Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.11
အခန်း (၄၁) လင်းချန်​စယ်​ဘဝ+
Translator - MayHoney127

BGM suggest >>> On call {by Lu Han} for Loser JiHanyu :,(


ကျီဟန်ယွိ အသက်၁၂နှစ်ပြည့်တဲ့နေ့တုန်းက သူ့အဖေက အိမ်ကို သူစိမ်းကောင်လေးနဲ့ ကောင်မလေးကို ခေါ်လာခဲ့တယ်။ သူတို့ကို လက်ဆွဲထားရင်းက ဒါမောင်နှမတွေဖြစ်လို့ သူကစောင့်ရှောက်ရမယ်လို့ ပြောတယ်။ ကျီဟန်ယွိက မှင်သက်သွားပင်မယ့် သူ့အမေက သူ့မွေးနေ့ကိတ်အကြီးကြီးကို မှောက်ပစ်ကာ သူ့အဖေကို ဆဲဆိုတော့တယ်။ သူ့အမေက

"ကျီမင်​ရွှမ်​ရှင့်ကိုရှင်ဘာထင်နေလဲ? ကိုယ့်ကိုကိုယ်ပြန်ကြည့်စမ်း။ လူကဖြင့် နဖူးပြောင်ပြောင်နဲ့ ဝတုတ်ပြဲနေတဲ့ အသက်၅၀အရွယ် အဖိုးကြီးဖြစ်နေပြီ။ အသက်၂၀ကျော် ကောင်မတစ်ယောက်နဲ့ ကလေးရတဲ့အထိ ဘာလုပ်နေတာလဲ? သူက ရှင့်ကိုတကယ်ချစ်တယ်များ ထင်နေလား? ချောင်းမိသားစုရဲ့ နောက်ခံသာမရှိရင် ရှင်ကအလကားပဲ! ဒီအရိုင်းအစိုင်း သူတောင်းစားနှစ်ကောင်ကို ငါ့မျက်စိရှေ့ကနေ ခေါ်ထုတ်သွားစမ်း!"

သူ့အဖေမျက်နှာက ဝက်ကြီးလို ရဲပြီးဖောင်းပွလာတော့ ကျီဟန်ယွိလေးက ရယ်စရာထင်ပြီး ရယ်လိုက်မိတယ်။ သူ့အဖေက ဒေါသတကြီး လူကိုလက်ညိုးငေါက်ငေါက်ထိုးက လှောင်သံနဲ့

"သူတောင်းစားကောင် မင်းကဘာလို့ရယ်တာလဲ? မင်းကိုမင်းဘာကောင်များထင်နေလဲ? မင်းအမေက သူတို့ကိုသူတောင်းစားခေါ်ရအောင် သူကိုယ်တိုင်ကလည်း ချောင်းမိသားစုရဲ့ သူတောင်းစားပဲကွ! ကျီအိမ်ရဲ့ ချမ်းသာမှုကြောင့်သာ မဟုတ်ရင် မင်းကို ဘယ်သူမှ ချစ်မှာမဟုတ်ဘူး။ ပေးတာယူ ကျွေးတာစားနေရတဲ့ဟာတွေကများ ငါ့ကိုလာကိုက်နေသေးတယ်။ $ကျေးဇူးမသိတက်တဲ့ဟာတွေ"

အဲ့ဒီအချိန်တုန်းက အဲ့စကားတွေကို သူနားမလည်ပင်မယ့်လည်း စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို စွဲသွားတော့တယ်။
အဲ့ဒါကြောင့် လင်းချန်စယ်က သူ့ကိုငွေကြောင့်ပဲ ချစ်တယ်လို့ပြောတာ ကြားတုန်းက သူအရမ်းစိတ်ဆိုးသွားမိပြီး ဒီလှောင်ရယ်ဖို့ကောင်းမယ့် အစီအစဉ်ကို စခဲ့တယ်။ လင်းချန်စယ်ကို ကျီမိသားစုစီးပွားပျက်သွားပြီး သူနေစရာမရှိဘူးလို့ပြောခဲ့တယ်။ သူ့မျက်နှာပျက်နေ​ပေမယ့် ရင်ထဲမှာတော့ လှောင်ရယ်နေခဲ့တယ်။ ကျီအိမ်က တကယ်စီးပွားပျက်သွားပြီး ပိုင်ဆိုင်မှုတွေက လောဘကြီးတဲ့ တရားမဝင်သားသမီးတွေဆီကို ရွှေမိုးငွေမိုးရွာချသလို ရောက်သွား​ပေမယ့် ကျီဟန်ယွိအတွက်တော့ ဘာသက်ရောက်မှုမှ မရှိဘူး။ သူ့အမေကျီမိသားစုထဲကို လက်ထပ်ပြီး ရောက်သွားတည်းက သူ့အဖိုးက တသက်ဖူဖူလုံလုံနေလို့ရတဲ့ငွေတွေ သူ့အမေကို ပေးထားပြီးသားပဲ။ သူ့အမေဆီက ပိုက်ဆံ၂သန်းလောက်တောင်းပြီး သူ့ဦးလေးအကူအညီနဲ့ စက်ရုံထောင်ထားတာ အမြတ်တွေက အများကြီးပဲ။ သူမွဲသွားချင်ယောင်ဆောင်ပြီး လင်းချန်စယ်အိမ်မှာ အတူနေဖို့ တောင်းဆိုခဲ့တယ်။ လင်းချန်စယ်က သဘောတူခဲ့​ပေမယ့် အဲ့နောက်ပိုင်း သူ့အပေါ်အေးစက်လာပြီး သူ့ချမ်းသာတဲ့အပေါင်းအပါတွေကိုပဲ ဖော်ရွေလာတော့တယ်။ ကျီဟန်ယွိက တဖက်သတ်အမြင်နဲ့ အထင်သေးနှာခေါင်းရှုပ်ပြီး လင်းချန်စယ်က သူ့ထောင်ချောက်ထဲမှာ မိပြီလို့ ထင်ခဲ့တယ်။

လင်းချန်စယ်က သူတောင်သတိထားမိလောက်တဲ့အထိ သူ့သူငယ်ချင်းတွေ နှောက်ယှက်တာခံနေရ​ပေမယ့်လည်း အောက်ကျခံပြီး ဆက်ရောနေတုန်းပဲ။ အဲ့တုန်းက လင်းချန်စယ်က ငွေတအားလိုနေလို့ အကုန်လုပ်နေတာပဲလို့ ထင်ခဲ့​ပေမယ့် နောက်ကျမှ ဒီသည်းခံနိုင်စွမ်းတွေရဲ့ နောက်ကွယ်က တကယ့်အမှန်တရားက အကုန်လုံးသူ့အတွက်ပဲတဲ့။ ဖန်းယို့ရမ်က သူ့ကို အဖြူစင်ဆုံးအချစ်ပေးတယ်လို့ ထင်ခဲ့​ပေမယ့် လင်းချန်စယ်ရဲ့အချစ်က ပိုဖြူစင်ပြီး ပိုကြမ်းတယ်။ သူ့ပြင်းထန်တဲ့အချစ်စိတ်က သူလူတစ်ယောက်ကိုချစ်မိသွားတာနဲ့ အဲ့လူကောင်းဖို့အတွက် သူ့တစ်ကိုယ်လုံးလောင်ကျွမ်းပေးမယ့် ဗီးနစ်​ငှက်​လိုပဲ။ သူမင်းကိုချစ်မိတာနဲ့ သူ့ဝိညာဉ်ကအစ ပေးဆပ်ပစ်မယ့် လူစားမျိုး။ ဒါသူအမြဲတောင့်တခဲ့တဲ့ အချစ်စစ်မျိုးဖြစ်ပင်မယ့် သူသတိမထားမိခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတယ်။

အဲ့ညက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အနီ​ရောင်​ပိုက်ဆံတွေက သူ့ကိုလှောင်ရယ်နေခဲ့တယ်။ ကျီဟန်ယွိက အချိန်အကြာကြီး အခန်းထဲမှာ ရပ်နေခဲ့ပြီးမှ ဒူးထောက်ထိုင်ချကာ ကြမ်းပြင်တစ်ခုလုံးရှင်းသွားတဲ့အထိ တစ်ရွက်ချင်းစီကောက်ခဲ့တယ်။ ပိုက်ဆံတွေကို ကိုင်ရတာက သူ့လက်ဖဝါးတွေ အပူလောင်သွားလောက်တဲ့ မီးခဲကိုကိုင်ရသလို ဖြစ်နေခဲ့​ပေမယ့် သူမချနိုင်ခဲ့ဘူး။လင်းချန်စယ်ရဲ့ ခွင့်လွှတ်မှုကိုရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြိမ်ရာပေါင်းများစွာ ပြန်ပေးဖို့ ကြိုးစားခဲ့တယ်။ လင်းချန်စယ်ရဲ့အပြုအမှုတွေ ပြန်တမ်းတပြီး သူ့သူငယ်ချင်းတွေနဲ့ သူဒုက္ခရောက်ရင်ကူညီဖို့ ရောခဲ့ရတာကိုသိတော့ သူတို့ကိုလုံးဝမုန်းခဲ့တယ်။ လင်းချန်စယ် လုပ်ခဲ့သမျှက သူ့အတွက်တွေပဲ။ သူလင်းချန်စယ်ရဲ့ လူသိမခံခဲ့တဲ့ အခက်အခဲတွေနဲ့ မျက်ရည်တွေ သူမူးရူးနေတဲ့sexပါတီကို ခေါ်သွားတုန်းက လင်းချန်စယ်ရဲ့အတွေးတွေကိုရော သူမတွေးရဲဘူး။
ဖန်းယို့ရမ်က သူ့ကိုပိုက်ဆံတွေကူစီပေးပြီးတော့ ရုတ်တရပ် သူ့ကိုဖက်တွယ်ကာ "တောင်းပန်ပါတယ်"ဆိုတဲ့စကားကို ထပ်ခါတလဲလဲ ငိုရင်းနဲ့ပြောခဲ့တယ်။ ဒီမျက်ရည်တွေက သူ့ကိုအမြဲပျော့သွားစေခဲ့​ပေမယ့် သူ့ကိုအဲ့တုန်းက ပိုစိတ်ညစ်စေတယ်။ လင်းချန်စယ်ရဲ့ ပေးဆပ်မှုကြီးတွေနဲ့ယှဉ်ရင် ဖန်းယို့ရမ်ရဲ့ ပေးဆပ်မှုတွေက ဘာလဲ? ဘာလို့သူ့ကို ပထမနေရာပေးရလောက်တဲ့အထိ အထင်ကြီးမိသွားတာလဲ? အပြင်မှာ လင်းချန်စယ်ထက် ပိုဂရုစိုက်ပေးလို့လား?1

လင်းချန်စယ်က အရမ်းမာနကြီးတယ်။ "အရင်ချစ်မိသွားတဲ့သူက အရှုံးပဲ"လို့ သူအမြဲတမ်းပြောတတ်တယ်။ ကျီဟန်ယွိက ဒါလင်းချန်​စယ်​ရဲ့အကြိုက်ဆုံးစကား ဘာလို့ဖြစ်နေမှန်း မသိခဲ့​ပေမယ့် သူ့ကိုထပ်ခါထပ်ခါပြောနေတိုင်းမှာ စိတ်ထဲက "ငါမင်းကိုရှုံးနေပြီ"လို့ ပြောနေမှန်း အခုမှသိတယ်။ ဒါ​ပေမယ့် သူ့မာနက ပြောခွင့်မပေးတော့ ငွေကြောင့်ချစ်တာလို့ မေးတာကို ဖြေခဲ့တယ်။ ဘယ်လိုတောင် ကိုးယို့ကားယားနိုင်ပြီး ချစ်ဖို့ကောင်းတဲ့ စိတ်လေးလဲ လို့ သူတွေးရယ်မိလိုက်ပြီးနောက် သူငိုရင်း ဖန်းယို့ရမ်ကို တွန်းထုတ်ကာ သူနဲ့လင်းချန်စယ်တို့ ဘဝထဲကထွက်သွားဖို့ အော်ပြောလိုက်တယ်။ မျက်လုံးရဲကြီးတွေနဲ့2

"မင်းကိုကြည့်မိတိုင်း ငါ့ကိုယ်ငါရှိရင်းစွဲထက် ပိုရွံမိတယ်"

အဲ့တည်းက လင်းချန်စယ်ပျောက်သွားတာ ကျီဟန်ယွိဘယ်မှာမှ ရှာမရတော့ဘူး။ နောက်ဆုံး ပြန်တွေ့မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ချောင်းမို့ခွန်းအိမ်တံခါးရှေ့မှာ အမြဲစောင့်နေခဲ့တယ်။ အရင်က သူ့ဦးလေးကို အထင်ကြီးလေးစားကာ ကျေးဇူးကြီးသူလို့ သတ်မှတ်ခဲ့​ပေမယ့် အခုတော့ ခါးသီးတဲ့ ခံစားချက်တွေပဲ ရှိတော့တယ်။
"ကျွန်တော့်ရည်းစားမှန်းသိရက်နဲ့ ဘာလို့လိုက်ခဲ့တာလဲ?"

ချောင်းမိုခွန်းက သူ့ကိုခပ်လှောင်လှောင်အပြုံးနဲ့ သိန်း၃ထောင်နဲ့ သူ့ခံစားချက်တွေရှင်းပစ်ဖို့ ဝယ်ခဲ့ရတာက သူလုပ်ဖူးသမျှ အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံမှုပဲတဲ့။ ကျီဟန်ယွိက အဲ့အချိန်တုန်းက ပြန်တိုက်ခိုက်နိုင်ဖို့အားမရှိလို့ ချောင်းမို့ခွန်းထက် ပိုသန်မာပိုအားကောင်းလာရင် သူ့အချစ်ကိုပြန်ရမယ်လို့ သူ့ကိုယ်သူ အားတင်းခဲ့ရတယ်။
အဲ့နောက်ပိုင်းမှာ လင်းချန်စယ်ထပ်ပျောက်သွားပြန်တော့ ကျီဟန်ယွိက အိပ်မပျော်တဲ့ဝေဒနာဖြစ်သွားကာ အိပ်ဆေးတွေသောက်ရင်း နာကျင်ရဆုံး၃လကို ဖြတ်သန်းခဲ့ရတယ်။ ၃လကြာပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းက နားလည်ရခက်တဲ့messageနဲ့ videoတစ်ခုကို ပို့ပေးတယ်။ သူဒီတိုင်းဖွင့်ကြည့်မိတော့ လုံးဝသတိလစ်မတက်ပဲ။ သူဖုန်းကို တင်းတင်းကိုင်ကာ လောဘအပြည့်နဲ့ screenပေါ်က ဆွဲဆောင်မှုရှိလွန်းတဲ့ကောင်လေးကို စိုက်ကြည့်နေမိတယ်။ ဒါကလင်းချန်စယ်ပဲ။ သူ့နှလုံးသားကတောင့်တနေခဲ့တဲ့ လင်းချန်စယ်။ အနာကျင်ဆုံးနောင်တတွေပေးခဲ့တဲ့ လင်းချန်စယ်။ သူ့သူငယ်ချင်းက ဖုန်းခေါ်ပြီး

"ဒီကြော်​ညာက တကယ်ကြီးပေါက်နေတာကွ။ သေစမ်းပါကွာ! လင်းချန်စယ်က ဒီလိုအလန်းကြီးမှန်း ငါမသိခဲ့ဘူး။ ဟျောင့် မင်းငါ့ကိုတော့မပေးဘဲ ဝမ်​ကျဲ့ကိုကျပေးတယ်။ ဒါကဘာသဘောလဲကွ! ဟာ! ငါအခုမှတွေးမိတယ် အဲ့ဒါမင်းရည်းစားမလား? ဟျောင့် မင်းမို့ပဲ  ဒီလိုလူမျိုးကို ဘယ်လိုလုပ် သူများကိုပေးနိုင်ရတာလဲ? မင်းအရမ်းရဲ . . ."

ကျီဟန်ယွိက သူပြောလို့ပြီးအောင် မစောင့်တော့ဘဲ ဖုန်းကို အတင်းချလိုက်တယ်။ သူ့မျက်လုံးမှာ အမုန်းတွေအပြည့်နဲ့ "ငါဘာလို့အဲ့လောက်တုံးရတာလဲ? ငါဘာလို့အဲ့လောက်တုံးရတာလဲ! ဘာလို့အလွယ်တကူ လက်လွှတ်လိုက်ရတာလဲ!
ငါအတော်တုံးတာပဲ!" လို့ ထပ်ခါထပ်ခါပြောနေမိတယ်။
"Extravagant"ရေမွှေးပုလင်းတိုင်းမှာ လင်းချန်စယ်ရဲ့ ပရိုမိုရှင်းပိုစတာပါမယ်လို့ ကြားတော့ ကျီဟန်ယွိက အဲ့နေ့ကျောင်းပြေးပြီး နီးစပ်ရာဆိုင်ကို အပြေးသွားခဲ့တယ်။ ကောင်တာမှာ လူတွေကြပ်နေပြီး လူတိုင်းက ရေမွှေးပုလင်းအတွက် ဆူညံ့နေကြတယ်။ သူလူမနည်းတိုးပြီး ကောင်တာဆီရောက်တော့ အရောင်းဝန်ထမ်းက ပစ္စည်းပြတ်သွားပြီပြောတယ်။ အဲ့အချိန်က လင်းချန်စယ်ကို ဘယ်တော့မှ ထိတွေ့နိုင်ခွင့်မရှိတော့ဘူးဆိုတဲ့ နာကျင်မှုကို သူပြောမပြနိုင်တက်အောင်ပဲ။+
Mallထဲက စိတ်ပျက်လက်ပျက်နဲ့ထွက်လာပြီးတော့ ထိပ်တန်းနိုင်ငံတကာdesigner Orlandoနဲ့ interviewကိုပြနေတဲ့ LEDအကြီးကြီးကို မော့ကြည့်လိုက်မိတယ်။ သူက လင်းချန်စယ်ကို အကောင်းဆုံးဝိုင်တစ်ခွက်လို ဘုရားသခင်က ချီးမြှင့်ထားတဲ့ဆုထူးရှိတဲ့ အလှနတ်ဘုရားလေးလို့ သုံးနှုန်းတယ်။ သူ့ရုပ်သွင်က နတ်တွေတောင် မယှဉ်နိုင်တာမလို့ မျက်ကန်းကလွဲရင် လူတိုင်းချစ်မိမှာပဲလို့ ပြောပြန်တယ်။ နောက်ဆုံးစကားက ကျီဟန်ယွိရင်ကို ထပ်ကွဲစေတယ်။ သူ့အချစ်ကို တစ်ခါရခဲ့ဘူး​ပေမယ့် သိတာအရမ်းနောက်ကျခဲ့တယ်။ လင်းချန်စယ်ကို screenမှာပြတော့ လူအများစုက ရပ်ပြီးကြည့်ကြတယ်။ ကားတွေတောင် အရှိန်လျှော့ပြီး ကြည့်တဲ့အထိပဲ။ သူတို့မျက်လုံးထဲမှာ အံ့ဩမှုတွေနဲ့ အသိအမှတ်ပြုကြတယ်။ ကျီဟန်ယွိကတော့ မကြည့်ရဲတော့ဘူး။
နောက်ဆုံးမှာ သူအဆက်အသွယ်အချို့သုံးလိုက်မှ extravagentရေမွှေးပုလင်းနည်းနည်း ရလိုက်တယ်။ ပြီးတော့ လင်းချန်စယ်ရဲ့ ပိုစတာတွေကို သူဘယ်တုန်းကမှ ထွက်မသွားခဲ့သလို အခန်းအပြည့်ကပ်လိုက်တယ်။ အဲ့နေ့ကစပြီး သူအိပ်ပျော်သွားနိုင်ခဲ့​ပေမယ့် အိပ်မက်ဆိုးတွေကတော့ အများကြီးပဲ။1
ချောင်းမိုခွန်းကို မှီမိုင်သမျှမှီဖို့ မျှော်လင့်ချက်နဲ့ သူအလုပ်တွေ အသေကြိုးစားခဲ့တယ်။ သူစီးပွားရေးအောင်မြင်ခါစလူဖြစ်လာတော့ သူ့အနားမှာ အလှမျိုးစုံက မြူးထူးလာကြ​ပေမယ့် ဘယ်သူမှ သူ့စိတ်ဝင်စားမှုကိုရအောင် မလုပ်နိုင်ဘူး။ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ရတနာတစ်ခုရထားပြီးနောက် ဆုံးရှုံးသွားရရင် ပြန်အစားထိုးဖို့ကို မျှော်လင့်နိုင်လို့လား? လင်းချန်စယ်က အကောင်းဆုံးဖြစ်ခဲ့တော့ ဘယ်သူမှ သူ့နေရာကို အစားမထိုးနိုင်ဘူး။ သူ့စီးပွားရေးကိစ္စတွေပြီးတိုင်း အိမ်ကိုပင်ပင်ပန်းပန်း နေ့တိုင်းပြန်လာလေ့ရှိတယ်။ သူဆိုဖာပေါ်မှာထိုင်ရင်း လင်းချန်စယ်ပုံတွေနဲ့ ပြည့်နေတဲ့ နံရံကို ဘာမှမတွေးပဲ စိုက်ကြည့်နေတက်တယ်။

တစ်​နေ့မှာ ချောင်းမိုခွန်း ကားအက်စီးဒန့်ဖြစ်ပြီး အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရလို့ အကြောသေသွားနိုင်ပါတယ်လို့ သတင်းက တင်ပြသွားတယ်။ ကျီဟန်ယွိက အတော်ကြာအောင် အေးခဲသွားပြီးနောက်မှာ သူ့ရင်ထဲမှာ ဖော်ပြလို့တောင်မရနိုင်တဲ့ အပျော်တွေလှိုက်တက်လာတယ်။ ချောင်းမိုခွန်းကျသွားပြီဆိုတာက သူ့အတွက်အခွင့်အရေးပဲ။ အခုချိန်မှာ လင်းချန်စယ် ဘယ်လိုခံစားနေရမလဲ? အကူအညီမဲ့နေမလား? မဖြစ်ဘူး သူမြန်​နိုင်သမျှမြန်မြန် သူ့ကိုသွားရှာရမယ်။ ကျီဟန်ယွိက ချက်ချင်းထ အထုတ်ပြင်ကာ ဗီဒိုထဲက အကောင်းဆုံးဝတ်စုံကို ဝတ်တယ်။ ခရီးဆောင်အိတ်ကို လေဆိပ်ကိုဆွဲယူသွားကာ ပြင်​သစ်​နိုင်ငံကိုသွားမယ့် အမြန်ဆုံးလတ်မှတ်ဝယ်တယ်။
လေယာဉ်မထွက်ခင် မိနစ်၂၀လောက်မှာ လေယာဉ်ထွက်ခွာမယ့်ဂိတ်ရဲ့TVက သတင်းစာရှင်းလင်းပွဲတစ်ခုပြတယ်။ လင်းချန်စယ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးက ပေါ်လာတယ်။ သူမျက်တွင်းတွေချောင်ကျနေပုံ ပေါ်နေပင်ပြီး မျက်လုံးတွေက ကြေကွဲနေတယ်။ သူမီဒီယာရှေ့ကို ရဲရဲဝံ့ဝံ့ထွက်လာပြီး ကင်မရာကိုကြည့်ကာ ခိုင်ခိုင်မာမာပဲ+

"ချောင်းမို့ခွန်းက ကျွန်တော့်ချစ်သူပါ။ ကျွန်တော် သူ့ကိုချစ်တယ်။ ဒါကြောင့် သူ့အပေါ် ဘယ်တော့မှ လက်မလွှတ်ဘူး။ လူတိုင်းရဲ့မေတ္တာတွေ ကျွန်တော်တို့ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်"

အဲ့အချိန်မှာ ချောင်းမို့ခွန်းက ကမ္ဘာပေါ်မှာ အမုန်းခံရဆုံးလူသားဖြစ်သွားတယ်။ ကျီဟန်ယွိက လေဆိပ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မလေးတွေ သနားမျက်ရည်ကျပြီး ငိုနေသံတွေကြားတယ်။ လူကြီးတစ်ယောက်က သူ့ခရီးဆောင်အိတ်ကို ဒေါသတကြီးကန်ပစ်ကာ ဒီအင်တာဗျူးကအတုကြီး ဒါApril Foolဟာသပဲ ဖြစ်ရမယ်လို့ ဆဲဆိုနေတာကြားရတယ်။ ဒီကမ္ဘာပေါ်မှာ လူအများစုက လင်းချန်စယ်ကို အရူးအမူးမြတ်နိုးကြပင်မယ့် သူကတော့ လူတစ်ယောက်ကိုပဲ ချစ်တယ်တဲ့။ ကျီဟန်ယွိက ရယ်လိုက်ပြီး မျက်ရည်အပြည့်နဲ့ ပြုံးလိုက်တယ်။ လင်းချန်စယ်က သူ့ကိုလိုအပ်လိမ့်မယ်လို့ ဘာလို့တွေးမိခဲ့ရတာလဲ? ချောင်းမို့ခွန်း ဒုက္ခရောက်နေလို့ သူ့ကိုလက်ခံလိမ့်မယ်လို့ ဘာလို့တွေးမိခဲ့တာလဲ? တကယ်တော့ သူကလင်းချန်စယ်ပဲလေ။ တစ်ယောက်ယောက်ကို ချစ်မိသွားတာနဲ့ သူ့အတွက်မီဖိုဖြစ်ပေးမှာလေ! သူအချစ်ခံရတဲ့သူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပဲ။
ကျီဟန်ယွိက လက်မှတ်ပြန်ပေးကာ စိတ်ရှုပ်စွာ အိမ်ပြန်လာပြီး အိပ်ရာပေါ်မှာ လှဲတော့တယ်။ သူအိပ်မက်လှလှလေးတစ်ခုမက်တယ်။ လင်းချန်စယ်နဲ့ ထမင်းစားခန်းထဲမှာ အတူရှိနေတယ်။ သူစားမယ့်အထဲက ငရုတ်သီးတွေကို ဖယ်ပေးတယ်။ အားရပါးရစားနေတာကို ကြည့်နေတယ်။ နွားနို့နွေးနွေးလေးတစ်ခွက်ချပေးတယ်။ သူသောက်ပြီးတော့ သူ့နှုတ်ခမ်းရဲရဲလေးမှာ ရွှဲစိုနေအောင် ပေကျံနေတယ်။ လင်းချန်စယ်ရဲ့ လက်တွေက သူ့လည်ပင်းကို ချိတ်တွယ်လျှက် မက်မွန်မျက်လုံးလေးတွေက တဖိတ်ဖိတ်တောက်နေတယ်။ သူအရမ်းလှပြီး အရမ်းဆွဲဆောင်မှုရှိ . . . ကျီဟန်ယွိ အိပ်မက်လှလှလေးက နိုးလာတဲ့နောက် ဘာမှမရှိတဲ့ သူ့အခန်းကိုကြည့်ပြီး စိတ်ပျက်မှုစရာ လက်တွေ့ဘဝထဲ ပြန်ရောက်လာတယ်။
သူလင်းချန်စယ်ကို ၂လလောက်မုန်းရင်း ကုန်ဆုံးခဲ့ပင်မယ့် အခုသူ့တစ်ဘဝလုံး သူ့ကိုချစ်ရင်း ကုန်ဆုံးရတော့မယ်။ သူရှေ့ဆက်ဖို့ အမြဲကြိုးစားခဲ့​ပေမယ့် နေ့တိုင်းနေ့တိုင်းမှာ သူအတိတ်ထဲ နစ်မြုပ်နေခဲ့တယ်။ လင်းချန်စယ်က သူ့ကိုထားခဲ့ပြီး သူ့ပျော်ရွှင်မှုကို သေချာရှာတွေ့နေပြီ။ ဒါ​ပေမယ့် ကျီဟန်ယွိကတော့ အမှတ်တရတွေထဲမှာ သွေးရူးသွေးတန်းနဲ့ ပိတ်မိနေပြီးတော့ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး။ လင်းချန်စယ်ရဲ့အချစ်က မီးခဲတစ်ခုလိုပဲ ကျီဟန်ယွိရဲ့ ဝိညာဉ်ကို ပြာကျစေပြီး ဘာမှမရှိတဲ့ အခွံသပ်သပ်သာ ကျန်ခဲ့စေတယ်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі