33. Thoughts
"အိပ်မပျော်လို့ပါ"
¤
"စိတ်ချပါ"
¤
"မင်း ... လူလို .. နားလည်လေ။ ထပ် ... သောက်မယ်ကွာ။ အား ... ရင်ပူလိုက်တာ"
"ရတယ်။ ငါ့ပေါ်ကို ကူတင်ပေး။ မင်းလည်းသွားနားတော့"
"ဟုတ်"
"အေ့ ... ဝေါ့"
"ရလား မီးငယ်။ ထပ်မအန်တော့ဘူးမလား?"
•
¤
"အင်း ... ပေး"
"အဆင်မပြေဘူးလား?"
"ဟုတ်လား?"
"အင်း"
"Chain ဘယ်မှာလဲ?"
"အင်း"
"ဘာဖြစ်သေးလို့လဲ?"
"ကိုယ်က ဘာပြောလို့လဲ?"
"Shut up!"
¤
"ဘာတွေဖြစ်တာလဲ Kyle?"
"ဪ"
"Note လေးပါကွာ"
Lily ထွက်သွားတော့
■■■■■ Part XXXIV ဆက်ရန် ■■■■■
"ဪ၊ နေ့လည်စာတော့ မီကြသေးတယ်နော်"
"ပြန်အိပ်ပျော်သွားကြတာ။ အစ်ကိုလေးက ရေချိုးပြီးဆင်းလာမယ်တဲ့"
"အဲဒီတော့ Chain ပြောချင်တာက Baby ကိုခဏစောင့်ပါလို့လား?"
Chain နဲ့ Lily နေ့လည်စာစားဖို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာကြပြီး အိပ်ပျော်နေကြလို့ မနက်စာလွတ်သွားတဲ့နှစ်ယောက်ကို Lily စနောက်နေခြင်းပါ။
Chain က ခေါင်းသာညိတ်ပြလိုက်တယ်။ ပြင်ပေးထားတဲ့ထမင်းဝိုင်းမှာ ဝင်ထိုင်ကြပြီး အိမ်အကူတွေထွက်သွားချိန်မှာပဲ Lock က အချိန်ကိုက်ရောက်လာပါတယ်။
"ကိုကိုတို့ ညက ဘာတွေထဖောက်ကြတာလဲ?"
"အိပ်မပျော်လို့ပါ"
"အိပ်မပျော်ရင် အဲဒီလိုသောင်းကျန်းရတာလား? တော်ရုံဆိုမပြောပါဘူး။ အခုဟာက ဝရန်တာထွက်ပြီး အသံတွေကလည်း တဖြည်းဖြည်းကျယ်လာတာ စိတ်ကုန်စရာ။ မနက်ကလည်း အကုန်လုံးပြောနေကြတယ်။ အစ်ကိုလေးနဲ့ Chain က ညကမူးပြီးများ သီချင်းတွေထဆိုကြတာလားတဲ့။ Night Duty ကျတဲ့ Guard တွေကတော့ ခေါင်းဆောင်တို့ ညတိုင်းအဲဒီလိုဆိုရင် သူတို့မပျင်းရဘူးတဲ့"
"အင်း၊ အဲဒီတော့ဘာဖြစ်လဲ? အားလုံးသဘောကျတယ်လေ။ မီးငယ်တစ်ယောက်ပဲ ဘာထဖြစ်နေတာလဲ?"
"ကိုကို! ဟုတ်ပြီ၊ မှတ်ထားနော်။ တစ်ခုခုသိချင်မှ မီးငယ်ရေ... ဆိုလို့ကတော့ No ပဲ။ Chain, ကိုယ့်လူကိုယ်ကြည့်ထိန်းလေ။ ဘာကိစ္စ မီးလောင်ရာ လေပင့်ပေးနေတာလဲ?"
"အစ်ကိုလေးက အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာလို့ မီးငယ်"
"အာ ... အင်းပါ။ ဂရုစိုက်ပါကိုကိုရယ်။ သိပ်အများကြီး မတွေးနဲ့လေနော်"
စိုးရိမ်သွားတဲ့မျက်နှာလေးနဲ့ Lily က အစ်ကိုကိုတော့ အရမ်းချစ်တတ်သူပါ။
¤
တစ်ပင်လုံး ပန်းရောင်ဖြစ်နေတဲ့အပင်တွေအောက်က ခုံဝိုင်းလေးတွေနဲ့ ချစ်စရာကော်ဖီဆိုင်လေး။ ထောင့်ကျကျဝိုင်းမှာ ထိုင်နေတဲ့ အနက်ဝမ်းဆက်နဲ့ Lily ဆီ ပန်းရောင်ပွင့်ကြွေတွေကို ဖြတ်နင်းပြီးဦးတည်လာတဲ့ အနီတောက်တောက် High Heels နဲ့ အနီရောင်မိန်းမလှတစ်ဦး။
"Good Evening, Rapunzel. ဘာကိစ္စများ အရေးတကြီးပြောစရာရှိလို့လဲ?"
"Good Evening. အရေးကြီးတယ်ဆိုပါတော့"
ဒီဆိုင်လေးက နာမည်ကြီးနေတဲ့ ကော်ဖီနဲ့ကိတ်ကိုပဲ မှာကြပြီးတဲ့နောက် အရင်ချိန်းလိုက်တဲ့ Rapunzel က
"တို့အစ်ကိုနဲ့ Chain က ရင်းနှီးကြသလား?"
"အဲဒါ Hurricane ကိုမေးကြည့်ရင် ပိုပြီးတိတိကျကျသိရမှာပေါ့"
"တို့ ဒီမှာမရှိတုန်းများ ရင်းနှီးသွားကြသလားလို့ပါ။ အဲဒီလိုတွေက Lily က ပိုသိနိုင်တာမျိုးလေ"
"သိရုံသိကြတာအပြင် တရင်းတနှီးဆက်ဆံရေးမျိုးတော့ Lily မတွေ့မိပါဘူး"
"ဒါဆိုရင်တော့ တစ်ချက်စုံစမ်းကြည့်ပါ။ တို့အစ်ကိုနဲ့ Chain က Lily ထင်တာထက် ပိုရင်းနှီးလိမ့်မယ်ထင်တယ်"
"Rapunzel က ဘာသိထားလို့လဲ?"
"မသိထားလို့ Lily ကိုမေးတာပေါ့။ ဒီပုံကိုကြည့်ကြည့်လိုက်ပါ"
Rapunzel ထုတ်ပြတဲ့ပုံကိုကြည့်မိတော့ ကားတွေဆီကို စကားပြောရင်းလျှောက်လာကြပုံရတဲ့ Chain နဲ့ Hurricane. လုပ်ငန်းအရသိကျွမ်းပုံမျိုးထက်ပိုတဲ့ အနေအထားမျိုး၊ မျက်နှာအမူအရာမျိုးတွေနဲ့ ငယ်ပေါင်းသူငယ်ချင်းတွေလို တရင်းတနှီးအပြုံးတွေ။ Lily သိသလောက်က Lock နဲ့ Hurricane တို့ သိကျွမ်းသလောက်တောင် Chain နဲ့ Hurricane က နီးစပ်မနေပါ။ အခုက ဘယ်လိုအခြေအနေလဲ?
"Rapunzel က ကိုယ့်အစ်ကိုကိစ္စကို ဘာလို့ သူစိမ်းကိုပြောပြနေတာလဲ?"
"တို့မေးလို့ရမယ့်ကိစ္စမျိုး မဟုတ်တော့ စုံစမ်းနိုင်မယ့်သူကိုပဲ ပြောပြရတာပေါ့။ Lily တောင် သတိမထားမိဘူးဆိုတော့ သူတို့ကိစ္စက သာမန်တော့မဟုတ်ဘူးထင်တာပဲ။ အဲဒီနေရာကို Lily လည်းသိမှာပါ။ တို့အစ်ကိုကိုသွားမေးလို့ရတဲ့ နေရာမျိုးမဟုတ်ဘူးလေ"
ဟုတ်ပါတယ်။ Blue Diamond ရဲ့ အရေးကြီး Appointment တွေမှသာ သုံးလေ့ရှိတဲ့နေရာမို့ လုပ်ငန်းကိစ္စတွေဝင်မပါတဲ့ Rapunzel အတွက်က မေးစရာအကြောင်းပြချက်မရှိနိုင်။
"Lily က Rapunzel ကို ပြန်ပြောပြပေးရမှာလား?"
"မလိုပါဘူး Lily. အဲဒီထဲမှာ တို့နဲ့ပတ်သက်တာ တို့အစ်ကိုပဲရှိတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကိစ္စတော့ ပါမနေဘူး။ Lily အတွက်ကတော့ စိတ်ဝင်စားစရာတွေများနေမယ်လို့ ထင်ရလို့လေ"
"Lily အတွက် သီးသန့်ကြီးစဉ်းစားပေးလိုက်တာတော့ မဟုတ်ဘူးထင်ပါတယ်"
"တို့သူငယ်ချင်း၊ မင်းကိုကိုအတွက်လည်း တစ်ခုခုများ ထူးခြားမလားလို့ ထင်မိလို့ပါ"
"ဘယ်လိုအတွေးမျိုးကြောင့်ဖြစ်ဖြစ်ပေါ့လေ။ အသိပေးတာ ကျေးဇူးတင်ပါတယ် Rapunzel"
"တို့အစ်ကိုအတွက် မထိခိုက်နိုင်ဘူးလို့တော့ ယုံကြည်ပါတယ်"
"စိတ်ချပါ"
¤
"ကိုကို အများကြီးသောက်လာတာလား Chain?"
"Leo ကြီးနဲ့သောက်ကြတာ။ နှစ်ယောက်လုံး များသွားကြတယ်"
Lock ကို Chain နဲ့ Austin နှစ်ယောက်ထိန်းလာတာကိုတွေ့လို့ Lily မေးမိတာကို
"ဘယ်သူ ... က များတာလဲ? အေ့ ... ဟေ့ကောင်! Chain, အိမ်မပြန် ... အင်း ... သေးဘူးနော်။ No!"
"အိမ်ကိုရောက်နေပြီလေ Baby ရယ်"
"မင်း ... လူလို .. နားလည်လေ။ ထပ် ... သောက်မယ်ကွာ။ အား ... ရင်ပူလိုက်တာ"
Chain ရဲ့အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်လို့ ယိုင်ထိုးနေတာတောင် ထပ်သောက်မယ်လုပ်နေသေးတာ။ ရင်ပူတယ်က အော်နေသေး။ ရင်ဘတ်က ဟပြဲနဲ့။
နှစ်ယောက်လုံးရဲ့ ကုတ်တွေကို Austin ဆီကနေ Lily လက်လွှဲယူလိုက်တယ်။
"Austin, အစ်ကိုလေးကို ငါ့ကျောပေါ်တင်ပေး"
"ကျွန်တော်ပို့ပေးမယ်လေ"
"ရတယ်။ ငါ့ပေါ်ကို ကူတင်ပေး။ မင်းလည်းသွားနားတော့"
"ဟုတ်"
Chain က Lock ကိုကျောပိုးပြီး အပေါ်ထပ်အိပ်ခန်းဆီခေါ်သွားတော့ Lock ပါးစပ်က အော်ဟစ်သောင်းကျန်းနေသေးတာ။ Lily က နောက်ကထိန်းပေးရင်း အခန်းထဲရောက်တော့ ခုတင်ပေါ်ယိုင်ထိုးနေရင်းက ကြို့ထိုးလာကာ အန်ဖို့အစပျိုးပြန်သော အမူးသမားကြောင့်
"အေ့ ... ဝေါ့"
Lily ထိန်းပေးထားတဲ့ Lock က သူ့ကိုယ်ပေါ်သူ အန်ချမိမလိုဖြစ်တာကြောင့် Chain က လက်နှစ်ဖက်နဲ့ထိုးခံပေးလိုက်တော့ Lily အံ့ဩသွားမိတယ်။ Lily ဆိုရင်ရော Chain ကို အဲဒီလို သည်းခံချစ်နိုင်ပါ့မလား? Lily တစ်ယောက် အခန်းထောင့်မှာရှိနေတဲ့ အမှိုက်ပုံးအသစ်ကို ပြေးယူပေးလိုက်တော့မှ မျက်နှာတစ်ချက်မပျက်တဲ့ Chain က ရေချိုးခန်းဘက်ထသွားလေရဲ့။
ခဏနေတော့ ရေဇလုံနဲ့အဝတ်စိုတစ်ခုနဲ့ ပြန်ဝင်လာကာ
"ရလား မီးငယ်။ ထပ်မအန်တော့ဘူးမလား?"
"ရပ်သွားပြီ။ ရေဖတ်တိုက်ပေးမလို့လား? ပေးလေ၊ မီးငယ်ကူမယ်"
"ရတယ် မီးငယ်။ ကိုယ်ပဲလုပ်ပေးလိုက်မယ်။ ညနက်နေပြီ၊ မီးငယ်နားတော့လေ"
အဒေါ်ကြီးကိုခေါ်ပြီး ရှင်းစရာရှိတာတွေ လာပြန်ယူတော့ အစ်ကိုဖြစ်သူကို ခြေအိတ်တွေချွတ်ပေးပြီး ခြေထောက်တွေကိုပါ ရေစိုဝတ်နဲ့ သန့်ရှင်းပေးနေတဲ့ Chain ကြောင့် ပြုံးမိရပြန်တယ်။
Lily က Chain ကိုချစ်တဲ့အချစ်ဆိုတာ Chain က သူ့ Baby ကိုချစ်တဲ့အချစ်နဲ့ယှဉ်ရင် ...
မဟုတ်သေးပါဘူး၊ ယှဉ်ဖို့တောင်မရဲတော့ပါဘူး။ ဒီတိုင်းလေးက Lily တို့သုံးယောက်အတွက် တော်တော်လေးအဆင်ပြေနေတာမို့ Lily အချစ်ဆိုတာ အစ်ကိုနှစ်ယောက်အတွက် ၁၅၀၀ မေတ္တာသက်သက်ပဲ ရှိပါတော့တယ်။
•
ရေဖတ်တိုက်ပေး၊ သက်တောင့်သက်သာအဝတ်အစားတွေ လဲပေးပြီးချိန် Baby က ငြိမ်ငြိမ်လေးအိပ်ပျော်နေတာ ခုနကသောင်းကျန်နေတာ သူမဟုတ်သလို။ ချစ်တယ် Baby, ပိုပိုပြီးချစ်လာတယ်။ ကိုယ့်ကို တစ်ခါလောက်ပေးနမ်းပါ။
Lock နှုတ်ခမ်းကို ခပ်ဖွဖွနမ်းပြီး Chain ရေချိုး၊ အဝတ်လဲကာ ခုတင်ပေါ်လှဲမိတယ်။ အိပ်တာမဟုတ်ဘဲ Lock ခုတင်ဘက်ကို မျက်နှာမူလှဲနေပြီး မြတ်မြတ်နိုးနိုးစိုက်ကြည့်နေမိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
¤
မျက်စိစူးလိုက်တာ။ Chain တစ်ကောင် မီးတွေမပိတ်ဘူးလားမသိဘူး။ လူက ခေါင်းမကြည်ကာမှ အကုန်လုံးက အလိုမကျစရာတွေ။
မျက်စိကိုအတင်းဖွင့်ကြည့်တော့မှ တစ်လောကလုံးက လင်းထိန်လို့။ ဒါတောင် ကိုယ့်မျက်နှာဆီ အလင်းကျမယ့်နေရာတွေကို လိုက်ကာချထားတာပဲ။ ဘယ်အချိန်တွေ ရှိကုန်ပြီလဲ?
အုံခဲနေတဲ့ ခေါင်း၊ လေးလံနေတဲ့ မျက်ခွံတွေကို အတင်းဆွဲမပြီး နာရီကိုကြည့်မိတော့
"နေ့လည်တောင်ရောက်ပြီလား? Chain! လာဦး။ မင်းဘယ်မှာလဲ Chain?"
ဘာ Reply မှ ပြန်မလာ။ အောက်ထပ်ကိုဖုန်းခေါ်လိုက်ပြီး ခဏလေးအတွင်းမှာပဲ
"Baby နိုးနေတာ မသိလိုက်ဘူး။ ရော့ ဒီမှာ၊ ခေါင်းရှင်းသွားအောင်သောက်လိုက်ဦး"
"အင်း ... ပေး"
"အဆင်မပြေဘူးလား?"
"အင်း၊ ရေချိုးလိုက်ရင် ကောင်းသွားမှာပါ။ ညက အိမ်ပြန်ရောက်တာ မသိလိုက်ဘူး"
"Baby က အိမ်မပြန်ချင်ဘူးပဲ ဆက်တိုက်ပြောနေတာ"
"ဟုတ်လား?"
"အင်း၊ ဂိုဏ်းထဲမဝင်ချင်လို့ ခေါင်းဆောင်နဲ့စကားများပြီး သွားသောက်တဲ့ညကလိုပဲ"
"ဟားဟား ... မင်း တော်တော်မှ ထိန်းလိုက်ရရဲ့လား?"
ခေါင်းသာခါပြလိုက်ပြီး
"ရေချိုးလိုက်ဦး Baby, အမူးပြေအောင် ဟင်းချိုလုပ်ပေးနေတာ။ ရေချိုးပြီး ဆင်းခဲ့လေနော်"
"အင်း"
Lock ရေချိုးပြီးဆင်းလာတော့ ဧည့်ခန်းမှာသန့်ရှင်းရေးလုပ်နေတဲ့ ကလေးမလေးနှစ်ယောက်ကို တွေ့ရတယ်။
"ဒါဆို အစ်ကိုလေး Chain က ခေါင်းဆောင်အစ်ကိုလေးကို တော်တော်ချစ်တာပေါ့နော်"
ကိုယ်တွေအကြောင်းပြောနေတာမို့ အောက်ရောက်တဲ့အထိ ဆင်းမသွားသေးဘဲ နားထောင်နေမိတယ်။ ဒီလိုအတင်းပြောတာတွေ သဘောမကျပါဘူး။
"နင်ကလည်း၊ အဲဒါအရမ်းသိသာနေတာပဲကို။ ခေါင်းဆောင်အစ်ကိုလေးကသာ အေးစက်စက်နိုင်တာ"
"အင်း၊ ငါဆိုရင်တော့ အရက်မူးလာတဲ့ယောက်ျားကို အဲဒီလောက်လုပ်ပေးနိုင်မှာမဟုတ်ဘူး။ သူ့ဘာသာ မူးလို့အန်ရင်လည်း သူ့ဘာသာ ပေပါစေပေါ့။ အန်တာတွေကို လက်နဲ့ခံထားဖို့ဆိုတာကြီးက ... အမလေး၊ တွေးလို့မရပါဘူး။ ခေါင်းဆောင်အစ်ကိုလေးကို အားကျလိုက်တာ။ အရမ်းကို အချစ်ခံရတာပဲ"
Lock မနေနိုင်တော့တာမို့ ခြေသံပေးဆင်းလာလိုက်ပြီး
"Chain ဘယ်မှာလဲ?"
"ခေါင်းဆောင် ... အစ်ကိုလေး! ဟို ... ဟို မီးဖိုခန်းထဲမှာ အစ်ကိုလေး Chain ရှိပါတယ်"
"အင်း"
သူတို့ခေါင်းဆောင် မီးဖိုခန်းဘက်ထွက်သွားတော့မှ
"ကြားသွားလားမသိပါဘူး၊ ဒုက္ခပါပဲ"
"ဘာမှမှ ပြောမသွားတာ။ ခေါင်းဆောင်အစ်ကိုလေးကလေ ဟိုတစ်ခါ ဆေးရုံဆင်းလာပြီးတည်းက တော်တော်လေးပြောင်းလဲနေတာ။ အရင်လို ဒေါသမကြီးလောက်တော့ပါဘူး။ စကားမများနဲ့၊ အလုပ်ပဲအာရုံစိုက်စမ်းပါ"
"အေးပါဟဲ့! မပြောတော့ပါဘူး"
Lock ဝင်လာတော့ Chain က ပန်းကန်လုံးတစ်ခုကို စားပွဲပေါ်သယ်လာနေပြီး အဒေါ်ကြီးက ကျန်တဲ့အလုပ်တွေ ကူနေတာ တွေ့ရတယ်။
"အစ်ကိုလေး ဆင်းလာပြီပဲ။ သက်သာရဲ့လား? Chain က အစ်ကိုလေးအတွက် ဟင်းရည်ချက်နေတာ အခုပဲရတယ်"
"ဟုတ်၊ အဆင်ပြေပါတယ် အဒေါ်ကြီး"
"ဟင်းရည်လေး အရင်သောက်လိုက် အစ်ကိုလေး။ ခေါင်းမကြည်ရင် အစားပါပျက်မယ်။ နေဦး! ပန်းကန်သက်သက် ခွဲထည့်ပေးမယ်"
Chain က သေသေချာချာလေး လုပ်ကိုင်ပေးပြီး
"အဆင်ပြေလား အစ်ကိုလေး။ ညက တစ်ရေးနိုးတော့ ပူတယ်လို့ထအော်နေသေးတယ်။ အခု ရင်ပူသေးလား? ညက ရေတွေအရမ်းသောက်ပြီး အိမ်သာခဏခဏထသွားတာရော မှတ်မိလား?"
ပြုံးပြီးမေးလာတဲ့ Chain ကိုကြည့်ကာ တွေးနေပေမဲ့ ဘာမှမမှတ်မိ။ Kitchen ထဲလည်း နှစ်ယောက်တည်းကျန်နေခဲ့တာကြောင့်
"ငါ အဲဒီလောက်မူးသွားတာလား? ဘာမှမမှတ်မိဘူး။ ပြီးတော့ ညက ငါတော်တော်သောင်းကျန်းတယ်ဆို?"
"သေချာတာပေါ့။ တော်တော်ဆိုးတယ်။ ပြန်အိပ်မပျော်သွားခင် ဘာဖြစ်ကြသေးလဲရော မှတ်မိလား?"
"ဘာဖြစ်သေးလို့လဲ?"
"ဪ ... မမှတ်မိဘူးလား? ရပါတယ်လေ၊ တရားဝင်လက်ထပ်ထားတာဆိုတော့ နစ်နာတယ်လို့ မတွေးတော့ပါဘူး"
"ဟေ့ကောင်၊ မဖြစ်နိုင်တာတွေ မပြောနဲ့"
"ကိုယ်က ဘာပြောလို့လဲ?"
"အဲဒါဆို မင်းက ဘာပြောချင်တာလဲ?"
"ဘာမှမဟုတ်ပါဘူး။ အိမ်သာခဏခဏသွားပြီး အိပ်မပျော်ခင်တစ်ခေါက်က မထနိုင်တော့ဘူးဆိုလို့ Baby ကိုယ်ကြီးကို မပြီးပို့ပေးလိုက်ရတယ်လို့ ပြောပြမလို့ပါ"
"ခွေးကောင်၊ ရိုးရိုးပြောလေ အဲဒါကို"
"Baby က ဆန်းဆန်းပြားပြားတွေ တွေးနေတာလား?"
"Shut up!"
Chain က အသံထွက်မလာတော့ပေမဲ့ ကြိတ်ရယ်နေတာကြောင့် Lock ရဲ့ အကြည့်စူးစူးတွေနဲ့ ပြာကျမတပ်ပါပဲ။
¤
ဖုန်းနံပါတ်မပါဘဲ ဘယ်ဘာသာစကားမှမဟုတ်တဲ့ စာတစ်စောင်ကြောင့် Chain စိတ်ထင့်သွားရတယ်။ Hurricane နဲ့ သီးသန့်ဆက်သွယ်တဲ့ Code တွေ။ ဘာတွေအရေးကြီးလဲဆိုတဲ့အတွေးနဲ့ အလုံခြုံဆုံးက Basement မှာမို့ လူမသိအောင်ဆင်းလာခဲ့လိုက်မိတယ်။
Mail Box မှာဝင်နေတဲ့စာတွေကို ဖတ်ကြည့်မိတော့ Lily က တစ်ခုခုကို စုံစမ်းနေတယ်တဲ့။ ဘယ်လိုတွေဖြစ်တာလဲ?
"ဘာတွေဖြစ်တာလဲ Kyle?"
"Lily က ငါ့ကိုစောင့်ကြည့်နေတယ်။ သူက မင်းနောက်ကြောင်းကိုလိုက်နေလို့ ငါဖျက်ချထားတာ။ အခုက ငါ့ဘက်လှည့်လာပြီ။ ငါရှာကြည့်တော့ ငါ့ညီမက Lily ကို သွားတွေ့ထားတယ်။ ငါ့ညီမရဲ့ပစ်မှတ်ဆိုရင် မင်းပဲ။ မင်း သတိထားပါ။ ဒီအတိုင်းဆို ငါတို့ရဲ့ပတ်သက်မှုကို Lily သံသယဝင်နေပြီ"
"ဟာကွာ! မဖြစ်ဘူးလေ။ သတိပေးတာ ကျေးဇူးပဲ။ ငါတို့ခဏလောက် ငြိမ်နေကြတာပေါ့။ Lily သံသယကိုတော့ ငါပဲကြည့်လုပ်လိုက်မယ်"
"Ok, အရေးကြီးမှ ဆက်သွယ်ပါ"
Basement ကပြန်မထွက်ခင် ဝင်ခဲ့ပါတယ်ဆိုတဲ့ သဲလွန်စတွေ အကုန်ဖျောက်လိုက်ပြီးချိန် အသံကြားရတာကြောင့် Lock အခန်းဘက်တက်တဲ့အပေါက်ဆီ ဦးတည်လိုက်တယ်။ ဝင်လာတာက Lily. ဒါဆို Lock ဆီကသော့တောင်းခဲ့တာပေါ့။ Chain ကံကောင်းသွားတာက Basement ကို Lock အခန်းကနေ ဆင်းခဲ့မိတဲ့တစ်ချက်။ ပြန်တက်သွားပြီး Guitar ကိုင်ကာ ကြိုးညှိနေတုန်း Lock က အခန်းထဲရောက်လာတယ်။
"မင်းက ဒီမှာလက်ဆော့နေတာကိုး"
"Baby က ဘယ်ရောက်သွားတာလဲ?"
"Indigo မှာရောက်နေတာပါ။ Lily နဲ့ Rapunzel တို့မောင်နှမအကြောင်း ပြောဖြစ်ကြလို့ ကြာသွားတာ"
"ဪ"
ပြောနေရင်း Lock ဖွင့်ဝင်လာပြီး ပြန်မပိတ်ခဲ့တဲ့ တံခါးပေါက်မှာ Lily ရောက်လာကာ
"ကိုကို့ကို သော့ပြန်လာပေးတာ။ Chain, အဲဒီ Guitar ကိုင်နေပြန်ပြီလား? ကြောက်တယ်နော်"
"ဟားဟား၊ မကြောက်ပါနဲ့။ လက်ဆော့ကြည့်ရုံပါ။ အခုတောင် ညောင်းလာလို့ သိမ်းတော့မလို့"
"စာရွက်တွေကဘာတွေလဲ? Wow! သီချင်းရေးနေတာလို့တော့ မပြောနဲ့နော် Chain"
"Note လေးပါကွာ"
"ဟုတ်ပါပြီ၊ ဆော့ပါ။ မိုးလင်းခါနီးမှ ထမသောင်းကျန်းရင်ရပြီ"
Lily ထွက်သွားတော့
"Chain, သန်ဘက်ခါ ငါတို့သူငယ်ချင်းတွေ တွေ့ဖို့ချိန်းထားတယ်။ အဲဒါ မင်းလိုက်ခဲ့"
"လွတ်လွတ်လပ်လပ်တွေ့ကြပါ။ ကိုယ်ပါရင် ဘယ်အဆင်ပြေပါ့မလဲ?"
"မင်းပါမှဖြစ်မှာ။ Ivy အနေနဲ့က အဆင်ပြေပေမဲ့ Lock ရဲ့မှတ်ဉာဏ်တွေအတွက် မင်းရှိမှရမှာ။ ဟိုနှစ်ယောက်က Lock ရဲ့အခြေအနေကိုမသိပေမဲ့ Rapunzel က သိတယ်လေ။ မင်းလိုက်မှရမှာ"
"အဲဒီလိုဆိုရင်တော့ လိုက်ပေးမယ်"
"ရုပ်က ဘယ်လိုဖြစ်သွားတာလဲ?"
"ပျော်တာလေ။ Baby က ကိုယ့်ကိုလိုအပ်ပါတယ် ဆိုတာမျိုးက ကိုယ့်အတွက် ပျော်စရာတစ်ခုပဲ"
"အပိုတွေမလုပ်စမ်းနဲ့ကွာ"
"အဲဒါအပိုတွေမဟုတ်ဘူးလေ"
"မဟုတ်လည်း ပါးစပ်ကထုတ်ပြောမနေနဲ့။ ငါကျောချမ်းတယ်"
Chain ပါးစပ်ကိုလက်နဲ့ပိတ်ကာ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တော့ Lock ပြုံးမိသွားတယ်။
နောက်တော့ Chain က သူ့ခုတင်မှာသူ Guitar တစ်လက်နဲ့ အလုပ်များနေသလို Lock ကလည်း Diary ထုတ်ပြီး အတွေးများနေခဲ့တယ်။ အခုနောက်ပိုင်း Chain တစ်ယောက် ဒီအခန်းထဲမှာနေရတာ အရင်လို တွန့်ဆုတ်မနေခဲ့တာတော့ သိသာပါတယ်။ Lock ရဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံမှုတွေက Chain အတွက် စိတ်သက်သာရာရစေတယ် ထင်ပါရဲ့။ အခုလည်း သာသာယာယာ ဂီတသံစဉ်တွေ ဖန်တီးနေပါတယ်။
Lock ကတော့ Diary စာမျက်နှာသစ်တွေကို ဖန်တီးနေမိတယ်။
တကယ်ပါ၊ Chain အတွက်က သူ့ခံစားချက်ကို ဖွင့်ဟတာပေမဲ့ ကိုယ့်အတွက်က အသားမကျ။ အစပိုင်းတုန်းက တစ်ခါတလေ စိတ်ထဲမကြည်ဖြူသလို အပြစ်ရှာချင်မိတယ်။ ဒါပေမဲ့ သိပ်သိသာလွန်းတဲ့ သူ့အချစ်တွေကြောင့် အပြစ်မမြင်မိတော့ပါ။ ကိုယ့်အတိတ်တချို့ထဲ သူ့အတွက်အမုန်းတွေရှိခဲ့ရင်တောင် Ivy ကတော့ Chain ကိုမမုန်းတာ သေချာပါတယ်။
လိင်တူချင်းလက်ထပ်ယူထားတဲ့အဖြစ်က ကိုယ့်အတွက် ဘာမှအထွေအထူးမခံစားရ။ ဒါဆို ကိုယ်ဟာ Straight တစ်ယောက်မဟုတ်ခဲ့ဘူးလား? ဒီလိုဆိုလို့ Chain အပေါ်ခံစားချက်ရှိသလားဆိုတော့ သူငယ်ချင်းလို၊ ညီအစ်ကိုလိုအပြင် ရင်ခုန်ခံစားမှုဆိုတာက ဖြစ်မလာခဲ့။ ဒါပေမဲ့လည်း သူ့ကို ကိုယ့်ခင်ပွန်းတစ်ယောက်အနေနဲ့ သတ်မှတ်ထားမိတာကရော ဘယ်လိုစိတ်အခြေအနေလဲ?
သူ့ဘက်က သူ့အချစ်တွေကို ထုတ်ပြလာတဲ့အခါမျိုးမှာ ကိုယ့်အတွက်က အနေရခက်စေပြန်တယ်။ မီးငယ်နဲ့စကားပြောရင်း ကိုယ့်ဘက်က စနောက်မိတဲ့အခါမျိုးမှာ သူ့ရဲ့ အနေရခက်သလိုအမူအရာတွေက ကိုယ့်ကို စိတ်ကျေနပ်စေတယ်။ မီးငယ်ရဲ့ ရှေ့နောက်မလွတ်တဲ့စကားတွေကလည်း ကိုယ့်ကိုပြုံးရယ်စေတယ်။
ကိုယ့်အခြေအနေက နှစ်ဘဝပြောင်းနေရသလိုဖြစ်နေလို့ မမှတ်မိသေးတဲ့ Lock ရဲ့မှတ်ဉာဏ်ထဲက Chain နဲ့ပတ်သက်တဲ့ခံစားချက်ကို သိချင်မိတယ်။
Lock က Chain ကို မုန်းနေပါသလား?
■■■■■ Part XXXIV ဆက်ရန် ■■■■■