Arc 5.8
အခန်း(၄၉) ကျူးစစ်ယွိဘဝ
BGM suggest >>> Let me stay by your side by LuHan
1
သိပ်မကြာခင်မှာတော့ ချင်းစယ်အချစ်ရေးကိစ္စကိုထပ်ပြီးမတွေးနိုင်တော့။
မြို့တော်ကလူအဝင်အထွက်တင်းကြပ်တဲ့ဥပဒေထုတ်ပြန်ထားတာကြောင့်အရင်ကသူအထဲဝင်လို့မရခဲ့။ အခုတော့ လက်တလော ကပ်ဒုက္ခတွေကြောင့်မကျေနပ်တဲ့လူတွေနဲ့ဒုက္ခရောက်နေကြတဲ့လူတွေက အစောင့်တပ်သားတွေနဲ့ပြသာနာဖြစ်နေကြတာမို့ ဒါကခိုးဝင်ဖို့အကောင်းဆုံးအခွင့်အရေးပဲ။
သူကျန်းအိမ်က ဆင်ခြေပေးထွက်လာပြီး ကိုယ့်ကိုယ်ကို အစောင့်ရဲမတ်ယောင်ဆောင်ကာ နန်းတွင်းထဲသို့ဝင်ခဲ့သည်။ ဧကရာဇ်မှာသစ္စာစောင့်အမတ်တွေ နန်းတော်ထဲအများကြီးကျန်ခဲ့သည်။ သူသေသွားပြီး မင်းသားငယ်ကမြန်မြန်ဆုံးပါးသွားလျှင်အမတ်များသင်္ကာမကင်းဖြစ်ပြီး ပြသာနာတွေအများကြီးဖြစ်နိုင်သည်။ ဒါကြောင့်မယ်တော်ကြီးက အချိန်ယူပြီး သူမသားနန်းတတ်ရအောင်အရင်လုပ်ဆောင်နေသည်။ ပြီးတော့ မင်းသားငယ်ကိုဆေးခတ်ပြီး သူ့ဖခင်နောက်လိုက်သွားစေဖို့ ကြံစည်ထားသည်။
ချင်းစယ်နန်းတော်ထဲအလွယ်တကူဝင်ပြီးမင်းသားငယ်ကိုကယ်တင်ချိန်မှာပဲ ကင်းစောင့်တပ်ဖွဲ့နဲ့တိုးပြီး တစ်မြို့လုံးပိုက်စပ်တိုက်ရှာစေသည့်အဖြစ်သို့ရောက်သွားသည်။
အဲ့ဒီအချိန်မှာပဲ ကျူးအိမ်အစေခံတစ်ဦးက ကျိူးယွင်ရှန့်ဆီ သတင်းကောင်းသယ်လာသည်။ ရှန်းဝေ့ဟုံရှီးစစ်ရဲ့ လက်ထောက်စစ်သူကြီး သူရှာနေသည့်ပုံစံနှင့်ကိုက်ညီသည်ဟု အကြောင်းပြန်လာသည်။ သူက ၆ပေရှည်ပြီး ခန့်ညားကာ ဖွံ့ ထွားသည်ပြီးတော့ဆေးတံသောက်သည့်အကျင့်လည်းရှိသည်ဟုဆိုသည်။ စစ်တပ်ထဲမှာလည်း သူ့ကို 'ဆေးတံအိုကြီး'ဟုတောင်ခေါ်ကြသည်တဲ့။1
ကျိူးယွင်ရှန့်အရမ်းပျော်သွားပြီး တံခါးစောင့်ကို လာဘ်ထိုးကာမြို့ထဲသို့ဝင်ခဲ့သည်။ လက်ထောက်စစ်သူကြီး အိမ်တော်နားက တည်းခိုးခန်းမှာ သူအခန်းတစ်ခန်းငှါးပြီး စိတ်ရှည်ရှည်စောင့်နေလိုက်သည်။
သူတစ်နေ့လုံးစောင့်ပေမယ့်ထိုလူကတော့ထွက်လာမလာပေ။ သူစိတ်ထဲ စိုးရိမ်ပူပန်လာသည်။ လုရှီနှင့်ဥသြလေးကတော့နေ့လယ်စာစားပြီး ကိုယ့်အခန်းကိုယ်ပြန်နားကြသည်။
"ဧည့်သည်ခင်များရဲ့ချိူးရေအသင့်ဖြစ်ပါပြီ...ဝင်လို့ရပါပြီ'' တည်းခိုခန်းဝန်ထမ်းကရေချိူးခန်းလိုက်ကာကိုမ,တင်လိုက်ပြီးရေနွေးအပြည့်နှင့်ရေစည်ကိုပြသည်။ ခြင်းအပြည့်ပန်းဝတ်လွှာများလည်းရှိနေသည်။
"ဒါကဘာလဲ?'' ကျိူးယွင်ရှန့်ခြင်းကိုလက်ညှိုးထိုးပြီးမေးလိုက်ကာ သူ့နှုတ်ခမ်းစွန်းက လှုပ်စိလှုပ်စိဖြစ်သွားသည်။
"ဒါက ဧည့်သည်ရဲ့အစေခံမလေး ဧည့်သည်ရေချိူးချိန်မှာသုံးဖို့ပြင်ပေးသွားတာပါ။ ကျွနိုပ်ရေထဲ ထည့်ပေးပါ့မယ်''+
လုရှီနဲ့ဥသြလေးက သူ့သခင်လေးမြို့တော်ကိုလာတာ ချစ်သူနဲ့သွားတွေ့တာထင်ပြီး သူတို့ အတွေးတွေကသမာရိုးမကျတော့။ ကျိူးယွင်ရှန့်ကလည်းစိတ်ရွှင်စွာနဲ့ငွေစနှစ်က တည်းခိုခန်းဝန်ထမ်းကိုပေးပြီးရေပေါ်ကပန်းဝတ်လွှာတွေကို ရူးကြောင်ကြောင်ကြည့်နေလိုက်သည်။
ထားပါတော့...သူအခုကလေးတောင်မွေးလို့ရနေပြီပဲ ။ ဒါလေးကိုဘာဂရုစိုက်နေရမှာလဲ။ သူ့ပြုံးလိုက်ပြီး အဝတ်ကိုချွတ်ကာရေထဲဖြည်းဖြည်းချင်းဝင်ထိုင်လိုက်သည်။ မိနစ်အနည်းငယ်အကြာမှာတော့ သူ့နောက်ကပြတင်းပေါက်က ရုတ်တရက်အားနဲ့အတွန်းခံရပြီးပြတင်းပောက်ဘောင်ပေါ် မျက်နှာဖုံးတပ်ထားသည့်လူတစ်ယောက်တက်လာသည်။ သူ့ကိုမြင်တော့ကြောင်အစွာနဲ့စိုက်ကြည့်လေသည်။
သေချာပြောရရင်ကျိူးယွင်ရှန့်၏ နဖူးအလယ်မှ ကျူးရှားကျစ်စိုက်ကြည့်နေခြင်းဖြစ်သည်။
"....မင်းက'ကော' ? " မျက်နှာဖုံးစွပ်လူကမေးလိုက်သည်။
"...ရှောင်ဟေး?'' ကျိူးယွင်ရှန့်မျက်ခုံးကြုတ်လိုက်သည်။အောက်ကခြေသံပြင်းပြင်းတွေကြားတော့ ပြတင်းပေါက်ပေါ်ကလူက ပြတင်းကိုပိတ်ပြီးရေစည်ထဲခုန်ချကာ ကိုယ့်ကိုယ်ကိုရေအောက်ထဲပုန်းနေလိုက်သည်။ ကံကောင်းစွာနဲ့ပဲ အပေါ်ပိုင်းက ပန်းဝတ်လွှာတွေလွှမ်းနေလို့အောက်ခြေကိုအပြည့်ဖုံးနေသည်။
အခန်းတံခါးက ဘန်းခနဲပွင့်လာပြီး ရဲမတ်တွေက ဓားကိုဝင့်ရင်ဝင်လာသည်။ သူ့တို့ လိုက်ကာကိုဆွဲမ,လိုက်တော့ ရင်ဘတ်ကိုကာရင်း မျက်လုံးပြူးလျှက်ကြောက်လန့်နေသည့်အမျိူးသားငယ်တစ်ယောက်ကိုမြင်လိုက်ရသည်။
"ခင်များတို့ကဘယ်သူတွေလဲ။ ကျူပ်အခန်းထဲဘာလို့ဝင်လာတာလဲ။ ကျူပ်ပြောမယ်...ကျူပ်က လက်ဝဲတပ်မှူးဖေးဝန်ဟိုင်နဲ့စေ့စပ်ထားတဲ့သူပဲ။ခင်များတို့သူ့ကို အပြစ်ပြုရင်ငရဲထက်ဆိုးအောင်ပြန်ပေးဆပ်ရမယ်!"
ကျိူးယွင်ရှန့်ဒါကို အကြောင်းအရင်းမရှိပဲပြောလိုက်ခြင်းမဟုတ်။ မယ်တော်ကြီးက လက်ယာတပ်ထဲက တပ်ဖွဲ့ငါးခုကိုချူပ်ကိုင်ပြီးသွားပြီ။ ပြီးတော့ လက်ဝဲတပ်ကိုလည်းသိမ်းသွင်းပြီး ချင်တပ်မတော်ကိုတိုက်ခိုက်ပေးဖို့ကူညီစေလိုသည်။ ဒါကြောင့်ဘယ်တပ်မှူး၊စစ်သူကြီးကိုမှ သူမထီမဲ့မြင်မပြုရဲ။ သည့်အပြင်လက်ဝဲတပ်မှူးဖေး ကဖြောင့်မတ်ပြီးအထက်တန်းလွှာအိမ်တော်မှာဖြစ်ကာ အမှန်တကယ်ဒုတိယဇနီးယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။
စည်ပိုင်းအတွင်းကလူက အလွန်တရာချောမောပြီးဒေါသကြောင့်ပါးပြင်က နီရဲနေကာ သူ့နဖူးအလယ်ကအနီစက်ကသွေးစက်လိုနီရဲနေသည်။ ဒီလိုနတ်ဒေဝါဆန်ဆန်အလှမျိူးကသေချာပေါက်လူကုန်တန်အထက်တန်းလွှာနဲ့ပဲထိုက်တန်တာပေါ့။ ရဲမတ်တွေအများကြီး ခဏလောက်ချောင်းကြည့်ကြပြီး မှာ လိုက်ကာနောက်ကို ပြန်ဆုတ်ခွာသွားကြကာ ဗီရိုနဲ့လူပုန်းနိုင်မယ့်နေရာကို လှန်လှော်ရှာပြီးထွက်သွားကြသည်။
ဥသြလေးနဲ့ လုရှီက သူတို့နောက်ကတံခါးကို ချက်ချင်း မင်းတုံးချလိုက်သည်။
ချင်းစယ်ရေအောက်ကထွက်လာပြီး အံ့ကြိတ်ကာမေးလိုက်သည်''မင်းတကယ်ပဲဖေးဝန်ဟိုင်နဲ့စေ့စပ်ထားတာလား?''
"မဟုတ်ပါဘူး... သတ်သတ်ညာပြောတာ'' ကျိူးယွင်ရှန့်သာမန်ကာလျှံလက်ဝေ့ရမ်းရင်းဖြေလိုက်ပြီးရေစည်ထဲက ထကာအေးအေးဆေးဆေး အဝတ်ပြန်ဝတ်လိုက်သည်။ သူက အခု'ကော' ဆိုပေမယ့်လည်းယောက်ျားတစ်ယောက်ပဲ။ ချင်းစယ်ရှေ့မှာရှက်မနေဘူး။
ချင်းစယ်က ကျစ်လစ်နေသည့်တင်ပါးနှင့်ခြေတံသွယ်သွယ်များကို စိုက်ကြည့်ရင်း သူ့နှာခေါင်းထိပ်ကာ ပူလာကာသွေးစီးကြောင်းနှစ်ကြောင်းကျလာသည်။ သူ့ခွကြားကလည်း နာကျင်လောက်တဲ့အထိတင်းကြပ်နေပြီးပေါက်ကွဲတော့မလိုဖြစ်နေသည်။8
ကျိူးယွင်ရှန့်က ခါးစည်းကြိုးနဲ့ခါးစည်းလိုက်ပြီး စားပွဲကိုသွားကရေနွေးကြမ်းတစ်ခွက်ငှဲ့လိုက်သည်။ ''ခင်များဘာလို့ ဒီကို ရုတ်တရက်ကြီးရောက်လာတာလဲ။ ခင်များကိုရဲမတ်တွေကလိုက်နေသေးတယ်။ ခင်များ မဟုတ်တာ တစ်ခုခုလုပ်ခဲ့တာလား''
"....အဲ့တာက....ရှင်းပြရခက်တယ်'' ချင်းစယ်ချက်ချင်း သူ့နှာခေါင်းသွေးကိုဆေးလိုက်သည်။ ဒါပေမယ့်လို့ စည်ပိုင်းထဲကမထရဲ။ရေအောက်ထဲက သူ့ရဲ့ဧရာမမိစ္ဆာကြီးကို ထိုအမျိုးသားငယ်လေးတွေ့မသွားစေချင်လိုပါ။1
ကျိူးယွင်ရှန့်က ဖြစ်ပျက်သမျှကိုအလုံးစုံသိနှင့်ပြီးပြီဆိုပေမယ့်သူ့အနေနဲ့ဒီနိုင်ငံရေးကိစ္စတွေကိုစိတ်မဝင်စားပါ။ သူမသိရင်တောင်မှ ချင်းစယ်က သူ့ကိုအမှန်ပြောပြလိမ့်မယ်လို့သူမထင်ဘူး။ သူရေစည်နားလျှောက်သွားပြီး ပြုံးကာ ''ကျူပ်တို့ အပေးအယူလုပ်ရင်ဘယ့်နဲ့လဲ''
"ဘာအပေးအယူလဲ'' ချင်းစယ်ဂရုတစိုက်အသက်ရှူနေပြီး သူ့ကိုယ်သူရှေ့ကလူရဲ့ အဝတ်ပါးတစ်လျှောက်ချပ်ကပ်နေတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုမကြည့်မိအောင်ကြိုးစားနေရသည်။
"ကျူပ်ခင်များကိုရဲမတ်တွေလိုက်ဖမ်းတာကလွတ်အောင်ကူညီပေးမယ်၊ ခင်များက ကျွန်တော်'ကော' ဆိုတာမေ့လိုက်''
"မင်း 'ကော' ဆိုတာ လူတွေကိုဘာလို့အသိမပေးတာလဲ'' ချင်းစယ်က ကျိူးယွင်ရှန့်ကိုကြည့်ပြီး စိတ်လှုပ်ရှားမှုကိုထိန်းကာထပ်ပြောလိုက်သည်''မင်း ခန္ဓာကိုယ်ကို ကျူပ်မြင်ပြီးမှတော့ ကျူပ်တာဝန်ယူသင့်တာပေါ့''6
"ခင်များ ကျွန်တော့်ကို တာဝန်ယူရင်ကျန်းရှုလင်း ကိုဘယ်လိုလုပ်မတုန်း? ခင်များတို့စေ့စပ်ပြီးပြီမဟုတ်ဘူးလား?ဒါမှမဟုတ်ခင်များက ကိုယ့်ကိုယ်ကို ဘုရင်လိုမျိူး အိပ်ရာထဲနွေးနိုင်သမျှနွေးအောင်လူကုန်သွင်းချင်နေတာလား? ခင်များဘယ်က အဲ့လိုလောဘမျိူးရလာတာလဲ'' ကျိူးယွင်ရှန့်ခပ်မဲ့မဲ့ပြုံးလိုက်သည်။4
"ကျူပ်ကိုခင်များတာဝန်ယူဖို့မလိုပါဘူး... ကျူပ်မှာချစ်ရမယ့်ချစ်ပြီးသား။ အခုပေကျင်းကိုလာတာလည်း သူ့ကိုလာတွေ့တာပဲ''
ချင်းစယ်သူနဲ့ကျန်းရှုလင်းရဲ့ ဆက်ဆံရေးကိုရှင်းပြချင်ပေမယ့်နောက်ဆုံးစကားမှာကြောင်အသွားသည်။ သူ့ရင်ကိုတစ်စုံတစ်ယောက်က ဓားနဲ့စိုက်စက်ဝိုင်းပုံမွှေပြီး ခုန်နေတဲ့နှလုံးကိုဆွဲထုတ်ကာ ညစ်ပစ်လိုက်သလို ခံစားလိုက်ရသည်။ သူ့ကိုယ်သူကျန်းရှုလင်းကို အဆောတလျင်ကတိပေးမိတာ မုန်းမိသလို...ကျူးစစ်ယွိ ချစ်နေတဲ့လူကို ပိုလို့တောင်မုန်းမိသည်။ အဲ့ဒီလူကိုတွေ့ရဖို့ နည်းလမ်းမျိူးစုံသုံးပြီး တစ်စဆီဆွဲဖြဲပစ်မည်။
"မင်းရည်းစားကဘယ်သူလဲ။ ကျူပ်မှာ အခွင့်အရေးရရင်သူနဲ့ဆုံချင်ပါသေးတယ်'' သူခပ်တည်တည်နှင့်မေးသော်လည်း ရင်ထဲမှာတော့ သတ်ရန်ကြံစည်နှင့်နေပြီ။11
"ကျူပ်သာ သူ့ကိုအရင်တွေ့ပါရစေအုန်း....ကျူပ်တွေ့ပြီးမှတစ်ခါပြန်မေး'' ကျိူးယွင်ရှန့်က စိတ်ဓာတ်ကျစွာနှင့်ပြောလိုက်သည်။
မင်းသူ့ကိုမတွေ့ရသေးဘူးပေါ့?ကောင်းတယ်...သူထာဝရပျောက်ကွယ်သွားရမယ်။ ချင်းစယ်မျက်လွှာချပြီးသွေးဆာနေတဲ့မျက်ဆန်တွေကိုဖုံးကွယ်လိုက်သည်၊ရေအေးထဲမှာအကြာကြီးစိမ်ပြီးတဲ့နောက်သူ့ထလာပြီး ကျိူးယွင်ရှန့်ပေးသည့်အဝတ်ကိုဝတ်လိုက်သည်။2
နှစ်ဦးသားရဲ့ ခန္ဓာကိုယ်အရွယ်အစားကအရမ်းကွာတော့ အဝတ်တွေက ချင်းစယ်နဲ့ကြပ်နေပြီး ကြွက်သားပုံစံများကိုပင်မြင်နေရသည်။ ကျိူးယွင်ရှန့်သူ့ကိုမြန်မြန်ကြည့်ပြီး မျက်နှာလွဲလိုက်သည်။ သူအဆင်မပြေလောက်အောင်ပူလောင်မှုကိုခံစားနေရသည်။ ဒီလူက သူ့ချစ်သူအတိုင်းပဲ... ဟိုမုန်းငွေ့တွေကိုထုတ်လွှတ်နေတယ်။2
"ကျူပ်ကုတင်ပေါ်အိပ်မယ်... ခင်များကအောက်မှာအိပ်'' သူဗီရိုထဲက အိပ်ရာခင်းအသစ်ကိုဆွဲထုတ်ပြီး ချင်းစယ်ခြေရင်းကိုပစ်ပေးလိုက်သည်။
"တကယ်တော့..'' ချင်းစယ်အိပ်ရာကို မြန်မြန်ခင်းလိုက်ပြီး ခဏကြာတော့ ဆက်ပြောလိုက်သည်''ကျူပ်ပြင်ပေးစရာတစ်ခုရှိတယ်။ ကျူပ်နံမည်ကရှောင်ဟေးမဟုတ်ဘူး... ချင်းစယ်'' ဘယ်လိုတောင်ကျက်သရေမရှိတဲ့ နံမည်ပြောင်လဲ! ကျန်းရှုလင်းက စစ်သေနာပတိကိုဘယ်လိုထင်နေတာလဲ ။ခွေး?+
ကျိူးယွင်ရှန့်သဘောတကျရယ်လိုက်ပြီး ''ကျူပ်သိပြီရှောင်ဟေး''
ချင်းစယ်မျက်လုံးကအရောင်လက်သွားပေမယ့်သူဘာမှထပ်မပြောတော့။ နံမည်ကတစ်ခုတည်းပဲကို ကျူးစစ်ယွိခေါ်လိုက်တော့ မီးပုံထဲလမ်းလျှောက်နေရတောင်ကျေနပ်တယ်။ ကြည့်ရတာ သူပြန်လှည့်လို့မရတဲ့အနေအထားကိုရောက်နေပြီပဲ။1
အိပ်ရာမှာ ခဏကြာလဲနေပြီးနောက်သူတို့ မီးမှုတ်လိုက်ပြီး ကိုယ်စီအိပ်ရာမှာ ညိမ်သက်စွာအိပ်နေကြသည်။
သူချစ်ရတဲ့သူဘေးနားမှာရှိနေတော့ ချင်းစယ်သူ့စိတ်ကိုအနားမပေးနိုင်။ သူ့အတွေးတွေက စိတ်ကူးယဉ်မှုတွေထပ်နေပြီး အသက်ရှူသံများလည်းမြန်လာကာ သူ့ကိုကျောပေးအိပ်နေသည့်ပုံရိပ်လေးကို လှည့်ကြည့်လိုက်သည်။
သူ့အောက်ပိုင်းကအရမ်းနာကျင်လာပြီး သည်းခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်နေပြီ။ သူ အမျိူးသားငယ်လေးကို သူ့အကြံအစည်နဲ့ပတ်သတ်ပြီးမေးမလို့ပါးစပ်ဟလိုက်ချိန်မှာပဲ တစ်ဖက်က ရုတ်တရက်စကားပြောလာသည်။ ''ခင်များ ဟိုလှည့်သည်လှည့်နဲ့ အိပ်မပျော်ဘူးလား''
"...ဟုတ်တယ်... ကျူပ်အခြားလူတွေနဲ့နီးနီးကပ်ကပ်မအိပ်ဖူးဘူး။ ဒါကြောင့်နည်းနည်းစိမ်းနေတာ'' ချင်းစယ်တောင့်သွားပြီး သူ့ရဲ့တင်းမာနေတဲ့အခြေအနေကိုတဖြည်းဖြည်းဖြေလျော့နေသည်။
"ကျူပ်ကောပဲ... ဒါမယ့်အိပ်ကြရအောင်နက်ဖြန်မနက်စောစော မြို့ထဲက ထွက်ရမှာ''
"ကျူပ်တို့ဘယ်လိုမြို့ထဲကထွက်မှာလဲ''
"ရုပ်ဖျက်ပြီးတော့ပေါ့''
"ဘယ်လိုမျိူးရုပ်ဖျက်ပြီးလဲ''
"....''
ချင်းစယ်ကကျိူးယွင်ရှန့်နှင့်စကားပြောရင်း လက်ကတော့သူ့အောက်ပိုင်းသူဖြေလျော့နေသည်။ သူ့အာရုံထဲမှာ ကျိူးယွင်ရှန့်ရဲ့ ပါးပြင်နီလေးနဲ့အရည်လဲ့နေတဲ့မျက်လုံးတွေကိုမြင်ယောင်ပြီး သူ့ခန္ဓာနဲ့ဝိညာဉ်တစ်ခုလုံး ဒီအမျိူးသားလေးကြောင့်တုန်ရီနေတော့သည်။ သူ့အသက်ရှူသံကတဖြည်းဖြည်းမှန်လာသည်။4
ကျိူးယွင်ရှန့်ကတော့ မနက်ဖြန်အစီအစဉ်ကိုသာတွေ့ပြီး ဘူမသိဘာမသိ အပြစ်ကင်းစွာအိပ်ပျော်သွားသည်။1
ချင်းစယ်နောက်ဆုံးမှာလွှတ်ထုတ်လိုက်သည်။ ဒါပေမယ့်ဝံပုလွေတစ်ကောင်လှောင်အိမ်ထဲနှစ်ရှည်လများပိတ်လှောင်ထားခံရသလို သူအာသာမပြေပါ။
နောက်တစ်နေ့မှာတော့ ကျိူးယွင်ရှန့်ဥသြလေးကိုမျက်နှာချေတစ်ချိူ့ဝယ်ခိုင်းပြီး သူ့ရဲ့ထိပ်တန်းမိတ်ကပ်ပညာနဲ့ ချင်းစယ်ကို အသက်ခြောက်ဆယ်အရွယ်ကျီးခြေရာတွေနဲ့ပြည့်နေတဲ့အဖိုးကြီးအဖြစ်ပြောင်းပေးလိုက်သည်။ အဝတ်လွတ်နေသည့်လည်ပင်းနဲ့လက်မှအရည်များပင်တွဲကျနေသည်ပုံ ဖြစ်နေပြီး ဆံပင်တွေအားလုံးကလည်းဖြူဖွေးကာ ခါးကိုင်းနေသည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်းလဲကျသေဆုံးတော့မည့်ဟန်ပေါ်နေသည်။ ချင်းအဖေနဲ့အမေတောင်သူ့ရှေ့လာရပ်နေရင်သူ့တို့သားမှန်းသိမှာမဟုတ်ဘူး။
သူတို့လှည်းနဲ့မြို့ပြင်ကိုအတူထွက်ကြပြီး ကျိူးယွင်ရှန့်ကသူ့ကျူးရှားကျစ်ကိုဖုံးမထား၊ သည့်အပြင်ကျောက်မျက်ရတနာများနှင့်သူ့အလှကိုပိုပေါ်လွင်အောင်တန်ဆာဆင်ထားသေးသည်။ မြို့တံခါးစောင့်တွေက သူတို့ကိုမေးခွန်းတစ်ချိူ့ပဲမေးပြီးပြန်လွတ်လိုက်သည်။1
သူတို့ရွာနဲ့နီးလာပြီး ဘယ်သူမှလိုက်မလာတာသေချာသွားတော့ ချင်းစယ်ကျိူးယွင်ရှန့်လက်မောင်းကိုလှမ်းဆွဲပြီးပြောလိုက်သည်။ ''မင်း ကျူးရှားကျစ်ကိုဖုံးထားတော့''
သူပြသာနာတွေအားလုံးကိုမဖြေရှင်းမပြီးချင်း တစ်စုံတစ်ယောက်က ကျူးစစ်ယွိ ရဲ့ လျှိူ့ ဝှက်ချက်ကိုသိသွားမှာသူမလိုလားပါ။ ကျူးစစ်ယွိ က သူ့အတွက်ပဲဖြစ်ရမယ်။ ( ৺ ◡৺ )5
"ကျူပ်ဖုံးမှာပါ...ခင်များပူစရာမလိုဘူး'' ကျိူးယွင်ရှန့်က သူ့ကိုမကြည်ကြည့်ကြည့်လိုက်သည်။
"အခုဖုံးလိုက်'' ချင်းစယ်ကတော့ စိတ်မအေးနိုင်။
ကျိူးယွင်ရှန့်ကတော့ သူ့ရဲ့အတွေးကိုနားမလည်တော့။ ဒါပေမယ့်ပေါင်ဒါကိုထုတ်ပြီးဖုံးလိုက်သည်။အဲ့တော့မှ ချင်းစယ်ကျေနပ်သွားပြီး လှည်းပေါ်ကဆင်းကရွာနဲ့၁၀မိုင်အကွာက စစ်စခန်းဆီပြေးသွားလိုက်သည်။
သူ့လက်ထောက်နဲ့တိုင်ပင်ပြီးတော့ ညမှာကျန်းအိမ်ကိုပြန်သွားသည်။
ကျန်းရှုလင်းကသူ့ကိုမြင်တော့အရမ်းကိုပျော်သွားပေမယ့်ဒီတစ်ခါအရင်လို အလျင်စလိုမလုပ်ပဲအေးအေးဆေးဆေးမတ်တပ်ရပ်ကာ ကြည့်နေလေသည်။
ကျန်းကျားလွေ့ က ''အစ်ကိုရှောင်ဟေး မှတ်ဥာဏ်တွေပြန်ရသွားပြီလား။ အစ်ကိုကဘယ်သူလဲ။ လူတစ်ယောက်ကတိုးတိုးတိတ်တိတ်ဆန်အိတ်တစ်ရာနဲ့ငွေသားတွေကိုကျေးဇူးဆပ်ဖို့ပြီးလာပေးသွားတယ်'' ဒီကျေးဇူးဆပ်မှုကသေချာပေါက်သူ့တို့ရှောင်ဟေးကိုကယ်လို့ရတာပဲ ဖြစ်မှာပဲ။
"ဆန်နဲ့ငွေတွေကမင်းတို့ဟာပဲ။ ကျူပ်သရုပ်မှန်ကအခုပြောဖို့ခက်သေးတယ်။ဒါပေမယ့်နောက်ကျသိရမှာပါ။ မင်းတို့ဒီအကြောင်းကိုအခြားလူသွားမပြောနဲ့ အန္တရာယ်ကို မလိုပဲဖိတ်ခေါ်သလိုဖြစ်မယ်'' ချင်းစယ်မျက်နှာကအရင်နဲ့မတူတော့။ ရိုးသားတဲ့ရှောင်ဟေးဆိုတာ ဘယ်တော့မှသူမဟုတ်ခဲ့သလိုပင်။
ကျန်းရှုလင်းက လန့်သွားပြီး ချက်ချင်းခေါင်းညိမ့်ကာဒီအကြောင်းဘယ်သူမှမပြောပါဘူးဟုအမြန်ကတိပေးလိုက်သည်။
ကျန်းကျားလွေ့ကသူ့ခန့်မှန်းထားသည့်အတိုင်းမို့ အကြောင်းအရာတစ်ခုကိုမျက်လုံးများအရောင်တောက်လျှက်မေးလိုက်သည်။ ''ဒါဆို...ကျွန်တော့်အစ်ကိုနဲ့စေ့စပ်ထားတာကိုအတည်ယူလို့ရသေးလား''
တကယ်လို့ ဒီလူသာပျောက်နေတဲ့ဝေ့ရဲ့သားဆိုရင်ကျန်းကျားကတော့ကံထူးတာပဲ။ သူလည်းပဲလူပုံအလယ်မှာဝံ့ကြွားလာလိမ့်မယ်။2
"အတည်ယူလို့မရဘူး'' ချင်းစယ်ကငြင်းဖို့တုန့်ဆိုင်းမနေပေ။3
ကျန်းကျားလွေ့ရဲ့မျှော်လင့်ချက်ကကွဲကြေသွားတာမို့ သူဒေါသနဲ့ပြောလိုက်သည်။ '' ဂုဏ်သရေကြီးမြတ်လှပါတဲ့စစ်သေနာပတိက ဒီလို တာဝန်ယူစိတ်မရှိတဲ့လျှာနှစ်ခွနဲ့လူဖြစ်နေမယ်လို့ ထင်တောင်မထားမိဘူး!!"
"မင်းကအရမ်းတော်ပါတယ်...ဒါပေမယ့်မင်းကမင်းရဲ့တော်တတ်မှုကိုဂုဏ်မောက်နေတဲ့သူပဲ။ ဒီလိုမျိူးလေဘဝင်ဟက်တတ်တဲ့သူတွေက အမြဲတမ်းစောစောသေတတ်တယ်'' ချင်းစယ်က မျက်နှာအမူအရာမဲ့စွာနဲ့ပဲ '' ကျူပ်တကယ်ပဲ ကတိပေးခဲ့တယ်။ ဒါပေမယ့်ကျူပ်အမှုမဲ့အမှတ်မဲ့ကတိတစ်ခုနဲ့ တစ်ဘဝစာဆုံးရှုံးရမယ့်ပျော်ရွှင်မှုကိုမစတေးနိုင်ဘူး။ကျေးဇူးဆပ်ဖို့ကနည်းလမ်းတွေအများကြီးရှိပါတယ်။ကျူပ်ခန္ဓာကိုယ်တစ်ခုလုံးနဲ့ပေးဆပ်ရအောင်မလိုအပ်ပါဘူး။ ကျူပ်ကအတိတ်မေ့ခဲ့တာ ဦးဏှောက်ပျက်သွားတာမဟုတ်ဘူး။ မင်းတကယ်ဥာပ်ရှိတယ်ဆိုရင်ကျူပ်ကျေးဇူးဆပ်တာကိုတိတ်တိတ်လေးလက်ခံပြီး ဘာကိစ္စမှအစပျိူးဖို့စိတ်မကူးနဲ့။ မင်းကိုနောင်တရသွားအောင်လုပ်ဖို့ကျူပ်မှာနည်းလမ်းတွေအများကြီးရှိတယ်။''2
ကျန်းရှုလင်းကသူ့ရှေ့ကဒီလူကို သြဇာတိက္ကမကြီးမားတဲ့စစ်သေနာပတိ ၊ဝေ့ရှီစစ်မှန်းသိပြီး ရိုးသားတဲ့ရှောင်ဟေးမဟုတ်တော့တာတော့ သဘောပေါက်သွားတော့ ထိန်းချူပ်ထားတဲ့မျက်ရည်တွေကြောင့်နီမြန်းနေတဲ့မျက်လုံးတွေနဲ့အတူခေါင်းအသာညိမ့်လိုက်သည်။5
ကျန်းကျားလွေ့က မချိမခံသာဖြစ်ပေမယ့်ကျောက်တုံးကိုကြက်ဥနဲ့ပေါက်လို့အကျိူးမထူးမှာသိတာကြောင့်သူ့မှာရွေးစရာမရှိတော့ ဒီရွှေရောင်အခွင့်အရေးကိုလက်လွှတ်လိုက်ရသည်။
ချင်းစယ်က ကျန်းအိမ်ကိုနှုတ်ဆက်ပြီး ညအမှောင်မှာတိတ်တဆိတ်ပျောက်ကွယ်သွားတော့သည်။

Коментарі