P.O.V.
(Hurricane)
■
ချစ်တယ် Baby.
I'm sorry, Kyle.
(Chain)
■
ငါ မင်းကိုလွမ်းတယ်။
(Lock)
■
(Hepius)
■
(Lily)
■
(Rapunzel)
■
(Nancy)
■■■■■
ကိုယ်ပြောပါတယ်၊ အသက်ချင်းလဲပေးနိုင်တယ်လို့။
ကိုယ့်နှလုံးခုန်သံတစ်ချက်တိုင်းမှာ မင်းလိုချင်ခဲ့တဲ့အချစ်ကို ရနေနိုင်ပါစေ။
မင်းငြင်းပယ်လိုက်တဲ့အချစ်ကို မင်းရင်ဘတ်ထဲမှာမြှုပ်နှံလိုက်ရပြီမို့ ကိုယ်ကျေနပ်ပြီ။
တမလွန်ရဲ့အခြားမဲ့မှာ နောက်ဘဝဆိုတာရှိခဲ့ရင် ကိုယ်ကပဲ ပိုချစ်ရတဲ့သူ ဖြစ်ပါရစေ Boo.
(Hurricane)
■
စိုးရိမ်နေခဲ့တာလား? ကိုယ်ကျေနပ်နိုင်ပါပြီ။
ချစ်တယ် Baby.
သိပ်လက်တည့်တဲ့ Griffin လက်ချက်မှာ ငါ့နှလုံးသားမပျက်စီးစရာမရှိဘူး။
ငါပြန်နိုးလာနိုင်ပြီး Baby ကိုချစ်တဲ့အကြောင်းပြောမိတဲ့အတွက်ရယ် ...
ပြီးတော့ မင်းစေတနာနဲ့မေတ္တာကို ငါငြင်းပယ်မိတဲ့အတွက်ရယ် ...
I'm sorry, Kyle.
(Chain)
■
အချစ်ဆိုတာဘာလဲလို့ ငါမသိချင်ခဲ့ရုံပါ။
မင်းကြောင့်ပဲ အချစ်ကိုငါကြောက်မိတာပါ Chain.
မင်းချစ်တတ်လွန်းသမျှကို ငါအသိအမှတ်ပြုမိရင်းပဲ ငြင်းဆန်ခဲ့မိတာပါ။
ချစ်ခြင်းအပေါ်ထားတဲ့ ငါ့ရဲ့သံသယတွေကို မင်းနဲ့ Hurricane က ချေဖျက်ပြသွားတယ်။
တစ်ချိန်က ကျောင်းဝတ်စုံနဲ့ကောင်လေးရေ ...
ငါ မင်းကိုလွမ်းတယ်။
(Lock)
■
ငါ့မျက်စိရှေ့မှာပဲ မင်းတို့အချစ်တွေကို အပြိုင်အဆိုင်ချပြသွားတယ်။
ငါ့မျက်စိရှေ့မှာပဲ မင်းတို့အသက်တွေကို လက်လွှတ်လိုက်ရတယ်။
ငါ့ဆေးရုံမှာ မင်းကိုခဏခဏမတွေ့ချင်တော့ဘူးလို့ ပြောမိတာကို ငါရုတ်သိမ်းချင်တယ် Chain.
ွဲအဲဒီခွဲစိတ်ခန်းတွေကို ငါစိတ်နာလိုက်တာ။
(Hepius)
■
ချစ်တတ်ကြတဲ့နှလုံးသားတွေဟာ ဘာလို့များ ကြေမွလွယ်ကြသလဲ?
မီးငယ်ဆီ ကိုကို့ကိုပြန်ပို့ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။
ငယ်ငယ်တုန်းကလို ပျောက်လို့လိုက်ရှာရင် မတွေ့နိုင်တော့ဘူးတဲ့။
နောက်ဘဝဆိုတာရှိရင် မောင်နှမတော်ချင်ပါသေးတယ် အစ်ကို။
(Lily)
■
ကျွန်မ ရှင့်ကို မုန်းပါရစေလား Chain.
မဟုတ်ရင် ကျွန်မအစ်ကိုကို မုန်းမိလိမ့်မယ်။
Chain ကျွန်မဆီက တစ်ခုပြီးတစ်ခု လုယူသွားပေမဲ့လေ ...
အစ်ကို့နှလုံးသားကိုတော့ ဆက်ပြီးရှင်သန်စေချင်ခဲ့မိတာပါ။
(Rapunzel)
■
အရှိန်ပြင်းလွန်းတဲ့အချစ်တွေ ...
နေရာမှား၊ အချိန်မှား၊ လူတွေမှားယွင်းခဲ့ကြတယ်။
အပြန်အလှန်ရှိကြတဲ့အချစ်တွေပဲ ပိုင်ဆိုင်စေချင်ပါရဲ့။

Коментарі