1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
4. Hepius
Hepius က ေျပာတယ္။ သူ႔ကိုေတာ့ ေျမေအာက္မွာ ဘယ္သူမွမထိရဲပါဘူး တဲ့။
သူေျပာသလိုပါပဲ။
တကယ္ဆို ေျမေအာက္ေလာကရဲ႕ သိပ္ေတာ္တဲ့ေဆးနတ္ဘုရားကို ဘယ္သူမွမထိရဲၾကတာေတာ့ အဆန္းမဟုတ္ပါဘူး။ တစ္ခုခုဆို ေတြ႕ရာေဆး႐ံုေျပးလို႔မရတဲ့ သူတို႔အဖို႔ Hepius ရဲ႕ေဆး႐ံုကသာ အားလံုးရဲ႕အသက္၊ Hepius ရဲ႕လက္ကသာ အားလံုးရဲ႕ရွင္သန္ရာမို႔ သူ႔ကို အားလံုးက ဖူးဖူးမႈတ္ထားၾကတာ။
Hepius ဆိုင္ကယ္စီးကၽြမ္းက်င္ေပမဲ့ Chain စိတ္မခ်သည္က အခုခ်ိန္ လူတိုင္းက Lock ေရာ၊ Chain ပါ ေပ်ာက္ေနသည္မို႔ အနီးကပ္ဆံုးေနခဲ့တဲ့ Hepius ကို ေစာင့္ၾကည့္ေနၾကမယ္မဟုတ္လား။

Hepius က Nancy ဆိုတဲ့ သူ႔ေဆး႐ံုက သူနာျပဳလွလွေလးနဲ႔လည္း ဆိုင္ကယ္ၿပိဳင္ပြဲတစ္ခုမွာေတြ႕ၿပီး အလုပ္အကိုင္ခ်င္းလည္းနီးစပ္၊ ဝါသနာလည္းတူတာမို႔ သိပ္လိုက္ဖက္ေနၾကတဲ့စံုတြဲေလး။
Nancy က သူနာျပဳလုပ္ရင္း ကံအေၾကာင္းမလွလို႔ မူးယစ္ရာဇာတစ္ေယာက္ရဲ႕ အငယ္အေႏွာင္းျဖစ္လာၿပီး ပ်က္စီးသြားတဲ့ဘဝကို တျခားမိန္းကေလးေတြလို ေရစုန္မေမၽွာလိုက္ဘဲ ရင္းလိုက္ရတဲ့ဘဝနဲ႔တန္ေအာင္ ထိုလူဆီက ပညာစံုသင္ခဲ့တာ။
ရတနာပစၥည္းေမွာင္ခိုေဈးကြက္ထဲ Nancy နာမည္ရလာခဲ့ၿပီး အႏုအရြေလးေတြကိုသာစိတ္ဝင္စားတဲ့ သူ႔လူႀကီးက တစ္ေယာက္တည္းအေျခခ်ခ်င္တဲ့ Nancy လို ထက္ထက္ျမက္ျမက္ ေႁမြေပြးမေလးကို ခါးပိုက္ပိုက္မထားေတာ့ဘဲ အရင္းအႏွီးတခ်ိဳ႕နဲ႔ လြတ္လပ္ခြင့္ေပးလိုက္ၿပီးေနာက္မွာ Nancy ဆိုတဲ့ နတ္ဆိုးလွလွေလးက ေက်ာက္မ်က္ရတနာေဈးကြက္မွာ ေနရာတစ္ခုရလာတဲ့အထိ ႀကိဳးစားႏိုင္ခဲ့သူ။ သူ႔လက္ေအာက္မွာ သူလိုမိန္းကေလးေတြလည္း ရွိေလရဲ႕။ ဒီေလာကထဲ နာမည္ရလာတဲ့ Nancy တစ္ေယာက္ Hepius နဲ႔ေတြ႕ၿပီးေနာက္ သူတို႔က *god and demoness* လို႔ နာမည္ႀကီးေနတဲ့ အတြဲတစ္တြဲျဖစ္လာခဲ့တယ္။

¤¤¤¤¤

Chain အခန္းထဲကေန Hepius ထြက္လာၿပီး ေလွကားထိပ္အေရာက္

"Hepius"

"ဘာလဲ"

"Password ကို မင္းဘယ္လိုသိလဲ။"

ဟား ... ဟား ... Chain ဆိုတဲ့ငပိန္းက သူ႔ရဲ႕အေရးႀကီး password ေတြကို အကုန္အတူတူထားတာ။ အလံုးေရမတူရင္ေတာင္ သူထားတဲ့နံပါတ္နဲ႔စာလံုးေတြက သူ႔အတြက္အဓိပၸါယ္တစ္ခုတည္းပဲ။ ဒီအိမ္တံခါး password ကလည္း ဒီလိုပဲျဖစ္ေနမယ္လို႔ ငါေတာင္ေတြးမိတာ မင္းကမသိဘူးဆိုေတာ့ ငဒူပဲ။

"ေျပာစရာလား မင္းကို။ ဒါေတာင္မသိဘဲနဲ႔ ငါ့ကို ယွဥ္ခ်င္ေသး။"

"မယွဥ္ပါဘူး။ ရွိသမၽွ password ေတြ ဖလွယ္ထားၾကတဲ့ မင္းတို႔ႏွစ္ေကာင္ကို ငါမယွဥ္ရဲပါဘူး။ အလကားေန ပူးကပ္ေနတာမ်ား။"

"ပူးေတာ့ဘာျဖစ္လဲ။ မင္းအပူးမခံရလို႔ J ဝင္ေနတာမလား။"

"ထြီ ... ရြံစရာ။"

"ရြံရင္ ဘာလို႔လာေမးေနလဲ။ ငါျပန္ေတာ့မယ္။ ဟိုေကာင္ကို ဒီတစ္ရက္ေလးေတာ့ ေအးေအးေဆးေဆးေပးနားလိုက္ပါ။ မင္းထြက္ေျပးဖို႔ေတာ့ မစဥ္းစားနဲ႔ေနာ္၊ ငါအကုန္စစ္ၿပီး ေသခ်ာပိတ္ခဲ့မွာ။"

Lock က ၿဂိဳဟ္ၾကည့္ၾကည့္တာကို Hepius ရယ္ၿပီးဆင္းသြားရင္း ေလွကားတစ္ဝက္ေရာက္မွ

"ေရခဲေသတၱာထဲ ငါးရက္စာေလာက္ ဝယ္ထည့္ေပးခဲ့တယ္။ ဟိုေကာင္ကိုေတာ့ ဆန္ျပဳတ္နဲ႔အရည္ပဲတိုက္ပါ။"

"တစ္ရက္ေလာက္မစားလို႔ ေသသြားမွာလား။"

"Lock, မင္း ဘယ္လိုေတြျဖစ္ေနတာလဲ။"

"ဟာ၊ ငါ ဒီေလာက္ေတာ့ ေဒါသထြက္ခြင့္ရွိတယ္မဟုတ္လား။ သူ ငါ့ကို ဘာလို႔ဖမ္းေခၚလာတာလဲ။"

"မင္းကိုခ်စ္လို႔ေလ။"

"Sh*t! ဒါ ခိုးေျပးၾကတာမဟုတ္ဘူး Hepius."

"ဘယ္သူမွမသိေအာင္ မင္းကိုမ,လာတာေတာ့ အမွန္ပဲ။ မင္းကို ေဘးကင္းေစခ်င္လို႔ပါ။"

"ငါက ကေလးလား။ Spectrum မွာ ငါမရွိဘဲ ဘာေတြျဖစ္ေနမလဲ။ Lily ကေရာ သူတစ္ေယာက္တည္း ဘယ္ေလာက္ေတာင္စိတ္ညစ္ရမလဲ။"

"ကေလးမဟုတ္လို႔ေပါ့။ Lily ကိုေတာ့စိတ္ခ်ပါ။ မင္းညီမအႏၲရာယ္မျဖစ္ေအာင္ Chain က ေသခ်ာစီစဥ္ေပးထားပါတယ္။"

Hepius စကားေၾကာင့္ Lock က သူရွိရာေလွကားတစ္ဝက္အထိ ဆင္းလာၿပီး

"Lily ... သူလည္း ဟိုေကာင္နဲ႔ အလိုတူအလိုပါလား။ အဲ့ဒီေကာင္ကို Basement ကေန ထုတ္ေပးလိုက္႐ံုတင္မကဘဲ အဲဒီေကာင္ ငါ့ကို ေခၚထုတ္လာမွာကို သိေနတာလား။"

"ဟင့္အင္း။ ဂိုဏ္းကိစၥေတြကို Chain က ေနာက္ကြယ္ကေန စီမံေပးေနတာကို သူသိတယ္။ က်န္တာသူမသိဘူး။ အကုန္လံုးက မင္းတို႔ေခါင္းေဆာင္ႏွစ္ေယာက္ လၽွိဳ႕ဝွက္ကိစၥတစ္ခုနဲ႔ ခဏကိုယ္ေယာင္ေဖ်ာက္ေနတယ္ပဲ သိထားၾကတာ။"

"ဪ ... ဒါဆို ငါ့ကို Chain ကဖမ္းထားတာကို မင္းပဲသိတယ္ေပါ့။"

"ဟာ ... ဖမ္းထားတာမဟုတ္ပါဘူးဆိုကြာ။"

"ဘယ္မွအဆက္အသြယ္ေပးမလုပ္တာက အပန္းေျဖဖို႔ေခၚလာတာလား။"

"မင္းအႏၲရာယ္ကင္းေအာင္လို႔ဆိုတာ ေျပာၿပီးၿပီေလ။"

"ငါ့ကိုရွင္းေအာင္ေျပာၿပီး ေျဖရွင္းေလ။ ငါ Spectrum ရဲ႕ေခါင္းေဆာင္၊ ငါစီမံႏိုင္တယ္။ သူလုပ္ခ်င္ရာလုပ္ေနတာက ငါ့ကိုကာကြယ္တာလား။"

"သူေျပာေတာ့ မင္းကလက္ခံမွာလား။ အခ်ိန္တန္ရင္ သူရွင္းျပမွာပါ။ ငါသိတာေတာ့ သူက မင္းအတြက္အခုလိုလုပ္တာ။ မင္းကို target ထားေနတဲ့သူေတြက အခုအခ်ိန္မွာ Chain ဘက္ကို ျမားဦးလွည့္ေနၾကတာ။ မင္းကပါ ဒုကၡမေပးစမ္းပါနဲ႔။"

"ဪ ... ဪ၊ ငါက ဒုကၡေပးတယ္ေပါ့။ ဟုတ္တယ္၊ သတ္ကိုပစ္မွာ။ အခုကို သတ္ပစ္မယ္။"

ေျပာရင္း Lock ေဒါသထြက္လာၿပီး အေပၚထပ္ျပန္တက္လာေတာ့ Hepius အတင္းလိုက္ဆြဲရၿပီေလ။

"ေတာ္ပါေတာ့ Lock ရာ။ ငါေတာင္းပန္ပါတယ္။ သူ႔တစ္ကိုယ္လံုးလည္း မင္းလုပ္ထားတဲ့ဒဏ္ရာခ်ည္းပဲ။ ဒီေကာင္လည္း ဝဋ္ေႂကြးပါပဲ။"

"မွင္စာေတြေၾကာင့္ ျဖစ္တာေလ။"

"ေအး၊ အဲဒီခါးကဒဏ္ရာကို ငါမေျပာဘူး။ အခုတစ္ပတ္အတြင္း မင္းလုပ္ထားတာနည္းလား။ ဒါေတာင္ Basement ထဲမွာ ရိုက္ခံထားရတာ မပါေသးဘူး။"

"အဲဒါ သူ႔အျပစ္နဲ႔သူေလ။"

"ေအးပါ၊ မင္းသာ သူ႔ေမတၱာေတြမစူးေစနဲ႔။"

"ဆုေတာင္းေလ။"

"မလိုပါဘူး၊ ဝဋ္ဆိုတာ လည္မွာပဲကို။"

"မင္း သြားေတာ့။ စကားေျပာရတာ အေပါက္အလမ္းမတည့္ဘူး။ ဟိုေကာင္နဲ႔ပဲရွင္းမယ္။"

သူေျပာခ်င္တာေျပာၿပီးေတာ့ ႏွင္ထုတ္ေနတယ္။ Hepius ကို ဒါမ်ိဳးလုပ္လို႔ရမလား။ ခုလည္း Chain အခန္းဘက္ ဦးတည္ေနျပန္ၿပီ။

"ေဟ့ေကာင္၊ ဘယ္သြားတာလဲ။ ျပန္လာခဲ့။"

တံခါးတြန္းဖြင့္ဝင္သြားတဲ့ Lock ကို အခန္းထဲကျပန္ဆြဲထုတ္ၿပီး

"မင္းအခန္း မင္းသြား၊ သူခဏနားပါေစ။ ငါေတာင္းပန္တယ္၊  ဟုတ္ၿပီလား။"

Lock က သူ႔ကို ဂ်စ္ကန္ကန္ၾကည့္ၿပီး ထြက္သြားမွ Hepius မွာ သူ႔လူနာသူ လွမ္းၾကည့္ရတယ္။ ေတာ္ေသးတယ္၊ အိပ္ေနလို႔။ ေဆးနဲ႔မွမအိပ္ရင္လည္း ေသဖို႔ပဲရွိတယ္။

ဒီကိုေရာက္ေရာက္ခ်င္းေန႔က ေမ့ေဆးျပယ္လာတဲ့ Lock, အေျခအေနေတြကို သိရတယ္ဆိုရင္ပဲ ျပန္မယ္လုပ္လို႔ Chain နဲ႔ ဆြဲလားရမ္းလားေတြျဖစ္ၿပီး Chain ေခါင္းကို နံရံနဲ႔ကိုင္ေဆာင့္ပစ္တာ ေခါင္းမွာ သံုးခ်က္ခ်ဳပ္လိုက္ရတယ္။
ေနာက္တစ္ေန႔ ထမင္းေကၽြးတာကိုမစားဘဲ Chain ကို ဟင္းရည္ပူနဲ႔ပက္လိုက္လို႔ ရင္ဘတ္မွာအပူေလာင္တာ အကြက္လိုက္။
သံုးရက္ေျမာက္ေန႔က Lock သူ႔လက္ကေသြးေၾကာကို သူ႔ဘာသာဓားနဲ႔ျဖတ္မွာကို Chain ကတားလိုက္ႏိုင္ေပမဲ့ ထိန္းမရလို႔ အိပ္ေဆးထိုးလိုက္တာမို႔ Chain အနာတရမျဖစ္တာ ေနာက္တစ္ရက္အထိသာ။
ငါးရက္ေျမာက္ေန႔မွာေတာ့ သူေဆးလိပ္ေသာက္တာကိုတားလို႔ Chain လည္ပင္းကို ေဆးလိပ္မီးနဲ႔တို႔ထားတာ ႏွစ္ေနရာ။
ဒါက သူေဆးလိပ္ေတြအရမ္းေသာက္တဲ့အခါ Chain ကတားတိုင္း သူလုပ္ေနက်။
ေျခာက္ရက္ေျမာက္ေန႔က် မိုးရြာေတာ့မွာကိုသိရဲ႕နဲ႔ ဝရန္တာမွာ Chain ကိုထားခဲ့ၿပီး တံခါးပိတ္ထားလို႔ မိုးသည္းထဲေနခဲ့ရတာ ေလးနာရီ။
သူ႔အိမ္သံုးလႊာရဲ႕ဝရန္တာကေန မဆင္းတတ္တဲ့ Chain တစ္ေယာက္ သူငယ္ျပန္သြားသလားပဲ ေမးခ်င္ပါရဲ႕။ အဲဒီဝရန္တာကေန Lock ဆင္းလို႔မရေအာင္ သူပဲလုပ္ထားခဲ့ၿပီး သူပါဆင္းမရေတာ့တာဆိုရင္ေတာ့ Hepius တို႔ ဟာသၾကားရသလိုပဲ။

ဒါေတြကို Hepius ဘယ္လိုသိလဲမေမးနဲ႔။
ေခါင္းကဒဏ္ရာကို ကိုယ့္ဆီလာၿပီးခ်ဳပ္သြားတာ။
Lock ဆိုတဲ့အရိုင္းအစိုင္းေလး သတ္ေသဖို႔ ေသာင္းက်န္းတုန္းကေတာ့ သူအိပ္ေဆးထိုးေပးလိုက္မိတာကို သူ႔ဘာသာစိုးရိမ္ၿပီး ကိုယ့္ကိုအေၾကာင္းၾကားလို႔ သိရတာ။
က်န္တာေတြကိုေတာ့ မေန႔က Casper ေတြေၾကာင့္ရတဲ့ဒဏ္ရာကို ၾကည့္ေပးရင္း Chain ရဲ႕ဖုန္းနဲ႔ သူ႔အိမ္က CCTV ခ်ိတ္ထားတဲ့အထဲကို Hepius တို႔ခိုးဝင္ၾကည့္ရင္း သိရတာ။
အခုက Chain လက္မွာ ခက္ရင္းနဲ႔ထိုးခံထားရလို႔ အေပါက္ေလးေပါက္ရာ အတန္းလိုက္နဲ႔။ အေညႇာ္ကမိထားေသး။

ဒါမ်ိဳးေတြ Hepius တို႔ သိပ္စိတ္ကုန္တယ္။ ခ်စ္တတ္တဲ့ႏွလံုးသား ရွိပါတယ္။ Nancy ေလးနဲ႔ဆို တြဲေနတာဘယ္ေလာက္ၾကာၿပီလဲ။
ႏွစ္ဦးသား အတိတ္ေတြစိတ္မဝင္စားဘဲ လက္ရွိမွာခ်စ္ၾကတာ သိပ္ၾကည္ႏူးဖို႔ေကာင္းေသာပဲ။
ဒီေကာင္ေတြလို သတ္ေနၾကတာမ်ိဳးေတာ့ နားကိုလည္မေပးႏိုင္ဘူး။
ဒါေပမဲ့လည္း မတတ္ႏိုင္ဘူးေလ။
ကိုယ္က စိတ္ထားေကာင္းတဲ့ဆရာဝန္ ဆိုေတာ့ကာ ... သူငယ္ခ်င္းေတြကိစၥ အကုန္ဝင္ပါေနရတယ္။
ေခ်ာေနတဲ့႐ုပ္ေလးေတာင္ ပိုေခ်ာလာသလိုပါပဲ။

ဤသည္ကို Hepius ဟုေခၚသည္တို႔ ဘာတို႔ေပါ့။

■■■■■ Part V ဆက္ရန္ ■■■■■


Hepius က ပြောတယ်။ သူ့ကိုတော့ မြေအောက်မှာ ဘယ်သူမှမထိရဲပါဘူး တဲ့။
သူပြောသလိုပါပဲ။
တကယ်ဆို မြေအောက်လောကရဲ့ သိပ်တော်တဲ့ဆေးနတ်ဘုရားကို ဘယ်သူမှမထိရဲကြတာတော့ အဆန်းမဟုတ်ပါဘူး။ တစ်ခုခုဆို တွေ့ရာဆေးရုံပြေးလို့မရတဲ့ သူတို့အဖို့ Hepius ရဲ့ဆေးရုံကသာ အားလုံးရဲ့အသက်၊ Hepius ရဲ့လက်ကသာ အားလုံးရဲ့ရှင်သန်ရာမို့ သူ့ကို အားလုံးက ဖူးဖူးမှုတ်ထားကြတာ။
Hepius ဆိုင်ကယ်စီးကျွမ်းကျင်ပေမဲ့ Chain စိတ်မချသည်က အခုချိန် လူတိုင်းက Lock ရော၊ Chain ပါ ပျောက်နေသည်မို့ အနီးကပ်ဆုံးနေခဲ့တဲ့ Hepius ကို စောင့်ကြည့်နေကြမယ်မဟုတ်လား။

Hepius က Nancy ဆိုတဲ့ သူ့ဆေးရုံက သူနာပြုလှလှလေးနဲ့လည်း ဆိုင်ကယ်ပြိုင်ပွဲတစ်ခုမှာတွေ့ပြီး အလုပ်အကိုင်ချင်းလည်းနီးစပ်၊ ဝါသနာလည်းတူတာမို့ သိပ်လိုက်ဖက်နေကြတဲ့စုံတွဲလေး။
Nancy က သူနာပြုလုပ်ရင်း ကံအကြောင်းမလှလို့ မူးယစ်ရာဇာတစ်ယောက်ရဲ့ အငယ်အနှောင်းဖြစ်လာပြီး ပျက်စီးသွားတဲ့ဘဝကို တခြားမိန်းကလေးတွေလို ရေစုန်မမျှောလိုက်ဘဲ ရင်းလိုက်ရတဲ့ဘဝနဲ့တန်အောင် ထိုလူဆီက ပညာစုံသင်ခဲ့တာ။
ရတနာပစ္စည်းမှောင်ခိုဈေးကွက်ထဲ Nancy နာမည်ရလာခဲ့ပြီး အနုအရွလေးတွေကိုသာစိတ်ဝင်စားတဲ့ သူ့လူကြီးက တစ်ယောက်တည်းအခြေချချင်တဲ့ Nancy လို ထက်ထက်မြက်မြက် မြွေပွေးမလေးကို ခါးပိုက်ပိုက်မထားတော့ဘဲ အရင်းအနှီးတချို့နဲ့ လွတ်လပ်ခွင့်ပေးလိုက်ပြီးနောက်မှာ Nancy ဆိုတဲ့ နတ်ဆိုးလှလှလေးက ကျောက်မျက်ရတနာဈေးကွက်မှာ နေရာတစ်ခုရလာတဲ့အထိ ကြိုးစားနိုင်ခဲ့သူ။ သူ့လက်အောက်မှာ သူလိုမိန်းကလေးတွေလည်း ရှိလေရဲ့။ ဒီလောကထဲ နာမည်ရလာတဲ့ Nancy တစ်ယောက် Hepius နဲ့တွေ့ပြီးနောက် သူတို့က *god and demoness* လို့ နာမည်ကြီးနေတဲ့ အတွဲတစ်တွဲဖြစ်လာခဲ့တယ်။

¤¤¤¤¤

Chain အခန်းထဲကနေ Hepius ထွက်လာပြီး လှေကားထိပ်အရောက်

"Hepius"

"ဘာလဲ"

"Password ကို မင်းဘယ်လိုသိလဲ။"

ဟား ... ဟား ... Chain ဆိုတဲ့ငပိန်းက သူ့ရဲ့အရေးကြီး password တွေကို အကုန်အတူတူထားတာ။ အလုံးရေမတူရင်တောင် သူထားတဲ့နံပါတ်နဲ့စာလုံးတွေက သူ့အတွက်အဓိပ္ပါယ်တစ်ခုတည်းပဲ။ ဒီအိမ်တံခါး password ကလည်း ဒီလိုပဲဖြစ်နေမယ်လို့ ငါတောင်တွေးမိတာ မင်းကမသိဘူးဆိုတော့ ငဒူပဲ။

"ပြောစရာလား မင်းကို။ ဒါတောင်မသိဘဲနဲ့ ငါ့ကို ယှဉ်ချင်သေး။"

"မယှဉ်ပါဘူး။ ရှိသမျှ password တွေ ဖလှယ်ထားကြတဲ့ မင်းတို့နှစ်ကောင်ကို ငါမယှဉ်ရဲပါဘူး။ အလကားနေ ပူးကပ်နေတာများ။"

"ပူးတော့ဘာဖြစ်လဲ။ မင်းအပူးမခံရလို့ J ဝင်နေတာမလား။"

"ထွီ ... ရွံစရာ။"

"ရွံရင် ဘာလို့လာမေးနေလဲ။ ငါပြန်တော့မယ်။ ဟိုကောင်ကို ဒီတစ်ရက်လေးတော့ အေးအေးဆေးဆေးပေးနားလိုက်ပါ။ မင်းထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်၊ ငါအကုန်စစ်ပြီး သေချာပိတ်ခဲ့မှာ။"

Lock က ဂြိုဟ်ကြည့်ကြည့်တာကို Hepius ရယ်ပြီးဆင်းသွားရင်း လှေကားတစ်ဝက်ရောက်မှ

"ရေခဲသေတ္တာထဲ ငါးရက်စာလောက် ဝယ်ထည့်ပေးခဲ့တယ်။ ဟိုကောင်ကိုတော့ ဆန်ပြုတ်နဲ့အရည်ပဲတိုက်ပါ။"

"တစ်ရက်လောက်မစားလို့ သေသွားမှာလား။"

"Lock, မင်း ဘယ်လိုတွေဖြစ်နေတာလဲ။"

"ဟာ၊ ငါ ဒီလောက်တော့ ဒေါသထွက်ခွင့်ရှိတယ်မဟုတ်လား။ သူ ငါ့ကို ဘာလို့ဖမ်းခေါ်လာတာလဲ။"

"မင်းကိုချစ်လို့လေ။"

"Sh*t! ဒါ ခိုးပြေးကြတာမဟုတ်ဘူး Hepius."

"ဘယ်သူမှမသိအောင် မင်းကိုမ,လာတာတော့ အမှန်ပဲ။ မင်းကို ဘေးကင်းစေချင်လို့ပါ။"

"ငါက ကလေးလား။ Spectrum မှာ ငါမရှိဘဲ ဘာတွေဖြစ်နေမလဲ။ Lily ကရော သူတစ်ယောက်တည်း ဘယ်လောက်တောင်စိတ်ညစ်ရမလဲ။"

"ကလေးမဟုတ်လို့ပေါ့။ Lily ကိုတော့စိတ်ချပါ။ မင်းညီမအန္တရာယ်မဖြစ်အောင် Chain က သေချာစီစဉ်ပေးထားပါတယ်။"

Hepius စကားကြောင့် Lock က သူရှိရာလှေကားတစ်ဝက်အထိ ဆင်းလာပြီး

"Lily ... သူလည်း ဟိုကောင်နဲ့ အလိုတူအလိုပါလား။ အဲ့ဒီကောင်ကို Basement ကနေ ထုတ်ပေးလိုက်ရုံတင်မကဘဲ အဲဒီကောင် ငါ့ကို ခေါ်ထုတ်လာမှာကို သိနေတာလား။"

"ဟင့်အင်း။ ဂိုဏ်းကိစ္စတွေကို Chain က နောက်ကွယ်ကနေ စီမံပေးနေတာကို သူသိတယ်။ ကျန်တာသူမသိဘူး။ အကုန်လုံးက မင်းတို့ခေါင်းဆောင်နှစ်ယောက် လျှို့ဝှက်ကိစ္စတစ်ခုနဲ့ ခဏကိုယ်ယောင်ဖျောက်နေတယ်ပဲ သိထားကြတာ။"

"ဪ ... ဒါဆို ငါ့ကို Chain ကဖမ်းထားတာကို မင်းပဲသိတယ်ပေါ့။"

"ဟာ ... ဖမ်းထားတာမဟုတ်ပါဘူးဆိုကွာ။"

"ဘယ်မှအဆက်အသွယ်ပေးမလုပ်တာက အပန်းဖြေဖို့ခေါ်လာတာလား။"

"မင်းအန္တရာယ်ကင်းအောင်လို့ဆိုတာ ပြောပြီးပြီလေ။"

"ငါ့ကိုရှင်းအောင်ပြောပြီး ဖြေရှင်းလေ။ ငါ Spectrum ရဲ့ခေါင်းဆောင်၊ ငါစီမံနိုင်တယ်။ သူလုပ်ချင်ရာလုပ်နေတာက ငါ့ကိုကာကွယ်တာလား။"

"သူပြောတော့ မင်းကလက်ခံမှာလား။ အချိန်တန်ရင် သူရှင်းပြမှာပါ။ ငါသိတာတော့ သူက မင်းအတွက်အခုလိုလုပ်တာ။ မင်းကို target ထားနေတဲ့သူတွေက အခုအချိန်မှာ Chain ဘက်ကို မြားဦးလှည့်နေကြတာ။ မင်းကပါ ဒုက္ခမပေးစမ်းပါနဲ့။"

"ဪ ... ဪ၊ ငါက ဒုက္ခပေးတယ်ပေါ့။ ဟုတ်တယ်၊ သတ်ကိုပစ်မှာ။ အခုကို သတ်ပစ်မယ်။"

ပြောရင်း Lock ဒေါသထွက်လာပြီး အပေါ်ထပ်ပြန်တက်လာတော့ Hepius အတင်းလိုက်ဆွဲရပြီလေ။

"တော်ပါတော့ Lock ရာ။ ငါတောင်းပန်ပါတယ်။ သူ့တစ်ကိုယ်လုံးလည်း မင်းလုပ်ထားတဲ့ဒဏ်ရာချည်းပဲ။ ဒီကောင်လည်း ဝဋ်ကြွေးပါပဲ။"

"မှင်စာတွေကြောင့် ဖြစ်တာလေ။"

"အေး၊ အဲဒီခါးကဒဏ်ရာကို ငါမပြောဘူး။ အခုတစ်ပတ်အတွင်း မင်းလုပ်ထားတာနည်းလား။ ဒါတောင် Basement ထဲမှာ ရိုက်ခံထားရတာ မပါသေးဘူး။"

"အဲဒါ သူ့အပြစ်နဲ့သူလေ။"

"အေးပါ၊ မင်းသာ သူ့မေတ္တာတွေမစူးစေနဲ့။"

"ဆုတောင်းလေ။"

"မလိုပါဘူး၊ ဝဋ်ဆိုတာ လည်မှာပဲကို။"

"မင်း သွားတော့။ စကားပြောရတာ အပေါက်အလမ်းမတည့်ဘူး။ ဟိုကောင်နဲ့ပဲရှင်းမယ်။"

သူပြောချင်တာပြောပြီးတော့ နှင်ထုတ်နေတယ်။ Hepius ကို ဒါမျိုးလုပ်လို့ရမလား။ ခုလည်း Chain အခန်းဘက် ဦးတည်နေပြန်ပြီ။

"ဟေ့ကောင်၊ ဘယ်သွားတာလဲ။ ပြန်လာခဲ့။"

တံခါးတွန်းဖွင့်ဝင်သွားတဲ့ Lock ကို အခန်းထဲကပြန်ဆွဲထုတ်ပြီး

"မင်းအခန်း မင်းသွား၊ သူခဏနားပါစေ။ ငါတောင်းပန်တယ်၊  ဟုတ်ပြီလား။"

Lock က သူ့ကို ဂျစ်ကန်ကန်ကြည့်ပြီး ထွက်သွားမှ Hepius မှာ သူ့လူနာသူ လှမ်းကြည့်ရတယ်။ တော်သေးတယ်၊ အိပ်နေလို့။ ဆေးနဲ့မှမအိပ်ရင်လည်း သေဖို့ပဲရှိတယ်။

ဒီကိုရောက်ရောက်ချင်းနေ့က မေ့ဆေးပြယ်လာတဲ့ Lock, အခြေအနေတွေကို သိရတယ်ဆိုရင်ပဲ ပြန်မယ်လုပ်လို့ Chain နဲ့ ဆွဲလားရမ်းလားတွေဖြစ်ပြီး Chain ခေါင်းကို နံရံနဲ့ကိုင်ဆောင့်ပစ်တာ ခေါင်းမှာ သုံးချက်ချုပ်လိုက်ရတယ်။
နောက်တစ်နေ့ ထမင်းကျွေးတာကိုမစားဘဲ Chain ကို ဟင်းရည်ပူနဲ့ပက်လိုက်လို့ ရင်ဘတ်မှာအပူလောင်တာ အကွက်လိုက်။
သုံးရက်မြောက်နေ့က Lock သူ့လက်ကသွေးကြောကို သူ့ဘာသာဓားနဲ့ဖြတ်မှာကို Chain ကတားလိုက်နိုင်ပေမဲ့ ထိန်းမရလို့ အိပ်ဆေးထိုးလိုက်တာမို့ Chain အနာတရမဖြစ်တာ နောက်တစ်ရက်အထိသာ။
ငါးရက်မြောက်နေ့မှာတော့ သူဆေးလိပ်သောက်တာကိုတားလို့ Chain လည်ပင်းကို ဆေးလိပ်မီးနဲ့တို့ထားတာ နှစ်နေရာ။
ဒါက သူဆေးလိပ်တွေအရမ်းသောက်တဲ့အခါ Chain ကတားတိုင်း သူလုပ်နေကျ။
ခြောက်ရက်မြောက်နေ့ကျ မိုးရွာတော့မှာကိုသိရဲ့နဲ့ ဝရန်တာမှာ Chain ကိုထားခဲ့ပြီး တံခါးပိတ်ထားလို့ မိုးသည်းထဲနေခဲ့ရတာ လေးနာရီ။
သူ့အိမ်သုံးလွှာရဲ့ဝရန်တာကနေ မဆင်းတတ်တဲ့ Chain တစ်ယောက် သူငယ်ပြန်သွားသလားပဲ မေးချင်ပါရဲ့။ အဲဒီဝရန်တာကနေ Lock ဆင်းလို့မရအောင် သူပဲလုပ်ထားခဲ့ပြီး သူပါဆင်းမရတော့တာဆိုရင်တော့ Hepius တို့ ဟာသကြားရသလိုပဲ။

ဒါတွေကို Hepius ဘယ်လိုသိလဲမမေးနဲ့။
ခေါင်းကဒဏ်ရာကို ကိုယ့်ဆီလာပြီးချုပ်သွားတာ။
Lock ဆိုတဲ့အရိုင်းအစိုင်းလေး သတ်သေဖို့ သောင်းကျန်းတုန်းကတော့ သူအိပ်ဆေးထိုးပေးလိုက်မိတာကို သူ့ဘာသာစိုးရိမ်ပြီး ကိုယ့်ကိုအကြောင်းကြားလို့ သိရတာ။
ကျန်တာတွေကိုတော့ မနေ့က Casper တွေကြောင့်ရတဲ့ဒဏ်ရာကို ကြည့်ပေးရင်း Chain ရဲ့ဖုန်းနဲ့ သူ့အိမ်က CCTV ချိတ်ထားတဲ့အထဲကို Hepius တို့ခိုးဝင်ကြည့်ရင်း သိရတာ။
အခုက Chain လက်မှာ ခက်ရင်းနဲ့ထိုးခံထားရလို့ အပေါက်လေးပေါက်ရာ အတန်းလိုက်နဲ့။ အညှော်ကမိထားသေး။

ဒါမျိုးတွေ Hepius တို့ သိပ်စိတ်ကုန်တယ်။ ချစ်တတ်တဲ့နှလုံးသား ရှိပါတယ်။ Nancy လေးနဲ့ဆို တွဲနေတာဘယ်လောက်ကြာပြီလဲ။
နှစ်ဦးသား အတိတ်တွေစိတ်မဝင်စားဘဲ လက်ရှိမှာချစ်ကြတာ သိပ်ကြည်နူးဖို့ကောင်းသောပဲ။
ဒီကောင်တွေလို သတ်နေကြတာမျိုးတော့ နားကိုလည်မပေးနိုင်ဘူး။
ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။
ကိုယ်က စိတ်ထားကောင်းတဲ့ဆရာဝန် ဆိုတော့ကာ ... သူငယ်ချင်းတွေကိစ္စ အကုန်ဝင်ပါနေရတယ်။
ချောနေတဲ့ရုပ်လေးတောင် ပိုချောလာသလိုပါပဲ။

ဤသည်ကို Hepius ဟုခေါ်သည်တို့ ဘာတို့ပေါ့။

■■■■■ Part V ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі