Arc 5.7
အခန်း(၄၈) ကျူးစစ်ယွိဘဝ
16.2K 1.4K 65

by invisible_clover
အခန်း(၄၈) ကျူးစစ်ယွိဘဝ
ကျိူးယွင်ရှန့်ထင်ထားတာက ကျူးအိမ်ဟာဓားပြတွေဖျက်ဆီးခံလိမ့်မယ်လို့ပေါ့။နဂိုဇာတ်ညွှန်းမှာ ဓားပြတွေက ကျူးအိမ်ရဲ့အထက်တန်းကျအိမ်တော်ကြီးကိုမနာလိုပြီး အတွင်းပစ္စည်းတွေသယ်သွားရုံမက မီးလည်းရှို့ ခဲ့လို့ အိမ်တစ်ခြမ်းစာပျက်စီးရမယ်။ အခုလှည်းဆိုက်လာတဲ့အချိန်ကျိူးယွင်ရှန့်မြင်လိုက်ရတာက အနည်းငယ်ပျက်စီးနေတဲ့တံခါးကလွဲရင်ကျန်တာပုံမှန်ပဲ။လျှောက်လမ်းနံဘေးက ပန်းပင်တွေတောင်မပျက်စီးဘူး။
အတွင်းထဲက စစ်သည်တစ်ဦးထွက်လာပြီး သူ့ကိုလာရောက်ဂါရဝပြုသည်။ ''အသင်က ကျူးကုန်းဇီ ကျူးစစ်ယွိ လားခင်မျ''
"ဟုတ်ပါတယ်ကျူပ်ပါ'' ကျိူးယွင်ရှန့်တွဲပေးထားတဲ့ လုရှီလက်ကဖယ်လိုက်ပြီး ပြန်ဂါရဝပြုလိုက်သည်။
"ကျူးကုန်းဇီ ခင်များရဲ့အိမ်ကကျူပ်ရဲ့ယာယီတပ်စခန်းအဖြစ်ထိန်းသိမ်းထားခဲ့တာ။ အခု ဓားပြတွေလည်း ပြန်ဆုတ်သွားပြီဆိုတော့ ခင်များကိုပြန်လည်အပ်နှံပါတယ်'' သူ့ရဲ့ချပ်ဝတ်တန်ဆာပုံစံအရ သူ့ရာထူးဟာအတော်မြင့်မည်ဟု ယူဆနိုင်သည်။ ဒါပေမယ့်အပြုအမူကတော့ အရမ်းရိုကျိူးသည်။
စစ်သူကြီးတင်းယွမ်က ချင်းစယ်ရဲ့ ညာလက်ရုံးတွေကတစ်ယောက်ပဲ။ သူ့မှာရိုးသားဖြောင့်မတ်ခြင်းတရားတွေအပြည့်ရှိတာကြောင့်ကျူးအိမ်ပစ္စည်းများကိုထိမည်မဟုတ်ပေ။ ကျိူးယွင်ရှန့်စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ပြီး အမြန်ကျေးဇူးတင်လိုက်သည်။ ပြီးတော့ ဥသြလေးကိုငွေအိတ်တစ်အိတ်ပေးဖို့လည်းမှာလိုက်သည်။
ခေါင်းဆောင်ကြီးကိုယ်တိုင်က ဒီအိမ်ကိုစောင့်ရှောက်ဖို့အမိန့်ပေးထားမှတော့ တင်းယွမ်လည်းဘယ်လိုလုပ်လျစ်လျူရှုရဲမှာလဲ။ ပြီးတော့ငွေတွေကိုလက်ခံဖို့လည်းကြောက်တယ်။ ဒါကြောင့်ငြင်းပြီး သူ့ရဲမတ်တွေကိုခေါ်ကာပြန်ထွက်သွားသည်။1
ကျိူးယွင်ရှန့်အကောင်းတိုင်းရှိနေတဲ့ဧည့်ခန်းထဲမှာထိုင်ပြီး သက်ပြင်းချလိုက်သည်။ သူ ဥသြလေးကိုညစာပြင်ခိုင်းမလို့ပဲရှိသေး အစေခံတစ်ယောက်က ကျူးလောင်စစ်ပြန်လာပြီဟု သတင်းပို့လာသည်။
"လာကြစမ်း ဒီလူကိုကြိုးတုပ်ပြီး ရုံးတော်ဆီတစ်ခါထဲခေါ်သွားလိုက်'' ကျိူးယွင်ရှန့်က အကြင်နာမဲ့စွာပြုံးလိုက်သည်။
ကျူးလောင်စစ်က သူ့သူဋ္ဌေးသူ့ကိုရုတ်တရက်ကြီးတိုက်ခိုက်လိမ့်မယ်လို့ထင်မထား။ သူပြင်ဆင်ထားတာလည်းမရှိတာကြောင့်သူ့စာရင်းစာအုပ်တွေကို အစောင့်တွေရှာတွေ့သွားသည်။
ကျိူးယွင်ရှန့်ကသောင်းသောင်းဖြဖြဖြစ်စေချင်တာကြောင့်ရွားသားတွေအများကြီးခြံရံပြီး မြို့နယ်ရုံးတော်သို့ချီတက်သွားသည်။ သူ ကျူးလောင်စစ်နဲ့ကျူးအိမ်ရဲ့ စာရင်းစာအုပ်တွေကို လူရှေ့မှာထုတ်ပြလိုက်သည်။ ရွာသားတွေအကုန်စိတ်လှုပ်ရှားမှုကြောင့်ဆူဆူညံညံဖြစ်နေကြသည်။ ကျူးလောင်စစ်ကမြေခွန်အများကြီးခိုးသည်သာမက စာရင်းငှါးလယ်သမားတွေကိုလက်ဆောင်ပဏ္ဍာတွေဆက်သရန်လည်းတောင်းသည်။ မဟုတ်ရင်သူတို့လယ်ထဲကလုယူတတ်သည်။ ဒီလက်ဆောင်တွေက သူ့အိတ်ထဲအကုန်ဝင်သွားပြီး ကျူးအိမ်ကတော့တစ်ခုမှမရပေ။ သူ့သား ဖူရွှန်က မိန်းမလှလေးတွေ 'ကော'တွေနဲ့ကစားပြီး သူတို့အိမ်ထောင်ပြုရန်ဘဝကိုဖျက်ဆီးသည့်အခါ သူက ကျူးစစ်ယွိ နံမည်ကိုတပ်တာကြောင့်မိသားစုအမြှောက်အများက ကျူးအိမ်ကိုအရိုးစိမ့်အောင်မုန်းကြသည်။
အခုမှ သူတို့ကျူးစစ်ယွိကိုအမြင်မှားနေကြမှန်းသိတော့သည်။ သူက ဖခင်စည်းမျဉ်းဟောင်းတွေကိုလိုက်နာရတဲ့အတွေ့အကြုံ့ မရှိတဲ့သခင်အသစ်လေးပဲ။ သူ့ကိုဘယ်လိုမုန်းရမှာလဲ။
ချင်းမင်ရုံးတော်တရားသူကြီးက ချင်းစယ်ရဲ့နောက်လိုက်တစ်ဦးဖြစ်ပြီး အရမ်းကိုရိုးဖြောင့်သည်။ သူကအမှုကိုအမြန်လက်ခံပြီး ကျူးလောင်စစ်၏ပိုင်ဆိုင်မှုကိုရှာသည်။ အဲ့ဒီမှာ သူတို့အတင်းအဓ္ဓမအသိမ်းပိုက်ခံရတဲ့ မိန်းကလေးတွေနဲ့ 'ကော'တွေကိုကယ်နိုင်ခဲ့သည်။ ဒီအဖြစ်မှာ ရွာသားတွေဆီကပြင်းထန်တဲ့တုန့်ပြန်မှုတွေရှိလာပြီး တစ်ဖက်ကကျူးလောင်စစ်ကို ဆိုးဆိုးဝါးဝါးကျိန်ဆဲကြသလို တစ်ဖက်က ကျူးစစ်ယွိကိုသနားနေမိကြပြန်သည်။
ဒီမကောင်းတဲ့ကိစ္စတွေအကုန်လုံးက အကျင့်မကောင်းတဲ့သားအဖလုပ်တာ ဒါပေမယ့်အပြစ်တွေအကုန်လုံးကကျူးစစ်ယွိဆီပုံကျသွားတယ်။ မတရားဘူး....လုံးဝမတရားဘူး!2
ဓားပြတွေလာတိုက်ခိုက်မှုကြောင့်ကျူးလောင်စစ်ကိုရိက္ခာတွေကိုတောင်ပေါ်သယ်သွားရုံမက ကျူးအိမ်ကပစ္စည်းတွေကိုပါ ခိုးပြီးတောထဲသွားဖွက်ထားသေးသည်။ သူတို့ပျောက်သွားတဲ့ပစ္စည်းတွေကို ဓားပြတွေဆီပုံချဖို့ကြံစည်ထားပြီး ပြန်ပေးဖို့အကြံအစည်မရှိပေ။ တရားသူကြီးက အချက်လေးဆယ်ပြင်းပြင်းထန်ထန်ရိုက်ဖို့အမိန့်ပေးပြီးမေ့မြောသွားမှ ရပ်ခိုင်းလိုက်သည်။
ဒါဇင်မကတဲ့ကုန်စည်တွေကိုတောင်ပေါ်ကသူတို့ရှာတွေ့ပြီး ရုံးတော့တံခါးရှေ့သယ်လာကြသည်။ ရွာသားတွေအကုန်အံ့အားသင့်မှုကြောင့်ပြူးကြည့်နေကြသည်။ သူတို့လောဘကြီးတယ်ဆိုတာမြင်ဖူးပါတယ်ဒါပေမယ့်ဒီလောက်တော့ မကြီးဘူး။စောက်ကျင့်မကောင်းတဲ့ကျူးလောင်စစ်အိမ်တော်တစ်ခုလုံးများမ,သွားတာလား။2
ကျိူးယွင်ရှန့်က စာရင်းစာအုပ်ကြည့်လိုက်ပြီး တရားသူကြီးဆီဆက်သလိုက်သည်။ ''တရားသူကြီးမင်း ၊ မိုးခေါင်ပြီးဓားပြတွေတိုက်ခိုက်တော့ ရွာသားတွေလည်းဆင်းရဲပင်ပန်းရတယ်။ သူတို့စားနပ်ရိက္ခာတွေကလည်းလောင်စစ်အကုန်သိမ်းကျူံးယူခံလိုက်ရလို့ ကျွနိုပ်ဒီပစ္စည်းတွေအကုန်လုံးကိုရွာသားတွေဆီလှူဒါန်းလိုပါတယ်။ ကျွနိုပ်တို့အားလုံးဒီအခက်အခဲကနေတူတူကျော်လွှားကြဖို့ဆန္ဒရှိပါတယ်။ ''
လှည်းတွေကိုကြည့်ပြီး မနာလိုဖြစ်နေတဲ့ရွာသားတွေက
ရဲမတ်တွေသာမတားထားရင်လုယက်ပြီးရန်ဖြစ်ကုန်မှာ။ ဒါပေမယ့်ကျိူးယွင်ရှန့်ရဲ့စကားကိုကြားတော့ သူတို့ဒူးထောက်ပြီးကျေးဇူးတင်ကြသည်။ မျက်ရည်များလည်းကျလာပြီး လူတစ်ချိူ့က ကျူးစစ်ယွိကို သက်ရှိ ဗုဒ္ဓဟုခေါ်ကြလေသည်။2
တရားသူကြီးကလည်း ဂိုထောင်ထဲက ရိက္ခာတွေက ရွာသားတွေကိုဝေပေးဖို့မလောက်မှာစိုးရိမ်နေတာ။ ဒါကြောင့်ကျူးစစ်ယွိ စကားကိုကြားတော့အရမ်းပျော်သွားပြီး ဒီကိစ္စကိုတော်ဝင်ရုံးတော်ထိတင်ပြပါမည်ပြောသည်။ အဲ့လိုဆိုရင်ကျူးစစ်ယွိ ဂုဏ်ပြုဆုရနိုင်မည်လေ။
ကျူးအိမ်ရဲ့မကောင်းသတင်းကို ကျိူးယွင်ရှန့်ဆေးကြောပြီးပြီမို့နောက်ဆို ကျန်းကျားလွေ့ နဲ့ သစ္စာစောင့်ခွေးတို့ ကျူးအိမ်ကိုနှိပ်ကွပ်စရာအကြောင်းမရှိတော့ဘူး။2
ချင်းစယ်က လူအုပ်ကြီးရဲ့ထောင့်တစ်နေရာမှာရပ်နေပြီး ကျူးစစ်ယွိ၏လှည်းပြန်မောင်းထွက်သွားသည်ငေးကြည့်နေသည်။ ပြီးမှ တရားသူကြီးဖက်လှည့်ပြီးခေါင်းညိမ့်ပြလိုက်သည်။
ကျန်းမိသားစုလည်း တတ်ကြွနေတဲ့ရွာသားတွေနဲ့အတူ တရားရုံးရှေ့မှာရှိနေကြပြီးဝေပေးတဲ့အစားအစာအိတ်တွေကိုသယ်ကာပျော်ရွှင်စွာ ထွက်သွားကြလေသည်။
ကျန်းရှုလင်းက ''ကျူးကုန်းဇီ တစ်ယောက်လောင်စစ်ရဲ့အသုံးချမှုကိုခံနေရမယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး။ သူမိဘတွေကဆုံးကုန်ပြီ။ သူအိမ်တော်ကိုတာဝန်ယူတော့ငယ်သေးတာ။ သူ့အစေခံက သူ့ကိုအချိန်အကြာကြီးအသုံးချနေတာ သတိမထားမိရှာဘူး။ မကောင်းတဲ့နံမည်ဆိုးတွေအများကြီးတောင်ခံစားရသေးတယ်စိတ်မကောင်းလိုက်တာ''
"မင်းဘာလို့သူ့အတွက်ဝမ်းနည်းပေးနေတာလဲ။ သူကချမ်းသာနေတုန်းပဲ... သူ့ဘဝကဒီမှာရှိတဲ့လူတွေအားလုံးထက်ပိုသာနေတာပဲကို'' ကျန်းကျားလွေ့က ခပ်မဲ့မဲ့ဆိုသည်။3
"မင်းက သူ့မြေကိုသုံးနေတာမို့ သူ့ကိုငှါးရမ်းခပေးရမှာ။ သူပိုင်တာအကုန်မင်းကိုပေးမှ မင်းကသူ့ကိုလူကောင်းလို့မှတ်ယူမှာလား။လောကမှာဒီလိုလေးစားထိုက်တဲ့သူမျိူး မင်းဘယ်နားရှာတွေ့မှာလဲ'' အမြဲလိုလိုတိတ်ဆိတ်နေတတ်သည့်ချင်းစယ်ကဝင်ပြောတော့ သူမျက်နှာက လုံးဝသုန်မှုန်နေသည်။
ကျန်းရှုလင်းကမခံမရပ်ဖြစ်နေတဲ့ ကျန်းကျားလွေ့ ကို တစ်ချက်ကြည့်ပြီး ပြုံးကာချင်းစယ်စကားကိုထောက်ခံကြောင်းပြုံးလိုက်သည်။
အဲ့ဒီအချိန်ရွာသူကြီးကသူတို့ဆီကိုလျှောက်လာပြီး လက်နှစ်ဖက်ကိုပွတ်ရင်းပြောသည်'' ရှုလင်းရေ...စစ်တပ်ကထွက်သွားတော့မယ်။ ဒါပေမယ့်ဓားပြတွေကိုအကုန်မနှိမ်နင်းရသေးဘူး။ ကျူပ်တော့သူတို့ပြန်လာမှာစိုးတယ်။ ဒါကြောင့်ကျူပ်တို့ရိက္ခာလှည်းနည်းနည်းပြင်ပြီး ရွာကိုရက်နည်းနည်းလောက်ထပ်စောင့်ရှောက်ပေးဖို့ စစ်တပ်ကိုပေးမလို့။ မင်းတို့မှာ ပိုလျှံတာရှိလား။ ကျူပ်တို့ဆန်အိတ်တွေကို ရွာခန်းမမှာစုကြမှာ ။ မင်းတစ်ခုခုလိုရင်တော့ ကျူပ်ကိုပြောပေါ့ ကျူပ်အခြားအိမ်တွေကိုသွားပြောလိုက်အုန်းမယ်။
ကျန်းရှုလင်း ရွာလူကြီးကိုခေါင်းညိမ့်ပြပြီး အိမ်ပြန်ပြီးရိက္ခာထုတ်ပြန်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ ကျန်းအိမ်မှာရှောင်ဟေးအပါအဝင်စုစုပေါင်းလူ၇ယောက်ရှိတာ ရိက္ခာကလောက်ရုံပဲ။ ဒါကြောင့်နောက်နှစ်နွေဦးအထိ ဆန်ပြုတ်လေးတောင်မှမစားနိုင်မှစိုးရတယ်။ အခုသူတို့ကအခြားလူတွေကိုပေးရအုန်းမယ်။ ဘယ်ပေးချင်ပါ့မလဲ။
ကျန်းကျားလွေ့ကလည်းလုံးဝမကျေနပ်'' ဆန်တစ်ဝက်တောင်ပေးရမှာ ။ စစ်တပ်ကဓားပြတွေကိုရှင်းပေးလို့ရနိုင်သားနဲ့ အခုအပြီးမသတ်သေးပဲ ပြန်ထွက်သွားတယ်၊ အခုတော့ကျူပ်တို့ ဓားပြတွေနဲ့ထပ်ရင်ဆိုင်ရအုန်းမယ်။ သူတို့ဓားပြတွေနဲ့ အပေးအယူလုပ်ပြီး ရွာသားတွေကိုညာစားနေတာနေမှာ။ ဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းလိုက်လဲ''
[IC- ပညာတတ်လေမောက်မာလေဆိုသလိုပဲ လူဆိုတာ နည်းနည်းတတ်တာနဲ့သွေးနားထင်ရောက်ဘဝင်လေဟပ်ချင်ကြသူမျိူး:') ]3
ဒီလိုကိစ္စမျိူးက ချူယွင်ကော မှာဖြစ်နေကျကိစ္စပဲ။ အဲ့လိုတပ်ဖွဲ့တွေကို လူတွေက ''တရားဝင်ဓားပြ''လို့တောင်ခေါ်ကြသေးသည်။ ဒါပေမယ့်အခုလက်ရှိစစ်တပ်ကချင်းစယ်ရဲ့လက်အောက်ကတပ်ဖွဲ့တွေ။ စစ်တပ်တွေကိုသူ့ပြန်ဆုတ်ခိုင်းရတဲ့အကြောင်းအရင်းကနေပြည်တော်ကိုပြန်ပြီး မယ်တော်ကြီးနဲ့သူ့သားကိုသတ်ဖို့ ပြီးတော့ မင်းသားငယ်ကိုကယ်တင်ဖို့။ ဓားပြတွေကိုမရင်ဆိုင်ခင်အရင်ဆုံးအရေးကြီးတဲ့ ကိစ္စဖက်ကိုသူပိုဦးစားပေးချင်တယ်။ ကျန်းကျားလွေ့စကားတွေက အကြောင်းအရင်းခိုင်လုံပေမယ့်အရမ်းစော်ကားရကျသည်။1
ချင်းစယ်မှုန်တေတေ ကျန်းကျားလွေ့ကိုကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ ကျန်းကျားလွေ့အပေါ်ထားတဲ့အမြင်ကအောက်ကိုထိုးကျသွားပြီ။1
ကျန်းရှုလင်း ကလည်းမမျှော်လင့်ပဲ သူ့ညီစကားမှာခေါင်းညိမ့်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေပြောလို့ဆူတော့သည်။ သူဆန်အိတ်တစ်ဝက်ကိုထုတ်ပြီး ရွာခန်းမကိုသွားဖို့ပြန်လိုက်စဉ်မှာပဲ လူတစ်ယောက်က ရွာတစ်လျှောက်ပြေးပြီးအော်ဟစ်လေသည်။1
"ဘာဆန်မှမပို့ကြနဲ့တော့!မြေရှင်ကြီးက သူ့ရိက္ခာတွေကိုစုပြီးသူ့လူကို စစ်တပ်ဆီသွားပို့ခိုင်းပြီတဲ့''
"ဟာ...တကယ်သူတော်စင်ပဲ''
"သက်ရှိ ဗုဒ္ဓပဲ''
"ဒီနေ့ ကစပြီး မြေရှင်ကြီး သက်ရှည်ကျန်းမာဖို့ဆုတောင်းပေးရမယ်''
"ကျွန်မကောပဲ...တကယ်လို့မြေရှင်ကြီးသာမကူညီရင်ကျွန်မမိသားစုတော့ ငတ်သေလောက်ပြီ!"
လူတွေအားလုံးဆူဆူညံညံဖြစ်သွားပြီး ကျူးစစ်ယွိ အတွက်ဆုတောင်းပေးသံတွေ သြဘာပေးသံတွေညံသွားသည်။ ကျန်းရှုလင်းကရှေးခေတ်မြေရှင်တွေကို ဂုတ်သွေးစုပ်သူများဟုသာထင်ခဲ့သည်။ သူ့ကိုယ်သူဒီလောက်ကံကောင်းတဲ့နေရာကိုရောက်လာမယ်လို့တောင်မထင်မိခဲ့။ သူဆန်အိတ်ကိုပြန်သယ်ပြီးပျော်ရွှင်စွာပြုံးလိုက်သည်။
ကျန်းကျားလွေ့မျက်နှာကဖြူရော်သွားသည်။ သူအသက်ကိုပြင်းပြင်းရှူလိုက်ပုံက ဘယ်လောက်တောင်ရယ်စကားကောင်းလည်းသူ့ကိုယ်သူတော့မသိရှာ။နောက်ဆုံးမှ သူကမလိုတမာဖြင့်''သတ်သတ်မဲ့နံမည်ကောင်းလိုချင်နေတာ!"1
"သူ့ဟာသူနံကောင်းလိုချင်ချင်မလိုချင်ချင်ဒါကမင်းတို့အတွက်အကျိူးရတာပဲ'' ချင်းစယ်က ကျန်းရှုလင်းကိုကြည့်ပြီး ''ပစ္စည်းတစ်ချိူ့ထုပ်လိုက်ကျူးကုန်းဇီ ကိုကျေးဇူးတင်ကြောင်းပြန်ပေးရမယ်''
"အေး...လုပ်ကြတာပေါ့'' ကျန်းရှုလင်း က ခြင်းတစ်ခြင်းတဲ့ပစ္စည်းတွေစုပြီးအပြင်ထွက်ဖို့အလုပ်ချင်းစယ်ကတားလိုက်သည်။ ''အိမ်ကိုလူကြည့်ထားဖို့လိုတယ်မင်းနေခဲ့ ငါသွားပို့လိုက်မယ်''
ကျန်းရှုလင်း အနေနဲ့ ကျူးစစ်ယွိ ကိုမမုန်းတော့ပေမယ့်သူ့နဲ့တွေ့တဲ့အခါမှတော့ မျက်နှာပူနေရတုန်းပဲ။ ဒါကြောင့်သူသဘောတူလိုက်သည်။ ချင်းစယ်က သူ့ဆန္ဒအတိုင်းဖြစ်သွားတော့ ချက်ချင်းထွက်သွားတော့သည်။
နွေရာသီကအမြဲတမ်းပူလောင်နေတတ်ပြီး မိုးကလည်းခေါင်ထားတော့ အပူချိန်ကလုံးဝမခံနိုင်လောက်အောင်မြင့်နေသည်။ ကျူးရဲ့ပိုလျှံနေတဲ့ပိုင်ဆိုင်မှုတစ်ချိူ့ ကို ကျိူးယွင်ရှန့်လှူလိုက်ပြီ။ သူအခု အဝတ်ပါးလေးဝတ်ပြီးခြေဗလာနဲ့ ကြာကန်ဇရပ်ပေါ်မှာ ဝါးယပ်တောင်လေးခပ်ပြီးလဲလျောင်းနေနေသည်။1
ချင်းစယ်ရောက်လာတော့ သူနေ့လယ်စာစားဖို့ပြင်နေသည့်အချိန်ဖြစ်သည်။ သူ့ပန်းကန်လုံးထဲမှာရွှေရောင်သန်းနေတဲ့ဝက်နားရွက်ပါးပါးနဲ့ ကြက်သွန်မြိန်ဖြူးထားတဲ့ ငရုတ်ဆီရဲရဲနဲ့ခေါက်ဆွဲအေးများရှိနေသည်။ အနံ့ ပြင်းပြင်းကနှာဝကိုတန်းတန်းမတ်မတ်တိုးဝင်လာသည်။
ချင်းစယ်က အစားအသောက်ကြိုက်တဲ့သူ ။ ဒါပေမယ့်အခုပထမဦးဆုံးသူသတိထားမိတာက အစားအစာမဟုတ်ဘူး။ နှီးဖျာပေါ်မှာထိုင်ပြီးခြေတွဲလောင်းချထားတဲ့အမျိူးသားလေးကိုပဲ။ သူ့ရဲ့ကျောက်စိမ်းလိုဖြူဖွေးပြီး အပြာရောင်သွေးကြောများယှက်သန်းနေသည့်ခြေဖဝါးဖြူဖြူလေးကို အကာအကွယ်မဲ့မြင်နေရသည်။ ရှားပါးအလှတရားနှယ်မိန်းမောဖွယ်လှနိုင်လွန်းသည်။ ချင်းစယ်သူ့ရဲ့သွေးကြောလေးများလှုပ်နေသည်ကိုမြင်နေရပြီး ကိုယ်သင်းရနံ့ကိုပင်ခံစားမိသည်။1
သူ့ေဘးနားဒူးထောက်ချပြီး ထိုခြေဖဝါးတစ်စုံကိုကိုင်ရင်းခြေချောင်းတစ်ချောင်းချင်းစီကိုနမ်းကြည့်ချင်သည်။ လျှာနှင့်ရစ်ပွတ်စုပ်ယူရင်း တုနှိုင်းမရတဲ့မျက်နှာလေး ဘယ်လိုတုန်ရီနေမလဲမြင်ချင်မိသည်။ ရာဂလွှမ်းနေသည့်မက်မွန်သီးမျက်ဝန်းလေးများထဲမှာ မျက်ရည်ကြည်များဝေ့သီနေဟန်ကို တရှိုက်မတ်မတ်ကြည့်ချင်သည်။14
ရူးကြောင်ကြောင်အတွေးတွေ တစ်ခုပြီးတစ်ခု ချင်းစယ်ခေါင်းထဲရောက်လာပြီး သူ့ကိုပိုလို့လိုချင်တောင်းတလာစေသည်။ သူ့မျက်လုံးအစုံက စူးရှနေပြီး ဆာလောင်နေသည့်ဝံပုလွေနှင့်ပင်တူလှသည်။1
ကျိူးယွင်ရှန့်ခြေထောက်ကိုပြန်တင်လိုက်ပြီး ချင်းစယ်၏အကြည့်ကိုသတိထားမိလိုက်သည်။ ဒါပေမယ့်ခေါက်ဆွဲအေးကြောက်လို့ပဲထင်လိုက်သည်။ သူ့စိတ်ထဲမှာ အစားအသောက်ကြူးသူကိုမနှစ်မြို့စွာနှင့်နှုတ်ကတော့ပျင်းရိစွာဖိတ်ခေါ်လိုက်သည်၊ ''ခင်များကြိုက်ရင်လာစားလို့ရတယ်။ ငတ်ပြတ်နေတဲ့သားရဲကြီးလိုကြည့်နေစရာမလိုဘူး''8
"တကယ်လား?'' ချင်းစယ်ရုတ်တရက်ကျိူးယွင်ရှန့်မျက်လုံးတွေကိုမော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက မယုံနိုင်သည့်ဟန်နှင့်ပြည့်နှက်နေပြီး လက်ဖဝါးများကရှက်ရွံမှုကြောင့်ချွေးစေးပြန်လာသည်။3
"ဒါပေါ့...ခေါက်ဆွဲအေးလေးတစ်ခွက်ပဲကို ရတနာမှမဟုတ်ပဲ'' ကျိူးယွင်ရှန့်ရယ်လိုက်သည်။2
အိုး.....1
ချင်းစယ်၏စိတ်လှုပ်ရှားနေသည့်မျက်လုံးများက အရောင်တောက်သွားသည်။ သူ့လျှာသပ်လိုက်ပြီးချွေးစေးပြန်နေတဲ့လက်ကိုဘောင်းဘီနှင့်သုတ်လိုက်သည်။ သူခေါက်ဆွဲအေးပန်းကန်ကို ကိုင်ပြီး ထိုင်ချလိုက်သည်။ သူဖြည်းဖြည်းချင်းစားနေပေမယ့်သူဝါးနေပုံကတော့ကြမ်းတမ်းလွန်းသည်မှာခေါက်ဆွဲကိုအပြစ်ပေးနေသည့်အလားပင်။
[IC - ကျိူးယွင်ရှန့်=ခေါက်ဆွဲ 😝]5
ချင်းစယ်နေ့လယ်ခင်းတစ်ခုလုံးကျိူးယွင်ရှန့်ဘေးနေချင်ပေမယ့်သူပြန်ရမည်။ သူထလိုက်တော့ မျက်နှာကသုတ်မှုန်နေပြီးလေလေးဖင့်ဖင့်နှင့်အိမ်တံခါးကိုလျှောက်သွားလေသည်၊ ကျူးစစ်ယွိ ရုပ်ရည်ကဘယ်လောက်ကြီးပဲ လှနေပါစေ သူကယောက်ျားတစ်ယောက်ပဲ။ ဒါပေမယ့်ယောက်ျားတစ်ယောက်သူ့ကိုရူးလောက်အောင်ဆွဲဆောင်ထားနိုင်လွန်းတယ်။
ဒါက ချင်းစယ်ရဲ့စိတ်ကိုလွန်ဆွဲစေသည်။ ဒါပေမယ့်ဘယ်လိုတွေမပြတ်မသားတွေဝေနေပါစေ လက်လျော့လိုက်ဖို့ကြတော့သူမလုပ်နိုင်ဘူး။ အဲ့ဒီအမျိူးသားကို အတည်ချစ်ရေးဆိုဖို့ အလေးအနက်တွေးမိလာသည်။1
ကျူးစစ်ယွိ က ၂၀ကျော်ပြီ။ သူကအရမ်းကိုချောမောလှပပြီး အိမ်ကြီးတန်ဆောင်နဲ့မိသားစုကိုအုပ်ချူပ်နေတာ တစ်ယောက်ယောက်ကတော့ အနှေးနဲ့အမြန်သူ့ကိုလက်ထပ်ဖို့လာကမ်းလှမ်းမှာပဲ။ ကျူးစစ်ယွိ ကို ချစ်ခွင့်ပန်ဖို့ သူနှောင့်နှေးနေလို့မဖြစ်ဘူး။
ဒါပေမယ့်ကျန်းရှုလင်းကိုဘယ်လိုလုပ်မလဲ? သူတကယ်ပဲ မျက်နှာလွဲခဲပစ်လုပ်နိုင်မှာလား? ဒါကိုတွေးမိတော့ ချင်းစယ်သူ့ကိုယ်သူ ရုတ်တရက်ကြီးဘေးကျပ်နံကျပ်ဖြစ်နေမှန်းသိလိုက်ရသည်။1
••

Коментарі