1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
16. Dexter
Bermuda လို႔မထင္ခဲ့တာ အမွန္။

¤

Matthew ကိုဆက္သြယ္တာ မွန္သြားတယ္။ အခ်ိန္ကိုက္ေရာက္လာႏိုင္ေပမဲ့ ကိုယ္ေတြဘက္က လူအင္အားနည္းေနေတာ့ Baby အတြက္ စိုးရိမ္မိတာေၾကာင့္ ဂ႐ုစိုက္ေနတုန္း ပစ္လဲက်သြားတဲ့ Matthew.

လမ္းေဘးမွာ ဓားထိုးခံရလို႔ေသမယ့္ေဘးကေန အမွတ္မထင္ကယ္ေပးခဲ့ဖူးရာက ဂိုဏ္းသားအျဖစ္လိုက္လာၿပီး ကိုယ္တစ္ခြန္းဆိုတစ္ခြန္း အျမဲအသင့္ရွိေနေပးတဲ့ ေသေဖာ္ေသဖက္လို႔ ေျပာရမလား။ အသက္သခင္ဆိုတာႀကီးနဲ႔ မခ်ည္ေႏွာင္ခ်င္ေပမဲ့ တစ္ခုခုဆိုအားကိုးရလို႔ သူ႔ကိုပဲေခၚေနက်။ Red မွာ ေနရာရဖို႔ အရည္အခ်င္းစစ္ရာမွာ ကိုယ္က recommend ေပးပါမယ္ဆိုတာကို မသြားဘဲ Orange မွာပဲ ေနတဲ့သူ။
သူ႔အေၾကာင္းျပခ်က္က Red မွာဆို တာဝန္ပိုႀကီးၿပီး ကိုယ္လိုခ်င္တိုင္းေခၚမရမွာစိုးလို႔ပါတဲ့။ အရည္အခ်င္းေတြႏွေျမာလို႔ ေျပာမိေတာ့ သူ႔ဘဝရဲ႕သစၥာတရားက ကိုယ့္အတြက္ နံပါတ္တစ္၊ Spectrum အတြက္ နံပါတ္ႏွစ္၊ သူ႔ေသေဖာ္ေသဖက္ေတြအတြက္ နံပါတ္သံုးပါတဲ့။
ဒီစကားၾကားၿပီး စိတ္ဆိုးရခက္၊ ေက်နပ္ရခက္။ အဲဒီစကားကို ဘယ္ေတာ့မွထပ္မေျပာဖို႔ တားခဲ့ရေသးတာ။ Baby သာၾကားရင္ ကိုယ္ေတြႏွစ္ေယာက္လံုးကို သတ္လိမ့္မယ္ေလ။

အခု Matthew လဲသြားေတာ့ Baby အနား ႏွစ္ေယာက္ထားၿပီး ေျပးသြားလိုက္တယ္။ အသက္ရွိေသးပံုေပမဲ့ စိုးရိမ္စရာမို႔ အတင္းေရွ႕တက္လို႔ သူ႔ေနရာကိုဝင္ယူၿပီး တစ္ဖက္ကိုတိုးဝင္မိတယ္။ Baby ဘက္ၾကည့္မိေတာ့ ေဘးမွာတစ္ေယာက္ပဲရွိေတာ့တာမို႔ ရင္ေတြပူလာရၿပီ။
လမ္းမကေန ကားခ်င္းတိုက္သံေတြၾကားရၿပီး ကိုယ့္ဘက္ကလူေတြေရာက္လာမွ Baby အတြက္စိတ္ေအးရၿပီး ေရွ႕ကိုသာ အာ႐ံုစိုက္လိုက္တယ္။ ကိုယ့္ဆီ သံုးေယာက္ေျပးလာၿပီး Nick က Baby ကို ေခၚထုတ္သြားေတာ့မွ သက္ျပင္းခ်ႏိုင္တယ္။ တစ္ဖက္ကလည္း လူနည္းလာသလို ကိုယ့္ဘက္မွာလည္း ကိုယ္အပါအဝင္သံုးေယာက္။

႐ုတ္တရက္ တစ္ဖက္အဖြဲ႕က ဓားတစ္လက္ကို စက္ဝိုင္းပံုလွည့္ကစားၿပီးမွ လွမ္းေပါက္လိုက္တာမို႔ အေတြးမ်ားသြားေပမဲ့ ဓားကကိုယ့္ဆီမဟုတ္ဘဲ Nick နဲ႔ပါလာတဲ့တစ္ေယာက္ဆီ။
သူက ဓားကိုကၽြမ္းက်င္စြာဖမ္းၿပီး စက္ဝိုင္းပံုလွည့္လိုက္ေတာ့ ကိုယ္ထင္တာမွန္ၿပီ။

"အား"

ကိုယ့္ေဘးကတစ္ေယာက္ လဲက်သြားတာမို႔ အေျခအေနကိုသံုးသပ္ၿပီး လက္ေျမႇာက္လိုက္ေတာ့ အားလံုးရပ္သြားၾကတယ္။ လက္နက္ခ်လိုက္ေတာ့ သူတို႔ဘက္ကလည္း အသင့္အေနအထားနဲ႔ ေစာင့္ၾကည့္ေနတာမို႔

"ငါ့လူေတြကို ဒီတိုင္းထားခဲ့ရင္ ငါလိုက္မယ္။"

ကိုယ့္လူေတြထဲ အသက္ရွင္ႏိုင္သူေတြကို မေသေစခ်င္ဘူး။ ခုနက ဓားကိုဖမ္းလိုက္တဲ့တစ္ေယာက္ကို မေတြ႕ရေတာ့။ ေနာက္ဆံုးမွထိတဲ့တစ္ေယာက္က ဒဏ္ရာမျပင္းလို႔ သတိရွိေသးေပမဲ့ ခုနကအျဖစ္အပ်က္ကို မျမင္လိုက္တာေသခ်ာေတာ့ စိတ္ခ်ရပါတယ္ေလ။
တစ္ဖက္ကလည္း Spectrum ကထပ္မေရာက္လာခင္ ခ်က္ခ်င္းဆုတ္ဖို႔လိုတာေၾကာင့္ ကိုယ့္အနားကပ္လာၿပီး လက္ကိုခ်ဳပ္လိုက္ၿပီမို႔ စိတ္ေလၽွာ့ၿပီးလိုက္သြားေတာ့ သူတို႔ကားတစ္စီးေပၚမွာ ခုနက ဓားကိုဖမ္းလိုက္တဲ့သူ။ သင္းက Orange ကပဲ။ ကိုယ္သိပ္ညံ့ခဲ့တာပါလား။

ကားႏွစ္စီးနဲ႔ထြက္လာေတာ့ Spectrum ကကားေတြေရာက္လာေနၿပီ။
ေနာက္ေတာ့ ကိုယ့္ေခါင္းကို အိတ္အနက္စြပ္ခံလိုက္ရၿပီး အနံ႔တစ္မ်ိဳးရလိုက္တယ္။ သတိေမ့မသြားေအာင္ထိန္းထားေပမဲ့ လမ္းေၾကာင္းတစ္ေလၽွာက္ရႏိုင္တဲ့ သဲလြန္စေတြျဖစ္တဲ့ အသံ၊ အနံ႔ စတာေတြကို ဘယ္လိုမွအာ႐ံုစိုက္မရေအာင္ လူကမူးေဝေနတာ မိနစ္ႏွစ္ဆယ္ေလာက္ၾကာမယ္ထင္တယ္။ အဲဒီေနာက္ ဘာမွမသိေတာ့ဘူး။
သတိမေမ့ခင္ ကိုယ္ေတြးမိတာ Baby အႏၲရာယ္ကင္း၏၊ မကင္း၏ေပါ့။ Nick ကလည္း ေခသူမဟုတ္ေပမဲ့ စိတ္ပူတယ္ Baby. မင္းလံုျခံဳရမယ္။ Spectrum ကိုမေရာက္ခင္ေလး Red ကသူလၽွိဳကမ်ား တစ္ၿပိဳင္နက္ဒုကၡေပးလာရင္ .....

¤

မူးေနာက္ထိုင္းမႈိင္းေနတဲ့ ခံစားခ်က္ႀကီးေၾကာင့္ မ်က္စိမဖြင့္ေသးဘဲ လႈပ္ရွားဖို႔ႀကိဳးစားေတာ့ လက္ေတြက တစ္ဖက္နဲ႔တစ္ဖက္ ခပ္ေဝးေဝးမခြာလိုက္ရဘဲ လက္ေကာက္ဝတ္က တင္းခနဲ။

ခဏျပန္ၿငိမ္ၿပီး မ်က္စိေတြဖြင့္လိုက္ေတာ့ မွိန္ျပျပအခန္းတစ္ခန္းရဲ႕ ခုတင္ေပၚမွာ အိပ္ေနမိတာပဲ။ လက္ႏွစ္ဖက္ကိုလက္ထိပ္ခတ္၊ ခုတင္ေခါင္းရင္းတိုင္မွာ သံႀကိဳးနဲ႔ခ်ည္ထားတာမို႔ ထထိုင္လိုက္ၿပီး အေျခအေနကိုတြက္ဆလိုက္တယ္။ သူလိုက္လာတာ မွန္သြားတယ္ထင္ရတာပဲ။
ခုတင္ေဘးကို ေျခေထာက္ခ်ထိုင္ရင္း နားထင္ႏွစ္ဖက္ကို လက္ေတြနဲ႔ဖိႏွိပ္ေနတုန္း တံခါးဖြင့္သံနဲ႔အတူ

"သတိရတာျမန္သားပဲ။"

အနည္းငယ္အံ့အားသင့္တဲ့ပံုစံနဲ႔ လွည့္ၾကည့္မိေတာ့

"ဘာေတြအံဩေနတာလဲ My son."

"Griffin"

"စိမ္းကားေနပါလား။"

Griffin ကိုယ္တိုင္ေရာက္လာမယ္လို႔ မထင္မိ။ Chain က မဲ့ျပံဳးနဲ႔အတူ လက္ထိပ္ခတ္ထားတဲ့လက္ေတြကို ေျမႇာက္ျပရင္း

"ေႏြးေထြးေနပါလား။"

"အာ ... ဒါကိုစိတ္ေကာက္တာလား။"

"ကၽြန္ေတာ္ကေလးမွမဟုတ္တာ။"

"မွန္တာေပါ့။ ကေလးေလး Hippogriff မွမဟုတ္ေတာ့တာ။ Lock ဆိုတဲ့ကေလးကို လိုက္ထိန္းေနတဲ့ Nanny Chain ပါလား။"

"အခု ဘယ္လိုျဖစ္ခ်င္လို႔လဲ။"

"မင္းကိုျပန္ေခၚတာေလ။"

"ျပန္ေခၚတယ္ေျပာရေအာင္ ကၽြန္ေတာ္က ဘယ္တုန္းကမ်ား ဒီကလူျဖစ္ခဲ့လို႔လဲ။"

"ငါကေတာ့ မင္းကိုလိုအပ္ခဲ့ပါတယ္။"

"လိုအပ္တာလား။ အင္းေပါ့၊ ႀကိဳးဆြဲဖို႔ အ႐ုပ္တစ္႐ုပ္လိုတာေပါ့။ ဒါေပမဲ့ ကၽြန္ေတာ့္ကိုမလိုခ်င္ခဲ့တဲ့ လူတစ္ေယာက္ဆီမွာ ဘာလို႔ေနရမွာလဲ။"

"မင္းရွိေနေသးတယ္လို႔ အဲဒီမိန္းမကမွ ငါ့ကိုေပးမသိခဲ့တာ။"

"အေမ့ကို အဲဒီလိုမေခၚပါနဲ႔။ ေျပာျပခဲ့တုန္းကေရာ လက္ခံခဲ့လို႔လား။"

"သူတို႔လိုလူေတြတိုင္းက ကေလးရေနတယ္ေျပာတိုင္း လက္ခံခဲ့ရင္ ဘာေတြျဖစ္ကုန္မွာလဲ။"

"အေမက မိန္းမပ်က္မဟုတ္ဘူးေနာ္။"

"အင္း၊ သူေျပာေနက်အတိုင္း Club မွာ သီခ်င္းဆိုတာ လူတကာခုတင္ေပၚတက္တာမဟုတ္ဘူး ဆိုတာမ်ိဳးလား။"

"မ႐ိုင္းပါနဲ႔။"

"ထားလိုက္ေတာ့။ သူ႔အေၾကာင္းေျပာဖို႔မဟုတ္ဘူး။ မင္း ငါနဲ႔လိုက္ခဲ့ရမယ္။"

"Why?"

"Cos you are my son."

"ဟား ... ဟား ... ဟား ... ဒီအသက္အရြယ္ထိ ေသေသရွင္ရွင္ဂ႐ုမစိုက္ခဲ့တာ၊ အခုမွ အမ်ိဳးစပ္ေနတာလား။"

"မင္းကို ငါလာေခၚေတာ့ မလိုက္ခဲ့ဘဲ မင္းဘာေျပာခဲ့လဲ။"

"ကၽြန္ေတာ့္ကို လူ႔ဘဝထဲအဝင္မခံခ်င္ခဲ့ဘူး။ ေရာက္လာေတာ့လည္း ေဖ်ာက္ပစ္ဖို႔လုပ္ခဲ့တယ္။ အေမေသခဲ့ရၿပီး ကၽြန္ေတာ္ေလလြင့္ခဲ့ရတယ္။ မေသလို႔ ခိုင္းလို႔ရမယ့္အရြယ္ေရာက္ေတာ့မွ ျပန္လာေခၚတာကို မလိုက္ခဲ့တာ ကၽြန္ေတာ္မွားသလား။ သားတစ္ေယာက္အေနနဲ႔ လာေခၚခဲ့တာေရာ ဟုတ္လို႔လား။ အခါခါစြန္႔ပစ္ခဲ့တဲ့ကိုယ့္ေသြးသားနား ေနမယ့္အစား အခုမွေတြ႕ဖူးတဲ့သူစိမ္းကို စာနာေဖးမခဲ့တဲ့သူဆီ သြားခ်င္ခဲ့တာ ကၽြန္ေတာ့အမွားလား။"

"အဟက္၊ သူက မင္းအေပၚေကာင္းလို႔လား။ မင္း အခု ငါနဲ႔လိုက္ခဲ့ရင္ အဲဒီမွာထက္အမ်ားႀကီးသာမွာ အေသအခ်ာပဲ။"

"Spectrum မွာလား။ အခု ကၽြန္ေတာ္က Spectrum မွာ သူ႔မ်က္ႏွာတစ္ခုပဲၾကည့္ေနတယ္ဆိုတာ ကၽြန္ေတာ္ စိတ္ခ်မ္းသာတယ္ေလ။ က်န္တာအကုန္ ကၽြန္ေတာ့္သေဘာပဲ။"

"အဲဒါဆိုလည္း Spectrum ကိုသိမ္းလိုက္ေတာ့ေလ။"

"Spectrum ဆိုတာ Lock ရဲ႕အပိုင္။ ကၽြန္ေတာ္လည္းလုမယူသလို ဘယ္သူ႔ကိုမွလည္း လုယူဖို႔ခြင့္မျပဳႏိုင္ဘူး။"

"မင္းရဲ႕သခင္က ... အဲ ... မင္း Baby လား၊ ဘယ္လိုေခၚေပးရမလဲေတာင္ မသိဘူး။ ငါ့သားမက္ေလာင္းေလးက ငါ့သားကိုႀကိဳးဆြဲေနတာ အေဖတစ္ေယာက္အေနနဲ႔ ဒီတိုင္းၾကည့္မေနႏိုင္ဘူး။"

"အပိုင္ကိုေျပာတာပဲလား။ ကၽြန္ေတာ္က ဘယ္တုန္းကမွ Griffin ရဲ႕သား မဟုတ္ခဲ့သလို။ Lock ကလည္း ကၽြန္ေတာ့္ကို သူလိုရာႀကိဳးဆြဲမေနဘူး။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ဆက္ဆံေရးကလည္း ႐ိုး႐ိုးသားသားပဲ။"

"႐ိုးသားတယ္လား။ Garuda Princess ရဲ႕ Party ပြဲက သတင္းေတြလိုမ်ိဳးလား။ ဒါမွမဟုတ္ ..... ေနာက္တစ္ေန႔မွာ တစ္ေနကုန္ Lock နဲ႔ႏွစ္ေယာက္တည္းရွိေနၿပီး Dr. Hepius က လာေခၚထုတ္ရတာမ်ိဳးကို ေျပာတာလား။"

"သတင္းပဲေလ။ ထင္သလိုေရးမွာေပါ့။ ႏွစ္ေယာက္တည္းရွိတိုင္း မ႐ိုးသားဘူးေပါ့။ အဲဒီလိုေပါ့ေပါ့ေတြးေအာင္ အေယာင္ျပၿပီး တျခားအေရးေပၚကိစၥေတြ တိုင္ပင္ေနတာလားလို႔ေတာင္ မေတြးတတ္ေအာင္ Griffin က မညံ့ဘူးထင္ပါတယ္။"

Chain ရဲ႕ တုံ႔ျပန္စကားေၾကာင့္ Griffin မ်က္ႏွာတစ္ခ်က္မဲ့သြားၿပီး

"ဟုတ္ၿပီ။ မင္းတို႔ဘာျဖစ္ျဖစ္ အေရးမႀကီးပါဘူး။ အေရးႀကီးတာက မင္း ငါနဲ႔ျပန္လိုက္ခဲ့ပါ။"

"မလိုက္ႏိုင္ဘူး။ ခိုင္းတဲ့အတိုင္းသာလုပ္ရင္ Spectrum ကိုပို႔ေပးမယ္လို႔ကတိေပးခဲ့ၿပီး အခုမွျပန္ေခၚလို႔မရဘူး။"

"ငါက ျပန္မေခၚပါဘူးလို႔မွ ကတိမေပးခဲ့တာ။"

"ကၽြန္ေတာ့္ကို Spectrum ကိုပို႔ေပးဖို႔အေၾကာင္းျပၿပီး Spectrum King ကိုသတ္ဖို႔စီစဥ္ခဲ့တာပဲေလ။ အစီအစဥ္မေအာင္ျမင္တာေတာ့ ကိုယ့္ေစတနာကိုယ့္အက်ိဳးေပးတာေပါ့။ နယ္႐ုပ္သာသာလူကို ဘာလို႔ျပန္ေခၚမွာလဲ။ ဘယ္ေနရာမွာ အသံုးခ်ခ်င္ေနလို႔လဲ။"

"မင္း စကားေတြမမ်ားစမ္းနဲ႔။ အသာတၾကည္မလိုက္ရင္လည္း ငါက ရတဲ့နည္းနဲ႔ျပန္ေခၚမွာ။"

"Wow! ဒီေန႔ လူေတြခ်ရင္းလိုက္တာ ကၽြန္ေတာ့္ကိုျပန္ေခၚဖို႔ခ်ည္းသက္သက္လို႔ အထင္မွားမိေတာ့မလို႔။ Orange မွာ လူထည့္ထားတာကိုမသိတာ ကၽြန္ေတာ္ညံ့လို႔ပါ။"

"ေအး၊ ဟုတ္တယ္။ မင္းတို႔ႏွစ္ေယာက္လံုးကို ရရင္ရ၊ မရရင္ေတာင္ မင္းကိုေတာ့ရမွာပဲေလ။ ငါေတာ္ေတာ္ႀကီးကံေကာင္းရင္ေတာ့ Lock တစ္ေယာက္တည္းကိုရမွာေပါ့။ ဒါက မျဖစ္ႏိုင္မွန္းေတာ့သိသား။ ငါ့သားက ေတာ္႐ံုမႊန္တာမွမဟုတ္တာ။ သူ႔ Baby ကိုေတာ့ ဘယ္အထိခံပါ့မလဲေနာ္။ ႏို႔မို႔ဆို မင္းတို႔ကို Pandora's Box မွာကတည္းက မိတာေပါ့။"

Griffin အေတြးမွန္ပါတယ္။
ႏွစ္ေယာက္တြဲမိရင္ေတာင္ Lock လြတ္ဖို႔ Chain က အစြမ္းကုန္ႀကိဳးစားမွာ။
Lock တစ္ေယာက္တည္းဆိုရင္ ဘာျဖစ္ေနမွန္း သူကိုယ္တိုင္မျမင္ႏိုင္ေတာ့ ေတာင္းဆိုသမၽွလုပ္ေပး႐ံုသာ။
ဒါေၾကာင့္ ႏွစ္ေယာက္မိတာထက္ Lock တစ္ေယာက္တည္းမိရင္ ပိုကံေကာင္းပါလိမ့္မယ္။
အခုကေတာ့ ေတာ္႐ံုၿခိမ္းေျခာက္မႈမ်ိဳးနဲ႔ ရမွာေတာ့မဟုတ္။

Chain ကေတာ့ Griffin စကားၾကားၿပီး နည္းနည္းေတာ့ျဖံဳသြားရၿပီ။ သူတို႔ကို Pandora's Box မွာတည္းက ေခ်ာင္းေနမယ္လို႔ မထင္ထားမိ။ ရွာေနၾကေပမဲ့ ဘယ္သူမွေတာ့ အဲဒီေနရာအထိမေရာက္ႏိုင္ဘူးလို႔ ထင္ထားတာ။
Griffin က ဆက္ေျပာလာတယ္။

"မလန္႔ပါနဲ႔။ Garuda ရဲ႕သူလၽွိဳေတာင္ အဲဒီေနရာကို မသိပါဘူး။ ငါတို႔ထဲမွာေတာင္ သိတဲ့လူ လက္ခ်ိဳးေရလို႔ရပါတယ္။ တကယ္ေတာ္တယ္ကြာ။ အဲဒီေနရာကို ငါတို႔သိေပမဲ့ ဝင္လို႔မရခဲ့ဘူး။"

"ေက်းဇူးပဲ။ ဘယ္နည္းနဲ႔မွျပန္မလိုက္ဘူး။ ေသရင္ေတာင္ Spectrum က ဝိညာဥ္ပဲ။"

"မင္း ... ေသာက္ေၾကာမတင္းနဲ႔ Hippogriff."

"ကၽြန္ေတာ္ Hippogriff မဟုတ္ဘူး။"

"မင္း"

Griffin က ေဒါသထြက္ၿပီး Chain လည္ပင္းကိုညႇစ္လိုက္ေတာ့ Chain က ဘာမွမတုံု႔ျပန္ဘဲၿငိမ္ေနလိုက္တာမွာ အသက္ရွဴရပ္ခါနီးမွ ရပ္ပစ္လိုက္တဲ့ Griffin.
Chain ကေတာ့ အသက္လုရွဴေနရၿပီ။

"Lock ကိုသတ္ပစ္မိေအာင္ ဖိအားမေပးစမ္းနဲ႔။"

"သတ္လို႔ရခဲ့ရင္ သတ္ၿပီးေနၿပီေပါ့။ မရလို႔သာ အခုလို ေျပာေနတာမဟုတ္လား။"

Griffin က Chain ကို စူးစူးစိုက္စိုက္ၾကည့္ၿပီး

* ခြပ္ *

Chain မ်က္ႏွာ လည္ထြက္သြားၿပီး ျပန္မတ္လာေတာ့ မ်က္ခံုးကြဲၿပီး ေသြးေတြက်လာတယ္။
ခပ္ေအးေအးပဲ မ်က္စိေရွ႕ျမင္ေနရတာေတြဆီ အၾကည့္ပို႔ထားေတာ့ ေဘးေစာင္းေနရာေလာက္မွာရပ္ေနတဲ့ Griffin က ေရွ႕တည့္တည့္လာရပ္ၿပီး Chain မ်က္ႏွာနားအထိ ေခါင္းကိုငံု႔ခ်ရင္း

"ငါ သတ္ျပမယ္။"

"ထိလို႔မရေအာင္ အားလံုးစီစဥ္ထားတာ Lock ကိုယ္တိုင္ေတာင္မသိဘူး။"

"မင္းလူက Bryan အျပင္ ဘယ္သူရွိေသးတာလဲ။"

Chain က ေလွာင္ျပံဳးျပံဳးလိုက္ၿပီး

"ဒါေတြက ေမးတိုင္းေျပာစရာေတြ မဟုတ္ဘူးေလေနာ္။"

Griffin, Chain ကိုၾကည့္ၿပီး စိတ္ေတြတိုၿပီးရင္းတိုေနရၿပီ။ သူ႔သေဘာသူ႔ဆႏၵမပါဘဲ ရတဲ့နည္းနဲ႔ေခၚလည္း ဘာမွအသံုးခ်လို႔ရမွာမဟုတ္။
အခု Chain ကို ဒီအတိုင္းျပန္လႊတ္လိုက္ရင္ Lock က Chain ကို သံသယဝင္လာႏိုင္ၿပီး အရင္ကတည္းကမသကၤာသမၽွေတြကို မီးထိုးေပးႏိုင္လိမ့္မယ္။

"Ok. Take a rest, my son."

Griffin ထြက္သြားေတာ့ ဘာေတြၾကံစည္ေနလဲလို႔ Chain ေတြးေနမိၿပီ။ ဒီအတိုင္းထားခဲ့ၿပီး ထြက္သြားတယ္ဆိုတာ မျဖစ္ႏိုင္။ အၾကံအစည္တစ္ခုခုေတာ့ ရွိရမယ္။
အခန္းထဲမွာ အေပါက္ဆိုလို႔ လူတစ္ရပ္ေက်ာ္အျမင့္ေလာက္မွာရွိတဲ့ သံတိုင္ေတြနဲ႔ပါထပ္ကာထားတဲ့ ေလဝင္ေပါက္ေလးသာရွိတာမို႔ အလင္းလည္းသိပ္မရ။ ဘယ္လိုျပန္ထြက္ရမလဲဆိုတဲ့ အေတြးနဲ႔ ပတ္ဝန္းက်င္ကအသံေတြကို နားစြင့္မိေတာ့ ငွက္သံေလးတခ်ိဳ႕ကလြဲလို႔ ဘာမွမၾကားရ။

Griffin ဆိုတာလည္း ယွဥ္ဖို႔လြယ္တဲ့လူထဲမပါ။ သားအဖဆိုတဲ့ ေသြးသားေတာ္စပ္ပံုႀကီးက ကိုယ္တို႔ၾကားမွာ ဟာသတစ္ခုလို။
High Boss ေတြ၊ ဂိုဏ္းေခါင္းေဆာင္ေတြ ေျခ႐ႈပ္ရာ Night Club တစ္ခုမွာ သီခ်င္းဆိုတဲ့ ဆြဲေဆာင္မႈရွိရွိ မိန္းမလွေလးတစ္ေယာက္နဲ႔ ခန္႔ခန္႔ေခ်ာေခ်ာ ဂိုဏ္းေခါင္းေဆာင္တစ္ေယာက္တို႔ရဲ႕ အမွတ္မထင္ဇာတ္လမ္းေလးတစ္ပုဒ္က မွတ္မွတ္ရရ အခ်ိန္ေတြၾကာသြားတဲ့အခါမွာ ...

"ကိုႀကီး၊ Rachel မွာ ကိုယ္ဝန္ရွိေနၿပီ။"

"အင္း၊ ကိုယ္ ဘာကူညီေပးရမလဲ။"

"ဟာ၊ ကိုႀကီးနဲ႔ရတဲ့ကိုယ္ဝန္ကို ဘာကူညီေပးရမလဲလို႔ ေမးတာလား။"

"မေနာက္နဲ႔ Rachel. ငါ့ကေလးလို႔ သက္ေသရွိလား။"

"ဘယ္သူ႔ကေလးျဖစ္ရဦးမွာလဲ။"

"ဘယ္သိႏိုင္မလဲ။"

"Rachel က အပ်က္မမဟုတ္ဘူးေနာ္။"

"မင္းလုပ္ေနတာ Night Club မွာေလ။"

"အဟက္၊ သီခ်င္းဆိုတာေလ။ ေတြ႕ရာလူခုတင္ေပၚ တက္ေနတာမွမဟုတ္တာ။ Rachel ကို အဲဒီလိုမေျပာနဲ႔။"

"ဟုတ္ၿပီ။ ဒါဆို မင္းမကာကြယ္တတ္ဘူးလား။ ငါ့ကို အဲဒါမ်ိဳးနဲ႔လာမခ်ည္နဲ႔ Rachel."

"မဟုတ္ပါဘူး။ လူသိရွင္ၾကားအသိအမွတ္ျပဳဖို႔လည္း မလုိပါဘူး။ Rachel နဲ႔ကေလးကို ကိုႀကီးလက္ခံေပးရင္ ရပါၿပီ။"

"ေတာ္စမ္း Rachel. ငါ့ကေလးေသခ်ာရင္ေတာင္ ဒီဟာေလးကိုယူဖို႔ မင္းငါ့ကို အသိေပးဖူးလို႔မ်ား အခုလိုလက္ခံခိုင္းေနတာလား။"

"အဲဒီလိုေတာ့မေျပာနဲ႔ ကိုႀကီး။ ႏွစ္ဦးသေဘာတူေနလာတာပဲ ေျခာက္လရွိၿပီေလ။"

"ဟား ဟား ... ဒါနဲ႔ပဲ မင္းက ငါ့မိန္းမျဖစ္သြားေရာလား။"

"ကိုႀကီး"

"ဟာ ... မ်က္ရည္ခံလာမထိုးနဲ႔ေနာ္။ ငါမသနားတတ္ဘူး။ လက္လည္းမခံဘူး။ မင္းဘာသာမေမြးႏိုင္ရင္ ဖ်က္ခ်လိုက္။"

"အဟင့္ ... အင့္ ... မလုပ္ပါနဲ႔ ကိုႀကီးရယ္။ Rachel ကိုႀကီးကို တကယ္ေမတၱာရွိတာပါ။ အဟင့္ ... ကိုႀကီးလက္ခံေပးရင္ ရပါၿပီ။ ကေလးဗန္းျပၿပီးလည္း ဘာအခြင့္အေရးမွမယူပါဘူး။"

"လက္မခံႏိုင္ဘူး။ ငါက မင္းကေလးရဲ႕အေဖ မဟုတ္ဘူး။"

"အဲဒါဆို Rachel က ဘယ္လိုလုပ္ရမွာလဲ။"

"မင္းတစ္ေယာက္တည္းတာဝန္မယူႏိုင္ရင္ ဖ်က္ခ်လိုက္လို႔ ေျပာေနတယ္ေလ။ ငါေတာ့ တာဝန္မယူႏိုင္ဘူး။"

"ရွင္ ရက္စက္လွခ်ည္လား။ ရတယ္၊ ကၽြန္မဘာသာ ရေအာင္ေမြးမယ္။"

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

"သားေရ ... Dexter. အမေလး၊ မုန္႔ေတြစားေနတာ ေပပြလို႔ပါလား။ လာပါဦး ဒီကို။"

"မား ... မုန္႔မုန္႔"

"အယ္ ... မာမီ့ကိုေကၽြးတာလား။ လိမၼာလိုက္တာ ငါ့သားေလးက။ မြ ..."

"ခစ္ခစ္၊ အာ ... ဝါး"

"ခ်စ္လိုက္တာကြယ္"

¤

"Dexter, ဒီေန႔ေက်ာင္းစတက္ရမယ္ေလ။ ထေတာ့ သားေလး။ မာမီလည္း သားကိုေက်ာင္းပို႔ၿပီးမွ ဆိုင္ဖြင့္ရမွာ။ ဒီေန႔ ထမင္းဘူးေအာ္ဒါေတြရွိေသးတယ္။ ထေတာ့ ... ထေတာ့။"

"အင္း ... သား အိပ္ခ်င္ေသးတယ္။"

"လိမၼာတယ္၊ ထပါ သားရယ္။ လာ၊ မာမီေရခ်ိဳးေပးမယ္။ အဝတ္လွလွေလးနဲ႔ ေက်ာင္းသြားရမယ္ေလ။"

"ဟုတ္...."

¤

ဘာျဖစ္တာလဲ။ ေက်ာင္းကားရပ္လို႔ဆင္းလိုက္ေတာ့ ဆိုင္မွာ လူေတြအံုခဲၿပီး ရပ္ၾကည့္ေနၾကတာ။

"မာမီ ... မာမီေရ ..."

"ဒီကသားေလးက Dexter လား။"

"ဟုတ္ကဲ့။ ဦးဦးရဲႀကီး၊ သားတို႔ဆိုင္ ဘာျဖစ္တာလဲဟင္။"

"အင္း၊ ကေလးေရ။ ဒီလိုကြယ္ ....."

■■■■■ Part XVII ဆက္ရန္ ■■■■■

Bermuda လို့မထင်ခဲ့တာ အမှန်။

¤

Matthew ကိုဆက်သွယ်တာ မှန်သွားတယ်။ အချိန်ကိုက်ရောက်လာနိုင်ပေမဲ့ ကိုယ်တွေဘက်က လူအင်အားနည်းနေတော့ Baby အတွက် စိုးရိမ်မိတာကြောင့် ဂရုစိုက်နေတုန်း ပစ်လဲကျသွားတဲ့ Matthew.

လမ်းဘေးမှာ ဓားထိုးခံရလို့သေမယ့်ဘေးကနေ အမှတ်မထင်ကယ်ပေးခဲ့ဖူးရာက ဂိုဏ်းသားအဖြစ်လိုက်လာပြီး ကိုယ်တစ်ခွန်းဆိုတစ်ခွန်း အမြဲအသင့်ရှိနေပေးတဲ့ သေဖော်သေဖက်လို့ ပြောရမလား။ အသက်သခင်ဆိုတာကြီးနဲ့ မချည်နှောင်ချင်ပေမဲ့ တစ်ခုခုဆိုအားကိုးရလို့ သူ့ကိုပဲခေါ်နေကျ။ Red မှာ နေရာရဖို့ အရည်အချင်းစစ်ရာမှာ ကိုယ်က recommend ပေးပါမယ်ဆိုတာကို မသွားဘဲ Orange မှာပဲ နေတဲ့သူ။
သူ့အကြောင်းပြချက်က Red မှာဆို တာဝန်ပိုကြီးပြီး ကိုယ်လိုချင်တိုင်းခေါ်မရမှာစိုးလို့ပါတဲ့။ အရည်အချင်းတွေနှမြောလို့ ပြောမိတော့ သူ့ဘဝရဲ့သစ္စာတရားက ကိုယ့်အတွက် နံပါတ်တစ်၊ Spectrum အတွက် နံပါတ်နှစ်၊ သူ့သေဖော်သေဖက်တွေအတွက် နံပါတ်သုံးပါတဲ့။
ဒီစကားကြားပြီး စိတ်ဆိုးရခက်၊ ကျေနပ်ရခက်။ အဲဒီစကားကို ဘယ်တော့မှထပ်မပြောဖို့ တားခဲ့ရသေးတာ။ Baby သာကြားရင် ကိုယ်တွေနှစ်ယောက်လုံးကို သတ်လိမ့်မယ်လေ။

အခု Matthew လဲသွားတော့ Baby အနား နှစ်ယောက်ထားပြီး ပြေးသွားလိုက်တယ်။ အသက်ရှိသေးပုံပေမဲ့ စိုးရိမ်စရာမို့ အတင်းရှေ့တက်လို့ သူ့နေရာကိုဝင်ယူပြီး တစ်ဖက်ကိုတိုးဝင်မိတယ်။ Baby ဘက်ကြည့်မိတော့ ဘေးမှာတစ်ယောက်ပဲရှိတော့တာမို့ ရင်တွေပူလာရပြီ။
လမ်းမကနေ ကားချင်းတိုက်သံတွေကြားရပြီး ကိုယ့်ဘက်ကလူတွေရောက်လာမှ Baby အတွက်စိတ်အေးရပြီး ရှေ့ကိုသာ အာရုံစိုက်လိုက်တယ်။ ကိုယ့်ဆီ သုံးယောက်ပြေးလာပြီး Nick က Baby ကို ခေါ်ထုတ်သွားတော့မှ သက်ပြင်းချနိုင်တယ်။ တစ်ဖက်ကလည်း လူနည်းလာသလို ကိုယ့်ဘက်မှာလည်း ကိုယ်အပါအဝင်သုံးယောက်။

ရုတ်တရက် တစ်ဖက်အဖွဲ့က ဓားတစ်လက်ကို စက်ဝိုင်းပုံလှည့်ကစားပြီးမှ လှမ်းပေါက်လိုက်တာမို့ အတွေးများသွားပေမဲ့ ဓားကကိုယ့်ဆီမဟုတ်ဘဲ Nick နဲ့ပါလာတဲ့တစ်ယောက်ဆီ။
သူက ဓားကိုကျွမ်းကျင်စွာဖမ်းပြီး စက်ဝိုင်းပုံလှည့်လိုက်တော့ ကိုယ်ထင်တာမှန်ပြီ။

"အား"

ကိုယ့်ဘေးကတစ်ယောက် လဲကျသွားတာမို့ အခြေအနေကိုသုံးသပ်ပြီး လက်မြှောက်လိုက်တော့ အားလုံးရပ်သွားကြတယ်။ လက်နက်ချလိုက်တော့ သူတို့ဘက်ကလည်း အသင့်အနေအထားနဲ့ စောင့်ကြည့်နေတာမို့

"ငါ့လူတွေကို ဒီတိုင်းထားခဲ့ရင် ငါလိုက်မယ်။"

ကိုယ့်လူတွေထဲ အသက်ရှင်နိုင်သူတွေကို မသေစေချင်ဘူး။ ခုနက ဓားကိုဖမ်းလိုက်တဲ့တစ်ယောက်ကို မတွေ့ရတော့။ နောက်ဆုံးမှထိတဲ့တစ်ယောက်က ဒဏ်ရာမပြင်းလို့ သတိရှိသေးပေမဲ့ ခုနကအဖြစ်အပျက်ကို မမြင်လိုက်တာသေချာတော့ စိတ်ချရပါတယ်လေ။
တစ်ဖက်ကလည်း Spectrum ကထပ်မရောက်လာခင် ချက်ချင်းဆုတ်ဖို့လိုတာကြောင့် ကိုယ့်အနားကပ်လာပြီး လက်ကိုချုပ်လိုက်ပြီမို့ စိတ်လျှော့ပြီးလိုက်သွားတော့ သူတို့ကားတစ်စီးပေါ်မှာ ခုနက ဓားကိုဖမ်းလိုက်တဲ့သူ။ သင်းက Orange ကပဲ။ ကိုယ်သိပ်ညံ့ခဲ့တာပါလား။

ကားနှစ်စီးနဲ့ထွက်လာတော့ Spectrum ကကားတွေရောက်လာနေပြီ။
နောက်တော့ ကိုယ့်ခေါင်းကို အိတ်အနက်စွပ်ခံလိုက်ရပြီး အနံ့တစ်မျိုးရလိုက်တယ်။ သတိမေ့မသွားအောင်ထိန်းထားပေမဲ့ လမ်းကြောင်းတစ်လျှောက်ရနိုင်တဲ့ သဲလွန်စတွေဖြစ်တဲ့ အသံ၊ အနံ့ စတာတွေကို ဘယ်လိုမှအာရုံစိုက်မရအောင် လူကမူးဝေနေတာ မိနစ်နှစ်ဆယ်လောက်ကြာမယ်ထင်တယ်။ အဲဒီနောက် ဘာမှမသိတော့ဘူး။
သတိမမေ့ခင် ကိုယ်တွေးမိတာ Baby အန္တရာယ်ကင်း၏၊ မကင်း၏ပေါ့။ Nick ကလည်း ခေသူမဟုတ်ပေမဲ့ စိတ်ပူတယ် Baby. မင်းလုံခြုံရမယ်။ Spectrum ကိုမရောက်ခင်လေး Red ကသူလျှိုကများ တစ်ပြိုင်နက်ဒုက္ခပေးလာရင် .....

¤

မူးနောက်ထိုင်းမှိုင်းနေတဲ့ ခံစားချက်ကြီးကြောင့် မျက်စိမဖွင့်သေးဘဲ လှုပ်ရှားဖို့ကြိုးစားတော့ လက်တွေက တစ်ဖက်နဲ့တစ်ဖက် ခပ်ဝေးဝေးမခွာလိုက်ရဘဲ လက်ကောက်ဝတ်က တင်းခနဲ။

ခဏပြန်ငြိမ်ပြီး မျက်စိတွေဖွင့်လိုက်တော့ မှိန်ပြပြအခန်းတစ်ခန်းရဲ့ ခုတင်ပေါ်မှာ အိပ်နေမိတာပဲ။ လက်နှစ်ဖက်ကိုလက်ထိပ်ခတ်၊ ခုတင်ခေါင်းရင်းတိုင်မှာ သံကြိုးနဲ့ချည်ထားတာမို့ ထထိုင်လိုက်ပြီး အခြေအနေကိုတွက်ဆလိုက်တယ်။ သူလိုက်လာတာ မှန်သွားတယ်ထင်ရတာပဲ။
ခုတင်ဘေးကို ခြေထောက်ချထိုင်ရင်း နားထင်နှစ်ဖက်ကို လက်တွေနဲ့ဖိနှိပ်နေတုန်း တံခါးဖွင့်သံနဲ့အတူ

"သတိရတာမြန်သားပဲ။"

အနည်းငယ်အံ့အားသင့်တဲ့ပုံစံနဲ့ လှည့်ကြည့်မိတော့

"ဘာတွေအံဩနေတာလဲ My son."

"Griffin"

"စိမ်းကားနေပါလား။"

Griffin ကိုယ်တိုင်ရောက်လာမယ်လို့ မထင်မိ။ Chain က မဲ့ပြုံးနဲ့အတူ လက်ထိပ်ခတ်ထားတဲ့လက်တွေကို မြှောက်ပြရင်း

"နွေးထွေးနေပါလား။"

"အာ ... ဒါကိုစိတ်ကောက်တာလား။"

"ကျွန်တော်ကလေးမှမဟုတ်တာ။"

"မှန်တာပေါ့။ ကလေးလေး Hippogriff မှမဟုတ်တော့တာ။ Lock ဆိုတဲ့ကလေးကို လိုက်ထိန်းနေတဲ့ Nanny Chain ပါလား။"

"အခု ဘယ်လိုဖြစ်ချင်လို့လဲ။"

"မင်းကိုပြန်ခေါ်တာလေ။"

"ပြန်ခေါ်တယ်ပြောရအောင် ကျွန်တော်က ဘယ်တုန်းကများ ဒီကလူဖြစ်ခဲ့လို့လဲ။"

"ငါကတော့ မင်းကိုလိုအပ်ခဲ့ပါတယ်။"

"လိုအပ်တာလား။ အင်းပေါ့၊ ကြိုးဆွဲဖို့ အရုပ်တစ်ရုပ်လိုတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကိုမလိုချင်ခဲ့တဲ့ လူတစ်ယောက်ဆီမှာ ဘာလို့နေရမှာလဲ။"

"မင်းရှိနေသေးတယ်လို့ အဲဒီမိန်းမကမှ ငါ့ကိုပေးမသိခဲ့တာ။"

"အမေ့ကို အဲဒီလိုမခေါ်ပါနဲ့။ ပြောပြခဲ့တုန်းကရော လက်ခံခဲ့လို့လား။"

"သူတို့လိုလူတွေတိုင်းက ကလေးရနေတယ်ပြောတိုင်း လက်ခံခဲ့ရင် ဘာတွေဖြစ်ကုန်မှာလဲ။"

"အမေက မိန်းမပျက်မဟုတ်ဘူးနော်။"

"အင်း၊ သူပြောနေကျအတိုင်း Club မှာ သီချင်းဆိုတာ လူတကာခုတင်ပေါ်တက်တာမဟုတ်ဘူး ဆိုတာမျိုးလား။"

"မရိုင်းပါနဲ့။"

"ထားလိုက်တော့။ သူ့အကြောင်းပြောဖို့မဟုတ်ဘူး။ မင်း ငါနဲ့လိုက်ခဲ့ရမယ်။"

"Why?"

"Cos you are my son."

"ဟား ... ဟား ... ဟား ... ဒီအသက်အရွယ်ထိ သေသေရှင်ရှင်ဂရုမစိုက်ခဲ့တာ၊ အခုမှ အမျိုးစပ်နေတာလား။"

"မင်းကို ငါလာခေါ်တော့ မလိုက်ခဲ့ဘဲ မင်းဘာပြောခဲ့လဲ။"

"ကျွန်တော့်ကို လူ့ဘဝထဲအဝင်မခံချင်ခဲ့ဘူး။ ရောက်လာတော့လည်း ဖျောက်ပစ်ဖို့လုပ်ခဲ့တယ်။ အမေသေခဲ့ရပြီး ကျွန်တော်လေလွင့်ခဲ့ရတယ်။ မသေလို့ ခိုင်းလို့ရမယ့်အရွယ်ရောက်တော့မှ ပြန်လာခေါ်တာကို မလိုက်ခဲ့တာ ကျွန်တော်မှားသလား။ သားတစ်ယောက်အနေနဲ့ လာခေါ်ခဲ့တာရော ဟုတ်လို့လား။ အခါခါစွန့်ပစ်ခဲ့တဲ့ကိုယ့်သွေးသားနား နေမယ့်အစား အခုမှတွေ့ဖူးတဲ့သူစိမ်းကို စာနာဖေးမခဲ့တဲ့သူဆီ သွားချင်ခဲ့တာ ကျွန်တော့အမှားလား။"

"အဟက်၊ သူက မင်းအပေါ်ကောင်းလို့လား။ မင်း အခု ငါနဲ့လိုက်ခဲ့ရင် အဲဒီမှာထက်အများကြီးသာမှာ အသေအချာပဲ။"

"Spectrum မှာလား။ အခု ကျွန်တော်က Spectrum မှာ သူ့မျက်နှာတစ်ခုပဲကြည့်နေတယ်ဆိုတာ ကျွန်တော် စိတ်ချမ်းသာတယ်လေ။ ကျန်တာအကုန် ကျွန်တော့်သဘောပဲ။"

"အဲဒါဆိုလည်း Spectrum ကိုသိမ်းလိုက်တော့လေ။"

"Spectrum ဆိုတာ Lock ရဲ့အပိုင်။ ကျွန်တော်လည်းလုမယူသလို ဘယ်သူ့ကိုမှလည်း လုယူဖို့ခွင့်မပြုနိုင်ဘူး။"

"မင်းရဲ့သခင်က ... အဲ ... မင်း Baby လား၊ ဘယ်လိုခေါ်ပေးရမလဲတောင် မသိဘူး။ ငါ့သားမက်လောင်းလေးက ငါ့သားကိုကြိုးဆွဲနေတာ အဖေတစ်ယောက်အနေနဲ့ ဒီတိုင်းကြည့်မနေနိုင်ဘူး။"

"အပိုင်ကိုပြောတာပဲလား။ ကျွန်တော်က ဘယ်တုန်းကမှ Griffin ရဲ့သား မဟုတ်ခဲ့သလို။ Lock ကလည်း ကျွန်တော့်ကို သူလိုရာကြိုးဆွဲမနေဘူး။ ကျွန်တော်တို့နှစ်ယောက်ဆက်ဆံရေးကလည်း ရိုးရိုးသားသားပဲ။"

"ရိုးသားတယ်လား။ Garuda Princess ရဲ့ Party ပွဲက သတင်းတွေလိုမျိုးလား။ ဒါမှမဟုတ် ..... နောက်တစ်နေ့မှာ တစ်နေကုန် Lock နဲ့နှစ်ယောက်တည်းရှိနေပြီး Dr. Hepius က လာခေါ်ထုတ်ရတာမျိုးကို ပြောတာလား။"

"သတင်းပဲလေ။ ထင်သလိုရေးမှာပေါ့။ နှစ်ယောက်တည်းရှိတိုင်း မရိုးသားဘူးပေါ့။ အဲဒီလိုပေါ့ပေါ့တွေးအောင် အယောင်ပြပြီး တခြားအရေးပေါ်ကိစ္စတွေ တိုင်ပင်နေတာလားလို့တောင် မတွေးတတ်အောင် Griffin က မညံ့ဘူးထင်ပါတယ်။"

Chain ရဲ့ တုံ့ပြန်စကားကြောင့် Griffin မျက်နှာတစ်ချက်မဲ့သွားပြီး

"ဟုတ်ပြီ။ မင်းတို့ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း ငါနဲ့ပြန်လိုက်ခဲ့ပါ။"

"မလိုက်နိုင်ဘူး။ ခိုင်းတဲ့အတိုင်းသာလုပ်ရင် Spectrum ကိုပို့ပေးမယ်လို့ကတိပေးခဲ့ပြီး အခုမှပြန်ခေါ်လို့မရဘူး။"

"ငါက ပြန်မခေါ်ပါဘူးလို့မှ ကတိမပေးခဲ့တာ။"

"ကျွန်တော့်ကို Spectrum ကိုပို့ပေးဖို့အကြောင်းပြပြီး Spectrum King ကိုသတ်ဖို့စီစဉ်ခဲ့တာပဲလေ။ အစီအစဉ်မအောင်မြင်တာတော့ ကိုယ့်စေတနာကိုယ့်အကျိုးပေးတာပေါ့။ နယ်ရုပ်သာသာလူကို ဘာလို့ပြန်ခေါ်မှာလဲ။ ဘယ်နေရာမှာ အသုံးချချင်နေလို့လဲ။"

"မင်း စကားတွေမများစမ်းနဲ့။ အသာတကြည်မလိုက်ရင်လည်း ငါက ရတဲ့နည်းနဲ့ပြန်ခေါ်မှာ။"

"Wow! ဒီနေ့ လူတွေချရင်းလိုက်တာ ကျွန်တော့်ကိုပြန်ခေါ်ဖို့ချည်းသက်သက်လို့ အထင်မှားမိတော့မလို့။ Orange မှာ လူထည့်ထားတာကိုမသိတာ ကျွန်တော်ညံ့လို့ပါ။"

"အေး၊ ဟုတ်တယ်။ မင်းတို့နှစ်ယောက်လုံးကို ရရင်ရ၊ မရရင်တောင် မင်းကိုတော့ရမှာပဲလေ။ ငါတော်တော်ကြီးကံကောင်းရင်တော့ Lock တစ်ယောက်တည်းကိုရမှာပေါ့။ ဒါက မဖြစ်နိုင်မှန်းတော့သိသား။ ငါ့သားက တော်ရုံမွှန်တာမှမဟုတ်တာ။ သူ့ Baby ကိုတော့ ဘယ်အထိခံပါ့မလဲနော်။ နို့မို့ဆို မင်းတို့ကို Pandora's Box မှာကတည်းက မိတာပေါ့။"

Griffin အတွေးမှန်ပါတယ်။
နှစ်ယောက်တွဲမိရင်တောင် Lock လွတ်ဖို့ Chain က အစွမ်းကုန်ကြိုးစားမှာ။
Lock တစ်ယောက်တည်းဆိုရင် ဘာဖြစ်နေမှန်း သူကိုယ်တိုင်မမြင်နိုင်တော့ တောင်းဆိုသမျှလုပ်ပေးရုံသာ။
ဒါကြောင့် နှစ်ယောက်မိတာထက် Lock တစ်ယောက်တည်းမိရင် ပိုကံကောင်းပါလိမ့်မယ်။
အခုကတော့ တော်ရုံခြိမ်းခြောက်မှုမျိုးနဲ့ ရမှာတော့မဟုတ်။

Chain ကတော့ Griffin စကားကြားပြီး နည်းနည်းတော့ဖြုံသွားရပြီ။ သူတို့ကို Pandora's Box မှာတည်းက ချောင်းနေမယ်လို့ မထင်ထားမိ။ ရှာနေကြပေမဲ့ ဘယ်သူမှတော့ အဲဒီနေရာအထိမရောက်နိုင်ဘူးလို့ ထင်ထားတာ။
Griffin က ဆက်ပြောလာတယ်။

"မလန့်ပါနဲ့။ Garuda ရဲ့သူလျှိုတောင် အဲဒီနေရာကို မသိပါဘူး။ ငါတို့ထဲမှာတောင် သိတဲ့လူ လက်ချိုးရေလို့ရပါတယ်။ တကယ်တော်တယ်ကွာ။ အဲဒီနေရာကို ငါတို့သိပေမဲ့ ဝင်လို့မရခဲ့ဘူး။"

"ကျေးဇူးပဲ။ ဘယ်နည်းနဲ့မှပြန်မလိုက်ဘူး။ သေရင်တောင် Spectrum က ဝိညာဉ်ပဲ။"

"မင်း ... သောက်ကြောမတင်းနဲ့ Hippogriff."

"ကျွန်တော် Hippogriff မဟုတ်ဘူး။"

"မင်း"

Griffin က ဒေါသထွက်ပြီး Chain လည်ပင်းကိုညှစ်လိုက်တော့ Chain က ဘာမှမတုံ့ပြန်ဘဲငြိမ်နေလိုက်တာမှာ အသက်ရှူရပ်ခါနီးမှ ရပ်ပစ်လိုက်တဲ့ Griffin.
Chain ကတော့ အသက်လုရှူနေရပြီ။

"Lock ကိုသတ်ပစ်မိအောင် ဖိအားမပေးစမ်းနဲ့။"

"သတ်လို့ရခဲ့ရင် သတ်ပြီးနေပြီပေါ့။ မရလို့သာ အခုလို ပြောနေတာမဟုတ်လား။"

Griffin က Chain ကို စူးစူးစိုက်စိုက်ကြည့်ပြီး

* ခွပ် *

Chain မျက်နှာ လည်ထွက်သွားပြီး ပြန်မတ်လာတော့ မျက်ခုံးကွဲပြီး သွေးတွေကျလာတယ်။
ခပ်အေးအေးပဲ မျက်စိရှေ့မြင်နေရတာတွေဆီ အကြည့်ပို့ထားတော့ ဘေးစောင်းနေရာလောက်မှာရပ်နေတဲ့ Griffin က ရှေ့တည့်တည့်လာရပ်ပြီး Chain မျက်နှာနားအထိ ခေါင်းကိုငုံ့ချရင်း

"ငါ သတ်ပြမယ်။"

"ထိလို့မရအောင် အားလုံးစီစဉ်ထားတာ Lock ကိုယ်တိုင်တောင်မသိဘူး။"

"မင်းလူက Bryan အပြင် ဘယ်သူရှိသေးတာလဲ။"

Chain က လှောင်ပြုံးပြုံးလိုက်ပြီး

"ဒါတွေက မေးတိုင်းပြောစရာတွေ မဟုတ်ဘူးလေနော်။"

Griffin, Chain ကိုကြည့်ပြီး စိတ်တွေတိုပြီးရင်းတိုနေရပြီ။ သူ့သဘောသူ့ဆန္ဒမပါဘဲ ရတဲ့နည်းနဲ့ခေါ်လည်း ဘာမှအသုံးချလို့ရမှာမဟုတ်။
အခု Chain ကို ဒီအတိုင်းပြန်လွှတ်လိုက်ရင် Lock က Chain ကို သံသယဝင်လာနိုင်ပြီး အရင်ကတည်းကမသင်္ကာသမျှတွေကို မီးထိုးပေးနိုင်လိမ့်မယ်။

"Ok. Take a rest, my son."

Griffin ထွက်သွားတော့ ဘာတွေကြံစည်နေလဲလို့ Chain တွေးနေမိပြီ။ ဒီအတိုင်းထားခဲ့ပြီး ထွက်သွားတယ်ဆိုတာ မဖြစ်နိုင်။ အကြံအစည်တစ်ခုခုတော့ ရှိရမယ်။
အခန်းထဲမှာ အပေါက်ဆိုလို့ လူတစ်ရပ်ကျော်အမြင့်လောက်မှာရှိတဲ့ သံတိုင်တွေနဲ့ပါထပ်ကာထားတဲ့ လေဝင်ပေါက်လေးသာရှိတာမို့ အလင်းလည်းသိပ်မရ။ ဘယ်လိုပြန်ထွက်ရမလဲဆိုတဲ့ အတွေးနဲ့ ပတ်ဝန်းကျင်ကအသံတွေကို နားစွင့်မိတော့ ငှက်သံလေးတချို့ကလွဲလို့ ဘာမှမကြားရ။

Griffin ဆိုတာလည်း ယှဉ်ဖို့လွယ်တဲ့လူထဲမပါ။ သားအဖဆိုတဲ့ သွေးသားတော်စပ်ပုံကြီးက ကိုယ်တို့ကြားမှာ ဟာသတစ်ခုလို။
High Boss တွေ၊ ဂိုဏ်းခေါင်းဆောင်တွေ ခြေရှုပ်ရာ Night Club တစ်ခုမှာ သီချင်းဆိုတဲ့ ဆွဲဆောင်မှုရှိရှိ မိန်းမလှလေးတစ်ယောက်နဲ့ ခန့်ခန့်ချောချော ဂိုဏ်းခေါင်းဆောင်တစ်ယောက်တို့ရဲ့ အမှတ်မထင်ဇာတ်လမ်းလေးတစ်ပုဒ်က မှတ်မှတ်ရရ အချိန်တွေကြာသွားတဲ့အခါမှာ ...

"ကိုကြီး၊ Rachel မှာ ကိုယ်ဝန်ရှိနေပြီ။"

"အင်း၊ ကိုယ် ဘာကူညီပေးရမလဲ။"

"ဟာ၊ ကိုကြီးနဲ့ရတဲ့ကိုယ်ဝန်ကို ဘာကူညီပေးရမလဲလို့ မေးတာလား။"

"မနောက်နဲ့ Rachel. ငါ့ကလေးလို့ သက်သေရှိလား။"

"ဘယ်သူ့ကလေးဖြစ်ရဦးမှာလဲ။"

"ဘယ်သိနိုင်မလဲ။"

"Rachel က အပျက်မမဟုတ်ဘူးနော်။"

"မင်းလုပ်နေတာ Night Club မှာလေ။"

"အဟက်၊ သီချင်းဆိုတာလေ။ တွေ့ရာလူခုတင်ပေါ် တက်နေတာမှမဟုတ်တာ။ Rachel ကို အဲဒီလိုမပြောနဲ့။"

"ဟုတ်ပြီ။ ဒါဆို မင်းမကာကွယ်တတ်ဘူးလား။ ငါ့ကို အဲဒါမျိုးနဲ့လာမချည်နဲ့ Rachel."

"မဟုတ်ပါဘူး။ လူသိရှင်ကြားအသိအမှတ်ပြုဖို့လည်း မလိုပါဘူး။ Rachel နဲ့ကလေးကို ကိုကြီးလက်ခံပေးရင် ရပါပြီ။"

"တော်စမ်း Rachel. ငါ့ကလေးသေချာရင်တောင် ဒီဟာလေးကိုယူဖို့ မင်းငါ့ကို အသိပေးဖူးလို့များ အခုလိုလက်ခံခိုင်းနေတာလား။"

"အဲဒီလိုတော့မပြောနဲ့ ကိုကြီး။ နှစ်ဦးသဘောတူနေလာတာပဲ ခြောက်လရှိပြီလေ။"

"ဟား ဟား ... ဒါနဲ့ပဲ မင်းက ငါ့မိန်းမဖြစ်သွားရောလား။"

"ကိုကြီး"

"ဟာ ... မျက်ရည်ခံလာမထိုးနဲ့နော်။ ငါမသနားတတ်ဘူး။ လက်လည်းမခံဘူး။ မင်းဘာသာမမွေးနိုင်ရင် ဖျက်ချလိုက်။"

"အဟင့် ... အင့် ... မလုပ်ပါနဲ့ ကိုကြီးရယ်။ Rachel ကိုကြီးကို တကယ်မေတ္တာရှိတာပါ။ အဟင့် ... ကိုကြီးလက်ခံပေးရင် ရပါပြီ။ ကလေးဗန်းပြပြီးလည်း ဘာအခွင့်အရေးမှမယူပါဘူး။"

"လက်မခံနိုင်ဘူး။ ငါက မင်းကလေးရဲ့အဖေ မဟုတ်ဘူး။"

"အဲဒါဆို Rachel က ဘယ်လိုလုပ်ရမှာလဲ။"

"မင်းတစ်ယောက်တည်းတာဝန်မယူနိုင်ရင် ဖျက်ချလိုက်လို့ ပြောနေတယ်လေ။ ငါတော့ တာဝန်မယူနိုင်ဘူး။"

"ရှင် ရက်စက်လှချည်လား။ ရတယ်၊ ကျွန်မဘာသာ ရအောင်မွေးမယ်။"

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

"သားရေ ... Dexter. အမလေး၊ မုန့်တွေစားနေတာ ပေပွလို့ပါလား။ လာပါဦး ဒီကို။"

"မား ... မုန့်မုန့်"

"အယ် ... မာမီ့ကိုကျွေးတာလား။ လိမ္မာလိုက်တာ ငါ့သားလေးက။ မွ ..."

"ခစ်ခစ်၊ အာ ... ဝါး"

"ချစ်လိုက်တာကွယ်"

¤

"Dexter, ဒီနေ့ကျောင်းစတက်ရမယ်လေ။ ထတော့ သားလေး။ မာမီလည်း သားကိုကျောင်းပို့ပြီးမှ ဆိုင်ဖွင့်ရမှာ။ ဒီနေ့ ထမင်းဘူးအော်ဒါတွေရှိသေးတယ်။ ထတော့ ... ထတော့။"

"အင်း ... သား အိပ်ချင်သေးတယ်။"

"လိမ္မာတယ်၊ ထပါ သားရယ်။ လာ၊ မာမီရေချိုးပေးမယ်။ အဝတ်လှလှလေးနဲ့ ကျောင်းသွားရမယ်လေ။"

"ဟုတ်...."

¤

ဘာဖြစ်တာလဲ။ ကျောင်းကားရပ်လို့ဆင်းလိုက်တော့ ဆိုင်မှာ လူတွေအုံခဲပြီး ရပ်ကြည့်နေကြတာ။

"မာမီ ... မာမီရေ ..."

"ဒီကသားလေးက Dexter လား။"

"ဟုတ်ကဲ့။ ဦးဦးရဲကြီး၊ သားတို့ဆိုင် ဘာဖြစ်တာလဲဟင်။"

"အင်း၊ ကလေးရေ။ ဒီလိုကွယ် ....."

■■■■■ Part XVII ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі