Arc 5.3
အခန်း(၄၄) ကျူးစစ်ယွိဘဝ+
BGM suggest >> You are so beautiful

ကံကောင်းတာက ဘဝကူးတိုင်းမှာ သူ့ချစ်သူရဲ့အခြေခံအချက်အလက်ပုံသဏ္ဌာန်တွေကတော့မပြောင်းလဲတာပဲ။ အရပ်အမြင့်က ၁၉၀ စင်တီမီတာနဲ့ အထက်မှာရှိနေတတ်ပြီးတောင့်တောင့်တင်းတင်းနဲ့ယောက်ျားပီသတယ်။ ဆွဲဆောင်မှုရှိပြီး အရမ်းကိုချောတယ်။ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ဆေးလိပ်သောက်၊ဆေးချ၊အရမ်းကိုပိုင်စိုးပိုင်နင်းလက်ရဲဇက်ရဲလုပ်တတ်တာတွေ၊နောက်ယောင်ခံတာ၊ ခိုးချောင်းတတ်တာတွေကတော့ ဘယ်တုန်းကမှမပြောင်းလဲခဲ့ဘူး။18
လက်ရှိအခြေအနေမှာတော့ ဒီအချက်အလက်တွေနဲ့တိုက်ဆိုင်တာက ချင်းစယ်ပဲ။ ဒါပေမယ့်ချင်းစယ်က ဇာတ်လိုက်အပေါ်မေတ္တာရှိနေတယ်။.သူ့အေးစက်ခန့်ညားတဲ့မျက်နှာက ဇာတ်လိုက်ရှေ့ရောက်မှ အရည်ပျော်သွားတတ်တာ။ ကျိူးယွင်ရှန့်ကတော့ သူ့ချစ်သူအခိုးခံရသွားလိမ့်မည်ဟု မယုံချင်ပါ။
ဒါကြောင့်သူလူလွှတ်ပြီးသူ့ချစ်သူနဲ့ဆင်တဲ့ယောက်ျားတွေကို စုံစမ်းခိုင်းသည်။ လုရှီနဲ့ဥသြလေးကတော့ အရမ်းကိုစိတ်ညစ်နေပြီး သူဒီလို ကန့်သတ်ချက်တွေလုပ်တာ အိမ်ထောင်မပြုချင်လို့ဆင်ခြေပေးသည်ဟုထင်ကြသည်။
မိုးမခေါင်ခင်ကာလအတွင်း ထိုကဲ့သို့အမျိူးသား၏ သတင်းကို ကျိူးယွင်ရှန့်ပြန်မကြားရ။ ထို့ကြောင့်ဒီကိစ္စကိုအသာထားပြီးနောက်ဖြစ်လာမည့်ဖြစ်စဉ်အတွက်သာအာရုံစိုက်လိုက်သည်။
တစ်နေ့တော့ သူလယ်မြေတွေကိုလာရောက်ကြည့်ရှုဖို့ သူကြီး၏ဖိတ်ခေါ်ချင်းကိုခံရသည်။
သေကုန်တဲ့စပါးနှံခင်းကြီးပြပြီး ရွာသူကြီးကခါးသီးစွာပြောသည်။ ''သခင်ကြီး ဒီနှစ်ကောက်နှံတွေကိုကြည့်ပါအုန်း။ ကျူပ်တို့တော့ အဆုံးခံရတော့မယ်ထင်တာပဲ ဒါပေမယ့်အခုက စားဖို့သိမ်းထားတဲ့ဆန်တွေလည်းမရှိဘူး။ ဒီပုံစံအတိုင်းဆို ကျူပ်တို့ငတ်ပြီးသေမှာပဲ။ သခင်ကြီး ငှါးရမ်းခကိုနည်းနည်းလောက်လျော့ပေးလို့မရဘူးလား ဒါမှကျူပ်တို့အသက်ရှင်နိုင်မှာ''
ကျိူးယွင်ရှန့်က ဘာမှမဖြေ မျက်မှောင်ကြုတ်ပြီး လယ်ကွင်းကိုပတ်နေသည်။ ရွာသားတွေကလည်းမြေရှင်ကြီးလာတယ်ကြားတော့ အကုန်လာစုနေကြသည်။ သူတို့အနီးအနားမှာရပ်နေရင်းမြေရှင်ကြီးပြုံးလျှင်သူတို့ဘဝမျှော်လင့်ချက်ရှိပြီ၊မြေရှင်ကြီးမျက်မှောင်ကြုတ်လျှင်ဒီနှစ်ငှါးရမ်းခပေးပြီးလို့က သူတို့ စားစရာမရှိတော့မှန်းသိသည်။ ဒါဆိုရင်တော့ အိမ်ပြန်ပြီး ကလေးတွေကိုရောင်းစားရတော့မည်။+
လယ်မြေကိုလေ့လာရင်း မိုးလေဝသကို ဆန်းစစ်ပြီး ကျိူးယွင်ရှန့်ဖြည်းဖြည်းချင်းပြောလိုက်သည်။ ''ကျူပ်အထင်တော့နောက်နှစ်လအထိမိုးရွာမှာမဟုတ်ဘူး။ကောက်နှံတွေက တကယ်သေမှာပဲ.....ကောင်းပြီလေဒါဆိုလည်း...ဒီနှစ်ငှါးရမ်းကိုကင်းလွတ်ခွင့်ပေးလိုက်မယ်''
ရွာသူကြီးအရမ်းပျော်သွားပြီးကျေးဇူးတင်မလို့ရှိသေး ကျူးလောင်စစ်က အလောတကြီးဝင်ပြောသည်။ ''ဒါပေမယ့်သခင်လေး ကျွန်တော်တို့မှာလည်း အပိုအလျှံမရှိဘူး။ ပြီးတော့ အစေခံအများကြီးကိုလည်းကျွေးရအုန်းမယ်။ သူတို့အခွန်မပေးရင်ကျွန်တော်တို့လည်းမိသားစုကိုမကျွေးနိုင်ဘူး။ ဒီအတိုင်း ငှါးရမ်းခကိုပဲလျှော့လိုက်ရင်ဘယ်လိုလဲ''
ကျိူးယွင်ရှန့်က သူ့ကိုစကားကိုစဉ်းစားတဲ့ပုံစံပြလိုက်သည်။ ရွာလူကြီးရဲ့အပျော်ကချက်ချင်းပျောက်ဆုံးသွားသည်။ သူ့လက်သီးဆုပ်ပြီးလောင်စစ်ကို ထိုးချင်စိတ်ထိန်းမရတော့ပေ။
ချင်းစယ်ကတော့ အနီးအနားမှာရပ်ပြီးနားထောင်နေသည်။ ကျူးစစ်ယွိ ရဲ့စကားကိုကြားတော့ သူအံ့သြမိသည်။ ဒါပေမယ့်ကျူးလောင်စစ်ရဲ့စကားအပြီးမှာတော့ သူ့အမြင်ဒါ ကျူးအိမ်ကလူနှစ်ယောက်ဇာတ်တိုက်ထားသည်ဟုသာထင်တယ်။ တစ်ယောက်က နတ်သားလိုပြုမူချိန်၊ တစ်ယောက်ကနတ်ဆိုးလိုလုပ်မည်။ သူ့အကြံအစည်က အခွန်လျော့ရသာဖြစ်လိမ့်မည်။ သူတို့ကတယ်ပဲလောဘကြီးလွန်းတဲ့သတ္တဝါတွေပဲ။
ဒါကိုတွေးပြီး သူလှောင်ရယ်လိုက်သည်။ ထွက်သွားရန်ပြင်တော့မှ ကျူးစစ်ယွိနောက်စကားကြောင့်လန့်သွားသည်။ ''ကျူပ်က ကင်းလွတ်ခွင်းပေးမယ်လို့ပြောပြီးပြီကို ခင်များကလာလျှော့ခိုင်းနေတယ်။ ဒီမှာ သူဋ္ဌေးကဘယ်သူလဲ။ ကျူပ်က ကျူပ်အစေခံတွေကို မကျွေးမွေးမထောက်ပံ့နိုင်ရင်ဒါက ကျူပ်ကျူးအိမ်ကိုဦးဆောင်ဖို့အရည်အချင်းမရှိတာနဲ့တူတူပဲပေါ့။ ကျူပ်လည်းပဲ ကျွန်တစ်ယောက်ဖြစ်ရမှာလား''
"သ..သခင်လေး ကျွန်တော်ကအကြံပေးရုံသက်သက်ပါစော်ကားပြောဆိုရတာမဟုတ်ပါဘူး။ စိတ်မဆိုးလိုက်ပါနဲ့'' ကျူးလောင်စစ်မျက်လုံးထောင့်ကတစ်ဆစ်ဆစ်ကိုက်ပြီးချွေးများပြန်လာသည်။+
ကျိူးယွင်ရှန့်ဟန့်ခနဲမာန်လိုက်ပြီး ရွာလူကြီးကိုပြန်ကြည့်လိုက်သည်။ ''ဒီနှစ်ငှါးရမ်းခကိုကင်းလွတ်ခွင့်ပေးတယ်ဒါကျူပ်ဆုံးဖြတ်ချက်ပဲ။ ရွာသားတွေကိုသွားပြောချည်''
ပျော်ရွှင်မှုကနေ စိတ်ပျက်ခြင်း။ စိတ်ပျက်ခြင်းကနေပျော်ရွှင်မှုကိုပြန်ရောက်လာတော့ သူကြီးမှာငိုမိလုလုပင်။သူ ဒူးထောက်ပြီးကျေးဇူးတင်စကားဆိုကာ ရွာထဲပြေးသွားရင်းအော်ပြောတော့သည်။ ''မြေရှင်ကြီးကပြောတယ်ဒီနှစ်ငှါးရမ်းခကိုလွတ်ငြိမ်းခွင့်ပေးတယ်တယ်။ မင်းတို့ခါးစည်းကိုဖြည်ပြီး ကလေးတွေကိုထမင်းဝအောင်ကျွေးတော့!"
"ကျေးဇူးတင်ပါတယ်မြေရှင်ကြီးကျေးဇူးတင်ပါတယ်''
"ကျူးအိမ်ကအရမ်းကောင်းတာပဲ။ အရမ်းကောင်းတယ်''
ကျူးစစ်ယွိ လယ်ကွင်းကိုဖြတ်သွားတော့ ရွာသားတွေက သူ့ကိုဒူးထောက်ပြီးကျေးဇူးတင်ကြသည်။ သူက လက်ကိုဝေ့ရမ်းပြီး သူတို့ကိုလိုက်ထူပေးသည်။ ကျူးလောင်စစ်ကတော့အံ့သြသင့်ပြီး ရွှံဗွက်ထဲကြောင်အ လျှက်ရပ်နေတော့သည်။
အရင်ကျူးစစ်ယွိအကြောင်းချင်းစယ်မသိခင်က မုန်းစရာကောင်းသည်ဟုသာထင်သည်။ အခုတော့ သူက လူဆိုးတစ်ယောက်ဟုတ်ပုံမရ သဘောကောင်းသည်ဟုပင်ဆိုရမည်။ သူကအမြဲမေးကိုမော့ထားပြီး ဟန်တခွဲသားနှင့်နေတတ်သည်။ ပြုံးမနေသော်လည်း နှုတ်ခမ်းစွန်းတို့ကကော့ညွှတ်နေသည်။.သူစိတ်ဆိုးသည်အခါမှာတော့ မက်မွန်ဝတ်လွှာမျက်လုံးကတမျိူးတမည်ချစ်ဖို့ကောင်းသည်။3
ချင်းစယ်နှင့်နှုတ်ခမ်းပါးတို့ပြုံးယောင်သန်းသွားပြီး ကျိူးယွင်ရှန့်ရှိရာလျှောက်သွားလိုက်သည်။ သို့ပေမယ့်ကလေးတစ်အုပ်ကိုမြင်တော့ မျက်နှာထားပြောင်းပြီး မျက်ခုံးများကြုတ်လိုက်သည်။
ကလေးတစ်အုပ်က သူဖုန်းစားကလေးတစ်ဦးနားမှာဝန်းရံနေပြီးကျောက်ခဲနှင့်ပစ်ကာမောင်းထုတ်နေပြသည်။ သူတို့ပါးစပ်ကလည်းဆဲရေးနေကြသည်။ ကျန်းရှုလင်းရဲ့သတိပေးချက်ကြောင့်ဒီရွာကလူတွေကအစားအစာစုဆောင်းထားပြီး အခြားရွာများထက်အနေအစားချောင်သည်။ လူကြီးတွေကအစားအသောက်ကိုခြိုးခြံစားသော်လည်း ကလေးတွေကိုတော့အငတ်မထား။ ဒါ့ကြောင့်မို့ ဒီရွာက ကလေးတွေက လမ်းပေါ်မှာလဲနေတဲ့ကလေးလို အရဟာမချိူ့ တဲ့ကြပေ။
ဒါပေမယ့်လူကြီးတွေက အမြဲအစားအစာကုန်တော့မယ်ငတ်သေရတော့မယ်လို့ပြောလေ့ရှိတာကြောင့်ကလေးတွေကသူဖုန်းစားတွေကိုမုန်းကြသည်။ အသက်ကြီးတဲ့ သူဖုန်းစားတွေကိုသူတို့ရန်မပြုရဲတော့ ငယ်တဲ့ကလေးကိုအနိုင်ကျင့်ကြသည်။
ကျန်းရှုလင်းမိသားစုလည်း လယ်ထဲသို့လာခဲ့သည်။ သူမိသားစုကအဆင်ပြေပြီး စားလောက်သောက်လောက်တာကြောင့်သူ့ညီမလေးနှစ်ဦးကအခြား မိန်းကလေးတွေထက်သန့်သန့်ပြန့်ပြန့်ဝတ်နိုင်သည်။ ဒါကြောင့်အခြားကလေးတွေနဲ့ကွဲထွက်နေသည်။ သူတို့က သူဖုန်းစားလေးအနိုင်ကျင့်ခံနေရတာမြင်တော့ သူတို့အစ်ကို ကျန်းကျားလွေ့ ကိုခေါ်ပြီး ကလေးတွေကိုမောင်းထုတ်ခိုင်းသည်။ ပြီးတော့ သူဖုန်းစားလေးကို ထမင်းလုံးနှစ်လုံးပေးလိုက်သည်။
သူဖုန်းစားလေးကကျေးဇူးတင်စကားဆိုပြီး ထွက်သွားလေသည်။
ကျိူးယွင်ရှန့်တိတ်တဆိတ်ရပ်ကြည့်နေပြီး ရွာသူကြီးကိုခေါ်လိုက်သည်။ ''ရွာထဲကလူတွေအားလုံးစုပြီးတောင်ပေါ်မှာသွားပုန်းဖို့လုပ်ကြ ကပ်ဘေးရောက်လာတော့မယ်''
သူကြီးကလန့်သွားပြီး ဘာကြောင့်လဲလို့ပြန်မေးဖို့ပြင်လိုက်စဉ်မှာပဲ အသံနက်နက်တစ်ခုကကြားဖြတ်ပြောလိုက်သည်၊။ ''ကျူးမြေရှင်ကြီး ဒါကဘာကိုပြောတာလဲ'' ထိုလူက ချင်းစယ်ပင်။
"ခင်များ သူဖုန်းစားလေးကိုမြင်လိုက်တယ်မလား။ သူ့မှာကြွက်သားတွေအများကြီးရှိတယ်ပိန်ပေမယ့်တကယ်တမ်းသန်တယ်။ အဲ့တာ သူကောင်းကောင်းစားရတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။ကလေးတွေသူ့ကိုဝိုင်းထားတော့ သူ့ခန္ဓာကိုယ်ကအရမ်းညိမ်ပြီး ကိုယ်ဟန်အနေအထားကလည်းမှန်တယ်ဒါကြောင့်သူသိုင်းတတ်တယ်။ ပြီးတော့ ဓားမြောင်တစ်ချောင်းကိုခြေသလုံးနားမှာဝှက်ထားတယ်''
ရွာသူကြီးကလှမ်းကြည့်တော့ တကယ်ပဲ သူဖုန်းစားလေးရဲ့ခြေထောက်တစ်ဖက်ဟာ အနည်းငယ်ဖုဖောင်းနေပြီး ပစ္စည်းတစ်ခုခုရှိနေသလိုထင်ရသည်။
"အခုတွေးကြည့်ဘာလို့ကလေးတစ်ယောက်က လက်နက်ဝှက်ပြီး သူဖုန်းစားအယောင်ဆောင်နဲ့ကျူပ်တို့ရွာလာမှာလဲ။ ဒီကလေးမလေးသူ့ကို ထမင်းလုံးပေးတော့ သူ့မျက်လုံးတွေကလောဘကြီးပြီးရိုင်းစိုင်းတယ်။ ကျူပ်ကတော့ သူဖြတ်သွားဖြတ်လာလုပ်တယ်လို့ပဲမထင်ဘူး။ ကျူပ်ကြားတာမြောက်ပိုင်း ဖူလင်ရွာက မိုးခေါင်နှင့်ပြီး လူတွေသူတို့ကလေးကို ဓားပြတွေဆီရောင်းလိုက်ကြတယ်တဲ့။ အဲ့ဓားပြတွေက ကလေးတွေကိုသုံးပြီးအခြားရွာတွေကိုပြန်ထောက်လှမ်းခိုင်းနေတာ။အဲ့တော့ အဲ့ကလေးကလည်းကျူပ်တို့ရွာကိုစုံစမ်းဖို့ ဓားပြလွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်။ ခင်များတို့ရွာသားတွေကိုတောင်ပေါ်သွားဖို့အမြန်တိုက်တွန်းရမယ်။ ဒါမှသေဘေးကလွှတ်မှာ''
ကျိူးယွင်ရှန့်ဓားပြတွေလာမှာသိပေမယ့်အချိန်အတိအကျတော့မသိ။ အဲ့ကလေးကိုမြင်လိုက်တော့ သူတို့ရက်ပိုင်းအတွင်းရောက်လာကြမည်ကိုသိလိုက်သည်။ ကံကောင်းတာက သူကျူးအိမ်မှာမြေအောက်ခန်းတူးထားပြီး ရိက္ခာခြောက်တွေသိမ်းထားလို့ပေါ့။ ဓားပြတွေမြေလှန်ပြီးမရှာမချင်း သူတို့ဘယ်လိုမှရှာမတွေ့နိုင်ဘူး။
ရွာသူကြီးလည်းကြောက်ချွေးပြန်ပြီး ရွာသားတွေကိုပြန်ပြေးပြောဖို့အလုပ်ကျူးစစ်ယွိ ကပြန်ခေါ်လိုက်သည်။ ''ဒီကိစ္စကအရေးကြီးတယ်။တောင်ပေါ်တက်တဲ့အခါ ရိက္ခာတွေအကုန်မသယ်သွားနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်တစ်ချိူ့ချန်ထားခဲ့''+
"ဘာလို့လဲ? ဘာလို့ကျူပ်တို့ ဓားပြတွေအတွက်ချန်ထားပေးရမှာလဲ'' တိတ်ဆိတ်စွာ နားထောင်နေသည့်ချင်းစယ်က ရုပ်တရက်ထပ်မေးလိုက်သည်။
ကျိူးယွင်ရှန့်၏ မက်မွန်မျက်လုံးတို့က သူ့ကိုစိုက်ကြည့်ပြီး ခပ်မာမာပြန်ဖြေသည်၊ ''ခင်များကအရူးလား။ ဓားပြတွေရောက်လာပြီး သူတို့ဘာမှရှာမတွေ့ရင်သူတို့အလျော့ပေးမယ်ထင်လား။ သူတို့တစ်တောင်လုံးမြေလှန်ရှာပြီး ကျူပ်တို့ကိုဖမ်းမိသွားမှာပဲ။ အသက်နဲ့အစာ ဘယ်ဟာပိုအရေးပါသလဲ ကိုယ့်ဟာကိုယ်ချင့်ချိန်ပေါ့'' ကျိူးယွင်ရှန့်သူ့ကိုစူးစူးဝါးဝါးကြည့်ပြီး ထွက်သွားလေသည်။
သူမျက်လုံးတွေက စိတ်ဆိုးသည့်အခါ ပိုတောင်လှရက်နိုင်သေးသည်။ ချင်းစယ်တမင်တကာတွန့်လိုက်သည်။ ပြီးတော့မှာ ကျန်းကျားလွေ့နဲ့သူ့ညီမတွေကိုခေါ်ပြီး အိမ်ပြန်အထုပ်သိမ်းကြသည်။ သူကအတိတ်မေ့နေပေမယ့်စဉ်းစားချင့်ချိန်ဥာဏ်ရှိသေးသည်။ သူ ကျူးစစ်ယွိပြောတာကိုနားလည်ပေမယ့်စနောက်ချင်တာကြောင့်သက်သက်မဲ့မေးခွန်းမေးလိုက်ခြင်းဖြစ်သည်။ သူတကယ်ကို ထိုမျက်နှာသေးသေးပေါ်က မျက်လုံးဝိုင်းဝိုင်းလေးများကို နှစ်သက်သည်။ သူ့ကိုအရူးလို့ခေါ်လိုက်စဉ်က ရင်ခုန်သံပင်နှစ်ဆမြန်သွားခဲ့သည်။ [ 😏]
ကျိူးယွင်ရှန့်အိမ်ပြန်ရောက်ပြီးအခြေအနေကိုရှင်းပြတော့ သူ့အစေခံတွေအကုန်လုံးအထုပ်အပိုးပြင်ပြီးတောင်ပေါ်တက်ကြသည်။ ကျန်းအိမ်လည်းပဲ မကြောက်ရွံပဲ အထုပ်အပိုးအမြန်သိမ်းပြီးတောင်ပေါ်တက်ဖို့ပြင်ကြသည်။
ရွာသားတွေကတော့ သူကြီးနဲ့ရှောင်ဟေး(ချင်းစယ်) ရဲ့လောဆောမှုကြောင့်အိမ်မှာစားစရာအချိူ့ချန်ခဲ့သည်။ ဒါပေမယ့်လမ်းဝက်ရောက်တော့ ရွာသားတစ်ချိူ့ က စိတ်မချဖြစ်ပြီး ရွာပြန်လှည့်ကာ ရိက္ခာတွေကိုပြန်ယူကြသည်။
ရွာသူကြီးလည်းသူတို့နဲ့အချင်းများပြီး တားမြစ်ပေမယ့်သူ့မိသားစုသူလည်းစောင့်ရှောက်ရမှာမလို့ခေါင်းမာတဲ့ရွာသားတွေနဲ့လမ်းခွဲလိုက်ကြသည်။ ချင်းစယ်လည်း ကျန်းမိသားစုဝင်ခြောက်ဦးကို ရွာသားတွေနဲ့ခွဲသွားဖို့ဦးဆောင်လိုက်သည်။ ဒီလူတွေကအရမ်းခေါင်းမာပြီး အားလည်းနည်းတာ တူတူပုန်းရင်ဖမ်းမိပြီးအသတ်ခံရမှာပဲ။
ချင်းစယ်က နယ်စပ်မှာတာဝန်ထမ်းဆောင်ဖူးလို့ သူ့ရဲ့အတွေ့အကြုံကရင့်ကျတ်သည်။ ဒါကြောင့်မို့ မကြာခင်မှာပဲနေလို့ရသည့်ကျောက်ဂူတစ်ခုကိုရှာတွေ့သွားသည်။ သူ နွယ်တွေကို အပေါက်ဝမှာ ဖုံးနေစဉ်မှာပဲ ချွန်ထက်သည့်ဓားတစ်လက်က သူ့တည့်တည့်ကိုလာစိုက်သည်။ သူဘေးကိုရှောင်ပြီး ထိုဓားကိုင်သူ၏လက်ကောက်ဝတ်ကိုလှမ်းဖမ်းလိုက်သည်။ သူအော်သံကြားလိုက်ပြီး လက်ကအဆစ်လွဲသွားက ဓားကမြေပြင်ပေါ်ကျသွားသည်။
"ကျူပ်တို့ကိုမတိုက်ခိုက်နဲ့ ကျူပ်တို့ကရန်သူမဟုတ်ဘူး'' ရင်းနှီးနေသည့်အသံကိုကြားမှ ချင်းစယ်သူ့ရဲ့လူသတ်ငွေ့တွေကိုပြန်ဆုတ်လိုက်သည်။
"မြေရှင်ကြီးပဲ'' ကျန်းရှုလင်းအဖေနဲ့အမေက အမြန်ပြေးလာပြီး ဦးညွှတ်သည်။ သူတို့ကလေးတွေကို အတင်းဦးညွှတ်ခိုင်းသည်။
"ဟေး...လူတိုင်းကတောင်ပေါ်ကိုတက်လာတာ မတိုက်ခိုက်ခင်မှာ နည်းနည်းပါးပါးစဉ်းစားအုန်း'' ကျိူးယွင်ရှန့်ဂူထဲက လူတွေကိုဝေ့ကြည့်ပြီး ချင်းစယ်ကိုခပ်စူးစူးကြည့်လိုက်သည်။
"ဟိုးက လူသန်ကြီး ခင်များကျူပ်အစောင့်ရဲ့လက်ကိုချိူးလိုက်တာ။ သူပြန်မကောင်းတော့ရင်ကျူပ်ဘယ်လိုလုပ်ရမှာလဲ''
"မကျိူးပါဘူး အဆစ်လွဲသွားရုံလေး။ ကျူပ်သူ့ကိုပြန်တည့်ပေးမယ်'' ချင်းစယ်အစောင့်ရဲလက်ကိုပြန်ဆွဲယူလိုက်သည်။ ထိုအစောင့်က နာကျင်မှုကြောင့်အော်လိုက်ပြီး ပြန်ကြည့်လိုက်တော့ အံ့သြစရာကောင်းစွာပဲ သူ့လက်ကောက်ဝတ်ကပြန်ကောင်းသွားသည်။
ကျိူးယွင်ရှန့်အေးစက်စက်ခေါင်းညိမ့်လိုက်ပြီး ဒီကိစ္စကိုခေါက်ထားလိုက်သည်။
ကျန်းရှုလင်းက သူ့မိဘတွေ စကားပြောဖို့အရမ်းရှက်တာကြောင့်သူကပဲ သူမိသားစုဝင်တွေကိုမိတ်ဆက်ပေးလိုက်သည်။ ဓားပြတွေဘယ်အချိန်ရောက်လာမလဲ သူတို့မသိတာကြောင့်သူတို့ဂူထဲရက်အတော်ကြာနေရအုန်းမည်။ ဒါကြောင့်ဆက်ဆံရေးပြေလည်နေကြဖို့လိုသည်။ သို့မဟုတ်ပါက လူအင်အားပိုများသည့်ကျူးအိမ်ကသူတို့ကိုမောင်းထုတ်လိုက်လျှင်ဒုက္ခရောက်နေရမည်။
သူချင်းစယ်ကို မိတ်ဆက်ပေးတော့ ချင်းစယ်ရှက်သွားသည်ကို သူသတိမထားမိလိုက်။ ချင်းစယ်အရင်ကတော့ ကိစ္စမရှိခဲ့ပေမယ့်အခုလိုကျောက်စိမ်းနဲ့တူတဲ့ကျူးစစ်ယွိကိုမျက်နှာချင်းဆိုင်ရတော့ အရင်ကနံမည်နဲ့ပတ်သက်ပြီး အထွတ်မတက်ခဲ့တာနောင်တရသည်။3
ဒါပေမယ့်သူက စိတ်ခံစားချက်သေနေသလိုအမြဲနေနိုင်တာကြောင့်ကျိူးယွင်ရှန့်ကိုတစ်ချက်ကြည့်ပြီး မျက်နှာလွဲလိုက်သည်။
ကျန်းရှုလင်းက စကားအလွန်များသည့်သာလိကာတစ်ကောင်ဖြစ်ပြီးလေကြောမပြတ်နိုင်။ ကျိူးယွင်ရှန့်ဘေးပတ်ဝန်းကျင်ကိုလျှောက်ကြည့်ရင်း ကျန်းကျားလွိုက်ကသူ့ကို အချိန်ပြည့်စူးစူးဝါးဝါးကြည့်နေသည်ကိုသတိထားမိလိုက်သည်။ သူသစ်ကိုင်းလေးတစ်ကိုင်းကိုကောက်ကိုင်ပြီး ကျန်းကျားလွေ့ရှိရာချိန်လိုက်သည်။ ''ကျူပ်ဒါကိုမေးရတာစိတ်ကုန်နေပြီ...ကျူပ်ခင်များတို့တစ်မိသားစုလုံးနဲ့ပြသာနာရှိလို့လား? ဒီတစ်ယောက်က ကျူပ်ကိုအစိမ်းလိုက်ဝါးစားမလိုကြည့်နေတယ်''
"အဲ့လိုကိစ္စမျိူးမရှိ.....'' ကျန်းရှုလင်းက အမြန်ငြင်းဖို့ပြင်လိုက်ပေမယ့်ကျန်းကျားလွေ့ကဟက်ခနဲရယ်လိုက်သည်။+
"ကျူပ်တို့အိမ်ကိုဖျက်ဆီးပြီး ကျူပ်တို့ကိုအသုံးချခဲ့တာ အခုတော့တစ်ဖက်လှည့်လိုက်တာနဲ့မေ့သွားပြီလား?''
"ကျူပ်ဘယ်တုန်းက မင်းတို့ အိမ်ကိုဖျက်ဆီးခဲ့လို့လဲ'' ကျိူးယွင်ရှန့်နားမလည်သည့်ပုံစံနှင့်ကြည့်လိုက်သည်။
"ကျူပ်တို့မိသားစုရဲ့ဆေးဘဲဥလုပ်နည်း ခင်များလုသွားတာလေ''
"ဆေးဘဲဥလုပ်နည်း? ကျူပ်ထင်တာ ကျူပ်ပြန်ပေးခိုင်းလိုက်ပြီလားလို့'' ကျိူးယွင်ရှန့်မျက်ခုံးကြုတ်ပြီး မျက်နှာက နားမလည်ယောင်ဟန်ဖမ်းထားသည်။
"ဟန်ဆောင်မနေနဲ့။ ဘယ်သူက ခင်များဘယ်လိုလူမျိူးလဲ မသိလို့လဲ။ လီအိမ်နဲ့ ဝမ်အိမ်က ငှါးရမ်းခကို ၄၀ရာခိုင်နှုန်းထဲကောက်တာ ခင်များက ၆၀ယူတယ်။ အားလုံးမျက်စိတစ်မှိတ်အတွင်းငတ်နေရပြီ။ ခင်များက ရွာသားတွေဆီက ငါးနဲ့အသားတွေကိုသိမ်းယူသေးတယ်။ လုံးဝအကြင်နာတရားမရှိတာပဲ!" ကျန်းကျားလွေ့ဒေါသတကြီးအော်ဟစ်လိုက်သည်။+
"ဘာ အဓိပ္ပာယ်မရှိတာတွေလဲ? ကျွန်မတို့သခင်လေးက ငှါးရမ်းခကို ၃၀ရာခိုင်နှုန်းချပေးထားတာဖြင့်ကြာလှနေပြီ။ ဘယ်က၆၀လဲ။ ရှင်ကျွန်မတို့ကိုချောက်ချနေတာလား?'' ဥသြလေး ကမတ်တပ်ထပြီးဒေါသတကြီးအော်တော့သည်။

Коментарі