1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
37. Match
" ငါ့စိတ္ထင္တာပဲလားမသိဘူး။ တခ်ိဳ႕ကိစၥေတြက သတိရသလိုရွိေပမဲ့ ေဝေဝဝါးဝါးျဖစ္ေနလို႔ ေသခ်ာစဥ္းစားလိုက္ရင္ ေခါင္းကိုက္လာတယ္။ တခ်ိဳ႕ကိစၥေတြက်ေတာ့ သူ႔အလိုလိုကို ရွင္းရွင္းလင္းလင္းႀကီး မွတ္မိလာတာ"

"မွတ္မိလြယ္တာ ဘယ္လိုကိစၥမ်ိဳးေတြလဲ?"

"မီးငယ္နဲ႔ ငယ္ငယ္ကေျပာဖူးတာေတြရယ္၊ ငါ့မိဘေတြအေၾကာင္းရယ္။ အဲဒီမွာေလ အေမ့ဈာပနကို ငါေသခ်ာသိတယ္။ အေဖ့ကိစၥက် ရွင္းရွင္းလင္းလင္းမမွတ္မိဘူး"

"မင္း ဂိုဏ္းထဲဝင္ၿပီးမွျဖစ္တာေတြကို မရွင္းတာလား?"

"အဲဒီလိုလည္းမဟုတ္ဘူး Hepius, အေဖနဲ႔မီးငယ္တို႔နဲ႔ အတူရွိခဲ့တာေတြ ငါသိေနတယ္။ ဂိုဏ္းထဲကလူေတာ္ေတာ္မ်ားမ်ားကို ငါေသခ်ာမွတ္မိတယ္။ ဘယ္သူက ဘယ္လိုဆိုတာ ငါသိေနတယ္"

"ဒါဆို မင္းတို႔ရဲ႕ အပစ္အခတ္ဇာတ္လမ္းေတြေရာ?"

"ေနာက္ဆံုးတစ္ေခါက္ Bermuda နဲ႔ေတြ႕တာကို ငါ့အာ႐ံုထဲ ေဝေဝဝါးဝါးပဲ"

"မင္းရဲ႕ တျခားမိတ္ေဆြ၊ သူငယ္ခ်င္းေတြအေၾကာင္းေရာ?"

"Rapunzel တို႔နဲ႔ ေက်ာင္းတက္ခဲ့တာေတြ ငါမွတ္မိလာတယ္။ ဒါေပမဲ့ Rapunzel ျပန္ေရာက္လာၿပီးမွ ငါတို႔ေတြ႕ၾကတာေတြကို တခ်ိဳ႕ဟာေတြ ဝါးတားတားပဲ။ ငါေမ့ေနတာၾကာေနတဲ့ Dexter နဲ႔ဆံုခဲ့တာေတြကိုေတာင္ ငါသတိရလာေသးတယ္"

"အင္း၊ ေသခ်ာပါတယ္။ မင္းအတြက္ မလိုခ်င္တဲ့၊ အထူးသျဖင့္ မင္းကိုစိတ္႐ႈပ္ေစတဲ့အေၾကာင္းေတြ ရွင္းရွင္းလင္းလင္းမေပၚလာတာပါ။ ဝမ္းနည္းစိတ္ထိခိုက္စရာခ်င္း တူေနရင္ေတာင္ စိတ္ရွင္းရွင္းလက္ခံလိုက္တဲ့ ဝမ္းနည္းမႈကို မင္းသိေနတယ္။ ေပ်ာ္စရာဆိုရင္လည္း မင္းသေဘာမက်တဲ့ အေၾကာင္းအရာတစ္ခုခုေရာေနရင္ မင္းမွတ္မိခ်င္မွ မွတ္မိလိမ့္မယ္။ မင္းစိတ္နဲ႔လည္းဆိုင္တယ္"

"ဒါဆို ငါ Rapunzel တို႔နဲ႔ခ်ိန္းထားတာ ေအးေအးေဆးေဆးသြားေတြ႕လို႔ ရႏိုင္တယ္မဟုတ္လား?"

"မင္းက အခုအခ်ိန္မွာ Ivy ေလ။ Lock အေနနဲ႔သာ မင္းအတြက္ခက္ခဲႏိုင္တာေတြ ရွိႏိုင္မယ္။ မင္းအေတြးေတြ၊ ခံစားခ်က္ေတြက Ivy နဲ႔ေတာ့ တစ္ထပ္တည္းက်ေနပါလိမ့္မယ္"

"Chain နဲ႔ပတ္သက္ရင္ ငါ့မွာ ေပ်ာ္စရာမရွိခဲ့ဘူးလား?"

"မင္းမွတ္မိတာေတြမွာ ေပ်ာ္စရာမပါဘူးေပါ့?"

"အင္း၊ မမွတ္မိတဲ့အထဲမွာလည္း ေပ်ာ္စရာေတြရွိႏိုင္တယ္လို႔ မင္းေျပာတယ္ေလ။ မင္းသိသေလာက္ အဲဒီလိုမ်ိဳး မရွိဘူးလား?"

"ငါမသိတာ Lock. မင္းကေလ Chain နဲ႔ပတ္သက္ရင္ ဘယ္လိုေတြးေနတာလဲလို႔ ငါတကယ္မသိဘူး။ မင္းဘက္ကလည္း သူနဲ႔ပတ္သက္ရင္ တခ်ိဳ႕မေက်နပ္ခ်က္ေတြသာ ငါ့ကိုေျပာၿပီး ေဒါသထြက္တတ္တာ။ တျခား ဘယ္လိုခံစားခ်က္မွ မင္းထုတ္မျပဖူးသလို၊ ငါလည္းမျမင္ဖူးဘူး"

"ငါနဲ႔မင္းက ငယ္သူငယ္ခ်င္းေတြေလ"

"ဟုတ္တယ္။ မင္းဘာျဖစ္ေနလဲဆိုတာကို ငါသိႏိုင္၊ ျမင္ႏိုင္တာေတြ အမ်ားႀကီးပဲ။ ဒါေပမဲ့ Chain နဲ႔ပတ္သက္တဲ့ မင္းစိတ္ေတာ့ မပါခဲ့ဘူး။ အခုအခ်ိန္မွာေတာ့ အကဲခတ္လို႔ ရေနျပန္တယ္"

"ဘာကိုလဲ?"

"အခုေနာက္ပိုင္း မင္းနဲ႔ Chain ရဲ႕ သံေယာဇဥ္ကိုေပါ့"

"ငါက အဲဒီေလာက္ေတာင္ပဲ တစ္ေယာက္စီလို ကြာျခားသြားတာလား?"

"အင္း၊ သူနဲ႔ပတ္သက္ရင္ေတာ့ ဟုတ္တယ္လို႔ပဲ ေျဖရမွာပဲ။ မင္းစိတ္က ထူးဆန္းတယ္"

"ငါ့ရဲ႕ အနီးကပ္ဆံုးငယ္သူငယ္ခ်င္း၊ ဆရာဝန္တစ္ေယာက္အေနနဲ႔ မင္းအျမင္ေတြက အဲဒီလိုဆိုရင္ ငါ့ဘာသာပဲ အေျဖရွာမွရေတာ့မွာေပါ့?"

"အမွန္ပဲ။ မင္းဘာသိခ်င္ေနတာလဲလို႔ ငါရိပ္မိသလိုပဲေနာ္"

"ေတာ္လိုက္ေတာ့။ မေနာက္ပါနဲ႔ကြာ"

¤

"Baby, ကိုယ္ ေအာက္ထပ္မွာ ေစာင့္မယ္ေနာ္"

"အင္း"

သူငယ္ခ်င္းေတြခ်ိန္းထားၾကတဲ့ သူတို႔ရဲ႕႐ံုးခန္းေလးဆီကို သြားဖို႔ျပင္ေနတဲ့ Lock က တက္ႂကြလို႔။ ဒီအေတာအတြင္းလည္း Office Design ကို ေလးေယာက္သား ဖုန္းနဲ႔တစ္မ်ိဳး၊ Mail နဲ႔တစ္မ်ိဳး တိုင္ပင္ေဆြးေႏြးေနၾကတာေတြ Chain ေတြ႕မိေနသား။ ဒီေန႔ေတာ့ အၾကမ္းထည္ေနရာခ်ထားတာကို ၾကည့္ၾကရင္း ဆံုၾကဖို႔ခ်ိန္းထားၾကတာပါတဲ့။ Lock က သြားေတြ႕လို႔ျဖစ္ပါ့မလားလို႔ Hepius နဲ႔အရင္ တိုင္ပင္ၾကတာ Chain သိေပမဲ့ ဘာေတြေျပာၾကလဲေတာ့ ျပန္မေမးမိဘူး။

"Chain တို႔ မသြားၾကေသးဘူးလား?"

"သြားမွာ။ အစ္ကိုေလးကိုေစာင့္ေနတာ။ ေခါင္းေလၽွာ္လိုက္လို႔ ေခါင္းေျခာက္ေအာင္လုပ္ေနတာနဲ႔ ၾကာသြားတာ"

"Chain ေၾကာင့္ပဲၾကာတာမဟုတ္လား? Dryer က ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုၿပီး အဝတ္နဲ႔ပဲ ေျခာက္ေအာင္သုတ္ေပးေနတာ မဟုတ္လား? အရင္ကမေျပာရဲခဲ့တာေတြ၊ မလုပ္ေပးခဲ့ရတာေတြ အခုမွ အတိုးခ်ၿပီး သဲသဲကဲကဲျဖစ္ေနတာ သိသားပဲ"

"အဲဒီလို အတိအက်ႀကီးေတာ့ မေမးနဲ႔ေလကြာ။ မီးငယ္တို႔ေမာင္ႏွမကိုက အဲဒီဆံပင္ေတြကို ျဖစ္သလိုေတြလုပ္ေနၾကတာေလ။ ခင္ဗ်ားေလးငယ္ငယ္က ကိုယ္ပဲ ေသခ်ာေရေျခာက္ေအာင္ သုတ္ေပးခဲ့ရတာမဟုတ္ဘူးလား? ေျပာပါဦး"

"ဟုတ္တယ္ေလ။ အဲဒါကိုသတိရလို႔ပဲ အခုေျပာေနတာေလ။ Chain က ဆံပင္ရွည္ေတြသေဘာက်ၿပီး ကိုယ္တိုင္ေတာ့မထားဘူး။ Chain ဆံပင္ဆို အထူႀကီးပဲ၊ အရွည္ထားရင္ ၾကည့္ေကာင္းမွာ။ ကိုကိုနဲ႔ Couple ျဖစ္ေအာင္ ထားပါလား?"

"ဟိုးအရင္တည္းက အစ္ကိုေလးက ကိုယ့္ကို ဆံပင္အရွည္နဲ႔မႀကိဳက္ဘူး"

"ဟင္! အဲဒီလိုေျပာဖူးတာလား?"

"ေအး၊ ကိုကို ေျပာဖူးတယ္။ ဆံပင္ဘုတ္သိုက္နဲ႔ မ်က္စိထဲ ကန္႔လန္႔ႀကီးမို႔ မႀကိဳက္တာ။ ရၿပီလား မီးငယ္?"

အေပၚထပ္ကဆင္းလာၿပီး ေျပာတဲ့ Lock ေၾကာင့္ Lily ခမ်ာ ဘာျပန္ေျပာရမွန္းမသိရွာ။ ဘယ္တုန္းကကိစၥကို Chain ကေျပာျပလာၿပီး Lock ကလည္း ဘာကို ျပန္မွတ္မိေနတာလဲဆိုတာ Lily တို႔ ဉာဏ္မမီခဲ့ပါ။

"သြားရေအာင္ Chain. မီးငယ္ေရာ ဘာမွာဦးမလဲ?"

ေခါင္းခါျပတဲ့ Lily ကို Chain က ခ်စ္စႏိုးနဲ႔ေခါင္းေလးပုတ္ၿပီး Lock ေနာက္ကပါသြားတာကို လိုက္ေငးရင္းသာက်န္ခဲ့သူက Spectrum ရဲ႕ ဉာဏ္ႀကီးရွင္ေလးပါ။

¤

သူငယ္ခ်င္းေလးေယာက္ၾကား အျပင္လူျဖစ္ေနတဲ့ Chain က တကယ္တမ္းမွာေတာ့ အားလံုးနဲ႔ အဖြဲ႕က်ေနၿပီး အတြဲႏွစ္တြဲၾကားမွာ မသိမသာ အျပင္ေရာက္ေနတာက Rapunzel ျဖစ္ေနခဲ့တယ္။
ေပါ့ေပါ့ပါးပါးအဝတ္ေတြလဲၿပီး ပစၥည္းေတြ႐ႈပ္ေနတဲ့ ျပင္ဆင္ဆဲ႐ံုးခန္းေလးမွာ တစ္ခ်က္တစ္ခ်က္ ကိုယ္တိုင္ဝင္လုပ္ေနၾကတဲ့ Architects ေတြၾကားထဲ Chain တစ္ေယာက္ဝင္ဆန္႔ေနတာက အားလံုးကိုအံ့ဩေစတယ္။ ကိုယ္ဝန္ရွိေနတဲ့ သူငယ္ခ်င္းျဖစ္သူကို Lock နဲ႔ Rapunzel ထက္ကို Chain က ဂ႐ုတစိုက္နဲ႔ သတိေပးတတ္တာေၾကာင့္ အမ်ိဳးသားျဖစ္သူကေတာင္

"ခင္ဗ်ားက ကေလးခ်စ္တတ္တယ္လား Chain?"

"အာ ... ဟုတ္ပါတယ္။ Lily ငယ္ငယ္ကလည္း ကၽြန္ေတာ္ပဲထိန္းလာခဲ့တာေလ"

"ေယာက္်ား၊ နင္မျမင္ဘူးလား? အခုလည္း Ivy ကို သူပဲလိုက္ထိန္းေနတာေလ"

"ဟာဗ်ာ၊ ၾကားရင္ သတ္ေနပါဦးမယ္"

ႏွစ္ေယာက္အတူ ပစၥည္းသယ္ရင္းေျပာေနတာကို မဗိုက္က အနားေရာက္လာၿပီး ေထာက္ခံလာတာေၾကာင့္ မလွမ္းမကမ္းက ပန္းခ်ီကားနဲ႔ဓာတ္ပံုေတြ ခ်ိတ္တဲ့ေနရာဆီ အာ႐ံုေရာက္ေနတဲ့ Lock ကိုၾကည့္ၿပီး Chain ရယ္ေမာကာတားလိုက္ရတယ္။ Lock ေဘးက Rapunzel က ေျခလွမ္းေနာက္ျပန္အဆုတ္မွာ ၾကမ္းေပၚကသစ္သားတန္းကို ခလုတ္တိုက္ၿပီး ယိုင္သြားေတာ့ Lock ကလွမ္းမဆြဲမိ။ Rapunzel ထိုင္လ်က္လဲက်သြားတာကိုေတြ႕ေတာ့ Chain က Lock နားခ်က္ခ်င္းသြားၿပီး

"Baby ထူလိုက္ေလ"

"နာသြားလား Punzel? သတိထားေလကြာ၊ ထ ... ထ"

"ရတယ္၊ ဘာမွမျဖစ္ဘူး Lock, ဘယ္မွမထိဘူး"

ေနာက္ကေနေရာက္လာတဲ့ စံုတြဲကလည္း ဝိုင္းထူေပးရင္း

"Punzel ရယ္။ ဘာမွမထိသြားတာ ေတာ္ေသးတာေပါ့"

"ရတယ္ မဗိုက္။ ငါ့ဆီကဖုန္ေတြ ခါေပးမေနနဲ႔။ အစကတည္းက ေပေနတာ။ ငါလည္း တန္းကိုသတိမထားမိဘူး။ ဟိုေကာင္ Lock ေပါ့၊ ဒီတိုင္းၾကည့္ေနတယ္"

"ငါက ဓာတ္ပံုကိုင္ထားလို႔ လွမ္းမဆြဲလိုက္ႏိုင္တာပါ"

Chain လက္လႊဲယူထားတဲ့ ဓာတ္ပံုက ဘယ္ေလာက္မွႀကီးမေနပါဘူး။ တစ္ဖက္က လွမ္းထိန္းရင္ရတဲ့ အေျခအေနဆိုတာကို ေနာက္ကျမင္လိုက္တဲ့ သံုးေယာက္ေရာ၊ ကာယကံရွင္ႏွစ္ေယာက္ပါ အေသအခ်ာသိႏိုင္တဲ့ အေနအထားပါ။
Lock က လွမ္းမထိန္းခဲ့သလို၊ Chain က ခ်က္ခ်င္းအနားသြားၿပီး Lock လက္ထဲကဓာတ္ပံုကိုယူ၊ တိုးတိုးေလးကပ္ေျပာတာကို ေသခ်ာျမင္လိုက္တဲ့စံုတြဲကေတာ့ အၾကည့္ခ်င္းဆံုသြားတယ္။

"ကဲ! ေျခ၊ လက္ေဆးၿပီး ထမင္းစားရေအာင္။ အားလံုးပဲ Lunch Time! ေနာက္တစ္နာရီမွ ျပန္စၾကတာေပါ့"

"ဟုတ္ကဲ့"

အလုပ္သမားေတြလည္း အသီးသီးထသြားၾကၿပီး Lock တို႔ေတြလည္း ထမင္းစားဖို႔ျပင္ၾကတယ္။ Lock ေခါင္းကဦးထုပ္ကိုခၽြတ္ခါနီး

"ေနဦး Baby, ဆံပင္ကို ဖုန္ေတြျပန္ေပလိမ့္မယ္။ ခဏ၊ ကိုယ္လုပ္ေပးမယ္"

က်န္တဲ့သံုးေယာက္က မသိမသာအကဲခတ္ကုန္ၾကတယ္။ ဦးထုပ္ခၽြတ္ေပးၿပီးေတာ့

"Rapunzel, လက္ေဆးၿပီးမွ ဦးထုပ္ေသခ်ာခၽြတ္ပါလား? ဆံပင္ကအရွည္ႀကီးကို ေပကုန္ရင္ အဆင္မေျပဘူး။ ေနာက္မွ လက္ျပန္ေဆးေပါ့"

"ဪ၊ အင္း။ ဟုတ္တယ္ Chain"

Rapunzel ကိုပါ ေသခ်ာေျပာေပးေနတဲ့ Chain ေၾကာင့္ ဆံပင္အတိုနဲ႔မဗိုက္က သူမဆံပင္ေတြ ျပန္စမ္းၾကည့္ေနေတာ့ ေဘးကေယာက္်ားျဖစ္သူက

"မိန္းမ၊ ဆံပင္အရွည္ထားမလို႔လား?"

"နင္ကတစ္မ်ိဳး"

လက္ေဆးေနတဲ့သံုးေယာက္သား လွည့္ၾကည့္ၿပီး ရယ္မိၾကတယ္။
ထမင္းစားဖို႔ျပင္ၾကေတာ့လည္း အိမ္ရွင္စံုတြဲက ျပင္ဆင္ေပးေနတာကို Chain ကဝင္ကူၿပီး လုပ္ေပးျပန္တာေၾကာင့္ မဗိုက္တို႔ ထိုင္ခံုမွာအက်အနထိုင္ရင္း

"Ivy, ငါေလ ေယာက္်ားယူတာမွားသြားတာထင္တယ္။ ငါ့ေယာက္်ား၊ နင့္သူငယ္ခ်င္းက အခုမွသာ သူ႔ဘာသာထလုပ္ေနတာ။ နင့္ေယာက္်ားကေတာ့ သူလုပ္ေနက်အလုပ္ေတြလိုပဲေနာ္။ ဒီေန႔ ငါၾကည့္ေနတယ္။ ငါတို႔လုပ္ေနတာေတြလည္း သူဝင္ကူႏိုင္တယ္၊ အလုပ္သမားေတြနဲ႔လည္း ၾကမ္းၾကမ္းတမ္းတမ္းေတြ သူလုပ္ေပးတယ္၊ အခု မီးဖိုေခ်ာင္ကိစၥေတြလည္း လုပ္တတ္ေနတယ္။ သူမလုပ္တတ္တာ ဘာရွိေသးလဲဟင္?"

"ေကာင္မေလးေတြကို မလိုက္တတ္ဘူးေလ"

"ဟမ္? Speechless ပါ Ivy. ငါေျပာပါတယ္။ ငါလူေရြးမွားတာလို႔"

"နင္က Chain လိုလူကိုေရြးခ်င္တာလား? အဲဒါမွပိုဆိုးတာေလ။ ရွခ်င္တာလား? ဟုတ္တယ္မဟုတ္လား Lock?"

Rapunzel ေျပာလိုက္ေတာ့မွ

"ေအး၊ ဟုတ္သားေနာ္။ ေကာင္မေလးေတြကို မလိုက္တတ္ဘူးလို႔ သူ႔ေယာက္်ားကိုယ္တိုင္ေျပာတာကို ငါကလည္း လၽွာရွည္မိတာပါ Punzel ရယ္"

Lock ကေတာ့ ရယ္သာရယ္ေနတယ္။ စားပြဲေပၚ ထမင္း၊ ဟင္းေတြစံုေတာ့ ဝိုင္းဖြဲ႕စားၾကရင္း

"Chain, Ivy ကို ဘာၾကည့္ႀကိဳက္တာလဲ?"

"ဗ်ာ! ဟို ... မေျဖလို႔မရဘူးလား?"

"မရဘူး၊ ကၽြန္မသိခ်င္လို႔ပါ"

Lock ကေတာ့ စားစရာရွိတာ ဆက္စားေနတယ္။

"ကၽြန္ေတာ္ သူ႔ကို ငယ္ငယ္ကတည္းကခ်စ္တာဆိုေတာ့ ဘာၾကည့္ႀကိဳက္တယ္လို႔ မေျပာတတ္ဘူး"

"Wow! ေဟ့ေကာင္ Ivy, မင္းကေရာ?"

ဒီစံုတြဲ ေတာ္ေတာ္ေမႊပါတယ္။

"အဲဒါ မေမးေကာင္းတဲ့ေမးခြန္းဗ်။ ကၽြန္ေတာ္ေတာင္ မေမးရဲလို႔မေမးဘူး။ ခင္ဗ်ားတို႔သူငယ္ခ်င္းက သိပ္ေခ်တာ"

"ဘာလို႔လဲ Chain?"

"တကယ္ေတာ့အခ်စ္ဆိုတာ ဘာလို႔ခ်စ္လဲေမးစရာမလိုေအာင္ ခ်စ္တတ္ၾကတဲ့သူခ်င္း ခံစားနားလည္ႏိုင္ၾကတဲ့အရာေလဗ်ာ။ Reason ေတြ မလိုပါဘူး"

"ဟားဟား၊ ကၽြန္ေတာ္သိသြားၿပီ။ အဲဒီအေျပာေတြနဲ႔ ကေလးအေဖလို လိုက္ထိန္းေနတာေတြေၾကာင့္ ေနမွာေပါ့ဗ်ာ"

ရယ္သံေတြထြက္လာေပမဲ့ Lock နဲ႔ Rapunzel အသံကေတာ့ ခပ္တိုးတိုးသာ။

"Chain က ကေလးခ်စ္တတ္တယ္ေျပာေတာ့ ကေလးေမြးစားၾကပါလား?

"ဟာ၊ နင္ကလည္း သူမ်ားကေလးကို သက္သက္မဲ့ဒုကၡေပးသလို ျဖစ္ေနမွာေပါ့"

"နင္ ဘယ္လိုႀကီးေျပာလိုက္တာလဲ Punzel ရယ္"

"Rapunzel ေျပာတာ မွန္တယ္ဗ်။ ကၽြန္ေတာ္တို႔ရဲ႕ အေျခအေနေတြက သာမန္လိုမဟုတ္ေတာ့ ကေလးကို ဒုကၡေပးသလိုျဖစ္မွာ။ Ivy နဲ႔ Lily ေလးလည္း ဒီအေျခအေနမ်ိဳးမွာ မေနခ်င္ခဲ့ၾကဘူးေလ။ Rapunzel ဆိုလည္း အစ္ကို႔အလုပ္မွာ ဘာမွဝင္မပါဘဲ ေက်ာခိုင္းထားတာေလ။ Rapunzel ေျပာတာမွန္ပါတယ္"

"Thank you, Chain. ကၽြန္မဆိုလိုတာကို နားလည္ေပးတဲ့အတြက္ေပါ့"

"ကၽြန္ေတာ္နားလည္ပါတယ္ Rapunzel"

"ငါ မင္းတို႔နဲ႔ အဆက္အသြယ္ျပတ္ေနတာလည္း အဲဒါေတြေၾကာင့္ပါ။ ငါတို႔ဆိုတာက ခ်စ္တဲ့လူေတြကို အနားမွာထားလို႔အဆင္မေျပဘူးေလ။ ဒုကၡေပးမိမွာ စိုးလို႔ပါ"

Chain မ်က္ႏွာပ်က္သြားသလို၊ Rapunzel ျပံဳးသြားတာဟာ Lock စကားကို အဓိပၸါယ္ေကာက္ လြဲၾကျခင္းလား?

"Sorry, ငါတို႔ေၾကာင့္ စိတ္ညစ္သြားရၿပီ။ ကဲပါ၊ ထမင္းဆက္စားရေအာင္။ ဪ၊ Ivy, နင္မွတ္မိေသးလား? ေက်ာင္းတုန္းကေလ ......."

ေရာက္တတ္ရာရာစကားေတြေျပာၾကရင္း ေန႔လည္စာထမင္းဝိုင္းေလး အဆံုးသတ္သြားတယ္။ မိန္းကေလးႏွစ္ေယာက္ကို နားနားေနေနထားၿပီး တစ္ေန႔လံုး အလုပ္ေတြဆက္လုပ္ၾကရင္း ညေနေစာင္းသြားတယ္။ ခဏနား၊ ေရခ်ိဳး၊ အဝတ္လဲၾကၿပီးတဲ့ေနာက္ ညေနစာ Menu က Food & Beverages မို႔ စားၾက၊ ေသာက္ၾက၊ ေထြရာေလးပါးေျပာၾကနဲ႔ အိမ္ျပန္ဖို႔ လမ္းခြဲၾကတယ္။ Rapunzel ကိုက ကားနဲ႔လာႀကိဳသြားၿပီး စံုတြဲႏွစ္တြဲ ႏႈတ္ဆက္ၾကေတာ့

"Baby, ကိုယ္ေမာင္းမယ္ေလ။ Baby ေသာက္ထားတာကို"

"မင္းလည္းေသာက္တာပဲ။ ငါကေရာ မူးေနလို႔လား?"

"မဟုတ္ဘူးေလ"

"ေတာ္ၿပီ၊ မေျပာနဲ႔။ ငါေမာင္းမွာ"

"ဟုတ္ကဲ့ပါ"

"Chain, ခင္ဗ်ားက Ivy ကိုေၾကာက္ရတာပဲ"

"ေၾကာက္၊ ခ်စ္၊ ႐ိုေသေပါ့ဗ်ာ။ သူက ကၽြန္ေတာ့္ထက္ အသက္ေရာ၊ ရာထူးေရာ ႀကီးတာကိုး"

"ကၽြန္ေတာ္တို႔မ်က္စိထဲေတာ့ ခင္ဗ်ားကအငယ္နဲ႔ကိုမတူတာ။ ေနာ္၊ မိန္းမ?"

"ဟိုေကာင္! မူးေနရင္ မရစ္နဲ႔။ မဗိုက္၊ မင္းေယာက္်ားမင္းထိန္းေနာ္။ ငါတို႔ကို လာရစ္ေနတယ္။ ျပန္ေတာ့မယ္"

"ေအးပါ။ နင္တို႔လင္လင္ႏွစ္ေယာက္သာ ဂ႐ုစိုက္သြား။ Chain ေရ ေနာက္လည္း ဆံုခ်င္ပါေသးတယ္ေနာ္"

"ဟုတ္ကဲ့။ See you later"

"See ya!"

¤

Chain, ရွင္ကေလ၊ Architecture အေၾကာင္းလည္း သိလိုက္ျပန္တာပဲလား? ဆံပင္အရွည္ေတြကအစ၊ အစားအေသာက္ေတြ၊ အေျပာအဆိုေတြအဆံုး၊ အကုန္လံုးကို ဂ႐ုတစိုက္ရွိေနခဲ့တာပဲ။ ကၽြန္မတို႔သူငယ္ခ်င္းေတြကို ဘယ္လိုေပါင္းရမလဲဆိုတာလည္း အထာနပ္ၿပီးသားျဖစ္ေနတယ္။

Lily ကို သြားေျပာထားတာေတာင္ အခုထိ ရွင္တို႔သာယာေနႏိုင္ေသးတာလား?
Lock က ကၽြန္မလဲက်သြားတာကိုေတာင္ လွမ္းမဆြဲႏိုင္ေလာက္ေအာင္ ရွင့္ေရွ႕မွာမို႔ အေနအထိုင္ဆင္ျခင္ေနတာလား?
ဘာတဲ့? ေကာင္မေလးေတြကို မလိုက္တတ္ဘူးတဲ့။ အင္းေပါ့၊ ရွင္ Gay ေနမွေတာ့ ေကာင္မေလးေတြကို ဘယ္လိုက္တတ္မလဲ?

ကၽြန္မေျပာခ်င္တာကို နားလည္တယ္တဲ့လား? ကၽြန္မေျပာခ်င္တာက ရွင္တို႔မွာ ေသြးသားအရင္း ရမလာႏိုင္ဘူးလို႔ ေျပာခ်င္တာေလ။ ကၽြန္မေျပာခ်င္တာကို ရွင္သိေနတယ္လား?
ရွင္သိဖို႔၊ နားလည္ဖို႔လိုတာ Lock ရဲ႕စကားေလ။ ခ်စ္တဲ့လူေတြကို အနားမွာထားလို႔ အဆင္မေျပဘူးတဲ့။ အဲဒီစကားကို ရွင္နားလည္ဖို႔လိုတာပါ Chain.

¤

တံခါးေတြဖြင့္ထားလို႔ ေလေတြကအတင္းတိုးဝင္ေနတဲ့ ကားေလးထဲမွာ

"Baby ေရ၊ အရွိန္မ်ားေနၿပီေလ"

"ဘယ္နားက မ်ားေနတာလဲ? Chain ငါတို႔ ကားေလၽွာက္ေမာင္းရေအာင္"

အခုပဲ ေလၽွာက္ေမာင္းေနတာ Spectrum နဲ႔ေတာင္ ေတာ္ေတာ္ေဝးေနၿပီကို။

"ေပ်ာ္ေနတာလား Baby?"

"စိတ္ထဲ ေတာ္ေတာ္ေလး လြတ္လပ္ေနတယ္"

ေနာက္ေတာ့ တံတားတစ္စင္းကေနျဖတ္ေမာင္းၿပီး အဆင္းမွာ ျမစ္ကမ္းနားထိ ကားကိုေမာင္းခ်သြားတယ္။ ခါးပတ္ျဖဳတ္ၿပီးေတာ့ ကားေပၚကမဆင္းေသးဘဲ ကိုယ့္ဘက္လွည့္လာတဲ့ Baby မ်က္ႏွာက ေသာက္ထားတဲ့အရွိန္ရယ္၊ ေလတိုးခံထားရတာရယ္ေၾကာင့္ နီေစြးေစြးေလး။

"မင္း ငါ့သူငယ္ခ်င္းေတြနဲ႔အလုပ္အေၾကာင္း ဘယ္တုန္းကတည္းက ေလ့လာထားတာလဲ?"

"Baby နဲ႔ပတ္သက္သမၽွ အကုန္လံုးကို ကိုယ္သိေအာင္လုပ္ထားတယ္"

"မဆိုးပါဘူး။ ဒီေန႔ အကုန္လံုးဆီကေန မင္းအမွတ္ေတြရလိုက္တာပဲ"

"Baby ဆီကေရာလား?"

ဒါေပမဲ့ Rapunzel ဆီကေနေတာ့ မရပါဘူး Baby ရာ။ လိုလည္း မလိုအပ္ဘူးေလ။

"အင္း၊ ငါက မင္းတစ္ေယာက္တည္း သီးျခားျဖစ္ေနမလားလို႔ ထင္မိတာ"

"Chain ပါဗ်ာ။ အဲဒီလိုျဖစ္စရာလား?"

"ဟား ဟား၊ အဲဒါနဲ႔မ်ား ဘာလို႔ မင္းရည္းစားမရခဲ့တာလဲ?"

"ထားမွမထားခ်င္တာ။ ဘယ္ေကာင္ေလး၊ ေကာင္မေလးမွ ကိုယ္မျမင္ခဲ့ဘူး။ မဟုတ္ဘူး၊ ကိုယ့္ႏွလံုးသားက မျမင္ခဲ့ဘူး။ ကိုယ့္ထက္ရွစ္လႀကီးတဲ့ Baby ကိုပဲ ကိုယ္ခ်စ္တာေလ"

"အဲဒီေလာက္နဲ႔ေတာ့ မေႂကြေသးဘူး"

ေျပာၿပီး ကားေပၚကဆင္းသြားတဲ့ Lock ေနာက္ကို Chain လိုက္ရျပန္ပါတယ္။
ျမစ္ကမ္းေဘးမွာထိုင္ရင္း Cigarette ေသာက္ေနတဲ့ Lock ကို ေငးေနမိတဲ့ Chain စိတ္ထဲ မ႐ိုးမရြျဖစ္လာရတယ္။

နီညိိဳညိဳနႈတ္ခမ္းလႊာေတြၾကားက Cigarette ေၾကာင့္ သဝန္တိုမိတယ္။ အဝိုင္းလိုက္ေလးေတြ ထြက္က်လာတဲ့ အေငြ႕ေတြကိုလည္း ၾကည့္မရေတာ့ဘူး။ အဲဒီႏႈတ္ခမ္းေတြကို ကိုယ့္အပိုင္အျဖစ္ သိမ္းထားလိုက္ခ်င္တယ္။ ၾကည့္မရျဖစ္မိတဲ့ အဲဒီ Cigarette က Baby လက္ေခ်ာင္းရွည္သြယ္သြယ္ေတြၾကားကေန ကိုယ့္ကိုေလွာင္ေျပာင္ေနျပန္တာလား?

"Cigarette မေသာက္ဖို႔ တားဦးမလို႔လား? တစ္လိပ္ပဲရွိပါေသးတယ္။ တားတိုင္းဒဏ္ရာရတာလည္း မင္းအျမဲတားေနတာပဲေနာ္။ တကယ္ေခါင္းမာတဲ့ေကာင္"

"ကိုယ္တားတယ္ဆိုတာက Baby အမ်ားႀကီးေသာက္ေနေတာ့မွပါ"

"မင္းဘာလုပ္လုပ္ ငါက အဆိုးပဲျမင္ေနခဲ့မိတယ္ထင္တယ္"

"ကိုယ္ကလည္း အဆိုးျမင္စရာအတိတ္ေတြ ရွိခဲ့ဖူးတာေၾကာင့္ပါ"

တစ္ခ်က္႐ႈိက္သြင္းလိုက္တဲ့ ေဆးလိပ္ေငြ႕ေတြကို ျပန္မႈတ္ထုတ္တဲ့အထိ မေစာင့္ေတာ့ဘဲ Cigarette ေလး နႈတ္ခမ္းကခြာတာနဲ႔ Baby ႏႈတ္ခမ္းေတြကို ဖိကပ္လိုက္မိတယ္။ အဲဒီႏႈတ္ခမ္းေတြဆီမွာပဲ ရစ္ဝဲေနတဲ့စိတ္အစံုက ဒီလိုမွမလုပ္ရင္ ေပါက္ကြဲထြက္ေတာ့မယ္။
ခဏနဲ႔ျပန္ခြာလိုက္ေတာ့ ဘာမွမျဖစ္ခဲ့သလို ေဆးလိပ္ေငြ႕ေတြမႈတ္ထုတ္ေနတဲ့ Baby ေၾကာင့္ လူက အသည္းတယားယား။ ကိုယ့္မွာသာ ရင္ထဲ ကဆုန္ေပါက္ေနတာ၊ Baby က ဘယ္လိုမွမေနဘူးလား? မေက်မနပ္နဲ႔ကိုယ့္အၾကည့္ေတြက Baby ႏႈတ္ခမ္းကိုပဲ ရန္ရွာသလို ၾကည့္ေနတာေၾကာင့္

"တားတဲ့နည္း ေျပာင္းလိုက္တာလား Chain?"

ကိုယ္ကိုလွည့္လာၿပီး လႈပ္ရွားလာတဲ့ႏႈတ္ခမ္းေလးကို ေနာက္တစ္ႀကိမ္ထိကပ္မိေတာ့ ျပန္မလႊတ္ခ်င္ေတာ့။ ေအာက္နႈတ္ခမ္းက စူးခနဲျဖစ္သြားမွ ခြာလိုက္မိတယ္။ ကိုက္သြားတဲ့ ေခြးေလးက ကားေပၚျပန္တက္သြားၿပီမို႔ ေနာက္ကအေျပးလိုက္ေတာ့ ကားစက္နႈိးေနၿပီ။
Spectrum ကို ဘယ္လိုျပန္ေရာက္မွန္း မသိလိုက္ေအာင္ Baby ကိုပဲ ေငးေနမိတာ။

"ျပန္လာေသးတယ္ေနာ္။ အခ်ိန္ကိုလည္း ၾကည့္ဦး"

"ကားေလၽွာက္ေမာင္းဦးမယ္လို႔ ကိုကိုစာပို႔ထားတယ္ေလ"

"ဟုတ္ပါတယ္။ မပို႔ရင္လည္း လူလႊတ္ရွာခိုင္းေတာ့မွာ။ ေသာက္ထားၾကၿပီး ေလၽွာက္သြားေနလိုက္ၾကတာ။ ေပ်ာ္ေနတယ္ဟုတ္လား?"

"အင္း"

Baby က ေပ်ာ္တယ္တဲ့လား?

"Chain နႈတ္ခမ္းက ဘာျဖစ္တာလဲ?"

"ဟင္? ဘာမွမျဖစ္ပါဘူး မီးငယ္"

"ပုရြက္ဆိတ္ကိုက္တာ ေနမွာေပါ့။ နားေတာ့မယ္ မီးငယ္။ Goodnight"

Baby ပုရြက္ဆိတ္က အေပၚထပ္တက္သြားၿပီမို႔ ကိုယ္လည္းလိုက္လာရတယ္။ အခန္းထဲေရာက္လို႔ အေပၚဝတ္ေတြ ခၽြတ္ၿပီးေတာ့ ကိုယ့္နားခ်က္ခ်င္းေရာက္လာတဲ့ Baby ေၾကာင့္ ၾကည့္လိုက္မိတယ္ဆိုရင္ပဲ ...

"အြန္း!"

လန္႔ၿပီး ႐ုန္းလိုက္မိေတာ့

"ဟာဟ! မင္းအလွည့္က် ေၾကာက္တတ္လိုက္တာ"

Baby ကိုယ့္ကိုနမ္းလို္က္တာလား? အိပ္မက္မက္ေနတာလား? ဒါေပမဲ့ အိပ္မက္က အဲဒီေလာက္နဲ႔ရပ္မသြားဘဲ ေနာက္တစ္ႀကိမ္ Baby ဘက္က ထိကပ္လာျပန္တယ္။ အသိစိတ္ေတြ လြတ္ထြက္သြားတဲ့ေနာက္မွာ ကိုယ္ဟာ Baby ျဖစ္သြားသလိုလို၊ Baby ကပဲ ကိုယ္ျဖစ္ေနသလိုိလို။

မင္းကပဲ ရန္စတာေတြမ်ားေနၿပီ Chain. ကိုယ့္နႈတ္ခမ္းကိုယ္ ေရာင္လို႔ေရာင္မွန္းမသိေအာင္ မီးငယ္ေရွ႕ အူေၾကာင္ေၾကာင္ေတြလုပ္ျပေနတာ ေတာ္သင့္ၿပီ။ မင္းေတာ့ ငါနဲ႔ေတြ႕မယ္။
အဟက္! အဲဒါလန္႔သြားတာလား? ႐ုန္းတယ္ေပါ့? ျပန္ဆြဲဖမ္းထားမိၿပီးတဲ့ေနာက္မွာ သူနဲ႔ကိုယ္ဟာ တစ္သားတည္းျဖစ္သြားခဲ့သလား?

■■■■■ Part XXXVIII ဆက္ရန္ ■■■■■



" ငါ့စိတ်ထင်တာပဲလားမသိဘူး။ တချို့ကိစ္စတွေက သတိရသလိုရှိပေမဲ့ ဝေဝေဝါးဝါးဖြစ်နေလို့ သေချာစဉ်းစားလိုက်ရင် ခေါင်းကိုက်လာတယ်။ တချို့ကိစ္စတွေကျတော့ သူ့အလိုလိုကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိလာတာ"

"မှတ်မိလွယ်တာ ဘယ်လိုကိစ္စမျိုးတွေလဲ?"

"မီးငယ်နဲ့ ငယ်ငယ်ကပြောဖူးတာတွေရယ်၊ ငါ့မိဘတွေအကြောင်းရယ်။ အဲဒီမှာလေ အမေ့ဈာပနကို ငါသေချာသိတယ်။ အဖေ့ကိစ္စကျ ရှင်းရှင်းလင်းလင်းမမှတ်မိဘူး"

"မင်း ဂိုဏ်းထဲဝင်ပြီးမှဖြစ်တာတွေကို မရှင်းတာလား?"

"အဲဒီလိုလည်းမဟုတ်ဘူး Hepius, အဖေနဲ့မီးငယ်တို့နဲ့ အတူရှိခဲ့တာတွေ ငါသိနေတယ်။ ဂိုဏ်းထဲကလူတော်တော်များများကို ငါသေချာမှတ်မိတယ်။ ဘယ်သူက ဘယ်လိုဆိုတာ ငါသိနေတယ်"

"ဒါဆို မင်းတို့ရဲ့ အပစ်အခတ်ဇာတ်လမ်းတွေရော?"

"နောက်ဆုံးတစ်ခေါက် Bermuda နဲ့တွေ့တာကို ငါ့အာရုံထဲ ဝေဝေဝါးဝါးပဲ"

"မင်းရဲ့ တခြားမိတ်ဆွေ၊ သူငယ်ချင်းတွေအကြောင်းရော?"

"Rapunzel တို့နဲ့ ကျောင်းတက်ခဲ့တာတွေ ငါမှတ်မိလာတယ်။ ဒါပေမဲ့ Rapunzel ပြန်ရောက်လာပြီးမှ ငါတို့တွေ့ကြတာတွေကို တချို့ဟာတွေ ဝါးတားတားပဲ။ ငါမေ့နေတာကြာနေတဲ့ Dexter နဲ့ဆုံခဲ့တာတွေကိုတောင် ငါသတိရလာသေးတယ်"

"အင်း၊ သေချာပါတယ်။ မင်းအတွက် မလိုချင်တဲ့၊ အထူးသဖြင့် မင်းကိုစိတ်ရှုပ်စေတဲ့အကြောင်းတွေ ရှင်းရှင်းလင်းလင်းမပေါ်လာတာပါ။ ဝမ်းနည်းစိတ်ထိခိုက်စရာချင်း တူနေရင်တောင် စိတ်ရှင်းရှင်းလက်ခံလိုက်တဲ့ ဝမ်းနည်းမှုကို မင်းသိနေတယ်။ ပျော်စရာဆိုရင်လည်း မင်းသဘောမကျတဲ့ အကြောင်းအရာတစ်ခုခုရောနေရင် မင်းမှတ်မိချင်မှ မှတ်မိလိမ့်မယ်။ မင်းစိတ်နဲ့လည်းဆိုင်တယ်"

"ဒါဆို ငါ Rapunzel တို့နဲ့ချိန်းထားတာ အေးအေးဆေးဆေးသွားတွေ့လို့ ရနိုင်တယ်မဟုတ်လား?"

"မင်းက အခုအချိန်မှာ Ivy လေ။ Lock အနေနဲ့သာ မင်းအတွက်ခက်ခဲနိုင်တာတွေ ရှိနိုင်မယ်။ မင်းအတွေးတွေ၊ ခံစားချက်တွေက Ivy နဲ့တော့ တစ်ထပ်တည်းကျနေပါလိမ့်မယ်"

"Chain နဲ့ပတ်သက်ရင် ငါ့မှာ ပျော်စရာမရှိခဲ့ဘူးလား?"

"မင်းမှတ်မိတာတွေမှာ ပျော်စရာမပါဘူးပေါ့?"

"အင်း၊ မမှတ်မိတဲ့အထဲမှာလည်း ပျော်စရာတွေရှိနိုင်တယ်လို့ မင်းပြောတယ်လေ။ မင်းသိသလောက် အဲဒီလိုမျိုး မရှိဘူးလား?"

"ငါမသိတာ Lock. မင်းကလေ Chain နဲ့ပတ်သက်ရင် ဘယ်လိုတွေးနေတာလဲလို့ ငါတကယ်မသိဘူး။ မင်းဘက်ကလည်း သူနဲ့ပတ်သက်ရင် တချို့မကျေနပ်ချက်တွေသာ ငါ့ကိုပြောပြီး ဒေါသထွက်တတ်တာ။ တခြား ဘယ်လိုခံစားချက်မှ မင်းထုတ်မပြဖူးသလို၊ ငါလည်းမမြင်ဖူးဘူး"

"ငါနဲ့မင်းက ငယ်သူငယ်ချင်းတွေလေ"

"ဟုတ်တယ်။ မင်းဘာဖြစ်နေလဲဆိုတာကို ငါသိနိုင်၊ မြင်နိုင်တာတွေ အများကြီးပဲ။ ဒါပေမဲ့ Chain နဲ့ပတ်သက်တဲ့ မင်းစိတ်တော့ မပါခဲ့ဘူး။ အခုအချိန်မှာတော့ အကဲခတ်လို့ ရနေပြန်တယ်"

"ဘာကိုလဲ?"

"အခုနောက်ပိုင်း မင်းနဲ့ Chain ရဲ့ သံယောဇဉ်ကိုပေါ့"

"ငါက အဲဒီလောက်တောင်ပဲ တစ်ယောက်စီလို ကွာခြားသွားတာလား?"

"အင်း၊ သူနဲ့ပတ်သက်ရင်တော့ ဟုတ်တယ်လို့ပဲ ဖြေရမှာပဲ။ မင်းစိတ်က ထူးဆန်းတယ်"

"ငါ့ရဲ့ အနီးကပ်ဆုံးငယ်သူငယ်ချင်း၊ ဆရာဝန်တစ်ယောက်အနေနဲ့ မင်းအမြင်တွေက အဲဒီလိုဆိုရင် ငါ့ဘာသာပဲ အဖြေရှာမှရတော့မှာပေါ့?"

"အမှန်ပဲ။ မင်းဘာသိချင်နေတာလဲလို့ ငါရိပ်မိသလိုပဲနော်"

"တော်လိုက်တော့။ မနောက်ပါနဲ့ကွာ"

¤

"Baby, ကိုယ် အောက်ထပ်မှာ စောင့်မယ်နော်"

"အင်း"

သူငယ်ချင်းတွေချိန်းထားကြတဲ့ သူတို့ရဲ့ရုံးခန်းလေးဆီကို သွားဖို့ပြင်နေတဲ့ Lock က တက်ကြွလို့။ ဒီအတောအတွင်းလည်း Office Design ကို လေးယောက်သား ဖုန်းနဲ့တစ်မျိုး၊ Mail နဲ့တစ်မျိုး တိုင်ပင်ဆွေးနွေးနေကြတာတွေ Chain တွေ့မိနေသား။ ဒီနေ့တော့ အကြမ်းထည်နေရာချထားတာကို ကြည့်ကြရင်း ဆုံကြဖို့ချိန်းထားကြတာပါတဲ့။ Lock က သွားတွေ့လို့ဖြစ်ပါ့မလားလို့ Hepius နဲ့အရင် တိုင်ပင်ကြတာ Chain သိပေမဲ့ ဘာတွေပြောကြလဲတော့ ပြန်မမေးမိဘူး။

"Chain တို့ မသွားကြသေးဘူးလား?"

"သွားမှာ။ အစ်ကိုလေးကိုစောင့်နေတာ။ ခေါင်းလျှော်လိုက်လို့ ခေါင်းခြောက်အောင်လုပ်နေတာနဲ့ ကြာသွားတာ"

"Chain ကြောင့်ပဲကြာတာမဟုတ်လား? Dryer က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အဝတ်နဲ့ပဲ ခြောက်အောင်သုတ်ပေးနေတာ မဟုတ်လား? အရင်ကမပြောရဲခဲ့တာတွေ၊ မလုပ်ပေးခဲ့ရတာတွေ အခုမှ အတိုးချပြီး သဲသဲကဲကဲဖြစ်နေတာ သိသားပဲ"

"အဲဒီလို အတိအကျကြီးတော့ မမေးနဲ့လေကွာ။ မီးငယ်တို့မောင်နှမကိုက အဲဒီဆံပင်တွေကို ဖြစ်သလိုတွေလုပ်နေကြတာလေ။ ခင်ဗျားလေးငယ်ငယ်က ကိုယ်ပဲ သေချာရေခြောက်အောင် သုတ်ပေးခဲ့ရတာမဟုတ်ဘူးလား? ပြောပါဦး"

"ဟုတ်တယ်လေ။ အဲဒါကိုသတိရလို့ပဲ အခုပြောနေတာလေ။ Chain က ဆံပင်ရှည်တွေသဘောကျပြီး ကိုယ်တိုင်တော့မထားဘူး။ Chain ဆံပင်ဆို အထူကြီးပဲ၊ အရှည်ထားရင် ကြည့်ကောင်းမှာ။ ကိုကိုနဲ့ Couple ဖြစ်အောင် ထားပါလား?"

"ဟိုးအရင်တည်းက အစ်ကိုလေးက ကိုယ့်ကို ဆံပင်အရှည်နဲ့မကြိုက်ဘူး"

"ဟင်! အဲဒီလိုပြောဖူးတာလား?"

"အေး၊ ကိုကို ပြောဖူးတယ်။ ဆံပင်ဘုတ်သိုက်နဲ့ မျက်စိထဲ ကန့်လန့်ကြီးမို့ မကြိုက်တာ။ ရပြီလား မီးငယ်?"

အပေါ်ထပ်ကဆင်းလာပြီး ပြောတဲ့ Lock ကြောင့် Lily ခမျာ ဘာပြန်ပြောရမှန်းမသိရှာ။ ဘယ်တုန်းကကိစ္စကို Chain ကပြောပြလာပြီး Lock ကလည်း ဘာကို ပြန်မှတ်မိနေတာလဲဆိုတာ Lily တို့ ဉာဏ်မမီခဲ့ပါ။

"သွားရအောင် Chain. မီးငယ်ရော ဘာမှာဦးမလဲ?"

ခေါင်းခါပြတဲ့ Lily ကို Chain က ချစ်စနိုးနဲ့ခေါင်းလေးပုတ်ပြီး Lock နောက်ကပါသွားတာကို လိုက်ငေးရင်းသာကျန်ခဲ့သူက Spectrum ရဲ့ ဉာဏ်ကြီးရှင်လေးပါ။

¤

သူငယ်ချင်းလေးယောက်ကြား အပြင်လူဖြစ်နေတဲ့ Chain က တကယ်တမ်းမှာတော့ အားလုံးနဲ့ အဖွဲ့ကျနေပြီး အတွဲနှစ်တွဲကြားမှာ မသိမသာ အပြင်ရောက်နေတာက Rapunzel ဖြစ်နေခဲ့တယ်။
ပေါ့ပေါ့ပါးပါးအဝတ်တွေလဲပြီး ပစ္စည်းတွေရှုပ်နေတဲ့ ပြင်ဆင်ဆဲရုံးခန်းလေးမှာ တစ်ချက်တစ်ချက် ကိုယ်တိုင်ဝင်လုပ်နေကြတဲ့ Architects တွေကြားထဲ Chain တစ်ယောက်ဝင်ဆန့်နေတာက အားလုံးကိုအံ့ဩစေတယ်။ ကိုယ်ဝန်ရှိနေတဲ့ သူငယ်ချင်းဖြစ်သူကို Lock နဲ့ Rapunzel ထက်ကို Chain က ဂရုတစိုက်နဲ့ သတိပေးတတ်တာကြောင့် အမျိုးသားဖြစ်သူကတောင်

"ခင်ဗျားက ကလေးချစ်တတ်တယ်လား Chain?"

"အာ ... ဟုတ်ပါတယ်။ Lily ငယ်ငယ်ကလည်း ကျွန်တော်ပဲထိန်းလာခဲ့တာလေ"

"ယောက်ျား၊ နင်မမြင်ဘူးလား? အခုလည်း Ivy ကို သူပဲလိုက်ထိန်းနေတာလေ"

"ဟာဗျာ၊ ကြားရင် သတ်နေပါဦးမယ်"

နှစ်ယောက်အတူ ပစ္စည်းသယ်ရင်းပြောနေတာကို မဗိုက်က အနားရောက်လာပြီး ထောက်ခံလာတာကြောင့် မလှမ်းမကမ်းက ပန်းချီကားနဲ့ဓာတ်ပုံတွေ ချိတ်တဲ့နေရာဆီ အာရုံရောက်နေတဲ့ Lock ကိုကြည့်ပြီး Chain ရယ်မောကာတားလိုက်ရတယ်။ Lock ဘေးက Rapunzel က ခြေလှမ်းနောက်ပြန်အဆုတ်မှာ ကြမ်းပေါ်ကသစ်သားတန်းကို ခလုတ်တိုက်ပြီး ယိုင်သွားတော့ Lock ကလှမ်းမဆွဲမိ။ Rapunzel ထိုင်လျက်လဲကျသွားတာကိုတွေ့တော့ Chain က Lock နားချက်ချင်းသွားပြီး

"Baby ထူလိုက်လေ"

"နာသွားလား Punzel? သတိထားလေကွာ၊ ထ ... ထ"

"ရတယ်၊ ဘာမှမဖြစ်ဘူး Lock, ဘယ်မှမထိဘူး"

နောက်ကနေရောက်လာတဲ့ စုံတွဲကလည်း ဝိုင်းထူပေးရင်း

"Punzel ရယ်။ ဘာမှမထိသွားတာ တော်သေးတာပေါ့"

"ရတယ် မဗိုက်။ ငါ့ဆီကဖုန်တွေ ခါပေးမနေနဲ့။ အစကတည်းက ပေနေတာ။ ငါလည်း တန်းကိုသတိမထားမိဘူး။ ဟိုကောင် Lock ပေါ့၊ ဒီတိုင်းကြည့်နေတယ်"

"ငါက ဓာတ်ပုံကိုင်ထားလို့ လှမ်းမဆွဲလိုက်နိုင်တာပါ"

Chain လက်လွှဲယူထားတဲ့ ဓာတ်ပုံက ဘယ်လောက်မှကြီးမနေပါဘူး။ တစ်ဖက်က လှမ်းထိန်းရင်ရတဲ့ အခြေအနေဆိုတာကို နောက်ကမြင်လိုက်တဲ့ သုံးယောက်ရော၊ ကာယကံရှင်နှစ်ယောက်ပါ အသေအချာသိနိုင်တဲ့ အနေအထားပါ။
Lock က လှမ်းမထိန်းခဲ့သလို၊ Chain က ချက်ချင်းအနားသွားပြီး Lock လက်ထဲကဓာတ်ပုံကိုယူ၊ တိုးတိုးလေးကပ်ပြောတာကို သေချာမြင်လိုက်တဲ့စုံတွဲကတော့ အကြည့်ချင်းဆုံသွားတယ်။

"ကဲ! ခြေ၊ လက်ဆေးပြီး ထမင်းစားရအောင်။ အားလုံးပဲ Lunch Time! နောက်တစ်နာရီမှ ပြန်စကြတာပေါ့"

"ဟုတ်ကဲ့"

အလုပ်သမားတွေလည်း အသီးသီးထသွားကြပြီး Lock တို့တွေလည်း ထမင်းစားဖို့ပြင်ကြတယ်။ Lock ခေါင်းကဦးထုပ်ကိုချွတ်ခါနီး

"နေဦး Baby, ဆံပင်ကို ဖုန်တွေပြန်ပေလိမ့်မယ်။ ခဏ၊ ကိုယ်လုပ်ပေးမယ်"

ကျန်တဲ့သုံးယောက်က မသိမသာအကဲခတ်ကုန်ကြတယ်။ ဦးထုပ်ချွတ်ပေးပြီးတော့

"Rapunzel, လက်ဆေးပြီးမှ ဦးထုပ်သေချာချွတ်ပါလား? ဆံပင်ကအရှည်ကြီးကို ပေကုန်ရင် အဆင်မပြေဘူး။ နောက်မှ လက်ပြန်ဆေးပေါ့"

"ဪ၊ အင်း။ ဟုတ်တယ် Chain"

Rapunzel ကိုပါ သေချာပြောပေးနေတဲ့ Chain ကြောင့် ဆံပင်အတိုနဲ့မဗိုက်က သူမဆံပင်တွေ ပြန်စမ်းကြည့်နေတော့ ဘေးကယောက်ျားဖြစ်သူက

"မိန်းမ၊ ဆံပင်အရှည်ထားမလို့လား?"

"နင်ကတစ်မျိုး"

လက်ဆေးနေတဲ့သုံးယောက်သား လှည့်ကြည့်ပြီး ရယ်မိကြတယ်။
ထမင်းစားဖို့ပြင်ကြတော့လည်း အိမ်ရှင်စုံတွဲက ပြင်ဆင်ပေးနေတာကို Chain ကဝင်ကူပြီး လုပ်ပေးပြန်တာကြောင့် မဗိုက်တို့ ထိုင်ခုံမှာအကျအနထိုင်ရင်း

"Ivy, ငါလေ ယောက်ျားယူတာမှားသွားတာထင်တယ်။ ငါ့ယောက်ျား၊ နင့်သူငယ်ချင်းက အခုမှသာ သူ့ဘာသာထလုပ်နေတာ။ နင့်ယောက်ျားကတော့ သူလုပ်နေကျအလုပ်တွေလိုပဲနော်။ ဒီနေ့ ငါကြည့်နေတယ်။ ငါတို့လုပ်နေတာတွေလည်း သူဝင်ကူနိုင်တယ်၊ အလုပ်သမားတွေနဲ့လည်း ကြမ်းကြမ်းတမ်းတမ်းတွေ သူလုပ်ပေးတယ်၊ အခု မီးဖိုချောင်ကိစ္စတွေလည်း လုပ်တတ်နေတယ်။ သူမလုပ်တတ်တာ ဘာရှိသေးလဲဟင်?"

"ကောင်မလေးတွေကို မလိုက်တတ်ဘူးလေ"

"ဟမ်? Speechless ပါ Ivy. ငါပြောပါတယ်။ ငါလူရွေးမှားတာလို့"

"နင်က Chain လိုလူကိုရွေးချင်တာလား? အဲဒါမှပိုဆိုးတာလေ။ ရှချင်တာလား? ဟုတ်တယ်မဟုတ်လား Lock?"

Rapunzel ပြောလိုက်တော့မှ

"အေး၊ ဟုတ်သားနော်။ ကောင်မလေးတွေကို မလိုက်တတ်ဘူးလို့ သူ့ယောက်ျားကိုယ်တိုင်ပြောတာကို ငါကလည်း လျှာရှည်မိတာပါ Punzel ရယ်"

Lock ကတော့ ရယ်သာရယ်နေတယ်။ စားပွဲပေါ် ထမင်း၊ ဟင်းတွေစုံတော့ ဝိုင်းဖွဲ့စားကြရင်း

"Chain, Ivy ကို ဘာကြည့်ကြိုက်တာလဲ?"

"ဗျာ! ဟို ... မဖြေလို့မရဘူးလား?"

"မရဘူး၊ ကျွန်မသိချင်လို့ပါ"

Lock ကတော့ စားစရာရှိတာ ဆက်စားနေတယ်။

"ကျွန်တော် သူ့ကို ငယ်ငယ်ကတည်းကချစ်တာဆိုတော့ ဘာကြည့်ကြိုက်တယ်လို့ မပြောတတ်ဘူး"

"Wow! ဟေ့ကောင် Ivy, မင်းကရော?"

ဒီစုံတွဲ တော်တော်မွှေပါတယ်။

"အဲဒါ မမေးကောင်းတဲ့မေးခွန်းဗျ။ ကျွန်တော်တောင် မမေးရဲလို့မမေးဘူး။ ခင်ဗျားတို့သူငယ်ချင်းက သိပ်ချေတာ"

"ဘာလို့လဲ Chain?"

"တကယ်တော့အချစ်ဆိုတာ ဘာလို့ချစ်လဲမေးစရာမလိုအောင် ချစ်တတ်ကြတဲ့သူချင်း ခံစားနားလည်နိုင်ကြတဲ့အရာလေဗျာ။ Reason တွေ မလိုပါဘူး"

"ဟားဟား၊ ကျွန်တော်သိသွားပြီ။ အဲဒီအပြောတွေနဲ့ ကလေးအဖေလို လိုက်ထိန်းနေတာတွေကြောင့် နေမှာပေါ့ဗျာ"

ရယ်သံတွေထွက်လာပေမဲ့ Lock နဲ့ Rapunzel အသံကတော့ ခပ်တိုးတိုးသာ။

"Chain က ကလေးချစ်တတ်တယ်ပြောတော့ ကလေးမွေးစားကြပါလား?

"ဟာ၊ နင်ကလည်း သူများကလေးကို သက်သက်မဲ့ဒုက္ခပေးသလို ဖြစ်နေမှာပေါ့"

"နင် ဘယ်လိုကြီးပြောလိုက်တာလဲ Punzel ရယ်"

"Rapunzel ပြောတာ မှန်တယ်ဗျ။ ကျွန်တော်တို့ရဲ့ အခြေအနေတွေက သာမန်လိုမဟုတ်တော့ ကလေးကို ဒုက္ခပေးသလိုဖြစ်မှာ။ Ivy နဲ့ Lily လေးလည်း ဒီအခြေအနေမျိုးမှာ မနေချင်ခဲ့ကြဘူးလေ။ Rapunzel ဆိုလည်း အစ်ကို့အလုပ်မှာ ဘာမှဝင်မပါဘဲ ကျောခိုင်းထားတာလေ။ Rapunzel ပြောတာမှန်ပါတယ်"

"Thank you, Chain. ကျွန်မဆိုလိုတာကို နားလည်ပေးတဲ့အတွက်ပေါ့"

"ကျွန်တော်နားလည်ပါတယ် Rapunzel"

"ငါ မင်းတို့နဲ့ အဆက်အသွယ်ပြတ်နေတာလည်း အဲဒါတွေကြောင့်ပါ။ ငါတို့ဆိုတာက ချစ်တဲ့လူတွေကို အနားမှာထားလို့အဆင်မပြေဘူးလေ။ ဒုက္ခပေးမိမှာ စိုးလို့ပါ"

Chain မျက်နှာပျက်သွားသလို၊ Rapunzel ပြုံးသွားတာဟာ Lock စကားကို အဓိပ္ပါယ်ကောက် လွဲကြခြင်းလား?

"Sorry, ငါတို့ကြောင့် စိတ်ညစ်သွားရပြီ။ ကဲပါ၊ ထမင်းဆက်စားရအောင်။ ဪ၊ Ivy, နင်မှတ်မိသေးလား? ကျောင်းတုန်းကလေ ......."

ရောက်တတ်ရာရာစကားတွေပြောကြရင်း နေ့လည်စာထမင်းဝိုင်းလေး အဆုံးသတ်သွားတယ်။ မိန်းကလေးနှစ်ယောက်ကို နားနားနေနေထားပြီး တစ်နေ့လုံး အလုပ်တွေဆက်လုပ်ကြရင်း ညနေစောင်းသွားတယ်။ ခဏနား၊ ရေချိုး၊ အဝတ်လဲကြပြီးတဲ့နောက် ညနေစာ Menu က Food & Beverages မို့ စားကြ၊ သောက်ကြ၊ ထွေရာလေးပါးပြောကြနဲ့ အိမ်ပြန်ဖို့ လမ်းခွဲကြတယ်။ Rapunzel ကိုက ကားနဲ့လာကြိုသွားပြီး စုံတွဲနှစ်တွဲ နှုတ်ဆက်ကြတော့

"Baby, ကိုယ်မောင်းမယ်လေ။ Baby သောက်ထားတာကို"

"မင်းလည်းသောက်တာပဲ။ ငါကရော မူးနေလို့လား?"

"မဟုတ်ဘူးလေ"

"တော်ပြီ၊ မပြောနဲ့။ ငါမောင်းမှာ"

"ဟုတ်ကဲ့ပါ"

"Chain, ခင်ဗျားက Ivy ကိုကြောက်ရတာပဲ"

"ကြောက်၊ ချစ်၊ ရိုသေပေါ့ဗျာ။ သူက ကျွန်တော့်ထက် အသက်ရော၊ ရာထူးရော ကြီးတာကိုး"

"ကျွန်တော်တို့မျက်စိထဲတော့ ခင်ဗျားကအငယ်နဲ့ကိုမတူတာ။ နော်၊ မိန်းမ?"

"ဟိုကောင်! မူးနေရင် မရစ်နဲ့။ မဗိုက်၊ မင်းယောက်ျားမင်းထိန်းနော်။ ငါတို့ကို လာရစ်နေတယ်။ ပြန်တော့မယ်"

"အေးပါ။ နင်တို့လင်လင်နှစ်ယောက်သာ ဂရုစိုက်သွား။ Chain ရေ နောက်လည်း ဆုံချင်ပါသေးတယ်နော်"

"ဟုတ်ကဲ့။ See you later"

"See ya!"

¤

Chain, ရှင်ကလေ၊ Architecture အကြောင်းလည်း သိလိုက်ပြန်တာပဲလား? ဆံပင်အရှည်တွေကအစ၊ အစားအသောက်တွေ၊ အပြောအဆိုတွေအဆုံး၊ အကုန်လုံးကို ဂရုတစိုက်ရှိနေခဲ့တာပဲ။ ကျွန်မတို့သူငယ်ချင်းတွေကို ဘယ်လိုပေါင်းရမလဲဆိုတာလည်း အထာနပ်ပြီးသားဖြစ်နေတယ်။

Lily ကို သွားပြောထားတာတောင် အခုထိ ရှင်တို့သာယာနေနိုင်သေးတာလား?
Lock က ကျွန်မလဲကျသွားတာကိုတောင် လှမ်းမဆွဲနိုင်လောက်အောင် ရှင့်ရှေ့မှာမို့ အနေအထိုင်ဆင်ခြင်နေတာလား?
ဘာတဲ့? ကောင်မလေးတွေကို မလိုက်တတ်ဘူးတဲ့။ အင်းပေါ့၊ ရှင် Gay နေမှတော့ ကောင်မလေးတွေကို ဘယ်လိုက်တတ်မလဲ?

ကျွန်မပြောချင်တာကို နားလည်တယ်တဲ့လား? ကျွန်မပြောချင်တာက ရှင်တို့မှာ သွေးသားအရင်း ရမလာနိုင်ဘူးလို့ ပြောချင်တာလေ။ ကျွန်မပြောချင်တာကို ရှင်သိနေတယ်လား?
ရှင်သိဖို့၊ နားလည်ဖို့လိုတာ Lock ရဲ့စကားလေ။ ချစ်တဲ့လူတွေကို အနားမှာထားလို့ အဆင်မပြေဘူးတဲ့။ အဲဒီစကားကို ရှင်နားလည်ဖို့လိုတာပါ Chain.

¤

တံခါးတွေဖွင့်ထားလို့ လေတွေကအတင်းတိုးဝင်နေတဲ့ ကားလေးထဲမှာ

"Baby ရေ၊ အရှိန်များနေပြီလေ"

"ဘယ်နားက များနေတာလဲ? Chain ငါတို့ ကားလျှောက်မောင်းရအောင်"

အခုပဲ လျှောက်မောင်းနေတာ Spectrum နဲ့တောင် တော်တော်ဝေးနေပြီကို။

"ပျော်နေတာလား Baby?"

"စိတ်ထဲ တော်တော်လေး လွတ်လပ်နေတယ်"

နောက်တော့ တံတားတစ်စင်းကနေဖြတ်မောင်းပြီး အဆင်းမှာ မြစ်ကမ်းနားထိ ကားကိုမောင်းချသွားတယ်။ ခါးပတ်ဖြုတ်ပြီးတော့ ကားပေါ်ကမဆင်းသေးဘဲ ကိုယ့်ဘက်လှည့်လာတဲ့ Baby မျက်နှာက သောက်ထားတဲ့အရှိန်ရယ်၊ လေတိုးခံထားရတာရယ်ကြောင့် နီစွေးစွေးလေး။

"မင်း ငါ့သူငယ်ချင်းတွေနဲ့အလုပ်အကြောင်း ဘယ်တုန်းကတည်းက လေ့လာထားတာလဲ?"

"Baby နဲ့ပတ်သက်သမျှ အကုန်လုံးကို ကိုယ်သိအောင်လုပ်ထားတယ်"

"မဆိုးပါဘူး။ ဒီနေ့ အကုန်လုံးဆီကနေ မင်းအမှတ်တွေရလိုက်တာပဲ"

"Baby ဆီကရောလား?"

ဒါပေမဲ့ Rapunzel ဆီကနေတော့ မရပါဘူး Baby ရာ။ လိုလည်း မလိုအပ်ဘူးလေ။

"အင်း၊ ငါက မင်းတစ်ယောက်တည်း သီးခြားဖြစ်နေမလားလို့ ထင်မိတာ"

"Chain ပါဗျာ။ အဲဒီလိုဖြစ်စရာလား?"

"ဟား ဟား၊ အဲဒါနဲ့များ ဘာလို့ မင်းရည်းစားမရခဲ့တာလဲ?"

"ထားမှမထားချင်တာ။ ဘယ်ကောင်လေး၊ ကောင်မလေးမှ ကိုယ်မမြင်ခဲ့ဘူး။ မဟုတ်ဘူး၊ ကိုယ့်နှလုံးသားက မမြင်ခဲ့ဘူး။ ကိုယ့်ထက်ရှစ်လကြီးတဲ့ Baby ကိုပဲ ကိုယ်ချစ်တာလေ"

"အဲဒီလောက်နဲ့တော့ မကြွေသေးဘူး"

ပြောပြီး ကားပေါ်ကဆင်းသွားတဲ့ Lock နောက်ကို Chain လိုက်ရပြန်ပါတယ်။
မြစ်ကမ်းဘေးမှာထိုင်ရင်း Cigarette သောက်နေတဲ့ Lock ကို ငေးနေမိတဲ့ Chain စိတ်ထဲ မရိုးမရွဖြစ်လာရတယ်။

နီညိုညိုနှုတ်ခမ်းလွှာတွေကြားက Cigarette ကြောင့် သဝန်တိုမိတယ်။ အဝိုင်းလိုက်လေးတွေ ထွက်ကျလာတဲ့ အငွေ့တွေကိုလည်း ကြည့်မရတော့ဘူး။ အဲဒီနှုတ်ခမ်းတွေကို ကိုယ့်အပိုင်အဖြစ် သိမ်းထားလိုက်ချင်တယ်။ ကြည့်မရဖြစ်မိတဲ့ အဲဒီ Cigarette က Baby လက်ချောင်းရှည်သွယ်သွယ်တွေကြားကနေ ကိုယ့်ကိုလှောင်ပြောင်နေပြန်တာလား?

"Cigarette မသောက်ဖို့ တားဦးမလို့လား? တစ်လိပ်ပဲရှိပါသေးတယ်။ တားတိုင်းဒဏ်ရာရတာလည်း မင်းအမြဲတားနေတာပဲနော်။ တကယ်ခေါင်းမာတဲ့ကောင်"

"ကိုယ်တားတယ်ဆိုတာက Baby အများကြီးသောက်နေတော့မှပါ"

"မင်းဘာလုပ်လုပ် ငါက အဆိုးပဲမြင်နေခဲ့မိတယ်ထင်တယ်"

"ကိုယ်ကလည်း အဆိုးမြင်စရာအတိတ်တွေ ရှိခဲ့ဖူးတာကြောင့်ပါ"

တစ်ချက်ရှိုက်သွင်းလိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ပြန်မှုတ်ထုတ်တဲ့အထိ မစောင့်တော့ဘဲ Cigarette လေး နှုတ်ခမ်းကခွာတာနဲ့ Baby နှုတ်ခမ်းတွေကို ဖိကပ်လိုက်မိတယ်။ အဲဒီနှုတ်ခမ်းတွေဆီမှာပဲ ရစ်ဝဲနေတဲ့စိတ်အစုံက ဒီလိုမှမလုပ်ရင် ပေါက်ကွဲထွက်တော့မယ်။
ခဏနဲ့ပြန်ခွာလိုက်တော့ ဘာမှမဖြစ်ခဲ့သလို ဆေးလိပ်ငွေ့တွေမှုတ်ထုတ်နေတဲ့ Baby ကြောင့် လူက အသည်းတယားယား။ ကိုယ့်မှာသာ ရင်ထဲ ကဆုန်ပေါက်နေတာ၊ Baby က ဘယ်လိုမှမနေဘူးလား? မကျေမနပ်နဲ့ကိုယ့်အကြည့်တွေက Baby နှုတ်ခမ်းကိုပဲ ရန်ရှာသလို ကြည့်နေတာကြောင့်

"တားတဲ့နည်း ပြောင်းလိုက်တာလား Chain?"

ကိုယ်ကိုလှည့်လာပြီး လှုပ်ရှားလာတဲ့နှုတ်ခမ်းလေးကို နောက်တစ်ကြိမ်ထိကပ်မိတော့ ပြန်မလွှတ်ချင်တော့။ အောက်နှုတ်ခမ်းက စူးခနဲဖြစ်သွားမှ ခွာလိုက်မိတယ်။ ကိုက်သွားတဲ့ ခွေးလေးက ကားပေါ်ပြန်တက်သွားပြီမို့ နောက်ကအပြေးလိုက်တော့ ကားစက်နှိုးနေပြီ။
Spectrum ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက်အောင် Baby ကိုပဲ ငေးနေမိတာ။

"ပြန်လာသေးတယ်နော်။ အချိန်ကိုလည်း ကြည့်ဦး"

"ကားလျှောက်မောင်းဦးမယ်လို့ ကိုကိုစာပို့ထားတယ်လေ"

"ဟုတ်ပါတယ်။ မပို့ရင်လည်း လူလွှတ်ရှာခိုင်းတော့မှာ။ သောက်ထားကြပြီး လျှောက်သွားနေလိုက်ကြတာ။ ပျော်နေတယ်ဟုတ်လား?"

"အင်း"

Baby က ပျော်တယ်တဲ့လား?

"Chain နှုတ်ခမ်းက ဘာဖြစ်တာလဲ?"

"ဟင်? ဘာမှမဖြစ်ပါဘူး မီးငယ်"

"ပုရွက်ဆိတ်ကိုက်တာ နေမှာပေါ့။ နားတော့မယ် မီးငယ်။ Goodnight"

Baby ပုရွက်ဆိတ်က အပေါ်ထပ်တက်သွားပြီမို့ ကိုယ်လည်းလိုက်လာရတယ်။ အခန်းထဲရောက်လို့ အပေါ်ဝတ်တွေ ချွတ်ပြီးတော့ ကိုယ့်နားချက်ချင်းရောက်လာတဲ့ Baby ကြောင့် ကြည့်လိုက်မိတယ်ဆိုရင်ပဲ ...

"အွန်း!"

လန့်ပြီး ရုန်းလိုက်မိတော့

"ဟာဟ! မင်းအလှည့်ကျ ကြောက်တတ်လိုက်တာ"

Baby ကိုယ့်ကိုနမ်းလိုက်တာလား? အိပ်မက်မက်နေတာလား? ဒါပေမဲ့ အိပ်မက်က အဲဒီလောက်နဲ့ရပ်မသွားဘဲ နောက်တစ်ကြိမ် Baby ဘက်က ထိကပ်လာပြန်တယ်။ အသိစိတ်တွေ လွတ်ထွက်သွားတဲ့နောက်မှာ ကိုယ်ဟာ Baby ဖြစ်သွားသလိုလို၊ Baby ကပဲ ကိုယ်ဖြစ်နေသလိုလို။

မင်းကပဲ ရန်စတာတွေများနေပြီ Chain. ကိုယ့်နှုတ်ခမ်းကိုယ် ရောင်လို့ရောင်မှန်းမသိအောင် မီးငယ်ရှေ့ အူကြောင်ကြောင်တွေလုပ်ပြနေတာ တော်သင့်ပြီ။ မင်းတော့ ငါနဲ့တွေ့မယ်။
အဟက်! အဲဒါလန့်သွားတာလား? ရုန်းတယ်ပေါ့? ပြန်ဆွဲဖမ်းထားမိပြီးတဲ့နောက်မှာ သူနဲ့ကိုယ်ဟာ တစ်သားတည်းဖြစ်သွားခဲ့သလား?

■■■■■ Part XXXVIII ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі