1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
9. Demon
တစ္ေနကုန္ ခြဲစိတ္ခန္းဝင္ေနရတာေၾကာင့္ အလုပ္မ်ားေနရလို႔ အခုမွနားရတဲ့ Hepius ဖုန္းျမည္လာလို႔ၾကည့္လိုက္ေတာ့ Lily.
Missed call ေတြလည္းရွိေနတာပဲ။

"Lily, ဘာျဖစ္လို႔လဲ။"

"ကိုႀကီး အလုပ္မ်ားေနတာလား။ မီးငယ္ ေခၚေနတာၾကာၿပီ။"

"ေအး၊ ခြဲခန္းဝင္ေနလို႔ပါ။ ဘာျဖစ္လို႔လဲ မီးငယ္ေလး။"

"ကိုကိုနဲ႔ Chain ကို ဆက္သြယ္လို႔မရဘူး။ မေန႔ညက Party ကေန Starry house ကိုသြားၾကတယ္ဆိုလို႔ လွမ္းေမးတာ မနက္ကတည္းက ကားတစ္စီးနဲ႔ထြက္သြားၾကတာတဲ့။ ဘယ္သြားလဲလို႔ ဘယ္သူမွမသိဘူးတဲ့။"

"မီးငယ္ရယ္၊ ခုမွေနဝင္ခါစေလ။ အဲဒီႏွစ္ေကာင္က ဒီေလာက္အခ်ိန္အတြင္း ဘာျဖစ္မွာလဲ။"

"မဟုတ္ဘူး ကိုႀကီးရဲ႕။ မနက္ကထြက္သြားေတာ့ Chain မ်က္ႏွာမွာ ဒဏ္ရာေတြအမ်ားႀကီးနဲ႔တဲ့။ ကိုကိုကလည္း တအားစိတ္တိုေနပံုပဲတဲ့။ Party ကကိစၥလည္း သတင္းေတြပြေနတာပဲ။"

"အင္း၊ သိပ္စိတ္မပူနဲ႔ Lily ရယ္။ ကိုႀကီးရွာၾကည့္လိုက္မယ္ေနာ္။ ၿပီးရင္ဖုန္းျပန္ဆက္ေပးမယ္။"

"ဟုတ္၊ ရွာပါဦး။ ကိုကို အရမ္းေဒါသထြက္ေနမွာ။ Chain လည္း တစ္စစီျဖစ္ၿပီလားမသိဘူး။"

"ေကာင္မေလး၊ အစ္ကိုကိုစိတ္ပူတာလား။ Chain ကို စိတ္ပူတာလား။"

"ကိုကို႔ကို ပူစရာလား၊ သူ႔ေဒါသေျဖစရာ လူတစ္ေယာက္လံုး ရွိေနမွာကို။ Chain မွာသာ ဆြဲမယ့္လူမရွိရင္ ေသေနမွာ။ ဟိုကဘာလုပ္လုပ္ၿငိမ္ခံေနမယ့္အ႐ုပ္ႀကီး။"

"ေအးပါကြာ။ ရွာၾကည့္လိုက္ဦးမယ္။"

"ဟုတ္"

Hepius တို႔ ဒီေန႔ကံမေကာင္းဘူး။
အဖြဲ႕တစ္ဖြဲ႕နဲ႔ အာဏာပိုင္ေတြနဲ႔ ပစ္ၾက၊ ခတ္ၾကလို႔ ဒဏ္ရာရသူေတြကို တစ္ေနကုန္ကုေပးေနရတာ အခုမွနားပါမယ္ဆို လူေပ်ာက္ရွာရဦးမယ္။
ရွာရမွာလည္းၾကည့္ဦး၊ အေမွာင္ေလာကထဲ လူတကာေၾကာက္ရတဲ့ Spectrum ရဲ႕ေခါင္းေဆာင္ႏွစ္ေယာက္တဲ့။
ဘယ္သူကမွေတာ့ အလြယ္တကူဒုကၡမေပးႏိုင္ေပမဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ အခ်င္းခ်င္းဒုကၡေပးႏိုင္တယ္။
တစ္ေယာက္ကစိတ္ဒုကၡေပးတယ္၊ တစ္ေယာက္က ခႏၶာကိုယ္ကို ရစရာမရွိေအာင္ႏွိပ္စက္တတ္တယ္။

မေန႔ညက Garuda Princess ရဲ႕ပြဲမွာ Chain က Lock ကို Maria ေရွ႕မွာ ပခံုးဖက္ၿပီး ၾကင္ၾကင္နာနာၾကည့္ေနတဲ့ပံုရယ္၊ လက္ကိုဆြဲၿပီးထြက္သြားတဲ့ပံုရယ္က သူတို႔ရဲ႕ Dark website ေတြမွာ ပလူပ်ံေနပါတယ္။
ၿပီးေတာ့ "Baby လို႔ ေခၚလိုက္ပါတယ္" ဆိုတဲ့ သတင္းစာသားက ဗံုးတစ္လံုးလိုပဲ။
Hepius သိတယ္၊ Chain က Lock ကို မ႐ိုးမသားခ်စ္ေနတာမွန္း။
Chain ကိုယ္တိုင္လည္း Hepius ေရွ႕မွာဝန္ခံခဲ့တာ။
မျဖစ္ဘူး၊ ရွာမွပဲ။ ဟို Straight ဆိုတဲ့ေကာင္၊ ႏွလံုးသားမရွိတဲ့နတ္ဆိုးက အဲဒီကိစၥသိသြားရင္ Chain ဘဝက မေတြးရဲစရာ။

အေခါက္ေခါက္အခါခါေခၚလို႔မွ မကိုင္တဲ့ဖုန္းႏွစ္လံုးက location လည္းရွာမရ။
နားေနခန္းထဲ ေခါက္တံု႔ေခါက္ျပန္ေလၽွာက္ရင္းက စိတ္ညစ္လို႔ ဆိုဖာေပၚလွဲခ်လိုက္မွ ဖုန္းထျမည္တာေၾကာင့္ အျမန္ထထိုင္ၾကည့္လိုက္ေတာ့ ဟိုေကာင္နတ္ဆိုး။

"ေဟ့ေကာင္၊ ငါေခၚေနတာ ဘာလို႔မကိုင္တာလဲ။"

"ငါ လိပ္စာပို႔လိုက္မယ္။ မင္းအေကာင္ကိုသြားေခၚလိုက္။ ငါ Studio မွာပဲအိပ္မွာ။"

"ေဟ့၊ Lily စိတ္ပူ ..."

"ငါဖုန္းဆက္လိုက္မယ္။"

"ဟိုေကာင္ကို ဘာလုပ္ ..."

*တီ*

"ဟာ ... Lock ... Lock ... Tsk! ဖုန္းခ်သြားျပန္ၿပီ။"

ကိုယ့္ကို စကားဆံုးေအာင္ေပးမေျပာဘဲ သူေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားတဲ့ေကာင္ကို ျပန္ေခၚမယ္လုပ္ေတာ့ လိပ္စာတစ္ခုေရးထားတဲ့ စာတစ္ေစာင္ ဝင္လာတယ္။

'မတတ္ႏိုင္ဘူး၊ လိုက္သြားရမွာပဲ။ အဲ ... လိုရမည္ရ ေဆးအိတ္ယူသြားမွပါ။'

Hepius လိပ္စာအတိုင္းသြားေတာ့ ဆိတ္ၿငိမ္တဲ့ေနရာတစ္ခု။ ျခံဝင္းေရွ႕ကေန ဟြန္တီးၿပီး ကားထဲကထြက္လိုက္ေတာ့ လူတစ္ေယာက္ထြက္လာလို႔

"ဒီမွာေလ ဟိုႏွစ္ေယာက္ ... အဲ ... ဟို ..."

ေနရာစိမ္းမို႔ ဘယ္လိုေမးရမွန္းမသိျဖစ္ေနတုန္း

"ဘယ္သူလဲမသိဘူး ခင္ဗ်။"

"ဪ ... Hepius ပါ။"

"Doctor လား။ ဟိုအစ္ကိုေလးက မွာထားခဲ့ပါတယ္။ အထဲႂကြပါ။"

ျခံတံခါးဖြင့္ေပးတာမို႔ ကားေပၚျပန္တက္ၿပီး ေမာင္းဝင္လာလိုက္တယ္။
အိမ္တံခါးေရွ႕မွာရပ္ေစာင့္ေနေတာ့ ခုနကတစ္ေယာက္ ေနာက္ကလိုက္လာၿပီး

"ဒီမွာ ေသာ့ပါခင္ဗ်ာ။ ဖြင့္ဝင္သြားလိုက္ပါ Doctor, ကၽြန္ေတာ္တို႔က အားလံုးျပန္မွသာ အထဲဝင္ၿပီး သန္႔ရွင္းေရးလုပ္ရမယ္ဆိုတဲ့ စည္းကမ္းရွိတာမို႔ပါ ခင္ဗ်။"

"ဟမ္ ... ဪ၊ ေကာင္းပါၿပီ။"

တစ္ေယာက္တည္း တံခါးေရွ႕မွာ အူေၾကာင္ေၾကာင္နဲ႔က်န္ခဲ့မွ ေသာ့တြဲေတြကိုၾကည့္ၿပီး တံခါးေသာ့ရဲ႕အမွတ္အသားနဲ႔တူတဲ့ ေသာ့တံတစ္ေခ်ာင္းကို ထည့္ဖြင့္လိုက္မိတယ္။
ဒီ sign က ဘာပါလိမ့္။

ၾကာၾကာမေတြးအားဘဲဝင္လာမိေတာ့ ဧည့္ခန္းေနရာရဲ႕တစ္ဖက္မွာ တံခါးတစ္ခ်ပ္။
တံခါးေသာ့မွာက လည္ပတ္ႀကိဳးပံုစံမို႔ ပံုစံတူသေကၤတပါတဲ့ေသာ့တံနဲ႔ ဖြင့္လိုက္ေတာ့ ခပ္မွိန္မွိန္မီးထြန္းထားတဲ့ landing က်ယ္က်ယ္တစ္ခုရဲ႕ေဘးမွာ ေအာက္ဆင္းဖို႔ ေလွကားထစ္ေတြ။
ဆင္းလာလိုက္ေတာ့ အဆံုးမွာ မီးေရာင္နီနီေတြနဲ႔ wine bar တစ္ခုရယ္၊ ေနာက္ထပ္အခန္းတစ္ခန္းရယ္။
ဒီတစ္ခါက ၾကာပြတ္ပံုသေကၤတ။
Hepius, ပိန္းဥ။ အိမ္တံခါးက sign က BDSM sign ေလကြာ။ လည္ပတ္ေတြ၊ ၾကာပြတ္ေတြျမင္မွ ဆက္စပ္ႏိုင္တဲ့ကိုယ့္ဘာသာကိုယ္ က်ိန္ဆဲအၿပီး တံခါးဖြင့္မယ့္လက္ေတြ တုံ႔ခနဲ။
Lock! သူ Chain ကို ...
Hepius အလန္႔တၾကားနဲ႔ တံခါးကိုအျမန္ဖြင့္ဝင္လိုက္ေတာ့ ...
.
Oh, My GOD!

What the hell is that?

🚨

🚨

🚨

ေအးစက္ေနတဲ့အခန္းရဲ႕ အလင္းနီနီေအာက္မွာ ျမင္လိုက္ရတဲ့ျမင္ကြင္း။
ခုတင္တစ္လံုးရဲ႕ေျခရင္းက ၾကမ္းျပင္ေပၚမွာ တံခါးေပါက္ကိုေက်ာေပးလဲေနတဲ့ ၾကာပြတ္ရာအထပ္ထပ္နဲ႔ ေက်ာျပင္တစ္ခု။
အတိအက်ေျပာရရင္ အဝတ္မကပ္တဲ့ခႏၶာကိုယ္တစ္ခုမို႔ Hepius ကုတ္အက်ႌခၽြတ္ၿပီး အနားေျပးသြားကာ ခႏၶာကိုယ္အလယ္ပိုင္းကိုအုပ္လိုက္ၿပီး ပခံုးကို ခပ္ဖြဖြလႈပ္ေခၚမိတယ္။

"Chain! သူငယ္ခ်င္း။ ေဟ့ေကာင္၊ Chain!"

အခုမွေသခ်ာျမင္ရတာက ခုတင္တိုင္နဲ႔ Chain ရဲ႕လက္တစ္ဖက္ကို လက္ထိပ္နဲ႔တြဲခတ္ထားတယ္။
Chain ရဲ႕အေျခအေနကေတာ့
မ်က္ႏွာမွာအညိဳအမည္းေတြက Lily ေျပာတဲ့ မနက္ကဒဏ္ရာေတြထင္တယ္။
ေက်ာမွာကေတာ့ ေသြးစိမ့္ထြက္ေနဆဲ ၾကာပြတ္ရာေတြ။
ေပါင္မွာလည္း ေသြးေတြစီးက်ေနၿပီး ျဖစ္တည္ရာက ခါးေအာက္ပိုင္း အေနာက္ဘက္ေနရာက။
လက္ေကာက္ဝတ္နဲ႔ ေျခက်င္းဝတ္ႏွစ္ဖက္လံုးမွာ ျပတ္ရွရာခပ္နက္နက္ေတြ။
လႈပ္ေခၚေနရာက အနည္းငယ္လြန္႔လူးလာတဲ့ ခႏၶာကိုယ္။

"အင္း ........"

"Chain"

"Hepius?"

"ဟုတ္တယ္၊ ငါ။ မင္းဘယ္လိုေနလဲ။ ခဏ။"

လက္ထိပ္ကိုအရင္ျဖဳတ္ရမွာမို႔ ေသာ့ရွာဖို႔ထရပ္လိုက္ေတာ့မွ ခုနကသတိမထားမိလိုက္တဲ့ ခုတင္ေပၚကေသြးကြက္ေတြ။
'ဟား၊ Lock က တကယ္ကိုနတ္ဆိုးပဲ။'
ခုတင္ေဘးစားပြဲေပၚက ပစၥည္းေတြၾကားမွာ ေသာ့ရွာေတြ႕လို႔ လက္ထိပ္ဖြင့္ၿပီး Chain ထႏိုင္ဖို႔ကူရတယ္။ ကိုယ္လံုးခ်င္းကကြာေတာ့ ေပြ႕မေခၚႏိုင္ဘူးေလ။
Lock ကေတာ့ Chain ထက္ နည္းနည္းေလးပုေပမဲ့ သူတို႔ရဲ႕ Tower တိုင္လိုအရပ္ေတြ၊ သဲအိတ္လိုကိုယ္လံုးေတြေၾကာင့္ Hepius က သူတို႔နဲ႔ယွဥ္ရင္ ဖြဲအိတ္လိုျဖစ္ေနရတာ။
ကိုယ့္မွာသာတာ ရုပ္ရည္နဲ႔ ပညာအရည္အခ်င္း။ အဲဒါအသာထား။
ခုတင္အခင္းကိုဖယ္ၿပီး ခါးမွာအက်ႌပတ္ေပးထားတဲ့ Chain ကိုယ္ႀကီးကို ခုတင္ေပၚမနည္းတင္ေပးကာ

"Bathroom, where's the bathroom?"

တစ္ေယာက္တည္းပ်ာယာခတ္ၿပီး ေရခ်ိဳးခန္းရွာေနတဲ့ Hepius ကို Chain က

"ဟိုက လိုက္ကာေနာက္မွာ။"

ညႊန္ျပတဲ့ေနရာဆီကိုေျပးၿပီး ခဏေနေတာ့ ေတြ႕သမၽွပဝါေတြ၊ bathrobe ေတြကို ေရေႏြးစိမ္၊ ေရညႇစ္လာၿပီး

"Chain ငါသန္႔ရွင္းေရးလုပ္ေပးမယ္ေနာ္။ အဲဒီအတိုင္း ေဘးေစာင္းပဲလွဲေန။"

"အင္း၊ ငါ ေခါင္းအရမ္းမူးေနလို႔။"

"အင္း၊ ၿငိမ္ၿငိမ္ေလးေန။"

"မင္းက ဘယ္လိုသိၿပီးေရာက္လာတာလဲ။"

Chain ကိုရွင္းျပရင္း အေပၚပိုင္းကို ေရဝတ္နဲ႔သုတ္ေပးၿပီး ခါးကအက်ႌကိုဖယ္ကာ

"ေမွာက္လိုက္ပါလား။"

ေမွာက္ခံုျဖစ္သြားတဲ့ Chain ရဲ႕ေပါင္က ေသြးေတြကို သုတ္ေပးေနေပမဲ့ ထပ္က်လာသလိုေၾကာင့္ ၾကည့္မိေတာ့ တကယ္ကိုေသြးထြက္တာမရပ္ေသး။

"Chain, သူဘယ္လိုလုပ္ ... အာ ... ဘာျဖစ္လို႔ ဒီေလာက္ဆိုးသြားတာလဲ။ ဒီေလာက္အခ်ိန္ၾကာၾကာ ေသြးေတြထြက္ေနလို႔ မင္းေခါင္းမူးတာ။"

"အင္း၊ ဟိုမွာေလ။ ဒါနဲ႔၊ တကယ္ပဲ သူမင္းကို ဖုန္းဆက္ေျပာတာေပါ့။"

Chain လက္ညႇိဳးအဆံုးကိုၾကည့္မိေတာ့ မဟားတရားဆိုဒ္လြန္ပစၥည္းအတုေတြ

"F**k! ဒီေကာင္ လူစိတ္ေပ်ာက္သြားတာလား။ ဟုတ္တယ္၊ သူဆက္တာ။ မင္းတို႔ဘာျဖစ္ၾကတာလဲ။ ငါ အဲဒီေနရာကိုေဆးထည့္ေပးမလို႔၊ နည္းနည္းသည္းခံေနာ္။"

"ငါ ဖြင့္ေျပာလိုက္လို႔။"

"ဘာ"

ေဆးထည့္ဖို႔ျပင္ေနတဲ့ Hepius ခဏရပ္တန္႔သြားရတယ္။

"ဒါဆို ဖြင့္ေျပာလိုက္လို႔ မင္းကိုဒီလိုလုပ္တာလား။"

Hepius ေဆးထည့္ေပးေနတုန္း Chain က

"ငါသူ႔ကို Baby လို႔ေခၚဖို႔နဲ႔ ငါ့အခ်စ္ကို သူအသိအမွတ္ျပဳႏိုင္ဖို႔ သူခိုင္းတာလုပ္မလားတဲ့။"

"ဟ၊ အဲဒီလိုဆိုတိုင္း ဒီကိစၥကို လုပ္စရာလား။ $&&^$#@#!$/// ေကာင္။ မဟုတ္ေသးဘူး၊ မင္းကေရာ ႐ူးေနလို႔လက္ခံတာလား။ ေျပာလိုက္ရမေကာင္း၊ မင္းလည္းလင္တရူးပဲ။"

Hepius တို႔ ႐ုပ္ေလးမွအားမနာ ပိုးစိုးပက္စက္ေတြဆဲေနတာမို႔ Starry house မွာ သူတို႔ေျပာခဲ့သမၽွကို Chain ျပန္ေျပာျပလိုက္တယ္။

"သင္းက သူ႔ဘာသာေတာ့ အေျခာက္မဟုတ္ဘူးဆိုၿပီး ဒါမ်ိဳးက်လုပ္တယ္လား။"

Chain ကို ေဘးေစာင္းျပန္လွဲေစလိုက္ေတာ့

"အမွန္ပဲေလ။ သူငါ့ကို တစ္စက္မွမထိဘူး။"

"ဟင္"

"ဟုတ္တယ္၊။ဒီထဲမွာရွိတဲ့ပစၥည္းေတြသာ တစ္ခုၿပီးတစ္ခုသံုးသြားတယ္၊ သူငါ့ကို လက္ဖ်ားနဲ႔ေတာင္မထိဘူး။"

"ဟား ... ဘယ္ေကာင့္ကိုထပ္ဆဲရမွာလဲ။ မင္းအေကာင္ကို ဂုဏ္တင္ေနတာလား။ ေနပါဦး၊ Safeword ရွိတယ္ေလ။ မင္းမေျပာလို႔ ခုေလာက္အထိျဖစ္တာလား။ Safeword က ဘာလဲ။"

"Hate me."

"ဘယ္လို ... အဲဒီလိုရွိသလား။ ဒါသက္သက္မဲ့ညစ္ပတ္တာ။ ဟာ ... အစကတည္းကကို ဒီကိစၥမလုပ္သင့္တာ။ မင္းက sex slave မို႔လို႔လား သူအဲဒီလိုလုပ္ရေအာင္။ Tsk! Ah ... sorry."

Chain မ်က္ႏွာမူရာဘက္လာလိုက္ေတာ့ သူမ်က္ရည္ဝဲေနတာလား။ မဟုတ္ဘူး၊ မ်က္ရည္က်ထားတာထင္တယ္။

"ရပါတယ္။ သူက ငါ့ကိုရြံတယ္တဲ့။ လံုးဝမျမင္ခ်င္ဘူးတဲ့။ ဘယ္လိုလုပ္မလဲ၊ ငါမွ သူ႔ကိုမခြဲႏိုင္တာ။ သူလက္ခံေပးႏိုင္မယ့္နည္းက ဒါပဲရွိလို႔ ငါလက္ခံလိုက္တာပါ။ သူ႔ကိုအျပစ္မတင္ပါနဲ႔။"

"ေသေတာ့ Chain ရာ၊ တိုင္နဲ႔ေခါင္းနဲ႔ေဆာင့္ၿပီး ေသေတာ့။ ဟင္၊ ေခါင္း ..."

လွဲေနတဲ့ဘက္နဖူးမွာကြဲေနပီး ေသြးေတြေစးကပ္ေနတာပဲ။ ခုနကၾကမ္းေပၚလဲေနတဲ့ဘက္ကိုပဲ ေစာင္းၿပီးလွဲေနတာမို႔ မသိလိုက္တာ။
ခုမွေသခ်ာၾကည့္ေတာ့ ႏႈတ္ခမ္းမွာလည္း ဒဏ္ရာတစ္ခု။

"ဗိုက္မွာလည္း ညိဳမည္းလို႔။ ႏႈတ္ခမ္းမွာက ဘယ္ကမီးေလာင္ရာလဲ။ မဟုတ္မွ ... ေဆးလိပ္မီးနဲ႔လား။"

Chain က ဘာမွမေျပာ။

"Tsk! ဒီေကာင္ေတာ့ကြာ။"

ဒဏ္ရာေတြအကုန္ေဆးထည့္ၿပီး

"ငါ ေဆးအိတ္ယူလာမိလို႔ ေတာ္ေသးတယ္။ မင္းခဏနားလိုက္။ ဒဏ္ရာေတြေသြးတိတ္ၿပီ၊ ေဆးလည္းထိုးလိုက္ၿပီဆိုေတာ့ ခဏေနအမူးေျပရင္ ငါတို႔ျပန္ၾကမယ္။ ဒီေနရာႀကီးမွာ ၾကာၾကာေနလို႔မေကာင္းဘူး။"

"ေက်းဇူးတင္ပါတယ္ Hepius."

"Ball မို႔ ေက်းဇူးလား။ ေျပာစရာမလိုဘူး။ ငါ့ကိုသာ ပိုက္ဆံေခ်းေပးဦး။ Cancer Foundation တစ္ခု ေငြလိုေနတာကို ထည့္ေပးမလို႔။ ငါ့ေငြေတြက မေန႔ကမွ သဘာဝေဘးမွာလွဴဖို႔ ထုတ္ထားလို႔။"

"ဟားဟားဟား၊ ေအးပါ။"

"မရယ္နဲ႔။ အဆင္မေျပရင္ ျပန္မဆပ္ဘူး။"

"ေအးပါကြာ၊ ဟုတ္ပါၿပီ။"

"မင္း Baby နဲ႔ညားရင္ေရာ ငါ့ကိုပိုက္ဆံေခ်းဦးမွာလား။"

"ဟင္"

Chain ငိုင္သြားတာမို႔ Hepius ေရခ်ိဳးခန္းထဲကေန ကိုယ္လက္ေဆးရင္း လွမ္းေအာ္လိုက္တယ္။

"မ်က္လံုးအျပဴးသားနဲ႔ အိပ္မက္မက္မေနနဲ႔။ ခဏနားလိုက္။"

■■■■■ Part X ဆက္ရန္ ■■■■■

တစ်နေကုန် ခွဲစိတ်ခန်းဝင်နေရတာကြောင့် အလုပ်များနေရလို့ အခုမှနားရတဲ့ Hepius ဖုန်းမြည်လာလို့ကြည့်လိုက်တော့ Lily.
Missed call တွေလည်းရှိနေတာပဲ။

"Lily, ဘာဖြစ်လို့လဲ။"

"ကိုကြီး အလုပ်များနေတာလား။ မီးငယ် ခေါ်နေတာကြာပြီ။"

"အေး၊ ခွဲခန်းဝင်နေလို့ပါ။ ဘာဖြစ်လို့လဲ မီးငယ်လေး။"

"ကိုကိုနဲ့ Chain ကို ဆက်သွယ်လို့မရဘူး။ မနေ့ညက Party ကနေ Starry house ကိုသွားကြတယ်ဆိုလို့ လှမ်းမေးတာ မနက်ကတည်းက ကားတစ်စီးနဲ့ထွက်သွားကြတာတဲ့။ ဘယ်သွားလဲလို့ ဘယ်သူမှမသိဘူးတဲ့။"

"မီးငယ်ရယ်၊ ခုမှနေဝင်ခါစလေ။ အဲဒီနှစ်ကောင်က ဒီလောက်အချိန်အတွင်း ဘာဖြစ်မှာလဲ။"

"မဟုတ်ဘူး ကိုကြီးရဲ့။ မနက်ကထွက်သွားတော့ Chain မျက်နှာမှာ ဒဏ်ရာတွေအများကြီးနဲ့တဲ့။ ကိုကိုကလည်း တအားစိတ်တိုနေပုံပဲတဲ့။ Party ကကိစ္စလည်း သတင်းတွေပွနေတာပဲ။"

"အင်း၊ သိပ်စိတ်မပူနဲ့ Lily ရယ်။ ကိုကြီးရှာကြည့်လိုက်မယ်နော်။ ပြီးရင်ဖုန်းပြန်ဆက်ပေးမယ်။"

"ဟုတ်၊ ရှာပါဦး။ ကိုကို အရမ်းဒေါသထွက်နေမှာ။ Chain လည်း တစ်စစီဖြစ်ပြီလားမသိဘူး။"

"ကောင်မလေး၊ အစ်ကိုကိုစိတ်ပူတာလား။ Chain ကို စိတ်ပူတာလား။"

"ကိုကို့ကို ပူစရာလား၊ သူ့ဒေါသဖြေစရာ လူတစ်ယောက်လုံး ရှိနေမှာကို။ Chain မှာသာ ဆွဲမယ့်လူမရှိရင် သေနေမှာ။ ဟိုကဘာလုပ်လုပ်ငြိမ်ခံနေမယ့်အရုပ်ကြီး။"

"အေးပါကွာ။ ရှာကြည့်လိုက်ဦးမယ်။"

"ဟုတ်"

Hepius တို့ ဒီနေ့ကံမကောင်းဘူး။
အဖွဲ့တစ်ဖွဲ့နဲ့ အာဏာပိုင်တွေနဲ့ ပစ်ကြ၊ ခတ်ကြလို့ ဒဏ်ရာရသူတွေကို တစ်နေကုန်ကုပေးနေရတာ အခုမှနားပါမယ်ဆို လူပျောက်ရှာရဦးမယ်။
ရှာရမှာလည်းကြည့်ဦး၊ အမှောင်လောကထဲ လူတကာကြောက်ရတဲ့ Spectrum ရဲ့ခေါင်းဆောင်နှစ်ယောက်တဲ့။
ဘယ်သူကမှတော့ အလွယ်တကူဒုက္ခမပေးနိုင်ပေမဲ့ သူတို့နှစ်ယောက်ကတော့ အချင်းချင်းဒုက္ခပေးနိုင်တယ်။
တစ်ယောက်ကစိတ်ဒုက္ခပေးတယ်၊ တစ်ယောက်က ခန္ဓာကိုယ်ကို ရစရာမရှိအောင်နှိပ်စက်တတ်တယ်။

မနေ့ညက Garuda Princess ရဲ့ပွဲမှာ Chain က Lock ကို Maria ရှေ့မှာ ပခုံးဖက်ပြီး ကြင်ကြင်နာနာကြည့်နေတဲ့ပုံရယ်၊ လက်ကိုဆွဲပြီးထွက်သွားတဲ့ပုံရယ်က သူတို့ရဲ့ Dark website တွေမှာ ပလူပျံနေပါတယ်။
ပြီးတော့ "Baby လို့ ခေါ်လိုက်ပါတယ်" ဆိုတဲ့ သတင်းစာသားက ဗုံးတစ်လုံးလိုပဲ။
Hepius သိတယ်၊ Chain က Lock ကို မရိုးမသားချစ်နေတာမှန်း။
Chain ကိုယ်တိုင်လည်း Hepius ရှေ့မှာဝန်ခံခဲ့တာ။
မဖြစ်ဘူး၊ ရှာမှပဲ။ ဟို Straight ဆိုတဲ့ကောင်၊ နှလုံးသားမရှိတဲ့နတ်ဆိုးက အဲဒီကိစ္စသိသွားရင် Chain ဘဝက မတွေးရဲစရာ။

အခေါက်ခေါက်အခါခါခေါ်လို့မှ မကိုင်တဲ့ဖုန်းနှစ်လုံးက location လည်းရှာမရ။
နားနေခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းက စိတ်ညစ်လို့ ဆိုဖာပေါ်လှဲချလိုက်မှ ဖုန်းထမြည်တာကြောင့် အမြန်ထထိုင်ကြည့်လိုက်တော့ ဟိုကောင်နတ်ဆိုး။

"ဟေ့ကောင်၊ ငါခေါ်နေတာ ဘာလို့မကိုင်တာလဲ။"

"ငါ လိပ်စာပို့လိုက်မယ်။ မင်းအကောင်ကိုသွားခေါ်လိုက်။ ငါ Studio မှာပဲအိပ်မှာ။"

"ဟေ့၊ Lily စိတ်ပူ ..."

"ငါဖုန်းဆက်လိုက်မယ်။"

"ဟိုကောင်ကို ဘာလုပ် ..."

*တီ*

"ဟာ ... Lock ... Lock ... Tsk! ဖုန်းချသွားပြန်ပြီ။"

ကိုယ့်ကို စကားဆုံးအောင်ပေးမပြောဘဲ သူပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ကောင်ကို ပြန်ခေါ်မယ်လုပ်တော့ လိပ်စာတစ်ခုရေးထားတဲ့ စာတစ်စောင် ဝင်လာတယ်။

'မတတ်နိုင်ဘူး၊ လိုက်သွားရမှာပဲ။ အဲ ... လိုရမည်ရ ဆေးအိတ်ယူသွားမှပါ။'

Hepius လိပ်စာအတိုင်းသွားတော့ ဆိတ်ငြိမ်တဲ့နေရာတစ်ခု။ ခြံဝင်းရှေ့ကနေ ဟွန်တီးပြီး ကားထဲကထွက်လိုက်တော့ လူတစ်ယောက်ထွက်လာလို့

"ဒီမှာလေ ဟိုနှစ်ယောက် ... အဲ ... ဟို ..."

နေရာစိမ်းမို့ ဘယ်လိုမေးရမှန်းမသိဖြစ်နေတုန်း

"ဘယ်သူလဲမသိဘူး ခင်ဗျ။"

"ဪ ... Hepius ပါ။"

"Doctor လား။ ဟိုအစ်ကိုလေးက မှာထားခဲ့ပါတယ်။ အထဲကြွပါ။"

ခြံတံခါးဖွင့်ပေးတာမို့ ကားပေါ်ပြန်တက်ပြီး မောင်းဝင်လာလိုက်တယ်။
အိမ်တံခါးရှေ့မှာရပ်စောင့်နေတော့ ခုနကတစ်ယောက် နောက်ကလိုက်လာပြီး

"ဒီမှာ သော့ပါခင်ဗျာ။ ဖွင့်ဝင်သွားလိုက်ပါ Doctor, ကျွန်တော်တို့က အားလုံးပြန်မှသာ အထဲဝင်ပြီး သန့်ရှင်းရေးလုပ်ရမယ်ဆိုတဲ့ စည်းကမ်းရှိတာမို့ပါ ခင်ဗျ။"

"ဟမ် ... ဪ၊ ကောင်းပါပြီ။"

တစ်ယောက်တည်း တံခါးရှေ့မှာ အူကြောင်ကြောင်နဲ့ကျန်ခဲ့မှ သော့တွဲတွေကိုကြည့်ပြီး တံခါးသော့ရဲ့အမှတ်အသားနဲ့တူတဲ့ သော့တံတစ်ချောင်းကို ထည့်ဖွင့်လိုက်မိတယ်။
ဒီ sign က ဘာပါလိမ့်။

ကြာကြာမတွေးအားဘဲဝင်လာမိတော့ ဧည့်ခန်းနေရာရဲ့တစ်ဖက်မှာ တံခါးတစ်ချပ်။
တံခါးသော့မှာက လည်ပတ်ကြိုးပုံစံမို့ ပုံစံတူသင်္ကေတပါတဲ့သော့တံနဲ့ ဖွင့်လိုက်တော့ ခပ်မှိန်မှိန်မီးထွန်းထားတဲ့ landing ကျယ်ကျယ်တစ်ခုရဲ့ဘေးမှာ အောက်ဆင်းဖို့ လှေကားထစ်တွေ။
ဆင်းလာလိုက်တော့ အဆုံးမှာ မီးရောင်နီနီတွေနဲ့ wine bar တစ်ခုရယ်၊ နောက်ထပ်အခန်းတစ်ခန်းရယ်။
ဒီတစ်ခါက ကြာပွတ်ပုံသင်္ကေတ။
Hepius, ပိန်းဥ။ အိမ်တံခါးက sign က BDSM sign လေကွာ။ လည်ပတ်တွေ၊ ကြာပွတ်တွေမြင်မှ ဆက်စပ်နိုင်တဲ့ကိုယ့်ဘာသာကိုယ် ကျိန်ဆဲအပြီး တံခါးဖွင့်မယ့်လက်တွေ တုံ့ခနဲ။
Lock! သူ Chain ကို ...
Hepius အလန့်တကြားနဲ့ တံခါးကိုအမြန်ဖွင့်ဝင်လိုက်တော့ ...
.
Oh, My GOD!

What the hell is that?

🚨

🚨

🚨

အေးစက်နေတဲ့အခန်းရဲ့ အလင်းနီနီအောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်း။
ခုတင်တစ်လုံးရဲ့ခြေရင်းက ကြမ်းပြင်ပေါ်မှာ တံခါးပေါက်ကိုကျောပေးလဲနေတဲ့ ကြာပွတ်ရာအထပ်ထပ်နဲ့ ကျောပြင်တစ်ခု။
အတိအကျပြောရရင် အဝတ်မကပ်တဲ့ခန္ဓာကိုယ်တစ်ခုမို့ Hepius ကုတ်အင်္ကျီချွတ်ပြီး အနားပြေးသွားကာ ခန္ဓာကိုယ်အလယ်ပိုင်းကိုအုပ်လိုက်ပြီး ပခုံးကို ခပ်ဖွဖွလှုပ်ခေါ်မိတယ်။

"Chain! သူငယ်ချင်း။ ဟေ့ကောင်၊ Chain!"

အခုမှသေချာမြင်ရတာက ခုတင်တိုင်နဲ့ Chain ရဲ့လက်တစ်ဖက်ကို လက်ထိပ်နဲ့တွဲခတ်ထားတယ်။
Chain ရဲ့အခြေအနေကတော့
မျက်နှာမှာအညိုအမည်းတွေက Lily ပြောတဲ့ မနက်ကဒဏ်ရာတွေထင်တယ်။
ကျောမှာကတော့ သွေးစိမ့်ထွက်နေဆဲ ကြာပွတ်ရာတွေ။
ပေါင်မှာလည်း သွေးတွေစီးကျနေပြီး ဖြစ်တည်ရာက ခါးအောက်ပိုင်း အနောက်ဘက်နေရာက။
လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်နှစ်ဖက်လုံးမှာ ပြတ်ရှရာခပ်နက်နက်တွေ။
လှုပ်ခေါ်နေရာက အနည်းငယ်လွန့်လူးလာတဲ့ ခန္ဓာကိုယ်။

"အင်း ........"

"Chain"

"Hepius?"

"ဟုတ်တယ်၊ ငါ။ မင်းဘယ်လိုနေလဲ။ ခဏ။"

လက်ထိပ်ကိုအရင်ဖြုတ်ရမှာမို့ သော့ရှာဖို့ထရပ်လိုက်တော့မှ ခုနကသတိမထားမိလိုက်တဲ့ ခုတင်ပေါ်ကသွေးကွက်တွေ။
'ဟား၊ Lock က တကယ်ကိုနတ်ဆိုးပဲ။'
ခုတင်ဘေးစားပွဲပေါ်က ပစ္စည်းတွေကြားမှာ သော့ရှာတွေ့လို့ လက်ထိပ်ဖွင့်ပြီး Chain ထနိုင်ဖို့ကူရတယ်။ ကိုယ်လုံးချင်းကကွာတော့ ပွေ့မခေါ်နိုင်ဘူးလေ။
Lock ကတော့ Chain ထက် နည်းနည်းလေးပုပေမဲ့ သူတို့ရဲ့ Tower တိုင်လိုအရပ်တွေ၊ သဲအိတ်လိုကိုယ်လုံးတွေကြောင့် Hepius က သူတို့နဲ့ယှဉ်ရင် ဖွဲအိတ်လိုဖြစ်နေရတာ။
ကိုယ့်မှာသာတာ ရုပ်ရည်နဲ့ ပညာအရည်အချင်း။ အဲဒါအသာထား။
ခုတင်အခင်းကိုဖယ်ပြီး ခါးမှာအင်္ကျီပတ်ပေးထားတဲ့ Chain ကိုယ်ကြီးကို ခုတင်ပေါ်မနည်းတင်ပေးကာ

"Bathroom, where's the bathroom?"

တစ်ယောက်တည်းပျာယာခတ်ပြီး ရေချိုးခန်းရှာနေတဲ့ Hepius ကို Chain က

"ဟိုက လိုက်ကာနောက်မှာ။"

ညွှန်ပြတဲ့နေရာဆီကိုပြေးပြီး ခဏနေတော့ တွေ့သမျှပဝါတွေ၊ bathrobe တွေကို ရေနွေးစိမ်၊ ရေညှစ်လာပြီး

"Chain ငါသန့်ရှင်းရေးလုပ်ပေးမယ်နော်။ အဲဒီအတိုင်း ဘေးစောင်းပဲလှဲနေ။"

"အင်း၊ ငါ ခေါင်းအရမ်းမူးနေလို့။"

"အင်း၊ ငြိမ်ငြိမ်လေးနေ။"

"မင်းက ဘယ်လိုသိပြီးရောက်လာတာလဲ။"

Chain ကိုရှင်းပြရင်း အပေါ်ပိုင်းကို ရေဝတ်နဲ့သုတ်ပေးပြီး ခါးကအင်္ကျီကိုဖယ်ကာ

"မှောက်လိုက်ပါလား။"

မှောက်ခုံဖြစ်သွားတဲ့ Chain ရဲ့ပေါင်က သွေးတွေကို သုတ်ပေးနေပေမဲ့ ထပ်ကျလာသလိုကြောင့် ကြည့်မိတော့ တကယ်ကိုသွေးထွက်တာမရပ်သေး။

"Chain, သူဘယ်လိုလုပ် ... အာ ... ဘာဖြစ်လို့ ဒီလောက်ဆိုးသွားတာလဲ။ ဒီလောက်အချိန်ကြာကြာ သွေးတွေထွက်နေလို့ မင်းခေါင်းမူးတာ။"

"အင်း၊ ဟိုမှာလေ။ ဒါနဲ့၊ တကယ်ပဲ သူမင်းကို ဖုန်းဆက်ပြောတာပေါ့။"

Chain လက်ညှိုးအဆုံးကိုကြည့်မိတော့ မဟားတရားဆိုဒ်လွန်ပစ္စည်းအတုတွေ

"F**k! ဒီကောင် လူစိတ်ပျောက်သွားတာလား။ ဟုတ်တယ်၊ သူဆက်တာ။ မင်းတို့ဘာဖြစ်ကြတာလဲ။ ငါ အဲဒီနေရာကိုဆေးထည့်ပေးမလို့၊ နည်းနည်းသည်းခံနော်။"

"ငါ ဖွင့်ပြောလိုက်လို့။"

"ဘာ"

ဆေးထည့်ဖို့ပြင်နေတဲ့ Hepius ခဏရပ်တန့်သွားရတယ်။

"ဒါဆို ဖွင့်ပြောလိုက်လို့ မင်းကိုဒီလိုလုပ်တာလား။"

Hepius ဆေးထည့်ပေးနေတုန်း Chain က

"ငါသူ့ကို Baby လို့ခေါ်ဖို့နဲ့ ငါ့အချစ်ကို သူအသိအမှတ်ပြုနိုင်ဖို့ သူခိုင်းတာလုပ်မလားတဲ့။"

"ဟ၊ အဲဒီလိုဆိုတိုင်း ဒီကိစ္စကို လုပ်စရာလား။ $&&^$#@#!$/// ကောင်။ မဟုတ်သေးဘူး၊ မင်းကရော ရူးနေလို့လက်ခံတာလား။ ပြောလိုက်ရမကောင်း၊ မင်းလည်းလင်တရူးပဲ။"

Hepius တို့ ရုပ်လေးမှအားမနာ ပိုးစိုးပက်စက်တွေဆဲနေတာမို့ Starry house မှာ သူတို့ပြောခဲ့သမျှကို Chain ပြန်ပြောပြလိုက်တယ်။

"သင်းက သူ့ဘာသာတော့ အခြောက်မဟုတ်ဘူးဆိုပြီး ဒါမျိုးကျလုပ်တယ်လား။"

Chain ကို ဘေးစောင်းပြန်လှဲစေလိုက်တော့

"အမှန်ပဲလေ။ သူငါ့ကို တစ်စက်မှမထိဘူး။"

"ဟင်"

"ဟုတ်တယ်၊။ဒီထဲမှာရှိတဲ့ပစ္စည်းတွေသာ တစ်ခုပြီးတစ်ခုသုံးသွားတယ်၊ သူငါ့ကို လက်ဖျားနဲ့တောင်မထိဘူး။"

"ဟား ... ဘယ်ကောင့်ကိုထပ်ဆဲရမှာလဲ။ မင်းအကောင်ကို ဂုဏ်တင်နေတာလား။ နေပါဦး၊ Safeword ရှိတယ်လေ။ မင်းမပြောလို့ ခုလောက်အထိဖြစ်တာလား။ Safeword က ဘာလဲ။"

"Hate me."

"ဘယ်လို ... အဲဒီလိုရှိသလား။ ဒါသက်သက်မဲ့ညစ်ပတ်တာ။ ဟာ ... အစကတည်းကကို ဒီကိစ္စမလုပ်သင့်တာ။ မင်းက sex slave မို့လို့လား သူအဲဒီလိုလုပ်ရအောင်။ Tsk! Ah ... sorry."

Chain မျက်နှာမူရာဘက်လာလိုက်တော့ သူမျက်ရည်ဝဲနေတာလား။ မဟုတ်ဘူး၊ မျက်ရည်ကျထားတာထင်တယ်။

"ရပါတယ်။ သူက ငါ့ကိုရွံတယ်တဲ့။ လုံးဝမမြင်ချင်ဘူးတဲ့။ ဘယ်လိုလုပ်မလဲ၊ ငါမှ သူ့ကိုမခွဲနိုင်တာ။ သူလက်ခံပေးနိုင်မယ့်နည်းက ဒါပဲရှိလို့ ငါလက်ခံလိုက်တာပါ။ သူ့ကိုအပြစ်မတင်ပါနဲ့။"

"သေတော့ Chain ရာ၊ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး သေတော့။ ဟင်၊ ခေါင်း ..."

လှဲနေတဲ့ဘက်နဖူးမှာကွဲနေပီး သွေးတွေစေးကပ်နေတာပဲ။ ခုနကကြမ်းပေါ်လဲနေတဲ့ဘက်ကိုပဲ စောင်းပြီးလှဲနေတာမို့ မသိလိုက်တာ။
ခုမှသေချာကြည့်တော့ နှုတ်ခမ်းမှာလည်း ဒဏ်ရာတစ်ခု။

"ဗိုက်မှာလည်း ညိုမည်းလို့။ နှုတ်ခမ်းမှာက ဘယ်ကမီးလောင်ရာလဲ။ မဟုတ်မှ ... ဆေးလိပ်မီးနဲ့လား။"

Chain က ဘာမှမပြော။

"Tsk! ဒီကောင်တော့ကွာ။"

ဒဏ်ရာတွေအကုန်ဆေးထည့်ပြီး

"ငါ ဆေးအိတ်ယူလာမိလို့ တော်သေးတယ်။ မင်းခဏနားလိုက်။ ဒဏ်ရာတွေသွေးတိတ်ပြီ၊ ဆေးလည်းထိုးလိုက်ပြီဆိုတော့ ခဏနေအမူးပြေရင် ငါတို့ပြန်ကြမယ်။ ဒီနေရာကြီးမှာ ကြာကြာနေလို့မကောင်းဘူး။"

"ကျေးဇူးတင်ပါတယ် Hepius."

"Ball မို့ ကျေးဇူးလား။ ပြောစရာမလိုဘူး။ ငါ့ကိုသာ ပိုက်ဆံချေးပေးဦး။ Cancer Foundation တစ်ခု ငွေလိုနေတာကို ထည့်ပေးမလို့။ ငါ့ငွေတွေက မနေ့ကမှ သဘာဝဘေးမှာလှူဖို့ ထုတ်ထားလို့။"

"ဟားဟားဟား၊ အေးပါ။"

"မရယ်နဲ့။ အဆင်မပြေရင် ပြန်မဆပ်ဘူး။"

"အေးပါကွာ၊ ဟုတ်ပါပြီ။"

"မင်း Baby နဲ့ညားရင်ရော ငါ့ကိုပိုက်ဆံချေးဦးမှာလား။"

"ဟင်"

Chain ငိုင်သွားတာမို့ Hepius ရေချိုးခန်းထဲကနေ ကိုယ်လက်ဆေးရင်း လှမ်းအော်လိုက်တယ်။

"မျက်လုံးအပြူးသားနဲ့ အိပ်မက်မက်မနေနဲ့။ ခဏနားလိုက်။"

■■■■■ Part X ဆက်ရန် ■■■■■
© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі