1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
15. Attack
ဒီေန႔ေတာ့ Spectrum ကိုျပန္ဖို႔ အသင့္ျဖစ္ေနၿပီ။ အလာတုန္းက အသိစိတ္မရွိတာမို႔ ဘယ္ေနရာမွန္းမသိခဲ့ေပမဲ့ အခုသိရေတာ့မယ္။

"Baby, သြားရေအာင္ေလ။"

Lock အခန္းထဲကထြက္လိုက္လာခဲ့ေတာ့ ဧည့္ခန္းထဲကစားပြဲေပၚမွာ ေဆာင္ေနက်လက္နက္ေတြက အစီအရီ။ အခုခ်ိန္ သူ႔ကိုျပန္တိုက္ခိုက္မွာကို မစိုးရိမ္ဘူးလား။ ဒါေပမဲ့ ျပန္ေတာ့မွာပဲဟာကို ဘာလို႔အပင္ပန္းခံၿပီး တိုက္ခိုက္ေနမလဲ။ ကိုယ့္ဖုန္းကေတာ့ Power off အေနအထားနဲ႔။

"အျပန္ကို နည္းနည္းေတာ့ သတိထားရမယ္ထင္တယ္။"

"အင္း"

¤

လံုျခံဳေရးစနစ္ေတြ ေသခ်ာစစ္ခဲ့ၿပီး ကားေပၚဝင္ထိုင္လိုက္တဲ့ Chain က Lock ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ

"သြားၾကစို႔။"

ကိုယ္ပိုင္လမ္းေၾကာင္းတစ္ခုျဖစ္ေနတာမို႔ ဘယ္ေနရာလဲဆိုတာ Lock မွန္းမရေသး။ မိနစ္ႏွစ္ဆယ္ေလာက္ေမာင္းလာၿပီး လမ္းမႀကီးတစ္ခုေပၚတက္လာေတာ့မွ ဘယ္ေနရာလဲလို႔ ေတြးေနမိတယ္။ သံုးမိနစ္ေလာက္ၾကာေတာ့ ေနရာကိုသိလာသလိုပဲ။ စေရာက္လာတဲ့ လမ္းမႀကီးရဲ႕ေနရာနဲ႔ Violet နဲ႔က အရမ္းမေဝး၊ အရမ္းမနီးေပမဲ့ ခ်ိဳးဝင္သြားတဲ့ လမ္းမရွိႏိုင္ဘူးထင္ရတဲ့ ကိုယ္ပိုင္လမ္းကေန Pandora's Box ကိုေရာက္ဖို႔ေတာ့ မလြယ္ႏိုင္။
လမ္းမႀကီးေပၚေရာက္လာၿပီး ငါးမိနစ္ေက်ာ္ေလာက္ေမာင္းလာၿပီးခ်ိန္မွာ ၿမိဳ႕တြင္းလမ္းကိုေရာက္လာခ်ိန္ကေန အခုထိ ေနာက္ကေတာက္ေလၽွာက္ပါလာတဲ့ Pizza Delivery ကားတစ္စီး။ သူေရာ၊ ကိုယ္ေရာ သတိထားမိၿပီး ဘာမွေတာ့မေျပာျဖစ္ၾက။
Chain က ဖုန္းထုတ္ၿပီး နံပါတ္တစ္ခုကိုေခၚကာ Convenient Store တစ္ခုေရွ႕ရပ္လိုက္ၿပီး

"သတိထားေနေနာ္ Baby."

Lock ေခါင္းညိတ္ျပေတာ့မွ Chain က ဖုန္းကိုင္ၿပီးဆင္းလာခဲ့ရင္း Store ထဲ ဝင္လာလိုက္ကာ

📱
"Cyclone's coming."

"We're safe."

"Pull out the Dark."

"From the Light."

စကားဝွက္မွန္ၿပီမို႔

📱
"တိုက္႐ိုက္အမိန္႔အတြက္ ဘယ္ႏွေယာက္ရမလဲ Matt?"

"အားလံုး ငါးေယာက္ပါ"

"အခုခ်က္ခ်င္းပဲ"

တစ္ဖက္မွ ေျပးသြားတဲ့ေျခသံေနာက္မွာ ေနာက္ထပ္ေျခသံေတြၾကားေနရခ်ိန္ Chain က Store ထဲမွာ ေရသန္႔ဘူးနဲ႔ Tissue ထုပ္တခ်ိဳ႕ယူေနၿပီး

📲
"Hello"

"Is it raining?"

"It's a rainbow."

ထပ္မံအတည္ျပဳေပးၿပီးမွ

📱
"Welcome to the triangle in one fourth of 60."

"Yes, sir."

သူတို႔ကားေလး စတိုးဆိုင္ေရွ႕ရပ္လိုက္ေတာ့ ေနာက္ကားကေက်ာ္တက္သြားၿပီး ေရွ႕ခပ္လွမ္းလွမ္းက Furniture ဆိုင္ေရွ႕မွာရပ္တန္႔လို႔ ယူနီေဖာင္းဝတ္ဝန္ထမ္းတစ္ေယာက္ Pizza ထည့္တဲ့ Box ေလးကိုင္ၿပီး ဆိုင္ထဲဝင္သြားတာကို Lock လိုက္ၾကည့္ေနမိတယ္။
တစ္ခ်ိန္တည္းမွာပဲ Pizza ကားရဲ႕တည့္တည့္ မ်က္ႏွာခ်င္းဆိုင္ဘက္ျခမ္းက တိုက္ကေန လူငယ္တစ္ေယာက္ ကားတစ္စီးေပၚတက္သြားၿပီး ကားကေတာ့ မထြက္ေသး။

အဲဒီအခ်ိန္ Chain က ေရသန္႔ဘူးနဲ႔ Tissue ထုပ္ကိုင္ၿပီး ျပန္လာေနၿပီ။ တစ္ဖက္ျခမ္းကကားကိုၾကည့္လိုက္ေတာ့ တစ္ဖက္ယာဥ္ေၾကာမွာမို႔ ကိုယ္ေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္ၿပီး ဒီဘက္ကိုေမာင္းလာတာေတြ႕ေပမဲ့ လူကိုမျမင္ရ။ ကားနံပါတ္ရြတ္လိုက္ေတာ့ Chain က ေခါင္းညိတ္ၿပီး ကားေမာင္းထြက္လာခဲ့တဲ့အထိ Pizza ကားက ရပ္ထားရာမွာပဲက်န္ေနခဲ့ၿပီ။

ဆက္ေမာင္းလာခဲ့ၿပီး ဆယ့္ငါးမိနစ္ (one fourth of 60) နီးပါးအထိက ဘာမွမထူးျခားလို႔ သတိထားေနေတာ့မွ ခုနက တစ္ဖက္ယာဥ္ေၾကာမွာျမင္လိုက္ရတဲ့ကားကို ေနာက္ဘက္ေတာ္ေတာ္လွမ္းလွမ္းမွာ ေတြ႕လိုက္တဲ့အခ်ိန္ ေရွ႕မွာက Violet (ေခါင္းေဆာင္ေနအိမ္) ဆီသြားတဲ့လမ္းခ်ိဳးကို ျမင္ေနရၿပီ။ အဲဒီေနရာက လမ္းသံုးခြဆံုတဲ့ေနရာ (the triangle).
Violet ဆီသြားရာလမ္းကို ေကြ႕ခ်လိုက္ေတာ့ တစ္ဖက္လမ္းကေန ကားႏွစ္စီးေရာက္ခ်လာသလို၊ ေနာက္ကလည္း ခုနကကားအပါအဝင္ကားသံုးစီး အရွိန္ျပင္းျပင္းနဲ႔ေရာက္လာၿပီး ေသနတ္နဲ႔ ပစ္ခတ္လာပါေတာ့တယ္။

တစ္ဖက္လမ္းမွကားႏွစ္စီးက ေနာက္ကကားသံုးစီးနဲ႔ ကိုယ္ေတြကားၾကားမွာ ပိတ္ရပ္လိုက္ၿပီး ျပန္လည္ပစ္ခတ္သံေတြထြက္လာေတာ့မွ Chain စစ္ကူေခၚလိုက္တာပဲလို႔ သိလိုက္ရတယ္။
ကိုယ္ေတြကားလည္း သိပ္မေမာင္းလိုက္ရဘဲ ေဘးဘက္သစ္ပင္ေတြၾကားက ေနာက္ထပ္ကားတစ္စီး မ်က္ႏွာခ်င္းဆိုင္ေမာင္းခ်လာလို႔ Chain က ေနာက္ျပန္ဆုတ္ၿပီး သူ႔လူေတြြကားနားျပန္ေမာင္းလာေတာ့ Lock က သူ႔ဖုန္းဖြင့္ကာ နံပါတ္တစ္ခုဆီအသံဖိုင္ပို႔လိုက္တယ္။

"Meet me at the Junction right now."

ေျပာၿပီးေတာ့ သူတို႔ႏွစ္ေယာက္လံုးဆင္းကာ မ်က္ႏွာခ်င္းဆိုင္ကားဆီ ပစ္ၾကရျပန္တယ္။ ၾကားညပ္ေနတဲ့ ကိုယ္တို႔ကားသံုးစီးက အလူးအလဲခုခံေနရေပမဲ့ တစ္ဖက္ကလည္း အနားကပ္မရလို႔ ဖိပစ္ေနၾကၿပီ။ လွည့္ၾကည့္မိသေလာက္ Chain ေခၚထားတာ ငါးေယာက္၊ တစ္ဖက္ကေတာ့ ဆယ္ေယာက္ေက်ာ္ေလာက္တယ္။ ဒီဘက္မွာကလည္း ေလးေယာက္။ Chain က သူယူလာသမၽွ လက္နက္ေတြနဲ႔ ျပန္လည္ပစ္ခတ္ေနၿပီး ကိုယ့္လက္ႏွစ္ဖက္လံုးလည္း မအားရဘူး။
Chain ကအခ်က္ျပတာမို႔ တစ္ဖြဲ႕လံုး ကားလမ္းေဘးအပင္ေတြရွိရာဆီ တျဖည္းျဖည္းဆုတ္လာခဲ့ၾကၿပီး အကာအကြယ္ယူၾကရင္း Chain လူေတြထဲကတစ္ေယာက္ လက္ေမာင္းကိုထိသြားေတာ့ တျခားတစ္ေယာက္ကဆြဲေခၚလိုက္တာ ေတြ႕လိုက္ရတယ္။

*ဝုန္း*

တစ္ဖက္ကကားတစ္စီး ေပါက္ကြဲသြားတယ္။ ၾကည့္ရတာ ဆုတ္လို႔လြယ္ေအာင္ အဖြဲ႕ထဲကတစ္ေယာက္က ဆီတိုင္ကီကိုထိေအာင္ပစ္လိုက္ပံုပဲ။
ခဏေလးၿငိမ္သြားခ်ိန္ အပင္ေတြၾကား အသည္းအသန္ေျပးဝင္ရေပမဲ့ တစ္ဖက္ကလည္း ေနာက္ကေနလိုက္လာၾကၿပီ။ သစ္ပင္ေတြၾကားေျပးလႊားပစ္ခတ္ၾကရင္း Chain ေခၚထားတဲ့အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ပံုရတဲ့တစ္ေယာက္ ေသနတ္မွန္သြားေတာ့ Chain က ကိုယ့္ေဘးနားမွာႏွစ္ေယာက္ထားၿပီး ေရွ႕တက္သြားတယ္။ သူ႔ရဲ႕ခပ္ၾကမ္းၾကမ္းပစ္ခတ္မႈေၾကာင့္ တစ္ဖက္က ခဏေလးၿငိမ္သြားေပမဲ့ လူအင္အားအသာစီးနဲ႔ပစ္လာေတာ့ ကိုယ့္ကိုကာေပးရင္း ေဘးကတစ္ေယာက္ ထိသြားတာမို႔ ျပန္ပစ္ေနတုန္း

*ကၽြီ.....*

*ဒုန္း*

လမ္းေပၚမွာ ကားခ်င္းတိုက္သံေတြၾကားလိုက္ရတယ္။ Spectrum က ေရာက္လာတယ္ထင္တယ္။
ခဏခ်င္းမွာပဲ လမ္းဘက္ကပစ္ခတ္သံေတြၾကားရခ်ိန္ Chain ကေတာ့ သူ႔လူတစ္ေယာက္နဲ႔အတူ တစ္ဖက္အဖြဲ႕နားနီးကပ္ေနၿပီ။ ကိုယ့္ဘက္ကကူပစ္ေပးၿပီး ဝင္လာသူေတြက Nick နဲ႔အဖြဲ႕သားေလးေယာက္။
ကိုယ့္ကိုဆြဲေခၚၿပီး သံုးေယာက္က Chain တို႔ဆီကိုေျပးသြားတယ္။
Nick နဲ႔ကိုယ့္ကို ေနာက္ကေနတစ္ေယာက္က ကာပစ္ေပးၿပီး လမ္းေပၚကိုေျပးေစတယ္။ လမ္းေပၚက ေမာင္းလို႔ရေသးတဲ့ကားတစ္စီးေပၚ ဝင္ထိုင္လိုက္ေတာ့

"Nick, သူတို႔ေတြ ..."

"Chain စီစဥ္ပါလိမ့္မယ္ ေခါင္းေဆာင္။ အခု ေခါင္းေဆာင္က ပိုအႏၲရာယ္ရွိေနတာ။"

ဂိုဏ္းထဲမွာ အားလံုးက Chain ကို ဒုေခါင္းေဆာင္လို႔မေခၚၾကဘဲ နာမည္သာေခၚၾကတယ္။ ကိုယ္ေတြသံုးေယာက္ ကားေမာင္းထြက္လာေတာ့မွ

"ပခံုးက ဘယ္လိုေနလဲ ေခါင္းေဆာင္။"

ဒီေတာ့မွ ပခံုးမွာရွပ္ထိထားတာကို သတိထားမိတယ္။

"ရွပ္ထိတာပါ။ က်ည္ေတာင္က်န္မေနပါဘူး။"

"မမေလးက Dr. Hepius ကို Violet ဆီေခၚထားလိမ့္မယ္။ ကၽြန္ေတာ္က သိသိခ်င္းထြက္လာတာပါ။"

ေျပာေနရင္းကို Spectrum ကကားေတြ ေရာက္ခ်လာတာေၾကာင့္ Nick က မီးႏွစ္ခ်က္ေတာက္လိုက္ေတာ့ တခ်ိဳ႕က အရွိန္ျပန္တင္ကာေမာင္းခ်သြားၿပီး သံုးစီးကလမ္းေဘးခ်ရပ္ကာ ကိုယ္ေတြေနာက္က ျပန္ပါလာၾကတယ္။ အဲဒီထဲကတစ္စီးကေတာ့ ေက်ာ္တက္ၿပီး ေရွ႕ကဦးေဆာင္ေမာင္းသြားတာေၾကာင့္ ကိုယ္လည္းစိတ္ေလၽွာ့ၿပီး ေနာက္မွီမွာ ခပ္ေလ်ာ့ေလ်ာ့မွီထိုင္လိုက္တယ္။ ေမးစရာေတြက အမ်ားႀကီး။ သိခ်င္တာေတြက အမ်ားႀကီး။

"မင္းတို႔ငါးေယာက္ပဲ ဘာလို႔အရင္ေရာက္လာတာလဲ Nick?"

"မေန႔ကတည္းက Orange (နယ္ေျမေခါင္းေဆာင္) တခ်ိဳ႕ ျပႆနာတက္တာ နည္းနည္းႀကီးလို႔ Red (Violet ရဲ႕ အနီးကပ္ Bodyguard Team) ကေနသြားထိန္းေပးၿပီး Indigo (Law & Technical Team) က လိုက္ရွင္းေပးေနရပါတယ္။ မနက္အေစာႀကီး ဂိုေဒါင္ (၃)မွာ ေပါက္ကြဲမႈျဖစ္လို႔ Bryan က Chain တာဝန္ေပးထားတဲ့ဆီကေန Red ကိုျပန္မလာႏိုင္ဘဲ အဲဒီကိုသြားရွင္းေနပါတယ္။ ေခါင္းေဆာင္တို႔ ဒီေန႔ျပန္လာမွာကိုမသိေတာ့ အကုန္လံုးက သူ႔အလုပ္နဲ႔သူ႐ႈပ္ေနၾကတာမို႔ မမေလးက တျခားအဖြဲ႕ေတြကိုဆက္သြယ္ေနတုန္း ကၽြန္ေတာ္ကရွိတဲ့လူေခၚၿပီး ခ်က္ခ်င္းလိုက္လာတာပါ။ မေန႔က Orange ကိစၥ မမေလးဆီကို သတင္းပို႔ေနတုန္း မမေလးက ေခါင္းေဆာင္ဆီကအမိန္႔ရတယ္ဆိုလို႔ပါ။"

"Chain နဲ႔ရွိေနတာ ဘယ္သူေတြလဲ။ မင္းသိလား။"

"အဲဒါ Orange က Matthew ရဲ႕အဖြဲ႕ပါ။ သူ႔ကိုေတာ့ မေတြ႕လိုက္ဘူး။"

"သူတို႔ေခါင္းေဆာင္က ... အင္း ... Matthew က ထိသြားတယ္။ ဘယ္လိုအေျခအေနရွိလဲေတာ့ မသိဘူး။"

"အဲ ... သူထိသြားတာလား။ အသက္အႏၲရာယ္မရွိရင္ေတာ့ အေကာင္းဆံုးပါပဲ။ သူကေတာ္တယ္၊ သစၥာရွိတယ္။ သူ႔ကို Chain က အသက္ကယ္ထားတာဆိုေတာ့ သူကလည္း Chain အတြက္ဆို အသက္ေပးဖို႔ေနာက္မတြန္႔ဘူး။ ဒါေပမဲ့ Chain က အဲဒီလိုမ်ိဳး အသက္ကယ္ေပးထားတယ္ဆိုၿပီး အခြင့္အေရးယူတတ္တဲ့လူ မဟုတ္ပါဘူး။ အခုလည္း သူတို႔နဲ႔ပိုနီးလုိ႔ သူတို႔ကိုအျမန္ေခၚလိုက္တာထင္တယ္။ ၿပီးေတာ့ Violet ကိုတိုက္႐ိုက္ဆက္သြယ္ဖို႔ Chain ရဲ႕ဖုန္းက Basement ထဲမေရာက္ခင္ ေခါင္းေဆာင္သိမ္းထားလိုက္တယ္ထင္တယ္။ မမေလးဆီမွာ ေတြ႕ခဲ့တယ္။"

Lock ဘာမွမေျပာေတာ့ဘဲ ၿငိမ္ေနလိုက္တယ္။ အဲဒီအခ်ိန္ Nick ရဲ႕ဖုန္းကျမည္လာလို႔ ဖုန္းကို Speaker ဖြင့္လိုက္ေတာ့

"Nick, ငါတို႔ေရာက္ေတာ့ အေလာင္းေတြနဲ႔ ဒဏ္ရာရတဲ့သူေတြပဲ က်န္တယ္။ ဘယ္သူမွမရွိေတာ့ဘူး။ ေခါင္းေဆာင္ အႏၲရာယ္ကင္းတယ္မဟုတ္လား။"

ၾကားလိုက္ရတာက Red က Austin ရဲ႕အသံ။ Nick က Lock ကို တစ္ခ်က္ၾကည့္ၿပီးမွ ေရွ႕ျပန္လွည့္လို႔ ကားေမာင္းရင္း

"ဟုတ္ကဲ့၊ ေခါင္းေဆာင္အႏၲရာယ္ကင္းပါတယ္။"

"ေအး၊ ငါတို႔ဘက္က ႏွစ္ေယာက္ေသ၊ ေလးေယာက္ဒဏ္ရာျပင္းတယ္။ တစ္ေယာက္ကေတာ့ အရမ္းမဆိုးေပမဲ့ တစ္ေယာက္ေပ်ာက္ေနတယ္။ သတိမေမ့ေသးတဲ့ ငါတို႔လူအေျပာအရ Chain ကို သူတို႔ေတြေခၚသြားၾကတယ္။ ငါတို႔ ဆက္လိုက္ေနၾကတယ္။ အဲဒီမွာ ကားတစ္စီးနဲ႔လူငါးေယာက္ ထားခဲ့တယ္။ မမေလးကိုလည္း Myron အေၾကာင္းၾကားေနတယ္။ Indigo က စံုစမ္းေနတာရရင္ ဘယ္အဖြဲ႕လဲသိရမယ္။ ေခါင္းေဆာင္အႏၲရာယ္ကင္းတယ္ဆိုရင္ တိုက္႐ိုက္ညႊန္ၾကားေပးပါလို႔ ေျပာေပးပါ။ အခု ငါတို႔ ဆက္လိုက္ေနတယ္။"

Nick က ကိုယ့္ကိုၾကည့္လာျပန္တာမို႔

"ငါအကုန္ၾကားတယ္ Austin. အခုေတာ့ မင္းတို႔အစီအစဥ္တိုင္းဆက္လုပ္ပါ။ ငါ Lily ဆီက အေၾကာင္းစံုသိရတာနဲ႔ ျပန္ေျပာမယ္။ Matthew အေျခအေနဘယ္လိုလဲ။"

"အဖြဲ႕ေခါင္းေဆာင္ကိုေျပာတာလား ေခါင္းေဆာင္။ သူကစိုးရိမ္ရတယ္။ သတိလည္းေမ့ေနတယ္။"

"ဟုတ္ၿပီ။ ငါခ်က္ခ်င္းျပန္ဆက္သြယ္မယ္။ မင္းတို႔ဆက္လုပ္ၾက။"

"ဟုတ္ကဲ့၊ ေခါင္းေဆာင္။"

ဖုန္းခ်လိုက္ခ်ိန္မွာပဲ

*ဒုန္း* ခနဲအသံနဲ႔အတူ ကားဘီးနဲ႔လမ္းနဲ႔ ပြတ္ဆြဲတဲ့အသံေတြ ဆူညံသြားတယ္။

လမ္းခ်ိဳးတစ္ခုကအျဖတ္မွာ ကားတစ္စီးက ကိုယ့္ကားကိုဝင္တိုက္တာေပမဲ့ ေနာက္ကကပ္ပါလာတဲ့ကိုယ့္လူေတြကားက ၾကားကဝင္တိုးလိုက္တာမို႔ ကိုယ္ေတြကို နည္းနည္းေလးေဆာင့္မိ႐ံုသာ။ သူတို႔က ႏွစ္စီး။
ကိုယ္ေတြဘက္က ေရွ႕ကကားေရာ၊ ေနာက္ဆံုးကကားပါ ခ်က္ခ်င္းအနားပိတ္ရပ္လိုက္ၾကၿပီး ပစ္ခတ္ၾကေတာ့ သိပ္မၾကာလိုက္ဘဲ အေျခအေနၿငိမ္က်သြားတယ္။ သူတို႔ဆင္းၾကည့္ၾကေတာ့ အားလံုးအသက္မရွိၾကေတာ့ဘူးတဲ့။ ကိုယ့္ဘက္က ၾကားကဝင္ခံတဲ့ကားေပၚက ဂိုဏ္းသားတစ္ေယာက္ ေျခေထာက္က်ိဳးၿပီး ေနာက္တစ္ေယာက္က ဗိုက္ကိုေသနတ္ထိေပမဲ့ မစိုးရိမ္ရတဲ့အေျခအေန။
ေရွ႕နားတစ္ေကြ႕ဆိုရင္ပဲ Violet အဝင္ဝကိုေရာက္ေတာ့မယ္။ ဒီလမ္းခ်ိဳးက ဂိုေဒါင္(၂)ကို ေပါက္တဲ့လမ္း။ ေသခ်ာပါၿပီ၊ အတြင္းလူလက္ခ်က္ပါပဲ။
ၾကားညပ္သြားတဲ့ကားက ေမာင္းမရေတာ့လို႔ လူေတြခြဲစီးၿပီး Violet ကို ျပန္ခဲ့ၾကတယ္။ ျမန္ျမန္ေရာက္မွပါပဲ။

Violet ကိုေရာက္လို႔ Indigo ဆီဦးတည္လာၿပီး အထဲဝင္တယ္ဆိုရင္ပဲ

"ကိုကို၊ ဘာ ... ဘာျဖစ္သြားေသးလဲ။ ကိုႀကီးေရ လုပ္ပါဦး။"

Lily တစ္ေယာက္ ခ်က္ခ်င္းထလာၿပီး Lock ပခံုးကိုၾကည့္ကာ ေဘးက Hepius ကို လွည့္ေျပာေနတယ္။

"ကိုကိုဘာမွမျဖစ္ဘူး မီးငယ္။ Hepius, ေျခေထာက္က်ိဳးတဲ့လူနဲ႔ ဗိုက္ေသနတ္ထိတဲ့လူပါတယ္။ မစိုးရိမ္ရဘူး။ ငါ့ပခံုးက က်ည္မဝင္ေနဘူး။ သူတို႔ကိုလိုတာလုပ္ေပးၿပီးရင္ မင္းေဆး႐ံုကို ခ်က္ခ်င္းျပန္ပါ။ Matthew ဆိုတဲ့ Chain ရဲ႕လူကို အသက္ရွင္လ်က္ျမင္ခ်င္တယ္။"

"Oki. Matthew ကို ေဆး႐ံုပို႔ၾကမွာမဟုတ္လား။"

"အင္း၊ မင္းဆီပဲပို႔ရမွာပဲကို။ ျမန္ျမန္သြား။"

"ေဆး႐ံုကိုလည္း ငါဖုန္းဆက္ထားလိုက္မယ္။ ငါသြားၿပီ။"

"အင္း"

Hepius ထြက္သြားတာနဲ႔ Lily က

"ကိုကို၊ Chain ကို ဘယ္လိုလုပ္မလဲ။ အသက္မေသေသးတဲ့ သူ႔လူေတြအတြက္ သူက လက္နက္ခ်ၿပီး လိုက္သြားတာတဲ့။ သတိမေမ့ေသးတဲ့တစ္ေယာက္က ေျပာတာ။ ဘယ္အဖြဲ႕ကလုပ္တာလဲလို႔ စံုစမ္းေနတာ ရေတာ့မယ္။ Red က Austin, Myron နဲ႔ Simon လိုက္သြားတယ္။"

"အင္း၊ ကိုကိုတို႔ကားကို ဂိုေဒါင္(၂)ဆီကိုေပါက္တဲ့လမ္းကေန ကားႏွစ္စီးဝင္တိုက္တယ္။ သူလၽွိဳကိုသိရမယ္လို႔ Chain ေျပာထားတာေရာ ဘယ္သူလိုက္ေနတာလဲ။"

"မမေလး ဒီမွာၾကည့္ပါဦး။"

Indigo Technician တစ္ေယာက္ ထေအာ္ေတာ့ Lily ကအေျပးသြားၿပီး

"ဟင္၊ ဒါက ... ကိုကို လာပါဦး။"

Screen ကေနအၾကည့္မလႊဲဘဲ တအံ့တဩျဖစ္ေနတဲ့ Lily ေၾကာင့္ Lock သြားၾကည့္မိေတာ့

"Bermuda!"

■■■■■ Part XVI ဆက္ရန္ ■■■■■

ဒီနေ့တော့ Spectrum ကိုပြန်ဖို့ အသင့်ဖြစ်နေပြီ။ အလာတုန်းက အသိစိတ်မရှိတာမို့ ဘယ်နေရာမှန်းမသိခဲ့ပေမဲ့ အခုသိရတော့မယ်။

"Baby, သွားရအောင်လေ။"

Lock အခန်းထဲကထွက်လိုက်လာခဲ့တော့ ဧည့်ခန်းထဲကစားပွဲပေါ်မှာ ဆောင်နေကျလက်နက်တွေက အစီအရီ။ အခုချိန် သူ့ကိုပြန်တိုက်ခိုက်မှာကို မစိုးရိမ်ဘူးလား။ ဒါပေမဲ့ ပြန်တော့မှာပဲဟာကို ဘာလို့အပင်ပန်းခံပြီး တိုက်ခိုက်နေမလဲ။ ကိုယ့်ဖုန်းကတော့ Power off အနေအထားနဲ့။

"အပြန်ကို နည်းနည်းတော့ သတိထားရမယ်ထင်တယ်။"

"အင်း"

¤

လုံခြုံရေးစနစ်တွေ သေချာစစ်ခဲ့ပြီး ကားပေါ်ဝင်ထိုင်လိုက်တဲ့ Chain က Lock ကို တစ်ချက်ကြည့်လိုက်ပြီးမှ

"သွားကြစို့။"

ကိုယ်ပိုင်လမ်းကြောင်းတစ်ခုဖြစ်နေတာမို့ ဘယ်နေရာလဲဆိုတာ Lock မှန်းမရသေး။ မိနစ်နှစ်ဆယ်လောက်မောင်းလာပြီး လမ်းမကြီးတစ်ခုပေါ်တက်လာတော့မှ ဘယ်နေရာလဲလို့ တွေးနေမိတယ်။ သုံးမိနစ်လောက်ကြာတော့ နေရာကိုသိလာသလိုပဲ။ စရောက်လာတဲ့ လမ်းမကြီးရဲ့နေရာနဲ့ Violet နဲ့က အရမ်းမဝေး၊ အရမ်းမနီးပေမဲ့ ချိုးဝင်သွားတဲ့ လမ်းမရှိနိုင်ဘူးထင်ရတဲ့ ကိုယ်ပိုင်လမ်းကနေ Pandora's Box ကိုရောက်ဖို့တော့ မလွယ်နိုင်။
လမ်းမကြီးပေါ်ရောက်လာပြီး ငါးမိနစ်ကျော်လောက်မောင်းလာပြီးချိန်မှာ မြို့တွင်းလမ်းကိုရောက်လာချိန်ကနေ အခုထိ နောက်ကတောက်လျှောက်ပါလာတဲ့ Pizza Delivery ကားတစ်စီး။ သူရော၊ ကိုယ်ရော သတိထားမိပြီး ဘာမှတော့မပြောဖြစ်ကြ။
Chain က ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုခေါ်ကာ Convenient Store တစ်ခုရှေ့ရပ်လိုက်ပြီး

"သတိထားနေနော် Baby."

Lock ခေါင်းညိတ်ပြတော့မှ Chain က ဖုန်းကိုင်ပြီးဆင်းလာခဲ့ရင်း Store ထဲ ဝင်လာလိုက်ကာ

📱
"Cyclone's coming."

"We're safe."

"Pull out the Dark."

"From the Light."

စကားဝှက်မှန်ပြီမို့

📱
"တိုက်ရိုက်အမိန့်အတွက် ဘယ်နှယောက်ရမလဲ Matt?"

"အားလုံး ငါးယောက်ပါ"

"အခုချက်ချင်းပဲ"

တစ်ဖက်မှ ပြေးသွားတဲ့ခြေသံနောက်မှာ နောက်ထပ်ခြေသံတွေကြားနေရချိန် Chain က Store ထဲမှာ ရေသန့်ဘူးနဲ့ Tissue ထုပ်တချို့ယူနေပြီး

📲
"Hello"

"Is it raining?"

"It's a rainbow."

ထပ်မံအတည်ပြုပေးပြီးမှ

📱
"Welcome to the triangle in one fourth of 60."

"Yes, sir."

သူတို့ကားလေး စတိုးဆိုင်ရှေ့ရပ်လိုက်တော့ နောက်ကားကကျော်တက်သွားပြီး ရှေ့ခပ်လှမ်းလှမ်းက Furniture ဆိုင်ရှေ့မှာရပ်တန့်လို့ ယူနီဖောင်းဝတ်ဝန်ထမ်းတစ်ယောက် Pizza ထည့်တဲ့ Box လေးကိုင်ပြီး ဆိုင်ထဲဝင်သွားတာကို Lock လိုက်ကြည့်နေမိတယ်။
တစ်ချိန်တည်းမှာပဲ Pizza ကားရဲ့တည့်တည့် မျက်နှာချင်းဆိုင်ဘက်ခြမ်းက တိုက်ကနေ လူငယ်တစ်ယောက် ကားတစ်စီးပေါ်တက်သွားပြီး ကားကတော့ မထွက်သေး။

အဲဒီအချိန် Chain က ရေသန့်ဘူးနဲ့ Tissue ထုပ်ကိုင်ပြီး ပြန်လာနေပြီ။ တစ်ဖက်ခြမ်းကကားကိုကြည့်လိုက်တော့ တစ်ဖက်ယာဉ်ကြောမှာမို့ ကိုယ်တွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး ဒီဘက်ကိုမောင်းလာတာတွေ့ပေမဲ့ လူကိုမမြင်ရ။ ကားနံပါတ်ရွတ်လိုက်တော့ Chain က ခေါင်းညိတ်ပြီး ကားမောင်းထွက်လာခဲ့တဲ့အထိ Pizza ကားက ရပ်ထားရာမှာပဲကျန်နေခဲ့ပြီ။

ဆက်မောင်းလာခဲ့ပြီး ဆယ့်ငါးမိနစ် (one fourth of 60) နီးပါးအထိက ဘာမှမထူးခြားလို့ သတိထားနေတော့မှ ခုနက တစ်ဖက်ယာဉ်ကြောမှာမြင်လိုက်ရတဲ့ကားကို နောက်ဘက်တော်တော်လှမ်းလှမ်းမှာ တွေ့လိုက်တဲ့အချိန် ရှေ့မှာက Violet (ခေါင်းဆောင်နေအိမ်) ဆီသွားတဲ့လမ်းချိုးကို မြင်နေရပြီ။ အဲဒီနေရာက လမ်းသုံးခွဆုံတဲ့နေရာ (the triangle).
Violet ဆီသွားရာလမ်းကို ကွေ့ချလိုက်တော့ တစ်ဖက်လမ်းကနေ ကားနှစ်စီးရောက်ချလာသလို၊ နောက်ကလည်း ခုနကကားအပါအဝင်ကားသုံးစီး အရှိန်ပြင်းပြင်းနဲ့ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်လာပါတော့တယ်။

တစ်ဖက်လမ်းမှကားနှစ်စီးက နောက်ကကားသုံးစီးနဲ့ ကိုယ်တွေကားကြားမှာ ပိတ်ရပ်လိုက်ပြီး ပြန်လည်ပစ်ခတ်သံတွေထွက်လာတော့မှ Chain စစ်ကူခေါ်လိုက်တာပဲလို့ သိလိုက်ရတယ်။
ကိုယ်တွေကားလည်း သိပ်မမောင်းလိုက်ရဘဲ ဘေးဘက်သစ်ပင်တွေကြားက နောက်ထပ်ကားတစ်စီး မျက်နှာချင်းဆိုင်မောင်းချလာလို့ Chain က နောက်ပြန်ဆုတ်ပြီး သူ့လူတွေကားနားပြန်မောင်းလာတော့ Lock က သူ့ဖုန်းဖွင့်ကာ နံပါတ်တစ်ခုဆီအသံဖိုင်ပို့လိုက်တယ်။

"Meet me at the Junction right now."

ပြောပြီးတော့ သူတို့နှစ်ယောက်လုံးဆင်းကာ မျက်နှာချင်းဆိုင်ကားဆီ ပစ်ကြရပြန်တယ်။ ကြားညပ်နေတဲ့ ကိုယ်တို့ကားသုံးစီးက အလူးအလဲခုခံနေရပေမဲ့ တစ်ဖက်ကလည်း အနားကပ်မရလို့ ဖိပစ်နေကြပြီ။ လှည့်ကြည့်မိသလောက် Chain ခေါ်ထားတာ ငါးယောက်၊ တစ်ဖက်ကတော့ ဆယ်ယောက်ကျော်လောက်တယ်။ ဒီဘက်မှာကလည်း လေးယောက်။ Chain က သူယူလာသမျှ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်နေပြီး ကိုယ့်လက်နှစ်ဖက်လုံးလည်း မအားရဘူး။
Chain ကအချက်ပြတာမို့ တစ်ဖွဲ့လုံး ကားလမ်းဘေးအပင်တွေရှိရာဆီ တဖြည်းဖြည်းဆုတ်လာခဲ့ကြပြီး အကာအကွယ်ယူကြရင်း Chain လူတွေထဲကတစ်ယောက် လက်မောင်းကိုထိသွားတော့ တခြားတစ်ယောက်ကဆွဲခေါ်လိုက်တာ တွေ့လိုက်ရတယ်။

*ဝုန်း*

တစ်ဖက်ကကားတစ်စီး ပေါက်ကွဲသွားတယ်။ ကြည့်ရတာ ဆုတ်လို့လွယ်အောင် အဖွဲ့ထဲကတစ်ယောက်က ဆီတိုင်ကီကိုထိအောင်ပစ်လိုက်ပုံပဲ။
ခဏလေးငြိမ်သွားချိန် အပင်တွေကြား အသည်းအသန်ပြေးဝင်ရပေမဲ့ တစ်ဖက်ကလည်း နောက်ကနေလိုက်လာကြပြီ။ သစ်ပင်တွေကြားပြေးလွှားပစ်ခတ်ကြရင်း Chain ခေါ်ထားတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့တစ်ယောက် သေနတ်မှန်သွားတော့ Chain က ကိုယ့်ဘေးနားမှာနှစ်ယောက်ထားပြီး ရှေ့တက်သွားတယ်။ သူ့ရဲ့ခပ်ကြမ်းကြမ်းပစ်ခတ်မှုကြောင့် တစ်ဖက်က ခဏလေးငြိမ်သွားပေမဲ့ လူအင်အားအသာစီးနဲ့ပစ်လာတော့ ကိုယ့်ကိုကာပေးရင်း ဘေးကတစ်ယောက် ထိသွားတာမို့ ပြန်ပစ်နေတုန်း

*ကျွီ.....*

*ဒုန်း*

လမ်းပေါ်မှာ ကားချင်းတိုက်သံတွေကြားလိုက်ရတယ်။ Spectrum က ရောက်လာတယ်ထင်တယ်။
ခဏချင်းမှာပဲ လမ်းဘက်ကပစ်ခတ်သံတွေကြားရချိန် Chain ကတော့ သူ့လူတစ်ယောက်နဲ့အတူ တစ်ဖက်အဖွဲ့နားနီးကပ်နေပြီ။ ကိုယ့်ဘက်ကကူပစ်ပေးပြီး ဝင်လာသူတွေက Nick နဲ့အဖွဲ့သားလေးယောက်။
ကိုယ့်ကိုဆွဲခေါ်ပြီး သုံးယောက်က Chain တို့ဆီကိုပြေးသွားတယ်။
Nick နဲ့ကိုယ့်ကို နောက်ကနေတစ်ယောက်က ကာပစ်ပေးပြီး လမ်းပေါ်ကိုပြေးစေတယ်။ လမ်းပေါ်က မောင်းလို့ရသေးတဲ့ကားတစ်စီးပေါ် ဝင်ထိုင်လိုက်တော့

"Nick, သူတို့တွေ ..."

"Chain စီစဉ်ပါလိမ့်မယ် ခေါင်းဆောင်။ အခု ခေါင်းဆောင်က ပိုအန္တရာယ်ရှိနေတာ။"

ဂိုဏ်းထဲမှာ အားလုံးက Chain ကို ဒုခေါင်းဆောင်လို့မခေါ်ကြဘဲ နာမည်သာခေါ်ကြတယ်။ ကိုယ်တွေသုံးယောက် ကားမောင်းထွက်လာတော့မှ

"ပခုံးက ဘယ်လိုနေလဲ ခေါင်းဆောင်။"

ဒီတော့မှ ပခုံးမှာရှပ်ထိထားတာကို သတိထားမိတယ်။

"ရှပ်ထိတာပါ။ ကျည်တောင်ကျန်မနေပါဘူး။"

"မမလေးက Dr. Hepius ကို Violet ဆီခေါ်ထားလိမ့်မယ်။ ကျွန်တော်က သိသိချင်းထွက်လာတာပါ။"

ပြောနေရင်းကို Spectrum ကကားတွေ ရောက်ချလာတာကြောင့် Nick က မီးနှစ်ချက်တောက်လိုက်တော့ တချို့က အရှိန်ပြန်တင်ကာမောင်းချသွားပြီး သုံးစီးကလမ်းဘေးချရပ်ကာ ကိုယ်တွေနောက်က ပြန်ပါလာကြတယ်။ အဲဒီထဲကတစ်စီးကတော့ ကျော်တက်ပြီး ရှေ့ကဦးဆောင်မောင်းသွားတာကြောင့် ကိုယ်လည်းစိတ်လျှော့ပြီး နောက်မှီမှာ ခပ်လျော့လျော့မှီထိုင်လိုက်တယ်။ မေးစရာတွေက အများကြီး။ သိချင်တာတွေက အများကြီး။

"မင်းတို့ငါးယောက်ပဲ ဘာလို့အရင်ရောက်လာတာလဲ Nick?"

"မနေ့ကတည်းက Orange (နယ်မြေခေါင်းဆောင်) တချို့ ပြဿနာတက်တာ နည်းနည်းကြီးလို့ Red (Violet ရဲ့ အနီးကပ် Bodyguard Team) ကနေသွားထိန်းပေးပြီး Indigo (Law & Technical Team) က လိုက်ရှင်းပေးနေရပါတယ်။ မနက်အစောကြီး ဂိုဒေါင် (၃)မှာ ပေါက်ကွဲမှုဖြစ်လို့ Bryan က Chain တာဝန်ပေးထားတဲ့ဆီကနေ Red ကိုပြန်မလာနိုင်ဘဲ အဲဒီကိုသွားရှင်းနေပါတယ်။ ခေါင်းဆောင်တို့ ဒီနေ့ပြန်လာမှာကိုမသိတော့ အကုန်လုံးက သူ့အလုပ်နဲ့သူရှုပ်နေကြတာမို့ မမလေးက တခြားအဖွဲ့တွေကိုဆက်သွယ်နေတုန်း ကျွန်တော်ကရှိတဲ့လူခေါ်ပြီး ချက်ချင်းလိုက်လာတာပါ။ မနေ့က Orange ကိစ္စ မမလေးဆီကို သတင်းပို့နေတုန်း မမလေးက ခေါင်းဆောင်ဆီကအမိန့်ရတယ်ဆိုလို့ပါ။"

"Chain နဲ့ရှိနေတာ ဘယ်သူတွေလဲ။ မင်းသိလား။"

"အဲဒါ Orange က Matthew ရဲ့အဖွဲ့ပါ။ သူ့ကိုတော့ မတွေ့လိုက်ဘူး။"

"သူတို့ခေါင်းဆောင်က ... အင်း ... Matthew က ထိသွားတယ်။ ဘယ်လိုအခြေအနေရှိလဲတော့ မသိဘူး။"

"အဲ ... သူထိသွားတာလား။ အသက်အန္တရာယ်မရှိရင်တော့ အကောင်းဆုံးပါပဲ။ သူကတော်တယ်၊ သစ္စာရှိတယ်။ သူ့ကို Chain က အသက်ကယ်ထားတာဆိုတော့ သူကလည်း Chain အတွက်ဆို အသက်ပေးဖို့နောက်မတွန့်ဘူး။ ဒါပေမဲ့ Chain က အဲဒီလိုမျိုး အသက်ကယ်ပေးထားတယ်ဆိုပြီး အခွင့်အရေးယူတတ်တဲ့လူ မဟုတ်ပါဘူး။ အခုလည်း သူတို့နဲ့ပိုနီးလို့ သူတို့ကိုအမြန်ခေါ်လိုက်တာထင်တယ်။ ပြီးတော့ Violet ကိုတိုက်ရိုက်ဆက်သွယ်ဖို့ Chain ရဲ့ဖုန်းက Basement ထဲမရောက်ခင် ခေါင်းဆောင်သိမ်းထားလိုက်တယ်ထင်တယ်။ မမလေးဆီမှာ တွေ့ခဲ့တယ်။"

Lock ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်တယ်။ အဲဒီအချိန် Nick ရဲ့ဖုန်းကမြည်လာလို့ ဖုန်းကို Speaker ဖွင့်လိုက်တော့

"Nick, ငါတို့ရောက်တော့ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေပဲ ကျန်တယ်။ ဘယ်သူမှမရှိတော့ဘူး။ ခေါင်းဆောင် အန္တရာယ်ကင်းတယ်မဟုတ်လား။"

ကြားလိုက်ရတာက Red က Austin ရဲ့အသံ။ Nick က Lock ကို တစ်ချက်ကြည့်ပြီးမှ ရှေ့ပြန်လှည့်လို့ ကားမောင်းရင်း

"ဟုတ်ကဲ့၊ ခေါင်းဆောင်အန္တရာယ်ကင်းပါတယ်။"

"အေး၊ ငါတို့ဘက်က နှစ်ယောက်သေ၊ လေးယောက်ဒဏ်ရာပြင်းတယ်။ တစ်ယောက်ကတော့ အရမ်းမဆိုးပေမဲ့ တစ်ယောက်ပျောက်နေတယ်။ သတိမမေ့သေးတဲ့ ငါတို့လူအပြောအရ Chain ကို သူတို့တွေခေါ်သွားကြတယ်။ ငါတို့ ဆက်လိုက်နေကြတယ်။ အဲဒီမှာ ကားတစ်စီးနဲ့လူငါးယောက် ထားခဲ့တယ်။ မမလေးကိုလည်း Myron အကြောင်းကြားနေတယ်။ Indigo က စုံစမ်းနေတာရရင် ဘယ်အဖွဲ့လဲသိရမယ်။ ခေါင်းဆောင်အန္တရာယ်ကင်းတယ်ဆိုရင် တိုက်ရိုက်ညွှန်ကြားပေးပါလို့ ပြောပေးပါ။ အခု ငါတို့ ဆက်လိုက်နေတယ်။"

Nick က ကိုယ့်ကိုကြည့်လာပြန်တာမို့

"ငါအကုန်ကြားတယ် Austin. အခုတော့ မင်းတို့အစီအစဉ်တိုင်းဆက်လုပ်ပါ။ ငါ Lily ဆီက အကြောင်းစုံသိရတာနဲ့ ပြန်ပြောမယ်။ Matthew အခြေအနေဘယ်လိုလဲ။"

"အဖွဲ့ခေါင်းဆောင်ကိုပြောတာလား ခေါင်းဆောင်။ သူကစိုးရိမ်ရတယ်။ သတိလည်းမေ့နေတယ်။"

"ဟုတ်ပြီ။ ငါချက်ချင်းပြန်ဆက်သွယ်မယ်။ မင်းတို့ဆက်လုပ်ကြ။"

"ဟုတ်ကဲ့၊ ခေါင်းဆောင်။"

ဖုန်းချလိုက်ချိန်မှာပဲ

*ဒုန်း* ခနဲအသံနဲ့အတူ ကားဘီးနဲ့လမ်းနဲ့ ပွတ်ဆွဲတဲ့အသံတွေ ဆူညံသွားတယ်။

လမ်းချိုးတစ်ခုကအဖြတ်မှာ ကားတစ်စီးက ကိုယ့်ကားကိုဝင်တိုက်တာပေမဲ့ နောက်ကကပ်ပါလာတဲ့ကိုယ့်လူတွေကားက ကြားကဝင်တိုးလိုက်တာမို့ ကိုယ်တွေကို နည်းနည်းလေးဆောင့်မိရုံသာ။ သူတို့က နှစ်စီး။
ကိုယ်တွေဘက်က ရှေ့ကကားရော၊ နောက်ဆုံးကကားပါ ချက်ချင်းအနားပိတ်ရပ်လိုက်ကြပြီး ပစ်ခတ်ကြတော့ သိပ်မကြာလိုက်ဘဲ အခြေအနေငြိမ်ကျသွားတယ်။ သူတို့ဆင်းကြည့်ကြတော့ အားလုံးအသက်မရှိကြတော့ဘူးတဲ့။ ကိုယ့်ဘက်က ကြားကဝင်ခံတဲ့ကားပေါ်က ဂိုဏ်းသားတစ်ယောက် ခြေထောက်ကျိုးပြီး နောက်တစ်ယောက်က ဗိုက်ကိုသေနတ်ထိပေမဲ့ မစိုးရိမ်ရတဲ့အခြေအနေ။
ရှေ့နားတစ်ကွေ့ဆိုရင်ပဲ Violet အဝင်ဝကိုရောက်တော့မယ်။ ဒီလမ်းချိုးက ဂိုဒေါင်(၂)ကို ပေါက်တဲ့လမ်း။ သေချာပါပြီ၊ အတွင်းလူလက်ချက်ပါပဲ။
ကြားညပ်သွားတဲ့ကားက မောင်းမရတော့လို့ လူတွေခွဲစီးပြီး Violet ကို ပြန်ခဲ့ကြတယ်။ မြန်မြန်ရောက်မှပါပဲ။

Violet ကိုရောက်လို့ Indigo ဆီဦးတည်လာပြီး အထဲဝင်တယ်ဆိုရင်ပဲ

"ကိုကို၊ ဘာ ... ဘာဖြစ်သွားသေးလဲ။ ကိုကြီးရေ လုပ်ပါဦး။"

Lily တစ်ယောက် ချက်ချင်းထလာပြီး Lock ပခုံးကိုကြည့်ကာ ဘေးက Hepius ကို လှည့်ပြောနေတယ်။

"ကိုကိုဘာမှမဖြစ်ဘူး မီးငယ်။ Hepius, ခြေထောက်ကျိုးတဲ့လူနဲ့ ဗိုက်သေနတ်ထိတဲ့လူပါတယ်။ မစိုးရိမ်ရဘူး။ ငါ့ပခုံးက ကျည်မဝင်နေဘူး။ သူတို့ကိုလိုတာလုပ်ပေးပြီးရင် မင်းဆေးရုံကို ချက်ချင်းပြန်ပါ။ Matthew ဆိုတဲ့ Chain ရဲ့လူကို အသက်ရှင်လျက်မြင်ချင်တယ်။"

"Oki. Matthew ကို ဆေးရုံပို့ကြမှာမဟုတ်လား။"

"အင်း၊ မင်းဆီပဲပို့ရမှာပဲကို။ မြန်မြန်သွား။"

"ဆေးရုံကိုလည်း ငါဖုန်းဆက်ထားလိုက်မယ်။ ငါသွားပြီ။"

"အင်း"

Hepius ထွက်သွားတာနဲ့ Lily က

"ကိုကို၊ Chain ကို ဘယ်လိုလုပ်မလဲ။ အသက်မသေသေးတဲ့ သူ့လူတွေအတွက် သူက လက်နက်ချပြီး လိုက်သွားတာတဲ့။ သတိမမေ့သေးတဲ့တစ်ယောက်က ပြောတာ။ ဘယ်အဖွဲ့ကလုပ်တာလဲလို့ စုံစမ်းနေတာ ရတော့မယ်။ Red က Austin, Myron နဲ့ Simon လိုက်သွားတယ်။"

"အင်း၊ ကိုကိုတို့ကားကို ဂိုဒေါင်(၂)ဆီကိုပေါက်တဲ့လမ်းကနေ ကားနှစ်စီးဝင်တိုက်တယ်။ သူလျှိုကိုသိရမယ်လို့ Chain ပြောထားတာရော ဘယ်သူလိုက်နေတာလဲ။"

"မမလေး ဒီမှာကြည့်ပါဦး။"

Indigo Technician တစ်ယောက် ထအော်တော့ Lily ကအပြေးသွားပြီး

"ဟင်၊ ဒါက ... ကိုကို လာပါဦး။"

Screen ကနေအကြည့်မလွှဲဘဲ တအံ့တဩဖြစ်နေတဲ့ Lily ကြောင့် Lock သွားကြည့်မိတော့

"Bermuda!"

■■■■■ Part XVI ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі