Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.2
Chapter (2)  Romeo ၏ ငုပ်လျှိုးနေသည့် အလှတရားများ (zawgyi+unicode)

ကျိုးယွင်ရှန့်နှင့် တစ်ခန်းတည်းမှာ Hayden နှင့်ညီအစ်ကိုတော်သူနှစ်ဦး ရှိကြသည်။ သူတို့ အမြင့်ကိုတက်လှမ်းနိုင်ဖို့ Hayden ရဲ့ရန်သူကို အနိုင်ကျင့်ဖိနှိပ်ပြီး ပျော်ရွှင်နေကြသည်။ သူတို့က Romeo မှန်ရှေ့မှာရပ်နေတာကိုတွေ့တော့ ကဲ့ရဲ့လှောင်ပြောင်ကြတော့တယ်။ ခါတိုင်းလိုဆိုရင် Romeo က သူတို့ကို ချက်ချင်းရန်လုပ်တိုက်ခိုက်မှာ သေချာတယ်။ ဒါဆိုရင် ကင်မရာကတစ်ဆင့် Romeo ရဲ့လုပ်ကိုင်ပုံကို အကဲဖြတ်ဒိုင်နဲ့ ပရိသတ်တွေက တွေ့သွားပြီး စက်ဆုပ်ရွံရှာလို့ မဲတွေလျော့ကျသွားဖို့ ရည်ရွယ်ထားတယ်။ အခုတော့ Romeo က သူတို့ကို အကြည့်တစ်ချက်တောင်မပေးဘဲ သူ့အိပ်ယာဆီလျှောက်သွားပြီး အိပ်စက်သွားတော့တယ်။

သူတို့က ခဏကြာအောင် လှောင်ပြောင်ရန်စကြပေမယ့် တစ်ဖက်က ဘာမှမတုံ့ပြန်တော့ ပျင်းရိသွားကြပြီး အိပ်သွားတော့တယ်။ အပေါ်ထပ်မှာတာဝန်ကျတဲ့ ကင်မရာမန်းက လူငယ်လေးတွေ အိပ်ယာထဲ အသီးသီးဝင်သွားတာတွေ့တော့ အောက်ဘက်ကိုဆင်းလာပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ တခြားလူတွေရဲ့လှုပ်ရှားမှုကို ဆက်ပြီး ရိုက်ကူးကြတယ်။

ကျိုးယွင်ရှန့်က စောင်အောက်ကိုဝင်လိုက်ပြီး AI ကိုဖွင့်ပြီး Romeo ရဲ့ လက်ရှိ အွန်လိုင်းပေါ်ကရမှတ်တွေကို စစ်ဆေးကြည့်လိုက်တယ်။ ရမှတ်တွေက သူထင်ထားတာထက် ပိုဆိုးနေတယ်။ အွန်လိုင်းသုံးစွဲသူတွေက Romeo ရဲ့ လှပပြီး နူးညံ့တဲ့ရုပ်ရည်လေးကိုကြည့်ပြီး စိတ်နှလုံးကောင်းရှိလိမ့်မယ်လို့ မျှော်လင့်ချက်ကြီးကြီး ထားခဲ့မိကြတယ်။

ပထမဆုံးပြိုင်ပွဲအစီအစဉ်ကို စုစည်းပြီး ထုတ်လွှင့်တင်ပြချိန်မှာ ကိန်းဂဏန်းတွေအရရော Romeo ရဲ့ fan တွေရဲ့ အမှတ်ပေးမှုကြောင့်ရော ထိပ်ဆုံးမှာဦးဆောင်နေနိုင်ခဲ့တယ်။ Romeo ရဲ့ အပြစ်ကင်းတဲ့ ပုံပန်းသွင်ပြင်လေးက ပျိုပျိုအိုအို ကျားကျားမမအားလုံးကို ဆွဲဆောင်သွားပြီး ရိုးသားတဲ့အကြည့်လေးတစ်ချက်အောက်မှာ ကျရှုံးသွားကြတယ်။

ဒါကြောင့် Romeo ရဲ့အတွင်းစိတ်နဲ့ တုံ့ပြန်မှုက သူ့အပြင်ပန်းနဲ့ တခြားစီဖြစ်သွားတဲ့အခါမှာတော့ သူ့ပရိသတ်တွေကို စိတ်ပျက်သွားစေတော့တယ်။ တစ်ခါတစ်လေ မျှော်လင့်ချက်ကြီးကြီးထားမိခြင်းက မကောင်းတာကို ပိုမိုဖြစ်ပေါ်စေတယ်။

တချို့ အင်တာနက်သုံးစွဲသူတွေက Romeo ကို အပြင်ပန်းလှပြီး အတွင်းပုပ်နေတဲ့ပန်းသီးလို့ ပြောဆိုပုတ်ခတ်ကြတယ်။ တစ်လုတ်ကိုက်မိတာနဲ့ စိတ်ပျက်စရာ ခံစားရစေတယ်လို့ ဝေဖန်ကြတယ်။ ဒီလိုဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ရင်ဆိုင်ရပြီးနောက် Romeo က နောက်ပိုင်းပြိုင်ပွဲတွေမှာ သူ့သရုပ်ဆောင်ပါရမီကို ထုတ်မပြနိုင်ရင် အမှတ်တွေ တဖြည်းဖြည်းလျော့သွားပြီး နောက်ဆုံး ပြိုင်ပွဲကနေ ထုတ်ပစ်ခံရနိုင်တယ်။ တချို့လူတွေကတော့ သူ့ကို ပြိုင်ပွဲကထုတ်ပစ်ဖို့ကို တိုက်ရိုက်တောင်းဆိုလာကြသည်။

Viewer တွေပေးတဲ့အမှတ်တွေသာမက ပြိုင်ပွဲဝင်တွေက ဒိုင်တွေပေးတဲ့အမှတ်တွေကြောင့်လည်း နောက်တစ်ဆင့်ကို တက်သွားရနိုင်တယ်။

ကနေ့ပြိုင်ပွဲက လျှင်မြန်စွာ အဝတ်အစားဝတ်နိုင်စွမ်းနဲ့ သူတို့တစ်ယောက်ချင်းစီရဲ့ အနုပညာအမြင်ရှိမှုကို စမ်းသပ်မှာဖြစ်တယ်။ ပြိုင်ပွဲဝင်တွေက သုံးမိနစ်အတွင်း အဝတ်အစားကို ပြည့်ပြည့်စုံစုံနဲ့ ကိုယ်နဲ့လိုက်ဖက်တာကို ရွေးချယ်ဝတ်ဆင်ရမှာဖြစ်ပြီး ဘူတာထဲကို ဆိုက်ရောက်လာတဲ့ရထားကို မှီအောင်ပြေးတက်ရမယ်။ နောက်ဘူတာကိုရောက်ရင် ပေးလိုက်တဲ့ဖုန်းနဲ့ ကိုယ့်ဘာသာ ဆယ်လ်ဖီဆွဲရမှာဖြစ်တယ်။

Romeo က ပထမမှတ်တိုင်မှာကတည်းက ဖယ်ထုတ်ခံလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက အဝတ်လဲရာမှာ နှေးရုံတင်မကဘူး လူကြိုက်နည်းတဲ့အတွက်ဖြစ်တယ်။ ရထားက ဘူတာထဲကိုဝင်လာချိန်မှာ သူက ဘေးဘက်ကိုတွန်းဖယ်ခံလိုက်ရပြီး ရထားထွက်သွားတာကိုပဲ ငေးကြည့်နေခဲ့ရတယ်။ သူက ချက်ချင်း producer ကို ဒီလို တမင်ညစ်ပတ်တဲ့ကိစ္စကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရတယ်။ ဒီလိုတွန်းထိုးပြီး ရထားပေါ်လုပြီးတက်ရတဲ့အချိန် ဒီလိုဖြစ်တတ်တယ်လို့ပြောပြီး ဒီကောင်လေးအတွက် ငွေထပ်ဖြုန်းဖို့မလိုဘူးလို့ ထင်တယ်။ ဒီပြိုင်ပွဲအပြီးမှာ Romeo ရဲ့ရမှတ်က ၆ မှတ်ပဲရှိပြီး အောက်ဆုံးအဆင့်ကို ရောက်သွားတော့တယ်။ ဒါကြောင့် သူက စိတ်မထိန်းနိုင်တော့ဘဲ Hayden ရဲ့ပုံကို ဝေဖန်တိုက်ခိုက်တော့တယ်။ ဒီလူငယ်လေးက ထိရှလွယ်ပြီး စိတ်မြန်လက်မြန်လုပ်လိုက်တဲ့အတွက် စိတ်ပျက်စရာ နောက်ဆက်တွဲဒဏ်တွေကို ခံနေရတော့တယ်။

တကယ်လို့ ကျိုးယွင်ရှန့်က ဒီပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ချင်ရင် အဓိက ၃ ချက်ကို ဆောင်ရွက်ရမယ်။ တစ်.. လူတိုင်းက 'ဝိုး' ဆိုပြီး အံ့အားသင့်သွားရမယ့်ပုံကို ရိုက်ရမယ်။ နှစ်.. Romeo ရဲ့ social media ပေါ်က မကောင်းသတင်းကို ပျောက်အောင်လုပ်ရမယ်။ သုံး.. သူ့ရဲ့ ပလက်တီနမ်ရောင် ဆံပင်ပျော့ပျော့လေးတွေကို ဆက်လက်ထိန်းသိမ်းထားရမယ်။ နောက်တစ်ပိုင်းမှာဆိုရင် Romeo ရဲ့ဆံပင်ကို ကတုံးရိတ်ခံလိုက်ရပြီး သူ့ပုံစံကို ရုပ်ဆိုးဆိုးဖြစ်သွားစေလို့ အမှတ်ပေးသူ တစ်ယောက်မှမရှိတော့ဘဲ ပြိုင်ပွဲကနေ ဖယ်ရှားခံရတော့မှာဖြစ်တယ်။

ဒီ ၃ ချက်က ကျိုးယွင်ရှန့်အတွက် ဘာမှမခက်ခဲလို့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့တယ်။

••••••••••••••
နောက်တစ်နေ့မနက်မှာ လူတိုင်းထလာပြီး မနက်စာစားကြတယ်။ ဧည့်ခန်းထဲမှာရှိတဲ့ လူတချို့က ဒိုင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Ariel ဆီက ပေးစာတစ်စောင်ကို ရရှိခဲ့ကြတယ်။ စာထဲမှာ 'မင်းရဲ့ကလေးဘဝမှာ ပျော်စရာအကောင်းဆုံး စိတ်ကူးအိပ်မက်က ဘာလဲ' ဆိုတဲ့ မေးခွန်းဖြစ်တယ်။

Emily က ကတ်လေးကို အကြာကြီးစိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်တယ်။

"ငါငယ်ငယ်တုန်းက ကောင်းကင်ပေါ်မှာ ပျံသန်းရတယ်လို့ အမြဲမက်လေ့ရှိတယ်.. ပီတာပန်လို တောင်တန်းတွေနဲ့ ပင်လယ်တွေပေါ် လေထဲမှာပျံသန်းပြီး ငါတစ်ခါမှမရောက်ဖူးတဲ့ တိုင်းပြည်တွေကို ပျံသန်းသွားခဲ့တယ်.. ဒီဟာက တကယ်ဖြစ်နေခဲ့သလို ငါခံစားခဲ့ရတယ်.."

ဒီအမျိုးသမီးက သူရဲကောင်းဖြစ်ထိုက်ပါပေတယ်။ ကင်မရာမန်းက သူ့မျက်နှာကို အနီးကပ်ဆွဲပြီး တောက်ပတဲ့မျက်ဝန်းတွေကို အဓိကထား ရိုက်ကူးလိုက်တယ်။ သူမပြောတဲ့စကားလုံးတွေကို ကျိုးယွင်ရှန့်ကလွဲပြီး ကျန်ပြိုင်ပွဲဝင်တွေ သတိမထားလိုက်မိကြဘူး။ သူတို့အားလုံးကို Bus တစ်စီးနဲ့ စွန့်ပစ်ထားတဲ့ဝတ်ရုံဟောင်းကြီးထဲ ခေါ်လာခဲ့တယ်။

ဒီနေ့ ဓာတ်ပုံရိုက်မယ့်နေရာမှာ ညွှန်ကြားမယ့်သူက ဒိုင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Miss Jeffery ဖြစ်တယ်။ သူ့ကို Miss လို့ခေါ်ပေမယ့် တကယ်တော့ သူက ပါရမီရှင် အမျိုးသားတစ်ဦးဖြစ်တယ်။ သူက အသက် 35 နှစ်ရှိပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့ အသားအရေရှိတယ်။ မျက်ခုံးတွေကို ခပ်ရှည်ရှည်ဆွဲထားပြီး မျက်ခွံတွေပေါ်မှာ မီးခိုးဖျော့ရောင် ခြယ်သထားသည်။

သူက အမျိုးသမီးဝတ်စုံအရှည်ကို ဝတ်ထားပြီး ခန့်ညားခြင်းနဲ့ ချစ်စရာကောင်းခြင်းတို့ ရောနေပြီး ကြည့်လို့ကောင်းသူဖြစ်သည်။ သူက ဖက်ရှင်လောကမှာ နာမည်ကျော် ထိပ်တန်းနည်းပြနှင့် စတိုင်လစ်တစ်ယောက်ဖြစ်ပြီး လိင်ပြောင်းထားသည့် gay တစ်ဦးဖြစ်သည်။

Miss Jeffery က Romeo ရဲ့ဘဝမှာ အလေးစားရဆုံးနဲ့ အားအကျရဆုံးလူတစ်ဦးဖြစ်တယ်။ သူက သူ့ရဲ့လိင်စိတ်ခံယူချက်နဲ့ ဝါသနာကို ရှက်ရွံ့ခြင်းမရှိဘဲ ရဲရဲရင့်ရင့် ဖွင့်ချလိုက်ပြီး ရိုးသားစွာ ခွန်အားအပြည့်နဲ့ ရှေ့ဆက်နေသူဖြစ်သည်။ Miss Jeffery လိုဖြစ်ဖို့က Romeo ရဲ့ ရည်မှန်းချက်ဖြစ်ပေမယ့် သူမသေခင် တွေ့တောင်မတွေ့လိုက်ရပေ။

"ဒီကနေ့ ရိုက်ရမယ့်ပုံစံက လေထဲပျံဝဲတဲ့ ပုံစံဖြစ်တယ်.. ဒီဟာကို ဘယ်သူတွေ ခန့်မှန်းမိလဲ.."

ပြိုင်ပွဲဝင်တွေကိုစုစည်းပြီး Jeffery က ခပ်သွက်သွက်ရှင်းပြလိုက်သည်။

သူတို့နောက်မှာ ခပ်ရှည်ရှည်သတ္တုဘောင်ကြီးကို တွေ့လိုက်ရသည်။ ဒီဘောင်က အရင်ကတော့ ဆီကန်ကြီးကိုထိန်းဖို့ သုံးရတဲ့ ဘောင်ကြီးတွေဖြစ်ပြီး အခုတော့ ဆီကန်ကြီးတွေကို တခြားကို သယ်ထုတ်ထားကြသည်။ ဒီသတ္တုဘောင်တွေပေါ်ကနေ မတ်တပ်ရပ်ပြီး အောက်ကိုငုံ့ကြည့်မယ်ဆိုရင် ခေါင်းမူးပြီး ဆယ်မီတာအမြင့်ကနေ ပြုတ်ကျလာနိုင်သည်။

မော်ဒယ်တွေရဲ့ခါးမှာ အန္တရာယ်ကင်းခါးပတ်နဲ့ ကြိုးတွေ တပ်ဆင်ပေးထားမှာဖြစ်တယ်။ မော်ဒယ်က စူပါစွမ်းအားပိုင်ဆိုင်ထားသူနှယ် လေထဲမှာ ပျံဝဲနေတဲ့ပုံစံကို ပို့စ်ပေး ရိုက်ကူးရမှာဖြစ်တယ်။ ဒီ Theme နဲ့ရိုက်ကူးတာက တကယ့်ကိုဆန်းသစ်လှပြီး model ဖြစ်သူက ကိုယ်ဟန်ကိုထိန်းပြီး အကြောက်အရွံ့မရှိလုပ်ပြနိုင်မှ ဓာတ်ပုံကောင်းတွေကို ရရှိနိုင်မှာဖြစ်တယ်။

Emily က တောက်ပစွာပြုံးနေပြီး သူမဘေးက Hayden က ဖြူဖျော့လို့နေတယ်။ သူက အမြင့်ကြောက်ရောဂါရှိတယ်။
"ကောင်းပြီ.. သေချာမှတ်ထားကြပါ.. မင်းတို့အလုပ်ရှင်က ဘယ်လိုအရာကိုပဲ လုပ်ခိုင်းပါစေ.. မင်းတို့ စိတ်ပါပါ မပါပါ ပြီးမြောက်အောင်လုပ်ပေးရမယ်.. ဒါက တကယ့်မော်ဒယ်အဖြစ်နဲ့ အသက်မွေးမယ့်သူတွေ လိုက်နာရမယ့် အခြေခံစည်းမျဉ်းဖြစ်တယ်.. မင်းတို့ အပေါ်ကိုရောက်သွားတဲ့အခါ ကြောက်မနေနဲ့.. ကိုယ့်စတိုင်လ်နဲ့ ကိုယ့်ရုပ်လေးကို လှလှပပဖြစ်အောင်ပဲ ဦးစားပေးမရိုက်ရဘူး.. မှတ်ထားပါ.. မင်းတို့က ဓာတ်ပုံထဲမှာ အဓိကလူမဟုတ်ဘူး.. မင်းတို့ promotion လုပ်ပေးရမယ့် ကုန်ပစ္စည်းကို ပိုမိုပေါ်လွင်အောင် လုပ်ပေးရမှာဖြစ်တယ်.. ဒီဟာက ငါပေးတဲ့အကြံဉာဏ်ထဲမှာ အရေးကြီးဆုံးပဲ.."

Jeffery က MOT phone နောက်ဆုံး model ကို ထုတ်ယူလှုပ်ယမ်းပြပြီး MOT phone company ရဲ့ Marketing Manager ကို ရှေ့ကိုဖိတ်ကြားပြီး ဒီဖုန်းရဲ့ပုံစံနဲ့ ထူးခြားချက်ကို ရှင်းပြပေးဖို့ ပန်ကြားလိုက်သည်။ ဒီပစ္စည်းက သူတို့အတွက် ထူးခြားဆန်းကြယ်မှုကို ဖမ်းဆုပ်မိဖို့ ကူညီပေးနိုင်တယ်လို့ ပြောပေမယ့် တကယ်တော့ ဒါက ကုန်ပစ္စည်းကြေငြာပဲဖြစ်တယ်။ MOT က ဒီအစီအစဉ်အတွက် ငွေမီလီယံချီ စပွန်ဆာပေးထားတဲ့အတွက် သူတို့ထုတ်ကုန်ကို ပေါက်သွားအောင် ကြေငြာပေးစေချင်တယ်။

ပြိုင်ပွဲဝင်တွေက ဒီထုတ်ကုန်အသစ်ကြောင့် ပျော်ရွှင်သွားကြတယ်။ ကျိုးယွင်ရှန့်တောင် မျက်ခုံးပင်လိုက်မိတယ်။ သူက လျှပ်စစ်ပစ္စည်းကို စိတ်ဝင်စားသူဖြစ်ပြီး အခု ဒီကမ္ဘာက သူရောက်နေတဲ့ခေတ်ကာလမှာ နောက်ဆုံးပေါ်နည်းပညာတွေ ပေါ်ထွန်းတဲ့ခေတ်မဟုတ်ရင်တောင် ဒီကမ္ဘာရဲ့ ထူးခြားတဲ့နည်းပညာကို လေ့လာရတယ်ဆိုတာ တကယ်စိတ်ဝင်စားစရာ ကောင်းပါတယ်။

Miss Jeffery က အားလုံးရဲ့လုပ်ဆောင်ချက်ကို ကျေနပ်နေတယ်။ အထူးသဖြင့် Romeo ရဲ့ တောက်ပတဲ့မျက်ဝန်းတွေကို သဘောအကျဆုံးဖြစ်တယ်။ ချိုချဉ်ဆိုင်ကြီးထဲ ရောက်သွားတဲ့ ကလေးရဲ့မျက်လုံးလိုမျိုး တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတစ်စုံက သူ့ကို သရုပ်ဆောင်နေတဲ့တစ်ချိန်လုံး ပါးစပ်ဖျားက တဖွဖွချီးကျူးစကားတွေ ဆက်တိုက်ပေါ်ထွက်လာစေတယ်။

Jeffery က လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ကောင်းပြီ.. ကလေးတွေ.. မင်းတို့ အနာဂတ်မှာ မော်ဒယ်အဖြစ် အသက်မွေးဖို့ စီစဉ်ထားရင် ဒီတစ်ကြိမ်မှာ မင်းတို့စိတ်ကို သေချာပြင်ဆင်ထားရမယ်.."

ကျိုးယွင်ရှန့်က ကိုယ်နဲ့ကွက်တိကျတဲ့ ရှပ်ဖြူနဲ့ ဘောင်းဘီရှည်အဖြူကို နက်မှောင်တဲ့နက်ခ်တိုင်နဲ့ တွဲဖက်ဝတ်ထားပြီး အဖြူနက်စင်းခြေအိတ်ကို ဖြူမည်းရောစပ်ထားတဲ့ဖိနပ်နဲ့တွဲပြီး စီးထားတယ်။ ဒါကြောင့် သူ့ရဲ့ ရှည်သွယ်တဲ့အရပ်ကို ပိုပေါ်လွင်စေပြီး ကြည့်မိသူတိုင်း မျက်စိမလွှဲနိုင်အောင် ဖမ်းစားထားနိုင်တဲ့အပြင် သူ့ရဲ့မကောင်းသတင်းကို ဖောက်ထွက်လာနိုင်တယ်။ အခု သူက တကယ့်တကယ်ကို မာနကြီးတဲ့သခင်လေးပဲ။ လူတိုင်းက သူ့ကိုမုန်းကြပေမယ့် သူ့ဘေးနားမှာ မဝန်းရံဘဲမနေနိုင်ကြဘူး။

သူ့အသားအရေက အရမ်းကောင်းပြီး အစက်အပျောက်တစ်ခုတောင်မရှိဘူး။ မိတ်ကပ်ပညာရှင်က သူ့မျက်နှာကိုလိမ်းပေးပြီးမှ စိတ်တိုင်းမကျလို့ ပြန်ဖျက်ပစ်လိုက်ပြီး သူ့ရဲ့ ကြီးမားလှပတဲ့မျက်ဝန်းကို ပိုပေါ်သွားအောင်နဲ့ မျက်ဝန်းပြာပြာကို ပိုတောက်ပလာစေဖို့ eyeliner လေးယူပြီး မျက်လုံးကို နည်းနည်းပဲ ခြယ်ပေးလိုက်တယ်။

လူငယ်လေးက ပြတင်းပေါက်ဘေးမှာမတ်တပ်ရပ်နေပြီး တောက်ပတဲ့နေရောင်ခြည်က သူ့နားမှာ ဖြာကျလို့နေတယ်။ သူ့အမူအယာက သက်တောင့်သက်သာရှိပြီး သူ့ရဲ့ပလက်တီနမ်ရောင် ဆံပင်ပျော့ပျော့လေးက လေညှင်းကြောင့် သူ့မျက်ခုံးတွေပေါ်ကို ဖရိုဖရဲလေးကျနေလို့ သူ့ကိုယားကျိကျိဖြစ်နေစေပုံရတယ်။ သူက လက်လေးနဲ့ ဆံပင်ကိုသပ်လိုက်ဖို့တောင် ပျင်းရိနေလို့ ပန်းရောင်နှုတ်ခမ်းလေးဖွင့်ဟပြီး မျက်ခုံးပေါ်ကဆံပင်ကို လွင့်သွားအောင် လေနဲ့မှုတ်နေပုံက မြင်ရသူကို အသည်းယားစေပြီး အရမ်းကို ချစ်ဖို့ကောင်းနေတယ်။

Jeffery က ပြိုင်ပွဲဝင်လေးတွေရဲ့အမူအယာကို တိတ်တဆိတ်စောင့်ကြည့်ရင်း ဒီလိုစွဲမက်ဖွယ်မြင်ကွင်းလေးကို တွေ့လိုက်တာပဲဖြစ်တယ်။ တကယ်လို့ ဒီကောင်လေးက သူ့အမူအယာလေးကို ဓာတ်ပုံရိုက်ချိန်မှာ ခုလိုထိန်းသိမ်းထားနိုင်ရင် သူက သေချာပေါက် ပထမရမှာပဲဖြစ်တယ်။ ဒါပေမယ့် နှမြောစရာကောင်းတာက သူက ဒီလိုအခွင့်အလမ်းကောင်းမျိုးကို ရအောင်မယူတတ်ဘဲ အမြဲ မလိုတာလုပ်ပြပြီး သူ့အခွင့်အလမ်းတွေကို ဖျက်ဆီးနေတတ်တာပဲ။

Jeffery က သူ့ခေါင်းကိုယမ်းလိုက်ပြီး ဖြူဖျော့နေတဲ့ Hayden ရဲ့မျက်နှာလှလှလေးဘက်ကို လှည့်ကြည့်လိုက်တယ်။ Hayden ရဲ့အမူအယာတွေက ကောင်းမွန်စွာသင်ကြားပြသခြင်းကို ခံခဲ့ရမှန်း သိသာနေပေမယ့် အခုချိန်မှာ သူက သေမလိုကြောက်လန့်နေပြီး နည်းနည်းလေးမှ ဟန်မဆောင်နိုင်အောင်ဖြစ်နေတယ်။ Jeffery က ဒီလေပေါ်မှာရိုက်ကူးတဲ့အခန်းက ဘာပြဿနာမှမရှိဘူးဆိုတာ သူစိတ်အေးတဲ့အထိ အထပ်ထပ်ပြောပေးနေတယ်။ ပြိုင်ပွဲဝင်အားလုံး အဝတ်လဲပြီးသွားပြီဖြစ်လို့ Jeffery က သူ့တစ်ယောက်တည်းကိုပဲ ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။ သူက လက်ခုပ်တီးလိုက်ပြီး ပြိုင်ပွဲဝင်တွေကို စုစည်းလိုက်တယ်။

"ကောင်းပြီ.. ဘယ်သူအရင်ဆုံးလုပ်မလဲ.."

Emily ကလွဲလို့ လူတိုင်း နောက်တစ်လှမ်းဆုတ်သွားတယ်။

"မင်း စမ်းကြည့်ချင်လား.."

Jeffery က သေချာအောင်မေးလိုက်တယ်။

"ကြာကြာစောင့်လေ အကြောက်တရားက နှလုံးသားထဲ စွဲဝင်လေဖြစ်မှာပဲ.. ဒါကြောင့် သွေးပူတုန်းလုပ်လိုက်တာ ပိုကောင်းပါတယ်.."

"အချစ်လေး.. မင်းက သတ္တိရှိရုံသာမကဘူး ဉာဏ်လည်းကောင်းတယ်.."

Jeffery က ဝန်ထမ်းကိုခေါ်ပြီး Emily ခါးမှာ လုံခြုံရေးခါးပတ်နဲ့ ကြိုးတွေတပ်ဆင်ခိုင်းပြီး အနီရောင် phone လေးကို ပေးလိုက်တယ်။ သူမကို လေထဲဆွဲတင်လိုက်ချိန်မှာ Jeffery က သူ့ကင်မရာမန်းကို သူ့မှတ်ချက်ပြောလိုက်တယ်။

"Emily က ငါ့ပြိုင်ပွဲဝင်တွေထဲက အကောင်းဆုံးတစ်ယောက်ပဲ.. သူ့ရဲ့စရိုက်ရော ရုပ်ရည်ရော ပြောစရာမလိုဘူး.. သူမက နောင်တစ်ချိန်မှာ model ဘဝကို ကောင်းကောင်းမွန်မွန် လျှောက်လှမ်းနိုင်လိမ့်မယ်.."

Jeffery မျှော်လင့်ထားသလို Emily က ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ တကယ်လို့ မင်းသာ လေထဲမှာ ကြိုးနဲ့တွဲလောင်းဆွဲတင်ခံရမယ်ဆိုရင် မင်းရဲ့ကိုယ်ဟန်ကို ဟန်ချက်ညီအောင် လုပ်ရမယ့်အပြင် လှလှပပ စတိုင်လ်ထုတ်တတ်ဖို့လည်း လိုတယ်။ ကံမကောင်းရင် ဟန်ချက်ပျက်ပြီး စောက်ထိုးဖြစ်သွားတာမျိုး၊ ခြေလက်တွေ ဟန်ပျက်ပြီး ကို့ရို့ကားယားဖြစ်သွားနိုင်တယ်။ ဒါကြောင့် လေပေါ်မှာ ဟန်ချက်ထိန်းနိုင်ဖို့က တကယ်ခက်ခဲလှတယ်။

ဒါပေမယ့် Emily ရဲ့ကိုယ်လုံးလေးက သေးသွယ်ပိန်ပါးပေမယ့် သူက အတော်လေးကိုသန်မာတယ်။ သူမရဲ့ကြွက်သားတွေကိုထိန်းပြီး သတ္တုဘောင်ကြီးရဲ့အလယ်လောက်မှာ ဟန်ချက်ညီအောင်ထိန်းရင်း လှပထူးခြားတဲ့ပုံစံကို ပြုလုပ်နိုင်ခဲ့တယ်။

"အချစ်လေး.. မင်းက တကယ်တော်တယ်.. ကောင်းပြီ.. ငါတို့ ဒီအပိုင်းရဲ့ အကောင်းဆုံးဓာတ်ပုံကို ရိုက်နိုင်ခဲ့ပြီ.."

Jeffery က Emily ရဲ့အပြုအမူကို ချီးကျူးလိုက်သည်။ Sponser ကလည်း Emily ရဲ့ရိုက်ချက် ကိုယ်ဟန်အနေအထားက သူတို့ထုတ်ကုန်နဲ့ ကိုက်ညီတယ်လို့ ပြောလိုက်လို့ ကျန်တဲ့ပြိုင်ပွဲဝင်တွေကို ကြောက်လန့်ခြင်းနဲ့ မနာလိုမှုကို ဖြစ်လာစေသလို Hayden ကိုလည်း ဖိအားတွေပိုတိုးလာစေတယ်။

Emily ရဲ့အလှည့်ပြီးတော့ အခြားပြိုင်ပွဲဝင်အမျိုးသမီးက Emily ထက်သာအောင်ရိုက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူမကို လေထဲဆွဲတင်လိုက်တော့ ခေါင်းကိုငိုက်စိုက်ထားပြီး အသံကုန်အော်ဟစ်ရင်း မျက်ရည်တွေကျလာတော့တယ်။ သူမကို အောက်ပြန်ချ၊ မိတ်ကပ်ပြန်လိမ်းပေးပြီး ထပ်ရိုက်ပေမယ့် ပိုပိုဆိုးလာပြီး နောက်ဆုံး သူမလက်ထဲကဖုန်းက မြေပေါ်ကျကွဲသွားတော့တယ်။ ဒီဖုန်းတွေက အခွံတွေပဲဖြစ်လို့ ဘာမှမဆုံးရှုံးပေမယ့် သူတို့ထုတ်ကုန်တစ်ခု အခုလိုပျက်စီးသွားတာမြင်ရတော့ Sponser တွေက မပျော်မရွှင်ဖြစ်သွားကြတယ်။

Jeffery က သူမကို မြေပြင်ပေါ်ချခိုင်းပြီး မိတ်ကပ်ပြန်လိမ်းခိုင်းလိုက်တယ်။ ပြီးတော့ Sponser နဲ့ သူ ခဏစကားသွားပြောလိုက်တယ်။ နောက်ဆုံးရိုက်ချက်က နည်းနည်းခက်ခက်ခဲခဲ လုပ်လိုက်ရပေမယ့် သူမက ပုံ ၃၀ ပြည့်အောင် ရိုက်လိုက်နိုင်လို့ Jeffery က သူမအတွက် စည်းကမ်းကို ချိုးဖောက်စရာမလိုတော့ဘူး။ ဒီ့နောက် အမျိုးသမီးနဲ့ အမျိုးသားတချို့ ဓာတ်ပုံရိုက်ကြပေမယ့် ဘယ်သူမှ Emily ရဲ့ပုံလောက် ကောင်းအောင်မရိုက်နိုင်ကြဘူး။ Emily ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ရိုက်ချက်ကို တွေ့ပြီးနောက် ဘယ်ပုံမဆို Jeffery ရဲ့မျက်လုံးထဲ မတိုးတော့ဘဲ သာမန်လို့ပဲမြင်တော့တယ်။

"ကောင်းပြီ.. နောက်တစ်ယောက်.."

Jeffery က နောက်ဆုံးပြိုင်ပွဲဝင်ရဲ့ပုံကို စစ်ဆေးပေးပြီး အော်လိုက်တယ်။ ကျိုးယွင်ရှန့်က ပလက်တီနမ်ရောင်ဆံပင်ကို အသာသပ်တင်လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လာခဲ့လိုက်တယ်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі