1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
26. Crazy
ဓာတ္ပံုေတြ႐ိုက္ၿပီးေတာ့ မျပန္ျဖစ္တဲ့လူေတြ က်န္ေနၾကၿပီး တကယ္ႀကီး Bachelor Party လုပ္ၾကပါေရာ။ ဘယ္တုန္းကမ်ား ဝယ္ျခမ္းလာၾကတယ္မသိတဲ့ အစားအေသာက္ေတြကို ျခံထဲမွာပြထေနေအာင္ ခင္းက်င္းထားလိုက္တာမ်ား လူအေရအတြက္ထက္အမ်ားႀကီးပိုေနမလား?
ညနက္လာေလ ေသာင္းက်န္းၾကေလေတာင္ ျဖစ္ေနၾကသလားပဲ။

Paris ကို Mail ပို႔ေနရင္း စာဝင္လာတာက Hurricane ဆီက

📩 ငါ့ကိုေတာင္ မေျပာဘူးေနာ္ 📩

📨 မင္းသတင္းရတာကလည္း ျမန္လိုက္တာကြာ။ ငါတို႔လည္း မနက္ကမွ ခ်က္ခ်င္းႀကီးစီစဥ္လိုက္တာ။ Paris meeting အတြက္ Lily အၾကံအတိုင္း လုပ္လိုက္ရတာ 📨

📩 သူက သေဘာတူတယ္ေပါ့? 📩

📨 အကုန္လံုးမွ သတိမရေသးတာ 📨

📩 မင္း ေပ်ာ္လား? 📩

📨 ဟာကြာ၊ ဒါက တကယ္အတည္မွ မဟုတ္တာ 📨

📩 အဲဒါကိုေတာင္ မင္းေပ်ာ္ေနတာပဲ 📩

📨 ငါ ေပ်ာ္ေနတာလား? 📨

📩 ေပ်ာ္ေနတယ္ေလ။ မင္းမ်က္လံုးေတြမွာ ေပၚေနတာပဲ 📩

"Chain ေရ"

"လာၿပီ၊ မီးငယ္"

📨 ေခၚေနၿပီ။ ခဏေနမွ ငါျပန္ေခၚေပးမယ္ 📨

📩 မနက္ အားေတာ့မွ ေခၚပါ။ ငါ နားခ်င္ၿပီ။ ေပ်ာ္ရႊင္ပါေစ 📩

📨 အဲဒါဆို မနက္မွ ေတြ႕မယ္ 📨

"Mail ပို႔ၿပီးၿပီလား? ကိုကို႔ကို လာထိန္းဦး"

"Baby ဘာျဖစ္လို႔လဲ?"

"ကိုႀကီးတို႔၊ Bryan တို႔ ဝိုင္းတိုက္ၾကတာေလ"

"ဟာ ... ဒီေကာင္ေတြ"

Chain ေျပးဆင္းသြားတာကို Lily က

"Chain ေျခေထာက္သတိထားေလ"

ျခံထဲေရာက္ေတာ့ ေတြ႕ပါၿပီ။ ဘယ္လိုေတြ ျပႆနာလုပ္ေနၾကတာလဲ?

"ေနမေကာင္းေသးတဲ့လူကို ဘယ္လိုေတာင္ တိုက္လိုက္ၾကတာလဲကြာ"

"ေဟ့ေကာင္၊ အျဖစ္မသည္းနဲ႔! ငါဆရာဝန္တစ္ေယာက္လံုးရွိတယ္"

"မင္းကိုယ္မင္းလည္း ျပန္ၾကည့္ဦး။ မ်က္လံုးဖြင့္ႏိုင္လို႔လား? Nancy, အဲဒီေကာင္ကို ေခၚသြားပါေတာ့ကြာ"

"Chain ရယ္၊ ရွင္ကလည္း ပိုကိုပိုတယ္"

"Chain ေရ၊ ကၽြန္ေတာ္တို႔သိခ်င္တာရွိတယ္။ ေခါင္းေဆာင္နဲ႔ Chain တကယ္ခ်စ္တာလား?"

"မူးေနရင္ ၿငိမ္ၿငိမ္ေနၾကပါကြာ"

"ငါစဥ္းစားတာက ဘယ္လို role ခြဲၾကမွာလဲဆိုတာ"

"Hepius! ေတာ္စမ္းကြာ။ ေပါက္ကရေတြမေျပာနဲ႔"

"ေခါင္းေဆာင္က တအားမူးေနေတာ့ အဆင္မေျပ ..."

"တိတ္ၾကစမ္း! ေသာက္စရာရွိတာေသာက္ၾက"

"စိတ္ႀကီးလိုက္တာ"

"ေနခဲ့ၾကကြာ။ လာ Baby, မေသာက္နဲ႔ေတာ့။ ေနလည္းမေကာင္းတာကို"

ေပြ႕ေခၚမယ္ျပင္ေတာ့ Bryan က

"ဟာ! မလုပ္နဲ႔ေလ။ ေျခေထာက္ကမေကာင္းေသးဘဲနဲ႔။ ကၽြန္ေတာ္ပါဝိုင္းတြဲေပးမယ္"

"ေအးေလ၊ ဒီကိုယ္လံုးခ်င္းမတိမ္းမယိမ္းကို အဲဒီေျခေထာက္နဲ႔ ေပြ႕ခ်င္ေသးတာလား Chain ရဲ႕"

Lily အေျပာကို အားလံုးဝိုင္းေထာက္ခံၾကၿပီး Bryan က တစ္ဖက္ကေနကူတြဲေပးလို႔ အိပ္ခန္းထဲေရာက္လာၾကတယ္။

"သြားၿပီ Chain ေရ။ ဘာမွမေျပာေတာ့ဘူးေနာ္။ ဟား ဟား ဟား"

Bryan ရယ္က်ဲက်ဲေျပာရင္း ထြက္သြားမွ Baby ကို ခုတင္ေပၚမွာ ေနရာတက်လွဲေစလိုက္တယ္။ ကိုယ့္အတြက္ေတာ့ ထံုးစံအတိုင္း ၾကမ္းျပင္ေပၚမွာ ေခါင္းအံုးတစ္လံုးနဲ႔ေပါ့။ အိစက္ေနတဲ့ ၾကမ္းခင္းေပၚမွာ ဘာမွထပ္မခင္းေတာ့ဘဲအိပ္လိုက္ဖို႔ ေတြးလိုက္ၿပီး ၾကမ္းေပၚထိုင္ခ်ကာ ခုတင္ေပၚလက္ေထာက္၊ ေမးတင္ၿပီး ငမူးေလးကို ေငးေနမိတယ္။
႐ုတ္တရက္ ကိုယ့္ဘက္ကိုေစာင္းအိပ္လိုက္တာေၾကာင့္ မ်က္ႏွာခ်င္းနီးကပ္လာတယ္။ အဲဒီနႈတ္ခမ္းေတြေပါ့၊ တစ္ေန႔လံုးပစ္မွားလာခဲ့တာ။ အသာေလးပဲထိကပ္ၿပီး ျပန္ခြာလိုက္ေတာ့ မ်က္ေမွာင္က်ံဳ႕သြားတဲ့ Baby, သိမ်ားသိရင္ လက္သီးစာမိဦးမွာလို႔ေတြးရင္း ရယ္လိုက္မိတယ္။
အခန္းအပူခ်ိန္ညႇိ၊ ခါးတစ္ဝက္အထိ ေစာင္ျခံဳေပးလိုက္ၿပီး ကိုယ့္အိပ္ရာကိုယ္ ေနရာခ်ေနတုန္းမွာ

"Chain ေရ၊ တံခါးပိတ္ပါဦးလား?"

အခန္းေရွ႕ကေနေအာ္ေနသံေၾကာင့္ ထဖြင့္မိေတာ့ အခန္းကိုေက်ာ္သြားၿပီျဖစ္တဲ့ Lily က လွည့္ၾကည့္လာတယ္။ ျဖတ္ေလၽွာက္သြားရင္း တံခါးဟေနလို႔ ေျပာသြားတယ္ထင္ပါရဲ႕။ ျပန္လွည့္လာၿပီး

"တံခါးက ဟစိနဲ႔"

"အင္း၊ ဘာျဖစ္လို႔လဲ? အိမ္က လံုလံုျခံဳျခံဳပဲဟာ"

"မဂၤလာဦးအခန္းက အဲဒီလိုရလား?"

"ဟာကြာ၊ မေနာက္ပါနဲ႔"

"ဒီပြဲက တကယ္ႀကီး တရားဝင္ေနာ္"

"အျပင္လူေတြအေနနဲ႔ေတာ့ ဟုတ္တာေပါ့။ ကိုယ္ေတြခ်င္းကေတာ့ ဘာလို႔လုပ္လဲ သိေနတာပဲေလ"

"Spectrum မွာေတာ့ အကုန္လံုးက ပြဲအတုလို႔မသတ္မွတ္ထားဘူးေနာ္"

"မိီးငယ္ရယ္၊ တကယ့္အစစ္ဆိုရင္ေတာင္ Baby မွတ္ဉာဏ္က အစစ္မဟုတ္ဘူးေလကြာ"

"Chain ကေတာ့ အတုဆိုရင္ေတာင္ ေပ်ာ္တယ္မဟုတ္လား?"

ေတြေတြေငးေငးေလးၾကည့္ရင္းေျပာလာတဲ့ Lily ေၾကာင့္ စကားစျဖတ္လိုက္ၿပီး

"Hepius တို႔ ဘာျဖစ္ကုန္ၿပီလဲ?"

"ေသမလိုျဖစ္ေနၾကၿပီေလ။ ေမွာက္ေနၾကတာ အခန္းထဲေတာင္ မနည္းထည့္ရမယ္။ အခုထိအျပင္မွာပဲ"

ေျပာရင္း အခန္းထဲကိုၾကည့္လိုက္တဲ့ Lily ကပဲ

"Chain က ၾကမ္းျပင္ေပၚအိပ္မလို႔လား?"

"Baby ႏိုးလာရင္ စိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ပါ"

"ခ်စ္တတ္ေနလိုက္တာ။ မီးငယ္ သြားနားေတာ့မယ္။ ဪ ... ေမ့ေတာ့မလို႔! မနက္ၾကရင္ Rapunzel ကို အေၾကာင္းၾကားလိုက္ရမလား?"

"သူ႔အစ္ကို Hurricane တစ္ေယာက္လံုးရွိတာပဲ။ သိသြားမွာပဲမို႔ ေျပာမေနပါနဲ႔ေတာ့ကြာ"

"သူသိမွျဖစ္မွာကို။ အဲဒီမွာ Baby, Baby နဲ႔ အလိုလိုက္ေနလိုက္ေတာ့။ မီးငယ္ နားေတာ့မယ္။ Good Night"

"Have a nice dream, မီးငယ္"

¤

"အား! ေခါင္းကိုက္လိုက္တာ"

"ဟင္၊ Baby ႏိုးၿပီလား?"

အအိ္ပ္ဆတ္တဲ့ Chain က ထညည္းလိုက္တဲ့ Lock ေၾကာင့္ႏိုးသြားၿပီး ေမးမိတယ္။

"မင္းက ဘယ္လိုျဖစ္လို႔ ေအာက္မွာေရာက္ ... အား၊ ေခါင္းကလည္း"

ကိုယ့္ဘာသာျပန္ၾကည့္ေတာ့ ခုတင္က်ယ္ႀကီးအလယ္မွာ ကိုးယိုးကားယားအိပ္ေနမိတာလား? ညက မူးၿပီးေမွာက္သြားတာပဲ။

"ခဏေလးေနာ္"

Fridge ထဲက ပ်ားသံပရာေဖ်ာ္ထားတာ ခ်က္ခ်င္းထယူေပးတယ္။

"ေသာက္လိုက္ဦး"

ေမာ့ေသာက္လိုက္ၿပီးမွ

"မင္းမအိပ္ဘူးလား?"

"Baby ညက ခရမ္းခ်ဥ္သီးေဆာ့စ္ စားမိထားေတာ့ allergy ျဖစ္မွာစိုးလို႔ နည္းနည္းေစာင့္ၾကည့္တာပါ။ အိပ္ပါတယ္"

"အင္း၊ အဲဒါမတည့္တာ ငါမွတ္မိတယ္။ ေသာက္ရင္းနဲ႔ သတိမထားမိဘဲ စားမိကုန္တာ။ မင္း ခုတင္ေပၚတက္အိပ္ေလ။ ငါေရခ်ိဳးလိုက္ဦးမယ္"

"ဒဏ္ရာေတြ သတိထားဦးေနာ္"

Ok ပံုစံ လက္ေထာင္ျပၿပီး ေရခ်ိဳးခန္းထဲဝင္သြားေတာ့မွ ခုတင္ေပၚလွဲခ်လိုက္တယ္။ ေစာင့္ေနမယ္လို႔ေတြးၿပီးမွ ဘယ္လိုအိပ္ေပ်ာ္သြားလဲ မသိေတာ့ပါ။

Lock ျပန္ထြက္လာေတာ့ Chain ကအိပ္ေပ်ာ္ေနၿပီ။ Lock လည္း ခပ္ျဖည္းျဖည္းလႈပ္ရွားၿပီး ေအာက္ထပ္ဆင္းလာေတာ့ အားလံုးတိတ္ဆိတ္လို႔။ လံုျခံဳေရးတာဝန္က်သူကလြဲရင္ အကုန္လံုး ကြဲျပဲေနၾကၿပီထင္ပါရဲ႕။
ေကာ္ဖီစက္ေရွ႕မွာ ေကာ္ဖီေရြးေနတုန္း

"Lock! အေစာႀကီးႏိုးေနတာလား? ဘာျဖစ္လို႔လဲ? Chain ေရာ?"

"ဘာမွမျဖစ္ဘူး Hepius. ႏိုးသြားတာနဲ႔ လန္းသြားေအာင္ေရခ်ိဳးၿပီး ဆင္းလာတာ။ Chain က အိပ္ေနတုန္း"

"ဟာ! မင္းက လန္းသြားေအာင္ အေစာႀကီးေရခ်ိဳးတယ္။ Chain ကအိပ္ေနတုန္း။ အဲဒါဆို ဟို ..."

"မင္းဘာေတြးေနတာလဲ? လက္ညႇိဳးကလည္း ဟိုထိုးဒီထိုးနဲ႔"

"ေအး၊ မင္းေတြးသလုိေတြးတယ္"

"ဒါဆိုလည္း ၿပီးတာပဲေလ။ ငါက ဘယ္ေကာ္ဖီေသာက္ရမလဲ ေတြးေနတာ"

"ေဟ့ေကာင္! ဟိုေကာင္က ဘာလို႔မထတာလဲ? ဒီေလာက္အအိပ္ဆတ္တဲ့လူက မင္းေရခ်ိဳးတာ သူမႏိုးရေအာင္ ဘာျဖစ္ထားလို႔လဲ?"

"ငါက ေျခသံလံုတယ္ေလ။ ဟား ... ဟား ... ဟား"

"တိတ္စမ္း! ညက ဘာျဖစ္ၾကလဲ?"

"အိပ္ၾကတယ္ေလ"

"ေအး၊ အဲဒါ။ ဘယ္သူအေပၚကလဲ? ငါ့ကိုလည္း အဲဒါပဲေဖ်ာ္ေပး"

ေျပာရင္းနဲ႔ ေကာ္ဖီေဖ်ာ္ခိုင္းရေသးတာ။

"ငါေလ"

"ေဟ! ဟိုေကာင္မထႏိုင္ဘူးဆိုေတာ့ ထင္ေတာ့ထင္သား"

"အင္း၊ ညက သူေကာင္းေကာင္းမအိပ္ရလို႔"

"ဟုတ္ေနၿပီ"

"ဟုတ္တယ္ေလ။ ငါက ခုတင္ေပၚမွာ၊ သူက မင္းရဲ႕အေကာင္းစားၾကမ္းခင္းေကာ္ေဇာေပၚမွာ အိပ္တယ္။ ငါ့ကိုေစာင့္ၾကည့္ေနရလို႔ သူေကာင္းေကာင္းမအိပ္ရဘူး။ ငါႏိုးေတာ့သူႏိုးတယ္။ ငါေရခ်ိဳးေနတုန္း ခုတင္ေပၚျပန္အိပ္ေပ်ာ္သြားတယ္"

"ဒါပဲလား?"

"ဒါပဲ"

ေကာ္ဖီကိုပဲ အရသာခံေသာက္ေနတာကို Hepius က မေက်မနပ္ၾကည့္ေနတာေၾကာင့္

"ေကာ္ဖီေတာင္ မတိုက္ခ်င္တာလား?"

"မင္း Chain ကိုဘယ္လိုျမင္လဲ?"

"Chain ကိုလား? အင္း ... အသားလြတ္ႀကီး ၾကည့္မရလိုက္၊ ႐ုတ္တရက္ႀကီး အရမ္းရင္းႏွီးသလို ခံစားရလိုက္နဲ႔ပဲ"

"ၿပီးေတာ့ေရာ?"

"ငါနဲ႔သူ႔ၾကား အဆင္မေျပခဲ့ၾကဘူးထင္တယ္။ သူကေတာ့ ငါ့ကိုတကယ္ခ်စ္ပံုပဲ။ ဒါေပမဲ့ သူ႔ကို တစ္ခုခုကဆြဲထားသလို ငါ့ေရွ႕ဆို သတိထားေနတဲ့ပံုစံမ်ိဳး"

"မင္းအရင္က သူခ်စ္တာ သတိမထားမိပါဘူး။ မင္း တစ္ခုခုမွတ္မိတာရွိေသးလား?"

"ငါတို႔ငယ္ငယ္ ေက်ာင္းမေျပာင္းခင္ေလာက္ျဖစ္မလားပဲ။ ေကာင္ေလးတစ္ေယာက္နဲ႔ ကားေပၚမွာ စကားေျပာဖူးတာ မွတ္မိတယ္။ Chain နဲ႔တူသလိုပဲ"

"Chain နဲ႔ေတြ႕ေတာ့ ငါတို႔ဆယ့္ႏွစ္ႏွစ္ေလ။ မင္းေက်ာင္းေျပာင္းတာက ငယ္ေသးတာကို"

"ေရာေနတာေနမွာေပါ့ကြာ။ ၿပီးေတာ့ေလ Chain ရဲ႕ မ်က္ရည္ဝဲေနတဲ့မ်က္လံုးေတြ ငါအေတြးထဲေပၚလာတတ္တယ္။ သူနဲ႔ပတ္သက္ၿပီး ငါမွတ္မိတာ အဲဒါအကုန္ပဲ။ အေဖရယ္၊ Lily ရယ္၊ ဦးငယ္ရယ္ကိုေတာ့ ငယ္ငယ္ကအေၾကာင္းေတြ ျပန္ေပၚလာတတ္တယ္။ ဂိုဏ္းထဲေရာက္ၿပီးမွကိစၥေတြထက္ ငယ္ငယ္ကအေၾကာင္းေတြ ပိုမ်ားတယ္"

"မင္းမွတ္ဉာဏ္ထဲက Positive side ကိုပဲ မင္းမွတ္မိေနတာေပါ့။ ေပ်ာ္စရာေတြပဲ မွတ္ထားခ်င္ခဲ့တာေနမွာ"

"ငါ ေတာ္ေတာ္ဆိုးခဲ့လို႔လား?"

"ဆိုးတယ္ဆိုတာက Chain အေပၚမွာ ေတာ္ေတာ္ဆိုးခဲ့တာ"

"ဦးငယ္ကိစၥရယ္၊ အေဖ့ကိစၥရယ္ေၾကာင့္လား? ငါအထင္ေတာ့ အဲဒီေလာက္ႀကီးတဲ့အျငႇိဳးမ်ိဳး မဟုတ္ဘူး။ သူ႔ကိုသေဘာမက်တာ ဘာရယ္လို႔ အထင္အရွားျပစရာ မေတြးမိဘူး"

"အင္း၊ မင္း မုန္းေနတာမွမဟုတ္တာ"

"ငါက မုန္းတယ္လို႔ ေျပာဖူးခဲ့တာလား?"

"မေျပာဖူးပါဘူး။ ဟိုေကာင္ သူ႔ဘာသာထင္ေနတာ"

"ဪ ..."

"သူက ငါ့ကို ဘယ္တုန္းကဖြင့္ေျပာတာလဲ မင္းသိလား?"

"အင္း၊ သိပ္သိတာေပါ့။ ဒါေပမဲ့ သူေျပာျပတာျဖစ္ျဖစ္၊ မင္းဘာသာ သတိရတာျဖစ္ျဖစ္ ေစာင့္ၾကည့္ပါ"

"မေျပာျပခ်င္လည္း ေနပါ။ ငါတို႔အေၾကာင္းေမးၿပီဆို မင္းတို႔က အျမဲေရွာင္ထြက္ေနၾကတာ"

ဒါေၾကာင့္ကို သိခ်င္လာသလိုလို၊ ေမးခ်င္စိတ္ပဲ ေပ်ာက္သလိုလိုေတြ ျဖစ္တာ။

"မင္းတို႔ၾကားကကိစၥေတြက မင္းတို႔ခ်င္းရွင္းတာ ပိုေကာင္းတယ္ေလ"

"အဲဒီလိုႏွစ္ကိုယ္ၾကားကိစၥေတြ ရွိေနရင္ ငါဘာလို႔ မမွတ္မိတာလဲ?"

"မင္းက အခု negative side ကိုေဖ်ာက္ထားတာကိုး"

"ဒါဆို ငါတို႔ၾကား ခပ္ဆိုးဆိုးျပႆနာေတြရွိတာေပါ့?"

"အင္း၊ မင္းက အရမ္းဆိုးတယ္"

"မီးငယ္ကေလ၊ Chain ကို ေတာ္ေတာ္ခင္တာလား? ငါေမးခ်င္တာက ... ဟို ..."

"အင္း၊ မင္းထင္သလိုပဲ။ ဒါေပမဲ့ Chain သေဘာထားကိုလည္း မင္းခံစားမိတယ္မဟုတ္လား။ အဲဒါေၾကာင့္ပဲ မီးငယ္ေလးက မင္းတို႔ကိစၥ အကုန္စီစဥ္ေပးေနတာ"

"ဪ"

အဲဒီလိုက်ေတာ့ မီးငယ္က သူမွတ္မိေနတဲ့ ကေလးေပါက္စေလးတစ္ေယာက္ မဟုတ္ေတာ့ပါလား။

¤

ျပန္အိပ္ေပ်ာ္သြားတာပဲ။ ဘယ္လိုပဲ အအိပ္ဆတ္တယ္ေျပာေျပာ စိတ္ခ်ရတဲ့ေနရာမွာ Baby အေငြ႕အသက္နဲ႔ေနရရင္ စိတ္ခ်လက္ခ်အိပ္ေပ်ာ္ေနတတ္ၿပီ။ Baby ဘယ္ေရာက္သြားတာလဲ?
ေအာက္ဆင္းလာေတာ့ Hepius က ဧည့္ခန္းမွာ Laptop ထဲ ေခါင္းစိုက္လို႔၊ Nancy နဲ႔ Lily က မီးဖိုေခ်ာင္မွာ အန္တီႀကီးနဲ႔ တြတ္ထိုးေနၾကတယ္။

"Baby ေရာ?"

"ျခံထဲမွာ"

ျခံထဲလိုက္ဆင္းလာေတာ့ Austin နဲ႔ Nick ကလည္း Baby နဲ႔အတူ စကားေျပာေနၾကတယ္။ သူတို႔ၾကည့္ရတာ အရင္ကေလာက္ ေအးစက္မေနဘူးလိုပဲ။ Baby က Lock မဟုတ္ေတာ့ဘဲ Ivy အေနနဲ႔ဆို ပိုၿပီး flexible ျဖစ္ေနတတ္တာမ်ိဳး။

"Chain, ဘာေငးေနတာလဲ? လာေလ"

"ကၽြန္ေတာ္တို႔က Chain ထက္ပိုေသာက္ထားၿပီး Chain ထက္ေစာႏိုးေနေသးတယ္။ ညက ဘာေတြပင္ပန္းထားလို႔လဲ?"

Austin က ေခၚ႐ံုေခၚလိုက္တာကို Nick က အနားကပ္ၿပီးေဖာက္ေနျပန္တာ ခပ္တိုးတိုးေပမဲ့ ေဘးကၾကားေနရတာမို႔ Baby မ်က္ႏွာကို မသိမသာအကဲခတ္ရျပန္တယ္။ စိတ္တိုသြားမွာ စိုးရတယ္ေလ။ ကိုယ္က ေငါက္မလို႔ ပါးစပ္ျပင္႐ံုရွိေသး

"ညက ငါမူးၿပီး မတည့္တာစားမိလို႔ ဒီေကာင္ေစာင့္ၾကည့္ေပးေနရတာ မအိပ္ရဘူး။ မနက္လင္းခါနီးမွအိပ္ရတာ"

"အာ ... ေခါင္းေဆာင္၊ ကၽြန္ေတာ္က Chain ကို သက္သက္မဲ့ ေနာက္လိုက္တာပါ"

Nick က ဇက္ပုၿပီး အသည္းအသန္ေျဖရွင္းရွာေပမဲ့ Baby က ေခါင္းညိတ္ျပၿပီး ေရွ႕ကပန္းကန္ထဲက အေစ့ထုတ္ထားတဲ့ Lychee ကို ယူစားေနတယ္။ သံုးေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိၿပီး အံ့ဩမိၾက႐ံုသာ။
ေျပာပါတယ္၊ Ivy က Lock လို ေဒါသမႀကီးတတ္ပါဘူးလို႔။
ခဏေနေတာ့ Austin နဲ႔ Nick တို႔ ထြက္သြားၾကၿပီး Baby ေမးလာတာက

"ငါက မင္းအေပၚ ေတာ္ေတာ္ဆိုးခဲ့တာလား?"

"ဟာ! မဟုတ္တာ။ Baby ... အဲ ... အဲဒီလိုေခၚလို႔ရလား?"

Baby ဘက္က ဘာမွမတုန္႔ျပန္တာမို႔ သေဘာတူတယ္လို႔ ယူဆလိုက္ၿပီး

"ကိုယ္ကလည္း Baby အထင္လြဲစရာကိစၥေတြ လုပ္မိတာေလ"

"Garuda party ၿပီးေတာ့ ေနာက္ေန႔မွာျဖစ္တဲ့ကိစၥကေရာ?"

"ဘယ္လို? ဘယ္လိုသိတာလဲ?"

"မသိပါဘူး။ ငါမသိလို႔ေမးတာ။ Hepius ကလည္း ေမးလို႔မရဘူး။ အတင္းေမးေတာ့မွ မင္းကိုအဲဒီလိုေမးပါတဲ့။ မင္း Paris ကျပန္လာတဲ့အထိ ငါက တအံု႔ေႏြးေႏြးနဲ႔ က်န္ခဲ့ရမွာလား?"

"Baby သိခ်င္ရင္ ကိုယ္ေျပာျပပါ့မယ္။ Baby စိတ္ဆိုးၿပီးလုပ္မိတာပါ။ တကယ္ဆို Baby မႀကိဳက္တာသိရဲ႕နဲ႔ ကိုယ္ကဇြတ္ေျပာမိေတာ့ Baby စိတ္ဆိုးသြားတာ"

"Baby ခ်င္းထပ္ေနတာပဲကြာ။ နည္းနည္းေတာ့ေလၽွာ့ေျပာ"

"အဟီး ... အဲဒီကိစၥက စျဖစ္တာ။ Baby ေခၚမိတာကေန ....."

အစအဆံုးေျပာမိၿပီးခ်ိန္မွာ

"ငါကေလ ... ငါအဲဒီေလာက္ေတာင္ လုပ္မိတာလား? မင္းက ဘာလို႔မျငင္းတာလဲ?"

"Baby က ကိုယ့္ကိုရြံတယ္၊ ထြက္သြားလို႔ ေျပာတာကိုး။ Baby ခိုင္းတာလုပ္ရင္ ကိုယ္ခ်စ္တာကို အသိအမွတ္ျပဳေပးမယ္၊ Baby လို႔ ေပးေခၚမယ္လို႔ ေျပာလာေတာ့ ..."

"ဟာ! ငါက မင္းသေဘာမတူေလာက္ဘူးထင္ၿပီး ေျပာတာေနမွာေပါ့"

"ဟုတ္တယ္ေလ။ ဒါေပမဲ့ ကိုယ္ကမွ Baby နဲ႔ မခြဲႏိုင္တာ။ ၿပီးသြားပါၿပီ။ ထပ္မေတြးနဲ႔ေတာ့"

"ငါ ဘယ္လိုမ်ား စိတ္႐ူးေပါက္ခဲ့တာလဲ? မင္းကေရာ ဘာလို႔ေသာက္ရမ္း႐ူးတာလဲ? Hepius ေျပာသလို တကယ့္လင္တ႐ူး"

"ဟား ဟား ဟား ... အဲဒီလိုေျပာခံရရင္ တကယ္သေဘာက်တယ္"

"ဘယ္လို? မင္းက ဘယ္လိုလဲကြ!"

"Baby က ကိုယ့္ရဲ႕လင္ေယာက္်ားမို႔ ကိုယ္က႐ူးေလာက္ေအာင္ခ်စ္တယ္ဆိုတဲ့ အဓိပၸါယ္ေလ"

"ေအး၊ မင္းဘာသာ လိုရာဆြဲေတြးေနကြာ။ တကယ္ကိုပါပဲ၊ ငါ့ကို မ်က္ႏွာပူေအာင္လုပ္တယ္"

"ဘာကိုလဲ Baby ရဲ႕"

"ငါနဲ႔မင္းက ေရွ႕ေလၽွာက္ မ်က္ႏွာခ်င္းမဆိုင္လို႔မရမယ့္လူေတြ။ ငါ Play room ထဲ ေခၚသြားမိဖူးတဲ့လူနဲ႔ တစ္ေလၽွာက္လံုးေတြ႕ေနရမွာေလ"

"အဲဒီလိုမေတြးပါနဲ႔။ Baby အရင္ကလည္း အဲဒီလိုမေတြးပါဘူး"

"ငါေလ Lock ဘဝထက္ Ivy ဘဝကို ပိုသေဘာက်ခဲ့တယ္ထင္ပါရဲ႕။ Lock ရဲ႕အေတြးေတြ ငါ့မွတ္ဉာဏ္ထဲ သိပ္မရွိဘူး။ အခုမင္းေျပာေတာ့ ငါမွတ္မိလိုက္တာ မ်က္ရည္က်ထားၿပီး နီရဲေနတဲ့ မင္းမ်က္လံုးေတြပဲ ငါသိတယ္"

"Baby သေဘာက်လို႔လား?"

"ဘာလို႔ေမးတာလဲ?"

"Baby က ကိုယ့္ကိုမုန္းေနေတာ့ ကိုယ္ခံစားရတာကို သေဘာက်တာလားလို႔ပါ"

မ်က္ႏွာငယ္နဲ႔ ေျပာေနတဲ့ Chain ေၾကာင့္ ညစ္ခ်င္စိတ္က ေပၚလာတယ္။

"အဲဒီလိုမ်ားလားမသိဘူး။ အဲဒီလိုဆိုရင္ေရာ မင္းဘယ္လိုလုပ္မလဲ?"

မ်က္လံုးအဝိုင္းသားနဲ႔ ၾကည့္လာၿပီး ညင္ညင္သာသာေလးျပံဳးကာ

"Baby ေပးတာဆို ဘာျဖစ္ျဖစ္ကိုယ္မျငင္းပါဘူး။ နာက်င္ရလည္း အဆင္ေျပတယ္။ မေဝးရရင္ပဲ ေက်နပ္ၿပီ"

"ေနဦး! ငါမွတ္မိၿပီ။ ေသရင္ေတာင္ Spectrum မွာ ဝိညာဥ္ျဖစ္ေနမွာဆိုတာ မင္းေျပာတာလား?"

ေတြးဆဆနဲ႔ ျဖည္းျဖည္းခ်င္းေျပာလိုက္မိတဲ့အဆံုး

"ဟာ ... Baby မွတ္မိတယ္လား?"

ဝမ္းသာအားရအသံနဲ႔ ေမးလာတာ ခုနက Chain မဟုတ္သလို

"အင္း၊ အခုပဲ ငါ့နားထဲ ၾကားလာသလိုလိုျဖစ္တာ။ မင္းခဏခဏေျပာဖူးတာလား?"

"ဟုတ္တယ္။ Baby က ကိုယ့္ကို အရွင္မထားဘူးတို႔၊ ထြက္သြားတို႔ ခဏခဏေျပာတာကိုး"

"ဪ ... မင္းငါ့ကို စိတ္မကုန္တာ ငါအံ့ဩတယ္။ ေယာက္်ားတစ္ေယာက္အေနနဲ႔ မင္းခံစားရမယ့္ ရင္ထဲကနာက်င္မႈကို ငါေတြးၾကည့္လို႔ရတယ္။ အဲဒီကိစၥအတြက္ sorry, Chain"

Chain မ်က္လံုးေတြ အရည္လဲ့လာၿပီး

"မလိုဘူး။ ထပ္မေျပာပါနဲ႔၊ ကိုယ့္အတြက္မလိုဘူးမို႔။ အဲဒီတုန္းကလည္း အျပစ္မျမင္သလို၊ ကိုယ့္ကိုဆက္မုန္းေနတဲ့ Lock ကိုလည္း ကိုယ္ခ်စ္တယ္။ အခု Ivy ကိုလည္း ကိုယ္ျမတ္ႏိုးတယ္"

"Lock က မင္းကိုမမုန္းဘူးထင္ပါတယ္။ မုန္းတယ္လို႔ ေျပာဖူးလို႔လား မင္းကို"

"မေျပာဖူးဘူး။ ဒါေပမဲ့ ကိုယ့္ကို ..."

"သေဘာမက်တာ၊ အျမင္မၾကည္တာ၊ ဥေပကၡာျပဳထားတာနဲ႔ မုန္းတာက မတူဘူးေလ။ ငါမင္းကို မမုန္းခဲ့ဘူး ထင္ပါတယ္"

"ေက်းဇူးတင္ပါတယ္ Baby, အဲဒီေလာက္နဲ႔ကို ကိုယ္ေက်နပ္ၿပီ"

"ဘာျဖစ္တာလဲ? မ်က္ရည္ဝဲတာလား?"

Chain မ်က္ေတာင္ေတြခတ္ၿပီး

"ေပ်ာ္လို႔"

ေျပာၿပီးရယ္ေနတဲ့ Chain ကို Lock တစ္ေယာက္ အထူးအဆန္းလိုၾကည့္ေနမိေတာ့တယ္။

Can the love drive us crazy?

■■■■■ Part XXVII ဆက္ရန္ ■■■■■

ဓာတ်ပုံတွေရိုက်ပြီးတော့ မပြန်ဖြစ်တဲ့လူတွေ ကျန်နေကြပြီး တကယ်ကြီး Bachelor Party လုပ်ကြပါရော။ ဘယ်တုန်းကများ ဝယ်ခြမ်းလာကြတယ်မသိတဲ့ အစားအသောက်တွေကို ခြံထဲမှာပွထနေအောင် ခင်းကျင်းထားလိုက်တာများ လူအရေအတွက်ထက်အများကြီးပိုနေမလား?
ညနက်လာလေ သောင်းကျန်းကြလေတောင် ဖြစ်နေကြသလားပဲ။

Paris ကို Mail ပို့နေရင်း စာဝင်လာတာက Hurricane ဆီက

📩 ငါ့ကိုတောင် မပြောဘူးနော် 📩

📨 မင်းသတင်းရတာကလည်း မြန်လိုက်တာကွာ။ ငါတို့လည်း မနက်ကမှ ချက်ချင်းကြီးစီစဉ်လိုက်တာ။ Paris meeting အတွက် Lily အကြံအတိုင်း လုပ်လိုက်ရတာ 📨

📩 သူက သဘောတူတယ်ပေါ့? 📩

📨 အကုန်လုံးမှ သတိမရသေးတာ 📨

📩 မင်း ပျော်လား? 📩

📨 ဟာကွာ၊ ဒါက တကယ်အတည်မှ မဟုတ်တာ 📨

📩 အဲဒါကိုတောင် မင်းပျော်နေတာပဲ 📩

📨 ငါ ပျော်နေတာလား? 📨

📩 ပျော်နေတယ်လေ။ မင်းမျက်လုံးတွေမှာ ပေါ်နေတာပဲ 📩

"Chain ရေ"

"လာပြီ၊ မီးငယ်"

📨 ခေါ်နေပြီ။ ခဏနေမှ ငါပြန်ခေါ်ပေးမယ် 📨

📩 မနက် အားတော့မှ ခေါ်ပါ။ ငါ နားချင်ပြီ။ ပျော်ရွှင်ပါစေ 📩

📨 အဲဒါဆို မနက်မှ တွေ့မယ် 📨

"Mail ပို့ပြီးပြီလား? ကိုကို့ကို လာထိန်းဦး"

"Baby ဘာဖြစ်လို့လဲ?"

"ကိုကြီးတို့၊ Bryan တို့ ဝိုင်းတိုက်ကြတာလေ"

"ဟာ ... ဒီကောင်တွေ"

Chain ပြေးဆင်းသွားတာကို Lily က

"Chain ခြေထောက်သတိထားလေ"

ခြံထဲရောက်တော့ တွေ့ပါပြီ။ ဘယ်လိုတွေ ပြဿနာလုပ်နေကြတာလဲ?

"နေမကောင်းသေးတဲ့လူကို ဘယ်လိုတောင် တိုက်လိုက်ကြတာလဲကွာ"

"ဟေ့ကောင်၊ အဖြစ်မသည်းနဲ့! ငါဆရာဝန်တစ်ယောက်လုံးရှိတယ်"

"မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး။ မျက်လုံးဖွင့်နိုင်လို့လား? Nancy, အဲဒီကောင်ကို ခေါ်သွားပါတော့ကွာ"

"Chain ရယ်၊ ရှင်ကလည်း ပိုကိုပိုတယ်"

"Chain ရေ၊ ကျွန်တော်တို့သိချင်တာရှိတယ်။ ခေါင်းဆောင်နဲ့ Chain တကယ်ချစ်တာလား?"

"မူးနေရင် ငြိမ်ငြိမ်နေကြပါကွာ"

"ငါစဉ်းစားတာက ဘယ်လို role ခွဲကြမှာလဲဆိုတာ"

"Hepius! တော်စမ်းကွာ။ ပေါက်ကရတွေမပြောနဲ့"

"ခေါင်းဆောင်က တအားမူးနေတော့ အဆင်မပြေ ..."

"တိတ်ကြစမ်း! သောက်စရာရှိတာသောက်ကြ"

"စိတ်ကြီးလိုက်တာ"

"နေခဲ့ကြကွာ။ လာ Baby, မသောက်နဲ့တော့။ နေလည်းမကောင်းတာကို"

ပွေ့ခေါ်မယ်ပြင်တော့ Bryan က

"ဟာ! မလုပ်နဲ့လေ။ ခြေထောက်ကမကောင်းသေးဘဲနဲ့။ ကျွန်တော်ပါဝိုင်းတွဲပေးမယ်"

"အေးလေ၊ ဒီကိုယ်လုံးချင်းမတိမ်းမယိမ်းကို အဲဒီခြေထောက်နဲ့ ပွေ့ချင်သေးတာလား Chain ရဲ့"

Lily အပြောကို အားလုံးဝိုင်းထောက်ခံကြပြီး Bryan က တစ်ဖက်ကနေကူတွဲပေးလို့ အိပ်ခန်းထဲရောက်လာကြတယ်။

"သွားပြီ Chain ရေ။ ဘာမှမပြောတော့ဘူးနော်။ ဟား ဟား ဟား"

Bryan ရယ်ကျဲကျဲပြောရင်း ထွက်သွားမှ Baby ကို ခုတင်ပေါ်မှာ နေရာတကျလှဲစေလိုက်တယ်။ ကိုယ့်အတွက်တော့ ထုံးစံအတိုင်း ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးတစ်လုံးနဲ့ပေါ့။ အိစက်နေတဲ့ ကြမ်းခင်းပေါ်မှာ ဘာမှထပ်မခင်းတော့ဘဲအိပ်လိုက်ဖို့ တွေးလိုက်ပြီး ကြမ်းပေါ်ထိုင်ချကာ ခုတင်ပေါ်လက်ထောက်၊ မေးတင်ပြီး ငမူးလေးကို ငေးနေမိတယ်။
ရုတ်တရက် ကိုယ့်ဘက်ကိုစောင်းအိပ်လိုက်တာကြောင့် မျက်နှာချင်းနီးကပ်လာတယ်။ အဲဒီနှုတ်ခမ်းတွေပေါ့၊ တစ်နေ့လုံးပစ်မှားလာခဲ့တာ။ အသာလေးပဲထိကပ်ပြီး ပြန်ခွာလိုက်တော့ မျက်မှောင်ကျုံ့သွားတဲ့ Baby, သိများသိရင် လက်သီးစာမိဦးမှာလို့တွေးရင်း ရယ်လိုက်မိတယ်။
အခန်းအပူချိန်ညှိ၊ ခါးတစ်ဝက်အထိ စောင်ခြုံပေးလိုက်ပြီး ကိုယ့်အိပ်ရာကိုယ် နေရာချနေတုန်းမှာ

"Chain ရေ၊ တံခါးပိတ်ပါဦးလား?"

အခန်းရှေ့ကနေအော်နေသံကြောင့် ထဖွင့်မိတော့ အခန်းကိုကျော်သွားပြီဖြစ်တဲ့ Lily က လှည့်ကြည့်လာတယ်။ ဖြတ်လျှောက်သွားရင်း တံခါးဟနေလို့ ပြောသွားတယ်ထင်ပါရဲ့။ ပြန်လှည့်လာပြီး

"တံခါးက ဟစိနဲ့"

"အင်း၊ ဘာဖြစ်လို့လဲ? အိမ်က လုံလုံခြုံခြုံပဲဟာ"

"မင်္ဂလာဦးအခန်းက အဲဒီလိုရလား?"

"ဟာကွာ၊ မနောက်ပါနဲ့"

"ဒီပွဲက တကယ်ကြီး တရားဝင်နော်"

"အပြင်လူတွေအနေနဲ့တော့ ဟုတ်တာပေါ့။ ကိုယ်တွေချင်းကတော့ ဘာလို့လုပ်လဲ သိနေတာပဲလေ"

"Spectrum မှာတော့ အကုန်လုံးက ပွဲအတုလို့မသတ်မှတ်ထားဘူးနော်"

"မီးငယ်ရယ်၊ တကယ့်အစစ်ဆိုရင်တောင် Baby မှတ်ဉာဏ်က အစစ်မဟုတ်ဘူးလေကွာ"

"Chain ကတော့ အတုဆိုရင်တောင် ပျော်တယ်မဟုတ်လား?"

တွေတွေငေးငေးလေးကြည့်ရင်းပြောလာတဲ့ Lily ကြောင့် စကားစဖြတ်လိုက်ပြီး

"Hepius တို့ ဘာဖြစ်ကုန်ပြီလဲ?"

"သေမလိုဖြစ်နေကြပြီလေ။ မှောက်နေကြတာ အခန်းထဲတောင် မနည်းထည့်ရမယ်။ အခုထိအပြင်မှာပဲ"

ပြောရင်း အခန်းထဲကိုကြည့်လိုက်တဲ့ Lily ကပဲ

"Chain က ကြမ်းပြင်ပေါ်အိပ်မလို့လား?"

"Baby နိုးလာရင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"

"ချစ်တတ်နေလိုက်တာ။ မီးငယ် သွားနားတော့မယ်။ ဪ ... မေ့တော့မလို့! မနက်ကြရင် Rapunzel ကို အကြောင်းကြားလိုက်ရမလား?"

"သူ့အစ်ကို Hurricane တစ်ယောက်လုံးရှိတာပဲ။ သိသွားမှာပဲမို့ ပြောမနေပါနဲ့တော့ကွာ"

"သူသိမှဖြစ်မှာကို။ အဲဒီမှာ Baby, Baby နဲ့ အလိုလိုက်နေလိုက်တော့။ မီးငယ် နားတော့မယ်။ Good Night"

"Have a nice dream, မီးငယ်"

¤

"အား! ခေါင်းကိုက်လိုက်တာ"

"ဟင်၊ Baby နိုးပြီလား?"

အအိပ်ဆတ်တဲ့ Chain က ထညည်းလိုက်တဲ့ Lock ကြောင့်နိုးသွားပြီး မေးမိတယ်။

"မင်းက ဘယ်လိုဖြစ်လို့ အောက်မှာရောက် ... အား၊ ခေါင်းကလည်း"

ကိုယ့်ဘာသာပြန်ကြည့်တော့ ခုတင်ကျယ်ကြီးအလယ်မှာ ကိုးယိုးကားယားအိပ်နေမိတာလား? ညက မူးပြီးမှောက်သွားတာပဲ။

"ခဏလေးနော်"

Fridge ထဲက ပျားသံပရာဖျော်ထားတာ ချက်ချင်းထယူပေးတယ်။

"သောက်လိုက်ဦး"

မော့သောက်လိုက်ပြီးမှ

"မင်းမအိပ်ဘူးလား?"

"Baby ညက ခရမ်းချဉ်သီးဆော့စ် စားမိထားတော့ allergy ဖြစ်မှာစိုးလို့ နည်းနည်းစောင့်ကြည့်တာပါ။ အိပ်ပါတယ်"

"အင်း၊ အဲဒါမတည့်တာ ငါမှတ်မိတယ်။ သောက်ရင်းနဲ့ သတိမထားမိဘဲ စားမိကုန်တာ။ မင်း ခုတင်ပေါ်တက်အိပ်လေ။ ငါရေချိုးလိုက်ဦးမယ်"

"ဒဏ်ရာတွေ သတိထားဦးနော်"

Ok ပုံစံ လက်ထောင်ပြပြီး ရေချိုးခန်းထဲဝင်သွားတော့မှ ခုတင်ပေါ်လှဲချလိုက်တယ်။ စောင့်နေမယ်လို့တွေးပြီးမှ ဘယ်လိုအိပ်ပျော်သွားလဲ မသိတော့ပါ။

Lock ပြန်ထွက်လာတော့ Chain ကအိပ်ပျော်နေပြီ။ Lock လည်း ခပ်ဖြည်းဖြည်းလှုပ်ရှားပြီး အောက်ထပ်ဆင်းလာတော့ အားလုံးတိတ်ဆိတ်လို့။ လုံခြုံရေးတာဝန်ကျသူကလွဲရင် အကုန်လုံး ကွဲပြဲနေကြပြီထင်ပါရဲ့။
ကော်ဖီစက်ရှေ့မှာ ကော်ဖီရွေးနေတုန်း

"Lock! အစောကြီးနိုးနေတာလား? ဘာဖြစ်လို့လဲ? Chain ရော?"

"ဘာမှမဖြစ်ဘူး Hepius. နိုးသွားတာနဲ့ လန်းသွားအောင်ရေချိုးပြီး ဆင်းလာတာ။ Chain က အိပ်နေတုန်း"

"ဟာ! မင်းက လန်းသွားအောင် အစောကြီးရေချိုးတယ်။ Chain ကအိပ်နေတုန်း။ အဲဒါဆို ဟို ..."

"မင်းဘာတွေးနေတာလဲ? လက်ညှိုးကလည်း ဟိုထိုးဒီထိုးနဲ့"

"အေး၊ မင်းတွေးသလိုတွေးတယ်"

"ဒါဆိုလည်း ပြီးတာပဲလေ။ ငါက ဘယ်ကော်ဖီသောက်ရမလဲ တွေးနေတာ"

"ဟေ့ကောင်! ဟိုကောင်က ဘာလို့မထတာလဲ? ဒီလောက်အအိပ်ဆတ်တဲ့လူက မင်းရေချိုးတာ သူမနိုးရအောင် ဘာဖြစ်ထားလို့လဲ?"

"ငါက ခြေသံလုံတယ်လေ။ ဟား ... ဟား ... ဟား"

"တိတ်စမ်း! ညက ဘာဖြစ်ကြလဲ?"

"အိပ်ကြတယ်လေ"

"အေး၊ အဲဒါ။ ဘယ်သူအပေါ်ကလဲ? ငါ့ကိုလည်း အဲဒါပဲဖျော်ပေး"

ပြောရင်းနဲ့ ကော်ဖီဖျော်ခိုင်းရသေးတာ။

"ငါလေ"

"ဟေ! ဟိုကောင်မထနိုင်ဘူးဆိုတော့ ထင်တော့ထင်သား"

"အင်း၊ ညက သူကောင်းကောင်းမအိပ်ရလို့"

"ဟုတ်နေပြီ"

"ဟုတ်တယ်လေ။ ငါက ခုတင်ပေါ်မှာ၊ သူက မင်းရဲ့အကောင်းစားကြမ်းခင်းကော်ဇောပေါ်မှာ အိပ်တယ်။ ငါ့ကိုစောင့်ကြည့်နေရလို့ သူကောင်းကောင်းမအိပ်ရဘူး။ ငါနိုးတော့သူနိုးတယ်။ ငါရေချိုးနေတုန်း ခုတင်ပေါ်ပြန်အိပ်ပျော်သွားတယ်"

"ဒါပဲလား?"

"ဒါပဲ"

ကော်ဖီကိုပဲ အရသာခံသောက်နေတာကို Hepius က မကျေမနပ်ကြည့်နေတာကြောင့်

"ကော်ဖီတောင် မတိုက်ချင်တာလား?"

"မင်း Chain ကိုဘယ်လိုမြင်လဲ?"

"Chain ကိုလား? အင်း ... အသားလွတ်ကြီး ကြည့်မရလိုက်၊ ရုတ်တရက်ကြီး အရမ်းရင်းနှီးသလို ခံစားရလိုက်နဲ့ပဲ"

"ပြီးတော့ရော?"

"ငါနဲ့သူ့ကြား အဆင်မပြေခဲ့ကြဘူးထင်တယ်။ သူကတော့ ငါ့ကိုတကယ်ချစ်ပုံပဲ။ ဒါပေမဲ့ သူ့ကို တစ်ခုခုကဆွဲထားသလို ငါ့ရှေ့ဆို သတိထားနေတဲ့ပုံစံမျိုး"

"မင်းအရင်က သူချစ်တာ သတိမထားမိပါဘူး။ မင်း တစ်ခုခုမှတ်မိတာရှိသေးလား?"

"ငါတို့ငယ်ငယ် ကျောင်းမပြောင်းခင်လောက်ဖြစ်မလားပဲ။ ကောင်လေးတစ်ယောက်နဲ့ ကားပေါ်မှာ စကားပြောဖူးတာ မှတ်မိတယ်။ Chain နဲ့တူသလိုပဲ"

"Chain နဲ့တွေ့တော့ ငါတို့ဆယ့်နှစ်နှစ်လေ။ မင်းကျောင်းပြောင်းတာက ငယ်သေးတာကို"

"ရောနေတာနေမှာပေါ့ကွာ။ ပြီးတော့လေ Chain ရဲ့ မျက်ရည်ဝဲနေတဲ့မျက်လုံးတွေ ငါအတွေးထဲပေါ်လာတတ်တယ်။ သူနဲ့ပတ်သက်ပြီး ငါမှတ်မိတာ အဲဒါအကုန်ပဲ။ အဖေရယ်၊ Lily ရယ်၊ ဦးငယ်ရယ်ကိုတော့ ငယ်ငယ်ကအကြောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ဂိုဏ်းထဲရောက်ပြီးမှကိစ္စတွေထက် ငယ်ငယ်ကအကြောင်းတွေ ပိုများတယ်"

"မင်းမှတ်ဉာဏ်ထဲက Positive side ကိုပဲ မင်းမှတ်မိနေတာပေါ့။ ပျော်စရာတွေပဲ မှတ်ထားချင်ခဲ့တာနေမှာ"

"ငါ တော်တော်ဆိုးခဲ့လို့လား?"

"ဆိုးတယ်ဆိုတာက Chain အပေါ်မှာ တော်တော်ဆိုးခဲ့တာ"

"ဦးငယ်ကိစ္စရယ်၊ အဖေ့ကိစ္စရယ်ကြောင့်လား? ငါအထင်တော့ အဲဒီလောက်ကြီးတဲ့အငြှိုးမျိုး မဟုတ်ဘူး။ သူ့ကိုသဘောမကျတာ ဘာရယ်လို့ အထင်အရှားပြစရာ မတွေးမိဘူး"

"အင်း၊ မင်း မုန်းနေတာမှမဟုတ်တာ"

"ငါက မုန်းတယ်လို့ ပြောဖူးခဲ့တာလား?"

"မပြောဖူးပါဘူး။ ဟိုကောင် သူ့ဘာသာထင်နေတာ"

"ဪ ..."

"သူက ငါ့ကို ဘယ်တုန်းကဖွင့်ပြောတာလဲ မင်းသိလား?"

"အင်း၊ သိပ်သိတာပေါ့။ ဒါပေမဲ့ သူပြောပြတာဖြစ်ဖြစ်၊ မင်းဘာသာ သတိရတာဖြစ်ဖြစ် စောင့်ကြည့်ပါ"

"မပြောပြချင်လည်း နေပါ။ ငါတို့အကြောင်းမေးပြီဆို မင်းတို့က အမြဲရှောင်ထွက်နေကြတာ"

ဒါကြောင့်ကို သိချင်လာသလိုလို၊ မေးချင်စိတ်ပဲ ပျောက်သလိုလိုတွေ ဖြစ်တာ။

"မင်းတို့ကြားကကိစ္စတွေက မင်းတို့ချင်းရှင်းတာ ပိုကောင်းတယ်လေ"

"အဲဒီလိုနှစ်ကိုယ်ကြားကိစ္စတွေ ရှိနေရင် ငါဘာလို့ မမှတ်မိတာလဲ?"

"မင်းက အခု negative side ကိုဖျောက်ထားတာကိုး"

"ဒါဆို ငါတို့ကြား ခပ်ဆိုးဆိုးပြဿနာတွေရှိတာပေါ့?"

"အင်း၊ မင်းက အရမ်းဆိုးတယ်"

"မီးငယ်ကလေ၊ Chain ကို တော်တော်ခင်တာလား? ငါမေးချင်တာက ... ဟို ..."

"အင်း၊ မင်းထင်သလိုပဲ။ ဒါပေမဲ့ Chain သဘောထားကိုလည်း မင်းခံစားမိတယ်မဟုတ်လား။ အဲဒါကြောင့်ပဲ မီးငယ်လေးက မင်းတို့ကိစ္စ အကုန်စီစဉ်ပေးနေတာ"

"ဪ"

အဲဒီလိုကျတော့ မီးငယ်က သူမှတ်မိနေတဲ့ ကလေးပေါက်စလေးတစ်ယောက် မဟုတ်တော့ပါလား။

¤

ပြန်အိပ်ပျော်သွားတာပဲ။ ဘယ်လိုပဲ အအိပ်ဆတ်တယ်ပြောပြော စိတ်ချရတဲ့နေရာမှာ Baby အငွေ့အသက်နဲ့နေရရင် စိတ်ချလက်ချအိပ်ပျော်နေတတ်ပြီ။ Baby ဘယ်ရောက်သွားတာလဲ?
အောက်ဆင်းလာတော့ Hepius က ဧည့်ခန်းမှာ Laptop ထဲ ခေါင်းစိုက်လို့၊ Nancy နဲ့ Lily က မီးဖိုချောင်မှာ အန်တီကြီးနဲ့ တွတ်ထိုးနေကြတယ်။

"Baby ရော?"

"ခြံထဲမှာ"

ခြံထဲလိုက်ဆင်းလာတော့ Austin နဲ့ Nick ကလည်း Baby နဲ့အတူ စကားပြောနေကြတယ်။ သူတို့ကြည့်ရတာ အရင်ကလောက် အေးစက်မနေဘူးလိုပဲ။ Baby က Lock မဟုတ်တော့ဘဲ Ivy အနေနဲ့ဆို ပိုပြီး flexible ဖြစ်နေတတ်တာမျိုး။

"Chain, ဘာငေးနေတာလဲ? လာလေ"

"ကျွန်တော်တို့က Chain ထက်ပိုသောက်ထားပြီး Chain ထက်စောနိုးနေသေးတယ်။ ညက ဘာတွေပင်ပန်းထားလို့လဲ?"

Austin က ခေါ်ရုံခေါ်လိုက်တာကို Nick က အနားကပ်ပြီးဖောက်နေပြန်တာ ခပ်တိုးတိုးပေမဲ့ ဘေးကကြားနေရတာမို့ Baby မျက်နှာကို မသိမသာအကဲခတ်ရပြန်တယ်။ စိတ်တိုသွားမှာ စိုးရတယ်လေ။ ကိုယ်က ငေါက်မလို့ ပါးစပ်ပြင်ရုံရှိသေး

"ညက ငါမူးပြီး မတည့်တာစားမိလို့ ဒီကောင်စောင့်ကြည့်ပေးနေရတာ မအိပ်ရဘူး။ မနက်လင်းခါနီးမှအိပ်ရတာ"

"အာ ... ခေါင်းဆောင်၊ ကျွန်တော်က Chain ကို သက်သက်မဲ့ နောက်လိုက်တာပါ"

Nick က ဇက်ပုပြီး အသည်းအသန်ဖြေရှင်းရှာပေမဲ့ Baby က ခေါင်းညိတ်ပြပြီး ရှေ့ကပန်းကန်ထဲက အစေ့ထုတ်ထားတဲ့ Lychee ကို ယူစားနေတယ်။ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိပြီး အံ့ဩမိကြရုံသာ။
ပြောပါတယ်၊ Ivy က Lock လို ဒေါသမကြီးတတ်ပါဘူးလို့။
ခဏနေတော့ Austin နဲ့ Nick တို့ ထွက်သွားကြပြီး Baby မေးလာတာက

"ငါက မင်းအပေါ် တော်တော်ဆိုးခဲ့တာလား?"

"ဟာ! မဟုတ်တာ။ Baby ... အဲ ... အဲဒီလိုခေါ်လို့ရလား?"

Baby ဘက်က ဘာမှမတုန့်ပြန်တာမို့ သဘောတူတယ်လို့ ယူဆလိုက်ပြီး

"ကိုယ်ကလည်း Baby အထင်လွဲစရာကိစ္စတွေ လုပ်မိတာလေ"

"Garuda party ပြီးတော့ နောက်နေ့မှာဖြစ်တဲ့ကိစ္စကရော?"

"ဘယ်လို? ဘယ်လိုသိတာလဲ?"

"မသိပါဘူး။ ငါမသိလို့မေးတာ။ Hepius ကလည်း မေးလို့မရဘူး။ အတင်းမေးတော့မှ မင်းကိုအဲဒီလိုမေးပါတဲ့။ မင်း Paris ကပြန်လာတဲ့အထိ ငါက တအုံ့နွေးနွေးနဲ့ ကျန်ခဲ့ရမှာလား?"

"Baby သိချင်ရင် ကိုယ်ပြောပြပါ့မယ်။ Baby စိတ်ဆိုးပြီးလုပ်မိတာပါ။ တကယ်ဆို Baby မကြိုက်တာသိရဲ့နဲ့ ကိုယ်ကဇွတ်ပြောမိတော့ Baby စိတ်ဆိုးသွားတာ"

"Baby ချင်းထပ်နေတာပဲကွာ။ နည်းနည်းတော့လျှော့ပြော"

"အဟီး ... အဲဒီကိစ္စက စဖြစ်တာ။ Baby ခေါ်မိတာကနေ ....."

အစအဆုံးပြောမိပြီးချိန်မှာ

"ငါကလေ ... ငါအဲဒီလောက်တောင် လုပ်မိတာလား? မင်းက ဘာလို့မငြင်းတာလဲ?"

"Baby က ကိုယ့်ကိုရွံတယ်၊ ထွက်သွားလို့ ပြောတာကိုး။ Baby ခိုင်းတာလုပ်ရင် ကိုယ်ချစ်တာကို အသိအမှတ်ပြုပေးမယ်၊ Baby လို့ ပေးခေါ်မယ်လို့ ပြောလာတော့ ..."

"ဟာ! ငါက မင်းသဘောမတူလောက်ဘူးထင်ပြီး ပြောတာနေမှာပေါ့"

"ဟုတ်တယ်လေ။ ဒါပေမဲ့ ကိုယ်ကမှ Baby နဲ့ မခွဲနိုင်တာ။ ပြီးသွားပါပြီ။ ထပ်မတွေးနဲ့တော့"

"ငါ ဘယ်လိုများ စိတ်ရူးပေါက်ခဲ့တာလဲ? မင်းကရော ဘာလို့သောက်ရမ်းရူးတာလဲ? Hepius ပြောသလို တကယ့်လင်တရူး"

"ဟား ဟား ဟား ... အဲဒီလိုပြောခံရရင် တကယ်သဘောကျတယ်"

"ဘယ်လို? မင်းက ဘယ်လိုလဲကွ!"

"Baby က ကိုယ့်ရဲ့လင်ယောက်ျားမို့ ကိုယ်ကရူးလောက်အောင်ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေ"

"အေး၊ မင်းဘာသာ လိုရာဆွဲတွေးနေကွာ။ တကယ်ကိုပါပဲ၊ ငါ့ကို မျက်နှာပူအောင်လုပ်တယ်"

"ဘာကိုလဲ Baby ရဲ့"

"ငါနဲ့မင်းက ရှေ့လျှောက် မျက်နှာချင်းမဆိုင်လို့မရမယ့်လူတွေ။ ငါ Play room ထဲ ခေါ်သွားမိဖူးတဲ့လူနဲ့ တစ်လျှောက်လုံးတွေ့နေရမှာလေ"

"အဲဒီလိုမတွေးပါနဲ့။ Baby အရင်ကလည်း အဲဒီလိုမတွေးပါဘူး"

"ငါလေ Lock ဘဝထက် Ivy ဘဝကို ပိုသဘောကျခဲ့တယ်ထင်ပါရဲ့။ Lock ရဲ့အတွေးတွေ ငါ့မှတ်ဉာဏ်ထဲ သိပ်မရှိဘူး။ အခုမင်းပြောတော့ ငါမှတ်မိလိုက်တာ မျက်ရည်ကျထားပြီး နီရဲနေတဲ့ မင်းမျက်လုံးတွေပဲ ငါသိတယ်"

"Baby သဘောကျလို့လား?"

"ဘာလို့မေးတာလဲ?"

"Baby က ကိုယ့်ကိုမုန်းနေတော့ ကိုယ်ခံစားရတာကို သဘောကျတာလားလို့ပါ"

မျက်နှာငယ်နဲ့ ပြောနေတဲ့ Chain ကြောင့် ညစ်ချင်စိတ်က ပေါ်လာတယ်။

"အဲဒီလိုများလားမသိဘူး။ အဲဒီလိုဆိုရင်ရော မင်းဘယ်လိုလုပ်မလဲ?"

မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာပြီး ညင်ညင်သာသာလေးပြုံးကာ

"Baby ပေးတာဆို ဘာဖြစ်ဖြစ်ကိုယ်မငြင်းပါဘူး။ နာကျင်ရလည်း အဆင်ပြေတယ်။ မဝေးရရင်ပဲ ကျေနပ်ပြီ"

"နေဦး! ငါမှတ်မိပြီ။ သေရင်တောင် Spectrum မှာ ဝိညာဉ်ဖြစ်နေမှာဆိုတာ မင်းပြောတာလား?"

တွေးဆဆနဲ့ ဖြည်းဖြည်းချင်းပြောလိုက်မိတဲ့အဆုံး

"ဟာ ... Baby မှတ်မိတယ်လား?"

ဝမ်းသာအားရအသံနဲ့ မေးလာတာ ခုနက Chain မဟုတ်သလို

"အင်း၊ အခုပဲ ငါ့နားထဲ ကြားလာသလိုလိုဖြစ်တာ။ မင်းခဏခဏပြောဖူးတာလား?"

"ဟုတ်တယ်။ Baby က ကိုယ့်ကို အရှင်မထားဘူးတို့၊ ထွက်သွားတို့ ခဏခဏပြောတာကိုး"

"ဪ ... မင်းငါ့ကို စိတ်မကုန်တာ ငါအံ့ဩတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ မင်းခံစားရမယ့် ရင်ထဲကနာကျင်မှုကို ငါတွေးကြည့်လို့ရတယ်။ အဲဒီကိစ္စအတွက် sorry, Chain"

Chain မျက်လုံးတွေ အရည်လဲ့လာပြီး

"မလိုဘူး။ ထပ်မပြောပါနဲ့၊ ကိုယ့်အတွက်မလိုဘူးမို့။ အဲဒီတုန်းကလည်း အပြစ်မမြင်သလို၊ ကိုယ့်ကိုဆက်မုန်းနေတဲ့ Lock ကိုလည်း ကိုယ်ချစ်တယ်။ အခု Ivy ကိုလည်း ကိုယ်မြတ်နိုးတယ်"

"Lock က မင်းကိုမမုန်းဘူးထင်ပါတယ်။ မုန်းတယ်လို့ ပြောဖူးလို့လား မင်းကို"

"မပြောဖူးဘူး။ ဒါပေမဲ့ ကိုယ့်ကို ..."

"သဘောမကျတာ၊ အမြင်မကြည်တာ၊ ဥပေက္ခာပြုထားတာနဲ့ မုန်းတာက မတူဘူးလေ။ ငါမင်းကို မမုန်းခဲ့ဘူး ထင်ပါတယ်"

"ကျေးဇူးတင်ပါတယ် Baby, အဲဒီလောက်နဲ့ကို ကိုယ်ကျေနပ်ပြီ"

"ဘာဖြစ်တာလဲ? မျက်ရည်ဝဲတာလား?"

Chain မျက်တောင်တွေခတ်ပြီး

"ပျော်လို့"

ပြောပြီးရယ်နေတဲ့ Chain ကို Lock တစ်ယောက် အထူးအဆန်းလိုကြည့်နေမိတော့တယ်။

Can the love drive us crazy?

■■■■■ Part XXVII ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі