1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
35. Hidden
ဘာအိပ္မက္ဆိုးမွမမက္ဘဲ ႏိုးလာရျခင္းက အားအင္အျပည့္နဲ႔ စိတ္ခ်မ္းသာစရာ။ ထထို္င္ဖို႔အေတြးနဲ႔ မ်က္စိမဖြင့္ခင္ လက္ကိုလႈပ္ဖို႔လုပ္လိုက္ေတာ့မွ ကိုယ့္လက္ဆီကပူေႏြးမႈတစ္ခုကို သတိထားမိတယ္။ မ်က္လံုးဖြင့္ၾကည့္မိေတာ့ ကိုယ့္လက္ကိုအုပ္ကိုင္ထားတာကို လႊတ္လိုက္ၿပီး ေမးလာတဲ့ Chain

"Baby ေနေကာင္းလား? ေခါင္းကိုက္ေသးလား? တျခားဘာျဖစ္ေသးလဲ?"

"ေကာင္းပါတယ္။ မကိုက္ေတာ့ဘူး။ ဘာမွလည္းမျဖစ္ဘူး။ ဘယ္အခ်ိန္ရွိၿပီလဲ?"

"ေစာေသးတယ္။ ျပန္အိပ္လိုက္ပါလား?"

တကယ္ကို အ႐ုဏ္တက္ခါစအခ်ိန္ေလး။ ကိုယ့္ခုတင္ေပၚမွာထထိုင္လိုက္ေတာ့ Chain က ခုတင္အစြန္းမွာဝင္ထိုင္လာတယ္။ ေခါင္းအံုးေဘးမွာခ်ထားေပးတဲ့ ဘူးေလးထဲက သားေရႀကိဳးတစ္ကြင္းထုတ္ၿပီး ဆံပင္ေတြကို စည္းလိုက္တယ္။

"မအိပ္ခ်င္ေတာ့ဘူး။ ဘာအိပ္မက္မွမမက္ေတာ့ အိပ္ေရးဝတယ္"

"ကိုယ္က အဲဒါစိုးရိမ္လို႔ ေစာင့္ၾကည့္ေနတာ။ အိပ္မက္ဆိုးမက္ရင္ လူကလည္း သိသာတယ္ေလ။ ကိုယ္က ခ်က္ခ်င္းႏႈိးေပးလို႔ရေအာင္ ေစာင့္ၾကည့္ေပးေနတာ"

"မင္း မအိပ္ရေသးဘူးလား?"

"တစ္ညေလာက္က ဘာျဖစ္မွာလဲ?"

"တစ္ညမကပါဘူး။ အရင္ညေတြကလည္း မင္းေကာင္းေကာင္းမအိပ္ဘဲ ေစာင့္ၾကည့္ေပးေနတာ မဟုတ္ဘူးလား?"

"Baby က သိလို႔လား?"

"အင္း၊ ငါအိပ္မက္ဆိုးမက္ရင္ မင္းႏႈိးလို႔ခ်ည္း ႏိုးတာေလ။ ၿပီးေတာ့ အခုပဲ မင္းဝန္ခံတာ။ လူက သိသာတယ္ဆို? အဲဒါ မင္းေစာင့္ၾကည့္ေနလို႔ေပါ့"

"တစ္ခ်ိန္လံုးေစာင့္ၾကည့္ေနတာမ်ိဳး မဟုတ္ပါဘူး Baby ရဲ႕။ သတိထားၿပီးအိပ္တာပါ။ ဒီညမွပဲ ထိုင္ေစာင့္တာပါ"

"အင္း၊ မေန႔က ငါသတိရတာေလ။ မင္းနဲ႔ငါ အိပ္ခန္းတစ္ခုမွာ ျပႆနာတက္ေနၾကတာေတြရယ္၊ ၿပီးေတာ့ ငါက ဖိနပ္ခၽြတ္ၿပီး ျမက္ခင္းေပၚေလၽွာက္ေနတာရယ္။ အဲဒါ ဘယ္မွာလဲ?"

"အဲဒါ ကိုယ္ေျပာဖူးတယ္ေလ။ Pandora's Box ကို တစ္ပတ္ေလာက္ေခၚသြားဖူးတဲ့အေၾကာင္း"

"အဲဒီမွာလား? ငါ့ကို ေနာက္တစ္ေခါက္လိုက္ပို႔ေပးဦး။ ဘယ္သူမွမသိဘူးဆိုတာ တကယ္လား?"

"Hepius သိတယ္ေလ"

"အင္း၊ ငါမမွတ္မိေတာ့ဘူး။ ကိုယ့္ Design ကို ျပန္ၾကည့္ခ်င္တယ္"

"တစ္ရက္ရက္ေပါ့"

"ၿပီးေတာ့ ေဆး႐ံုမေရာက္ခင္ညက အေျခအေနေတြထင္တယ္။ ကားေတြနဲ႔ ပိတ္ခံထားရတာ။ မင္းနဲ႔စကားေျပာေနတာ ဘယ္သူလဲ?"

"ဘာေတြေျပာတာလဲ?"

"ဘာေတြေျပာလဲဆိုေတာ့ ... ငါမမွတ္မိေတာ့ဘူး"

"ထားလိုက္ပါ။ Baby ဗိုက္ဆာလား?"

"အင္း၊ ဆာသလိုပဲ"

"မီးဖိုေခ်ာင္ထဲ ဘာရွိလဲမသိဘူး။ သြားရွာၾကည့္ရေအာင္"

ႏွစ္ေယာက္သား မီးဖိုေခ်ာင္ထဲဖြၾကၿပီး Confirmed Menu က သီးစံုထမင္းေၾကာ္။ အသီးအရြက္ေတြ လွီးၾကျဖတ္ၾကၿပီး Chain ေၾကာ္ေပးေနတာကို Lock က ထိုင္ေစာင့္ေန႐ံု။

Chain ကိုေနာက္ေၾကာင္းေတြေမးတိုင္း တစ္ခါတေလ အေသးစိတ္ေျပာျပတတ္ေပမဲ့ တစ္ခါတေလေတာ့ စကားလမ္းေၾကာင္းေျပာင္းပစ္တတ္တယ္။ သူမေျပာခ်င္ရင္ ကိုယ္ကလည္း ဆက္မေမးခ်င္ခဲ့။

"မင္း ငါ့ကို Pandora's Box ဆီေခၚသြားတုန္းကလည္း ခုလိုပဲ ခ်က္ေကၽြးခဲ့တာေပါ့?"

"မွတ္မိသြားၿပီလား?"

"ေတြးၾကည့္တာေလ။ ဘယ္သူမွမသိပါဘူးဆိုတဲ့ေနရာမွာ မင္းမခ်က္ရင္ ေန႔တိုင္းထြက္ဝယ္စားေနမွာလား?"

"ကိုယ္ပဲခ်က္ရတာေပါ့"

"အင္း၊ ငါလည္း ခ်က္တတ္၊ ျပဳတ္တတ္တာပဲ"

"Lock က Dining Room ကိုေက်ာ္ၿပီး Kitchen ထဲမေရာက္တာၾကာၿပီ"

"ဪ၊ အဲဒီလိုလား? မင္း ငါ့လက္ရာ ဘာစားဖူးလဲ? Starry House ကဟာေတြကလြဲရင္ေလ"

"ဆန္ျပဳတ္"

"ဩ! ငါသိၿပီ။ နယ္စပ္ကစခန္းမွာမဟုတ္လား? အဲဒါ မီးငယ္လည္း လုပ္တတ္တယ္"

"မီးငယ္လုပ္ေပးတာလည္း စားဖူးတယ္။ လက္ရာခ်င္းအတူတူပဲ"

"ဟုတ္လား? ဘယ္တုန္းကလဲ?"

"Green မွာ သြားမေနရခင္ ေဆး႐ံုတက္ရတုန္းကေလ"

"မင္းက Green မွာေနေတာ့လည္း အဆင္ေျပတာပဲမဟုတ္လား?"

"ဘာမေျပစရာရွိလဲ Baby ရဲ႕"

"အင္း၊ မင္းက ေခြးေတြနဲ႔ကအစ အဆင္ေျပတာ ငါသိတယ္"

"ဟား ဟား၊ Baby မွတ္မိတာႀကီးကလည္း"

"ငယ္ငယ္က ငါ့ေခြးေလးေသသြားလို႔ မင္းကို႐ိုက္မိတာလည္း ငါမွတ္မိတယ္"

"အင္း၊ ကိုယ္ကတကယ္မရည္ရြယ္ဘူး။ သူ႔ကိုထိမယ္လို႔လည္း မထင္ဘူး။ ဟိုတစ္ေကာင္က လူမယဥ္ေသးေတာ့ စိတ္ပူၿပီး အဲဒီအေကာင္ကိုပစ္တာ။ သူ႔ကိုထိသြားတာေတာ့ ကိုယ္လည္း တကယ္စိတ္မေကာင္းဘူး"

ေျပာေနရင္း Chain က ထမင္းေၾကာ္ေတြကို ပန္းကန္ေတြထဲ ထည့္ေနတယ္။ အနံ႔ေတြကလည္း ေမႊးေနတာပါပဲ။

"အင္း၊ ငါလည္း ေတာ္ေတာ္စိတ္တိုသြားတာ"

"ကိုယ္ကလန္႔သြားတာ။ ကိုယ့္လက္ကိုယ္ယံုလို႔ ပစ္လိုက္တာေပမဲ့ အဲဒီလိုျဖစ္သြားေတာ့ ကိုယ့္အေတြးထဲမွာ Baby ကိုမ်ားထိသြားရင္ဆိုၿပီး ေတြးမိေနတာ။ အဲဒီအေတြးနဲ႔တင္ ကိုယ္ေတာ္ေတာ္႐ူးခ်င္သြားတယ္။ Baby ႐ိုက္တာလည္း နာရေကာင္းမွန္းမသိေတာ့ဘူး။ စားလို႔ရၿပီ Baby"

စကားလည္းေျပာရင္း ထမင္းေၾကာ္ပန္းကန္ေတြလည္း သယ္လာရင္း Lock ေရွ႕ခ်ေပးလာတယ္။

"ေမႊးေနတာပဲ"

"အင္း၊ အိုးထဲမွာရွိေသးတယ္။ စိတ္ႀကိဳက္စား"

"Ok!"

Lock က လက္ညႇိဳးနဲ႔လက္မထိပ္ေတြထိၿပီး OK sign လုပ္ျပကာ တစ္လုပ္ျမည္းၾကည့္လိုက္တယ္။

"ပူမယ္ Baby"

"အြန္း၊ အရသာရွိတယ္။ မိုက္တယ္"

ေခါင္းေမာ့မလာဘဲ လက္မေထာင္ၿပီးေျပာတဲ့ Lock ေၾကာင့္ Chain သေဘာတက်ရယ္မိတယ္။

"Baby ႀကိဳက္ဖို႔ပဲ အေရးႀကီးတာ။ ျဖည္းျဖည္းစား"

"အင္း၊ ၿပီးေတာ့ ငါ မင္းကိုေမးစရာရွိတယ္။ အမွန္အတိုင္းေျဖ"

"အဲဒီလိုေျပာလာရင္ကို လန္႔တယ္။ ေျဖလို႔ရရင္ ေျဖပါ့မယ္"

"ေနဦး! ေျဖလို႔ရရင္ေျဖပါ့မယ္ဆိုတာ မင္းခဏခဏေျပာေနက်စကား"

"မွန္ပါတယ္"

"အင္း၊ အဲဒီလိုေျပာတိုင္း ငါတကယ္မႀကိဳက္ဘူး။ အခုလည္း သေဘာမက်ဘူး။ ဒါေပမဲ့ မင္းေျပာတာကို ငါလက္ခံတယ္။ မင္းမညာခ်င္ဘူးလို႔ ေျပာတာနဲ႔ အတူတူပဲမို႔လို႔ေလ"

"လက္ခံေပးတာ ေက်းဇူးတင္ပါတယ္"

"အခုအခ်ိန္မွာ ငါက မင္းရဲ႕ တရားဝင္ခင္ပြန္းတစ္ေယာက္လို႔ မင္းခံစားရလား?"

"ဗ်ာ!"

"ဘာျဖစ္သြားတာလဲ? မထင္မွတ္ထားတဲ့ ေမးခြန္းလား? အဲဒီလိုဆိုလည္း အခုေတြးၾကည့္ၿပီး အမွန္အတိုင္းေျဖ။ ငါတကယ္သိခ်င္တာ"

"အမွန္အတိုင္း အတိအက်ေျဖရရင္ ကာမပိုင္မဟုတ္တဲ့ တရားဝင္ခင္ပြန္းေပါ့"

ေမးတုန္းကေတာ့ ဆြံ႕အသြားသလိုအထာနဲ႔ ေျဖမယ့္ေျဖေတာ့ အတိအက်ႀကီးမို႔ Lock ေတြသြားရၿပီ။
မွန္တာေပါ့။ တရားဝင္ယူထားတဲ့ ကာမပိုင္လင္ေယာက္်ားလို႔သာ ေျပာၾကသည္မဟုတ္လား? အခုက သူနဲ႔ကိုယ့္ရဲ႕ပတ္သက္မႈဟာ စာခ်ဳပ္ေပၚမွာသာရွိတာမို႔ တရားဝင္ခင္ပြန္းေပမဲ့ ကာမပိုင္လင္ေယာက္်ား ဟုတ္မေနပါ။ ကာမပိုင္ဆိုတဲ့ စကားလံုးရဲ႕အဓိပၸါယ္ေၾကာင့္ ႐ုတ္တရက္ႀကီး မ်က္ႏွာေတြပူလာသလိုလို၊ ကမာၻႀကီးကပဲ ေနနားကပ္သြားသလိုလိုနဲ႔ လူက အဆင္မေျပေတာ့ပါ။
မဟုတ္ေသးပါဘူး။ အဆင္မေျပရေအာင္ ကိုယ္က သူ႔မိိန္းမလည္းမဟုတ္၊ သူ႔ရည္းစားလည္းမဟုတ္ခဲ့။ ဒါေပမဲ့လို႔ လူသိရွင္ၾကား တရားဝင္လက္ထပ္ယူၿပီးသား ကိုယ့္အိမ္ေထာင္ဖက္။ ကာမပိုင္မဟုတ္တာက လြဲရင္ေပါ့။
လုပ္ျပန္ၿပီ၊ ဒီစကားနဲ႔ ဒီဘူတာကိုပဲ ဆိုက္ျပန္ပါၿပီ။

"Baby, စိတ္ဆိုးသြားတာလား?"

"ဟင္? မဟုတ္ပါဘူး"

"မသိဘူးေလ။ မ်က္ေမွာင္ႀကီးက်ံဳ႕ၿပီး မ်က္ႏွာကလည္း နည္းနည္းနီလာလို႔။ ဒါမွမဟုတ္ ထမင္းေၾကာ္က အရမ္းပူေနတာလား? နည္းနည္းဖြထားလိိုက္ေလ၊ ကိုယ္လုပ္ေပးမယ္"

"မဟုတ္ဘူး၊ ရတယ္"

Chain က ပန္းကန္ကိုလွမ္းအယူ Lock ကလည္း ျပန္အဆြဲ ပန္းကန္ေအာက္ဘက္နား ပူေနတဲ့အပိုင္းမွာ Lock ရဲ႕လက္ကို အေပၚကေနဖိကပ္ထားသလိုျဖစ္ေနၿပီး Chain ကေၾကာင္ၾကည့္ေနတာေၾကာင့္

"ပူတယ္ကြ၊ လႊတ္စမ္း"

"ဟာ ... Sorry, sorry Baby. အရမ္းပူသြားလား?"

Lock လက္ကိုဆြဲယူၿပီး ၾကည့္ျပန္တာမို႔ ျပန္႐ုန္းလိုက္ကာ

"ဒီေလာက္နဲ႔ ဘာမွမျဖစ္ဘူး။ စားစရာရွိတာစား။ အဲဒါေၾကာင့္ ညက မင္းကို Nancy ေျပာတာ၊ အျဖစ္သည္းမေနနဲ႔လို႔ေလ။ ငါ ကေလးလည္းမဟုတ္ဘူး၊ ႏုႏုနယ္နယ္မိန္းကေလးလည္းမဟုတ္ဘူး၊ ေရာဂါသည္လည္းမဟုတ္ဘူး။ မင္း ၿငိမ္ၿငိမ္ေန"

ကိုယ့္ဘာသာ အဆင္မေျပျဖစ္ေနတာကို Chain ဘက္လွည့္ၿပီး ေျပာပစ္လိုက္မိတယ္။

"အင္း၊ ကိုယ္ကလည္း ကေလးအေမမဟုတ္ဘူး၊ Baby ကိုလည္း Ivy မွန္းမသိတာမဟုတ္ဘူး၊ ဆရာဝန္လည္း ဟုတ္မေနဘူးေလ။ သူ႔အလိုလို စိုးရိမ္လို႔ျဖစ္သြားတာေတြပါ။ ေနာက္ ဆင္ျခင္ပါ့မယ္"

အဲဒီလိုဆိုေတာ့လည္း မဟုတ္ေသးဘူးထင္ပါတယ္။

"ငါက မင္းကို အျပစ္ေျပာတာမဟုတ္ဘူး။ မင္းစိုးရိမ္တာသိတယ္။ စိုးရိမ္တိုင္းလည္း ပ်ာယာခတ္မေနနဲ႔လို႔ ေျပာေနတာ"

"Baby လိုမွ ေသြးမေအးတာ"

Chain ရဲ႕ ခပ္တိုးတိုးေရရြတ္သံကို Lock ေသေသခ်ာခ်ာၾကားတာေၾကာင့္

"စားစရာရွိတာစား၊ ပြစိပြစိေျပာမေနနဲ႔"

"ၾကားေအာင္ေျပာတာပါပဲဗ်ာ"

"လုပ္ရင္နာေတာ့မယ္"

Lock က ထမင္းတစ္ဇြန္းခပ္ယူရင္း ခက္ရင္းကိုင္ထားတဲ့လက္ကို ေျမႇာက္ျပမိတယ္။

"ကိုယ္ေမးခ်င္တာေလ။ Baby အဲဒီလို ခဏခဏေျပာတတ္တယ္။ ဒါေပမဲ့ ဘာလုပ္ခ်င္တာလဲ ကိုယ္မသိဘူး"

စပ္ျဖဲျဖဲ႐ုပ္နဲ႔ ေမးလာတဲ့ Chain ဆီ Lock ရဲ႕ အၾကည့္ေတြ ဒိုင္းခနဲေရာက္လာၿပီး ဝါးလက္စထမင္းေၾကာ္ေတြ ၿမိဳခ်ကာ ခနဲ႔သလိုျပံဳးရင္း

"ကာမပိုင္ ျဖစ္သြားခ်င္တာလား?"

"အမ္? တကယ္ႀကီးလား?"

Lock က တမင္တကာရြဲ႕ေျပာတာကို မနာတဲ့အျပင္ ႐ုပ္ကပါ ပိုၿပီးေျပာင္စပ္စပ္ျဖစ္လာပါေသာ Chain ကို Lock ၾကည့္မရေတာ့ပါ။ ခက္ရင္းေတြ၊ ဇြန္းေတြ ပန္းကန္ထဲခ်ထားလိုက္ၿပီး လက္ႏွစ္ဖက္လံုး စားပြဲေပၚတင္၊ ခါးကိုမတ္လိုက္တယ္။ ဒါကိုပဲ Chain က ေသေသခ်ာခ်ာ ထိုင္ၾကည့္ေနျပန္တယ္။

"မင္း ေတာ္ေတာ္အခြက္ေျပာင္ေနတယ္လား? ငါဘာလုပ္မလဲဆိုတာလည္း သိပ္သိခ်င္ေနတာလား?"

ေခါင္းေတြစြတ္ညိတ္ျပေနျပန္ၿပီ။ ဒီေကာင္ဟာ ေတာ္ေတာ္ကို ရြပိုးထိုးႏိုင္တာ ကိုယ္မသိခဲ့တာလား?

"ၾကည့္ေတာ့လည္း ႏြဲ႕မေနပါဘူး။ ဒါေပမဲ့ ငါက မင္းရဲ႕အိမ္ေထာင္ဦးစီးျဖစ္ေနတာေလး တစ္ခုပဲ"

"အင္း၊ သိတယ္ေလ။ အဲဒါဘာျဖစ္လို႔လဲ? အဲဒါေတြက သတ္မွတ္ခ်က္ေတြပဲ။ အေရးမႀကီးပါဘူး"

ကိုယ့္မ်က္လံုးထဲ စိုက္ၾကည့္ေနၿပီး ေျပာေနျပန္ပါၿပီ။

"မင္းဘာသာ အေရးႀကီးခ်င္တာႀကီးေနလိုက္ေတာ့"

ကိုယ့္ဘက္ကပဲ အၾကည့္လႊဲလိုက္မိတယ္။ အဲဒီ ရီေဝေဝအၾကည့္ေတြ ကိုယ္သေဘာမက်ပါဘူး။

"Baby သိလား?"

ဆက္မေျပာဘဲရပ္လိုက္ေတာ့ ကိုယ့္မွာ သူ႔ကိုျပန္ၾကည့္ရျပန္ေရာ။ အဲဒီေတာ့မွ ဆက္ေျပာလာတယ္။

"Baby က ကိုယ့္အပိုင္မျဖစ္ရလည္း ကိုယ့္ကိုေတာ့ Baby ပိုင္ပါတယ္။ ကိုယ့္ရဲ႕အရာရာတိုင္းကိုေပါ့။ ခၽြိဳ႕ယြင္းခ်က္မရွိတဲ့ ေယာက္်ားႏွစ္ေယာက္ၾကားမွာ ကိုယ္နဲ႔သက္ဆိုင္သမၽွ Baby အပိုင္ပါ"

ဘာအဓိပၸါယ္လဲ? ကိုယ့္ဘက္က စကားႏိုင္လုေျပာမိတာကို သူက ဘယ္ဆီအထိဦးတည္ပစ္တာလဲ? ကိုယ္ ေမ့ေနခဲ့တာပဲ။ Chain ဆိုတာက ကိုယ္နည္းမ်ိဳးစံုနဲ႔ အႏိုင္ယူခဲ့ဖူးတဲ့လူတစ္ေယာက္။ ဒါေပမဲ့ ကိုယ့္ဘက္က တကယ္အႏိုင္ရခဲ့သလား? အခုအခ်ိန္မွာေတာ့ အဲဒါေတြျပန္ၾကားရရင္ သူ႔အေပၚ အားနာမိတာပဲသိတယ္။ မ်က္ႏွာေတြလည္း ပူတယ္။

"ရၿပီ။ ငါသိတယ္ဆိုရင္ ရၿပီမဟုတ္လား?"

"အရင္ကတည္းက Baby သိေနတာပဲ"

စကားစျပတ္သြားခဲ့ၾကၿပီး စားစရာရွိတာ ဆက္စားေနမိၾကတယ္။

"ထပ္ထည့္ဦးမလား Baby?"

"ေတာ္ၿပီ။ ဗိုက္ျပည့္သြားၿပီ"

"အဲဒါဆို ကိုယ္ပန္းကန္ေဆးလိုက္ဦးမယ္။ အေပၚျပန္တက္ႏွင့္ေတာ့ေလ"

"ငါလည္း ကူသိမ္းေပးမယ္"

ႏွစ္ေယာက္သား မီးဖိုခန္းမွာ ေဆးေၾကာသိမ္းဆည္းၿပီး အေပၚျပန္တက္လာၾကတယ္။ ဝရန္တာဘက္ ထြက္လာလိုက္ေတာ့ Chain က ေနာက္ကပါလာတယ္။ ေနထြက္ခါစအလင္းေရာင္ကို ၾကည့္ရင္း စိတ္ထဲၾကည္လင္လာတယ္။ ထံုးစံအတိုင္း ဝရန္တာလက္ရန္းေပၚ တက္ထိုင္လိုက္ေတာ့ Chain က ေဘးနားကပ္ၿပီး ရပ္ၾကည့္ေနတယ္။

"ငါ့ကို အဲဒီေလာက္ အေလၽွာ့မေပးခဲ့သင့္ဘူး"

Kitchen ထဲကစကားကို Lock က ျပန္ဆက္လိုက္မိတယ္။

"တမင္တကာ အေလၽွာ့ေပးတာမဟုတ္ပါဘူး။ သူ႔အလိုလိုကို အဲဒီလိုပဲ ေနတတ္ခဲ့တာ"

"မင္းက အဲဒီလိုေနေတာ့ ငါက ေရာင့္တက္တာေပါ့"

"ကိုယ္ေက်နပ္တယ္ေလ"

Chain က Lock နဲ႔အနီးဆံုးကိုကပ္လို႔ Lock ေဘးတစ္ဖက္တစ္ခ်က္က ဝရန္တာလက္ရန္းေတြေပၚ လက္ေထာက္ၿပီး အေပၚကစီးမိုးေနတဲ့ Lock မ်က္ႏွာကို ေမာ့ၾကည့္လာတယ္။

"ကိုယ္ Baby ကို သိပ္ခ်စ္တာမို႔ ဘယ္လိုပဲ အႏိုင္ယူယူ ကိုယ္ေက်နပ္ပါတယ္"

မ်က္လံုးခ်င္းဆံုၾကည့္ၿပီး ေျပာလာတဲ့စကားေတြနဲ႔အတူ Lock ကိုယ္ထဲကေသြးေတြ ေႏြးခနဲျဖစ္သြားသလိုပဲ။ ေနေရာင္ထြက္လာလို႔မ်ားလား?
Chain က Lock ေခါင္းကိုထိန္းကိုင္လိုက္ၿပီး ေျခဖ်ားေထာက္လို႔ မ်က္ႏွာခ်င္း တျဖည္းျဖည္းနီးကပ္ေစေတာ့ Lock ၿငိမ္ေနမိၿပီးမွ Chain ပခံုးကို ဖိကိုင္လိုက္ၿပီး အသာတြန္းဖယ္လို႔ ၾကမ္းေပၚခုန္ဆင္းကာ အခန္းထဲဝင္လာလိုက္တယ္။ Chain ကေတာ့ ေခါင္းငံု႔ရယ္လိုက္ၿပီး ေနာက္ကေျပးလိုက္သြားတယ္။
အခန္းထဲေရာက္သြားတဲ့ Lock လက္ကို ဆြဲယူလိုက္ေတာ့ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားၿပီး Lock ကလည္း Chain ကို စိုက္ၾကည့္လာတာေၾကာင့္ Chain ဘာမွေတြးမေနေတာ့ဘဲ Lock ရဲ႕ နႈတ္ခမ္းေတြဆီ အနမ္းေတြအခစားဝင္လိုက္မိၿပီ။

ကိုယ့္နႈတ္ခမ္းဆီလာထိေတြ႕တဲ့ ေႏြးေထြးမႈတစ္ခုက ရင္ထဲထိစီးဆင္းသြားသလိုပဲ။ ဘာျဖစ္တာလဲ? အဲဒါ Chain ေလ။ ဒါေပမဲ့ ကိုယ့္ဘက္က မျငင္းမိဘူး။ ေနာက္ေတာ့ ...
ကိုယ္တိုင္ တုန္႔ျပန္မိေနတာလား? မဟုတ္ဘူး၊ ငါ ျငင္းသင့္တာမဟုတ္လား?

အနည္းဆံုးေတာ့ လက္သီးစာမိ႐ံုပဲဆိုၿပီး နမ္းပစ္လိုက္မိေပမဲ့ Baby က ၿငိမ္ေနတယ္။ ေရွ႕ဆက္တိုးမိေတာ့ ထိကပ္ထားတဲ့ သူ႔မ်က္ႏွာေလးက ေႏြးေႏြးေလးျဖစ္လာတယ္။ ေပ်ာ္လြန္းလို႔ ေျခေထာက္ေတြလည္း ၾကမ္းနဲ႔ထိရဲ႕လားမသိေတာ့ဘူး။
OMG! Baby က ျပန္နမ္းေနတာလား? ကိုယ့္ကို အေသသတ္ေနတာပဲ။

ကိုယ့္အသိစိတ္က လြတ္သြားတာလည္းမဟုတ္ဘူး၊ ကပ္ေနတာလည္းမဟုတ္ဘူး။ Chain ရဲ႕ အက်ႌခါးစကိုကိုင္ထားရင္း သတိထားမိေတာ့ ခုတင္နားေရာက္ေနၿပီ။

Baby မ်က္ႏွာကို လက္နဲ႔အုပ္ကိုင္ထားရင္း စည္းခ်က္ညီတဲ့အနမ္းကပြဲေလးမွာ Baby ေနာက္ဘက္ကခုတင္ဆီ အၾကည့္ေရာက္မိလို႔ ကိုယ့္လက္ေတြကို Baby ခါးနဲ႔ ေခါင္းအေနာက္ဘက္ဆီ ပို႔လိုက္ၿပီး ခုတင္ေပၚလွဲခ်လိုက္မိတယ္။ ကိုယ္တိုင္လည္း ေျခေထာက္ေတြမခိုင္ခ်င္ေတာ့ဘူး။ ခါးနားက အက်ႌစေလး တင္းခနဲျဖစ္သြားတာေတာ့ ကိုယ္ေသခ်ာသိပါရဲ႕။

ခါးနဲ႔ ေခါင္းေနာက္ဘက္ဆီက လက္ေႏြးေႏြးရဲ႕အထိအေတြ႕နဲ႔အတူ ႏွစ္ေယာက္လံုး ခုတင္ေပၚလဲက်သြားတယ္။ Chain က လက္တစ္ဖက္ကို ခုတင္ေပၚေထာက္လိုက္ၿပီး ေနာက္လက္တစ္ဖက္က ကိုယ့္ပါးတစ္ဖက္ဆီေရာက္လာတဲ့အထိ ခပ္မွန္မွန္အနမ္းေတြက အမၽွင္မျပတ္ခဲ့ဘူး။ သူ႔ခါးေပၚကကိုယ့္လက္တစ္ဖက္က သူ႔ေခါင္းကိုေနာက္ဘက္ကေန ထိန္းကိုင္လိုက္ခ်ိန္မွာေတာ့ .....

Baby ပါးကိုထိကိုင္လိုက္ေတာ့ Baby ကလည္း ကိုယ့္ေခါင္းကို ထိန္းကိုင္လာတယ္။ အဲဒီအခ်ိန္မွာ ႏွစ္ဦးသေဘာတူ အနမ္းမုန္တိုင္းေတြက အရွိန္ျပင္းလာခဲ့ၿပီ။ တစ္ေလၽွာက္လံုး Classic Song နဲ႔ ၿငိမ့္ၿငိမ့္ေလးကေနရာကေန ႐ုတ္တရက္ Music ေျပာင္းသြားလည္း ကိုယ္ေတြ စည္းခ်က္မပ်က္ခဲ့ပါ။
Baby လက္တစ္ဖက္က ကိုယ့္ေက်ာျပင္မွာ ေျပးလႊားေနရင္း ႐ုတ္တရက္ႀကီး ဆြဲလွည့္ခံလိုက္ရတာေၾကာင့္  ခုတင္မွာ ေက်ာကပ္သြားတာကကိုယ္၊ ကိုယ့္ေပၚကို ထပ္က်လာတာက Baby.

အရွိန္ရလာတဲ့ ရင္ခုန္သံေတြနဲ႔အတူ လူကအားမရေတာ့တာေၾကာင့္ Chain ကိုယ္ကိုဆြဲဖက္ၿပီး သူ႔အေပၚေနရာယူလိုက္မိတယ္။ အနမ္းေတြရပ္သြားၿပီး သူ႔ကိုၾကည့္မိေတာ့ ကို္ယ့္ကိုၾကည့္လာတဲ့ အဓိပၸါယ္ဘာမွန္းမသိတဲ့ စူးရဲရဲမ်က္ဝန္းေတြက တျဖည္းျဖည္းနဲ႔ ေျခရင္းကိုဝပ္ဆင္းလာတဲ့ ေၾကာင္ေလးတစ္ေကာင္ကို ညင္သာသြားတာ ကိုယ္ျမင္လိုက္တယ္။ ကိုယ္အျမင္မွားတာလား?

ရပ္တန္႔သြားတဲ့အရွိန္ေတြေၾကာင့္ ၾကည့္မိေတာ့ Baby မ်က္လံုးထဲမွာ က်ားရဲတစ္ေကာင္။ Baby ျဖစ္တည္မႈကို ကိုယ္မေမ့ပါဘူး။ စစ္တုရင္ပြဲမွာလည္း King ဆိုတာ တစ္ေကာင္တည္း။ အဲဒီေတာ့ ကိုယ္က ေၾကာင္တစ္ေကာင္လိုပဲ ဝပ္ဆင္းရမယ္ဆိုလည္း ေက်နပ္ပါတယ္။

အား ... မျဖစ္သင့္ဘူးမဟုတ္လား?
စိတ္လြတ္သြားတာ။ ေတာ္ေတာ္ကိုလြတ္သြားတာ။ ေယာက္်ားတစ္ေယာက္နဲ႔ပတ္သက္ၿပီး ဘယ္လိုေတြေတာင္ အထိန္းအကြပ္မဲ့သြားတာလဲ? တစ္ကိုယ္လံုးက ဆူပြက္ေနတဲ့ေသြးေတြကို ထိန္းခ်ဳပ္လိုက္ၿပီး Chain ရဲ႕ေဘးကို လွဲခ်လိုက္မိတဲ့အထိ ရင္ဘတ္ထဲက မၿငိမ္ေသးဘူး။

"Baby အဆင္ေျပေအာင္ ကိုယ္လုပ္ေပးရမလား?"

ေဘးေစာင္းလွဲၿပီး ကိုယ့္ခါးဆီ လက္ေရာက္လာတဲ့ Chain ကို ဒီအတိုင္းၾကည့္ေနမိေတာ့ ေအာက္ဘက္ကိုေလၽွာဆင္းသြားတာေၾကာင့္ ထထိုင္လိုက္ၿပီး

"အာ ... ရတယ္။ ငါ ဘာမွမျဖစ္ဘူး။ ႐ုတ္တရက္မို႔ နည္းနည္း ..."

"အဲဒါဆို Baby ခဏနားလိုက္ပါ။ ကိုယ္ေရသြားခ်ိဳးလိုက္ဦးမယ္"

ေရခ်ိဳးမယ္ဆိုၿပီး အခန္းထဲကထြက္သြားတာ သူ႔အခန္းမွာသြားခ်ိဳးမွာေပါ့။ ဘာလဲ? ေရခ်ိဳးမွာတဲ့လား? ဒီအေျခအေနေတြေၾကာင့္ ျမင္ေယာင္မိတာက ဝရန္တာမွာ ဒိုက္ထိုးေနတဲ့ Chain.

"ငါ့ကိုေတြးၿပီး မင္းေပါက္ကရေတြလုပ္ေနမွာ မႀကိဳက္လို႔ လာတားတာ"

"ဟာ၊ မဟုတ္ဘူးေနာ္ Baby, ကိုယ္ အာ႐ံုေျပာင္းေနတာ။ တကယ္ပါ"

"ဘယ္လိုမ်ိဳးလဲ?"

"Baby မသိခ်င္ပါနဲ႔"

ၾကမ္းျပင္မွာ ေနာက္ဘက္ကိုလက္ေထာက္ထိုင္ေနတဲ့ Chain. လက္ေကာက္ဝတ္က ခပ္ေရးေရးအမာရြတ္အစင္းေတြ။ ဘာေတြလဲ?
Lock ေခါင္းေတြခါရမ္းပစ္မိတယ္။ စိတ္ေတြ႐ႈပ္သြားတာနဲ႔ ခႏၶာကိုယ္လည္း ပံုမွန္ျပန္ျဖစ္သြားတာေတာင္ မသိလိုက္ဘူး။ ခဏဆက္ထိုင္ေနတုန္း တံခါးေခါက္ၿပီးဝင္လာတဲ့ Chain က ေခၽြးေတြစိုရဲႊၿပီး Bathrobe တစ္ထည္ဝတ္လို႔။

"ကိုယ့္အခန္းထဲ ဘာ Shower Cream မွမရွိလို႔။ ဆပ္ျပာတံုးေတာင္မရွိဘူး။ အဲဒါျပန္လာယူတာ"

"မင္းပဲ မေန႔က ေရခ်ိဳးခန္းရွင္းခိုင္းမယ္ေျပာၿပီး သံုးေနက်ပစၥည္းေတြကိုက်  ျခင္းေသးေလးနဲ႔ ထည့္လာတာေလ။ ယူေတာ့မသြားဘဲနဲ႔"

"အဲဒါကို ခုနက ေမ့သြားတာ"

"ဘယ္လိုျဖစ္လို႔ ေခၽြးေတြရႊဲေနတာလဲ?"

"ဟို၊ ေရမခ်ိဳးခင္ နည္းနည္းေလး Workout လုပ္တာပါ"

ေျပာၿပီး ေရခ်ိဳးခန္းဆီလွစ္ခနဲဝင္သြားတာေၾကာင့္ Lock ျပံဳးလိုက္ၿပီး

"ဒီမွာပဲခ်ိဳးလိုက္ေတာ့"

ေရခ်ိဳးခန္းကေန ေခါင္းျပဴၾကည့္လာလို႔ ဝရန္တာဘက္ လွည့္ထြက္ရင္း

"မင္းဘာသာ ေအးေဆးခ်ိဳး"

Chain ဆီက Reply ေစာင့္မေနေတာ့ဘဲ ဝရန္တာဆီထြက္လာခဲ့တယ္။ ဒီေန႔မွ ဘာေတြျဖစ္တာလဲ? သူကေတာ့ ခ်စ္ေနပါတယ္လို႔ ဝန္ခံထားၿပီးသားေလ။ ကိုယ္ကက်ေတာ့ေရာ? ဘယ္လိုခံစားခ်က္မွန္း ကိုယ္ဘာသာေတာင္မသိေသးပါဘဲ ဘယ္အဆင့္ထိ တိုးဝင္သြားမိတာလဲ?

မင္း ဘာျဖစ္ေနတာလဲ Ivy ေရ?

■■■■■ Part XXXVI ဆက္ရန္ ■■■■■

ဘာအိပ်မက်ဆိုးမှမမက်ဘဲ နိုးလာရခြင်းက အားအင်အပြည့်နဲ့ စိတ်ချမ်းသာစရာ။ ထထိုင်ဖို့အတွေးနဲ့ မျက်စိမဖွင့်ခင် လက်ကိုလှုပ်ဖို့လုပ်လိုက်တော့မှ ကိုယ့်လက်ဆီကပူနွေးမှုတစ်ခုကို သတိထားမိတယ်။ မျက်လုံးဖွင့်ကြည့်မိတော့ ကိုယ့်လက်ကိုအုပ်ကိုင်ထားတာကို လွှတ်လိုက်ပြီး မေးလာတဲ့ Chain

"Baby နေကောင်းလား? ခေါင်းကိုက်သေးလား? တခြားဘာဖြစ်သေးလဲ?"

"ကောင်းပါတယ်။ မကိုက်တော့ဘူး။ ဘာမှလည်းမဖြစ်ဘူး။ ဘယ်အချိန်ရှိပြီလဲ?"

"စောသေးတယ်။ ပြန်အိပ်လိုက်ပါလား?"

တကယ်ကို အရုဏ်တက်ခါစအချိန်လေး။ ကိုယ့်ခုတင်ပေါ်မှာထထိုင်လိုက်တော့ Chain က ခုတင်အစွန်းမှာဝင်ထိုင်လာတယ်။ ခေါင်းအုံးဘေးမှာချထားပေးတဲ့ ဘူးလေးထဲက သားရေကြိုးတစ်ကွင်းထုတ်ပြီး ဆံပင်တွေကို စည်းလိုက်တယ်။

"မအိပ်ချင်တော့ဘူး။ ဘာအိပ်မက်မှမမက်တော့ အိပ်ရေးဝတယ်"

"ကိုယ်က အဲဒါစိုးရိမ်လို့ စောင့်ကြည့်နေတာ။ အိပ်မက်ဆိုးမက်ရင် လူကလည်း သိသာတယ်လေ။ ကိုယ်က ချက်ချင်းနှိုးပေးလို့ရအောင် စောင့်ကြည့်ပေးနေတာ"

"မင်း မအိပ်ရသေးဘူးလား?"

"တစ်ညလောက်က ဘာဖြစ်မှာလဲ?"

"တစ်ညမကပါဘူး။ အရင်ညတွေကလည်း မင်းကောင်းကောင်းမအိပ်ဘဲ စောင့်ကြည့်ပေးနေတာ မဟုတ်ဘူးလား?"

"Baby က သိလို့လား?"

"အင်း၊ ငါအိပ်မက်ဆိုးမက်ရင် မင်းနှိုးလို့ချည်း နိုးတာလေ။ ပြီးတော့ အခုပဲ မင်းဝန်ခံတာ။ လူက သိသာတယ်ဆို? အဲဒါ မင်းစောင့်ကြည့်နေလို့ပေါ့"

"တစ်ချိန်လုံးစောင့်ကြည့်နေတာမျိုး မဟုတ်ပါဘူး Baby ရဲ့။ သတိထားပြီးအိပ်တာပါ။ ဒီညမှပဲ ထိုင်စောင့်တာပါ"

"အင်း၊ မနေ့က ငါသတိရတာလေ။ မင်းနဲ့ငါ အိပ်ခန်းတစ်ခုမှာ ပြဿနာတက်နေကြတာတွေရယ်၊ ပြီးတော့ ငါက ဖိနပ်ချွတ်ပြီး မြက်ခင်းပေါ်လျှောက်နေတာရယ်။ အဲဒါ ဘယ်မှာလဲ?"

"အဲဒါ ကိုယ်ပြောဖူးတယ်လေ။ Pandora's Box ကို တစ်ပတ်လောက်ခေါ်သွားဖူးတဲ့အကြောင်း"

"အဲဒီမှာလား? ငါ့ကို နောက်တစ်ခေါက်လိုက်ပို့ပေးဦး။ ဘယ်သူမှမသိဘူးဆိုတာ တကယ်လား?"

"Hepius သိတယ်လေ"

"အင်း၊ ငါမမှတ်မိတော့ဘူး။ ကိုယ့် Design ကို ပြန်ကြည့်ချင်တယ်"

"တစ်ရက်ရက်ပေါ့"

"ပြီးတော့ ဆေးရုံမရောက်ခင်ညက အခြေအနေတွေထင်တယ်။ ကားတွေနဲ့ ပိတ်ခံထားရတာ။ မင်းနဲ့စကားပြောနေတာ ဘယ်သူလဲ?"

"ဘာတွေပြောတာလဲ?"

"ဘာတွေပြောလဲဆိုတော့ ... ငါမမှတ်မိတော့ဘူး"

"ထားလိုက်ပါ။ Baby ဗိုက်ဆာလား?"

"အင်း၊ ဆာသလိုပဲ"

"မီးဖိုချောင်ထဲ ဘာရှိလဲမသိဘူး။ သွားရှာကြည့်ရအောင်"

နှစ်ယောက်သား မီးဖိုချောင်ထဲဖွကြပြီး Confirmed Menu က သီးစုံထမင်းကြော်။ အသီးအရွက်တွေ လှီးကြဖြတ်ကြပြီး Chain ကြော်ပေးနေတာကို Lock က ထိုင်စောင့်နေရုံ။

Chain ကိုနောက်ကြောင်းတွေမေးတိုင်း တစ်ခါတလေ အသေးစိတ်ပြောပြတတ်ပေမဲ့ တစ်ခါတလေတော့ စကားလမ်းကြောင်းပြောင်းပစ်တတ်တယ်။ သူမပြောချင်ရင် ကိုယ်ကလည်း ဆက်မမေးချင်ခဲ့။

"မင်း ငါ့ကို Pandora's Box ဆီခေါ်သွားတုန်းကလည်း ခုလိုပဲ ချက်ကျွေးခဲ့တာပေါ့?"

"မှတ်မိသွားပြီလား?"

"တွေးကြည့်တာလေ။ ဘယ်သူမှမသိပါဘူးဆိုတဲ့နေရာမှာ မင်းမချက်ရင် နေ့တိုင်းထွက်ဝယ်စားနေမှာလား?"

"ကိုယ်ပဲချက်ရတာပေါ့"

"အင်း၊ ငါလည်း ချက်တတ်၊ ပြုတ်တတ်တာပဲ"

"Lock က Dining Room ကိုကျော်ပြီး Kitchen ထဲမရောက်တာကြာပြီ"

"ဪ၊ အဲဒီလိုလား? မင်း ငါ့လက်ရာ ဘာစားဖူးလဲ? Starry House ကဟာတွေကလွဲရင်လေ"

"ဆန်ပြုတ်"

"ဩ! ငါသိပြီ။ နယ်စပ်ကစခန်းမှာမဟုတ်လား? အဲဒါ မီးငယ်လည်း လုပ်တတ်တယ်"

"မီးငယ်လုပ်ပေးတာလည်း စားဖူးတယ်။ လက်ရာချင်းအတူတူပဲ"

"ဟုတ်လား? ဘယ်တုန်းကလဲ?"

"Green မှာ သွားမနေရခင် ဆေးရုံတက်ရတုန်းကလေ"

"မင်းက Green မှာနေတော့လည်း အဆင်ပြေတာပဲမဟုတ်လား?"

"ဘာမပြေစရာရှိလဲ Baby ရဲ့"

"အင်း၊ မင်းက ခွေးတွေနဲ့ကအစ အဆင်ပြေတာ ငါသိတယ်"

"ဟား ဟား၊ Baby မှတ်မိတာကြီးကလည်း"

"ငယ်ငယ်က ငါ့ခွေးလေးသေသွားလို့ မင်းကိုရိုက်မိတာလည်း ငါမှတ်မိတယ်"

"အင်း၊ ကိုယ်ကတကယ်မရည်ရွယ်ဘူး။ သူ့ကိုထိမယ်လို့လည်း မထင်ဘူး။ ဟိုတစ်ကောင်က လူမယဉ်သေးတော့ စိတ်ပူပြီး အဲဒီအကောင်ကိုပစ်တာ။ သူ့ကိုထိသွားတာတော့ ကိုယ်လည်း တကယ်စိတ်မကောင်းဘူး"

ပြောနေရင်း Chain က ထမင်းကြော်တွေကို ပန်းကန်တွေထဲ ထည့်နေတယ်။ အနံ့တွေကလည်း မွှေးနေတာပါပဲ။

"အင်း၊ ငါလည်း တော်တော်စိတ်တိုသွားတာ"

"ကိုယ်ကလန့်သွားတာ။ ကိုယ့်လက်ကိုယ်ယုံလို့ ပစ်လိုက်တာပေမဲ့ အဲဒီလိုဖြစ်သွားတော့ ကိုယ့်အတွေးထဲမှာ Baby ကိုများထိသွားရင်ဆိုပြီး တွေးမိနေတာ။ အဲဒီအတွေးနဲ့တင် ကိုယ်တော်တော်ရူးချင်သွားတယ်။ Baby ရိုက်တာလည်း နာရကောင်းမှန်းမသိတော့ဘူး။ စားလို့ရပြီ Baby"

စကားလည်းပြောရင်း ထမင်းကြော်ပန်းကန်တွေလည်း သယ်လာရင်း Lock ရှေ့ချပေးလာတယ်။

"မွှေးနေတာပဲ"

"အင်း၊ အိုးထဲမှာရှိသေးတယ်။ စိတ်ကြိုက်စား"

"Ok!"

Lock က လက်ညှိုးနဲ့လက်မထိပ်တွေထိပြီး OK sign လုပ်ပြကာ တစ်လုပ်မြည်းကြည့်လိုက်တယ်။

"ပူမယ် Baby"

"အွန်း၊ အရသာရှိတယ်။ မိုက်တယ်"

ခေါင်းမော့မလာဘဲ လက်မထောင်ပြီးပြောတဲ့ Lock ကြောင့် Chain သဘောတကျရယ်မိတယ်။

"Baby ကြိုက်ဖို့ပဲ အရေးကြီးတာ။ ဖြည်းဖြည်းစား"

"အင်း၊ ပြီးတော့ ငါ မင်းကိုမေးစရာရှိတယ်။ အမှန်အတိုင်းဖြေ"

"အဲဒီလိုပြောလာရင်ကို လန့်တယ်။ ဖြေလို့ရရင် ဖြေပါ့မယ်"

"နေဦး! ဖြေလို့ရရင်ဖြေပါ့မယ်ဆိုတာ မင်းခဏခဏပြောနေကျစကား"

"မှန်ပါတယ်"

"အင်း၊ အဲဒီလိုပြောတိုင်း ငါတကယ်မကြိုက်ဘူး။ အခုလည်း သဘောမကျဘူး။ ဒါပေမဲ့ မင်းပြောတာကို ငါလက်ခံတယ်။ မင်းမညာချင်ဘူးလို့ ပြောတာနဲ့ အတူတူပဲမို့လို့လေ"

"လက်ခံပေးတာ ကျေးဇူးတင်ပါတယ်"

"အခုအချိန်မှာ ငါက မင်းရဲ့ တရားဝင်ခင်ပွန်းတစ်ယောက်လို့ မင်းခံစားရလား?"

"ဗျာ!"

"ဘာဖြစ်သွားတာလဲ? မထင်မှတ်ထားတဲ့ မေးခွန်းလား? အဲဒီလိုဆိုလည်း အခုတွေးကြည့်ပြီး အမှန်အတိုင်းဖြေ။ ငါတကယ်သိချင်တာ"

"အမှန်အတိုင်း အတိအကျဖြေရရင် ကာမပိုင်မဟုတ်တဲ့ တရားဝင်ခင်ပွန်းပေါ့"

မေးတုန်းကတော့ ဆွံ့အသွားသလိုအထာနဲ့ ဖြေမယ့်ဖြေတော့ အတိအကျကြီးမို့ Lock တွေသွားရပြီ။
မှန်တာပေါ့။ တရားဝင်ယူထားတဲ့ ကာမပိုင်လင်ယောက်ျားလို့သာ ပြောကြသည်မဟုတ်လား? အခုက သူနဲ့ကိုယ့်ရဲ့ပတ်သက်မှုဟာ စာချုပ်ပေါ်မှာသာရှိတာမို့ တရားဝင်ခင်ပွန်းပေမဲ့ ကာမပိုင်လင်ယောက်ျား ဟုတ်မနေပါ။ ကာမပိုင်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကြောင့် ရုတ်တရက်ကြီး မျက်နှာတွေပူလာသလိုလို၊ ကမ္ဘာကြီးကပဲ နေနားကပ်သွားသလိုလိုနဲ့ လူက အဆင်မပြေတော့ပါ။
မဟုတ်သေးပါဘူး။ အဆင်မပြေရအောင် ကိုယ်က သူ့မိန်းမလည်းမဟုတ်၊ သူ့ရည်းစားလည်းမဟုတ်ခဲ့။ ဒါပေမဲ့လို့ လူသိရှင်ကြား တရားဝင်လက်ထပ်ယူပြီးသား ကိုယ့်အိမ်ထောင်ဖက်။ ကာမပိုင်မဟုတ်တာက လွဲရင်ပေါ့။
လုပ်ပြန်ပြီ၊ ဒီစကားနဲ့ ဒီဘူတာကိုပဲ ဆိုက်ပြန်ပါပြီ။

"Baby, စိတ်ဆိုးသွားတာလား?"

"ဟင်? မဟုတ်ပါဘူး"

"မသိဘူးလေ။ မျက်မှောင်ကြီးကျုံ့ပြီး မျက်နှာကလည်း နည်းနည်းနီလာလို့။ ဒါမှမဟုတ် ထမင်းကြော်က အရမ်းပူနေတာလား? နည်းနည်းဖွထားလိုက်လေ၊ ကိုယ်လုပ်ပေးမယ်"

"မဟုတ်ဘူး၊ ရတယ်"

Chain က ပန်းကန်ကိုလှမ်းအယူ Lock ကလည်း ပြန်အဆွဲ ပန်းကန်အောက်ဘက်နား ပူနေတဲ့အပိုင်းမှာ Lock ရဲ့လက်ကို အပေါ်ကနေဖိကပ်ထားသလိုဖြစ်နေပြီး Chain ကကြောင်ကြည့်နေတာကြောင့်

"ပူတယ်ကွ၊ လွှတ်စမ်း"

"ဟာ ... Sorry, sorry Baby. အရမ်းပူသွားလား?"

Lock လက်ကိုဆွဲယူပြီး ကြည့်ပြန်တာမို့ ပြန်ရုန်းလိုက်ကာ

"ဒီလောက်နဲ့ ဘာမှမဖြစ်ဘူး။ စားစရာရှိတာစား။ အဲဒါကြောင့် ညက မင်းကို Nancy ပြောတာ၊ အဖြစ်သည်းမနေနဲ့လို့လေ။ ငါ ကလေးလည်းမဟုတ်ဘူး၊ နုနုနယ်နယ်မိန်းကလေးလည်းမဟုတ်ဘူး၊ ရောဂါသည်လည်းမဟုတ်ဘူး။ မင်း ငြိမ်ငြိမ်နေ"

ကိုယ့်ဘာသာ အဆင်မပြေဖြစ်နေတာကို Chain ဘက်လှည့်ပြီး ပြောပစ်လိုက်မိတယ်။

"အင်း၊ ကိုယ်ကလည်း ကလေးအမေမဟုတ်ဘူး၊ Baby ကိုလည်း Ivy မှန်းမသိတာမဟုတ်ဘူး၊ ဆရာဝန်လည်း ဟုတ်မနေဘူးလေ။ သူ့အလိုလို စိုးရိမ်လို့ဖြစ်သွားတာတွေပါ။ နောက် ဆင်ခြင်ပါ့မယ်"

အဲဒီလိုဆိုတော့လည်း မဟုတ်သေးဘူးထင်ပါတယ်။

"ငါက မင်းကို အပြစ်ပြောတာမဟုတ်ဘူး။ မင်းစိုးရိမ်တာသိတယ်။ စိုးရိမ်တိုင်းလည်း ပျာယာခတ်မနေနဲ့လို့ ပြောနေတာ"

"Baby လိုမှ သွေးမအေးတာ"

Chain ရဲ့ ခပ်တိုးတိုးရေရွတ်သံကို Lock သေသေချာချာကြားတာကြောင့်

"စားစရာရှိတာစား၊ ပွစိပွစိပြောမနေနဲ့"

"ကြားအောင်ပြောတာပါပဲဗျာ"

"လုပ်ရင်နာတော့မယ်"

Lock က ထမင်းတစ်ဇွန်းခပ်ယူရင်း ခက်ရင်းကိုင်ထားတဲ့လက်ကို မြှောက်ပြမိတယ်။

"ကိုယ်မေးချင်တာလေ။ Baby အဲဒီလို ခဏခဏပြောတတ်တယ်။ ဒါပေမဲ့ ဘာလုပ်ချင်တာလဲ ကိုယ်မသိဘူး"

စပ်ဖြဲဖြဲရုပ်နဲ့ မေးလာတဲ့ Chain ဆီ Lock ရဲ့ အကြည့်တွေ ဒိုင်းခနဲရောက်လာပြီး ဝါးလက်စထမင်းကြော်တွေ မြိုချကာ ခနဲ့သလိုပြုံးရင်း

"ကာမပိုင် ဖြစ်သွားချင်တာလား?"

"အမ်? တကယ်ကြီးလား?"

Lock က တမင်တကာရွဲ့ပြောတာကို မနာတဲ့အပြင် ရုပ်ကပါ ပိုပြီးပြောင်စပ်စပ်ဖြစ်လာပါသော Chain ကို Lock ကြည့်မရတော့ပါ။ ခက်ရင်းတွေ၊ ဇွန်းတွေ ပန်းကန်ထဲချထားလိုက်ပြီး လက်နှစ်ဖက်လုံး စားပွဲပေါ်တင်၊ ခါးကိုမတ်လိုက်တယ်။ ဒါကိုပဲ Chain က သေသေချာချာ ထိုင်ကြည့်နေပြန်တယ်။

"မင်း တော်တော်အခွက်ပြောင်နေတယ်လား? ငါဘာလုပ်မလဲဆိုတာလည်း သိပ်သိချင်နေတာလား?"

ခေါင်းတွေစွတ်ညိတ်ပြနေပြန်ပြီ။ ဒီကောင်ဟာ တော်တော်ကို ရွပိုးထိုးနိုင်တာ ကိုယ်မသိခဲ့တာလား?

"ကြည့်တော့လည်း နွဲ့မနေပါဘူး။ ဒါပေမဲ့ ငါက မင်းရဲ့အိမ်ထောင်ဦးစီးဖြစ်နေတာလေး တစ်ခုပဲ"

"အင်း၊ သိတယ်လေ။ အဲဒါဘာဖြစ်လို့လဲ? အဲဒါတွေက သတ်မှတ်ချက်တွေပဲ။ အရေးမကြီးပါဘူး"

ကိုယ့်မျက်လုံးထဲ စိုက်ကြည့်နေပြီး ပြောနေပြန်ပါပြီ။

"မင်းဘာသာ အရေးကြီးချင်တာကြီးနေလိုက်တော့"

ကိုယ့်ဘက်ကပဲ အကြည့်လွှဲလိုက်မိတယ်။ အဲဒီ ရီဝေဝေအကြည့်တွေ ကိုယ်သဘောမကျပါဘူး။

"Baby သိလား?"

ဆက်မပြောဘဲရပ်လိုက်တော့ ကိုယ့်မှာ သူ့ကိုပြန်ကြည့်ရပြန်ရော။ အဲဒီတော့မှ ဆက်ပြောလာတယ်။

"Baby က ကိုယ့်အပိုင်မဖြစ်ရလည်း ကိုယ့်ကိုတော့ Baby ပိုင်ပါတယ်။ ကိုယ့်ရဲ့အရာရာတိုင်းကိုပေါ့။ ချွို့ယွင်းချက်မရှိတဲ့ ယောက်ျားနှစ်ယောက်ကြားမှာ ကိုယ်နဲ့သက်ဆိုင်သမျှ Baby အပိုင်ပါ"

ဘာအဓိပ္ပါယ်လဲ? ကိုယ့်ဘက်က စကားနိုင်လုပြောမိတာကို သူက ဘယ်ဆီအထိဦးတည်ပစ်တာလဲ? ကိုယ် မေ့နေခဲ့တာပဲ။ Chain ဆိုတာက ကိုယ်နည်းမျိုးစုံနဲ့ အနိုင်ယူခဲ့ဖူးတဲ့လူတစ်ယောက်။ ဒါပေမဲ့ ကိုယ့်ဘက်က တကယ်အနိုင်ရခဲ့သလား? အခုအချိန်မှာတော့ အဲဒါတွေပြန်ကြားရရင် သူ့အပေါ် အားနာမိတာပဲသိတယ်။ မျက်နှာတွေလည်း ပူတယ်။

"ရပြီ။ ငါသိတယ်ဆိုရင် ရပြီမဟုတ်လား?"

"အရင်ကတည်းက Baby သိနေတာပဲ"

စကားစပြတ်သွားခဲ့ကြပြီး စားစရာရှိတာ ဆက်စားနေမိကြတယ်။

"ထပ်ထည့်ဦးမလား Baby?"

"တော်ပြီ။ ဗိုက်ပြည့်သွားပြီ"

"အဲဒါဆို ကိုယ်ပန်းကန်ဆေးလိုက်ဦးမယ်။ အပေါ်ပြန်တက်နှင့်တော့လေ"

"ငါလည်း ကူသိမ်းပေးမယ်"

နှစ်ယောက်သား မီးဖိုခန်းမှာ ဆေးကြောသိမ်းဆည်းပြီး အပေါ်ပြန်တက်လာကြတယ်။ ဝရန်တာဘက် ထွက်လာလိုက်တော့ Chain က နောက်ကပါလာတယ်။ နေထွက်ခါစအလင်းရောင်ကို ကြည့်ရင်း စိတ်ထဲကြည်လင်လို့။ ထုံးစံအတိုင်း ဝရန်တာလက်ရန်းပေါ် တက်ထိုင်လိုက်တော့ Chain က ဘေးနားကပ်ပြီး ရပ်ကြည့်နေတယ်။

"ငါ့ကို အဲဒီလောက် အလျှော့မပေးခဲ့သင့်ဘူး"

Kitchen ထဲကစကားကို Lock က ပြန်ဆက်လိုက်မိတယ်။

"တမင်တကာ အလျှော့ပေးတာမဟုတ်ပါဘူး။ သူ့အလိုလိုကို အဲဒီလိုပဲ နေတတ်ခဲ့တာ"

"မင်းက အဲဒီလိုနေတော့ ငါက ရောင့်တက်တာပေါ့"

"ကိုယ်ကျေနပ်တယ်လေ"

Chain က Lock နဲ့အနီးဆုံးကိုကပ်လို့ Lock ဘေးတစ်ဖက်တစ်ချက်က ဝရန်တာလက်ရန်းတွေပေါ် လက်ထောက်ပြီး အပေါ်ကစီးမိုးနေတဲ့ Lock မျက်နှာကို မော့ကြည့်လာတယ်။

"ကိုယ် Baby ကို သိပ်ချစ်တာမို့ ဘယ်လိုပဲ အနိုင်ယူယူ ကိုယ်ကျေနပ်ပါတယ်"

မျက်လုံးချင်းဆုံကြည့်ပြီး ပြောလာတဲ့စကားတွေနဲ့အတူ Lock ကိုယ်ထဲကသွေးတွေ နွေးခနဲဖြစ်သွားသလိုပဲ။ နေရောင်ထွက်လာလို့များလား?
Chain က Lock ခေါင်းကိုထိန်းကိုင်လိုက်ပြီး ခြေဖျားထောက်လို့ မျက်နှာချင်း တဖြည်းဖြည်းနီးကပ်စေတော့ Lock ငြိမ်နေမိပြီးမှ Chain ပခုံးကို ဖိကိုင်လိုက်ပြီး အသာတွန်းဖယ်လို့ ကြမ်းပေါ်ခုန်ဆင်းကာ အခန်းထဲဝင်လာလိုက်တယ်။ Chain ကတော့ ခေါင်းငုံ့ရယ်လိုက်ပြီး နောက်ကပြေးလိုက်သွားတယ်။
အခန်းထဲရောက်သွားတဲ့ Lock လက်ကို ဆွဲယူလိုက်တော့ မျက်နှာချင်းဆိုင်ဖြစ်သွားပြီး Lock ကလည်း Chain ကို စိုက်ကြည့်လာတာကြောင့် Chain ဘာမှတွေးမနေတော့ဘဲ Lock ရဲ့ နှုတ်ခမ်းတွေဆီ အနမ်းတွေအခစားဝင်လိုက်မိပြီ။

ကိုယ့်နှုတ်ခမ်းဆီလာထိတွေ့တဲ့ နွေးထွေးမှုတစ်ခုက ရင်ထဲထိစီးဆင်းသွားသလိုပဲ။ ဘာဖြစ်တာလဲ? အဲဒါ Chain လေ။ ဒါပေမဲ့ ကိုယ့်ဘက်က မငြင်းမိဘူး။ နောက်တော့ ...
ကိုယ်တိုင် တုန့်ပြန်မိနေတာလား? မဟုတ်ဘူး၊ ငါ ငြင်းသင့်တာမဟုတ်လား?

အနည်းဆုံးတော့ လက်သီးစာမိရုံပဲဆိုပြီး နမ်းပစ်လိုက်မိပေမဲ့ Baby က ငြိမ်နေတယ်။ ရှေ့ဆက်တိုးမိတော့ ထိကပ်ထားတဲ့ သူ့မျက်နှာလေးက နွေးနွေးလေးဖြစ်လာတယ်။ ပျော်လွန်းလို့ ခြေထောက်တွေလည်း ကြမ်းနဲ့ထိရဲ့လားမသိတော့ဘူး။
OMG! Baby က ပြန်နမ်းနေတာလား? ကိုယ့်ကို အသေသတ်နေတာပဲ။

ကိုယ့်အသိစိတ်က လွတ်သွားတာလည်းမဟုတ်ဘူး၊ ကပ်နေတာလည်းမဟုတ်ဘူး။ Chain ရဲ့ အင်္ကျီခါးစကိုကိုင်ထားရင်း သတိထားမိတော့ ခုတင်နားရောက်နေပြီ။

Baby မျက်နှာကို လက်နဲ့အုပ်ကိုင်ထားရင်း စည်းချက်ညီတဲ့အနမ်းကပွဲလေးမှာ Baby နောက်ဘက်ကခုတင်ဆီ အကြည့်ရောက်မိလို့ ကိုယ့်လက်တွေကို Baby ခါးနဲ့ ခေါင်းအနောက်ဘက်ဆီ ပို့လိုက်ပြီး ခုတင်ပေါ်လှဲချလိုက်မိတယ်။ ကိုယ်တိုင်လည်း ခြေထောက်တွေမခိုင်ချင်တော့ဘူး။ ခါးနားက အင်္ကျီစလေး တင်းခနဲဖြစ်သွားတာတော့ ကိုယ်သေချာသိပါရဲ့။

ခါးနဲ့ ခေါင်းနောက်ဘက်ဆီက လက်နွေးနွေးရဲ့အထိအတွေ့နဲ့အတူ နှစ်ယောက်လုံး ခုတင်ပေါ်လဲကျသွားတယ်။ Chain က လက်တစ်ဖက်ကို ခုတင်ပေါ်ထောက်လိုက်ပြီး နောက်လက်တစ်ဖက်က ကိုယ့်ပါးတစ်ဖက်ဆီရောက်လာတဲ့အထိ ခပ်မှန်မှန်အနမ်းတွေက အမျှင်မပြတ်ခဲ့ဘူး။ သူ့ခါးပေါ်ကကိုယ့်လက်တစ်ဖက်က သူ့ခေါင်းကိုနောက်ဘက်ကနေ ထိန်းကိုင်လိုက်ချိန်မှာတော့ .....

Baby ပါးကိုထိကိုင်လိုက်တော့ Baby ကလည်း ကိုယ့်ခေါင်းကို ထိန်းကိုင်လာတယ်။ အဲဒီအချိန်မှာ နှစ်ဦးသဘောတူ အနမ်းမုန်တိုင်းတွေက အရှိန်ပြင်းလာခဲ့ပြီ။ တစ်လျှောက်လုံး Classic Song နဲ့ ငြိမ့်ငြိမ့်လေးကနေရာကနေ ရုတ်တရက် Music ပြောင်းသွားလည်း ကိုယ်တွေ စည်းချက်မပျက်ခဲ့ပါ။
Baby လက်တစ်ဖက်က ကိုယ့်ကျောပြင်မှာ ပြေးလွှားနေရင်း ရုတ်တရက်ကြီး ဆွဲလှည့်ခံလိုက်ရတာကြောင့်  ခုတင်မှာ ကျောကပ်သွားတာကကိုယ်၊ ကိုယ့်ပေါ်ကို ထပ်ကျလာတာက Baby.

အရှိန်ရလာတဲ့ ရင်ခုန်သံတွေနဲ့အတူ လူကအားမရတော့တာကြောင့် Chain ကိုယ်ကိုဆွဲဖက်ပြီး သူ့အပေါ်နေရာယူလိုက်မိတယ်။ အနမ်းတွေရပ်သွားပြီး သူ့ကိုကြည့်မိတော့ ကိုယ့်ကိုကြည့်လာတဲ့ အဓိပ္ပါယ်ဘာမှန်းမသိတဲ့ စူးရဲရဲမျက်ဝန်းတွေက တဖြည်းဖြည်းနဲ့ ခြေရင်းကိုဝပ်ဆင်းလာတဲ့ ကြောင်လေးတစ်ကောင်ကို ညင်သာသွားတာ ကိုယ်မြင်လိုက်တယ်။ ကိုယ်အမြင်မှားတာလား?

ရပ်တန့်သွားတဲ့အရှိန်တွေကြောင့် ကြည့်မိတော့ Baby မျက်လုံးထဲမှာ ကျားရဲတစ်ကောင်။ Baby ဖြစ်တည်မှုကို ကိုယ်မမေ့ပါဘူး။ စစ်တုရင်ပွဲမှာလည်း King ဆိုတာ တစ်ကောင်တည်း။ အဲဒီတော့ ကိုယ်က ကြောင်တစ်ကောင်လိုပဲ ဝပ်ဆင်းရမယ်ဆိုလည်း ကျေနပ်ပါတယ်။

အား ... မဖြစ်သင့်ဘူးမဟုတ်လား?
စိတ်လွတ်သွားတာ။ တော်တော်ကိုလွတ်သွားတာ။ ယောက်ျားတစ်ယောက်နဲ့ပတ်သက်ပြီး ဘယ်လိုတွေတောင် အထိန်းအကွပ်မဲ့သွားတာလဲ? တစ်ကိုယ်လုံးက ဆူပွက်နေတဲ့သွေးတွေကို ထိန်းချုပ်လိုက်ပြီး Chain ရဲ့ဘေးကို လှဲချလိုက်မိတဲ့အထိ ရင်ဘတ်ထဲက မငြိမ်သေးဘူး။

"Baby အဆင်ပြေအောင် ကိုယ်လုပ်ပေးရမလား?"

ဘေးစောင်းလှဲပြီး ကိုယ့်ခါးဆီ လက်ရောက်လာတဲ့ Chain ကို ဒီအတိုင်းကြည့်နေမိတော့ အောက်ဘက်ကိုလျှောဆင်းသွားတာကြောင့် ထထိုင်လိုက်ပြီး

"အာ ... ရတယ်။ ငါ ဘာမှမဖြစ်ဘူး။ ရုတ်တရက်မို့ နည်းနည်း ..."

"အဲဒါဆို Baby ခဏနားလိုက်ပါ။ ကိုယ်ရေသွားချိုးလိုက်ဦးမယ်"

ရေချိုးမယ်ဆိုပြီး အခန်းထဲကထွက်သွားတာ သူ့အခန်းမှာသွားချိုးမှာပေါ့။ ဘာလဲ? ရေချိုးမှာတဲ့လား? ဒီအခြေအနေတွေကြောင့် မြင်ယောင်မိတာက ဝရန်တာမှာ ဒိုက်ထိုးနေတဲ့ Chain.

"ငါ့ကိုတွေးပြီး မင်းပေါက်ကရတွေလုပ်နေမှာ မကြိုက်လို့ လာတားတာ"

"ဟာ၊ မဟုတ်ဘူးနော် Baby, ကိုယ် အာရုံပြောင်းနေတာ။ တကယ်ပါ"

"ဘယ်လိုမျိုးလဲ?"

"Baby မသိချင်ပါနဲ့"

ကြမ်းပြင်မှာ နောက်ဘက်ကိုလက်ထောက်ထိုင်နေတဲ့ Chain. လက်ကောက်ဝတ်က ခပ်ရေးရေးအမာရွတ်အစင်းတွေ။ ဘာတွေလဲ?
Lock ခေါင်းတွေခါရမ်းပစ်မိတယ်။ စိတ်တွေရှုပ်သွားတာနဲ့ ခန္ဓာကိုယ်လည်း ပုံမှန်ပြန်ဖြစ်သွားတာတောင် မသိလိုက်ဘူး။ ခဏဆက်ထိုင်နေတုန်း တံခါးခေါက်ပြီးဝင်လာတဲ့ Chain က ချွေးတွေစိုရွှဲပြီး Bathrobe တစ်ထည်ဝတ်လို့။

"ကိုယ့်အခန်းထဲ ဘာ Shower Cream မှမရှိလို့။ ဆပ်ပြာတုံးတောင်မရှိဘူး။ အဲဒါပြန်လာယူတာ"

"မင်းပဲ မနေ့က ရေချိုးခန်းရှင်းခိုင်းမယ်ပြောပြီး သုံးနေကျပစ္စည်းတွေကိုကျ  ခြင်းသေးလေးနဲ့ ထည့်လာတာလေ။ ယူတော့မသွားဘဲနဲ့"

"အဲဒါကို ခုနက မေ့သွားတာ"

"ဘယ်လိုဖြစ်လို့ ချွေးတွေရွှဲနေတာလဲ?"

"ဟို၊ ရေမချိုးခင် နည်းနည်းလေး Workout လုပ်တာပါ"

ပြောပြီး ရေချိုးခန်းဆီလှစ်ခနဲဝင်သွားတာကြောင့် Lock ပြုံးလိုက်ပြီး

"ဒီမှာပဲချိုးလိုက်တော့"

ရေချိုးခန်းကနေ ခေါင်းပြူကြည့်လာလို့ ဝရန်တာဘက် လှည့်ထွက်ရင်း

"မင်းဘာသာ အေးဆေးချိုး"

Chain ဆီက Reply စောင့်မနေတော့ဘဲ ဝရန်တာဆီထွက်လာခဲ့တယ်။ ဒီနေ့မှ ဘာတွေဖြစ်တာလဲ? သူကတော့ ချစ်နေပါတယ်လို့ ဝန်ခံထားပြီးသားလေ။ ကိုယ်ကကျတော့ရော? ဘယ်လိုခံစားချက်မှန်း ကိုယ်ဘာသာတောင်မသိသေးပါဘဲ ဘယ်အဆင့်ထိ တိုးဝင်သွားမိတာလဲ?

မင်း ဘာဖြစ်နေတာလဲ Ivy ရေ?

■■■■■ Part XXXVI ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі