17. Anger
"ဟာ၊ Chain. နိုးလာပြီလား။"
"ဟုတ်"
*Knock ... Knock ... Knock*
တံခါးပွင့်လာပြီး
"အစ်ကိုလေး၊ အဲဒါက ..."
"အင်း၊ ပြောလေ။"
"ပြောပါဦး။"
"မဟုတ် ..."
"ကိုကို၊ မီးငယ် ..."
"အခုဆင်းသွား"
"ဟို ..."
"သွားတော့"
"ရည်ရွယ်ချက်က ဘာလဲ။"
"ငါမသိဘူး။"
"မဟုတ်ဘူး အစ်ကိုလေး။"
"လွှတ်စမ်း"
"ထစမ်း"
'ဟုတ်ကဲ့ပါ။ Baby သဘောအတိုင်းပါပဲ။'
"ကိုကို"
"မသတ်ဘူးလား Baby?"
"ဟုတ်ကဲ့ပါ။"
¤
တစ်ဖက်မှာလည်း
"အဟင့် ... ကိုကြီး"
"ဟာ၊ ဘာဖြစ်တာလဲ မီးငယ်။ ဘာဖြစ်လို့ငိုတာလဲ။"
"ဟုတ်"
"ဘယ်မှာလဲ။"
"ဟုတ်၊ မီးငယ်သိပါပြီ။"
"ဒါဆို သွားပြီနော်။ Bryan ကိုခေါ်သွားမယ်။ Nick ဒီကိုလာလိမ့်မယ်။"
■■■■■ Part XVIII ဆက်ရန် ■■■■■
ခပ်လှမ်းလှမ်းက စကားပြောသံတွေကြားနေရသလိုပဲ။ အိပ်ရာနိုးလာသလိုပဲမို့ မျက်လုံးတွေအဖွင့်။
ဘယ်ရောက်နေတာလဲ။ ဒါ ဂိုဒေါင်(၂)ရဲ့နားနေခန်း။ ဘာတွေလဲ။
Chain ထထိုင်လိုက်ပြီး စဉ်းစားနေရာကနေ အပြင်ကိုထွက်လာတော့
"ဟာ၊ Chain. နိုးလာပြီလား။"
တပည့်နှစ်ယောက်က အရိုအသေပေးပြီး အနားကို စိုးရိမ်တကြီးကပ်လာကြတယ်။
"အင်း၊ ဘာတွေဖြစ်သွားတာလဲ။"
"လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကပဲ လူသုံးယောက်၊ ကားတစ်စီးနဲ့ Chain ကို လာပို့ပေးသွားကြတာပါ။ Chain ရဲ့ပစ္စည်းတွေရော၊ လက်နက်တွေရောပါ ပေးသွားပါတယ်။ ဘယ်သူတွေလဲမသိလိုက်ရဘူး။ အခုအချိန်က တာဝန်လဲကြတဲ့အချိန်လေ။ ကျွန်တော်တို့လည်း အခန်းထဲခေါ်လာပြီး အခြေအနေစောင့်ကြည့်နေတာ။"
တစ်ယောက်ကရှင်းပြပြီးတော့ နောက်တစ်ယောက်က
"ဟုတ်။ ကျွန်တော် ခုနကပဲ ဆရာ Bryan ကို အကြောင်းကြားထားပါတယ်။ Violet နဲ့ Redကိုတော့ ဆရာကပဲ ဆက်သွယ်လိုက်မယ်ပြောပါတယ်။ Chain အဆင်ပြေရဲ့လားဗျ။"
တာဝန်လဲချိန်ဆိုတော့ မနက်ခြောက်နာရီ။ မဟုတ်သေးပါဘူး၊ တစ်ညနဲ့ပဲ ပြန်လွှတ်တာလား။
ချက်ချင်းပဲ အခန်းထဲပြန်ဝင်၊ ဖုန်းကိုယူပြီး Date ကိုကြည့်မိတယ်။ တကယ်ပဲ တစ်ညနဲ့ပြန်လွှတ်ခဲ့တာပဲ။ မဖြစ်ဘူး၊ Baby သိရင် သံသယဝင်ပြီပဲ။
ပစ္စည်းတွေအကုန်ကောက်ထည့်ပြီး အပြင်ထိပြေးထွက်ခဲ့တော့ နောက်ကနေ တပည့်တွေပါ ပြေးလိုက်လာကြတယ်။ ရှေ့မှာတွေ့တဲ့ဆိုင်ကယ်ပေါ် အမြန်တက်လိုက်ပြီး
"Bryan လာရင် ပြောလိုက်ပါ။ ငါ Violet ကိုသွားတယ်လို့။"
"ဟုတ်"
Griffin က ရန်တိုက်ပေးဖို့ စီစဉ်နေတာပဲ။
Violet အိမ်တော်ကိုရောက်တော့ ဂိတ်က ကိုယ့်ကိုမြင်တာနဲ့ အံ့ဩတကြီးတံခါးဖွင့်ပေးတယ်ဆိုရင်ပဲ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းဝင်ပြီး ဆင်ဝင်အောက်မှာထိုးရပ်လို့ Baby အခန်းဆီသာ ဦးတည်လိုက်မိတယ်။ Violet တစ်ခုလုံးတော့ ပွက်လောရိုက်နေမလား။
*Knock ... Knock ... Knock*
"အစ်ကိုလေး၊ တံခါးဖွင့်ပါဦး။ အစ်ကိုလေး။"
တံခါးပွင့်လာပြီး
"Wow! မြန်လွန်းနေပါလား။ Bryan အကြောင်းကြားတာ ခုနကပဲလေ။ မင်းအစွမ်းကလည်း မသေးဘူးနော်။ Red နဲ့ Indigo ကရှာမတွေ့သေးတဲ့ နေရာကနေ မင်းက အထိအခိုက်မရှိ ပြန်ရောက်လာနိုင်တာပဲ။ တစ်ညလုံးရှာနေတဲ့ မင်းကောင်တွေတော့ သနားပါတယ်။ ပြောကြည့်ပါဦး၊ ဘယ်လိုတွေလုပ်လာလဲလို့။"
ထင်တဲ့အတိုင်းပဲ Baby က အထင်လွဲနေပြီ။ ဘယ်ကစပြီးရှင်းရမှန်းမသိ။ တစ်လမ်းလုံးတွေးလာသမျှတွေက Baby ရဲ့ သံသယအကြည့်စူးစူးတွေအောက်မှာ ဘယ်ပြေးကုန်မှန်းမသိ။
"အစ်ကိုလေး၊ အဲဒါက ..."
"အင်း၊ ပြောလေ။"
ခပ်ရွဲ့ရွဲ့မျက်နှာထားနဲ့ မေးငေါ့နေတာကို ပြန်ကြည့်နေမိတော့ ပခုံးကိုတိုက်ပြီး ဧည့်ခန်းဆီသွားလို့ နောက်ကလိုက်ရပြန်တယ်။ Lock က ဆိုဖာမှာထိုင်လိုက်တာမို့ Chain က ရှေ့မှာရပ်လိုက်တော့
"Matthew ကတော့ မင်းအတွက်ကာကွယ်ပေးရကျိုး နပ်ပြီပေါ့။"
"Matthew, သူဘယ်လိုအခြေအနေရှိလဲ အစ်ကိုလေး။"
"50 - 50 ပဲတဲ့။ Hepius ထပ်အကြောင်းမကြားသေးဘူးဆိုတော့ ဘာမှမထူးသေးဘူး။ သတိမလည်သေးဘူး။ မင်း ဘာမှရှင်းပြစရာမရှိဘူးလား။"
"သူတို့ ငါ့ကို ဘာလို့အလွယ်တကူလွှတ်ပေးလဲဆိုတာတော့ ငါသိတယ်။"
"ပြောပါဦး။"
"ငါ့အပေါ်မှာ အစ်ကိုလေးသံသယတွေ ပိုကြီးလာအောင်လေ။"
"ဪ ..... Bermuda က အဲဒီလောက်အားနေတာလား။"
"မဟုတ် ..."
"Chain. ဘာဖြစ်သွားသေးလဲ။"
အသံနဲ့အတူအနားရောက်လာပြီး လူကိုလှည့်ပတ်ကြည့်နေတဲ့ Lily ကို Lock က
"မီးငယ်၊ ဒီကောင် ဘာမှမဖြစ်ဘူး။ မင်းသွားစမ်း။ ဒီကို ဘယ်သူမှတက်မလာစေနဲ့။ မင်းလည်း အခုဆင်း။"
"ကိုကို၊ မီးငယ် ..."
"အခုဆင်းသွား"
မျက်လုံးတွေမီးတောက်နေတဲ့ Lock ရဲ့ဒေါသကြောင့် Lily ကြောင်နေပြီးမှ သတိဝင်လာပြီး
"ဟို ..."
"သွားတော့"
ဘယ်လိုမှထိန်းမရနိုင်တော့တဲ့ အခြေအနေမို့ Lily လှည့်ကြည့်လှည့်ကြည့်နဲ့ ပြန်ဆင်းသွားရတယ်။
"မင်းနဲ့ Bermuda ဘယ်လိုပတ်သက်လဲ?။ ပြောစမ်း။"
"ငါက သူတို့နဲ့ ကင်းပါတယ်။"
ကိုယ်ပြောတဲ့အထဲ မုသားမပါဘူး Baby. ကိုယ့်ဘက်က သူတို့နဲ့မပတ်သက်ခဲ့ဘူး။ သားအဖဆိုတဲ့ ကိုယ်လုပ်ယူထားတာမဟုတ်တဲ့ကိစ္စက လွဲလို့ပေါ့။
"ဆိုတော့ ... မနေ့က သူတို့က သူတို့လူတွေပါအထိခိုက်ခံပြီး ငါတို့နဲ့ သေနတ်ပစ်တမ်းလာကစားပြီး မင်းကိုအိမ်လည်ခေါ်တယ်။ ဒီနေ့တော့ ဆော့ရတာပျင်းသွားလို့ မင်းကို အိမ်ပြန်လိုက်ပို့ပေးတယ်။ အဲဒီလိုလား။"
"အစ်ကိုလေးကိုလုပ်ကြံတာ မအောင်မြင်ခဲ့တာပါ။"
"ခေါင်းဆောင်ကိုလုပ်ကြံတာ မအောင်မြင်ဘူး။ ဖမ်းမိတဲ့ဒုခေါင်းဆောင်ကကျ အသုံးမဝင်လို့ ပြန်လွှတ်ပေးတယ်ဆိုရင် Bermuda က သူတော်ကောင်းတွေပေါ့။ ရန်သူလို့သတ်မှတ်ပြီးမှတော့ မင်းကို ဘာလို့ အထိအခိုက်မရှိ ပြန်လွှတ်ပေးတာလဲ။ မင်းဘာသာဖောက်ထွက်လာတာတောင် မဟုတ်ဘူးလေ။ အဲဒီတော့ သူတို့က မင်းနဲ့တော့ ရန်သူမဟုတ်ဘူးပေါ့။"
"အဲဒီလိုထင်အောင်လုပ်တာပဲ။"
"ရည်ရွယ်ချက်က ဘာလဲ။"
"ငါမသိဘူး။"
"အဟက်၊ မင်းက ဘာလဲ Chain. မင်း ဘယ်ကလူလဲ။"
"ငါက သေပြီးတဲ့အထိ Spectrum က လူ။"
"တော်စမ်း။ မင်းပြောဖူးတယ်။ မင်းက နတ်ပြည်လည်းမရောက်၊ ငရဲကလည်းလက်မခံတဲ့ လူသေတစ်ကောင်ဆို။ ပြောစမ်းပါဦး၊ မင်းစကားအဓိပ္ပါယ်က ဘာလဲ။"
"ငါ့ကို အထင်မလွဲပါနဲ့။ အစ်ကိုလေးနဲ့ Spectrum အပေါ် ငါ သစ္စာမဖောက်ဖူးပါဘူး။"
"အေး၊ အစကတည်းက သစ္စာမခံခဲ့တာမဟုတ်ဘူးလား။"
"မဟုတ်ဘူး အစ်ကိုလေး။"
"မယုံဘူး။ ငါ လုံးဝမယုံဘူး။ အဖေ့ကိစ္စ ငါစုံစမ်းခဲ့တာ မင်းနဲ့ပတ်သက်တဲ့သက်သေ ရှာမတွေ့ခဲ့ပေမဲ့ ဦးငယ်ကိစ္စအထိ ငါဆက်ရှာမှာ။ အခုကိစ္စလည်း မင်းကို ငါမယုံဘူး။ Bermuda နဲ့ ဘယ်လိုပတ်သက်လဲမသိတဲ့ မင်းကို Spectrum မှာ ဆက်မထားနိုင်ဘူး။"
Chain က Lock ရှေ့မှာ ဒူးထောက်လိုက်ပြီး
"ငါ့ကိုယုံပေးပါ။ Bermuda ရဲ့အကြံအစည်ကို ငါ ရအောင်ဖော်ပေးပါ့မယ်။ ခဏပဲစောင့်ကြည့်ပေးပါ။"
"ငါတို့အကုန် အသတ်ခံရတဲ့အထိ စောင့်ကြည့်ပေးရမှာလား။"
"မဟုတ်ပါဘူး။ အဲဒီလိုလည်း ဘယ်တော့မှအဖြစ်မခံဘူး။ ငါ့ကိုမယုံရင်တောင် စောင့်ကြည့်နေပေးပါ။ အစ်ကိုလေးမျက်စိရှေ့မှာပဲ Bermuda ရဲ့အကြံကို ငါပြောပြပေးနိုင်ပါတယ်။"
"ငါက အာရုံအနောက်ခံပြီး မင်းကိုစောင့်ကြည့်နေရဦးမှာလား။ မလိုချင်ဘူး၊ ငါဘာမှမလုပ်မိခင် မင်းထွက်သွားပါ။ မင်းစိတ်ရင်းဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ့အသက်ကိုကယ်ဖူးတာတွေကြောင့် မင်းကိုဘာမှမလုပ်သေးခင် မင်းသွားပါ။"
ပြောပြီး အခန်းထဲပြန်ဝင်ဖို့ပြင်တဲ့ Lock ရဲ့ခြေထောက်ကို Chain လှမ်းဆွဲပြီး
"Baby, ကိုယ်တောင်းပန်ပါတယ်။ Baby လက်နဲ့ပဲဖြစ်ဖြစ် သတ်ပစ်လိုက်ပါ။ ကိုယ်ထွက်မသွားနိုင်ဘူး။"
Lock က ဆောင့်ရုန်းတာကို လွှတ်မပေးတော့ Chain ကိုစိုက်ကြည့်ပြီး
"လွှတ်စမ်း"
Chain က မော့ကြည့်ရင်း ခေါင်းခါတယ်။
Lock က လွတ်နေတဲ့ခြေထောက်တစ်ဖက်နဲ့ Chain မျက်နှာကို ဖြတ်ကန်လိုက်ပေမဲ့ လွတ်ထွက်မသွားဘဲ Lock ကိုယ်တိုင်သာ ဟန်ချက်ပျက်ချင်သလိုဖြစ်သွားတာမို့ ဆိုဖာနောက်မှီကို ကိုင်ထားလိုက်ရတယ်။
Chain ရဲ့အင်္ကျီလည်ကုပ်ကနေ ဆွဲမတော့ မတ်တပ်ထရပ်လာချိန်မှာပဲ ဗိုက်ကို လက်သီးတစ်ချက်ပစ်သွင်းလိုက်လို့ ငိုက်အကျ၊ မျက်နှာကိုဒူးနဲ့တိုက်လိုက်တာမို့ Chain ပစ်လဲသွားတယ်။
ပြန်မော့ကြည့်လာတဲ့ Chain က နှာခေါင်းကနေ သွေးတွေထွက်နေလည်း ဂရုမစိုက်ဘဲ Lock ရှေ့မှာ ဒူးထောက်နေပြန်တာမို့ အင်္ကျီလည်ပင်းကနေဆွဲမပြီး
"ဒီလောက်နဲ့ လဲကျတတ်သလား မင်းက။"
ထပ်ခါထပ်ခါ ထိုးကြိတ်ခံနေရတဲ့ကြားက လဲမကျအောင်ထိန်းထားမိတယ်။ Baby က လဲမကျရဘူးလို့ ပြောလိုက်တယ်မဟုတ်လား။ Bermuda နဲ့ ပတ်သက်မှုကို ဝန်မခံနိုင်သေးတဲ့အတွက် Baby သံသယရှိနေမယ်ဆိုတာ သိပါတယ်။ ကျေနပ်တဲ့အထိ အပြစ်ပေးပါ။ ကိုယ့်မှာက Baby ကို အမှန်အတိုင်းဖွင့်မပြောခဲ့တဲ့အပြစ်တွေက အများကြီးပဲ Baby ရဲ့။
ထိုးရင်းကြိတ်ရင်း လှေကားနားရောက်လာတာကို နှစ်ယောက်လုံးသတိမထားမိကြ။
တစ်ချက်ယိုင်အကျမှာ လှေကားပေါ်ကနေပြုတ်ကျတော့ လက်ရန်းကိုလှမ်းဆွဲပေမဲ့ လက်ချော်ထွက်သွားပြီး လှေကားကိုးထစ်ကို တလိမ့်ခေါက်ကွေးပြုတ်ကျကာ လူက အမှောင်ကျမလို။
အားတင်းပြီး Landing မှာ ထိုင်ဖို့လုပ်နေရင်း ရှေ့ကိုရောက်လာတဲ့ Baby.
"ထစမ်း"
'ဟုတ်ကဲ့ပါ။ Baby သဘောအတိုင်းပါပဲ။'
ထရပ်ဖို့ကြိုးစားရင်းမှာ Baby တောင် ဘာမှမလုပ်ရသေးပါဘဲ နောက်ထပ်လှေကားတစ်ဆစ်ချိုးကနေ ယိုင်ထိုးပြီးပြုတ်ကျပြန်ပါသော ကိုယ်ဟာ ဒီတစ်ခါ ပထမတစ်ခေါက်လိုတော့ ဆိုးဆိုးရွားရွားမဟုတ်။
လှေကားရင်းမှာ အပေါ်မတက်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြတဲ့ Red ကအဖွဲ့တွေ။ Bryan နဲ့ Myron ဆီးပွေ့ထားလိုက်တာပဲ။
မူးနောက်နေတဲ့ခေါင်းကိုဖိရင်း မတ်တပ်ရပ်ဖို့ကြိုးစားတော့ ခေါင်းမှာသွေးတွေက စေးကပ်ကပ်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ထွက်သွား။ အိမ်ထဲကို ငါမခေါ်ဘဲ ဘယ်သူမှဝင်မလာနဲ့။"
"ကိုကို"
"Lily, မင်းလည်း Indigo ကမို့ ထွက်သွားစမ်း။ Bermuda ကိစ္စ စုံစမ်းနေရမှာမဟုတ်ဘူးလား။ မင်း အားနေတာလား။"
Lily က Indigo ရဲ့ နည်းပညာပိုင်းခေါင်းဆောင်မို့ Violet ထဲ ဝင်မလာနဲ့တဲ့။
အထွန့်တက်ဖို့ဟန်ပြင်နေတဲ့ Lily နဲ့ စိုးရိမ်တကြီးကြည့်နေတဲ့ အဖွဲ့သားတွေကို Chain ကပဲ
"အားလုံးထွက်သွားပေးကြပါ။"
ဘာလုပ်ရမှန်းမသိ ရပ်နေကြဆဲ။
"ထွက်သွားလေ။ ဘာလုပ်နေကြတာလဲ။ မင်းတို့က ငါ့စကားကို မနာခံဘူးပေါ့။"
Lock ထပ်အော်လိုက်တော့မှ ထွက်သွားကြတော့
"အောက်ထပ်ကအလုပ်သမားတွေလည်း အကုန်ခေါ်သွား။"
အခုရောက်နေတာ First floor မှာမို့ Ground floor က အလုပ်သမားတွေကိုပါ တန်းလျားပြန်နေခိုင်းလိုက်တဲ့ Lock.
တစ်အိမ်လုံးမှာ နှစ်ယောက်တည်းချန်ခဲ့ရမှာကို စိတ်မချကြပေမဲ့ ဘယ်သူမှမလွန်ဆန်ရဲကြ။
သူတို့ပြောရင် Lock ဒေါသပိုထွက်ပြီး Chain အခြေအနေက ပိုဆိုးသွားနိုင်တာ သူတို့သိတယ်။ ရင်တထိတ်ထိတ်နဲ့ ထွက်သွားကြတော့မှ
"မင်း အခု ဝန်ခံစရာရှိတာ ဝန်ခံရင်ကောင်းမယ်။"
"ကိုယ် ဘာမှပြောစရာမရှိပါဘူး။"
"မင်းကိုသတ်မိလိမ့်မယ် Chain."
လည်ပင်းကိုညှစ်ထားလိုက်တဲ့ Lock နဲ့ သွေးတွေကြားက ပြုံးပြီးကြည့်နေတဲ့ Chain.
Lock ရဲ့ဒေါသမျက်လုံးနဲ့ Chain ရဲ့တောင်းပန်နေတဲ့အကြည့်တွေကြား Chain အသက်ရှူနှုန်းတွေက ကမောက်ကမဖြစ်လာပြီး မျက်စိတွေပြာဝေလာရပြီ။
သတ်ပစ်လိုက်တော့ Baby ရယ်။ ဒေါသတွေပြေမယ်ဆို ကိုယ်သေပေးမယ်။
Baby အတွက် ကိုယ်စီစဉ်ထားတာတွေကလည်း Baby နားမှာ ကိုယ်မရှိတဲ့အချိန်တိုင်း ကိုယ့်အစားစောင့်ရှောက်ပေးနိုင်တာပဲလေ။ ဒါမှမဟုတ်လည်း ကိုယ့်စိတ်ဝိညာဉ်က ရှိနေပေးလို့ရရင် ရှိနေပေးပါ့မယ်။
Chain အသက်ရှူရပ်သလိုဖြစ်ပြီး အသိလွတ်သွားခဲ့ရတယ်။
လွှတ်ပေးလိုက်တော့ ကြမ်းပေါ်ပုံကျသွားတဲ့ Chain ဘေးမှာ Lock က ခဏလောက် မုဆိုးဒူးထောက်ထိုင်ကြည့်နေလိုက်ပြီးမှ Chain ရင်ဘတ်ကို ခပ်ပြင်းပြင်းတစ်ချက်ထုလိုက်တယ်။
ကိုယ့်လက်ဆ ကိုယ်သိတယ်။ ဒီလောက်နဲ့ သေစရာမရှိဘူး။
Chain တစ်ချက်လူးလွန့်သွားပြီး မျက်နှာမဲ့သွားကာ အသက်ပြင်းပြင်းရှူနေလေရဲ့။ မျက်စိတွေပွင့်လာပြီး ကိုယ့်ကိုမြင်တော့ ပြုံးသွားတယ်။
"မသတ်ဘူးလား Baby?"
"ချက်ချင်းပေးသေရင် လွယ်လွန်းတာပေါ့။"
"ခဏတော့ အသက်ရှူရပ်သွားသလိုပဲ။ သေသွားမလားထင်မိတာ။"
"မင်းရေငုပ်သလောက် မကြာပါဘူး။ ထစမ်း။"
Lock က မတ်တပ်ရပ်လိုက်ပြီး အမိန့်ပေးတော့ Chain ကြိုးစားပြီးထရပ်ပေမဲ့ ခေါင်းပေါက်သွားတာက သွေးတွေထွက်နေတာမို့ မူးပြီးထမရ။ ခြေထောက်တစ်ဖက်လည်း ဘာဖြစ်တယ်မသိ။ ဒူးထောက်လိုက်ပြီး
"တောင်းပန်ပါတယ် Baby. ကိုယ့်ခန္ဓာကိုယ်က အမိန့်မနာခံဘူးဖြစ်နေလို့။"
"ကောင်းပြီလေ။ အဲဒါဆိုလည်း အဲဒီအတိုင်းနေပေါ့။"
"ဟုတ်ကဲ့ပါ။"
ခေါင်းကသွေးတွေစီးကျရင်း ဒူးထောက်နေတဲ့ Chain ကို ကျောခိုင်းပြီး Lock က Second floor ကိုပြန်တက်သွားတယ်။
¤
တစ်ဖက်မှာလည်း
"ကိုကြီး၊ Matthew အခြေအနေက ဘယ်လိုရှိလဲ။"
"စိတ်မချရသေးတော့ အဆက်မပြတ်စောင့်ကြည့်နေရတယ်။"
"အဟင့် ... ကိုကြီး"
"ဟာ၊ ဘာဖြစ်တာလဲ မီးငယ်။ ဘာဖြစ်လို့ငိုတာလဲ။"
Hepius အလန့်တကြားမေးလာတော့
"Chain ပြန်ရောက်လာတယ်။ အထိအခိုက်မရှိဘဲ Bermuda က လာပြန်ပို့သွားတာမို့ ကိုကိုကသံသယဝင်ပြီး ပြဿနာရှာတာ လှေကားကနေပြုတ်ကျပြီး ခေါင်းကွဲလို့ သွေးတွေချည်းပဲ။ အင့် ... အဲဒါ အခု ဘယ်သူ့ကိုမှ အိမ်ထဲအဝင်မခံဘူး။ သူတို့နှစ်ယောက်တည်း ဘာဖြစ်နေကြလဲမသိဘူး။ ကိုကို အခုလောက်ဒေါသထွက်တာမျိုး ဖေဖေသေတုန်းကပဲတွေ့ဖူးတာ။ နှစ်ယောက်လုံးကို စိတ်ပူတယ်။"
ပြောရင်းငိုပြန်တာမို့
"အာ ..... ကိုကြီးလာခဲ့မယ်။ အခုလာခဲ့မယ်။ တိတ်တော့နော် မီးငယ်၊ အခုလာပြီ။"
"ဟုတ်"
စိတ်အချရဆုံးလက်ထောက်ကို ခွဲစိတ်ခန်းကနေ လူလဲခိုင်းပြီး Matthew နားမှာ Nancy နဲ့ထားကာ ပြေးရပြန်ပါသော Hepius ဟာ Spectrum နဲ့ပတ်သက်ရင် ဝဋ်ကြွေးမကုန်နိုင်။
Driver ကိုမောင်းခိုင်းပြီး တစ်လမ်းလုံးတွေးနေမိတာ ကိုယ့်သူငယ်ချင်းနှစ်ယောက်အကြောင်း။
သေကုန်တော့မှာပဲ။ Lock က သူ့အဖေကိစ္စပြန်လိုက်နေတာ သိထားတယ်။ Chain ကိုသံသယဝင်နေပါတယ်ဆို Bermuda ကမွှေလိုက်တာ အချိန်ကိုက်။
တကယ်ဆို Bermuda ကရော ဒီလိုလေးလုပ်ချင်ရုံသက်သက် Lock တို့ကို ဖြတ်တိုက်မှာတော့မဟုတ်နိုင်။ Chain ဆီက အကြောင်းပြချက်မရရင် ဒီစစ်ပွဲက ပြီးမှာမဟုတ်။
Hepius ရောက်တော့ ခြံထဲမှာ အကုန်ပျာယာခတ်နေကြတယ်။
"ဘယ်မှာလဲ။"
"First floor မှာ ကိုကြီး။ ဘယ်သူမှမသွားရဲဘူး။ Chain ပိုဆိုးသွားမှာကြောက်လို့။"
"အင်း၊ Bryan. အောက်ထပ်မှာစောင့်နေပေး။"
အပေါ်ထပ်ကိုအပြေးတက်ခဲ့တော့ Second floor ကိုတက်တဲ့လှေကားရင်းမှာ Chain က ဒူးထောက်လျက်သား။ Lock ကိုမတွေ့ရ။
"Chain. ဟာကွာ၊ တစ်ခေါင်းလုံးလည်း သွေးတွေနဲ့။ Chain!"
ခေါ်မရတော့။ မေ့သွားတာတောင် ဒူးခေါင်းပေါ်လက်ထောက်ရင်း ဒူးထောက်လျက်သားနဲ့။ ဘယ်လိုတောင် လွှမ်းမိုးနိုင်တာလဲ Lock.
Chain ကို လက်မောင်းပေါ်မှီစေရင်း
"Bryan, Bryan တက်လာခဲ့။ နောက်တစ်ယောက်ပါခေါ်ခဲ့။"
Hepius တို့ အသံကုန်အော်ခေါ်လေတော့ အပြေးတက်လာတဲ့ခြေသံတွေ။
Bryan နဲ့ နောက်တစ်ယောက်က Chain ကိုသယ်သွားတော့ Hepius ပါ လိုက်ဆင်းလာပြီး
"Lily, Lock ကိုကြည့်ထားပေးပါ။ ကိုကြီး Chain ကိုခေါ်သွားလိုက်မယ်။ ဟိုရောက်ရင် အခြေအနေကို အကြောင်းကြားပေးမယ်။"
"ဟုတ်။ သူတို့ ဘာမှတော့ မဖြစ်လောက်ဘူးမဟုတ်လား။"
"Chain ကတော့ စမ်းသပ်ပြီးရင် ကိုကြီးပြန်ပြောပေးမယ်။ Lock ဘေးမှာ မိသားစုဝင်တစ်ယောက် ရှိမှဖြစ်မယ်လေ။ မငိုနဲ့တော့ မီးငယ်လေး။ အခုချိန်မှာ မီးငယ်က ကိုကို့ကိုပြန်ကြည့်ပေးရမယ်လေ။"
"ဟုတ်၊ မီးငယ်သိပါပြီ။"
"ဒါဆို သွားပြီနော်။ Bryan ကိုခေါ်သွားမယ်။ Nick ဒီကိုလာလိမ့်မယ်။"
Hepius အပြေးထွက်သွားသလို Lily က Lock အခန်းဆီ ဦးတည်လိုက်ပါတော့တယ်။
■■■■■ Part XVIII ဆက်ရန် ■■■■■