2. Lock
*Ring ... Ring ... Ring*
"ပြော"
"စိတ်ဓာတ်ပဲ။ ဘယ်လိုဆရာဝန်လား။"
"Yes, Doc."
"ဒါပဲ။ Good night"
"Good night"
အင်း ... ဘာအသံလဲ။
"အာ ... Baby, နိုးပြီလား။"
"ထစမ်း"
အားတင်းထထိုင်တော့
"အဲဒါက ..."
"တောင်းပန်ပါတယ်။"
"မစားချင်ဘူးလား။ ကိုယ် ဘာလုပ်ပေးရမလဲ။"
"ဟင်။ အင်း၊ ဒါပဲစားမယ်။"
"ဘာလဲ၊ ဘာကြည့်တာလဲ။"
"ဘာဖြစ်ဖြစ်စားတယ်။"
"မင်းမစားဘူးလား။"
"မဆာလို့ပါ။"
*ဒုန်း*
*Ting Tong ... Ting Tong ...*
*Ting Tong ... Ting Tong ...*
*Ting Tong ... Ting Tong ...*
(Asclepius or Hepius : the name of the god of doctors, medicine and healing
"အင်း"
"ဟုတ်တယ်၊ သူပဲ။"
"Baby က မသိလို့ပါ။"
"Lock!!!"
■■■■■ Part III ဆက်ရန် ■■■■■
Baby တော့ မူးပြီးငြိမ်သွားပြီ။ အသာပွေ့ပြီး အိပ်ခန်းထဲသယ်လာခဲ့လိုက်တယ်။ သူ့ကိုပွေ့လာတာသိရင် သောင်းကျန်းဦးမှာ။
အခန်းတံခါးစေ့ပေးပြီး ကိုယ့်အခန်းကိုယ်ပြန်လာကာ အင်္ကျီကိုမ,ကြည့်လိုက်တော့ ခါးစောင်းကဒဏ်ရာရဲ့ ပတ်တီးပေါ်မှာ သွေးကွက်ကြီးကြီးတစ်ကွက်။
Baby ကိုပွေ့လိုက်တာမှာ ဒဏ်ရာက သွေးတွေစိမ့်ထွက်လာပုံပါပဲ။
စားပွဲပေါ်တင်ထားတဲ့ လိမ်းဆေးတွေကိုယူ၊ သွေးတွေကိုဆေးကြော၊ ဆေးထည့်ကာ ပတ်တီးအသစ်လဲလိုက်ရတယ်။
Casper အဖွဲ့ရဲ့ကောင်းမှုတွေ။ ဒီမှင်စာကောင်တွေ ကိုယ်သွားမယ့်နေရာကို ဘယ်လိုအနံ့ရတယ်မသိ။
Baby ပေးတဲ့ လက်ကဒဏ်ရာကိုပါ သေချာပြန်စည်းရပြန်တယ်။
*Ring ... Ring ... Ring*
"ပြော"
"မင်းဒဏ်ရာ ဘယ်လိုနေလဲ။ ငါထည့်ပေးလိုက်တဲ့ဆေးကို သောက်ပြီးပြီလား။ ဆေးထည့်တာရော တစ်ယောက်တည်းရရဲ့လား။"
"ဖြည်းဖြည်းမေးပါကွာ။ ခုပဲဆေးထည့်ပြီး ဆေးသောက်မလို့ပါ။"
"အေးပါ။ မင်းကို စိတ်မချလို့ကွ၊ ပေတေတေ၊ ဂျစ်တစ်တစ်အကောင်။ ဒီညနေ ငါ့ဆီတစ်ခေါက်လာတော့ သေမှာစိုးလို့လား။ ငါ့ကိုလည်းပေးမလာဘဲ Baby နဲ့တွေ့မှာ စိုးရိမ်နေတာမဟုတ်လား။"
"သေချင်လို့ Baby လား။ မင်းခေါ်ဖို့မဟုတ်ဘူး။"
"အဲ ... ကျေးဇူးရှင်ကို စော်ကားနေတာ၊ မြေမျိုမယ် သားရယ်။"
"မင်းသာ မြေမျိုခံရလို့ အရပ်ပုနေတာ ဂျပုရဲ့။"
"ငါက အနေတော်ပဲ။ မင်းကမှ ကလန်ကလားရှည်ထွက်ပြီး မိုးကြိုးပစ်ခံရမှာ။ ဒီလိုမှန်းသိ မနက်ကဒဏ်ရာကို အနာရင်းအောင်လုပ်ပေးလိုက်ပါတယ်။"
"စိတ်ဓာတ်ပဲ။ ဘယ်လိုဆရာဝန်လား။"
"ဘယ်လိုလူနာလား။ သေပဲမသေနိုင်ဘူး။ နောက်နေ့ အသက်ရှိသေးရင်လည်း ငါ့ဆီကြွခဲ့ဦး။ မင်းဒဏ်ရာကို သေချာပြန်ကြည့်ပေးဦးမှ။"
"Yes, Doc."
"ဒါပဲ။ Good night"
"Good night"
ဒီသူငယ်ချင်းက ချစ်စရာ၊ ချိုသာနေရောပဲ။ ရုပ်လေးနဲ့မှမလိုက် အလွန်တရာနှုတ်ကြမ်းပါသော ဆရာဝန်ချောလေး။
နှုတ်ကြမ်းဆို သူ့လူနာတွေက မြေအောက်လောကက တကယ့် Great တွေချည်းမဟုတ်လား။ မုဆိုးနားနီးတဲ့ မေတ္တာရှင်လေးက သူ့ရဲ့တရားမဝင် ဝင်ငွေတွေကို လိုအပ်တဲ့နေရာမှန်သမျှ လှူပစ်နေတာမှ ကိုယ့်ဆီကတောင် အကြွေးယူပြီးလှူတာ။ ဘယ်တော့မှလည်း ပြန်မဆပ်ဘူး။ သူပြောနေကျစကားက
"ငါလို ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချောလေးနဲ့ ဘဝဆက်တိုင်းရေစက်ဆုံအောင် အတူတူလှူလိုက်ပါ" တဲ့။
ပေးလိုက်တဲ့ဆေးတွေအပြင် ညှော်မိထားတာမို့ ဆေးတွေထည့်တဲ့အံဆွဲထဲ မွှေရပြန်တယ်။
အသက်နဲ့နီးတဲ့ကိုယ်တွေဘဝက ကိုယ့်ဘာသာကိုယ် ဆရာဝန်နီးပါးဆေးကုတတ်မှ ပိုအဆင်ပြေတာမျိုး။
တကယ်တော့ ငယ်ငယ်ကတည်းက Baby တစ်ခုခုဖြစ်ရင် ကိုယ်ကချက်ချင်းကူပေးနိုင်အောင် ဖတ်၊ မှတ်၊ လေ့လာထားတာတွေပါ။
"Baby ... အဲ ... သူ့ကို ခရမ်းချဉ်သီးဆော့စ်တွေ ကျွေးမိတယ်။ Allergy ဖြစ်တော့မှာပဲ။"
ဆေးသောက်နေရင်းတွေးမိတော့ ဆေးတွေကို ရေမပါဘဲမျိုချပြီး Baby အခန်းထဲ ဆေးကတ်ကိုင်လို့ ပြေးရပြန်တယ်။
အိပ်ပျော်နေတဲ့ Baby လည်ပင်းနဲ့မျက်နှာမှာ ပန်းရောင်ကွက်တွေ။ ခဏနေ နီရဲလာတော့မှာ။
ဆေးလုံးကိုဝါးကာ နှုတ်ခမ်းချင်းတေ့ပြီး ပါးစပ်ထဲထည့်လိုက်တယ်။ ရေလည်းထိုနည်းလည်းကောင်း။ နှိုးတိုက်နေလို့လည်း ရမှာမဟုတ်။
စိတ်မချလို့ ကြမ်းပြင်ပေါ်ထိုင်ချပြီး ခုတင်ကိုမှီကာ စောင့်ကြည့်နေသော်လည်း တစ်နေကုန်မနားရသေးတာနဲ့ ဒဏ်ရာအရှိန်၊ ဆေးအရှိန်တွေရောပြီး အိပ်ပျော်သွားတာ သတိလက်လွတ်။
အရမ်းချမ်းလာလို့နိုးလာတော့ ကိုယ်က Baby အခန်းကြမ်းပြင်ပေါ်မှာ။
Baby ကတော့ အေးအေးဆေးဆေးအိပ်မောကျလို့။ အနီကွက်တွေလည်း မရှိတော့။
ကိုယ့်မှာသာ တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေတာမို့ Baby ဗီရိုထဲကပဲ စောင်ထူထူတစ်ထည်ယူ၊ နောက်တစ်ထည်ကိုခင်းပြီး ခုတင်ဘေးမှာပဲ လှဲအိပ်လိုက်မိတယ်။
ကိုယ့်အခန်းထဲမပြန်ချင်ဘူး။ နေမကောင်းတဲ့အချိန်လည်းဖြစ်ပြန်၊ Baby မတားနိုင်တဲ့အချိန်လည်း ဖြစ်တာကြောင့် ဒီညတော့ အနားမှာပေးနေပါ။
အရမ်းကိုဖျားနေတာမို့ တော်တော်နဲ့ပြန်အိပ်မရ။ Baby နိုးမှာစိုးလို့ လှုပ်လှုပ်ရွရွလည်း သိပ်မလုပ်ရဲ။ မညည်းမိအောင်လည်းထိန်းရင်း မနက်လေးနာရီထိုးသွားတာတော့ သိလိုက်ပြီးမှ အိပ်ပျော်သွားမိတယ်။
အင်း ... ဘာအသံလဲ။
ဝိုးတိုးဝါးတားပဲ၊ အိပ်မက်မက်နေတာလား။
တစ်ကိုယ်လုံးလည်း လေးပင်ပြီး လှုပ်မရ။ ကြားနေရတဲ့အသံကို နားစိုက်ထောင်နေမိ ...
"Chain ... ဟေ့ကောင်၊ Chain. မင်း ထစမ်း။"
Baby လား။ ရုတ်တရက် ခါးစောင်းကစူးခနဲမို့ လန့်နိုးသွားတော့မှ
"အာ ... Baby, နိုးပြီလား။"
ပြောသာပြောတာ အသံကသိပ်မထွက်၊ လူကမလှုပ်နိုင်၊ အခုထိချမ်းနေတုန်း။ Baby က သူ့ကိုဒေါသတကြီးကြည့်ရင်း စောင်ကိုဆွဲကာ
"ထစမ်း"
အားတင်းထထိုင်တော့
"မနက်ကိုးနာရီထိုးနေပြီ။ ညက ငါ့ကို မင်းပွေ့ခေါ်လာတာလား။ မင်းကရော ဘာလို့ ငါ့အခန်းထဲလာအိပ်နေတာလဲ။"
"အဲဒါက ..."
"ငါ့ကိုလာမထိနဲ့လို့ ပြောထားတာ မင်းဦးနှောက်ကပျက်နေလို့ မမှတ်မိတာလား။ အခန်းထဲရော ဘာလို့လာအိပ်တာလဲ။"
ဪ ... Baby ရယ်၊ မထိရဘူးဆို ခြံထဲမှာပဲ ထားရတော့မှာလား။ အခန်းထဲတော့ပြန်ပို့ရမှာပေါ့။ ဖြေရှင်းနေလည်းအပိုပဲမို့ ကိုယ့်မှာပြောစရာက
"တောင်းပန်ပါတယ်။"
"မင်းလုပ်ချင်ရာလုပ်ပြီးတိုင်း ဒါပဲပြော။ သွား ... ငါ့အခန်းထဲက အခုထွက်သွား။"
"ဟုတ်ပါပြီ။ ကိုယ် မနက်စာလုပ်ပေးမယ်နော်။"
စောင်ကိုပါဆွဲခြုံရင်း အခန်းထဲကထွက်ဖို့ ကြိုးစားရပြန်တယ်။ လူက အခြေအနေမကောင်း။
"နေဦး၊ ခင်းထားတဲ့စောင် သိမ်းသွား။"
အခင်းစောင်ပါယူပြီး ကိုယ့်အခန်းဘက်ထွက်လာလိုက်တာ ကိုယ့်ခုတင်မြင်တာနဲ့ ပစ်လှဲမိတယ်။
အရမ်းအိပ်ချင်ပေမဲ့ နှစ်ယောက်တည်းရှိတဲ့အိမ်မှာ Baby အတွက် မနက်စာလုပ်ဖို့က ...
အပြင်နဲ့အဆက်အသွယ်လုပ်မရအောင် သူပဲလုပ်ထားတာမို့ Baby အပြင်ကမှာစားလို့လည်းမရ။ ကုတ်အထူတစ်ထည်ကောက်စွပ်ပြီး မနက်စာပြင်ဖို့ လုပ်ရမယ်။
ပေါင်မုန့်ကို ထောပတ်သုတ်ထားတာရယ်၊ စတော်ဘယ်ရီယိုသုတ်ထားတာရယ် နှစ်မျိုးခွဲထည့်ပြီး ကော်ဖီဖျော်ပြီးတော့ Baby ရောက်လာပြီ။
"ဒီနေ့ ဒါနဲ့ပဲစားလိုက်လို့ဖြစ်လား Baby?"
Baby က စိုက်ကြည့်လာတာကြောင့်
"မစားချင်ဘူးလား။ ကိုယ် ဘာလုပ်ပေးရမလဲ။"
ဒီကောင် Chain မျက်နှာက ဖြူဖပ်ဖြူရော်၊ နှုတ်ခမ်းတွေကခြောက်ကပ်၊ မျက်တွင်းကဟောက်ပက်နဲ့ လက်ကအနာကြောင့် ဖျားတာလား။
ဒီဒဏ်ရာလောက်နဲ့ ဖြစ်စရာမရှိဘူး။ ခုနက သူ့ခါးနားကန်နှိုးတော့ ရှုံ့မဲ့ပြီးနိုးလာတာက မနေ့က Casper တွေနဲ့တွေ့တော့ ဒဏ်ရာရခဲ့တာလား။
"Baby, Baby ... ဘာစားမလဲလို့ မေးနေတာလေ။"
"ဟင်။ အင်း၊ ဒါပဲစားမယ်။"
သူတို့ စားပွဲမှာထိုင်လိုက်ကြပြီး စားနေတာက Baby တစ်ယောက်တည်း။ Chain တစ်ယောက်ကတော့ ငြိမ်သက်လို့။
"ထောပတ်သုတ်ထားတာ မင်းစားလိုက်တော့။"
အထူးအဆန်းမို့ လှမ်းကြည့်မိတော့
"ဘာလဲ၊ ဘာကြည့်တာလဲ။"
"ထူးဆန်းလို့ပါ။ Baby က အဲလိုမှ အဖက်မလုပ်ဖူးတာ။"
"အားပြတ်သေတော့မယ့် ရုပ်နဲ့မို့လေ။ ခုချိန်မင်းသေရင် အပြင်ကိုလည်းဆက်သွယ်မရတော့ မင်းအလောင်းကြီးနဲ့ ငါတစ်ယောက်တည်းရွာပတ်နေမှာ။"
ဒီစကားတွေကို Chain တစ်ယောက် ပန်းခင်းထဲရောက်သလိုများ ထင်သလားမသိ။
"ကိုယ့်ကိုတော့ Baby မြင်သေးသားပဲ။ နေ့လယ်စာ Baby ဘာစားချင်လဲ။ အခုတော့ ကိုယ်ခဏနားမှ ဖြစ်မှာမို့ပါ။"
"ဘာဖြစ်ဖြစ်စားတယ်။"
"အင်း၊ စားပြီးရင် ပန်းကန်တွေကို Basin ထဲပဲ ထည့်ထားလိုက်နော်။ နောက်မှရှင်းမယ်။"
"မင်းမစားဘူးလား။"
"မဆာလို့ပါ။"
Baby က ဘာမှပြန်မပြောတော့လို့ ထလာခဲ့ပြီး အပေါ်တက်ဖို့ လှေကားခြေရင်းအရောက် လူကမိုက်ခနဲ။ အားတင်းရင်းတက်လိုက်တာ လှေကားသုံးထစ်ရောက်တော့ ပစ်လဲတာပါပဲ။
*ဒုန်း*
လှေကားဘက်က အသံကြားတယ်။ Chain ဘာလုပ်ပြန်ပြီလဲ။ ဟာ၊ သူ့ဘာသာ ဘာလုပ်လုပ်။
*Ting Tong ... Ting Tong ...*
ဒါ ... Bell သံလား။ လူလာတာလား။ ဒါဆို ဒီနေရာကို ဘယ်သူသိသေးတာလဲ။
*Ting Tong ... Ting Tong ...*
"Chain! မင်း သွားမဖွင့်သေးဘူးလား။"
စိတ်တိုတိုနဲ့ အော်ပြီးထွက်လာတော့ လှေကားရင်းမှာလဲကျနေပြီး ပြန်ထဖို့ကြိုးစားနေတဲ့ Chain. ဒါဆို ခုနက သူပြုတ်ကျတဲ့အသံလား။
"မင်း ဘာဖြစ်တာလဲ။ ရှေ့မှာရော ဘယ်သူလာတာလဲ။"
*Ting Tong ... Ting Tong ...*
"တစ်ချက်ကြည့်ပေးပါလား။ Hepius လို့ ထင်တယ်။"
ပညာတတ်၊ ဥစ္စာပေါ၊ ဒေါက်တာချောလေးရဲ့ Nick name)
"Hepius? သူက ဒီနေရာကိုသိတာလား။"
"အင်း"
Screen မှာမြင်နေရတာလည်း ပြောတဲ့အတိုင်းပါပဲ။ အဲဒီ ဆရာဝန်ကောင် ဖြစ်နေတာမို့
"ဟုတ်တယ်၊ သူပဲ။"
"သူသိတဲ့ Password ကိုပဲရိုက်ပြီး ဝင်ခဲ့ပါလို့။"
"အင်း။ မင်းသိတဲ့ Password ပဲရိုက်ပြီး ဝင်ခဲ့ပါတဲ့။"
"Lock? Chain ရော။ ဘယ် Password ကိုရိုက်ရမှာလဲ ငါက။"
"သိမလား။ မင်းပထွေးက အဲလိုပြောခိုင်းတာ။"
"ဟင်။ ငါသိတာ ... ငါသိတာ ... အင်း၊ ဟုတ်ပြီ။"
ခဏချင်းမှာပဲ အိမ်ထဲပြေးဝင်လာတဲ့ ဆရာဝန်ကောင်။
"Lock, Chain က ... ဟာ၊ Chain မင်းဘာဖြစ်တာလဲ။ ငါထင်တယ်၊ ဖုန်းမကိုင်တော့ တစ်ခုခုဖြစ်ပြီလို့။ မင်းဆီဖုန်းခေါ်နေတာ တောက်လျှောက်ပဲ။"
Chain ကိုဆွဲထူလိုက်တော့
"ကိုယ်တွေလည်း ပူခြစ်နေတာပဲ။ Lock! ဒီတိုင်းကြည့်နေတာလား။ လူစိတ်မရှိဘူးလား။"
"Baby က မသိလို့ပါ။"
ဖျတ်ဖျတ်လူးနေတဲ့ကောင်ကို ကြည့်မရတာမို့
"သေရင်တော့ မီးရှို့ပေးမှာပေါ့။"
"Lock!!!"
Hepius တို့ ထအော်ပါတော့တယ်။
■■■■■ Part III ဆက်ရန် ■■■■■