1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
30. Generations
"မီးငယ္!!!"

"Baby ..... Baby ဘယ္သြားမလို႔လဲ?"

ကိုယ္ေခၚေနတာကို Baby ကလွည့္မၾကည့္။ ေရွ႕ဆက္သြားေနရင္းက ေလွကားထိပ္ေရာက္ေတာ့ ေအာက္ကိုငံုၾကည့္ေနတယ္။ ေျပးလိုက္သြားေတာ့ လွည့္ၾကည့္လာတယ္။

"သြားရေအာင္"

"ဘယ္ကို ... အား!!!"

Baby ဘာလုပ္တာလဲ? ကိုယ့္လက္ကိုေဆာင့္ဆြဲၿပီး ဘာလို႔ ေလွကားကေနခုန္ခ်ရတာလဲ?
ဘာလို႔မ်ား ေလွကားထစ္ေတြမဟုတ္ဘဲ ေလဟာနယ္ႀကီးျဖစ္ေနရတာလဲ?
ေမွာင္မိုက္ေနတဲ့ေလဟာနယ္ထဲ Baby ကိုဖက္ထားရင္း အစအဆံုးမရွိျပဳတ္က်ေနတုန္း အျမင္အာ႐ံုေတြပါ ေမွာင္မိုက္သြားၿပီး .....

⏪⏪⏪

"Chain ကားေပၚတက္, Meteor နဲ႔ပြဲမွာ ျပႆနာတက္ေနၾကတယ္"

ကိုယ္က အခုမွ ပစၥည္းေတြေနရာေရႊ႕ၿပီး ျပန္ေရာက္လာတာကို ကားေတြနဲ႔ထြက္ဖို႔ျပင္ေနတဲ့ Bryan ကေခၚတာမို႔ အလ်င္စလိုတက္ထိုင္လုိက္ၿပီးမွ ေသခ်ာေမးရေတာ့တယ္။

"ေခါင္းေဆာင္တို႔ ဘာျဖစ္လို႔လဲ? Nolan လည္း ပါသြားတယ္မဟုတ္လား?"

"ပါသြားပါတယ္။ အခုက Meteor ဘက္မွာပါ အထိအခိုက္မနည္းဘူးတဲ့။ ဘယ္အဖြဲ႕က ဝင္႐ႈပ္တာလဲ မသိရေသးဘူး"

ေခါင္းေဆာင္ရဲ႕ အားအကိုးရဆံုးလူ Nolan ဆိုတာက လက္နက္ပိုင္း၊ နည္းပညာပိုင္းမွာ Pro တစ္ေယာက္။ ဒီပြဲမွာ ေခါင္းေဆာင္ေတြပါပါတာမို႔ လံုျခံဳေရးဆိုတာလည္း တစ္စက္ကေလးမွ ေပါ့ေလ်ာ့ခဲ့တာမဟုတ္ဘူး။ ဘယ္ကဝင္ေမႊတာလဲ?
Paris မွာလည္း ရန္သူရယ္လို႔ အၿငိဳးအေတးထားစရာအဖြဲ႕မရွိတာကို ဘယ္သူေတြက ဒီအထိလိုက္လာၿပီး နယ္ခံျဖစ္တဲ့ Meteor ကိုပါ ထိခိုက္ေအာင္လုပ္ႏိုင္ရတာလဲ?
ေတြးေနရင္း သတိရမိတာက

"ဒုေခါင္းေဆာင္ဆီ သတင္းေရာက္ၿပီလား?"

"ကၽြန္ေတာ္တို႔ ၾကားၾကားခ်င္းထြက္လာတာမို႔ အေၾကာင္းမၾကားရေသးဘူး"

"အင္း၊ ေနာက္မွအေၾကာင္းၾကားၾကတာေပါ့။ အခုသိသြားရင္လည္း အစ္ကိုေလး အရမ္းစိတ္ပူေနရမွာ"

အစ္ကိုေလးေရ၊ စိတ္ခ်ပါ။ ေခါင္းေဆာင္ကို ေဘးမသီရန္မခေအာင္ ငါကာကြယ္ပါ့မယ္။

.

တဒိုင္းဒိုင္းနဲ႔ ပစ္ခတ္ေနသံေတြၾကားထဲ ဝုန္းခနဲေပါက္ကြဲသံနဲ႔အတူ ကိုယ့္ေဘးကိုလြင့္လာတဲ့ အပိုင္းအစတခ်ိဳ႕။ ပစ္လဲသြားတဲ့ သူ႔ဘက္၊ ကိုယ့္ဘက္ကလူေတြ။ စိုးရိမ္စိတ္နဲ႔ေျပးဝင္သြားမိတယ္။

"ေခါင္းေဆာင္"

"Chain, ေခါင္းေဆာင္ကိုေခၚထုတ္သြား! Bryan ဘယ္မွာလဲ?"

"ေနာက္မွာပါပါတယ္။ သြားရေအာင္ ေခါင္းေဆာင္"

Nolan အေမးကိုေျဖၿပီး ေခါင္းေဆာင္ရဲ႕ေရွ႕ ကိုယ္နဲ႔ကာလို႔ ဒီအေျခအေနေတြထဲက ရုန္းထြက္ဖို႔လုပ္ေနရၿပီ။ Battle field တစ္ခုလိုျဖစ္သြားတာေၾကာင့္ အာဏာပိုင္အဖြဲ႕အစည္းေတြပါ လႈပ္လႈပ္ရွားရွားျဖစ္ကုန္တဲ့အထိမို႔ လာရာလမ္းမွာလည္း မနည္းကိုေရွာင္ကြင္းခဲ့ရရင္း အခ်ိန္နည္းနည္းၾကာခဲ့ရၿပီးၿပီ။ ထပ္ၾကာေနရင္ ဂိုဏ္းအခ်င္းခ်င္းသတ္လို႔ေသမလား၊ အဖမ္းပဲခံရမလား မေသခ်ာတာမို႔ အျမန္ဆံုးေဖာက္ထြက္ဖို႔သာ အဓိက။

*ဝုန္း*

ေပါက္ကြဲသံေၾကာင့္ လွည့္ၾကည့္မိတဲ့ျမင္ကြင္းထဲ လြင့္ထြက္သြားတဲ့ Nolan

"Nolan!"

"သြား ... သြားၾကစို႔ ေခါင္းေဆာင္"

ေခါင္းေဆာင္ရဲ႕မ်က္ဝန္းေတြထဲက ဝမ္းနည္းရိပ္ေတြကို ဥေပကၡာျပဳရင္း ေခၚထုတ္လာတဲ့လမ္းမွာမွ Uniform ဝတ္ေတြကို ျမင္လိုက္ရတာမို႔ Bryan ကိုအခ်က္ျပၿပီး ေနာက္တစ္လမ္းရွာရျပန္ၿပီ။
ႏွစ္ဘက္စလံုးကို တုန္႔ျပန္ပစ္ခတ္ၿပီး Bryan နဲ႔ျပန္ဆံုတဲ့အခ်ိန္

"Chain, ငါေျပာတာနားေထာင္"

"ဘာျဖစ္လို႔လဲ ေခါင္းေဆာင္? ေရွ႕နားဆက္သြားမယ္ေလ"

"မရေတာ့ဘူး"

"ဘာျဖစ္ ..... ဟာ! Bryan, ကားကို ဒီအထိေမာင္းခဲ့။ မရရေအာင္လာခဲ့"

ဗိုက္ကေနေသြးေတြစိမ့္ထြက္လာတဲ့ ေခါင္းေဆာင္ကို တြဲရင္းက ေအာ္လိုက္မိေတာ့ Bryan လည္း စိုးရိမ္တႀကီး ေျပးထြက္သြားတယ္။

"ေခါင္းေဆာင္၊ ေတာ္ေတာ္မ်ားလား? ခဏဆို ကားေရာက္ေတာ့မွာဆိုေတာ့ ဒီနားမွာ ခဏနားရေအာင္"

"ေအး၊ စိတ္ေအးေအးထားၿပီး ငါေျပာတာ ခဏနားေထာင္စမ္း Chain!"

ခပ္မာမာစကားသံေၾကာင့္ ျပာယာခတ္ေနတဲ့စိတ္ကို ခဏထိန္းလိုက္ၿပီး

"ဟုတ္ကဲ့"

"Bermuda ဝင္႐ႈပ္တာ။ သူတို႔အခ်က္ျပတာ ငါျမင္လိုက္တယ္၊ အဲဒါ Bermuda ပဲ"

Bermuda က ဒီအထိ လာ႐ႈပ္ေနတာလား? Griffin က အခုထိ လက္မေလၽွာ့ႏိုင္ေသးတာကို သိခဲ့သင့္တာ။

"ေခါင္းေဆာင္၊ ကားလာၿပီ"

"ေခါင္းေဆာင္ အဆင္ေျပရဲ႕လား? ခဏေလးသည္းခံပါေနာ္။ ဟိုဘက္လမ္းက ပိတ္စစ္ေနၾကလို႔"

"ရတယ္ Bryan. Chain, ဒါက Meteor နဲ႔လုပ္ထားတဲ့ အေရးႀကီးစာရြက္စာတမ္းေတြ။ သူတို႔ဘက္က အေျခအေနေကာင္းရင္ ဒါကို သားႀကီးလက္ထဲေပးၿပီး ဆက္လုပ္ပါ။ တကယ္လို႔ Meteor အေျခအေနမေကာင္းရင္ေတာ့ ဒါေတြကိုေဖ်ာက္ပစ္လိုက္ေတာ့။ အဲဒီ Locker ေသာ့ကို မင္းေသခ်ာသိမ္းပါ"

"ေခါင္းေဆာင္ကိုယ္တိုင္ပဲ အစ္ကိုေလးကို ..."

"အပိုေတြမေျပာစမ္းနဲ႔ Chain. Lock နဲ႔ Lily ကို ေစာင့္ေရွာက္ေပး"

"ဟုတ္၊ အစ္ကိုေလးနဲ႔ မီးငယ္အတြက္ မပူပါနဲ႔။ ေခါင္းေဆာင္ ခဏေလး နားလိုက္ပါလား"

"Nolan နဲ႔ က်န္တဲ့သူေတြကိစၥလည္း မင္းအတတ္ႏိုင္ဆံုး လိုက္လုပ္ေပးပါ"

"ဟုတ္ကဲ့ပါ"

ဒီလိုမွန္းသိရင္ ကၽြန္ေတာ္ Griffin နဲ႔ ေအးေအးေဆးေဆး ေဆြးေႏြးခဲ့ပါတယ္။ အခုေတာ့ ...

¤

"Chain, ခဏေလာက္နားလိုက္ပါလား။ ေခါင္းေဆာင္သတိရရင္ ကၽြန္ေတာ္ေျပာပါ့မယ္"

"မင္းေတာင္နားရလို႔လား Bryan ရာ။ အခုကိစၥမွာ ငါေပါ့ေလ်ာ့တာလည္းပါတယ္"

"တစ္ဘက္အဖြဲ႕နဲ႔ Nolan ေတာင္ မရိပ္မိတဲ့အထိ ပိပိရိရိလႈပ္ရွားသြားတာဆိုေတာ့ Chain အမွားလို႔ပဲ မေတြးပါနဲ႔"

"အစ္ကိုေလးက ဘယ္အခ်ိန္ေရာက္မွာလဲ? ငါသြားႀကိဳလိုက္မယ္"

"ကၽြန္ေတာ္စီစဥ္ၿပီးပါၿပီ"

"ရတယ္။ ငါသြားလိုက္မယ္"

ေျပာၿပီးထရပ္လိုက္ေတာ့

"အခုသြားရင္ နည္းနည္းေစာေနမွာ Chain"

"အင္း၊ ေခါင္းေဆာင္အေျခအေနထူးရင္ ခ်က္ခ်င္းအေၾကာင္းၾကားပါ"

"ဟုတ္ကဲ့။ စိတ္ခ်ပါ"

¤

*ခြပ္*

ေလဆိပ္ကႀကိဳလာၿပီး ကားေပၚတက္ခါနီးမွာ Lock က Chain ကို ပိတ္ထိုးလိုက္တာေၾကာင့္ ကားနဲ႔ေဆာင့္မိၿပီး ယိုင္ထိုးသြားရတယ္။ Chain ကိုတြန္းထုတ္ၿပီး Lock ကားေနာက္ခန္းထဲဝင္ထိုင္ေတာ့မွ Chain လည္း Driver seat မွာဝင္ထိုင္ၿပီး ေမာင္းထြက္လာခဲ့တယ္။

"မင္းက်ေတာ့ ဘာတစ္ခုမွမျဖစ္ခဲ့ဘူးလား?"

Lock အေမးေၾကာင့္ ေနာက္ၾကည့္မွန္ကေန Chain လွမ္းၾကည့္မိေတာ့ Lockက အျပင္ကိုေငးေနတယ္။ ဘာျပန္ေျဖရမလဲမသိေတာ့တာမို႔

"ေတာင္းပန္ပါတယ္။ ငါတို႔လိုက္သြားတာ နည္းနည္းေနာက္က်သြားလို႔ပါ အစ္ကိုေလး"

"Nolan ကေသသြားတယ္။ အေဖက သတိမလည္ေသးဘူး။ မင္းကေတာ့ အခု ကားေတာင္ေမာင္းေနႏိုင္ေသးတယ္။ ဘာေၾကာင့္ မင္းက ပါမသြားတာလဲ? အေဖ သိပ္အားကိုးတဲ့မင္းက ဘာကိစၥနဲ႔ ပါမသြားတာလဲ?"

"စစ္ေဆးေရးရွိေနလို႔ ပစၥည္းေတြေရႊ႕ဖို႔ သြားေနရလို႔ပါ။ သတင္းၾကားၾကားခ်င္း ငါနဲ႔ Bryan လိုက္သြားတာပါ။ ဟိုေရာက္ေတာ့ ေခါင္းေဆာင္တို႔က ..."

"ဘယ္ကဝင္ေမႊတာတဲ့လဲ?"

*Ring ... Ring ... Ring*

"Hello, ..... ငါ လမ္းမွာပဲရွိေသးတယ္။ Lily ေရာ?"

"မမေလးက တအားစိတ္ပူေနလို႔ Nurse Nancy ေရာက္လာၿပီး စိတ္ၿငိမ္ေဆးတိုက္ထားတာ အခုအိပ္ေပ်ာ္ေနၿပီလို႔ ေျပာပါတယ္"

"ဘာကိစၥထူးလို႔လဲ?"

"ေနာက္တစ္ဖြဲ႕ဝင္ေမႊတာလို႔ ထင္ရေပမဲ့ သက္ဆိုင္ရာကလည္း သူတို႔သတင္းရလို႔ဝင္စီးသလိုမ်ိဳး ေျပာေနပါတယ္"

"ဘယ္ကသတင္းေတြရေနလဲ သူတို႔က! အဓိပၸါယ္မရွိတာ။ Meteor ဆိုတာနဲ႔ပဲ သူတို႔အမိဖမ္းႏိုင္တာလို႔ လုပ္ခ်င္ေနျပန္ၿပီ။ တစ္သက္လံုးက မိမလာခဲ့ဘဲနဲ႔။ မင္းတို႔ ဘာသဲလြန္စရလဲ?"

"No clue ပါ၊ ဒုေခါင္းေဆာင္။ အကုန္ေဖ်ာက္ထားလိုက္ပံုပါပဲ။ ေသခ်ာတာေတာ့ တျခားဂိုဏ္းပါ"

"တစ္ခုခုရရင္ အေၾကာင္းၾကားပါ"

Lock က ဖုန္းခ်လိုက္ၿပီး Chain ဆီျပန္လွည့္လာျပန္တယ္။

"မင္းတို႔က ဘာလို႔ ခ်က္ခ်င္းသတင္းမပို႔ႏိုင္တာလဲ? အခု သက္ဆိုင္ရာကေန သူတို႔ပဲငါးႀကီးႀကီးမိသလို လုပ္ထားတယ္။ သဲလြန္စေတြ အကုန္ေဖ်ာက္ထားတယ္တဲ့"

သဲလြန္စေပ်ာက္ေနတာ မျဖစ္ႏိုင္ဘူး။ Bermuda ကိုယ္တိုင္ကိုက သူတို႔ဝင္႐ႈပ္ၿပီး သတင္းေပးထားတာလည္း ျဖစ္ႏိုင္တယ္။ ဒါမွ သူတို႔ဝင္ပါတယ္လို႔ မထင္ရေအာင္ေပါ့။ သဲလြန္စေဖ်ာက္ႏိုင္သြားတာလည္း ကိုယ္ေတြက ေခါင္းေဆာင္ထိလို႔ ျပာယာခတ္ေနတုန္း ကိုယ့္ႏိုင္ငံမွာလည္းမဟုတ္လို႔ သတင္းက ခ်က္ခ်င္း Update မျဖစ္ခင္ အကုန္ေဖ်ာက္ပစ္လိုက္ၾကပံု။

"ငါ ေမးေနတယ္ ေဟ့ေကာင္။ ကားေမာင္းရင္းေသမေနနဲ႔"

"ဗ်ာ၊ အစ္ကိုေလး။ ဘာေမးလိုက္တာလဲ?"

"ဟာကြာ ... သတ္မိေတာ့မယ္"

ကိုယ့္အေတြးနဲ႔ကိုယ္မို႔ ေနာက္ခန္းကသူ႔အေမးကို မၾကားလိုက္တာေၾကာင့္ ျပန္ေမးေပမဲ့ ဆက္မေျပာေတာ့ဘဲ ကားမွန္တံခါးအျပင္ဘက္ကို အၾကည့္ေတြပို႔သြားျပန္တယ္။
အစ္ကိုေလး ရင္ေတြပူေနမွာကို ငါသိပါတယ္။ ေခါင္းေဆာင္ကို ငါမကာကြယ္ႏိုင္တာကိုလည္း ေတာင္းပန္ပါတယ္။ အခုေန မေတာ္တဆ ေခါင္းေဆာင္မ်ား ...

.

"ေသဆံုးခ်ိန္ ....... ပါ"

"ဗ်ာ! ခုနကပဲ ... ခုနကပဲ ကၽြန္ေတာ့္လက္ကိုကိုင္ထားေသးတာေလ။ စကားမေျပာႏိုင္ေသးဘူးဆိုေပမဲ့ အခုက ... ဟင့္အင္း၊ မဟုတ္ဘူး။ မဟုတ္ပါဘူးေနာ္၊ Doctor .... မဟုတ္ရဘူး"

"စိတ္မေကာင္းပါဘူး"

Doctor က စိတ္မေကာင္းဟန္နဲ႔ ႏႈတ္ဆက္ထြက္သြားေတာ့မွ မ်က္ရည္ေတြက်ေနတဲ့ Chain က

"အစ္ကိုေလး၊ ငိုခ်လိုက္ေလ"

"မဟုတ္ဘူး၊ မဟုတ္ရဘူး"

"ေခါင္းေဆာင္ကို သြားနႈတ္ဆက္ဖို႔ ..."

"မင္း ... ငါ့ကိုမထိနဲ႔! သြားစမ္း၊ ထြက္သြားစမ္း"

"အစ္ကိုေလး"

"ေျပာေနတာ မရဘူးလား? ကဲကြာ ... ကဲကြာ!!!"

Lock က Chain ကို စိတ္ရွိလက္ရွိ ထိုးႀကိတ္ေနတာေၾကာင့္ မနီးမေဝးကေန အေျခအေနၾကည့္ေနတဲ့ Bryan က ဝင္တားဖို႔ျပင္လိုက္တယ္။ Chain လက္ကာတားလိုက္ေတာ့ ေဘးကေန စိုးရိမ္တႀကီးၾကည့္ေနေလရဲ႕။
ေဒါသေတြ၊ ေသာကေတြနဲ႔ ေပါက္ကြဲစရာရွာေနတဲ့ Lock ေၾကာင့္ Chain တစ္ေယာက္ ၾကမ္းေပၚလဲက်ေတာ့ ထပ္ၿပီးကန္ေက်ာက္ေနေသးတာမို႔ Bryan က

"ဒုေခါင္းေဆာင္၊ စိတ္ထိန္းပါ။ ေခါင္းေဆာင္ကို ... ေခါင္းေဆာင္ကို သြားၾကည့္ရေအာင္ေလဗ်ာ"

Bryan ဝင္ဆြဲေတာ့ Lock ကအတင္း႐ုန္းထြက္ၿပီး အေဖျဖစ္သူရွိရာအခန္းထဲကို ေျပးသြားတာေၾကာင့္ က်န္ေနခဲ့တဲ့ Bryan ကို Chain က

"လိုက္သြား Bryan"

"Chain!"

"ငါ ဘာမွမျဖစ္ဘူး။ ငါ့ကိုျမင္ရင္ ထပ္ၿပီးစိတ္ဆိုးေနလိမ့္မယ္။ မင္းပဲထိန္းေပးပါ"

¤

"အရမ္းႀကီးမငိုပါနဲ႔ မီးငယ္ရယ္။ ငိုေနတာလည္း ၾကာေနၿပီ။ ညီမေလး အရမ္းပင္ပန္းေနၿပီေလ"

"ကိုႀကီး ... ဟင့္ ... ကိုိကိုတို႔က ... ရက္စက္တယ္။ အဟင့္ ... မီးငယ္ကို မလာနဲ႔ ... တဲ့"

ေျပာၿပီးငိုျပန္ေတာ့ Hepius လည္း ဘာလုပ္ရမွန္းမသိ။

"Chain ေျပာျပတယ္ေလ။ ဂိုဏ္းအခ်င္းခ်င္းလုပ္ၾကံတာမို႔ မီးငယ္အႏၲရာယ္ျဖစ္မွာစိုးလို႔ မေခၚတာေလ။ အ႐ိုးျပာျပန္သယ္လာေနၿပီပဲ ညီမေလးရယ္။ ငါ့ညီမေလးပါ တစ္ခုခုထပ္ျဖစ္ရင္ Lock ဘယ္လိုေနမလဲ? နည္းနည္းေလးစိတ္ထိန္းေလေနာ္"

Hepius ေခ်ာ့ေမာ့ေျပာၿပီး ထိန္းထားရင္းက Nancy ေရာက္လာေတာ့ ေနာက္တစ္ခါငိုကာ သတိေမ့မလိုေတြအထိ ျဖစ္ျပန္ေတာ့ Hepius တို႔မွာ အလုပ္မ်ားရျပန္တယ္။ အစားလည္းသိပ္မဝင္တာေၾကာင့္ ေဆးသြင္းရင္းသာ သိပ္ထားလိုက္ရတယ္။

"ကေလးက အရမ္းပင္ပန္းေနၿပီ"

¤

"အဲဒီေတာ့ ဘယ္အဖြဲ႕လို႔မေသခ်ာဘူးေပါ့၊ ဟုတ္လား?"

"သူတို႔က အတို႔အေထာင္လုပ္လိုက္တာပါ"

Lock တို႔စကားေျပာေနရင္း Chain ဝင္လာၿပီး

"အစ္ကိုေလး၊ ေျပာစရာရွိလို႔ပါ"

က်န္တဲ့သူေတြထြက္သြားေတာ့မွ

"ေခါင္းေဆာင္က စာရြက္စာတမ္းေတြအျပင္ ေပးထားခဲ့တာ ရွိပါေသးတယ္"

"မင္းကိုေပးခဲ့တာလား? ငါ့ကိုေပးခဲ့တာလား?"

Chain က ေသာ့တစ္ေခ်ာင္းထုတ္ေပးလာၿပီး

"Locker ေသာ့တစ္ေခ်ာင္းပါ။ ဂိုေဒါင္ (9)နားက တိုက္ခန္း (406)မွာရွိတာပါ"

"ဘယ္သူေနတာလဲ?"

"ေခါင္းေဆာင္ကယ္ခဲ့ဖူးတဲ့ လူတစ္ေယာက္လို႔ ေျပာပါတယ္။ ေခါင္းေဆာင္သတင္းၾကားေတာ့ သူေတာ္ေတာ္ေလးစိတ္ထိခိုက္ေနပါတယ္"

"အဲဒီေတာ့ ေသာ့ကငါ့အတြက္လား?"

"ေခါင္းေဆာင္က ငါတို႔ႏွစ္ေယာက္အတူေရာက္လာမွ ဖြင့္ခိုင္းဖို႔ မွာထားခဲ့တယ္တဲ့"

"ဪ၊ မင္းတစ္ေယာက္တည္းနဲ႔မရမွ ငါ့ကိုလာေခၚတာလား?"

"မဟုတ္ပါဘူး အစ္ကိုေလး။ ျပန္ေရာက္ကတည္းက အဲဒီေသာ့ကို မီးငယ္ဆီအပ္ထားတာ။ ေသခ်ာသြားစံုစမ္းၿပီးမွ အခုပဲ မီးငယ္ဆီကေန ျပန္ယူလာတာပါ"

"ေရွ႕ေနမေခၚစမ္းနဲ႔"

Chain ဘာမွျပန္မေျဖျဖစ္ပါ။ ဘာေျပာေျပာ အေကာင္းမျမင္တဲ့ေနာက္မွာ ဘာမွေျဖရွင္းေနဖို႔လည္း မလိုခဲ့ပါဘူး။
ႏွစ္ေယာက္သား ဖြင့္ၾကည့္ၿပီး အေဖျဖစ္သူထားခဲ့တဲ့ အေရးႀကီးအခ်က္အလက္တခ်ိဳ႕ရယ္၊ မိသားစုအမွတ္တရတခ်ိဳ႕ရယ္ေၾကာင့္ Lock တစ္ေယာက္ မ်က္ရည္က်ခဲ့ရပါေသးတယ္။

ေခါင္းေဆာင္ရဲ႕ဆႏၵအရ Lock က Spectrum King ျဖစ္လာၿပီး၊ Chain က ဒုေခါင္းေဆာင္ျဖစ္လာခဲ့တယ္။ အေဖျဖစ္သူရဲ႕ဆႏၵမို႔ Lock ကလက္ခံခဲ့သလို၊ Chain လည္းမျငင္းခဲ့ပါ။ Lock နဲ႔ Lily ကိုေစာင့္ေရွာက္ႏိုင္ဖို႔အတြက္က သူလည္း ေနရာတစ္ခုလိုတယ္ေလ။
Lily ကေတာ့ သူကၽြမ္းက်င္ဝါသနာပါရာ နည္းပညာပိုင္းကိုပဲတာဝန္ယူၿပီး Paris ကအျဖစ္အပ်က္ကို အေၾကာင္းျပဳလို႔ ႀကိဳးစားပမ္းစား ေလ့လာရွာေဖြရာကေန နည္းပညာပိုင္းမွာ Top 3 ထဲအထိ ေရာက္လာခဲ့တယ္။ သူ႔ထက္သာတာဆိုလို႔ ေၾကးစားတစ္ေယာက္ရယ္၊ Hurricane ရယ္သာရွိေတာ့တဲ့အထိေပါ့။

Spectrum မွာ ေနာက္မ်ိဳးဆက္တစ္ခုရဲ႕ အုတ္ျမစ္က မ်က္ရည္ေတြနဲ႔တည္ခဲ့ပါတယ္။

¤¤¤¤¤

"Chain, မင္း ေခါင္းမွာဒဏ္ရာရ​ေသးတယ္ဆို? Hepius ကို ျပလိုက္​ေသးလား?"

"ဘာမွမျဖစ္ပါဘူး။ အ​ေပၚယံပါ၊ ေျပာမ​ေန​ေတာ့ဘူး။ Bermuda ပါတယ္ဆိုတဲ့ကိစၥ​ေလးသာ ေဖ်ာက္ထား​ေပးစမ္းပါ"

"ငါ့ကိုမ်ား မယုံသကၤာနဲ႕"

"မင္းကိုမယုံရင္ ငါက ဘယ္သူ႕သြားယုံရမွာလဲ?"

"ငါလည္း အဲဒီလိုအ​ေျပာနဲ႕တင္ ဝဋ္​​ေႂကြးဆပ္လို႔မကုန္နိုင္ဘူး။ ဒါနဲ႕ မင္း Griffin ကို အဆက္အသြယ္​မလုပ္နဲ႕ဦး​ေနာ္"

"မလုပ္ပါဘူး"

"မင္းကို ပထုတ္လိုက္တာ​ေတာ့ အသိသာႀကီးပဲ"

"ငါ့ကို နဖားႀကိဳးထိုးခ်င္​ေနလို႔ အ​ေသမသတ္တာကို ေက်းဇူးတင္​ေနရဦးမွာလား?"

"ငါ​ေျပာတာ အဲဒီလိုမဟုတ္ပါဘူး။ ေရွ႕​ေလွ်ာက္ မင္းတို႔သတိထားဖို႔​ေျပာခ်င္တာပါ"

"အင္း"

"Ivy နဲ႕ Dexter ဘယ္​ေတာ့ျပန္ဆုံမွာလဲ?"

"Ivy က Dexter ကိုသတိရတဲ့​ေန႕​ေပါ့ Kyle"

"မင္း တကယ္ပဲ ငါ့ကိုမျမင္​ေတာ့ဘူးလား?"

"ျမင္တာ​ေပါ့။ မင္းက Dexter အတြက္​ေတာ့ Best Friend Forever ပါပဲ"

"အ​ေျပာ​ေတြနဲ႕ပဲ ခိုင္းစားပါကြာ။ အဲဒီညက Bermuda party မွာေတာင္ မင္းတို႔ျပန္ဆုံၿပီးမွ ငါတို႔သိခဲ့ၾကတာဆို​ေတာ့ ငါ့အတြက္က အၿမဲ​ေနာက္က်​ေနခဲ့တာပဲ"

"မင္းကလည္းကြာ"

မွန္ပါတယ္။ Griffin ဂ်ပန္ကိုျပန္မထြက္ခင္ Party ပြဲမွာ Spectrum King က သားျဖစ္သူကို ပြဲထုတ္ခဲ့သလို Blue Diamond ရဲ႕ဆက္ခံသူ Kyle ကိုလည္း Hurricane အျဖစ္နဲ႕ မိတ္ဆက္​​ေပးခဲ့လို႔ Hippogriff နဲ႕ Hurricane တို႔ ဆုံျဖစ္ခဲ့ၾကတာပါ။

■■■■■ Part XXXI ဆက္ရန္ ■■■■■

"မီးငယ်!!!"

"Baby ..... Baby ဘယ်သွားမလို့လဲ?"

ကိုယ်ခေါ်နေတာကို Baby ကလှည့်မကြည့်။ ရှေ့ဆက်သွားနေရင်းက လှေကားထိပ်ရောက်တော့ အောက်ကိုငုံကြည့်နေတယ်။ ပြေးလိုက်သွားတော့ လှည့်ကြည့်လာတယ်။

"သွားရအောင်"

"ဘယ်ကို ... အား!!!"

Baby ဘာလုပ်တာလဲ? ကိုယ့်လက်ကိုဆောင့်ဆွဲပြီး ဘာလို့ လှေကားကနေခုန်ချရတာလဲ?
ဘာလို့များ လှေကားထစ်တွေမဟုတ်ဘဲ လေဟာနယ်ကြီးဖြစ်နေရတာလဲ?
မှောင်မိုက်နေတဲ့လေဟာနယ်ထဲ Baby ကိုဖက်ထားရင်း အစအဆုံးမရှိပြုတ်ကျနေတုန်း အမြင်အာရုံတွေပါ မှောင်မိုက်သွားပြီး .....

⏪⏪⏪

"Chain ကားပေါ်တက်, Meteor နဲ့ပွဲမှာ ပြဿနာတက်နေကြတယ်"

ကိုယ်က အခုမှ ပစ္စည်းတွေနေရာရွှေ့ပြီး ပြန်ရောက်လာတာကို ကားတွေနဲ့ထွက်ဖို့ပြင်နေတဲ့ Bryan ကခေါ်တာမို့ အလျင်စလိုတက်ထိုင်လိုက်ပြီးမှ သေချာမေးရတော့တယ်။

"ခေါင်းဆောင်တို့ ဘာဖြစ်လို့လဲ? Nolan လည်း ပါသွားတယ်မဟုတ်လား?"

"ပါသွားပါတယ်။ အခုက Meteor ဘက်မှာပါ အထိအခိုက်မနည်းဘူးတဲ့။ ဘယ်အဖွဲ့က ဝင်ရှုပ်တာလဲ မသိရသေးဘူး"

ခေါင်းဆောင်ရဲ့ အားအကိုးရဆုံးလူ Nolan ဆိုတာက လက်နက်ပိုင်း၊ နည်းပညာပိုင်းမှာ Pro တစ်ယောက်။ ဒီပွဲမှာ ခေါင်းဆောင်တွေပါပါတာမို့ လုံခြုံရေးဆိုတာလည်း တစ်စက်ကလေးမှ ပေါ့လျော့ခဲ့တာမဟုတ်ဘူး။ ဘယ်ကဝင်မွှေတာလဲ?
Paris မှာလည်း ရန်သူရယ်လို့ အငြိုးအတေးထားစရာအဖွဲ့မရှိတာကို ဘယ်သူတွေက ဒီအထိလိုက်လာပြီး နယ်ခံဖြစ်တဲ့ Meteor ကိုပါ ထိခိုက်အောင်လုပ်နိုင်ရတာလဲ?
တွေးနေရင်း သတိရမိတာက

"ဒုခေါင်းဆောင်ဆီ သတင်းရောက်ပြီလား?"

"ကျွန်တော်တို့ ကြားကြားချင်းထွက်လာတာမို့ အကြောင်းမကြားရသေးဘူး"

"အင်း၊ နောက်မှအကြောင်းကြားကြတာပေါ့။ အခုသိသွားရင်လည်း အစ်ကိုလေး အရမ်းစိတ်ပူနေရမှာ"

အစ်ကိုလေးရေ၊ စိတ်ချပါ။ ခေါင်းဆောင်ကို ဘေးမသီရန်မခအောင် ငါကာကွယ်ပါ့မယ်။

.

တဒိုင်းဒိုင်းနဲ့ ပစ်ခတ်နေသံတွေကြားထဲ ဝုန်းခနဲပေါက်ကွဲသံနဲ့အတူ ကိုယ့်ဘေးကိုလွင့်လာတဲ့ အပိုင်းအစတချို့။ ပစ်လဲသွားတဲ့ သူ့ဘက်၊ ကိုယ့်ဘက်ကလူတွေ။ စိုးရိမ်စိတ်နဲ့ပြေးဝင်သွားမိတယ်။

"ခေါင်းဆောင်"

"Chain, ခေါင်းဆောင်ကိုခေါ်ထုတ်သွား! Bryan ဘယ်မှာလဲ?"

"နောက်မှာပါပါတယ်။ သွားရအောင် ခေါင်းဆောင်"

Nolan အမေးကိုဖြေပြီး ခေါင်းဆောင်ရဲ့ရှေ့ ကိုယ်နဲ့ကာလို့ ဒီအခြေအနေတွေထဲက ရုန်းထွက်ဖို့လုပ်နေရပြီ။ Battle field တစ်ခုလိုဖြစ်သွားတာကြောင့် အာဏာပိုင်အဖွဲ့အစည်းတွေပါ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တဲ့အထိမို့ လာရာလမ်းမှာလည်း မနည်းကိုရှောင်ကွင်းခဲ့ရရင်း အချိန်နည်းနည်းကြာခဲ့ရပြီးပြီ။ ထပ်ကြာနေရင် ဂိုဏ်းအချင်းချင်းသတ်လို့သေမလား၊ အဖမ်းပဲခံရမလား မသေချာတာမို့ အမြန်ဆုံးဖောက်ထွက်ဖို့သာ အဓိက။

*ဝုန်း*

ပေါက်ကွဲသံကြောင့် လှည့်ကြည့်မိတဲ့မြင်ကွင်းထဲ လွင့်ထွက်သွားတဲ့ Nolan

"Nolan!"

"သွား ... သွားကြစို့ ခေါင်းဆောင်"

ခေါင်းဆောင်ရဲ့မျက်ဝန်းတွေထဲက ဝမ်းနည်းရိပ်တွေကို ဥပေက္ခာပြုရင်း ခေါ်ထုတ်လာတဲ့လမ်းမှာမှ Uniform ဝတ်တွေကို မြင်လိုက်ရတာမို့ Bryan ကိုအချက်ပြပြီး နောက်တစ်လမ်းရှာရပြန်ပြီ။
နှစ်ဘက်စလုံးကို တုန့်ပြန်ပစ်ခတ်ပြီး Bryan နဲ့ပြန်ဆုံတဲ့အချိန်

"Chain, ငါပြောတာနားထောင်"

"ဘာဖြစ်လို့လဲ ခေါင်းဆောင်? ရှေ့နားဆက်သွားမယ်လေ"

"မရတော့ဘူး"

"ဘာဖြစ် ..... ဟာ! Bryan, ကားကို ဒီအထိမောင်းခဲ့။ မရရအောင်လာခဲ့"

ဗိုက်ကနေသွေးတွေစိမ့်ထွက်လာတဲ့ ခေါင်းဆောင်ကို တွဲရင်းက အော်လိုက်မိတော့ Bryan လည်း စိုးရိမ်တကြီး ပြေးထွက်သွားတယ်။

"ခေါင်းဆောင်၊ တော်တော်များလား? ခဏဆို ကားရောက်တော့မှာဆိုတော့ ဒီနားမှာ ခဏနားရအောင်"

"အေး၊ စိတ်အေးအေးထားပြီး ငါပြောတာ ခဏနားထောင်စမ်း Chain!"

ခပ်မာမာစကားသံကြောင့် ပြာယာခတ်နေတဲ့စိတ်ကို ခဏထိန်းလိုက်ပြီး

"ဟုတ်ကဲ့"

"Bermuda ဝင်ရှုပ်တာ။ သူတို့အချက်ပြတာ ငါမြင်လိုက်တယ်၊ အဲဒါ Bermuda ပဲ"

Bermuda က ဒီအထိ လာရှုပ်နေတာလား? Griffin က အခုထိ လက်မလျှော့နိုင်သေးတာကို သိခဲ့သင့်တာ။

"ခေါင်းဆောင်၊ ကားလာပြီ"

"ခေါင်းဆောင် အဆင်ပြေရဲ့လား? ခဏလေးသည်းခံပါနော်။ ဟိုဘက်လမ်းက ပိတ်စစ်နေကြလို့"

"ရတယ် Bryan. Chain, ဒါက Meteor နဲ့လုပ်ထားတဲ့ အရေးကြီးစာရွက်စာတမ်းတွေ။ သူတို့ဘက်က အခြေအနေကောင်းရင် ဒါကို သားကြီးလက်ထဲပေးပြီး ဆက်လုပ်ပါ။ တကယ်လို့ Meteor အခြေအနေမကောင်းရင်တော့ ဒါတွေကိုဖျောက်ပစ်လိုက်တော့။ အဲဒီ Locker သော့ကို မင်းသေချာသိမ်းပါ"

"ခေါင်းဆောင်ကိုယ်တိုင်ပဲ အစ်ကိုလေးကို ..."

"အပိုတွေမပြောစမ်းနဲ့ Chain. Lock နဲ့ Lily ကို စောင့်ရှောက်ပေး"

"ဟုတ်၊ အစ်ကိုလေးနဲ့ မီးငယ်အတွက် မပူပါနဲ့။ ခေါင်းဆောင် ခဏလေး နားလိုက်ပါလား"

"Nolan နဲ့ ကျန်တဲ့သူတွေကိစ္စလည်း မင်းအတတ်နိုင်ဆုံး လိုက်လုပ်ပေးပါ"

"ဟုတ်ကဲ့ပါ"

ဒီလိုမှန်းသိရင် ကျွန်တော် Griffin နဲ့ အေးအေးဆေးဆေး ဆွေးနွေးခဲ့ပါတယ်။ အခုတော့ ...

¤

"Chain, ခဏလောက်နားလိုက်ပါလား။ ခေါင်းဆောင်သတိရရင် ကျွန်တော်ပြောပါ့မယ်"

"မင်းတောင်နားရလို့လား Bryan ရာ။ အခုကိစ္စမှာ ငါပေါ့လျော့တာလည်းပါတယ်"

"တစ်ဘက်အဖွဲ့နဲ့ Nolan တောင် မရိပ်မိတဲ့အထိ ပိပိရိရိလှုပ်ရှားသွားတာဆိုတော့ Chain အမှားလို့ပဲ မတွေးပါနဲ့"

"အစ်ကိုလေးက ဘယ်အချိန်ရောက်မှာလဲ? ငါသွားကြိုလိုက်မယ်"

"ကျွန်တော်စီစဉ်ပြီးပါပြီ"

"ရတယ်။ ငါသွားလိုက်မယ်"

ပြောပြီးထရပ်လိုက်တော့

"အခုသွားရင် နည်းနည်းစောနေမှာ Chain"

"အင်း၊ ခေါင်းဆောင်အခြေအနေထူးရင် ချက်ချင်းအကြောင်းကြားပါ"

"ဟုတ်ကဲ့။ စိတ်ချပါ"

¤

*ခွပ်*

လေဆိပ်ကကြိုလာပြီး ကားပေါ်တက်ခါနီးမှာ Lock က Chain ကို ပိတ်ထိုးလိုက်တာကြောင့် ကားနဲ့ဆောင့်မိပြီး ယိုင်ထိုးသွားရတယ်။ Chain ကိုတွန်းထုတ်ပြီး Lock ကားနောက်ခန်းထဲဝင်ထိုင်တော့မှ Chain လည်း Driver seat မှာဝင်ထိုင်ပြီး မောင်းထွက်လာခဲ့တယ်။

"မင်းကျတော့ ဘာတစ်ခုမှမဖြစ်ခဲ့ဘူးလား?"

Lock အမေးကြောင့် နောက်ကြည့်မှန်ကနေ Chain လှမ်းကြည့်မိတော့ Lockက အပြင်ကိုငေးနေတယ်။ ဘာပြန်ဖြေရမလဲမသိတော့တာမို့

"တောင်းပန်ပါတယ်။ ငါတို့လိုက်သွားတာ နည်းနည်းနောက်ကျသွားလို့ပါ အစ်ကိုလေး"

"Nolan ကသေသွားတယ်။ အဖေက သတိမလည်သေးဘူး။ မင်းကတော့ အခု ကားတောင်မောင်းနေနိုင်သေးတယ်။ ဘာကြောင့် မင်းက ပါမသွားတာလဲ? အဖေ သိပ်အားကိုးတဲ့မင်းက ဘာကိစ္စနဲ့ ပါမသွားတာလဲ?"

"စစ်ဆေးရေးရှိနေလို့ ပစ္စည်းတွေရွှေ့ဖို့ သွားနေရလို့ပါ။ သတင်းကြားကြားချင်း ငါနဲ့ Bryan လိုက်သွားတာပါ။ ဟိုရောက်တော့ ခေါင်းဆောင်တို့က ..."

"ဘယ်ကဝင်မွှေတာတဲ့လဲ?"

*Ring ... Ring ... Ring*

"Hello, ..... ငါ လမ်းမှာပဲရှိသေးတယ်။ Lily ရော?"

"မမလေးက တအားစိတ်ပူနေလို့ Nurse Nancy ရောက်လာပြီး စိတ်ငြိမ်ဆေးတိုက်ထားတာ အခုအိပ်ပျော်နေပြီလို့ ပြောပါတယ်"

"ဘာကိစ္စထူးလို့လဲ?"

"နောက်တစ်ဖွဲ့ဝင်မွှေတာလို့ ထင်ရပေမဲ့ သက်ဆိုင်ရာကလည်း သူတို့သတင်းရလို့ဝင်စီးသလိုမျိုး ပြောနေပါတယ်"

"ဘယ်ကသတင်းတွေရနေလဲ သူတို့က! အဓိပ္ပါယ်မရှိတာ။ Meteor ဆိုတာနဲ့ပဲ သူတို့အမိဖမ်းနိုင်တာလို့ လုပ်ချင်နေပြန်ပြီ။ တစ်သက်လုံးက မိမလာခဲ့ဘဲနဲ့။ မင်းတို့ ဘာသဲလွန်စရလဲ?"

"No clue ပါ၊ ဒုခေါင်းဆောင်။ အကုန်ဖျောက်ထားလိုက်ပုံပါပဲ။ သေချာတာတော့ တခြားဂိုဏ်းပါ"

"တစ်ခုခုရရင် အကြောင်းကြားပါ"

Lock က ဖုန်းချလိုက်ပြီး Chain ဆီပြန်လှည့်လာပြန်တယ်။

"မင်းတို့က ဘာလို့ ချက်ချင်းသတင်းမပို့နိုင်တာလဲ? အခု သက်ဆိုင်ရာကနေ သူတို့ပဲငါးကြီးကြီးမိသလို လုပ်ထားတယ်။ သဲလွန်စတွေ အကုန်ဖျောက်ထားတယ်တဲ့"

သဲလွန်စပျောက်နေတာ မဖြစ်နိုင်ဘူး။ Bermuda ကိုယ်တိုင်ကိုက သူတို့ဝင်ရှုပ်ပြီး သတင်းပေးထားတာလည်း ဖြစ်နိုင်တယ်။ ဒါမှ သူတို့ဝင်ပါတယ်လို့ မထင်ရအောင်ပေါ့။ သဲလွန်စဖျောက်နိုင်သွားတာလည်း ကိုယ်တွေက ခေါင်းဆောင်ထိလို့ ပြာယာခတ်နေတုန်း ကိုယ့်နိုင်ငံမှာလည်းမဟုတ်လို့ သတင်းက ချက်ချင်း Update မဖြစ်ခင် အကုန်ဖျောက်ပစ်လိုက်ကြပုံ။

"ငါ မေးနေတယ် ဟေ့ကောင်။ ကားမောင်းရင်းသေမနေနဲ့"

"ဗျာ၊ အစ်ကိုလေး။ ဘာမေးလိုက်တာလဲ?"

"ဟာကွာ ... သတ်မိတော့မယ်"

ကိုယ့်အတွေးနဲ့ကိုယ်မို့ နောက်ခန်းကသူ့အမေးကို မကြားလိုက်တာကြောင့် ပြန်မေးပေမဲ့ ဆက်မပြောတော့ဘဲ ကားမှန်တံခါးအပြင်ဘက်ကို အကြည့်တွေပို့သွားပြန်တယ်။
အစ်ကိုလေး ရင်တွေပူနေမှာကို ငါသိပါတယ်။ ခေါင်းဆောင်ကို ငါမကာကွယ်နိုင်တာကိုလည်း တောင်းပန်ပါတယ်။ အခုနေ မတော်တဆ ခေါင်းဆောင်များ ...

.

"သေဆုံးချိန် ....... ပါ"

"ဗျာ! ခုနကပဲ ... ခုနကပဲ ကျွန်တော့်လက်ကိုကိုင်ထားသေးတာလေ။ စကားမပြောနိုင်သေးဘူးဆိုပေမဲ့ အခုက ... ဟင့်အင်း၊ မဟုတ်ဘူး။ မဟုတ်ပါဘူးနော်၊ Doctor .... မဟုတ်ရဘူး"

"စိတ်မကောင်းပါဘူး"

Doctor က စိတ်မကောင်းဟန်နဲ့ နှုတ်ဆက်ထွက်သွားတော့မှ မျက်ရည်တွေကျနေတဲ့ Chain က

"အစ်ကိုလေး၊ ငိုချလိုက်လေ"

"မဟုတ်ဘူး၊ မဟုတ်ရဘူး"

"ခေါင်းဆောင်ကို သွားနှုတ်ဆက်ဖို့ ..."

"မင်း ... ငါ့ကိုမထိနဲ့! သွားစမ်း၊ ထွက်သွားစမ်း"

"အစ်ကိုလေး"

"ပြောနေတာ မရဘူးလား? ကဲကွာ ... ကဲကွာ!!!"

Lock က Chain ကို စိတ်ရှိလက်ရှိ ထိုးကြိတ်နေတာကြောင့် မနီးမဝေးကနေ အခြေအနေကြည့်နေတဲ့ Bryan က ဝင်တားဖို့ပြင်လိုက်တယ်။ Chain လက်ကာတားလိုက်တော့ ဘေးကနေ စိုးရိမ်တကြီးကြည့်နေလေရဲ့။
ဒေါသတွေ၊ သောကတွေနဲ့ ပေါက်ကွဲစရာရှာနေတဲ့ Lock ကြောင့် Chain တစ်ယောက် ကြမ်းပေါ်လဲကျတော့ ထပ်ပြီးကန်ကျောက်နေသေးတာမို့ Bryan က

"ဒုခေါင်းဆောင်၊ စိတ်ထိန်းပါ။ ခေါင်းဆောင်ကို ... ခေါင်းဆောင်ကို သွားကြည့်ရအောင်လေဗျာ"

Bryan ဝင်ဆွဲတော့ Lock ကအတင်းရုန်းထွက်ပြီး အဖေဖြစ်သူရှိရာအခန်းထဲကို ပြေးသွားတာကြောင့် ကျန်နေခဲ့တဲ့ Bryan ကို Chain က

"လိုက်သွား Bryan"

"Chain!"

"ငါ ဘာမှမဖြစ်ဘူး။ ငါ့ကိုမြင်ရင် ထပ်ပြီးစိတ်ဆိုးနေလိမ့်မယ်။ မင်းပဲထိန်းပေးပါ"

¤

"အရမ်းကြီးမငိုပါနဲ့ မီးငယ်ရယ်။ ငိုနေတာလည်း ကြာနေပြီ။ ညီမလေး အရမ်းပင်ပန်းနေပြီလေ"

"ကိုကြီး ... ဟင့် ... ကိုကိုတို့က ... ရက်စက်တယ်။ အဟင့် ... မီးငယ်ကို မလာနဲ့ ... တဲ့"

ပြောပြီးငိုပြန်တော့ Hepius လည်း ဘာလုပ်ရမှန်းမသိ။

"Chain ပြောပြတယ်လေ။ ဂိုဏ်းအချင်းချင်းလုပ်ကြံတာမို့ မီးငယ်အန္တရာယ်ဖြစ်မှာစိုးလို့ မခေါ်တာလေ။ အရိုးပြာပြန်သယ်လာနေပြီပဲ ညီမလေးရယ်။ ငါ့ညီမလေးပါ တစ်ခုခုထပ်ဖြစ်ရင် Lock ဘယ်လိုနေမလဲ? နည်းနည်းလေးစိတ်ထိန်းလေနော်"

Hepius ချော့မော့ပြောပြီး ထိန်းထားရင်းက Nancy ရောက်လာတော့ နောက်တစ်ခါငိုကာ သတိမေ့မလိုတွေအထိ ဖြစ်ပြန်တော့ Hepius တို့မှာ အလုပ်များရပြန်တယ်။ အစားလည်းသိပ်မဝင်တာကြောင့် ဆေးသွင်းရင်းသာ သိပ်ထားလိုက်ရတယ်။

"ကလေးက အရမ်းပင်ပန်းနေပြီ"

¤

"အဲဒီတော့ ဘယ်အဖွဲ့လို့မသေချာဘူးပေါ့၊ ဟုတ်လား?"

"သူတို့က အတို့အထောင်လုပ်လိုက်တာပါ"

Lock တို့စကားပြောနေရင်း Chain ဝင်လာပြီး

"အစ်ကိုလေး၊ ပြောစရာရှိလို့ပါ"

ကျန်တဲ့သူတွေထွက်သွားတော့မှ

"ခေါင်းဆောင်က စာရွက်စာတမ်းတွေအပြင် ပေးထားခဲ့တာ ရှိပါသေးတယ်"

"မင်းကိုပေးခဲ့တာလား? ငါ့ကိုပေးခဲ့တာလား?"

Chain က သော့တစ်ချောင်းထုတ်ပေးလာပြီး

"Locker သော့တစ်ချောင်းပါ။ ဂိုဒေါင် (9)နားက တိုက်ခန်း (406)မှာရှိတာပါ"

"ဘယ်သူနေတာလဲ?"

"ခေါင်းဆောင်ကယ်ခဲ့ဖူးတဲ့ လူတစ်ယောက်လို့ ပြောပါတယ်။ ခေါင်းဆောင်သတင်းကြားတော့ သူတော်တော်လေးစိတ်ထိခိုက်နေပါတယ်"

"အဲဒီတော့ သော့ကငါ့အတွက်လား?"

"ခေါင်းဆောင်က ငါတို့နှစ်ယောက်အတူရောက်လာမှ ဖွင့်ခိုင်းဖို့ မှာထားခဲ့တယ်တဲ့"

"ဪ၊ မင်းတစ်ယောက်တည်းနဲ့မရမှ ငါ့ကိုလာခေါ်တာလား?"

"မဟုတ်ပါဘူး အစ်ကိုလေး။ ပြန်ရောက်ကတည်းက အဲဒီသော့ကို မီးငယ်ဆီအပ်ထားတာ။ သေချာသွားစုံစမ်းပြီးမှ အခုပဲ မီးငယ်ဆီကနေ ပြန်ယူလာတာပါ"

"ရှေ့နေမခေါ်စမ်းနဲ့"

Chain ဘာမှပြန်မဖြေဖြစ်ပါ။ ဘာပြောပြော အကောင်းမမြင်တဲ့နောက်မှာ ဘာမှဖြေရှင်းနေဖို့လည်း မလိုခဲ့ပါဘူး။
နှစ်ယောက်သား ဖွင့်ကြည့်ပြီး အဖေဖြစ်သူထားခဲ့တဲ့ အရေးကြီးအချက်အလက်တချို့ရယ်၊ မိသားစုအမှတ်တရတချို့ရယ်ကြောင့် Lock တစ်ယောက် မျက်ရည်ကျခဲ့ရပါသေးတယ်။

ခေါင်းဆောင်ရဲ့ဆန္ဒအရ Lock က Spectrum King ဖြစ်လာပြီး၊ Chain က ဒုခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အဖေဖြစ်သူရဲ့ဆန္ဒမို့ Lock ကလက်ခံခဲ့သလို၊ Chain လည်းမငြင်းခဲ့ပါ။ Lock နဲ့ Lily ကိုစောင့်ရှောက်နိုင်ဖို့အတွက်က သူလည်း နေရာတစ်ခုလိုတယ်လေ။
Lily ကတော့ သူကျွမ်းကျင်ဝါသနာပါရာ နည်းပညာပိုင်းကိုပဲတာဝန်ယူပြီး Paris ကအဖြစ်အပျက်ကို အကြောင်းပြုလို့ ကြိုးစားပမ်းစား လေ့လာရှာဖွေရာကနေ နည်းပညာပိုင်းမှာ Top 3 ထဲအထိ ရောက်လာခဲ့တယ်။ သူ့ထက်သာတာဆိုလို့ ကြေးစားတစ်ယောက်ရယ်၊ Hurricane ရယ်သာရှိတော့တဲ့အထိပေါ့။

Spectrum မှာ နောက်မျိုးဆက်တစ်ခုရဲ့ အုတ်မြစ်က မျက်ရည်တွေနဲ့တည်ခဲ့ပါတယ်။

¤¤¤¤¤

"Chain, မင်း ခေါင်းမှာဒဏ်ရာရ​သေးတယ်ဆို? Hepius ကို ပြလိုက်​သေးလား?"

"ဘာမှမဖြစ်ပါဘူး။ အ​ပေါ်ယံပါ၊ ပြောမ​နေ​တော့ဘူး။ Bermuda ပါတယ်ဆိုတဲ့ကိစ္စ​လေးသာ ဖျောက်ထား​ပေးစမ်းပါ"

"ငါ့ကိုများ မယုံသင်္ကာနဲ့"

"မင်းကိုမယုံရင် ငါက ဘယ်သူ့သွားယုံရမှာလဲ?"

"ငါလည်း အဲဒီလိုအ​ပြောနဲ့တင် ဝဋ်​​ကြွေးဆပ်လို့မကုန်နိုင်ဘူး။ ဒါနဲ့ မင်း Griffin ကို အဆက်အသွယ်​မလုပ်နဲ့ဦး​နော်"

"မလုပ်ပါဘူး"

"မင်းကို ပထုတ်လိုက်တာ​တော့ အသိသာကြီးပဲ"

"ငါ့ကို နဖားကြိုးထိုးချင်​နေလို့ အ​သေမသတ်တာကို ကျေးဇူးတင်​နေရဦးမှာလား?"

"ငါ​ပြောတာ အဲဒီလိုမဟုတ်ပါဘူး။ ရှေ့​လျှောက် မင်းတို့သတိထားဖို့​ပြောချင်တာပါ"

"အင်း"

"Ivy နဲ့ Dexter ဘယ်​တော့ပြန်ဆုံမှာလဲ?"

"Ivy က Dexter ကိုသတိရတဲ့​နေ့​ပေါ့ Kyle"

"မင်း တကယ်ပဲ ငါ့ကိုမမြင်​တော့ဘူးလား?"

"မြင်တာ​ပေါ့။ မင်းက Dexter အတွက်​တော့ Best Friend Forever ပါပဲ"

"အ​ပြော​တွေနဲ့ပဲ ခိုင်းစားပါကွာ။ အဲဒီညက Bermuda party မှာတောင် မင်းတို့ပြန်ဆုံပြီးမှ ငါတို့သိခဲ့ကြတာဆို​တော့ ငါ့အတွက်က အမြဲ​နောက်ကျ​နေခဲ့တာပဲ"

"မင်းကလည်းကွာ"

မှန်ပါတယ်။ Griffin ဂျပန်ကိုပြန်မထွက်ခင် Party ပွဲမှာ Spectrum King က သားဖြစ်သူကို ပွဲထုတ်ခဲ့သလို Blue Diamond ရဲ့ဆက်ခံသူ Kyle ကိုလည်း Hurricane အဖြစ်နဲ့ မိတ်ဆက်​​ပေးခဲ့လို့ Hippogriff နဲ့ Hurricane တို့ ဆုံဖြစ်ခဲ့ကြတာပါ။

■■■■■ Part XXXI ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі