1. Chain
2. Lock
3. War
4. Hepius
5. Predestination
6. Past
7. Baby
8. Cold-blooded
9. Demon
10. Life
11. Reason
12. Spectrum
13. VIP
14. Cloud 9
15. Attack
16. Dexter
17. Anger
18. Love
19. Cupid
20. Ivy
21. Attachment
22. Unexpectedly
23. Pain
24. Memory
25. Mr. & Mr.
26. Crazy
27. Negotiation
28. Marrieds
29. Dreams
30. Generations
31. Matrimony
32. Save
33. Thoughts
34. Recall
35. Hidden
36. Truth
37. Match
38. Back
39. Upside-down
40. Reality
41. Confusion
42. Choice
43. Him
44. Again
45. Home
46. Burning
47. Care
48. Replace?
49. Used to
50. Puzzel
51. New
52. Sick
53. Deep
54. Affection
55. Triangle
56. Nightmarish
57. Puppy
58. Half
59. We
60. Random
61. Backwards
62. Diary
63. Diary (2)
64. Hurricane
65. Bliss
66. Click
67. Twist
68. Identity
69. They
70. Innermost
71. Behalf
72. LAST
P.O.V.
42. Choice
ငယ္ငယ္တုန္းက ဆံုဖူးတဲ့ Dexter.
Bermuda သခင္ေလး Hippogriff.
Spectrum ကိုေရာက္လာတဲ့ Chain.
ဦးငယ္ရဲ႕ေမြးစားသား Damien Smith.
လက္ထပ္စာခ်ဳပ္ထဲက Damien D. Adler.
နာမည္အရင္းက Dexter Damien Adler.
အခုေတာ့ Ivy Neil Cullen ရဲ႕ခင္ပြန္း Damien Neil Cullen မဟုတ္ေတာ့ျပန္ဘူး။
မင္းကေလ ေတာ္ေတာ္ကို႐ႈပ္ႏိုင္တဲ့ေကာင္။ ငါ့ဘဝထဲကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေမႊေႏွာက္ေနတာေတြ ေတာ္သင့္ေနၿပီ။

¤

Lock! မင္းဘာသာ Spectrum King ျဖစ္ရ႐ံုအားမရလို႔ Chain ဘဝထဲအထိ နန္းသိမ္းထားၿပီးမွ အခု Rapunzel ဘက္ကို ဘာကိစၥျမားဦးလွည့္ျပန္တာလဲ?
အစတည္းကတြဲျဖစ္ၾကရင္လည္း ႏွစ္ဖက္လံုးကသေဘာတူၾကမွာကို သိသိႀကီးနဲ႔ ေရွာင္ထြက္သြားၿပီး Rapunzel ျပန္လာေတာ့လည္း ဘာမွန္းမသဲကြဲတဲ့အေျခအေနေတြ မင္းဖန္တီးခဲ့တယ္။ လူပ်ိဳ၊ အပ်ိဳ ခံစားခ်က္ရွိၾကတဲ့ကိစၥမွာ အစ္ကိုတစ္ေယာက္ဆိုၿပီးလည္း ငါမစြက္ဖက္ခဲ့ဘူး။ ငါ့ညီမေလးအဆင္ေျပရင္ ၿပီးတာပဲဆိုၿပီး ငါေတြးခဲ့တယ္။
Chain ကို မင္းထိန္းခ်ဳပ္ႏိုင္တိုင္း အသံုးခ်ခဲ့ေပမဲ့ Ivy ရဲ႕စိတ္ကိုယံုၿပီး Chain ေပ်ာ္ရင္ အဆင္ေျပတယ္လို႔ ေတြးထားခဲ့တာ။ မင္းမလိုေတာ့မွ စြန္႔ပစ္လိုက္လည္း မင္းကိုတြယ္ကပ္ေနဦးမယ့္ အဲဒီအခ်စ္႐ူးကို ငါအတတ္ႏိုင္ဆံုး ကူညီဦးမွာပဲ။
အခုက်ေတာ့ ကြာရွင္းၿပီးမွ ငါ့ညီမဘက္ျပန္ေရာက္လာျပန္တယ္။ မင္းက ဘယ္ေလာက္အထိ ငါနဲ႔ငါ့ပတ္ဝန္းက်င္ကို ထံုးလိုေမႊ၊ ေရလိုေႏွာက္ေနဦးမွာလဲ? ဒီတစ္ခါေတာ့မရေတာ့ဘူး Lock. အရမ္းမ်ားေနၿပီ။ ငါခြင့္မျပဳေတာ့ဘူး။

¤

"Chain, ႏိုးၿပီေပါ့?"

ႏိုးလာတဲ့ Chain ကို Hepius ကစစ္ေဆးၾကည့္ေနေတာ့

"မင္းက ဒီကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ?"

"ငါေခၚလိုက္တာ Chain"

"Hurricane"

Chain က ေတာ္ေတာ္ေလးအေျခအေနေကာင္းလာလို႔ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ၾကေတာ့

"အဲဒီအစေလးနဲ႔အတူ ငါ့မွတ္ဉာဏ္ေတြပါ ပါသြားမယ္ဆိုရင္ေတာ့ ငါမလုပ္ႏိုင္ဘူး။ အဲဒီမွတ္ဉာဏ္ေတြနဲ႔ပဲ ငါေသပစ္လိုက္မယ္"

"Chain! မင္းဘယ္လိုေျပာလိုက္တာလဲ? မင္းေဘးနားက မင္းကိုခ်စ္တဲ့လူေတြအတြက္ျဖစ္ျဖစ္ မင္းလုပ္သင့္တာေပါ့။ အဲဒီလူေတြက မင္းကိုေမ့သြားၾကမယ့္လူေတြမွ မဟုတ္တာ"

"ငါခ်စ္တဲ့လူေတြကို ေမ့ထားၿပီး အသက္ဆက္ရွင္ရမွာလား?"

"ေနပါဦး။ အဲဒီလိုထုတ္ပစ္ရင္ ေမ့သြားမယ္လို႔ မင္းကို ဘယ္သူေျပာတာလဲ?"

Hepius ရဲ႕အေမးကို Hurricane ကပါ ေထာက္ခံသလိုေခါင္းညိတ္ျပလာတယ္။

"ဒီအတိုင္း ေတြးမိတာေျပာတာ"

"မင္း ညာျပန္ၿပီ Chain!"

"ဟာကြာ၊ ရွာရင္းေဖြရင္း ဖတ္မိတာေတြပါ"

"ဟုတ္တယ္။ ဆရာဝန္တစ္ေယာက္အေနနဲ႔ မင္းေျပာတဲ့အေျခအေနကို ငါမျငင္းပါဘူး။ ဒါေပမဲ့ မခြဲစိတ္ဘဲထားရင္ မင္းမွတ္ဉာဏ္ေတြက က်န္ေနမွာမို႔လို႔လား? အခုေတာင္ မင္းဘယ္လိုေတြ မွတ္ထားေနရလဲ မင္းအသိဆံုးပဲ"

"Hepius!"

Hepius စကားေတြေၾကာင့္ Hurricane တားလိုက္မိတယ္။ Chain ကေတာ့ ဘာသံမွထြက္မလာ။

"မတားနဲ႔ Hurricane! ဒီလိုမွမေျပာရင္ သူသိမွာမဟုတ္ဘူး။ Chain, မင္းအခုအတိုင္းေနရင္ တျဖည္းျဖည္းမွတ္ဉာဏ္ေပ်ာက္လာၿပီး ေဝဒနာခံစားရမယ္။ အဲဒါကို ငါတို႔ေတြက ဘာမွမလုပ္ေပးႏိုင္ဘဲ ထိုင္ၾကည့္ေနရမယ္။ မင္းနာက်င္သေလာက္နီးပါး ငါတို႔လည္းရင္နာရမယ္။ Medic Hell ကိုရွာေတြ႕လို႔ အခုငါေျပာတာထက္သာတဲ့ အေျခအေနမ်ိဳးျဖစ္လာရင္ မင္းလက္ခံရမယ္မဟုတ္ဘူးလား?"

"ငါေၾကာက္တယ္။ ငါသူ႔ကိုေမ့ၿပီး အသက္ရွင္ေနရမွာကို ငါမလိုခ်င္ဘူး။ ေမ့သြားမယ္ဆိုရင္လည္း ေသသြားတာကမွ ငါ့အတြက္ပိုေကာင္းပါလိမ့္မယ္"

"ဟက္!"

Hurricane ရဲ႕ရယ္သံတစ္ခ်က္ေၾကာင့္ Hepius လွည့္ၾကည့္ေတာ့ မ်က္ရည္ေတြအျပည့္နဲ႔ Chain ကိုစိုက္ၾကည့္ေနတယ္။

"ငါ့ကိုအရင္သတ္သြားပါလား Dexter, ငါ့ရင္ေတြနာရလြန္းလို႔ ေသမလိုပဲ။ မင္း Baby က ... မင္း Baby က အခု ငါ့ညီမနဲ႔ျပန္တြဲေနတယ္။ အဲဒီလိုေကာင္အတြက္ မင္းက ဘာေတြခံစားေနတာလဲ?"

"ငါနဲ႔ကြာရွင္းၿပီးၿပီပဲ။ သူ ဘယ္သူနဲ႔တြဲတြဲေပါ့။ ငါ့ကိုမျမင္ခ်င္ရင္လည္း သူ႔အနားမွာပဲ သူငါ့ကိုမျမင္ေအာင္ ေနေပးလို႔ရတာပဲ။ ငါမေသခင္ေလးေတာ့ သူ႔နားမွာပဲ ေနခ်င္တယ္"

*ဒုန္း*

"Hurricane!"

ယိုင္က်သြားၿပီး ေဘးကခံုကိုတိုက္မိကာ လဲေတာ့မလိုျဖစ္ေနတဲ့ Hurricane ကို Hepius တြဲေခၚၿပီး ထိုင္ခံုမွာထို္င္ေစလိုက္တယ္။ ၿပီးေတာ့

"Chain, မင္းေလ Hurricane ရဲ႕ဝဋ္ေတြလည္ေနတာမ်ားလား? သူ႔အခ်စ္ေတြကို မင္းဥေပကၡာျပဳခဲ့တာ ၾကာၿပီထင္တယ္ေနာ္။ အဲဒါေၾကာင့္ Lock ကလည္း မင္းကို တစ္စက္ကေလးမွ အဖတ္မလုပ္တာ"

"မေျပာပါနဲ႔ Hepius"

တားလိုက္တာက Hurricane ပါ။

"သူ႔ကို ကၽြန္ေတာ့္လိုမခံစားေစခ်င္ဘူး။ အဲဒီနာက်င္မႈမ်ိဳး မခံစားေစခ်င္ဘူး"

ေျပာရင္း မ်က္ရည္ေတြကိုပြတ္သုတ္လိုက္ၿပီး Chain နားေရာက္လာကာ

"ငါ Lock ကို ေသခ်ာရွင္းျပေပးပါ့မယ္။ မင္းဘဝအေၾကာင္းကို ငါအသိဆံုးမို႔ သူ႔ကိုအကုန္ေျပာျပၿပီး မင္းသူ႔အနားမွာေနႏိုင္ဖို႔ ငါလုပ္ေပးမယ္။ မင္းခြဲစိတ္ပါ့မယ္ဆိုတဲ့ကတိေလးပဲ ငါ့ကိုေပးပါ။ ငါေတာင္းပန္ပါတယ္ကြာ"

"ခံစားခ်က္ေတြက အဲဒီလိုမ်ိဳး ေျပာင္းလဲဖို႔လြယ္ေနခဲ့ရင္ ငါ မင္းကိုျပန္ခ်စ္ႏိုင္ခဲ့တာ ၾကာၿပီေပါ့"

မ်က္ရည္ဝဲေနတဲ့ Chain အၾကည့္ေတြနဲ႔ Hurricane မ်က္ဝန္းတို႔အဆံုမွာ

"မင္း ဘာျဖစ္တာလဲ? ငိုခ်င္ရင္ ငိုလိုက္။ အဲဒီလိုမ်က္လံုးေတြနဲ႔ မၾကည့္နဲ႔"

Chain ေခါင္းခါလိုက္တဲ့အခ်ိန္မွာ Hurricane က Chain ကို ရင္ခြင္ထဲထည့္ဖက္လိုက္တာေၾကာင့္ Hepius ေၾကာင္သြားရတယ္။ Hurricane က

"Chain, ေဟ့ေကာင္၊ သတိထားစမ္း"

Chain ကိုျဖည္းျဖည္းခ်င္း ခုတင္ေပၚလွဲေစေတာ့ Chain က မ်က္လံုးေတြမွိတ္လ်က္သား။ အဲဒီေလာက္အထိလား Hurricane, အဲဒီေလာက္အထိ Chain အေၾကာင္းသိေနခဲ့တာလား? ေမ့လဲသြားမွာစိုးလို႔ ေပြ႕ဖက္ထားလိုက္တာလား? Hepius အေၾကာင္သားၾကည့္ေနမိတာေၾကာင့္

"Hepius! ဘာေၾကာင္ေနတာလဲ? Chain ကိုလာၾကည့္ေပးဦးေလ။ Hepius!"

"ဪ၊ အင္း ... အင္း။ Chain!"

¤

"ကၽြန္ေတာ္ Lock နဲ႔ေတြ႕ခ်င္တယ္။ ခင္ဗ်ား ေျပာေပးႏိုင္မလား? Chain ကို သူမမုန္းတာ ကၽြန္ေတာ္သိတယ္။ အခု Rapunzel ကိုအစားထိုးၿပီး Chain ကိုအဖတ္မလုပ္ဖို႔ႀကိဳးစားေနတာလို႔ ထင္တာပဲ။ မွတ္ဉာဏ္ေပ်ာက္ေနတုန္း လက္ထပ္ထားတဲ့အခ်ိန္အတြင္း ပိုၿပီးသံေယာဇဥ္ျဖစ္ႏိုင္တယ္။ ဟုတ္တယ္မဟုတ္လား? ခင္ဗ်ားသူငယ္ခ်င္းက Chain ကိုမမုန္းပါဘူး"

"ဟုတ္ပါတယ္။ သူမမုန္းဘူး၊ မုန္းတယ္လို႔ထင္ေနတာ။ အဲဒါေၾကာင့္ Chain ကို အမ်ိဳးမ်ိဳးနာက်င္ေစၿပီးတိုင္း သူစိတ္ထဲလည္း မြန္းၾကပ္ေနခဲ့တာျဖစ္ႏိုင္တယ္"

"Hepius, ျပႆနာမျဖစ္ခင္ညက သူတို႔အတူေနခဲ့ၾကတယ္မဟုတ္လား? Chain လည္ပင္းမွာ အရာေတြေတြ႕လို႔ ေမးၾကည့္တာပါ"

"အင္း၊ အဲဒါက ..."

အဲဒီမနက္မွာတင္ အတူရွိခဲ့ပါေသးတယ္လို႔ေတာ့ Hurricane ေရွ႕မွာ Hepius ေျပာမထြက္ပါ။

"အဲဒီအတိုင္းဆိုရင္ Lock ဘက္က ခံစားခ်က္ရွိေနတာပဲ။ Chain ကိုလက္ခံေပးဖို႔ ကၽြန္ေတာ္ Lock ကို ေျပာၾကည့္ခ်င္တယ္။ သူသာလက္ခံရင္ Chain က ခြဲစိတ္ဖို႔ လက္ခံမွာပါ"

"ဒါေပမဲ့ Medic Hell ကိုရွာဖို႔က ရွိေသးတယ္ေလ"

"ကၽြန္ေတာ္ေတြ႕ထားတာ တစ္ခုရွိတယ္"

"ခင္ဗ်ားရွာေတြ႕ၿပီလား?"

"ကၽြန္ေတာ္ေတြ႕တာမဟုတ္ဘူး။ Chain ကိုယ္တိုင္ ရွာေတြ႕ထားတာ။ မွတ္ဉာဏ္ဆံုး႐ႈံးႏိုင္တယ္လို႔ သူ႔ဘာသာရွာေတြ႕တာမဟုတ္ဘူး။ Medic Hell က ေျပာတာ။ Chain ရဲ႕အေျခအေနက အရမ္းအႏၲရာယ္မ်ားတာမို႔ Medic Hell က စိန္ေခၚမႈတစ္ခုအျဖစ္နဲ႔ စိတ္ဝင္စားတယ္။ Chain ကိုယ္တိုင္က လက္မခံတာ"

"ဟား! ဒီေကာင္ကြာ။ ႐ူးလြန္းတယ္။ အားမနာတမ္းေျပာရရင္ ခင္ဗ်ားလည္း အတူတူပဲ။ ဘာလို႔မ်ား အဲဒီေကာင္ကို လိုက္ၾကည့္ေပးေနတာလဲ?"

"ခင္ဗ်ားတို႔ေတာင္ လက္လႊတ္ႏိုင္လို႔လား? စိတ္တိုလို႔ေျပာလည္း က႐ုဏာေဒါသေတြပဲ မဟုတ္ဘူးလား? ပံုစံခ်င္းမတူေပမဲ့ သူ႔ကိုခ်စ္တာခ်င္းတူေနမွေတာ့ ကၽြန္ေတာ္လက္မလႊတ္ႏိုင္တာ ဘာေၾကာင့္လဲလို႔ ခင္ဗ်ားသိမွာပါ။ ကိုယ္ခ်စ္တဲ့လူကို မစြန္႔လႊတ္ႏိုင္ၾကတာ ဘယ္အခ်စ္မွာျဖစ္ျဖစ္ရွိတဲ့ အတၱပါ"

"ဟုတ္ပါတယ္။ ခင္ဗ်ားနဲ႔ Chain က သိပ္တူတာပဲ။ ခ်စ္တတ္လြန္းၾကတယ္။ အျပန္အလွန္သာဆိုရင္ သိပ္လွမွာ"

"ခင္ဗ်ားကလည္း ဆရာဝန္ျဖစ္ၿပီး ေရာဂါေပးျပန္ၿပီ"

"ဟာ၊ Sorry ပါဗ်ာ။ ကၽြန္ေတာ္က ..."

"ရပါတယ္။ ကၽြန္ေတာ္က ေနာက္တာပါ"

တခ်ိဳ႕အခ်စ္ေတြက တူညီၾကေပမဲ့ ထပ္တူမက်တဲ့အခါ နာက်င္မႈေတြကိုပဲ ထုဆစ္ပံုေဖာ္တယ္။

¤

"ငါ ထင္ေတာ့ထင္ပါတယ္။ မင္းက ေဆး႐ံုကိုပစ္ၿပီး ထြက္သြားေနတာ မ႐ိုးဘူးလို႔"

"ဒါဆို ငါ့ဆီဆက္လို႔ရရဲ႕သားနဲ႔ ေဆး႐ံုကိုပဲ ငါရွိလားလို႔လွမ္းေမးေနတာ ဘာေၾကာင့္လဲ?"

"ထင္ခ်င္သလိုထင္။ အခု Hurricane က သူ႔ညီမထိေတာ့ ပုန္းမေနႏိုင္ေတာ့ဘူးေပါ့?"

"ဒါဆို သူထြက္လာေအာင္ မင္းကသြားထိတာလား?"

"မဆိုင္လိုက္တာ"

"Ivy, သူငယ္ခ်င္း၊ Dexter အတြက္လို႔ပဲျဖစ္ျဖစ္ စဥ္းစားၿပီး Hurricane နဲ႔ ေတြ႕ၾကည့္ေပးပါလား?"

"ေကာင္းၿပီေလ။ သူက Dexter က်မ္းေက်ေၾကာင္းျပခ်င္ရင္ေတာ့ ငါက နားေထာင္ေပးရမွာေပါ့"

ငါသိေနသလိုပဲ Lock. Lily က ဒီေလာက္ရွာေဖြေနတာကို မင္းက ေသြးေအးသလိုနဲ႔ မသိခ်င္ေယာင္ေဆာင္ေနတာက ဘယ္လိုရွာရမယ္ဆိုတာကို မင္းသိေနလို႔ မဟုတ္လား?

¤

"ထိုင္ပါဦး Lock"

"ဟုတ္ကဲ့"

"ခင္ဗ်ားႀကိဳက္တတ္တဲ့ ေကာ္ဖီ။ ကိုယ္ႀကိဳမွာထားတယ္၊ သံုးေဆာင္ပါဦး"

ဟာဟ! ဒီကေန စတာတဲ့လား? Chain နဲ႔ပတ္သက္ရင္ ကၽြန္ေတာ့္အႀကိဳက္ကိုေတာင္ ခင္ဗ်ားသိတယ္ေပါ့။

"ခင္ဗ်ား Chain ကိုမမုန္းတာ ကိုယ္သိတယ္။ ၿပီးေတာ့ မွတ္ဉာဏ္ေပ်ာက္ေနတုန္းက ခင္ဗ်ားတို႔ အဆင္ေျပေနၾကၿပီပဲ။ တကယ္ဆို Dexter က Ivy အနားေနခ်င္လို႔ Spectrum ကိုလာခဲ့တာပါ။ က်န္တာေတြက သူမသိဘဲ အသံုးခ်ခံရၿပီး ဒုေခါင္းေဆာင္ေဟာင္း အသက္ဆံုးခဲ့ရတယ္။ သူ႔ကိုကယ္ရင္း ျဖစ္ၾကတာဆိုေပမဲ့လည္း သူမသိခဲ့သလို၊ သိရင္လည္း လက္ခံမွာမဟုတ္ပါဘူး"

"သူ႔အေဖကစြန္႔ပစ္လိုက္လို႔ Spectrum ကို ေရာက္လာတာမဟုတ္ဘူးလား?"

"အဲဒါလည္းတစ္ေၾကာင္းေပါ့။ ကိုယ့္ကိုမလိုခ်င္တဲ့ ေသြးသားရင္းထက္ ဂ႐ုတစိုက္ရွိေပးဖူးတဲ့ သူစိမ္းက သာပါတယ္လို႔ Griffin ကို သူေျပာဖူးတယ္။ Ivy နဲ႔ တစ္ႀကိမ္ဆံုဖူးတာက သူ႔အတြက္တစ္သက္လံုး အမွတ္ရေနမယ့္ Memory ေလ။ ဒါေပမဲ့ ခင္ဗ်ားမသိတာရွိေသးတယ္"

"ဘာကိုလဲ?"

"လမ္းေထာင့္က Restaurant ေကာင္းေကာင္းမွာ အေဖျဖစ္သူနဲ႔အတူ ေန႔လည္စာလာစားတတ္တဲ့ ေကာင္ေလးကို အမွတ္တမဲ့ျမင္မိၿပီး ထပ္ေတြ႕ခ်င္လာလို႔ အဲဒီလမ္းၾကားကေန ေန႔တိုင္း ေစာင့္ၾကည့္ေနတတ္တာရယ္၊ အဲဒီေကာင္ေလးက အမွတ္မထင္ ကယ္လိုက္တာေလးကို တစ္ဘဝလံုး သခင္လို အေႂကြးျပန္ဆပ္ေနခဲ့တာရယ္၊ မေမၽွာ္လင့္ဘဲ Bermuda ရဲ႕ Party တစ္ခုမွာ အဲဒီေကာင္ေလးကိုျပန္ေတြ႕ေတာ့ အေဖနဲ႔ Japan ကိုမလိုက္ေတာ့ဘဲ အဲဒီေကာင္ေလးနား အေရာက္လာခဲ့တာရယ္၊ မထင္မွတ္ဘဲ သူ႔ကိုျမင္ျမင္ခ်င္းမုန္းသြားေတာ့ ဥေပကၡာျပဳခံရမွာေၾကာက္လို႔ ေဒါသအေနနဲ႔ပဲျဖစ္ျဖစ္ သူ႔အေပၚအာ႐ံုစိုက္လာေအာင္ လုပ္ခဲ့တာေတြရယ္၊ အဲဒါေတြကို ခင္ဗ်ားမသိဘူး"

"Bermuda Party တဲ့လား? ကၽြန္ေတာ္မသိေတာ့ဘူး"

"ခင္ဗ်ားကေတာ့ အမွတ္တမဲ့ေပါ့။ Dexter အတြက္က Ivy ကိုျပန္ေတြ႕တဲ့ အမွတ္တရပြဲ၊ Hurricane အတြက္က Dexter နဲ႔ ပထမဆံုးေတြ႕ဆံုျခင္း အမွတ္တရပြဲေလ"

"ခင္ဗ်ားတို႔က အဲဒီကတည္းက သိခဲ့ၾကတာလား? အဲဒီေလာက္ၾကာၿပီလို႔ေတာ့ ထင္မထားခဲ့ဘူး"

"Dexter ရဲ႕ Ivy အေပၚခံစားခ်က္ေတြက အဲဒီထက္ သက္တမ္းပိုၾကာပါတယ္။ အခု အဲဒီအမွတ္တရေတြကို မေမ့ပစ္ႏိုင္လို႔ Dexter က ခြဲစိတ္ဖို႔ သေဘာမတူဘူး။ Ivy ကိုေမ့ၿပီး အသက္ရွင္ရမွာထက္ ေသသြားတာပိုေကာင္းတယ္တဲ့။ သူ႔ေနာက္ဆံုးအခ်ိန္ေတြမွာ Ivy နားေနခ်င္လို႔ Lock ကမၾကည္ျဖဴရင္ေတာင္ Lock မျမင္ေအာင္ေရွာင္ၿပီး အနားမွာပဲ တိတ္တိတ္ေလးေနပါရေစတဲ့"

"အဲဒါသူ႔သေဘာေလ"

"Ivy က Chain အေပၚေတာင္ ခံစားခ်က္ရွိခဲ့ေသးတာပဲ။ Dexter အေနနဲ႔ဆိုရင္ ပိုၿပီးအဆင္ေျပမယ္လို႔ ကိုယ္ထင္ပါတယ္။ Lock ဆိုတာ အေပၚယံ Cover သက္သက္မို႔ အဲဒီအေၾကာင္းျပခ်က္ကိုေတာ့ ကိုယ္လက္မခံႏိုင္ဘူး။ တကယ္ဆို အရင္ေခါင္းေဆာင္ေဟာင္းႏွစ္ေယာက္ ေသရတာ Griffin ေၾကာင့္ပါ။ Chain နဲ႔မဆိုင္ပါဘူး။ သူက တားဖို႔ေတာင္ႀကိဳးစားခဲ့တာပါ။ အေဖလုပ္ရပ္နဲ႔ သားနဲ႔က မဆိုင္ဘူးထင္ပါတယ္။ ၿပီးေတာ့ သူတို႔မိသားစုအေျခအေနလည္း ခင္ဗ်ားသိတာပဲ။ သားသမီးေတြက မိဘကို ေရြးခ်ယ္ခြင့္မရတာေၾကာင့္ သူ႔အေပၚ အျပစ္ေတြလႊဲမခ်ပါနဲ႔ေတာ့လား?"

"အဲဒီေတာ့ ဘာလုပ္ေပးရမွာလဲ?"

"ခင္ဗ်ားဘာသာ ေတြးၾကည့္ေပါ့။ ခင္ဗ်ားတို႔ၾကားက အျဖစ္အပ်က္ေတြကို ကာယကံရွင္ေတြက ပိုသိမွာေပါ့။ ခြဲစိတ္မႈကို သူလက္ခံဖို႔က ခင္ဗ်ားနဲ႔ဆိုင္ေနတာမို႔ ခင္ဗ်ားကူညီႏိုင္မယ့္နည္းလမ္းကို ခင္ဗ်ားကပိုသိမွာပါ"

"ကၽြန္ေတာ္ျပန္ဆက္သြယ္လိုက္ပါမယ္။ ဒီဆိုင္ကေကာ္ဖီေလး ေကာင္းသားပဲ၊ ေက်းဇူးတင္ပါတယ္"

¤

"အဲဒီေတာ့ ကိုကိုက ဒီတိုင္းထျပန္လာတာေပါ့။ Chain ကိုေတာ့ သြားေတြ႕သင့္တာေပါ့"

"Hurricane လည္း အားမွာမွမဟုတ္တာ။ သူ႔ညီမနဲ႔ေတြ႕ဖို႔လည္း ရွိဦးမွာေလ"

"ကိုကို အခုတေလာ Rapunzel နဲ႔တတြဲတြဲသြားလာေနတာ Hurricane ထြက္လာဖို႔လား?"

"မဟုတ္တာေတြကြာ။ ကိုကို႔ဘာသာ စိတ္ေျပလက္ေပ်ာက္ သူငယ္ခ်င္းနဲ႔ေတြ႕တာက Hurricane တို႔နဲ႔ ဘာဆိုင္လို႔လဲ?"

"ဘာကိစၥ စိတ္ေျပခ်င္တာလဲ?"

"ျပႆနာေတြဒီေလာက္ျဖစ္သြားတာ၊ Bryan အပါအဝင္ ကိုကိုတို႔ဘက္ကလူေတြ ဆံုး႐ႈံးခဲ့ရတာေလ"

"ကြာရွင္းလိုက္တဲ့ေယာက္်ားကေရာ?"

"ေတာ္စမ္းပါကြာ"

"Chain အေၾကာင္းၾကားတာနဲ႔ အလိုလိုေဒါသထြက္လာတတ္တဲ့ ကိုကို႔စိတ္ကိုလည္း ကိုကိုသိေအာင္လုပ္ဦး"

ေျပာၿပီး ထထြက္သြားတဲ့ Lily ကိုၾကည့္ၿပီး Lock အေတြးေတြစံုေနခဲ့တယ္။

¤

"Lock, မင္းဘယ္လိုလုပ္မွာလဲ? အခ်ိန္သိပ္ဆြဲလို႔မေကာင္းဘူးေနာ္"

"ဘာလုပ္ရမွာလဲ? သူက ဒုေခါင္းေဆာင္ပဲဟာကို"

"ခြဲစိတ္ၿပီးရင္ အဲဒီအလုပ္ေတြ သူဘာမွလုပ္ႏိုင္ဦးမွာမဟုတ္ဘူးေလ"

"ဦးငယ္ရဲ႕သားအေနနဲ႔ ေနလို႔ရတာပဲ"

"Neil Cullen အေနနဲ႔ေရာ မင္းလက္မခံႏိုင္ဘူးလား?"

"Hepius! မင္းေရာင့္တက္မလာနဲ႔။ ငါ သူ႔ကို Spectrum မွာ လက္ခံေပးႏိုင္တယ္။ Adler အေနနဲ႔ျဖစ္ျဖစ္၊ Smith အေနနဲ႔ျဖစ္ျဖစ္ ငါလက္ခံေပးမယ္။ အဲဒါ ငါ့စကားအကုန္ပဲ"

"အဲဒါဆို လူနာရွင္ကဘယ္သူလဲ?"

"ငါ့ကို ရန္လာစေနတာလား? မင္းလည္းရွိတယ္၊ Hurricane လည္းရွိတယ္။ ႀကိဳက္တဲ့လူတာဝန္ယူ။ သူနဲ႔ငါ ကြာရွင္းၿပီးသား။ သူက Neil Cullen မဟုတ္ေတာ့ဘူး"

"ဒါဆို မင္းတို႔ကြာရွင္းတဲ့သတင္းက ဘာလို႔ထြက္မလာေသးတာလဲ?"

"ျပႆနာေတြျဖစ္သြားလို႔ အဲဒါေတြဘက္မလွည့္ႏိုင္ေသးတာ"

"အဲဒါဆိုလည္း ကြာရွင္းတဲ့ကိစၥကို လူသိရွင္ၾကားမေၾကညာပါနဲ႔ဦး"

"အဲဒါဆို သူက Neil Cullen ျဖစ္ေနၿပီး ငါကပဲလူနာရွင္ျဖစ္ရဦးမွာေလ။ မင္းက ဘယ္ရထားလႊတ္လႊတ္ အဲဒီဘူတာပဲဆိုက္ေနတာ။ ခြဲစိတ္ၿပီးရင္ သူကအဲဒါေတြသိေတာ့မွာတဲ့လား?"

"ဟာ! မင္းမညစ္ပတ္နဲ႔ေလ။ သူမမွတ္မိဘူးဆိုတိုင္း ခြဲစိတ္ၿပီးတာနဲ႔ မင္းက ပစ္ထားဖို႔ၾကံစည္ေနတာပဲ။ ဒုေခါင္းေဆာင္အေနနဲ႔လည္း မလႈပ္ရွားေတာ့ဘဲ မင္းနဲ႔ကြာရွင္းၿပီးသားလူကို Spectrum မွာ ဘယ္လိုဆက္ထားမွာလဲ? ညီအစ္ကိုဝမ္းကြဲအေနနဲ႔လား? အဲဒီလိုဆို အဆင္မေျပဘူးေလေနာ္"

"သူက အဲဒီလိုေျပာခိုင္းတာလား?"

"သူလား အဲဒီလိုေတြေျပာမွာ။ သိေတာင္မသိတာကို"

"အဲဒါဆို မင္းတို႔ေရွ႕ေနလိုက္ေနတာေတြ ရပ္လိုက္ေတာ့"

"အဲဒါဆို သူ႔ကို မင္းလိုက္ေတြ႕မွာလား?"

"..............."

"ေဟ့ေကာင္! လိုက္ေတြ႕မွာလားလို႔?"

"ေကာင္းၿပီေလ၊ သန္ဘက္ခါက် ငါလိုက္ေတြ႕မယ္"

"ဘာလို႔ သန္ဘက္ခါမွလဲ?"

"မနက္ျဖန္ Rapunzel နဲ႔ခ်ိန္းထားလို႔"

¤

"ဒါဆို Lock က ကိုႀကီးတို႔ထြက္လာေအာင္ ညီမေလးကိုကပ္ေနတယ္လို႔ ေျပာတာလား? ၿပီးေတာ့ Chain နဲ႔ ကိုႀကီးက ...?"

"ငယ္ငယ္တည္းက သူငယ္ခ်င္းေတြ"

"ဘယ္သူမွမသိၾကဘူးေပါ့ သူငယ္ခ်င္းေတြဆိုတာကို"

"အင္း"

"ကိုႀကီးတို႔ကိစၥေတြက ညီမေလးနဲ႔မဆိုင္ပါဘူး။ Lock နဲ႔ေတြ႕တာကလည္း သူငယ္ခ်င္းအခ်င္းခ်င္းပဲ ေတြ႕လို႔မရဘူးလား?"

"သူ ကြာရွင္းၿပီးပါၿပီဆိုၿပီး ေျပာတယ္မဟုတ္လား? အဲဒါေၾကာင့္ ငါ့ညီမေလးကလည္း စိတ္ရွင္းရွင္းနဲ႔ ေတြ႕ေနတယ္ေလ။ ဒါေပမဲ့ သူတို႔ကြာရွင္းၿပီးေၾကာင္း တရားဝင္မေၾကညာရေသးဘူး"

"ညီမေလးတို႔ကလည္း လူျမင္ကြင္းမွာ ေအးေအးေဆးေဆးေတြ႕တာေလ။ အဲဒါဘာျဖစ္လို႔လဲ?"

"ဟုတ္ပါတယ္။ ခဏခဏဆိုရင္ ညီမေလးပဲ နာမည္ထိခိုက္မွာစိုးလို႔ ကိုယ္ကေျပာတာေလ"

"ဟုတ္ကဲ့ပါ။ ကိုႀကီးဆိုလိုခ်င္တာကို နားလည္ပါတယ္"

"ေအးပါကြာ။ ကိုႀကီးကလည္း ငါ့ညီမေလးကို လူေျပာမခံေစခ်င္လို႔ပါ"

¤

"Lock, နင္တို႔ ဘာကိစၥေတြ႐ႈပ္ေနတာလဲ? နင္တို႔ျပႆနာေတြထဲ ငါ့ကိုပါဆြဲထည့္ေနတာလား?"

"Hurricane ဆီက ၾကားၿပီးၿပီမဟုတ္လား? ငါ့ဘာသာ သူငယ္ခ်င္းနဲ႔ေတြ႕တာက အျပစ္ျဖစ္သြားတာလား? နင္ကပါ အဲဒီလိုေတြးတာလား?"

"မဟုတ္ပါဘူး"

"ေနာက္ဆို ဟိုလင္မယား႐ံုးခန္းမွာပဲ ေလးေယာက္ဆံုၾကတာေပါ့"

"ငါဆိုလိုတာက ..."

"ငါသိပါတယ္။ နင့္ကိုမထိခိုက္ေစခ်င္ဘူး။ ေနာက္ဆို အဲဒီမွာေတြ႕ၾကတာက အေကာင္းဆံုးျဖစ္မွာပါ"

နင္တကယ္ပဲ ငါ့ကိုအသံုးခ်သြားတာပဲ။ ဝဋ္မလည္ပါေစနဲ႔ Lock.

¤

"အစ္ကိုေလး၊ အစ္ကိုေလး ငါ့ကိုလာေတြ႕တယ္ေပါ့"

တအံ့တဩျဖစ္ေနတဲ့ Chain ကိုၾကည့္ၿပီး Hurricane မွာေတာ့ ဝမ္းနည္းဝမ္းသာျဖစ္ရၿပီ။ တစ္ေလၽွာက္လံုး ေပ်ာက္ေနခဲ့တဲ့ Chain ရဲ႕အျပံဳးေတြေၾကာင့္ သူပါျပံဳးမိသလို အဲဒီအျပံဳးေတြက တျခားသူေၾကာင့္ျဖစ္လာတာမို႔ ကိုယ့္ဘာသာသိမ္ငယ္မိတယ္။
Hurricane က Chain ရဲ႕အျပံဳးေတြကို မဖန္တီးႏိုင္ခဲ့ဘူးတဲ့။

"Hurricane ေျပာလို႔ လာေတြ႕တာ၊ သူ႔ကိုေက်းဇူးတင္လိုက္"

"တကယ္လား? ေက်းဇူးတင္ပါတယ္ Kyle, မင္းက ငါ့ကိုေတာင္မေျပာဘူး"

"အင္း၊ မလိုပါဘူး။ မင္းတို႔ စကားေျပာၾကဦး"

Hurricane ထြက္သြားၿပီးေနာက္

"မင္းက သတၱဳစကိုခြဲထုတ္ဖို႔ ျငင္းေနတယ္ဆို?"

"အဲဒါက ..."

"ငါ မင္းကို Spectrum ကေနႏွင္မထုတ္ပါဘူး"

"ဟင္! အစ္ကိုေလး ငါ့ကို ... ငါ့ကို မုန္းသြားၿပီမဟုတ္ဘူးလား? ငါက အစ္ကိုေလးေမ့ေနတာကို အခြင့္ေကာင္းယူၿပီး ..."

"မင္းစိတ္ထဲကေန အဲဒီလို အခြင့္ေကာင္းယူဖို႔ ၾကံစည္ခဲ့တာလား?"

"အဲဒီလိုေတာ့မဟုတ္ေပမဲ့ အစ္ကိုေလးအနားရွိေနေတာ့ ငါေပ်ာ္ေနခဲ့မိတာ။ ၿပီးေတာ့လည္း အဲဒီညက ..."

"ျဖစ္ၿပီးတာေတြထားလိုက္ေတာ့။ မင္းလည္း ငါ့အသက္ကို အႀကိမ္ႀကိမ္ကယ္ခဲ့တာပဲ"

"တကယ္လား? တကယ္ ငါ့ကိုခြင့္လႊတ္တာလား? Spectrum မွာပဲ ငါဆက္ေနလို႔ရတယ္လား?"

"အင္း၊ မင္းဘက္က တစ္ခုေတာ့လိုက္ေလ်ာရမယ္"

"ရတယ္။ ဘာလုပ္ေပးရမလဲ?"

"Medic Hell နဲ႔ေျပာထားတဲ့ Operation လုပ္ဖို႔ကိစၥ မင္းသေဘာတူေပးပါ"

"မျဖစ္ဘူး။ အဲဒီလိုဆိုရင္ ငါကအကုန္ေမ့သြားမွာေလ။ မျဖစ္ဘူး"

"အခုေရာ မင္းမွတ္ဉာဏ္က ဒီအတိုင္းေနလို႔လား? ေမ့ေနၿပီမဟုတ္ဘူးလား?"

"ငါက ..."

"မင္းသတိမရေတာ့ရင္ေတာင္ မင္းမေမ့ခ်င္တဲ့သူေတြနားမွာ မင္းဆက္ေနခြင့္ရမွာေလ။ စဥ္းစားပါ"

"အစ္ကိုေလးကေရာ?"

"ဘာကိုလဲ?"

"တကယ္ပဲခြဲစိတ္ေစခ်င္တာလား? ငါေမ့သြားလည္း Spectrum မွာပဲ ဆက္ေခၚထားေပးမွာလား?"

"အင္း"

"အစ္ကိုေလးကို အတင္းတြယ္ကပ္ေနတဲ့ Chain မရွိေတာ့ရင္ ပိုမေကာင္းဘူးလား?"

"ဘယ္လိုပဲျဖစ္ျဖစ္ Chain က ေပ်ာက္သြားမွာပဲေလ"

Lock စကားေၾကာင့္ Chain ရင္ထဲ ေအာင့္ခနဲ။ Lock ဆက္ေျပာလာတာက

"ဒါေပမဲ့ ခြဲစိတ္ၿပီး အသက္ရွင္လ်က္နဲ႔ စိတ္အသစ္ျဖစ္လာမယ့္ Dexter ရွိေနတာက ငါ့အတြက္ အေႏွာင့္အယွက္မျဖစ္ဘူးေလ။ မင္းျပန္သတိရရင္ေတာင္ ငါမင္းကို Dexter အေနနဲ႔ အၾကာႀကီးျမင္ေနရေတာ့ Chain အေပၚလည္း အျမင္ေျပာင္းသြားႏိုင္တာပဲ။ ၿပီးေတာ့ ငါ့အသက္ကို အႀကိမ္ႀကိမ္ကယ္ခဲ့ဖူးတဲ့လူက္ို ငါမေသေစခ်င္ဘူး။ မင္းဘာသာ ငါမရွိဘဲမေနႏိုင္လို႔ ကယ္တာပဲျဖစ္ျဖစ္ေပါ့ေလ"

"အဲဒါဆို အသက္ကယ္ခဲ့ဖူးလို႔ မေသေစခ်င္တာေပါ့"

"ေသာက္ရစ္ကရွည္တယ္ကြာ။ မေသေစခ်င္ဘူး၊ မင္းကို ငါ့အနားမွာ ဆက္ေနခြင့္ေပးမယ္။ အဲဒါ မင္းလိုခ်င္တာပဲမဟုတ္ဘူးလား။ အဲဒီအတိုင္းေနရမယ္၊ မင္းခြဲစိတ္ရမယ္။ ငါေျပာခ်င္တာ အဲဒါအကုန္ပဲ။ ေသခ်င္ရင္ေတာ့လည္း မခြဲနဲ႔"

■■■■■ Part XLIII ဆက္ရန္ ■■■■■

ငယ်ငယ်တုန်းက ဆုံဖူးတဲ့ Dexter.
Bermuda သခင်လေး Hippogriff.
Spectrum ကိုရောက်လာတဲ့ Chain.
ဦးငယ်ရဲ့မွေးစားသား Damien Smith.
လက်ထပ်စာချုပ်ထဲက Damien D. Adler.
နာမည်အရင်းက Dexter Damien Adler.
အခုတော့ Ivy Neil Cullen ရဲ့ခင်ပွန်း Damien Neil Cullen မဟုတ်တော့ပြန်ဘူး။
မင်းကလေ တော်တော်ကိုရှုပ်နိုင်တဲ့ကောင်။ ငါ့ဘဝထဲကို ပုံစံအမျိုးမျိုးနဲ့ မွှေနှောက်နေတာတွေ တော်သင့်နေပြီ။

¤

Lock! မင်းဘာသာ Spectrum King ဖြစ်ရရုံအားမရလို့ Chain ဘဝထဲအထိ နန်းသိမ်းထားပြီးမှ အခု Rapunzel ဘက်ကို ဘာကိစ္စမြားဦးလှည့်ပြန်တာလဲ?
အစတည်းကတွဲဖြစ်ကြရင်လည်း နှစ်ဖက်လုံးကသဘောတူကြမှာကို သိသိကြီးနဲ့ ရှောင်ထွက်သွားပြီး Rapunzel ပြန်လာတော့လည်း ဘာမှန်းမသဲကွဲတဲ့အခြေအနေတွေ မင်းဖန်တီးခဲ့တယ်။ လူပျို၊ အပျို ခံစားချက်ရှိကြတဲ့ကိစ္စမှာ အစ်ကိုတစ်ယောက်ဆိုပြီးလည်း ငါမစွက်ဖက်ခဲ့ဘူး။ ငါ့ညီမလေးအဆင်ပြေရင် ပြီးတာပဲဆိုပြီး ငါတွေးခဲ့တယ်။
Chain ကို မင်းထိန်းချုပ်နိုင်တိုင်း အသုံးချခဲ့ပေမဲ့ Ivy ရဲ့စိတ်ကိုယုံပြီး Chain ပျော်ရင် အဆင်ပြေတယ်လို့ တွေးထားခဲ့တာ။ မင်းမလိုတော့မှ စွန့်ပစ်လိုက်လည်း မင်းကိုတွယ်ကပ်နေဦးမယ့် အဲဒီအချစ်ရူးကို ငါအတတ်နိုင်ဆုံး ကူညီဦးမှာပဲ။
အခုကျတော့ ကွာရှင်းပြီးမှ ငါ့ညီမဘက်ပြန်ရောက်လာပြန်တယ်။ မင်းက ဘယ်လောက်အထိ ငါနဲ့ငါ့ပတ်ဝန်းကျင်ကို ထုံးလိုမွှေ၊ ရေလိုနှောက်နေဦးမှာလဲ? ဒီတစ်ခါတော့မရတော့ဘူး Lock. အရမ်းများနေပြီ။ ငါခွင့်မပြုတော့ဘူး။

¤

"Chain, နိုးပြီပေါ့?"

နိုးလာတဲ့ Chain ကို Hepius ကစစ်ဆေးကြည့်နေတော့

"မင်းက ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?"

"ငါခေါ်လိုက်တာ Chain"

"Hurricane"

Chain က တော်တော်လေးအခြေအနေကောင်းလာလို့ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ကြတော့

"အဲဒီအစလေးနဲ့အတူ ငါ့မှတ်ဉာဏ်တွေပါ ပါသွားမယ်ဆိုရင်တော့ ငါမလုပ်နိုင်ဘူး။ အဲဒီမှတ်ဉာဏ်တွေနဲ့ပဲ ငါသေပစ်လိုက်မယ်"

"Chain! မင်းဘယ်လိုပြောလိုက်တာလဲ? မင်းဘေးနားက မင်းကိုချစ်တဲ့လူတွေအတွက်ဖြစ်ဖြစ် မင်းလုပ်သင့်တာပေါ့။ အဲဒီလူတွေက မင်းကိုမေ့သွားကြမယ့်လူတွေမှ မဟုတ်တာ"

"ငါချစ်တဲ့လူတွေကို မေ့ထားပြီး အသက်ဆက်ရှင်ရမှာလား?"

"နေပါဦး။ အဲဒီလိုထုတ်ပစ်ရင် မေ့သွားမယ်လို့ မင်းကို ဘယ်သူပြောတာလဲ?"

Hepius ရဲ့အမေးကို Hurricane ကပါ ထောက်ခံသလိုခေါင်းညိတ်ပြလာတယ်။

"ဒီအတိုင်း တွေးမိတာပြောတာ"

"မင်း ညာပြန်ပြီ Chain!"

"ဟာကွာ၊ ရှာရင်းဖွေရင်း ဖတ်မိတာတွေပါ"

"ဟုတ်တယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ မင်းပြောတဲ့အခြေအနေကို ငါမငြင်းပါဘူး။ ဒါပေမဲ့ မခွဲစိတ်ဘဲထားရင် မင်းမှတ်ဉာဏ်တွေက ကျန်နေမှာမို့လို့လား? အခုတောင် မင်းဘယ်လိုတွေ မှတ်ထားနေရလဲ မင်းအသိဆုံးပဲ"

"Hepius!"

Hepius စကားတွေကြောင့် Hurricane တားလိုက်မိတယ်။ Chain ကတော့ ဘာသံမှထွက်မလာ။

"မတားနဲ့ Hurricane! ဒီလိုမှမပြောရင် သူသိမှာမဟုတ်ဘူး။ Chain, မင်းအခုအတိုင်းနေရင် တဖြည်းဖြည်းမှတ်ဉာဏ်ပျောက်လာပြီး ဝေဒနာခံစားရမယ်။ အဲဒါကို ငါတို့တွေက ဘာမှမလုပ်ပေးနိုင်ဘဲ ထိုင်ကြည့်နေရမယ်။ မင်းနာကျင်သလောက်နီးပါး ငါတို့လည်းရင်နာရမယ်။ Medic Hell ကိုရှာတွေ့လို့ အခုငါပြောတာထက်သာတဲ့ အခြေအနေမျိုးဖြစ်လာရင် မင်းလက်ခံရမယ်မဟုတ်ဘူးလား?"

"ငါကြောက်တယ်။ ငါသူ့ကိုမေ့ပြီး အသက်ရှင်နေရမှာကို ငါမလိုချင်ဘူး။ မေ့သွားမယ်ဆိုရင်လည်း သေသွားတာကမှ ငါ့အတွက်ပိုကောင်းပါလိမ့်မယ်"

"ဟက်!"

Hurricane ရဲ့ရယ်သံတစ်ချက်ကြောင့် Hepius လှည့်ကြည့်တော့ မျက်ရည်တွေအပြည့်နဲ့ Chain ကိုစိုက်ကြည့်နေတယ်။

"ငါ့ကိုအရင်သတ်သွားပါလား Dexter, ငါ့ရင်တွေနာရလွန်းလို့ သေမလိုပဲ။ မင်း Baby က ... မင်း Baby က အခု ငါ့ညီမနဲ့ပြန်တွဲနေတယ်။ အဲဒီလိုကောင်အတွက် မင်းက ဘာတွေခံစားနေတာလဲ?"

"ငါနဲ့ကွာရှင်းပြီးပြီပဲ။ သူ ဘယ်သူနဲ့တွဲတွဲပေါ့။ ငါ့ကိုမမြင်ချင်ရင်လည်း သူ့အနားမှာပဲ သူငါ့ကိုမမြင်အောင် နေပေးလို့ရတာပဲ။ ငါမသေခင်လေးတော့ သူ့နားမှာပဲ နေချင်တယ်"

*ဒုန်း*

"Hurricane!"

ယိုင်ကျသွားပြီး ဘေးကခုံကိုတိုက်မိကာ လဲတော့မလိုဖြစ်နေတဲ့ Hurricane ကို Hepius တွဲခေါ်ပြီး ထိုင်ခုံမှာထိုင်စေလိုက်တယ်။ ပြီးတော့

"Chain, မင်းလေ Hurricane ရဲ့ဝဋ်တွေလည်နေတာများလား? သူ့အချစ်တွေကို မင်းဥပေက္ခာပြုခဲ့တာ ကြာပြီထင်တယ်နော်။ အဲဒါကြောင့် Lock ကလည်း မင်းကို တစ်စက်ကလေးမှ အဖတ်မလုပ်တာ"

"မပြောပါနဲ့ Hepius"

တားလိုက်တာက Hurricane ပါ။

"သူ့ကို ကျွန်​တော့်လိုမခံစားစေချင်ဘူး။ အဲဒီနာကျင်မှုမျိုး မခံစားစေချင်ဘူး"

ပြောရင်း မျက်ရည်တွေကိုပွတ်သုတ်လိုက်ပြီး Chain နားရောက်လာကာ

"ငါ Lock ကို သေချာရှင်းပြပေးပါ့မယ်။ မင်းဘဝအကြောင်းကို ငါအသိဆုံးမို့ သူ့ကိုအကုန်ပြောပြပြီး မင်းသူ့အနားမှာနေနိုင်ဖို့ ငါလုပ်ပေးမယ်။ မင်းခွဲစိတ်ပါ့မယ်ဆိုတဲ့ကတိလေးပဲ ငါ့ကိုပေးပါ။ ငါတောင်းပန်ပါတယ်ကွာ"

"ခံစားချက်တွေက အဲဒီလိုမျိုး ပြောင်းလဲဖို့လွယ်နေခဲ့ရင် ငါ မင်းကိုပြန်ချစ်နိုင်ခဲ့တာ ကြာပြီပေါ့"

မျက်ရည်ဝဲနေတဲ့ Chain အကြည့်တွေနဲ့ Hurricane မျက်ဝန်းတို့အဆုံမှာ

"မင်း ဘာဖြစ်တာလဲ? ငိုချင်ရင် ငိုလိုက်။ အဲဒီလိုမျက်လုံးတွေနဲ့ မကြည့်နဲ့"

Chain ခေါင်းခါလိုက်တဲ့အချိန်မှာ Hurricane က Chain ကို ရင်ခွင်ထဲထည့်ဖက်လိုက်တာကြောင့် Hepius ကြောင်သွားရတယ်။ Hurricane က

"Chain, ဟေ့ကောင်၊ သတိထားစမ်း"

Chain ကိုဖြည်းဖြည်းချင်း ခုတင်ပေါ်လှဲစေတော့ Chain က မျက်လုံးတွေမှိတ်လျက်သား။ အဲဒီလောက်အထိလား Hurricane, အဲဒီလောက်အထိ Chain အကြောင်းသိနေခဲ့တာလား? မေ့လဲသွားမှာစိုးလို့ ပွေ့ဖက်ထားလိုက်တာလား? Hepius အကြောင်သားကြည့်နေမိတာကြောင့်

"Hepius! ဘာကြောင်နေတာလဲ? Chain ကိုလာကြည့်ပေးဦးလေ။ Hepius!"

"ဪ၊ အင်း ... အင်း။ Chain!"

¤

"ကျွန်တော် Lock နဲ့တွေ့ချင်တယ်။ ခင်ဗျား ပြောပေးနိုင်မလား? Chain ကို သူမမုန်းတာ ကျွန်တော်သိတယ်။ အခု Rapunzel ကိုအစားထိုးပြီး Chain ကိုအဖတ်မလုပ်ဖို့ကြိုးစားနေတာလို့ ထင်တာပဲ။ မှတ်ဉာဏ်ပျောက်နေတုန်း လက်ထပ်ထားတဲ့အချိန်အတွင်း ပိုပြီးသံယောဇဉ်ဖြစ်နိုင်တယ်။ ဟုတ်တယ်မဟုတ်လား? ခင်ဗျားသူငယ်ချင်းက Chain ကိုမမုန်းပါဘူး"

"ဟုတ်ပါတယ်။ သူမမုန်းဘူး၊ မုန်းတယ်လို့ထင်နေတာ။ အဲဒါကြောင့် Chain ကို အမျိုးမျိုးနာကျင်စေပြီးတိုင်း သူစိတ်ထဲလည်း မွန်းကြပ်နေခဲ့တာဖြစ်နိုင်တယ်"

"Hepius, ပြဿနာမဖြစ်ခင်ညက သူတို့အတူနေခဲ့ကြတယ်မဟုတ်လား? Chain လည်ပင်းမှာ အရာတွေတွေ့လို့ မေးကြည့်တာပါ"

"အင်း၊ အဲဒါက ..."

အဲဒီမနက်မှာတင် အတူရှိခဲ့ပါသေးတယ်လို့တော့ Hurricane ရှေ့မှာ Hepius ပြောမထွက်ပါ။

"အဲဒီအတိုင်းဆိုရင် Lock ဘက်က ခံစားချက်ရှိနေတာပဲ။ Chain ကိုလက်ခံပေးဖို့ ကျွန်တော် Lock ကို ပြောကြည့်ချင်တယ်။ သူသာလက်ခံရင် Chain က ခွဲစိတ်ဖို့ လက်ခံမှာပါ"

"ဒါပေမဲ့ Medic Hell ကိုရှာဖို့က ရှိသေးတယ်လေ"

"ကျွန်တော်တွေ့ထားတာ တစ်ခုရှိတယ်"

"ခင်ဗျားရှာတွေ့ပြီလား?"

"ကျွန်တော်တွေ့တာမဟုတ်ဘူး။ Chain ကိုယ်တိုင် ရှာတွေ့ထားတာ။ မှတ်ဉာဏ်ဆုံးရှုံးနိုင်တယ်လို့ သူ့ဘာသာရှာတွေ့တာမဟုတ်ဘူး။ Medic Hell က ပြောတာ။ Chain ရဲ့အခြေအနေက အရမ်းအန္တရာယ်များတာမို့ Medic Hell က စိန်ခေါ်မှုတစ်ခုအဖြစ်နဲ့ စိတ်ဝင်စားတယ်။ Chain ကိုယ်တိုင်က လက်မခံတာ"

"ဟား! ဒီကောင်ကွာ။ ရူးလွန်းတယ်။ အားမနာတမ်းပြောရရင် ခင်ဗျားလည်း အတူတူပဲ။ ဘာလို့များ အဲဒီကောင်ကို လိုက်ကြည့်ပေးနေတာလဲ?"

"ခင်ဗျားတို့တောင် လက်လွှတ်နိုင်လို့လား? စိတ်တိုလို့ပြောလည်း ကရုဏာဒေါသတွေပဲ မဟုတ်ဘူးလား? ပုံစံချင်းမတူပေမဲ့ သူ့ကိုချစ်တာချင်းတူနေမှတော့ ကျွန်တော်လက်မလွှတ်နိုင်တာ ဘာကြောင့်လဲလို့ ခင်ဗျားသိမှာပါ။ ကိုယ်ချစ်တဲ့လူကို မစွန့်လွှတ်နိုင်ကြတာ ဘယ်အချစ်မှာဖြစ်ဖြစ်ရှိတဲ့ အတ္တပါ"

"ဟုတ်ပါတယ်။ ခင်ဗျားနဲ့ Chain က သိပ်တူတာပဲ။ ချစ်တတ်လွန်းကြတယ်။ အပြန်အလှန်သာဆိုရင် သိပ်လှမှာ"

"ခင်ဗျားကလည်း ဆရာဝန်ဖြစ်ပြီး ရောဂါပေးပြန်ပြီ"

"ဟာ၊ Sorry ပါဗျာ။ ကျွန်တော်က ..."

"ရပါတယ်။ ကျွန်တော်က နောက်တာပါ"

တချို့အချစ်တွေက တူညီကြပေမဲ့ ထပ်တူမကျတဲ့အခါ နာကျင်မှုတွေကိုပဲ ထုဆစ်ပုံဖော်တယ်။

¤

"ငါ ထင်တော့ထင်ပါတယ်။ မင်းက ဆေးရုံကိုပစ်ပြီး ထွက်သွားနေတာ မရိုးဘူးလို့"

"ဒါဆို ငါ့ဆီဆက်လို့ရရဲ့သားနဲ့ ဆေးရုံကိုပဲ ငါရှိလားလို့လှမ်းမေးနေတာ ဘာကြောင့်လဲ?"

"ထင်ချင်သလိုထင်။ အခု Hurricane က သူ့ညီမထိတော့ ပုန်းမနေနိုင်တော့ဘူးပေါ့?"

"ဒါဆို သူထွက်လာအောင် မင်းကသွားထိတာလား?"

"မဆိုင်လိုက်တာ"

"Ivy, သူငယ်ချင်း၊ Dexter အတွက်လို့ပဲဖြစ်ဖြစ် စဉ်းစားပြီး Hurricane နဲ့ တွေ့ကြည့်ပေးပါလား?"

"ကောင်းပြီလေ။ သူက Dexter ကျမ်းကျေကြောင်းပြချင်ရင်တော့ ငါက နားထောင်ပေးရမှာပေါ့"

ငါသိနေသလိုပဲ Lock. Lily က ဒီလောက်ရှာဖွေနေတာကို မင်းက သွေးအေးသလိုနဲ့ မသိချင်ယောင်ဆောင်နေတာက ဘယ်လိုရှာရမယ်ဆိုတာကို မင်းသိနေလို့ မဟုတ်လား?

¤

"ထိုင်ပါဦး Lock"

"ဟုတ်ကဲ့"

"ခင်ဗျားကြိုက်တတ်တဲ့ ကော်ဖီ။ ကိုယ်ကြိုမှာထားတယ်၊ သုံးဆောင်ပါဦး"

ဟာဟ! ဒီကနေ စတာတဲ့လား? Chain နဲ့ပတ်သက်ရင် ကျွန်တော့်အကြိုက်ကိုတောင် ခင်ဗျားသိတယ်ပေါ့။

"ခင်ဗျား Chain ကိုမမုန်းတာ ကိုယ်သိတယ်။ ပြီးတော့ မှတ်ဉာဏ်ပျောက်နေတုန်းက ခင်ဗျားတို့ အဆင်ပြေနေကြပြီပဲ။ တကယ်ဆို Dexter က Ivy အနားနေချင်လို့ Spectrum ကိုလာခဲ့တာပါ။ ကျန်တာတွေက သူမသိဘဲ အသုံးချခံရပြီး ဒုခေါင်းဆောင်ဟောင်း အသက်ဆုံးခဲ့ရတယ်။ သူ့ကိုကယ်ရင်း ဖြစ်ကြတာဆိုပေမဲ့လည်း သူမသိခဲ့သလို၊ သိရင်လည်း လက်ခံမှာမဟုတ်ပါဘူး"

"သူ့အဖေကစွန့်ပစ်လိုက်လို့ Spectrum ကို ရောက်လာတာမဟုတ်ဘူးလား?"

"အဲဒါလည်းတစ်ကြောင်းပေါ့။ ကိုယ့်ကိုမလိုချင်တဲ့ သွေးသားရင်းထက် ဂရုတစိုက်ရှိပေးဖူးတဲ့ သူစိမ်းက သာပါတယ်လို့ Griffin ကို သူပြောဖူးတယ်။ Ivy နဲ့ တစ်ကြိမ်ဆုံဖူးတာက သူ့အတွက်တစ်သက်လုံး အမှတ်ရနေမယ့် Memory လေ။ ဒါပေမဲ့ ခင်ဗျားမသိတာရှိသေးတယ်"

"ဘာကိုလဲ?"

"လမ်းထောင့်က Restaurant ကောင်းကောင်းမှာ အဖေဖြစ်သူနဲ့အတူ နေ့လည်စာလာစားတတ်တဲ့ ကောင်လေးကို အမှတ်တမဲ့မြင်မိပြီး ထပ်တွေ့ချင်လာလို့ အဲဒီလမ်းကြားကနေ နေ့တိုင်း စောင့်ကြည့်နေတတ်တာရယ်၊ အဲဒီကောင်လေးက အမှတ်မထင် ကယ်လိုက်တာလေးကို တစ်ဘဝလုံး သခင်လို အကြွေးပြန်ဆပ်နေခဲ့တာရယ်၊ မမျှော်လင့်ဘဲ Bermuda ရဲ့ Party တစ်ခုမှာ အဲဒီကောင်လေးကိုပြန်တွေ့တော့ အဖေနဲ့ Japan ကိုမလိုက်တော့ဘဲ အဲဒီကောင်လေးနား အရောက်လာခဲ့တာရယ်၊ မထင်မှတ်ဘဲ သူ့ကိုမြင်မြင်ချင်းမုန်းသွားတော့ ဥပေက္ခာပြုခံရမှာကြောက်လို့ ဒေါသအနေနဲ့ပဲဖြစ်ဖြစ် သူ့အပေါ်အာရုံစိုက်လာအောင် လုပ်ခဲ့တာတွေရယ်၊ အဲဒါတွေကို ခင်ဗျားမသိဘူး"

"Bermuda Party တဲ့လား? ကျွန်တော်မသိတော့ဘူး"

"ခင်ဗျားကတော့ အမှတ်တမဲ့ပေါ့။ Dexter အတွက်က Ivy ကိုပြန်တွေ့တဲ့ အမှတ်တရပွဲ၊ Hurricane အတွက်က Dexter နဲ့ ပထမဆုံးတွေ့ဆုံခြင်း အမှတ်တရပွဲလေ"

"ခင်ဗျားတို့က အဲဒီကတည်းက သိခဲ့ကြတာလား? အဲဒီလောက်ကြာပြီလို့တော့ ထင်မထားခဲ့ဘူး"

"Dexter ရဲ့ Ivy အပေါ်ခံစားချက်တွေက အဲဒီထက် သက်တမ်းပိုကြာပါတယ်။ အခု အဲဒီအမှတ်တရတွေကို မမေ့ပစ်နိုင်လို့ Dexter က ခွဲစိတ်ဖို့ သဘောမတူဘူး။ Ivy ကိုမေ့ပြီး အသက်ရှင်ရမှာထက် သေသွားတာပိုကောင်းတယ်တဲ့။ သူ့နောက်ဆုံးအချိန်တွေမှာ Ivy နားနေချင်လို့ Lock ကမကြည်ဖြူရင်တောင် Lock မမြင်အောင်ရှောင်ပြီး အနားမှာပဲ တိတ်တိတ်လေးနေပါရစေတဲ့"

"အဲဒါသူ့သဘောလေ"

"Ivy က Chain အပေါ်တောင် ခံစားချက်ရှိခဲ့သေးတာပဲ။ Dexter အနေနဲ့ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ကိုယ်ထင်ပါတယ်။ Lock ဆိုတာ အပေါ်ယံ Cover သက်သက်မို့ အဲဒီအကြောင်းပြချက်ကိုတော့ ကိုယ်လက်မခံနိုင်ဘူး။ တကယ်ဆို အရင်ခေါင်းဆောင်ဟောင်းနှစ်ယောက် သေရတာ Griffin ကြောင့်ပါ။ Chain နဲ့မဆိုင်ပါဘူး။ သူက တားဖို့တောင်ကြိုးစားခဲ့တာပါ။ အဖေလုပ်ရပ်နဲ့ သားနဲ့က မဆိုင်ဘူးထင်ပါတယ်။ ပြီးတော့ သူတို့မိသားစုအခြေအနေလည်း ခင်ဗျားသိတာပဲ။ သားသမီးတွေက မိဘကို ရွေးချယ်ခွင့်မရတာကြောင့် သူ့အပေါ် အပြစ်တွေလွှဲမချပါနဲ့တော့လား?"

"အဲဒီတော့ ဘာလုပ်ပေးရမှာလဲ?"

"ခင်ဗျားဘာသာ တွေးကြည့်ပေါ့။ ခင်ဗျားတို့ကြားက အဖြစ်အပျက်တွေကို ကာယကံရှင်တွေက ပိုသိမှာပေါ့။ ခွဲစိတ်မှုကို သူလက်ခံဖို့က ခင်ဗျားနဲ့ဆိုင်နေတာမို့ ခင်ဗျားကူညီနိုင်မယ့်နည်းလမ်းကို ခင်ဗျားကပိုသိမှာပါ"

"ကျွန်တော်ပြန်ဆက်သွယ်လိုက်ပါမယ်။ ဒီဆိုင်ကကော်ဖီလေး ကောင်းသားပဲ၊ ကျေးဇူးတင်ပါတယ်"

¤

"အဲဒီတော့ ကိုကိုက ဒီတိုင်းထပြန်လာတာပေါ့။ Chain ကိုတော့ သွားတွေ့သင့်တာပေါ့"

"Hurricane လည်း အားမှာမှမဟုတ်တာ။ သူ့ညီမနဲ့တွေ့ဖို့လည်း ရှိဦးမှာလေ"

"ကိုကို အခုတလော Rapunzel နဲ့တတွဲတွဲသွားလာနေတာ Hurricane ထွက်လာဖို့လား?"

"မဟုတ်တာတွေကွာ။ ကိုကို့ဘာသာ စိတ်ပြေလက်ပျောက် သူငယ်ချင်းနဲ့တွေ့တာက Hurricane တို့နဲ့ ဘာဆိုင်လို့လဲ?"

"ဘာကိစ္စ စိတ်ပြေချင်တာလဲ?"

"ပြဿနာတွေဒီလောက်ဖြစ်သွားတာ၊ Bryan အပါအဝင် ကိုကိုတို့ဘက်ကလူတွေ ဆုံးရှုံးခဲ့ရတာလေ"

"ကွာရှင်းလိုက်တဲ့ယောက်ျားကရော?"

"တော်စမ်းပါကွာ"

"Chain အကြောင်းကြားတာနဲ့ အလိုလိုဒေါသထွက်လာတတ်တဲ့ ကိုကို့စိတ်ကိုလည်း ကိုကိုသိအောင်လုပ်ဦး"

ပြောပြီး ထထွက်သွားတဲ့ Lily ကိုကြည့်ပြီး Lock အတွေးတွေစုံနေခဲ့တယ်။

¤

"Lock, မင်းဘယ်လိုလုပ်မှာလဲ? အချိန်သိပ်ဆွဲလို့မကောင်းဘူးနော်"

"ဘာလုပ်ရမှာလဲ? သူက ဒုခေါင်းဆောင်ပဲဟာကို"

"ခွဲစိတ်ပြီးရင် အဲဒီအလုပ်တွေ သူဘာမှလုပ်နိုင်ဦးမှာမဟုတ်ဘူးလေ"

"ဦးငယ်ရဲ့သားအနေနဲ့ နေလို့ရတာပဲ"

"Neil Cullen အနေနဲ့ရော မင်းလက်မခံနိုင်ဘူးလား?"

"Hepius! မင်းရောင့်တက်မလာနဲ့။ ငါ သူ့ကို Spectrum မှာ လက်ခံပေးနိုင်တယ်။ Adler အနေနဲ့ဖြစ်ဖြစ်၊ Smith အနေနဲ့ဖြစ်ဖြစ် ငါလက်ခံပေးမယ်။ အဲဒါ ငါ့စကားအကုန်ပဲ"

"အဲဒါဆို လူနာရှင်ကဘယ်သူလဲ?"

"ငါ့ကို ရန်လာစနေတာလား? မင်းလည်းရှိတယ်၊ Hurricane လည်းရှိတယ်။ ကြိုက်တဲ့လူတာဝန်ယူ။ သူနဲ့ငါ ကွာရှင်းပြီးသား။ သူက Neil Cullen မဟုတ်တော့ဘူး"

"ဒါဆို မင်းတို့ကွာရှင်းတဲ့သတင်းက ဘာလို့ထွက်မလာသေးတာလဲ?"

"ပြဿနာတွေဖြစ်သွားလို့ အဲဒါတွေဘက်မလှည့်နိုင်သေးတာ"

"အဲဒါဆိုလည်း ကွာရှင်းတဲ့ကိစ္စကို လူသိရှင်ကြားမကြေညာပါနဲ့ဦး"

"အဲဒါဆို သူက Neil Cullen ဖြစ်နေပြီး ငါကပဲလူနာရှင်ဖြစ်ရဦးမှာလေ။ မင်းက ဘယ်ရထားလွှတ်လွှတ် အဲဒီဘူတာပဲဆိုက်နေတာ။ ခွဲစိတ်ပြီးရင် သူကအဲဒါတွေသိတော့မှာတဲ့လား?"

"ဟာ! မင်းမညစ်ပတ်နဲ့လေ။ သူမမှတ်မိဘူးဆိုတိုင်း ခွဲစိတ်ပြီးတာနဲ့ မင်းက ပစ်ထားဖို့ကြံစည်နေတာပဲ။ ဒုခေါင်းဆောင်အနေနဲ့လည်း မလှုပ်ရှားတော့ဘဲ မင်းနဲ့ကွာရှင်းပြီးသားလူကို Spectrum မှာ ဘယ်လိုဆက်ထားမှာလဲ? ညီအစ်ကိုဝမ်းကွဲအနေနဲ့လား? အဲဒီလိုဆို အဆင်မပြေဘူးလေနော်"

"သူက အဲဒီလိုပြောခိုင်းတာလား?"

"သူလား အဲဒီလိုတွေပြောမှာ။ သိတောင်မသိတာကို"

"အဲဒါဆို မင်းတို့ရှေ့နေလိုက်နေတာတွေ ရပ်လိုက်တော့"

"အဲဒါဆို သူ့ကို မင်းလိုက်တွေ့မှာလား?"

"..............."

"ဟေ့ကောင်! လိုက်တွေ့မှာလားလို့?"

"ကောင်းပြီလေ၊ သန်ဘက်ခါကျ ငါလိုက်တွေ့မယ်"

"ဘာလို့ သန်ဘက်ခါမှလဲ?"

"မနက်ဖြန် Rapunzel နဲ့ချိန်းထားလို့"

¤

"ဒါဆို Lock က ကိုကြီးတို့ထွက်လာအောင် ညီမလေးကိုကပ်နေတယ်လို့ ပြောတာလား? ပြီးတော့ Chain နဲ့ ကိုကြီးက ...?"

"ငယ်ငယ်တည်းက သူငယ်ချင်းတွေ"

"ဘယ်သူမှမသိကြဘူးပေါ့ သူငယ်ချင်းတွေဆိုတာကို"

"အင်း"

"ကိုကြီးတို့ကိစ္စတွေက ညီမလေးနဲ့မဆိုင်ပါဘူး။ Lock နဲ့တွေ့တာကလည်း သူငယ်ချင်းအချင်းချင်းပဲ တွေ့လို့မရဘူးလား?"

"သူ ကွာရှင်းပြီးပါပြီဆိုပြီး ပြောတယ်မဟုတ်လား? အဲဒါကြောင့် ငါ့ညီမလေးကလည်း စိတ်ရှင်းရှင်းနဲ့ တွေ့နေတယ်လေ။ ဒါပေမဲ့ သူတို့ကွာရှင်းပြီးကြောင်း တရားဝင်မကြေညာရသေးဘူး"

"ညီမလေးတို့ကလည်း လူမြင်ကွင်းမှာ အေးအေးဆေးဆေးတွေ့တာလေ။ အဲဒါဘာဖြစ်လို့လဲ?"

"ဟုတ်ပါတယ်။ ခဏခဏဆိုရင် ညီမလေးပဲ နာမည်ထိခိုက်မှာစိုးလို့ ကိုယ်ကပြောတာလေ"

"ဟုတ်ကဲ့ပါ။ ကိုကြီးဆိုလိုချင်တာကို နားလည်ပါတယ်"

"အေးပါကွာ။ ကိုကြီးကလည်း ငါ့ညီမလေးကို လူပြောမခံစေချင်လို့ပါ"

¤

"Lock, နင်တို့ ဘာကိစ္စတွေရှုပ်နေတာလဲ? နင်တို့ပြဿနာတွေထဲ ငါ့ကိုပါဆွဲထည့်နေတာလား?"

"Hurricane ဆီက ကြားပြီးပြီမဟုတ်လား? ငါ့ဘာသာ သူငယ်ချင်းနဲ့တွေ့တာက အပြစ်ဖြစ်သွားတာလား? နင်ကပါ အဲဒီလိုတွေးတာလား?"

"မဟုတ်ပါဘူး"

"နောက်ဆို ဟိုလင်မယားရုံးခန်းမှာပဲ လေးယောက်ဆုံကြတာပေါ့"

"ငါဆိုလိုတာက ..."

"ငါသိပါတယ်။ နင့်ကိုမထိခိုက်စေချင်ဘူး။ နောက်ဆို အဲဒီမှာတွေ့ကြတာက အကောင်းဆုံးဖြစ်မှာပါ"

နင်တကယ်ပဲ ငါ့ကိုအသုံးချသွားတာပဲ။ ဝဋ်မလည်ပါစေနဲ့ Lock.

¤

"အစ်ကိုလေး၊ အစ်ကိုလေး ငါ့ကိုလာတွေ့တယ်ပေါ့"

တအံ့တဩဖြစ်နေတဲ့ Chain ကိုကြည့်ပြီး Hurricane မှာတော့ ဝမ်းနည်းဝမ်းသာဖြစ်ရပြီ။ တစ်လျှောက်လုံး ပျောက်နေခဲ့တဲ့ Chain ရဲ့အပြုံးတွေကြောင့် သူပါပြုံးမိသလို အဲဒီအပြုံးတွေက တခြားသူကြောင့်ဖြစ်လာတာမို့ ကိုယ့်ဘာသာသိမ်ငယ်မိတယ်။
Hurricane က Chain ရဲ့အပြုံးတွေကို မဖန်တီးနိုင်ခဲ့ဘူးတဲ့။

"Hurricane ပြောလို့ လာတွေ့တာ၊ သူ့ကိုကျေးဇူးတင်လိုက်"

"တကယ်လား? ကျေးဇူးတင်ပါတယ် Kyle, မင်းက ငါ့ကိုတောင်မပြောဘူး"

"အင်း၊ မလိုပါဘူး။ မင်းတို့ စကားပြောကြဦး"

Hurricane ထွက်သွားပြီးနောက်

"မင်းက သတ္တုစကိုခွဲထုတ်ဖို့ ငြင်းနေတယ်ဆို?"

"အဲဒါက ..."

"ငါ မင်းကို Spectrum ကနေနှင်မထုတ်ပါဘူး"

"ဟင်! အစ်ကိုလေး ငါ့ကို ... ငါ့ကို မုန်းသွားပြီမဟုတ်ဘူးလား? ငါက အစ်ကိုလေးမေ့နေတာကို အခွင့်ကောင်းယူပြီး ..."

"မင်းစိတ်ထဲကနေ အဲဒီလို အခွင့်ကောင်းယူဖို့ ကြံစည်ခဲ့တာလား?"

"အဲဒီလိုတော့မဟုတ်ပေမဲ့ အစ်ကိုလေးအနားရှိနေတော့ ငါပျော်နေခဲ့မိတာ။ ပြီးတော့လည်း အဲဒီညက ..."

"ဖြစ်ပြီးတာတွေထားလိုက်တော့။ မင်းလည်း ငါ့အသက်ကို အကြိမ်ကြိမ်ကယ်ခဲ့တာပဲ"

"တကယ်လား? တကယ် ငါ့ကိုခွင့်လွှတ်တာလား? Spectrum မှာပဲ ငါဆက်နေလို့ရတယ်လား?"

"အင်း၊ မင်းဘက်က တစ်ခုတော့လိုက်လျောရမယ်"

"ရတယ်။ ဘာလုပ်ပေးရမလဲ?"

"Medic Hell နဲ့ပြောထားတဲ့ Operation လုပ်ဖို့ကိစ္စ မင်းသဘောတူပေးပါ"

"မဖြစ်ဘူး။ အဲဒီလိုဆိုရင် ငါကအကုန်မေ့သွားမှာလေ။ မဖြစ်ဘူး"

"အခုရော မင်းမှတ်ဉာဏ်က ဒီအတိုင်းနေလို့လား? မေ့နေပြီမဟုတ်ဘူးလား?"

"ငါက ..."

"မင်းသတိမရတော့ရင်တောင် မင်းမမေ့ချင်တဲ့သူတွေနားမှာ မင်းဆက်နေခွင့်ရမှာလေ။ စဉ်းစားပါ"

"အစ်ကိုလေးကရော?"

"ဘာကိုလဲ?"

"တကယ်ပဲခွဲစိတ်စေချင်တာလား? ငါမေ့သွားလည်း Spectrum မှာပဲ ဆက်ခေါ်ထားပေးမှာလား?"

"အင်း"

"အစ်ကိုလေးကို အတင်းတွယ်ကပ်နေတဲ့ Chain မရှိတော့ရင် ပိုမကောင်းဘူးလား?"

"ဘယ်လိုပဲဖြစ်ဖြစ် Chain က ပျောက်သွားမှာပဲလေ"

Lock စကားကြောင့် Chain ရင်ထဲ အောင့်ခနဲ။ Lock ဆက်ပြောလာတာက

"ဒါပေမဲ့ ခွဲစိတ်ပြီး အသက်ရှင်လျက်နဲ့ စိတ်အသစ်ဖြစ်လာမယ့် Dexter ရှိနေတာက ငါ့အတွက် အနှောင့်အယှက်မဖြစ်ဘူးလေ။ မင်းပြန်သတိရရင်တောင် ငါမင်းကို Dexter အနေနဲ့ အကြာကြီးမြင်နေရတော့ Chain အပေါ်လည်း အမြင်ပြောင်းသွားနိုင်တာပဲ။ ပြီးတော့ ငါ့အသက်ကို အကြိမ်ကြိမ်ကယ်ခဲ့ဖူးတဲ့လူကို ငါမသေစေချင်ဘူး။ မင်းဘာသာ ငါမရှိဘဲမနေနိုင်လို့ ကယ်တာပဲဖြစ်ဖြစ်ပေါ့လေ"

"အဲဒါဆို အသက်ကယ်ခဲ့ဖူးလို့ မသေစေချင်တာပေါ့"

"သောက်ရစ်ကရှည်တယ်ကွာ။ မသေစေချင်ဘူး၊ မင်းကို ငါ့အနားမှာ ဆက်နေခွင့်ပေးမယ်။ အဲဒါ မင်းလိုချင်တာပဲမဟုတ်ဘူးလား။ အဲဒီအတိုင်းနေရမယ်၊ မင်းခွဲစိတ်ရမယ်။ ငါပြောချင်တာ အဲဒါအကုန်ပဲ။ သေချင်ရင်တော့လည်း မခွဲနဲ့"

■■■■■ Part XLIII ဆက်ရန် ■■■■■

© Demon ,
книга «က်ည္တစ္ေတာင့္အျဖစ္ ျပန္လည္ရွင္သန္ခြင့္».
Коментарі