25. Mr. & Mr.
"Hurricane နဲ႔က ရင္းႏွီးတာ နည္းနည္းေတာ့ၾကာပါၿပီ။ ခုက သူကူညီလို႔ အဆင္ေျပသြားတာ။ သတင္းေတြကေတာ့ အဲဒီလိုျဖစ္ေနတာ ပိုမေကာင္းဘူးလား?"
"မင္းကေလ ေတာ္ေတာ္တတ္ႏိုင္တဲ့ေကာင္"
"Baby က ဘာလို႔မႏိုးေသးတာလဲ Hepius?"
"အင္း၊ သူ႔အာ႐ံုေၾကာေတြ ပင္ပန္းသြားရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနလိမ့္မယ္"
"Chain! ကိုကိုက အိပ္ေပ်ာ္ေနတာလား? ဘာျဖစ္တာလဲ?"
Lily က Nurse တစ္ေယာက္ကိုတြဲရင္း ေရာက္လာၿပီး အစ္ကိုေဘးနားဝင္ထိုင္ကာ စိုးရိမ္ေနေသာ မ်က္လံုးေလးေတြနဲ႔။
"မီးငယ္ကိုကိုက Ivy ဆိုတဲ့နာမည္ရယ္၊ လမ္းမွာကားေမွာက္တာရယ္ပဲ သိတယ္။ သူႏိုးလာရင္ မီးငယ္အဆင္ေျပေအာင္ ေနေပးေနာ္။ သိပ္မစိုးရိမ္ပါနဲ႔"
"ဟုတ္၊ ကိုႀကီး။ မီးငယ္ ကုိကို႔နား ခဏေနခ်င္တယ္"
"မီးငယ္ဒဏ္ရာေတြေရာ ဘယ္လိုေနေသးလဲ?"
"အခုမွ မီးငယ္ကိုေမးမေနပါနဲ႔။ Baby ႐ူးေနရတာ ညီမကို သတိမရဘူးမဟုတ္လား?"
"ဟာ၊ Hepius ကိုဖုန္းဆက္တိုင္း မီးငယ္ကိုပဲအရင္ေမးတာပါကြာ"
"သိပါတယ္။ Chain ေျခေထာက္က အဆင္မေျပဘူးလား"
"ျမန္ျမန္ေပ်ာက္ဖို႔လိုလို႔ ၿငိမ္ၿငိမ္ေလးထားေနတာ။ Wheelchair နဲ႔ဆိုေတာ့ ကိုယ္သက္သာတယ္။ အကုန္လံုးကို ပတ္ခိုင္းေနလို႔ရတယ္ေလ။ ဟား ဟား"
Chain စကားေၾကာင့္ Wheelchair တြန္းေပးေနရတဲ့ Hepius ဆီက ၿဂိဳဟ္ၾကည့္နဲ႔အတူ ဆဲသံကထြက္လာေလရဲ႕။
"မီးငယ္က ဒီမွာေနခဲ့ေလ။ ကိုယ္ Matt ဆီသြားေတြ႕လိုက္ဦးမယ္"
"ဟုတ္"
¤
Matthew နဲ႔ေတြ႕ေတာ့ သူကတစ္ဖန္ျပန္စိတ္ပူေနျပန္တယ္။ Myron တို႔သတင္းေၾကာင့္ Bermuda ကို အမႈန္႔ႀကိတ္ခ်င္ေနပံုပါပဲ။ သူကိုယ္တိုင္ကေတာ့ လက္တစ္ဖက္လႈပ္မရတာကို တစ္ခြန္းမွမဟ။
Hepius နဲ႔တိုင္ပင္ၿပီး နာမည္ႀကီးေဆး႐ံုတစ္ခုမွာ သြားကုေပးဖို႔လုပ္ေနတာကို သူမသိေသး။ သိရင္ေျပာဦးမွာ။ စိတ္မခ်ရရင္ မသြားခ်င္ပါဘူးတို႔၊ အဲဒီေလာက္လုပ္ေပးစရာမလိုဘူးတို႔ လာဦးမွာပါ။ ကုိယ့္လူေတြက တကယ္ကို မိသားစုတစ္ခုလိုပါပဲ။
ဒါေပမဲ့ Baby ေရ၊ ကိုယ္တကယ္လိုခ်င္တဲ့ Family Life ေလးက Baby နဲ႔သာဆိုရင္ ...
¤
"မီးငယ္ကို ကိုကိုမွတ္မိသလိုပဲ။ ဒါေပမဲ့ ငယ္ငယ္ေလးထင္ေနတာ။ ဆံပင္ေလးကို ႏွစ္ဖက္ခြဲထံုးထားၿပီး ႀကိဳးသိုင္းဂါဝန္ေလးနဲ႔ ႐ွဴးဖိနပ္ေလးနဲ႔ေလ"
"အဟင့္"
"ဟာ! ဘာလို႔ငိုတာလဲ?"
ေလးေယာက္သားထိုင္ေနၾကရင္း Lock စကားေၾကာင့္ ႐ုတ္တရက္ႀကီး ထငိုပါေလေသာ Lily. က်န္တဲ့ေယာက္်ားေလးသံုးေယာက္ ဘာလုပ္ရမွန္းမသိၾက။
"ေပ်ာ္လို႔"
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကုန္ၾကၿပီ။
"ဟုတ္တယ္။ ကိုကိုက မီးငယ္ကို ဂ႐ုမစိုက္ဘူးလို႔ ခဏခဏေတြးမိတာ မီးငယ္ေတာင္းပန္ပါတယ္။ မီးငယ္နဲ႔ပတ္သက္ၿပီး ငယ္ငယ္တုန္းကပံုစံပါ မွတ္မိေနတာကိုး"
ကေလးေလးတစ္ေယာက္လို Lock ရင္ခြင္ထဲတိုးဝင္ေတာ့ Chain နဲ႔ Hepius တို႔ ျပံဳးမိၾကၿပီး Lock ကေတာ့ ႐ုတ္တရက္မို႔ အေတာင့္လိုက္ႀကီးျဖစ္ေနပါေတာ့တယ္။
"အဟီး ... ကိုကိုလန္႔သြားတာလား? အင္းေပါ့၊ မမွတ္မိတဲ့လူကို အတင္းႀကီးဖက္လိုက္မိတာကို"
မ်က္ရည္ေတြနဲ႔ ရယ္ေနျပန္တဲ့ေကာင္မေလးေၾကာင့္ Lock ပါ ျပံဳးလာၿပီး
"Sorry, ကိုကိုမွတ္မိေအာင္ ႀကိဳးစားေနပါတယ္"
Lily ရဲ႕ေခါင္းေလးကိုပြတ္သပ္ေပးေတာ့ ေခါင္းေလးငံု႔ရင္း မ်က္ရည္ေတြသုတ္လို႔။
"အဲဒီေတာ့ ကၽြန္ေတာ္ ... ငါက Paris meeting အတြက္ ဘာေတြသိထားဖို႔ လိုတာလဲ?"
"သိထားရမွာဆိုတာေတြက အမ်ားႀကီးပဲ"
"သူတို႔နဲ႔ေျပာရင္း ထပ္လိုလာတဲ့ Data ေတြကို Earpiece ကေနတဆင့္ မီးငယ္တို႔က ထပ္ေျပာေပးေနရင္ေရာ?"
"အဲဒါအသာထား၊ လတ္တေလာသိထားရမွာေတြအတြက္က ..."
"Chain! ဆရာဝန္တစ္ေယာက္အေနနဲ႔ေျပာရရင္ အခ်ိန္ႏွစ္ရက္ေက်ာ္ေလးအတြင္း သူ႔ဦးေႏွာက္ကို အဲဒီေလာက္ အလုပ္မလုပ္ေစခ်င္ဘူး။ ညီမအရင္းတစ္ေယာက္အေနနဲ႔ Lily ပါေနရင္ေရာ မရဘူးလား?"
"မီးငယ္ကိုပဲဦးတည္ၿပီး အလုပ္ကိစၥပံုလာရင္ ငါဝင္ပါလို႔လည္း မရျပန္ဘူးေလ"
"ကိုကို၊ Chain, မီးငယ္တစ္ခုေျပာမယ္။ ကိုကိုတို႔လက္ခံေပး"
"ေျပာၾကည့္"
Hepius ပါ စိတ္ဝင္တစား နားစြင့္မိေနတဲ့ Lily ရဲ႕အၾကံအစည္က
"ကိုကိုနဲ႔ Chain လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးလိုက္ပါလား?"
"မီးငယ္!"
Lock နဲ႔ Chain ရဲ႕အသံက ခပ္က်ယ္က်ယ္ၿပိဳင္တူထြက္လာၿပီး Hepius မွာေတာ့ မ်က္လံုးအျပဴးသား။
"မီးငယ္ ကိုယ့္ကိုသတ္ေနတာလား?"
ခပ္တိုးတိုးကပ္ေျပာတဲ့ Chain ကို Lily ကအဖတ္မလုပ္။
"လက္မွတ္ထိုးတယ္။ ခရီးထြက္ဖို႔လုပ္တယ္။ Car accident ျဖစ္လို႔ ကိုႀကီးရဲ႕ Luxury House မွာပဲ နားေနလိုက္တယ္ေပါ့။ အဲဒီေတာ့ လင္ပစၥည္း ေယာက္်ားကတစ္ဝက္ပိုင္တယ္။ ဥပေဒအေၾကာင္းအရ အဲဒီမွာလိုအပ္သမၽွ ကိုကို႔ရဲ႕ Decision ေတြကို Chain က ကိုယ္စားလုပ္ပိုင္ခြင့္ရွိတယ္။ ဂိုဏ္းကိစၥေျပာလာရင္ ဒုေခါင္းေဆာင္မို႔ Chain မွာအာဏာရွိတယ္။ Well! How perfect is the idea!"
Lily က အပိုင္ေျပာခ်သြားတာေတြကို Chain တစ္ေယာက္နားေထာင္ရင္း Lock မ်က္ႏွာကိုသာ အကဲခတ္ေနရၿပီ။ အခန္႔မသင့္ရင္ ကိုယ့္ဘက္ျပႆနာလွည့္လာႏိုင္သည္ မဟုတ္လား? Hepius ကိုၾကည့္မိေတာ့
"Don't look at me. I'm just a family doctor. Ok?"
အသာေလးေရွာင္ထြက္သြားေလေသာ Hepius, သူ႔အၾကံအတြက္ မ်က္လံုးေတာက္ေတာက္ေတြ မွိတ္ခ်ည္ဖြင့္ခ်ည္နဲ႔ feedback ေစာင့္ေနေသာ Lily, ဘာကိုေတြးေနမွန္းမသိေသာ Lock, ၿပီးေတာ့ မ်က္ခံုးေတြလႈပ္႐ံုသာမက နတ္ပူးသလိုျဖစ္ေနပါေသာ Chain ...
အစည္းအေဝးတက္သူ ေလးဦးသားအနက္တြင္မွ ကံကြက္ၾကား၍ Chain တစ္ေယာက္သာ အသတ္ခံရေတာ့မလိုလို ...
"ကိုယ္တို႔က အဲဒီလိုလက္ထပ္ျဖစ္ရေလာက္ေအာင္အထိ ရင္းႏွီးလို႔လား?"
Lock အေမးေၾကာင့္ Lily လည္းေၾကာင္သြားသလို Chain လည္း ဆြံ႔အေနတုန္းမွာ Hepius က
"မင္းစိတ္ထဲ ဘယ္လိုခံစားမိလို႔လဲ?"
ဆရာဝန္ပီသစြာ ေရာဂါအေျခအေနကို အကဲခတ္ေနသလို ငယ္သူငယ္ခ်င္းပီသစြာ ခံစားခ်က္မ်ားကို တူးေဖာ္ေပးေနေလေတာ့ Lily ျပံဳးမိသြားၿပီး အစ္ကို႔မ်က္ႏွာကိုသာ ၾကည့္ေနမိၿပီ။
"ငါ့စိတ္ထဲ ဘာမွမရွိလို႔ေလ။ တကယ္လို႔ ငါတို႔ကမျဖစ္ႏိုင္တဲ့ အေနအထားမ်ိဳးရွိခဲ့မယ္ဆိုရင္ အခုကိစၥက အဆင္မေျပဘူးလားလို႔ေလ"
"အဆင္ေျပပါတယ္ ကိုကိုရဲ႕။ ငယ္ငယ္တည္းက အတူႀကီးျပင္းလာၾကတာမို႔ သံေယာဇဥ္ရွိရင္းစြဲနဲ႔ လက္ထပ္ျဖစ္ခဲ့ၾကပါတယ္ေပါ့"
"Chain ကေရာ အဲဒီလိုလုပ္လို႔ရလို႔လား? တစ္ေယာက္ေယာက္ထိခိုက္စရာ ရွိေနလား?"
ေအးေအးေဆးေဆးေမးခြန္းက ကိုယ္ကသာလက္ခံရင္ မျငင္းဘူးလို႔ေျပာခ်င္တာလား?
"ငါ ... ငါက ဘာမွျပႆနာမရွိဘူး အစ္ကိုေလး"
"ဪ၊ မင္းကိုေမးစရာရွိတာေလ။ ငါသတိရလာေတာ့ Baby လို႔ေခၚလိုက္တယ္မဟုတ္လား? ေနာက္က်ေတာ့လည္း အစ္ကိုေလးတဲ့။ အဲဒါက ဘာျဖစ္လို႔လဲ? ငါတကယ္မမွတ္မိဘူး"
Chain တစ္ေယာက္ က်ားကိုက္ခံရရင္း ပ်ားတုပ္ခံေနရပံုကို Lily တို႔ ႀကိတ္ရယ္ေနၾကတယ္။ Lock ကေတာ့ အေျဖကိုေစာင့္ေနပံု။
"ဟိုေလ ... အဲဒါက ... အဲဒါက ဒီလိုေလ"
Lock အာ႐ံုစိုက္နားေထာင္ေနပံုကို ျမင္ရျပန္ေတာ့ Chain တစ္ကိုယ္လံုးတုန္လာသလိုလို။ Lock မ်က္ႏွာကိုလည္း မၾကည့္ရဲ။ ပါးစပ္ကလည္း အင္း ... အဲ ... ကလြဲရင္ ဘာမွထြက္မလာ။
"ဟိုေလ အစ္ကိုေလး ..."
"အင္း၊ ေျပာေလ။ အဲဒီ အစ္ကိုေလးတို႔၊ Baby တို႔ ေခၚတဲ့ကိစၥပဲ"
"ဟိုေလ ... အင္း ... Hepius, အဲဒီကိစၥကေလ အခုေျပာလိုက္ရင္ အစ္ကိုေလးစိတ္႐ႈပ္သြားမယ္မလား? သိပ္အမ်ားႀကီးမေတြးတာ ေကာင္းမယ္ထင္တယ္ေနာ္!"
ဆရာဝန္သည္ ေရွ႕ေနမဟုတ္ပါ။
"ေျပာလို႔ရပါတယ္။ ရွင္းရွင္းေလးကို"
"ဟင္! မင္းကလည္း ... မဟုတ္ဘူးေလ။ မီးငယ္ ..."
"အင္း၊ Chain, ဟုတ္တယ္။ အခုက ကိုကို႔ကိုေဆးတိုက္ဖို႔နီးေနၿပီ။ မီးငယ္ ကိုကိုတစ္ခုခုစားဖို႔အတြက္ သြားယူလိုက္မယ္။ ကိုကို႔ကို ေသခ်ာရွင္းျပထားလိုက္ေနာ္"
"သြားရေအာင္ မီးငယ္ေလး။ Nancy ဘာျပင္ေပးထားမလဲမသိဘူး"
Hepius ကပါ Lily ပခံုးေလးကိုင္ၿပီး ထြက္သြားေလေသာအခါ ...
"သူတို႔က မေျပာျပခ်င္လို႔လား? ငါတို႔ဘာျဖစ္ခဲ့လို႔လဲ?"
"ဟိုေလ ..."
"မင္းဘာျဖစ္ေနတာလဲ? ဟိုေလဆိုတာကေန ေရွ႕ဆက္ဦးမွာလား?"
"အစ္ကိုေလးက ငါ့ကိုသေဘာမက်ဘူး"
"အင္း၊ ဟုတ္မယ္ထင္တယ္။ အခုကေတာ့ သေဘာမက်ဘူးရယ္လို႔ မခံစားရေပမဲ့ မင္းနဲ႔ပတ္သက္တဲ့ ေပ်ာ္စရာလိုအျဖစ္မ်ိဳး ငါမခံစားရဘူး။ ငါသိတာ ဘူးေလးတစ္ခု၊ ဟုတ္မယ္ထင္တယ္။ ဟုတ္လား?"
"အဲဒီေသတၱာေလးကို မွတ္မိတာလား?"
Chain တအံ့တဩေမးမိတယ္။ ထင္မထားခဲ့ဘူးေလ။
"အင္း၊ ငါ့ကိုေပးတာ မင္းမဟုတ္လား?"
"ဟုတ္ပါတယ္"
"ေျပာေတာ့ေလ။ ဟိုေန႔ကရွင္းျပတာေတြအရ အေဖဆံုးတာနဲ႔ပတ္သက္ၿပီး ငါကမ်ား မင္းကို အထင္လြဲခဲ့တာေတြ ရွိေနတာလား?"
"ဘယ္လို? အာ ... အဲဒါက ဘယ္လိုေျပာရမလဲ? အထင္မွားစရာေလးေတြရွိခဲ့တယ္"
"Baby လို႔ေခၚခံရရင္ ငါ့စိတ္ထဲ မင္းနဲ႔ရန္ျဖစ္ဖူးသလို ခံစားရတယ္။ အဲဒီလိုေခၚတာကို တားခ်င္ေနတယ္"
Baby ရယ္၊ ေမ့ေနတာေတာင္ အဲဒါကိုေတာ့ သိေနေသးတာလား?
"ဘာျဖစ္သြားတာလဲ? မ်က္ရည္ဝဲေနတာလား? ငါကမမွတ္မိလို႔ စိတ္ထဲရွိတာေျပာျပတာေလ။ ၿပီးေတာ့ ငါတို႔က ဘယ္လိုပတ္သက္ေသးတာလဲ?"
မေျဖမခ်င္း လွည့္ပတ္ေမးေနေတာ့မယ့္ Chain ေၾကာင့္
"ငါက အစ္ကိုေလးကိုဖြင့္ေျပာဖူးလို႔ အစ္ကိုေလးက ခါးခါးသည္းသည္းျဖစ္ေနခဲ့တာ"
"ဪ၊ ရည္းစားစကားကို ဆိုလိုခ်င္တာလား?"
Chain ေခါင္းညိတ္ျပ႐ံုသာ တတ္ႏိုင္တယ္။
"ထင္ေတာ့ထင္သား။ ငါသတိရလာတုန္းက မင္းအရမ္းစိတ္ပူၿပီးေမးေနတာေလ။ ငါေတာင္ေတြးမိေနတာ ငါတို႔ ဘာေတာ္လဲလို႔ေလ။ ေတြးလို႔လည္း ေပၚမလာဘူး။ ျငင္းခဲ့တာဆိုေတာ့ ငါ့မွာ Girlfriend ရွိေနတာလား?"
"ငါမသိဘူး အစ္ကိုေလး။ သူနဲ႔အစ္ကိုေလးက ဘယ္လိုအေျခအေနလဲဆိုတာ ငါမသိဘူး"
ဟုတ္ပါတယ္။ Hurricane ကိုလည္း Rapunzel အေၾကာင္း မေမးဖူးပါ။
"သူမနာမည္က ဘာတဲ့လဲ?"
"Rapunzel"
"ငါမမွတ္မိဘူး Chain"
Baby က Rapunzel ကိုမမွတ္မိဘူးတဲ့လား။ ဒါဆိုရင္ သူငယ္ခ်င္းထက္ပိုတာမ်ိဳး မပတ္သက္ခဲ့ၾကဘူးလား?
"ငါက မင္းကိုျငင္းခဲ့တယ္လို႔ မင္းေျပာတယ္ေနာ္။ အဲဒါဆို ဘာလို႔ Baby ေခၚတာလဲ?"
"အစ္ကိုေလးခိိုင္းတာ လုပ္ေပးခဲ့ရင္ ေခၚခြင့္ေပးမယ္လို႔ ကတိေပးခဲ့လို႔ပါ"
"ဘယ္လိုမ်ိဳးလဲ?"
Chain သက္ျပင္းခ်ရင္း
"ေနာက္မွေျပာျပလို႔ရမလား?"
"အင္း၊ ေနာက္တစ္ခါငါေမးရင္ ေျပာျပပါ။ လက္ထပ္ဖို႔ကိစၥက ငါပဲဆံုးျဖတ္ရမယ္ဆိုရင္ ငါမျငင္းဘူး"
မျငင္းဘူး။ Baby ကလက္ခံတယ္။ လက္ထပ္ဖို႔ဆိုတာႀကီးကိုေလ။ ဘယ္လိုေတြ ကံဇာတာက ...
"ငါ အရင္အေၾကာင္းေတြကို သတိမရခင္မွာ အဲဒီလိုဆို ပိုအဆင္ေျပမွာမဟုတ္လား? ဒီတိုင္း လက္မွတ္ထိုး႐ံုကေတာ့ ေယာက္်ားေလးေတြပဲ ဘာမွနစ္နာစရာမရွိဘူးမဟုတ္လား? ေနာက္မွ ကြာရွင္းခ်င္ရင္လည္း ရတာပဲကို"
႐ူးေနလိုက္ေတာ့ Chain ရယ္။ Baby ေျပာေနတာက အခုေလာေလာဆယ္ အလုပ္ကိစၥေတြအဆင္ေျပဖို႔ရယ္၊ ေယာက္်ားခ်င္းမို႔ ဘယ္လိုနစ္နာစရာကိစၥမွ ျဖစ္မလာႏိုင္လို႔ရယ္၊ ေနာက္ပိုင္းမလိုေတာ့ရင္ ကြာရွင္းဖို႔ရယ္။
ျပႆနာမရွိပါဘူး။ စိတ္ကူးထဲမွာေတာင္ မျဖစ္ႏိုင္တဲ့ကိစၥကို တစ္လပဲျဖစ္ျဖစ္၊ တစ္ပတ္ပဲျဖစ္ျဖစ္ Baby ေတာင္သေဘာတူတာ ဘာလို႔ျငင္းရမွာလဲ?
"ငါက အစ္ကိုေလးသေဘာအတိုင္းပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ကိစၥေတြအားလံုးကိုေတာ့ ရေအာင္ရွင္းေပးမွာပါ"
"ၿပီးေတာ့ မေန႔ကငါမွတ္ထားမိတယ္။ ငါအခု ႏွစ္ဆယ့္ကိုးႏွစ္ျပည့္ၿပီးၿပီမဟုတ္လား? မင္းကမျပည့္ေသးဘူး။ ငါ့ထက္ငယ္တာကို ဘာလို႔ Baby ေခၚတာလဲ?"
ျပန္လည္လာျပန္ၿပီ။ ဒီေမးခြန္းကေလ ဘယ္အခ်ိန္မွမေျပာင္းမယ့္ ကိန္းေသတစ္ခုလိုပဲ။
"ရွင္းျပရရင္ ရွည္တယ္။ ေနာက္ စကားၾကံဳရင္ ေသခ်ာေျပာျပပါ့မယ္"
"ၿပီးေတာ့ ငါ့နာမည္ Ivy ဆိုတာကို ေသခ်ာမွတ္မိတယ္။ မင္းနာမည္က ဘာလဲ?"
"ရွိေတာ့ရွိတယ္။ Accident ေၾကာင့္ေမ့သြားၿပီးကတည္းက ေခါင္းေဆာင္ေပးတဲ့ Chain ဆိုတာကိုပဲ သေဘာက်လို႔ အဲဒီနာမည္ပဲ ေခၚပါလား?"
"ငါက သိခ်င္လို႔ပါ။ ၿပီးေတာ့ေလ ငါမွတ္မိတဲ့ ငယ္ငယ္ကအသိတစ္ေယာက္နဲ႔ မင္းနဲ႔တူေနသလိုပဲ"
"ဘယ္သူလဲ အစ္ကိုေလး။ ေက်ာင္းတုန္းကလား?"
"ငါတို႔ ဆယ့္ႏွစ္ႏွစ္သားမွာ မင္းေရာက္လာတာဆိုေတာ့ မင္းနဲ႔မဆံုခင္ ဟိုးငယ္ငယ္တည္းကဆံုဖူးတာ။ မွတ္မိသေလာက္ကေတာ့ သူ႔မွာဒဏ္ရာေတြနဲ႔"
ဒါဆို Baby က Dexter ကိုမွတ္မိတာလား? တစ္ေလၽွာက္လံုးေပ်ာက္ေနတဲ့ မွတ္ဉာဏ္အပိုင္းက အခုမွ ထင္ရွားလာသတဲ့လား?
"သူ႔နာမည္မွတ္မိလား အစ္ကိုေလး?"
"ငါ စဥ္းစားလို႔မရဘူး။ ေက်ာင္းဝတ္စံုေလးဝတ္ထားတာေတာ့ မွတ္မိတယ္။ ငါတို႔ သိပ္မေတြ႕ျဖစ္ၾကဘူးထင္တယ္"
သိပ္မေတြ႕ျဖစ္ၾကတာမဟုတ္ဘူး။ တစ္ႀကိမ္တစ္ခါတည္းပဲ ဆံုဖူးၾကတာပါ။
ဝမ္းသာမိတယ္ Baby, Dexter ကို သတိတရရွိေနေပးလို႔ေပါ့။
"Chain! ဘာျပံဳးေနတာလဲ? ငါေမးေနတယ္ေလ"
"ဗ်ာ! ဘာ ... ဘာေမးလိုက္တာလဲ?"
"လက္မွတ္ထိုးဖို႔ကို မီးငယ္တို႔စီစဥ္မွာဆို အခုစီစဥ္ဖို႔ ေျပာရမယ္မဟုတ္လားလို႔ ေမးေနတာ။ ၿပီးေတာ့ Paris ကိုလည္း ငါ့ကိုယ္စား မင္းပဲလာမယ္ဆိုတာ အေၾကာင္းရမယ္ေလ"
ေမ့တဲ့အပိုင္းေတြကသာ အမ်ားႀကီးျဖစ္ေနေပမဲ့ အခုရက္ပိုင္းေျပာျပထားတာေတြကို ေသခ်ာမွတ္ထားႏိုင္ၿပီး သိသေလာက္ကို အကြက္က်က်စီစဥ္ႏိုင္တာေတာ့ ဘယ္လိုမွေျပာင္းမရတဲ့ဗီဇ။
"မီးငယ္ျပန္လာရင္ စီစဥ္ခိုင္းလိုက္ပါ့မယ္"
စကားစရပ္ၿပီး အေတြးကိုယ္စီနဲ႔ ၿငိမ္သြားၾကတဲ့ Lock နဲ႔ Chain.
တံခါးေခါက္သံၾကားမွ သတိျပန္ဝင္လာၾကၿပီး Lock က တံခါးသြားဖြင့္ေပးေတာ့
"ကိုကို စားရေအာင္ေလ။ ကိုႀကီးက အစ္မ Nancy နဲ႔ က်န္ခဲ့ၿပီ"
Lily က ျပင္ဆင္ေပးၿပီး သံုးေယာက္သား စားပြဲမွာဝိုင္းထိုင္ၾကရင္း
"မီးငယ္၊ လက္မွတ္ထိုးဖို႔ကိစၥ လုပ္လိုက္ေတာ့။ ၿပီးေတာ့ Luxury House ကိုသြားၿပီး ဓာတ္ပံုတခ်ိဳ႕႐ိုက္ၾကတာေပါ့။ Chain လည္း အၾကာႀကီးမတ္တပ္မရပ္ရမယ့္၊ ကိုယ္တို႔လည္း ဒဏ္ရာမေပၚႏိုင္မယ့္ အေနအထားမ်ိဳးေတြနဲ႔ေပါ့"
"ကိုကို၊ တကယ္ ... ?"
"အင္းေလ၊ ဘာျဖစ္လို႔လဲ?"
"Chain, ကိုကို႔ကို ဘာေတြရွင္းျပလိုက္လို႔လဲ?"
"ဘာမွေသခ်ာမရွင္းျပရေသးလို႔ပါ။ အကုန္သိရင္ အစ္ကိုေလး ထသတ္မွာ"
"ငါသိခ်င္တယ္။ မင္းဘာေတြလုပ္ထားလို႔ ငါကမၾကည္ခဲ့တာလဲ ဆိုတာကိုေလ"
"ဟာ! သိခ်င္မေနနဲ႔။ အခု အကုန္အဆင္ေျပေနတာပဲ။ ေနာက္လည္း ကိုကိုတျဖည္းျဖည္းသတိရလာမွာ"
"Paris ကျပန္လာရင္ အကုန္ေျပာျပပါ့မယ္ အစ္ကိုေလး"
"Chain, အဆင္ေျပေနပါတယ္ဆိုတာကို ဘာလို႔အတင္းရွင္းျပေနတာလဲ? ထားလိုက္ေတာ့။ ခဏေနရင္ လက္မွတ္ထိုးဖို႔ရယ္၊ ကိုႀကီးအိမ္မွာ ဓာတ္ပံု႐ိုက္ဖို႔ရယ္၊ Back date နဲ႔ ျပန္လုပ္ဖို႔ရယ္ စီစဥ္ေပးမယ္။ Nick, Nick က လံုးဝ Professional Photographer ပဲ။ သူနဲ႔ပဲ႐ိုက္လိုက္ရင္ သတင္းလည္း ထိန္းၿပီးသားျဖစ္ၿပီ"
တက္ႂကြေနတဲ့ Lily နဲ႔ ေခါင္းတညိတ္ညိတ္နားေထာင္ေနတဲ့ Lock ကိုၾကည့္ၿပီး Chain မွာေတာ့ ႐ုတ္တရက္ႀကီး ေယာက္်ားရမယ့္အျဖစ္ေၾကာင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ၊ အေယာင္ေယာင္အမွားမွားရယ္။ ယူရမွာကလည္း ကိုယ့္အသက္ထက္ခ်စ္ရတဲ့ ငယ္ခ်စ္ဦး။
"Chain ေရ၊ ခက္ရင္းႀကီးကိုင္ၿပီး ထမင္းေတြကိုထိုးေနတာလား? အဲဒီအခ်ဥ္ေတြကေရာ စားလို႔လား?"
"ဟင္! ဪ ... Meeting ကိစၥေလး အေတြးေရာက္သြားလို႔ပါ"
"ဟုတ္ပါ့မလား? စိတ္ေတြက ေနာက္ႏွစ္ရက္အထိေရာက္သြားတာေတာ့ မျဖစ္ႏိုင္ဘူးထင္တယ္ေနာ္"
ရယ္က်ဲက်ဲေျပာလာတဲ့ Lily နဲ႔ အသည္းအသန္ေျဖရွင္းေနတဲ့ Chain ကို တစ္လွည့္စီၾကည့္ရင္း Lock ကေတာ့ ပံုမွန္အတိုင္း ဆက္စားေနတယ္။
Chain ခမ်ာေတာ့ ထမင္းလည္းစားမဝင္ႏိုင္။
"Chain, မင္း ဗိုက္မဆာရင္လည္း မစားနဲ႔ေလ။ ပန္းကန္ထဲလည္း ဝက္စာျဖစ္ေနၿပီ"
အမွန္ပဲ၊ ထည့္ခ်င္ရာေတြထည့္ၿပီး မစားဘဲေမႊေနတာနဲ႔တင္ ပြထေနၿပီ။ Lock ေျပာမွ သတိကပ္လာတာ။
"Chain က Paris မသြားမခ်င္း ရင္ျပည့္ေနေတာ့မွာ ကိုကို။ အဖတ္မလုပ္နဲ႔၊ ထားလို္က္"
"သူက ဘာျဖစ္ေနလို႔လဲ မီးငယ္"
"သူကလား? ႏွလံုးေရာဂါေလ"
Lily စကားေၾကာင့္ Lock ေတြးမိသြားၿပီ။
Chain က ကိုယ့္ကို ရည္းစားစကားေျပာဖူးတယ္ဆိုရင္ အခုလိုစီစဥ္တာက သူ႔အတြက္ ေပ်ာ္စရာမဟုတ္လား? မ်က္ႏွာမွာေတာ့ ဘာမွမေပၚဘူးဆိုေပမဲ့ လုပ္ကိုင္ေနတာေတြက လြဲေနသလိုပဲ။
မီးငယ္ေျပာတဲ့ ႏွလံုးေရာဂါဆိုတာ အဲဒါေၾကာင့္ေနာက္တာေနမွာ။ သူက ကိုယ့္ကို တကယ္ခ်စ္ေနတဲ့ပံု။ ကြာရွင္းခ်င္တဲ့အခ်ိန္ ကြာရွင္းလို႔ရတယ္လို႔ ေျပာလိုက္မိတာကိုမ်ား တစ္မ်ိဳးေတြးေနမလား?
"ကိုကိုေရ ... လို႔! ေခၚေနတယ္ေလ"
"အင္း၊ မီးငယ္။ ဘာေျပာတာလဲ?"
"ဓာတ္ပံု႐ိုက္ဖို႔ေလ၊ အျဖဴေရာင္ဝတ္ၾကမွာလား? အနက္ေရာင္ဝတ္ၾကမွာလား?"
"မသိဘူးေလ။ မီးငယ္အၾကံအစည္ဆိုေတာ့ မီးငယ္စီစဥ္ေလကြာ"
"Okey"
¤
"ရၿပီ။ လက္မွတ္ထိုးတဲ့ကိစၥ ၿပီးၿပီဆိုေတာ့ ကိုႀကီးအိမ္ကိုသြားရေအာင္။ ဟိုမွာ Designer ေတြေစာင့္ေနတယ္။ သူတို႔က စိတ္ခ်ရတဲ့လူေတြခ်ည္းပဲ"
¤
"ကိုကိုေရ၊ မီးငယ္ဝင္လာမယ္ေနာ္"
"ခဏ! Chain အဝတ္လဲေနတယ္"
"ရၿပီလား ကိုိကိုေရ"
"အင္း"
"Wow! ကိုကိုက သိပ္ခန္႔တာပဲ။ Chain ကေရာ? ဘာလုပ္ေနတာလဲ?"
"ပတ္တီးကို ေသခ်ာျပန္စည္းေနရလို႔ ၾကာေနတာ"
"လာၿပီ မီးငယ္"
"Chain!"
သိပ္ေခ်ာေနတဲ့ သတို႔သားတစ္ေယာက္ေၾကာင့္ ေငးခနဲ။ ရုတ္တရက္ ဝဲတက္လာတဲ့မ်က္ရည္ေတြကို ထိန္းလိုက္တာေတာင္ Chain က ျမင္သြားၿပီး စိုးရိမ္တဲ့အၾကည့္ေတြနဲ႔ တစ္ခုခုေျပာခ်င္ေနပံုေၾကာင့္ အတတ္ႏိုင္ဆံုးျပံဳးၿပီးသာ ကိုကို႔ဘက္လွည့္လိုက္တယ္။
"ကိုကိုတို႔က ဘာလို႔သိပ္ေခ်ာေနၾကတာလဲ? ဒီတိုင္းဆို မီးငယ္ကို ဘယ္သူကျမင္ၾကေတာ့မွာလဲ?"
"ကိုကို႔ညီမေလးကို မ်က္လံုးကၽြတ္မတတ္ ၾကည့္မယ့္ေကာင္ေတြခ်ည္းပဲေနမွာ။ ကိုယ့္ဘာသာလည္း ျပန္ၾကည့္လိုက္ဦး၊ အ႐ုပ္ေလးျဖစ္ေနၿပီ"
အထပ္ထပ္ေတြနဲ႔ ဂါဝန္တိုတိုကားကား နံ႔သာေရာင္ေလးဝတ္ထားတဲ့ Lily က သူမရဲ႕ အသားဝင္းဝင္းေလးနဲ႔ အရမ္းကိုခ်စ္စရာေကာင္းေနၿပီး အ႐ုပ္ေလးတစ္႐ုပ္လိုပါပဲ။ ဒီကေလးကို ႏွစ္ဆယ့္သံုးႏွစ္ပါလို႔ေျပာရင္ ဘယ္သူယံုမွာလဲ? အသက္မျပည့္ေသးတဲ့ ကေလးေလးလို အရမ္းကို ႏုႏုငယ္ငယ္ေလးျဖစ္ေနတာေလ။
ဒါေပမဲ့ ခုနက Chain ကိုျမင္ျမင္ခ်င္း တစ္ခ်က္ၿငိမ္သြားၿပီး မ်က္ရည္ဝဲသြားသလိုလို။ ကိုယ္ပဲ မ်က္စိမွားတာလား?
"ကဲ! တစ္ခန္းတည္း ႏွစ္ေယာက္အတူတူျပင္ေနတဲ့ေကာင္ေတြ ၿပီးၾကၿပီလား?"
"ၿပီးၿပီ Hepius"
"ဟာ ... You look so handsome in Grey ပါပဲကြာ။ မီးငယ္က ခဲေရာင္ေရြးၾကလို႔ အေရာင္မွိန္မယ္ထင္တယ္ဆိုၿပီး ေျပာေနေသးတာ။ အခုေတာ့ ၾကည့္ေကာင္းေနၾကတာပဲ"
"ကဲ! ငါးခ်ဥ္ေတြမို႔ ခ်ဥ္တယ္မေျပာၾကနဲ႔ေတာ့။ သြားရေအာင္ ဓာတ္ပံု႐ိုက္ဖို႔"
"အင္း၊ သြားၾကမယ္။ ဒီမိတ္ကပ္ေတြနဲ႔ ၾကာၾကာေနရင္ ငါတို႔ေသလိမ့္မယ္။ မ်က္ႏွာက ဒဏ္ရာေတြမေပၚေအာင္ မနည္းလုပ္ထားရတာ"
¤
"ေခါင္းေဆာင္ ေဘးနည္းနည္းေစာင္းလိုက္ပါလား။ နဖူးကဒဏ္ရာက နည္းနည္းသိသာေနလို႔။ Chain ခါးကလက္က ေသခ်ာကိုင္ေလ။ အဲဒီလို လက္သီးဆုပ္မထားနဲ႔။ ခါးေပၚေသခ်ာဖက္ထား၊ နည္းနည္းျပံဳး။ OK! ready ... Smile"
ဘယ္လိုလုပ္မလဲ? Baby နဲ႔ အဲဒီေလာက္နီးကပ္ေနတာ ဘယ္လိုေနရမွာလဲ? ရင္ခုန္လြန္းၿပီး ေသေတာ့မွာလားမသိဘူး။
"Camera ခဏ! ဟိုမွာ သတို႔သားက ေခၽြးစို႔ေနၿပီရွင့္။ ရင္ခုန္လြန္ေနတယ္ထင္တယ္။ မိတ္ကပ္နည္းနည္း on ရမယ္"
အလွဖန္တီးရွင္ဆိုတဲ့သူက ခ်က္ခ်င္းအနားေရာက္လာၿပီး မိတ္ကပ္ေတြ႐ိုက္ေနျပန္ၿပီ။ ျမန္ျမန္ၿပီးမွပါပဲ။
"Chain ဟိုဘက္တိုးေလ။ ေခါင္းေဆာင္လက္က Chain ပခံုးကိုေက်ာ္ထားလိုက္။ ရၿပီ"
ဒီလိုႀကီး ခုတင္ေပၚလွဲ႐ိုက္စရာလားကြာ။ ငါေသေတာ့မယ္ Nick ေရ။ ေခြးေကာင္၊ ၿပီးမွေတြ႕မယ္။
ေလာေလာဆယ္ Baby ႏႈတ္ခမ္းဆီ အာ႐ံုေရာက္လို႔မျဖစ္ဘူး။ ႐ႈပ္ကုန္ေတာ့မွာပဲ။
ႏႈတ္ခမ္းေတြၾကားကလက္ေတြကလည္း ေအးစက္ေနလို႔ Baby ေတာင္ ဘာျဖစ္တာလဲဆိုတဲ့ အၾကည့္နဲ႔ၾကည့္ေနၿပီ။
Hepius ကလည္း လူယုတ္မာအျပံဳးနဲ႔ ၾကည့္ေနတယ္။ သတ္ပစ္ဦးမွာ။
တစ္ေယာက္တည္း လူးခါေနၿပီး ေတြ႕သမၽွပတ္ရမ္းခ်င္ေနပါေသာ သတို႔သားရယ္ပါ။
¤
"ကဲ၊ ရၿပီ။ ျပန္ခ်င္တဲ့လူေတြ ျပန္နားလို႔ရၿပီ။ ေခါင္းေဆာင္တို႔က ခဏနားၿပီးရင္ အိမ္မွာေနတဲ့ပံုေတြ ဆက္႐ိုက္ရမယ္"
"ဘာရယ္? လိုလို႔လား?"
"လိုတယ္ Chain ရဲ႕။ ကိုယ့္လူေတြနဲ႔ ေပါ့ေပါ့ပါးပါး စားေသာက္ၾကတာမ်ိဳး၊ ၿပီးေတာ့ တစ္ေယာက္ေယာက္ကို ႏွစ္ေယာက္တြဲပံု ႐ိုက္ခိုင္းတာမ်ိဳး။ ၿပီးေတာ့ selfie shot ေတြရယ္"
OMG! ၿပီးေတာ့၊ ၿပီးေတာ့ေတြက ဘယ္ေတာ့မွ ၿပီးမွာလဲ? ဘယ္အထိသတ္ၾကမွာလဲ?
Baby ေရ၊ ျငင္းပါဦးကြာ။ ကိုယ္ေတာ့ တကယ္ႀကီးလို႔ပဲ ေတြးေနမိၿပီ။
ေမးပါရေစ။ Baby ႏႈတ္ခမ္းကို တကယ္နမ္းလို႔ရလားဟင္?
■■■■■ Part XXVI ဆက္ရန္ ■■■■■ (စိတ္မၾကည္လို႔ စာလံုးေပါင္း ျပန္မစစ္ထားမိ) ■■■■■
.
"Hurricane နဲ့က ရင်းနှီးတာ နည်းနည်းတော့ကြာပါပြီ။ ခုက သူကူညီလို့ အဆင်ပြေသွားတာ။ သတင်းတွေကတော့ အဲဒီလိုဖြစ်နေတာ ပိုမကောင်းဘူးလား?"
"မင်းကလေ တော်တော်တတ်နိုင်တဲ့ကောင်"
"Baby က ဘာလို့မနိုးသေးတာလဲ Hepius?"
"အင်း၊ သူ့အာရုံကြောတွေ ပင်ပန်းသွားရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိမ့်မယ်"
"Chain! ကိုကိုက အိပ်ပျော်နေတာလား? ဘာဖြစ်တာလဲ?"
Lily က Nurse တစ်ယောက်ကိုတွဲရင်း ရောက်လာပြီး အစ်ကိုဘေးနားဝင်ထိုင်ကာ စိုးရိမ်နေသော မျက်လုံးလေးတွေနဲ့။
"မီးငယ်ကိုကိုက Ivy ဆိုတဲ့နာမည်ရယ်၊ လမ်းမှာကားမှောက်တာရယ်ပဲ သိတယ်။ သူနိုးလာရင် မီးငယ်အဆင်ပြေအောင် နေပေးနော်။ သိပ်မစိုးရိမ်ပါနဲ့"
"ဟုတ်၊ ကိုကြီး။ မီးငယ် ကိုကို့နား ခဏနေချင်တယ်"
"မီးငယ်ဒဏ်ရာတွေရော ဘယ်လိုနေသေးလဲ?"
"အခုမှ မီးငယ်ကိုမေးမနေပါနဲ့။ Baby ရူးနေရတာ ညီမကို သတိမရဘူးမဟုတ်လား?"
"ဟာ၊ Hepius ကိုဖုန်းဆက်တိုင်း မီးငယ်ကိုပဲအရင်မေးတာပါကွာ"
"သိပါတယ်။ Chain ခြေထောက်က အဆင်မပြေဘူးလား"
"မြန်မြန်ပျောက်ဖို့လိုလို့ ငြိမ်ငြိမ်လေးထားနေတာ။ Wheelchair နဲ့ဆိုတော့ ကိုယ်သက်သာတယ်။ အကုန်လုံးကို ပတ်ခိုင်းနေလို့ရတယ်လေ။ ဟား ဟား"
Chain စကားကြောင့် Wheelchair တွန်းပေးနေရတဲ့ Hepius ဆီက ဂြိုဟ်ကြည့်နဲ့အတူ ဆဲသံကထွက်လာလေရဲ့။
"မီးငယ်က ဒီမှာနေခဲ့လေ။ ကိုယ် Matt ဆီသွားတွေ့လိုက်ဦးမယ်"
"ဟုတ်"
¤
Matthew နဲ့တွေ့တော့ သူကတစ်ဖန်ပြန်စိတ်ပူနေပြန်တယ်။ Myron တို့သတင်းကြောင့် Bermuda ကို အမှုန့်ကြိတ်ချင်နေပုံပါပဲ။ သူကိုယ်တိုင်ကတော့ လက်တစ်ဖက်လှုပ်မရတာကို တစ်ခွန်းမှမဟ။
Hepius နဲ့တိုင်ပင်ပြီး နာမည်ကြီးဆေးရုံတစ်ခုမှာ သွားကုပေးဖို့လုပ်နေတာကို သူမသိသေး။ သိရင်ပြောဦးမှာ။ စိတ်မချရရင် မသွားချင်ပါဘူးတို့၊ အဲဒီလောက်လုပ်ပေးစရာမလိုဘူးတို့ လာဦးမှာပါ။ ကိုယ့်လူတွေက တကယ်ကို မိသားစုတစ်ခုလိုပါပဲ။
ဒါပေမဲ့ Baby ရေ၊ ကိုယ်တကယ်လိုချင်တဲ့ Family Life လေးက Baby နဲ့သာဆိုရင် ...
¤
"မီးငယ်ကို ကိုကိုမှတ်မိသလိုပဲ။ ဒါပေမဲ့ ငယ်ငယ်လေးထင်နေတာ။ ဆံပင်လေးကို နှစ်ဖက်ခွဲထုံးထားပြီး ကြိုးသိုင်းဂါဝန်လေးနဲ့ ရှူးဖိနပ်လေးနဲ့လေ"
"အဟင့်"
"ဟာ! ဘာလို့ငိုတာလဲ?"
လေးယောက်သားထိုင်နေကြရင်း Lock စကားကြောင့် ရုတ်တရက်ကြီး ထငိုပါလေသော Lily. ကျန်တဲ့ယောက်ျားလေးသုံးယောက် ဘာလုပ်ရမှန်းမသိကြ။
"ပျော်လို့"
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြပြီ။
"ဟုတ်တယ်။ ကိုကိုက မီးငယ်ကို ဂရုမစိုက်ဘူးလို့ ခဏခဏတွေးမိတာ မီးငယ်တောင်းပန်ပါတယ်။ မီးငယ်နဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းကပုံစံပါ မှတ်မိနေတာကိုး"
ကလေးလေးတစ်ယောက်လို Lock ရင်ခွင်ထဲတိုးဝင်တော့ Chain နဲ့ Hepius တို့ ပြုံးမိကြပြီး Lock ကတော့ ရုတ်တရက်မို့ အတောင့်လိုက်ကြီးဖြစ်နေပါတော့တယ်။
"အဟီး ... ကိုကိုလန့်သွားတာလား? အင်းပေါ့၊ မမှတ်မိတဲ့လူကို အတင်းကြီးဖက်လိုက်မိတာကို"
မျက်ရည်တွေနဲ့ ရယ်နေပြန်တဲ့ကောင်မလေးကြောင့် Lock ပါ ပြုံးလာပြီး
"Sorry, ကိုကိုမှတ်မိအောင် ကြိုးစားနေပါတယ်"
Lily ရဲ့ခေါင်းလေးကိုပွတ်သပ်ပေးတော့ ခေါင်းလေးငုံ့ရင်း မျက်ရည်တွေသုတ်လို့။
"အဲဒီတော့ ကျွန်တော် ... ငါက Paris meeting အတွက် ဘာတွေသိထားဖို့ လိုတာလဲ?"
"သိထားရမှာဆိုတာတွေက အများကြီးပဲ"
"သူတို့နဲ့ပြောရင်း ထပ်လိုလာတဲ့ Data တွေကို Earpiece ကနေတဆင့် မီးငယ်တို့က ထပ်ပြောပေးနေရင်ရော?"
"အဲဒါအသာထား၊ လတ်တလောသိထားရမှာတွေအတွက်က ..."
"Chain! ဆရာဝန်တစ်ယောက်အနေနဲ့ပြောရရင် အချိန်နှစ်ရက်ကျော်လေးအတွင်း သူ့ဦးနှောက်ကို အဲဒီလောက် အလုပ်မလုပ်စေချင်ဘူး။ ညီမအရင်းတစ်ယောက်အနေနဲ့ Lily ပါနေရင်ရော မရဘူးလား?"
"မီးငယ်ကိုပဲဦးတည်ပြီး အလုပ်ကိစ္စပုံလာရင် ငါဝင်ပါလို့လည်း မရပြန်ဘူးလေ"
"ကိုကို၊ Chain, မီးငယ်တစ်ခုပြောမယ်။ ကိုကိုတို့လက်ခံပေး"
"ပြောကြည့်"
Hepius ပါ စိတ်ဝင်တစား နားစွင့်မိနေတဲ့ Lily ရဲ့အကြံအစည်က
"ကိုကိုနဲ့ Chain လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ပါလား?"
"မီးငယ်!"
Lock နဲ့ Chain ရဲ့အသံက ခပ်ကျယ်ကျယ်ပြိုင်တူထွက်လာပြီး Hepius မှာတော့ မျက်လုံးအပြူးသား။
"မီးငယ် ကိုယ့်ကိုသတ်နေတာလား?"
ခပ်တိုးတိုးကပ်ပြောတဲ့ Chain ကို Lily ကအဖတ်မလုပ်။
"လက်မှတ်ထိုးတယ်။ ခရီးထွက်ဖို့လုပ်တယ်။ Car accident ဖြစ်လို့ ကိုကြီးရဲ့ Luxury House မှာပဲ နားနေလိုက်တယ်ပေါ့။ အဲဒီတော့ လင်ပစ္စည်း ယောက်ျားကတစ်ဝက်ပိုင်တယ်။ ဥပဒေအကြောင်းအရ အဲဒီမှာလိုအပ်သမျှ ကိုကို့ရဲ့ Decision တွေကို Chain က ကိုယ်စားလုပ်ပိုင်ခွင့်ရှိတယ်။ ဂိုဏ်းကိစ္စပြောလာရင် ဒုခေါင်းဆောင်မို့ Chain မှာအာဏာရှိတယ်။ Well! How perfect is the idea!"
Lily က အပိုင်ပြောချသွားတာတွေကို Chain တစ်ယောက်နားထောင်ရင်း Lock မျက်နှာကိုသာ အကဲခတ်နေရပြီ။ အခန့်မသင့်ရင် ကိုယ့်ဘက်ပြဿနာလှည့်လာနိုင်သည် မဟုတ်လား? Hepius ကိုကြည့်မိတော့

အသာလေးရှောင်ထွက်သွားလေသော Hepius, သူ့အကြံအတွက် မျက်လုံးတောက်တောက်တွေ မှိတ်ချည်ဖွင့်ချည်နဲ့ feedback စောင့်နေသော Lily, ဘာကိုတွေးနေမှန်းမသိသော Lock, ပြီးတော့ မျက်ခုံးတွေလှုပ်ရုံသာမက နတ်ပူးသလိုဖြစ်နေပါသော Chain ...
အစည်းအဝေးတက်သူ လေးဦးသားအနက်တွင်မှ ကံကွက်ကြား၍ Chain တစ်ယောက်သာ အသတ်ခံရတော့မလိုလို ...
"ကိုယ်တို့က အဲဒီလိုလက်ထပ်ဖြစ်ရလောက်အောင်အထိ ရင်းနှီးလို့လား?"
Lock အမေးကြောင့် Lily လည်းကြောင်သွားသလို Chain လည်း ဆွံ့အနေတုန်းမှာ Hepius က
"မင်းစိတ်ထဲ ဘယ်လိုခံစားမိလို့လဲ?"
ဆရာဝန်ပီသစွာ ရောဂါအခြေအနေကို အကဲခတ်နေသလို ငယ်သူငယ်ချင်းပီသစွာ ခံစားချက်များကို တူးဖော်ပေးနေလေတော့ Lily ပြုံးမိသွားပြီး အစ်ကို့မျက်နှာကိုသာ ကြည့်နေမိပြီ။
"ငါ့စိတ်ထဲ ဘာမှမရှိလို့လေ။ တကယ်လို့ ငါတို့ကမဖြစ်နိုင်တဲ့ အနေအထားမျိုးရှိခဲ့မယ်ဆိုရင် အခုကိစ္စက အဆင်မပြေဘူးလားလို့လေ"
"အဆင်ပြေပါတယ် ကိုကိုရဲ့။ ငယ်ငယ်တည်းက အတူကြီးပြင်းလာကြတာမို့ သံယောဇဉ်ရှိရင်းစွဲနဲ့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်ပေါ့"
"Chain ကရော အဲဒီလိုလုပ်လို့ရလို့လား? တစ်ယောက်ယောက်ထိခိုက်စရာ ရှိနေလား?"
အေးအေးဆေးဆေးမေးခွန်းက ကိုယ်ကသာလက်ခံရင် မငြင်းဘူးလို့ပြောချင်တာလား?
"ငါ ... ငါက ဘာမှပြဿနာမရှိဘူး အစ်ကိုလေး"
"ဪ၊ မင်းကိုမေးစရာရှိတာလေ။ ငါသတိရလာတော့ Baby လို့ခေါ်လိုက်တယ်မဟုတ်လား? နောက်ကျတော့လည်း အစ်ကိုလေးတဲ့။ အဲဒါက ဘာဖြစ်လို့လဲ? ငါတကယ်မမှတ်မိဘူး"
Chain တစ်ယောက် ကျားကိုက်ခံရရင်း ပျားတုပ်ခံနေရပုံကို Lily တို့ ကြိတ်ရယ်နေကြတယ်။ Lock ကတော့ အဖြေကိုစောင့်နေပုံ။
"ဟိုလေ ... အဲဒါက ... အဲဒါက ဒီလိုလေ"
Lock အာရုံစိုက်နားထောင်နေပုံကို မြင်ရပြန်တော့ Chain တစ်ကိုယ်လုံးတုန်လာသလိုလို။ Lock မျက်နှာကိုလည်း မကြည့်ရဲ။ ပါးစပ်ကလည်း အင်း ... အဲ ... ကလွဲရင် ဘာမှထွက်မလာ။
"ဟိုလေ အစ်ကိုလေး ..."
"အင်း၊ ပြောလေ။ အဲဒီ အစ်ကိုလေးတို့၊ Baby တို့ ခေါ်တဲ့ကိစ္စပဲ"
"ဟိုလေ ... အင်း ... Hepius, အဲဒီကိစ္စကလေ အခုပြောလိုက်ရင် အစ်ကိုလေးစိတ်ရှုပ်သွားမယ်မလား? သိပ်အများကြီးမတွေးတာ ကောင်းမယ်ထင်တယ်နော်!"
ဆရာဝန်သည် ရှေ့နေမဟုတ်ပါ။
"ပြောလို့ရပါတယ်။ ရှင်းရှင်းလေးကို"
"ဟင်! မင်းကလည်း ... မဟုတ်ဘူးလေ။ မီးငယ် ..."
"အင်း၊ Chain, ဟုတ်တယ်။ အခုက ကိုကို့ကိုဆေးတိုက်ဖို့နီးနေပြီ။ မီးငယ် ကိုကိုတစ်ခုခုစားဖို့အတွက် သွားယူလိုက်မယ်။ ကိုကို့ကို သေချာရှင်းပြထားလိုက်နော်"
"သွားရအောင် မီးငယ်လေး။ Nancy ဘာပြင်ပေးထားမလဲမသိဘူး"
Hepius ကပါ Lily ပခုံးလေးကိုင်ပြီး ထွက်သွားလေသောအခါ ...
"သူတို့က မပြောပြချင်လို့လား? ငါတို့ဘာဖြစ်ခဲ့လို့လဲ?"
"ဟိုလေ ..."
"မင်းဘာဖြစ်နေတာလဲ? ဟိုလေဆိုတာကနေ ရှေ့ဆက်ဦးမှာလား?"
"အစ်ကိုလေးက ငါ့ကိုသဘောမကျဘူး"
"အင်း၊ ဟုတ်မယ်ထင်တယ်။ အခုကတော့ သဘောမကျဘူးရယ်လို့ မခံစားရပေမဲ့ မင်းနဲ့ပတ်သက်တဲ့ ပျော်စရာလိုအဖြစ်မျိုး ငါမခံစားရဘူး။ ငါသိတာ ဘူးလေးတစ်ခု၊ ဟုတ်မယ်ထင်တယ်။ ဟုတ်လား?"
"အဲဒီသေတ္တာလေးကို မှတ်မိတာလား?"
Chain တအံ့တဩမေးမိတယ်။ ထင်မထားခဲ့ဘူးလေ။
"အင်း၊ ငါ့ကိုပေးတာ မင်းမဟုတ်လား?"
"ဟုတ်ပါတယ်"
"ပြောတော့လေ။ ဟိုနေ့ကရှင်းပြတာတွေအရ အဖေဆုံးတာနဲ့ပတ်သက်ပြီး ငါကများ မင်းကို အထင်လွဲခဲ့တာတွေ ရှိနေတာလား?"
"ဘယ်လို? အာ ... အဲဒါက ဘယ်လိုပြောရမလဲ? အထင်မှားစရာလေးတွေရှိခဲ့တယ်"
"Baby လို့ခေါ်ခံရရင် ငါ့စိတ်ထဲ မင်းနဲ့ရန်ဖြစ်ဖူးသလို ခံစားရတယ်။ အဲဒီလိုခေါ်တာကို တားချင်နေတယ်"
Baby ရယ်၊ မေ့နေတာတောင် အဲဒါကိုတော့ သိနေသေးတာလား?
"ဘာဖြစ်သွားတာလဲ? မျက်ရည်ဝဲနေတာလား? ငါကမမှတ်မိလို့ စိတ်ထဲရှိတာပြောပြတာလေ။ ပြီးတော့ ငါတို့က ဘယ်လိုပတ်သက်သေးတာလဲ?"
မဖြေမချင်း လှည့်ပတ်မေးနေတော့မယ့် Chain ကြောင့်
"ငါက အစ်ကိုလေးကိုဖွင့်ပြောဖူးလို့ အစ်ကိုလေးက ခါးခါးသည်းသည်းဖြစ်နေခဲ့တာ"
"ဪ၊ ရည်းစားစကားကို ဆိုလိုချင်တာလား?"
Chain ခေါင်းညိတ်ပြရုံသာ တတ်နိုင်တယ်။
"ထင်တော့ထင်သား။ ငါသတိရလာတုန်းက မင်းအရမ်းစိတ်ပူပြီးမေးနေတာလေ။ ငါတောင်တွေးမိနေတာ ငါတို့ ဘာတော်လဲလို့လေ။ တွေးလို့လည်း ပေါ်မလာဘူး။ ငြင်းခဲ့တာဆိုတော့ ငါ့မှာ Girlfriend ရှိနေတာလား?"
"ငါမသိဘူး အစ်ကိုလေး။ သူနဲ့အစ်ကိုလေးက ဘယ်လိုအခြေအနေလဲဆိုတာ ငါမသိဘူး"
ဟုတ်ပါတယ်။ Hurricane ကိုလည်း Rapunzel အကြောင်း မမေးဖူးပါ။
"သူမနာမည်က ဘာတဲ့လဲ?"
"Rapunzel"
"ငါမမှတ်မိဘူး Chain"
Baby က Rapunzel ကိုမမှတ်မိဘူးတဲ့လား။ ဒါဆိုရင် သူငယ်ချင်းထက်ပိုတာမျိုး မပတ်သက်ခဲ့ကြဘူးလား?
"ငါက မင်းကိုငြင်းခဲ့တယ်လို့ မင်းပြောတယ်နော်။ အဲဒါဆို ဘာလို့ Baby ခေါ်တာလဲ?"
"အစ်ကိုလေးခိုင်းတာ လုပ်ပေးခဲ့ရင် ခေါ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့လို့ပါ"
"ဘယ်လိုမျိုးလဲ?"
Chain သက်ပြင်းချရင်း
"နောက်မှပြောပြလို့ရမလား?"
"အင်း၊ နောက်တစ်ခါငါမေးရင် ပြောပြပါ။ လက်ထပ်ဖို့ကိစ္စက ငါပဲဆုံးဖြတ်ရမယ်ဆိုရင် ငါမငြင်းဘူး"
မငြင်းဘူး။ Baby ကလက်ခံတယ်။ လက်ထပ်ဖို့ဆိုတာကြီးကိုလေ။ ဘယ်လိုတွေ ကံဇာတာက ...
"ငါ အရင်အကြောင်းတွေကို သတိမရခင်မှာ အဲဒီလိုဆို ပိုအဆင်ပြေမှာမဟုတ်လား? ဒီတိုင်း လက်မှတ်ထိုးရုံကတော့ ယောက်ျားလေးတွေပဲ ဘာမှနစ်နာစရာမရှိဘူးမဟုတ်လား? နောက်မှ ကွာရှင်းချင်ရင်လည်း ရတာပဲကို"
ရူးနေလိုက်တော့ Chain ရယ်။ Baby ပြောနေတာက အခုလောလောဆယ် အလုပ်ကိစ္စတွေအဆင်ပြေဖို့ရယ်၊ ယောက်ျားချင်းမို့ ဘယ်လိုနစ်နာစရာကိစ္စမှ ဖြစ်မလာနိုင်လို့ရယ်၊ နောက်ပိုင်းမလိုတော့ရင် ကွာရှင်းဖို့ရယ်။
ပြဿနာမရှိပါဘူး။ စိတ်ကူးထဲမှာတောင် မဖြစ်နိုင်တဲ့ကိစ္စကို တစ်လပဲဖြစ်ဖြစ်၊ တစ်ပတ်ပဲဖြစ်ဖြစ် Baby တောင်သဘောတူတာ ဘာလို့ငြင်းရမှာလဲ?
"ငါက အစ်ကိုလေးသဘောအတိုင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေအားလုံးကိုတော့ ရအောင်ရှင်းပေးမှာပါ"
"ပြီးတော့ မနေ့ကငါမှတ်ထားမိတယ်။ ငါအခု နှစ်ဆယ့်ကိုးနှစ်ပြည့်ပြီးပြီမဟုတ်လား? မင်းကမပြည့်သေးဘူး။ ငါ့ထက်ငယ်တာကို ဘာလို့ Baby ခေါ်တာလဲ?"
ပြန်လည်လာပြန်ပြီ။ ဒီမေးခွန်းကလေ ဘယ်အချိန်မှမပြောင်းမယ့် ကိန်းသေတစ်ခုလိုပဲ။
"ရှင်းပြရရင် ရှည်တယ်။ နောက် စကားကြုံရင် သေချာပြောပြပါ့မယ်"
"ပြီးတော့ ငါ့နာမည် Ivy ဆိုတာကို သေချာမှတ်မိတယ်။ မင်းနာမည်က ဘာလဲ?"
"ရှိတော့ရှိတယ်။ Accident ကြောင့်မေ့သွားပြီးကတည်းက ခေါင်းဆောင်ပေးတဲ့ Chain ဆိုတာကိုပဲ သဘောကျလို့ အဲဒီနာမည်ပဲ ခေါ်ပါလား?"
"ငါက သိချင်လို့ပါ။ ပြီးတော့လေ ငါမှတ်မိတဲ့ ငယ်ငယ်ကအသိတစ်ယောက်နဲ့ မင်းနဲ့တူနေသလိုပဲ"
"ဘယ်သူလဲ အစ်ကိုလေး။ ကျောင်းတုန်းကလား?"
"ငါတို့ ဆယ့်နှစ်နှစ်သားမှာ မင်းရောက်လာတာဆိုတော့ မင်းနဲ့မဆုံခင် ဟိုးငယ်ငယ်တည်းကဆုံဖူးတာ။ မှတ်မိသလောက်ကတော့ သူ့မှာဒဏ်ရာတွေနဲ့"
ဒါဆို Baby က Dexter ကိုမှတ်မိတာလား? တစ်လျှောက်လုံးပျောက်နေတဲ့ မှတ်ဉာဏ်အပိုင်းက အခုမှ ထင်ရှားလာသတဲ့လား?
"သူ့နာမည်မှတ်မိလား အစ်ကိုလေး?"
"ငါ စဉ်းစားလို့မရဘူး။ ကျောင်းဝတ်စုံလေးဝတ်ထားတာတော့ မှတ်မိတယ်။ ငါတို့ သိပ်မတွေ့ဖြစ်ကြဘူးထင်တယ်"
သိပ်မတွေ့ဖြစ်ကြတာမဟုတ်ဘူး။ တစ်ကြိမ်တစ်ခါတည်းပဲ ဆုံဖူးကြတာပါ။
ဝမ်းသာမိတယ် Baby, Dexter ကို သတိတရရှိနေပေးလို့ပေါ့။
"Chain! ဘာပြုံးနေတာလဲ? ငါမေးနေတယ်လေ"
"ဗျာ! ဘာ ... ဘာမေးလိုက်တာလဲ?"
"လက်မှတ်ထိုးဖို့ကို မီးငယ်တို့စီစဉ်မှာဆို အခုစီစဉ်ဖို့ ပြောရမယ်မဟုတ်လားလို့ မေးနေတာ။ ပြီးတော့ Paris ကိုလည်း ငါ့ကိုယ်စား မင်းပဲလာမယ်ဆိုတာ အကြောင်းရမယ်လေ"
မေ့တဲ့အပိုင်းတွေကသာ အများကြီးဖြစ်နေပေမဲ့ အခုရက်ပိုင်းပြောပြထားတာတွေကို သေချာမှတ်ထားနိုင်ပြီး သိသလောက်ကို အကွက်ကျကျစီစဉ်နိုင်တာတော့ ဘယ်လိုမှပြောင်းမရတဲ့ဗီဇ။
"မီးငယ်ပြန်လာရင် စီစဉ်ခိုင်းလိုက်ပါ့မယ်"
စကားစရပ်ပြီး အတွေးကိုယ်စီနဲ့ ငြိမ်သွားကြတဲ့ Lock နဲ့ Chain.
တံခါးခေါက်သံကြားမှ သတိပြန်ဝင်လာကြပြီး Lock က တံခါးသွားဖွင့်ပေးတော့
"ကိုကို စားရအောင်လေ။ ကိုကြီးက အစ်မ Nancy နဲ့ ကျန်ခဲ့ပြီ"
Lily က ပြင်ဆင်ပေးပြီး သုံးယောက်သား စားပွဲမှာဝိုင်းထိုင်ကြရင်း
"မီးငယ်၊ လက်မှတ်ထိုးဖို့ကိစ္စ လုပ်လိုက်တော့။ ပြီးတော့ Luxury House ကိုသွားပြီး ဓာတ်ပုံတချို့ရိုက်ကြတာပေါ့။ Chain လည်း အကြာကြီးမတ်တပ်မရပ်ရမယ့်၊ ကိုယ်တို့လည်း ဒဏ်ရာမပေါ်နိုင်မယ့် အနေအထားမျိုးတွေနဲ့ပေါ့"
"ကိုကို၊ တကယ် ... ?"
"အင်းလေ၊ ဘာဖြစ်လို့လဲ?"
"Chain, ကိုကို့ကို ဘာတွေရှင်းပြလိုက်လို့လဲ?"
"ဘာမှသေချာမရှင်းပြရသေးလို့ပါ။ အကုန်သိရင် အစ်ကိုလေး ထသတ်မှာ"
"ငါသိချင်တယ်။ မင်းဘာတွေလုပ်ထားလို့ ငါကမကြည်ခဲ့တာလဲ ဆိုတာကိုလေ"
"ဟာ! သိချင်မနေနဲ့။ အခု အကုန်အဆင်ပြေနေတာပဲ။ နောက်လည်း ကိုကိုတဖြည်းဖြည်းသတိရလာမှာ"
"Paris ကပြန်လာရင် အကုန်ပြောပြပါ့မယ် အစ်ကိုလေး"
"Chain, အဆင်ပြေနေပါတယ်ဆိုတာကို ဘာလို့အတင်းရှင်းပြနေတာလဲ? ထားလိုက်တော့။ ခဏနေရင် လက်မှတ်ထိုးဖို့ရယ်၊ ကိုကြီးအိမ်မှာ ဓာတ်ပုံရိုက်ဖို့ရယ်၊ Back date နဲ့ ပြန်လုပ်ဖို့ရယ် စီစဉ်ပေးမယ်။ Nick, Nick က လုံးဝ Professional Photographer ပဲ။ သူနဲ့ပဲရိုက်လိုက်ရင် သတင်းလည်း ထိန်းပြီးသားဖြစ်ပြီ"
တက်ကြွနေတဲ့ Lily နဲ့ ခေါင်းတညိတ်ညိတ်နားထောင်နေတဲ့ Lock ကိုကြည့်ပြီး Chain မှာတော့ ရုတ်တရက်ကြီး ယောက်ျားရမယ့်အဖြစ်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ အယောင်ယောင်အမှားမှားရယ်။ ယူရမှာကလည်း ကိုယ့်အသက်ထက်ချစ်ရတဲ့ ငယ်ချစ်ဦး။
"Chain ရေ၊ ခက်ရင်းကြီးကိုင်ပြီး ထမင်းတွေကိုထိုးနေတာလား? အဲဒီအချဉ်တွေကရော စားလို့လား?"
"ဟင်! ဪ ... Meeting ကိစ္စလေး အတွေးရောက်သွားလို့ပါ"
"ဟုတ်ပါ့မလား? စိတ်တွေက နောက်နှစ်ရက်အထိရောက်သွားတာတော့ မဖြစ်နိုင်ဘူးထင်တယ်နော်"
ရယ်ကျဲကျဲပြောလာတဲ့ Lily နဲ့ အသည်းအသန်ဖြေရှင်းနေတဲ့ Chain ကို တစ်လှည့်စီကြည့်ရင်း Lock ကတော့ ပုံမှန်အတိုင်း ဆက်စားနေတယ်။
Chain ခမျာတော့ ထမင်းလည်းစားမဝင်နိုင်။
"Chain, မင်း ဗိုက်မဆာရင်လည်း မစားနဲ့လေ။ ပန်းကန်ထဲလည်း ဝက်စာဖြစ်နေပြီ"
အမှန်ပဲ၊ ထည့်ချင်ရာတွေထည့်ပြီး မစားဘဲမွှေနေတာနဲ့တင် ပွထနေပြီ။ Lock ပြောမှ သတိကပ်လာတာ။
"Chain က Paris မသွားမချင်း ရင်ပြည့်နေတော့မှာ ကိုကို။ အဖတ်မလုပ်နဲ့၊ ထားလိုက်"
"သူက ဘာဖြစ်နေလို့လဲ မီးငယ်"
"သူကလား? နှလုံးရောဂါလေ"
Lily စကားကြောင့် Lock တွေးမိသွားပြီ။
Chain က ကိုယ့်ကို ရည်းစားစကားပြောဖူးတယ်ဆိုရင် အခုလိုစီစဉ်တာက သူ့အတွက် ပျော်စရာမဟုတ်လား? မျက်နှာမှာတော့ ဘာမှမပေါ်ဘူးဆိုပေမဲ့ လုပ်ကိုင်နေတာတွေက လွဲနေသလိုပဲ။
မီးငယ်ပြောတဲ့ နှလုံးရောဂါဆိုတာ အဲဒါကြောင့်နောက်တာနေမှာ။ သူက ကိုယ့်ကို တကယ်ချစ်နေတဲ့ပုံ။ ကွာရှင်းချင်တဲ့အချိန် ကွာရှင်းလို့ရတယ်လို့ ပြောလိုက်မိတာကိုများ တစ်မျိုးတွေးနေမလား?
"ကိုကိုရေ ... လို့! ခေါ်နေတယ်လေ"
"အင်း၊ မီးငယ်။ ဘာပြောတာလဲ?"
"ဓာတ်ပုံရိုက်ဖို့လေ၊ အဖြူရောင်ဝတ်ကြမှာလား? အနက်ရောင်ဝတ်ကြမှာလား?"
"မသိဘူးလေ။ မီးငယ်အကြံအစည်ဆိုတော့ မီးငယ်စီစဉ်လေကွာ"
"Okey"
¤
"ရပြီ။ လက်မှတ်ထိုးတဲ့ကိစ္စ ပြီးပြီဆိုတော့ ကိုကြီးအိမ်ကိုသွားရအောင်။ ဟိုမှာ Designer တွေစောင့်နေတယ်။ သူတို့က စိတ်ချရတဲ့လူတွေချည်းပဲ"
¤
"ကိုကိုရေ၊ မီးငယ်ဝင်လာမယ်နော်"
"ခဏ! Chain အဝတ်လဲနေတယ်"
"ရပြီလား ကိုကိုရေ"
"အင်း"
"Wow! ကိုကိုက သိပ်ခန့်တာပဲ။ Chain ကရော? ဘာလုပ်နေတာလဲ?"
"ပတ်တီးကို သေချာပြန်စည်းနေရလို့ ကြာနေတာ"
"လာပြီ မီးငယ်"
"Chain!"
သိပ်ချောနေတဲ့ သတို့သားတစ်ယောက်ကြောင့် ငေးခနဲ။ ရုတ်တရက် ဝဲတက်လာတဲ့မျက်ရည်တွေကို ထိန်းလိုက်တာတောင် Chain က မြင်သွားပြီး စိုးရိမ်တဲ့အကြည့်တွေနဲ့ တစ်ခုခုပြောချင်နေပုံကြောင့် အတတ်နိုင်ဆုံးပြုံးပြီးသာ ကိုကို့ဘက်လှည့်လိုက်တယ်။
"ကိုကိုတို့က ဘာလို့သိပ်ချောနေကြတာလဲ? ဒီတိုင်းဆို မီးငယ်ကို ဘယ်သူကမြင်ကြတော့မှာလဲ?"
"ကိုကို့ညီမလေးကို မျက်လုံးကျွတ်မတတ် ကြည့်မယ့်ကောင်တွေချည်းပဲနေမှာ။ ကိုယ့်ဘာသာလည်း ပြန်ကြည့်လိုက်ဦး၊ အရုပ်လေးဖြစ်နေပြီ"
အထပ်ထပ်တွေနဲ့ ဂါဝန်တိုတိုကားကား နံ့သာရောင်လေးဝတ်ထားတဲ့ Lily က သူမရဲ့ အသားဝင်းဝင်းလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေပြီး အရုပ်လေးတစ်ရုပ်လိုပါပဲ။ ဒီကလေးကို နှစ်ဆယ့်သုံးနှစ်ပါလို့ပြောရင် ဘယ်သူယုံမှာလဲ? အသက်မပြည့်သေးတဲ့ ကလေးလေးလို အရမ်းကို နုနုငယ်ငယ်လေးဖြစ်နေတာလေ။
ဒါပေမဲ့ ခုနက Chain ကိုမြင်မြင်ချင်း တစ်ချက်ငြိမ်သွားပြီး မျက်ရည်ဝဲသွားသလိုလို။ ကိုယ်ပဲ မျက်စိမှားတာလား?
"ကဲ! တစ်ခန်းတည်း နှစ်ယောက်အတူတူပြင်နေတဲ့ကောင်တွေ ပြီးကြပြီလား?"
"ပြီးပြီ Hepius"
"ဟာ ... You look so handsome in Grey ပါပဲကွာ။ မီးငယ်က ခဲရောင်ရွေးကြလို့ အရောင်မှိန်မယ်ထင်တယ်ဆိုပြီး ပြောနေသေးတာ။ အခုတော့ ကြည့်ကောင်းနေကြတာပဲ"
"ကဲ! ငါးချဉ်တွေမို့ ချဉ်တယ်မပြောကြနဲ့တော့။ သွားရအောင် ဓာတ်ပုံရိုက်ဖို့"
"အင်း၊ သွားကြမယ်။ ဒီမိတ်ကပ်တွေနဲ့ ကြာကြာနေရင် ငါတို့သေလိမ့်မယ်။ မျက်နှာက ဒဏ်ရာတွေမပေါ်အောင် မနည်းလုပ်ထားရတာ"
¤
"ခေါင်းဆောင် ဘေးနည်းနည်းစောင်းလိုက်ပါလား။ နဖူးကဒဏ်ရာက နည်းနည်းသိသာနေလို့။ Chain ခါးကလက်က သေချာကိုင်လေ။ အဲဒီလို လက်သီးဆုပ်မထားနဲ့။ ခါးပေါ်သေချာဖက်ထား၊ နည်းနည်းပြုံး။ OK! ready ... Smile"
ဘယ်လိုလုပ်မလဲ? Baby နဲ့ အဲဒီလောက်နီးကပ်နေတာ ဘယ်လိုနေရမှာလဲ? ရင်ခုန်လွန်းပြီး သေတော့မှာလားမသိဘူး။
"Camera ခဏ! ဟိုမှာ သတို့သားက ချွေးစို့နေပြီရှင့်။ ရင်ခုန်လွန်နေတယ်ထင်တယ်။ မိတ်ကပ်နည်းနည်း on ရမယ်"
အလှဖန်တီးရှင်ဆိုတဲ့သူက ချက်ချင်းအနားရောက်လာပြီး မိတ်ကပ်တွေရိုက်နေပြန်ပြီ။ မြန်မြန်ပြီးမှပါပဲ။
"Chain ဟိုဘက်တိုးလေ။ ခေါင်းဆောင်လက်က Chain ပခုံးကိုကျော်ထားလိုက်။ ရပြီ"
ဒီလိုကြီး ခုတင်ပေါ်လှဲရိုက်စရာလားကွာ။ ငါသေတော့မယ် Nick ရေ။ ခွေးကောင်၊ ပြီးမှတွေ့မယ်။
လောလောဆယ် Baby နှုတ်ခမ်းဆီ အာရုံရောက်လို့မဖြစ်ဘူး။ ရှုပ်ကုန်တော့မှာပဲ။
နှုတ်ခမ်းတွေကြားကလက်တွေကလည်း အေးစက်နေလို့ Baby တောင် ဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ကြည့်နေပြီ။
Hepius ကလည်း လူယုတ်မာအပြုံးနဲ့ ကြည့်နေတယ်။ သတ်ပစ်ဦးမှာ။
တစ်ယောက်တည်း လူးခါနေပြီး တွေ့သမျှပတ်ရမ်းချင်နေပါသော သတို့သားရယ်ပါ။
¤
"ကဲ၊ ရပြီ။ ပြန်ချင်တဲ့လူတွေ ပြန်နားလို့ရပြီ။ ခေါင်းဆောင်တို့က ခဏနားပြီးရင် အိမ်မှာနေတဲ့ပုံတွေ ဆက်ရိုက်ရမယ်"
"ဘာရယ်? လိုလို့လား?"
"လိုတယ် Chain ရဲ့။ ကိုယ့်လူတွေနဲ့ ပေါ့ပေါ့ပါးပါး စားသောက်ကြတာမျိုး၊ ပြီးတော့ တစ်ယောက်ယောက်ကို နှစ်ယောက်တွဲပုံ ရိုက်ခိုင်းတာမျိုး။ ပြီးတော့ selfie shot တွေရယ်"
OMG! ပြီးတော့၊ ပြီးတော့တွေက ဘယ်တော့မှ ပြီးမှာလဲ? ဘယ်အထိသတ်ကြမှာလဲ?
Baby ရေ၊ ငြင်းပါဦးကွာ။ ကိုယ်တော့ တကယ်ကြီးလို့ပဲ တွေးနေမိပြီ။
မေးပါရစေ။ Baby နှုတ်ခမ်းကို တကယ်နမ်းလို့ရလားဟင်?
■■■■■ Part XXVI ဆက်ရန် ■■■■■ (စိတ်မကြည်လို့ စာလုံးပေါင်း ပြန်မစစ်ထားမိ) ■■■■■

Коментарі