Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 5.5
အခန်း(၄၆) ကျူးစစ်​ယွိဘဝ

ကျန်းရှုလင်းက ကျူးစစ်​ယွိကိုအ​ပေါ်ယံသာကြည့်​ခဲ့သူဖြစ်​သည်​။ တစ်​ဖက်​လူ၏မျက်​နှာ​ချော​ချောကအမြဲလိုလိုခက်​ထန်​သည့်​ပုံစံကို​ဆောင်​ယူထား​သော​ကြောင့်​အကျင့်​ယုတ်​ပြီး​ပေါင်းသင်းရခက်​မည့်​သူဟုထင်​မိသည်​။ ဒါ​ပေမယ့်​အနီးကပ်​လေ့လာကြည့်​တော့ တကယ်​အစစ်​အမှန်​ကိုမြင်​ရပြီး ထင်​ထားသည်​နှင့်​တစ်​ခြားစီမှန်းသိလိုက်​ရသည်​။

မင်းသူ့ကိုပြသာနာမရှာလျှင်​သူ့ဖက်​ကမင်းကိုအ​ရေး​တောင်​လုပ်​မည်​မဟုတ်​။ သူ့နှင်းဆီနီ​ရောင်​နှုတ်​ခမ်းကအပြုံး​သေး​သေးတစ်​ခုရှိ​နေတတ်​သော​ကြောင့်​လူ​တွေကိုသက်​တောင့်​သက်​သာဖြစ်​စေသည်​။ သူက​မောက်​မာ​ပေမယ့်​မယုတ်​မာဘူး ပြီး​တော့ အရှိန်​အဝါလည်းရှိတယ်​။

အထင်​လွဲမှားမှုသာမရှိပါက ကျန်းရှုလင်း သူနဲ့မိတ်​ဆွေဖြစ်​ရန်​ကြိုးစားချင်​သည်​။ ဒါ​ပေမယ့်​အခုအရှက်​ကွဲတာများ​တော့​ခေါင်း​တောင်​မ​ဖော်​ရဲ့​တော့။ အခြားကျန်းမိသားစုဝင်​များလည်းအတူတူပင်​သူတို့မီးပုံနဲ့​ဝေးရာ​ရွေ့ သွားကြပြီး မျက်​နှာများကရှက်​ရွံမှု​ကြောင့်​နီးမြန်း​နေသည်​။

ချင်းစယ်​တစ်​ယောက်​ထဲကသာ ကျူးစစ်​ယွိ ၏ ဆန့်​ကျင်​ဖက်​တွင်​ထိုင်​လျှက်​ကျန်​နေသည်​။ မီးပုံကို သစ်​သားနဲ့ ဆွရင်​ဘာမှမဖြစ်​ခဲ့သည့်​ပုံစံအတိုင်းပင်​။+

ညနက်​လာ​တော့ ကျိူးယွင်​ရှန့်​အိပ်​ငိုက်​လာသလိုခံစားရသည်​။ သူပါးစပ်​ကိုလက်​နှင့်​ကာရင်း သမ်း​ဝေလိုက်​သည်​။ မျက်​လုံးထဲက မျက်​ရည်​လေးနှစ်​ပေါက်​ထွက်​လာပြီး ထူထည်းသည့်​မျက်​တောင်​ပေါ်တွင်​ခိုကပ်​ကျန်​ရစ်​ခဲ့သည်​။ ထိုပုံစံက​ကြောင်​ငပျင်း​လေး​ဆောင်းရာသီချမ်းစီစီမှာ မီးပုံနံ​ဘေး အ​ကြောဆန့်​ရင်းသမ်း​ဝေလိုက်​သည်​နှင့်​တူလှသည်​။ အရမ်းကိုချစ်​ဖို့​ကောင်းသည်​၊ တကယ်​လို့များ သမ်းလိုက်​ချိန်​ပါးစပ်​ကိုမကာလိုက်​ရင်​သူ့မှာအစွယ်​ချွန်​ချွန်​လေးနှစ်​ချောင်းပါရှိ​နေမလား။13

ချင်းစယ်​၊ ကျိူးယွင်​ရှန့်​ကြည့်​နေရာက မီးပုံကိုမျက်​နှာအမြန်​လွှဲလိုက်​သည်​။

သမ်းလိုက်​ပြီး​နောက်​ကျိူးယွင်​ရှန့်​လည်းမီးပုံကိုစိုက်​ကြည့်​လိုက်​သည်​။ သူ့​ခေါင်းထဲတွင်​သူရဲ့ဘယ်​သူမှန်းမသိ​သေးတဲ့ချစ်​သူအ​ကြောင်းကိုစဉ်းစား​နေခြင်းဖြစ်​သည်​။ သူက ဇာတ်​လိုက်​လည်းဖြစ်​နိုင်​တယ်​။ ဗီလိန်​လည်းဖြစ်​နိုင်​တယ်​။ သူ့
သရုပ်​မှန်​ကဘယ်​သူမဆိုဖြစ်​နိုင်​တယ်​။ သူတို့​လေးကမ္ဘာပဲအတူရှိခဲ့ဖူးကြတာ တကယ်​လို့များသူ့ရဲ့ အ​ခြေခံDataပုံစံက​ပြောင်းလဲသွားရင်​ကော။ တကယ်​လို့များ အရင်​ကနဲ့လုံးဝမတူတဲ့သူတစ်​ယောက်​ဖြစ်​သွားရင်​ကော ...... ?1

ဥပမာ......ဇာတ်​လိုက်​?
ဒါကို​တွေးမိပြီး သူ့ခန္ဓာကိုယ်​တောင့်​သွားသည်​။ သူ ကျန်းရှုလင်းကိုကြည့်​လိုက်​သည်​။ သူ့အကြည့်​တွေက တစ်​ဖက်​လူရဲ့ မျက်​နှာ ၊ အ​ရောင်​တောက်​နေတဲ့ ကျူးရှားကျစ်​နဲ့ မျက်​လုံး​တွေ...။သူ့စိတ်​ထဲတူညီတာ​လေးတစ်​ခုမြင်​ရဖို့ အသည်းအသန်​ဖြစ်​နေသည်​။+

ကျန်းရှုလင်းက​တော့ သူ့အကြည့်​အောက်​မှာ​တောင့်​တောင့်​ကြီးဖြစ်​နေသည်​။ ကျန်းကျား​လွေ့ ကလည်း သတိထားမိသွားဟန်​တူ၏။ လက်​ညှိုးထိုးပြီး​ပြောလိုက်​သည်​။ ''ကျူပ်​အစ်​ကိုက အစ်​ကို​ရှောင်​ဟေးနဲ့​စေ့စပ်​ထားတာ''

ချင်းစယ်​မျက်​ခုံးများလှုပ်​သွားပြီး ချက်​ချင်းထငြင်းပစ်​ချင်​လာသည်​။ ဒါ​ပေမယ့်​ကျန်းရှုလင်းက သူ့အသက်​သခင်​သူ့​ကျေးဇူးကိုဆပ်​ဖို့လက်​ထပ်​ပါမယ်​လို့ကတိ​ပေးပြီးသား။​ယောက်ျားတစ်​ယောက်​ရဲ့ကတိသစ္စာဟာ​တောင်​လိုပဲခိုင်​မြဲတယ်​။ သူ​ဖောက်​ဖျက်​လို့မရဘူး။ သူ့စိတ်​က ငြင်းဆန်​ခြင်းနဲ့လက်​ခံမှုကြားမှာ အချိန်​အ​တော်​ဗျာများ​နေပြီး​နောက်​ဆုံး​တော့ဘာမှမ​ပြောဖို့ဆုံးဖြတ်​လိုက်​သည်​။ သူ့မျက်​နှာက​တော့သိပ်​တော့မ​ကောင်း။

သူဘာလို့ ကျူးစစ်​ယွိ​ရှေ့မှာ အခုလိုငြင်းဆန်​ချင်​နေရလည်းသူမသိ။ သူဘာဖြစ်​နေတာလဲ။

ကျိူးယွင်​ရှန့်​သူတို့ကိုအပြုံးယဲ့ယဲ့​ပေးပြီး အ​တွေး​တွေကိုဖယ်​လိုက်​သည်​။ အားလုံးပြန်​လည်​ညိမ်​သက်​သွားကြ​ပေမယ့်​ချင်းစယ်​စိတ်​အ​ခြေအ​နေက​တော့ အ​စောက​လောက်​မ​ကောင်း​တော့။ မီးစာထင်း​တွေလိုပဲ သူ့ခန္ဓာက တစစီ​ကြေမွပြီး​လောင်​ကျွမ်း​နေသလိုခံစားရသည်​။ သူအ​ရှေ့ကလူငယ်​လေးကိုမကြာခဏလှမ်းလှမ်းကြည့်​ပြီး တစ်​ဖက်​လူမသိလိုက်​အကြည့်​မြန်​မြန်​လွဲလိုက်​သည်​။​နောက်​ဆုံး​တော့ ထင်းတစ်​ချောင်းကိုဓားနဲ့ခုတ်​ပြီး မီးပုံထဲပစ်​ထည့်​လိုက်​သည်​။

သူ့နှလုံးသားထဲက ပြဿ နာ​တွေထင်း​ချောင်းလို ပြာဖြစ်​လို့ငြား​ပေါ့။ အချိန်​တွေကအလျင်​အမြန်​ကုန်​ဆုံးသွားပြီး ညလယ်​ရောက်​တော့ ချင်းစယ်​ပုံမှန်​ပြန်​ဖြစ်​သွားသည်​။ ''ကျူပ်​နဲ့ကျား​လွေ့​ပြီး​တော့ ဒီအ​စောင့်​တွေက ဆက်​ပြီးည​စောင့်​နေမယ်​။ မင်းတို့အိပ်​တော့'' သူ ကျူးစစ်​ယွိ ၊ မိန်းမ​တွေနဲ့ က​လေး​တွေ သက်​ကြီးရွယ်​အို​တွေကိုလက်​ညှိုးထိုးလိုက်​သည်​။

ကျူးဖူရွှန်​က​တော့ သတိ​မေ့​နေတုန်း။

"ခင်​များဘာ​ပြောတာလဲ။ ကျူပ်​ကို​ယောက်ျားလို့မယူဆတာလား'' ကျိူးယွင်​ရှန့်​သူ့ဘွတ်​ဖိနပ်​ကြားက ဓား​မြှောင်​ကိုဆွဲထုတ်​ပြီး ဟက်​ခနဲရယ်​လိုက်​သည်​။

'သခင်​လေး​ရေ....ရှင်​ကတကယ်​ယောက်ျားမှမဟုတ်​တာ။ ဒါ​ကြောင့်​စိတ်​လိုက်​မာန်​မာမလုပ်​ပါနဲ့​နော်​ဟုတ်​ပြီလား။ မြန်​မြန်​အိပ်​ပါ​တော့'ဟု လုရှီကသစ်​ကိုင်းအချိူ့​ပေါ်မှာအိပ်​ရာပြင်​ပြီး သူ့သခင်​လေးကိုမျက်​လုံးနဲ့လှမ်းစကား​ပြောလိုက်​သည်​။

ဥသြ​လေးလည်းပဲ အူတယားယားဖြစ်​နေသည်​။

ချင်းစယ်​က​တော့ မျက်​နှာ​သေနဲ့သူ့​ရှေ့ကအမျိူးသားငယ်​လေးကို​ခေါင်းစ​ခြေဆုံးကြည့်​ပြီး မျက်​ခုံးပင့်​လိုက်​သည်​။ ကျိူးယွင်​ရှန့်​ကိုအထင်​မကြီးမိတာဘာမှအံ့သြစရာမရှိ။ ဘာ​ကြောင့်​ဆို ကျူးစစ်​ယွိ ခန္ဓာ​သေး​သေး​လေးကအားမရှိသလိုဖြစ်​နေတဲ့အ​ပြင်​လက်​မောင်းနဲ့​ခြေသလုံး​တွေကလည်းဝါးလုံး​လေး​တွေအတိုင်းပဲ။ ဒီကမ္ဘာမှာရှိတဲ့​ကော​တွေကမိန်းမတန်းတူ​တောင်​တင်​စားလို့ရတယ်​။ သူ့ခန္ဓာကိုယ်​တည်​ဆောက်​ပုံကနူးညံ့ပြီး​သေးသွယ်​လို့​ယောက်ျား​တွေနဲ့ဆန့်​ကျင်​ဖက်​ကြီးပြင်းလာကြတယ်​။ ဗလ​တောင့်​တောင့်​၊ အရပ်​ရှည်​ရှည်​နဲ့​ကော မျိူးကတကယ်​ရှားတယ်​။
ကျိူးယွင်​ရှန့်​မ​ကျေနပ်​ဖြစ်​ပြီး ဓား​မြှောင်​ကို​ဝေ့ရမ်းကာလှပတဲ့သိုင်းကွက်​တစ်​ကွက်​ထုတ်​ပြလိုက်​သည်​။ ''ကြည့်​ကျူပ်​သိုင်းပညာက ခင်​များကို​အေး​ဆေးနိုင်​နိုင်​ပါတယ်​''+

ချင်းစယ်​အတိတ်​မေ့​နေ​ပေမယ့်​ဒီစကားကြား​တော့ ရယ်​ချင်​မိသည်​။ သူ့စိတ်​ထဲမှာ တစ်​ဖက်​လူက လက်​သည်းထုတ်​လိုက်​သည့်​ကြောက်​ပေါက်​လေးနှယ်​ချစ်​ဖို့​ကောင်း​နေသည်​။ သူ့ရင်​ခုန်​သံကစစ်​တံပိုးခရာလိုဆူ​ဝေ​နေ​ပေမယ့်​မျက်​နှာက​တော့​သေ​နေဆဲ။ သူ​ခေါင်းကိုသာ အသာညိမ့်​လိုက်​ပြီး ''​ကောင်းပြီ​လေ မင်းနဲ့ကျူပ်​ပထမတစ်​နာရီ​စောင့်​ကြတာ​ပေါ့ အခြားလူ​တွေက​နောက်​မှအလှည့်​ကျထပ်​စောင့်​တာ​ပေါ့။ အိပ်​ချင်​တဲ့လူ​တွေအခုကတည်းကအိပ်​ထား​တော့''

ကျိူးယွင်​ရှန့်​ခေါင်းညိမ့်​လိုက်​ပြီး အခြားအ​စောင့်​တွေနဲ့ ကျန်းကျား​လွေ့ က​တော့ပြန်​အိပ်​လိုက်​ကြသည်​။

ကျိူးယွင်​ရှန့်​ချင်းစယ်​ဘေးနားသွားထိုင်​လိုက်​ပြီး ချင်းစယ်​လက်​ထဲကသစ်​ကိုင်းကိုဆွဲယူကာ မီးကိုဆွလိုက်​သည်​။ သူအထုပ်​ထဲက အာလူးတစ်​ချိူ့ယူပြီး မီးထဲထည့်​လိုက်​သည်​။

ချင်းသယ်​က​တော့​တောင့်​တောင့်​ကြီးဖြစ်​နေပြီး လုံးဝမလှုပ်​ရဲ သူ့အဖြစ်​က သစ်​ကိုင်းနှင့်​ပင်​တူလှသည်​။ ကျိူးယွင်​ရှန့်​သူ့လက်​မောင်းကိုထိလိုက်​ပေမယ့်​ဘာတုန့်​ပြန်​မှုမှမလာ​တောဘ​နောက်​တစ်​ချက်​ထပ်​ထိလိုက်​သည်​။​နောက်​ဆုံးမှ ချင်းစယ်​အသိစိတ်​ပြန်​ဝင်​လာ​လေသည်​။

"ခင်​များစားအုန်းမလား''

ချင်းစယ်​၊ ကျိူးယွင်​ရှန့်​လက်​ထဲကအမဲသား​ဗူး​ကိုကြည့်​ပြီး တံ​တွေးမြိုချလိုက်​သည်​။ ခပ်​စပ်​စပ်​အသား၏အနံ့ ကသူ့ကိုအရမ်းစားချင်​စိတ်​ပေါက်​နေ​ပေမယ့်​လို့ သူ့စိတ်​ထဲက ဒီအမျိူးသားငယ်​လေးရဲ့ လည်​တိုင်​၊နှုတ်​ခမ်းနဲ့ပန်းနု​ရောင်​လက်​ချောင်း​တွေကိုထိ​တွေ့ချင်​စိတ်​က စားချင်​စိတ်​ထက်​ပိုအ​လေးသာ​နေသည်​။13

ဘယ်​လိုအရသာမျိူးဖြစ်​နေလိမ့်​မလဲ? အဲ့လို​တွေးပြီး သူ့အမဲ​ခြောက်​ဖုတ်​ကိုသာနှိုက်​ယူပြီး​ကျေးဇူးတင်​စကားဆိုလိုက်​သည်​။ မီးပုံကိုမျက်​နှာမူရင်း ပန်းနု​ရောင်​သန်း​နေသည့်​မျက်​နှာကိုလွှဲ လိုက်​သည်​။

ကျိူးယွင်​ရှန့်​လည်း အမဲသား​ခြောက်​တစ်​ခုကိုယူပြီး ဖြည်းဖြည်းချင်းကိုက်​လိုက်​သည်​။ အဲ့ဒီ​နောက်​ဝိုင်​အိုးကိုထုတ်​ပြီး တစ်​ကျိူက်​မော့လိုက်​သည်​။ သူ့နှုတ်​ခမ်း​တွေက ဝိုင်​ကြောင့်​စိုစွတ်​နေပြီး ရဲ​နေသည်​။ သူ့လည်​ပင်းကလှပ​ချော​မွေ့​နေပြီး လည်​စလုတ်​သေး​သေး​လေးက အထက်​အောက်​လှုပ်​ရှား​နေကာ အင်​မတန်​ချစ်​စရာ​ကောင်း​နေသည်​။1

ချင်းစယ်​စိုက်​ကြည့်​ရင်း မျက်​လုံးများကစူးရှ​နေသည်​၊ ဝံပု​လွေတစ်​ကောင်​သား​ကောင်​ကို​ချောင်းသည်​နှင့်​ပင်​တူလှသည်​။သူတကယ်​ကိုခုန်​အုပ်​ပြီး လည်​ပင်းကိုကိုက်​ကာ တစ်​ကိုယ်​လုံးမြိုချချင်​သည်​။2
ကျိူးယွင်​ရှန့်​လည်​ပင်းက​အေးလာပြီး ဝိုင်​တစ်​ချိူ့စီးကျလာသည်​။ သူသုတ်​ပစ်​လိုက်​ပြီး ချင်းစယ်​ကိုကြည့်​လိုက်​တော့ အာလူးကို သွားသွားတို့​နေသည်​ကိုမြင်​ရသည်​။ ခဏခဏတံ​တွေးမြိုချ​နေတာမို့ ဆာ​လောင်​နေမှန်းသိသာလွန်းသည်​။2

သူကတကယ်​ကို အစားကြိုက်​တဲ့သူပဲ။ ကျိူးယွင်​ရှန့်​ပြုံးလိုက်​ပြီး​သေရည်​အိုးကိုကမ်း​ပေးလိုက်​သည်​။ ''ခင်​များ​ကော​သောက်​ချင်​လား''

ချင်းစယ်​တုတ်​ကိုပစ်​ချပြီး​ချောင်းညိမ့်​လိုက်​သည်​။ သူကုန်​ခါနီး အိုးကိုကိုင်​ရင်း အာလူးကိုလိမ့်​နေသည့်​ကောင်​လေးကိုကြည့်​လိုက်​သည်​။ သူ့ကိုကြည့်​မ​နေ​တော့တာမြင်​တော့ ပါးစပ်​အပြည့်​တစ်​ငုံ့ အမြန်​မော့လိုက်​သည်​။

​ကောင်းလိုက်​တဲ့ဝိုင်​! သူချီးကျူးလိုက်​ပြီး အိုးကိုပြန်​ပေးကာ​မေးလိုက်​သည်​။ ''ကျူးကုန်းဇီ အ​စောကဟင်းချက်​နည်း ကျူပ်​ကို​ပေးလို့ရမလား''4

[Gongzi - အမျိူး​ကောင်းသား လို့ဘာသာပြန်​ရမယ်​ထင်​ပါ့]
"ခင်​များအ​တော်​စိတ်​ရှည်​တာပဲ။ ခင်​များ​တောင်းမယ်​ဆိုတာ ကျူပ်​သိသားပဲ'' ကျိူးယွင်​ရှန့်​ရယ်​ပြီး အိပ်​ပျော်​နေသည့်​ဥသြ​လေးကိုကြည့်​လိုက်​သည်​။ သူမအင်္ကျီလက်​ထဲက လက်​ကိုင်​ပဝါကို ယူလိုက်​ပြီး ချင်းစယ်​ကိုလှမ်း​ပေးလိုက်​သည်​။
လက်​ကိုင်​ပဝါက ဥသြ​လေးရဲ့အ​မွှေးနံ့ သာရနံ့ စွဲကပ်​နေတာ​ကြောင့်​ချင်းစယ်​ထိုအနံ့ ကိုမကြိုက်​။ မီးပုံ​ပေါ် တစ်​ချက်​ဝေ့ရမ်းပြီး မီးခိုးနံ့ စွဲ​စေလိုက်​သည်​။ ပြီး​တော့မှ​သေချာ​ခေါက်​ပြီး အင်္ကျီရင်​ဘတ်​ထဲထည့်​လိုက်​သည်​။1

​သေချာတာ​ပေါ့ သူကအစားအ​သောက်​ချစ်​တဲ့သူ ဒါ​ကြောင့်​ဟင်းချက်​နည်းကိုရတနာလိုသိမ်းမှာပဲ ။ ကျိူးယွင်​ရှန့်​သူ့ကိုကြည့်​ပြီး ပြုံးလိုက်​သည်​။2

​နောက်​ပိုင်း တစ်​ယောက်​တစ်​လှည့်​စီ ည​စောင့်​ကြပြီး အသံတစ်​ခုခုကြားတာနဲ့ ချက်​ချင်းမီးညိမ်းလိုက်​ကြသည်​။ ဒီလိုနည်းနဲ့ ညအချိူ့လုံခြုံစွာဖြတ်​သန်းခဲ့သည်​။+

တစ်​ည ဒုန်းခနဲ မြည်​သံတစ်​ခု​တောင်​တစ်​လျှောက်​လုံးပြန့်​နှံ့ သွားပြီး ဂူထဲပုန်း​နေကြသူအားလုံး လန့်​ကုန်​ကြသည်​။

"ကျူပ်​ဆင်းကြည့်​လိုက်​မယ်​'' ချင်းစယ်​ဓား​မြှောင်​ကိုယူပြီးခါးကြားထဲထိုးလိုက်​သည်​။ ''မင်းတို့ဒီမှာ​နေခဲ့ မလှုပ်​ကြနဲ့ ကျူပ်​ပြန်​လာခဲ့မယ်​''

"မသွားပါနဲ့ ။ မင်းကတစ်​ယောက်​ထဲ ဓားပြ​တွေနဲ့​တွေ့ရင်​ဘယ်​လိုလုပ်​မလဲ'' ကျန်းရှုလင်း​ပြေးပြီး ချင်းစယ်​လက်​မောင်းကိုဆွဲလိုက်​သည်​။

ချင်းစယ်​တောင့်​သွားသည်​။ ချက်​ချင်းခါထုတ်​ပစ်​လိုက်​ချင်​သည်​။ သူ​ကျောက်​စိမ်းလိုလူသား​လေးကိုလှမ်းကြည့်​လိုက်​တော့ ကျိူးယွင်​ရှန့်​ကလည်းသူ့ကိုစိုးရိမ်​နေသည့်​မျက်​လုံးများဖြင့်​ကြည့်​နေသည်​။

"ကျူပ်​ဘာမှမဖြစ်​ဘူး။ ကျူပ်​ကိုယုံ'' သူဒီစကားကို​ပြောပြီး​တောထဲတိုးဝင်​သွား​တော့သည်​။

ကျန်းရှုလင်းမျက်​လုံးများကရဲ​နေပြီး သူမိဘနဲ့​မောင်​နှမ​တွေက သူ့ကိုနှစ်​သိမ့်​ပေး​နေကြသည်​။ ကျိူးယွင်​ရှန့်​ဂူ​ပေါက်​ဝကိုသွားပြီး အပြင်​ကိုကြည့်​လိုက်​သည်​။ မီး​ရောင်​လဲ့လဲ့ မီးပွားအချိူ့က မကြာခဏ​ပေါ်လာသည်​။

ဒီ​တောထဲမှာ သစ္စာ​စောင့်​ခွေး က သူ့လူ​တွေနဲ့ပြန်​တွေ့ပြီး မှတ်​ဥာဏ်​ပြန်​ရလိမ့်​မည်​။ သူ့ကိုသူ ရှန်​ဝေ့ဖူရဲ့သားမှန်းသိသွားပြီး ဧကရာဇ်​ရဲ့စစ်​သူကြီးမှန်းသိသွားလိမ့်​မည်​။​ပေကျင်းမှာသူ့စစ်​တပ်​က ကျူံး​ဝေ၊ရှန်​စယ်​ဝေ၊ကွမ်းရန်​ဝေ၊ရင်းထျန်း​ဝေနဲ့ရန်​ဝေ တို့ရှိ​နေပြီး စစ်​သည်​ထောင်​ပေါင်းများစွာနဲ့ မြင်းတပ်​များရှိ​နေသည်​။ မြို့အပြင်​မှာ​တော့ ရန်​ကျိူး​ဝေ၊ကျိူး​ဝေ၊​ကောင်းယို့​ဝေ၊ဟွိုက်​အန်း​ဝေ၊ ကျန်းဟိုင်​ဝေ၊ချူကျိူး​ဝေ၊ထိုက်​စန်း​ဝေ နဲ့ အခြားစစ်​သည်​တွေရှိ​နေသည်​။ သူက စစ်​တပ်​မှာ အာဏာအကြီးဆုံးဖြစ်​ပြီး သူအ​ဖေ ရှန်​ဝေဟို့က​တောင်​သူနဲ့ယှဉ်​ရင်​အဆင်​တန်​ဆာသက်​သက်​သာဖြစ်​သည်​။

သူအတိတ်​မေ့ရတာက ချူယွင်​ကော၏ဧကရာဇ်​ရုတ်​တရက်​သေဆုံးသွားခြင်း​ကြောင်းဖြစ်​သည်​။ နတ်​ရွာစံမင်းကြီးက လက်​ရှိမယ်​တော်​ကြီး၏သားမဟုတ်​။ သူမကသူ့ကိုအမြဲမုန်း​နေခဲ့သည်​။ မယ်​တော်​ကြီးမှာ သားရှိပြီး သူကအသုံးမကျတာ​ကြောင့်​ဧကရာဇ်​ဟောင်းကသူ့ကိုမုန်းသည်​။ အရွယ်​ရောက်​တော့ နယ်​ကိုပို့လိုက်​ပြီး​ပေကျင်းကိုပြန်​မလာခိုင်း​တော့။ ဧကရာဇ်​ဟောင်း နတ်​ရွာစံ​တော့ ဧကရာဇ်​အသစ်​ကထီးနန်းကို​ကောင်း​ကောင်းကာကွယ်​ထားနိုင်​ပြီး လုံးဝအားနည်းချက်​မရှိသည်​ကို မယ်​တော်​ကြီးသိလိုက်​ရသည်​။ သူမအခွင့်​ကောင်းကို​စောင့်​ပြီး​နောက်​ဆုံးအစာထဲအဆိပ်​ခတ်​သတ်​ခဲ့သည်​။

မင်းကြီးအဆိပ်​ကြောင့်​သေလုဆဲဆဲအ​ခြေအ​နေမှာ သူမက ချင်းစယ်​ကို​ပေကျင်းပြန်​လာပြီး မင်းသားငယ်​(လက်​ရှိ​သေဆုံးပြီးဘုရင်​၏သား)ကိုနန်းတတ်​စေဖို့ကူညီဖို့စာပို့လိုက်​သည်​။ စာရချိန်​၌ မင်းကြီးမှာနတ်​ရွာစံ​လေပြီ။ သူမက​တော့စာထဲတွင်​မင်းကြီးအလွန်​အမင်းဖျားနာ​နေသည်​ဟုသာ​ရေးထားသည်​။ ချင်းစယ်​လည်း​ပေကျင်းကိုအမြန်​ပြန်​လာသည်​။ သူမက သူမသားကို​ပေကျင်းပြန်​ခေါ်ပြီး​သေတမ်းစာအတုကိုထုတ်​ပြန်​ကာနန်းတင်​လိုက်​သည်​။

ဒီလိုအ​ခြေအ​နေမှာ ချင်းစယ်​က သူမအကြံအစည်​ထဲက ဆူး​ညှောင့်ခလုတ်​ဖြစ်​လာမယ်​မှန်း ကြိုသိပြီး ရှင်းပစ်​ခဲ့သည်​။​နေပြည်​တော်​လာရာလမ်းတစ်​လျှောက်​ချင်းစယ်​တစ်​ယောက်​အကြိမ်​ပေါင်းများစွာ လုပ်​ကြံခံရသည်​။​နေပြည်​တော်​နှင့်​နီးမှ လူယုံသစ္စာ​ဖောက်​ခံရပြီး ဒဏ်​ရာရကာ ကျန်းရှုလင်း နဲ့​တွေ့ခဲ့သည်​။

အခုသူက သူ့ငယ်​သူငယ်​ချင်း​နောက်​လိုက်​တစ်​ယောက်​နှင့်​ပြန်​တွေ့လိမ့်​မည်​။ သူတို့အချင်းချင်း အမြဲယုံကြည်​ကြသည်​မို့ သူသရုပ်​အမှန်​ကို​သေချာရှင်းပြပြီး သမား​တော်​နဲ့ကုသ​စေက မှတ်​ဥာဏ်​ပြန်​ရ​အောင်​ကြိုးစားခဲ့ကြသည်​။

ချင်းစယ်​မှတ်​ဥာဏ်​ပြန်​ရ​တော့ မယ်​တော်​ကြီးဆီကပုန်းဖို့ ချင်းမင်​ရွာမှာဆက်​နေပြီး လျှိူ့ ဝှက်​စွာအကြံအစည်​ချသည်​။ သူလူလွှတ်​ပြီး မယ်​တော်​ကြီးသားကိုသတ်​ခိုင်းသလို နန်း​တော်​ထဲကိုယ်​တိုင်​ဝင်​ပြီး မင်းသားငယ်​ကိုကယ်​မည်​။
ကျန်းရှုလင်းက​တောင်​ပေါ်မှာ သူ့ကိုစိတ်​ပူ​နေတဲ့အချိန်​ချင်းစယ်​က​နေပြည်​တော်​သွားရာ လမ်းပင်​ရောက်​နေပြီ။

© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі