1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
22. Unexpectedly
"ေစာင့္ရတာၾကာသြားလား Punzel?"

"အင္း၊ နည္းနည္းၾကာသြားတယ္။"

ေသခ်ာၿပီ။ Lily တမင္သက္သက္ကို Chain နဲ႔စကားရပ္ေျပာေနတာ။

"ငါ နည္းနည္းအလုပ္႐ႈပ္သြားလို႔ပါ။ ဘာကိစၥထူးလို႔လဲ။"

"Punzel နဲ႔ Tracing Paper ေတြ လိုက္ဝယ္ေပးစမ္းပါ။ အဲဒါေတြ ဘယ္နားမွာရွိလဲ။ အရင္ဆိုင္ေတြ ရွိေသးလား။"

"Tracing နဲ႔ဆြဲမလို႔လား။ ဘာစိတ္ကူးေပါက္တာလဲ။"

ေျပာေနရင္း Chain ဝင္လာတာမို႔

"အခန္းေသာ့ဖြင့္ထားတယ္။ ဝင္သြားလိုက္။"

"ဟုတ္"

Chain က Rapunzel ကို အျပံဳးတစ္ခ်က္နဲ႔ႏႈတ္ဆက္ၿပီး ကိုယ့္ကိုဦးညႊတ္ကာ အေပၚတက္သြားေတာ့မွ သူမက

"ဒီတစ္ေခါက္ Motifs(ကႏုတ္) details ေတြကို Tracing ေပၚမွာ ကိုယ္တိုင္ျပန္ဆြဲေပးခ်င္လို႔ပါ။ နင္လည္းသိသားနဲ႔၊ Motifs ဆိုရင္ Punzel လက္က သိပ္ျမန္တာကို။ Paper ေတြက အၾကမ္းျခစ္တဲ့အပါးေတြပဲ က်န္ေနလို႔ သြားဝယ္မလို႔။ ဒီျပန္ေရာက္ၿပီးမွ အဲဒီဆိုင္ေတြလည္း မသြားျဖစ္ေသးဘူးေလ။"

"Wow! ကံထူးရွင္ Client က ဘယ္သူပါလိမ့္။ Rapunzel ကိုယ္တိုင္ လက္နဲ႔ဆြဲေပးမလို႔တဲ့။ သြားၾကမယ္ေလ။ ဒီညေန ငါအားေနတာပဲ။"

"Eastern style ေလးေတြနဲ႔ Restaurant ေလးတစ္ခုပါ။ Punzel အရမ္းသေဘာက်လို႔။"

Rapunzel နဲ႔ထြက္လာၿပီး Drawing ပစၥည္းေတြဝယ္ျဖစ္ၾကတာ အခ်ိန္ေတာ္ေတာ္ကုန္သြားခဲ့တယ္။ ဝါသနာပါတဲ့အလုပ္မွာသံုးတဲ့ ပစၥည္းေလးေတြမို႔ ဘယ္ေလာက္ပဲ Software ေတြတြင္က်ယ္ပါေစ ကိုယ္တိုင္လက္နဲ႔ဆြဲရတာကို ႀကိဳက္ၾကတာေၾကာင့္ မသံုးျဖစ္ဖို႔ ေသခ်ာသေလာက္ရွိတာေတြကိုလည္း ႏွစ္ေယာက္သားဝယ္မိၾကရင္းေပါ့။ ေက်ာင္းသားဘဝကို ျပန္ေရာက္သြားသလိုပါပဲ။

အိမ္ျပန္ေရာက္ေတာ့မွ ဝယ္လာတဲ့ပစၥည္းေတြကိုေရာ၊ ေသနတ္ကိုေရာ သိမ္းဖို႔ အလုပ္ခန္းကိုသတိရတယ္။ Chain ျပင္ထားခဲ့ၿပီးေလာက္ၿပီ။
အခန္းထဲဝင္လာလိုက္ေတာ့ .....
သူ မျပန္ေသးဘူးလား။ ဆိုဖာနားကၾကမ္းျပင္မွာ ထိုင္ေနတာပဲ။ အနားေလၽွာက္သြားလိုက္ေတာ့မွ ဆိုဖာေပၚေခါင္းတင္လို႔ ေသတၱာကို လက္တစ္ဖက္နဲ႔ဖိထားရင္း အိပ္ေပ်ာ္ေနတာ ေတြ႕ရတယ္။
ေျပာပါတယ္၊ သင္းဆိုတာ ေရာက္ရာအရပ္မွာ ေနေပ်ာ္တဲ့အေကာင္ပါလို႔။

"ေဟ့ေကာင္ ထစမ္း။"

ေျခေထာက္ကို ခပ္ဖြဖြကန္ႏႈိးလိုက္ေတာ့မွ

"ဟာ၊ Bae ... အစ္ကိုေလးျပန္လာၿပီလား။ ေစာင့္ေနရင္းနဲ႔ အိပ္ငိုက္သြားတာ။"

လူတစ္ေယာက္လံုးအနားေရာက္လာတာကို မသိတဲ့အထိက အိပ္ငိုက္တာတဲ့လား။

"ဘာကိစၥ ဒီမွာလာအိပ္ေပ်ာ္ေနတာလဲ။"

ေျပာလိုက္ေတာ့မွ နာရီက္ိုလွမ္းၾကည့္ကာ မ်က္လံုးအျပဴးသားနဲ႔

"ေတာင္းပန္ပါတယ္။ အဲဒီေလာက္အိပ္ေပ်ာ္သြားမယ္လို႔ မထင္လိုက္မိဘူး။ ေသတၱာေလးက အဆင္ေျပသြားပါၿပီ။"

"ရၿပီဆိုလည္း သြားေတာ့။"

"ဟိုေလ ... အစ္ကိုေလး ညေနစာစားၿပီးၿပီလား။"

လၽွာ႐ွည္ျပန္ၿပီလားဆိုတဲ့ အၾကည့္နဲ႔ ၾကည့္ေပးလိုက္ေတာ့

"မစားရေသးရင္ အစ္ကိုေလးအတြက္ တစ္ခုခုခ်က္ေပးမယ္ေလ။"

"အျပင္မွာ စားခဲ့ၿပီ။"

မစားရေသးပါဘူး။ Rapunzel က တစ္ခုခုသြားစားဖို႔ေခၚေနတာေတာင္ စားခ်င္စိတ္မရွိလို႔ ျပန္လာခဲ့တာပဲ။

"ဟုတ္။ ခြင့္ျပဳပါဦး။"

ဒီညအတြက္ Baby အနားထပ္ေနခ်င္ေသးလို႔ အၾကံအစည္ထုတ္လိုက္ေပမဲ့ ေအာင္ျမင္စြာတပ္ဆုတ္ခဲ့ရၿပီ။ ဘယ္တတ္ႏိုင္မလဲ။ ေနာက္ေန႔မွ ေနာက္တစ္မ်ိဳးၾကံရမွာပဲ။ အခုညေနစာကို ဘယ္သူနဲ႔ဘယ္မွာစားခဲ့တာလဲလို႔ မေတြးခ်င္ဘူး။အေျဖသိၿပီးသားေမးခြန္းေတြက ေပါ့ပ်က္လြန္းတယ္။

¤

အဟက္၊ Griffin ရွိေနေသးတာပဲ။ ျပန္သြားၿပီလို႔လမ္းေၾကာင္းျပၿပီး ဘာေတြၾကံစည္ေနျပန္ၿပီလဲ

က်ဳပ္ကိုေတာ့လွည့္စားလို႔မရဘူး Griffin. ဘာေတြၾကံေနလဲဆိုတာ ရေအာင္ရွာၿပီး တားဆီးေပးမယ္။

¤

"ေခါင္းေဆာင္၊ ဖိတ္စာေရာက္တယ္။"

"Leo?"

"ဟုတ္ကဲ့"

သန္ဘက္ခါပဲ။ Leo ကလုပ္မယ့္ ေလလံပြဲတစ္ခု။ ေလလံပြဲကလည္း အစစ္။ ေနာက္ကြယ္မွာကလည္း လက္နက္နဲ႔ေက်ာက္အေရာင္းအဝယ္။ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္။

"Bryan, ဒီကိစၥအတြက္ စီစဥ္စရာရွိတာေတြ စီစဥ္ခိုင္းထားလိုက္ဦး။"

လက္ထဲကဖိတ္စာကို ေပးလိုက္ေတာ့

"ဟုတ္ကဲ့ ေခါင္းေဆာင္။ စိတ္ခ်ပါ။"

¤

"မီးငယ္ပါလိုက္မယ္ေလ။ တျခားအဖြဲ႕ေတြရဲ႕အေနအထားလည္း အကဲခတ္သတင္းယူလို႔ရတာေပါ့။"

"ပြဲႏွစ္ပြဲမို႔ လူစံုမွာ။ အႏၲရာယ္မ်ားတယ္၊ မလိုက္နဲ႔။"

"ဒီေလာက္ အႀကီးအက်ယ္ေလလံပြဲနဲ႔ဟာကို ဘယ္သူကမွ ေနာက္ကြယ္ပြဲမွာ ျပႆနာရွာၾကမယ္မထင္ပါဘူး။"

"စိတ္အခ်ရဆံုးအေနအထားက အႏၲရာယ္ဇုန္လည္းျဖစ္သြားႏိုင္တယ္ မီးငယ္။"

"ကိုကိုကလည္း အစ္မ Nancy လည္းရွိမွာမို႔ သြားခ်င္တာကို။"

"လိုခ်င္တာကို Nancy ဆီကေန ဝယ္လိုက္ေလ။"

"ဟာ၊ ကိုကိုကလည္း ... ကိုယ္တိုင္ၾကည့္ခ်င္လို႔ပါ။"

"ေအးကြာ။ ဒါေပမဲ့ ကိုကို႔စကားကို အတိအက်နားေထာင္ရမယ္။"

"ဟုတ္၊ ဟုတ္။ နားေထာင္မယ္။"

ေခါင္းျပဳတ္က်မတတ္ ညိတ္ျပၿပီး ေပ်ာ္ရႊင္ေနတဲ့ Lily.

¤

Griffin, အဲဒီပြဲမွာ ခင္ဗ်ားေပၚမလာဖို႔ပဲ ဆုေတာင္းပါရဲ႕။

Lock က ဖယ္ထုတ္ထားတာကိုပဲ အခုခ်ိန္မွာ Chain ေက်းဇူးတင္မိတယ္။
Lock နဲ႔ Lily တို႔ထြက္သြားတဲ့ေနာက္ကို ပါလာခဲ့တဲ့ Chain တစ္ေယာက္ Bermuda နဲ႔ပတ္သက္မယ့္အရိပ္အေယာင္မွန္သမၽွ အလြတ္မေပးဘဲၾကည့္လာခဲ့ရင္း ေလလံပြဲအထိေရာက္လာခဲ့တယ္။

"Hurricane, Punzel, ေရာက္ေနတာၾကာၿပီလား။"

"သိပ္မၾကာေသးဘူး။ Lily လည္း ပါလာတာပဲ။"

"ဘာေတြပူဆာမလို႔လဲ မသိပါဘူးဗ်ာ။"

"ကိုကိုကလည္း။ Good Evening, Hurricane, Rapunzel. Lily အစ္မ Nancy ဆီ သြားလိုက္ဦးမယ္ေနာ္။ ခုနက ဝင္လာတာေတြ႕လိုက္တယ္။"

"ဟုတ္ကဲ့ပါ။"

Lily က Hepius တို႔အတြဲကိုလိုက္ရွာေနခ်ိန္ Chain တစ္ေယာက္ကေတာ့ Spectrum Siblings ကိုေရာ၊ Bermuda အရိပ္အေယာင္ကိုပါ မ်က္ျခည္မျပတ္ေစာင့္ၾကည့္ေနမိတယ္။ အခုအထိေတာ့ Bermuda နဲ႔ပတ္သက္တာ မေတြ႕မိေသး။

"အစ္မ Nancy, ရွာလိုက္ရတာ။ လွစ္ခနဲဆို ႏွစ္ေယာက္သားေပ်ာက္သြားလိုက္ၾကတာ။"

"Doctor ႀကီးရဲ႕အဖြဲ႕ေတြေပါ့၊ အတင္းဆြဲေခၚေနၾကတာနဲ႔ ပါလာတာ။"

သူ႔အဖြဲ႕ေတြနဲ႔ေပ်ာ္ျမဴးေနတဲ့ Hepius ကို ေမးေငါ့ရင္း Nancy အေျပာေၾကာင့္ Lily က ခပ္ဖြဖြရယ္ရင္း

"ဒီည ရွားပါးရတနာပစၥည္းေတြပါ ပါတယ္ဆို။"

"အင္း၊ အဲဒါေၾကာင့္ Nancy တို႔ ဒီေရာက္လာတာေပါ့ မီးငယ္ရဲ႕။"

"မီးငယ္အတြက္ပါၾကည့္ေပးေနာ္။"

"ခစ္ခစ္၊ Lock ဆီက ၾကားၿပီးပါၿပီ။ မီးငယ္က ဒီည ဘာေတြပူဆာဦးမလဲမသိဘူးတဲ့။"

"ဟြန္႔၊ အဲဒီကိုကိုကေလ ဒါပဲေျပာေနတာပဲ။ ဒီညီမေလးတစ္ေယာက္တည္းရွိတာကို။"

"အဲဒါေၾကာင့္လည္း ခ်စ္လိုက္တာတုန္လို႔။ ၾကည့္ေတာ့သာေအးစက္စက္နဲ႔ ညီမကိုက် အထိကိုမခံတာ။"

Nancy နဲ႔ Lily ကလည္း စကားေျပာအမၽွင္မျပတ္ၾက။ Leo ရဲ႕ ေနရာခ်ထားမႈက Spectrum, Blue Diamond နဲ႔ Medic couple မို႔ ေျခာက္ေယာက္သား ေဘးတိုက္၊ ေရွ႕ေနာက္ထိုင္က်ရင္း စကားေျပာမျပတ္ၾက။ ေနာက္ဆံုးနားကေန Chain အကဲခတ္ေနမိရင္း ေနာက္ကြယ္က ေမွာင္ခိုအေရာင္းအဝယ္ေတြဆီ ေနရာယူထားၾကတဲ့ ကိုယ့္လူေတြဆီက အေျခအေနကိုလည္း နားစြင့္ေနမိတယ္။ ကိုယ့္ကို လူသတိမထားမိဖို႔ကလည္း အေရးႀကီးေပမဲ့ လံုးဝၿငိမ္ေနလို႔လည္းမရတာမို႔ ႐ုပ္ဖ်က္လာခဲ့တာ မွန္သြားတယ္ေျပာရမယ္။

အေျခအေနေတြၿငိမ္ေနတာမို႔ ေရွးေဟာင္းပန္းအိုးတစ္လံုးကို ေလလံဝင္ဆြဲမိေတာ့ မေမၽွာ္လင့္ဘဲ Lock ကပါ ပါလာတာမို႔ အေလၽွာ့ေပးမယ္ျပင္ၿပီးမွ စိတ္ကူးေပါက္ၿပီး မရရေအာင္ဝယ္လိုက္မိတဲ့အထိ Lock တစ္ေယာက္ Chain မွန္းမသိ။

ပန္းအိုးေလးလွလို႔ Baby အပင္စိုက္ဖို႔ လက္ေဆာင္ေပးမလို႔ေလ Baby ေရ။ အဲဒီေတာ့ သက္သက္မဲ့ ေငြကုန္မခံပါနဲ႔ေတာ့။

"အခုတစ္ေခါက္ပစၥည္းေလးက အရည္အေသြးေကာင္းပတၱျမားလည္ဆြဲပါ။ ပတၱျမားေတြက Four Cs* စံႏႈန္းမီပါပဲ။ ျမန္မာ့မိုးကုတ္ပတၱျမားလို႔ သိရပါတယ္။ ၾကမ္းခင္းေဈးက ... "

ပတၱျမားလည္ဆြဲက မီးေရာင္ေအာက္မွာ တလက္လက္။ Lily တစ္ေယာက္ေတာ့ လႈပ္လႈပ္ရွားရွားျဖစ္လာပါၿပီ။ Nancy နဲ႔တြတ္ထိုးၿပီးေနာက္မွာ

"ကိုကို၊ မီးငယ္လိုခ်င္တယ္။"

Lock က Nancy ဆီအၾကည့္ပို႔မိေတာ့ ေခါင္းညိတ္ျပတာမို႔

"သေဘာပဲ မီးငယ္။ ကိုကိုတို႔ အလုပ္ေလးရွိလို႔ အေနာက္ဘက္သြားလိုက္ဦးမယ္။"

သေဘာပဲဆိုတဲ့ေနာက္မွာ Lily ဘာမွမၾကားေတာ့ပါဘူး။ ေဈးအၿပိဳင္ေပးရင္း လည္ဆြဲရဖို႔ကိုပဲ အာ႐ံုက်ေနပါေတာ့တယ္။
Lily နားမွာ Austin နဲ႔ Nick ကိုထားၿပီး Lock က Bryan, Myron, Hurricane နဲ႔ သူ႔အဖြဲ႕တခ်ိဳ႕နဲ႔အတူ ထြက္လာခဲ့လိုက္ပါတယ္။
Hepius ကေတာ့ ေခါင္းဆိုင္လိုက္၊ ေဈးေပးလိုက္နဲ႔ျဖစ္ေနတဲ့ Nancy, Lily တို႔ေဘး ေခါင္းခါရင္းက်န္ေနခဲ့ရၿပီ။
Chain လည္း ေနာက္ကြယ္ကတကယ့္ပြဲဆီ ေျခဦးလွည့္လိုက္တယ္။

"Spectrum King က အခုမွေရာက္လာတာကိုး။ Hurricane လည္းပါတာပဲ။ ပြဲက အခုမွစည္ေတာ့မွာပဲဗ်ာ။"

"ေတြ႕လိုက္ပါတယ္ဗ်ာ။ ေရွ႕မွာခဏေနၿပီး Leo ႀကီးေပ်ာက္သြားကတည္းက ပြဲစေနၿပီဆိုတာ။"

"ဟား ဟား ဟား၊ ႂကြပါဗ်ာ။"

တကယ့္ကို ေမွာင္ခိုေဈးပြဲေတာ္လို႔ေျပာရမလား။ ဘယ္လိုမွရွာလို႔မလြယ္တာေတြ အပံုလိုက္။

"ခ်ီးက်ဴးတယ္ဗ်ာ။ ဒီေလာက္အႏၲရာယ္မ်ားတဲ့ကိစၥကို ကိုင္တြယ္ႏိုင္တယ္။"

Lock က Leo နားကပ္ကာ ခပ္တိုးတိုးေျပာေတာ့ Leo ကရယ္ေမာရင္း

"အက်ိဳးအျမတ္က မေသးဘူးဆိုေတာ့ ဒီလုိပဲ Risk ႀကီးတာေပါ့။"

"မွန္တာေပါ့။ ဒါနဲ႔ လုပ္စရာရွိတာလုပ္ပါ။ ကၽြန္ေတာ္ နည္းနည္းၾကည့္လိုက္ဦးမယ္။ အားမနာပါနဲ႔။"

"ဟုတ္ၿပီဗ်ာ။ ကိစၥရွိရင္ ခ်က္ခ်င္းေခၚခိုင္းလိုက္ပါ။"

"မဟုတ္တာပဲဗ်ာ။ အလုပ္မ်ားတဲ့လူကို မေႏွာင့္ယွက္ခ်င္ပါဘူး။ အေရးႀကီးရင္ေတာ့ ေျပာပါ့မယ္။"

Baby ေရ၊ ခင္ဗ်ားေလးကေလ ကိုယ္ကလြဲရင္ အားလံုးနဲ႔အဆင္ေျပေအာင္ ေပါင္းႏိုင္တယ္ေနာ္။ တည္တည္ၿငိမ္ၿငိမ္အျပံဳးေတြကလည္း တခမ္းတနားနဲ႔ကို လင္းလက္လို႔ပဲ။ ဒီလိုေနရာမွာရွိေနတဲ့ အမ်ိဳးသမီးေတြဆိုတာ ဘာကိုမွဂ႐ုမစိုက္တဲ့ အဆိပ္ျပင္းေႁမြေတြခ်ည္းပဲေလ။ အခုေတာ့ သူတို႔ေတြေတာ္ေတာ္မ်ားမ်ားက Baby ဝင္လာကတည္းက ေသခ်ာကိုလိုက္ၾကည့္ေနၾကတာ ကိုယ္မနာလိုဘူး။
တကယ္ဆို အျပင္ကေလလံပြဲမွာလည္း Baby က King ပဲ။ ဂုဏ္သေရရွိမ်က္ႏွာဖံုးေတြနဲ႔မို႔ အဲဒီက Lady ေတြကေတာ့ မသိမသာၾကည့္ၾကေပမဲ့ ဒီမွာေတာ့ ေတာ္ေတာ္ဆိုးတယ္ Baby. ဘာလို႔ ဒီေန႔မွ သိပ္ေခ်ာေနတာလဲ။

Chain တစ္ေယာက္ သူ႔ Baby ကို လိုက္ၾကည့္မိေနတုန္း ျမင္လိုက္ရတဲ့တစ္စံုတစ္ခုေၾကာင့္ အာ႐ံုေတြျပန္စုလိုက္မိတယ္။
Lock ကေတာ့ ရွားပါးလက္နက္ေတြကိုၾကည့္ရင္း လက္နက္ကုန္သည္ႀကီးတခ်ိဳ႕ဆီ ခ်ဥ္းကပ္ေနေလရဲ႕။ ၿပီးေတာ့ စိန္ကုန္သည္တခ်ိဳ႕နဲ႔လည္း စကားေျပာေနတာေတြ႕မိတယ္။
Bryan ဆီလွမ္းၾကည့္ရင္း အမွတ္တမဲ့အၾကည့္ခ်င္းဆံုေတာ့ လိုရမယ္ရ သေကၤတျပၿပီးဆက္သြယ္လိုက္ေတာ့ အနည္းငယ္အံ့ဩသြားဟန္ကို ျပန္ျပင္ၿပီး ေခါင္းဆတ္ျပတယ္။

ကိုယ့္အဖြဲ႕ေတြဆီဆက္သြယ္ၿပီး ေတာက္ေလၽွာက္သတိထားေနေပမဲ့ နာရီတခ်ိဳ႕ကုန္လြန္လို႔ ပြဲသိမ္းခါနီးအထိ ဘာမွမထူးျခားခဲ့။ Lock တို႔လည္း ျပန္ဖို႔ျပင္ေနၾကၿပီမို႔ Chain စိုးရိမ္မိတာက အျပန္လမ္းမွာဆိုရင္ Spectrum ဘက္ကမ်ား သတိေလ်ာ့ေနမလားဆိုတာပါ။
Bryan ကို အခ်က္ျပထားတာမို႔ သတိထားမယ္ေတာ့ထင္ပါတယ္။
Blue Diamond နဲ႔ Spectrum လမ္းခြဲလာၿပီး Hepius တို႔စံုတြဲနဲ႔ နႈတ္ဆက္ေနၾကတုန္းမွာ မသကၤာစရာတစ္ခုထပ္ေတြ႕တာက Lock တို႔ကားေတြနားမွာေပမဲ့ ကိုယ့္လူႏွစ္ေယာက္က ရွင္းေနၾကၿပီ။ ေသခ်ာပါတယ္၊ Bermuda လႈပ္ရွားေနၿပီ။

ဒီအခ်ိန္မွာမွ သတင္းဝင္လာတာက Chain လူစားထိုးထားခဲ့တဲ့ လူယံုတစ္ေယာက္ဆီက။ Bermuda က ဝင္ေႏွာက္ရင္း သူ႔ကိုအစားထိုးထားမွန္း သိသြားၾကပါၿပီတဲ့။ Green အထိေလာက္ကေတာ့ ေမႊရဲမွာေပါ့။ Violet နဲ႔ Indigo ဘက္ကိုေတာ့ ကူးဖို႔မလြယ္။
သက္သက္မဲ့ အာ႐ံုေနာက္ေအာင္လုပ္တာလည္း ျဖစ္ႏိုင္တာမို႔ ေခါင္းေဆာင္ကို ေပးမသိနဲ႔ဦးလို႔ပဲ တားလိုက္မိတယ္။ ဘာမွလည္း ႀကီးႀကီးမားမားျဖစ္မသြားတာမို႔ အဲဒီဘက္ကိုအာ႐ံုမ်ားသြားမွာ မျဖစ္ေစခ်င္။
ေသခ်ာတာက Bermuda ဒီညလႈပ္ရွားမွာပါပဲ။
အေတြးေတြနဲ႔အတူ Spectrum ယာဥ္တန္းေနာက္က လိုက္လာမိတုန္းမွာ

*ဝုန္း*

အသံနဲ႔အတူ ေနာက္ဆံုးကကားတစ္စီး ေပါက္ကြဲသြားတယ္။ အဲဒီအခ်ိန္မွာပဲ

*ဒုန္း*

အေရွ႕ကကားေတြရပ္ကုန္ၾကရင္း ကားတိုက္သံၾကားလိုက္တာက အလယ္ေလာက္ကမို႔ Lock ကိုစိတ္ပူသြားတဲ့ Chain ကားကိုရသေလာက္ေမာင္းဝင္ၿပီး Lock တို႔ဆီကိုအေျပးမွာ

*ေဖာက္*

"အ"

ညာဘက္လက္ေမာင္းထဲ ပူခနဲတိုးဝင္လာတဲ့ က်ည္တစ္ေတာင့္။ အဓိကလိုခ်င္သူေတြဆီ ဦးတည္ေနၿပီမွန္း သိလိုက္ၿပီမို႔ Lock တို႔ေမာင္ႏွမကိုသာ အေျပးအလႊားရွာမိခ်ိန္ လမ္းမတစ္ဖက္အပင္ေတြၾကားက ပလူပ်ံလာတဲ့က်ည္ဆံေတြက ညအေမွာင္မွာထင္းလို႔။
ေတြ႕လိုက္ရတဲ့ျမင္ကြင္းက လမ္းမမွာပိတ္ရပ္ထားတဲ့ ေလာင္စာဆီကားႀကီးတစ္စီး။ နည္းနည္းေတာ့ အလွမ္းေဝးေသးတာမို႔ ေပါက္ကြဲမယ္ဆိုရင္ေတာင္ လြတ္ႏိုင္တဲ့အေနအထား။ Bermuda က အတြက္အခ်က္လြဲသြားပံုပါပဲ။ ေနာက္ဆံုးကား ေစာၿပီးေပါက္ကြဲသြားလို႔ ေရွ႕ကားေတြ ေလာင္စာကားနဲ႔မနီးခင္ ရပ္သြားၾကတာ။

အလယ္မွာ Spectrum ရဲ႕ကားတစ္စီးကဘီးေပါက္ၿပီး Lock တို႔ကားကို ဝင္ေဆာင့္ထားပံုပါပဲ။ ေသနတ္နဲ႔ ပစ္ေဖာက္လိုက္တာပါ။ တကယ္တမ္းအနားေရာက္ေတာ့မွ ဘီးေပါက္ထားတာ Lily စီးလာတဲ့ကား။ ေမာင္ႏွမေတြ တစ္ေယာက္တစ္စီးစီျဖစ္သြားတာပဲ။ Chain အနားကိုကပ္သြားၾကည့္ေတာ့မွ သတိေမ့ၿပီး ကားမွာညပ္ေနတဲ့ Lily ကိုဆြဲထုတ္ကာ Austin က ေပြ႕လ်က္သား။ Lock က နဖူးမွာေသြးစီးေၾကာင္းနဲ႔။
ကိုယ့္ဘာသာက်ိန္ဆဲမိၿပီး ကိုယ့္လူေတြကို သတ္ပစ္ခ်င္စိတ္ေပါက္လာတယ္။ အျပန္အလွန္ပစ္ခတ္ၾကရင္းမွ တစ္ဖက္ကက်ည္လမ္းေၾကာင္းေတြ နည္းလာသလိုမို႔ Lock တို႔ကိုဆြဲေခၚထုတ္ဖို႔လုပ္ေပမဲ့ သတိေမ့ေနတဲ့ Lily ကတစ္ဖက္နဲ႔မို႔ ရြာပတ္ေနပံုရတဲ့ Austin. Bryan ကေတာ့ ဦးေဆာင္ပစ္ခတ္ေနတယ္။

Lock ေရာက္လာၿပီး Lily ကိုေက်ာပိုးလိုက္ကာ ရပ္ထားခဲ့တဲ့ကားဘက္ ျပန္ဆုတ္ခဲ့ေတာ့ ေရာက္လာၾကတဲ့ကိုယ့္လူႏွစ္ေယာက္။ တစ္ေယာက္က ေနာက္ေၾကာင္းျပန္လွည့္ထားတဲ့ ကားေပၚကိုတက္ကာ စက္ႏိႈးေနတုန္း Lily ကိုတင္ကာ Austin ကတက္လိုက္စဥ္မွာပဲ အနားကို က်ည္ေတြပံုက်လာတာမို႔ က်န္တစ္ေယာက္နဲ႔အတူ Lock နဲ႔ Chain တို႔ ျပန္ပစ္ခတ္ၾကရင္း ကားကိုထြက္ခိုင္းလိုက္ရတယ္။ Lily ကပိုအေရးႀကီးေနတာမို႔ အရင္လႊတ္လိုက္ၾကရင္း ကိုယ္ေတြအတြက္ ေမာင္းလို႔ရမယ့္ကားတစ္စီးနဲ႔ ေနာက္ကလိုက္ၾကေတာ့ က်န္ခဲ့တဲ့ေနရာမွာ ပစ္ခတ္သံေတြေလ်ာ့ေနၿပီ။
ထင္တဲ့အတိုင္း အဓိကက Lock တို႔ေမာင္ႏွမကို ဦးတည္ပံုပါပဲ။

ေမာင္းလာခဲ့ရင္း ေရွ႕က Lily ပါတဲ့ကားကိုျမင္ရခ်ိန္မွာ ဆန္႔က်င္ဘက္လားရာကေန ကားမီးေရာင္ေတြထိန္လင္းလာလို႔ စိတ္ပူၿပီး

"ေဟ့ေကာင္၊ ျမန္ျမန္ေမာင္းစမ္း။"

ေရွ႕ကကားလည္း အရွိန္ေလၽွာ့ၿပီးရပ္သြားတာမို႔ Chain အလ်င္စလိုေျပးဆင္းမိေတာ့ တစ္ဖက္ကကားတစ္စီးကိုမွီရပ္ေနတဲ့ Griffin.

"ဘာျဖစ္ခ်င္တာလဲ။"

"မင္းဘက္က တစ္ေယာက္ေရြးလိုက္။ တစ္စီးပဲသြားရမယ္။"

ဒီအေျခအေနႀကီးက တကယ္ဆိုးတယ္။ ေနာက္ကေနေရာက္လာတဲ့ Baby ေၾကာင့္

"သူတို႔သြားပါေစ။"

Lily ကိုေပးသြားမွ အဆင္ေျပမွာမဟုတ္လား။
သူတို႔ဘက္ကကားတစ္စီး လမ္းဖယ္ေပးေတာ့  Austin က စိတ္ခ်ပါဆိုတဲ့အၾကည့္နဲ႔ ေခါင္းဆတ္ျပၿပီး ထြက္သြားၾကတယ္။

"မင္း ဘာေတြၾကံစည္ေနတာလဲ Chain?"

"ကိုယ္ၾကံစည္တာမဟုတ္ပါဘူး။ ကာကြယ္တာ လိုသြားတာပါ။"

"Drama ေတြရပ္လိုက္ေတာ့ My son. ကားေပၚတက္။"

Chain တစ္ကိုယ္လံုး ေလဟာနယ္ထဲေရာက္သလို လစ္ဟာသြားၿပီး Lock ဘက္အလွည့္မွာ ရင္ဆိုင္လိုက္ရတာက ေဒါသျပင္းျပင္းနဲ႔ မ်က္လံုးတစ္စံု .....

■■■■■

Four Cs ဆုိတာကေတာ့ ရတနာေတြရဲ႕ စံႏႈန္းသတ္မွတ္ခ်က္ေတြပါ။
Four Cs - Color, Cut, Clarity and Carat weight.
ပတၱျမားအေရာင္ဟာ သူ႔မွာပါတဲ့ Chromium ျဒပ္စင္ေၾကာင့္ျဖစ္တာပါ။ ပန္းေရာင္ကေန ေသြးနီေရာင္အထိရွိၾကပါတယ္။ ခရမ္းေဖ်ာ့ေရာင္ပတၱျမားလည္း ရွိပါတယ္။
အရည္အေသြးတူပတၱျမားေတြထဲမွာမွ အေတာက္ပဆံုးနဲ႔ အဖိုးတန္ဆံုးအေရာင္က ေသြးနီေရာင္ သို႔မဟုတ္ ခိုေသြး(pigeon blood)ေရာင္ပါ။
အေရာင္ၿပီးတဲ့ေနာက္ သန္႔စင္မႈကလည္း အေရးပါပါတယ္။ အနာအဆာကင္းေလ တန္ဖိုးႀကီးေလဆိုေပမဲ့ အပ္ပံုစံအေၾကာေလးေတြ လံုးဝမပါဘူးဆိုရင္လည္း ျပဳျပင္ထားတာပါ။

ကမ႓ာ့တန္ဖိုးအႀကီးဆံုးပတၱျမားက Sunrise Ruby ပါ။ ေဈးအႀကီးဆံုး အေရာင္ပါရတနာ၊ စိန္ထက္တန္ဖိုးႀကီးတဲ့ရတနာ ျဖစ္ပါတယ္။ တူးေဖာ္ေတြ႕ရွိတာက ျမန္မာႏိုင္ငံကပါ။
Washington, D.C. မွာရွိတဲ့ အမ်ိဳးသားသဘာဝသမိုင္းျပတိုက္မွာ ကမ႓ာ့အႀကီးဆံုး၊ အေကာင္းမြန္ဆံုး ပတၱျမားတခ်ိဳ႕ရွိပါတယ္။
၂၃.၁ ကာရက္ (၄.၆၂ ဂရမ္) အေလးခ်ိန္ရွိတဲ့ ျမန္မာ့ပတၱျမားကို စိန္နဲ႔ရံၿပီးလုပ္ထားတဲ့ ပလက္တီနမ္လက္စြပ္ကို စီးပြားေရးလုပ္ငန္းရွင္၊ ပရဟိတသမား Peter Buck က သူ႔ဇနီးအတြက္ အမွတ္တရအေနနဲ႔ ျပတိုက္ကို လွဴဒါန္းခဲ့ပါတယ္။ နီရဲေတာက္ပၿပီး ၾကည္လဲ့ေနတဲ့ အဲဒီပတၱျမားကို ျမန္မာႏိုင္ငံ၊ မိုးကုတ္ကေန ၁၉၃၀ခုႏွစ္ေတြမွာ တူးေဖာ္ေတြ႕ရွိခဲ့တာပါ။

(ဖတ္ၾကည့္ရင္းနဲ႔ကို ႏွေျမာမိပါတယ္။ ကိုယ့္ႏိုင္ငံကရတနာေတြကို ကိုယ့္ႏိုင္ငံကမပိုင္ပါ။ ပတၱျမားအေၾကာင္းက ဖတ္ၾကည့္ၿပီး ျပန္ေရးထည့္ထားတာျဖစ္လို႔ အမွားပါရင္ ခြင့္လႊတ္ေပးပါ။)

¤¤¤¤¤

■■■■■ Part XXIII ဆက္ရန္ ■■■■■

"စောင့်ရတာကြာသွားလား Punzel?"

"အင်း၊ နည်းနည်းကြာသွားတယ်။"

သေချာပြီ။ Lily တမင်သက်သက်ကို Chain နဲ့စကားရပ်ပြောနေတာ။

"ငါ နည်းနည်းအလုပ်ရှုပ်သွားလို့ပါ။ ဘာကိစ္စထူးလို့လဲ။"

"Punzel နဲ့ Tracing Paper တွေ လိုက်ဝယ်ပေးစမ်းပါ။ အဲဒါတွေ ဘယ်နားမှာရှိလဲ။ အရင်ဆိုင်တွေ ရှိသေးလား။"

"Tracing နဲ့ဆွဲမလို့လား။ ဘာစိတ်ကူးပေါက်တာလဲ။"

ပြောနေရင်း Chain ဝင်လာတာမို့

"အခန်းသော့ဖွင့်ထားတယ်။ ဝင်သွားလိုက်။"

"ဟုတ်"

Chain က Rapunzel ကို အပြုံးတစ်ချက်နဲ့နှုတ်ဆက်ပြီး ကိုယ့်ကိုဦးညွှတ်ကာ အပေါ်တက်သွားတော့မှ သူမက

"ဒီတစ်ခေါက် Motifs(ကနုတ်) details တွေကို Tracing ပေါ်မှာ ကိုယ်တိုင်ပြန်ဆွဲပေးချင်လို့ပါ။ နင်လည်းသိသားနဲ့၊ Motifs ဆိုရင် Punzel လက်က သိပ်မြန်တာကို။ Paper တွေက အကြမ်းခြစ်တဲ့အပါးတွေပဲ ကျန်နေလို့ သွားဝယ်မလို့။ ဒီပြန်ရောက်ပြီးမှ အဲဒီဆိုင်တွေလည်း မသွားဖြစ်သေးဘူးလေ။"

"Wow! ကံထူးရှင် Client က ဘယ်သူပါလိမ့်။ Rapunzel ကိုယ်တိုင် လက်နဲ့ဆွဲပေးမလို့တဲ့။ သွားကြမယ်လေ။ ဒီညနေ ငါအားနေတာပဲ။"

"Eastern style လေးတွေနဲ့ Restaurant လေးတစ်ခုပါ။ Punzel အရမ်းသဘောကျလို့။"

Rapunzel နဲ့ထွက်လာပြီး Drawing ပစ္စည်းတွေဝယ်ဖြစ်ကြတာ အချိန်တော်တော်ကုန်သွားခဲ့တယ်။ ဝါသနာပါတဲ့အလုပ်မှာသုံးတဲ့ ပစ္စည်းလေးတွေမို့ ဘယ်လောက်ပဲ Software တွေတွင်ကျယ်ပါစေ ကိုယ်တိုင်လက်နဲ့ဆွဲရတာကို ကြိုက်ကြတာကြောင့် မသုံးဖြစ်ဖို့ သေချာသလောက်ရှိတာတွေကိုလည်း နှစ်ယောက်သားဝယ်မိကြရင်းပေါ့။ ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပါပဲ။

အိမ်ပြန်ရောက်တော့မှ ဝယ်လာတဲ့ပစ္စည်းတွေကိုရော၊ သေနတ်ကိုရော သိမ်းဖို့ အလုပ်ခန်းကိုသတိရတယ်။ Chain ပြင်ထားခဲ့ပြီးလောက်ပြီ။
အခန်းထဲဝင်လာလိုက်တော့ .....
သူ မပြန်သေးဘူးလား။ ဆိုဖာနားကကြမ်းပြင်မှာ ထိုင်နေတာပဲ။ အနားလျှောက်သွားလိုက်တော့မှ ဆိုဖာပေါ်ခေါင်းတင်လို့ သေတ္တာကို လက်တစ်ဖက်နဲ့ဖိထားရင်း အိပ်ပျော်နေတာ တွေ့ရတယ်။
ပြောပါတယ်၊ သင်းဆိုတာ ရောက်ရာအရပ်မှာ နေပျော်တဲ့အကောင်ပါလို့။

"ဟေ့ကောင် ထစမ်း။"

ခြေထောက်ကို ခပ်ဖွဖွကန်နှိုးလိုက်တော့မှ

"ဟာ၊ Bae ... အစ်ကိုလေးပြန်လာပြီလား။ စောင့်နေရင်းနဲ့ အိပ်ငိုက်သွားတာ။"

လူတစ်ယောက်လုံးအနားရောက်လာတာကို မသိတဲ့အထိက အိပ်ငိုက်တာတဲ့လား။

"ဘာကိစ္စ ဒီမှာလာအိပ်ပျော်နေတာလဲ။"

ပြောလိုက်တော့မှ နာရီကိုလှမ်းကြည့်ကာ မျက်လုံးအပြူးသားနဲ့

"တောင်းပန်ပါတယ်။ အဲဒီလောက်အိပ်ပျော်သွားမယ်လို့ မထင်လိုက်မိဘူး။ သေတ္တာလေးက အဆင်ပြေသွားပါပြီ။"

"ရပြီဆိုလည်း သွားတော့။"

"ဟိုလေ ... အစ်ကိုလေး ညနေစာစားပြီးပြီလား။"

လျှာရှည်ပြန်ပြီလားဆိုတဲ့ အကြည့်နဲ့ ကြည့်ပေးလိုက်တော့

"မစားရသေးရင် အစ်ကိုလေးအတွက် တစ်ခုခုချက်ပေးမယ်လေ။"

"အပြင်မှာ စားခဲ့ပြီ။"

မစားရသေးပါဘူး။ Rapunzel က တစ်ခုခုသွားစားဖို့ခေါ်နေတာတောင် စားချင်စိတ်မရှိလို့ ပြန်လာခဲ့တာပဲ။

"ဟုတ်။ ခွင့်ပြုပါဦး။"

ဒီညအတွက် Baby အနားထပ်နေချင်သေးလို့ အကြံအစည်ထုတ်လိုက်ပေမဲ့ အောင်မြင်စွာတပ်ဆုတ်ခဲ့ရပြီ။ ဘယ်တတ်နိုင်မလဲ။ နောက်နေ့မှ နောက်တစ်မျိုးကြံရမှာပဲ။ အခုညနေစာကို ဘယ်သူနဲ့ဘယ်မှာစားခဲ့တာလဲလို့ မတွေးချင်ဘူး။အဖြေသိပြီးသားမေးခွန်းတွေက ပေါ့ပျက်လွန်းတယ်။

¤

အဟက်၊ Griffin ရှိနေသေးတာပဲ။ ပြန်သွားပြီလို့လမ်းကြောင်းပြပြီး ဘာတွေကြံစည်နေပြန်ပြီလဲ။

ကျုပ်ကိုတော့လှည့်စားလို့မရဘူး Griffin. ဘာတွေကြံနေလဲဆိုတာ ရအောင်ရှာပြီး တားဆီးပေးမယ်။

¤

"ခေါင်းဆောင်၊ ဖိတ်စာရောက်တယ်။"

"Leo?"

"ဟုတ်ကဲ့"

သန်ဘက်ခါပဲ။ Leo ကလုပ်မယ့် လေလံပွဲတစ်ခု။ လေလံပွဲကလည်း အစစ်။ နောက်ကွယ်မှာကလည်း လက်နက်နဲ့ကျောက်အရောင်းအဝယ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်။

"Bryan, ဒီကိစ္စအတွက် စီစဉ်စရာရှိတာတွေ စီစဉ်ခိုင်းထားလိုက်ဦး။"

လက်ထဲကဖိတ်စာကို ပေးလိုက်တော့

"ဟုတ်ကဲ့ ခေါင်းဆောင်။ စိတ်ချပါ။"

¤

"မီးငယ်ပါလိုက်မယ်လေ။ တခြားအဖွဲ့တွေရဲ့အနေအထားလည်း အကဲခတ်သတင်းယူလို့ရတာပေါ့။"

"ပွဲနှစ်ပွဲမို့ လူစုံမှာ။ အန္တရာယ်များတယ်၊ မလိုက်နဲ့။"

"ဒီလောက် အကြီးအကျယ်လေလံပွဲနဲ့ဟာကို ဘယ်သူကမှ နောက်ကွယ်ပွဲမှာ ပြဿနာရှာကြမယ်မထင်ပါဘူး။"

"စိတ်အချရဆုံးအနေအထားက အန္တရာယ်ဇုန်လည်းဖြစ်သွားနိုင်တယ် မီးငယ်။"

"ကိုကိုကလည်း အစ်မ Nancy လည်းရှိမှာမို့ သွားချင်တာကို။"

"လိုချင်တာကို Nancy ဆီကနေ ဝယ်လိုက်လေ။"

"ဟာ၊ ကိုကိုကလည်း ... ကိုယ်တိုင်ကြည့်ချင်လို့ပါ။"

"အေးကွာ။ ဒါပေမဲ့ ကိုကို့စကားကို အတိအကျနားထောင်ရမယ်။"

"ဟုတ်၊ ဟုတ်။ နားထောင်မယ်။"

ခေါင်းပြုတ်ကျမတတ် ညိတ်ပြပြီး ပျော်ရွှင်နေတဲ့ Lily.

¤

Griffin, အဲဒီပွဲမှာ ခင်ဗျားပေါ်မလာဖို့ပဲ ဆုတောင်းပါရဲ့။

Lock က ဖယ်ထုတ်ထားတာကိုပဲ အခုချိန်မှာ Chain ကျေးဇူးတင်မိတယ်။
Lock နဲ့ Lily တို့ထွက်သွားတဲ့နောက်ကို ပါလာခဲ့တဲ့ Chain တစ်ယောက် Bermuda နဲ့ပတ်သက်မယ့်အရိပ်အယောင်မှန်သမျှ အလွတ်မပေးဘဲကြည့်လာခဲ့ရင်း လေလံပွဲအထိရောက်လာခဲ့တယ်။

"Hurricane, Punzel, ရောက်နေတာကြာပြီလား။"

"သိပ်မကြာသေးဘူး။ Lily လည်း ပါလာတာပဲ။"

"ဘာတွေပူဆာမလို့လဲ မသိပါဘူးဗျာ။"

"ကိုကိုကလည်း။ Good Evening, Hurricane, Rapunzel. Lily အစ်မ Nancy ဆီ သွားလိုက်ဦးမယ်နော်။ ခုနက ဝင်လာတာတွေ့လိုက်တယ်။"

"ဟုတ်ကဲ့ပါ။"

Lily က Hepius တို့အတွဲကိုလိုက်ရှာနေချိန် Chain တစ်ယောက်ကတော့ Spectrum Siblings ကိုရော၊ Bermuda အရိပ်အယောင်ကိုပါ မျက်ခြည်မပြတ်စောင့်ကြည့်နေမိတယ်။ အခုအထိတော့ Bermuda နဲ့ပတ်သက်တာ မတွေ့မိသေး။

"အစ်မ Nancy, ရှာလိုက်ရတာ။ လှစ်ခနဲဆို နှစ်ယောက်သားပျောက်သွားလိုက်ကြတာ။"

"Doctor ကြီးရဲ့အဖွဲ့တွေပေါ့၊ အတင်းဆွဲခေါ်နေကြတာနဲ့ ပါလာတာ။"

သူ့အဖွဲ့တွေနဲ့ပျော်မြူးနေတဲ့ Hepius ကို မေးငေါ့ရင်း Nancy အပြောကြောင့် Lily က ခပ်ဖွဖွရယ်ရင်း

"ဒီည ရှားပါးရတနာပစ္စည်းတွေပါ ပါတယ်ဆို။"

"အင်း၊ အဲဒါကြောင့် Nancy တို့ ဒီရောက်လာတာပေါ့ မီးငယ်ရဲ့။"

"မီးငယ်အတွက်ပါကြည့်ပေးနော်။"

"ခစ်ခစ်၊ Lock ဆီက ကြားပြီးပါပြီ။ မီးငယ်က ဒီည ဘာတွေပူဆာဦးမလဲမသိဘူးတဲ့။"

"ဟွန့်၊ အဲဒီကိုကိုကလေ ဒါပဲပြောနေတာပဲ။ ဒီညီမလေးတစ်ယောက်တည်းရှိတာကို။"

"အဲဒါကြောင့်လည်း ချစ်လိုက်တာတုန်လို့။ ကြည့်တော့သာအေးစက်စက်နဲ့ ညီမကိုကျ အထိကိုမခံတာ။"

Nancy နဲ့ Lily ကလည်း စကားပြောအမျှင်မပြတ်ကြ။ Leo ရဲ့ နေရာချထားမှုက Spectrum, Blue Diamond နဲ့ Medic couple မို့ ခြောက်ယောက်သား ဘေးတိုက်၊ ရှေ့နောက်ထိုင်ကျရင်း စကားပြောမပြတ်ကြ။ နောက်ဆုံးနားကနေ Chain အကဲခတ်နေမိရင်း နောက်ကွယ်က မှောင်ခိုအရောင်းအဝယ်တွေဆီ နေရာယူထားကြတဲ့ ကိုယ့်လူတွေဆီက အခြေအနေကိုလည်း နားစွင့်နေမိတယ်။ ကိုယ့်ကို လူသတိမထားမိဖို့ကလည်း အရေးကြီးပေမဲ့ လုံးဝငြိမ်နေလို့လည်းမရတာမို့ ရုပ်ဖျက်လာခဲ့တာ မှန်သွားတယ်ပြောရမယ်။

အခြေအနေတွေငြိမ်နေတာမို့ ရှေးဟောင်းပန်းအိုးတစ်လုံးကို လေလံဝင်ဆွဲမိတော့ မမျှော်လင့်ဘဲ Lock ကပါ ပါလာတာမို့ အလျှော့ပေးမယ်ပြင်ပြီးမှ စိတ်ကူးပေါက်ပြီး မရရအောင်ဝယ်လိုက်မိတဲ့အထိ Lock တစ်ယောက် Chain မှန်းမသိ။

ပန်းအိုးလေးလှလို့ Baby အပင်စိုက်ဖို့ လက်ဆောင်ပေးမလို့လေ Baby ရေ။ အဲဒီတော့ သက်သက်မဲ့ ငွေကုန်မခံပါနဲ့တော့။

"အခုတစ်ခေါက်ပစ္စည်းလေးက အရည်အသွေးကောင်းပတ္တမြားလည်ဆွဲပါ။ ပတ္တမြားတွေက Four Cs* စံနှုန်းမီပါပဲ။ မြန်မာ့မိုးကုတ်ပတ္တမြားလို့ သိရပါတယ်။ ကြမ်းခင်းဈေးက ... "

ပတ္တမြားလည်ဆွဲက မီးရောင်အောက်မှာ တလက်လက်။ Lily တစ်ယောက်တော့ လှုပ်လှုပ်ရှားရှားဖြစ်လာပါပြီ။ Nancy နဲ့တွတ်ထိုးပြီးနောက်မှာ

"ကိုကို၊ မီးငယ်လိုချင်တယ်။"

Lock က Nancy ဆီအကြည့်ပို့မိတော့ ခေါင်းညိတ်ပြတာမို့

"သဘောပဲ မီးငယ်။ ကိုကိုတို့ အလုပ်လေးရှိလို့ အနောက်ဘက်သွားလိုက်ဦးမယ်။"

သဘောပဲဆိုတဲ့နောက်မှာ Lily ဘာမှမကြားတော့ပါဘူး။ ဈေးအပြိုင်ပေးရင်း လည်ဆွဲရဖို့ကိုပဲ အာရုံကျနေပါတော့တယ်။
Lily နားမှာ Austin နဲ့ Nick ကိုထားပြီး Lock က Bryan, Myron, Hurricane နဲ့ သူ့အဖွဲ့တချို့နဲ့အတူ ထွက်လာခဲ့လိုက်ပါတယ်။
Hepius ကတော့ ခေါင်းဆိုင်လိုက်၊ ဈေးပေးလိုက်နဲ့ဖြစ်နေတဲ့ Nancy, Lily တို့ဘေး ခေါင်းခါရင်းကျန်နေခဲ့ရပြီ။
Chain လည်း နောက်ကွယ်ကတကယ့်ပွဲဆီ ခြေဦးလှည့်လိုက်တယ်။

"Spectrum King က အခုမှရောက်လာတာကိုး။ Hurricane လည်းပါတာပဲ။ ပွဲက အခုမှစည်တော့မှာပဲဗျာ။"

"တွေ့လိုက်ပါတယ်ဗျာ။ ရှေ့မှာခဏနေပြီး Leo ကြီးပျောက်သွားကတည်းက ပွဲစနေပြီဆိုတာ။"

"ဟား ဟား ဟား၊ ကြွပါဗျာ။"

တကယ့်ကို မှောင်ခိုဈေးပွဲတော်လို့ပြောရမလား။ ဘယ်လိုမှရှာလို့မလွယ်တာတွေ အပုံလိုက်။

"ချီးကျူးတယ်ဗျာ။ ဒီလောက်အန္တရာယ်များတဲ့ကိစ္စကို ကိုင်တွယ်နိုင်တယ်။"

Lock က Leo နားကပ်ကာ ခပ်တိုးတိုးပြောတော့ Leo ကရယ်မောရင်း

"အကျိုးအမြတ်က မသေးဘူးဆိုတော့ ဒီလိုပဲ Risk ကြီးတာပေါ့။"

"မှန်တာပေါ့။ ဒါနဲ့ လုပ်စရာရှိတာလုပ်ပါ။ ကျွန်တော် နည်းနည်းကြည့်လိုက်ဦးမယ်။ အားမနာပါနဲ့။"

"ဟုတ်ပြီဗျာ။ ကိစ္စရှိရင် ချက်ချင်းခေါ်ခိုင်းလိုက်ပါ။"

"မဟုတ်တာပဲဗျာ။ အလုပ်များတဲ့လူကို မနှောင့်ယှက်ချင်ပါဘူး။ အရေးကြီးရင်တော့ ပြောပါ့မယ်။"

Baby ရေ၊ ခင်ဗျားလေးကလေ ကိုယ်ကလွဲရင် အားလုံးနဲ့အဆင်ပြေအောင် ပေါင်းနိုင်တယ်နော်။ တည်တည်ငြိမ်ငြိမ်အပြုံးတွေကလည်း တခမ်းတနားနဲ့ကို လင်းလက်လို့ပဲ။ ဒီလိုနေရာမှာရှိနေတဲ့ အမျိုးသမီးတွေဆိုတာ ဘာကိုမှဂရုမစိုက်တဲ့ အဆိပ်ပြင်းမြွေတွေချည်းပဲလေ။ အခုတော့ သူတို့တွေတော်တော်များများက Baby ဝင်လာကတည်းက သေချာကိုလိုက်ကြည့်နေကြတာ ကိုယ်မနာလိုဘူး။
တကယ်ဆို အပြင်ကလေလံပွဲမှာလည်း Baby က King ပဲ။ ဂုဏ်သရေရှိမျက်နှာဖုံးတွေနဲ့မို့ အဲဒီက Lady တွေကတော့ မသိမသာကြည့်ကြပေမဲ့ ဒီမှာတော့ တော်တော်ဆိုးတယ် Baby. ဘာလို့ ဒီနေ့မှ သိပ်ချောနေတာလဲ။

Chain တစ်ယောက် သူ့ Baby ကို လိုက်ကြည့်မိနေတုန်း မြင်လိုက်ရတဲ့တစ်စုံတစ်ခုကြောင့် အာရုံတွေပြန်စုလိုက်မိတယ်။
Lock ကတော့ ရှားပါးလက်နက်တွေကိုကြည့်ရင်း လက်နက်ကုန်သည်ကြီးတချို့ဆီ ချဉ်းကပ်နေလေရဲ့။ ပြီးတော့ စိန်ကုန်သည်တချို့နဲ့လည်း စကားပြောနေတာတွေ့မိတယ်။
Bryan ဆီလှမ်းကြည့်ရင်း အမှတ်တမဲ့အကြည့်ချင်းဆုံတော့ လိုရမယ်ရ သင်္ကေတပြပြီးဆက်သွယ်လိုက်တော့ အနည်းငယ်အံ့ဩသွားဟန်ကို ပြန်ပြင်ပြီး ခေါင်းဆတ်ပြတယ်။

ကိုယ့်အဖွဲ့တွေဆီဆက်သွယ်ပြီး တောက်လျှောက်သတိထားနေပေမဲ့ နာရီတချို့ကုန်လွန်လို့ ပွဲသိမ်းခါနီးအထိ ဘာမှမထူးခြားခဲ့။ Lock တို့လည်း ပြန်ဖို့ပြင်နေကြပြီမို့ Chain စိုးရိမ်မိတာက အပြန်လမ်းမှာဆိုရင် Spectrum ဘက်ကများ သတိလျော့နေမလားဆိုတာပါ။
Bryan ကို အချက်ပြထားတာမို့ သတိထားမယ်တော့ထင်ပါတယ်။
Blue Diamond နဲ့ Spectrum လမ်းခွဲလာပြီး Hepius တို့စုံတွဲနဲ့ နှုတ်ဆက်နေကြတုန်းမှာ မသင်္ကာစရာတစ်ခုထပ်တွေ့တာက Lock တို့ကားတွေနားမှာပေမဲ့ ကိုယ့်လူနှစ်ယောက်က ရှင်းနေကြပြီ။ သေချာပါတယ်၊ Bermuda လှုပ်ရှားနေပြီ။

ဒီအချိန်မှာမှ သတင်းဝင်လာတာက Chain လူစားထိုးထားခဲ့တဲ့ လူယုံတစ်ယောက်ဆီက။ Bermuda က ဝင်နှောက်ရင်း သူ့ကိုအစားထိုးထားမှန်း သိသွားကြပါပြီတဲ့။ Green အထိလောက်ကတော့ မွှေရဲမှာပေါ့။ Violet နဲ့ Indigo ဘက်ကိုတော့ ကူးဖို့မလွယ်။
သက်သက်မဲ့ အာရုံနောက်အောင်လုပ်တာလည်း ဖြစ်နိုင်တာမို့ ခေါင်းဆောင်ကို ပေးမသိနဲ့ဦးလို့ပဲ တားလိုက်မိတယ်။ ဘာမှလည်း ကြီးကြီးမားမားဖြစ်မသွားတာမို့ အဲဒီဘက်ကိုအာရုံများသွားမှာ မဖြစ်စေချင်။
သေချာတာက Bermuda ဒီညလှုပ်ရှားမှာပါပဲ။
အတွေးတွေနဲ့အတူ Spectrum ယာဉ်တန်းနောက်က လိုက်လာမိတုန်းမှာ

*ဝုန်း*

အသံနဲ့အတူ နောက်ဆုံးကကားတစ်စီး ပေါက်ကွဲသွားတယ်။ အဲဒီအချိန်မှာပဲ

*ဒုန်း*

အရှေ့ကကားတွေရပ်ကုန်ကြရင်း ကားတိုက်သံကြားလိုက်တာက အလယ်လောက်ကမို့ Lock ကိုစိတ်ပူသွားတဲ့ Chain ကားကိုရသလောက်မောင်းဝင်ပြီး Lock တို့ဆီကိုအပြေးမှာ

*ဖောက်*

"အ"

ညာဘက်လက်မောင်းထဲ ပူခနဲတိုးဝင်လာတဲ့ ကျည်တစ်တောင့်။ အဓိကလိုချင်သူတွေဆီ ဦးတည်နေပြီမှန်း သိလိုက်ပြီမို့ Lock တို့မောင်နှမကိုသာ အပြေးအလွှားရှာမိချိန် လမ်းမတစ်ဖက်အပင်တွေကြားက ပလူပျံလာတဲ့ကျည်ဆံတွေက ညအမှောင်မှာထင်းလို့။
တွေ့လိုက်ရတဲ့မြင်ကွင်းက လမ်းမမှာပိတ်ရပ်ထားတဲ့ လောင်စာဆီကားကြီးတစ်စီး။ နည်းနည်းတော့ အလှမ်းဝေးသေးတာမို့ ပေါက်ကွဲမယ်ဆိုရင်တောင် လွတ်နိုင်တဲ့အနေအထား။ Bermuda က အတွက်အချက်လွဲသွားပုံပါပဲ။ နောက်ဆုံးကား စောပြီးပေါက်ကွဲသွားလို့ ရှေ့ကားတွေ လောင်စာကားနဲ့မနီးခင် ရပ်သွားကြတာ။

အလယ်မှာ Spectrum ရဲ့ကားတစ်စီးကဘီးပေါက်ပြီး Lock တို့ကားကို ဝင်ဆောင့်ထားပုံပါပဲ။ သေနတ်နဲ့ ပစ်ဖောက်လိုက်တာပါ။ တကယ်တမ်းအနားရောက်တော့မှ ဘီးပေါက်ထားတာ Lily စီးလာတဲ့ကား။ မောင်နှမတွေ တစ်ယောက်တစ်စီးစီဖြစ်သွားတာပဲ။ Chain အနားကိုကပ်သွားကြည့်တော့မှ သတိမေ့ပြီး ကားမှာညပ်နေတဲ့ Lily ကိုဆွဲထုတ်ကာ Austin က ပွေ့လျက်သား။ Lock က နဖူးမှာသွေးစီးကြောင်းနဲ့။
ကိုယ့်ဘာသာကျိန်ဆဲမိပြီး ကိုယ့်လူတွေကို သတ်ပစ်ချင်စိတ်ပေါက်လာတယ်။ အပြန်အလှန်ပစ်ခတ်ကြရင်းမှ တစ်ဖက်ကကျည်လမ်းကြောင်းတွေ နည်းလာသလိုမို့ Lock တို့ကိုဆွဲခေါ်ထုတ်ဖို့လုပ်ပေမဲ့ သတိမေ့နေတဲ့ Lily ကတစ်ဖက်နဲ့မို့ ရွာပတ်နေပုံရတဲ့ Austin. Bryan ကတော့ ဦးဆောင်ပစ်ခတ်နေတယ်။

Lock ရောက်လာပြီး Lily ကိုကျောပိုးလိုက်ကာ ရပ်ထားခဲ့တဲ့ကားဘက် ပြန်ဆုတ်ခဲ့တော့ ရောက်လာကြတဲ့ကိုယ့်လူနှစ်ယောက်။ တစ်ယောက်က နောက်ကြောင်းပြန်လှည့်ထားတဲ့ ကားပေါ်ကိုတက်ကာ စက်နှိုးနေတုန်း Lily ကိုတင်ကာ Austin ကတက်လိုက်စဉ်မှာပဲ အနားကို ကျည်တွေပုံကျလာတာမို့ ကျန်တစ်ယောက်နဲ့အတူ Lock နဲ့ Chain တို့ ပြန်ပစ်ခတ်ကြရင်း ကားကိုထွက်ခိုင်းလိုက်ရတယ်။ Lily ကပိုအရေးကြီးနေတာမို့ အရင်လွှတ်လိုက်ကြရင်း ကိုယ်တွေအတွက် မောင်းလို့ရမယ့်ကားတစ်စီးနဲ့ နောက်ကလိုက်ကြတော့ ကျန်ခဲ့တဲ့နေရာမှာ ပစ်ခတ်သံတွေလျော့နေပြီ။
ထင်တဲ့အတိုင်း အဓိကက Lock တို့မောင်နှမကို ဦးတည်ပုံပါပဲ။

မောင်းလာခဲ့ရင်း ရှေ့က Lily ပါတဲ့ကားကိုမြင်ရချိန်မှာ ဆန့်ကျင်ဘက်လားရာကနေ ကားမီးရောင်တွေထိန်လင်းလာလို့ စိတ်ပူပြီး

"ဟေ့ကောင်၊ မြန်မြန်မောင်းစမ်း။"

ရှေ့ကကားလည်း အရှိန်လျှော့ပြီးရပ်သွားတာမို့ Chain အလျင်စလိုပြေးဆင်းမိတော့ တစ်ဖက်ကကားတစ်စီးကိုမှီရပ်နေတဲ့ Griffin.

"ဘာဖြစ်ချင်တာလဲ။"

"မင်းဘက်က တစ်ယောက်ရွေးလိုက်။ တစ်စီးပဲသွားရမယ်။"

ဒီအခြေအနေကြီးက တကယ်ဆိုးတယ်။ နောက်ကနေရောက်လာတဲ့ Baby ကြောင့်

"သူတို့သွားပါစေ။"

Lily ကိုပေးသွားမှ အဆင်ပြေမှာမဟုတ်လား။
သူတို့ဘက်ကကားတစ်စီး လမ်းဖယ်ပေးတော့  Austin က စိတ်ချပါဆိုတဲ့အကြည့်နဲ့ ခေါင်းဆတ်ပြပြီး ထွက်သွားကြတယ်။

"မင်း ဘာတွေကြံစည်နေတာလဲ Chain?"

"ကိုယ်ကြံစည်တာမဟုတ်ပါဘူး။ ကာကွယ်တာ လိုသွားတာပါ။"

"Drama တွေရပ်လိုက်တော့ My son. ကားပေါ်တက်။"

Chain တစ်ကိုယ်လုံး လေဟာနယ်ထဲရောက်သလို လစ်ဟာသွားပြီး Lock ဘက်အလှည့်မှာ ရင်ဆိုင်လိုက်ရတာက ဒေါသပြင်းပြင်းနဲ့ မျက်လုံးတစ်စုံ .....

■■■■■

Four Cs ဆိုတာကတော့ ရတနာတွေရဲ့ စံနှုန်းသတ်မှတ်ချက်တွေပါ။
Four Cs - Color, Cut, Clarity and Carat weight.
ပတ္တမြားအရောင်ဟာ သူ့မှာပါတဲ့ Chromium ဒြပ်စင်ကြောင့်ဖြစ်တာပါ။ ပန်းရောင်ကနေ သွေးနီရောင်အထိရှိကြပါတယ်။ ခရမ်းဖျော့ရောင်ပတ္တမြားလည်း ရှိပါတယ်။
အရည်အသွေးတူပတ္တမြားတွေထဲမှာမှ အတောက်ပဆုံးနဲ့ အဖိုးတန်ဆုံးအရောင်က သွေးနီရောင် သို့မဟုတ် ခိုသွေး(pigeon blood)ရောင်ပါ။
အရောင်ပြီးတဲ့နောက် သန့်စင်မှုကလည်း အရေးပါပါတယ်။ အနာအဆာကင်းလေ တန်ဖိုးကြီးလေဆိုပေမဲ့ အပ်ပုံစံအကြောလေးတွေ လုံးဝမပါဘူးဆိုရင်လည်း ပြုပြင်ထားတာပါ။

ကမ္ဘာ့တန်ဖိုးအကြီးဆုံးပတ္တမြားက Sunrise Ruby ပါ။ ဈေးအကြီးဆုံး အရောင်ပါရတနာ၊ စိန်ထက်တန်ဖိုးကြီးတဲ့ရတနာ ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိတာက မြန်မာနိုင်ငံကပါ။
Washington, D.C. မှာရှိတဲ့ အမျိုးသားသဘာဝသမိုင်းပြတိုက်မှာ ကမ္ဘာ့အကြီးဆုံး၊ အကောင်းမွန်ဆုံး ပတ္တမြားတချို့ရှိပါတယ်။
၂၃.၁ ကာရက် (၄.၆၂ ဂရမ်) အလေးချိန်ရှိတဲ့ မြန်မာ့ပတ္တမြားကို စိန်နဲ့ရံပြီးလုပ်ထားတဲ့ ပလက်တီနမ်လက်စွပ်ကို စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမား Peter Buck က သူ့ဇနီးအတွက် အမှတ်တရအနေနဲ့ ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ နီရဲတောက်ပပြီး ကြည်လဲ့နေတဲ့ အဲဒီပတ္တမြားကို မြန်မာနိုင်ငံ၊ မိုးကုတ်ကနေ ၁၉၃၀ခုနှစ်တွေမှာ တူးဖော်တွေ့ရှိခဲ့တာပါ။

(ဖတ်ကြည့်ရင်းနဲ့ကို နှမြောမိပါတယ်။ ကိုယ့်နိုင်ငံကရတနာတွေကို ကိုယ့်နိုင်ငံကမပိုင်ပါ။ ပတ္တမြားအကြောင်းက ဖတ်ကြည့်ပြီး ပြန်ရေးထည့်ထားတာဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပေးပါ။)

¤¤¤¤¤

■■■■■ Part XXIII ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі