3. War
"ဟင့်အင်း"
"ဘာပြောတယ်။"
"ငါနဲ့ဘာဆိုင်လို့လဲ။"
"Lock!!!!!"
"Baby ..."
"အဟက်၊ သတ်ချင်တယ်ပေါ့။ လာလေ။"
"သူကြိုက်တတ်လို့လေ။"
"မင်းမှာ ဒဏ်ရာနဲ့လေ။ ဒီလက်မှာလည်းကြည့်ဦး။"
"လူယုတ်မာအပြုံးနဲ့။"
"အဲဒါဆို ဘာအတွေးလဲ။"
"ဘာမှမဟုတ်ဘူး။"
"အင်း"
"Baby ရော"
"ငါ သူ့ Baby မဟုတ်ဘူး။"
"အဲဒါဆို သူ့ဘိုးအေလား။"
"ဟာ ... မင်းကလည်းကွာ။ ငါက .."
"အင်း၊ ကျေးဇူးတင်ပါတယ်။"
"See you."
■■■■■ Part IV ဆက်ရန် ■■■■■
"Chain, ဆိုဖာမှာပဲလှဲလိုက်။ ငါ ဒဏ်ရာတွေကိုကြည့်ပေးမယ်။"
Hepius တစ်ယောက် သူလွှတ်ချခဲ့တဲ့ဆေးအိတ်ကို ပြန်ကောက်ရင်း Chain ကိုတွဲလို့ ဆိုဖာပေါ်လှဲစေတဲ့အထိ Lock ကတော့ ဒီအတိုင်းရပ်ကြည့်နေတယ်။
Chain ရဲ့ဒဏ်ရာကိုကြည့်မိတဲ့ Hepius မျက်လုံးပြူးသွားတယ်။
"မင်း ညက ဘာတွေလုပ်သေးလဲ။ ဒီလက်က ... ဒါကရော ဘာဖြစ်တာလဲ။"
"ဟင့်အင်း"
သူတို့နဲ့မျက်နှာချင်းဆိုင်မှာ ခပ်အေးအေးဝင်ထိုင်တဲ့ Lock က
"ညက BBQ လုပ်တယ်။ ငါ့ကို အခန်းထဲမ,ပို့တယ်။ မနက်က နည်းနည်းအကန်ခံရတယ်။ အပြင်မှာဘာလုပ်လာလဲတော့ ငါမသိဘူး။ သူ့လက်ကိုက ငါခက်ရင်းနဲ့ ထိုးလိုက်တာ။"
"ဘာပြောတယ်။"
Hepius ဒေါသတကြီး မတ်တပ်ထရပ်တော့ Chain က ဆွဲထားပြီး
"ငါ့ကို ဒဏ်ရာကြည့်ပေးမှာမဟုတ်လား။"
"တောက် ... မင်းကရော ဘာကိစ္စ ဒီလိုဖြစ်အောင်နေတာလဲ။ အခု ရေနွေးလိုချင်တယ်။ Lock! ငါ့ကို ရေနွေးယူပေးပါ။"
"ငါနဲ့ဘာဆိုင်လို့လဲ။"
"Lock!!!!!"
Hepius တို့ တစ်ချိန်လုံးဘီလူးဆိုင်းတီးနေတာမို့ Chain ကပဲ လက်မလွတ်တမ်းဆွဲထားရင်း
"ဟိုလေ ... ခုနက ငါ ကော်ဖီဖျော်ရင်း ရေနွေးကျိုပြီး ဓာတ်ဘူးထဲထည့်ထားတာရှိတယ်။ မင်းပဲသွားယူလိုက်နော်။"
Hepius ဒေါသထိန်းပြီး မီးဖိုခန်းထဲဝင်လာလိုက်တော့မှ စားပွဲပေါ်က စားလက်စတွေကို အတွေ့မှာ
"Lock! မင်း လာစမ်းပါ ဒီကို။"
"မင်းခေါ်တိုင်း လာစရာလား။"
ဧည့်ခန်းနဲ့ ထမင်းစားခန်းကို လှမ်းအော်နေကြတာမို့
"အပေါ်မှာ သွားနားရင်နားလေ။ ဒီကောင် ပေါက်ပေါက်ဖောက်နေရင် Baby နားငြီးလိမ့်မယ်။"
Lock က လုံးဝအဖက်မလုပ်ဘဲ ဆက်ထိုင်နေတယ်။ ခဏနေတော့ Hepius က ရေနွေးတွေထည့်လာတဲ့ ဇလုံကို စားပွဲပေါ်ဆောင့်ချရင်း
"Chain, ဒီရေနွေးကို မင်းကျိုတယ်ဆိုတော့ မနက်စာကို မင်းကပဲလုပ်တယ်ပေါ့။"
"နေ့တိုင်းလုပ်နေကျမို့ပါ။"
"သေမလိုဖြစ်နေတာကို မင်းဟာလေးအတွက် မနက်စာလုပ်ပေးနေရလို့ ငါဖုန်းခေါ်တာ မသိဘူးပေါ့။"
သူ့အကြောင်းပါလာတော့ Lock တစ်ယောက်ဝင်ပြောပါတော့တယ်။
"မင်းဟာလေးဆိုတာ ဘာပြောတာလဲ။ စကားပြောဆင်ခြင် Hepius. မင်းအကောင်မသေသေးဘူး၊ အဖြစ်သည်းမနေနဲ့။"
"Baby ..."
"ငါ့ကိုမခေါ်နဲ့။ မင်းဆရာဝန်ကောင် မင်းပြော။ ဆေးကုဖို့လာတာ သောက်စကားမများနဲ့လို့။ သင်းကြောင့် ငါအစားပျက်တယ်။"
ဒဏ်ရာတွေကို ကြည့်ပေးနေတဲ့ Hepius ကပါ
"ငါကလည်း မင်းလို သွေးအေးသတ္တဝါနဲ့ သောက်စကားမပြောချင်ပါဘူး။ ငါ့သူငယ်ချင်းကို ငါမေးနေတာ မင်းဝင်မပါနဲ့။ ငါ့ရှေ့ကထွက်သွားစမ်းပါ၊ ကြာရင်သတ်မိလိမ့်မယ်။"
"အဟက်၊ သတ်ချင်တယ်ပေါ့။ လာလေ။"
Lock က ထရပ်တော့ Hepius ကပါ လှုပ်ရှားလာတာမို့ Chain ကမန်းကတန်းထလာပြီး
"သူငယ်ချင်း၊ မင်း စိတ်ထိန်းပါကွာ။ ငါတောင်းပန်ပါတယ်။ Baby လာ၊ အပေါ်ထပ်သွားရအောင်။"
"လွှတ်စမ်း၊ ငါ့ကိုမထိနဲ့။ Hepius, နောက်တစ်ခါ မင်းငါ့ကို Chain နဲ့ပတ်သက်ပြီးရန်စရင် မင်းတို့နှစ်ကောင်လုံးကို ငါအရှင်မထားဘူး။"
ပြောပြီး အပေါ်ထပ်ကို ဝုန်းဒိုင်းကြဲတက်သွားတဲ့ Lock ကို Hepius လှမ်းအော်ဆဲနေတာမို့ Chain မနည်းထိန်းနေရတယ်။
"မင်းဟာလေး ရိုင်းစိုင်းနေတာ မြင်လား။ မင်းကိုလုပ်ထားတာလည်း ကြည့်ဦး။ ပြန်လှဲစမ်း၊ ဒီဒဏ်ရာတော့ ကျက်ဦးမယ်။"
Chain ပြန်လှဲအိပ်လိုက်တော့
"မနေ့က အဲဒီအရိုင်းအစိုင်းမွေးနေ့မှာ BBQ လုပ်ပေးတယ်ပေါ့။"
"သူကြိုက်တတ်လို့လေ။"
"မင်းမှာ ဒဏ်ရာနဲ့လေ။ ဒီလက်မှာလည်းကြည့်ဦး။"
"ငါကသူ့ကိုအရင် ဒီအိမ်ထဲပိတ်ထားလို့ သူစိတ်တိုနေတာလေကွာ။"
"သူက စိတ်တိုလို့လုပ်တယ်ဆို မင်းက မရှောင်တတ်တော့ဘူးလား။"
"ဒါကတော့ကွာ ... ငါ့အပြစ်မို့ ငြိမ်နေတာပါ။"
"မင်း သူ့ကို အဲဒီလောက် အလျှော့ပေးနေတော့ရော သူ့ဘက်က စိတ်ပျော့လာလို့လား။"
"Baby စိတ်က အရင်ကတည်းက ဒီအတိုင်းပဲကို။ ငါကလည်း သူစိတ်ပြောင်းလာဖို့ အလျှော့ပေးထားတာမှ မဟုတ်တာ။ ဟင့်အင်း ... တမင်တကာအလျှော့ပေးနေတာကို မဟုတ်တာ။ သူနဲ့ဆို ငါဒီလိုပဲနေတတ်တာ မင်းသိတာပဲ။"
"မင်း မနာကျင်ရဘူးလား၊ မပင်ပန်းဘူးလား။"
"အဲဒါတွေက ဘယ်လိုမျိုးလဲ။ သူနဲ့ငါ စတွေ့ကတည်းက သူလည်း ငါ့အပေါ် ဒီလိုပဲဆက်ဆံခဲ့သလို ငါ့ဘက်ကလည်း သူ့အတွက် ဒီလိုပဲနေပေးခဲ့တာလေ။ ဘာမှမထူးဆန်းတော့ဘူး။
အင်း ... သူနဲ့ Garuda ကိစ္စ မတိုင်ခင်အထိတော့ ငါမနာကျင်တတ်ခဲ့ပါဘူး။"
"မနက်က မင်းဒဏ်ရာကို သူကဘာလို့ကန်တာလဲ။"
"ဒီဒဏ်ရာကို သူအခုမှသိတာ။"
"ငါမေးတာက ခြေထောက်နဲ့ကန်တာ ခါးစောင်းကိုလွယ်လွယ်ထိသလားလို့။"
"အာ ... ညက ငါ သူ့အခန်းထဲအိပ်ပျော်သွားလို့ပါ။ မနက်ကျ သူအရင်နိုးပြီး ... အဲဒါ ..."
"သင်းက မူးပြီး မင်းလာအိပ်တာမသိဘူးပေါ့။ မင်းကလည်း ထုံးစံအတိုင်း ကြမ်းပြင်မှာအိပ်ပျော်ပြီး အနာရှိန်နဲ့ဖျားတာမဟုတ်လား။ အဲဒီအရိုင်းအစိုင်းလေးကို မူးနေတုန်း တစ်ခါတည်း rape လိုက်ရမှာ။"
"မင်း ငါ့အလောင်းတောင် မြင်လိုက်ရမှာမဟုတ်ဘူး။"
ပြောပြီး Chain က ပြုံးမိတာကို Hepius သေချာကိုမြင်လိုက်ပါတယ်။
"လူယုတ်မာအပြုံးနဲ့။"
"ဟား ... ဟား ... မင်းပြောသလိုအတွေး မဟုတ်ပါဘူး။"
"အဲဒါဆို ဘာအတွေးလဲ။"
ညက Baby ကို ဆေးတိုက်တဲ့အကြောင်း တွေးမိတာကိုး။
"ဘာမှမဟုတ်ဘူး။"
Hepius က မကြည်ကြည့်ကြည့်ပြီး ဒဏ်ရာတွေပတ်တီးစည်းတာ လက်စသတ်နေတယ်။ အားလုံးပြီးတော့မှ
"အဲ ... ငါ မနက်စာတွေဝယ်လာတာ ကားပေါ်မှာကျန်ခဲ့တယ်။ မင်းအစားစားပြီး ဆေးသောက်ရမယ်။ ပြီးရင် ဆေးထိုးပေးခဲ့မယ်။ ဒါတွေသိမ်းပြီး မနက်စာပြန်နွှေးပြီးရင် စားကြတာပေါ့။ မင်းဟာလေးကို ခေါ်ဦး။"
ပြောပြီး ပစ္စည်းတွေသိမ်းနေတဲ့ Hepius ကိုကြည့်ရင်း ကိုယ်ပြုံးမိတယ်။ ကိုယ့်သူငယ်ချင်းလေးက ရုပ်နဲ့စိတ်နဲ့လိုက်တဲ့သူပါ။ အခုလည်း Baby နဲ့ရန်ဖြစ်ပြီး အော်ဟစ်ဆဲဆိုလို့ သတ်မယ်ဖြတ်မယ်ပြောထားတာ သူမဟုတ်သလို မနက်စာစားဖို့ ခေါ်ခိုင်းနေပြန်တယ်။
Hepius သူ့ကားထဲကနေ အထုပ်တွေယူပြီး မီးဖိုခန်းထဲဝင်သွားလို့ ခဏအကြာမှာ Baby ကိုခေါ်ဖို့ ကိုယ်ထလာတော့ သူက လာတွဲပြီး
"အဆင်ပြေလား Chain? ငါပြင်ထားပြီးပြီ၊ သွားထိုင်စားတော့။ Lock ကို ငါသွားခေါ်လိုက်မယ်။ မင်း အတက်အဆင်းမလုပ်နဲ့။"
"အင်း"
ခဏပဲကြာပြီး Hepius ပြန်ဆင်းလာပါတယ်။
"Baby ရော"
"မသိဘူး။ မနက်စာစားဖို့ဆင်းခဲ့လို့ ပြောပြီး ငါပြန်ဆင်းလာတာ။ ကလေးမှမဟုတ်တာ၊ မလာရင် ငတ်ပေါ့။"
"မင်း ဘာပြောတာလဲ။ မင်းကြောင့်ပျက်သွားတဲ့ ငါ့မနက်စာကို အလျော်ပေးတာဆို။"
နောက်ကဝင်လာတဲ့ Baby ကို Hepius က အဖက်မလုပ်ဘဲ ခုံမှာဝင်ထိုင်ပြီး စားစရာရှိတာစားနေတယ်။
သုံးယောက်သားထိုင်စားနေကြပေမဲ့ Chain တစ်ယောက်ခမျာ သူ့ Baby နဲ့ သူငယ်ချင်းဖြစ်သူတို့ ဘယ်အချိန်ထသတ်မလဲလို့ ရင်တထိတ်ထိတ်ရယ်ပါ။
"ဟိုလူမမာ၊ စားစရာရှိတာ အေးဆေးစား။ မင်း Baby ကို ငါ အဆိပ်ခပ်မထားဘူး။"
"ငါ သူ့ Baby မဟုတ်ဘူး။"
"အဲဒါဆို သူ့ဘိုးအေလား။"
"မင်း ရန်ဖြစ်ချင်တာလား Hepius?"
Lock ရဲ့ ခက်ရင်းကိုင်ထားတဲ့လက် တင်းခနဲဖြစ်သွားတာမို့
"ထိုးမလို့လား။ ငါက ဟိုငအလို ငြိမ်ခံနေမှာမဟုတ်ဘူး။"
"တော်ကြပါတော့ကွာ။ Baby, ဒါလေးတော့ အေးအေးဆေးဆေး ကုန်အောင်စားနော်။ သယ်ရင်းရယ်၊ မင်းလည်း စိတ်အေးအေးထားပါကွာ။"
"မင်း ငါ့ကို Baby လို့ ထပ်မခေါ်နဲ့ Chain.မင်း ငါ့ထက်လည်း ရှစ်လငယ်တယ်။"
"အဲဒီလိုတော့မလုပ်ပါနဲ့။ ကိုယ်သူ့ကို ပြောထားပါ့မယ်။ Baby ကိုယ်တိုင် ခွင့်ပြုထားပြီးမှတော့ ပြန်မရုပ်သိမ်းလိုက်ပါနဲ့ကွာ၊ Please."
ဘယ်သူမှ ဘာမှမပြောကြတော့ဘဲ မနက်စာဝိုင်းလေးပြီးသွားတော့ Lock က သူ့အခန်းထဲဝင်သွားတယ်။
Hepius က Chain ကို အခန်းထဲတွဲပို့ပြီး ဆေးထိုးပေးရတယ်။
"Hepius ရာ၊ Baby ရှေ့မှာ အခေါ်အဝေါ်လေးတော့ ဆင်ခြင်ပါကွာ။ ငါ့မှာ သူ့ကို Baby ခေါ်ရဖို့ ဘယ်လောက်ရင်းထားရလဲ မင်းအသိဆုံးပါ။"
"အေးကွာ၊ အေး။ ငါ့နှယ် ကိုယ့်စရိတ်နဲ့ကိုယ် ဆေးလည်းလာကုပေးရ၊ မနက်စာလည်းကျွေးရ၊ အဆဲလည်းခံရ၊ ခုလည်း ဆင်ခြင်ပါတဲ့၊ ပြောခံရပြန်ပြီ။"
"ဟာ ... မင်းကလည်းကွာ။ ငါက .."
"အေးပါ၊ ငါသိပါတယ်။ နောက်တာပါ။ မင်းလည်း တစ်ယောက်တည်းလှုပ်ရှားတာ သတိထားပါ။ အခု ငါ မင်းဆီလာတာ Spectrum ရော၊ Garuda ရော ပါလာသေးတယ်။ လမ်းကနေ Nancy ကို စောင့်ခိုင်းထားပြီး မျက်စိလှည့်ခဲ့လို့ ဒီကို အေးဆေးရောက်လာတာ။ အပြန် ငါ့ဆိုင်ကယ်နဲ့ပြန်မယ်။"
"ဟာ၊ ဆိုင်ကယ်နဲ့ဆို အန္တရာယ်ပိုများတာပေါ့။"
"ဒီကားကိုက သူတို့သတိထားနေတော့မှာလေ။ ကိစ္စမရှိပါဘူး၊ ကျွမ်းကျင်ရာ လိမ္မာပါတယ်။"
ဟုတ်တော့ဟုတ်တယ်၊ Hepius က ဆိုင်ကယ်ကဝေ။
"အဲဒါဆိုလည်း မင်း သတိတော့ထားနေနော်။ ဪ၊ မင်းဆိုင်ကယ်က ဂိုဒေါင် အတွင်းပိုင်းမှာ။"
"အင်း။ Hepius ကိုတော့ မြေအောက်မှာ ဘယ်သူမှမထိရဲပါဘူး။ ငါ့ကိုထိရင် ထိတဲ့ကောင်ကို ကျန်တဲ့လူတွေဝိုင်းလုပ်ကြမှာ လူတိုင်းသိနေတာပဲ။
ကဲ၊ ငါသွားတော့မယ်။ အိပ်ချင်လာလိမ့်မယ်၊ အိပ်လိုက်။ အိပ်ရာနိုးရင် ငါ့ဆီဖုန်းဆက်။ မင်းအိမ်တံခါးတွေအကုန် ငါသေချာစစ်ခဲ့ပေးမယ်။"
"အင်း၊ ကျေးဇူးတင်ပါတယ်။"
"အထူးအဆန်းတွေ၊ ကျေးဇူးဆိုပဲ။ နားယားတယ်၊ မပြောနဲ့။ See you."
"See you."
■■■■■ Part IV ဆက်ရန် ■■■■■