1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
18. Love
Lock က တံခါးဖြင့္ေပးမွာမဟုတ္လို႔ Lily တစ္ေယာက္ Basement ကိုျပန္ဆင္းၿပီး Basement ကေန Lock အခန္းဆီတက္တဲ့ေလွကားအတိုင္း တက္လာခဲ့လိုက္တယ္။

*ကၽြီ*

တံခါးသံေၾကာင့္ လွည့္ၾကည့္လာတဲ့ Lock က

"အဲဒီ Basement ကို ငါ ျပန္မပိတ္ရေသးဘူးပဲ။"

မ်က္လံုးေတြနီရဲၿပီး အခန္းတစ္ခုလံုးမီးခိုးအျပည့္ျဖည့္ေနတဲ့ စီးကရက္တစ္လိပ္ကို လက္မွာကိုင္ရင္း ခုတင္ေပၚမွာထိုင္ေနတဲ့ အစ္ကိုျဖစ္သူကို Lily ဘာေျပာရမွန္းမသိ။ ျပတင္းတံခါးေတြဖြင့္ထားေပမဲ့ အေငြ႕ေတြက မႊန္ထူလို႔။

"အဟြတ္ ... ဘယ္လိုေတြေတာင္ေသာက္ေနတာလဲ ကိုကိုရယ္။"

Lily က ေဘးမွာဝင္ထိုင္လာတာမို႔ Lock က ေဆးလိပ္ကိုလံုးေျခပစ္လိုက္ၿပီး ဝရန္တာဘက္ထြက္လိုက္တာေၾကာင့္ Lily လည္း ထြက္လိုက္လာၿပီး

"ကိုကို ဘာေတြခံစားေနရတာလဲ။"

"အေဖေသတာ Bermuda စနက္မကင္းဘူး။ အဲဒီေကာင္က Bermuda နဲ႔ တစ္ခုခုပတ္သက္တာ ေသခ်ာတယ္။ မီးငယ္ ဘာေတြ႕ထားေသးလဲ။"

"Bermuda သတင္း Update မရွိေသးဘူး။ Chain ေျပာသလို ရန္တိုက္ေပးတာလည္း ျဖစ္ႏိုင္တာပဲေလ။ ကိုကိုတို႔က တစ္ေယာက္ေလ်ာ့ရင္ Spectrum တစ္ျခမ္းပဲ့တာပဲမို႔ ရန္တိုက္တာ။"

"စဥ္းစားစမ္း မီးငယ္။ ဦးေႏွာက္ရွိတာပဲ။ Bermuda က အဲဒီေလာက္အားမေနဘူး။"

"ကိုကိုရယ္။ ေဖေဖ့ကို သတိရေနတာ သိပါတယ္။ အဲဲဒါေတြကိုေတာ့ Chain တစ္ေယာက္တည္းအေပၚ ပံုခ်လို႔မရဘူးေလ။"

"ဦးငယ္ေသရတာလည္း သင္းကိုမသကၤာဘူး။ ကိုကို စံုစမ္းေနတယ္။ သက္ေသမရေသးလို႔။ သင္းနဲ႔ပတ္သက္ေနလို႔ကေတာ့ အေရခြံစုတ္ပစ္မယ္။"

"ကိုကိုစံုစမ္းေနတာ ၾကာၿပီေလ။ ဘာမွမေတြ႕ဘူးမဟုတ္လား။"

"အင္း၊ လမ္းေၾကာင္းေျပာင္းထားတယ္။ အရင္စံုစမ္းေနတဲ့ သတင္းရင္းျမစ္က စိတ္မခ်ရေတာ့ဘူးေလ။"

"ကိုကိုတို႔ ဘာျဖစ္ထားၾကေသးတာလဲ။ ကိုႀကီး Hepius သြားေခၚထားရတဲ့ညက Chain ဘာျဖစ္ထားတာလဲ။"

"ကေလးလိုပဲ ေနစမ္းပါ။"

"မီးငယ္ သူ႔ကိုသံေယာဇဥ္ရွိတယ္။ သူက ကိုကို႔ကို ငယ္ငယ္ကတည္းကခ်စ္ေနတာလည္း မီးငယ္သိတယ္။"

"ဘာရယ္။ မီးငယ္ ... ဘယ္လိုသိတာလဲ။"

"ကိုယ္စိတ္ဝင္စားတဲ့သူက ဘာေတြခံစားေနရလဲဆိုတာ မီးငယ္သိတာေပါ့။ အခု ကိုကို ေဖေဖ့ကိုသတိရေနတာလည္း မီးငယ္သိတယ္ေလ။ ကိုယ္အရမ္းရင္းႏွီးတဲ့သူေတြရဲ႕ အေျခအေနကိုသိၾကတာ မဆန္းပါဘူး။ တကယ္ဆို Chain ပံုစံကလည္း သိသာတာပဲေလ။ ကိုကိုကသာ သူ႔ကိုမၾကည္လို႔ အဖက္မလုပ္လို႔ သတိမထားမိတာ။"

"အစ္ကိုေရွ႕ ဘယ္လိုေတြေျပာေနတာလဲ။ ဘာလဲ၊ ငါပဲမသိတာလား။"

"အင္း၊ ကိုႀကီး Hepius နဲ႔ Chain စကားေျပာေနတာကို မီးငယ္ အမွတ္တမဲ့ၾကားထားတာပါ။ ၾကာၿပီ။ ကိုကိုနဲ႔ Rapunzel တတြဲတြဲသြားလာေနကတည္းကပဲ။"

"ဟား၊ Hepius ဆိုတဲ့ေကာင္လည္းေနာ္။ တကယ္ စိတ္ပ်က္တယ္။"

"လိုက္ၿပီး ရန္လုပ္မေနနဲ႔။ အဲဒီတုန္းက ေဖေဖသြားခိုင္းတဲ့ေနရာကို ကိုကိုေရာက္မသြားလို႔ Chain က သြားရွင္းေပးၿပီး ျဖစ္လာတဲ့ျပႆနာကို ေခါင္းခံခဲ့တာ ကိုကိုမသိဘူး။ ဘယ္သိမလဲ၊ Rapunzel တို႔နဲ႔ ထြက္သြားတာေလ။ Dark တို႔နဲ႔ အေရာင္းအဝယ္ကိစၥေလ၊ ကိုကို မွတ္မိလား။ အခ်ိန္နီးမွ Chain ကို ကိုယ္စားသြားခိုင္းေတာ့ ပြဲပ်က္မလိုျဖစ္လို႔ ေတာ္ေတာ္ရွင္းခဲ့ရတာ။ ေဖေဖသိေတာ့ ကိုကို႔ကိုေခၚခိုင္းတယ္။ Chain က ကိုကိုသူ႔ကိုခိုင္းခဲ့တာပါ၊ သူေနာက္က်တာပါဆိုၿပီး ေတာင္းပန္ခဲ့တာ။ Basement ထဲ သံုးရက္တိတိ ဒူးေထာက္ေနခဲ့ရတာ။ ဘာမွမစားမေသာက္ဘဲ သံုးရက္ကို ရေအာင္ေနခဲ့တယ္။ ကိုႀကီး ေဆးလာသြင္းေပးရင္းနဲ႔ သူတို႔ေျပာေနၾကတာကို မီးငယ္ၾကားလိုက္တာ။ သူ ကိုကို႔ကို ဟိုးငယ္ငယ္ကတည္းက သိပ္ခ်စ္တာတဲ့။ ကိုကို အဲဒီကိစၥေတြ မသိဘူးမဟုတ္လား။"

"အင္း။ သိလည္းမသိခ်င္ဘူး။ အဲဒီေကာင္ကို သတ္ခ်င္ေနတယ္။"

"အဟင္း၊ မေလာပါနဲ႔။ ကိုကို သက္ေသရေအာင္ရွာပါဦး။ သူဘယ္မွမေျပးဘူး။ အေဝးေရာက္ေနရင္ေတာင္ မင္းကိုသတ္ခ်င္လို႔ ျပန္လာခဲ့လို႔သာ ကိုကိုေခၚလိုက္။ ဟိုက ခ်က္ခ်င္းအေရာက္လာၿပီး လည္စင္းေပးလိမ့္မယ္။"

"ေတာ္စမ္း မီးငယ္။ Chain ဋီကာ လာဖြင့္မေနနဲ႔။ မင္းအေကာင္က အဲဒီေလာက္မ႐ူးဘူး။"

"ကိုကို႔အေကာင္ေလ။ သူ႔ဘာသာေနရင္ေတာ့ သိပ္ေတာ္တာေလ။ ကိုကိုနဲ႔ပတ္သက္လာရင္ သူ႔ေလာက္ပိန္းတာ သူပဲရွိတယ္။ ခ်စ္လို႔အ,တာ သူမွအစစ္။ မီးငယ္ ကိုိကို႔ကို တကယ္မနာလိုဘူးသိလား။ ဒီေလာက္ေတာင္ Chain စိတ္ကို သိမ္းယူထားႏိုင္တာ။ ဒါေပမဲ့ ကိုကိုတို႔အတူရွိေနရင္ မီးငယ္ ကုိကို႔ကိုစိတ္ခ်တယ္။ Chain ကိုသာ စိတ္ပူရတာ။ သူ႔မွာ ကိုကို႔ကိုကာကြယ္ရတာ တစ္မ်ိဳး၊ ကိုကိုႏွိပ္စက္သမၽွခံရတာ တစ္မ်ိဳးနဲ႔။"

"ငါပဲ နတ္ဆိုးေပါ့။"

"မေျပာပါဘူး။ သူ႔ေမတၱာကို ကိုကိုနားလည္ေအာင္ သတိေပးတာ။ မီးငယ္သိရသေလာက္ သူ႔မွာ ကိုကို႔အတြက္စီစဥ္ေပးထားတာေတြ ရွိေနတယ္။ ဘယ္အဖြဲ႕ကမွမဟုတ္တဲ့လူေတြ ကိုကို႔ကို အခ်ိန္ျပည့္ကာကြယ္ေပးေနတယ္။ သူမရွိတာနဲ႔ အဲဒီလူေတြ ေစာင့္ၾကည့္ေပးေနတယ္။ ဒါေပမဲ့ အဲဒါဘယ္သူေတြလဲလို႔ မီးငယ္ရွာမရဘူး။"

"ဘယ္လို။ ေနစမ္းပါဦး၊ ဒီေန႔မွ ကိုကို႔ကို သတင္းအကုန္လာဖြင့္ခ်ျပတာလား။"

"အဲဒီအဖြဲ႕ကိစၥ မီးငယ္သိေနတာ Chain မသိဘူး။ မီးငယ္လည္း အဲဒီကိစၥကို ဘယ္သူ႔ကိုမွေပးမသိခဲ့ဘူး။ အခုမွ ကိုကိုလက္လြန္မွာစိုးလို႔ အကုန္ဖြင့္ေျပာတာ။"

"ေသခ်ာလား။ ကိုကို႔အတြက္ထားေပးတာ ေသခ်ာလား။"

"မီးငယ္ လံုးဝအာမခံႏိုင္တယ္။ Chian ကိုလိုက္ၾကည့္မိရင္းနဲ႔ အမွတ္တမဲ့မိတာ။ သူတို႔က လံုးဝသစၥာရွိတယ္။ ကိုကို႔အတြက္ ေတာ္ေတာ္ႀကီးကိုလံုျခံဳတာ။"

"ဪ၊ သစၥာခံအဖြဲ႕ေတြနဲ႔တဲ့လား။ ဘာကိစၥ ေစာင့္ၾကည့္ခိုင္းစရာလိုလဲ။"

"လုပ္ျပန္ပါၿပီ ကိုကိုရာ။ Chain ကိုဆို အေကာင္းမျမင္ဘူး။"

"ကိုကို႔ကို ရေအာင္စံုစမ္းေပး။"

"အဲဒီ့အဖြဲ႕ကိုလား။ မီးငယ္ လုိက္တာေပါ့၊ ဘယ္လိုမွမရတာ။ သတင္းနဲ႔ပတ္သက္ရင္ မီးငယ္ထက္ေတာ္တာ ႏွစ္ေယာက္ပဲရွိလို႔ သူတို႔ေတြအထိ ၾကည့္ၿပီးၿပီ။ သူတို႔ႏွစ္ေယာက္နဲ႔လည္း မဆိုင္ဘူးထင္ရတယ္။ ဒီအသိုင္းအဝိုင္းမွာက သတင္းနဲ႔ပတ္သက္လို႔ မီးငယ္တို႔သံုးေယာက္ထက္သာတာ တရားဝင္အေနနဲ႔ ဘယ္သူမွမရွိဘူးဆိုရင္ လူမသိတဲ့ေနာက္ထပ္တစ္ေယာက္ ရွိကိုရွိတယ္။ အဲဒီတစ္ေယာက္ကပဲ သူတို႔အဖြဲ႕ကိစၥကို ဘယ္သူမွမသိေအာင္ အေမွာင္ခ်ေပးထားတာ။"

"အဟက္၊ Chain လား။"

"မီးငယ္လည္းေတြးဖူးတယ္။ ဒါေပမဲ့ မဟုတ္ေလာက္ဘူး။"

"ဒါဆို ကိုကိုစံုစမ္းသမၽွသတင္းရင္းျမစ္ေတြကို သူတို႔လိုက္ပိတ္ႏိုင္တာေပါ့။ ဒါေၾကာင့္ ဒီေလာက္ၾကာတဲ့အထိ ဘာမွမရတာျဖစ္ႏိုင္တယ္ေလ။"

"မရွိတဲ့သက္ေသမို႔မရတာလည္း ျဖစ္ႏိုင္တယ္ ကိုကို။"

"ထားပါ။ ကိုကို စိတ္႐ႈပ္တယ္။ တစ္ေယာက္တည္းနားခ်င္ၿပီ။"

"မီးငယ္ေျပာျပေတာ့မွ ပိုဆိုးသြားၿပီထင္တယ္။ ကိုႀကီး Hepius က မွာသြားတာ။ ကိုကို႔အနားေနၿပီး စိတ္သက္သာေအာင္လုပ္ေပးလိုက္ပါဆိုမွ အ႐ႈပ္ထုပ္လာျဖည္ျပမိတယ္။"

"ဟား ဟား..... မဟုတ္ပါဘူး ငါ့ညီမေလးရယ္။"

ေခါင္းကိုဖြကာ ေျပာမိေတာ့

"ကိုကို ထိုင္ၿပီးေတြးမိေနရင္ စိတ္ပင္ပန္းတယ္။ မီးငယ္တို႔ စပါကတီလုပ္စားရေအာင္။ လာပါ ... လာ ... လာ။"

အတင္းဆြဲေခၚေနတဲ့ညီမငယ္ေၾကာင့္ Lock လည္း မျငင္းႏိုင္ေတာ့ဘဲ မီးဖိုခန္းေရာက္လာရတယ္။

🎶 Ring ... Ring ... Ring 🎶

"ခဏေလး ကိုကို။ ဒါေလးေဆးထားလိုက္။"

ဖုန္းေလးေထာင္ျပၿပီး ကိုယ့္ကိုခိုင္းကာ ထြက္သြားတာမို႔ ေခါင္းသာရမ္းရင္း Basin မွာ အလုပ္႐ႈပ္ေနမိေတာ့တယ္။ ျပန္ဝင္လာေတာ့ ...

"ဘယ္ကလဲ မီးငယ္။"

"ေဆး႐ံုက။ Matthew အေျခအေနက စိတ္မခ်ရေသးေပမဲ့ နည္းနည္းေတာ့ေကာင္းလာၿပီ။ ဘယ္အခ်ိန္သတိျပန္လည္မလဲေတာ့ ေစာင့္ၾကည့္ရမွာတဲ့။ Chain က ေခါင္းေပါက္ၿပီး ေျခေထာက္အ႐ိုးအက္သြားတယ္။ သတိျပန္ရလာေပမဲ့ ေဆးထိုးေပးထားလို႔ အိပ္ေနတယ္တဲ့။ ၿပီးေတာ့ ကိုကို႔အေျခအေနေမးတယ္။ အဆင္ေျပရင္ ၿပီးတာပါပဲတဲ့။"

မေျပဘူး။ ဘယ္လိုမွအဆင္မေျပဘူး။
Bermuda ရယ္၊ ေနာက္ေၾကာင္းျပန္စံုစမ္းဆဲ ကိစၥေတြရယ္၊ အေဖ့ကို အရမ္းသတိရေနတာရယ္အျပင္ အခု Chain ရဲ႕ ဘာမွန္းမသိရတဲ့ ကိုယ္ေပ်ာက္အဖြဲ႕။ ေစာင့္ၾကည့္ခံေနရတယ္ဆိုတဲ့ ခံစားခ်က္ႀကီးက ေတာ္ေတာ္ဆိုးတယ္။ ေနာက္ေက်ာမလံုဘူး။ ညအိပ္ဖို႔ေတာင္ စိတ္ခ်လက္ခ်ရွိလာပါ့မလား။
ဒီေကာင္ ဘာေတြၾကံစည္ေနမွန္းကို Lily မသိဘူးဆိုေတာ့ သူအကူအညီေတာင္းစရာက တစ္ေယာက္ပဲက်န္တယ္။ ဒါေပမဲ့ ကို္ယ့္ဂိုဏ္းကိစၥေတြ တျခားလူကိုခ်ျပသလိုျဖစ္မွာမို႔ မျဖစ္ေသးဘူး။

စိတ္ပ်က္စရာေကာင္းတဲ့ဘဝ။ ဆင္ေျခဖုံးၿမိဳ႕ေလးတစ္ၿမိဳ႕မွာပဲ ေအးေအးခ်မ္းခ်မ္းနဲ႔ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားခ်င္မိတဲ့ အိပ္မက္က ဒီတစ္သက္ေတာ့ တကယ္မျဖစ္ႏိုင္ေတာ့။

*Baby စိုက္ပ်ိဳးေရးလုပ္ပါလား*

*Baby က Building Design ဆြဲ၊ အပင္စိုက္ေလ။ Baby စိတ္မပါတဲ့ Landscaping ကို ကိုယ္သင္လိုက္မယ္။ ၿပီးရင္ အပင္အတြက္ သီးသန္႔ရွာစရာမလိုေတာ့ဘူး။*

ဟာကြာ၊ ဒီေကာင့္စကားေတြကို ဘာလို႔ျပန္ေတြးမိသြားတာလဲ။

"ကိုကို ... ကိုကိုလို႔"

"ဟင္၊ ဘာလဲ မီးငယ္။"

"ဘာေတြေခါင္းခါေနတာလဲ။ ေခၚေနတာၾကာၿပီ။"

"အေတြးလြန္သြားတာ။"

"ဒါေလးကူဦး။"

ကိုကိုအေတြးလြန္ေနတာ မီးငယ္သိပါတယ္။ မီးဖိုေခ်ာင္ထဲလိုက္လာေပမဲ့ စိတ္လြင့္ေနတာလည္း အသိသာႀကီး။ ဒါေပမဲ့ တစ္ေယာက္တည္းဆို ကိုကိုပိုဆိုးမွာစိုးလို႔ပါ။
မီးငယ္ဖြင့္မေျပာခ်င္တဲ့ကိစၥေတြ ဖြင့္ေျပာရတာလည္း Chain ရဲ႕အခ်စ္ေတြကို ကိုကိုနားလည္ေအာင္လို႔ပါ။ မီးငယ္သိပ္ခ်စ္ရတဲ့လူႏွစ္ေယာက္က အခ်င္းခ်င္းထိခိုက္ေစမိမွာကို မီးငယ္မလိုလားဘူး။

ဒါေပမဲ့ ကိုကိုသိလား။ ကိုယ္ခ်စ္ရတဲ့သူက တျခားတစ္ေယာက္ကို အသက္ေပးၿပီးခ်စ္ေနတဲ့ကိစၥ၊ အဲဒါကေလ သိပ္ရင္ပူရတယ္။ သူခ်စ္တာ ကိုကိုျဖစ္ေနလို႔သာ မီးငယ္ စိတ္သက္သာတာ။ တျခားလူသာဆိုရင္ မီးငယ္ရေအာင္ျပန္လုမွာ။
ကိုကိုကသာ မျမင္တာပါ။ ကိုကိုတစ္ခုခုျဖစ္တယ္ဆိုရင္ Chain က ပ်ာယာခတ္ေနတတ္တာ သူမဟုတ္ေတာ့သလိုပဲ။ တစ္ခါတေလ မ်က္ရည္ပါဝဲလာတတ္တာ။
အဲဒီလိုေတြျမင္ေနရတာ မီးငယ္လည္းငိုခ်ပစ္ခ်င္ေပမဲ့ ကိုကို႔ကိုသိပ္ခ်စ္လို႔ စိတ္ပူေနတာပါလားလို႔ေတြးမိရင္ အလိုလိုျပံဳးမိျပန္ေရာ။
၅၂၈ နဲ႔ ၁၅၀၀ အခ်စ္ၾကားမွာ မီးငယ္လည္း ႐ူးခ်င္မိပါရဲ႕။

ေကာင္းက်ိဳးတစ္ခ်က္က ကိုကိုက Chain နဲ႔ရွိေနရင္ မီးငယ္ ႏွစ္ေယာက္စာပူစရာမလိုေတာ့ဘူး။ ကိုကို ေဘးကင္းၿပီးသားျဖစ္ေနၿပီေလ။ မီးငယ္အတြက္ ကိုကိုတို႔ႏွစ္ေယာက္လံုးက အေဖလို၊ အစ္ကိုလိုပါပဲ။ Chain ကို မ႐ိုးမသားခ်စ္မိတာေလးက လြဲလို႔ေပါ့။
ကိုကိုတို႔ မီးငယ္ကိုမထိခိုက္ေစခ်င္လို႔ ကာကြယ္ေပးတတ္သလိုမ်ိဳးပဲ ကိုကိုတို႔ကိုလည္း အခ်င္းခ်င္းထိခိုက္ေအာင္ မလုပ္ေစခ်င္ဘူး။

အဲဒီမနက္က ေမာင္ႏွမႏွစ္ေယာက္ မီးဖိုခန္းထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္စားေသာက္ေနၾကတာ ျမင္ရမွာျဖစ္သလို သူတို႔ကိုယ္စီအေတြးေတြက ႐ႈပ္ေထြးေနၿပီး ရင္ထဲလည္းမြန္းက်ပ္ေနၾကတာ သူတို႔ခ်င္းပဲသိပါလိမ့္မယ္။

¤

"Chain, ႏိုးၿပီလား။ မထနဲ႔။ ေခါင္းထဲဘယ္လိုေနလဲ။"

"အင္း၊ မူးေနတယ္။"

"ခဏေမွးေနလိုက္ဦး။"

"အင္း၊ Hepius. Baby ဘယ္လိုျဖစ္က်န္ခဲ့လဲ။ ေခါင္းေဆာင္ဆံုးသြားတုန္းကလိုမ်ိဳး သူအရမ္းေဒါသထြက္ေနတာ။"

"ကိုယ့္ဘာသာ စိတ္ပူစမ္းပါကြာ။ အဲဒီေကာင္ ဘာမွမျဖစ္ပါဘူး။"

"ငါျဖစ္တာက အေပၚယံဒဏ္ရာ၊ အခ်ိန္တန္ရင္ေပ်ာက္မွာ။ Baby က စိတ္ထဲမွာခံစားေနရတာ။ အဲဒါက ပိုပင္ပန္းတယ္။"

"မင္းကေရာ စိတ္မပင္ပန္းရဘူးလား။"

"ငါလား။ ငါက ဘာျဖစ္ရမွာလဲ။ Baby ကိုစိတ္ပူတာပဲရွိတာ။"

"အဲဒီစိတ္နဲ႔ပဲ ႐ူးႏိုင္တာ။ မင္းကိုယ္မင္းေတာင္ သိေသးရဲ႕လား။ ထြက္သြားလို႔ေျပာရင္ ခဏေလာက္ေရွာင္ေနေပးလိုက္ပါလား။"

"ဒီတစ္ေခါက္က ေရွာင္ေနလို႔မရဘူး။ သူ႔စိတ္ေတြ ထြက္ေပါက္လိုေနတယ္။ အဲဒီလိုမွမဟုတ္ရင္ သူအဆင္မေျပေလာက္ဘူး။"

"မင္းကေတာ့ အဆင္ေျပတယ္ေပါ့။ မင္းတို႔ကို အဲဒီလိုျမင္ေနရတဲ့ဟိုကေလး Lily, သူေရာ ဘယ္ေလာက္ေတာင္ရင္ပူမလဲ မင္းမသိဘူးလား။"

"Lily? သူ႔ကိုေတာ့ ငါအားနာပါတယ္။ ငါ့ညီမေလးလို၊ သမီးေလးလိုပါပဲ။ သူလည္း ၅၂၈နဲ႔ ၁၅၀၀ၾကား ဗ်ာမ်ားရမယ္ဆိုတာ ငါနားလည္ပါတယ္။ ဒါေပမဲ့ Hepius ရာ၊ Baby တစ္ခုခုျဖစ္ၿပီဆိုရင္ ငါ့မ်က္စိထဲ ဘယ္သူ႔ကိုမွမျမင္ေတာ့လို႔ပါ။"

"ေတာ္ၿပီ၊ စကားမမ်ားနဲ႔။ နားနားေနေန ေနလိုက္ဦး။ ေျခေထာက္က အ႐ိုးအက္သြားတာ။ မင္းက ဒဏ္ရာရရင္ အေကာင္းျမန္တတ္ေတာ့ သိပ္ေတာ့မၾကာေလာက္ပါဘူး။ လႈပ္လႈပ္ရွားရွားမလုပ္ဘဲ ၿငိမ္ၿငိမ္ေလးေတာ့ေနေပး။ ငါ Matthew ကို သြားၾကည့္ဦးမယ္။ Bryan ကို ေခၚထားခဲ့မယ္။"

"အင္း၊ Matthew ဘယ္လိုေနေသးလဲ။"

"အေျခအေနက စိတ္မခ်ရေသးေပမဲ့ နည္းနည္းေတာ့ေကာင္းလာၿပီ။ ဘယ္အခ်ိန္သတိျပန္လည္မလဲေတာ့ ေစာင့္ၾကည့္ရမွာပဲ။"

"အင္း၊ ငါ့ေၾကာင့္ဆိုေတာ့ ျပန္ေကာင္းေစခ်င္ၿပီ။"

"ျဖစ္ခ်ိန္တန္လို႔ျဖစ္ရတယ္ပဲ မွတ္ပါ။ နားလိုက္ဦး။ တစ္ခုခုဆို မင္းလူေတြကိုခိုင္းေနာ္။ မင္းကေတာ့ ၿငိမ္ၿငိမ္ေန။"

Hepius က မေအတစ္ေယာက္လို မွာစရာရွိတာမွာၿပီး ထြက္သြားေတာ့ Bryan ဝင္လာတယ္။

"Chain, သက္သာလား။ ဘာလုပ္ေပးရမလဲ။"

"ငါ ေရေသာက္ခ်င္တယ္။"

"ဟုတ္။ မထနဲ႔တဲ့ မွာသြားတယ္။ ကၽြန္ေတာ္ပိုက္တပ္ေပးမယ္။"

"အင္း"

"ဗိုက္ဆာေနေသးလား။"

"ေဆးသြင္းထားလို႔ထင္တယ္၊ မဆာဘူး။ Violet မွာ ဘာျဖစ္က်န္ခဲ့လဲ။"

"မမေလးနဲ႔ေခါင္းေဆာင္ မီးဖိုခန္းထဲမွာ အတူတူခ်က္ျပဳတ္စားေနတယ္တဲ့။ မ်က္ႏွာေတြေတာ့ သိပ္မလန္းေပမဲ့ အရမ္းမဆိုးဘူးတဲ့။ Nick ဖုန္းဆက္ေျပာတာ။"

"အင္း၊ စိတ္ေျပာင္းေအာင္ ေနၾကတာ။"

"Chain မူးေနေသးတယ္ဆို။ ခဏနားလိုက္ေနာ္။ ကၽြန္ေတာ္ အနားမွာရွိေနမယ္။ ခိုင္းခ်င္ရင္ ေျပာပါ။"

Bryan စကားအဆံုး Chain မ်က္စိေတြအသာမွိတ္ထားလိုက္တယ္။ အိပ္တာမဟုတ္ေပမဲ့ အရင္တုန္းကကိစၥေတြကို အိပ္မက္ျပန္မက္ေနသလို။

¤

"ကေလးရဲ႕ေမေမက ေသြးတိုးၿပီးေတာ့ ေနမေကာင္းျဖစ္တာ။ ဧည့္သည္ေရာက္လာေတာ့ ေခၚၾကည့္တာ ကေလးေမေမက မရွိေတာ့ဘူး"

"ေမေမက ဘယ္သြားလို႔လဲ ဦးဦး။ ေဆး႐ံုကိုလား။"

"ကေလးရဲ႕ေမေမက ေကာင္းကင္ဘံုကိုသြားႏွင့္ၿပီ။"

"ေမေမက ... ေသ ... ေသသြားတာလား။"

"ကေလးရယ္"

ရွင္းျပေနတဲ့ရဲသားက ေပြ႕ဖက္ၿပီး Ambulance ဆီေခၚလာခဲ့ေတာ့

"ေမေမေနမေကာင္းလို႔ ဟိုခုတင္ေပၚမွာ အိပ္ေနတာမဟုတ္လား။"

လက္ေဖာင္းေဖာင္းေလးရဲ႕ ညႊန္ျပရာအဆံုးမွာ ၿငိမ္သက္စြာလဲေလ်ာင္းေနတဲ့ Rache.

"ကေလး၊ ကေလးမွာ တျခားေဆြမ်ိဳးေတြ ဘယ္သူရွိေသးလဲ။"

"မရွိဘူး။ ေမေမကေျပာတယ္။ တစ္ကမ႓ာလံုးမွာ ေမေမနဲ႔သားကလြဲရင္ သားတို႔အတြက္ ေဆြမ်ိဳးမရွိဘူးတဲ့။"

ရဲသားႀကီးခမ်ာ ဘာေျပာရမွန္းမသိ။

¤

"သားရဲ႕ဦးငယ္လား။ ေမေမေျပာေတာ့ သားမွာ ေဆြမ်ိဳးမရွိဘူးဆို။"

ငိုေနရင္းက မ်က္ရည္ေလးေတြသုတ္ရင္း ေမးလာတဲ့ ကေလးငယ္။

"ဦးက သားေဖေဖရဲ႕ညီပါ။ သားရဲ႕ဦးေလးေတာ္တယ္။"

"ေဖေဖ။ သားမွာ ေဖေဖမရွိဘူးလို႔ ေမေမကေျပာဖူးတယ္။ ေမေမကပဲ သားရဲ႕ေဖေဖတဲ့။ ေမေမ့မွာလည္း ညီေလးမရွိဘူးေလ။"

မ်က္ရည္စိုလဲ့လဲ့ မ်က္ဝန္းေလးေတြအဝိုင္းသားနဲ႔ ျပန္ေမးေနတဲ့ ကေလးေလး။

"သား၊ ဦးတို႔က ရဲစခန္းကဦးဦးေတြပါ။ သား ဦးကိုမွတ္မိတယ္မဟုတ္လား။ သားေမေမရဲ႕ေသတၱာထဲမွာ ဒီပံုေလးေတြ႕တယ္။ သားေမေမေဘးက သားေဖေဖ။ ဒီက ဦးေလးက သားေဖေဖရဲ႕ညီေလး။ ဦးတို႔ ေသခ်ာစစ္ေဆးၿပီးၿပီ။ အခု သားက သားရဲ႕ဦးေလးနဲ႔ေနရမွာ။ သားကို ဒီဦးေလးက ေစာင့္ေရွာက္ေပးလိမ့္မယ္။"

"ဟုတ္လား ဦး။"

"ဟုတ္ပါတယ္ သားရယ္။ ဦးေလးက သားကိုေမြးစားမယ္။"

"ေဖေဖကေရာ"

"သားေဖေဖက မရွိေတာ့ဘူး။"

"ေမေမက ေဖေဖနဲ႔သြားေတြ႕တာေပါ့။ သားကိုက် ေခၚမသြားဘူး။"

ေတြးတတ္သလိုေလးေတြးၿပီး ငိုေနျပန္ပါေသာ ကေလးေလး Dexter.

■■■■■ Part XIX ဆက္ရန္ ■■■■■

Lock က တံခါးဖွင့်ပေးမှာမဟုတ်လို့ Lily တစ်ယောက် Basement ကိုပြန်ဆင်းပြီး Basement ကနေ Lock အခန်းဆီတက်တဲ့လှေကားအတိုင်း တက်လာခဲ့လိုက်တယ်။

*ကျွီ*

တံခါးသံကြောင့် လှည့်ကြည့်လာတဲ့ Lock က

"အဲဒီ Basement ကို ငါ ပြန်မပိတ်ရသေးဘူးပဲ။"

မျက်လုံးတွေနီရဲပြီး အခန်းတစ်ခုလုံးမီးခိုးအပြည့်ဖြည့်နေတဲ့ စီးကရက်တစ်လိပ်ကို လက်မှာကိုင်ရင်း ခုတင်ပေါ်မှာထိုင်နေတဲ့ အစ်ကိုဖြစ်သူကို Lily ဘာပြောရမှန်းမသိ။ ပြတင်းတံခါးတွေဖွင့်ထားပေမဲ့ အငွေ့တွေက မွှန်ထူလို့။

"အဟွတ် ... ဘယ်လိုတွေတောင်သောက်နေတာလဲ ကိုကိုရယ်။"

Lily က ဘေးမှာဝင်ထိုင်လာတာမို့ Lock က ဆေးလိပ်ကိုလုံးခြေပစ်လိုက်ပြီး ဝရန်တာဘက်ထွက်လိုက်တာကြောင့် Lily လည်း ထွက်လိုက်လာပြီး

"ကိုကို ဘာတွေခံစားနေရတာလဲ။"

"အဖေသေတာ Bermuda စနက်မကင်းဘူး။ အဲဒီကောင်က Bermuda နဲ့ တစ်ခုခုပတ်သက်တာ သေချာတယ်။ မီးငယ် ဘာတွေ့ထားသေးလဲ။"

"Bermuda သတင်း Update မရှိသေးဘူး။ Chain ပြောသလို ရန်တိုက်ပေးတာလည်း ဖြစ်နိုင်တာပဲလေ။ ကိုကိုတို့က တစ်ယောက်လျော့ရင် Spectrum တစ်ခြမ်းပဲ့တာပဲမို့ ရန်တိုက်တာ။"

"စဉ်းစားစမ်း မီးငယ်။ ဦးနှောက်ရှိတာပဲ။ Bermuda က အဲဒီလောက်အားမနေဘူး။"

"ကိုကိုရယ်။ ဖေဖေ့ကို သတိရနေတာ သိပါတယ်။ အဲဒါတွေကိုတော့ Chain တစ်ယောက်တည်းအပေါ် ပုံချလို့မရဘူးလေ။"

"ဦးငယ်သေရတာလည်း သင်းကိုမသင်္ကာဘူး။ ကိုကို စုံစမ်းနေတယ်။ သက်သေမရသေးလို့။ သင်းနဲ့ပတ်သက်နေလို့ကတော့ အရေခွံစုတ်ပစ်မယ်။"

"ကိုကိုစုံစမ်းနေတာ ကြာပြီလေ။ ဘာမှမတွေ့ဘူးမဟုတ်လား။"

"အင်း၊ လမ်းကြောင်းပြောင်းထားတယ်။ အရင်စုံစမ်းနေတဲ့ သတင်းရင်းမြစ်က စိတ်မချရတော့ဘူးလေ။"

"ကိုကိုတို့ ဘာဖြစ်ထားကြသေးတာလဲ။ ကိုကြီး Hepius သွားခေါ်ထားရတဲ့ညက Chain ဘာဖြစ်ထားတာလဲ။"

"ကလေးလိုပဲ နေစမ်းပါ။"

"မီးငယ် သူ့ကိုသံယောဇဉ်ရှိတယ်။ သူက ကိုကို့ကို ငယ်ငယ်ကတည်းကချစ်နေတာလည်း မီးငယ်သိတယ်။"

"ဘာရယ်။ မီးငယ် ... ဘယ်လိုသိတာလဲ။"

"ကိုယ်စိတ်ဝင်စားတဲ့သူက ဘာတွေခံစားနေရလဲဆိုတာ မီးငယ်သိတာပေါ့။ အခု ကိုကို ဖေဖေ့ကိုသတိရနေတာလည်း မီးငယ်သိတယ်လေ။ ကိုယ်အရမ်းရင်းနှီးတဲ့သူတွေရဲ့ အခြေအနေကိုသိကြတာ မဆန်းပါဘူး။ တကယ်ဆို Chain ပုံစံကလည်း သိသာတာပဲလေ။ ကိုကိုကသာ သူ့ကိုမကြည်လို့ အဖက်မလုပ်လို့ သတိမထားမိတာ။"

"အစ်ကိုရှေ့ ဘယ်လိုတွေပြောနေတာလဲ။ ဘာလဲ၊ ငါပဲမသိတာလား။"

"အင်း၊ ကိုကြီး Hepius နဲ့ Chain စကားပြောနေတာကို မီးငယ် အမှတ်တမဲ့ကြားထားတာပါ။ ကြာပြီ။ ကိုကိုနဲ့ Rapunzel တတွဲတွဲသွားလာနေကတည်းကပဲ။"

"ဟား၊ Hepius ဆိုတဲ့ကောင်လည်းနော်။ တကယ် စိတ်ပျက်တယ်။"

"လိုက်ပြီး ရန်လုပ်မနေနဲ့။ အဲဒီတုန်းက ဖေဖေသွားခိုင်းတဲ့နေရာကို ကိုကိုရောက်မသွားလို့ Chain က သွားရှင်းပေးပြီး ဖြစ်လာတဲ့ပြဿနာကို ခေါင်းခံခဲ့တာ ကိုကိုမသိဘူး။ ဘယ်သိမလဲ၊ Rapunzel တို့နဲ့ ထွက်သွားတာလေ။ Dark တို့နဲ့ အရောင်းအဝယ်ကိစ္စလေ၊ ကိုကို မှတ်မိလား။ အချိန်နီးမှ Chain ကို ကိုယ်စားသွားခိုင်းတော့ ပွဲပျက်မလိုဖြစ်လို့ တော်တော်ရှင်းခဲ့ရတာ။ ဖေဖေသိတော့ ကိုကို့ကိုခေါ်ခိုင်းတယ်။ Chain က ကိုကိုသူ့ကိုခိုင်းခဲ့တာပါ၊ သူနောက်ကျတာပါဆိုပြီး တောင်းပန်ခဲ့တာ။ Basement ထဲ သုံးရက်တိတိ ဒူးထောက်နေခဲ့ရတာ။ ဘာမှမစားမသောက်ဘဲ သုံးရက်ကို ရအောင်နေခဲ့တယ်။ ကိုကြီး ဆေးလာသွင်းပေးရင်းနဲ့ သူတို့ပြောနေကြတာကို မီးငယ်ကြားလိုက်တာ။ သူ ကိုကို့ကို ဟိုးငယ်ငယ်ကတည်းက သိပ်ချစ်တာတဲ့။ ကိုကို အဲဒီကိစ္စတွေ မသိဘူးမဟုတ်လား။"

"အင်း။ သိလည်းမသိချင်ဘူး။ အဲဒီကောင်ကို သတ်ချင်နေတယ်။"

"အဟင်း၊ မလောပါနဲ့။ ကိုကို သက်သေရအောင်ရှာပါဦး။ သူဘယ်မှမပြေးဘူး။ အဝေးရောက်နေရင်တောင် မင်းကိုသတ်ချင်လို့ ပြန်လာခဲ့လို့သာ ကိုကိုခေါ်လိုက်။ ဟိုက ချက်ချင်းအရောက်လာပြီး လည်စင်းပေးလိမ့်မယ်။"

"တော်စမ်း မီးငယ်။ Chain ဋီကာ လာဖွင့်မနေနဲ့။ မင်းအကောင်က အဲဒီလောက်မရူးဘူး။"

"ကိုကို့အကောင်လေ။ သူ့ဘာသာနေရင်တော့ သိပ်တော်တာလေ။ ကိုကိုနဲ့ပတ်သက်လာရင် သူ့လောက်ပိန်းတာ သူပဲရှိတယ်။ ချစ်လို့အ,တာ သူမှအစစ်။ မီးငယ် ကိုကို့ကို တကယ်မနာလိုဘူးသိလား။ ဒီလောက်တောင် Chain စိတ်ကို သိမ်းယူထားနိုင်တာ။ ဒါပေမဲ့ ကိုကိုတို့အတူရှိနေရင် မီးငယ် ကိုကို့ကိုစိတ်ချတယ်။ Chain ကိုသာ စိတ်ပူရတာ။ သူ့မှာ ကိုကို့ကိုကာကွယ်ရတာ တစ်မျိုး၊ ကိုကိုနှိပ်စက်သမျှခံရတာ တစ်မျိုးနဲ့။"

"ငါပဲ နတ်ဆိုးပေါ့။"

"မပြောပါဘူး။ သူ့မေတ္တာကို ကိုကိုနားလည်အောင် သတိပေးတာ။ မီးငယ်သိရသလောက် သူ့မှာ ကိုကို့အတွက်စီစဉ်ပေးထားတာတွေ ရှိနေတယ်။ ဘယ်အဖွဲ့ကမှမဟုတ်တဲ့လူတွေ ကိုကို့ကို အချိန်ပြည့်ကာကွယ်ပေးနေတယ်။ သူမရှိတာနဲ့ အဲဒီလူတွေ စောင့်ကြည့်ပေးနေတယ်။ ဒါပေမဲ့ အဲဒါဘယ်သူတွေလဲလို့ မီးငယ်ရှာမရဘူး။"

"ဘယ်လို။ နေစမ်းပါဦး၊ ဒီနေ့မှ ကိုကို့ကို သတင်းအကုန်လာဖွင့်ချပြတာလား။"

"အဲဒီအဖွဲ့ကိစ္စ မီးငယ်သိနေတာ Chain မသိဘူး။ မီးငယ်လည်း အဲဒီကိစ္စကို ဘယ်သူ့ကိုမှပေးမသိခဲ့ဘူး။ အခုမှ ကိုကိုလက်လွန်မှာစိုးလို့ အကုန်ဖွင့်ပြောတာ။"

"သေချာလား။ ကိုကို့အတွက်ထားပေးတာ သေချာလား။"

"မီးငယ် လုံးဝအာမခံနိုင်တယ်။ Chian ကိုလိုက်ကြည့်မိရင်းနဲ့ အမှတ်တမဲ့မိတာ။ သူတို့က လုံးဝသစ္စာရှိတယ်။ ကိုကို့အတွက် တော်တော်ကြီးကိုလုံခြုံတာ။"

"ဪ၊ သစ္စာခံအဖွဲ့တွေနဲ့တဲ့လား။ ဘာကိစ္စ စောင့်ကြည့်ခိုင်းစရာလိုလဲ။"

"လုပ်ပြန်ပါပြီ ကိုကိုရာ။ Chain ကိုဆို အကောင်းမမြင်ဘူး။"

"ကိုကို့ကို ရအောင်စုံစမ်းပေး။"

"အဲဒီ့အဖွဲ့ကိုလား။ မီးငယ် လိုက်တာပေါ့၊ ဘယ်လိုမှမရတာ။ သတင်းနဲ့ပတ်သက်ရင် မီးငယ်ထက်တော်တာ နှစ်ယောက်ပဲရှိလို့ သူတို့တွေအထိ ကြည့်ပြီးပြီ။ သူတို့နှစ်ယောက်နဲ့လည်း မဆိုင်ဘူးထင်ရတယ်။ ဒီအသိုင်းအဝိုင်းမှာက သတင်းနဲ့ပတ်သက်လို့ မီးငယ်တို့သုံးယောက်ထက်သာတာ တရားဝင်အနေနဲ့ ဘယ်သူမှမရှိဘူးဆိုရင် လူမသိတဲ့နောက်ထပ်တစ်ယောက် ရှိကိုရှိတယ်။ အဲဒီတစ်ယောက်ကပဲ သူတို့အဖွဲ့ကိစ္စကို ဘယ်သူမှမသိအောင် အမှောင်ချပေးထားတာ။"

"အဟက်၊ Chain လား။"

"မီးငယ်လည်းတွေးဖူးတယ်။ ဒါပေမဲ့ မဟုတ်လောက်ဘူး။"

"ဒါဆို ကိုကိုစုံစမ်းသမျှသတင်းရင်းမြစ်တွေကို သူတို့လိုက်ပိတ်နိုင်တာပေါ့။ ဒါကြောင့် ဒီလောက်ကြာတဲ့အထိ ဘာမှမရတာဖြစ်နိုင်တယ်လေ။"

"မရှိတဲ့သက်သေမို့မရတာလည်း ဖြစ်နိုင်တယ် ကိုကို။"

"ထားပါ။ ကိုကို စိတ်ရှုပ်တယ်။ တစ်ယောက်တည်းနားချင်ပြီ။"

"မီးငယ်ပြောပြတော့မှ ပိုဆိုးသွားပြီထင်တယ်။ ကိုကြီး Hepius က မှာသွားတာ။ ကိုကို့အနားနေပြီး စိတ်သက်သာအောင်လုပ်ပေးလိုက်ပါဆိုမှ အရှုပ်ထုပ်လာဖြည်ပြမိတယ်။"

"ဟား ဟား..... မဟုတ်ပါဘူး ငါ့ညီမလေးရယ်။"

ခေါင်းကိုဖွကာ ပြောမိတော့

"ကိုကို ထိုင်ပြီးတွေးမိနေရင် စိတ်ပင်ပန်းတယ်။ မီးငယ်တို့ စပါကတီလုပ်စားရအောင်။ လာပါ ... လာ ... လာ။"

အတင်းဆွဲခေါ်နေတဲ့ညီမငယ်ကြောင့် Lock လည်း မငြင်းနိုင်တော့ဘဲ မီးဖိုခန်းရောက်လာရတယ်။

🎶 Ring ... Ring ... Ring 🎶

"ခဏလေး ကိုကို။ ဒါလေးဆေးထားလိုက်။"

ဖုန်းလေးထောင်ပြပြီး ကိုယ့်ကိုခိုင်းကာ ထွက်သွားတာမို့ ခေါင်းသာရမ်းရင်း Basin မှာ အလုပ်ရှုပ်နေမိတော့တယ်။ ပြန်ဝင်လာတော့ ...

"ဘယ်ကလဲ မီးငယ်။"

"ဆေးရုံက။ Matthew အခြေအနေက စိတ်မချရသေးပေမဲ့ နည်းနည်းတော့ကောင်းလာပြီ။ ဘယ်အချိန်သတိပြန်လည်မလဲတော့ စောင့်ကြည့်ရမှာတဲ့။ Chain က ခေါင်းပေါက်ပြီး ခြေထောက်အရိုးအက်သွားတယ်။ သတိပြန်ရလာပေမဲ့ ဆေးထိုးပေးထားလို့ အိပ်နေတယ်တဲ့။ ပြီးတော့ ကိုကို့အခြေအနေမေးတယ်။ အဆင်ပြေရင် ပြီးတာပါပဲတဲ့။"

မပြေဘူး။ ဘယ်လိုမှအဆင်မပြေဘူး။
Bermuda ရယ်၊ နောက်ကြောင်းပြန်စုံစမ်းဆဲ ကိစ္စတွေရယ်၊ အဖေ့ကို အရမ်းသတိရနေတာရယ်အပြင် အခု Chain ရဲ့ ဘာမှန်းမသိရတဲ့ ကိုယ်ပျောက်အဖွဲ့။ စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ ခံစားချက်ကြီးက တော်တော်ဆိုးတယ်။ နောက်ကျောမလုံဘူး။ ညအိပ်ဖို့တောင် စိတ်ချလက်ချရှိလာပါ့မလား။
ဒီကောင် ဘာတွေကြံစည်နေမှန်းကို Lily မသိဘူးဆိုတော့ သူအကူအညီတောင်းစရာက တစ်ယောက်ပဲကျန်တယ်။ ဒါပေမဲ့ ကိုယ့်ဂိုဏ်းကိစ္စတွေ တခြားလူကိုချပြသလိုဖြစ်မှာမို့ မဖြစ်သေးဘူး။

စိတ်ပျက်စရာကောင်းတဲ့ဘဝ။ ဆင်ခြေဖုံးမြို့လေးတစ်မြို့မှာပဲ အေးအေးချမ်းချမ်းနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားချင်မိတဲ့ အိပ်မက်က ဒီတစ်သက်တော့ တကယ်မဖြစ်နိုင်တော့။

*Baby စိုက်ပျိုးရေးလုပ်ပါလား။*

*Baby က Building Design ဆွဲ၊ အပင်စိုက်လေ။ Baby စိတ်မပါတဲ့ Landscaping ကို ကိုယ်သင်လိုက်မယ်။ ပြီးရင် အပင်အတွက် သီးသန့်ရှာစရာမလိုတော့ဘူး။*

ဟာကွာ၊ ဒီကောင့်စကားတွေကို ဘာလို့ပြန်တွေးမိသွားတာလဲ။

"ကိုကို ... ကိုကိုလို့"

"ဟင်၊ ဘာလဲ မီးငယ်။"

"ဘာတွေခေါင်းခါနေတာလဲ။ ခေါ်နေတာကြာပြီ။"

"အတွေးလွန်သွားတာ။"

"ဒါလေးကူဦး။"

ကိုကိုအတွေးလွန်နေတာ မီးငယ်သိပါတယ်။ မီးဖိုချောင်ထဲလိုက်လာပေမဲ့ စိတ်လွင့်နေတာလည်း အသိသာကြီး။ ဒါပေမဲ့ တစ်ယောက်တည်းဆို ကိုကိုပိုဆိုးမှာစိုးလို့ပါ။
မီးငယ်ဖွင့်မပြောချင်တဲ့ကိစ္စတွေ ဖွင့်ပြောရတာလည်း Chain ရဲ့အချစ်တွေကို ကိုကိုနားလည်အောင်လို့ပါ။ မီးငယ်သိပ်ချစ်ရတဲ့လူနှစ်ယောက်က အချင်းချင်းထိခိုက်စေမိမှာကို မီးငယ်မလိုလားဘူး။

ဒါပေမဲ့ ကိုကိုသိလား။ ကိုယ်ချစ်ရတဲ့သူက တခြားတစ်ယောက်ကို အသက်ပေးပြီးချစ်နေတဲ့ကိစ္စ၊ အဲဒါကလေ သိပ်ရင်ပူရတယ်။ သူချစ်တာ ကိုကိုဖြစ်နေလို့သာ မီးငယ် စိတ်သက်သာတာ။ တခြားလူသာဆိုရင် မီးငယ်ရအောင်ပြန်လုမှာ။
ကိုကိုကသာ မမြင်တာပါ။ ကိုကိုတစ်ခုခုဖြစ်တယ်ဆိုရင် Chain က ပျာယာခတ်နေတတ်တာ သူမဟုတ်တော့သလိုပဲ။ တစ်ခါတလေ မျက်ရည်ပါဝဲလာတတ်တာ။
အဲဒီလိုတွေမြင်နေရတာ မီးငယ်လည်းငိုချပစ်ချင်ပေမဲ့ ကိုကို့ကိုသိပ်ချစ်လို့ စိတ်ပူနေတာပါလားလို့တွေးမိရင် အလိုလိုပြုံးမိပြန်ရော။
၅၂၈ နဲ့ ၁၅၀၀ အချစ်ကြားမှာ မီးငယ်လည်း ရူးချင်မိပါရဲ့။

ကောင်းကျိုးတစ်ချက်က ကိုကိုက Chain နဲ့ရှိနေရင် မီးငယ် နှစ်ယောက်စာပူစရာမလိုတော့ဘူး။ ကိုကို ဘေးကင်းပြီးသားဖြစ်နေပြီလေ။ မီးငယ်အတွက် ကိုကိုတို့နှစ်ယောက်လုံးက အဖေလို၊ အစ်ကိုလိုပါပဲ။ Chain ကို မရိုးမသားချစ်မိတာလေးက လွဲလို့ပေါ့။
ကိုကိုတို့ မီးငယ်ကိုမထိခိုက်စေချင်လို့ ကာကွယ်ပေးတတ်သလိုမျိုးပဲ ကိုကိုတို့ကိုလည်း အချင်းချင်းထိခိုက်အောင် မလုပ်စေချင်ဘူး။

အဲဒီမနက်က မောင်နှမနှစ်ယောက် မီးဖိုခန်းထဲမှာ ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြတာ မြင်ရမှာဖြစ်သလို သူတို့ကိုယ်စီအတွေးတွေက ရှုပ်ထွေးနေပြီး ရင်ထဲလည်းမွန်းကျပ်နေကြတာ သူတို့ချင်းပဲသိပါလိမ့်မယ်။

¤

"Chain, နိုးပြီလား။ မထနဲ့။ ခေါင်းထဲဘယ်လိုနေလဲ။"

"အင်း၊ မူးနေတယ်။"

"ခဏမှေးနေလိုက်ဦး။"

"အင်း၊ Hepius. Baby ဘယ်လိုဖြစ်ကျန်ခဲ့လဲ။ ခေါင်းဆောင်ဆုံးသွားတုန်းကလိုမျိုး သူအရမ်းဒေါသထွက်နေတာ။"

"ကိုယ့်ဘာသာ စိတ်ပူစမ်းပါကွာ။ အဲဒီကောင် ဘာမှမဖြစ်ပါဘူး။"

"ငါဖြစ်တာက အပေါ်ယံဒဏ်ရာ၊ အချိန်တန်ရင်ပျောက်မှာ။ Baby က စိတ်ထဲမှာခံစားနေရတာ။ အဲဒါက ပိုပင်ပန်းတယ်။"

"မင်းကရော စိတ်မပင်ပန်းရဘူးလား။"

"ငါလား။ ငါက ဘာဖြစ်ရမှာလဲ။ Baby ကိုစိတ်ပူတာပဲရှိတာ။"

"အဲဒီစိတ်နဲ့ပဲ ရူးနိုင်တာ။ မင်းကိုယ်မင်းတောင် သိသေးရဲ့လား။ ထွက်သွားလို့ပြောရင် ခဏလောက်ရှောင်နေပေးလိုက်ပါလား။"

"ဒီတစ်ခေါက်က ရှောင်နေလို့မရဘူး။ သူ့စိတ်တွေ ထွက်ပေါက်လိုနေတယ်။ အဲဒီလိုမှမဟုတ်ရင် သူအဆင်မပြေလောက်ဘူး။"

"မင်းကတော့ အဆင်ပြေတယ်ပေါ့။ မင်းတို့ကို အဲဒီလိုမြင်နေရတဲ့ဟိုကလေး Lily, သူရော ဘယ်လောက်တောင်ရင်ပူမလဲ မင်းမသိဘူးလား။"

"Lily? သူ့ကိုတော့ ငါအားနာပါတယ်။ ငါ့ညီမလေးလို၊ သမီးလေးလိုပါပဲ။ သူလည်း ၅၂၈နဲ့ ၁၅၀၀ကြား ဗျာများရမယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ Hepius ရာ၊ Baby တစ်ခုခုဖြစ်ပြီဆိုရင် ငါ့မျက်စိထဲ ဘယ်သူ့ကိုမှမမြင်တော့လို့ပါ။"

"တော်ပြီ၊ စကားမများနဲ့။ နားနားနေနေ နေလိုက်ဦး။ ခြေထောက်က အရိုးအက်သွားတာ။ မင်းက ဒဏ်ရာရရင် အကောင်းမြန်တတ်တော့ သိပ်တော့မကြာလောက်ပါဘူး။ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ ငြိမ်ငြိမ်လေးတော့နေပေး။ ငါ Matthew ကို သွားကြည့်ဦးမယ်။ Bryan ကို ခေါ်ထားခဲ့မယ်။"

"အင်း၊ Matthew ဘယ်လိုနေသေးလဲ။"

"အခြေအနေက စိတ်မချရသေးပေမဲ့ နည်းနည်းတော့ကောင်းလာပြီ။ ဘယ်အချိန်သတိပြန်လည်မလဲတော့ စောင့်ကြည့်ရမှာပဲ။"

"အင်း၊ ငါ့ကြောင့်ဆိုတော့ ပြန်ကောင်းစေချင်ပြီ။"

"ဖြစ်ချိန်တန်လို့ဖြစ်ရတယ်ပဲ မှတ်ပါ။ နားလိုက်ဦး။ တစ်ခုခုဆို မင်းလူတွေကိုခိုင်းနော်။ မင်းကတော့ ငြိမ်ငြိမ်နေ။"

Hepius က မအေတစ်ယောက်လို မှာစရာရှိတာမှာပြီး ထွက်သွားတော့ Bryan ဝင်လာတယ်။

"Chain, သက်သာလား။ ဘာလုပ်ပေးရမလဲ။"

"ငါ ရေသောက်ချင်တယ်။"

"ဟုတ်။ မထနဲ့တဲ့ မှာသွားတယ်။ ကျွန်တော်ပိုက်တပ်ပေးမယ်။"

"အင်း"

"ဗိုက်ဆာနေသေးလား။"

"ဆေးသွင်းထားလို့ထင်တယ်၊ မဆာဘူး။ Violet မှာ ဘာဖြစ်ကျန်ခဲ့လဲ။"

"မမလေးနဲ့ခေါင်းဆောင် မီးဖိုခန်းထဲမှာ အတူတူချက်ပြုတ်စားနေတယ်တဲ့။ မျက်နှာတွေတော့ သိပ်မလန်းပေမဲ့ အရမ်းမဆိုးဘူးတဲ့။ Nick ဖုန်းဆက်ပြောတာ။"

"အင်း၊ စိတ်ပြောင်းအောင် နေကြတာ။"

"Chain မူးနေသေးတယ်ဆို။ ခဏနားလိုက်နော်။ ကျွန်တော် အနားမှာရှိနေမယ်။ ခိုင်းချင်ရင် ပြောပါ။"

Bryan စကားအဆုံး Chain မျက်စိတွေအသာမှိတ်ထားလိုက်တယ်။ အိပ်တာမဟုတ်ပေမဲ့ အရင်တုန်းကကိစ္စတွေကို အိပ်မက်ပြန်မက်နေသလို။

¤

"ကလေးရဲ့မေမေက သွေးတိုးပြီးတော့ နေမကောင်းဖြစ်တာ။ ဧည့်သည်ရောက်လာတော့ ခေါ်ကြည့်တာ ကလေးမေမေက မရှိတော့ဘူး"

"မေမေက ဘယ်သွားလို့လဲ ဦးဦး။ ဆေးရုံကိုလား။"

"ကလေးရဲ့မေမေက ကောင်းကင်ဘုံကိုသွားနှင့်ပြီ။"

"မေမေက ... သေ ... သေသွားတာလား။"

"ကလေးရယ်"

ရှင်းပြနေတဲ့ရဲသားက ပွေ့ဖက်ပြီး Ambulance ဆီခေါ်လာခဲ့တော့

"မေမေနေမကောင်းလို့ ဟိုခုတင်ပေါ်မှာ အိပ်နေတာမဟုတ်လား။"

လက်ဖောင်းဖောင်းလေးရဲ့ ညွှန်ပြရာအဆုံးမှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ Rache.

"ကလေး၊ ကလေးမှာ တခြားဆွေမျိုးတွေ ဘယ်သူရှိသေးလဲ။"

"မရှိဘူး။ မေမေကပြောတယ်။ တစ်ကမ္ဘာလုံးမှာ မေမေနဲ့သားကလွဲရင် သားတို့အတွက် ဆွေမျိုးမရှိဘူးတဲ့။"

ရဲသားကြီးခမျာ ဘာပြောရမှန်းမသိ။

¤

"သားရဲ့ဦးငယ်လား။ မေမေပြောတော့ သားမှာ ဆွေမျိုးမရှိဘူးဆို။"

ငိုနေရင်းက မျက်ရည်လေးတွေသုတ်ရင်း မေးလာတဲ့ ကလေးငယ်။

"ဦးက သားဖေဖေရဲ့ညီပါ။ သားရဲ့ဦးလေးတော်တယ်။"

"ဖေဖေ။ သားမှာ ဖေဖေမရှိဘူးလို့ မေမေကပြောဖူးတယ်။ မေမေကပဲ သားရဲ့ဖေဖေတဲ့။ မေမေ့မှာလည်း ညီလေးမရှိဘူးလေ။"

မျက်ရည်စိုလဲ့လဲ့ မျက်ဝန်းလေးတွေအဝိုင်းသားနဲ့ ပြန်မေးနေတဲ့ ကလေးလေး။

"သား၊ ဦးတို့က ရဲစခန်းကဦးဦးတွေပါ။ သား ဦးကိုမှတ်မိတယ်မဟုတ်လား။ သားမေမေရဲ့သေတ္တာထဲမှာ ဒီပုံလေးတွေ့တယ်။ သားမေမေဘေးက သားဖေဖေ။ ဒီက ဦးလေးက သားဖေဖေရဲ့ညီလေး။ ဦးတို့ သေချာစစ်ဆေးပြီးပြီ။ အခု သားက သားရဲ့ဦးလေးနဲ့နေရမှာ။ သားကို ဒီဦးလေးက စောင့်ရှောက်ပေးလိမ့်မယ်။"

"ဟုတ်လား ဦး။"

"ဟုတ်ပါတယ် သားရယ်။ ဦးလေးက သားကိုမွေးစားမယ်။"

"ဖေဖေကရော"

"သားဖေဖေက မရှိတော့ဘူး။"

"မေမေက ဖေဖေနဲ့သွားတွေ့တာပေါ့။ သားကိုကျ ခေါ်မသွားဘူး။"

တွေးတတ်သလိုလေးတွေးပြီး ငိုနေပြန်ပါသော ကလေးလေး Dexter.

■■■■■ Part XIX ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі