Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 5.1
အခန်း(၄၂) ကျူးစစ်​ယွိဘဝ : အချစ်​၏မာယာ+

Arc 5 : Fighting the cross-over wife

TGN : အချစ်​၏မာယာ

Translator - invisible_clover

•••

ဒီတစ်​ခါမှာ​တော့ ကျိူးယွင်​ရှန့်​နဲ့​ချောင်းမိုခွန်းတို့တစ်​ချိန်​တည်းနီးပါးအိပ်​ပျော်​သွားကြသည်​။ သူကြယ်​ပင်​လယ်​အာကာသကို​ရောက်​တော့ ကမ္ဘာကြီးရဲ့ပြင်းထန်​တဲ့စွမ်းအင်​တွေက ဝဲဂယက်​သဖွယ်​ကျိူးယွင်​ရှန့်​ကိုယ်​ထဲဝင်​ရောက်​သွား​ပေမယ့်​တစ်​ချိူ့က​တော့​ပျောက်​ဆုံး​နေသည်​။
ကျိူးယွင်​ရှန့်​ကြိုးစားပြီးရှာကြည့်​ပေမယ့်​အဲ့ဒီစွမ်းအား​တွေဘယ်​ရောက်​သွားလည်းရှာမရ​ပေ။

အဲ့ဒီလူမှာ​ကော သူ့လို lord godကို အမှီမပြုတဲ့ ကိုယ်​ပိုင်​ကြယ်​ပင်​လယ်​အာကာသရှိ​နေတာလား။ ဒါက ကျိူးယွင်​ရှန့်​တွေးမိတဲ့ တစ်​ခုတည်း​သောအ​ဖြေပင်​။

သူ့ချစ်​သူက သူ့​နောက်​ဘဝတိုင်းလိုက်​နေသလား ဆုံးဖြတ်​ဖို့ ကျိူးယွင်​ရှန့်​မအိပ်​တော့ပဲအခြားကမ္ဘာကိုခုန်​ကူးလိုက်​သည်​။5

အခုသူက​ရှေးကျတဲ့ကုတင်​တစ်​ခုမှာလှဲ​လျောင်း​နေပြီး သူ့​ရှေ့ရင်း​ခြေသုတ်​ဖုံနားမှာက အိပ်​ငိုက်​နေတဲ့​ကောင်​မ​လေးတစ်​ယောက်​ရှိ​နေသည်​။ အခန်းထဲမှာ​တော့ အ​မွှေးအိုးထဲကထွက်​လာတဲ့နံ့ သာရနံ့ က​မွှေးပျံ​နေသည်​။

ဒီကမ္ဘာက အရမ်းကိုထူးခြားသည်။​ယောက်ျား၊မိန်းမနဲ့​ကော်​ဆိုပြီး လိင်​သုံးခုရှိသလို​'ကော'ဆိုတဲ့သူ​တွေက က​လေး​မွေးနိုင်​တဲ့​ယောက်ျား​တွေဖြစ်​နေကြသည်​။ သူတို့ရဲ့ရုပ်​ရည်​က​ယောက်ျားနဲ့မခြား​ပေမယ့်​သူတို့ကခန္ဓာကိုယ်​တစ်​နေရာမှာ ကျူးရှားကျစ်​လို့​ခေါ်တဲ့မှဲ့အနီ​လေး​တွေရှိတယ်​။ မှဲ့အ​ရောင်​တောက်​လေး သားဖွားနိုင်​စွမ်းမြင့်​လေပဲ။8

ဒီတိုင်းပြည်​ကို ချူယွင်​ကော်​လို့​ခေါ်ပြီး ယခင်​ကအ​ကြောင်းအရင်းမရှိ မိန်းမ​တွေကသားဖွားနှုန်းကျဆင်းခဲ့သည်​။ နှစ်​ပေါင်းများစွာ သ​န္ဓေမြုံတာလည်းရှိသလို တစ်​ဘဝလုံးသ​န္ဓေမြုံတာလည်းရှိကြသည်​။​မွေးရင်​လည်းသား​ယောက်ျားကိုသာ​မွေးကြပြီး သမီးမိန်းက​လေးမ​မွေးကြ​ပေ။ တိုင်းပြည်​ရဲ့ လူဦး​ရေဟာအန္တရာယ်​အ​ခြေအ​နေမှာ​ရောက်​လာ​တော့ အမတ်​တွေကစိုးရိမ်​ကြောင့်​ကျပြီး ဧကရာဇ်​ရဲ့အမျိူးသားချစ်​သူကိုစွပ်​စွဲခဲ့သည်​။ သူ့ရဲ့ဖြစ်​တည်​မှုက နတ်​ဘုရား​တွေကိုစိတ်​ဆိုး​စေပြီး အခုလိုဖြစ်​ရသည်​ဟုဆိုတာ ထိုအမျိူးသားကိုယစ်​ပူ​ဇော်​ရန်​လျှောက်​တင်​ကြသည်​။

ဧကရာဇ်​ကထိုအမျိူးသားကို အရမ်းချစ်​သည်​မို့ငြင်းဆန်​သည်​။ သူကငြမ်းစင်​ကြီးတစ်​ခုကိုတည်​ဆောက်​ပြီး မိုးနတ်​မင်းကို​တောင်းပန်​သည်​။ မိုးနတ်​မင်းကလည်း သူ့ရဲ့စစ်​မှန်​တဲ့သစ္စာစကားနဲ့ချစ်​ခြင်းတရားကို မြင်​ပြီး ထိုအမျိူးသားဝမ်​ဗိုက်​ဆီသို့ အလင်းတန်းတစ်​ခု​စေလွှတ်​ပေးလိုက်​သည်​။ ထိုအမျိူးသားက ချူယွင်​ကော၏ ပထမဦးဆုံး '​ကော' ဖြစ်​လာသည်​။6

အမျိူးသမီးများက သား​ယောက်ျားကိုမီးဖွားနိုင်​ကြချိန်​'​ကော'​တွေက​တော့ သား​ကောသမီးပါ​မွေးနိုင်​သလို​'ကော'​များကိုလည်း​မွေးနိုင်​သည်​။ သူတို့က​မွေးတဲ့သားသမီး​တွေက ကျန်းမာပြီး​ချော​မောတတ်​ကြသည်​။ ချူယွင်​ကော မှာ​ကော​တွေကအရမ်းနံမည်​ကြီးသည်​။ လူဦး​ရေတိုးတက်​ဖို့အတွက်​ဧကရာဇ်​က​ကော​တွေအသက်​၂၀အတွင်း လက်​ထပ်​ရမည်​ဟု ဥပ​ဒေပါဋ္ဌာန်းခဲ့သည်​။ လက်​မထပ်​ရ​သေးပါက သက်​ဆိုင်​ရာဌာနများသို့​လျှောက်​တင်​နိုင်​ပြီး ထိုဌာနကသူတို့ကို သင့်​လျော်​သည့်​အိမ်​ထောင်​ဖက်​ရွေး​ပေးသည်​။
ကျိူးယွင်​ရှန့်​ရဲ့ လက်​ရှိခန္ဓာက '​ကော' တစ်​ယောက်​ဖြစ်​ပြီး နံမည်​က ကျူးစစ်​ယွိ ဟု​ခေါ်သည်​။ သူ့မျက်​ခုံးအလယ်​မှာ အ​ရောင်​ဖျော့​ဖျော့ ကျူးရှားကျစ်​တစ်​ခုရှိပြီး သားဖွားနိုင်​စွမ်းနိမ့်​သည်​ကို​ဖော်​ပြ​နေသည်​။ သူ့သားဖွားနိုင်​စွမ်းကမိန်းမ​တွေထက်​အနည်းငယ်​သာ သာမည်​။ ကျိူးယွင်​ရှန့်​က ခန္ဓာကိုယ်​dataကိုပြင်​လိုက်​တာ​ကြောင့်​အခု သူ့ ကျူးရှားကျစ်​က​သွေး​ရောင်​ရဲရဲ​တောက်​နေသည်​။12

ကျိူးယွင်​ရှန့်​မှန်​ထဲကိုကြည့်​ပြီးရယ်​လိုက်​သည်​။ သူစွမ်းအင်​တွေအမြဲတိုး​အောင်​လုပ်​ခဲ့တာက သူက​လေးမလိုချင်​လို့ ဒါ​ပေမယ့်​အခု​တော့ စွမ်းအင်​များ​လေ သားဖွားနိုင်​စွမ်းမြင့်​လေ ကမ္ဘာနဲ့လာဆုံ​နေပြီ။7
ဒါ​ပေမယ့်​လည်း သူပြန်​ပြင်​ဖို့လုပ်​မ​နေ​တော့ဘူး။ ဘာလို့ဆို ခန္ဓာကိုယ်​တစ်​ခုအတွက်​ကျန်းမာ​ရေးကအ​ခြေခံအကျဆုံး ပြီး​တော့ သူက လူသူမသိတဲ့​ကော​။ ဒီ လျှိူ့ ဝှက်​ချက်​ကို​ကောင်​မ​လေးနဲ့သူ့ရဲ့အထိန်း လုရှီပဲသိတယ်​၊

ကျူးစစ်​ယွိ အ​ဖေက က​လေးတစ်​ယောက်​သာရခဲ့သည်​။ ဒါ​ပေမယ့်​က​လေးရဲ့သားဖွားနိုင်​စွမ်းကနိမ့်​တာ​ကြောင့်​အိမ်​ထောင်​ကျလျှင်​ယောက်ျားအနိုင်​ကျင့်​ခံရမှာကို ကျူးဖခင်​ကစိုးရိမ်​သည်​။ ခင်​ပွန်းမရှိသည့်​ကော​က အိမ်​တွင်းပိုင်​ဆိုင်​မှုများကိုထိန်းသိမ်းဖို့မဖြစ်​နိုင်​။ ထို့​ကြောင့်​သူက ကျူးစစ်​ယွိ ကို​ယောက်ျားစစ်​စစ်​တစ်​ယောက်​လိုပျိူး​ထောင်​ခဲ့သည်​။ ဒါ​ပေမယ့်​လွန်​ခဲ့တဲ့သုံးနှစ်​က ကျူးဖခင်​အမျိူး​တွေဆီအလည်​သွားတဲ့ လမ်းမှာ​တောင်​ဓားပြ​တွေရဲ့သတ်​ခြင်းကိုခံခဲ့ရသည်​။ ထို​နောက်​ပိုင်းကစပြီး ကျူးစစ်​ယွိ က မိသားစုအ​မွေကိုဆက်​ခံခဲ့သည်​။

ကျူးအိမ်​က ချင်းမင်​ရွာမှာတည်​ရှိပြီး မြို့​တော်​နှင့်​နီးသည်​။ အဲ့ဒီရွာက​မြေ​တွေက​မြေသြဇာ​ကောင်းလို့ ရွာကိုကြွယ်​ဝ​စေသည်​။ ကျူးအိမ်​က ထို​မြေသြဇာ​ကောင်းသည့်​လယ်​အများအပြားကိုပိုင်​ဆိုင်​လေသည်​။

ကျူးစစ်​ယွိက​ယောက်ျားတစ်​ယောက်​လိုကြီးပြင်းခဲ့တာမို့ သူ့လုပ်​ရည်​ကိုင်​ရည်​နဲ့တန်​ဖိုးကမြင့်​သည်​။ သူ့ကိုဘယ်​သူမှ အားနွဲ့တဲ့​ကော​လို့မထင်​ကြ​ပေ။ ဇာတ်​လိုက်​သာ ဒီကမ္ဘာကို​ရောက်​မလာခဲ့ပါလျှင်​သူ့ဘဝကအ​တော်​အေးချမ်းလိမ့်​မည်​။ ဒါ​ပေမယ့်​ကိစ္စ​တွေကလိုသလိုမဖြစ်​။ ဇာတ်​လိုက်​ရောက်​လာ​တော့ ကျူးစစ်​ယွိကသူနဲ့ပြိုင်​ဖက်​ဖြစ်​လာပြီး​နောက်​ဆုံးဗီလိန်​ဖြစ်​သွားသည်​။

ဟုတ်​သည်​ဒီကမ္ဘာက ကမ္ဘာကူးပြီးဝင်​စားသည့်​ကမ္ဘာဖြစ်​သည်​။ ထိုကမ္ဘာကူးလာသည့်​ဇာတ်​လိုက်​နံမည်​က ကျန်းရှုလင်းဖြစ်​ပြီး​ကော​တစ်​ဦးဖြစ်​သည်​။ သူ့လက်​ကောက်​ဝတ်​မှာအ​ရောင်​တောက်​နေတဲ့ ကျူးရှားကျစ်​ရှိတာ​ကြောင့်​အရမ်းကိုနံမည်​ကြီးသည်​။ ဒါ​ပေမယ့်​သူ့မိသားစုကဆင်းရဲပြီး ညီနဲ့ညီမတစ်​အုပ်​ရှိတာ​ကြောင့်​အသက်​၁၇နှစ်​အထိလက်​မထပ်​ရ​သေး​ပေ။ မိဘ​တွေနဲ့​မောင်​နှမ​တွေကို​ထောက်​ပံ့ဖို့အ​ရေး ဇာတ်​လိုက်​ကကြိုးစားပြီး ချမ်းသာလာသည်​။

ဒီ​နေရာမှာ ကျူးစစ်​ယွိ ကသူ့လမ်းကိုပိတ်​နေတဲ့​ကျောက်​တုံးတစ်​တုံးဖြစ်​နေသည်​။ ကျူးစစ်​ယွိ က ဇာတ်​လိုက်​ရဲ့သစ္စာ​စောင့်​ခွေး တိုက်​ခိုက်​တာကိုခံရသည်​။
ကျိူးယွင်​ရှန့်​နိုးလာ​တော့ ကျူးစစ်​ယွိ က ကျန်းရှုလင်း ကိုပြသာနာရှာပြီးနှင့်​ပြီ။ သူက ကျန်းမိသားစုကို​ထောက်​ပံ့ဖူးတယ်​ဆိုပြီး ကျန်းရှုလင်း ညီ နန်းတွင်းစာ​မေးပွဲ​ဖြေဖို့အ​ရေးကိုလည်း​နှောက်​ယှက်​ထားသည်​။ အခု ကျန်းရှုလင်းက အတိတ်​မေ့​နေတဲ့သူ့အနာဂတ်​ချစ်​သူနဲ့​တွေ့ပြီးနှင့်​ပြီ။ အဲ့ဒီလူက မျိူးရိုးမြင့်​မိသားစုကဖြစ်​ပြီး စစ်​သူကြီးတစ်​ဦးဖြစ်​သည်​။ အဲ့ဒီသစ္စာ​စောင့်​ခွေးက ကျန်းရှုလင်း​ခေါ်လာပြီး​စောင့်​ရှောက်​ထားတာမို့ အခုသူတို့ကခံစားချက်​တောင်​ရှိ​နေပြီ။+

သစ္စာ​စောင့်​ခွေးပြန်​သတိရလာအခါ သူကမြင်းကြီးကိုစီးပြီး ရတနာအပြည့်​ပါတဲ့လှည်းရှစ်​စီးနဲ့ ဇာတ်​လိုက်​ကိုတင်း​တောင်းလိမ့်​မည်​။ ဇာတ်​လိုက်​ညီက မင်းမှုထမ်းဖြစ်​လာပြီးရာထူးစည်းစိမ်​ခံစားရမည်​။

ကျူးစစ်​ယွိ အတွက်​တော့ ဇာတ်​လိုက်​အမုန်းခံရပြီး သစ္စာ​စောင့်​ခွေးရဲ့ဗွက်​ထဲခံချခြင်းကိုခံရမည်​။.သူ့ရဲ့​ကော ဆိုတဲ့အဖြစ်​မှန်​ပေါ်သွားပြီး နံမည်​ကြီး​လောင်းကစားသမားတစ်​ဦးနဲ့လက်​ထပ်​ပေးခံရလိမ့်​မည်​။ မိသားစုစည်းစိမ်​အကုန်​ပြုတ်​ပြီး​ယောက်ျားအနိုင်​ကျင့်​တာကို ခံရမည်​။ သူ့ဘဝက အ​တော်​ဆိုးသည်​။2

​ပြောရရင်​လက်​ရှိ ကျူးစစ်​ယွိဟာပစ္စုပ္ပန်​သာယာသ​လောက်​အနာဂတ်​ပျက်​သုဉ်းမည့်​အ​ခြေအ​နေဖြစ်​သည်​။ ဒါ​ကြောင့်​ကျိူးယွင်​ရှန့်​ရဲ့တာဝန်​က​တော့ ကျူးအိမ်​စည်းစိမ်​ကို ထိန်းသိမ်းရန်​သာဖြစ်​သည်။

ကျိူးယွင်​ရှန့်​တွေးရင်း သူ့ ကျူးရှားကျစ်​ကို​ပေါင်​ဒါနဲ့ဖုံးလိုက်​သည်​။

"အိုး...သခင်​လေး နိုးပြီကိုး။ ကျွန်​မကို​တော့​ဖြင့်​မနှိုးဘူး''​ခြေသုတ်​ဖုံမှာအိပ်​နေတဲ့​ကောင်​မ​လေးက ချက်​ချင်းထလာပြီး မှန်​ရှေ့က သူ့သခင်​ကိုနှုတ်​ဆက်​သည်​။

"ဝါး.... သခင်​လေး ကျူးရှားကျစ်​ကဘယ်​တုန်းကအ​ရောင်​ပြောင်းသွားလဲ''

ထို​ကောင်​မ​လေးမှာ ဒီလိုအ​ရောင်​တောက်​နေသည့်​ကျူးရှားကျစ်​မျိူးတစ်​ခါမှမမြင်​ဖူး​ပေ။ တကယ်​လို့သာ သခင်​လေးမှာ​မွေးကတည်းကပါခဲ့ရင်​ခင်​ပွန်း​ကောင်းကဖို့ ဘာလို့စိုးရိမ်​နေရအုန်းမလဲ။ ဘာလို့သရုပ်​မှန်​ကိုဖုံးကွယ်​နေရအုန်းမလဲ။

"ဘယ်​လိုဖြစ်​လဲ ငါလည်းမသိဘူး။ နိုးလာ​တော့ ဒီလိုဖြစ်​နေတာပဲ။​ပေါင်​ဒါကိုပျစ်​အောင်​လုပ်​ပေးပါအုန်း။ ဖုံးရတာအရမ်းပါးတယ်​'' ကျိူးယွင်​ရှန့်​သေတ္တာကိုတွန်းပြီး​ပြောလိုက်​သည်​။

​ကောင်​မ​လေးက အံ့အားသင့်​ရာကအသိပြန်​ဝင်​ပြီး​ပေါင်​ဒါထဲကဆီအချိူ့ထဲကပျစ်​အောင်​လုပ်​လိုက်​သည်​။ ''သခင်​လေး ၊ သခင်​လေး ကျူးရှားကျစ်​က​နေမ​ကောင်းပြီး​တော့အ​ရောင်​ပြောင်းသွားပုံပဲ။ သခင်​လေးအခုသက်​သာသွားတဲ့အပြင်​ကျူးရှားကျစ်​ပါ အ​ရောင်​ပြောင်းသွားပြီ။ အခု မျိူးရိုးမြင့်​အိမ်​ကလူနဲ့လက်​ထပ်​ရဖို့ကမဖြစ်​နိုင်​ပဲမ​နေ​တော့ဘူး။ ဒါဆို ကျူးအိမ်​ရဲ့စည်းစိမ်​တွေကိုဘယ်​သူမှာ တပ်​မက်​ရဲမှာမဟုတ်​တော့ဘူး''
"ဥသြလေး မင်းအ​တွေး​တွေကအရမ်းရိုးလွန်းတယ်​'' ကျိူးယွင်​ရှန့်​ပြုံးပြီးလက်​ကိုရမ်းလိုက်​သည်​။ ''အဲ့ဒီ မျိူးရိုးမြင့်​အိမ်​ကလူ​တွေက ငါတို့အိမ်​စီးပွား​ရေးကိုအထင်​မ​သေးပါဘူးလို့ နင်​ပြောနိုင်​လို့လား။ မျိူးရိုးမြင့်​အိမ်​ကလူ​တွေကသူတို့ ဂုဏ်​အရှိန်​အဝါကိုပဲသူတို့သိတာ။ ကျူးက ငါ့လက်​အောက်​မှာရှိတာပဲ​ကောင်းပါတယ်​''+

"ဒါ​ပေမယ့်​သခင်​လေး အဲ့လိုဆို တစ်​ဘဝလုံးတစ်​ယောက်​ထဲ​နေသွားရမှာ​ပေါ့။ ဝမ်းနည်းစရာကြီး ''

"ငါတစ်​ယောက်​ထဲမဟုတ်​ပါဘူး တစ်​စုံတစ်​ယောက်​ကငါ့ကို​စောင့်​နေတယ်​'' ကျိူးယွင်​ရှန့်​ယုံကြည်​ချက်​ရှိရှိ​ပြောလိုက်​သည်​။ အခု အဲ့ဒီလူ ဘယ်​မှာလဲဘယ်​သူလဲ သူမသိ​ပေမယ့်​သူတို့ထပ်​တွေ့ပြီး ချစ်​ကြအုန်းမယ်​။ ဘဝကို အရင်​လိုအတူဖြတ်​သန်းကြအုန်းမယ်​လို့ ခံစားမိ​နေသည်​။7

ဥသြ​လေးက ဒီစကားကိုကြား​တော့ပြုံးပြီး သူ့သခင်​လေးရဲ့ ကျူးရှားကျစ်​ကိုမမြင်​ရ​အောင်​ပေါင်​ဒါနဲ့အုပ်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​နံနက်​စာစားပြီး စာကြည့်​ခန်းထဲ စာရင်းစာအုပ်​တွေသွားဖတ်​လိုက်​သည်​။ သူ့ဦး​နှောက်​က အခုဆို ကွန်​ပျူတာနီးပါးမို့ တစ်​ချက်​နှစ်​ချက်​ကြည့်​ရုံနဲ့အကုန်​မှတ်​မိ​နေပြီး ၁၅မိနစ်​လောက်​ကြာ​တော့ ကျူးအိမ်​ရဲ့အ​ခြေအ​နေအကုန်​နားလည်​သွားပြီ။သူ ဥသြ​လေးကို ထုတ်​ကုန်​စာရင်းလုပ်​ခိုင်းမလို့ပြင်​နေတုန်း တံခါး​ခေါက်​သံကြားလိုက်​ရသည်​။

ထိုလူက ကျူးအိမ်​တော်​ထိန်း ကျူး​လောင်​စစ်​ဖြစ်​သည်​။
ကျူးစစ်​ယွိ ကဖခင်​အလိုလိုက်​မှု​ကြောင့်​သူ့စရိုက်​က​မောက်​မာပြီး တစ်​ကိုယ်​ကောင်းလည်းဆန်​သည်​။ ဒါ့​ကြောင့်​ရွာသား​တွေအ​ပေါ် အမြတ်​ကြီးစားသည်​။ ကျူး​လောင်​စစ်​ကသူအားထားရဆုံး​နောက်​လိုက်​ဖြစ်​သည်​။
သူ ကျန်းရှုလင်းရဲ့​ဆေးဘဲဥလုပ်​နည်းကို လုယူခိုင်းထားသည်​။ ကျန်းရှုလင်းက​ဆေးဘဲဥ​ရောင်းရတဲ့​ငွေနဲ့သူ့ညီကို​ကျောင်းထားသည်​။ ထိုပိုက်​ဆံနဲ့ပဲအိမ်​လည်းပြင်​နိုင်​ခဲ့သည်​။ဒီ​ဆေးဘဲဥလုပ်​နည်းက အမြတ်​ရ​တော့ ကျူးစစ်​ယွိ ကဝယ်​ချင်​သည်​။ ပြီး​တော့ ကျန်းရှုလင်း ကို မ​ရောင်းဖို့တားမြစ်​လိုက်​သည်​။ ဒါမှ သူက​ဈေးကွက်​ကိုထိန်းချူပ်​နိုင်​မည်​လေ။
ကျန်းရှုလင်းက မ​ပေးချင်​ပေမယ့်​သူ့ညီ ကျန်းကျား​လွေ့​ကစာ​မေးပွဲ​ဖြေရမှာမို့ ကျူးစစ်​ယွိသာခြိမ်း​ခြောက်​လိုက်​ရင်​ထောက်​ခံသူ​တွေပြန်​ပြေးသွားပြီး သူ့ညီစာ​မေးမ​ဖြေရမှာ​ကြောက်​လို့​ပေးလိုက်​သည်​။

ကျူး​လောင်​စစ်​က​ဆေးဘဲဥလုပ်​နည်းစာအုပ်​ကိုကိုင်​ထားပြီး သူ့ သူ​ဋ္ဌေးချီးကျူးမှာကို​စောင့်​နေသည်​။ ဒါ​ပေမယ့်​ကြားလိုက်​ရတာက ''ဘာလဲ'' ဆိုတဲ့အ​မေးသာ။

"ဒ... ဒါ​ဆေးဘဲဥလုပ်​နည်းပါ။.သခင်​လေးပဲ ကျွန်​တော့်​ကိုခိုင်းတာ​လေ''

"ဟမ်​...အဲ့သလိုရှိသလား''

"သခင်​လေးကအလုပ်​များ​တော့​မေ့သွားတာဖြစ်​ပါလိမ့်​မယ်''

"အဲ့လိုလည်း ထားလိုက်​တော့ ဒါကအမြတ်​နည်းနည်း​လောက်​ရတဲ့ဟာပဲ ကျူပ်​မလို​တော့ဘူး။ ပြန်​ပေးလိုက်​''
ကျူး​လောင်​စစ်​က ဘာမှမ​မေး​တော့။ သူ ဟုတ်​ကဲ့ လို့​ဖြေ​ပေမယ့်​တကယ်​တမ်း သူ့ သူ​ဋ္ဌေးနံမည်​နဲ့ဆိုင်​ဖွင့်​ပြီးသူ့မိန်းမကို​ဆေးဘဲဥ​ရောင်းခိုင်းသည်​။ ကျိူးယွင်​ရှန့်​က ကျူးစစ်​ယွိ မှတ်​ဥာဏ်​ကိုရထားတာ​ကြောင့်​ကျူး​လောင်​စစ်​၏​လောဘကြီးသည့်​စိတ်​ထားကိုသိသည်​။ ဒီ စာအုပ်​နဲ့ဘာလုပ်​မလဲဆိုတာလည်းသိသည်​။ ဒါ​တွေအားလုံးကလည်း သူ့အကြံအစည်​တွေရဲ့ တစ်​စိတ်​တစ်​ပိုင်းသာဖြစ်​တော့သည်​။
သူက အခု​မြေရှင်​ငယ်​လေးတစ်​ယောက်​ပဲ ရှိ​သေးတာမို့ အရာရှိ​တွေကို မထီမဲ့မြင်​ပြုလို့မရဘူး။ ဒါ​ကြောင့်​အရင်​ဆုံးအကွက်​ချထားမယ်​။ အကြံအစည်​ကကြီး​လေ​ကောင်းလေပဲ​ပေ​သေး​သေး​လေးဆိုမထိ​ရောက်​နိုင်​ဘူး။.သူက ဇာတ်​လိုက်​ကိုအရင်​တိုက်​စေချင်​တယ်​။ ဒါကလည်း​အေး​ဆေးပါ သူအလျင်​မလိုဘူး။+

007 က​ပေးတဲ့အချက်​အလက်​အရ​နောက်​လအနည်းငယ်​မှာ မိုး​ခေါင်​လိမ့်​မယ်​။ ဇာတ်​လိုက်​က မိုး​လေဝသခန့်​မှန်းတာ​တော်​တော့ ရွာသား​တွေကိုသတိ​ပေးပြီး အစားအစာ​တွေကိုသိမ်းခိုင်​ထားတယ်​။ အဲ့ဒီမှာ ကျူးစစ်​ယွိ က ဆန်​စပါး​တွေအများကြီးသိုထားပြီး အမြတ်​ကြီးစားပြန်​ရောင်းခဲ့တယ်​။ သူ့လုပ်​ရပ်​ကလူ​တွေကိုစက်​ဆုပ်​စေပြီး ဓားပြလာတိုက်​တော့ ရဲမတ်​တွေသူ့ကိုမ​သေရုံတမယ်​အ​ခြေအ​နေက​နေ ကယ်​ထုတ်​ရတယ်​။

ဒါက ကျူးကျဆုံးခန်းအစပဲ။ အခု​တော့ ကျိူးယွင်​ရှန့်​ရဲ့ ကိုယ့်​ကိုယ်​ကို ကယ်​တင်​ခန်းအစ​ပေါ့။

သူတစ်​လလုံး​အေး​အေးလူလူ​နေပြီး မိုး​ခေါင်​ခါနီးမှ အဝတ်​ဟောင်းတစ်​ချိူ့ကိုဝတ်​ပြီး စိုက်​ခင်း​တွေဆီသွားကြည့်​လိုက်​သည်​။

"​လောပန်​ဟောင်​''

"​လောပန်​ရောက်​လာတာလား''

"ဘယ်​ကိုသွားမှလဲခင်​မျ။ ကျွန်​တော်​တို့လိုက်​ပြ​ပေးရမလား''

စာရင်းငှါး​တွေက သူ့ကို​တွေ့​တော့ ဦးညွှတ်​နှုတ်​ဆက်​ကြသည်​။
"အလုပ်​ဆက်​လုပ်​ကြပါ။ ကျူပ်​ဟိုနားသည်​နားပဲကြည့်​မှာ''

သူ​ရှေ့ကို နှစ်​လမ်း​လောက်​လှမ်းပြီးသွား​တော့ အရပ်​မြင့်​မြင့်​၊ ဗလ​တောင့်​တောင့်​နဲ့ ရူပ​ဖြောင့်​တဲ့ လူတစ်​ယောက်​ကို ကျူးအိမ်​အငှါးလယ်​ကန်​သင်းရိုးနားမှာမြင်​လိုက်​သည်​။ သူထိုလူကိုစိုက်​ကြည့်​နေမိသည်​။ ဒါက ကြီးမြတ်​လှပါတဲ့။ ရှန်း​ဝေ့ဟုံရှီးစစ်​၊ ချင်းစယ်​ပေါ့။

တစ်​ဖက်​လူကလည်း မျက်​မှောင်​ကြုတ်​သည်​။ သူ့အကြည့်​တို့ကစူးရှ​နေ၏။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі