1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
11. Reason
*Ring ... Ring ... Ring*

"Chain, ငါအခုပဲ အိမ္ျပန္ေရာက္တာ။ ကိစၥရွိလို႔လား။"

"ေအး၊ မင္းကိုစိတ္ပူလို႔ဆက္တာပါ။ ေဆး႐ံုဝင္လိုက္ေသးလို႔ ခုမွအိမ္ေရာက္တာလား။"

"အင္း၊ Nancy က အိမ္မျပန္ျဖစ္ဘူးဆိုလို႔ ေဆး႐ံုမွာဝင္ေတြ႕တာ။"

"ေအးပါ၊ ခ်စ္ၾကပါ။ ဟာဟ"

"အသံကိုက အူျမဴးေနတာ။ ငါျပန္သြားၿပီး ဘာျဖစ္ေသးလဲ။"

"အဟီး၊ သတင္းေကာင္းပါ။"

"ေျပာၾကည့္ေလ။"

"ေခါင္းနည္းနည္းထိသြားတယ္၊ အဟဲ။"

"ေဟ့ေကာင္၊ ေပ်ာ္စရာပါလား။"

"ပါတာေပါ့။ ဘာလုပ္လို႔ေခါင္းေပါက္လဲ သိလား။ အခုအေျခအေနဘယ္လိုလဲ သိလား။"

"ဒီေလာက္ရြပိုးထိုးေနတာ အသက္နဲ႔ေဝးမွန္း ငါသိတယ္။ မေျပာခ်င္မေျပာနဲ႔။ သိလားလို႔ေမးရေအာင္ မင္းကေျပာေသးလို႔လား။ ေသာက္႐ူးကိုထတယ္။"

"မင္းကလည္း ... ေျပာမွာပါ။"

Chain က အေပၚထပ္ကိုလွမ္းၾကည့္ၿပီး Lock အလစ္ကို check လိုက္ေသးတာ။

"ေျပာ၊ ဟိုေကာင္ကို မင္း ဘာသြားလုပ္လိုက္လို႔လဲ။"

"Baby အသိစိတ္မလြတ္ဘဲနဲ႔ ရလိုက္တဲ့ Kiss ေလ။"

"ဘာ ... အဲဒါကို ေခါင္းပဲေပါက္႐ံုနဲ႔ရလား။"

"ရတယ္၊ ရတယ္။ ငါ့ကို ေဆးျပန္ထည့္ေပးေသးတယ္။"

"အမ္၊ ငါအိပ္မက္မက္ေနတာလား။ မင္း႐ူးသြားတာလား။"

"တကယ္ပါဆို။"

Chain ကရွင္းျပအၿပီး

"Chain, စိတ္ေအးေအးထား၊ ႐ူးတတ္တယ္ေနာ္။ ၿပီးေတာ့ မင္းဟာေလးကို ေသခ်ာေစာင့္ၾကည့္။ အဲဒီေကာင္ တစ္ခုခုၾကံစည္ေနၿပီ။"

"မင္းကလည္းကြာ၊ ခဏေလးေတာ့ ေပးေပ်ာ္ပါ။ ငါလည္းေတြးမိပါတယ္။"

"Sorry. ငါက မင္းတို႔ကိုစိတ္ပူလို႔ပါ။ ဒါနဲ႔၊ First Kiss လို႔ သြားေျပာေသးတယ္ေနာ္၊ အရွက္မရွိ။"

"အမွန္ပဲေလ။ သူအသိစိတ္ရွိတုန္းအေျခအေနမွာ ရတဲ့အနမ္းက ဒါပထမဆံုးပဲ။"

"ဘယ္ႏွခါေလာက္ ခိုးနမ္းဖူးလဲ။"

"ဟာ၊ ေဆးတိုက္ဖူးတာပါကြာ။ ဆယ္ႏွစ္ေက်ာ္အတြင္းမွာ ေလးခါတည္းပါ။ ခုမွ ငါးႀကိမ္ေျမာက္နဲ႔ First Kiss."

"ဟမ္ ... ဘာလဲ၊ ဘာေျပာတာလဲ မၾကားဘူး။ က်ယ္က်ယ္ေျပာ။"

"ေအး၊ ငါ့သာ လာသတ္လိုက္ေတာ့။ မင္းပါပါး ၾကားသြားမယ္ေလ ငါ့သားရဲ႕။"

"$@#$$%%%^*&^$#, ငါပဲအ႐ိုင္းအစိုင္းျဖစ္ၿပီ။ ေျပာဦးမွာ၊ မင္းလင္ကို အဲဒီအေၾကာင္းေတြေျပာဦးမွာ။ မင္း ေသဖို႔ျပင္ထား။"

"အေဖေတြကို မေစာ္ကားနဲ႔။ အခုေတာင္ ေျမမ်ိဳခံရလို႔ အရပ္ကမရွည္ဘူး။"

"အရပ္အေၾကာင္းမေျပာနဲ႔။ မင္းတို႔သာ တာဝါတိုင္ျဖစ္ေနၾကတာ။ ငါမပုဘူး။"

"ဟုတ္တယ္၊ မရွည္႐ံုေလးပါပဲ။"

"Mother f***er! မင္းဒဏ္ရာေတြထပ္ေနတာ ငါ့ကိုမခန္႔ေလးစားလုပ္လို႔ေလ၊ မမွတ္ေသးဘူးလား။"

"ေၾကာက္ေတာင္လာၿပီ။"

"ေအး၊ ေၾကာက္ေနလိုက္။ Garuda က မင္းတို႔ကိုရွာေနတယ္။"

"အင္း၊ သိတယ္။ အခု သူလၽွိဳကိစၥက ပို႐ႈပ္ေနတာ။ ဒီရက္ပိုင္းထဲေတာ့ Spectrum ကို ျပန္လို႔ရမွာပါ။"

"အင္း။ ျမန္ျမန္ျပန္၊ မင္းျမန္ျမန္ေသမွ ငါလည္းနားရမွာ။"

"ဟာ၊ ေသစရာလား။"

"ျပန္ေရာက္ရင္ မင္းကိုဒီတိုင္းထားမယ္ထင္လို႔ ေျပာေနတာလား။"

"တစ္ေလသံတည္းပဲ မင္းတို႔ေတြက။ ေတာ္ၿပီ၊ ၾကည္ႏူးေနတာေလး ေပ်ာက္ေတာ့မွာပဲ။ Spectrum ကိစၥေလးေတြ လုပ္လိုက္ဦးမယ္။"

"Good luck!"

Hepius ဖုန္းခ်သြားေတာ့ Chain လည္း ရင္ဘတ္ဖိရင္း၊ ကိုယ့္ရင္ခုန္သံ ကိုယ္ျပန္စမ္းသပ္မိေနရင္း လူကလြင့္ေနသလို။ မျဖစ္ေသးဘူး၊ လုပ္စရာကိစၥေတြကမနည္းဘူး။ အလုပ္လုပ္ရမယ္။ ကိုယ့္စိတ္ကိုယ္ျပန္ဖမ္းၿပီး အာ႐ံုစုစည္းရျပန္ေတာ့တယ္။

Mail ကိုဖြင့္လိုက္ေတာ့ ေရာက္ေနတဲ့စာတစ္ေစာင္က ကိုယ္မသိတဲ့တစ္စံုတစ္ေယာက္ဆီက။ Security အျပည့္နဲ႔မို႔ ကိုယ့္ဆီ Unknown Contact နဲ႔ Mail ပို႔မရသလို၊ ဒီ ID ကိုသိတဲ့လူအေရအတြက္က လက္တစ္ဖက္စာမျပည့္။ စစ္ၾကည့္လိုက္ေတာ့ ID ရဲ႕တည္ေနရာက ေကာ္ဖီဆိုင္ေလးတစ္ေနရာကို ညႊန္ျပေနတယ္။ ဖြင့္ဖတ္လိုက္ဖို႔ လြယ္လြယ္ဆံုးျဖတ္လိုက္မိတာ ဘာလို႔မွန္းမသိ။

📩 ခုခ်က္ခ်င္း လာရင္လာ။ ေနာက္မွဆို တုတ္ေကာက္ခဲ့။ 📩

ဘာလဲ၊ ဒါက ... ဘယ္သူလို႔ ဆိုလိုခ်င္တာလဲ။ ကိုယ္ထင္ေနတဲ့သူလား။ ခ်က္ခ်င္းပဲ စာျပန္လိုက္မိတယ္။

📨 Did the Thief steal the tea? 📨

သိခ်င္စိတ္ေၾကာင့္ ဘာမွမလုပ္ဘဲ ဒီတိုင္းထိုင္ၾကည့္ေနတာ တစ္မိနစ္ၾကာၿပီးေနာက္

📩 I got it! Mr. Nanny. 📩

📨 မီးငယ္ 📨

📩 ဟုတ္၊ ရွာလိုက္ရတာ။ ဘယ္လို ID ႀကီးလဲ။ ေတာ္ေတာ္ခ်စ္တယ္ဟုတ္လား။ 📩

မမွားပါဘူး။ ကိုယ္နဲ႔ပတ္သက္သမၽွ Password ေတြ၊ ID ေတြက Baby နဲ႔ပတ္သက္တာေတြခ်ည္းပါပဲ။ ဒီကေနေျပာရတာမလံုျခံဳသလိုမို႔ စာေတြကိုၾကည့္မိေတာ့ ဟိုးအစကစာႏွစ္ေၾကာင္းက ပ်က္သြားၿပီ။

ဟုတ္ပါတယ္ေလ။ အခုေျပာေနတာ ဘယ္သူနဲ႔မို႔လို႔လဲ။
ထိတ္ထိတ္ၾကဲ Top 3 Hacker, Techno Lady, Spectrum Princess, Lily ပဲေပါ့။
ပထမဆံုးပို႔ထားတဲ့စာေၾကာင္းက သူငယ္ငယ္က ေျပာေနက်စကားတစ္ခြန္း။ Chain အလုပ္မ်ားေနလို႔ အနားမကပ္ရရင္ အတင္းလိုက္ရွာ၊ ေအာ္ေခၚၿပီး ႀကိမ္းေနက်စကားေလး။ တစ္ခါတစ္ခါ Chain အိမ္မွာမရွိလို႔ ဘယ္လိုမွရွာမရရင္ သူ႔ေရွ႕ေရာက္လာတဲ့အခါမွ ေျပာမသြားရေကာင္းလားဆိုတာက အစျပဳလို႔ မေက်နပ္တာေတြစုၿပီး ေက်ာေကာ့ေအာင္ထု႐ိုက္ပစ္တတ္တာ Lily ဆိုတဲ့ လူဆိုးမေလး။
လက္ဖက္ရည္နဲ႔မတည့္လို႔ မတိုက္တာကို ကိုယ္ေသာက္မလို႔ထားတာေတြခိုးၿပီး Iced Tea လုပ္ေသာက္ပစ္တတ္တဲ့ တစ္ဇြတ္ထိုးေလး။
ကိုယ့္ကို Mr. Nanny လို႔ေခၚတတ္တဲ့ ၾကက္တူေရြးမေလး။

📨 ေအး၊ ေတာ္လြန္းပါတယ္။ ဘာအေရးႀကီးလို႔လဲ။ 📨

📩 ကိုကိုက တအားႏွိပ္စက္တယ္ဆို။ ဘယ္ေတာ့ျပန္လာမွာလဲ။ Violet ကို ဘယ္အခ်ိန္ထိ အက်ယ္ခ်ဳပ္လုပ္ထားမွာလဲ။ 😢📩

📨 😃 မႏွိပ္စက္ပါဘူး။ ဘယ္ကၾကားလို႔လဲ။ ျပန္လာေတာ့မွာပါ။ Violet လံုျခံဳေရးအတြက္မို႔ ခဏေလးပဲသည္းခံေပးပါ မီးငယ္။ 📨

📩 အင္း၊ ကိုႀကီး Hepius ကို ေန႔တစ္ဝက္ေလာက္အစ္ေအာက္ေမးၿပီးမွ တစ္ခြန္းပဲၾကားလိုက္ရတာေလ။ သူတို႔ တတိယကမ႓ာစစ္ တိုက္ေနႏိုင္ေသးတယ္တဲ့။ ဒါနဲ႔ Chain, Bermuda ေတြ ဒီဘက္ကိုေျခလွမ္းေနတယ္တဲ့။ သူတို႔က ဂ်ပန္မွာပဲအနည္ထိုင္ေနၿပီး ခုမွဘာျဖစ္ၾကတာလဲမသိဘူး။ 📩

Bermuda? တိုးတိုးေလးေရရြတ္လိုက္မိတာ ကိုယ့္ရင္ထဲ ဒိန္းခနဲျမည္သြားသလို။ သူတို႔က ဒီကိုဘာလာလုပ္ခ်င္တာလဲ။ ဘယ္သူေတြကို လႊတ္လိုက္တာလဲဆိုတာ သိရမွျဖစ္မယ္။

📨 တျခားဘာထူးေသးလဲ။ 📨

📩 Hurricane ျပန္ေရာက္ေနတယ္။ 📩

📨 ဘယ္လို၊ ဒါဆို Rapunzel ကေရာ။ 📨

📩 အဲဒီမွာ စိတ္ပူေနလိုက္။ ျပန္လာၿပီ။ ကိုကို႔ကို ဘယ္နားသြားဝွက္ထားခ်င္လဲ။ ပင္ပန္းပါတယ္၊ Lily ဆီသာလာခဲ့ရင္ လံုးဝ Peace ေနာ္။ 📩

📨 ကေလးက ကေလးလိုေနပါကြာ။ ဘာေျပာစရာရွိေသးလဲ။ 📨

📩 ဟုတ္ကဲ့၊ မက်န္ေတာ့ဘူး အဘိုးရယ္။ Bermuda ကိစၥေျပာခ်င္လို႔ ဆက္သြယ္လိုက္တာ။ Garuda ကိုလည္း သတိထားပါေနာ္။ ျမန္ျမန္လည္းျပန္လာခဲ့။ Rapunzel ျပန္လာၿပီဆိုလို႔ ကိုကို႔ကိုဝွက္မထားခဲ့နဲ႔ဦး။ 😜 📩

📨 👌 C u soon မီးငယ္ 📨

တစ္ေၾကာင္းၿပီးတစ္ေၾကာင္းပ်က္သြားတဲ့ စာေၾကာင္းေလးေတြကိုၾကည့္ရင္း Rapunzel တို႔ေမာင္ႏွမအေၾကာင္း ေတြးမိျပန္တယ္။
Baby ေက်ာင္းတက္ေနတုန္းက တပူးတြဲတြဲရွိလြန္းလို႔ သမီးရည္းစားေတြလို႔အထင္ခံခဲ့ရတဲ့ ဆံပင္ရွည္ေတြ မညႇပ္တမ္းထားတတ္တဲ့ Baby ရဲ႕ BFF ပါဆိုတဲ့ မိန္းမေခ်ာေလး။
Baby က Spectrum ထဲ ဘဝႏွစ္လိုက္ခ်ိန္မွာ သူကအီတလီကိုထြက္သြားၿပီး Architect တစ္ေယာက္ျဖစ္လာခဲ့သူ။
အစ္ကိုျဖစ္သူ Hurricane က ကိုယ္ေတြနဲ႔လုပ္ငန္းပါတနာ Blue Diamond ရဲ႕ Head. လုပ္ငန္းတိုးခ်ဲ႕ထားတဲ့အီတလီကို လြန္ခဲ့တဲ့သံုးလကထြက္သြားၿပီး ျပန္လာေတာ့ ညီမကိုပါျပန္ေခၚလာခဲ့ပံုရတယ္။

ဒါေတြကအေရးမႀကီးဘူး။ Bermuda ကိစၥ၊ ကိုယ့္ဂိုဏ္းထဲက Spy ျပႆနာ၊ ၿပီးေတာ့ ဂဠဳန္ႀကီးရဲ႕ဉာဏ္ေရာင္စံုေတြကို ေသခ်ာစံုစမ္းရမယ္။
Baby လံုျခံဳေရးက ပထမ၊ Baby တစ္ေယာက္ Spectrum ကို အႏၲရာယ္ကင္းကင္းျပန္ေရာက္ဖို႔က ဒုတိယ၊ Baby ကို ဒုကၡမေပးႏိုင္ခင္ Garuda ကိုဦးခ်ိဳးဖို႔က တတိယပဲ။
Hepius ၾကားရင္ ကိုယ့္ကို လင္တ႐ူးဆိုၿပီး ေထာပနာျပဳဦးမွာပါပဲ။

¤¤¤

Chain တစ္ေယာက္ ျပႆနာေပါင္းစံုကို ေခါင္းထဲထည့္ၿပီးအေျဖရွာေနခ်ိန္ အေပၚထပ္အခန္းထဲက Lock မွာလည္း ခုတင္ေျခရင္းၾကမ္းျပင္မွာထိုင္ကာ စာအုပ္ေတြခ်ထားၿပီး မဖတ္ျဖစ္ဘဲ ေဆးလိပ္ခဲလို႔ စဥ္းစားခန္းဝင္ေနဆဲ။

Red မွာ သူလၽွိဳရွိတယ္ဆိုတာကို ဘယ္သူလဲလို႔ေတြးလို႔မရ။ Chain က ဘယ္လိုသိသြားတာလဲ။ ဘယ္ကလႊတ္လိုက္တဲ့သူလၽွိဳလဲ။
ဟိုတစ္လက Orange Zone မွာ Casper တစ္ေကာင္ဝင္ခိုေနတာ မိသြားေသးတာကို အခု Red အထိ ေရာက္လာၿပီလား။ Casper ဆိုတာက ေၾကးစားေတြမို႔ တစ္ဖက္ကငွားတဲ့အတိုင္းလႈပ္ရွားတာေၾကာင့္ သတင္းေပး႐ံုသာရွိၿပီး Red ထဲဆိုရင္ေတာ့ အနည္းဆံုး သံုးႏွစ္သက္တမ္းရွိေနတဲ့လူျဖစ္ေနၿပီ။
အခုထိ ကိုယ္ေတြမသိခဲ့တာေၾကာင့္ ႀကီးႀကီးမားမားမလႈပ္ရွားေသးတာ ေသခ်ာတယ္ဆိုေပမဲ့ အခ်ီႀကီးတစ္ခုခုအတြက္ လက္သည္းဝွက္ထားတဲ့အၾကံပဲျဖစ္မယ္။
Chain ကေတာ့ ဘယ္သူဆိုတာသိေနပံု။ သက္ေသရွာေနတယ္ဆိုတဲ့စကားအရ သံသယရွိသူက ရွိေနၿပီးသား။
"သူလၽွိဳက Red ထဲမွာမဟုတ္ဘဲ Violet ထဲဲမွာလား" လို႔ ေမးလိုက္ရင္လည္း သူနဲ႔ကိုယ္သတ္ရဦးမယ္။
Chain နဲ႔ပတ္သက္ၿပီး အေဖနဲ႔ဦးငယ္တို႔ကိစၥေတြအထိ ေနာက္ေၾကာင္းျပန္လိုက္ေတာ့လည္း သံသယျဖစ္စရာမရွိ။ ကိုယ္တိုင္က အေဖ့ကိစၥမွာ Chain အၾကံအစည္တစ္ခုခုရွိရမယ္လို႔ ယံုၾကည္ေနတာကလြဲရင္ ဘာသဲလြန္စမွမရခဲ့။

Lily က Chain ကို သိပ္ခ်စ္ေနျခင္းကိုလည္း မႀကိဳက္ေပမဲ့ ညီမကိုတြန္႔တိုျခင္းမ်ိဳးထက္ပိုၿပီး၊ မသကၤာသူမို႔ အနားမကပ္ေစခ်င္ဘူးရယ္လို႔လည္း ေျပာလို႔မရတာေၾကာင့္ Lily အတြက္လည္း အပူကတစ္မ်ိဳး။
Chain နဲ႔ျပႆနာတက္ၿပီးေတာ့ Hepius ကိုအေၾကာင္းၾကားေပးၿပီး Studio မွာ သြားအိပ္တဲ့ညက ကိုယ္တို႔ေမာင္ႏွမေတြ သူ႔အတြက္နဲ႔ ဖုန္းထဲကေနရန္ျဖစ္ရေသးတာလည္း မေက်နပ္ဘူး။
Violet ကိုျပန္ေရာက္ၾကေတာ့ Lily က အတင္းေမးၿပီးရန္လုပ္ခ်င္ေသးတာမို႔ Lily ကိုေရာ၊ Chain နဲ႔ Hepius ကိုပါ ေရွာင္ေနမိတာ ကိုယ္နားပူမခံခ်င္႐ံုသက္သက္အျပင္ ........

မညာတမ္းဝန္ခံရရင္ Chain ဖြင့္ေျပာလာေတာ့ တကယ္ႀကီး Shock ရခဲ့တာ။ ကိုယ့္ညီမကိုေတာ့ သူ႔ကိုတမ္းတမ္းစြဲေအာင္ေနျပၿပီး ကိုယ့္ကိုေတာ့ ေယာက္်ားခ်င္းခ်စ္ရလားဆိုတဲ့အေတြးနဲ႔ ေဒါသျဖစ္ရာက အလြန္အကၽြံေတြျဖစ္ကုန္တာ။
ကိုယ့္တစ္သက္လံုး အျမင္မၾကည္ခဲ့တဲ့သူက ဒီလိုေျပာလာတာရယ္၊ ကိုယ့္ထက္အငယ္က ေယာက္်ားခ်င္း Baby လို႔ေခၚၿပီး ရန္စေနတာရယ္၊ အဲဒီမနက္ကပ်ံ႕ႏွံ႔သြားတဲ့ သတင္းေတြရယ္ေၾကာင့္ စိတ္တိုေနခ်ိန္မွာ တစ္သက္လံုးကိုယ္ႏိုင္လာတဲ့လူက အခုလည္း ကိုယ့္ဆီက ေတာင္းဆိုေနတာေၾကာင့္ စိတ္ေပါက္ေပါက္နဲ႔ ခပ္႐ိုင္း႐ိုင္းဆံုးျဖတ္ခဲ့မိျခင္း။
ကိုယ့္ေဒါသေတြ ေပါက္ကြဲအားကုန္သြားေတာ့မွ သူ႔ပံုစံကိုသတိထားမိၿပီး ကိုယ့္ကိုကိုယ္လန္႔ကာ သူ႔ကိုထားၿပီးထြက္လာခဲ့တာ။ အရမ္းလြန္သြားၿပီလားဆိုတဲ့အေတြးနဲ႔ Hepius ကို ေခၚခိုင္းလိုက္မိတယ္။ Hepius ဆိုတာ ငယ္သူငယ္ခ်င္းတစ္ျဖစ္လည္း၊ Family Doctor မို႔ ဒီလိုကိစၥေတြသိသြားလို႔လည္း သံုးေယာက္ၾကားျပႆနာမရွိႏိုင္ဘူးလို႔ ေတြးမိေပမဲ့ အဲဒီဆရာဝန္ပိစိက ကိုယ့္ကို အႀကီးအက်ယ္အျပစ္တင္လာေတာ့ သူ႔ကိုပါ ေရွာင္ေနလိုက္ေတာ့တယ္။
Chain ကို မ်က္ႏွာခ်င္းမဆိုင္ခ်င္တာ ဘာရယ္လို႔အေၾကာင္းျပခ်က္ရွာမရ။
တကယ္ဆို သူကေရာ ဘာလို႔မျငင္းတာလဲ။ ကုိယ္ခံပညာခ်င္းယွဥ္ရင္ သူကကိုယ့္ထက္သာတာ ကိုယ္ေတြအသိဆံုး။ ဒါကို သူ႔အေပၚအေႂကြးတင္သြားေအာင္ ေခါင္းညိတ္ခဲ့တာလားလို႔ ေတြးမိရင္ ေဒါသကထြက္လာရျပန္တာ ကိုယ့္ဒုကၡတစ္မ်ိဳး။

ျပန္ေတြးၾကည့္မိေတာ့ Chain ဆိုတာ ကိုယ္နဲ႔ပတ္သက္လာရင္ ဘယ္ေလာက္ပဲ မ်က္ႏွာသာမေပးလည္း ကိုယ့္အတြက္အျမဲဦးစားေပးၿပီး အႏြံအတာခံတတ္သူ။ ေက်းဇူးရွင္ရဲ႕ေသြးသားမို႔၊ ေခါင္းေဆာင္ရဲ႕သားမို႔၊ ေခါင္းေဆာင္မို႔လို႔ ဆိုတာေတြထက္ကို သူ႔ဘက္ကသိသိသာသာ ကိုယ့္မ်က္ႏွာကိုပဲၾကည့္ေနတတ္သူ။
ဒီလိုေတြျဖစ္သြားေတာ့လည္း အျပစ္တင္ခ်င္တဲ့အမူအရာ တစ္စက္ကေလးေတာင္ သူ႔ဆီမွာမေတြ႕ရ။
အဲဒီေန႔က သိသိခ်င္း သူအံ့ဩသြားပံုရေပမဲ့ စိတ္ညႇိဳ႕ခံရသူလို ကိုယ့္ႀကိဳးဆြဲရာကခဲ့တာ။
ကိုယ္သတိဝင္တဲ့အခ်ိန္ သူက ခုတင္ေျခရင္းမွာ ကိုယ္ဗလာနဲ႔လဲေနၿပီး တစ္ကိုယ္လံုးဒဏ္ရာေတြနဲ႔။ ဒါေတာင္ သူကိုယ့္ကိုၾကည့္တဲ့အၾကည့္ေတြထဲ ေဒါသလံုးဝမပါဘူး။ မ်က္ရည္က်ထားပံုရတဲ့ သူ႔မ်က္လံုးေတြက သိပ္ကိုသိမ္ေမြ႕ေပမဲ့ ေပ်ာ့ညံ့တာမ်ိဳးမဟုတ္။ အၾကည့္ေတြသိပ္ၿပီးစူးရွေပမဲ့ ႐ိုင္းစိုင္းမေနတာေတာ့ သတိထားမိပါရဲ႕။ မ်က္ရည္ေတြကလည္း အသားနာလို႔က်ခဲ့တာေတာ့ ဟုတ္ပံုမရပါဘူး။
စိတ္ေရာ၊ ကိုယ္ေရာ ခ်ိဳးဖဲ့ခံေနရတာေတာင္ အသံတစ္ခ်က္မထြက္ခဲ့ဘဲ အ႐ုပ္လိုၿငိမ္ခံေနတဲ့သူ႔ကို စိတ္ထင္ရာလုပ္ပစ္မိတာ ကိုယ္ကနတ္ဆိုးလိုပဲလို႔ Hepius ေျပာေတာ့ မျငင္းမိဘူး။

"မင္းဆိုရင္ေရာ မင္းခ်စ္တဲ့သူကအဲဒီလုိုလုပ္ရင္ သူ႔လိုၿငိမ္ခံေနမွာလား" ဆိုတဲ့ Hepius အေမးကို

"သူ႔စိတ္ေတြမ႐ိုးသားတာ မင္းဘယ္တုန္းကသိတာလဲ၊ ဘာလို႔ငါ့ကို ဖံုးကြယ္ထားတာလဲ" လို႔ ျပန္မေအာ္မိခဲ့ဘူး။
ကိုယ္သာဆိုရင္လို႔ေတြးမိတဲ့အခ်ိန္ ဒီကိစၥဘယ္လိုမွမျဖစ္ႏိုင္တာေၾကာင့္ သူ႔အခ်စ္ကို အသိအမွတ္မျပဳခ်င္လည္းျပဳခဲ့ရတယ္။
သူဘယ္လိုသည္းခံခဲ့တာလဲ ကိုယ္မသိဘူး။ ကတိအတိုင္း Baby လို႔ ေခၚခြင့္ျပဳခဲ့ရတယ္။
ဒါေပမဲ့ သူေျပာသလိုပါပဲ၊ ႏွစ္ေယာက္တည္းရွိမွသာ သူေခၚတာပါ။
သူ႔အခ်စ္ကိုအသိအမွတ္ျပဳၿပီး Baby လို႔ေခၚခြင့္ရ႐ံုအတြက္ ဘာလို႔မ်ား အရွက္၊ သိကၡာ၊ မာနေတြ ခြာခ်ႏိုင္ခဲ့လဲလို႔ေမးတိုင္းလည္း ခ်စ္လို႔ဆိုတာအျပင္ ကိုယ္ေက်နပ္ေလာက္တဲ့အေျဖမရ။

ျပႆနာတက္ၿပီး သံုးရက္အၾကာမွာ ေနာက္ထပ္ၿပီး ရန္ပြဲကအစပ်ိဳးလာတယ္။
Garuda ဘက္က Party ညမွာ အဆင္မေျပျဖစ္သြားတာေတြအတြက္ ေတာင္းပန္ခ်င္လို႔ ညစာစားဖို႔ဖိတ္တာကို Chain က အေၾကာင္းျပခ်က္လွလွေလးေတြနဲ႔ ျငင္းလိုက္တာ ကိုယ္ကေနာက္မွသိရတယ္။ သူ႔သေဘာနဲ႔သူဆံုးျဖတ္လိုက္တာ။
"ေခါင္းေဆာင္မလာႏိုင္လည္း ဒုေခါင္းေဆာင္ႂကြခဲ့ေပးပါ" ဆိုေတာ့ သူသြားခဲ့ၿပီး လမ္းမွာတင္ Garuda ရဲ႕ညာလက္႐ံုးနဲ႔ ပြဲျဖစ္ၾကၿပီး အတိအလင္းစိန္ေခၚခဲ့တဲ့သတင္းက ေနာက္ရက္မွကိုယ့္ဆီေရာက္လာေတာ့ ကိုယ္ကေခါင္းေဆာင္လား၊ သူကေခါင္းေဆာင္လားဆိုတဲ့ ေမးခြန္းနဲ႔အတူ စကားမ်ားၾကၿပီးတဲ့ေနာက္ ကိုယ္တို႔စကားဝိုင္းက Basement ဆီေရြ႕သြားခဲ့ရတယ္။
Violet အိမ္ေတာ္ရဲ႕ Basement ဆိုတာ အျပစ္လုပ္တဲ့ဂိုဏ္းသားေတြကို အျပစ္ေပးရာေနရာ။
ကိုယ့္ဘက္က သူ႔အျပစ္လို႔သတ္မွတ္လိုက္ေတာ့ သူျပန္မျငင္းေပမဲ့ Lily က ဝင္တားလာတဲ့အခါ ထပ္ခါစကားမ်ားရတာေတြက သင္းေသာက္သံုးမက်တာေၾကာင့္လို႔ ေပါက္ကြဲမိတဲ့အခါမွာ .............

■■■■■ Part XII ဆက္ရန္ ■■■■■

*Ring ... Ring ... Ring*

"Chain, ငါအခုပဲ အိမ်ပြန်ရောက်တာ။ ကိစ္စရှိလို့လား။"

"အေး၊ မင်းကိုစိတ်ပူလို့ဆက်တာပါ။ ဆေးရုံဝင်လိုက်သေးလို့ ခုမှအိမ်ရောက်တာလား။"

"အင်း၊ Nancy က အိမ်မပြန်ဖြစ်ဘူးဆိုလို့ ဆေးရုံမှာဝင်တွေ့တာ။"

"အေးပါ၊ ချစ်ကြပါ။ ဟာဟ"

"အသံကိုက အူမြူးနေတာ။ ငါပြန်သွားပြီး ဘာဖြစ်သေးလဲ။"

"အဟီး၊ သတင်းကောင်းပါ။"

"ပြောကြည့်လေ။"

"ခေါင်းနည်းနည်းထိသွားတယ်၊ အဟဲ။"

"ဟေ့ကောင်၊ ပျော်စရာပါလား။"

"ပါတာပေါ့။ ဘာလုပ်လို့ခေါင်းပေါက်လဲ သိလား။ အခုအခြေအနေဘယ်လိုလဲ သိလား။"

"ဒီလောက်ရွပိုးထိုးနေတာ အသက်နဲ့ဝေးမှန်း ငါသိတယ်။ မပြောချင်မပြောနဲ့။ သိလားလို့မေးရအောင် မင်းကပြောသေးလို့လား။ သောက်ရူးကိုထတယ်။"

"မင်းကလည်း ... ပြောမှာပါ။"

Chain က အပေါ်ထပ်ကိုလှမ်းကြည့်ပြီး Lock အလစ်ကို check လိုက်သေးတာ။

"ပြော၊ ဟိုကောင်ကို မင်း ဘာသွားလုပ်လိုက်လို့လဲ။"

"Baby အသိစိတ်မလွတ်ဘဲနဲ့ ရလိုက်တဲ့ Kiss လေ။"

"ဘာ ... အဲဒါကို ခေါင်းပဲပေါက်ရုံနဲ့ရလား။"

"ရတယ်၊ ရတယ်။ ငါ့ကို ဆေးပြန်ထည့်ပေးသေးတယ်။"

"အမ်၊ ငါအိပ်မက်မက်နေတာလား။ မင်းရူးသွားတာလား။"

"တကယ်ပါဆို။"

Chain ကရှင်းပြအပြီး

"Chain, စိတ်အေးအေးထား၊ ရူးတတ်တယ်နော်။ ပြီးတော့ မင်းဟာလေးကို သေချာစောင့်ကြည့်။ အဲဒီကောင် တစ်ခုခုကြံစည်နေပြီ။"

"မင်းကလည်းကွာ၊ ခဏလေးတော့ ပေးပျော်ပါ။ ငါလည်းတွေးမိပါတယ်။"

"Sorry. ငါက မင်းတို့ကိုစိတ်ပူလို့ပါ။ ဒါနဲ့၊ First Kiss လို့ သွားပြောသေးတယ်နော်၊ အရှက်မရှိ။"

"အမှန်ပဲလေ။ သူအသိစိတ်ရှိတုန်းအခြေအနေမှာ ရတဲ့အနမ်းက ဒါပထမဆုံးပဲ။"

"ဘယ်နှခါလောက် ခိုးနမ်းဖူးလဲ။"

"ဟာ၊ ဆေးတိုက်ဖူးတာပါကွာ။ ဆယ်နှစ်ကျော်အတွင်းမှာ လေးခါတည်းပါ။ ခုမှ ငါးကြိမ်မြောက်နဲ့ First Kiss."

"ဟမ် ... ဘာလဲ၊ ဘာပြောတာလဲ မကြားဘူး။ ကျယ်ကျယ်ပြော။"

"အေး၊ ငါ့သာ လာသတ်လိုက်တော့။ မင်းပါပါး ကြားသွားမယ်လေ ငါ့သားရဲ့။"

"$@#$$%%%^*&^$#, ငါပဲအရိုင်းအစိုင်းဖြစ်ပြီ။ ပြောဦးမှာ၊ မင်းလင်ကို အဲဒီအကြောင်းတွေပြောဦးမှာ။ မင်း သေဖို့ပြင်ထား။"

"အဖေတွေကို မစော်ကားနဲ့။ အခုတောင် မြေမျိုခံရလို့ အရပ်ကမရှည်ဘူး။"

"အရပ်အကြောင်းမပြောနဲ့။ မင်းတို့သာ တာဝါတိုင်ဖြစ်နေကြတာ။ ငါမပုဘူး။"

"ဟုတ်တယ်၊ မရှည်ရုံလေးပါပဲ။"

"Mother f***er! မင်းဒဏ်ရာတွေထပ်နေတာ ငါ့ကိုမခန့်လေးစားလုပ်လို့လေ၊ မမှတ်သေးဘူးလား။"

"ကြောက်တောင်လာပြီ။"

"အေး၊ ကြောက်နေလိုက်။ Garuda က မင်းတို့ကိုရှာနေတယ်။"

"အင်း၊ သိတယ်။ အခု သူလျှိုကိစ္စက ပိုရှုပ်နေတာ။ ဒီရက်ပိုင်းထဲတော့ Spectrum ကို ပြန်လို့ရမှာပါ။"

"အင်း။ မြန်မြန်ပြန်၊ မင်းမြန်မြန်သေမှ ငါလည်းနားရမှာ။"

"ဟာ၊ သေစရာလား။"

"ပြန်ရောက်ရင် မင်းကိုဒီတိုင်းထားမယ်ထင်လို့ ပြောနေတာလား။"

"တစ်လေသံတည်းပဲ မင်းတို့တွေက။ တော်ပြီ၊ ကြည်နူးနေတာလေး ပျောက်တော့မှာပဲ။ Spectrum ကိစ္စလေးတွေ လုပ်လိုက်ဦးမယ်။"

"Good luck!"

Hepius ဖုန်းချသွားတော့ Chain လည်း ရင်ဘတ်ဖိရင်း၊ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်စမ်းသပ်မိနေရင်း လူကလွင့်နေသလို။ မဖြစ်သေးဘူး၊ လုပ်စရာကိစ္စတွေကမနည်းဘူး။ အလုပ်လုပ်ရမယ်။ ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းပြီး အာရုံစုစည်းရပြန်တော့တယ်။

Mail ကိုဖွင့်လိုက်တော့ ရောက်နေတဲ့စာတစ်စောင်က ကိုယ်မသိတဲ့တစ်စုံတစ်ယောက်ဆီက။ Security အပြည့်နဲ့မို့ ကိုယ့်ဆီ Unknown Contact နဲ့ Mail ပို့မရသလို၊ ဒီ ID ကိုသိတဲ့လူအရေအတွက်က လက်တစ်ဖက်စာမပြည့်။ စစ်ကြည့်လိုက်တော့ ID ရဲ့တည်နေရာက ကော်ဖီဆိုင်လေးတစ်နေရာကို ညွှန်ပြနေတယ်။ ဖွင့်ဖတ်လိုက်ဖို့ လွယ်လွယ်ဆုံးဖြတ်လိုက်မိတာ ဘာလို့မှန်းမသိ။

📩 ခုချက်ချင်း လာရင်လာ။ နောက်မှဆို တုတ်ကောက်ခဲ့။ 📩

ဘာလဲ၊ ဒါက ... ဘယ်သူလို့ ဆိုလိုချင်တာလဲ။ ကိုယ်ထင်နေတဲ့သူလား။ ချက်ချင်းပဲ စာပြန်လိုက်မိတယ်။

📨 Did the Thief steal the tea? 📨

သိချင်စိတ်ကြောင့် ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေတာ တစ်မိနစ်ကြာပြီးနောက်

📩 I got it! Mr. Nanny. 📩

📨 မီးငယ် 📨

📩 ဟုတ်၊ ရှာလိုက်ရတာ။ ဘယ်လို ID ကြီးလဲ။ တော်တော်ချစ်တယ်ဟုတ်လား။ 📩

မမှားပါဘူး။ ကိုယ်နဲ့ပတ်သက်သမျှ Password တွေ၊ ID တွေက Baby နဲ့ပတ်သက်တာတွေချည်းပါပဲ။ ဒီကနေပြောရတာမလုံခြုံသလိုမို့ စာတွေကိုကြည့်မိတော့ ဟိုးအစကစာနှစ်ကြောင်းက ပျက်သွားပြီ။

ဟုတ်ပါတယ်လေ။ အခုပြောနေတာ ဘယ်သူနဲ့မို့လို့လဲ။
ထိတ်ထိတ်ကြဲ Top 3 Hacker, Techno Lady, Spectrum Princess, Lily ပဲပေါ့။
ပထမဆုံးပို့ထားတဲ့စာကြောင်းက သူငယ်ငယ်က ပြောနေကျစကားတစ်ခွန်း။ Chain အလုပ်များနေလို့ အနားမကပ်ရရင် အတင်းလိုက်ရှာ၊ အော်ခေါ်ပြီး ကြိမ်းနေကျစကားလေး။ တစ်ခါတစ်ခါ Chain အိမ်မှာမရှိလို့ ဘယ်လိုမှရှာမရရင် သူ့ရှေ့ရောက်လာတဲ့အခါမှ ပြောမသွားရကောင်းလားဆိုတာက အစပြုလို့ မကျေနပ်တာတွေစုပြီး ကျောကော့အောင်ထုရိုက်ပစ်တတ်တာ Lily ဆိုတဲ့ လူဆိုးမလေး။
လက်ဖက်ရည်နဲ့မတည့်လို့ မတိုက်တာကို ကိုယ်သောက်မလို့ထားတာတွေခိုးပြီး Iced Tea လုပ်သောက်ပစ်တတ်တဲ့ တစ်ဇွတ်ထိုးလေး။
ကိုယ့်ကို Mr. Nanny လို့ခေါ်တတ်တဲ့ ကြက်တူရွေးမလေး။

📨 အေး၊ တော်လွန်းပါတယ်။ ဘာအရေးကြီးလို့လဲ။ 📨

📩 ကိုကိုက တအားနှိပ်စက်တယ်ဆို။ ဘယ်တော့ပြန်လာမှာလဲ။ Violet ကို ဘယ်အချိန်ထိ အကျယ်ချုပ်လုပ်ထားမှာလဲ။ 😢📩

📨 😃 မနှိပ်စက်ပါဘူး။ ဘယ်ကကြားလို့လဲ။ ပြန်လာတော့မှာပါ။ Violet လုံခြုံရေးအတွက်မို့ ခဏလေးပဲသည်းခံပေးပါ မီးငယ်။ 📨

📩 အင်း၊ ကိုကြီး Hepius ကို နေ့တစ်ဝက်လောက်အစ်အောက်မေးပြီးမှ တစ်ခွန်းပဲကြားလိုက်ရတာလေ။ သူတို့ တတိယကမ္ဘာစစ် တိုက်နေနိုင်သေးတယ်တဲ့။ ဒါနဲ့ Chain, Bermuda တွေ ဒီဘက်ကိုခြေလှမ်းနေတယ်တဲ့။ သူတို့က ဂျပန်မှာပဲအနည်ထိုင်နေပြီး ခုမှဘာဖြစ်ကြတာလဲမသိဘူး။ 📩

Bermuda? တိုးတိုးလေးရေရွတ်လိုက်မိတာ ကိုယ့်ရင်ထဲ ဒိန်းခနဲမြည်သွားသလို။ သူတို့က ဒီကိုဘာလာလုပ်ချင်တာလဲ။ ဘယ်သူတွေကို လွှတ်လိုက်တာလဲဆိုတာ သိရမှဖြစ်မယ်။

📨 တခြားဘာထူးသေးလဲ။ 📨

📩 Hurricane ပြန်ရောက်နေတယ်။ 📩

📨 ဘယ်လို၊ ဒါဆို Rapunzel ကရော။ 📨

📩 အဲဒီမှာ စိတ်ပူနေလိုက်။ ပြန်လာပြီ။ ကိုကို့ကို ဘယ်နားသွားဝှက်ထားချင်လဲ။ ပင်ပန်းပါတယ်၊ Lily ဆီသာလာခဲ့ရင် လုံးဝ Peace နော်။ 📩

📨 ကလေးက ကလေးလိုနေပါကွာ။ ဘာပြောစရာရှိသေးလဲ။ 📨

📩 ဟုတ်ကဲ့၊ မကျန်တော့ဘူး အဘိုးရယ်။ Bermuda ကိစ္စပြောချင်လို့ ဆက်သွယ်လိုက်တာ။ Garuda ကိုလည်း သတိထားပါနော်။ မြန်မြန်လည်းပြန်လာခဲ့။ Rapunzel ပြန်လာပြီဆိုလို့ ကိုကို့ကိုဝှက်မထားခဲ့နဲ့ဦး။ 😜 📩

📨 👌 C u soon မီးငယ် 📨

တစ်ကြောင်းပြီးတစ်ကြောင်းပျက်သွားတဲ့ စာကြောင်းလေးတွေကိုကြည့်ရင်း Rapunzel တို့မောင်နှမအကြောင်း တွေးမိပြန်တယ်။
Baby ကျောင်းတက်နေတုန်းက တပူးတွဲတွဲရှိလွန်းလို့ သမီးရည်းစားတွေလို့အထင်ခံခဲ့ရတဲ့ ဆံပင်ရှည်တွေ မညှပ်တမ်းထားတတ်တဲ့ Baby ရဲ့ BFF ပါဆိုတဲ့ မိန်းမချောလေး။
Baby က Spectrum ထဲ ဘဝနှစ်လိုက်ချိန်မှာ သူကအီတလီကိုထွက်သွားပြီး Architect တစ်ယောက်ဖြစ်လာခဲ့သူ။
အစ်ကိုဖြစ်သူ Hurricane က ကိုယ်တွေနဲ့လုပ်ငန်းပါတနာ Blue Diamond ရဲ့ Head. လုပ်ငန်းတိုးချဲ့ထားတဲ့အီတလီကို လွန်ခဲ့တဲ့သုံးလကထွက်သွားပြီး ပြန်လာတော့ ညီမကိုပါပြန်ခေါ်လာခဲ့ပုံရတယ်။

ဒါတွေကအရေးမကြီးဘူး။ Bermuda ကိစ္စ၊ ကိုယ့်ဂိုဏ်းထဲက Spy ပြဿနာ၊ ပြီးတော့ ဂဠုန်ကြီးရဲ့ဉာဏ်ရောင်စုံတွေကို သေချာစုံစမ်းရမယ်။
Baby လုံခြုံရေးက ပထမ၊ Baby တစ်ယောက် Spectrum ကို အန္တရာယ်ကင်းကင်းပြန်ရောက်ဖို့က ဒုတိယ၊ Baby ကို ဒုက္ခမပေးနိုင်ခင် Garuda ကိုဦးချိုးဖို့က တတိယပဲ။
Hepius ကြားရင် ကိုယ့်ကို လင်တရူးဆိုပြီး ထောပနာပြုဦးမှာပါပဲ။

¤¤¤

Chain တစ်ယောက် ပြဿနာပေါင်းစုံကို ခေါင်းထဲထည့်ပြီးအဖြေရှာနေချိန် အပေါ်ထပ်အခန်းထဲက Lock မှာလည်း ခုတင်ခြေရင်းကြမ်းပြင်မှာထိုင်ကာ စာအုပ်တွေချထားပြီး မဖတ်ဖြစ်ဘဲ ဆေးလိပ်ခဲလို့ စဉ်းစားခန်းဝင်နေဆဲ။

Red မှာ သူလျှိုရှိတယ်ဆိုတာကို ဘယ်သူလဲလို့တွေးလို့မရ။ Chain က ဘယ်လိုသိသွားတာလဲ။ ဘယ်ကလွှတ်လိုက်တဲ့သူလျှိုလဲ။
ဟိုတစ်လက Orange Zone မှာ Casper တစ်ကောင်ဝင်ခိုနေတာ မိသွားသေးတာကို အခု Red အထိ ရောက်လာပြီလား။ Casper ဆိုတာက ကြေးစားတွေမို့ တစ်ဖက်ကငှားတဲ့အတိုင်းလှုပ်ရှားတာကြောင့် သတင်းပေးရုံသာရှိပြီး Red ထဲဆိုရင်တော့ အနည်းဆုံး သုံးနှစ်သက်တမ်းရှိနေတဲ့လူဖြစ်နေပြီ။
အခုထိ ကိုယ်တွေမသိခဲ့တာကြောင့် ကြီးကြီးမားမားမလှုပ်ရှားသေးတာ သေချာတယ်ဆိုပေမဲ့ အချီကြီးတစ်ခုခုအတွက် လက်သည်းဝှက်ထားတဲ့အကြံပဲဖြစ်မယ်။
Chain ကတော့ ဘယ်သူဆိုတာသိနေပုံ။ သက်သေရှာနေတယ်ဆိုတဲ့စကားအရ သံသယရှိသူက ရှိနေပြီးသား။
"သူလျှိုက Red ထဲမှာမဟုတ်ဘဲ Violet ထဲမှာလား" လို့ မေးလိုက်ရင်လည်း သူနဲ့ကိုယ်သတ်ရဦးမယ်။
Chain နဲ့ပတ်သက်ပြီး အဖေနဲ့ဦးငယ်တို့ကိစ္စတွေအထိ နောက်ကြောင်းပြန်လိုက်တော့လည်း သံသယဖြစ်စရာမရှိ။ ကိုယ်တိုင်က အဖေ့ကိစ္စမှာ Chain အကြံအစည်တစ်ခုခုရှိရမယ်လို့ ယုံကြည်နေတာကလွဲရင် ဘာသဲလွန်စမှမရခဲ့။

Lily က Chain ကို သိပ်ချစ်နေခြင်းကိုလည်း မကြိုက်ပေမဲ့ ညီမကိုတွန့်တိုခြင်းမျိုးထက်ပိုပြီး၊ မသင်္ကာသူမို့ အနားမကပ်စေချင်ဘူးရယ်လို့လည်း ပြောလို့မရတာကြောင့် Lily အတွက်လည်း အပူကတစ်မျိုး။
Chain နဲ့ပြဿနာတက်ပြီးတော့ Hepius ကိုအကြောင်းကြားပေးပြီး Studio မှာ သွားအိပ်တဲ့ညက ကိုယ်တို့မောင်နှမတွေ သူ့အတွက်နဲ့ ဖုန်းထဲကနေရန်ဖြစ်ရသေးတာလည်း မကျေနပ်ဘူး။
Violet ကိုပြန်ရောက်ကြတော့ Lily က အတင်းမေးပြီးရန်လုပ်ချင်သေးတာမို့ Lily ကိုရော၊ Chain နဲ့ Hepius ကိုပါ ရှောင်နေမိတာ ကိုယ်နားပူမခံချင်ရုံသက်သက်အပြင် ........

မညာတမ်းဝန်ခံရရင် Chain ဖွင့်ပြောလာတော့ တကယ်ကြီး Shock ရခဲ့တာ။ ကိုယ့်ညီမကိုတော့ သူ့ကိုတမ်းတမ်းစွဲအောင်နေပြပြီး ကိုယ့်ကိုတော့ ယောက်ျားချင်းချစ်ရလားဆိုတဲ့အတွေးနဲ့ ဒေါသဖြစ်ရာက အလွန်အကျွံတွေဖြစ်ကုန်တာ။
ကိုယ့်တစ်သက်လုံး အမြင်မကြည်ခဲ့တဲ့သူက ဒီလိုပြောလာတာရယ်၊ ကိုယ့်ထက်အငယ်က ယောက်ျားချင်း Baby လို့ခေါ်ပြီး ရန်စနေတာရယ်၊ အဲဒီမနက်ကပျံ့နှံ့သွားတဲ့ သတင်းတွေရယ်ကြောင့် စိတ်တိုနေချိန်မှာ တစ်သက်လုံးကိုယ်နိုင်လာတဲ့လူက အခုလည်း ကိုယ့်ဆီက တောင်းဆိုနေတာကြောင့် စိတ်ပေါက်ပေါက်နဲ့ ခပ်ရိုင်းရိုင်းဆုံးဖြတ်ခဲ့မိခြင်း။
ကိုယ့်ဒေါသတွေ ပေါက်ကွဲအားကုန်သွားတော့မှ သူ့ပုံစံကိုသတိထားမိပြီး ကိုယ့်ကိုကိုယ်လန့်ကာ သူ့ကိုထားပြီးထွက်လာခဲ့တာ။ အရမ်းလွန်သွားပြီလားဆိုတဲ့အတွေးနဲ့ Hepius ကို ခေါ်ခိုင်းလိုက်မိတယ်။ Hepius ဆိုတာ ငယ်သူငယ်ချင်းတစ်ဖြစ်လည်း၊ Family Doctor မို့ ဒီလိုကိစ္စတွေသိသွားလို့လည်း သုံးယောက်ကြားပြဿနာမရှိနိုင်ဘူးလို့ တွေးမိပေမဲ့ အဲဒီဆရာဝန်ပိစိက ကိုယ့်ကို အကြီးအကျယ်အပြစ်တင်လာတော့ သူ့ကိုပါ ရှောင်နေလိုက်တော့တယ်။
Chain ကို မျက်နှာချင်းမဆိုင်ချင်တာ ဘာရယ်လို့အကြောင်းပြချက်ရှာမရ။
တကယ်ဆို သူကရော ဘာလို့မငြင်းတာလဲ။ ကိုယ်ခံပညာချင်းယှဉ်ရင် သူကကိုယ့်ထက်သာတာ ကိုယ်တွေအသိဆုံး။ ဒါကို သူ့အပေါ်အကြွေးတင်သွားအောင် ခေါင်းညိတ်ခဲ့တာလားလို့ တွေးမိရင် ဒေါသကထွက်လာရပြန်တာ ကိုယ့်ဒုက္ခတစ်မျိုး။

ပြန်တွေးကြည့်မိတော့ Chain ဆိုတာ ကိုယ်နဲ့ပတ်သက်လာရင် ဘယ်လောက်ပဲ မျက်နှာသာမပေးလည်း ကိုယ့်အတွက်အမြဲဦးစားပေးပြီး အနွံအတာခံတတ်သူ။ ကျေးဇူးရှင်ရဲ့သွေးသားမို့၊ ခေါင်းဆောင်ရဲ့သားမို့၊ ခေါင်းဆောင်မို့လို့ ဆိုတာတွေထက်ကို သူ့ဘက်ကသိသိသာသာ ကိုယ့်မျက်နှာကိုပဲကြည့်နေတတ်သူ။
ဒီလိုတွေဖြစ်သွားတော့လည်း အပြစ်တင်ချင်တဲ့အမူအရာ တစ်စက်ကလေးတောင် သူ့ဆီမှာမတွေ့ရ။
အဲဒီနေ့က သိသိချင်း သူအံ့ဩသွားပုံရပေမဲ့ စိတ်ညှို့ခံရသူလို ကိုယ့်ကြိုးဆွဲရာကခဲ့တာ။
ကိုယ်သတိဝင်တဲ့အချိန် သူက ခုတင်ခြေရင်းမှာ ကိုယ်ဗလာနဲ့လဲနေပြီး တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့။ ဒါတောင် သူကိုယ့်ကိုကြည့်တဲ့အကြည့်တွေထဲ ဒေါသလုံးဝမပါဘူး။ မျက်ရည်ကျထားပုံရတဲ့ သူ့မျက်လုံးတွေက သိပ်ကိုသိမ်မွေ့ပေမဲ့ ပျော့ညံ့တာမျိုးမဟုတ်။ အကြည့်တွေသိပ်ပြီးစူးရှပေမဲ့ ရိုင်းစိုင်းမနေတာတော့ သတိထားမိပါရဲ့။ မျက်ရည်တွေကလည်း အသားနာလို့ကျခဲ့တာတော့ ဟုတ်ပုံမရပါဘူး။
စိတ်ရော၊ ကိုယ်ရော ချိုးဖဲ့ခံနေရတာတောင် အသံတစ်ချက်မထွက်ခဲ့ဘဲ အရုပ်လိုငြိမ်ခံနေတဲ့သူ့ကို စိတ်ထင်ရာလုပ်ပစ်မိတာ ကိုယ်ကနတ်ဆိုးလိုပဲလို့ Hepius ပြောတော့ မငြင်းမိဘူး။

"မင်းဆိုရင်ရော မင်းချစ်တဲ့သူကအဲဒီလိုလုပ်ရင် သူ့လိုငြိမ်ခံနေမှာလား" ဆိုတဲ့ Hepius အမေးကို

"သူ့စိတ်တွေမရိုးသားတာ မင်းဘယ်တုန်းကသိတာလဲ၊ ဘာလို့ငါ့ကို ဖုံးကွယ်ထားတာလဲ" လို့ ပြန်မအော်မိခဲ့ဘူး။
ကိုယ်သာဆိုရင်လို့တွေးမိတဲ့အချိန် ဒီကိစ္စဘယ်လိုမှမဖြစ်နိုင်တာကြောင့် သူ့အချစ်ကို အသိအမှတ်မပြုချင်လည်းပြုခဲ့ရတယ်။
သူဘယ်လိုသည်းခံခဲ့တာလဲ ကိုယ်မသိဘူး။ ကတိအတိုင်း Baby လို့ ခေါ်ခွင့်ပြုခဲ့ရတယ်။
ဒါပေမဲ့ သူပြောသလိုပါပဲ၊ နှစ်ယောက်တည်းရှိမှသာ သူခေါ်တာပါ။
သူ့အချစ်ကိုအသိအမှတ်ပြုပြီး Baby လို့ခေါ်ခွင့်ရရုံအတွက် ဘာလို့များ အရှက်၊ သိက္ခာ၊ မာနတွေ ခွာချနိုင်ခဲ့လဲလို့မေးတိုင်းလည်း ချစ်လို့ဆိုတာအပြင် ကိုယ်ကျေနပ်လောက်တဲ့အဖြေမရ။

ပြဿနာတက်ပြီး သုံးရက်အကြာမှာ နောက်ထပ်ပြီး ရန်ပွဲကအစပျိုးလာတယ်။
Garuda ဘက်က Party ညမှာ အဆင်မပြေဖြစ်သွားတာတွေအတွက် တောင်းပန်ချင်လို့ ညစာစားဖို့ဖိတ်တာကို Chain က အကြောင်းပြချက်လှလှလေးတွေနဲ့ ငြင်းလိုက်တာ ကိုယ်ကနောက်မှသိရတယ်။ သူ့သဘောနဲ့သူဆုံးဖြတ်လိုက်တာ။
"ခေါင်းဆောင်မလာနိုင်လည်း ဒုခေါင်းဆောင်ကြွခဲ့ပေးပါ" ဆိုတော့ သူသွားခဲ့ပြီး လမ်းမှာတင် Garuda ရဲ့ညာလက်ရုံးနဲ့ ပွဲဖြစ်ကြပြီး အတိအလင်းစိန်ခေါ်ခဲ့တဲ့သတင်းက နောက်ရက်မှကိုယ့်ဆီရောက်လာတော့ ကိုယ်ကခေါင်းဆောင်လား၊ သူကခေါင်းဆောင်လားဆိုတဲ့ မေးခွန်းနဲ့အတူ စကားများကြပြီးတဲ့နောက် ကိုယ်တို့စကားဝိုင်းက Basement ဆီရွေ့သွားခဲ့ရတယ်။
Violet အိမ်တော်ရဲ့ Basement ဆိုတာ အပြစ်လုပ်တဲ့ဂိုဏ်းသားတွေကို အပြစ်ပေးရာနေရာ။
ကိုယ့်ဘက်က သူ့အပြစ်လို့သတ်မှတ်လိုက်တော့ သူပြန်မငြင်းပေမဲ့ Lily က ဝင်တားလာတဲ့အခါ ထပ်ခါစကားများရတာတွေက သင်းသောက်သုံးမကျတာကြောင့်လို့ ပေါက်ကွဲမိတဲ့အခါမှာ .............

■■■■■ Part XII ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі