1. Chain
"Baby, Baby ရေ။"
"Baby, နေမကောင်း ... အား ..."
"Baby ကို ထိမယ်လေ။ ကိုယ့်ကိုပေး။"
"Sh*t! ချီးကျူးစရာလား။"
"ဖွင့်ကြည့် Baby."
"ဖယ်စမ်း။ သွေးတွေ ငါ့ကိုပေမယ်။"
"ဟာ၊ အဲဒီလိုမဟုတ်ဘူးလေ။ ဒီမှာကြည့်။"
"Baby လာ၊ ဒီမှာလာထိုင်။"
"Baby ပြုံးလိုက်တာပဲ။ ကိုယ်ကျေနပ်သွားပြီ။"
"ဘာဆုတောင်းလဲ Baby?"
"အဲဒါ ငါမစားဘူး။"
"Chain, မင်းက Chain လေ။"
■■■■■ Part II ဆက်ရန် ■■■■■ 2.4.2020
"Baby, Baby ရေ။"
ဝုန်းခနဲ တံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသူ။ ခုတင်ပေါ်မှာအိပ်ပျော်နေတဲ့ သူ့ Baby ကတော့ တစ်ချက်တောင်မလှုပ်။
ခုတင်ဘေးကို ချက်ချင်းရောက်လာကာ ခုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်ပြီး
"Baby, နေမကောင်း ... အား ..."
သူထိုင်ပြီး ပခုံးကိုထိလိုက်ချိန် Baby က ဆတ်ခနဲထထိုင်ပြီး လက်တစ်ဖက်မြောက်တက်သွားတာမို့ သူ့လက်နဲ့ကာလိုက်တော့ Baby လက်ထဲကခက်ရင်းက သူ့လက်ဖဝါးကို ဖောက်ဝင်သွားတယ်။
စိုက်ဝင်နေတဲ့ခက်ရင်းကို ပြန်ဆွဲထုတ်ဖို့ကြိုးစားနေတာမို့
"Baby ကို ထိမယ်လေ။ ကိုယ့်ကိုပေး။"
သူလုယူကာ ဆွဲထုတ်၍ အခန်းဝသို့ပစ်ထုတ်လိုက်ပြီး
"ဘာတွေဖြစ်ပြန်ပြီလဲကွာ။"
"Tsk! မင်း ... မင်း ဘာလို့ အဲဒီလောက်လျင်တာလဲ။"
"ဟား ဟား ... ကိုယ့်ကိုချီးကျူးတာလား။"
လက်ကဒဏ်ရာကိုမှအားမနာ အော်ရယ်နေတဲ့သူ့ကို မှုန်ကုပ်ပြီးကြည့်နေတဲ့ Baby က ဘယ်လိုနေနေ ကြည့်ကောင်းနေတဲ့ Angle တစ်ပါး။
"Sh*t! ချီးကျူးစရာလား။"
"နောက်ဆို Baby ကို ထမင်းကျွေးပြီးရင် အကုန်သိမ်းသွားမှပါကွာ။"
"ငါကတော့ ရအောင်ရှာယူရမှာပဲ။"
"ဟား ဟား ... ဟုတ်ပါပြီ။ ဒါနဲ့ Baby, Happy birthday!"
ပြောလည်းပြော အကောင်းအတိုင်းကျန်တဲ့လက်တစ်ဖက်နဲ့ သူ့ကုတ်အင်္ကျီထဲက ဘူးအသေးလေးတစ်ခုထုတ်ယူကာ
"ဖွင့်ကြည့် Baby."
သူကသာပြောတာ ဟိုက အဖက်မလုပ်။ သူကိုယ်တိုင်ဖွင့်လိုက်ပြီး Baby လက်ကိုကိုင်လိုက်တော့
"ဖယ်စမ်း။ သွေးတွေ ငါ့ကိုပေမယ်။"
"အာ ... ဟုတ်ပါပြီ။ ဒါလေးတော့ ဝတ်လိုက်ပါနော်။"
Baby က တစ်ချက်လှမ်းကြည့်ပြီး
"ငါက သော့ဆောင်ထားရအောင် ဝက်ရူးပြန်နေတာမှမဟုတ်တာ။"
"ဟာ၊ အဲဒီလိုမဟုတ်ဘူးလေ။ ဒီမှာကြည့်။"
သူ့လက်ကောက်ဝတ်ကို ပြလိုက်တယ်။ သူဝတ်ထားတာက လက်ထိပ်အသေးလေးပါတဲ့ Bracelet လေး၊ ချိတ်နားမှာက Made with Love ဆိုတဲ့စာသားပါတဲ့ အသည်းပုံလေးနှင့်။
Baby အတွက်က သူနဲ့ဆင်တူပေမဲ့ လက်ထိပ်နေရာမှာ သော့တံလေး။
"ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby."
"မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်စေရဘူး။"
"အင်းပါ၊ ဒါလေးတော့ဝတ်လိုက်နော်။ Baby ခြံထဲခဏဆင်းချင်တယ်ဆိုရင်ပေါ့။"
ပြောပြီးမတ်တပ်ရပ်လိုက်တဲ့သူ့ကို Baby က မျက်လုံးတောက်တောက်တွေနဲ့ မော့ကြည့်လာတယ်။
"ရေမချိုးရသေးဘူး မဟုတ်လား၊ ရေချိုးလိုက်ဦး။ ပြီးရင် အောက်ဆင်းခဲ့နော်။"
Baby မေးဖျားကိုလှမ်းထိပြီး သူလှည့်ထွက်ခဲ့လိုက်တယ်။ Baby ကတော့ ထုံးစံအတိုင်း သူ့လက်နဲ့မထိအောင်ရှောင်တာ မလွတ်လိုက်လို့ ထိသွားတဲ့မေးစေ့ကို လက်နဲ့ပွတ်သုတ်ပြီး သူ့ကိုကျိန်ဆဲနေပြန်ပြီ။
"လူကလျင်သလောက် လက်ကသရမ်းသေးတာ။ #$@$/^@@#$"
'ဒီကောင့်ကို ဘယ်လိုလုပ်ပစ်ရမလဲ။'
ခုနကခက်ရင်းနဲ့ထိုးတာလည်း မအောင်မြင်လိုက်။ ဒီလိုလျင်ပုံမျိုးနဲ့ဆို အဲဒီခက်ရင်းက ကိုယ့်ပြန်စိုက်နေမှာ။ ထိုးလိုက်တာက ကိုယ်ဖြစ်နေလို့သာ ဘာမှပြန်မလုပ်ဘဲ အထိုးခံလိုက်တာလည်း သိသာနေပြီးသား။
ဒီလောက်လုပ်လိုက်တာတောင် အခု မွေးနေ့ပွဲလုပ်ပေးဦးမလို့ ခြံထဲပေးဆင်းတာလား။
အဟက် ... မွေးနေ့ပွဲဆိုလို့ ကိုယ်ကမွေးနေ့ရှင်၊ သူကပရိသတ်၊ ကိုယ်တွေနှစ်ယောက်တည်းပဲလေ။
ရေချိုး၊ အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့ သူ့ကိုမတွေ့လို့ ခြံထဲအထိဆင်းလာလိုက်တယ်။
"Baby လာ၊ ဒီမှာလာထိုင်။"
"အင်း။ နေပါဦး၊ မင်းကဘာလို့ ဒီအင်္ကျီဝတ်ထားတာလဲ။"
သူ့ရဲ့ပတ်တီးစည်းထားတဲ့လက်နဲ့ သူ့အင်္ကျီကိုကိုင်ကြည့်ပြီး
"Couple ဝတ်ချင်တော့လည်း ဉာဏ်များတတ်ရတာပေါ့။"
ကိုယ်ယူဝတ်လာတဲ့အင်္ကျီက ဗီရိုထဲကအဝတ်ပုံရဲ့အပေါ်ဆုံးက အင်္ကျီဆိုတော့ သူ တမင်အပေါ်ဆုံးမှာတင်သွားတာပေါ့။ ကိုယ်ကိုယ်တိုင်က သူ့လက်ထဲအဖမ်းခံရပြီးကတည်းက ဘာကိုမှဂရုမစိုက်တော့တာလေ။ ဒီအတိုင်း တွေ့ရာယူဝတ်မိတော့ သူ့ခွင်ထဲ တန်းရောက်ပါလေရော။
"Birthday Cake ခွဲမယ်နော် Baby."
သူက လေးထောင့်အထပ်လေးတွေနဲ့ ကိတ်လေးကို ကိုယ့်ရှေ့လာချပေးလို့ ကြည့်လိုက်တော့ အခုကိုယ်တွေနေနေတဲ့ အိမ်ပုံစံလေး။
ကိုယ် တစ်ချက်ပြုံးမိသလားပဲ။
"Baby ပြုံးလိုက်တာပဲ။ ကိုယ်ကျေနပ်သွားပြီ။"
သူက ကိုယ့်စိတ်အခြေအနေကို ကိုယ့်ထက်ပိုသိနေတာမျိုး။
ကိတ်မုန့်အိမ်ရဲ့ မိုးကြိုးလွှဲလေးကို မီးညှိလိုက်တော့ ဖယောင်းတိုင်အလင်းလေး ထွက်လာတယ်။
"Happy birthday to My Baby"
သူ့စကားအဆုံးမှာပဲ ကိုယ်ကမီးမှုတ်ပစ်လိုက်တော့
"ဘာဆုတောင်းလဲ Baby?"
"မင်းရဲ့လှောင်အိမ်ထဲက ငါမြန်မြန်လွတ်ပါစေ။"
"ကိုယ်သေမှ ပြည့်မယ်ဆိုရင်ရော။"
"ဒါဆို Chain မြန်မြန်သေပါစေ။"
"ဟား ဟား ဟား ... ရက်စက်လိုက်တာကွာ။ ကိုယ်သေရင် Baby တကယ်ပျော်မှာလား။"
"ငါတင်မကဘူး၊ Chain တစ်ယောက် ကွယ်လွန်အနိစ္စရောက်ပြီလို့ကြားရင် အဖွဲ့ပေါင်းစုံကလည်း ဝမ်းသာကြမှာ။"
"မနက်ကပဲ ကိုယ့်ကိုသေစေချင်တဲ့ Casper တစ်ဖွဲ့ ဘဝပြောင်းသွားတယ်။ Spectrum မှာတော့ Baby ပျောက်နေတဲ့အတောအတွင်း ဂယက်နည်းနည်းရိုက်နေတယ်။ အင်းပေါ့လေ၊ နှစ်ယောက်လုံးပျောက်နေတာကိုး။"
"ဘာလဲ၊ မင်းအသက်ကိုခြိမ်းခြောက်ရင် သတ်ပစ်မယ်လို့ ပြောတာလား။"
"Nope! အဲဒီအထဲ Baby မပါဘူး။"
"Tsk! အဲဒီလိုမပြုံးစမ်းနဲ့။ ငါလူသတ်ချင်လာလို့။"
"ကိုယ်သိပ်ချောသွားလို့လား။"
သူ့အချိုးတွေကိုမုန်းလွန်းလို့ လက်ခလယ်ထောင်ပြပြီး ကိတ်မုန့်ကိုခွဲလိုက်တယ်။ ခွဲလိုက်တာထက် ဖြတ်ချလိုက်တာဆို ပိုမှန်ပါလိမ့်မယ်။ နှစ်ထပ်ခွဲအိမ်လေးကို တစ်ထပ်လှီးချလိုက်တာမို့ သူက ကြိုသိနေသလို တစ်ဖက်ကနေ ပန်းကန်လေးနဲ့ခံထားတယ်။
မိုးကြိုးလွှဲပုံဖယောင်းတိုင်လေးကို ဆွဲထုတ်လိုက်ပြီး ပန်းကန်ကို ကိုယ့်ဆီကမ်းတော့
"အဲဒါ ငါမစားဘူး။"
ပြောပြီး အောက်ထပ်တစ်ခြမ်းကို နည်းနည်းဖဲ့ကာ ပါးစပ်ထဲထည့်လိုက်တယ်။
"ရော့၊ အအေးသောက်။ ဝိုင်တွေလည်းရှိတယ်။ ကိုယ် အသားကင်ပေးမယ်။ ဪ ... ပုလင်းတွေ၊ ဖန်ခွက်တွေ ခွဲပြီးတော့ လက်နက်လုပ်ဖို့တော့ မစဉ်းစားနဲ့နော် Baby."
ပြောပါတယ်၊ ကိုယ့်စိတ်ကို သူကပိုသိပါတယ်လို့။
ပြောပြောဆိုဆို အကင်မျိုးစုံနဲ့ မီးဖိုထားတဲ့ဘက်ကို သူရောက်သွားတယ်။ သူ့ဒဏ်ရာနဲ့ ညှော်နံ့နဲ့တော့ ကြည့်လို့လှပြီထင်ပါတယ်။
'အမ်း ... ငါတော်တော်ပိန်းပါလား၊ သူက ဆေးကြိုလိမ်းထားမှာပေါ့။ ဘာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ ထိမှာပဲ။ ဒီတော့ ...'
"ငါ့ကို ဟိုဘက်ကအသားတွေ အရင်ကင်ပေး။"
"ဟင်။ အင် ... အင်း ... ok, Baby. Wait a bit."
ကိုယ်က ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်လိုက်၊ သူ့ကို အကင်တွေတစ်ခုပြီးတစ်ခု ကင်ခိုင်းလိုက်နဲ့ စိတ်ရှိလက်ရှိ စားသောက်ပစ်လိုက်တယ်။ သူ့လက်ထဲရောက်နေတဲ့ တစ်ပတ်အတွင်း ကိုယ့်ခမျာ စိတ်လွတ်လက်လွတ်မနေရတာ ကြာပြီလေနော်။
"Chain ... မင်းကို ငါ သောက်ရမ်းအမြင်ကတ်တယ်သိလား။"
"အင်း ... ကိုယ်သိတယ်။ ကိုယ် Spectrum ကို စရောက်ကတည်းက Baby ကိုယ့်ကို ကြည့်မရတာလေ။"
"မင်းကို အဖေက သိပ်အရေးပေးနေတာလေ။ ခုအခြေအနေတွေ အဖေသိမသွားရတာကတော့ ..."
"တကယ်တော့ ကိုယ်က နတ်ပြည်လည်းမရောက်၊ ငရဲကလည်းလက်မခံတဲ့ လူသေတစ်ကောင်လိုပဲ။ ဘယ်လိုဖြစ်တည်မှုမှ မရှိခဲ့ဘူး။"
"Chain, မင်းက Chain လေ။"
"အာ ... ဟုတ်တယ်။ Baby မုန်းတဲ့ Chain ဆိုတာကပဲ ကိုယ်အကြိုက်ဆုံးနဲ့ အမှန်ကန်ဆုံး ကိုယ့်ရဲ့ existence ပဲ။ အဲဒီအတွက်လည်း Baby ကို သိပ်ကျေးဇူးတင်တယ်။"
"ဟုတ်တယ်။ အဲဒါကိုမုန်းတာ။ မင်း ငါ့မျက်စိရှေ့ရောက်လာကတည်းက မင်းက သိပ်မုန်းစရာကောင်းတာ။"
"ကိုယ်က Baby ကိုချစ်လို့ Spectrum ကိုလာဖို့ လက်ခံခဲ့တာ။"
"အဟက်၊ သောက်ရှက်မရှိ ပြောရဲတယ်နော်။"
"Baby ရှေ့မှာဆို အရှက်နဲ့မာနဆိုတာ ကိုယ့်မှာကျန်သေးလို့လား Baby ရယ်။"
"ပါးစပ်ပိတ်ထား Chain! ငါမကြားချင်ဘူး။"
သူခေါင်းညိတ်လိုက်တာ ကိုယ်မြင်လိုက်ရပြီးနောက် ဘာမှကိုမသိတော့ဘူး။ အရမ်းအိပ်ချင်နေပြီ။
■■■■■ Part II ဆက်ရန် ■■■■■ 2.4.2020