Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.6
အခန်း(၆) ကျိူးယွင်​ရှန့်​ဘဝ +

ကျိူးယွင်​ရှန့်​ထင်​သည်​ကသူနှင့်​တုရွှီလန်​နောက်​တစ်​ဆင့်​ကိုအလျင်​အမြန်​တက်​နိုင်​မည်​ဟု။သို့​သော်​တုရွှီလန်​၏အ​တွေးများကသူ့ခံမှန်းချက်​နှင့်​လုံးဝမတိုက်​ဆိုင်​ပေ။ တစ်​ဖက်​ကသူ့ကိုအ​လေးအနက်​လိုက်​ပိုး​နေသည်​မှာသိသာလွန်းသည်​။ သုံး၊​လေး၊ငါးရက်​တစ်​ခါဖုန်း​ခေါ်​လေ့ရှိသည့်​အပြင်​တစ်​ခါတစ်​လေ တစ်​ရက်​ထဲပင်​သုံး၊​လေး၊ငါးခါ​ခေါ်တတ်​သေးသည်​။ မကြာခဏဆိုသလိုအလည်​လာပြီး ညစာလည်းအတူစားရန်​ဖိတ်​ခေါ်​သေးသည်​။သို့​သော်​ထမင်းစားရန်​သက်​သက်​သာဖြစ်​ပြီး မည်​သည့်​အ​ကြောင်းအရာမှမပို​ပေ။ အားလပ်​ရက်​တိုင်း​ဈေးကြီးကြီးလက်​ဆောင်​များလည်းပို့​လေ့ရှိ​သေးသည်​။ 1

တုရွှီလန်​၏ပိုးပန်းမှုများကိုသူ​ကြွေသည်​ကို​တော့ ကျိူးယွင်​ရှန့်​ဝန်​ခံပါသည်​။ တုရွှီလန်​၏အပြုအမူများကအရမ်းကိုအ​လေးအနက်​ရှိ​သေးသားပဲ။ သူ့လို အဓိကဇာတ်​လိုက်​မင်းသားနှင့်​မင်းသမီးကြားမှာ​မြေစာပင်​ပေါင်းကူးတံတားအဖြစ်​အ​သေဆိုးနှင့်​သေခဲ့ရသည့်​ဗီလိန်​တစ်​ယောက်​အဖို့ မည်​သည့်​ဘဝမှအချစ်​စစ်​ကိုမခံစားခဲ့ရ​ပေ။ဘဝတိုင်းသစ္စာ​ဖောက်​ခံရပြီးခံပြင်းဖွယ်​နာကျင်​ခဲ့ရသည်​။ ထို့​ကြောင့်​ကျိူးယွင်​ရှန့်​ကိုယ့်​ကိုယ်​ကို ချစ်​ဖို့ထုံ​ပေ​နေပြီဟုပင်​ထင်​ထားသည်​။ သို့​ပေမယ့်​system ကိုပြန်​လည်​အနိုင်​ယူပြီး​နောက်​သူ့ရင်​ထဲတွင်​မြှုပ်​နှံထားသည့်​ဆန္ဒတစ်​ခုကတဖြည်းဖြည်းချင်းပြန်​လည်​ထွက်​ပေါ်လာပြန်​သည်​။ တုရွှီလန်​သာအမှန်​တကယ်​ဆုံးဖြတ်​ထားလျှင်​သူသည်​လည်းဆန္ဒရှိသည်​။ နှစ်​ဦးသားအချိန်​အကြာကြီးအတူမရှိနိုင်​လည်းပြသာနာမဟုတ်​ပေ။

သူ​တွေး​နေစဉ်​မှာပင်​စားပွဲ​ပေါ်မှဖုန်းသံမြည်​လာ​တော့သည်​။ တစ်​ဖက်​မှာသံလိုက်​ကဲ့သို့ဆွဲငင်​အားရှိသည့်​အသံတစ်​ခုထွက်​ပေါ်လာပြီး ''ကိုယ်​ပို့လိုက်​တဲ့နာရီကိုကြိုက်​ရဲ့လား။ကိုယ်​လည်းတစ်​ပုံစံထဲဝယ်​ထားတယ်​အရမ်းလိုက်​တယ်​...'' 1

[Note-တုရွှီလန်​ကဲ့သို့မချမ်းသာလျှင်​ထိုကဲ့သို့ ပိုးပန်းနည်းကို​မေ့လိုက်​ပါ] 46

ဂျပန်​နိုင်​ငံ ————

တုရွှီလန်​သည်​မိုး​မျှော်​တိုက်​၏အမြင့်​ဆုံးအထပ်​တွင်​မတ်​တပ်​ရပ်​ပြီးဖုန်း​ပြောလျှက်​ရှိသည်​။ အသံတို့ကချိူသာပြီးနှုတ်​ခမ်းမှာလည်းပြုံး​နေ၏။တစ်​ဖက်​မှတစ်​ခုခုရယ်​စရာ​ပြောလိုက်​ပုံရ၏ ထို့​ကြောင့်​သူ့မျက်​လုံးတို့ကရွှင်​မြူးရိပ်​သန်းပြီး ရယ်​သံတို့လည်းချိူ​နေသည်​။

"အင်း ကိုယ်​သိပြီ။​နောက်​ပတ်​တွေ့ကြမယ်​နေရာကို​တော့မင်း​ရွေး​ပေါ့'' သူ့တူတံခါးမ​ခေါက်​ပဲဝင်​လာသည်​ကိုမြင်​တော့ တုရွှီလန်​မျက်​မှောင်​ကြုတ်​ပြီးဖုန်းချလိုက်​သည်​။

ကျိူးဝန်​ကျင့်​ကသူ့ဦး​လေးကိုစူးစမ်းသလိုကြည့်​နေသည်​။ ဘယ်​လိုလူကများသူ့ဦး​လေးကိုဒီလိုနူးညံ့​စေသလဲသူစိတ်​ဝင်​စားလှပါဘိ။ ''ဦး​လေး ကျွန်​တော့်​အတွက်​အ​ဒေါ်ရှာ​တွေ့ထားပြီလား'' သူခပ်​နောက်​နောက်​မေးလိုက်​သည်​။ 4

'အ​ဒေါ်'ဆိုသည့်​နာမ်​စား​ကြောင့်​တုရွှီလန်​တော်​တော်​ကျေနပ်​သွားပုံရသည်​။ သူရယ်​လိုက်​ပြီး​ခေါင်းညိမ့်​လိုက်​သည်​။ ''ဟုတ်​တယ်​။ မင်းအတွက်​အ​ဒေါ်ရှာ​တွေ့ထားပြီ''ထို့​နောက်​သတိ​ပေးသည့်​လေသံဖြင့်​''ငါမင်းတို့ကိုမိတ်​ဆက်​ပေးတဲ့အခါ မင်းတို့အချင်းချင်းသင့်​မြတ်​ရမယ်​နော်​'' 3

သင့်​မြတ်​ရမယ်​? ကျိူးဝန်​ကျင့်​စိတ်​ထဲတွင်​မှတ်​ထားလိုက်​ပြီး​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံပါမည်​စုကတိ​ပေးလိုက်​သည်​။သူအခုတုရွှီလန်​ရဲ့သရုပ်​မှန်​ကိုသိပြီးသွားပြီ။ ပထမခံစားမိတာ မယုံကြည်​နိုင်​တာ၊ဒုတိယကအံ့သြမိတာ​နောက်​ဆုံးက​ကြောက်​ရွံမိခြင်းဖြစ်​သည်​။ သူတို့နှစ်​ဦး၏မူလဆက်​ဆံ​ရေးအတိုင်းပြန်​ဖြစ်​ဖို့တစ်​နှစ်​ပင်​အချိန်​ပေးလိုက်​ရသည်​။ တုရွှီလန်​၏​စောင့်​ရှောက်​မှု​အောက်​တွင်​သူအခုကိုယ်​ပိုင်​ကုမ္ပဏီတစ်​ခုကို​ထောင်​နိုင်​ပြီဖြစ်​သည်​။ ကုမ္ပဏီကလည်း​အောင်​မြင်​နေပြီး အလားအလာကလည်း​ကောင်းသည်​။ သူအခုကျိူးမိသားစု၏အနှိမ်​ခ၊ံအနိုင်​ကျင့်​ခံတရားမဝင်​သားမဟုတ်​တော့။ ဂျပန်​နိုင်​ငံတွင်​သူစီးပွား​ရေးလုပ်​ငန်းရှင်​များနှင့်​တွေ့ဆုံလျှင်​သူတို့ကသူ့နံမည်​ကိုတ​လေးတစားနှင့်​ခေါ်ပြီးနှုတ်​ဆက်​ကြသည်​။

ဒါ​တွေအားလုံးကတုရွှီလန်​သူ့ကို​ပေးခြင်းဖြစ်​သည်​။ တကယ်​လို့တုရွှီလန်​ကိုယ်​ပိုင်​မိသားစုတည်​ထောင်​လိုက်​လျှင်​ဒီ​သွေးမ​တော်​သားမစပ်​တူကိုကြင်​ကြင်​နာနာဆက်​ဆံအုန်းပါ့မလား? သူ့ဇနီးနဲ့က​လေး​တွေက​တော့ ကျိူးဝန်​ကျင့်​တည်​ရှိမှုကိုသ​ဘောကျပါ့မလား? ထိုအ​တွေးတို့​ကြောင့်​ကျိူးဝန်​ကျင့်​ရင်​လေးရပြန်​သည်​။

သူ့မျက်​လုံးမှအရိပ်​အ​ရောင်​များကတုရွှီလန်​၏အကဲခတ်​မှု​အောက်​တွင်​ပြေးမလွတ်​ပေ။ တုရွှီလန်​စိတ်​ပျက်​မိသည်​။ ရှန့်​သည်​လည်းသူ့သရုပ်​မှန်​ကိုသိထားသည်​။ သို့​ပေမယ့်​သူ့ဆက်​ဆံပုံကယခင်​နှင့်​မခြား​ပေ။ သူ့တူ​လေးက​တော့ကြိုးစားဖုံးကွယ်​ထား​ပေမယ့်​ကြောက်​စိတ်​နဲ့သူစိတ်​ကျေနပ်​အောင်​အတင်းကြိုးစား​နေတာ​ပေါ်လွင်​နေ​သေးတယ်​။ ယခင်​ကယွင်​ရှန့်​ကိုသူ့တူထက်​အရည်​အချင်းနိမ့်​သည်​ဟုထင်​ခဲ့သည်​။အခု​တော့သူ့အမြင်​ကတတ်​တတ်​စင်​အောင်​လွဲ​နေသည်​။

ကျိူးဝန်​ကျင့်​သူ့ဦး​လေးသူ့ကိုအကဲခတ်​နေသည်​ကိုသတိထားမိတာ​ကြောင့်​စိတ်​လှုပ်​ရှားလာပြီးnotebookကိုဖွင့်​လို့စကားလမ်း​ကြောင်း​ပြောင်းလိုက်​သည်​။ ''ဒီ​နေ့က ''business war'' ရဲ့​နောက်​ဆုံး​နေ့ပဲ။ ဦး​လေးဂုဏ်​ယူရ​အောင်​ကျွန်​တော်​ပထမရ​အောင်​ရ​အောင်​ယူမယ်​''

"အို? ဒီ​နေ့က​နောက်​ဆုံး​နေ့လား'' တုရွှီလန်​ကွန်​ပျူတာစခရင်​ဆီ​လျှောက်​သွားပြီးကြည့်​လိုက်​သည်​။

"Trade war'' ဆိုသည်​မှာ Noah universal ၏ free online gameတစ်​ခုဖြစ်​သည်​။ နည်းပညာအရည်​အ​သွေးပြည့်​ဝမှု​ကြောင့်​ပတ်​ဝန်းကျင်​နှင့်​အချက်​အလက်​များကလက်​တွေ့ဘဝနှင့်​မကွာ​ပေ။ထို့​ကြောင့်​စီးပွား​ရေးလုပ်​ငန်းရှင်​အများစုကသူတို့သားသမီးများကို အ​တွေ့အကြုံရ​စေနှင့်​သူတို့ပညာကိုအသုံးချတတ်​စေရန်​ကစားခိုင်းကြသည်​။ ယခုနှစ်​က ''Trade war'' ၏ ဒုတိယနှစ်​ပတ်​လည်​ဖြစ်​သည်​။ ထို့​ကြောင့်​တစ်​နှစ်​တာအတွက်​'' Business war'' ပြိုင်​ပွဲကိုကျင်းပ​ပေးသည်​။သို့​သော်​ပြိုင်​ပွဲဝင်​များမှာ၂၅နှစ်​နှင့်​အောက်​ကိုသာလက်​ခံခြင်းဖြစ်​သည်​။

ထိုကစားပွဲကရက်​သုံးဆယ်​ကြာယှဉ်​ပြိုင်​ရသည်​။ကစားသမားတစ်​ယောက်​ချင်းစီက ယွမ်​၁သောင်းစတင်​ရင်းနှီးမြှုပ်​နှံရပြီး ကစားပွဲအဆုံးတွင်​ကွန်​ပျူတာက အနိုင်​ရရှိသူကို​ကြေညာမည်​ဖြစ်​သည်​။ ရှင်းရှင်း​လေးပါပဲ ပိုက်​ဆံအများဆုံးရှာနိုင်​သူကအနိုင်​ပေါ့။

ကျိူးဝန်​ကျင့်​က''Busniess war''၏အမာခံပရိတ်​သပ်​တစ်​ယောက်​ဖြစ်​ပြီး god level ကစားသမားတစ်​ယောက်​ဖြစ်​သည်​။ထို့​ကြောင့်​ပထမ​နေရာအတွက်​စိုးရိမ်​ဖွယ်​ရာမရှိ။ ဒီဂိမ်းကတစ်​ကမ္ဘာလုံးအတိုင်းအတာနဲ့သုံးစွဲသူအ​မြောက်​အများရှိပြီး အားလုံးကသာမန်​လူများထက်​ထူးခြား​သော​နောက်​ခံအသိုင်းအဝိုင်းများမှဖြစ်​ကြသည်​။

ဘယ်​သူကများလူမသိသူမသိကျိူးအိမ်​ရဲ့သားကပထမ​နေရာမှာရှိ​နေမယ်​လို့​တွေးလိမ့်​မလဲ။ ကျိူးဥက္ကဋ္ဌကြီး၏အချစ်​ဆုံးကျိူးဝန်​အန်​သည်​လည်​မကြာခင်​ဖယ်​ရှားခံရ​တော့မည်​။ ကျိူးယွင်​ရှန့်​က​တော့အရိပ်​ပင်​ပေါ်မလာ​ကြောက်​လွန်း၍ဒူးတုန်​နေတာဖြစ်​နိုင်​သည်​။ 1

ကျိူးဝန်​ကျင့်​ယုံကြည်​ချက်​အပြည့်​နဲ့​မြေပုံကိုညွှန်​ပြလိုက်​ပြီး
"ရွှမ်းပါကျွန်းနဲ့​Clear Water Bay​ကြေးနီသန့် စင်​မှု​လုပ်​ငန်းကပြီးသွားပြီ။ ဒီ​နေရာကစီးပွား​ရေးလုပ်​ငန်းရဲ့အချက်​အခြာကျတဲ့​နေရာတစ်​ခုဖြစ်​လာလိမ့်​မယ်​။ တစ်​ချိန်​ကလူသူမသိတဲ့​ရေအရင်းအမြစ်​ကအခု​တော့နှစ်​ဆတန်​ဖိုးရှိလာ​တော့မယ်​။ ပညာရှင်​တွေက​ကြေးရိုင်းသန့်​စင်​ခြင်းလုပ်​ငန်းကိုစတင်​ကြေညာကတည်းက ကျွန်​တော့်​ရဲ့ရှင်းလုံအုပ်​စု(XingLong Group) က ရှယ်​ယာ၂၀ရာခိုင်​နှုန်းဝယ်​ထားခဲ့တယ်​၊ ရတနာ​တွေကိုကျွန်​တော်​ပိုင်​ထားပြီ။''

[Note- According to physical resources from the ocean: ပင်​လယ်​ရေထဲတွင်​ဆား၊မဂ္ဂနီဆီယမ်​နဲ့ဘရိုမင်းအပြင်​၊ ကုဗမိုင်​တစ်​မိုင်​မှာ ကလိုရင်း၉၀မီလီယမ်​တန်​၊ဆိုဒီယမ်​၅၀မီလီယမ်​တန်​၊သွပ်​နဲ့သံ၄၇တန်​၊အလူမီနီယံ,​ကြေးနီနဲ့သံဖြူ၁၄တန်​၊​ငွေ ၁တန်​၊ ခဲသတ္ထု၂၀၀​ပေါင်​၊​ရွှေ၄၀​ပေါင်​ရှိပါတယ်​။ ]

"မင်းအ​ပျော်​တွေကအရမ်း​စော​နေ​သေးတယ်​ထင်​တာပဲ။ ဒီလူကရှယ်​ရာ၂၂ရာခိုင်​နှုန်းပိုင်​ဆိုင်​ထားတယ်​။မင်းထက်​၂ရာခိုင်​နှုန်းများတယ်​။'' တုရွှီလန်​စခရင်​ပေါ်မှအချက်​အလက်​ကိုကြည့်​ပြီး​ပြောလိုက်​သည်​။

ကျိူးဝန်​ကျင့်​စခရင်​ကြည့်​ပြီး Deicide(နတ်​သတ်​ချွေ သူ)အမည်​ရှိတဲ့ အ​ကောင့်​ပိုင်​ရှင်​ရဲ့ရှယ်​ယာပိုင်​ဆိုင်​မှုစာချူပ်​ကို ကုန်​သွယ်ချန်​နယ်​မှာတင်​ထားသည်​ကိုမြင်​လိုက်​ရသည်​။ အနီ​ရောင်​၂၂ရာခိုင်​နှုန်းဆိုသည့်​ဂဏန်းကသူ့မျက်​လုံးတွင်​ရောင်​ပြန်​ဟက်​နေသည်​။

"အဲ့ဒီDeicideဆိုတဲ့လူကဘယ်​အ​ပေါက်​ထွက်​လာတာလဲ။ကျွန်​တော်​အရင်​ကတစ်​ခါမှမမြင်​ဖူးဘူး'' ကျိူးဝန်​ကျင့်​ရှော့ရသွားပြီးတစ်​ဖက်​လူရဲ့သတင်းအချက်​အလက်​တွေကိုအမြန်​ရှာကြည့်​လိုက်​သည်​။ တစ်​ဖက်​လူက သာမညကစားသမားတစ်​ယောက်​သာဖြစ်​သော်​လည်းသူ့ရင်းနှီးမြှုပ်​နှံမှုပမာဏကသြချ​လောက်​စရာပင်​။ သူရင်းနှီးမြှုပ်​နှံထားသည်​နယ်​ပယ်​များကအရမ်းကိုရှုပ်​ထွေးလွန်းသည်​။အစားအ​သောက်​၊နည်းပညာ၊အနုပညာလုပ်​ငန်းနယ်​ပယ်​စသည်​ဖြင့်​အကျိူးအမြတ်​မများ​သော်​လည်းမရှုံးနိုင်​သောအ​နေအထားဖြစ်​သည်​။ ထို့​ကြောင့်​၂၉ရက်​အတွင်းသူ့ကြွယ်​ဝမှုကများပြားနေခြင်းဖြစ်​သည်​။ သူ့အဆင့်​ကနံ​ပေါက်​၁၁မှာရပ်​နေသည်​။ Network က Top Tenကစားသမားများသာထုတ်​ပြန်​သော​ကြောင့်​သူ့ကိုမမြင်​ရခြင်းဖြစ်​သည်​။

"ကြည့်​ရတာသူ့မျက်​လုံးကမင်းထက်​အရှည်​ကိုပိုမြင်​ပုံပဲ။ အစိုးရက Clear Water Bay​လုပ်​ငန်းအတွက်​ရင်းနှီးမြှုပ်​နှံသူစ​ခေါ်ကတည်းကသူက ရှယ်​ရာ​တွေကိုစဝယ်​ထားပုံပဲ'' ဒါကအရမ်းကိုပညာသားပါတယ်​လို့ဆိုနိုင်​တယ်​။ ညိမ်​နေ​နေ၊လှုပ်​နေ​နေ သူမင်းကိုရ​အောင်​သတ်​မယ့်​ပုံစံကတစ်​စုံတစ်​ယောက်​ရဲ့စတိုင်​ပဲ။ တုရွှီလန်​ပြုံးလိုက်​သည်​။

"သူ့မှာ၂ရာခိုင်​နှုန်းပိုများလည်း ကျွန်​တော့ရှင်းလုံကပိုအ​ခြေတည်​ပြီးနံမည်​ရှိတဲ့လုပ်​ငန်းစုပဲ။ တရုတ်​ဘဏ်​နဲ့အ​စောကြီးကတည်းဆက်​ဆံ​ရေး​ကောင်းပြီးသား။ကျွန်​တော်​သာ အပြည်​ပြည်​ဆိုင်​ရာကုန်​သွယ်​ရေးဘဏ်​(NPC) ဥက္ကဋ္ဌနဲ့နည်းနည်း​လောက်​စကား​ပြောလိုက်​ရင်​BOCက Deicide နဲ့​ငွေ​ကြေး​ထောက်​ပံ့မှုအားလုံးကိုဖြတ်​တောက်​လိုက်​လေ့မယ်​။ သူသာ​ဒေါဝါလီမခံချင်​ရင်​လက်​ရှိရှယ်​ယာ​တွေကိုလက်​လွှတ်​လိုက်​ရမှာပဲ။ ဘဝကအဲ့လိုပဲ သူ့လက်​ထဲမှာရှယ်​ယာ​တွေရှိတာရုံနဲ့ထာဝရပိုင်​ဆိုင်​ရမယ်​လို့မဆိုလိုဘူး''

[IC- ဂိမ်းမို့သာပဲရှုပ်​ထွေး​ပွေလီလှတဲ့စီးပွား​ရေး​လောကကြီး
(▼ヘ▼#) သိုင်း​လောကသမား​လေးအမြှီးလန့်​ပြေး 💨] 4

တုရွှီလန်​နှုတ်​ခမ်းတစ်​ဖက်​တွန့်​ပြုံးလိုက်​ပြီး သူ့လက်​ကစီးကရက်​ပြာကို​တောက်​လိုက်​သည်​။ သူ့တူကအရမ်း​တော်​ပြီးအရည်​အချင်းလည်းရှိတယ်​။သို့​ပေမယ့်​ရှန့်​၏ပြိုင်​ဖက်​တော့မဟုတ်​။ 1

ကျိူးဝန်​ကျင့်​အပြည်​ပြည်​ဆိုင်​ရာကုန်​သွယ်​ရေးဘဏ်​ဥက္ကဋ္ဌနဲ့ဆက်​သွယ်​ပြီးသ​ဘောတူညီ မှုအမြန်​ရယူလိုက်​သည်​။သို့​သော်​ရှယ်​ယာ​ဈေးနှုန်းများကထပ်​မံမြင့်​တက်​သွားသည်​၊ ဒုတိယ​နေရာမှအုပ်​စုက​ရေသန့်​စင်​ခြင်းလုပ်​ငန်းကိုအပိုင်​ရဖို့ရည်​ရွယ်​ထားသည်​။ Holy Group က သ​ဘောင်္လုပ်​ငန်းနဲ့ချိတ်​ဆက်​ထားသည်​။ထိုသ​ဘောင်္လုပ်​ငန်းစုကအချမ်းသာဆုံးလုပ်​ငန်းစုဖြစ်​ပြီး ပိုင်​ရှင်​အစစ်​အမည်​က​လေ့ရှန်​ဖြစ်​သည်​။သူကကမ္ဘာ့ သ​ဘောင်္လုပ်​ငန်းစုဘုရင်​၏​မြေးလည်းဖြစ်​သည်​။
Holy Group နဲ့ BOCကြားတွင်​ခိုင်​မာသည့်​ဆက်​ဆံ​ရေးတစ်​ခုရှိထားပြီး​လေ့ရှန့်​က အပြည်​အပြည်​ဆိုင်​ရာကုန်​သွယ်​ရေးဘဏ်​၏ဒုဥက္ကဋ္ဌလည်းဖြစ်​သည်​။

အီနိုအဲ ရှို့ ရှန်​[ဂျပန်​မျိူးရိုး၊တရုတ်​နံမည်​]သည်​တုရွှီလန်​၏အတွင်း​ရေးမှူးဖြစ်​သည်​။သူကလက်​ရှိဂိမ်းနှင့်​ပတ်​သက်​ပြီးစိတ်​ပူတာ​ကြောင့်​သူ​ဋ္ဌေးကိုလာရှာခြင်းဖြစ်​သည်​။ သို့​သော်​ရုံးခန်းအတွင်းတူဝရီးနှစ်​ယောက်​စကား​ပြော​နေတာမြင်​ပြီးအကဲခတ်​ရင်းဝင်​ပြောလိုက်​သည်​။

"ဒီ​နေ့လူငယ်​တွေကပိုပြီးအင်​အားကြီးလာကြပြီကျွန်​တော်​တို့လူကြီး​တွေက​တော့​ဘေးကပဲရပ်​ကြည့်​နိုင်​တော့တယ်​။ Deicide ၊နတ်​သတ်​ချွေသူ ကနံမည်​ဆန်း​ပေမယ့်​အားနည်းတဲ့ကစားသမားတစ်​ယောက်​သက်​သက်​ပါ။ သူရှယ်​ယာ၂၂ရာခိုင်​နှုန်းပိုင်​ထားတာဘာအ​ရေးလဲ။ ရှင်းလုံအုပ်​စုနဲ့Holy Groupကသူ့ကိုအပြီး​တောက်​ထုတ်​လိုက်​နိုင်​မှာပဲ။
သူလှုပ်​ရှားမှုကအခုမတိုင်​ခင်​အထိသိမ်​မွေ့လွန်း​ပေမယ့်​နှ​မြေားရာ​ကောင်းတာက  Clear Water warehouse ကသူ့ရဲ့ကျဆုံးခန်းဖြစ်​လာမှာပဲ။ စီးပွား​ရေး​လောကမှာသတ္တိလိုသလို​သွေး​အေးဖို့လည်းလိုတယ်​ဟန်​ပြ​ကောင်းရုံနဲ့ဘာမှမဖြစ်​လာနိုင်​ဘူး''

ကျိူးဝန်​ကျင့်​ကသ​ဘောတူသည့်​အ​နေဖြင့်​ခေါင်းညိမ့်​လိုက်​သည်​။ တုရွှီလန်​က​တော့ လက်​ထဲကစီးကရက်​ကိုခပ်​ပြင်းပြင်းပစ်​ထုတ်​လိုက်​ပြီး ရှို့ ရှန်​ကိုအမည်​မသိအကြည့်​များဖြင့်​ကြည့်​လိုက်​သည်​။ အီနိုအဲ ရှို့ ရှန်​လက်​နှစ်​ဖက်​ကို​ရှေ့ယှက်​ထားပြီးရုတ်​တရပ်​အေးစက်​မှုတစ်​ခုကိုခံစားလိုက်​ရသည်​၊

ထိုအချိန်​၌ ကျိူးယွင်​ရှန့်​ကကွန်​ပျူတာ​ရှေ့တွင်​ထိုင်​နေပြီး​လေ့ရှန်​ကကစားပွဲတွင်​ပါဝင်​လာသည်​ကိုမြင်​လိုက်​ရ​တော့ ချက်​ချင်း Private chatကို​ပြောင်းလိုက်​သည်​။ နှစ်​ဦးသားအတန်​ကြာ​ဆွေး​နွေး​နောက်​သ​ဘောတူညီမှုရသွား​လေသည်​။

တစ်​ဖက်​တွင်​တော့ ရှယ်​ယာတစ်​ခုကိုယွမ်​၃၀ဖြင့်​Deicide၏ရှယ်​ယာများကို​လေ့ရှန်​ဆီသို့လွှဲ​ပြောင်း​နေသည်​ကို ကျိူးဝန်​ကျင့်​အံ့အားသင့်​စွာမြင်​လိုက်​ရသည်​။ ထို့​နောက်​လေ့ရှန်​က အပြည်​ပြည်​ဆိုင်​ရာကုန်​သွယ်​ရေးဘဏ်​ကို ကျားလင်​အုပ်​စုလက်​အောက်​ကရှယ်​ယာ၄၆ရာခိုင်​နှုန်းကိုဝယ်​ခွင့်​ပြုဖို့​ဖျောင်းဖျ​နေသည်​။ ထို့​ကြောင့်​Deicide က ကျားလင်​၏အကြီးဆုံးရှယ်​ယာရှင်​ဖြစ်​လာပြီး main board ဒါရိုင်​တာအဖွဲ့သို့ ဝင်​ရောက်​လာသည်​။ ကျားလင်​အုပ်​စုက စား​သောက်​ကုန်​ထုတ်​လုပ်​သည့်​လုပ်​ငန်းလည်းလုပ်​ကိုင်​ပြီး အမြတ်​အစွန်းက Clearwater warehouse ထက်​နည်း​သော်​လည်း​ဈေးကွက်​တန်​ဖိုးက​တော့အနည်းဆုံး၆ဘီလီယံတန်​ကြေးရှိသည်​။

သူ Clearwater warehouse ရဲ့ရှယ်​ကိုစဝယ်​စဉ်​ကရှယ်​ရာတန်​ဖိုးမှာအလွန်​နည်းသည်​။ အနိမ့်​ဆုံး​ဈေးယွမ်​၃၀နှင့်​ရောင်းတာ​တောင်​သူ​လေ့ရှန်​ဆီက ၃.၆ဘီလီယံအမြတ်​ပြန်​ရ​သေးသည်​။ ဒီ၃.၆ဘီလီယံစလုံးကိုကျားလင်​အုပ်​စုကိုဝယ်​ဖို့အသုံးပြုလိုက်​သည်​။ တစ်​နည်းဆို​သော်​သူ ၆ဘီလီယံကို တစ်​ပြားတစ်​ချပ်​မှအကုန်​မခံပဲရလာခြင်းဖြစ်​သည်​။ ထိုအ​ကြောင်းကိုမ​ကြောညာခင်​အထိဘယ်​သူမှသတိမထားမိ။​ကြေညာ​တော့မှာလန့်​သွားကြပြီးမယုံနိုင်​ဖြစ်​ကုန်​ကြသည်​။

"ဒီလှုပ်​ရှားမှုက ဝံပု​လွေတစ်​ကောင်​သား​ကောင်​ကို​ထောင်​ချောက်​ထဲဆင်းတဲ့အထိ​စောင့်​တဲ့ပုံစံမျိူးပဲ!'' အီနိုအဲ ရှို့ ရှန်​သူ၏မျက်​မှန်​မှာနှာ​ခေါင်းထိ​လျှောကျသွားပြီး သူ့မျက်​နှာ​ချော​ချောက Deicide၏ကစားကွက်​ကြောင့်​ကြက်​သေ​သေသွား​လေသည်​။

ကျိူးဝန်​ကျင့်​mouseကိုခွဲမပစ်​ဖို့သည်းခံ​နေရသည်​။ တုရွှီလန်​ကလည်းသူ့ကိုကြည့်​နေသည်​ကိုခံစားရပြီး​နောက်​ဖိအားတို့ကနှစ်​ဆပိုများလာသလိုပင်​။ သူက​သောကမီး​လှောင်​မြိုက်​နေချိန်​မှာ​လေ့ရှန်​ကဒါရိုင်​တာဘုတ်​အဖွဲ့ကိုစု​ဝေးပြီး ရှယ်​ယာတစ်​ခုကို၄၅ယွမ်​နဲ့ warehouse၏stock ၄၉.၉ရာခိုင်​နှုန်းဝယ်​လိုက်​သည်​။

ဘာလို့၄၉.၉ရာခိုင်​နှုန်းလဲ?အ​ကြောင်းအရင်းက​တော့ ကုမ္ပဏီရဲ့ဥပ​ဒေအရ ရှယ်​ယာရှင်​တစ်​ယောက်​ဟာရှယ်​၅၀ရာခိုင်​နှုန်းထက်​ပိုပြီးကိုင်​ဆောင်​ထားရင်​ကုမ္ပဏီဟာတစ်​ဖက်​စောင်းနင်းအ​ခြေအ​နေသို့​ရောက်​သွားမည်​။တစ်​နည်းဆိုရရင်​မင်းအ​နေနဲ့ရှယ်​ယာ၅၀ရာခိုင်​နှုန်းပိုင်​ဆိုင်​ထားရင်​မင်းမှာပိုက်​ဆံရှိရှိမရှိရှိ အခြားရှယ်​ယာရှင်​တွေဆီကရှယ်​ယာထပ်​ဝယ်​ပြီး၁၀၀ရာခိုင်​နှုန်းပြည့်​အောင်​လုပ်​ရမည်​။ ထို့သို့မှမလုပ်​လျှင်​လျှော့​ဈေးနှင့်​သာပြန်​ရောင်းရမည်​ဖြစ်​ပြီးဥပ​ဒေကိုလည်းရင်​ဆိုင်​ရလိမ့်​မည်​။ ဤစည်းမျဉ်းက ကုမ္ပဏီတွင်းပဋိပက္ခများနှင့်​ဘဏ္ဍာ​ငွေတိမ်း​စောင်းမှုများမဖြစ်​စေရန်​ထိန်းထားဖို့ဖြစ်​သည်​။
[Note-ကုမ္ပဏီ တစ်​ခုမှာ လူတစ်​ယောက်​ဟာ ရှယ်​၅၀ရာခိုင်​နှုန်းထက်​ပိုရှိ​နေလို့မရဘူး။ အဲ့လိုပို​နေရင်​တစ်​ရာရာခိုင်​နှုန်းပြည့်​အောင်​ဝယ်​ရင်​ဝယ်​မဝယ်​ရင်​ကိုယ့်​မှာရှိတာပြန်​ရောင်းရတယ်​ဒါမှပဲ ကုမ္ပဏီရဲ့ဘဏ္ဍာ​ငွေတိမ်း​စောင့်​မှုမရှိ​တော့ဘူး]

Clearwater warehouse၏တန်​ဖိုးက၁၀ဘီလီယံ​လောက်​ရှိသည်​၊ လက်​ရှိရှင်းလုံးGpနှင့်​Holy Gpမှာကအဲ့​လောက်​တတ်​နိုင်​တဲ့အင်​အားမရှိ။
ကျိူးယွင်​ရှန့်​၊​လေ့ရှန်​ပို့လာသည့်​private chat rqကိုမြင်​ပြီး​ကျေနပ်​စွာရယ်​လိုက်​သည်​။

ကျိူးဝန်​ကျင့်​၏ရှယ်​ယာတန်​ဖိုးကလည်းတဖြည်းဖြည်းမြင့်​တတ်​လာသည်​။​အောင်​မြင်​မှုကလက်​တစ်​ကမ်းအလိုမှာရှိ​တော့သည်​။​လေ့ရှန်​ကသူရှယ်​ယာ၄၉.၉ရာခိုင်​နှုန်းမဝယ်​ခင်​warehouse ၏ရှယ်​ယာကို၁၀ယွမ်​နှင့်​ဝယ်​မည်​ဟု world channel မှာတင်​ခဲ့သည်​။ ရင်​နှီးမြှုပ်​နှံသူများကချက်​ချင်းစုပြုံပြီးတက်​လာကြသည်​။​နောက်​ဆုံး​တော့ ရှယ်​ယာအ​ပြောင်းအလွဲစစ်​ပွဲကပြီးဆုံးသွားပြီးရှင်းလုံအုပ်​စု ကရှုံးသွားသည်​။ countdown signအားလုံးသုညသို့​ပြောင်းသွားပြီးဂိမ်းလည်းပြီးသွားသည်​။ 6

ကျိူးဝန်​ကျင့်​မျက်​နှာကိုပွတ်​ပြီးဆံပင်​တွေပါဖွပစ်​လိုက်​သည်​။ လက်​ထဲမှ Mouseလည်းကွဲသွား​တော့သည်​။ ကွန်​ပျူတာက ရလဒ်​တွေကိုမြန်​မြန်​တွက်​ချက်​လျှက်​ရှိပြီး ကစားသမားများ၏စာရင်း​တွေကိုနှိုင်းယှဉ်​ပြီးအနိုင်​ရရှိသူကို​ကြေညာမှာဖြစ်​သည်​။

တုရွှီလန်​သူ့တူရဲ့ပုခုံးကိုပုတ်​လိုက်​ပြီး အီနိုအဲ ရှို့ ရှန်​ကို​ပြောလိုက်​သည်​။''ဘယ်​သူနိုင်​မယ်​လို့မင်းထင်​လဲ''

"​လေ့ရှန်​ပဲ​ပေါ့ သူကသ​ဘောင်္လုပ်​ငန်းစုဘုရင်​ရဲ့​မြေးပီသပါ​ပေတယ်​။''

"မဟုတ်​ဘူး Deicide နိုင်​မှာ'' တုရွှီလန်​စခရင်​ကိုညွှန်​ပြလိုက်​ပြီး ''​နောက်​ဆုံး​ဈေးကဘီလံယံ၉၀​လောက်​ရှိတယ်​။​လေ့ရှန်​ရဲ့​ဈေးကွက်​တန်​ကြေးကမြင့်​ပေမယ့်​သူ့အရည်​အချင်းကအဲ့​လောက်​မရှိဘူး။ ၉၀ဘီလီယံကိုအချိန်​တိုအတွင်းသူဘယ်​ကရမှာလဲ''

"​ချေးတာ?'' အီနိုအဲရှို့ ရှန်​ဖြစ်​နိုင်​ခြေကို​တွေးလိုက်​သည်​။ထို့​နောက်​လန့်​သွား​တော့သည်​။ ဒီလူငယ်​လေးကတကယ်​ဆိုးတာပဲ။

ရှို့ ရှန်​ရဲ့မျက်​နှာကိုကြည့်​ပြီးတုရွှီလန်​ရယ်​လိုက်​တော့သည်​။ ''ဟုတ်​တယ်​ချေးလိုက်​တာ ဘယ်​သူဆီကဆိုတာမင်းဘာသာကြည့်​တော့''

ထိုအချိန်​၌ Deicide၏statsကupdateဖြစ်​သွားသည်​။သူပိုင်​ဆိုင်​ထားတဲ့ clearwater wearhouseရဲ့ရှယ်​ယာ၅၀ရာခိုင်​နှုန်းကရုတ်​တရပ်​ပေါ်လာသည်​။ Trade warရဲ့ အကြီးဆုံးကိတ်​ကိုသူကအကြီးဆုံးတစ်​ကိုက်​ကိုက်​လိုက်​တာပဲ။

"သူကမှ Final winnerအစစ်​ပဲ'' တုရွှီလန်​Floor window ဆီကို​လျှောက်​သွားလိုက်​သည်​။ သူ့မျက်​လုံးထဲ၌ ဂုဏ်​ယူဝမ်း​မြောက်​မှုများပြည့်​လျှံ​နေ၏။ ကျိူးယွင်​ရှန့်​ဆိုတဲ့နံမည်​က ကျိန်​စာလိုပဲ။ သူဝင်​လာရင်​လွှတ်​မြောက်​ဖို့မလွယ်​တော့ဘူး။ 1

"အံ့သြစရာပဲ!ဒီလူကဘယ်​လို​တောင်​တွက်​ချက်​နိုင်​တာလဲ၊ အခြားလူ​တွေတစ်​လှမ်းဆိုသူကဆယ်​လှမ်းကြိုမြင်​နေတယ်​။ သူစလိုက်​တာနဲ့ဂိမ်းပြီးသွားတာပဲ။အခြားလူ​တွေရဲ့လှုပ်​ရှားမှု​တွေအကုန်​သူ့ခန့်​မှန်းချက်​ထဲမှာပဲ။ ၁၀၀ရာခိုင်​နှုန်း​အောင်​မြင်​တဲ့ရင်းနှီးမြှုပ်​နှံမှု၊ ပိုင်​နိုင်​တဲ့အရည်​အချင်းနဲ့ ဒီလူကတကယ့်​genius ပဲ။​နောက်​ကျရင်​သူbossကို​တောင်​ကျော်​တက်​သွားမှာစိုးရိမ်းမိတယ်​Boss!"

တုရွှီလန်​ပြုံးလိုက်​သည်​။

''ပုံရိပ်​ရောင်​ကမ္ဘာမှာ​အောင်​မြင်​တာက တကယ့်​လောကအစစ်​ရဲ့​အောင်​မြင်​မှုနဲ့ယှဉ်​လို့မရဘူး'' ကျိူးဝန်​ကျင့်​ထိုင်​ခုံကို​နောက်​ပို့ပြီးမတ်​တပ်​ရပ်​လိုက်​သည်​။''တကယ့်​လောကမှာ ဘီလီယံချီရှာနိုင်​မှသာတကယ့်​ပါရမီရှင်​လို့​ခေါ်တာ။ ဘယ်​နှစ်​ယောက်​များအဲ့လို​အောင်​မြင်​နိုင်​မှာလဲ''

သူကအခုတကယ့်​ကုမ္ပဏီကို ဘဏ္ဍ​ရေးနယ်​ပယ်​မှာရင်းနှီမြှုပ်​နှံထားသည်​။ ဒါ​ကြောင့်​ငွေကိုမြန်​မြန်​ရှာနိုင်​သည်​။ ၂နှစ်​အတွင်းသူ့ပိုင်​ဆိုင်​မှုက ၁၀၀မီလီယံ​လောက်​ရှိပြီ။သူကဒီ​လောကရဲ့ ဂျူနီယာပဲရှိ​သေးတယ်​။ အသက်​ကလည်း၂၀စွန်းစွန်း၊ အခြားလူငယ်​တွေနဲ့ယှဉ်​ရင်​သူကတကယ်​ကိုအ​တော်​ဆုံးပဲ။ သူ့​အောင်​မြင့်​မှုကသူ့နဂိုမိမိကိုယ့်​ကိုယ်​ကိုအထင်​ကြီးတတ်​တဲ့စရိုက်​ကိုပိုပြီး​သွေးနားထင်​ရောက်​စေသည်​။ သူ့လက်​ထိပ်​မှာပဲရှိ​နေတဲ့​အောင်​မြင်​မှုကို လူသူမသိသာမညလူတစ်​ယောက်​ကလုယူသွားသည်​ကိုလက်​မခံနိုင်​ပေ။

တုရွှီလန်​သူ့တူ​နောက်​ကျောကိုကြည့်​ပြီးစိတ်​ပျက်​လက်​ပျက်​ခေါင်းရမ်းလိုက်​သည်​။ ဆိုရိုးစကားတစ်​ခုလိုပဲ​တောင်​တွေရဲ့အလွန်​မှာ​တောင်​တွေရှိတယ်​။​ကောင်းကင်​ရဲ့အလွန်​ကောင်းကင်​တွေရှိတယ်​။ လူ​တော်​တစ်​ယောက်​ရဲ့​နောက်​မှာ​နောက်​လူ​တော်​တစ်​ယောက်​ကရှိ​နေမှာပဲ။ သူ့တူကဒါကိုတကယ်​မေ့​နေရှာတယ်​။ လက်​တွေ့ဘဝမှာသူဟာတကယ်​ကို​တော်​ပြီးစီးပွား​ရေးစိတ်​ဓာတ်​အပြည့်​ရှိတယ်​ဒါ​ပေမယ့်​ယွင်​ရှန့်​နဲ့ယှဉ်​ရင်​မရင့်​ကျတ်​သေးဘူး။ ယွင်​ရှန့်​ရဲ့ Noah universal က Rener Technologyကို​ကျော်​တက်​ပြီး IT​လောကမှာအ​စောကြီးကတည်းက​အောင်​မြင်​ပြီး​နေပြီ။ သူက လူ​တွေ​နေ့စဉ်​အသုံးပြု​နေတဲ့အရာတိုင်းအတွက်​software တီထွင်​ပြီး လူ​တွေရဲ့ဘဝကိုပိုမိုအဆင်​ပြေလွယ်​ကူ​စေတယ်​။

လူသား​တွေကလက်​ရှိသတင်းအချက်​အလက်​ဆိုင်​ရာ​ခေတ်​ကြီးထဲမှာရှိ​နေကြပြီး သတင်းအချက်​အလက်​တွေကလူ​တွေကိုအကြီးအမြတ်​ဖြစ်​ထွန်းဖို့​ဆောင်​ရွက်​ပေးနိုင်​သည်​။ ဒီ​လောကကြီးမှမပါဝင်​တဲ့လူ​တွေက​တော့ဒီအ​ကြောင်း​တွေကိုထဲထဲဝင်​ဝင်​နားလည်​နိုင်​မည်​မဟုတ်​ပေ။​ငွေရှာခြင်းကတကယ်​တော့ဒုတိယကဏ္ဍသာဖြစ်​ပြီး လူသား​တွေရဲ့ဘဝကိုလွှမ်းမိုးနိုင်​ခြင်းကသာပထမဖြစ်​သည်​။ Noah universal က တုအိမ်​လိုစီးပွား​ရေးလုပ်​ငန်းစုကြီး​တောင်​အပြိုင်​လိုက်​နိုင်​ခဲ့တာကြာပြီ။
တုရွှီလန်​သူ့တူကိုစိတ်​ပျက်​နေတဲ့အချိန်​မှာပဲ တစ်​ဖက်​ကလည်းချစ်​ရသူအတွက်​ဂုဏ်​ယူမိသည်​။ သူ့ရဲ့ War accကို log inဝင်​လိုက်​ပြီး private chatကိုသွားလိုက်​သည်​။

ထွက်​သွားရန်​ပြင်​နေသည့်​အီနိုအဲရှို့ ရှန်​က သူ့သူ​ဋ္ဌေးရဲ့အပြုအမူကိုမြင်​ပြီး​ရှော့ရသွား​တော့သည်​။ သူ့မျက်​လုံးသူယုံပင်​မယုံနိုင်​နောက်​ဆုံးမ​အောင့်​နိုင်​တော့​မေးလိုက်​တော့သည်​။
"Bossသူ့ကိုသိတယ်​ပေါ့။ ကျွန်​တော့်​ကိုမိတ်​ဆက်​ပေးပါလား''

တုရွှီလန်​ပြန်​မ​ဖြေ ကွန်​ပျူတာဖန်​သားပြင်​ကိုသာဆက်​ကြည့်​နေ​လေသည်​။ တစ်​ဖက်​တွင်​သူ့အိမ်​မက်​တွေအထိလွှမ်းမိုးနိုင်​သည့်​လူ၏မျက်​နှာ​ချော​ချော​လေးက​ပေါ်လာသည်​။ ထိုလူကဝိုင်​ကိုခွက်​ထဲ​လောင်းထည့်​နေပြီး အဖြူ​ရောင်​အင်္ကျီရှပ်​ကြယ်​သီးနှစ်​လုံးကိုဖြုတ်​ထားသဖြင့်​ဆွဲ​ဆောင်​မှုရှိသည့်​collarboneများကိုမြင်​နေရသည်​။ 3

"ကျိူး.. ကျိူးယွင်​ရှန့်​! " ရှို့ ရှန်​ကသူ့သူ​ဋ္ဌေးဝယ်​ခိုင်းတဲ့လက်​ဆောင်​တွေကိုမကြာခဏကိုယ်​စားသွားသွားဝယ်​ပေးရတဲ့အတွက်​ဒီလူငယ်​လေးကိုသူ​သေချာ​ပေါက်​သိသည်​။ ဒီအ​ခြေအ​နေကသူ့ကိုဘယ်​လိုမျက်​နှာထားထားရမည်​မှန်းကိုမသိ​တော့။ ငယ်​ရွယ်​တယ်​၊ချမ်းသာတယ်​ပြီး​တော့ ကိုယ့်​ဒူးကိုယ်​ချွန်​နိုင်​တယ်​။ သူ့အရည်​အချင်းက လူငယ်​မျိူးဆက်​သစ်​တစ်​ခုလုံးရဲ့ထိပ်​မှာရပ်​နေဖို့လုံ​လောက်​နေပြီ။ ယခင်​ကထို​ကောင်​လေးအ​ပေါ် ရှို့ ရှန်​အမြင်​သည့်​'excellent' သက်​သက်​သာသာဖြစ်​သည်​။ ယခုတိုက်​ပွဲအပြီးမှာ​တော့ ထို​ကောင်​လေး၏ပါဝါကိုပါနားလည်​သွားပြီ။  သူ့Bossအခုလို ပန်း​တွေပို့ပြီး​ကျောက်​စိမ်းလိုတန်​ဖိုးထား​နေတာအံ့သြစရာမရှိ​တော့ဘူး။ အီနိုအဲရှို့ ရှန်​တံခါး​ဘောင်​ကိုမှီပြီးသက်​ပြင်းချလိုက်​တော့သည်​။ 11

"Congratulations '' တုရွှီလန်​၏မျက်​လုံးတို့က တစ်​ဖက်​လူ၏ collarbone၊လည်​စေ့နှင့်​အခြား​နေရာများတွင်​သာ​ရောက်​ရှိ​နေ​လေသည်​။ 4

ကျိူးယွင်​ရှန့်​ပြုံးပြီးကင်​မရာ​ရှေ့ကိုဝိုင်​ခွက်​မြှောက်​ပြလိုက်​သည်​။ ''Cheers''

"မင်းဝိုင်​ကဘာဝိုင်​လဲ'' တုရွှီလန်​သူကိုယ်​တိုင်​ဝိုင်​တစ်​ပုလင်းကို​ဖောက်​ရင်း​မေးလိုက်​သည်​။

"Red Royal Screaming Eagle Cabernet Sauvignon, 92 years old'' 1

ထိုဝိုင်​မျိူးက အ​မေရိကန်​တွင်​တစ်​ပုလင်း​ကို​ဒေါ်လာ၅သိန်းတန်​ကြေးရှိသည်​။ တရုတ်​နိုင်​ငံတွင်​၃မီလီယံ​လောက်​တန်​ကြေးရှိပြီး ဂျပန်​တွင်​၅၉မီလီယံတန်​သည်​။ တုရွှီလန်​လေချွန်​လိုက်​ပြီး သူ့ဝိုင်​ခွက်​ကိုပြန်​ချလိုက်​သည်​။ထို့​နောက်​သက်​ပြင်းချလိုက်​၏။ ''ကိုယ့်​ဝိုင်​ကမင်းဝိုင်​လောက်​မ​ကောင်းဘူး။ မင်းဘာလို့ကိုယ့်​ကိုမဖိတ်​လဲ ''

ကျိူးယွင်​ရှန့်​ခဏ​လောက်​ငေးကြည့်​နေသည်​။ ထို့​နောက်​ကင်​မရာ​ရှေ့ကို လက်​ညှိုး​ကွေးဆန့်​လိုက်​ပြီး ''လာခဲ့​လေ။ ကျွန်​တော်​ခင်​များကို​သောက်​ဖို့တင်​ဖိတ်​တာမဟုတ်​ဘူး။ခင်​များ မနက်​စာစားချိန်​ထိ​နေလို့ရတယ်​'' 2

ကျိူးယွင်​ရှန့်​အသံကနိမ့်​နိမ့်​လေးနှင့်​ခပ်​ရှရှနိုင်​ပြီး စကားတို့က မပြတ်​မသားနှင့်​သွယ်​ဝိုက်​နေ၏။ တုရွှီလန်​၏နှလုံးခုန်​သံတို့အဆက်​မပြတ်​မြန်​လာ​တော့သည်​။ တည်​ညိမ်​အောင်​မနည်းထိန်း​နေရ၏။ ''​သေချာလား။ နံနက်​စာမတိုင်​ခင်​ဘာဖြစ်​မလဲဆိုတာမင်းသိတယ်​မဟုတ်​လား'' 16

"ကျွန်​တော်​မသိရင်​ဘာလို့ခင်​များကို​မေး​နေမှာလဲ? ဒီ​လောက်​အကြာကြီးလိုက်​နေပြီး တကယ့်​လူအစစ်​ကိုကျမထိရဲ​တော့ဘူး​ပေါ့ Hmmm?'' ကျိူးယွင်​ရှန့်​မျက်​ခုံးတစ်​ဖက်​ပင့်​လိုက်​သည်​။ဝိုင်​ကြောင့်​မျက်​နှာကအနည်းငယ်​ပန်း​ရောင်​သန်း​နေ၏။ 15

သူမသွားရင်​သူ​ယောက်ျားမဟုတ်​တော့ဘူး! 23

ရှို့ ရှန်​ခင်​မျာကြောင်​ပြီးကျန်​ခဲ့​တော့သည်​။ တုရွှီလန်​တစ်​ယောက်​အ​ပေါ်ကုတ်​ပင်​မဝတ်​နိုင်​ပဲရုံးခန်းထဲကပြေးထွက်​သွားသည်​မဟုတ်​လား။ ဆုံလည်​ထိုင်​ခုံကသူ့အား​ကြောင့်​သူ့အား​ကြောင့်​ကြမ်းပြင်​မှာလဲကျသွားသည်​။ 21

ဖန်​သားပြင်​တစ်​ဖက်​မှာ​တော့ လူငယ်​လေး၏ရယ်​သံကိုကြား​နေရ​သေးသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі