾကတာမ်ိဳးမဟုတ္ေတာ့ဘူး။ ခ်ာခ်ာလည္ေနတဲ့ဓားစၾကာမွာ အႀကိမ္ႀကိမ္တြယ္ကပ္လို႔ ကိုယ့္ဒဏ္ရာကိုယ္ရွာေနၾကတာပဲ။

"တစ္ခါတေလက်ေတာ့လည္း မျဖစ္ႏိုင္တာေတြ စိတ္ကူးယဥ္ရတာ ေပ်ာ္ဖို႔ေကာင္းသားေနာ္"

"အင္း၊ ငါလည္း စိတ္ကူးယဥ္လိုက္ရမလား Chain?"

"ေတာ္ပါကြာ၊ မျဖစ္ႏိုင္ဘူးဆိုတဲ့အေတြးဝင္လာရင္ အရမ္းနာက်င္ရတယ္"

"သာမန္အေနအထားနဲ႔ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ စိုက္ပ်ိဳးေရးေလးလုပ္ၿပီး သားနဲ႔မယားနဲ႔ Happy Ending မ်ိဳးေပါ့"

"Kyle, မင္းကေလ ျပည့္စံုႏိုင္ရဲ႕သားနဲ႔ကြာ"

"အင္း၊ အခုလည္း ဘာလိုလို႔လဲ? စားစရာ၊ ေသာက္စရာ၊ ေပ်ာ္စရာအစံုအလင္နဲ႔ေလေနာ္"

"ဟားဟား၊ ဟုတ္ပါၿပီကြာ။ ဒါနဲ႔ စကားမစပ္၊ ဟိုဘက္တစ္ဝိုင္းေက်ာ္က Lady က မင္းကိုေတာ္ေတာ္ေလး ေႂကြေနပံုပဲ"

"မေနာက္ပါနဲ႔"

"အတည္"

Chain က ရယ္ရယ္ေမာေမာနဲ႔ စကားစမျပတ္ဘဲေျပာလာခဲ့ေတာ့ Hurricane မသိမသာၾကည့္မိတယ္။ သူတို႔ဝိုင္းကို ေသခ်ာေလးအာ႐ံုစိုက္ေနတဲ့ ခပ္မိုက္မိုက္မိန္းမပ်ိဳတစ္ေယာက္။ သူဘာလို႔ သတိမထားမိတာလဲ? Chain ဆီပဲအာ႐ံုေရာက္ေနတာနဲ႔ ပတ္ဝန္းက်င္ကိုေတာင္ ေမ့သြားရတဲ့အထိ။ ဒီမိန္းကေလးပံုစံကို ျမင္ဖူးေနတာေၾကာင့္ ေတြးေတာ့လည္း ဘာမွေပၚမလာ။

" Kyle, ငါ ေနာက္ဘက္ခဏသြားလိုက္ဦးမယ္"

"အင္း၊ အဆင္ေျပလား?မင္းေတာ္ေတာ္မူးေနၿပီ"

"မင္းက မမူးတာက်ေနတာပဲ။ ရတယ္"

Chain ထြက္သြားတဲ့အခ်ိန္ သူတို႔ဘက္ကိုၾကည့္ေနတဲ့မိန္းကေလးက ထလာၿပီး Hurricane အနားေရာက္လာကာ

"Hi, Mr. Cosgriff."

"Yes"

"မမွတ္မိဘူးထင္တယ္။ Fiona ေလ၊ Fiona Scott."

"Rapunzel သူငယ္ခ်င္းမ်ားလား?"

"Correct!"

"Sorry, ႐ုတ္တရက္မို႔ မမွတ္မိလိုက္ဘူး"

"Punzel ေရာ ဘာေတြြလုပ္ေနလဲ? ျပန္ေရာက္တည္းက အဆက္အသြယ္ျပတ္သြားတာ"

"သူက သူ႔ Client ေတြနဲ႔ပဲ အလုပ္႐ႈပ္ေနတာပါဗ်ာ"

"ဟုတ္ကဲ့၊ ေနာက္မွသူ႔ဆီဖုန္းဆက္လိုက္ပါဦးမယ္။ You တို႔ ဒီေနရာအထိေရာက္လာၾကတာ အလုပ္ကိစၥလား?"

"မဟုတ္ဘူးဗ်၊ စိတ္ေျပလက္ေပ်ာက္ဆိုၿပီး သူငယ္ခ်င္းတစ္ေယာက္နဲ႔ထြက္လာၾကတာ။ ဒီဘက္မွာဆို သိတဲ့သူသိပ္မရွိေတာ့ ပိုလြတ္လပ္မလားေပါ့"

"အဲ၊ အေႏွာင့္အယွက္ျဖစ္သြားလား? Sorry, Fiona က ခုနကတည္းကၾကည့္ေနတာ၊ တူပါတယ္ဆိုၿပီးေလ။ အဲဒါေၾကာင့္ လာနႈတ္ဆက္တာပါ"

"ဟုတ္ကဲ့၊ ရပါတယ္"

"အ!"

ေဘးကျဖတ္သြားတဲ့တစ္ေယာက္က Fiona ကိုဝင္တိုက္သြားတာေၾကာင့္ ယိုင္လဲက်သြားတာကို Hurricane က လွမ္းထိန္းေပးဖို႔ ခါးကိုဖက္ထားလိုက္မိခ်ိန္မွာ

"ေဟ့ေကာင္၊ လႊတ္စမ္း"

လူတစ္ေယာက္က Fiona ကိုဆြဲေခၚေပြ႕ဖက္ၿပီး Hurricane လက္ကိုပုတ္ခ်ပစ္လာတယ္။

"Freddy, ဘာလုပ္တာလဲ? Babe လဲမွာစိုးလို႔ သူကထိန္းေပးတာေလ"

"ေနစမ္းပါ၊ မင္းကဘာကိစၥ ဒီေကာင့္နားေရာက္ေနတာလဲ? မင္းကေရာ ဘာလို႔ ငါ့ေကာင္မေလးခါးကို ဖက္ထားတာလဲ?"

Hurricane ရင္ဘတ္ကိုေဆာင့္တြန္းၿပီး ရန္စေမးခြန္းေတြပ်ိဳးလာတာေၾကာင့္

"ဒီမွာ ကိုယ့္ဘာသာေအးေဆးေနတာေနာ္။ ကိုယ့္ညီမသူငယ္ခ်င္းက လာႏႈတ္ဆက္လို႔ စကားျပန္ေျပာေနတာေလ"

"ဟုတ္ပါတယ္၊ အဲဒါ Babe တစ္ခါေျပာဖူးတဲ့ Rapunzel ရဲ႕အစ္ကိုေလကြာ"

"မင္းပါးစပ္ပိတ္စမ္း! မင္းဟာေလ အလြတ္ေပးလိုက္တာနဲ႔စၿပီ။ ဘယ္က Rapunzel လဲ? ဘယ္ကဟာမလဲ? ငါ့ကိုလာမလွိမ့္နဲ႔ Fiona, မင္းဇယားေတြမၿပီးႏိုင္ဘူးလား?"

"စကားကိုဆင္ျခင္ပါ ကိုယ့္လူ။ မင္းတို႔ျပႆနာ မင္းတို႔ရွင္းၾကေလ၊ တျခားမိန္းကေလးတစ္ေယာက္ကို ဆဲဆိုစရာမလိုပါဘူး။ မင္း လူလိုသိသင့္တယ္"

"အဟက္! အတိုင္အေဖာက္ေတြညီေနၾကတာပဲ။ မင္း ခုနက အေကာင္တစ္ေကာင္နဲ႔မဟုတ္လား? ဘယ္ေရာက္သြားလဲ? ဘာလဲ၊ မင္းက ႏွစ္ဖက္ခၽြန္လား?"

"ဘာျဖစ္တယ္? မင္းေသတြင္း မင္းတူးခ်င္တာလား?"

"Freddy, အခ်စ္၊ မွားမယ္ေလ။ လာပါ၊ Babe တို႔သြားရေအာင္"

Fiona ဆြဲေနေပမဲ့ ေတာ္ေတာ္ေလးမူးေနတဲ့ Freddy ဆိုသူက ေသြးဆူေနၿပီး

"ဖယ္စမ္း! ေဟ့ေကာင္၊ မင္းကမ်ား ရာရာစစ"

အေျပာနဲ႔အတူလက္ကပါလာေတာ့ ရန္ပြဲစျဖစ္ၿပီး Freddy တို႔ဘက္က ေလးေယာက္ဝိုင္းလာခ်ိန္မွာ Chain ကျပန္ေရာက္လာပါတယ္။ Toilet မွာ နည္းနည္းေလးၾကာသြားတာက Hurricane တို႔ ရန္ပြဲထဲေရာက္သြားၿပီမို႔ Chain လည္းဝင္ပါရပါေတာ့တယ္။ ေလးေယာက္ႏွစ္ေယာက္ပြဲမွာ Hurricane နဲ႔ Chain က ေတာ္ေတာ္ေလးေထြေနတာမို႔ ခ်က္ခ်င္းလက္စမသတ္ႏိုင္။

ဝန္ထမ္းတခ်ိဳ႕ ဝင္ဆြဲထိန္းဖို႔ႀကိဳးစားေနတုန္းမွာ တစ္ဘက္က Hurricane ကိုပုလင္းနဲ႔လွမ္း႐ိုက္တာကို ေတြ႕လိုက္တာမို႔ Chain တားဖို႔ႀကိဳးစားေပမဲ့ မမီတာေၾကာင့္ Hurricane ကိုလွမ္းအဆြဲ ဒီဘက္ကတစ္ေယာက္က Chain အလစ္မွာ ခံုနဲ႔ရိုက္ခ်တာကိုခံလိုက္ရပါတယ္။ Hurricane ကေတာ့ လွမ္းဆြဲခံလိုက္ရလို႔လြတ္သြားၿပီး ႐ိုက္တဲ့သူက အရွိန္နဲ႔လဲက်တာေၾကာင့္ ဝင္ဆြဲတဲ့သူေတြလက္ထဲ ပါသြားပါၿပီ။ ခံုအက်ိဳးကိုင္ထားတဲ့သူကို Hurricane တစ္ေယာက္ ေဒါသတႀကီးလွည့္ကန္လိုက္ၿပီး Chain ကိုဆြဲထိန္းလိုက္ေတာ့ Chain ေခါင္းကေနေသြးေတြစီးက်ကာ Hurricane ဘက္ယိုင္လဲက်လာတယ္။

"Chain, သတိထားဦး"

"အင္း၊ ရတယ္"

ဆိုင္ရွင္ကိုယ္တိုင္ ေသနတ္ဆြဲဆင္းလာၿပီး အေျခအေနေတြဝိုင္းထိန္းၾကေတာ့မွ ကိုယ့္လူကိုယ္တြဲကာ အသီးသီးထြက္လာခဲ့ၾကတယ္။

"Chain, ခဏပဲေနာ္။ ငါ့ေဆး႐ံုနဲ႔အနီးဆံုးပဲ၊ သိပ္မၾကာဘူး"

"အင္း၊ ဂ႐ုစိုက္ေမာင္း"

Hurricane ကအရမ္းစိုးရိမ္ေနတာေၾကာင့္ Chain သတိမလစ္ေအာင္ထိန္းေျပာေနရင္းက လူကခ်ာခ်ာလည္လာၿပီ။

"ခဏအိပ္မယ္"

"Dexter, မလုပ္နဲ႔ေလ၊ Dexter? ဟာကြာ!"

▪︎

လွည့္ထြက္သြားတဲ့ Lockကိုၾကည့္ရင္း Chain ရင္ဘတ္ထဲ ေအာင့္တက္လာတာေၾကာင့္ လွမ္းေခၚဖို႔ျပင္ေနရာက လဲက်သြားၿပီး အေမွာင္ထုထဲေရာက္သြားခဲ့တယ္။ လမ္းေပ်ာက္ေနတဲ့ Chain ပတ္ဝန္းက်င္မွာၾကားေနရတာက ေသနတ္သံေတြျဖစ္ေနတာမို႔ အလင္းေရာင္ရွိႏိုင္မယ့္ေနရာကိုသာ ရွာေနမိတယ္။ သြားေနရင္းက ဝုန္းခနဲေပါက္ကြဲသံနဲ႔အတူ လင္းထိန္သြားတဲ့ပတ္ဝန္းက်င္ေၾကာင့္ က်ိန္းစပ္သြားတဲ့မ်က္လံုးေတြကို လက္နဲ႔ကာထားလိုက္ၿပီးမွ ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္မိေတာ့ မဂၤလာပြဲတစ္ခု။

ဒါ သူတို႔မဂၤလာပြဲလို႔ အသိဝင္လာတဲ့အခ်ိန္ ေရွ႕မွာရပ္ေနတဲ့ Lock က က်မ္းသစၥာက်ိန္ဆိုလို႔။ မ်က္ႏွာခ်င္းဆိုင္လိုက္ခ်ိန္ သူ႔ေရွ႕မွာ ေရေတြစိုရႊဲေနတဲ့ Lock ေၾကာင့္ Chain သူ႔လက္ထဲၾကည့္မိေတာ့ ေရပိုက္ကိုင္လ်က္သားနဲ႔ ျခံေနာက္ဘက္သစ္ပင္ေတြၾကားမွာ ေရာက္ေနၿပီ။ လန္႔ၿပီးလႊတ္ခ်မိတဲ့အခါ Chain ပခံုးကိုတြန္းၿပီး Lock ကေျပးသြားတာမို႔ လွည့္ၾကည့္ျပန္ေတာ့ ကိုယ္တိုင္က ဝရန္တာမွာရပ္ၿပီး Lock ကေတာ့ အခန္းထဲေရာက္ေနၿပီ။ လိုက္ဝင္သြားေတာ့ ႏွစ္ေယာက္သားခုတင္ေပၚပစ္လဲက်ၿပီး Lock က သူ႔ကိုစိုက္ၾကည့္လို႔ေနတယ္။ ႏွစ္ေယာက္လံုးရဲ႕ အဝတ္မဲ့ေနတဲ့ခႏၶာကိုယ္ေတြမွာက အနီရင့္ရင့္အမွတ္ေတြနဲ႔။

ထထြက္သြားျပန္တဲ့ Lock ကို လွမ္းေခၚရင္းလိုက္လာမိေတာ့ Pandora's Box ရဲ႕အျပင္ဘက္က ကားတစ္စီးေပၚမွာ Lock ကထိုင္ေနျပန္တယ္။ မိုက္ခနဲျဖစ္သြားတဲ့ေခါင္းကိုဖိရင္း ေသခ်ာၾကည့္မိေတာ့ ေဆး႐ံုေခါင္မိုးက ေလတျဖဴးျဖဴးၾကားမွာ Lock က သူ႔ကိုထားသြားၿပီ။ အားမရွိေတာ့သလို ဒူးေထာက္က်သြားမိေတာ့ Nick အသံၾကားသလိုမို႔ၾကည့္မိတဲ့အခါ Violet ရဲ႕ ဝရန္တာမွာ Lock နဲ႔ Nick တို႔ Laptop တစ္လံုးထဲေခါင္းစိုက္ေနတယ္။

ဘာေတြျဖစ္ေနမွန္းမသိလို႔ ေအာက္ထပ္ဆင္းလာခဲ့ေပမဲ့ တကယ္တမ္းေလွကားကဆင္းလာတာ Lock ျဖစ္ေနတယ္။ Chain ကိုယ္တိုင္နဲ႔ Hurricane ကေတာ့ရယ္ေမာရင္း အိမ္ထဲဝင္လာတာကို Lock က ေလွကားရင္းကေန ခပ္စူးစူးၾကည့္ေနျခင္း။ ဧည့္ခန္းထဲကဓာတ္ပံုဆီ အၾကည့္ေရာက္မိေတာ့ မ်က္စိထဲေပၚလာတာ Wedding Photo ခပ္ႀကီးႀကီးတစ္ပံု၊ ပံုရဲ႕ေနာက္ဘက္ထဲမွာ Jigsaw Puzzle piece ေလးတစ္ခုကို Chain ကိုယ္တိုင္ထည့္ေနမိတယ္။ တျခားအပိုင္းေတြကေတာ့ ခုတင္ေပၚမွာ ဘူးေလးနဲ႔ထည့္လို႔။ ယူၿပီးဆက္ေနတုန္း Wire shock ေၾကာင့္ အခန္းမီးလံုးေပါက္သြားတာပဲ သိလိုက္ၿပီး မ်က္စိေတြျပာေဝသြားရျပန္တယ္။

ေရမြန္းသလိုခံစားရၿပီး Chain ကိုဆြဲယူေအာ္ေခၚေနတဲ့ Hurricane အသံ။ ၿပီးေတာ့ ခြဲစိတ္မႈမလုပ္ဘူးေျပာလို႔ Hell ရဲ႕ ဆူပူေနတဲ့အသံေတြ။ Lily ရဲ႕ စိုးရိမ္တႀကီးေခၚသံၾကားကေန Hepius ရဲ႕ေဆး႐ံုဆီေရာက္သြားၿပီး Nurse ေတြနဲ႔မုန္႔စားရင္း စေနာက္ေနတဲ့အသံေတြ။ ၿပီးေတာ့ ဘာၾကားမိေနတာမွန္းမသိလို႔ အာ႐ံုစိုက္မိေတာ့ ...

"သူတို႔က ေတာက္ေလၽွာက္ အဆက္အသြယ္ရွိေနၾကတာထင္တယ္"

"ဟုတ္တယ္၊ Chain ကလြန္လြန္းတယ္။ သူမသိေစခ်င္ရင္ ဘယ္သူမွ ဘာမွမသိရေတာ့ဘူး"

Chain တဲ့၊ ကိုယ္တိုင္ ဘယ္ေရာက္ေနလဲဆိုတာကို မနည္းစဥ္းစားၿပီး ခႏၶာကိုယ္ကိုလႈပ္ရွားၾကည့္ေတာ့ လႈပ္လို႔ကမရ။ အားထည့္ၿပီး လႈပ္ဖို႔ႀကိဳးစားမိေတာ့ လက္ကေျမာက္တက္သြားၿပီး တစ္ခုခုနဲ႔ထိမိကာ ...

▪︎▪︎▪︎

"Hurricane, Chain ဘယ္လိုေနေသးလဲ?"

"ဪ Lily, သူ ႏိုးလာေသးတယ္။ ဒဏ္ရာကမႀကီးပါဘူး၊ ေဆးေၾကာင့္ျပန္အိပ္သြားတာ"

"ေတာ္ေသးတာေပါ့။ ဘယ္လိုျဖစ္ၿပီးမ်ား ဘာမွမဟုတ္တဲ့လူေတြကို မႏိုင္ၾကတာလဲ? ေတာ္ေတာ္မူးေနၾကတာလား?"

"ကိုယ့္ေၾကာင့္ပါ"

"အဲဒီအထိေရာက္သြားတာ Chain အၾကံမဟုတ္လား? တစ္ခ်က္မွကို ၿငိမ္ၿငိမ္မေနႏိုင္ဘူးလားမသိဘူး"

"ဘယ္သြားသြား ျပႆနာတတ္တဲ့ဇာတာကို ဘယ္လိုျပင္ေပးရပါ့မလဲ? Lock ေရာ?"

"Violet မွာမရွိဘူး၊ Nick တို႔ဆီမွာ။ ကိုကို႔ကိုမေျပာနဲ႔လို႔ မွာထားခဲ့တယ္"

"အဟင္း၊ သူမသိေတာ့မွာက်ေနတာပဲ"

"မစိုးရိမ္ရဘူးဆိုလို႔ မေျပာခိုင္းခဲ့တာ၊ ဘယ္သူမွေျပာမယ့္ပံုမေပၚပါဘူး။ သူတို႔လည္း ကိုကိုနဲ႔ Chain ရဲ႕ သတ္ပြဲေတြကို မျမင္ခ်င္ၾကပါဘူးေလ။ သတ္ႏိုင္လြန္းတယ္၊ တကယ္"

Hurricane ဘာမွျပန္မေျပာေတာ့ Lily ကပဲ

"လက္ထိထားတာလား?"

"နည္းနည္းပါ"

"Chain နဲ႔ေပါင္းၿပီး ဘာၾကံစည္ေနတာလဲ? Bermuda ကိစၥမဟုတ္လား? ဟိုလူက ဆက္သြယ္တယ္မဟုတ္လား?"

"အင္း၊ အဲဒီလူ ေနာက္ေၾကာင္းအရမ္းရွင္းလြန္းလို႔ မသကၤာဘူး"

"Lily စဥ္းစားမိတာေလ၊ Uncle Hell ကို ေမးၾကည့္မလားလို႔ပါ။ သူကေတာ့ Bermuda ရဲ႕အိမ္တြင္းေရးေတြ သိေနမွာပဲ။ Chain သတိမရေသးေတာ့ သူ႔ကိုပဲ ေမးၾကည့္မလားလို႔ပါ"

"Lily နဲ႔ကအဆင္ေျပေတာ့ အဲဒီအၾကံလည္းေကာင္းတာပဲ"

"အဲ၊ Lily နဲ႔အဆင္ေျပတယ္မေျပာပါနဲ႔။ Uncle Hell က Hurricane ကိုလည္း သေဘာက်ပါတယ္။ သူၾကည့္မရတာ ကိုကိုပဲရွိမယ္ထင္တယ္။ သူ႔တူကိုထိရင္ ႀကိဳက္တာမဟုတ္ဘူး။ ဘယ္လိုမ်ား လက္ထပ္လိုက္တယ္မသိဘူးတဲ့။ သူၾကားသမၽွသတင္းေတြက စိတ္ပ်က္စရာေတြပဲတဲ့။ Chain ကိုယ္တိုင္ကကို လိုလိုလားလားမို႔ သူၾကည့္ေနရတာပါတဲ့ေလ"

"သူတို႔က ေတာက္ေလၽွာက္ အဆက္အသြယ္ရွိေနၾကတာထင္တယ္"

"ဟုတ္တယ္၊ Chain ကလြန္လြန္းတယ္။ သူမသိေစခ်င္ရင္ ဘယ္သူမွ ဘာမွမသိရေတာ့ဘူး"

*ဒုန္း*

အသံလာရာဆီကို Hurricane နဲ႔ Lily ၾကည့္မိေတာ့ Chain လက္က ခုတင္ေဘးမွာခ်ထားတဲ့ခံုကို ထိမိသြားျခင္း။ Chain အိပ္ေနလို႔ ႏွစ္ေယာက္သား ခုတင္နဲ႔လွမ္းတဲ့ဆိုဖာေတြမွာထိုင္ရင္း စကားေျပာေနမိၾကတာ။

"Dexter" "Chain"

ႏွစ္ေယာက္စလံုး ေခၚလည္းေခၚ၊ Chain အနားကိုလည္း ေရာက္သြားၾကရင္း Lily က

"Chain, ဘာျဖစ္တာလဲ? ဘယ္လိုေနလို႔လဲ?"

"မီးငယ္။ Hurricane. ငါကဘယ္ေရာက္ေနတာလဲ?"

"မင္းက ငါ့ေဆး႐ံုမွာေလ။ Inferno ကိုေရာက္ၿပီးေသာက္ၾကရင္း ရန္ျဖစ္ၾကတာေလ၊ မင္းမွတ္မိလား?"

"Inferno? ၿမိဳ႕ျပင္က Bar မွာလား? ငါတို႔ ... အား ... ေခါင္းကြဲထားတာလား?"

"နာေနလား? ဆရာဝန္ေခၚရမွာကို ေမ့ေနတာ"

ေျပာေျပာဆိုဆို Hurricane က ခုတင္ေခါင္းရင္းကခလုတ္ေလးကို ႏွိပ္လိုက္တယ္။ Lily ကလည္း

"Chain ၿငိမ္ၿငိမ္ေလးေနၿပီး ဘာမွမေတြးဘဲေနလိုက္ေနာ္။ ဆရာဝန္လာလိမ့္မယ္"

ၿငိမ္ေနၾကၿပီး ဆရာဝန္ေရာက္လာကာ စမ္းသပ္ၾကည့္ေပးၿပီးေတာ့

"ေခါင္းထဲဘယ္လိုေနလဲ?"

"ေခါင္းမၾကည္႐ံုပါ Doctor. ႏိုးႏိုးခ်င္း ခ်က္ခ်င္းႀကီးထထိုင္ဖို႔လုပ္မိလို႔ ျဖစ္တာေနမွာပါ"

"ျဖစ္ႏိုင္ပါတယ္။ အားလံုးေကာင္းေနတာပဲ။ ခဏေတာ့ ၿငိမ္ၿငိမ္ေလးနားလိုက္ပါ။ အားလံုးအဆင္ေျပတာမို႔ အားျပည့္ရင္ ဆင္းလို႔ရပါတယ္"

"ဟုတ္ကဲ့၊ ေက်းဇူူးပါ"

ဆရာဝန္ျပန္ထြက္သြားၿပီးမွ Hurricane တို႔ အနားေရာက္လာေတာ့

"ငါတို႔ Inferno ကိုေရာက္သြားၿပီး မူးေနခဲ့တာပဲ။ ၿပီးေတာ့ ငါ Toilet ကျပန္ထြက္လာေတာ့ မင္းရန္ျဖစ္ေနတယ္။ အခုဘယ္အခ်ိန္ရွိၿပီလဲ?"

"မနက္ပိုင္းပဲရွိပါေသးတယ္"

"ငါ အစ္ကိုေလးကို မနက္ျပန္လာမယ္လို႔ ေျပာမိတယ္ေလ။ မီးငယ္က ဒီအထိလိုက္လာတာပဲ"

"ဟုတ္။ ကိုကိုက Nick တို႔ဆီမွာမို႔ အခုကိစၥ သူ႔ကိုျပန္မေျပာၾကဖို႔ အကုန္လံုးကိုမွာခဲ့တယ္"

"ဟိုေလ၊ အခုက အိပ္မက္အရွည္ႀကီးမက္ေနရသလိုပဲ"

"ဘာကိုလဲ Chain ရဲ႕"

"ကိုယ္ ဒီၾကားထဲ ကိစၥတခ်ိဳ႕ကိုေမ့ေနခဲ့တာလား?"

"ဟင္? Chain ဘာသတိရလို႔လဲ?"

Lily က အေလာတႀကီးေမးလိုက္သလို Hurricane ကလည္း သိခ်င္ေဇာနဲ႔ Chain မ်က္ႏွာကိုၾကည့္မိတယ္။

"ေခါင္းခြဲစိတ္လိုက္ၿပီး အားလံုးကိုေမ့သြားတာလား?"

"ဟုတ္တယ္ေလ။ ၿပီးေတာ့ မင္း နည္းနည္းစီသတိရေနတယ္"

"နည္းနည္းစီလား? အခုက ငါ ... ငါတို႔ Bermuda ရဲ႕သားမက္ကိစၥ၊ ဟုတ္တယ္၊ အဲဒီကိစၥေျပာရင္း ငါတို႔ Bar ကိုေရာက္သြားတာမဟုတ္လား?"

"အင္းေလ"

"ငါ အိပ္မက္လိုလိုနဲ႔ အရင္အေၾကာင္းေတြျပန္ျမင္ေနတယ္။ ငါအၾကာႀကီးေမ့သြားတာပဲ"

"ဒါဆို မင္း ... မင္း အကုန္သတိရၿပီလား?"

Hurricane စိတ္လႈပ္ရွားေနၿပီး အေပ်ာ္တစ္ဝက္နဲ႔ေမးလာေတာ့

"အင္း၊ Bermuda နဲ႔ေနာက္ဆံုးျပႆနာမွာ မင္းငါ့ကိုကယ္ခဲ့တယ္။ Hell ငါ့ကို ေခါင္းခြဲစိတ္ေပးခဲ့ၿပီး ငါအတိတ္ေမ့သြားတယ္။ ၿပီးေတာ့ ငါ့အတိတ္ေတြကို ဟိုတစ္စ၊ ဒီတစ္စ ျပန္မွတ္မိလာတယ္။ ၿပီးေတာ့ Baby နဲ႔လက္ထပ္ၿပီး ကြာရွင္းလိုက္တဲ့ကိစၥေရာ"

"ဟား ... ေတာ္ေသးတာေပါ့။ ငါ့မွာေတာ့ မင္းေခါင္းကြဲသြားတာမမ်ားေပမဲ့ စိုးရိမ္လိုက္ရတာ။ အခုေတာ့ အကုန္မွတ္မိဖို႔ျဖစ္လာတာပဲ။ ဟား ဟား"

Chain လက္တစ္ဖက္ကိုဆုပ္ကိုင္ၿပီး ျပံဳးရႊင္ေနတဲ့ Hurricane ကိုၾကည့္ရင္း Lily ျပံဳးေနတာေတာင္ ရပ္သြားမိတယ္။ Chain သတိျပန္ရလို႔ ဝမ္းသာေနတာတဲ့ေလ။ ကိုယ္တိုင္လည္း ဝမ္းသာမိတာပါပဲ။ ဒါေပမဲ့ Hurricane က သူခံစားရမွာကိုမသိလို႔လား? Lily က Chain ကို အစ္ကိုတစ္ေယာက္လိုပဲ သတ္မွတ္လိုက္ၿပီးေပမဲ့ Hurricane က အဲဒီလိုမဟုတ္ခဲ့ဘူးေလ။ Chain သတိရလာတာက သူရင္ကြဲဖို႔ ေသခ်ာသေလာက္ျဖစ္လာတာကို သူေပ်ာ္ေနႏိုင္တာ ႐ူးေအာင္ခ်စ္နည္းတစ္မ်ိဳးပဲလား? Chain နဲ႔အၿပိဳင္ကို ႐ူးလြန္းပါတဲ့ Hurricane ရယ္ပါ။ တကယ္ပဲ၊ သူတို႔သံုးေယာက္အေၾကာင္းကို Lily ေတြးၾကည့္ရင္း ရင္ေမာမိပါတယ္။

¤

"မင္း နားဦးေနာ္။ အကုန္သိၿပီဆိုၿပီး Plan ေတြဆြဲမေနနဲ႔။ Bermuda ကိစၥ ေနာက္ရက္မွ ငါတို႔ဆက္ေျပာၾကမယ္။ ဒီတစ္ရက္ေလာက္ပဲျဖစ္ျဖစ္ နားလိုက္ပါ"

"............"

"ေဟ့ေကာင္၊ ငါေျပာေနတယ္ေလ။ မၾကားတာလား?"

"ၾကားတယ္လို႔။ အဲဒီလိုေျပာလာတာ ေျခာက္ေခါက္ရွိၿပီဆိုတာေရာ သိလား? ဓာတ္ျပားသာဆို အပ္ေၾကာင္းထပ္႐ံုမကဘူး၊ ကြဲပါကြဲၿပီ"

"မင္း!"

Hurricane ကကားေမာင္းၿပီး Lily ကေရွ႕ခန္းမွာထိုင္ကာ Chain ကေနာက္ခန္းမွာ တစ္ေယာက္တည္းခပ္ေလ်ာ့ေလ်ာ့ထိုင္ရင္း ကားျပတင္းဖြင့္ကာ အျပင္ကိုေငးၿပီးပါလာခဲ့ျခင္း။ Lily ကေတာ့ သူတို႔ႏွစ္ေယာက္နဲ႔လိုက္လာမိတာ မွားၿပီလို႔ကို ေတြးေနတာပါ။ ကိုယ့္ဘာသာ Austin တို႔နဲ႔ ေနာက္ကကားမွာလိုက္လာရင္ နားေအးတာကို သူတို႔ႏွစ္ေယာက္ေခၚလို႔ပါလာမိတာ ကမာၻႀကီးပူေႏြးျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကို သိလိုက္ရတာပဲ။ တစ္ေယာက္က နားေလာင္ေအာင္ သတိေပးေနသလို၊ ေနာက္တစ္ေယာက္ကလည္း ရန္စကားခ်ည္းေျပာေနတာပါ။ သူတို႔ ဒီေလာက္ သတ္ေနၾကတာရယ္၊ Spectrum က Lock နဲ႔ Chain ရဲ႕တိုက္ပြဲေတြရယ္ဆို ကမာၻၿဂိဳဟ္တစ္ခုစာေလာက္က ေအးေအးေဆးေဆး ေလာင္မီးက်ႏိုင္ပါတယ္။

"Lily, ဟိုေရာက္ရင္ အဲဒီေကာင္ကို ဘာအလုပ္မွမလုပ္ေစနဲ႔ေနာ္"

"ဟုတ္ကဲ့၊ ခုတင္တိုင္မွာ ႀကိဳးနဲ႔ခ်ည္ၿပီး အခန္းတံခါးေတြအကုန္ အျပင္ဘက္ကေန အေသပိတ္ထားလိုက္ပါ့မယ္"

"အဟားဟား" "ဟင္?"

Lily အေျပာေၾကာင့္ Chain ရဲ႕ရယ္သံရယ္၊ Hurricane ရဲ႕ အာေမဋိတ္သံရယ္က အၿပိဳင္ထြက္လာပါတယ္။ Chain ကရယ္ရင္းနဲ႔ လွမ္းေျပာတယ္။

"မွတ္ၿပီလား? အဲဒါေၾကာင့္ မင္း မိန္းမမရတာ။ ပြစိပြစိနဲ႔ အဘိုးႀကီးလိုပဲ"

"မင္းေရာ ရတာက်ေနတာပဲ"

"ငါက ေယာက္်ားရ ... အင္း ... Sorry"

စကားႏိုင္လုၿပီး ငါကမွ ေယာက္်ားရခဲ့ေသးတယ္လို႔ ေျပာမိမလိုျဖစ္ၿပီးမွ Chain ျပန္ထိန္းလိုက္ရတယ္။ Hurricane ကေတာ့ အျပင္ဘက္ကိုခဏလွည့္သြားၿပီး ခ်က္ခ်င္းျပန္လွည့္လာေတာ့ အျပံဳးမပ်က္တာ Lily ျမင္ရေပမဲ့ Chain စကားေၾကာင့္ ေတာ္ေတာ္ေလးခံရခက္သြားမွာကို ကိုယ္ခ်င္းစာႏိုင္ပါတယ္။

"ငါမိန္းမယူမွ ပြဲေတြထပ္ေနေအာင္စီစဥ္ၿပီး မင္းကိုအကုန္ခိုင္းရမယ္။ အဲဒီေတာ့မွ ဘာမွမလုပ္ေပးဘူးဆိုရင္ ငါနဲ႔ေတြြ႕မယ္"

"မင္းပဲ အဲဒီလိုပြဲေတြကို သည္းခံႏိုင္ေအာင္ အရင္ႀကိဳးစားလိုက္ဦး။ ဘယ္ပြဲတက္တက္ ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္းအဝတ္လဲၿပီး အခန္းကိုေရခဲတိုက္ျဖစ္ေအာင္လုပ္ထားတဲ့ ေကာင္ကမ်ား"

Chain စကားကို Lily နားမလည္တာမို႔

"ဘာကို ေရခဲတိုက္လဲဟင္?"

"ဟားဟား၊ ပြဲတက္ၿပီးျပန္လာရင္ မြန္းက်ပ္လြန္းလို႔ဆိုၿပီး အဝတ္အစားေတြလဲ၊ ပူေလာင္လြန္းလို႔ဆိုၿပီး ေရခ်ိဳးၿပီးတာေတာင္ အခန္းက Air con ကို မိုင္ကုန္ဖြင့္တာေလ။ ေရခဲတိုက္လိုပဲ ျဖစ္ေနေရာ။ ခဲေသေနမယ္ဆိုလည္း မမွတ္ဘူး"

"Hurricane ကေလ ... အိုး ဟိုး၊ မထင္ရဘူးေနာ္။ ပြဲတိုင္းမွာ စတိုင္က်လြန္းလို႔ Fashion King ဘြဲ႕ရထားတဲ့ Hurricane က အဲဒီလိုႀကီး ပြဲေတြေၾကာက္တာလား?"

"ဟုတ္တယ္၊ ပြဲတက္ရတာ ေသေအာင္ေၾကာက္တာ"

"Dexter Adler, မင္း မ်ားေနၿပီေနာ္။ ငါ့ကိုေျပာေနတာ မ်ားေနၿပီ"

"ဘာျဖစ္ခ်င္လဲ?"

"ေျပာလိုက္ရ! Lily ပါေနလို႔ေနာ္"

"မင္း ကေလးေရွ႕မွာ ညစ္ညစ္ပတ္ပတ္ေတြေျပာမလို႔လား? ရိုင္းစိုင္းေနတာ"

"ေတာ္ ... ေတာ္ ... မင္းကို ငါမေျပာေတာ့ဘူး။ ဒီေန႔က မင္း ေတြ႕သမၽွကိုက္ခ်င္ေနတာ၊ ေခြးေပါက္"

"မင္းလား ေခြးေပါက္။ ရန္မစနဲ႔"

"မင္းေလ၊ ငါ့ကိုကိုက္တာ မင္းေလ။ Lily သက္ေသရွိတယ္"

"ဟုတ္တယ္။ Chain ကိုက္တတ္တာ Lily သိလိုက္တယ္"

"ေအး၊ ေျပာထားၾကပါ"

"ေျပာမွာပါ။ Lily သိလား၊ အဲဒီေကာင္ကိုက္တာ အဲဒါ ပထမဆံုးမဟုတ္ေတာ့ဘူး။ ငယ္ငယ္တည္းက အဲဒီလိုပဲ"

Hurricane ေျပာေတာ့ Chain က မ်က္ေမွာင္က်ံဳ႕ၾကည့္လာၿပီး

"ငါ့ဒဏ္ရာကို အစိမ္းလိုက္ခ်ဳပ္လို႔ ကိုက္မိတာေလ။ အဲဒီတုန္းက ဆယ့္ငါးႏွစ္လားပဲရွိေသးတာကို"

"အဲဒါကို မေျပာလိုပါဘူး"

"ဟာ! မင္းရန္စၿပီးခ်ဳပ္ထားလို႔ ငါကိုက္တာကိုေျပာခ်င္တာလား?"

"ၾကားတယ္ေနာ္ Lily, ငယ္ငယ္ကေဆာ့ၾကရင္း သူ႔ကိုခ်ဳပ္ထားရင္ ကိုက္ဖို႔ပဲေခ်ာင္းေနတာ"

"မထင္ရဘူးေနာ္"

"Hurricane!"

"ဘာလဲ?"

"ေသခ်င္ေနတာလား?"

"မေၾကာက္တာ"

"ေအး၊ ေတြ႕မယ္။ အခုက မင္းကားေမာင္းေနလို႔ အေႂကြးမွတ္ထားလိုက္မယ္"

ေအာ္ရယ္ေနျပန္တဲ့ Hurricane နဲ႔ တစ္ဖက္လွည့္ၿပီးျပံဳးသြားတဲ့ Chain ကိုၾကည့္ရင္း Lily သိလိုက္ရတာက သူတို႔မွာ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ငယ္ဘဝအမွတ္တရေတြ ရွိၾကတယ္။ ႏွလံုးသားေရးရာ ဆုေတာင္းမွားျခင္းေတြသာ မရွိခဲ့ရင္ .........

■■■■■ Part (LXVI) ဆက္ရန္ ■■■■■

🎵 Country roads, take me home
To the place I belong ... 🎶

"John Denver ပြောသလို ဒီလမ်းတွေကနေ အိမ်ပြန်ရောက်နိုင်ရင်တော့ ကောင်းသား"

"ဘာလဲ Chain? ဘာပြောလိုက်တာလဲ?"

"John Denver ရဲ့သီချင်းက ဘယ်တော့မှရိုးမသွားဘူးလို့ ပြောတာပါ"

"အင်း၊ Country Songs တွေက မင်းအကြိုက်ထဲပါတာကိုးကွ"

ငါကြားတယ် Chain, မင်းအတွက်က ဘယ်နေရာကိုအိမ်လို့သတ်မှတ်ရမလဲလို့ တွေဝေနေတဲ့အကြည့်တွေ ငါမြင်လိုက်တယ်။ မင်းနှလုံးသားက အခိုင်အမာအခြေချထားတဲ့ Spectrum ကို မင်းအိမ်လို့သတ်မှတ်လိုက်ရင် နာကျင်တာတွေသက်သာမယ်မဟုတ်လား? တစ်ခါတလေတော့လည်း ငါတွေးမိပါတယ်။ Lock ဘက်ကသာ မင်းအချစ်ကို တုံ့ပြန်ပေးနိုင်မယ်ဆိုရင် ငါလည်း တစ်ခါပဲရင်ကွဲရုံပေါ့။ အခုတော့ ငါတို့တွေအဖြစ်က အသွားနှစ်ဖက်ရှိတဲ့ဓားကို ဆုပ်ကိုင်ထားကြတာမျိုးမဟုတ်တော့ဘူး။ ချာချာလည်နေတဲ့ဓားစကြာမှာ အကြိမ်ကြိမ်တွယ်ကပ်လို့ ကိုယ့်ဒဏ်ရာကိုယ်ရှာနေကြတာပဲ။

"တစ်ခါတလေကျတော့လည်း မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်ရတာ ပျော်ဖို့ကောင်းသားနော်"

"အင်း၊ ငါလည်း စိတ်ကူးယဉ်လိုက်ရမလား Chain?"

"တော်ပါကွာ၊ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးဝင်လာရင် အရမ်းနာကျင်ရတယ်"

"သာမန်အနေအထားနဲ့ မြို့လေးတစ်မြို့မှာ စိုက်ပျိုးရေးလေးလုပ်ပြီး သားနဲ့မယားနဲ့ Happy Ending မျိုးပေါ့"

"Kyle, မင်းကလေ ပြည့်စုံနိုင်ရဲ့သားနဲ့ကွာ"

"အင်း၊ အခုလည်း ဘာလိုလို့လဲ? စားစရာ၊ သောက်စရာ၊ ပျော်စရာအစုံအလင်နဲ့လေနော်"

"ဟားဟား၊ ဟုတ်ပါပြီကွာ။ ဒါနဲ့ စကားမစပ်၊ ဟိုဘက်တစ်ဝိုင်းကျော်က Lady က မင်းကိုတော်တော်လေး ကြွေနေပုံပဲ"

"မနောက်ပါနဲ့"

"အတည်"

Chain က ရယ်ရယ်မောမောနဲ့ စကားစမပြတ်ဘဲပြောလာခဲ့တော့ Hurricane မသိမသာကြည့်မိတယ်။ သူတို့ဝိုင်းကို သေချာလေးအာရုံစိုက်နေတဲ့ ခပ်မိုက်မိုက်မိန်းမပျိုတစ်ယောက်။ သူဘာလို့ သတိမထားမိတာလဲ? Chain ဆီပဲအာရုံရောက်နေတာနဲ့ ပတ်ဝန်းကျင်ကိုတောင် မေ့သွားရတဲ့အထိ။ ဒီမိန်းကလေးပုံစံကို မြင်ဖူးနေတာကြောင့် တွေးတော့လည်း ဘာမှပေါ်မလာ။

" Kyle, ငါ နောက်ဘက်ခဏသွားလိုက်ဦးမယ်"

"အင်း၊ အဆင်ပြေလား?မင်းတော်တော်မူးနေပြီ"

"မင်းက မမူးတာကျနေတာပဲ။ ရတယ်"

Chain ထွက်သွားတဲ့အချိန် သူတို့ဘက်ကိုကြည့်နေတဲ့မိန်းကလေးက ထလာပြီး Hurricane အနားရောက်လာကာ

"Hi, Mr. Cosgriff."

"Yes"

"မမှတ်မိဘူးထင်တယ်။ Fiona လေ၊ Fiona Scott."

"Rapunzel သူငယ်ချင်းများလား?"

"Correct!"

"Sorry, ရုတ်တရက်မို့ မမှတ်မိလိုက်ဘူး"

"Punzel ရော ဘာတွေလုပ်နေလဲ? ပြန်ရောက်တည်းက အဆက်အသွယ်ပြတ်သွားတာ"

"သူက သူ့ Client တွေနဲ့ပဲ အလုပ်ရှုပ်နေတာပါဗျာ"

"ဟုတ်ကဲ့၊ နောက်မှသူ့ဆီဖုန်းဆက်လိုက်ပါဦးမယ်။ You တို့ ဒီနေရာအထိရောက်လာကြတာ အလုပ်ကိစ္စလား?"

"မဟုတ်ဘူးဗျ၊ စိတ်ပြေလက်ပျောက်ဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့ထွက်လာကြတာ။ ဒီဘက်မှာဆို သိတဲ့သူသိပ်မရှိတော့ ပိုလွတ်လပ်မလားပေါ့"

"အဲ၊ အနှောင့်အယှက်ဖြစ်သွားလား? Sorry, Fiona က ခုနကတည်းကကြည့်နေတာ၊ တူပါတယ်ဆိုပြီးလေ။ အဲဒါကြောင့် လာနှုတ်ဆက်တာပါ"

"ဟုတ်ကဲ့၊ ရပါတယ်"

"အ!"

ဘေးကဖြတ်သွားတဲ့တစ်ယောက်က Fiona ကိုဝင်တိုက်သွားတာကြောင့် ယိုင်လဲကျသွားတာကို Hurricane က လှမ်းထိန်းပေးဖို့ ခါးကိုဖက်ထားလိုက်မိချိန်မှာ

"ဟေ့ကောင်၊ လွှတ်စမ်း"

လူတစ်ယောက်က Fiona ကိုဆွဲခေါ်ပွေ့ဖက်ပြီး Hurricane လက်ကိုပုတ်ချပစ်လာတယ်။

"Freddy, ဘာလုပ်တာလဲ? Babe လဲမှာစိုးလို့ သူကထိန်းပေးတာလေ"

"နေစမ်းပါ၊ မင်းကဘာကိစ္စ ဒီကောင့်နားရောက်နေတာလဲ? မင်းကရော ဘာလို့ ငါ့ကောင်မလေးခါးကို ဖက်ထားတာလဲ?"

Hurricane ရင်ဘတ်ကိုဆောင့်တွန်းပြီး ရန်စမေးခွန်းတွေပျိုးလာတာကြောင့်

"ဒီမှာ ကိုယ့်ဘာသာအေးဆေးနေတာနော်။ ကိုယ့်ညီမသူငယ်ချင်းက လာနှုတ်ဆက်လို့ စကားပြန်ပြောနေတာလေ"

"ဟုတ်ပါတယ်၊ အဲဒါ Babe တစ်ခါပြောဖူးတဲ့ Rapunzel ရဲ့အစ်ကိုလေကွာ"

"မင်းပါးစပ်ပိတ်စမ်း! မင်းဟာလေ အလွတ်ပေးလိုက်တာနဲ့စပြီ။ ဘယ်က Rapunzel လဲ? ဘယ်ကဟာမလဲ? ငါ့ကိုလာမလှိမ့်နဲ့ Fiona, မင်းဇယားတွေမပြီးနိုင်ဘူးလား?"

"စကားကိုဆင်ခြင်ပါ ကိုယ့်လူ။ မင်းတို့ပြဿနာ မင်းတို့ရှင်းကြလေ၊ တခြားမိန်းကလေးတစ်ယောက်ကို ဆဲဆိုစရာမလိုပါဘူး။ မင်း လူလိုသိသင့်တယ်"

"အဟက်! အတိုင်အဖောက်တွေညီနေကြတာပဲ။ မင်း ခုနက အကောင်တစ်ကောင်နဲ့မဟုတ်လား? ဘယ်ရောက်သွားလဲ? ဘာလဲ၊ မင်းက နှစ်ဖက်ချွန်လား?"

"ဘာဖြစ်တယ်? မင်းသေတွင်း မင်းတူးချင်တာလား?"

"Freddy, အချစ်၊ မှားမယ်လေ။ လာပါ၊ Babe တို့သွားရအောင်"

Fiona ဆွဲနေပေမဲ့ တော်တော်လေးမူးနေတဲ့ Freddy ဆိုသူက သွေးဆူနေပြီး

"ဖယ်စမ်း! ဟေ့ကောင်၊ မင်းကများ ရာရာစစ"

အပြောနဲ့အတူလက်ကပါလာတော့ ရန်ပွဲစဖြစ်ပြီး Freddy တို့ဘက်က လေးယောက်ဝိုင်းလာချိန်မှာ Chain ကပြန်ရောက်လာပါတယ်။ Toilet မှာ နည်းနည်းလေးကြာသွားတာက Hurricane တို့ ရန်ပွဲထဲရောက်သွားပြီမို့ Chain လည်းဝင်ပါရပါတော့တယ်။ လေးယောက်နှစ်ယောက်ပွဲမှာ Hurricane နဲ့ Chain က တော်တော်လေးထွေနေတာမို့ ချက်ချင်းလက်စမသတ်နိုင်။

ဝန်ထမ်းတချို့ ဝင်ဆွဲထိန်းဖို့ကြိုးစားနေတုန်းမှာ တစ်ဘက်က Hurricane ကိုပုလင်းနဲ့လှမ်းရိုက်တာကို တွေ့လိုက်တာမို့ Chain တားဖို့ကြိုးစားပေမဲ့ မမီတာကြောင့် Hurricane ကိုလှမ်းအဆွဲ ဒီဘက်ကတစ်ယောက်က Chain အလစ်မှာ ခုံနဲ့ရိုက်ချတာကိုခံလိုက်ရပါတယ်။ Hurricane ကတော့ လှမ်းဆွဲခံလိုက်ရလို့လွတ်သွားပြီး ရိုက်တဲ့သူက အရှိန်နဲ့လဲကျတာကြောင့် ဝင်ဆွဲတဲ့သူတွေလက်ထဲ ပါသွားပါပြီ။ ခုံအကျိုးကိုင်ထားတဲ့သူကို Hurricane တစ်ယောက် ဒေါသတကြီးလှည့်ကန်လိုက်ပြီး Chain ကိုဆွဲထိန်းလိုက်တော့ Chain ခေါင်းကနေသွေးတွေစီးကျကာ Hurricane ဘက်ယိုင်လဲကျလာတယ်။

"Chain, သတိထားဦး"

"အင်း၊ ရတယ်"

ဆိုင်ရှင်ကိုယ်တိုင် သေနတ်ဆွဲဆင်းလာပြီး အခြေအနေတွေဝိုင်းထိန်းကြတော့မှ ကိုယ့်လူကိုယ်တွဲကာ အသီးသီးထွက်လာခဲ့ကြတယ်။

"Chain, ခဏပဲနော်။ ငါ့ဆေးရုံနဲ့အနီးဆုံးပဲ၊ သိပ်မကြာဘူး"

"အင်း၊ ဂရုစိုက်မောင်း"

Hurricane ကအရမ်းစိုးရိမ်နေတာကြောင့် Chain သတိမလစ်အောင်ထိန်းပြောနေရင်းက လူကချာချာလည်လာပြီ။

"ခဏအိပ်မယ်"

"Dexter, မလုပ်နဲ့လေ၊ Dexter? ဟာကွာ!"

▪︎

လှည့်ထွက်သွားတဲ့ Lockကိုကြည့်ရင်း Chain ရင်ဘတ်ထဲ အောင့်တက်လာတာကြောင့် လှမ်းခေါ်ဖို့ပြင်နေရာက လဲကျသွားပြီး အမှောင်ထုထဲရောက်သွားခဲ့တယ်။ လမ်းပျောက်နေတဲ့ Chain ပတ်ဝန်းကျင်မှာကြားနေရတာက သေနတ်သံတွေဖြစ်နေတာမို့ အလင်းရောင်ရှိနိုင်မယ့်နေရာကိုသာ ရှာနေမိတယ်။ သွားနေရင်းက ဝုန်းခနဲပေါက်ကွဲသံနဲ့အတူ လင်းထိန်သွားတဲ့ပတ်ဝန်းကျင်ကြောင့် ကျိန်းစပ်သွားတဲ့မျက်လုံးတွေကို လက်နဲ့ကာထားလိုက်ပြီးမှ ဖြည်းဖြည်းချင်းဖွင့်ကြည့်မိတော့ မင်္ဂလာပွဲတစ်ခု။

ဒါ သူတို့မင်္ဂလာပွဲလို့ အသိဝင်လာတဲ့အချိန် ရှေ့မှာရပ်နေတဲ့ Lock က ကျမ်းသစ္စာကျိန်ဆိုလို့။ မျက်နှာချင်းဆိုင်လိုက်ချိန် သူ့ရှေ့မှာ ရေတွေစိုရွှဲနေတဲ့ Lock ကြောင့် Chain သူ့လက်ထဲကြည့်မိတော့ ရေပိုက်ကိုင်လျက်သားနဲ့ ခြံနောက်ဘက်သစ်ပင်တွေကြားမှာ ရောက်နေပြီ။ လန့်ပြီးလွှတ်ချမိတဲ့အခါ Chain ပခုံးကိုတွန်းပြီး Lock ကပြေးသွားတာမို့ လှည့်ကြည့်ပြန်တော့ ကိုယ်တိုင်က ဝရန်တာမှာရပ်ပြီး Lock ကတော့ အခန်းထဲရောက်နေပြီ။ လိုက်ဝင်သွားတော့ နှစ်ယောက်သားခုတင်ပေါ်ပစ်လဲကျပြီး Lock က သူ့ကိုစိုက်ကြည့်လို့နေတယ်။ နှစ်ယောက်လုံးရဲ့ အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်တွေမှာက အနီရင့်ရင့်အမှတ်တွေနဲ့။

ထထွက်သွားပြန်တဲ့ Lock ကို လှမ်းခေါ်ရင်းလိုက်လာမိတော့ Pandora's Box ရဲ့အပြင်ဘက်က ကားတစ်စီးပေါ်မှာ Lock ကထိုင်နေပြန်တယ်။ မိုက်ခနဲဖြစ်သွားတဲ့ခေါင်းကိုဖိရင်း သေချာကြည့်မိတော့ ဆေးရုံခေါင်မိုးက လေတဖြူးဖြူးကြားမှာ Lock က သူ့ကိုထားသွားပြီ။ အားမရှိတော့သလို ဒူးထောက်ကျသွားမိတော့ Nick အသံကြားသလိုမို့ကြည့်မိတဲ့အခါ Violet ရဲ့ ဝရန်တာမှာ Lock နဲ့ Nick တို့ Laptop တစ်လုံးထဲခေါင်းစိုက်နေတယ်။

ဘာတွေဖြစ်နေမှန်းမသိလို့ အောက်ထပ်ဆင်းလာခဲ့ပေမဲ့ တကယ်တမ်းလှေကားကဆင်းလာတာ Lock ဖြစ်နေတယ်။ Chain ကိုယ်တိုင်နဲ့ Hurricane ကတော့ရယ်မောရင်း အိမ်ထဲဝင်လာတာကို Lock က လှေကားရင်းကနေ ခပ်စူးစူးကြည့်နေခြင်း။ ဧည့်ခန်းထဲကဓာတ်ပုံဆီ အကြည့်ရောက်မိတော့ မျက်စိထဲပေါ်လာတာ Wedding Photo ခပ်ကြီးကြီးတစ်ပုံ၊ ပုံရဲ့နောက်ဘက်ထဲမှာ Jigsaw Puzzle piece လေးတစ်ခုကို Chain ကိုယ်တိုင်ထည့်နေမိတယ်။ တခြားအပိုင်းတွေကတော့ ခုတင်ပေါ်မှာ ဘူးလေးနဲ့ထည့်လို့။ ယူပြီးဆက်နေတုန်း Wire shock ကြောင့် အခန်းမီးလုံးပေါက်သွားတာပဲ သိလိုက်ပြီး မျက်စိတွေပြာဝေသွားရပြန်တယ်။

ရေမွန်းသလိုခံစားရပြီး Chain ကိုဆွဲယူအော်ခေါ်နေတဲ့ Hurricane အသံ။ ပြီးတော့ ခွဲစိတ်မှုမလုပ်ဘူးပြောလို့ Hell ရဲ့ ဆူပူနေတဲ့အသံတွေ။ Lily ရဲ့ စိုးရိမ်တကြီးခေါ်သံကြားကနေ Hepius ရဲ့ဆေးရုံဆီရောက်သွားပြီး Nurse တွေနဲ့မုန့်စားရင်း စနောက်နေတဲ့အသံတွေ။ ပြီးတော့ ဘာကြားမိနေတာမှန်းမသိလို့ အာရုံစိုက်မိတော့ ...

"သူတို့က တောက်လျှောက် အဆက်အသွယ်ရှိနေကြတာထင်တယ်"

"ဟုတ်တယ်၊ Chain ကလွန်လွန်းတယ်။ သူမသိစေချင်ရင် ဘယ်သူမှ ဘာမှမသိရတော့ဘူး"

Chain တဲ့၊ ကိုယ်တိုင် ဘယ်ရောက်နေလဲဆိုတာကို မနည်းစဉ်းစားပြီး ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်တော့ လှုပ်လို့ကမရ။ အားထည့်ပြီး လှုပ်ဖို့ကြိုးစားမိတော့ လက်ကမြောက်တက်သွားပြီး တစ်ခုခုနဲ့ထိမိကာ ...

▪︎▪︎▪︎

"Hurricane, Chain ဘယ်လိုနေသေးလဲ?"

"ဪ Lily, သူ နိုးလာသေးတယ်။ ဒဏ်ရာကမကြီးပါဘူး၊ ဆေးကြောင့်ပြန်အိပ်သွားတာ"

"တော်သေးတာပေါ့။ ဘယ်လိုဖြစ်ပြီးများ ဘာမှမဟုတ်တဲ့လူတွေကို မနိုင်ကြတာလဲ? တော်တော်မူးနေကြတာလား?"

"ကိုယ့်ကြောင့်ပါ"

"အဲဒီအထိရောက်သွားတာ Chain အကြံမဟုတ်လား? တစ်ချက်မှကို ငြိမ်ငြိမ်မနေနိုင်ဘူးလားမသိဘူး"

"ဘယ်သွားသွား ပြဿနာတတ်တဲ့ဇာတာကို ဘယ်လိုပြင်ပေးရပါ့မလဲ? Lock ရော?"

"Violet မှာမရှိဘူး၊ Nick တို့ဆီမှာ။ ကိုကို့ကိုမပြောနဲ့လို့ မှာထားခဲ့တယ်"

"အဟင်း၊ သူမသိတော့မှာကျနေတာပဲ"

"မစိုးရိမ်ရဘူးဆိုလို့ မပြောခိုင်းခဲ့တာ၊ ဘယ်သူမှပြောမယ့်ပုံမပေါ်ပါဘူး။ သူတို့လည်း ကိုကိုနဲ့ Chain ရဲ့ သတ်ပွဲတွေကို မမြင်ချင်ကြပါဘူးလေ။ သတ်နိုင်လွန်းတယ်၊ တကယ်"

Hurricane ဘာမှပြန်မပြောတော့ Lily ကပဲ

"လက်ထိထားတာလား?"

"နည်းနည်းပါ"

"Chain နဲ့ပေါင်းပြီး ဘာကြံစည်နေတာလဲ? Bermuda ကိစ္စမဟုတ်လား? ဟိုလူက ဆက်သွယ်တယ်မဟုတ်လား?"

"အင်း၊ အဲဒီလူ နောက်ကြောင်းအရမ်းရှင်းလွန်းလို့ မသင်္ကာဘူး"

"Lily စဉ်းစားမိတာလေ၊ Uncle Hell ကို မေးကြည့်မလားလို့ပါ။ သူကတော့ Bermuda ရဲ့အိမ်တွင်းရေးတွေ သိနေမှာပဲ။ Chain သတိမရသေးတော့ သူ့ကိုပဲ မေးကြည့်မလားလို့ပါ"

"Lily နဲ့ကအဆင်ပြေတော့ အဲဒီအကြံလည်းကောင်းတာပဲ"

"အဲ၊ Lily နဲ့အဆင်ပြေတယ်မပြောပါနဲ့။ Uncle Hell က Hurricane ကိုလည်း သဘောကျပါတယ်။ သူကြည့်မရတာ ကိုကိုပဲရှိမယ်ထင်တယ်။ သူ့တူကိုထိရင် ကြိုက်တာမဟုတ်ဘူး။ ဘယ်လိုများ လက်ထပ်လိုက်တယ်မသိဘူးတဲ့။ သူကြားသမျှသတင်းတွေက စိတ်ပျက်စရာတွေပဲတဲ့။ Chain ကိုယ်တိုင်ကကို လိုလိုလားလားမို့ သူကြည့်နေရတာပါတဲ့လေ"

"သူတို့က တောက်လျှောက် အဆက်အသွယ်ရှိနေကြတာထင်တယ်"

"ဟုတ်တယ်၊ Chain ကလွန်လွန်းတယ်။ သူမသိစေချင်ရင် ဘယ်သူမှ ဘာမှမသိရတော့ဘူး"

*ဒုန်း*

အသံလာရာဆီကို Hurricane နဲ့ Lily ကြည့်မိတော့ Chain လက်က ခုတင်ဘေးမှာချထားတဲ့ခုံကို ထိမိသွားခြင်း။ Chain အိပ်နေလို့ နှစ်ယောက်သား ခုတင်နဲ့လှမ်းတဲ့ဆိုဖာတွေမှာထိုင်ရင်း စကားပြောနေမိကြတာ။

"Dexter" "Chain"

နှစ်ယောက်စလုံး ခေါ်လည်းခေါ်၊ Chain အနားကိုလည်း ရောက်သွားကြရင်း Lily က

"Chain, ဘာဖြစ်တာလဲ? ဘယ်လိုနေလို့လဲ?"

"မီးငယ်။ Hurricane. ငါကဘယ်ရောက်နေတာလဲ?"

"မင်းက ငါ့ဆေးရုံမှာလေ။ Inferno ကိုရောက်ပြီးသောက်ကြရင်း ရန်ဖြစ်ကြတာလေ၊ မင်းမှတ်မိလား?"

"Inferno? မြို့ပြင်က Bar မှာလား? ငါတို့ ... အား ... ခေါင်းကွဲထားတာလား?"

"နာနေလား? ဆရာဝန်ခေါ်ရမှာကို မေ့နေတာ"

ပြောပြောဆိုဆို Hurricane က ခုတင်ခေါင်းရင်းကခလုတ်လေးကို နှိပ်လိုက်တယ်။ Lily ကလည်း

"Chain ငြိမ်ငြိမ်လေးနေပြီး ဘာမှမတွေးဘဲနေလိုက်နော်။ ဆရာဝန်လာလိမ့်မယ်"

ငြိမ်နေကြပြီး ဆရာဝန်ရောက်လာကာ စမ်းသပ်ကြည့်ပေးပြီးတော့

"ခေါင်းထဲဘယ်လိုနေလဲ?"

"ခေါင်းမကြည်ရုံပါ Doctor. နိုးနိုးချင်း ချက်ချင်းကြီးထထိုင်ဖို့လုပ်မိလို့ ဖြစ်တာနေမှာပါ"

"ဖြစ်နိုင်ပါတယ်။ အားလုံးကောင်းနေတာပဲ။ ခဏတော့ ငြိမ်ငြိမ်လေးနားလိုက်ပါ။ အားလုံးအဆင်ပြေတာမို့ အားပြည့်ရင် ဆင်းလို့ရပါတယ်"

"ဟုတ်ကဲ့၊ ကျေးဇူူးပါ"

ဆရာဝန်ပြန်ထွက်သွားပြီးမှ Hurricane တို့ အနားရောက်လာတော့

"ငါတို့ Inferno ကိုရောက်သွားပြီး မူးနေခဲ့တာပဲ။ ပြီးတော့ ငါ Toilet ကပြန်ထွက်လာတော့ မင်းရန်ဖြစ်နေတယ်။ အခုဘယ်အချိန်ရှိပြီလဲ?"

"မနက်ပိုင်းပဲရှိပါသေးတယ်"

"ငါ အစ်ကိုလေးကို မနက်ပြန်လာမယ်လို့ ပြောမိတယ်လေ။ မီးငယ်က ဒီအထိလိုက်လာတာပဲ"

"ဟုတ်။ ကိုကိုက Nick တို့ဆီမှာမို့ အခုကိစ္စ သူ့ကိုပြန်မပြောကြဖို့ အကုန်လုံးကိုမှာခဲ့တယ်"

"ဟိုလေ၊ အခုက အိပ်မက်အရှည်ကြီးမက်နေရသလိုပဲ"

"ဘာကိုလဲ Chain ရဲ့"

"ကိုယ် ဒီကြားထဲ ကိစ္စတချို့ကိုမေ့နေခဲ့တာလား?"

"ဟင်? Chain ဘာသတိရလို့လဲ?"

Lily က အလောတကြီးမေးလိုက်သလို Hurricane ကလည်း သိချင်ဇောနဲ့ Chain မျက်နှာကိုကြည့်မိတယ်။

"ခေါင်းခွဲစိတ်လိုက်ပြီး အားလုံးကိုမေ့သွားတာလား?"

"ဟုတ်တယ်လေ။ ပြီးတော့ မင်း နည်းနည်းစီသတိရနေတယ်"

"နည်းနည်းစီလား? အခုက ငါ ... ငါတို့ Bermuda ရဲ့သားမက်ကိစ္စ၊ ဟုတ်တယ်၊ အဲဒီကိစ္စပြောရင်း ငါတို့ Bar ကိုရောက်သွားတာမဟုတ်လား?"

"အင်းလေ"

"ငါ အိပ်မက်လိုလိုနဲ့ အရင်အကြောင်းတွေပြန်မြင်နေတယ်။ ငါအကြာကြီးမေ့သွားတာပဲ"

"ဒါဆို မင်း ... မင်း အကုန်သတိရပြီလား?"

Hurricane စိတ်လှုပ်ရှားနေပြီး အပျော်တစ်ဝက်နဲ့မေးလာတော့

"အင်း၊ Bermuda နဲ့နောက်ဆုံးပြဿနာမှာ မင်းငါ့ကိုကယ်ခဲ့တယ်။ Hell ငါ့ကို ခေါင်းခွဲစိတ်ပေးခဲ့ပြီး ငါအတိတ်မေ့သွားတယ်။ ပြီးတော့ ငါ့အတိတ်တွေကို ဟိုတစ်စ၊ ဒီတစ်စ ပြန်မှတ်မိလာတယ်။ ပြီးတော့ Baby နဲ့လက်ထပ်ပြီး ကွာရှင်းလိုက်တဲ့ကိစ္စရော"

"ဟား ... တော်သေးတာပေါ့။ ငါ့မှာတော့ မင်းခေါင်းကွဲသွားတာမများပေမဲ့ စိုးရိမ်လိုက်ရတာ။ အခုတော့ အကုန်မှတ်မိဖို့ဖြစ်လာတာပဲ။ ဟား ဟား"

Chain လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြုံးရွှင်နေတဲ့ Hurricane ကိုကြည့်ရင်း Lily ပြုံးနေတာတောင် ရပ်သွားမိတယ်။ Chain သတိပြန်ရလို့ ဝမ်းသာနေတာတဲ့လေ။ ကိုယ်တိုင်လည်း ဝမ်းသာမိတာပါပဲ။ ဒါပေမဲ့ Hurricane က သူခံစားရမှာကိုမသိလို့လား? Lily က Chain ကို အစ်ကိုတစ်ယောက်လိုပဲ သတ်မှတ်လိုက်ပြီးပေမဲ့ Hurricane က အဲဒီလိုမဟုတ်ခဲ့ဘူးလေ။ Chain သတိရလာတာက သူရင်ကွဲဖို့ သေချာသလောက်ဖြစ်လာတာကို သူပျော်နေနိုင်တာ ရူးအောင်ချစ်နည်းတစ်မျိုးပဲလား? Chain နဲ့အပြိုင်ကို ရူးလွန်းပါတဲ့ Hurricane ရယ်ပါ။ တကယ်ပဲ၊ သူတို့သုံးယောက်အကြောင်းကို Lily တွေးကြည့်ရင်း ရင်မောမိပါတယ်။

¤

"မင်း နားဦးနော်။ အကုန်သိပြီဆိုပြီး Plan တွေဆွဲမနေနဲ့။ Bermuda ကိစ္စ နောက်ရက်မှ ငါတို့ဆက်ပြောကြမယ်။ ဒီတစ်ရက်လောက်ပဲဖြစ်ဖြစ် နားလိုက်ပါ"

"............"

"ဟေ့ကောင်၊ ငါပြောနေတယ်လေ။ မကြားတာလား?"

"ကြားတယ်လို့။ အဲဒီလိုပြောလာတာ ခြောက်ခေါက်ရှိပြီဆိုတာရော သိလား? ဓာတ်ပြားသာဆို အပ်ကြောင်းထပ်ရုံမကဘူး၊ ကွဲပါကွဲပြီ"

"မင်း!"

Hurricane ကကားမောင်းပြီး Lily ကရှေ့ခန်းမှာထိုင်ကာ Chain ကနောက်ခန်းမှာ တစ်ယောက်တည်းခပ်လျော့လျော့ထိုင်ရင်း ကားပြတင်းဖွင့်ကာ အပြင်ကိုငေးပြီးပါလာခဲ့ခြင်း။ Lily ကတော့ သူတို့နှစ်ယောက်နဲ့လိုက်လာမိတာ မှားပြီလို့ကို တွေးနေတာပါ။ ကိုယ့်ဘာသာ Austin တို့နဲ့ နောက်ကကားမှာလိုက်လာရင် နားအေးတာကို သူတို့နှစ်ယောက်ခေါ်လို့ပါလာမိတာ ကမ္ဘာကြီးပူနွေးခြင်းရဲ့ အဓိကအကြောင်းအရင်းကို သိလိုက်ရတာပဲ။ တစ်ယောက်က နားလောင်အောင် သတိပေးနေသလို၊ နောက်တစ်ယောက်ကလည်း ရန်စကားချည်းပြောနေတာပါ။ သူတို့ ဒီလောက် သတ်နေကြတာရယ်၊ Spectrum က Lock နဲ့ Chain ရဲ့တိုက်ပွဲတွေရယ်ဆို ကမ္ဘာဂြိုဟ်တစ်ခုစာလောက်က အေးအေးဆေးဆေး လောင်မီးကျနိုင်ပါတယ်။

"Lily, ဟိုရောက်ရင် အဲဒီကောင်ကို ဘာအလုပ်မှမလုပ်စေနဲ့နော်"

"ဟုတ်ကဲ့၊ ခုတင်တိုင်မှာ ကြိုးနဲ့ချည်ပြီး အခန်းတံခါးတွေအကုန် အပြင်ဘက်ကနေ အသေပိတ်ထားလိုက်ပါ့မယ်"

"အဟားဟား" "ဟင်?"

Lily အပြောကြောင့် Chain ရဲ့ရယ်သံရယ်၊ Hurricane ရဲ့ အာမေဋိတ်သံရယ်က အပြိုင်ထွက်လာပါတယ်။ Chain ကရယ်ရင်းနဲ့ လှမ်းပြောတယ်။

"မှတ်ပြီလား? အဲဒါကြောင့် မင်း မိန်းမမရတာ။ ပွစိပွစိနဲ့ အဘိုးကြီးလိုပဲ"

"မင်းရော ရတာကျနေတာပဲ"

"ငါက ယောက်ျားရ ... အင်း ... Sorry"

စကားနိုင်လုပြီး ငါကမှ ယောက်ျားရခဲ့သေးတယ်လို့ ပြောမိမလိုဖြစ်ပြီးမှ Chain ပြန်ထိန်းလိုက်ရတယ်။ Hurricane ကတော့ အပြင်ဘက်ကိုခဏလှည့်သွားပြီး ချက်ချင်းပြန်လှည့်လာတော့ အပြုံးမပျက်တာ Lily မြင်ရပေမဲ့ Chain စကားကြောင့် တော်တော်လေးခံရခက်သွားမှာကို ကိုယ်ချင်းစာနိုင်ပါတယ်။

"ငါမိန်းမယူမှ ပွဲတွေထပ်နေအောင်စီစဉ်ပြီး မင်းကိုအကုန်ခိုင်းရမယ်။ အဲဒီတော့မှ ဘာမှမလုပ်ပေးဘူးဆိုရင် ငါနဲ့တွေ့မယ်"

"မင်းပဲ အဲဒီလိုပွဲတွေကို သည်းခံနိုင်အောင် အရင်ကြိုးစားလိုက်ဦး။ ဘယ်ပွဲတက်တက် ပြန်ရောက်တာနဲ့ ချက်ချင်းအဝတ်လဲပြီး အခန်းကိုရေခဲတိုက်ဖြစ်အောင်လုပ်ထားတဲ့ ကောင်ကများ"

Chain စကားကို Lily နားမလည်တာမို့

"ဘာကို ရေခဲတိုက်လဲဟင်?"

"ဟားဟား၊ ပွဲတက်ပြီးပြန်လာရင် မွန်းကျပ်လွန်းလို့ဆိုပြီး အဝတ်အစားတွေလဲ၊ ပူလောင်လွန်းလို့ဆိုပြီး ရေချိုးပြီးတာတောင် အခန်းက Air con ကို မိုင်ကုန်ဖွင့်တာလေ။ ရေခဲတိုက်လိုပဲ ဖြစ်နေရော။ ခဲသေနေမယ်ဆိုလည်း မမှတ်ဘူး"

"Hurricane ကလေ ... အိုး ဟိုး၊ မထင်ရဘူးနော်။ ပွဲတိုင်းမှာ စတိုင်ကျလွန်းလို့ Fashion King ဘွဲ့ရထားတဲ့ Hurricane က အဲဒီလိုကြီး ပွဲတွေကြောက်တာလား?"

"ဟုတ်တယ်၊ ပွဲတက်ရတာ သေအောင်ကြောက်တာ"

"Dexter Adler, မင်း များနေပြီနော်။ ငါ့ကိုပြောနေတာ များနေပြီ"

"ဘာဖြစ်ချင်လဲ?"

"ပြောလိုက်ရ! Lily ပါနေလို့နော်"

"မင်း ကလေးရှေ့မှာ ညစ်ညစ်ပတ်ပတ်တွေပြောမလို့လား? ရိုင်းစိုင်းနေတာ"

"တော် ... တော် ... မင်းကို ငါမပြောတော့ဘူး။ ဒီနေ့က မင်း တွေ့သမျှကိုက်ချင်နေတာ၊ ခွေးပေါက်"

"မင်းလား ခွေးပေါက်။ ရန်မစနဲ့"

"မင်းလေ၊ ငါ့ကိုကိုက်တာ မင်းလေ။ Lily သက်သေရှိတယ်"

"ဟုတ်တယ်။ Chain ကိုက်တတ်တာ Lily သိလိုက်တယ်"

"အေး၊ ပြောထားကြပါ"

"ပြောမှာပါ။ Lily သိလား၊ အဲဒီကောင်ကိုက်တာ အဲဒါ ပထမဆုံးမဟုတ်တော့ဘူး။ ငယ်ငယ်တည်းက အဲဒီလိုပဲ"

Hurricane ပြောတော့ Chain က မျက်မှောင်ကျုံ့ကြည့်လာပြီး

"ငါ့ဒဏ်ရာကို အစိမ်းလိုက်ချုပ်လို့ ကိုက်မိတာလေ။ အဲဒီတုန်းက ဆယ့်ငါးနှစ်လားပဲရှိသေးတာကို"

"အဲဒါကို မပြောလိုပါဘူး"

"ဟာ! မင်းရန်စပြီးချုပ်ထားလို့ ငါကိုက်တာကိုပြောချင်တာလား?"

"ကြားတယ်နော် Lily, ငယ်ငယ်ကဆော့ကြရင်း သူ့ကိုချုပ်ထားရင် ကိုက်ဖို့ပဲချောင်းနေတာ"

"မထင်ရဘူးနော်"

"Hurricane!"

"ဘာလဲ?"

"သေချင်နေတာလား?"

"မကြောက်တာ"

"အေး၊ တွေ့မယ်။ အခုက မင်းကားမောင်းနေလို့ အကြွေးမှတ်ထားလိုက်မယ်"

အော်ရယ်နေပြန်တဲ့ Hurricane နဲ့ တစ်ဖက်လှည့်ပြီးပြုံးသွားတဲ့ Chain ကိုကြည့်ရင်း Lily သိလိုက်ရတာက သူတို့မှာ သိပ်ချစ်ဖို့ကောင်းတဲ့ ငယ်ဘဝအမှတ်တရတွေ ရှိကြတယ်။ နှလုံးသားရေးရာ ဆုတောင်းမှားခြင်းတွေသာ မရှိခဲ့ရင် .........

■■■■■ Part (LXVI) ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі