1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
63. Diary (2)
ခြံနောက်မှာအပင်တွေထပ်စိုက်ဖို့ မှာထားတာတွေက ရောက်လာပြီ။ အခန်းထဲမှာလည်း Blue Diamond ကပို့တဲ့ Wedding Photo ကို ချိတ်မယ်ဆိုလို့ မနေချင်တာနဲ့ ခြံထဲဆင်းလာမိတယ်။ ခေါ်ခိုင်းမိသမျှကောင်တွေ တစ်ယောက်မှအဆင်မပြေဘူး၊ အပင်တွေသေကုန်တော့မှာပဲ။ ကိုယ့်ဘာသာပဲ လုပ်လိုက်တာက ပိုအဆင်ပြေမှာမို့ အပင်တွေနဲ့ရှုပ်နေတုန်း Chain ရောက်လာတယ်။ ခိုင်းစရာရပြီဆိုပြီး ယုံကြည်လိုက်မှပဲ အိုးတွေတစ်လုံးပြီးတစ်လုံး ကွဲကုန်တော့တာ။ သူ အပင်တွေစိုက်ပေးထားတယ်ဆိုတာ ဘယ်လိုများစိုက်တယ်မသိ။ စိတ်တွေကုန်ပါရဲ့။

¤

Leo နဲ့ကိစ္စတွေတဲ့၊ တော်တော်လေးတော့သိလာပေမဲ့ စိတ်ထဲမထားချင်ဘူး။ ဒါနဲ့များ Lock အနေနဲ့ ငါဘယ်လိုတွေ အသားကျခဲ့သလဲ? လိုအပ်သမျှတွေကို တစ်ယောက်တည်းစီမံနေရတာ မဟုတ်တာတောင် စိတ်ပင်ပန်းစရာ။ အဖေ ဘယ်လိုများအုပ်ချုပ်ခဲ့သလဲ? တစ်နေ့လုံး ဘာတွေရှုပ်မှန်းမသိရှုပ်ပြီး ခုတင်ပေါ်လှဲနေတုန်း ငါအိပ်ပြီထင်ပြီး တိတ်တိတ်လေးဝင်လာတဲ့ Chain ကို ပြောစရာတွေကရှိနေတယ်။ ငါ့အခန်းကို တားမြစ်နယ်မြေတစ်ခုလို သဘောထားနေရခြင်းက ငါမကြည်ဖြူခဲ့လို့ပါတဲ့။ ဒီအခန်းထဲ မင်း စိတ်ဖြောင့်ဖြောင့်နေပါ၊ ငါခွင့်ပြုတာမို့။

ငါပြန်သတိရရင် စိတ်ဆိုးဒေါသထွက်မှာကို မဖြစ်စေချင်ဘူးတဲ့လား? ဒါကြောင့်ပဲ ဒီ Diary ရေးဖို့ဖြစ်လာခဲ့တာ။ ငါပြန်သတိရတဲ့အခါ ဒီကြားထဲကကိစ္စတွေကို မတော်တဆမေ့သွားခဲ့မယ်ဆိုရင် ပြန်သိရအောင်တော့ တစ်ခုခုချန်ထားချင်ပါတယ်။

ဒီနေ့ အမေ့ဆီသွားဖို့အတွက် Chain ကိုတော့ မနေ့ညကတည်းကပြောမိပေမဲ့ မီးငယ်ကိုမပြောဖြစ်ဘူး။ ဒီမနက်မှပြောပြီး ခေါ်သွားရတယ်။ မီးငယ်ကပြောတယ်၊ ငါက Chain ကိုသတ်ပစ်ဖို့အတွက် သေနတ်ယူခိုင်းရင်တောင် Chain က ကိုယ်တိုင်ယူပေးမယ့်လူမျိုးတဲ့။ မင်းအချစ်တွေကို ငါအသိအမှတ်ပြုပါတယ်။ ငါလည်း မြင်နေရတာပဲလေ။

အမေနဲ့အဖေဆီရောက်တော့ မီးငယ်လေးကငိုပြန်ပါတယ်။ သူ့အနေနဲ့က အမေ့ကိုလည်းသေချာမမှတ်မိ၊ အဖေ့ကိုလည်း အသက်မမီခဲ့ရတာမို့ တော်တော်လေးဝမ်းနည်းနေခဲ့မှာပါ။ အလုပ်ရှိသေးလို့ မီးငယ်ပြန်သွားတော့ Chain က အံဝှက်လေးထဲကနေ အဖေပေးခဲ့တဲ့စာချုပ်လေးတစ်ခု ထုတ်ပေးလာတယ်။ စိန်တွင်းတစ်ခု၊ အိမ်ထောင်ကျတဲ့အခါလွှဲပေးဖို့ မင်္ဂလာလက်ဖွဲ့တဲ့လေ။ သတိရတယ် အဖေ၊ အဖေ့အတွက်အားမကိုးရတဲ့သားကို အဲဒီလိုတွေအထိ စီစဉ်ပေးခဲ့တယ်တဲ့။
အား ... အဖေ့ကိုအရမ်းလွမ်းတယ်။

¤

အဝေးပြေးလမ်းမကြီးပေါ် ကားနဲ့ဖြတ်လာရင်း ရုတ်တရက်ကြုံလိုက်ရတဲ့ ပေါက်ကွဲမှု။
အပြန်အလှန်ပစ်ခတ်နေကြတဲ့ လူတွေနဲ့လက်နက်သံတွေ၊ ရဟတ်ယာဉ်အသံတွေ။
ပစ်လဲသွားတဲ့ကားထဲ လည်ထွက်သွားတဲ့ အမြင်အာရုံနဲ့ ယုတ်လျှော့သွားတဲ့အားအင်တွေ။
ကားထဲကနေထွက်ပြီး လမ်းဘေးကအပင်တန်းတွေကြား အပြေးသွားဖို့အသိအာရုံ။
ဝေဝါးနေတဲ့အမြင်တွေနဲ့ ခန္ဓာကိုယ်ကိုမသယ်နိုင်တော့ချိန် ကြားလိုက်ရတဲ့လေတိုးသံ။
ပြီးတော့ အဝေးကအော်ခေါ်နေသလိုကနေ အနီးကပ်ကြားလိုက်ရတဲ့ခေါ်သံ။
ခန္ဓာကိုယ်ကိုလှုပ်နှိုးလာမှ ရုန်းထွက်နိုင်ခဲ့တဲ့ အိပ်မက်ဆိုးတွေနဲ့ အိပ်ရာနိုးခဲ့ရတဲ့ညတွေ။

တစ်ညလုံး သီချင်းတွေအော်ဆိုပြီး သောင်းကျန်းပစ်မိတယ်။ မီးငယ်ဆွဲခေါ်လို့ ပြန်အိပ်ကြမယ်ဆိုမှ ဓားထုတ်ပြီး Guitar မှာ စာထွင်းနေသေးတဲ့ Chain.
နေ့လယ်ကလည်း အဖေတို့ရှေ့ငိုခဲ့ချိန် နှစ်သိမ့်ပေးခဲ့တယ်။ ညဘက်လည်း အိပ်မက်ဆိုးကနေ ဆွဲထုတ်ပေးခဲ့တယ်။
ဒီနေ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်။

▪︎▪︎▪︎

မလိုပါဘူး Baby. ကျေးဇူးတင်ခံချင်လို့ လုပ်ခဲ့တာမဟုတ်ခဲ့ဘူးလေ။ Baby ရဲ့ နာကျင်မှုတွေကို ဖယ်မပေးနိုင်ရင်တောင် လျော့သွားစေတယ်ဆိုရင် ကျေနပ်ပါတယ်။
ပြီးတော့ မှတ်ဉာဏ်ပျောက်နေတဲ့အတောအတွင်း ဖြစ်ခဲ့သမျှတွေကို မှတ်ထားပေးချင်တဲ့အတွက် ကိုယ်ကပြန်ပြီးကျေးဇူးတင်ရမှာပါ။
ဟန်ဆောင်လက်ထပ်ခဲ့တယ်ဆိုရင်တောင် ကိုယ့်ကိုအသိအမှတ်ပြုပေးခဲ့တဲ့အတွက်ရော၊ ဒီအမှတ်တရတွေကို ဒီစာအုပ်လေးထဲ ထည့်သိမ်းပေးထားတဲ့အတွက်ရော ထပ်ပြီးကျေးဇူးတင်ပါတယ်။

▪︎▪︎▪︎

Leo နဲ့ဆုံပြီး အရောင်းအဝယ်ဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ သောက်ဖြစ်ခဲ့ကြတယ်။ နှစ်ယောက်လုံးမူးပြီး ဘာတွေဖြစ်ကုန်မှန်း သေချာမသိတော့ဘူး။ ငါသိတာတော့ Spectrum ကိုမပြန်ချင်ဘူး။ Violet ကို အိမ်လို့မခံစားရတော့ဘူး။ မွန်းကျပ်လွန်းတယ်။ Spectrum က ငါ့အတွက်လှောင်အိမ်လိုပဲ၊ အဖေက ဘာလို့ ငါ့ကိုလှောင်အိမ်တစ်ခုပေးခဲ့လဲလို့ တွေးနေမိတာ။ ငါ့ခံစားချက်တွေက အတိတ်ကိုပြန်ရောက်နေခဲ့တယ်။

ခေါင်းတွေကိုက်နေတဲ့မနက်ခင်းမှာ အမူးပြေဖို့လုပ်ပေးနေတဲ့ Chain အကြောင်း ကြားလိုက်ရတယ်။ ညက ငါအန်ချတာကို သူ့လက်နဲ့ခံထားပေးတယ်တဲ့။ Chain ရဲ့ချစ်တတ်မှုကို ဋီကာဖွဲ့နေကြတာ ဘယ်နားနဲ့နားထောင်ရမှန်းမသိဘူး။ ငါက ဘာလို့များ အဲဒီလောက်သောင်းကျန်းပြီး သူကရော ဘာလို့ အဲဒီလောက်လိုက်ကြည့်ပေးနေရတာလဲ? အမူးပြေဟင်းရည်လုပ်ပေးပြီး ညကကိစ္စကို ပေါက်ကရတွေစနောက်နေတဲ့ Chain က အရင်ကထက်ပိုပြီး ရင်းနှီးလာသလိုပါပဲ။

ခေါင်းကြည်သွားအောင် ခြံထဲဆင်းလာပြီးမှ မီးငယ်ရှိနေတဲ့ Indigo ဆီ စကားသွားပြောပြီး အခန်းထဲပြန်လာတော့ Chain က Guitar တစ်လက်နဲ့အလုပ်များနေတယ်။ မီးငယ်ကတော့ Guitar မြင်ရင်လန့်နေပုံပါပဲ။ အရင်လိုမဟုတ်တော့ဘဲ ပေါ့ပါးရင်းနှီးလာတဲ့ဆက်ဆံမှုက ငါတို့ကြားမှာ သက်တောင့်သက်သာဖြစ်စေတယ်။
သူငယ်ချင်းလေးယောက်ဆုံဖို့က အကုန်လုံးကိုသတိမရသေးတဲ့ ငါ့အတွက် Chain ပါရင်ပိုအဆင်ပြေမှာမို့ လိုက်ခဲ့ဖို့ခေါ်မိတာကို အကြီးအကျယ်တွေခံစားနေပြန်တယ်။

Chain ရဲ့အချစ်ကို ခံစားလက်ခံနိုင်ပေမဲ့ ထုတ်ပြောလာရင်တော့ အနေရခက်နေတုန်းပဲ။ သတိရခါစက တစ်ခါတလေအမြင်မကြည်ဖြစ်မိပေမဲ့ အခုချိန်မှာတော့ အားလုံးအဆင်ပြေနေတယ်။ လိင်တူလက်ထပ်ခြင်းကိုလက်ခံပြီး သူ့ကို ကိုယ့်ခင်ပွန်းလို့လက်ခံထားမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှန်းသိဖို့လိုနေပြီထင်ပါရဲ့။

သူ့ဘက်က သူ့အချစ်တွေကို ထုတ်ပြလာတဲ့အခါမျိုးမှာ ကိုယ့်အတွက်က အနေရခက်တယ်။
မီးငယ်နဲ့စကားပြောရင်း ကိုယ့်ဘက်က စနောက်မိတဲ့အခါမျိုးမှာ သူ့ရဲ့ အနေရခက်သလိုအမူအရာတွေက ကိုယ့်ကို စိတ်ကျေနပ်စေတယ်။
မီးငယ်ရဲ့ ရှေ့နောက်မလွတ်တဲ့စကားတွေကလည်း ကိုယ့်ကိုပြုံးရယ်စေတယ်။
ငါ သူ့ကို တစ်ခါမှမမုန်းခဲ့ဖူးတာ သေချာပါတယ်။

▪︎▪︎▪︎

နှလုံးခုန်ရပ်ရင်ပဲ သေတာမဟုတ်ဘူးနော်။ ရင်ခုန်မြန်ရင်လည်း သေတတ်တယ် Baby.
ကိုယ့်ကို Baby ခင်ပွန်းအနေနဲ့ လက်ခံနိုင်ခဲ့တယ်တဲ့၊ တစ်ခါမှလည်း မမုန်းဖူးဘူးတဲ့။
ဘယ်လိုလုပ်မလဲ? ကိုယ့်ကမ္ဘာလေးက သိပ်လှနေပြီ။

▪︎▪︎▪︎

ခက်ရင်းပြုတ်ကျလည်း Chain လက်ကို ခက်ရင်းနဲ့ထိုးမိတာမြင်တယ်။ Bracelet လေးမြင်လည်း သူပေးထားတာ သတိရလာတယ်။ စိတ်ရှုပ်လို့ဆေးလိပ်သောက်တာတောင် သူ့ကို ဆေးလိပ်မီးနဲ့တို့တာ မြင်ယောင်လာတယ်။ ခြံထဲကမြက်ခင်းပြင်ဟာလည်း ခြံထဲကမြင်ကွင်းအတိုင်းမဟုတ်၊ မိုးစက်တွေနဲ့ မြက်ခင်းတွေပေါ်မနင်းခင် ဘောင်းဘီခြေဖျားကို သူကခေါက်တင်ပေးနေပြန်တယ်။

George က သူ့ Club ဆီလာဖို့ခေါ်တော့ Chain က သွားရအောင်တဲ့။ ကောင်မလေးတွေခေါ်ရအောင် ဆိုပြန်တော့လည်း သူပဲမကြည်မလင်။ Hepius တို့အတွဲနဲ့သွားကြရင်း Nancy ရဲ့ အရင်ဘဲကြီးနဲ့ဆုံတယ်။ ဘိုးတော်တို့ အချိုးမပြေပုံက Nancy ကိုလည်းရိသဲ့သဲ့၊ Hepius ကိုလည်းအဖက်မတန်သလို၊ Spectrum နဲ့ Bermuda ရဲ့ရန်စကိုဆွဲထုတ်ပြီး Chain နဲ့လှည့်တိုက်နေသေးတယ်။

Bermuda ဆိုမှ ဟိုတစ်ညကအိပ်မက်ထဲ ပြန်ရောက်သွားသလိုလို။ လူကမဟန်တော့တာမို့ လေးယောက်အတူပြန်ထွက်လာကြတော့ ခေါင်းထဲမှာနောက်ကျိရှုပ်ထွေးလို့။
မီးခဲဖင်ခုထိုင်မိသလို ပျာယာခတ်နေတဲ့ Chain ကိုအော်ပစ်လိုက်တော့မှ ငြိမ်သွားပြီး သူ့ကိုမှီထားရင်းက အပြင်ကတိုးဝင်လာတဲ့လေတွေ၊ မီးအလင်းတွေကြား အိပ်မက်ဆိုးမြင်ကွင်းတွေက ထင်ထင်ရှားရှား။
မီးပွိုင့်မိလို့ ကားရပ်လိုက်တာသိလိုက်ပေမဲ့ ငါမြင်နေတာက ငါနဲ့ Chain ကားပေါ်ကဆင်းလိုက်ပြီး တစ်ဘက်ကလူတွေနဲ့ စကားပြောနေတာ။ Hepius အသံကြောင့် လက်ရှိအခြေအနေပြန်ရောက်လာမှ ရေတောင်းသောက်မိတယ်။ အဆင်မပြေချင်ရင် ရေတောင် လည်ချောင်းထဲ ကောင်းကောင်းမဝင်ဘူး။

Hepius ကို Nathan လို့ခေါ်လိုက်မိတယ်ထင်ပါရဲ့၊ ငါမှတ်မိနေတဲ့ ငါ့ငယ်သူငယ်ချင်းလေး။
ပြီးတော့ နောက်ထပ်ရွယ်တူကောင်လေးတစ်ယောက်။ ဒဏ်ရာတွေနဲ့ ကျောင်းဝတ်စုံနဲ့ မလိုက်မဖက်ဖြစ်နေတဲ့သူနဲ့ ကားပေါ်ခေါ်ပြီးဆေးထည့်ပေးမိတဲ့ငါက ဘယ်တုန်းကမှ ထပ်မဆုံတော့ဘူးလား? ငါ့ကျောင်းသားကတ်လေးပေးမိတယ်၊ သူ့နာမည်ကို ငါတွေးကြည့်နေမိတယ်။
သူပြောပြနေတယ်၊ သူ့နာမည်က Dexter ဆိုလားပဲ။

▪︎▪︎▪︎

Bermuda ဆိုတဲ့နာမည်ကြားရုံနဲ့တင် ချက်ချင်းပြန်တွေးမိတဲ့အထိ မုန်းနေတာလား? Baby အဖေကို သေစေခဲ့သူက ကိုယ်နဲ့သားအဖတော်တယ်ဆိုရင် Baby ကိုယ့်ကိုအရမ်းမုန်းသွားမှာလား? အဲဒီအကြောင်းတွေကို ထိမ်ချန်ထားမိလို့ သတ်ချင်နေမလား?
Dexter နဲ့ Nathan ဆိုတဲ့ နာမည်တွေကို ပြန်သတိရပြီးတော့ ကိုယ့်ကို Dexter လို့သိသွားရင်ရော ဘယ်လိုနေမလဲလို့ သိချင်မိတယ်။ Dexter လို့မသိခင် Hippogriff လို့ အရင်သိသွားတာတော့ ကိုယ်ကံဆိုးလို့ပေါ့။

▪︎▪︎▪︎

အိပ်မက်ဆိုးမမက်တဲ့ညတွေဟာ စိတ်ချမ်းသာရတယ်။ အိပ်မက်ဆိုးမက်တိုင်း နှိုးပေးခဲ့တဲ့ Chain က ဒီမနက်အထိ စောင့်ကြည့်ပေးနေခဲ့တာပဲ။
ငါသတိရမိတဲ့ အိပ်ခန်းလေးနဲ့မြက်ခင်းပြင်က Pandora's Box မှာတဲ့၊ ငါသွားကြည့်ချင်တယ်။ Chain ကတော့ ခေါ်သွားပေးမယ်လို့ တစ်ခွန်းမဟဘူး။ Club ကအပြန်မှာမြင်လာတဲ့ အခြေအနေတွေကို မေးကြည့်တော့လည်း သေချာမပြောပြန်ဘူး။ ပြောချင်တာကျ အသေးစိတ်ပြောပြပြီး သူမပြောချင်ရင်ရှောင်ထွက်သွားတတ်တယ်။ ရှိပါစေတော့။

Kitchen ထဲ ထမင်းကြော်စားကြရင်း နယ်စပ်စခန်းတုန်းက ဆန်ပြုတ်အကြောင်းပြောဖြစ်တယ်။ မီးငယ်လက်ရာနဲ့အတူတူပဲတဲ့၊ Green ဆီမရောက်ခင် ဆေးရုံတက်ရတုန်းက စားဖူးတယ်တဲ့။ Chain ဆိုတာ ဘယ်နားနေနေ flexible ဖြစ်နေတတ်တာတော့ မှတ်မိနေတယ်။
ငယ်ငယ်က ခွေးလေးသေနတ်မှန်ပြီးသေသွားလို့ သူ့ကိုရိုက်မိတာလည်း မှတ်မိတယ်။ သူကတော့ ငါ့ကိုထိသွားရင်ဆိုတဲ့အတွေးနဲ့ ရင်ပူနေခဲ့တာတဲ့လေ။

ငါတို့ဆက်ဆံရေးက ဘယ်တုန်းကမှအဆင်မပြေခဲ့ဘူးဆိုရင် အခုရော မင်းငါ့ကို ဘယ်လိုသဘောထားသလဲ သိချင်လို့မေးမိပေမဲ့ မင်းပြောတဲ့ ကာမပိုင်မဟုတ်တဲ့ တရားဝင်ခင်ပွန်းဆိုတာကြီးက ကြားရတာ အဆင်ပြေမနေဘူး။
နည်းနည်းလေးအပူထိမိတာကို ပျာပျာသလဲ၊ ကဲသည်းနေတာလည်း ငါမနေတတ်ဘူး။
ဒီအတိုင်းပြောမိတဲ့ လုပ်ရင်နာတော့မယ်ဆိုတာကို ဘာလုပ်ချင်တာလဲလို့ ပြန်နောက်နေတာလည်း အဆင်မပြေဘူး။
ပြီးတော့ အတည်ပေါက်ကြီး သူကငါ့အပိုင်ပါလို့ ပြောလာတာကလည်း ဘယ်လိုမှ အဆင်ပြေမနေပြန်ဘူး။

ဝရန်တာဆီထွက်လာကြပြီး လက်ရန်းပေါ်တက်ထိုင်ရင်း ဘေးကရပ်ကြည့်နေတဲ့ Chainကို ပြောမိတယ်၊ ငါ့ကို အရမ်းအလျှော့မပေးသင့်ဘူးလို့။ သိပ်ချစ်လို့ ဘယ်လိုအနိုင်ယူယူ ကျေနပ်တယ်ဆိုတဲ့ သူ့စကားမှာ အခြေအနေတစ်ခုထဲ မျောပါမိတော့မယ်။ ရှောင်ထွက်လာခဲ့ပေမဲ့ ရှေ့ဆက်တိုးလာတဲ့ Chain ရဲ့ရဲတင်းမှုကို ငါမငြင်းမိတဲ့အပြင် သတိလက်လွတ်တုန့်ပြန်နေခဲ့မိတယ်။
သူစခဲ့တဲ့အနမ်းထဲ နှစ်ဦးသဘောတူစီးမျောရင်းက ငါ့စိတ်ငါမထိန်းနိုင်ခင် သူ့အပေါ်အုပ်မိုးနေရာယူလိုက်တော့ ငါနားမလည်တဲ့သူ့အကြည့်စူးစူးတွေက ဖြည်းဖြည်းချင်းညင်သာသွားတော့မှ ငါ့ကိုယ်ငါသတိထားမိတယ်။ ယောက်ျားတစ်ယောက်နဲ့ပတ်သက်ပြီး ဒီလိုခံစားချက်တွေဖြစ်သွားနိုင်တာလား?

ငါရှောင်ထွက်လိုက်တော့ ရေချိုးဦးမယ်ဆိုပြီး ထွက်သွားတဲ့ Chain ကြောင့် အရင်ကအခြေအနေတစ်ခု မျက်စိထဲမြင်လာပြန်တယ်။ Pandora မှာပဲနေပါလိမ့်မယ်၊ Chain, Work out လုပ်နေတဲ့မြင်ကွင်း။ မြင်ယောင်နေတဲ့အတိုင်း ပြန်ပေါ်လာတဲ့ Chain က သူ့အခန်းထဲ ဆပ်ပြာလေးတစ်တုံးတောင် မရှိဘူးတဲ့။ ဘယ်ရှိမလဲ၊ သူပဲ ရေချိုးခန်းရှင်းခိုင်းထားပြီး ရေချိုးခန်းသုံးပစ္စည်းတွေကို ငါ့အခန်းထဲပို့ထားတာ။ သူ့ဘာသာလစ်ပြေးပြီးမေ့သွားတာကို အခုမှ Bathrobe နဲ့ ပြန်ဝင်လာတာ။

သူ့ဘက်က ချစ်တယ်လို့ဝန်ခံထားပြီး ဒီလိုအခြေအနေမှာ ပုံမှန်ဖြစ်မနေတာက မထူးဆန်းပေမဲ့ ငါကရော ဘယ်လိုခံစားချက်နဲ့ ဘယ်အခြေအနေအထိ တိုးဝင်သွားမိတာလဲ? ဘာတွေဖြစ်နေတာလဲ Ivy ရေ?

▪︎▪︎▪︎

ဟား!!!
နှစ်ဦးသဘောတူအနမ်းတဲ့။ မသေမချင်းသတ်နေတာပဲ Baby ရယ်။
ရင်ဘတ်ထဲလည်း စစ်ဖြစ်နေသလိုပဲ။ Baby ကတော့ စာတစ်မျက်နှာတောင်မပြည့်ဘဲ မှတ်တမ်းတင်ထားတာ။ ကိုယ့်မှာက တစ်ဘဝစာလုံးအတွက် ကမ္ပည်းထိုးထားသလိုပဲ။
Baby ရင်ခုန်ခဲ့တယ်လို့ ဆိုလိုချင်တာမဟုတ်လား?
ဒီအသက်အရွယ်ထိရှင်သန်လာတာ အရမ်းကိုအဓိပ္ပါယ်ရှိသွားရပြီ။

▪︎▪︎▪︎

Chain ပြောမှ ဝရန်တာက CCTV ကို သတိရတယ်၊ ကိုယ့်ဘာသာ အတွေးတွေရှုပ်နေလို့ အမှတ်တမဲ့ဖြစ်သွားတာ။ သူသွားရှင်းမယ်ဆိုတာ ငါရေချိုးပြီးတဲ့အထိ ပြန်ရောက်မလာလို့ Indigo ဆီလိုက်သွားတော့ Private office ထဲမှာ Nick နဲ့ဟီလာထနေပြန်တယ်။ ရှင်းပြီးသွားပြီဆိုတာကို Nick က စပ်ဖြဲဖြဲလုပ်နေသေးတာ။ Owen ကတော့ ငြိမ်ငြိမ်နေတတ်ပေမဲ့ Nick လိုလူနောက်ကပါ သိသွားတာမို့ မျက်နှာတွေပူလာသလိုပဲ။ သင်းက ဒီနေ့မှ စောစောရောက်နေရလား!
ငါကိုကလည်း ဘာကိစ္စ ဒီလိုဖြစ်ရတာလဲ?

Chain က Lily နဲ့ပါသွားပြီး အလုပ်ခန်းထဲဝင်လာတဲ့ငါ့မှာသာ ကယောက်ကယက်နဲ့။
သူ့အကြောင်းမတွေးတော့ဘူးဆိုမှ ငါ့ကိုယ်ခွဲတွေက ငါ့ကိုပြန်လှောင်နေကြတယ်။ မျက်နှာသစ်တော့လည်း မှန်ထဲမှာ သူ့ပုံရိပ်တွေ၊ သူတကယ်ရောက်လာတော့ ပြောစရာစကားကမရှိ။
ဘာမှပြောစရာမရှိဘဲ ဘာကိစ္စ အလုပ်ခန်းထဲလိုက်လာမှန်းမသိဘူး။ နောက်တော့ သူ့အခန်းထဲမှာပဲ ရှိနေမယ်ပြောပြီး ပြန်ထွက်သွားတယ်။

ကောင်းတယ်။ ငါ့အခန်းထဲ ပြန်ဝင်မလာနဲ့။ ကိုယ့်အိမ်နဲ့ကိုယ် နေစရာမရှိဘူးလို့ကို ထင်နေရတယ်။ မင်းကတော့ ရူးချင်သလိုရူးပြီး အခုတော့ မင်းမဟုတ်သလိုလုပ်နေလိုက် Chain.

¤

သူငယ်ချင်းလေးယောက်မဆုံခင် Hepius နဲ့တိုင်ပင်ကြည့်မိတယ်။
ဝမ်းနည်းစရာ၊ ပျော်စရာတွေနဲ့မဆိုင်ဘဲ စိတ်ရှုပ်စရာတွေကို မေ့ထားတဲ့ပုံစံမျိုးပါတဲ့။ စိတ်ရှင်းရှင်းလက်ခံထားတဲ့ ဝမ်းနည်းစရာတွေကို သတိရရင်တောင် စိတ်ရှုပ်စရာကောင်းတဲ့ အပျော်တွေကိုတော့ မေ့နေနိုင်ပါတယ်တဲ့။ Ivy အနေနဲ့ရှိနေတာမို့ အခု Ivy သူငယ်ချင်းတွေနဲ့ဆုံတာက ကောင်းတဲ့အခြေအနေတွေပဲ ဖြစ်လာနိုင်ပါတယ်တဲ့။
Chain နဲ့ပတ်သက်ပြီး ပျော်စရာမရှိခဲ့ဘူးလားဆိုတော့ ငယ်သူငယ်ချင်းဆရာဝန်ကပါ Chain နဲ့ပတ်သက်တဲ့ ငါ့ခံစားချက်တွေ သူမသိခဲ့ပါဘူးတဲ့။ မေးခွန်းက လမ်းဆုံးနေပြီ။

သူငယ်ချင်းတွေဆုံရင် ရုံးခန်းအတွင်းပိုင်း အပြင်အဆင်တွေ အသစ်ပြောင်းမယ်ဆိုတဲ့ကိစ္စ အကောင်အထည်ဖော်မိကြတယ်။ ဖုန်းတွေဆက်လိုက်၊ Office plan တွေ Interior Design တွေ Mail ပို့လိုက်နဲ့ Hepius ပြောသလိုပါပဲ၊ ငါသဘောကျတဲ့ Ivy ရဲ့မှတ်ဉာဏ်တွေထဲ ငါအသားကျနေတယ်။
ဒီနေ့ ရုံးခန်းမှာဆုံကြဖို့သွားမှာကို ဆံပင်မခြောက်မချင်း Chain က ရစ်နေပြန်တယ်။ မီးငယ်နဲ့လည်း ငါကသူ့ကို ဆံပင်အရှည်မထားခိုင်းကြောင်း ပြောနေတော့
ငယ်ငယ်ကကြားဖူးတဲ့စကားကို ပြန်ကြားလာမိတယ်။ အိမ်အကူအဒေါ်ကြီးတွေ၊ ကားမောင်းတဲ့ဦးလေးကြီးနဲ့ Nolan ကပြောဖူးတယ်။ Chain ကဆံပင်ရှည်လာရင် ငါနဲ့ဆင်လာတယ်တဲ့။

သူငယ်ချင်းတွေကြားမှာ Chain က လိုက်လျောညီထွေရှိလွန်းနေတယ်။ ကိုယ်ဝန်နဲ့သူငယ်ချင်းမလေးကို သူကပဲ ဂရုတစိုက်သတိပေးနေတတ်တယ်။ Rapunzel ခလုတ်တိုက်လဲတော့ Chain ကငါ့အနားရောက်လာပြီး ထူပေးလိုက်ပါတဲ့။ ဆံပင်ရှည်တွေကိုလည်း ဂရုစိုက်ဖို့ပြောပေးနေတယ်။
တမင်တကာအမှတ်ယူတယ်ပြောရအောင်လည်း သူကပုံမှန်အတိုင်း ဘာမှ over ဖြစ်မနေ။ မဗိုက်ကပါ သူယောက်ျားယူမှားပြီထင်တယ်လို့ ပြောယူရတဲ့အထိ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဝင်ကူနေတဲ့ Chain မလုပ်တတ်တာ ဘာရှိလဲမေးလို့ အရွဲ့တိုက်ပြီးဖြေမိတယ်၊ ကောင်မလေးတွေကို မလိုက်တတ်ဘူးလို့။ ငါသေချာတော့ မသိပါဘူး။

ငါ့ကို ဘာကြည့်ကြိုက်တာလဲတဲ့။ ငါလည်းသိချင်မိသား။
အချစ်ဆိုတာ အကြောင်းပြချက်မလိုဘဲ အချင်းချင်း ခံစားနားလည်နိုင်တဲ့အရာတဲ့။ တကယ်ပဲ အဲဒီလိုလား?
Chain က မီးငယ်အပေါ် ဂရုတစိုက်ရှိတာနဲ့တင် သူကလေးချစ်တတ်မယ်ဆိုတာ သိသာပါတယ်။ မွေးစားဖို့ဆိုတဲ့အကြံအစည်ကတော့ တကယ့်မိသားစုတစ်ခုဆိုရင်တောင် Punzel ပြောသလိုပဲ ကလေးကိုဒုက္ခပေးသလို မဖြစ်စေချင်ဘူး။

ကျောင်းတုန်းကအကြောင်းတွေပြောကြတော့ ငါမှတ်မိလာတာတွေ အများကြီးပဲ။ ပျော်စရာအမှတ်တရတွေပေါ့။ ပြန်ခါနီးအထိ ကလေးအဖေလောင်းလျာက ရစ်နေတုန်း။
စကားစဖြတ်၊ ပြန်လာခဲ့ကြပြီး စိတ်ပေါ့ပါးနေလို့ ကားလျှောက်မောင်းမိတယ်။ ဒီနေ့ သီးခြားဖြစ်မနေတဲ့ Chain က ငါနဲ့ပတ်သက်သမျှလေ့လာထားပြီး တခြားလူဆို မမြင်ဘူးတဲ့လေ။ အချစ်ခံရတဲ့ခံစားချက်က ဒါမျိုးလား?
မြစ်ကမ်းဘေးထိုင်ပြီး ဆေးလိပ်ငွေ့တွေမှုတ်ထုတ်ရင်း လေညင်းခံရတဲ့အရသာက အရမ်းကိုစိတ်ကျေနပ်စရာကောင်းတယ်။ Chain ကတော့ တားချင်နေပုံပဲ။

မဟုတ်ဘူးပဲ၊ သူတားချင်နေတာမဟုတ်ဘူးပဲ။
ဖိကပ်လာတဲ့နှုတ်ခမ်းတွေကနေ လွတ်သွားတော့ ဘာမှမဖြစ်သလို ဆေးလိပ်ငွေ့တွေကိုသာ မှုတ်ထုတ်မိတယ်။ သူက ဘာစိတ်ဖောက်လာတာလဲ?
တခြားမတွေးချင်လို့ စကားလမ်းကြောင်းပြောင်းကာမှ နောက်တစ်ကြိမ်ထပ်ရောက်လာတဲ့ သူ့နှုတ်ခမ်းတွေက လွယ်လွယ်နဲ့ပြန်ခွာမသွားလို့ ကိုက်ပစ်လိုက်မှ လူချင်းကွာသွားတယ်။
အနမ်းဆိုတာ စွဲလမ်းစရာလား?

အိမ်ပြန်ရောက်တဲ့အထိ အသိစိတ်လွတ်နေတဲ့ပုံစံနဲ့ ပါလာတဲ့ Chain. သူကစပြီး သူကပဲကယောက်ကယက်နဲ့၊ ငါရယ်ချင်မိတယ်။ မီးငယ်တစ်ယောက်ကတော့ ဖုန်းကြိုဆက်ထားတာတောင် စိတ်ပူပြီးစောင့်နေသေးတယ်။ Chain နှုတ်ခမ်းက ဘာဖြစ်တာလဲတဲ့။ အူကြောင်ကြောင်ကောင်ကတော့ အဖြေမရှိခဲ့ဘူး။ အဲဒါ ပုရွက်ဆိတ်ကိုက်တာပါ မီးငယ်ရေ။
အခန်းထဲရောက်တဲ့အထိ စိတ်နဲ့လူနဲ့ရော ကပ်ရဲ့လားမသိဘူး။ သူ့အနားရောက်သွားတာကို လိုက်ကြည့်နေတဲ့ Chain ကြောင့် စိတ်ထိန်းမရလို့ နမ်းလိုက်မိတော့ ရုန်းထွက်သွားတယ်။
ရသလား? မင်းစနမ်းခဲ့တာတွေတုန်းက အဲဒီလိုပုံစံလား?

ဆူပွက်လာတဲ့သွေးတွေနဲ့အတူ နောက်တစ်ကြိမ် Chain ဆီတိုးကပ်မိချိန်မှာ သူလည်းမရုန်းနိုင်သလို ငါလည်း ညွှတ်ကွင်းမိတဲ့သားကောင်လိုပဲ။

ကျောဘက်က နွေးနေတာ နေထိုးလို့လား? ပခုံးတစ်ဖက်တည်းကိုပဲ လေတိုက်တတ်သလား?
ခါးပေါ်မှာက ခေါင်းအုံးနဲ့ဖိထားတာလား? အတွေးပေါင်းများစွာက Chain ဆီမှာအဆုံးသတ်ချိန်မှ ညကအဖြစ်ကို တွေးမိသွားတယ်။ ဘယ်လိုတွေဖြစ်သွားကြတာလဲ?
သူ့ကိုယ်မှာလည်း Love Bite တွေနဲ့။ အယောင်ယောင်အမှားမှားနဲ့ ရေချိုးခန်းထဲရောက်လာမိမှ မှန်ထဲကငါ့ကိုယ်မှာလည်း  Hickey တွေ။ ရေမြန်မြန်ချိုးပြီးတော့ အောက်ထပ်ဆင်းဖို့အရေး အကျႌရွေးနေရပြီ။ ဒီအရာထင်နေတာတွေ မပေါ်အောင်ဖုံးဖို့လိုတယ်။
မျက်နှာပူလို့ အပြင်မထွက်ချင်သေးတာနဲ့ ဒီမနက်တော့ အချိန်စောပြီးရေးဖြစ်ပြီနော် Diary လေးရေ။
ပထမဆုံးညမှာ သူနဲ့ငါ့ရဲ့အပေးအယူက မျှတခဲ့တဲ့အကြောင်း သူနဲ့ငါကလွဲရင် သူ့နားရွက်နောက်နားက Baby ဆိုတဲ့ Tattoo ရယ်၊ Diary လေးဖြစ်တဲ့မင်းရယ်ပဲ သိထားပေးပါ။

■■■■■ Part (LXIV) ဆက်ရန် ■■■■■
© Demon ,
книга «ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်».
Коментарі