6. Past
အခန်းထဲမှာတော့ ချွေးတွေရွှဲနေတဲ့ Chain ကို Hepius က အင်္ကျီလဲပေးဖို့ပြင်ရင်း Chain နိုးလာတယ်။
"မင်းမပြန်သေးဘူးလား။ Nancy စိတ်ပူနေဦးမယ်။ ငါက သက်သာနေပါပြီ။"
"မနာလိုစရာ ရှိလို့လား။"
"ကြွ ... ကြွ"
"ဘာပြောမလို့လဲ။"
"ထမင်းစားတော့လေ။ ဗိုက်အောင့်နေမယ်။"
"မဆာသေးဘူး။"
"............."
သူ့အတွက်လည်း ကိုယ်က ........
■■■■■ Part VII ဆက်ရန် ■■■■■
အခန်းထဲမှာတော့ ချွေးတွေရွှဲနေတဲ့ Chain ကို Hepius က အင်္ကျီလဲပေးဖိုု့ပြင်ရင်း Chain နိုးလာတယ်။
"မင်းမပြန်သေးဘူးလား။ Nancy စိတ်ပူနေဦးမယ်။ ငါက သက်သာနေပါပြီ။"
"ရတယ်၊ ကိစ္စမရှိဘူး။ မင်းကိုစိတ်မချတာထက် ဟိုအကောင်ကိုစိတ်မချတာ။ အဝတ်လဲပြီးရင် ဆန်ပြုတ်သောက်လိုက်ဦး။"
"Baby က မင်းထင်သလောက်မဆိုးပါဘူး။"
"ဪ ... ငါကအကြောင်းမသိဘူးကိုး။ ရှေ့နေလိုက်ပါဦး။ ကျောကဒဏ်ရာက ပျောက်ရုံရှိသေးတာ။"
"မင်းကလည်းကွာ၊ သိပ်အဆိုးမမြင်ပါနဲ့။"
Hepius က လက်တစ်ဖက်ဒဏ်ရာရနေတဲ့ Chain ကို ဆန်ပြုတ်ခွံ့တိုက်နေရင်း
"အဲဒီကောင်ဆိုးတာ ငါသိပြီးသား။ Spectrum ကိုဆက်ခံရမှာမို့ ငယ်ငယ်ကတည်းက train ထားလို့ ကြမ်းတမ်းတာဆိုပေမဲ့ မင်းနဲ့ဆို သူကနတ်ဆိုးလိုပဲ။"
"ဦးငယ်သေရတာ ငါ့ကြောင့်။ ခေါင်းဆောင်ဆုံးပါးတာလည်း ငါ့အပြစ်မကင်းဘူးလေ။"
"ဦးငယ်က မင်းကိုကယ်ရင်းဖြစ်တာပေမဲ့ မင်းကြောင့်မှမဟုတ်တာ။ ကိုယ့်ဘာသာအပြစ်မတင်ပါနဲ့။ ခေါင်းဆောင်ကလည်း မင်းကို အပြစ်မမြင်ပါဘူး။"
"ဦးငယ်သာ အဲ့ဒီကားထဲကနေ ငါ့ကိုဆွဲမထုတ်ခဲ့ရင် သေရမှာငါလေ။ သူ့အသက်နဲ့လဲပေးသွားတာ။ အဲဒီ accident သာမဖြစ်ခဲ့ရင်၊ ဦးငယ်သာ အဲဒီနေရာကဖြတ်မသွားခဲ့ရင် အဲဒီလိုဖြစ်မလာဘူး။ ငါ့ကြောင့်..."
"ဟာ ... အဲဒီကိစ္စတွေက ဖြစ်ချိန်တန်လို့ဖြစ်ပြီးသွားပြီ။ မင်းနဲ့မဆိုင်တာကို စိတ်အစွဲအလမ်းမထားပါနဲ့။"
'မင်းမသိတာတွေရှိတယ် Hepius ရယ်။'
"Baby က သူ့ဦးငယ်ကို သိပ်ချစ်တာလေ။ ဒီလိုဖြစ်လာမယ်မှန်းသိရင် အဲဒီအချိန်က ငါပဲသေပစ်လိုက်ပါတယ်။"
"ကဲ၊ တော်တော့။ နေမကောင်းပြီဆို စိတ်ကပျော့ပြီ။ ဒါ Chain ပါလို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူး။"
"Baby နဲ့ပတ်သက်ရင် ငါ စိတ်မမာနိုင်ဘူး။"
"ဒီလောက်နှိပ်စက်ခံရတာတောင် မေတ္တာမပျက်တာလည်း မင်းဝဋ်ကြွေးပဲ။"
"ဟာဟ၊ မင်းတောင်မှ ငါ့ဒဏ်ရာတွေမြင်တုန်းခဏပဲ သတ်မယ်ဖြတ်မယ်ပြောပြီး Baby တစ်ခုခုဆို ချက်ချင်းပြေးလာတာမဟုတ်လား။"
"Tsk! ငယ်သူငယ်ချင်းဆိုတော့လည်း ပစ်ထားလို့မှမကောင်းတာ။"
"အပိုတွေပြောပြီကွာ။ မင်းတို့သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ငါကမသိဘူးဆိုတော့လေ။ အင်း ... အဲဒီလိုဆိုတော့လည်း မင်းတို့ရန်ဖြစ်ကြတာ ငါ့ကြောင့်အဖြစ်များတာပဲနော်။ မင်းတို့ဘာသာဆို အဲဒီလိုမဖြစ်လောက်ဘူး။"
"လုပ်လာပြန်ပြီ။ မင်းကြောင့်ဆိုတာချည်းပဲ မတွေးပါနဲ့။"
"အမှန်တွေပဲလေ။ ငါနဲ့မတွေ့ခင်က အဲဒီလောက်ရန်ဖြစ်လို့လား။ Baby ငယ်ငယ်က ဘယ်လိုလေးလဲဟင်။"
"ဒီလိုပဲလေ၊ အေးတိအေးစက်ပဲ။ သူ့ညီမလေးကို သူသိပ်ချစ်တာတောင် ထုတ်မပြဘူး။ Lily က ငါ့ကိုမေးဖူးတယ်။ Lily ကို ကိုကြီးနဲ့ Chain တို့ချစ်သလောက်တောင် ကိုကိုက ချစ်ရဲ့လားမသိဘူးတဲ့။ သူ့ရင်ထဲကခံစားချက်ကို တော်ရုံလူမသိနိုင်ဘူး။ သူစိမ်းတွေထဲ မင်းနဲ့ငါပဲ သူနဲ့အနီးဆုံး။"
"ငါ့ကို သူသိပ်မုန်းတယ်ထင်တယ်။"
"မုန်းတာတော့မဟုတ်ဘူး။ မနာလိုတာလည်းပါတယ်၊ အမြင်မကြည်တာလည်းပါတယ်။"
"မနာလိုစရာ ရှိလို့လား။"
"အင်း၊ မင်းကို ခေါင်းဆောင်ကအရမ်းသဘောကျတယ်၊ Lily က တအားတွယ်တာတယ်၊ ခဏလေးအတွင်း ငါနဲ့ရင်းနှီးသွားတယ်၊ ပြီးတော့ ... ဟို ... ဦးငယ်က မင်းကြောင့်သေတာလို့ သူထင်သွားတယ်။ သူထင်တာ အားလုံးက သူ့ထက် မင်းကို ပိုပြီးအရေးပေးကြတယ်လို့ပေါ့။"
"အဲဒီလိုတွေဖြစ်မလာအောင် ငါနေခဲ့ရမှာ။"
"အင်း ... အဲဒီလိုတွေဖြစ်တာကို သူမကြိုက်ဘူး။ ကလေးအရွယ်ဆိုတော့ မနာလိုတတ်တယ်လေ။ တစ်ချိန်တည်းမှာပဲ လူကြီးအတွေးတွေးတတ်နေတော့ ဒါတွေဖြစ်ရတာက မင်းကြောင့်မဟုတ်ဘူးဆိုတာကို တွေးမိတဲ့အခါ သူဆိုးတာသူပြန်မြင်ပြီး အားနာရင်းက မင်းအပေါ်ပဲ ထပ်ပြီးပုံချမိတာ။"
"မုန်းတာတော့ မဟုတ်နိုင်ဘူးမလား။"
"ဟား ... ဟား ... မဟုတ်ပါဘူးကွာ။ မင်းကြောက်တာလည်း ရှိသေးသားပဲနော်။"
"ငါလည်းလူပဲ၊ ကြောက်တတ်တာပေါ့။"
"ဟုတ်ပါပြီ။ မင်း ချွေးတွေထွက်လာပြန်ပြီလား။ အဝတ်ထပ်လဲရအောင်။"
"အင်း ... ဆန်ပြုတ်ပူပူတွေကြောင့်ထင်တယ်။ ခဏလေးနဲ့ ချွေးရွှဲသွားပြီ။"
စကားပြောရင်း Hepius ခွံ့တဲ့ ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားတယ်။
"အင်း၊ အဲဒီလိုမှသက်သာမှာ။ ရော့၊ မင်းဘာသာလဲလို့ ရတယ်မလား။ ငါ ဒီပန်းကန်တွေသွားသိမ်းဦးမယ်။"
Hepius အောက်ဆင်းသွားတော့ Chain လည်း အဝတ်လဲပြီး အဖျားသက်သာလို့ လန်းလာပြီမို့ အခန်းထဲကခုံမှာ ထိုင်နေလိုက်တယ်။
"Chain, ဆေးတွေကို ဘူးအကန့်ထဲမှာ သူ့အချိန်နဲ့သူ ငါထည့်ပေးထားတယ်။ ရေတော့မချိုးနဲ့၊ ရေဖတ်ပဲတိုက်။ ဆန်ပြုတ်ကို ပြန်နွှေးသောက်လို့ရအောင် ငါလုပ်ပေးခဲ့တယ်။ Lock ထမင်းမစားရသေးဘူး။ အုပ်ဆောင်းအောက်မှာ သေချာဖုံးခဲ့တယ်။ ငါပြန်တော့မယ်။"
"သူမစားသေးဘူးလား။ အင်း၊ မင်းကို ဆိုင်ကယ်လိုက်ထုတ်ပေးမယ်။"
Lock အခန်းရှေ့ကအဖြတ် တံခါးက ဟနေတာမို့ Hepius က
"ဟေ့ကောင်၊ ငါပြန်ပြီ။ နေ့လယ်စာကိုလည်း ဆင်းစားဦး။ နောက်ထပ်လူနာမကြည့်ချင်ဘူး။"
"ကြွ ... ကြွ"
Chain ပြုံးမိသွားတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ မချစ်ကြတာလည်းမဟုတ်ဘဲ အမြဲတမ်းလည်း ချိုချိုသာသာမပြောကြ။
Hepius ပြန်သွားပြီး Chain အပေါ်ပြန်တက်လာကာ
"Baby ရေ၊ ဝင်လာခဲ့မယ်နော်။"
Chain တစ်ယောက် အခန်းထဲဝင်လာမိတော့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း အအေးသောက်နေတဲ့ Lock ကို တမေ့တမြောငေးမိပြန်ပါတယ်။
'Baby ကိုဆို ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝနိုင်တာ Spectrum ကို မရောက်ခင်တည်းကဆိုရင် Baby ပိုမုန်းသွားဦးမှာလား။'
"ဘာပြောမလို့လဲ။"
"ထမင်းစားတော့လေ။ ဗိုက်အောင့်နေမယ်။"
"မဆာသေးဘူး။"
"မနက်ကအစားများသွားလို့ အစာမကြေတာလား။ ဆေးသောက်မလား။"
"မလိုဘူး။ ဒါပဲမဟုတ်လား၊ သွားတော့။"
"အင်းပါ။ ခဏနေရင်တော့ ထမင်းဆင်းစားပါနော် Baby."
လှည့်ထွက်ဖို့ပြင်တော့
"ခဏနေဦး။ မင်း ငါ့မေးခွန်းကို ဖြေသင့်ပြီထင်တယ်။"
"............."
"ဘာလို့ငါ့ကို Baby လို့ခေါ်တာလဲ။ ငါမေးလည်း မင်းမဖြေဘူး။ မဖြေချင်ရင်လည်း အဲဒီလိုမခေါ်နဲ့တော့။"
"ဟာ၊ လုပ်ပြန်ပြီကွာ။ မဖြေတာမဟုတ်ပါဘူး၊ ဖြေစရာကိုမရှိတာ။ စတွေ့ကတည်းက အဲဒီလိုခေါ်ချင်တာ။ ခေါ်ခွင့်မရခဲ့လို့လေ။"
"အခုလည်း ငါမကြိုက်ဘူးလေ။"
"Baby ဘက်က ခွင့်ပြုပြီးပြီလေ။"
"မင်းဘက်က မရမကကို ခေါ်နေတာလေ။"
"အတင်းအကျပ်လုပ်တာ မဟုတ်ပါဘူး။ Baby ခိုင်းတာ အကုန်လုပ်ပေးပြီးလို့ပဲ ခွင့်ပြုခဲ့တာမဟုတ်ဘူးလား။"
"Tsk! အဲဒါလည်း မင်းအတင်းအကျပ်ကြီး ... ဟာကွာ၊ အမှန်အတိုင်းပြောရရင် မင်းမလုပ်နိုင်ဘူးထင်လို့ ငါခိုင်းခဲ့တာ။"
"သိပါတယ်။ အခု Baby က ကတိမတည်ချင်တော့ဘူးပေါ့။"
"တော်စမ်းကွာ၊ သွားတော့။ ခဏနေမှ နေ့လယ်စာစားမယ်။"
Chain ခေါင်းညိတ်ပြပြီး အခန်းတံခါးစေ့ကာထွက်သွားတဲ့အထိ Lock မှာတော့ Baby လို့ ခေါ်ခံရတဲ့ကိစ္စကို တွေးရင်းတနုံ့နုံ့။
ဂိုဏ်းသားတွေရှေ့မှာတော့မခေါ်ပေမဲ့ ဘယ်အချိန်မှာမှ အခေါ်မခံချင်တာ။
ကိုယ့်ထက်ရှစ်လငယ်တဲ့သူက ဘာကိစ္စ အဲဒီလိုခေါ်ချင်နေတာလဲ။
Baby ဆိုတာကိုကြားရင် အဲဒီလိုခေါ်တတ်တဲ့ဦးငယ်ကို သတိရတယ်။
အဲဒီနေ့က အဖေနဲ့ဦးငယ် ခရီးကပြန်လာတဲ့လမ်းမှာ ကားတစ်စီးမှောက်နေတာနဲ့ ကြုံခဲ့တယ်။ ဦးငယ်ကလှမ်းကြည့်ရင်း ကားထဲကထွက်ဖို့ကြိုးစားနေတဲ့ ကလေးတစ်ယောက်ကိုမြင်တော့ ကားရပ်ခိုင်းပြီး ဆင်းကူညီတာမှာ ဆီနံ့၊ ညှော်နံ့တွေကြောင့် ကားပေါက်ကွဲတော့မှာကိုသိပြီး အဲဒီကလေးကိုပွေ့လို့ ပြန်ပြေးလာပေမဲ့ ကားပေါက်ကွဲသွားလို့လွင့်လာတဲ့ သံထည်စက ဦးငယ်ရဲ့အသက်ကို နှုတ်ယူသွားခဲ့တယ်။
ဦးငယ်ကားပေါ်ကဆင်းတော့ ထက်ကြပ်မကွာပါသွားတဲ့ ဂိုဏ်းသားက ကားနဲ့ပိုနီးနီးမှာကျန်ခဲ့တာတောင် သူ့ဒဏ်ရာက အရမ်းမကြီးခဲ့ဘူး။
နောက်ကလိုက်ဆင်းတဲ့အဖေကတော့ ဘာမှကြီးကြီးကျယ်ကျယ်မထိခိုက်ခဲ့။
အဖေတို့ကိုလုပ်ကြံတယ်ထင်လို့တောင် စုံစမ်းကြည့်ကြပေမဲ့ ဒီကလေးက သာမန်မိသားစုက အဖေတစ်ခု၊ သားတစ်ခုနေတဲ့ ကလေးတစ်ယောက်ပါဆိုလို့ အဖေကပဲစောင့်ရှောက်ပေးဖို့ အိမ်ခေါ်လာခဲ့တာပါ။
အငှားကားမောင်းတဲ့သူ့အဖေက ပေါက်ကွဲတဲ့ကားထဲမှာ ပါသွားတယ်လို့ သိရတဲ့အပြင် သူကခေါင်းထိသွားတာရယ်၊ သူ့ကိုကယ်တဲ့ဦးငယ် သူ့ရှေ့မှာသေသွားတာရယ်ကြောင့် ဘာအကြောင်းမှမေးမရအောင် ဖြစ်သွားတယ်လို့ အဖေကပြောတယ်။
စုံစမ်းလို့ရတဲ့အချက်အလက်တွေအရ သူ့နာမည်၊ သူ့အသက်ကို အဖေတို့သိပေမဲ့ သူကဘာမှမပြောတာကြောင့် သားဖြစ်သူရဲ့ Nickname နဲ့လိုက်အောင် သူ့ကို Chain ဆိုတဲ့နာမည်ပေးပြီး "ငါ့သားကိုစောင့်ရှောက်ရမယ်" လို့ တာဝန်ပေး train ခဲ့တာပါ။
သူက သင်ယူလွယ်တယ်၊ နာခံတတ်တယ်၊ Social ကောင်းတယ်၊ အလိုက်သိတယ်။ အဖေက သိပ်သဘောကျလို့ ဦးငယ်ရဲ့မွေးစားသားလို့ပဲ ပြောခဲ့တာမို့ အဲဒီတုန်းကလူတွေကလွဲပြီး နောက်လူတွေကတော့ အဖေ့တူလို့ပဲ သိကြတာပါ။
ကိုယ့်အတွက်တော့ သူက ညီအစ်ကိုလည်းမဟုတ်၊ သူငယ်ချင်းလည်းမဟုတ်၊ လက်အောက်ငယ်သားလည်း မဟုတ်သလို .........
သူ့အတွက်လည်း ကိုယ်က ........
■■■■■ Part VII ဆက်ရန် ■■■■■