Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.6
အခန်း(၁၇)​ဝေ့ရှီရန်​ဘဝ +

နွေရာသီမနက်ခင်းမှာ နေမင်းက တောက်ပစွာ ထွက်ပေါ်လာသည်။ ကျိူးယွင်ရှန့်သည် ပြတင်းပေါက်ရှေ့ရပ်ကာ အကြောဆန့်လိုက်သည်။ ပြီး သွားတိုက်မျက်နှာသစ်ကာ ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

" Good morning, ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား " နဉ်စစ်နျန် မမျှော်လင့်ဘဲ ပထမဆုံးအကြိမ် သူ့ကို နှုတ်ဆက်စကားပြောလိုက်သည်။ နဉ်စစ်ဘေးမှာထိုင်နေတဲ့ နဉ်ဝမ်ရှုကတော့ တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။

" Good morning, မနေ့ညက ခင်ဗျားရဲ့ရှာဖွေတွေ့ရှိချက်တွေကို နှစ်သက်ရဲ့လား " ကျိူးယွင်ရှန့် စိတ်ထဲကနေ ရေရွတ်လိုက်ပေမယ့် အပြင်မှာတော့ သူ့ကို နှုတ်ဆက်လို့ ဝမ်းသာတဲ့ပုံပေါ်နေခဲ့သည်။ နီရဲနေတဲ့သူ့မျက်နှာကို ငုံ့ထားလိုက်ပြီး သူ ထိုင်နေကျထောင့်မှာ ဝင်ထိုင်လိုက်သည်။

နဉ်စစ်နျန်သည် ဒီနေ့ အလုပ်သို့ အပြေးအလွှားမသွားဘဲ သူ့သားကို စိတ်ရှည်လက်ရှည်နဲ့ ဆန်ပြုတ်ကျွေးနေခဲ့သည်။ သူ့သားကို အစာကျွေးရင်း သူ့မျက်လုံးတွေက ခေါင်းငုံ့နေတဲ့ ကောင်လေးကို ခဏခဏ လှမ်းကြည့်နေခဲ့သည်။ အပြစ်ရှိလို့ စိတ်မသိုးမသန့်ဖြစ်တာ မဟုတ်ဘူး ရှက်ရွံ့တာ။ စိတ်ဓာတ်မကောင်းတာမဟုတ်ဘူး ထိခိုက်လွယ်တာ။ အရင်က ခါးသီးတဲ့ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ မိန်းကလေးဆန်တဲ့ပုံစံတွေက အခုတော့ သိမ်မွေ့ထက်မြက်ပြီး ပျော့ပျောင်း ယဉ်ကျေးတဲ့သူအဖြစ် ဝေ့ရှီရန်ကို နဉ်စစ်နျန် မြင်လာပြီး ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ လို့ တွေးမိလိုက်သည်။ 13

အဲဒါက ပြစ်မှုတစ်ခုအတွက် တစ်ယောက်ယောက်ကို မတရားသဖြင့် သင်္ကာမကင်းဖြစ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲလိုတွေးမိတာနဲ့ နဉ်စစ်နျန် ရှက်သွားပြီး သူ့နားရွက်တွေက အနည်းငယ်နီရဲလာခဲ့သည်။ အဲအချိန်မှာပဲ ခရမ်းပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျောက်ရှင်းဖန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မိတ်ကပ်ပါးပါးလေးပဲ လိမ်းထားလို့ သူမရဲ့မျက်နှာက ကြင်နာနူးညံ့ပြီး အပြစ်ကင်းစင်ပုံပေါ်နေသည်။

" ရှင်းဖန်…မနေ့ညက ဝမ်မား ညအချိန် ရေဆင်းသောက်တာ လှေကားပေါ်က ပြုတ်ကျပြီး ခြေထောက်တွေ ကျိုးသွားတယ်။ သူ့ ကို ဆေးရုံမှာ သွားတွေ့ရအောင် ကိုယ့်​ကိုစောင့်ဦး " နဉ်စစ်နျန် ကောင်လေးထဲမှ အကြည့်လွှဲလိုက်ပြီး နွေးထွေတဲ့အသံနဲ့ ပြောလိုက်သည်။

" ဟမ်… ခြေထောက်ကျိုးသွားတယ်။ ဘာလို့ ကျွန်မ ဘာအသံမှမကြားလိုက်ရတာလဲ။ " ကျောက်ရှင်းဖန် အရမ်းအံ့သြသွားသည်။

သရုပ်ဆောင်တစ်ယောက်နဲ့ နှိုင်းယှဉ်လောက်တဲ့အမှုအရာနဲ့ ကျိူးယွင်ရှန့်ကလည်း အချိန်ကိုက် လန့်​ရှိသလို ဟန်ဆောင်လိုက်သည်။

" ဝမ်မား ပြုတ်ကျတဲ့အချိန် ကြမ်းပြင်နဲ့ခေါင်း ခိုက်မိပြီး သတိလစ်မေ့လဲသွားတယ်။ ဒီမနက် ရှောင်လီ မနက်စာလုပ်ဖို့ဆင်းလာမှ သိလိုက်တာ။ နောက် လ အနည်းငယ်တော့ ပင်ပန်းဦးမှာပဲ။ သူကို ကူညီပေးဖို့ မင်း ဆေးရုံကို မကြာခဏ သွားတွေ့လိုက်ပါ။ မင်းသိတဲ့အတိုင်း သူက ကိုယ့်​ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ ကိုယ်​တစ်ခါမှ သူ့ ကို ' နာနီ ' လို့ မတွေးခဲ့ဖူးဘူး။ " နဉ်စစ် သူ့လက်ချောင်းလေးတွေနဲ့ ကျောက်ရှင်းဖန်ရဲ့ပါးလေးကို ညင်ညင်သာသာထိတွေ့လိုက်ရင်း ပြောလိုက်သည်။ သူပုံစံက ရင်းရင်းနှီးနှီးနဲ့ ကြင်နာနူးညံ့ပုံပေါ်နေပေမယ့် သူရဲ့ နက်မှောင်တဲ့မျက်လုံးထဲတွင် ခံစားချက်မပါ အေးစက်မှုတွေ ကိန်းအောင်းနေခဲ့သည်။

သူကလည်း ဇာတ်ကားရိုက်ကူးနိုင်တဲ့အဆင့်ရှိ သရုပ်ဆောင်တဦးပဲ။ 4

ကျောက်ရှင်းဖန်သည် သံသယနည်းနည်းရှိနေပေးမယ့် နဉ်စစ်ပြောတာကြားပြီး မေ့သွားကာ နူးညံ့တဲ့မျက်နှာနဲ့ ကတိပေးသဘောတူလိုက်သည်။ ဒါပေမယ့် သူမစိတ်ထဲတော့ သေသွားဖို့ ဆုတောင်းလိုက်သည်။ ဒီအဘွားအိုက တစ်ခါမှမကျဖူးပါဘူး။ အခုမှ ဘာလို့ အဲလိုဖြစ်ရတာလဲ။ ငါ့အစီအစဉ်တွေကိုကော အခု ဘယ်လိုလုပ်မလဲ။ ဘယ်သူက စီမံဆောင်ရွက်ပေးတော့မှာလဲ။ ဝေ့ရှီရန်ကို ငါ့မျက်စိအောက်မှာ နောက်ထပ် လ အနည်းငယ် နေခွင့်ပြုရမှာလား။ ချန်ယွိက ' နဉ် ' အိမ်ကို မကြာခဏ ဝင်နေ ထွက်နေတာ။ တစ်နေ့နေ့မှာ ဝေ့ရှီရန် သူ့ကို ပြီးတော့ ငါတို့နှစ်ယောက်ကို အတူတူ မတွေ့ဘူးဆိုတာ အာမ,မခံနိုင်ဘူး။

သူမရင်ဘတ်ထဲ မွန်းကျပ်သလိုခံစားလိုက်ရပြီး သူမရဲ့ပါးစပ်ကို ဖွင့်ဖို့ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
" စစ်နျန်…ကလေးကိုကော ဘယ်လိုလုပ်မှာလဲ "
စကားပြောပြီး ဝေ့ရှီရန်ကိုလည်း အဓိပ္ပာယ်ပါပါနဲ့ ဖျတ်ကနဲ လှမ်းကြည့်လိုက်သည်။

အဲဒါက ရှီရန်ကို ဘယ်လို ကြံစည်ထားလဲဆိုတာ မသိမသာသတိပေးချင်တာလား။ နဉ်စစ်သည် စိတ်ထဲ လှောင်ရယ်လိုက်ပေမယ့် သူ့မျက်နှာမှာတော့ အကူအညီကင်းမဲ့နေတဲ့အကြည့်နဲ့ " မနေ့က ငါ့မိဘတွေ ဖုန်းဆက်လာတယ်။ ကလေးတွေကို ဂရုစိုက်ပေးဖို့ ဆရာဝန်တစ်ဦး အခကြေးငွေပေး ဌားရမ်းပြီးပြီ ပြောတယ်။ ဒေါက်တာချင်လီ ခဏနေ ဒီကို ရောက်လာလိမ့်မယ်။ သူမက ဆက်ကျော်သက်အရွယ် စိတ်ကျန်းမာရေးဌာန ခေါင်းဆောင် ပြီးတော့ ငယ်ရွယ်တဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သုတေသနလုပ်ဖူးတယ်။ သူမသာ ကလေးတွေကို ကောင်းကောင်းဂရုစိုက်ရင် သူတို့ မြန်မြန်ဆန်ဆန် သက်သာကောင်းမွန်လာမှာပါ။ "

ဒါဆို ဝေ့ရှီရန်ကို အိမ်ကနေ မမောင်းထုတ်တော့ဘူးလို့ ဆိုလိုချင်တာလား။ ဝေ့ရှီရန်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို နဉ်စစ်က သက်သာပျောက်ကင်းစေချင်နေတာလား။ တကယ်ပါပဲ လူကြီးတွေက အရမ်းစပ်စုတာပဲ။ ကျောက်ရှင်းဖန်းစိတ်ထဲ မကျေမနပ်ဖြစ်သွားပေမယ့် ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။

မနက်စားပြီးနောက် ဒေါက်တာချင်လီ ရောက်လာခဲ့သည်။ သူမက အသက်ခြောက်ဆယ်နီးပါးရှိနေပြီး သူမက စကားကို မြန်မြန်ဆန်ဆန်မပြောဘဲ ဖြည်းဖြည်းနဲ့ နူးနူးညံ့ညံ့ပြောသည်။ သူမရဲ့စကားပြောပုံက နွေဦးရာသီ လေပြေလေညှင်းလေး တိုက်သွားသလို ခံစားရစေတာကြောင့် သူမကို နဉ်ဝမ်ရှု မငြင်းပယ်ခဲ့ဘူး။

နဉ်စစ်နျန်သည် ကုမ္ပဏီမသွားခင် စာကြည့်ခန်းထဲတွင် ချင်လီနဲ့ တစ်နာရီနီပါးကြားအောင် စကားပြောနေခဲ့သည်။ ကျောက်ရှင်းဖန်သည် ချင်လီနဲ့ နဉ်ဝမ်ရှု စတူဒီယိုထဲတွင် ဝေ့ရှီရန်ကို တွေ့တော့ သူတို့တွေကို ကြမ်းတမ်းစွာ ပြင်းပြင်းထန်ထန် ကန့်ကွက်တားဆီးချင်ပေမယ့် မသင်္ကာမဖြစ်စေချင်လို့ ငြိမ်နေလိုက်သည်။ ပြီးတော့ နဉ်စစ်ကို ပြန်ပြောပြမှာလည်း စိုးရိမ်တယ်။ နောက်ဆုံးမှာတော့ ခြင်းတောင်းကို ကောင်းကောင်းပြင်ဆင်ပြီး ဝမ်မားနဲ့တွေ့ဖို့ ဆေးရုံသို့ ထွက်လာလိုက်သည်။

ဝမ်မားရဲ့ ခြေထောက်နှစ်ဘက်လုံး အသုံးပြုလို့မရတော့ဘူး။ အဲဒါက နဉ်စစ်နျန်က ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး အကြင်နာမဲ့ရက်စက်တတ်တယ်ဆိုတာကို နားလည်သဘောပေါက်စေတယ်။ သူမ ကျောက်ရှင်းဖန်းကို အရိပ်အမြွတ် ဘယ်လိုပြောပြရဲမှာလဲ။ 1

" ရှင်းဖန်း… မင်းတွေ့တဲ့အတိုင်း ဒါက အချိန်မကျသေးဘူး။ ဝေ့ရှီရန်နဲ့ နဉ်ဝမ်ရှု ? မင်းကိုယ်တိုင်လုပ်ဖို့ စဉ်စားနေတာလား။ မဖြစ်ဘူး …မင်း လုပ်လို့မဖြစ်ဘူး!  နဉ်စစ်က ငါ့ကို ခေါင်းကိုင်မိခင်လို့ သတ်မှတ်ထားတာ ငါ့ကို သံသယဝင်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းကတော့ မတူဘူး။ မင်းက မိထွေး မင်း ဝမ်ရှုကို ရိုက်ရင် သူ မင်းကို ကြောက်လန့်ပြီး နဉ်စစ်ကလည်း သေချာပေါက် မင်းကို သင်္ကာမကင်းဖြစ်မှာပဲ။ ဒါကြောင့် ငါ ဆေးရုံကဆင်းခွင့်ရရင် မင်းကို ကူညီပေးမယ်။ ပိုက်ဆံက……"

ပိုက်ဆံအကြောင်း မဟုတ်သလို လုပ်ဖို့ ကြိုးစားနေတာလား။ စကားပုံတစ်ခုရှိတယ်။ " ပိုက်ဆံက အရမ်းအရေးကြီးပြီး ဝိညာဉ်တွေ နတ်ဆိုးတွေကိုတောင် မင်းအတွက် အလုပ်လုပ်ပေးဖို့ ဝယ်ယူနိုင်တယ်။ " ကျောက်ရှင်းဖန်း စိတ်ထဲရယ်မောလိုက်ပေမယ့် ဝမ်မား ပြောတာမှန်တယ်ဆိုတာတော့ ဝန်ခံရမယ်။ တကယ်လို့ သူမကိုယ်တိုင် ဝမ်ရှုကို ညှင်းပန်းနှိပ်​စက်​ရင်​ခဏလေးနဲ့ နဉ်စစ်နျန် သံသယဖြစ်လာမှာ။ အစကတော့ ဝမ်ရှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ မရည်ရွယ်ထားဘူး။ ဒါက မတော်တဆတိုက်ဆိုင်သွားတဲ့ အခွင့်အရေးပဲ။

လောလောဆည် ဒီတိုင်းထားလိုက်ဦးမယ်။ မျိုးမစစ်ကလေးငယ်အတွက် ဝမ်မား ဆေးရုံက ဆင်းလာတဲ့အထိ စောင့်လို့ရတယ်။ အရင်ဆုံး ဝေ့ရှီရန်ကို ပထုတ်ဖို့ နည်းလမ်းအမြန်ဆုံးရှာရမယ်။ ကျောက်ရှင်းဖန် သူမခေါင်းထဲ အဖြေကို အသည်းအသန်စဉ်းစားတွေးတောနေချိန်တွင် ကျိူးယွင်ရှန့်နှင့် နဉ်ဝမ်ရှုတို့ ရင်းနှီးမှုသည် ပို ပိုပြီး ရင်းနှီးကျွမ်းဝင်လာခဲ့သည်။

ချင်လီသည် ဆက်ကျော်သက်လူငယ်တွေအတွက် စိတ်ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့ ထိုက်တန်သည်။ သူမသည် ကလေးနှစ်ယောက်လုံးနဲ့ စကားမပြောဘူး။ သူတို့အနားလည်း တမင်သက်သက် နီးကပ်အောင် မနေဘူး။ သူမသည် ကလေးနှစ်ယောက်ကို အတူတကွ နေစေပြီး သူတို့ကြားကပျော်ရွှင်မှုကို သူတို့ကိုယ်တိုင် စူးစမ်းရှာဖွေစေခဲ့သည်။

ဝမ်ရှု ကျိူးယွင်ရှန့်အနား ကပ်နေတဲ့အချိန် ဥယျာဉ်၏အရိပ်ရတဲ့နေရာအောက် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူမအနား သူတို့ မချဉ်းကပ်လာမချင်း သူမကလည်း မရွေ့လျားဘူး။

ဒီကလေးထိန်း နာနီက ဝမ်မားထက် ပိုကောင်းတယ်လို့ ဝမ်ရှု ခံစားမိလိုက်သည်။

ကျိူးယွင်ရှန့်သည် system ရဲ့ဖိနှိပ်မှုကြောင့် ဗီလိန်ဖြစ်နေပေမယ့် အမှန်တကယ်ကတော့ သူက ဆိုးသွမ်းတဲ့လူငယ် မဟုတ်ခဲ့ဘူး။ အမှန်တော့ မြုပ်နှံသဂြိုလ်ခြင်း မခံရဘဲ အကြိမ်ပေါင်းများစွာသေဆုံးပြီး တစ်ဘဝမှ နောက်တစ်ဘဝသို့ ကူးပြောင်းခံရတာကြောင့် ကျိူးယွင်ရှန့်သည် အနည်းနဲ့ အများ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ထိခိုက်ခဲ့ပေမယ့် ကလေးကို မုန်းတီးဖို့ အမှန်တကယ့်ကို ခက်ခဲသည်။

နဉ်ဝမ်ရှုသည် ကျိူးယွင်ရှန့်ပေါင်ပေါ်တွင် ထိုင်နေပြီး အရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေတာကြောင့် တိတ်တဆိတ်နဲ့ပဲ သက်ပြင်းချနိုင်တော့သည်။ ပြီးနောက် ကင်းဗတ်စကို စနစ်တကျဖြစ်အောင် ကူညီပေးလိုက်ပြီး သေးငယ်တဲ့လက်လေးကို ကိုင်ကာ မျဉ်းဖြောင့်ကို ဘယ်လိုဆွဲရတယ်၊ မျဉ်းကွေးကို ဘယ်လိုဆွဲ၊ စက်ဝိုင်းကို ဘယ်လိုဆွဲ စသည့်ဖြင့် သင်ကြားပေးနေလိုက်သည်။

အခြေခံအကြောင်းတွေက လူကြီးတွေအတွက်တော့ အရမ်းပျင်းစရာကောင်းပေမယ့် ဝမ်ရှုကတော့ သူ့စိတ်တစ်ခုလုံး နစ်ထားပြီး ထပ်ခါ ထပ်ခါ လေ့ကျင့်နေခဲ့သည်။ အချိန်တစ်ခု ကုန်ဆုံးသွားချိန်တွင် ဝမ်ရှုသည် ပန်းချီပညာတွင် ပင်ကိုစွမ်းရည်ရှိတာကို ကျိူးယွင်ရှန့် ရှာတွေ့သွားပြီး လေးနက်စွာနဲ့ ဆက်လက်သင်ကြားပေးခဲ့သည်။

နဉ်စစ်တွင် မကြာမီသေးမီက အကျင့်ဆိုးတစ်ခု ပေါ်လာသည်။ နေ့လည်စာ စားချိန်တိုင်း သူသည် ကွန်ပြူတာကို ထိုင်ပြီး စိုက်ကြည့်နေသည်။ အတွင်းရေးမှူး သူ့အတွက် ကော်ဖီတခွက် ယူလာချိန်တွင်လည်း ကွန်ပြူတာမျက်နှာပြင်ကို စိုက်ကြည့်နေတာ တွေ့လို့ တိတ်ဆိတ်စွာ ပြန်ထွက်သွားလိုက်သည်။

ဒါပေမယ့် ကွန်ပြူတာမျက်နှာပြင်တွင် မျှောင်လင့်ထားသော ဈေးကွက်တွင် ရောင်းချရမည့် ကုန်ပစ္စည်းဈေးနှုန်းတွေ တခြားစီးပွားရေးအချက်အလက်တွေ မဖော်ပြနေဘဲ ကြီးတဲ့တစ်ယောက်နဲ့ ငယ်တဲ့တစ်ယောက်ရဲ့ ပုံသဏ္ဌာန်နှစ်ခုပဲ ရှိနေခဲ့သည်။ 9

သေးသွယ်ကျစ်လစ်တဲ့ ဆယ်ကျော်သက်လေးက ကလေးငယ်ကို သူ့လက်မောင်းတွေကြား ပွေ့ထားရင်း ကြီးမားတဲ့သူ့လက်က ကလေးရဲ့လက်ကို ကိုင်ကာ ကင်းဗတ်ပေါ်တွင် ပုံဆွဲနေသည်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ဒီနေ့အတွက် ဆွဲစရာ ပန်းသီးတစ်လုံးနဲ့ ဌက်ပျောသီးတစ်လုံး ရှိနေသည်။

ကောင်လေးသည် ကလေးရဲ့လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ကာ လွတ်လွတ်လပ်လပ် ရေးဆွဲခွင့်ပေးလိုက်ပြီး ခြေနှစ်လှမ်းနောက်ဆုတ်လိုက်သည်။ သူရဲ့ကြင်နာနူးညံ့တဲ့မျက်လုံးက ကလေးပေါ် အာရုံစူးစိုက်ထားသည်။ အတန်ကြာပြီးနောက် သူသည် ဆေးစပ်ကတ်ပြားနဲ့ စုတ်တံကို ကောက်ကိုင်လိုက်ပြီး သူရဲ့ကိုယ်ပိုင် အဖြူရောင်ကင်းဗတ်စပေါ်တွင် အမြန် စတင်ရေးဆွဲလိုက်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ မကြာခဏ ကလေးကို လှမ်း,လှမ်းကြည့်နေခဲ့သည်။

သူသည် ရှေးအကျဆုံး ပန်းချီပညာကို အသုံးပြုတာကြောင့် ပါးလွှာတဲ့အရောင်တွေက လွဲလို့ မင်း တခြားဘာပုံစံမှမမြင်နိုင်ပေမယ့် ပန်းချီဆွဲတာပြီးဆုံးသွားရင် ပန်းချီကား ဘယ်လောက်တောင် အံ့သြဖွယ်ကောင်းတာကို သူကိုယ်တိုင်ပဲ သိနိုင်သည်။ သူ့စိတ်တစ်ခုလုံး ပန်းချီဆွဲခြင်းတွင် တဖြည်းဖြည်းချင်း နစ်မျောသွားချိန် ရုတ်တရတ် သူ့အဝတ်ကို ကလေး လာဆွဲသည်။

စုတ်တံကိုင်ထားသည့်လက် ခါရမ်းသွားတာကြောင့် စုတ်တံအောက်က သုတ်ထားသော ဆေးအရောင်သည် အနည်းငယ် ထူသွားသည်။ ဒါပေမယ့် စိတ်မဆိုးပဲ ကလေးရဲ့ပန်းချီကို အသိအမှတ်ပြုရန် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ ဘာမှမပြောပေမယ့် သဘောကျကြောင်း ဖော်ပြရန် ကလေးရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။ ကလေးရဲ့နှုတ်ခမ်းတွင် ပျော်ရွှင်အားရမှုပုံရိပ်တွေ ထင်ဟပ်နေခဲ့သည်။

သူတို့သည် ဆိတ်ငြိမ်အေးချမ်းစွာနဲ့ ပျော်ရွှင်နေပြီး ပြတင်းပေါက်အပြင်ဘက်ကနေရောင်သည် လူတိုင်းကို နွေးထွေးစေသည်။ နဉ်စစ်နျန်သည် သူတို့ကို အချိန်အကြာကြီး ကြည့်နေပြီး သူ့အမှုအရာက နူးညံ့နေသည်။

ရုတ်တရတ် ကောင်လေးသည် ထူးဆန်းတာတစ်ခုခုကို ရှာတွေ့သွားပုံပေါ်ပြီး ဖန်သားပြင်ကို စိုက်ကြည့်လာသည်။ နဉ်စစ်နျန်သည် သားရေထိုင်ခုံပေါ်တွင် ချက်ချင်း တောင့်တင်းသွားသည်။ လူငယ်လေး အကြည့်လွဲသွားတော့မှ သူ အသက်ရှုဖို့မေ့နေတာကို သတိထားမိလိုက်သည်။ 9

သူ ရှာတွေ့သွားပြီလား။ နဉ်စစ်စိတ်ထဲ သံသယတွေနဲ့ ပြည့်နှက်သွားသည်။ နေ့တိုင်း ချောင်းကြည့်တဲ့အကျင့်က တော်တော်လေး ဆိုးရွားတာ သိပေမယ့် သူ မထိန်းချုပ်နိုင်ခဲ့ဘူး။ အဲအချိန်အခိုက်အတန့်မှာပဲ လူငယ်လေးမှာ လှပတဲ့မက်မွန်သီးသဏ္ဌာန် မျက်လုံးတစ်စုံ ရှိနေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားသည်။ ရှီရန်ရဲ့မျက်နှာက အမြဲတမ်းမျက်နှာသေဖြစ်နေပြီး စိတ်ရှုပ်တဲ့ပုံစံဖြစ်နေတာတောင်မှ သူ ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်ရင် လူတွေ သူ့အပေါ် လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာစေသည်။ 9

နဉ်စစ်နျန်ရဲ့ နှလုံးသားသည် မထိန်းချုပ်နိုင်အောင် နှလုံးခုန်မြန်လာပြီး ဆေးလိပ်ကို သောက်ကာ ဖန်သားပြင်ဆီ ရုတ်တရတ်လေမှုတ်ထုတ်လိုက်သည်။ အချိန်အတော်ကြာမှ သူ့စိတ်တွေ တဖြည်းဖြည်း အနည်ထိုင် တည်ငြိမ်သွားသည်။ ဒါပေမယ့် သဘောကျနှစ်သက်တာကြောင့် အဲပုံစံအတိုင်း ထိုင်နေပြီး တိတ်ဆိတ်စွာနဲ့ ဖန်သားပြင်က ဆယ်ကျော်သက်ကောင်လေးကို ကြည့်နေရင်း အချိန်တွေ အေးအေးဆေးဆေးကုန်ဆုံးသွားသည်။

ကျိူးယွင်ရှန့်သည် နဉ်စစ်နျန် သူ့ကို ထိုင်ကြည့်နေတာ သိတာကြောင့် နဉ်စစ်လန့်သွားအောင် ကင်မရာကို တမင်သတ်သတ် စိုက်ကြည့်လိုက်သည်။ တွေ့သွားမှာကြောက်လို့ လန့်သွားတဲ့မျက်နှာနဲ့ အသက်အောင့်ထားမည့် နဉ်စစ်ရဲ့ပုံစံကို စိတ်ကူးကြည့်ရင် ပျော်ရွှင်နေခဲ့သည်။ 5

ဝမ်ရှုရဲ့ ပထမဆုံး ပန်းချီလက်ရာကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် ကျိူးယွင်ရှန့်သည် ခဲတံနဲ့ ပုံကြမ်းဆွဲစာအုပ်ကို ဆွဲယူလိုက်ပြီး အပြင်တွင် ပုံကြမ်းဆွဲရန် ခေါ်သွားလိုက်သည်။

စတူဒီယိုသည် ဗလာဖြစ်နေပြီး အချိန်အတန်ကြာတဲ့အထိ ဘယ်သူ့မှ မဝင်လာဘူး။ နဉ်စစ်နျန်သည် သူ့နှလုံးသားထဲ လစ်ဟာသွားသလို ခံစားလိုက်ရသည်။ သူသည် တခြားစောင့်ကြည့်ဗီဒီယိုတွေကို အလျင်အမြန် ဖွင့်ကြည့်ပေမယ့် လူနှစ်ယောက်ကို လုံးဝရှာမတွေ့ဘူး။ သူသည် စိုးရိမ်ပူပန်လာပြီး စီးကရက်ကို လွှင့်ပစ်ကာ ကျောက်ကျွင့်ဆီ ဖုန်းခေါ်လိုက်သည်။

" သူတို့တွေ ရေကန်ဘေးမှာ ပုံဆွဲနေတယ်။ အဲဒါက အများဆိုင်နေရာဖြစ်လို့ ကင်မရာတွေ မတပ်ထားဘူး။ တကယ်လို့ တပ်စေချင်ရင် ကျွန်တော် တပ်ထားပေးပါမယ်။ ဒါပေမယ့် သူဌေး… မစ္စတာဝေ့က သာမာန်လူပါ။ သူ့အကျင့်စရိုက်ကလည်း ကောင်းတယ်။ " ကျောက်ကျွင့် လူနှစ်ယောက်နဲ့ မလှမ်မကမ်းတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို လေ့လာရင်း ဖုန်းပြောနေသည်။

" သူတို့သွားတဲ့နေရာတိုင်း ကင်မရာတွေ တပ်ဆင်လိုက်။ ငါ သူတို့ဘာလုပ်တယ်ဆိုတာ အချိန်တိုင်း သိချင်တယ်။ " အနည်းငယ်စိုးရိမ်ပူပန်နေတဲ့ အသံနဲ့ ပြောလိုက်ပြီး စက္ကန့်အနည်းငယ် ခဏနားလိုက်ကာ ဆက်ပြောလိုက်သည်။ " ဝေ့ရှီရန်ကို သံသယဝင်နေတာမဟုတ်ဘူး။ သူ လူကောင်းဆိုတာ ငါ သိတယ်။ " 1

ဝေ့ရှီရန်ကို စောင့်ကြည့်ရတာ၊ သူရဲ့လှုပ်​ရှားမှုတိုင်း​ဂရုတစိုက်​ကြည့်​ရတာ ပြီးတော့ အဲလိုကြည့်ရတာ သဘောကျနှစ်သက်တယ်။ အဲလိုလုပ်တာ ပုံမှန်မဟုတ်မှန်းလည်း နဉ်စစ်နျန်လည်း ခံစားမိပေမယ့် မစွန့်လွှတ်နိုင်ဘူး။ အဲဒါနဲ့ပတ်သက်ပြီး သူ တော်တော် အကူအညီမဲ့နေသလို ခံစားနေရသည်။ 5

ကျောက်ကျွင့်သည် သဘောတူ ခေါင်းမငြိမ့်ခင် ခဏလောက် တိတ်ဆိတ်နေပြီးမှ ဖုန်းချလိုက်သည်။ စက္ကန့်ဝက်လောက်တွင် ဖုန်း နောက်တခါ မြည်လာပြီး ခေါ်ဆိုသူကလည်း သူဌေး ဖြစ်နေသည်။

" သူဌေး… ဘာဖြစ်လို့လဲ "

" မင်းအိမ်မှာလည်း မော်နီတာ ရှိတယ်မလား။ ရှီရန်ရဲ့ လှုပ်ရှားမှုတိုင်း တွေ့နိုင်လား။ "

" ဟုတ်ကဲ့… ဘာပြဿနာရှိလို့လဲ။ ကျွန်တော် တစ်ချိန်လုံး စောင့်ကြည့်နေရမှာလား။ "

" မဟုတ်ဘူး… အခုချက်ချင်း အဲဒါကို ဖယ်လိုက်…… ပြီးတော့ နောက်ပိုင်း မင်း ဝေ့ရှီရန်ကို စောင့်ကြည့်ခွင့် မရှိဘူး။ " ခဏလောက်တိတ်ဆိတ်သွားပြီး နဉ်စစ် ခက်ထန်တင်းမာစွာနဲ့ ဆက်ပြောလိုက်သည်။ " သူ့စကားတွေကို နားထောင်ခွင့်လည်း မပြုဘူး။ " 21

" ဟုတ်ကဲ့… သိပါပြီ " ကျောက်ကျွင့် ဖုန်းချလိုက်သည်။ သူသည် သူ့သူဌေးရဲ့စိတ်တွေ ပို ပိုပြီး ခန့်မှန်းရခက်လာပုံကို တိတ်တဆိတ် တွေးတောနေလိုက်သည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі