Arc 7.2
အခန်း(၆၃) ချီရှိုးကျဲ့ဘဝ
ကောင်းလန်သည်ချီရှိုးကျဲ့အား ချက်ချင်းလက်စတုံးပစ်ချင်သော်လည်းတော်ဝင်အမိန့်တော်ကနောက်တစ်နေ့မှကွပ်မျက်ရန်ပြန်တမ်းရောက်လာသည်။ အစောကြီးသတ်လိုက်ရင်ဥပဒေအရအကျိူးအကြောင်းမဆီလျော်ရကျလိမ့်မည်။ ဒါပေမယ့်မနေ့ကထောင်ဝင်စာတွေ့တော့ ချီရှိုးကျဲ့ကိုမနက်စောစောကွပ်မျက်ဖို့ထောင်မှူးကိုမှာခဲ့လိုက်သည်။ထောင်မှူးလည်း ဘယ်သူဘယ်နေရာမှာရှိတယ်သိတာမို့ ငြင်းဆန်ရဲမှာမဟုတ်ပေ။
နောက်တစ်နေ့နံနက်၊နေပင်မထွက်သေးထောင်မှူးက ပါးကွပ်သားနှစ်ယောက်ကိုအမိန့်ပေးပြီး ချီရှိုးကျဲ့ကို ကွပ်မျက်ဖို့ သတ်ကွင်းကိုဆွဲခေါ်သွားကြသည်။
"နေရောင်ကမတောက်သေးဘူး။ ယန်ဓာတ်က ယင်းဓာတ်ထက်နည်းနေတယ်။ မင်းတို့အခုချိန်ငါ့ကိုသတ်ရင်ငါမြစ်ဝါကိုဖြတ်တဲ့အခါ မင်းတို့ကိုပြန်လာနှောင့်ယှက်ရလိမ့်မယ်'' ကျိူးယွင်ရှန့်လင့်စင်မှာဒူးထောက်နေပြီး မတုပ်မလှုပ်ဆိုလိုက်သည်။
ရှေးခေတ်က ညနေမရောက်ခင်သုံးနာရီအလိုမှာကွပ်မျက်လေ့ရှိကြသည်။အဘယ်ကြောင့်ဆို ထိုအချိန်သည်နေရောင်အတောက်ဆုံးနှင့်ယန်ဓာတ်ကြွယ်ဝဆုံးဖြစ်ပြီး ရာဇဝတ်သား၏ဝိညာဉ်မကောင်းဆိုးဝါးဖြစ်သွားပါက ယန်ဓာတ်ကြောင့်ပြိုကွဲပြီး သူတို့ကိုပြန်ဒုက္ခမပေးနိုင်သောကြောင့်ဖြစ်သည်။ လက်ရှိမှာနေကမထွက်သေးဘဲ ပတ်ဝန်းကျင်ကအေးစိမ့်ကညှို့ မှိုင်းနေသည်။ ထိုအချိန်သည်မကောင်းဆိုးဝါးများအားကောင်းရာအချိန်ဟုရှေးလူများကယုံကြည်ပြီးကြသည်။ ထို့ကြောင့်ကျိူးယွင်ရှန့်စကားကိုကြားသည့်အခါ ပါးကွပ်သားနှစ်ဦးကအချင်းချင်းကြည့်ပြီးနေထွက်သည်အထိစောင့်ဖို့ဆုံးဖြတ်လိုက်ကြသည်။
ကျိူးယွင်ရှန့်ကောင်းကင်ကိုမော့ကြည့်လိုက်သည်။နေထွက်သည်ကအလွန်မြန်၏။ လီကျင်းထျန်း အိမ်မက်ဆိုးမက်ထားတာမို့အခုချိန်နိုးနေလောက်ပြီ။ အမှန်ပင်ထိုအိမ်မက်များက သူဖန်တီးထားသောပုံရိပ်ယောင်များပင်။ကောင်းမင်သည်ဖြောင့်မတ်ကာတယူသန်သည့်လူစားမျိူးဖြစ်သည်။ ပုန်ကန်ခြင်း၊ဖောက်ပြန်ခြင်း၊သစ္စာဖောက်ခြင်းနဲ့အခြားကျင့်ဝတ်ဖောက်ပြားတာတွေဟာ သူ့စရိုက်နဲ့တစ်ခြားစီပင်။
ဒါပေမယ့်အဲ့တော့ဘာဖြစ်လဲ ။ကောင်းလန်ကသူ့မိသားစုဝင်ရာချီကိုသတ်ထားတာ။ကောင်းမင်ကလည်း ချီရှိုးကျဲ့ကိုအဆိပ်ခတ်ပြီး သားအိမ်ကိုပျက်စီးစေခဲ့တယ်။ ချီရှိုးကျဲ့ရင်ထဲကအမုန်းတရားတွေက တူညီတဲ့ပေးဆပ်ခြင်းနဲ့ချေဖျက်မှပဲကြေနိုင်လိမ့်မယ်။ ကျိူးယွင်ရှန့်အနေနဲ့ ဇာတ်လိုက်သူ့ကိုလာရန်မစရင်ဘာမှမလုပ်ခဲ့ပေ။ ဒါပေမယ့်သူ့ကိုလာထိလို့ကအဆတစ်ရာပေးဆပ်ရလိမ့်မည်။
ကောင်းမိသားစုလက်ထဲမှမသေရုံမကဘူး။ လီကျင်းထျန်း ၊ကောင်းမင်ပြီးတော့သူတို့သားလေးအနာဂတ်ဘုရင်လောင်း လီရွှီယန်းလည်းပဲ သူ့လက်နဲ့ဖျက်ဆီးရလိမ့်မည်။ သူအခုချီရှိုးကျဲ့ကိုယ်ကိုယူထားမှတော့ ချီရှိုးကျဲ့ဆန္ဒများအားလုံးကိုဖြည့်ဆည်းရမည်။
တကယ်တော့ ဒီကမ္ဘာဟာအတော်ပျင်းဖို့ကောင်းသည်။ အခုလိုလက်စားချေရတဲ့ဇာတ်လမ်းမျိူးက သူကျွမ်းကျင်လွန်းသောအရာများပင်။
နေမင်းကတိမ်ထုကြားပြူထွက်လာတော့ ပါးကွပ်သားတွေကအချိန်ကိုကြည့်ပြီးသေရည်အိုးအဖုံးကိုဖွင့်ကာဓားသွားပေါ်လောင်းချလိုက်သည်။ ထို့နောက်ဓားကိုမြင့်မြင့်မြှောက်လိုက်၏။
"နေကြအုန်းနေကြအုန်း ဓားကိုရပ်လိုက်!" အမောတကောနဲ့အသံတစ်ခုက လည်ပေါ်ဓားမကျခင်ကွက်တိပေါ်ဘာခဲ့သည်။ ပါးကွပ်သားများလှည့်ကြည့်လိုက်တော့ မင်းကြီးနဲ့အပါးတော်မြဲမိန်းမစိုးကြီးကိုမြင်လိုက်ရပြီးကြောက်ရွံစွာ ဒူးတုပ်လိုက်သည်။
"မင်းကြီးကိုဂါရဝပြုပါတယ်။ မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ''
"ဖယ်ကြစမ်း အချိန်တောင်မကျသေးဘူး မင်းတို့ကိုဘယ်သူကကွပ်မျက်ခွင့်ပေးထားလို့လဲ'' လီကျင်းထျန်းဒေါသနဲ့ ထိုလူနှစ်ဦးကိုကန်ကျောက်လိုက်သည်။
"မင်းကြီးကိုလျှောက်တင်ပါတယ်။ ဒါကအမတ်ကြီးကောင်းလန်အမိန့်ပါ ကျွနိုပ်တို့ဘာမှမသိရပါဘူး'' ပါးကွပ်သားများက နဖူးတိုက်ကာဆိုလိုက်ကြသည်။
ကောင်းလန်? လီကျင်းထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဆီမှာအခု မရေမရာတဲ့ခံစားချက်တွေရှိနေပြီ။ သူ့အမိန့်ကိုတောင်မှမနာခံဘဲနေနိုင်ရင်ကောင်းအိမ်ကဘာတွေထပ်လုပ်နိုင်သေးလဲ။ ချီမိသားစုဟာဂုဏ်အရှိန်အဝါအကြီးဆုံးမိသားစုဆိုပေမယ့်သူ့အပေါ်မှာတော့လေးစားမှုရှိသေးတယ်။ကောင်းလန်က သူတို့လောက်တောင်ရိုကျိူးမှုမရှိဘူး။ကောင်းမင်သူ့ကိုဆက်ဆံပုံကိုလည်းကြည့်လေ သူပျော်နေရင်သူ့ကိုစကားတစ်နှစ်ခွန်းပြောပြီး မပျော်ရင်မောင်းထုတ်တတ်သေးတယ်။ ဘုရင်တစ်ပါးအပေါ်ဘာရိုသေကြောက်ရွံ့ မှုမှမရှိဘူး။
အလိုလိုက်လွန်းတာဟာကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အခုကောင်းအိမ်ကတော်ဝင်မိသားစုထက်အင်အားကြီးနေပြီ။ ပြီးတော့ကောင်းမင်နဲ့ညီတော်.... သူတို့တကယ်ပဲဖောက်ပြန်နေကြသလား။ဘယ်အချိန်ကတည်းကလဲ။+
အဲ့ဒီအိမ်မက်ကလီကျင်းထျန်းအပေါ်သက်ရောက်မှုအတော်ပြင်းထန်သည်။ ဒါပေမယ့်သုံးနှစ်ကြာပေါင်းသင်းခဲ့ပြီးနောက်မှာကောင်းမင်ပေါ်သူ့ခံစားချက်တွေကကျေးဇူးတရားကနေ အစစ်အမှန်ဖြစ်နှင့်နေပြီ။ ဒါကြောင့်မို့ လွယ်လွယ်နဲ့ကောင်းမင်ကိုလက်လျော့ပစ်ဖို့ခက်ခဲလွန်းတယ်။
အိမ်မက်ကိုခဏလောက်ဆန်းစစ်ဖို့အချိန်ပေးပေမယ့်သူ့သံသယကိုမညိမ်းသတ်နိုင်ခဲ့။ ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ချီရှိုးကျဲ့ကိုလွှတ်ပေးလိုက်သည်။
ကျိူးယွင်ရှန့်ဒူးထောက်ဦးညွှတ်ပြီးကျေးဇူးတင်လိုက်သည်''ဂရုဏာနဲ့မထိုက်တန်တဲ့ ဒီအပြစ်သားကိုချမ်းသာပေးတဲ့အတွက်ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါ အရှင်မင်းကြီး။ ချီမိသားစုနဲ့ကျွနိုပ်ဖခင်ဟာ နိုင်ငံနဲ့မင်းကြီးပေါ်မှာသစ္စာရှိခဲ့ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်ခဲ့ရလည်းကျွန်ုပ်မသိပေမယ့်ကျွနိုပ်ဖခင်ကွပ်မျက်ခံရပြီးနောက်မှာကျွနိုပ်လည်းလိုက်သွားရမယ်ဆိုတာကို နားလည်ခဲ့ပါတယ်အရှင်။ အခုလိုချမ်းသာရာရလိမ့်မယ်လို့မထင်ခဲ့ရိုးအမှန်ပါ။ အခုအရှင်ကျွန်မှာဆန္ဒတစ်ခုသာရှိပါတယ်။ကျေးဇူးပြုပြီးနားညောင်းတော်မှုပါ''
သူ့မျက်လုံးတွေကဝမ်းနည်းနေပေမယ့်လူကတော့ပူဆွေးဟန်မပြ။သွေးစွန်းနေသောအကျဉ်းသားဝတ်ရုံကိုဝတ်ထားသည့်တိုင်တော်ဝင်ကျက်သရေကမှုန်ဖျသွားခြင်းမရှိပေ။ ချီရှိုးကျဲ့ရဲ့ယခုပုံစံဟာ သူ့အိမ်မက်ထဲက ရွှမ်ဝမ်နန်းဆောင်မှာဒုက္ခခံနေတဲ့ချီရှိုးကျဲ့ကိုတဖန်ပြန်သတိရမိစေသည်။ အပြစ်မကင်းသောခံစားချက်တို့အလုံးအရင်းပြန့်နှံ့ သွားပြီး လီကျင်းထျန်း ဝတ်ရုံကိုခါကာမျက်နှာလွှဲပြီးဆိုလိုက်သည်။ ''ဘာဆန္ဒလဲ''
အဲ့ဒီအိမ်မက်ကအစစ်အမှန်ဆန်လွန်းလို့ သူ့အာရုံကြောတွေလွန်ဆွဲနေဆဲပဲ။
"အရှင်ကျွန်မေးချင်တာက အရှင်ကျွန်မိသားစုအခုလိုအဖြစ်မျိူးဖြစ်ရအောင်မင်းကြီးအပေါ်မည်သို့အပြစ်ပြုခဲ့မိကြောင်းသိလိုပါတယ်။ ဒီကျွန်ကိုလည်း မိသားစုနဲ့အတူသေခွင့်ပေးပါအရှင်''ပြောပြီးနောက်မှာ အတင်းဦးတိုက်ထားတဲ့ ကျိူးယွင်ရှန့်ခေါင်းပြန်မော့ပြီး လီကျင်းထျန်း၏မျက်လုံးတွေကိုရင်ဆိုင်ကြည့်လိုက်သည်။
လီကျင်းထျန်းလည်းအဖြေမရှိတဲ့အမေးတစ်ခုကိုမေးလိုက်ရလို့ကြောင်အသွားခဲ့သည်။ ချီမိသားစုသည်အရမ်းရိုကျိူးပြီး သတိရှိလွန်းကာ တင်းကြပ်စွာထိန်းချူပ်ဖွဲ့စည်းထားသည့်မျိူးနွယ်ပင်။ သူ့မှာပထမကမ္ဘာကအတွေ့အကြုံမရှိခဲ့ရင်သူတို့သစ္စာကိုမယုံသင်္ကာဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။ သူပြန်မွေးဖွားလာတော့ အရမ်းဒေါသထွက်ပြီးကောင်းလန်နဲ့လီဝမ်ကို ချီအိမ်ကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့သည်။ အခုချီရှိုးကျဲ့က တကယ့်အကြောင်းပြချက်ကိုမေးလာတော့ သူ့မှာဖြေစရာမရှိတော့။ ထိုအိမ်မက်ကအာရုံထဲတကြော့ပြန်လာသည့်အခါ သူ့နှလုံးသားကိုပြင်းပြင်းထန်ထန်လှုပ်ခတ်စေသည်။
တကယ်လို့သူသေပြီးနောက်ချီမိသားစု က သစ္စာရှိနေခဲ့ပြီးသူ့မျိူးဆက်ကိုစောင့်ရှောက်ပေးခဲ့ရင်သူ့ရဲ့သစ္စာတော်ခံအစေခံတွေလည်းအသတ်မခံရဘူးလား? လီဝမ်ကသူ့ကိုနန်းတော်ကနေထုတ်ပေးလာပေမယ့်သူကကောင်းမင်လက်ကိုဆွဲထားခဲ့တာ။ သူတို့သေတဲ့အချိန်မှာတောင်လီဝမ်အကြည့်တွေကကောင်းမင်ဆီကလွှဲမသွားခဲ့ဘူး။ သူတို့ပထမဘဝကတည်းက ပတ်သက်နေခဲ့ကြတာလား။
သူပြန်ရှင်လာတော့ကောင်းအိမ်ကိုအယုံကြည်လွန်ပြီးလီဝမ်ကိုအမြင့်ဆုံးမြှောက်စားပေးခဲ့သည်။ကောင်းမင်ရဲ့အကြံပေးချင်နဲ့ ချီမိသားစုကိုရောအခြားသစ္စာမဲ့မိသားစုတွေကိုရောရှင်းပစ်ခဲ့သည်။ အခုကောင်းလန်၊လီဝမ်နဲ့ကောင်းမင်ကရာထူးအမြင့်ဆုံးနှင့်တော်ဝင်အသိုင်းအဝိုင်းထက်သာလွန်နေပြီ။ သူကိုယ်တိုင်မှာကချီမိသားစုရဲ့အထောက်အပံ့မရှိတော့ သူတို့ပုန်ကန်ကြရင်သူဖက်ကဘယ်လိုပြန်တိုက်ရမှာလဲ။ ဒါကိုတွေးမိတော့သူဇောချွေးပြန်ပြီးခြေပင်ခွေကျလုနီးဖြစ်သွားသည်။
"ချီကွေ့ကျွင်းကို ဇီချန်နန်းဆောင်ဆီပြန်ပင့်ဆောင်သွားလိုက်တော့'' သူအားဖျော့စွာပြောလိုက်ပြီး အစေခံတွေရဲ့ချီရှိုးကျဲ့အပေါ်ဆက်ဆံပုံက ကြမ်းတမ်းတာမြင်တော့ သူချက်ချင်းထပ်ပြောလိုက်သည်။ ''သမားတော်ခေါ်ပြီး သူ့ကိုဇီချန်နန်းဆောင်ဆီသွားခိုင်းလိုက်ဟိုမှာကြိုစောင့်နေလို့'' အဲ့ဒီနောက်ချီရှိူးကျဲ့ကိုယ်ပေါ်ကသွေးတွေကိုမမြင်ရလေအောင်မျက်နှာကိုလွှဲပြီးထွက်သွားလိုက်သည်။
[ကွေ့ကျွင်း - အမျိူးသားကိုယ်လုပ်တော်တွေအတွက်စာရေးဆရာတွေပေးထားတဲ့ ဘွဲ့။ sharing rain and drewမှာကကွေ့ချင်း လို့သုံးထားတယ်။မိုပန်းကလေးမှာက ချင်းကျွင်းလားပဲ။ Gui က Nobel ၊ Jun က monarch, Lord စသဖြင့်အဓိပ္ပါယ်ရတယ်။ တကယ့်ရှေးခေတ်မှာလည်းဘွဲ့တွေရှိမှာပဲဒါပေမယ့်မပြောပြဘူး ဖုံးထားကြတယ်]1
ကျိူးယွင်ရှန့်ရေနွေးနဲ့စိမ်ပြီးဒဏ်ရာတွေကိုသန့်စင်လိုက်သည်။ ဒီခန္ဓာဟာ နုနယ်တယ်ထင်ရပေမယ့်အလွန်သန်မာသည်။ ရက်အနည်းငယ်အတွင်းသူပြန်ကောင်းလာလိမ့်မည်။
လီကျင်းထျန်းအမိန့်အောက်မှာသမားတော်တွေလည်း သူ့ကိုလျစ်လျူမရှုရဲ။သွေးကြောစမ်းပြီးတော့ဆေးအညွှန်းပေးပြီး အစေခံတွေကိုချက်ချင်းစီစဉ်စေလိုက်သည်။ ဇီချန်နန်းဆောင်သည်နဂိုကလည်းချီရှိုးကျဲ့၏နန်းဆောင်ဖြစ်ပြီး ဗိသုကာလက်ရာကအထက်တန်းစားပင်။ သူ့မိသားစုပြိုလဲတော့ နန်းဆောင်လည်းစွန့်ပစ်ခံရပြီး အစေခံတွေပါအသတ်ခံရသလို တစ်ချိူ့ကထွက်ပြေးကုန်သည်။
ခန်းစီးအားတိုးဝှေ့နေသောလေပြေက နန်းဆောင်ကိုပိုလို့အထီးကျန်စေသည်။ ကျိူးယွင်ရှန့်ဆံပင်စိုတွေကိုခြောက်သွေ့အောင်လုပ်ပြီး ပြတင်းနားကကတီပါအောက်ခံပျော့ခင်းခုံမှာ ထိုင်လိုက်ပြီးနေမင်းကြီးကိုငေးနေမိသည်။ အဲ့ဒီနောက်ရယ်လိုက်၏။
လီကျင်းထျန်၊ ချီရှိုးကျဲ့ကိုလွှတ်ပေးလိုက်တာကောင်းမင်လုံးဝကျေနပ်မှာမဟုတ်ဘူး။ အရင်ကဆိုရင်တော့ကောင်းမင်ကျေနပ်ဖို့ လီကျင်းထျန်းဘာမဆိုလုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမယ့်အခုက သူ့မှာသံသယတွေတွယ်ကပ်နေပြီ။ သူတို့ဆန့်ကျင်လေ သူ့သံသယတွေပိုများလေပဲ။ ဒါပေမယ့်ကိစ္စမရှိ။ အနာဂတ်မှာကောင်းမင်ကနိုင်ငံရေးမှာပိုစွတ်ဖက်ပြီး စစ်ပွဲအတွက်ဦးဆောင်ဖို့တောင်းဆိုလိမ့်မယ်။ မူလဇာတ်ကြောင်းမှာ လီကျင်းထျန်းကလွယ်လွယ်နဲ့သဘောတူခဲ့သည်။ ဒါပေမယ့်အခုတော့ကောင်းမင်လုပ်သမျှလီကျင်းထျန်းသံသယပိုပွားစေရုံသာ။
သံသယဆိုတဲ့အမျိူးဟာအစေ့ချလိုက်တာနဲ့ အညှောင့်တက်တာတားဖို့ခဲယဉ်းလွန်းသည်လေ။
ကျိူးယွင်ရှန့်ကတော့လက်တစ်စုံမှမပေဘဲ သူတို့အချင်းချင်းသတ်တာဘေးကထိုင်ကြည့်မည်။ ဇာတ်လမ်းပြီးဆုံးဖို့ အတွက်ယန်ကောဘုရင်သစ်တစ်ပါးကိုသူပျိူးထောင်ဖို့တော့လိုလိမ့်မည်။ ချီရှိူးကျဲ့ဆန္ဒတွေဖြည့်ပြီးတာနဲ့ သူကမ္ဘာပတ်ပြီးလျှောက်သွားမည်။ရွှေပုလ္လင်၌အချူပ်အနှောင်မခံနိုင်။ ဘုရင်ဆိုသည်မှာခွေးထက်နောက်ကျအိပ်ရပြီးကြက်ဖထက်စောထရသည့်သူဖြစ်သလို မှူးမတ်တွေရဲ့ထိန်းကြောင်းခံရသူမို့ လွတ်လပ်မှုအစစ်အမှန်ဆိုတာမရှိပေ။ ပြီးတော့ သူ့ချစ်သူကိုလည်းရှာရအုန်းမယ်။ အခုတစ်ခါဘယ်သူများဖြစ်နေမလဲစိတ်ဝင်စားလှပြီ။ ဒါကိုတွေးမိတော့ ကျိူးယွင်ရှန့်မေးကိုပွတ်ပြီးညင်သာစွာပြုံးလိုက်မိ၏။
ညီလာခံမှာတော့ မှူးမတ်တွေရှေ့မှာကောင်းလန်က ချီရှိုးကျဲ့ကိုလွှတ်ပေးမယ့်အစီအစဉ်ကိုအပြင်းအထန်ကန့်ကွက်နေသည်။ ချီရှိုးကျဲ့ဟာကျားတစ်ကောင်ဖြစ်ပြီး သူ့အကွက်မှာထောင်ချောက်မိမခံသင့်ကြောင့်ထပ်တလဲလဲလျှောက်တင်သည်။ အခြားအမတ်တွေလည်းသူ့စကားကိုထောက်ခံပြီး လီဝမ်တောင်မှသူ့ကိုဖျောင်းဖျလာသည်။
ကောင်းလန်နဲ့လီဝမ်ရဲ့နန်းတွင်အပေါ်လွှမ်းမိုးမှုကို လီကျင်းထျန်းပထမဦးဆုံးအကြိမ်လေးပင်စွာခံစားမိသွားသည်။ သူ့ရင်ထဲကသံသယဟာအခုတော့အခက်အလက်စုံတဲ့သစ်ပင်ကြီးဖြစ်နေပြီ။ကောင်းလန်ရဲ့လျှောက်လဲချက်ကိုငြင်းဆိုပြီး သူညီလာခံသိမ်းပစ်လိုက်သည်။
ယန်ရှင်းနန်းဆောင်ကိုပြန်ရောက်တော့ကောင်းမင်ကအထဲမှာ မှတ်တမ်းစာအုပ်ကိုဖတ်နေပြီးတော်ဝင်စုတ်တံနှင့်ရေးမှတ်နေသည်။ သူကတော်ဝင်ကုလားထိုင်မှာထိုင်နေပြီး ရင်းနှီးသည့်တော်ဝင်လက်ဖက်ရည်ရနံ့ ကပြန့်လွင့်နေသည်။
ဒီလိုမြင်နေကျမြင်ကွင်းသည်လီကျင်းထျန်းမျက်ဆန်များကိုကျူံ့ သွားစေသည်။ ဒါပေမယ့်ကောင်းမင်ဟာသူ့ကိုဖက်ပြီး အတူသေပွဲဝင်ခဲ့တာကိုပြန်သတိရတော့ သူ့မျက်နှာတင်းမာမှုလျော့ကျသွားသည်၊ အိမ်မက်လေးတစ်ခုကဘယ်လိုလုပ်အနာဂတ်ကိုတွက်ဆနိုင်မှာလဲ။ကောင်းမင်နဲ့လီဝမ်ကအဆက်အဆံတောင်သိပ်မလုပ်တာ ဘယ်လိုလုပ်ဖောက်ပြန်နေရမှာလဲ။
ကြိမ်ဖန်များစွာကိုယ့်ကိုယ်ကိုတရားချပြီး လီကျင်းထျန်းအထဲကိုဖြည်းဖြည်းချင်းဝင်သွားကာကောင်းမင်ကိုဖက်လိုက်သည်။
ဒါပေမယ့်ကောင်းမင်ကသူ့ကိုချက်ချင်းတွန်းထုတ်ပြီး ''ခင်များ ချီရှိုးကျဲ့ကိုလွှတ်ပေးလိုက်တယ်ဆို''
လီကျင်းထျန်းကပြန်မဖြေ။
ကောင်းမင်ကဆက်ပြီး ''သူနဲ့ရွှမ်ဝမ်ခင်များကိုဘယ်လိုသစ္စာဖောက်ခဲ့ဆိုတာမေ့သွားပြီလား။ သူ့မိသားစုတစ်ခုလုံးသတ်ပြီးမှာ ဘာလို့ကျားမွေးနေအုန်းမှာလဲ''
"သူဘယ်လိုလက်တုန့်ပြန်မှာလဲ။ သူ့မိသားစုမှာသူတစ်ယောက်ပဲကျန်တာ သူ့ခန္ဓာကလည်းမင်းအဆိပ်ခတ်ထားလို့ သားမမွေးနိုင်တော့ဘူးလေ။ဘယ်လိုနည်းနဲ့လက်တုန့်မှာလဲ'' လီကျင်းထျန်ပင်ပန်းစွာနဲ့မျက်ရိုးကိုညစ်လိုက်သည်။ ''သူဘာမှမလုပ်နိုင်ဘူး လွှတ်ထားလိုက်ပါ''.+
ရွှမ်ဝမ်သူ့ကိုသတ်ခဲ့တုန်းကတည်းက ချီရှိုးကျဲ့သူ့အပေါ်သစ္စာရှိခဲ့တယ်ဆိုတာကိုမေ့ထားလိုက်သည်။ အိမ်မက်ကအမှန်ဆိုရင်သူ့ကိုယ့်ဓားကိုယ်ပြန်ချိူးမိတာပဲ။ သူ့ကိုသူများအနိုင်ယူနိုင်အောင်အားနည်းချက်ကိုထုတ်ပြထားခဲ့မိတယ်။ သူနှစ်ဘဝတောင်နေခဲ့ပြီးတာတောင်ဆုံးဖြတ်ချရာမှာ အခုဘဝကအရူးမိုက်ဆုံးပဲ။
ကောင်းမင်ရဲ့စကားနာထိုးချက်တွေကိုနားထောင်ပြီး လီကျင်းထျန်းခေါင်းကိုက်လာသည်။ကောင်းမင်ကသူ့စိတ်မသက်သာမှုကိုမြင်ပေမယ့်ခပ်မဲ့မဲ့ပြုံးပြီးတော့သာထွက်သွားလေသည်။
ဥပေက္ခာပြုထွက်ခွာသွားတဲ့ကောင်းမင်ကျောပြင်ကိုငေးရင်း လီကျင်းထျန်းရင်ထဲကတစ်ဆစ်ဆစ်နာသည်။

Коментарі