1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
39. Upside-down
"Chain! သတိထားေလ။ Chain?"

Lily ေအာ္ေခၚေနေသာ္လည္း မရ။

"Bryan, ကိုႀကီးဆီဖုန္းေခၚ"

"ဟုတ္၊ မမေလး"

Bryan က Hepius ဆီဖုန္းေခၚမယ္အလုပ္ Lock က ဖုန္းကိုဆြဲယူထားလိုက္ေတာ့ Lily က Chain ကို Bryan ဆီလက္လႊဲလိုက္ၿပီး အိမ္ေရွ႕ေျပးထြက္သြားေတာ့တယ္။ အိမ္ေရွ႕ေရာက္မွ ဖုန္းထုတ္ကာ

"ကိုႀကီး၊ Chain ေလ ... ႏွာေခါင္းေသြးလၽွံၿပီး ေမ့လဲသြားတယ္။ ကိုကိုနဲ႔ Pandora's Box ကျပန္လာေတာ့ ေရာက္ေရာက္ခ်င္း ကိုကိုက ကြာရွင္းစာခ်ဳပ္ျပင္ခိုင္းၿပီး ကြာရွင္းၾကတယ္။ လက္မွတ္ထိုးၿပီးေတာ့ Chain လဲက်သြားတာပဲ"

"............."

"ဟုတ္၊ ျမန္ျမန္လာခဲ့ပါ"

Lily ျပန္ဝင္လာေတာ့ Lock က ရွိမေနေတာ့ပါ။ Bryan ေတာင္းပန္ထားတာမို႔ ဘာမွမေျပာဘဲ အေပၚထပ္တက္သြားတယ္တဲ့။
Chain ကို ဆိုဖာေပၚလွဲေစၿပီး Hepius ကိုေစာင့္ရင္း Lily က Bryan နဲ႔ အေၾကာင္းစံု ေမးျဖစ္ၾက၊ ေျပာျဖစ္ၾကတယ္။
Junction နားေရာက္ေနတယ္ဆိုတဲ့ Hepius ေရာက္လာေတာ့

"ဘယ္လိုျဖစ္ျပန္ၿပီလဲကြာ? ဟိုေကာင္ဘာလုပ္လိုက္ျပန္ၿပီလဲ? ကားေပၚတင္ဖို႔ျပင္ၾက"

"ဟုတ္"

"ျပန္လာတုန္းကေတာ့ ကိုကိုေဒါသထြက္ေနတာကလြဲၿပီး Chain ပံုစံက ဘာမွမျဖစ္သလိုပဲ"

ကားနားအထိလိုက္လာၿပီး Lily ကရွင္းျပေနတယ္။

"မမေလး၊ ကၽြန္ေတာ္လိုက္သြားမယ္။ Doctor ကို ကၽြန္ေတာ္ေျပာစရာေတြရွိလို႔"

"ဒါဆို Lily လိုတာေလးေတြလုပ္ၿပီးရင္ လိုက္လာခဲ့မယ္"

ကားထြက္လာၾကေတာ့မွ Bryan က

"Doctor, Chain က ေခါင္းေတြကိုက္ေနတာ ေတာ္ေတာ္ၾကာၿပီ။ ႏွာေခါင္းေသြးလၽွံတာလည္း ေတြ႕မိတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ မေတာ္တဆေတြ႕မိတာက ပံုမွန္ Dairy ေတြထက္အေသးစိတ္တဲ့ ေန႔စဥ္မွတ္တမ္းေတြကို လြန္ခဲ့တဲ့ခုနစ္လေလာက္တည္းက ေရးထားတယ္။ Video File နဲ႔ပါ Record လုပ္ၿပီးသိမ္းထားတဲ့ ေန႔စဥ္မွတ္တမ္းသေဘာမ်ိဳး ရွင္းျပထားတာေတြလည္း ရွိေနတယ္"

"အဲဒါဆို သူက ဘာျဖစ္တာလဲ?"

"သူတစ္ခုခုကို ေမ့သြားမွာစိုးလို႔မ်ားလား Doctor?"

"သူ႔မွာ အဲဒီလိုျဖစ္ရေလာက္ေအာင္ ဘာမ်ားထိခိုက္ဖူးလို႔လဲ?"

"ဟိုေလ၊ ကၽြန္ေတာ္ထင္တာ ... အရင္ေခါင္းေဆာင္ကိစၥနဲ႔ Paris ကျပႆနာမွာ Chain ေခါင္းဒဏ္ရာရဖူးတယ္။ ကၽြန္ေတာ္ေသခ်ာမသိေပမဲ့ အဲဒီေဆး႐ံုမွာ သူ႔ဘာသာေဒါက္တာနဲ႔ အေျခအတင္ေျပာေနတာေတာ့ မွတ္မိတယ္"

"ဘာ! အဲဒါ ႏွစ္ႏွစ္ေက်ာ္ၿပီေလ။ အဲဒီတုန္းက ငါ့ကို ဘယ္သူမွဘာမွမေျပာၾကဘူးေလ"

"Chain ဒဏ္ရာ ေဆးထည့္ၿပီးေပ်ာက္သြားတာပဲမို႔ ဘာမွမျဖစ္ႏိုင္ဘူး ထင္ခဲ့တာပါ"

"အဲဒါဆို အခုမွဘာလို႔ေျပာလဲ? ငါ့ကို အဲဒီကတည္းက မေျပာၾကဘူး"

"အဲဒီတစ္ေခါက္အျပင္ ေခါင္းကို ျပင္းျပင္းထန္ထန္ထိတာမ်ိဳး မၾကံဳဖူးဘူးေလ။ အဲဒီတုန္းကထိတာသာ က်ည္ဆန္ရာဆိုရင္ အျပင္ဒဏ္ရာကေတာ့ ေပ်ာက္လြယ္တယ္မဟုတ္လား Doctor? ကၽြန္ေတာ္ထင္သလို မျဖစ္ႏိုင္ပါဘူးေနာ္"

Hepius ၿငိမ္က်သြားၿပီး မ်က္ႏွာပ်က္လာတယ္။ တစ္ခုခုေတြးေနၿပီးမွ

"အဲဒီေဆး႐ံုကိုဆက္သြယ္ဖို႔ တစ္ခ်က္ရွာလိုက္ပါ Bryan, မင္းထင္သလိုမျဖစ္ဖို႔ ငါလည္းဆုေတာင္းပါတယ္"

ေဆး႐ံုေရာက္တာနဲ႔ Hepius တို႔ ပ်ာယာခတ္ေနေတာ့တယ္။ Screen ေရွ႕ရပ္လိုက္ၿပီး Scan ကို တိုက္႐ိုက္ၾကည့္မိတယ္ဆိုရင္ပဲ Nancy က Hepius ကို ထိတ္လန္႔တၾကားၾကည့္လာတယ္။
Chain ေခါင္းထဲ သတၱဳအစတစ္ခုရွိေနခဲ့တယ္။ ႏွစ္ႏွစ္ေက်ာ္ၾကာတဲ့အထိ ရွိေနခဲ့ျခင္းရဲ႕ ရလဒ္က သူ႔ကို မွတ္ဉာဏ္ေပ်ာက္ေစႏိုင္တယ္၊ စကားေျပာတာ၊ အျမင္အာ႐ံုနဲ႔ အၾကားအာ႐ံုမွာလည္း ျပႆနာျဖစ္ေစႏိုင္တယ္။ ဒါေတြကို သူတစ္ေယာက္တည္း ဘယ္လိုေျဖရွင္းခဲ့သလဲ?
အခ်ိန္မေရြး ဦးေႏွာက္ကိုပ်က္စီးေစႏိုင္တဲ့ အသံတိတ္ခ်ိန္ကိုက္ဗံုးတစ္ခုလို ရွိေနခဲ့တာ။ ဟိုတစ္ေခါက္ ေလွကားကျပဳတ္က်ၿပီး ေခါင္းေပါက္သြားတုန္းက အေပၚယံကိုပဲ ကုေပးေနတုန္း ခဏေလးသတိရတဲ့အခ်ိန္မွာေတာင္ Scan လုပ္ဖို႔ျငင္းခဲ့တာ ဒါေၾကာင့္လား?

ဆရာဝန္တစ္ေယာက္အေနနဲ႔ ကိုယ္နဲ႔အနီးဆံုးကသူငယ္ခ်င္းတစ္ေယာက္ ေခါင္းထဲသတၱဳစသယ္ၿပီး ဘာမွမျဖစ္သလိုေနေနတာကို တစ္ခ်က္ကေလးေတာင္မရိပ္မိရျခင္းက Hepius ကို အႀကီးအက်ယ္ Shock ရေစတယ္။ ေဆးနတ္ဘုရားဆိုတဲ့ ဂုဏ္ပုဒ္က ဒီအခ်ိန္မွာ သူ႔အတြက္က်ိန္စာတစ္ခုလိုပဲ။

"အခ်စ္၊ ကိုယ္က ... ကိုယ္ကေလ Hepius ဆိုတဲ့နာမည္ကို ဘာလုပ္ပစ္လိုက္ရမွာလဲ? ကိုယ္က ဘာလို႔ နည္းနည္းေလးေတာင္ မရိပ္မိရတာလဲ?"

မ်က္ရည္ေတြနဲ႔ ယူၾကံဳးမရေျပာဆိုသံေတြကို Nancy မွာ ႏွစ္သိမ့္ဖို႔အားမရွိပါ။

"သူက သိပ္ဟန္ေဆာင္ေကာင္းခဲ့တာေၾကာင့္ ေနမွာပါ။ အာ ... Paris ကေဆး႐ံုကို ေမးစရာရွိတယ္ဆို?"

"အင္း၊ ဘာမွေမးစရာမရွိေတာ့ေလာက္ေအာင္ ရွင္းေနၿပီမဟုတ္လား?"

Chain ကို အခန္းေရႊ႕ဖို႔လုပ္ၿပီး Hepius တို႔ထြက္လာေတာ့ Lily နဲ႔ Nick ေရာက္လာၿပီ။

"ကိုႀကီး"

Lily က ေခၚလိုက္႐ံုအျပင္ ဘာမွဆက္မေျပာႏိုင္။

"Doctor, အဲဒီေဆး႐ံုကေန ကၽြန္ေတာ္သိလိုက္ရတာေတြက မွားေနတယ္မဟုတ္လား? အဲဒီက Doctor နဲ႔ Chain က အဆက္အသြယ္ရွိတယ္တဲ့။ ကၽြန္ေတာ္တို႔မသိခဲ့ဘူး။ ကၽြန္ေတာ္တို႔ညံ့ခဲ့တာပါ။ ေတာက္ေလၽွာက္ကို အဲဒီ Doctor ဆီကအၾကံဉာဏ္ယူၿပီး Chain တစ္ေယာက္တည္း ရင္ဆိုင္ခဲ့တာ။ Doctor ကေျပာတယ္၊ သူသိပ္ကံေကာင္းလြန္းလို႔ ဒီေလာက္ၾကာၾကာ အသက္ရွင္ႏိုင္တာတဲ့။ အဲဒီတုန္းက သူ႔မွာ သူ႔အသက္ထက္အေရးႀကီးတဲ့ကိစၥရွိလို႔ မခြဲစိတ္ႏိုင္ပါဘူးဆိုၿပီး ျငင္းခဲ့တာတဲ့။ ၿပီးေတာ့ အဲဒီအပိုင္းစေလးဝင္တာေတာင္ တစ္ခ်က္သတိမလစ္ခဲ့တာက အဲဒီတုန္းကေတာ့ သိပ္အႏၲရာယ္မရွိတဲ့အပိုင္းမို႔ပါတဲ့။ အခုေရာ ခြဲထုတ္လို႔မရႏိုင္ဘူးလား Doctor?"

"ငါမလုပ္ရဲဘူး။ ဒီအတိုင္းဆို သူ႔သက္တမ္းကို ငါတို႔မခန္႔မွန္းႏိုင္ဘူးေလ။ တကယ္လို႔ ခြဲလိုက္ရင္ေတာ့ သူသက္တမ္းကို 90% ေလာက္ ငါတို႔မွန္းလို႔ရသြားၿပီ"

"ဟာဗ်ာ!"

"ကိုႀကီး၊ မဟုတ္ဘူးေလေနာ္။ ကိုႀကီးက Hepius ေလ။ ဒီသတၱဳစေလးေလာက္ကို ဘာေတြေၾကာက္ေနတာလဲ? အဲဒီလိုမေျပာပါနဲ႔ ကိုႀကီးရယ္။ မမ Nancy, ကိုႀကီးကိုေျပာဦးေလ"

ကေလးတစ္ေယာက္လိုငိုယိုကာ တတြတ္တြတ္ဆိုေနတဲ့ Lily ကို Nancy ေပြ႕ဖက္ထား႐ံုအျပင္ ဘာမွမတတ္ႏိုင္။ ေယာက္်ားေလးသံုးေယာက္မွာလည္း မ်က္ရည္ေတြနဲ႔။ အဲဒီအခ်ိန္ ထေပါက္ကြဲတာက Hepius ပါ။

"ဟိုအေကာင္ Lock ဘယ္မွာလဲ? အဲဒီေကာင္ကိုေခၚလိုက္ မီးငယ္။ ဘာမွမဆိုင္ေတာ့ရင္ေတာင္ ဒီမနက္အထိ ... မဟုတ္ဘူး ... Pandora မွာရွိေနတဲ့အထိ သူ႔ေယာက္်ားျဖစ္ခဲ့တဲ့လူအေၾကာင္း တစ္ခုခုလာေျပာပါလို႔"

Hepius ကေျပာၿပီး Chain အခန္းဘက္ထြက္သြားသလို၊ Lily ကိုလည္း Nancy က နားေနခန္းဘက္ေခၚသြားတာေၾကာင့္ Bryan က

"Nick, မင္း Doctor ေနာက္လိုက္သြား။ ငါ ေခါင္းေဆာင္ကို အေၾကာင္းၾကားလိုက္မယ္"

"ဟုတ္"

¤

မျဖစ္ႏိုင္တာ။ Chain ကအဲဒီလိုျဖစ္တယ္ဆိုရင္ သူနဲ႔တစ္ခန္းတည္းအတူေနခဲ့တဲ့ ကိုယ္က ဘာလို႔မသိရမွာလဲ? အရင္ကမသိရင္ေတာင္ ဒီလပိုင္းအတြင္းမွာေတာ့ ကိုယ္သိႏိုင္တာပဲေလ။ ဟိုတစ္ခါ ႏွာေခါင္းေသြးလၽွံတာလည္း ဒီအတိုင္းႀကီးႀကီးက်ယ္က်ယ္မဟုတ္ဘူးလို႔ ထင္ခဲ့တာေလ။ ၿပီးေတာ့ ကိုယ္သတိမေမ့ခင္တစ္ေလၽွာက္လံုးက သူ႔ကို မညႇာမတာေတြႏွိပ္စက္ေနတာေတာင္ သူဘာျဖစ္ခဲ့လို႔လဲ?
မဟုတ္ဘူး၊ သူတို႔မွားၾကည့္တာေနမွာပါ။ အဟက္! ကြာရွင္းတယ္ဆိုတာနဲ႔ပဲ ဘာေတြ Drama ခင္းေနၾကတာလဲ? မသြားဘူး၊ ငါအလိမ္မခံေတာ့ဘူး။

¤

အခန္းထဲေရာက္ၿပီး ၿငိမ္သြားတဲ့ Lily က Nancy ကိုေမာ့ၾကည့္ၿပီး

"မမ Nancy, မီးငယ္ကို Laptop ခဏေပးပါ"

"ဪ၊ အင္း။ ေပးမယ္"

Hurricane က ဘာလို႔ရွာရခက္ျပန္ၿပီလဲ? အေရးႀကီးေနပါတယ္ဆိုမွ။
ရၿပီ။

📨 အေရးႀကီးကိစၥရွိလို႔ Lily ဆီ ခ်က္ခ်င္းဖုန္းေခၚေပးပါ (×××××××) 📨

ဖုန္းနံပါတ္နဲ႔တြဲပို႔လိုက္တဲ့စာက အဝင္မျပ။ ဘာမွားေနတာလဲ? ႏွစ္မိနစ္အၾကာမွာပဲ ထျမည္လာတဲ့ဖုန္းေၾကာင့္ Lily ခ်က္ခ်င္းကိုင္လိုက္ေတာ့

"ဟာ! ဘယ္က Restaurant လဲ? ဖုန္းမွားေနတယ္"

စိတ္တိုလိုက္တာေနာ္။ Hurricane ေရ၊ ဘယ္သြားေသေနတာလဲ? ေျခာက္မိနစ္ရွိၿပီ။

*Ring ... Ring ... Ring*

"Hello, Hurricane လား?"

"ဟုတ္ပါတယ္။ ဘာအေရးႀကီးလို႔လဲ Lily?"

"Chain ေဆး႐ံုေရာက္ေနတယ္။ Paris က အေဖ့ကိစၥမွာကတည္းက သူ႔ေခါင္းထဲ သတၱဳစဝင္ေနတာက အခုျပႆနာတက္ၿပီ။ ရွင္ဘာသိထားလဲ?"

"ဘယ္လို?"

"ရွင္တို႔ အဆက္အသြယ္ရွိတာ Lily သိတယ္။ ရွင္ဘာကူညီေပးႏိုင္လဲ?"

"အဲဒါကို Hepius က ဘာလုပ္ေနတာလဲ?"

"အင့္ ... ကိုႀကီးက ... မလုပ္ရဲဘူးတဲ့။ 10 ... 10% ပဲ ကိုယ့္ဘက္ရွိတယ္တဲ့ ... အဟင့္"

"ဟာကြာ! ဘာေတြလဲ? Lily ေသခ်ာနားေထာင္၊ ကိုယ္ျပန္ဆက္သြယ္မယ္။ ကိုယ္နည္းလမ္းအရင္ရွာလို္က္ဦးမယ္"

"အဲဒီတုန္းက Doctor နဲ႔ Chain က တစ္ေလၽွာက္လံုးအဆက္အသြယ္ရွိတယ္။ Lily အဲဒီ Doctor ရဲ႕ Data ေတြ ပို႔ေပးမယ္"

"ဒီေကာင္ကြာ! ပို႔လိုက္ Lily, ကိုယ္ေနာက္မွျပန္ဆက္မယ္"

ဘာလဲကြာ? ငါ့ကိုယ္ငါ မင္းကိုဂ႐ုစိုက္ႏိုင္တယ္လို႔ ေတြးေနတာေတြက အခုေတာ့ မင္းအတြက္ဟာသေတြလား? ငါက အဲဒီေလာက္ေတာင္ အဖတ္လုပ္စရာမလိုလို႔ ငါ့ကိုမေျပာတာလား Dexter? ငါ့ကို႐ူးေအာင္လုပ္ေနတာပဲ။ ငါအရင္ ေသလိမ့္မယ္ကြာ။
ငါမသိေအာင္ Doctor နဲ႔ဆက္သြယ္တယ္တဲ့။ ငါမသိေအာင္ ေဝဒနာေတြကို တစ္ေယာက္တည္းႀကိတ္ခံစားေနတာတဲ့။ ဟား ... မင္းရက္စက္တယ္ကြာ။

Hurricane တစ္ေယာက္ ေျဗာင္းဆန္ေနတဲ့အေတြးေတြနဲ႔ Lily ဆီကရတဲ့ Doctor ဆီကို ဆက္သြယ္လိုက္တယ္။
ၿပီးေတာ့ ဆက္ၿပီးရွာရေဖြရျပန္ၿပီ။ အခုအခ်ိန္ Hurricane သိတာ Chain ကိုရေအာင္ကယ္ဖို႔ဆိုတဲ့ အေတြးတစ္ခုတည္း။

¤

"Doctor, ေခါင္းေဆာင္က ... မလာဘူးတဲ့"

"ဟား! ဒီေကာင္ လူစိတ္ေပ်ာက္ေနတာလား?"

"Hepius, မင္း ဘယ္သူ႔ကိုေျပာေနတာလဲ?"

"Chain!"

သံုးေယာက္သားေခၚလိုက္တာေၾကာင့္ Chain က ေၾကာင္ေတာင္ေတာင္နဲ႔ ၾကည့္လာတယ္။

"ဘာျဖစ္ၾကတာလဲ? ငါ ခဏေလးေမ့လဲမိတာ ေသသြားတာလည္း မဟုတ္ဘဲနဲ႔"

"တိတ္စမ္း Chain! မင္းက အခ်ိန္မေရြးေသသြားႏိုင္တာနဲ႔ပဲ အားေန ေသစကားေျပာမေနနဲ႔"

"ဘာျဖစ္တာလဲ Hepius ရဲ႕"

"မင္းေခါင္းထဲက ခ်ိန္ကိုက္ဗံုးေလ။ အဲဒီအေၾကာင္းကို မင္းက ေျပာျပဖို႔အစီအစဥ္မရွိခဲ့ဘူးလား?"

"မင္း ..."

"ဟုတ္တယ္ Chain, ကၽြန္ေတာ္တို႔သိၿပီးၿပီ။ ဘာလို႔မ်ား တစ္ေယာက္တည္းေျဖရွင္းေနတာလဲ?"

"မင္းတို႔ကကြာ၊ ဘာမ်ားလဲလို႔။ မင္းတို႔သိတာနဲ႔ မသိတာ ဘာကြာလို႔လဲ?"

"မင္း ငါ့ကိုက်ိန္စာတိုက္တာ Chain. က်န္တဲ့လူေတြကိုသာ Hepius တို႔ကယ္ေနတာ။ ငါ့အနားကသူငယ္ခ်င္းကက်ေတာ့ ငါ့ကိုေတာင္အသိမေပးခဲ့ဘူးေလ။ ငါကဘာေကာင္မွမဟုတ္ခဲ့ဘူး"

"မဟုတ္ဘူးေလကြာ။ မင္းသိရင္ အခုလိုေတြျဖစ္မွာစိုးလို႔ပါ။ ငါ့အဝတ္အစားေတြေရာ? ေဆး႐ံုအဝတ္အစားႀကီးနဲ႔ မေနခ်င္ဘူး"

Hepius က Bryan တို႔ဘက္ကိုလွည့္ၿပီး

"Lily ကိုေျပာလိုက္။ သူ႔အစ္ကိုကို ရေအာင္ေခၚလို႔"

"ေနဦး။ ဘာကိစၥေျပာမွာလဲ?"

"ေျပာမွာမဟုတ္ဘူး၊ ေျပာၿပီးၿပီ။ မင္းအေကာင္က မလာႏိုင္ဘူးတဲ့။ မင္းတို႔ႏွစ္ေယာက္ သြားေတာ့။ ငါ Chain နဲ႔ ေျပာစရာရွိတယ္"

Bryan နဲ႔ Nick ထြက္သြားတဲ့အထိ Chain ၿငိမ္ၿပီးၾကည့္ေနတယ္။

"ဘာငိုင္ေနတာလဲ? အဝတ္လဲမယ္ဆိုရင္ သြားလဲ"

Chain အဝတ္လဲၿပီးေတာ့ Hepius နဲ႔မ်က္ႏွာခ်င္းဆိုင္ခံုမွာ ဝင္ထိုင္ၿပီး

"ဘာလို႔သြားေျပာတာလဲ? အခု အကုန္သိသြားတာလား?"

"သိေတာ့ဘာျဖစ္လဲ? မင္းရဲ႕ကာမပိုင္ေယာက္်ားေလ။ ကြာရွင္းၿပီးတာေတြ ငါ့လာမေျပာနဲ႔"

"Hepius ..."

"ငါ ဆရာဝန္ပါ။ မင္းတို႔ Pandora မွာဘာျဖစ္လာလဲ ငါသိတယ္။ အလိုတူလို႔ျဖစ္ပါတယ္ လာမေျပာနဲ႔ေနာ္။ ငါမယံုဘူး"

"Baby က Studio ခန္းထဲက ေခါင္းေဆာင္နဲ႔ဦးငယ္ရဲ႕ အမွတ္တရေတြကိုျမင္ၿပီး ေဒါသထြက္သြားတာ။ ၿပီးေတာ့ မေန႔ညက ငါနဲ႔သူအတူေနခဲ့တယ္"

"ဘာျဖစ္တယ္။ မေန႔ညကပဲ အတူေနတယ္?"

"အင္း။ သူကလည္း ငါ့အပိုင္၊ ငါကလည္း သူ႔အပိုင္ေပါ့။ အဲဒါေၾကာင့္ပဲ သူပိုၿပီး ေပါက္ကြဲသြားတယ္ထင္ပါတယ္။ သူသတိေမ့ေနတာကို အခြင့္အေရးယူသလို ျဖစ္ခဲ့တာေလ"

"ဟာ! ဒီေန႔ ဘာလို႔ Pandora's Box ဆီလိုက္ပို႔လိုက္တာလဲ? တကယ္ဆို မင္းတို႔က ဒီေန႔တစ္ေန႔လံုး သာယာေနရမွာေလ။ မင္း႐ူးသြားတာလား?"

"ငါ ဆက္ၿပီးဖံုးကြယ္ထားဖို႔ ပင္ပန္းေနၿပီ။ မင္းေျပာဖူးသလို အဲဒီကိုသြားရင္ ျပန္မွတ္မိႏိုင္တာေၾကာင့္ သူသြားမယ္ေျပာတာကို ငါပို႔ေပးလိုက္တာပါ။ ငါတို႔ အျပန္အလွန္ပိုင္ဆိုင္ဖူးခဲ့ၿပီပဲ။ ငါ့အတြက္က ဘာမွမလိုေတာ့ဘူး"

"အ႐ူးေကာင္! မင္း႐ူးႏိုင္လြန္းတယ္။ အဲဒါနဲ႔ပဲ ဟိုေကာင္ကလည္း ေဒါသအေၾကာင္းျပၿပီး ကိုယ့္ေယာက္်ားကိုယ္ Rape လိုက္တယ္ေပါ့။ ၿပီးေတာ့ ကြာရွင္းတယ္ေပါ့။ ေသာက္႐ူးေတြ"

"ျပန္တဲ့လမ္းမွာ သူသတိမေမ့ခင္ညကို ျပန္သတိရသြားတယ္"

"အဲဒါ ဘာထူးဆန္းလဲ?"

"Hepius, တကယ္ေတာ့ ငါက Hippogriff ပါ"

"မင္းဘာသာ Hippogriff မကလို႔ ဘာေကာင္ပဲ ... ဘာ ... ဘာရယ္? Hippogriff ဆိုတာ ... Griffin ရဲ႕ ..... မဟုတ္ဘူးေလ။ သူက ေသသြားၿပီေလ"

"အင္း၊ Hippogriff ကေသသြားပါၿပီ။ Chain အေနနဲ႔ ဆက္ရွိေနတာ"

"ဒါဆို Bermuda က ..."

"Bermuda နဲ႔ငါ ဘာမွမပတ္သက္ဘူး။ Spectrum ကိုေရာက္မလာခင္ကတည္းက ငါ Bermuda နဲ႔ မပတ္သက္ေတာ့ဘူး"

"ဒါဆို အဲဒီညက Bermuda နဲ႔ပြဲက မင္းအဖြဲ႕ေတြနဲ႔ပဲလား? အဲဒါကေရာ ဘယ္သူေတြလဲ? မင္း ဘယ္တုန္းကတည္းက ဘာေတြလုပ္ေနတာလဲ?"

"အဲဒါ Hurricane လည္းပါတယ္"

"မီးငယ္"

"မီးငယ္သိပါတယ္။ အဲဒီေန႔က Chain ဝန္မခံခဲ့တာကိုေလ။ အခုေတာ့ Bermuda နဲ႔ကိစၥေတြရယ္၊ Chain ရဲ႕ ေနာက္ေၾကာင္းေတြရယ္ကို ဘယ္သူက ဖံုးထားေပးလဲဆိုတာပါ သိလိုက္ရတာေပါ့။ Chain ကေလ အားလံုးကိုလွည့္စားသြားတာ ကိုႀကီးရဲ႕။ အဲဒီသတၱဳစေလးအေၾကာင္း Hurricane လည္း မသိဘူးတဲ့"

"Hurricane ကို မီးငယ္ ေျပာလိုက္ၿပီလား? ဘာထူးသြားမွာမို႔လို႔လဲ?"

"Chain ကိုမေက်နပ္လို႔ေလ။ ဘယ္သူမွမသိေအာင္ဖံုးထားတာ မေက်နပ္လို႔"

"အားလံုးကိုေတာင္းပန္ပါတယ္။ ဒါေပမဲ့ Spectrum ကိုေတာ့ ထိခိုက္ေအာင္မလုပ္ခဲ့ပါဘူး"

"အဲဒီတစ္ခြန္းနဲ႔ ေက်နပ္လိုက္ရမွာလား? Hippogriff ပါလို႔သိလိုက္ရတာနဲ႔တင္ Shock ရေနၿပီ။ အဲဒါကို အခုက ဘယ္အခ်ိန္ထြက္သြားမလဲ မသိႏိုင္ဘူးဆိုတဲ့ သတင္းဆိုးပါ သယ္လာတာေလ။ Surprise ဆိုတာကေလ ေပးတိုင္းေကာင္းတယ္ထင္လို႔လား?"

"ကိုယ္ေတာင္းပန္ပါတယ္ ညီမေလးရယ္"

မ်က္ရည္ေတြထပ္က်လာျပန္တဲ့ Lily ကို Chain က ေပြ႕ဖက္ႏွစ္သိမ့္ေတာ့ Chain ရင္ဘတ္ကိုထု႐ိုက္ၿပီး ငိုခ်ျပန္ပါတယ္။

"မီးငယ္က Chain ကို Bermuda နဲ႔ တစ္ခုခုပတ္သက္မယ္လို႔ပဲ သိထားခဲ့တာ။ Hippogriff လို႔ေတာ့ မထင္လိုက္ဘူး။ Hurricane နဲ႔ပတ္သက္မႈကိုလိုက္ရင္း Bermuda အေၾကာင္းသိခဲ့ရတာ။ Chain တို႔က သိပ္ေတာ္တယ္။ မီးငယ္ Black Mail နဲ႔ေပါင္းၿပီးရွာတာေတာင္ Hippogriff လို႔ မေပၚခဲ့ဘူး"

"အင္း၊ ကိုယ့္ကို Hurricane အေၾကာင္းေမးလာကတည္းက အဲဒီေၾကးစားနဲ႔ပူးေပါင္းတယ္ဆိုတာ ကိုယ္သိလိုက္ပါတယ္"

"မီးငယ္သိခ်င္တာရွိတယ္။ အမွန္အတိုင္းေျဖ"

"မီးငယ္ေမးမွာကို ကိုယ္သိပါတယ္။ Top 3 Hecker ေတြအျပင္ ေနာက္တစ္ေယာက္ရွိေနတာ ကိုယ္ဝန္ခံတယ္။ Hurricane လည္း အခုမွရိပ္မိမယ္ထင္တယ္။ အခုအခ်ိန္ဆို သူေဒါသထြက္ေနလိမ့္မယ္"

"Chain က တကယ္လူဆိုးပဲ။ Hurricane ဘယ္ေလာက္ေတာ္တယ္ေျပာေျပာ မီးငယ္နဲ႔ Black Mail ေပါင္းၿပီး ျဖည္ထုတ္တာကိုေတာင္ မသိလိုက္ရဘူးဆိုတာက အဓိပၸါယ္မရွိဘူးေလ။ ေနာက္တစ္ေယာက္က ဘယ္သူဆိုတာကို မီးငယ္ေတာ္ေတာ္ေတြးလိုက္ရတာ။ အခု Hurricane က Paris ဆရာဝန္နဲ႔ Chain အဆက္အသြယ္ရွိတာ မသိဘူးဆိုမွ မီးငယ္သိလိုက္တာ"

"ေတာင္းပန္ပါတယ္။ ကိုယ္ Spectrum မွာ ေနာက္ဆံုးအခ်ိန္ထိရွိသြားခ်င္လို႔ လုပ္ထားတာပါ"

"Chain ရာ၊ ငါ့ကိုယ္ငါ ေတာ္ေတာ္စိတ္ပ်က္တယ္သိလား? မင္းကေလ၊ မင္းကၽြမ္းက်င္တဲ့ Field မွာ မင္းအေကာင္းဆံုးလုပ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ မင္းေတာ္ေနတာႀကီးက ငါတို႔အားလံုးအတြက္ အဆင္ေျပမေနဘူး"

"ငါေတာ္တာမဟုတ္ဘူး။ ငါနဲ႔ Spectrum ရဲ႕ေရစက္က မကုန္ေသးတာပါ"

"Chain, Hurricane က သတင္းၾကားၾကားခ်င္း ဘာလို႔အသံေတြတုန္ၿပီး ငိုေနသလိုျဖစ္သြားတာလဲ? မဟုတ္မွ ... သူက Chain ကို?"

"ဟားဟား ... မီးငယ္ အဲဒီေလာက္အေသးစိတ္ သိလိုက္တာလား? Hurricane က အဲဒီေလာက္ အကဲခတ္ဖို႔လြယ္တဲ့လူ မဟုတ္ဘူးေလ"

"အဲဒါေၾကာင့္ သိလိုက္တာေလ။ အဲဒီလိုလူက သတင္းၾကားၾကားခ်င္း ဟန္မေဆာင္ႏိုင္ေအာင္ အသံေတြတုန္ေနတာက Best Friend မို႔ဆိုတာနဲ႔တင္ မလံုေလာက္ဘူး။ သူေတာ္ေတာ္ စိတ္ထိခိုက္သြားမွာပဲ။ ဖုန္းဆက္လိုက္ပါ Chain, သူအရမ္းခံစားရမွာ မီးငယ္သိတယ္"

"Chain ရာ၊ မင္းဝဋ္ေႂကြးက မေသးဘူးေနာ္။ ခ်စ္တဲ့လူေတြဝိုင္းေနတာေတာင္ မင္းအခ်စ္ႀကီးက ခိုင္မာေနတာ ေၾကာက္ဖို႔ေကာင္းတယ္"

စိတ္ေျပမလားရယ္လို႔ စကားထိုင္ေျပာေနၾကေပမဲ့ မ်က္ရည္ေတြဝဲေနၾကတဲ့ သူတို႔ေတြရဲ႕စကားဝိုင္းထဲ ေနာက္ထပ္သတင္းဆိုးက ထပ္ေရာက္လာတယ္။

"Chain, ေခါင္းေဆာင္တို႔ ကားတစ္စီးတည္းနဲ႔ထြက္လာတာ လမ္းမွာ Bermuda နဲ႔တိုးတယ္တဲ့"

"ဘယ္မွာတဲ့လဲ? အခုလိုက္ဖို႔ျပင္။ မီးငယ္ Indigo ကို ဒီကေနဆက္သြယ္လိုက္။ Spectrum ကိုလံုးဝမျပန္ပါနဲ႔။ အစ္ကိုေလးနဲ႔ Austin ပါသြားလား Nick?"

"ဟုတ္။ Austin နဲ႔ပါ၊ ေခါင္းေဆာင္အပါအဝင္ ေလးေယာက္တဲ့။ အခု Bryan ကားေပၚမွာ အဆင္သင့္ေစာင့္ေနတယ္"

Hepius နဲ႔ Lily ေခၚတာကို မၾကားၾကေတာ့ဘဲ ေျပးထြက္လာၾကရင္း အေျခအေနေတြေျပာမိၾကတယ္။

¤

သတင္းပို႔တဲ့အတိုင္းဆို Baby က ေဆး႐ံုကိုလိုက္လာတာတဲ့။ ကားေမာင္းဖို႔တစ္ေယာက္ပဲေခၚတာကို Austin ကစိတ္မခ်လို႔ ေနာက္တစ္ေယာက္ေခၚၿပီး တက္လိုက္လာတာတဲ့။ ေျပာေတာ့ မလာႏိုင္ဘူးဆို? မလာဘဲေနလိုက္ရမွာ Baby ရယ္။ ကိုယ့္အေပၚ စိတ္ရွိေနေသးလို႔လိုက္လာတာလားလို႔ မေတြးခ်င္ေတာ့ေအာင္ ရင္ပူေနရၿပီ။
ေတာ္ေသးတာက Bermuda ဘက္ကလည္း ကားတစ္စီးတည္းပဲတဲ့။ ဘယ္လိုမ်ားေရာက္လာၾကတာလဲ? ေဆး႐ံုနဲ႔သိပ္မေဝးတဲ့ေနရာမွာမို႔ Chain တို႔ေရာက္ေတာ့ ကားႏွစ္စီးကရပ္ထားၿပီး လူေတြမရွိ။ တစ္ဖက္က လယ္ကြက္ေတြ၊ တစ္ဖက္က သံလြင္ပင္စိုက္ခင္း။
သံလြင္ပင္ေတြဘက္လိုက္ၾကရင္း ေသနတ္သံတစ္ခ်က္ၾကားရာဆီ ဦးတည္လိုက္ခ်ိန္ Hurricane ရဲ႕ဖုန္းအတြက္သီးသန္႔ထားတဲ့ Vibration က အခ်က္ျပေနတယ္။

"Chain, ငါ ေနာက္ဆံုးတည္ေနရာပို႔ထားတယ္။ Griffin ကိုယ္တိုင္ ပါတယ္။ အခု လူစုကြဲကုန္ၿပီ။ ငါရွာလို႔လည္း မရေတာ့ဘူး။ ငါအခုလိုက္လာေနတယ္"

Voice Mail နဲ႔အတူ Baby ရဲ႕ေနာက္ဆံုးတည္ေနရာကို သိလိုက္ရတယ္။ လူခြဲၿပီး အနီးစပ္ဆံုးမွာလိုက္ရွာရင္း တည္ေနရာနဲ႔ ကိုက္သံုးရာေလာက္အကြာမွာ ေသြးစတခ်ိဳ႕က ေဘးဘက္ခ်ိဳင့္ထဲကို ဦးတည္ေနတာေၾကာင့္ သတိထားၿပီးဆင္းလာေတာ့

"B ... အစ္ကိုေလး၊ ဘယ္ထိသြားတာလဲ?"

"ဗိုက္ကိုရွပ္ထိတာ။ မင္းက ေဆး႐ံုမွာရွိေနတာ မဟုတ္ဘူးလား?"

"ထားပါ။ ခဏေနဦး၊ အေျခအေနၾကည့္လိုက္ဦးမယ္"

Chain ကအေပၚျပန္တက္ဖို႔ အေျခအေနၾကည့္ၿပီး Lock ကိုျပန္ေခၚေတာ့

"Griffin ပါလာတယ္"

"သိၿပီးပါၿပီ။ ငါ့ကို ယံုေပးပါ။ ဒီတစ္ေခါက္ပဲ ယံုေပးပါ"

Lock ေခါင္းညိတ္ျပမိတာ ဘာလို႔လဲလို႔ ကိုယ့္ဘာသာမသိဘူး။ ရယ္စရာေတာ့အေကာင္းသား။ အေဖကလိုက္သတ္ေနတာကို သားကကယ္ထုတ္တယ္တဲ့။ ဒါေတြကိုသိသိႀကီးနဲ႔လည္း လာကယ္တာလို႔ ယံုလိုက္မိတယ္။

*Click*

"I got you."

Chain ရင္ထဲထိတ္ခနဲ။ အဲဒါ Griffin အသံပဲ။ Baby ကို အရင္ထြက္ခိုင္းလိုက္တာ မွားၿပီလား? အသံၾကားၾကားခ်င္းပုန္းလိုက္တဲ့ကိုယ့္ကို Griffin မျမင္ေသးတာမို႔ အေျခအေနအကဲခတ္လိုက္တယ္။

"မင္းလက္ထဲကေသနတ္ကို က်ည္ကတ္ထုတ္ၿပီး ဒီဘက္ပစ္လိုက္။ ဒီဘက္ကို ျဖည္းျဖည္းခ်င္းလွည့္၊ ဉာဏ္မမ်ားနဲ႔။ ေနာက္ထပ္ဒဏ္ရာက ေခါင္းမွာျဖစ္သြားမယ္"

Lock က Chain ကိုတစ္ခ်က္ၾကည့္ၿပီး Griffin ခိုင္းတဲ့အတိုင္း လုပ္လိုက္တယ္။
Chain ေစာင့္ၾကည့္ေနတုန္း Griffin ကေရွ႕တိုးလိုက္ေတာ့ Chain လႈပ္ရွားဖို႔ျပင္တာကို တစ္ဘက္က Griffin ကလည္း သတိထားမိသြားတယ္။ ျမက္႐ိုင္းတခ်ိဳ႕က အခ်က္ျပကိရိယာလိုပဲေလ။
Griffin ကခလုတ္ဆြဲလိုက္ေပမဲ့ Chain ကေတာ့ မပစ္ဘဲ Lock ကိုခုန္အုပ္ကာ ခ်ိဳင့္ထဲလွိမ့္ဆင္းလိုက္တယ္။
အသားထဲက်ည္ဝင္သြားတဲ့ ေဖာက္ခနဲအသံနဲ႔အတူ ႏွစ္ေယာက္သား လိမ့္ဆင္းက်သြားပါတယ္။

"Hippogriff, မင္းလား?"

■■■■■ Part XL ဆက္ရန္ ■■■■■

"Chain! သတိထားလေ။ Chain?"

Lily အော်ခေါ်နေသော်လည်း မရ။

"Bryan, ကိုကြီးဆီဖုန်းခေါ်"

"ဟုတ်၊ မမလေး"

Bryan က Hepius ဆီဖုန်းခေါ်မယ်အလုပ် Lock က ဖုန်းကိုဆွဲယူထားလိုက်တော့ Lily က Chain ကို Bryan ဆီလက်လွှဲလိုက်ပြီး အိမ်ရှေ့ပြေးထွက်သွားတော့တယ်။ အိမ်ရှေ့ရောက်မှ ဖုန်းထုတ်ကာ

"ကိုကြီး၊ Chain လေ ... နှာခေါင်းသွေးလျှံပြီး မေ့လဲသွားတယ်။ ကိုကိုနဲ့ Pandora's Box ကပြန်လာတော့ ရောက်ရောက်ချင်း ကိုကိုက ကွာရှင်းစာချုပ်ပြင်ခိုင်းပြီး ကွာရှင်းကြတယ်။ လက်မှတ်ထိုးပြီးတော့ Chain လဲကျသွားတာပဲ"

"............."

"ဟုတ်၊ မြန်မြန်လာခဲ့ပါ"

Lily ပြန်ဝင်လာတော့ Lock က ရှိမနေတော့ပါ။ Bryan တောင်းပန်ထားတာမို့ ဘာမှမပြောဘဲ အပေါ်ထပ်တက်သွားတယ်တဲ့။
Chain ကို ဆိုဖာပေါ်လှဲစေပြီး Hepius ကိုစောင့်ရင်း Lily က Bryan နဲ့ အကြောင်းစုံ မေးဖြစ်ကြ၊ ပြောဖြစ်ကြတယ်။
Junction နားရောက်နေတယ်ဆိုတဲ့ Hepius ရောက်လာတော့

"ဘယ်လိုဖြစ်ပြန်ပြီလဲကွာ? ဟိုကောင်ဘာလုပ်လိုက်ပြန်ပြီလဲ? ကားပေါ်တင်ဖို့ပြင်ကြ"

"ဟုတ်"

"ပြန်လာတုန်းကတော့ ကိုကိုဒေါသထွက်နေတာကလွဲပြီး Chain ပုံစံက ဘာမှမဖြစ်သလိုပဲ"

ကားနားအထိလိုက်လာပြီး Lily ကရှင်းပြနေတယ်။

"မမလေး၊ ကျွန်တော်လိုက်သွားမယ်။ Doctor ကို ကျွန်တော်ပြောစရာတွေရှိလို့"

"ဒါဆို Lily လိုတာလေးတွေလုပ်ပြီးရင် လိုက်လာခဲ့မယ်"

ကားထွက်လာကြတော့မှ Bryan က

"Doctor, Chain က ခေါင်းတွေကိုက်နေတာ တော်တော်ကြာပြီ။ နှာခေါင်းသွေးလျှံတာလည်း တွေ့မိတယ်။ ပြီးတော့ ကျွန်တော် မတော်တဆတွေ့မိတာက ပုံမှန် Dairy တွေထက်အသေးစိတ်တဲ့ နေ့စဉ်မှတ်တမ်းတွေကို လွန်ခဲ့တဲ့ခုနစ်လလောက်တည်းက ရေးထားတယ်။ Video File နဲ့ပါ Record လုပ်ပြီးသိမ်းထားတဲ့ နေ့စဉ်မှတ်တမ်းသဘောမျိုး ရှင်းပြထားတာတွေလည်း ရှိနေတယ်"

"အဲဒါဆို သူက ဘာဖြစ်တာလဲ?"

"သူတစ်ခုခုကို မေ့သွားမှာစိုးလို့များလား Doctor?"

"သူ့မှာ အဲဒီလိုဖြစ်ရလောက်အောင် ဘာများထိခိုက်ဖူးလို့လဲ?"

"ဟိုလေ၊ ကျွန်တော်ထင်တာ ... အရင်ခေါင်းဆောင်ကိစ္စနဲ့ Paris ကပြဿနာမှာ Chain ခေါင်းဒဏ်ရာရဖူးတယ်။ ကျွန်တော်သေချာမသိပေမဲ့ အဲဒီဆေးရုံမှာ သူ့ဘာသာဒေါက်တာနဲ့ အခြေအတင်ပြောနေတာတော့ မှတ်မိတယ်"

"ဘာ! အဲဒါ နှစ်နှစ်ကျော်ပြီလေ။ အဲဒီတုန်းက ငါ့ကို ဘယ်သူမှဘာမှမပြောကြဘူးလေ"

"Chain ဒဏ်ရာ ဆေးထည့်ပြီးပျောက်သွားတာပဲမို့ ဘာမှမဖြစ်နိုင်ဘူး ထင်ခဲ့တာပါ"

"အဲဒါဆို အခုမှဘာလို့ပြောလဲ? ငါ့ကို အဲဒီကတည်းက မပြောကြဘူး"

"အဲဒီတစ်ခေါက်အပြင် ခေါင်းကို ပြင်းပြင်းထန်ထန်ထိတာမျိုး မကြုံဖူးဘူးလေ။ အဲဒီတုန်းကထိတာသာ ကျည်ဆန်ရာဆိုရင် အပြင်ဒဏ်ရာကတော့ ပျောက်လွယ်တယ်မဟုတ်လား Doctor? ကျွန်တော်ထင်သလို မဖြစ်နိုင်ပါဘူးနော်"

Hepius ငြိမ်ကျသွားပြီး မျက်နှာပျက်လာတယ်။ တစ်ခုခုတွေးနေပြီးမှ

"အဲဒီဆေးရုံကိုဆက်သွယ်ဖို့ တစ်ချက်ရှာလိုက်ပါ Bryan, မင်းထင်သလိုမဖြစ်ဖို့ ငါလည်းဆုတောင်းပါတယ်"

ဆေးရုံရောက်တာနဲ့ Hepius တို့ ပျာယာခတ်နေတော့တယ်။ Screen ရှေ့ရပ်လိုက်ပြီး Scan ကို တိုက်ရိုက်ကြည့်မိတယ်ဆိုရင်ပဲ Nancy က Hepius ကို ထိတ်လန့်တကြားကြည့်လာတယ်။
Chain ခေါင်းထဲ သတ္တုအစတစ်ခုရှိနေခဲ့တယ်။ နှစ်နှစ်ကျော်ကြာတဲ့အထိ ရှိနေခဲ့ခြင်းရဲ့ရလဒ်က သူ့ကို မှတ်ဉာဏ်ပျောက်စေနိုင်တယ်၊ စကားပြောတာ၊ အမြင်အာရုံနဲ့ အကြားအာရုံမှာလည်း ပြဿနာဖြစ်စေနိုင်တယ်။ ဒါတွေကို သူတစ်ယောက်တည်း ဘယ်လိုဖြေရှင်းခဲ့သလဲ?
အချိန်မရွေး ဦးနှောက်ကိုပျက်စီးစေနိုင်တဲ့ အသံတိတ်ချိန်ကိုက်ဗုံးတစ်ခုလို ရှိနေခဲ့တာ။ ဟိုတစ်ခေါက် လှေကားကပြုတ်ကျပြီး ခေါင်းပေါက်သွားတုန်းက အပေါ်ယံကိုပဲ ကုပေးနေတုန်း ခဏလေးသတိရတဲ့အချိန်မှာတောင် Scan လုပ်ဖို့ငြင်းခဲ့တာ ဒါကြောင့်လား?

ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ်နဲ့အနီးဆုံးကသူငယ်ချင်းတစ်ယောက် ခေါင်းထဲသတ္တုစသယ်ပြီး ဘာမှမဖြစ်သလိုနေနေတာကို တစ်ချက်ကလေးတောင်မရိပ်မိရခြင်းက Hepius ကို အကြီးအကျယ် Shock ရစေတယ်။ ဆေးနတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်က ဒီအချိန်မှာ သူ့အတွက်ကျိန်စာတစ်ခုလိုပဲ။

"အချစ်၊ ကိုယ်က ... ကိုယ်ကလေ Hepius ဆိုတဲ့နာမည်ကို ဘာလုပ်ပစ်လိုက်ရမှာလဲ? ကိုယ်က ဘာလို့ နည်းနည်းလေးတောင် မရိပ်မိရတာလဲ?"

မျက်ရည်တွေနဲ့ ယူကြုံးမရပြောဆိုသံတွေကို Nancy မှာ နှစ်သိမ့်ဖို့အားမရှိပါ။

"သူက သိပ်ဟန်ဆောင်ကောင်းခဲ့တာကြောင့် နေမှာပါ။ အာ ... Paris ကဆေးရုံကို မေးစရာရှိတယ်ဆို?"

"အင်း၊ ဘာမှမေးစရာမရှိတော့လောက်အောင် ရှင်းနေပြီမဟုတ်လား?"

Chain ကို အခန်းရွှေ့ဖို့လုပ်ပြီး Hepius တို့ထွက်လာတော့ Lily နဲ့ Nick ရောက်လာပြီ။

"ကိုကြီး"

Lily က ခေါ်လိုက်ရုံအပြင် ဘာမှဆက်မပြောနိုင်။

"Doctor, အဲဒီဆေးရုံကနေ ကျွန်တော်သိလိုက်ရတာတွေက မှားနေတယ်မဟုတ်လား? အဲဒီက Doctor နဲ့ Chain က အဆက်အသွယ်ရှိတယ်တဲ့။ ကျွန်တော်တို့မသိခဲ့ဘူး။ ကျွန်တော်တို့ညံ့ခဲ့တာပါ။ တောက်လျှောက်ကို အဲဒီ Doctor ဆီကအကြံဉာဏ်ယူပြီး Chain တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ။ Doctor ကပြောတယ်၊ သူသိပ်ကံကောင်းလွန်းလို့ ဒီလောက်ကြာကြာ အသက်ရှင်နိုင်တာတဲ့။ အဲဒီတုန်းက သူ့မှာ သူ့အသက်ထက်အရေးကြီးတဲ့ကိစ္စရှိလို့ မခွဲစိတ်နိုင်ပါဘူးဆိုပြီး ငြင်းခဲ့တာတဲ့။ ပြီးတော့ အဲဒီအပိုင်းစလေးဝင်တာတောင် တစ်ချက်သတိမလစ်ခဲ့တာက အဲဒီတုန်းကတော့ သိပ်အန္တရာယ်မရှိတဲ့အပိုင်းမို့ပါတဲ့။ အခုရော ခွဲထုတ်လို့မရနိုင်ဘူးလား Doctor?"

"ငါမလုပ်ရဲဘူး။ ဒီအတိုင်းဆို သူ့သက်တမ်းကို ငါတို့မခန့်မှန်းနိုင်ဘူးလေ။ တကယ်လို့ ခွဲလိုက်ရင်တော့ သူသက်တမ်းကို 90% လောက် ငါတို့မှန်းလို့ရသွားပြီ"

"ဟာဗျာ!"

"ကိုကြီး၊ မဟုတ်ဘူးလေနော်။ ကိုကြီးက Hepius လေ။ ဒီသတ္တုစလေးလောက်ကို ဘာတွေကြောက်နေတာလဲ? အဲဒီလိုမပြောပါနဲ့ ကိုကြီးရယ်။ မမ Nancy, ကိုကြီးကိုပြောဦးလေ"

ကလေးတစ်ယောက်လိုငိုယိုကာ တတွတ်တွတ်ဆိုနေတဲ့ Lily ကို Nancy ပွေ့ဖက်ထားရုံအပြင် ဘာမှမတတ်နိုင်။ ယောက်ျားလေးသုံးယောက်မှာလည်း မျက်ရည်တွေနဲ့။ အဲဒီအချိန် ထပေါက်ကွဲတာက Hepius ပါ။

"ဟိုအကောင် Lock ဘယ်မှာလဲ? အဲဒီကောင်ကိုခေါ်လိုက် မီးငယ်။ ဘာမှမဆိုင်တော့ရင်တောင် ဒီမနက်အထိ ... မဟုတ်ဘူး ... Pandora မှာရှိနေတဲ့အထိ သူ့ယောက်ျားဖြစ်ခဲ့တဲ့လူအကြောင်း တစ်ခုခုလာပြောပါလို့"

Hepius ကပြောပြီး Chain အခန်းဘက်ထွက်သွားသလို၊ Lily ကိုလည်း Nancy က နားနေခန်းဘက်ခေါ်သွားတာကြောင့် Bryan က

"Nick, မင်း Doctor နောက်လိုက်သွား။ ငါ ခေါင်းဆောင်ကို အကြောင်းကြားလိုက်မယ်"

"ဟုတ်"

¤

မဖြစ်နိုင်တာ။ Chain ကအဲဒီလိုဖြစ်တယ်ဆိုရင် သူနဲ့တစ်ခန်းတည်းအတူနေခဲ့တဲ့ ကိုယ်က ဘာလို့မသိရမှာလဲ? အရင်ကမသိရင်တောင် ဒီလပိုင်းအတွင်းမှာတော့ ကိုယ်သိနိုင်တာပဲလေ။ ဟိုတစ်ခါ နှာခေါင်းသွေးလျှံတာလည်း ဒီအတိုင်းကြီးကြီးကျယ်ကျယ်မဟုတ်ဘူးလို့ ထင်ခဲ့တာလေ။ ပြီးတော့ ကိုယ်သတိမမေ့ခင်တစ်လျှောက်လုံးက သူ့ကို မညှာမတာတွေနှိပ်စက်နေတာတောင် သူဘာဖြစ်ခဲ့လို့လဲ?
မဟုတ်ဘူး၊ သူတို့မှားကြည့်တာနေမှာပါ။ အဟက်! ကွာရှင်းတယ်ဆိုတာနဲ့ပဲ ဘာတွေ Drama ခင်းနေကြတာလဲ? မသွားဘူး၊ ငါအလိမ်မခံတော့ဘူး။

¤

အခန်းထဲရောက်ပြီး ငြိမ်သွားတဲ့ Lily က Nancy ကိုမော့ကြည့်ပြီး

"မမ Nancy, မီးငယ်ကို Laptop ခဏပေးပါ"

"ဪ၊ အင်း။ ပေးမယ်"

Hurricane က ဘာလို့ရှာရခက်ပြန်ပြီလဲ? အရေးကြီးနေပါတယ်ဆိုမှ။
ရပြီ။

📨 အရေးကြီးကိစ္စရှိလို့ Lily ဆီ ချက်ချင်းဖုန်းခေါ်ပေးပါ (×××××××) 📨

ဖုန်းနံပါတ်နဲ့တွဲပို့လိုက်တဲ့စာက အဝင်မပြ။ ဘာမှားနေတာလဲ? နှစ်မိနစ်အကြာမှာပဲ ထမြည်လာတဲ့ဖုန်းကြောင့် Lily ချက်ချင်းကိုင်လိုက်တော့

"ဟာ! ဘယ်က Restaurant လဲ? ဖုန်းမှားနေတယ်"

စိတ်တိုလိုက်တာနော်။ Hurricane ရေ၊ ဘယ်သွားသေနေတာလဲ? ခြောက်မိနစ်ရှိပြီ။

*Ring ... Ring ... Ring*

"Hello, Hurricane လား?"

"ဟုတ်ပါတယ်။ ဘာအရေးကြီးလို့လဲ Lily?"

"Chain ဆေးရုံရောက်နေတယ်။ Paris က အဖေ့ကိစ္စမှာကတည်းက သူ့ခေါင်းထဲ သတ္တုစဝင်နေတာက အခုပြဿနာတက်ပြီ။ ရှင်ဘာသိထားလဲ?"

"ဘယ်လို?"

"ရှင်တို့ အဆက်အသွယ်ရှိတာ Lily သိတယ်။ ရှင်ဘာကူညီပေးနိုင်လဲ?"

"အဲဒါကို Hepius က ဘာလုပ်နေတာလဲ?"

"အင့် ... ကိုကြီးက ... မလုပ်ရဲဘူးတဲ့။ 10 ... 10% ပဲ ကိုယ့်ဘက်ရှိတယ်တဲ့ ... အဟင့်"

"ဟာကွာ! ဘာတွေလဲ? Lily သေချာနားထောင်၊ ကိုယ်ပြန်ဆက်သွယ်မယ်။ ကိုယ်နည်းလမ်းအရင်ရှာလိုက်ဦးမယ်"

"အဲဒီတုန်းက Doctor နဲ့ Chain က တစ်လျှောက်လုံးအဆက်အသွယ်ရှိတယ်။ Lily အဲဒီ Doctor ရဲ့ Data တွေ ပို့ပေးမယ်"

"ဒီကောင်ကွာ! ပို့လိုက် Lily, ကိုယ်နောက်မှပြန်ဆက်မယ်"

ဘာလဲကွာ? ငါ့ကိုယ်ငါ မင်းကိုဂရုစိုက်နိုင်တယ်လို့ တွေးနေတာတွေက အခုတော့ မင်းအတွက်ဟာသတွေလား? ငါက အဲဒီလောက်တောင် အဖတ်လုပ်စရာမလိုလို့ ငါ့ကိုမပြောတာလား Dexter? ငါ့ကိုရူးအောင်လုပ်နေတာပဲ။ ငါအရင် သေလိမ့်မယ်ကွာ။
ငါမသိအောင် Doctor နဲ့ဆက်သွယ်တယ်တဲ့။ ငါမသိအောင် ဝေဒနာတွေကို တစ်ယောက်တည်းကြိတ်ခံစားနေတာတဲ့။ ဟား ... မင်းရက်စက်တယ်ကွာ။

Hurricane တစ်ယောက် ဗြောင်းဆန်နေတဲ့အတွေးတွေနဲ့ Lily ဆီကရတဲ့ Doctor ဆီကို ဆက်သွယ်လိုက်တယ်။
ပြီးတော့ ဆက်ပြီးရှာရဖွေရပြန်ပြီ။ အခုအချိန် Hurricane သိတာ Chain ကိုရအောင်ကယ်ဖို့ဆိုတဲ့ အတွေးတစ်ခုတည်း။

¤

"Doctor, ခေါင်းဆောင်က ... မလာဘူးတဲ့"

"ဟား! ဒီကောင် လူစိတ်ပျောက်နေတာလား?"

"Hepius, မင်း ဘယ်သူ့ကိုပြောနေတာလဲ?"

"Chain!"

သုံးယောက်သားခေါ်လိုက်တာကြောင့် Chain က ကြောင်တောင်တောင်နဲ့ ကြည့်လာတယ်။

"ဘာဖြစ်ကြတာလဲ? ငါ ခဏလေးမေ့လဲမိတာ သေသွားတာလည်း မဟုတ်ဘဲနဲ့"

"တိတ်စမ်း Chain! မင်းက အချိန်မရွေးသေသွားနိုင်တာနဲ့ပဲ အားနေ သေစကားပြောမနေနဲ့"

"ဘာဖြစ်တာလဲ Hepius ရဲ့"

"မင်းခေါင်းထဲက ချိန်ကိုက်ဗုံးလေ။ အဲဒီအကြောင်းကို မင်းက ပြောပြဖို့အစီအစဉ်မရှိခဲ့ဘူးလား?"

"မင်း ..."

"ဟုတ်တယ် Chain, ကျွန်တော်တို့သိပြီးပြီ။ ဘာလို့များ တစ်ယောက်တည်းဖြေရှင်းနေတာလဲ?"

"မင်းတို့ကကွာ၊ ဘာများလဲလို့။ မင်းတို့သိတာနဲ့ မသိတာ ဘာကွာလို့လဲ?"

"မင်း ငါ့ကိုကျိန်စာတိုက်တာ Chain. ကျန်တဲ့လူတွေကိုသာ Hepius တို့ကယ်နေတာ။ ငါ့အနားကသူငယ်ချင်းကကျတော့ ငါ့ကိုတောင်အသိမပေးခဲ့ဘူးလေ။ ငါကဘာကောင်မှမဟုတ်ခဲ့ဘူး"

"မဟုတ်ဘူးလေကွာ။ မင်းသိရင် အခုလိုတွေဖြစ်မှာစိုးလို့ပါ။ ငါ့အဝတ်အစားတွေရော? ဆေးရုံအဝတ်အစားကြီးနဲ့ မနေချင်ဘူး"

Hepius က Bryan တို့ဘက်ကိုလှည့်ပြီး

"Lily ကိုပြောလိုက်။ သူ့အစ်ကိုကို ရအောင်ခေါ်လို့"

"နေဦး။ ဘာကိစ္စပြောမှာလဲ?"

"ပြောမှာမဟုတ်ဘူး၊ ပြောပြီးပြီ။ မင်းအကောင်က မလာနိုင်ဘူးတဲ့။ မင်းတို့နှစ်ယောက် သွားတော့။ ငါ Chain နဲ့ ပြောစရာရှိတယ်"

Bryan နဲ့ Nick ထွက်သွားတဲ့အထိ Chain ငြိမ်ပြီးကြည့်နေတယ်။

"ဘာငိုင်နေတာလဲ? အဝတ်လဲမယ်ဆိုရင် သွားလဲ"

Chain အဝတ်လဲပြီးတော့ Hepius နဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ပြီး

"ဘာလို့သွားပြောတာလဲ? အခု အကုန်သိသွားတာလား?"

"သိတော့ဘာဖြစ်လဲ? မင်းရဲ့ကာမပိုင်ယောက်ျားလေ။ ကွာရှင်းပြီးတာတွေ ငါ့လာမပြောနဲ့"

"Hepius ..."

"ငါ ဆရာဝန်ပါ။ မင်းတို့ Pandora မှာဘာဖြစ်လာလဲ ငါသိတယ်။ အလိုတူလို့ဖြစ်ပါတယ် လာမပြောနဲ့နော်။ ငါမယုံဘူး"

"Baby က Studio ခန်းထဲက ခေါင်းဆောင်နဲ့ဦးငယ်ရဲ့ အမှတ်တရတွေကိုမြင်ပြီး ဒေါသထွက်သွားတာ။ ပြီးတော့ မနေ့ညက ငါနဲ့သူအတူနေခဲ့တယ်"

"ဘာဖြစ်တယ်။ မနေ့ညကပဲ အတူနေတယ်?"

"အင်း။ သူကလည်း ငါ့အပိုင်၊ ငါကလည်း သူ့အပိုင်ပေါ့။ အဲဒါကြောင့်ပဲ သူပိုပြီး ပေါက်ကွဲသွားတယ်ထင်ပါတယ်။ သူသတိမေ့နေတာကို အခွင့်အရေးယူသလို ဖြစ်ခဲ့တာလေ"

"ဟာ! ဒီနေ့ ဘာလို့ Pandora's Box ဆီလိုက်ပို့လိုက်တာလဲ? တကယ်ဆို မင်းတို့က ဒီနေ့တစ်နေ့လုံး သာယာနေရမှာလေ။ မင်းရူးသွားတာလား?"

"ငါ ဆက်ပြီးဖုံးကွယ်ထားဖို့ ပင်ပန်းနေပြီ။ မင်းပြောဖူးသလို အဲဒီကိုသွားရင် ပြန်မှတ်မိနိုင်တာကြောင့် သူသွားမယ်ပြောတာကို ငါပို့ပေးလိုက်တာပါ။ ငါတို့ အပြန်အလှန်ပိုင်ဆိုင်ဖူးခဲ့ပြီပဲ။ ငါ့အတွက်က ဘာမှမလိုတော့ဘူး"

"အရူးကောင်! မင်းရူးနိုင်လွန်းတယ်။ အဲဒါနဲ့ပဲ ဟိုကောင်ကလည်း ဒေါသအကြောင်းပြပြီး ကိုယ့်ယောက်ျားကိုယ် Rape လိုက်တယ်ပေါ့။ ပြီးတော့ ကွာရှင်းတယ်ပေါ့။ သောက်ရူးတွေ"

"ပြန်တဲ့လမ်းမှာ သူသတိမမေ့ခင်ညကို ပြန်သတိရသွားတယ်"

"အဲဒါ ဘာထူးဆန်းလဲ?"

"Hepius, တကယ်တော့ ငါက Hippogriff ပါ"

"မင်းဘာသာ Hippogriff မကလို့ ဘာကောင်ပဲ ... ဘာ ... ဘာရယ်? Hippogriff ဆိုတာ ... Griffin ရဲ့ ..... မဟုတ်ဘူးလေ။ သူက သေသွားပြီလေ"

"အင်း၊ Hippogriff ကသေသွားပါပြီ။ Chain အနေနဲ့ ဆက်ရှိနေတာ"

"ဒါဆို Bermuda က ..."

"Bermuda နဲ့ငါ ဘာမှမပတ်သက်ဘူး။ Spectrum ကိုရောက်မလာခင်ကတည်းက ငါ Bermuda နဲ့ မပတ်သက်တော့ဘူး"

"ဒါဆို အဲဒီညက Bermuda နဲ့ပွဲက မင်းအဖွဲ့တွေနဲ့ပဲလား? အဲဒါကရော ဘယ်သူတွေလဲ? မင်း ဘယ်တုန်းကတည်းက ဘာတွေလုပ်နေတာလဲ?"

"အဲဒါ Hurricane လည်းပါတယ်"

"မီးငယ်"

"မီးငယ်သိပါတယ်။ အဲဒီနေ့က Chain ဝန်မခံခဲ့တာကိုလေ။ အခုတော့ Bermuda နဲ့ကိစ္စတွေရယ်၊ Chain ရဲ့ နောက်ကြောင်းတွေရယ်ကို ဘယ်သူက ဖုံးထားပေးလဲဆိုတာပါ သိလိုက်ရတာပေါ့။ Chain ကလေ အားလုံးကိုလှည့်စားသွားတာ ကိုကြီးရဲ့။ အဲဒီသတ္တုစလေးအကြောင်း Hurricane လည်း မသိဘူးတဲ့"

"Hurricane ကို မီးငယ် ပြောလိုက်ပြီလား? ဘာထူးသွားမှာမို့လို့လဲ?"

"Chain ကိုမကျေနပ်လို့လေ။ ဘယ်သူမှမသိအောင်ဖုံးထားတာ မကျေနပ်လို့"

"အားလုံးကိုတောင်းပန်ပါတယ်။ ဒါပေမဲ့ Spectrum ကိုတော့ ထိခိုက်အောင်မလုပ်ခဲ့ပါဘူး"

"အဲဒီတစ်ခွန်းနဲ့ ကျေနပ်လိုက်ရမှာလား? Hippogriff ပါလို့သိလိုက်ရတာနဲ့တင် Shock ရနေပြီ။ အဲဒါကို အခုက ဘယ်အချိန်ထွက်သွားမလဲ မသိနိုင်ဘူးဆိုတဲ့ သတင်းဆိုးပါ သယ်လာတာလေ။ Surprise ဆိုတာကလေ ပေးတိုင်းကောင်းတယ်ထင်လို့လား?"

"ကိုယ်တောင်းပန်ပါတယ် ညီမလေးရယ်"

မျက်ရည်တွေထပ်ကျလာပြန်တဲ့ Lily ကို Chain က ပွေ့ဖက်နှစ်သိမ့်တော့ Chain ရင်ဘတ်ကိုထုရိုက်ပြီး ငိုချပြန်ပါတယ်။

"မီးငယ်က Chain ကို Bermuda နဲ့ တစ်ခုခုပတ်သက်မယ်လို့ပဲ သိထားခဲ့တာ။ Hippogriff လို့တော့ မထင်လိုက်ဘူး။ Hurricane နဲ့ပတ်သက်မှုကိုလိုက်ရင်း Bermuda အကြောင်းသိခဲ့ရတာ။ Chain တို့က သိပ်တော်တယ်။ မီးငယ် Black Mail နဲ့ပေါင်းပြီးရှာတာတောင် Hippogriff လို့ မပေါ်ခဲ့ဘူး"

"အင်း၊ ကိုယ့်ကို Hurricane အကြောင်းမေးလာကတည်းက အဲဒီကြေးစားနဲ့ပူးပေါင်းတယ်ဆိုတာ ကိုယ်သိလိုက်ပါတယ်"

"မီးငယ်သိချင်တာရှိတယ်။ အမှန်အတိုင်းဖြေ"

"မီးငယ်မေးမှာကို ကိုယ်သိပါတယ်။ Top 3 Hecker တွေအပြင် နောက်တစ်ယောက်ရှိနေတာ ကိုယ်ဝန်ခံတယ်။ Hurricane လည်း အခုမှရိပ်မိမယ်ထင်တယ်။ အခုအချိန်ဆို သူဒေါသထွက်နေလိမ့်မယ်"

"Chain က တကယ်လူဆိုးပဲ။ Hurricane ဘယ်လောက်တော်တယ်ပြောပြော မီးငယ်နဲ့ Black Mail ပေါင်းပြီး ဖြည်ထုတ်တာကိုတောင် မသိလိုက်ရဘူးဆိုတာက အဓိပ္ပါယ်မရှိဘူးလေ။ နောက်တစ်ယောက်က ဘယ်သူဆိုတာကို မီးငယ်တော်တော်တွေးလိုက်ရတာ။ အခု Hurricane က Paris ဆရာဝန်နဲ့ Chain အဆက်အသွယ်ရှိတာ မသိဘူးဆိုမှ မီးငယ်သိလိုက်တာ"

"တောင်းပန်ပါတယ်။ ကိုယ် Spectrum မှာ နောက်ဆုံးအချိန်ထိရှိသွားချင်လို့ လုပ်ထားတာပါ"

"Chain ရာ၊ ငါ့ကိုယ်ငါ တော်တော်စိတ်ပျက်တယ်သိလား? မင်းကလေ၊ မင်းကျွမ်းကျင်တဲ့ Field မှာ မင်းအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းတော်နေတာကြီးက ငါတို့အားလုံးအတွက် အဆင်ပြေမနေဘူး"

"ငါတော်တာမဟုတ်ဘူး။ ငါနဲ့ Spectrum ရဲ့ရေစက်က မကုန်သေးတာပါ"

"Chain, Hurricane က သတင်းကြားကြားချင်း ဘာလို့အသံတွေတုန်ပြီး ငိုနေသလိုဖြစ်သွားတာလဲ? မဟုတ်မှ ... သူက Chain ကို?"

"ဟားဟား ... မီးငယ် အဲဒီလောက်အသေးစိတ် သိလိုက်တာလား? Hurricane က အဲဒီလောက် အကဲခတ်ဖို့လွယ်တဲ့လူ မဟုတ်ဘူးလေ"

"အဲဒါကြောင့် သိလိုက်တာလေ။ အဲဒီလိုလူက သတင်းကြားကြားချင်း ဟန်မဆောင်နိုင်အောင် အသံတွေတုန်နေတာက Best Friend မို့ဆိုတာနဲ့တင် မလုံလောက်ဘူး။ သူတော်တော် စိတ်ထိခိုက်သွားမှာပဲ။ ဖုန်းဆက်လိုက်ပါ Chain, သူအရမ်းခံစားရမှာ မီးငယ်သိတယ်"

"Chain ရာ၊ မင်းဝဋ်ကြွေးက မသေးဘူးနော်။ ချစ်တဲ့လူတွေဝိုင်းနေတာတောင် မင်းအချစ်ကြီးက ခိုင်မာနေတာ ကြောက်ဖို့ကောင်းတယ်"

စိတ်ပြေမလားရယ်လို့ စကားထိုင်ပြောနေကြပေမဲ့ မျက်ရည်တွေဝဲနေကြတဲ့ သူတို့တွေရဲ့စကားဝိုင်းထဲ နောက်ထပ်သတင်းဆိုးက ထပ်ရောက်လာတယ်။

"Chain, ခေါင်းဆောင်တို့ ကားတစ်စီးတည်းနဲ့ထွက်လာတာ လမ်းမှာ Bermuda နဲ့တိုးတယ်တဲ့"

"ဘယ်မှာတဲ့လဲ? အခုလိုက်ဖို့ပြင်။ မီးငယ် Indigo ကို ဒီကနေဆက်သွယ်လိုက်။ Spectrum ကိုလုံးဝမပြန်ပါနဲ့။ အစ်ကိုလေးနဲ့ Austin ပါသွားလား Nick?"

"ဟုတ်။ Austin နဲ့ပါ၊ ခေါင်းဆောင်အပါအဝင် လေးယောက်တဲ့။ အခု Bryan ကားပေါ်မှာ အဆင်သင့်စောင့်နေတယ်"

Hepius နဲ့ Lily ခေါ်တာကို မကြားကြတော့ဘဲ ပြေးထွက်လာကြရင်း အခြေအနေတွေပြောမိကြတယ်။

¤

သတင်းပို့တဲ့အတိုင်းဆို Baby က ဆေးရုံကိုလိုက်လာတာတဲ့။ ကားမောင်းဖို့တစ်ယောက်ပဲခေါ်တာကို Austin ကစိတ်မချလို့ နောက်တစ်ယောက်ခေါ်ပြီး တက်လိုက်လာတာတဲ့။ ပြောတော့ မလာနိုင်ဘူးဆို? မလာဘဲနေလိုက်ရမှာ Baby ရယ်။ ကိုယ့်အပေါ် စိတ်ရှိနေသေးလို့လိုက်လာတာလားလို့ မတွေးချင်တော့အောင် ရင်ပူနေရပြီ။
တော်သေးတာက Bermuda ဘက်ကလည်း ကားတစ်စီးတည်းပဲတဲ့။ ဘယ်လိုများရောက်လာကြတာလဲ? ဆေးရုံနဲ့သိပ်မဝေးတဲ့နေရာမှာမို့ Chain တို့ရောက်တော့ ကားနှစ်စီးကရပ်ထားပြီး လူတွေမရှိ။ တစ်ဖက်က လယ်ကွက်တွေ၊ တစ်ဖက်က သံလွင်ပင်စိုက်ခင်း။
သံလွင်ပင်တွေဘက်လိုက်ကြရင်း သေနတ်သံတစ်ချက်ကြားရာဆီ ဦးတည်လိုက်ချိန် Hurricane ရဲ့ဖုန်းအတွက်သီးသန့်ထားတဲ့ Vibration က အချက်ပြနေတယ်။

"Chain, ငါ နောက်ဆုံးတည်နေရာပို့ထားတယ်။ Griffin ကိုယ်တိုင် ပါတယ်။ အခု လူစုကွဲကုန်ပြီ။ ငါရှာလို့လည်း မရတော့ဘူး။ ငါအခုလိုက်လာနေတယ်"

Voice Mail နဲ့အတူ Baby ရဲ့နောက်ဆုံးတည်နေရာကို သိလိုက်ရတယ်။ လူခွဲပြီး အနီးစပ်ဆုံးမှာလိုက်ရှာရင်း တည်နေရာနဲ့ ကိုက်သုံးရာလောက်အကွာမှာ သွေးစတချို့က ဘေးဘက်ချိုင့်ထဲကို ဦးတည်နေတာကြောင့် သတိထားပြီးဆင်းလာတော့

"B ... အစ်ကိုလေး၊ ဘယ်ထိသွားတာလဲ?"

"ဗိုက်ကိုရှပ်ထိတာ။ မင်းက ဆေးရုံမှာရှိနေတာ မဟုတ်ဘူးလား?"

"ထားပါ။ ခဏနေဦး၊ အခြေအနေကြည့်လိုက်ဦးမယ်"

Chain ကအပေါ်ပြန်တက်ဖို့ အခြေအနေကြည့်ပြီး Lock ကိုပြန်ခေါ်တော့

"Griffin ပါလာတယ်"

"သိပြီးပါပြီ။ ငါ့ကို ယုံပေးပါ။ ဒီတစ်ခေါက်ပဲ ယုံပေးပါ"

Lock ခေါင်းညိတ်ပြမိတာ ဘာလို့လဲလို့ ကိုယ့်ဘာသာမသိဘူး။ ရယ်စရာတော့အကောင်းသား။ အဖေကလိုက်သတ်နေတာကို သားကကယ်ထုတ်တယ်တဲ့။ ဒါတွေကိုသိသိကြီးနဲ့လည်း လာကယ်တာလို့ ယုံလိုက်မိတယ်။

*Click*

"I got you."

Chain ရင်ထဲထိတ်ခနဲ။ အဲဒါ Griffin အသံပဲ။ Baby ကို အရင်ထွက်ခိုင်းလိုက်တာ မှားပြီလား? အသံကြားကြားချင်းပုန်းလိုက်တဲ့ကိုယ့်ကို Griffin မမြင်သေးတာမို့ အခြေအနေအကဲခတ်လိုက်တယ်။

"မင်းလက်ထဲကသေနတ်ကို ကျည်ကတ်ထုတ်ပြီး ဒီဘက်ပစ်လိုက်။ ဒီဘက်ကို ဖြည်းဖြည်းချင်းလှည့်၊ ဉာဏ်မများနဲ့။ နောက်ထပ်ဒဏ်ရာက ခေါင်းမှာဖြစ်သွားမယ်"

Lock က Chain ကိုတစ်ချက်ကြည့်ပြီး Griffin ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ်။
Chain စောင့်ကြည့်နေတုန်း Griffin ကရှေ့တိုးလိုက်တော့ Chain လှုပ်ရှားဖို့ပြင်တာကို တစ်ဘက်က Griffin ကလည်း သတိထားမိသွားတယ်။ မြက်ရိုင်းတချို့က အချက်ပြကိရိယာလိုပဲလေ။
Griffin ကခလုတ်ဆွဲလိုက်ပေမဲ့ Chain ကတော့ မပစ်ဘဲ Lock ကိုခုန်အုပ်ကာ ချိုင့်ထဲလှိမ့်ဆင်းလိုက်တယ်။
အသားထဲကျည်ဝင်သွားတဲ့ ဖောက်ခနဲအသံနဲ့အတူ နှစ်ယောက်သား လိမ့်ဆင်းကျသွားပါတယ်။

"Hippogriff, မင်းလား?"

■■■■■ Part XL ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі