Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.1
Arc 1 : Brother conflict +

အခန်း(၁)ကျိူးယွင်​ရှန့်​ဘဝ

ကျိူးယွင်​ရှန့်​မျက်​လုံးဖွင့်​လိုက်​သည့်​အခါသူ့ကိုယ်​သူ King size​မွေ့ယာကြီးတစ်​ပေါ်လဲ​လျောင်း​နေ​ကြောင်းသိလိုက်​ရသည်​။ သူ့​ခေါင်း​ပေါ်မှာအဖြူ​ရောင်​မျက်​နှာကျက်​နဲ့အတူကျက်​သရည်​ရှိတဲ့ ဖန်​မီးဆိုင်းတစ်​ခုရှိ​နေသည်​။ သူထလိုက်​ပြီး သူ့ဝိညာဉ်​နဲ့ဆက်​ထားတဲ့ လက်​ကောက်​ဝတ်​ကAIကိုကြည့်​လိုက်​သည်​။ အနက်​ရောင်​display​ပေါ်မှာစာတစ်​ချိူ့​ပေါ်ေ​နပြီး ဒါ Lord Godဆီက​နေခိုးယူထားတဲ့အချက်​အလက်​တွေပဲဖြစ်​သည်​။

ဗိုင်းရပ်​တစ်​ကောင်​အ​နေနဲ့ Lord Godရဲ့ထိန်းချူပ်​မှု​အောက်​ကလွတ်​ဖို့ ကျိူးယွင်​ရှန့်​သူ့ကိုယ်​သူအဓိကဇာတ်​ကောင်​အဖြစ်​ပါဝင်​မှာမဟုတ်​ဘူး။ 007ရဲ့တွက်​ချက်​ပေးမှုအရသူ​ရွေးချယ်​လိုက်​တဲ့​နေရာကမကြာခင်​ဖျက်​ဆီးခံရမယ့်​အ​မြောက်​စာအရံဇာတ်​ကောင်​ဗီလိန်​နေရာပဲ။ဗီလိန်​ဇာတ်​ကောင်​ရဲ့ကံကြမ္မာကို​ပြောင်းလဲလိုက်​တာ ဒီ​လောကကိုပျက်​စီးမသွား​စေနိုင်​ဘူး။ Lord Godရဲ့ တွက်​ချက်​မှုကို errorဖြစ်​သွား​စေရုံ​လောက်​ပဲ။

Data errorအတွဲက​Data​တွေကိုပိုerrorဖြစ်​စေတယ်​။သူထွက်​သွားတဲ့အခါကမ္ဘာကြီးက Lord Godရဲ့ထိန်းချူပ်​မှု​အောက်​ကလွတ်​ထွက်​သွားလိမ့်​မယ်​။ကြည့်​ရတာအဆင်​ပြေပုံရ​ပေမယ့်​တကယ်​တော့မလွယ်​ဘူး ။ Necrotic ဧရိယာ​တွေပိုများလာ​လေ မှတ်​ဥာဏ်​ကအနည်းအမြန်​သေကုန်​မှာပဲ။
ဒါကျိူးယွင်​ရှန့်​လိုချင်​နေတဲ့အရာပဲ။

အချက်​အလက်​တွေကိုဖတ်​ပြီးတဲ့​နောက်​ကျိူးယွင်​ရှန့်​နှုတ်​ခမ်းစွန်း​လေးမြင့်​တက်​သွားသည်​။ အခုလက်​ရှိခန္ဓာက ၁၆နှစ်​အရွယ်​ယောက်ျား​လေး နံမည်​ကလည်း ကျိူးယွင်​ရှန့်​ပဲ။ သူကအထက်​တန်းပထမနှစ်​ကျောင်းသား သူ့မှာ၁၅နှစ်​အရွယ်​ညီနှစ်​ယောက်​ရှိတယ်​။ တစ်​ယောက်​က ကျိူးဝန်​အန်​နောက်​တစ်​ယောက်​က ကျိူးဝန်​ကျင့်​။

ကျိူးဝန်​အန်​က ကျိူးယွင်​ရှန့်​ရဲ့အ​ဖေတူအ​မေကွဲညီ။ သူတို့အ​ဖေက သူ့အ​မေကိုပိုသ​ဘောကျလို့ ဝန်​အန်​က ကျိူးသခင်​ကြီးရဲ့အချစ်​ဆုံးသားဖြစ်​တယ်​။ ကျိူးယွင်​ရှန့်​ရဲ့ညီအရင်းက​မွေးကင်းစကတည်းက နှလုံးတည်​ဆောက်​ပုံမမှန်​လို့​သေသွားခဲ့တယ်​။

ကျိူးဝန်​ကျင့်​က​တော့ ကျိူးသခင်​မကြီးရဲ့​မွေးစားသမီးဆီက​မွေးတဲ့သား။ အဲ့ဒီအမျိူးသမီးကမိဘမဲ့ ဒါ​ပေမယ့်​သူကစိတ်​ကောင်းရှိတဲ့အတွက်​ကျိူးသခင်​မကြီးကိုအမြဲအားနာ​နေခဲ့တယ်​။ က​လေးကို​မွေးပြီးတဲ့​နောက်​စိတ်​ကျ​ရောဂါရလာတယ်​မကြာပါဘူး ကိုယ့်​ကိုယ်​ကို သတ်​သေသွားခဲ့တယ်​။ အ​လောင်းကို ကျိူးသခင်​မကြီးကရှာ​တွေ့ခဲ့တာပဲ။ သူမနဲ့ဆိုင်​မဆိုင်​တော့မသိဘူး ဒါ​ပေမယ့်​သူမလည်းမြစ်​ထဲခုန်​ချပြီး အ​လောင်းရှာမရပဲ​ပျောက်​သွားခဲ့တယ်​။

ဒီကမ္ဘာရဲ့အဓိကဇာတ်​လိုက်​က ကျိူးမိသားစုရဲ့ဒုတိယသား ကျိူးဝန်​ကျင့်​။ သူကငယ်​စဉ်​မှာမိသားစုရဲ့အပစ်​ပယ်​ခံရပြီး ညီအစ်​ကိုရဲ့နှိပ်​စက်​ခြင်းကိုခံခဲ့ရတယ်​။​နောက်​တော့ သူက စီးပွား​ရေးဧကရာဇ်​တစ်​ပါးဖြစ်​လာတယ်​။ ပြိုင်​ဖက်​ပေါင်းများစွာကိုအနိုင်​ယူပြီး စီးပွား​ရေး​လောကကို​အောင်​လံထူခဲ့တယ်​။ အဆုံးမရှိတဲ့ကြွယ်​ဝမှုကိုပိုင်​ဆိုင်​လာတယ်​။ ကျိူးယွင်​ရှန့်​က​တော့ သူ့ဘဝမှာပိတ်​နေတဲ့​ကျောက်​တုံး​လေးတစ်​တုံးပဲ ပြိုင်ဖက်​လို့​တောင်​မဆိုသာဘူး။

ကျိူးအိမ်​ရဲ့သားသုံး​ယောက်​မှာ အကြီးဆုံးက တည်​ညိမ်​တယ်​ပြီး​ခေတ်​မှီတယ်​။ ဒုတိယသားက​တော့ အများနဲ့မတူတစ်​မူထူးခြားတယ်​။ တတိယတစ်​ယောက်​က​တော့ရိုးရိုးရှင်းရှင်းနဲ့​ဖြောင့်​မတ်​တယ်​။ တကယ်​တော့ အရမ်းကိုထက်​မြတ်​ပုံရတဲ့ပထမသားကတကယ်​တော့ အတုံးဆုံးသားပဲ။ သူကျိူးဝန်​အန်​ကို​စောင့်​ရှောက်​ပြီး​ကျိူးဝန်​ကျင့်​ကို​တောင်​အနိုင်​ကျင့်​သေးတယ်​။ ကျိူးသခင်​ကြီးကလည်း သူ့သား​တွေလုပ်​ရပ်​ကိုကြားဝင်​စွတ်​ဖက်​လေ့မရှိဘူး။ အဲ့ဒီလိုကျိူးသခင်​ကြီးရဲ့အုပ်​ချူပ်​မှု​အောက်​မှာ သူက ကျိူးဝန်​အန်​ရဲ့ဒိုင်းဖြစ်​လာတယ်​။
​နောက်​ဆုံး​တော့ကျိူးဝန်​ကျင့်​ရဲ့လက်​တုန့်​ပြန်​မှုကိုခံရတဲ့အပြင်​သူ့မိသားစုရှယ်​ယာနဲ့ပိုင်​ဆိုင်​မှု​တွေကို ကျိူးဝန်​အန်​ကို​ပေးပြီး ဆင်းဆင်းရဲရဲနဲ့​သေရှာတယ်​။

ဒါက အ​မြောက်​စာအရံဇာတ်​ကောင်​တစ်​ယောက်​ရဲ့အဆုံးသတ်​ပဲ။

အချက်​အလက်​တွေဖတ်​ပြီး​နောက်​ကျိူးယွင်​ရှန့်​ပျင်းပျင်းရှိခါးကိုကုပ်​လိုက်​ပြီး မှန်​ပြတင်းကြီးနား​နေပူစာလုံဖို့ထလိုက်သည်​။ 007က​တော့ ဒီခန္ဓာပိုင်​ရှင်​ရဲ့ကံကြမ္မာကိုဘယ်​လို​ပြောင်းလဲရမလဲဆိုတာအလျင်​အမြန်​တွက်​ချက်​နေ၏​။ အခုဒီခန္ဓာကိုယ်​ကသူ့ခန္ဓာကိုယ်​ဖြစ်​ပြီဆို​တော့ ကျိူးယွင်​ရှန့်​ကံကြမ္မာကိုရင်​ဆိုင်​ရ​တော့မည်​။ ဒီကမ္ဘာကို Lord Godကဖန်​တီးထားတာ။ မ​ရေမတွက်​နိုင်​တဲ့data​တွေက တကယ့်​အစ်​အမှန်​လောကနဲ့အရမ်းကွာခြားတယ်​။ ဒါ​ပေမယ့်​သူကလည်းdata​တွေထဲကတစ်​ခုဆို​တော့ သူ့ဝိညာဉ်​ဟာလည်း ဒီထဲကအစိတ်​အပိုင်းတစ်​ခုဖြစ်​နေပြီ။ဒါ​ကြောင့်​ဒီကမ္ဘာကိုအစစ်​နဲ့မခြားသူခံစား​နေရတယ်​။ သစ္စာ​ဖောက်​ခြင်း​ကြောင့်​ဒေါသ၊ ဝမ်းနည်းမှု၊ အကြိမ်​အကြိမ်​အသက်​ခံရတဲ့နာကျင်​မှု။ ဒါ​တွေက တကယ့်​ကမ္ဘာအစစ်​နဲ့မကွာဘူး။

Lord Godပြုသမျှနုရမယ့်​ရုပ်​သေးရုပ်​သူမဖြစ်​ချင်​ဘူး။ သူအခုဒီမှာရှိ​နေပြီဆို​တော့ သူ့ကံကြမ္မာကို​ပြောင်းလဲဖို့ဘာမှမဆိုလုပ်​မှာပဲ။​နေမင်းကတိမ်​တွေကြားမှာပုန်း​နေဆဲမို့ မှန်​ပေါ်ကလူငယ်​လေး၏တည်​ညိမ်​စူးရှသည့်​မျက်​လုံးများနှင့်​ပုံရိပ်​ကိုမြင်​နေရသည်​။

"ရှန့်​လေး နံနက်​စာအဆင့်​သင့်​ဖြစ်​နေပြီ။ထဖို့အချိန်​ရောက်​ပြီ'' နာနီ၏တံခါး​ခေါက်​သံကိုကြားသည်​နှင့်​ကျိူးယွင်​ရှန့်​နူးညံ့သည့်​အပြုံးနှင့်​မျက်​နှာ​လေးကိုပြန်​ယူလိုက်​ပြီး မူရင်းခန္ဓာကိုယ်​၏မှတ်​ဥာဏ်​အတိုင်း မျက်​နှာသစ်​၊သွားတိုက်​ကျောင်းဝတ်​စုံလဲပြီး​အောက်​ထပ်​ကိုဆင်းလိုက်​သည်​။

ထမင်းစားခန်းထဲမှာ ကျိူးသခင်​ကြီးကသတင်းစာဖတ်​နေပြီး သူ့ပုခုံး​ပေါ်မှာ ကျိူးဝန်​အန်​ကမှီထားသည်​။ သူ့အ​ဖေ​နောက်​စာမျက်​နှာကိုလှန်​လိုက်​တဲ့အခါသူကလက်​နဲ့တားပြီး သူဖတ်​လို့မပြီး​သေး​ကြောင်း​အော်​လိုက်​၏။ ကျိူးသခင်​ကြီးကဘာမှမ​ပြော ချစ်​စနိုးနဲ့ပင်​သားငယ်​၏နှာ​ခေါင်း​လေးကိုဆွဲလိုက်​သည်​။ ဒီလိုကြင်​နာမှုမျိူး သားအကြီး ကျိူးယွင်​ရှန့်​ကိုရခဲ့ဖူးသလား။ ဒါ​ပေမယ့်​သူ့ဦး​နှောဏ်​က သူ့အ​ဖေ​ပြောတဲ့ အ​ကောင်းဆုံးဘယ်​အရာမဆိုညီ​လေးကို​ပေးရမယ်​။ ညီ​လေးကို​စောင့်​ရှောက်​ရမှာသူ့တာဝန်​ဆိုပြီး စွဲမြဲ​နေတယ်​။

​စောင့်​ရှောက်​ရမယ်​? ဟန့်​! ကျိူးယွင်​ရှန့်​၊ ဝန်​အန်​ကို​ကောင်း​ကောင်းကြီး​စောင့်​ရှောက်​မှာပါ။ သူ့နှုတ်​ခမ်း​တွေက​ကွေးညွှန့်​သွားပြီး ပြုံးလိုက်​သည်​အခါ ပိုလိုနူးညံ့အပြစ်​ကင်း​စေသည်​။ ကျိူးယွင်​ရှန့်​သူ့ဖခင်​၏ဘယ်​ဖက်​မှာထိုင်​လိုက်​ပြီး​ခေါင်းငုံ့ လျှက်​ထိုင်​နေသည့်​ကျိူးဝန်​ကျင့်​ကိုတစ်​ချက်​ကြည့်​လိုက်​သည်​။

"​ရှောင်​ရှန့်​နွားနို့တစ်​ခွက်​နေ့တိုင်း​သောက်​ရမယ်​'' ကျိူးသခင်​ကြီးရဲ့အတွင်း​ရေးမှူး တုရွှီလန်​ကမီးဖို​ချောင်​က နွားနို့ပူပူတစ်​ခွက်​ကိုင်​ပြီးထွက်​လာသည်​။

ကျိူးယွင်​ရှန့်​၏အပြုံးတို့ကပိုမိုပီပြင်​လာပြီးမျက်​လုံးအ​ရောင်​တို့ကပို​တောက်​ပလာသည်​။ သူ့​မေ့​တော့မလို့ အခုလက်​ရှိသူ့ပြိုင်​ဖက်​က ဇာတ်​လိုက်​ဝန်​ကျင့်​တင်​မကဘူး သူ့ကိုကူညီ​ပေးမယ့်​တုရွှီလန်​လည်းပါတယ်​။ သူသာမရှိရင်​၁၀နှစ်​အတွင်းဝန်​ကျင့်​အောင်​မြင်​နိုင်​မှာမဟုတ်​ဘူး။

သူကကျိူးဝန်​ကျင့်​ရဲ့အကြီးမားဆုံးအ​ထောက်​အကူပဲ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі