Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.5
Chapter (5)  Fujoshi မမများ၏ အချစ်ကို ပိုင်ဆိုင်ခြင်း(zawgyi+Unicode)


ကျိုးယွင်ရှန့် သည် Ivana ကို နှုတ်ဆက်ပြီး စောင်ခြုံကာ ပါးစပ်ကို လက်ဖြင့်ပင်အုပ်ထားပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ကျိုးယွင်ရှန့်ဖြစ်ဖြစ် Romeo ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး Hayden ဆိုတဲ့  အကောင်ကို နည်းနည်းလေးတောင်စိတ်ဝင်စားခြင်းမရှိကြ။
သူ ဒီလို ကိစ္စတွေကို လုပ်နေရတာက ၊ အမှောင်ထဲကနေ လွတ်မြောက်ပြီး နေရောင်အောက်မှာ ရှင်သန်ချင်တယ်ဆိုတဲ့  Romeo ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖိုဖြစ်ပြီး
Romeo ရဲ့ မကောင်းသတင်းအကုန်လုံးကို ပြောင်းလဲစေပြီး Romeo အတွက် ပရိတ်သတ်အနည်းအကျဉ်း ရစေဖို့ဖြစ်သည်။ ပြီးတော့
မာနကြီးနေတဲ့ Hayden ကို ပညာပေးချင်သောကြောင့်ဖြစ်သည်။

Hayden က Romeo ဆံပင်တွေကို ရိတ်ပစ်ဖို့အတွက် ပွဲစီစဉ်သူတစ်ယောက်ကိုတောင် လာဘ်ထိုးခဲ့ပြီး ပြိုင်ပွဲကနေတောင် အထုတ်ခံအောင် လုပ်ခဲ့သောကြောင့် တန်ရာတန်ကြေးပြန်ရယူပေးရမည်။

Haydenပရိတ်သတ်အရေအတွက်က များသော်လည်း သူဟာ လူသစ်တစ်ယောက်ဖြစ်တဲ့အတွက် သူ ပရိတ်သတ်တွေရဲ့ အချိန်အတော်ကြာ နှစ်သက်မှုကိုရဖို့ အချိန်လိုအပ်သေးသည်။

လက်ရှိပရိတ်သတ်တွေကလည်း အချိန်မရွေး အခြားမော်ဒယ်ကို ပြောင်းကြိုက်နိုင်သေးသည်။ Romeo ဒီလို မကောင်းတဲ့ ကောင်လေးပုံမျိုး လုပ်နေရတာက ဝမ်းနည်းစရာ အကြောင်းတွေကို ဖုံးကွယ်ဖို့ဆိုတာ သူတို့သိသွားခဲ့လျှင် ပရိတ်သတ်တွေက  Romeo ကို သနားလာကြမှာ ဖြစ်ပြီး Romeo ရဲ့ အွန်လိုင်းမဲအရေ အတွက် ကျဆင်းနေမှုကလည်း ရပ်သွားနိုင်သည်။

ပြိုင်ပွဲစသည်နှင့် ကျိုးယွင်ရှန့်က Hayden နဲ့  ဝေးဝေး ရှောင်တော့မည်ဖြစ်သည်။ သို့သော် Hayden က သူ့အပေါ် ဒုက္ခပေးနှောင့်ယှက်တော့မည်ဖြစ်လို့ သူတို့ရဲ့ အခြေအနေတွေက ပြောင်းပြန်တွေ ဖြစ်လာတော့မှာသေချာသည်။
အဲ့အချိန် ပွဲကြည့်ပရိတ်သတ်တွေက  ကံကြမ္မာ မျက်နှာသာမပေးသော ကြောင့် တစ်ဖက်သတ်အချစ်တွေကို ဖုံးကွယ်ထားရသည့် အနှိပ်စက်ခံကောင်လေးအပေါ်  ပိုပြီး သနားကြင်နာလာကြမည် ဖြစ်သည်။ ဒီလို သနားစရာ အသည်းကွဲအချစ် ဇာတ်လမ်းတွေကို  သူတို့ကိုယ်တိုင်လည်း ခံစားနာကြင်ခဲ့ရတာဖြစ်လို့  သူတို့ ဦးနှောက်တွေ ထဲမှာ  Romeo ရဲ့ နာကြင်မှုတွေအတွက် လွယ်လွယ်ပဲ ကိုယ်ချင်းစာနိုင်ကြပြီး Hayden အပေါ် ရွံရှာမှုတွေ ခံစားလာကြမည်မှာ သေချာသည်။
ပြီးတော့ Romeoရဲ့ ဖြူစင်လွန်းတဲ့ ပုံစံ၊ ရိုးသားလွန်းတဲ့ စိတ်နေသဘောထားများက Romeo အတွက် အစွမ်းထက်ဆုံးလက်နက်များအဖြစ် အသုံးဝင်လာသည်တော့သည်။ ကိုယ်လုံးကိုယ်ပေါက်တောင့်သည့်  ယောက်ျားကြီးတစ်ယောက်က မိတ်ကပ်တွေပြင်၊ မိန်းမဆန်တဲ့အမူအရာတွေနဲ့ ဘယ်လိုနွဲ့နှောင်းပြီး သူ့အမူယာက ဘယ်လောက် သနားစရာကောင်းနေပါစေ ၊ ပရိတ်သတ်မျက်လုံးထဲမှာတော့ လိင်တူချစ်သူတွေကို မမုန်းပါဘူး ဆိုရင်တောင် မြင်ရတာ  မသက်မသာဖြစ်ချင်စရာပင်။

သို့သော်  ဖြူစင်ရိုးသားသော ကောင်လေးတစ်ယောက် သူ့ရဲ့
ဒွိဟဖြစ်မှု၊ နာကြင်နေရမှုတွေ ၊ သူ့ရဲ့ လိင်တူအချစ်အတွက် အကူအညီကင်းမဲ့နေခြင်းကို ဖော်ပြလိုက်ချိန်မှာတော့ သူရဲ့ နူးညံ့ပြီး မိန်းမဆန်တဲ့ မျက်နှာလေးကို မြင်ရရုံနဲ့တင် သူရဲ့ပုံက ကိုးယို့ကားယားဖြစ်နေရင်တောင်  နှလုံးသား မာကြောလှပါတယ် ဆိုတဲ့ လူတောင်မှ ချစ်စရာကောင်းတဲ့စိတ်ထားလေးကို  ရှုံ့ချနိုင်တော့မည်မဟုတ်တော့ပေ။ လိင်တူချစ်သူတွေကို မုန်းတီးနေသူတွေ ရှုံ့ချနေမှာ ရှိပေမယ့် သူ့တို့စိတ်ထားနဲ့ သူတို့ဖာသာ သွားလိမ့်မည်။ ဒါက Romeo ရဲ့ နှစ်လိုဖွယ်ပုံရိပ်ကို သက်ရောက်နိုင်မည် မဟုတ်ပေ။


ဘာပဲဖြစ်ဖြစ် ဒီအပိုင်းလွှင့်ပြီးသည်နှင့် Romeo ၏ အခြေအနေတွေ သိသိသာသာပင် ကောင်းလာမည်ဟု ကျိုးယွင်ရှန့် ကြိုတွက်ထားသည်။

နောက်တစ်နေ့တွင် ပြိုင်ပွဲဝင်အကုန်လုံး ဒိုင်များ၏ ဆုံးဖြတ်ဝေဖန်မှုကို နားထောင်ရန်အတွက် စတူဒီယိုသို့ သွားကြရသည်။ အစီအစဉ်ကြေငြာသူ Ariel (အေရီရယ်) က အကုန်လုံးကို နွေးနွေးထွေးထွေးနှုတ်ဆက်ပြီးသည်နှင့် ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ ဆုကို ကြေငြာပေးလိုက်သည့်အခါမှတော့ ပြိုင်ပွဲဝင်အကုန် ပါးစပ်အဟောင်းသားနှင့် ဖြစ်ကုန်ရသည်။

"တို့တွေ မင်းတို့ကို ပြောဖို့မေ့သွားတယ် ။  ဒီတစ်ပတ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဓာတ်ပုံကို MOT ဖုန်းကုမ္ပဏီရဲ့ ကြော်ငြာပိုစတာအဖြစ် သုံးမှာဖြစ်ပြီး သူတို့ရဲ့ အရောင်းပြခန်းတွေမှာပါ ပြထားမှာဖြစ်တယ်။ဒါကြောင့် MOT ဖုန်းကို သုံးစွဲသူအားလုံး မင်းတို့ရဲ့ မျက်နှာတွေကို မြင်သွားကြတော့မှာ။ ဒါ  စိတ်လှုပ်ရှားစရာမကောင်းဘူးလား ?"

Ariel  က  သူမလက်တွေကိုမြှောက်ပြီး အသံကျယ်ကျယ်နှင့် ပြောပြလိုက်သည်။ ပြိုင်ပွဲဝင်အားလုံး ပျော်ရွှင်စွာအော်ဟစ် လိုက်ကြသည်။

ဘယ်သူက စိတ်မလှုပ်ရှားပဲ နေမှာလဲ။ ဒီကမ္ဘာမှာ  စတိုင်ကျလှပတဲ့ ဖုန်း အသစ်အဆန်းတွေကို MOT ကချည်း ထုတ်တာဖြစ်ပြီး ဒီဖုန်းကိုဝတ်ဖို့ လူသောင်းချီက ဆိုင်ရှေ့ တန်းစီ စောင့်နေရသည်။ ဒါကြောင့် ဒီအပိုင်းမှာ နိုင်တဲ့ ဘယ်သူမဆို နာမည်ကြီး မှာ သေချာလို့  ပြိုင်ပွဲဝင်တိုင်း  မျှော်လင့်ချက်များ ပြည့်နေကြသည်။

မနေ့ညက ကျိုးယွင်ရှန့်ရဲ့ ရင်ဖွင့်စကားအပြီးမှာ ရိုက်ကူးရေးအဖွဲ့သားများသည် Romeo အပေါ် သိသိသာသာပင်  နှစ်သက်လာကြသည်။ သူတို့ Romeo င့် နီးနိုင်သမျှ နီးနီးကို ကပ်နေကြတော့သည်။ Romeo ရဲ့လှပတဲံမျက်ဝန်းများတွင် ပင်လယ်ပြင်ကဲ့သို့ ပြာလဲ့တောက်ပသောအရောင်ရှိပြီး မျက်နှာက မင်သက်ချင်စရာ ချစ်စရာကောင်းလှသည့်အပြင် သူက ခံစားချက်တွေကြောင့် လမ်းပျောက်နေပြီး အင်အားနည်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည့် အတွက်  ၊ ရိုက်ကူးရေးအဖွဲ့သားများ က သူ့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်ခဲ့ကြသည်။
Ariel သည် ပြိုင်ပွဲဝင် တစ်ဦးပြီး တစ်ဦးကို စင်ပေါ်သို့ ခေါ်ပြီး သူတို့ရဲ့ အကောင်းဆုံး ဓာတ်ပုံများကို ဝေဖန်၊ ဆုံးဖြတ်ပြနေသည်။ ဒိုင်သုံးဦး အနက် Ariel သည် ကျော်ကြားသော မော်ဒယ်လ်တစ်ဦး ၊ Jeffrey က ကမ္ဘာ့အတော်ဆုံး လျှောက်လမ်းနည်းပြတစ်ဦး ဖြစ်ပြီး Eureka ကတော့ ပြည့်သူ့ဆက်ဆံရေးတွင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကြီး ဖက်ရှင်ကုမ္မဏီတစ်ခုကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ ဒီ ဖက်ရှင်နယ်ပယ်မှာ ဆိုရင်ဖြင့် သူတို့သုံးဦးလုံးသည် လူသိများ ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့၏ ဆုံးဖြတ်ဝေဖန်ချက်များသည် လုံးဝကျွမ်းကျင်သော်လည်း ပြင်းထန်လွန်းလှသည်။ ကောင်းကောင်းမလုပ်နိုင်သော ပြိုင်ပွဲဝင်များကိုလည်း လျော့ပေါ့ အားပေးခြင်းမရှိကြပေ။

ဒီအချက်သည်ပင် ရိုက်ကူးရေးသမားများက လိုချင်သောအရာဖြစ်သည်။
'The Next SuperModel ' ပြိုင်ပွဲသည် စိတ်အပန်းဖြေပုံစံမျိုးမဟုတ်ပဲ အနိုင်ရဖို့ ကြိုးစားရှင်သန်ရသည့် စစ်ပွဲပုံစံမျိုးသာ ဖြစ်စေချင်သည်။

Romeo အလှည့်ရောက်သည့်အချိန် Ariel   ဓာတ်ပုံကို ဖွင့်ပြချိန်မှာတော့ Jeffrey နှင့် Eurekaတို့၏ မျက်နှာများ အနည်းငယ်ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် Ariel  ဖွင့်ပြသော ဓာတ်ပုံများသည် သူတို့သုံးဦးလုံး ရွေးထားသော Romeo ၏ အကောင်းဆုံးဓာတ်ပုံ မဟုတ်ခဲ့ပေ။

Ariel  ဒီဓာတ်ပုံကို လဲခဲ့တာမှန်ရင်  သူမရည်ရွယ်ချက်က ဘာများလဲ?

သူတို့ ရုပ်သားပြင်ပေါ်က Romeo ရဲ့ပုံကို ကြည့်လိုက်သည့်အချိန် ဓာတ်ပုံထဲမှာ အပြစ်သေးသေးလေးတစ်ခုကို တွေ့လိုက်သောကြောင့် Ariel ရည်ရွယ်ချက်ကို  ကျန်နှစ်ယောက် နားလည်လိုက်သည်။ သူမက Romeo ကို အလဲထိုးချင်နေသည့်အတွက် Romeo ကို မထုတ်နိုင်ခဲ့လျှင်တောင်မှ နံပါတ်တစ် နေရာကို မပေးချင်ပေ။

ဘာကြောင့်လဲဆိုတော့  Ariel  က လက်ရှိ Valentine Brown (Hayden ၏ ဖခင်ဖြစ်သူ ) ပြုလုပ်သည့်  နွေဦးရာသီ ဖက်ရှင်ပြပွဲတွင် ပင်တိုင်မော်ဒယ်လ်ဖြစ်ရာ သဘာဝကျကျပင်  Hayden ကို မျက်နှာသာပေးခြင်းဖြစ်သည်။

ဒါ လိမ်လည်လှည့်ဖျားတာပဲ။

တခြား ဒိုင်နှစ်ယောက်က မကျေနပ်သော်လည်း အစီအစဉ်တစ်ခုလုံး၏ ဂုဏ်သိက္ခာအရ သည်းခံနေရုံကလွဲ၍ ဘာမှ မလုပ်နိုင်တော့ပေ။ ဒါပေမယ့် Ariel  ပါးစပ်တောင် မဟသေးခင်မှာပဲ Jeffreyက ဝင်၍ ချီးမွန်းလိုက်သည်။

"ကိုယ် ဒီဓာတ်ပုံကို အရမ်း အရမ်းကို ကြိုက်တယ်။ မင်း လေဟာနယ်ထဲက သံဖရိန်တွေ အလယ်မှာ နေရာယူလိုက်တာနဲ့ တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပဲ ။ ဒါက တကယ်မဟုတ်ပေမဲ့ တကယ်လိုမျိုးခံစားရတယ်။ ချာတိတ်လေး... မင်း ဒီလိုပုံစံကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကိုယ် အခုထိ မသိပေမယ့် လေထဲမှာ အကောင်းဆုံး ကိုယ်ဟန်ပြနိုင်ခဲ့တယ်။ ဒီပုံက အရမ်းကိုလှတယ်။ "

ဖန်သားပြင် screen ပေါ်မှာ ကောင်လေးတစ်ယောက်က ညာလက်နဲ့ ဖုန်းကို ကိုင်ထားပြီး ဘယ်လက်က မေးကိုလက်နဲ့ထောက်ထားတယ်။ သူက မမြင်ရတဲ့ ဆိုဖာကြီးပေါ်ထိုင်နေပြီး သူ့မျက်နှာက အထက်ကို မော့လို့ မာနကြီးသလို ထင်ရသည်။ ဒါပေမယ့်  ပလက်တီနမ်ရောင်  ဆံပင်ဖျားလေးက  သူ့မျက်လုံးကို  မထိတထိနဲ့ လာထိနေလို့ သူက ယားကျိကျိဖြစ်ပြီး မျက်လုံးတို့ကို မှေးစင်းထားရလေသည်။
ဒါကြောင့် သူ့မျက်လုံးများထဲမှာ နည်းနည်းစိတ်ရှုပ်နေပုံပေါ်ပြီး တည်တည်တံ့တံ့ပုံစံလေးထက် မျက်နှာများတဲ့ ခပ်ဆိုးဆိုး ချာတိတ်လေးပုံပေါက်နေသည်။ သူက တကယ်ကို ကြောင်ပေါက်စလေး တစ်ကောင်နဲ့တူပြီး ခုချက်ချင်း ဆိုဖာပေါ်က ဆင်းပြီး သူ့အမြီးလေးကို လိုက်ဖမ်းဆော့တော့မလို ကြည့်ရသူကို ခံစားရစေသည်။

ဒီဓာတ်ပုံတွင် Romeo ၏ ဆွဲဆောင်မှုသည် မထင်မှတ်ထားသော ရှု့ထောင့်တစ်ခုဆီကို ပြောင်းနေသောကြောင့်   Jeffrey က ဓာတ်ပုံကို ကြည့်လေလေ သူတို့နဂိုက ရွေးထားသော ပုံထက် ပိုသဘောကျလေလေဖြစ်ပြီး  သူဟာ ထပ်တလဲလဲပင် ချီးကျူးနေတော့သည်။

"ကိုယ်  မင်းကို အမှတ်ပြည့်ပေးတယ်..."
Eureka လည်း ဒီဓာတ်ပုံ၏ ဆွဲဆောင်မှုကို ခံစားရပြီး လေထဲမှာ ဘောပင်နဲ့ '10' ဟုရေးပြကာ ထိုင်နေရာမှ ရှေ့ကိုကိုင်းလိုက်ပြီး  Romeo  ၏ မျက်လုံးများကို သေချာစိုက်ကြည့်နေသည်။

"အရမ်းကောင်းတယ် ။ အမှန်အတိုင်းပြောရရင် ဒါ အစ်မအကြိုက်ဆုံး ဓာတ်ပုံပဲ။ မင်း ဆံပင်လေးတွေကြား ဖြတ်သွားတဲ့ လေညှင်းလေးနဲ့
မင်း မျက်လုံးထဲမှာ ထင်ဟပ်နေတဲ့ ကြယ်လို တောက်ပမှုကလေးတွေ အကုန်လုံးက မင်း ဖော်ပြချင်တဲ့ ခမ်းနားမှုတွေပဲလို့  အစ်မ ခံစားလို့ရနေတယ် ။ တကယ် ဒီလိုအထက်တန်းကျတဲ့ဖုန်းမျိုးက မင်းလို စမတ်အကျဆုံး ကောင်လေးမျိုးနဲ့ တကယ့်ကို လိုက်ဖက်တယ်။ မင်းပုံက  အရမ်းစတိုင်ကျလွန်းလို့ အစ်မဖြင့် ကြည့်လို့ကို မဝနိုင်ဘူး ။ "

Ariel အပြုံးတို့က တောင့်တင်းသွားလေသည်။ ဒိုင်နှစ်ယောက်လုံးက ဒီလိုအမှတ်ကောင်းကောင်းတွေ ပေးလိုက်တော့ သူမ Romeo ကို မကောင်းပြောတော့မယ်ဆိုရင်  အနုပညာကို မခံစားတတ်သူ လို့ အထင်ခံရပြီး ထူးဆန်းသွားလိမ့်မည်။ သူမ အချိန်အနည်းငယ် အပြစ်ရှာပြီးနောက်  ခပ်မြန်မြန် တွေးပြီး  Romeo ဓာတ်ပုံအပေါ် ချီးကျူးပေးလေသည်။ သို့သော် အလင်းအမှောင်ယူပုံကို အပြစ်ရှာပြီးနောက် Romeo ကို ရှစ်မှတ် ပေးလိုက်တော့သည်။

ဖန်သားပြင်တွင် အွန်လိုင်းရမှတ်တို့ကို ပြသောအခါ သိပ်မကောင်း လှသော်လည်း အရင်အပတ်များထက်စာလျှင်တော့ နည်းနည်း တက်လာလေသည်။ ဒီတစ်ပတ် ရိုက်ကူးထားသည့် အပိုင်းက မပြသသေးရင်တောင်မှ ပရိတ်သတ်တွေက နောက်ဆုံးထွက်ရှိထားသော ဓာတ်ပုံများကို ကြည့်ကာ ပြိုင်ပွဲဝင်အကုန်လုံးကို အွန်လိုင်းမဲပေးခွင့် ရှိကြသည်။

သူတို့က Romeo ရဲ့ ဝန်ခံမှုတွေကို မမြင်ရသေးသည့်အတွက် သူ့အပေါ် မနှစ်သက်သေးသဖြင့်   Romeo ရဲ့ ဓာတ်ပုံက ဘယ်လောက်ကောင်းနေပါစေ သူတို့က အမှတ်ကောင်းကောင်း ပေးချင်စိတ်မရှိကြပေ။  နောက်ဆုံး စစ်တမ်းတွေအရ ဖက်ရှင်လောကဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ရည်နဲ့ကြည့်ကောင်းမှုကို ရောင်းချရသည့် နယ်ပယ်တစ်ခုဖြစ်သည်။


နောက်တွင် Ariel သည် Emily နှင့် Hayden တို့ကို  တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပင်  စနောက်နေသေးသည်။ ပြီးတော့ သူတို့၏ ဓာတ်ပုံတွေကို ချီးမွှမ်းကာ သူတို့နှစ်ဦးလုံး နောက်တစ်ဆင့် အောင်မြင်သွားအောင် လုပ်ပေးခဲ့သည်။

သူတို့၏ ဓာတ်ပုံတွေက တကယ်ပင် ကောင်းနေတော့ Jeffrey နှင့် Eureka မှာ တရားနည်းကျသော သူများဖြစ်သည့်အတွက်  Emily ကို  ကိုးမှတ် နှင့် Hayden  ကို ရှစ်မှတ်ပေးကာ ၊ နောက်တစ်ယောက်က  Emily ကို ရှစ်မှတ်နှင့် Hayden  ကို ခုနစ်မှတ် အသီးသီးပေးခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးရဲ့ အွန်လိုင်းရမှတ်တို့သည် Romeo ထက် များနေပြီး နောက်ဆုံး ရလဒ်တွေကို နှိုင်းယှဉ်အပြီးတွင် အမ်မလီသည် ပထမရ၍ Romeo သည် ဒုတိယ ရခဲ့သည်။ ဒါကြောင့် သူမပုံတို့သည် MOT အရောင်းပြခန်းများတွင် ပြသခွင့်ရတော့မည်ဖြစ်သည်။

ပြိုင်ပွဲဝင်အားလုံး သူမကို ပွေ့ဖက်ကာ ဂုဏ်ပြုကြသော်လည်း Romeo နှင့် Ivana တို့က အဝေးမှာပင် ရပ်နေခဲ့ကြသည်။ ကင်မရာသမားတွေ သူတို့နှစ်ဦးကို ရိုက်နေချိန်မှာတော့ သူတို့နှစ်ဦးလုံး၏ အမူအရာများသည် တည်ငြိမ်နေကြသည်ကို တွေ့ရှိခဲ့ရသည်။

ဗီလာကို ပြန်ရောက်ကြချိန်တွင် ၊ Hayden က သူ့ချစ်သူ ကောင်မလေးအတွက် ပါတီပွဲကျင်းပပေးခဲ့သည်။  Ivana က သူမအခန်းဖော်ကို နှင်ထုတ်လိုက်ပြီး Romeo ကို နေစေကာ ရေမိုးချိုး သန့်စင်ပြီးသည်နှင့် သူတို့နှစ်ဦးလုံး အိပ်ရာဝင်ခဲ့ကြသည်။
ဘာကြောင့်လဲဆိုတော့  ပြိုင်ပွဲမရှိသောအချိန်များတွင်  သူတို့အတွက် ပြင်းထန်သော ထရိန်နင်တို့က အမြဲစောင့်ကြိုနေသောကြောင့် ဖြစ်သည်။ ဒီပြိုင်ပွဲကြီးပြီးသည်နှင့်သူတို့က အရည်ချင်းပြည့်ဝသော မော်ဒယ်များဖြစ်လာမှ အခြားလူများက သူတို့ကိုလာရောက်ဌားရမ်း ကြမည်ဖြစ်သည်။
ထရိန်နင်ဒုတိယမြောက်နေ့တွင် သူတို့နှစ်ဦးလုံးက အားအင်အပြည့်နှင့် တက်တက်ကြွကြွရှိနေသော်လည်း တခြားသူများကတော့ ပျင်းရိနေခဲ့သည်အတွက် Jeffrey အတော်ကို ဆူနေရသည်။

တစ်ဖက်တွင်တော့ အစီအစဉ်သည့်ပုံမှန်အချိန်အတိုင်း ထုတ်လွှင့်နေပြီဖြစ်သည်။ ပြိုင်ပွဲဝင်များက ဖုန်းသုံးခွင့်မရှိ၊ အင်တာနက် သုံးခွင့်မရှိသလို ၊ ပြင်ပလောကကြီးနှင့်ပါ အဆက်အသွယ်ဖြတ်ထားသည့်အတွက် ကြည့်ရှုသူများ သူတို့အပေါ် ဘယ်လိုထင်မြင်သလဲဆိုတာ မသိကြပေမယ့် ကျိုးယွင်ရှန့် က ထိုအထဲ မပါဝင်ပေ။ သူက ရေ  ရေချိုးကန်ထဲ စိမ်နေရင်း AI ကို ဖွင့်ကာ 'The Next Superstar Model ' official websiteထဲသို့ ဝင်လိုက်သည်။

"Oh. My. God ... Romeo ရယ် မငိုလိုက်ပါနဲ့ ။ ဘေဘီငိုတာ မြင်ရတာ ငါ့ရင်တွေ ကွဲတော့မှာပဲ။ ငါ တီဗီထဲ ပြေးဝင်ပြီး ဖက်ပေးချင်လိုက်တော့တယ်နော်။ သူက Hayden ကို ဂရုစိုက်ပေးနေပေမဲ့ အထင်လွဲခံရပြီး အမုန်းခံနေရတာ။ အဲ့ဒီ Hayden  မကောင်းတဲ့အကောင် "

အမေတစ်ယောက်လို ခံစားပြီး ချစ်ခင်သော ပရိတ်သတ်တစ်ယောက်ဆီက ထင်မြင်ချက်ရေးထားသည် စာဖြစ်သည်။

"ချစ်ဖို့ကောင်းလိုက်တာ ! ကမ္ဘာပေါ်မှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူ ဘယ်နား သွားရှာရမလဲ ? ငါ  Romeo ကို ငါရဲ့ချစ်စရာ ရည်းစားအဖြစ်သာ သိမ်းထားလိုက် ချင်တော့တယ်။ ဒေါ်လာ တစ်သန်းလာပေးရင်တောင်  သူ့ကို လုံး၀ မစွန့်လွှတ်နိုင်ဘူး "

ဒါကတော့ ခပ်ချောချောကောင်လေးတစ်ယောက်က ပို့သည့် ခံစားချက်ဗီဒီယိုဖြစ်ပြီး Romeo ကို အသေရရ အရှင်ရရ လိုချင်သည့် ဂေးပရိတ်သတ်အသစ်လို့ ဆိုရမည်ပင်။

"Romeo က အခုမှ ကလေးပဲရှိသေးတာ ၊ ဒီလို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အစီအစဉ်မှာ ရပ်တည်ဖို့အတွက် တအား ငယ်သေးတယ် ။အခုတော့ သူ့ဘဝက ဝံပုလွေအုပ်ထဲ ပစ်ချခံရတဲ့ သိုးတစ်ကောင်လိုပဲ ၊ အားလုံးက သူ့ကို သတ်မလို ဖြတ်မလို ဝိုင်းနေကြတာ။ ဒါကြောင့် သူပြန်ခုခံတာ ဘာထူးဆန်းလို့လဲ။  ငါတော့ သူ့ကို သနားလွန်းလို့ သေတော့မှာပဲ ။ သူ ခုံပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ကြောက်ရွံ့နေရတဲ့ပုံကိုမြင်ယောင်မိတိုင်း စိတ်ပူပြီး  ငါ မျက်ရည်တောင်ကျလာတယ်။ သူ့ကို အဲ့ပြိုင်ပွဲကြီးက ထွက်စေချင်ပေမဲ့ အဆုံးထိလည်း ပြိုင်စေချင်သေးတယ်! ငါ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ "

ဒါက စိတ်ထိခိုက် ခံစားလွယ်လွန်းသော ပရိတ်သတ်ဆီမှ မှတ်ချက်ဖြစ်သည်။

"ဒါနဲ့  အားလုံး သတိထားမိကြလား? Ariel က သူ့ကို ရှစ်မှတ်ပဲ ပေးတယ်ဆိုတာလေ ။ ဒါလုံး၀ မဖြစ်သင့်ဘူး။ ဘယ်လိုကြည့်ကြည့် သူ့ပုံက Hayden ရော ၊ Emilyထက် အဆများစွာသာတယ် ! သူ့ပုံက ဒီတစ်ခေါက်ပွဲမှာ  အကောင်းဆုံးပဲ "

ဒါက မကျေမနပ်ဖြစ်နေသော ပရိတ်သတ်ဆီမှ မှတ်ချက်ဖြစ်သည်။

ဤသို့ဖြင့် ဆွေးနွေးပြောဆိုလို့ရသည့် အွန်လိုင်းစာမျက်နှာကြီးပေါ်တွင် အွန်လိုင်းပရိတ်သတ်အပေါင်းတို့၏ မှတ်ချက်က ဆက်တိုက်ပေါ်ပေါက်လာတော့သည်။


"မင်းတို့ မေ့နေကြပြီလား ? ဒီပုံကို Ariel ပေးတဲ့ ရှစ်မှတ်ဆိုတာက သူ့ကို ဒီတစ်ခေါက်အမှတ်နည်းနည်းလျော့ရုံတာဖြစ်ပေမယ့်
သူ ဒုတိယရတာ အွန်လိုင်းမဲအရေအတွက်ကြောင့်ပဲ !
ငါလည်း သူ့ပုံကို အကောင်းဆုံးလို့ ထင်ပေမဲ့ သူစရိုက်ကို မကြိုက်လို့ မဲ မပေးခဲ့မိဘူး။ ငါ ဘယ်လိုတောင် ရူးမိုက်လိုက်လဲ?! "

စသဖြင့် ပရိတ်သတ်တစ်ယောက်က သတိပေးလေသည်။ ထို့နောက်  လူပေါင်းများစွာ တန်းစီ၍ ရူးသွပ်စွာဖြင့် ကွန်မန့်များ အရူးမူးရေး ကြတော့သည်။


Romeo သည် ရိုသားဖြူစင်ပြီး ငယ်ရွယ်လွန်းသော ချာတိတ်တစ်ယောက်သာ ဖြစ်သည်။ မျက်လုံးတွေ၊ နှာခေါင်း တွေ နီရဲအောင်  ဆံပင်စုတ်ဖွားလေးနှင့် ထိုင်ငိုသည်ကို မြင်သူတိုင်း သနားကြပြီး ပွေ့ဖက်နှစ်သိမ့်ပေးချင်ကြသည်။ ဒီလိုပုံစံလေးကို ဘယ်သူက ဝေဖန်ရက်ဦးမှာတဲ့လဲ ?
ထို့နောက် Romeo ၏ အွန်လိုင်းမဲအရေအတွက်သည် Hayden နှင့် Emilyကို ကျော်တက်သွားပြီး ပထမနေရာ တန်းရောက်သွားသည့်အပြင်
A နိုင်ငံရှိ Fujoshi မမများ၏ သည်းသည်းလှုပ်အချစ်တော်လေးနေရာကို  ရသွားတော့သည်။ Ivana  လည်း ကျိုးယွင်ရှန့်ကို ပွေ့ဖက်နှစ်သိမ့်ပေးသည့်အပြင် သူမပါ လိင်တူချစ်သူဖြစ်ကြောင့် ဝန်ခံခဲ့သည့်အတွက် နံပါတ်လေးနေရာ ရောက်သွားခဲ့သည်။

သူတို့နိုင်ငံက  လွတ်လပ်ပွင့်လင်းသော နိုင်ငံဖြစ်သည့်အတွက် အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိရှိလေ ပရိတ်သတ်အချစ်ကို ရရှိလေ ဖြစ်သည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі