Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.10
အခန်း (၂၁)​ဝေ့ရှီရန်​+ နဉ်​စစ်​နျန်​

မျက်လုံးတွေ နီရဲနေပြီး ထောင့်မှာ ပုန်းနေတဲ့ ကောင်လေးကို တွေ့လိုက်ရတော့ နဉ်စစ်နျန် လူသတ်ချင်စိတ်ပေါက်သွားအောင် ဒေါသထွက်စိတ်ဆိုးသွားသည်။ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ကောင်လေးကို ချော့မောကာ ဘာဖြစ်တာလဲ သူ့ကို ပြောပြဖို့ ဖျောင်းဖျပြောဆိုလိုက်သည်။ အမှန်ကို သိတာနဲ့ တပြိုင်နက် တိုင်တန်းဖို့ ကျောင်းအုပ်ရုံးခန်းသို့ ချက်ချင်းခေါ်သွားလိုက်သည်။

ကျောင်းအုပ်က လစ်လျူမရှုဘဲ ဖူရွှမ်း၊ ထန်ဝေ့မင် နဲ့ တစ်ခြားသူတွေကို မြန်မြန်ခေါ်လိုက်သည်။

လူစုလူဝေးထဲမှာ ဖူရွှမ်းကို တွေ့လိုက်တော့ သူရဲ့မောက်မာဝင့်ဝါတဲ့အရှိန်အဝါကို ကျူးယွင်ရှန့် ကြောက်သလိုဟန်ဆောင်လိုက်ပြီး နဉ်စစ်နျန်နဲ့လက်မောင်းကြား ခန္ဓာကိုယ်ကို ကျုံ့ဝင်ကာ နဉ်စစ်ရဲ့အဝတ်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ အဲအပြုအမှုက နဉ်စစ်ကို ပိုမိုဒေါသထွက်စေပေမယ့် သူက ကောင်လေးကို သိမ့်မွေ့စွာ ပွေ့ဖက်ပြီး နောက်ကျောကို ဖွဖွပုတ်ပေးကာ နူးညံ့ချိုသာစွာနဲ့ ကြောက်လန့်မှုတွေကို ဖြေဖျောက်ပေးလိုက်သည်။ 14

ထန်ဝေ့မင်နဲ့ တစ်ခြားသူတွေက ' နဉ် ' ကို သိကြတယ်။ နှစ်များစွာကတည်းက သူရဲ့ တည်ကြည်ကြည့်ကောင်းတဲ့ မျက်နှာက စီးပွားရေးမဂ္ဂဇင်းတွေရဲ့ ရှေ့မျက်နှာဖုံးမှာ နေရာယူထားခဲ့သည်။ သူတို့နှစ်ဦးရဲ့ရင်းနှီးကျွမ်းဝင်တဲ့ အပြုအမှုကို မြင်လိုက်တဲ့အချိန် သူတို့နှလုံးသားထဲ မကောင်းတဲ့ခံစားချက်ကို ရုတ်တရတ် ခံစားလိုက်ရသည်။

နဉ်စစ်နျန်သည် ဖုန်းကို ဆွဲထုတ်ပြီး ပြောလိုက်သည်။
" ဒီပန်းချီကား 'တောက်ပခြင်း' ကို ဝေ့ရှီရန် ပြီးဆုံးအောင်ဆွဲတာ ကျူပ်​စောင့်ကြည်ခဲ့တယ်။ ပန်းချီကားအောက်မှာ ဘာလို့ ဖူရွှမ်းရဲ့နာမည်ရှိနေတာလဲ ကျူပ်​မသိဘူး။ ဒီကိစ္စကို ရှင်းလင်းအဖြေရှာဖို့ ဒီနေ့ ကျူပ်​ဒီကိုလာခဲ့တာပဲ။ နောက်ပိုင်းမှာ နားလည်မှုလွှဲမှားတာကို တားဆီးဖို့ အခုပြောမယ့်စကားတွေကို အသံသွင်းလို့ ရမလား။ "

အသံသွင်းဖို့ သဘောမတူရင် ဝန်ခံတာနဲ့အတူတူပဲ။ ဆရာနဲ့ကျောင်းသားတွေ အားလုံးလည်း ပြင်ဆင်ထားပြီးပြီ သူတို့တွေ ငါ့ကို မမိနိုင်ပါဘူး လို့ ဖူရွှမ်း တွေးလိုက်သည်။ အသံသွင်းသွင်း မသွင်းသွင်း ကိစ္စကြီးကြီးမားမားမှမဟုတ်တာ။ အဲဒါကြောင့် သူ သဘောတူ ခေါင်းငြိမ့်လိုက်သည်။

ထန်ဝေ့မင် တုန်လှုပ်စွာနဲ့ မေးလိုက်သည်။
" ကျွန်တော် မစ္စတာနဉ်ကို မေးပါရစေ။ ဝေ့ရှီရန်နဲ့ ဘယ်လိုများ ပတ်သက်ပါသလဲ။ "

" ကျူပ်​နဲ့ ရှီရန်ကြား ဘယ်လိုပတ်သက်လဲ ဟုတ်လား။ " နဉ်စစ် သရော်ပြုံးပြုံးရင်း ပြောလိုက်ပြီး ဖူရွှမ်းဘက်လှည့်ကာ မေးလိုက်သည်။
" မင်း ဒီပန်းချီကားကို ဘယ်အချိန်က စဆွဲပြီး ဘယ်အချိန် ဘယ်နေရာမှာ အပြီးသတ်တာလဲ။ ဒီပန်းချီကားထဲက ကလေးက ဘယ်သူလဲ။ "

" ကျွန်တော် ပန်းချီကားကို စက်တင်ဘာလအစမှာ စဆွဲပြီး အောက်တိုဘာအကုန်မှာ ပြီးစီးသွားတယ်။ ကျောင်းက စတူဒီယိုမှာပဲ ဆွဲခဲ့တာပါ။ စတူဒီယိုထဲက ဆရာနဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက သက်သေခံပေးနိုင်ပါတယ်။ ပန်းချီကားထဲကကလေးက အပြင်လောကမှာ အမှန်တကယ်မရှိပါဘူး။ အကယ်၍ ကျွန်တော်သာ ကလေးတစ်ယောက် ရှိလာခဲ့ရင် အနာဂါတ်မှာ သူ ဘာတွေဖြစ်နိုင်လဲ၊ ကျွန်တော့်ပါရမီစွမ်းရည်၊ အမြင်အာရုံနဲ့ ပန်းချီအပေါ် ချစ်မြတ်နိုးခြင်းတွေကို အမွေဆက်ခံမှာလား အဲဒါတွေကို တွေးတောစဉ်းစားပြီး ရေးဆွဲခဲ့တာပါ။ အဲအနာဂါတ်ကလေးရဲ့မျက်နှာကို စိတ်ကူးပုံဖော်ပြီး ကင်းဗတ်စ်ပေါ်မှာ ရေးဆွဲခဲ့တာ... ... "
သူ့ကိုယ်သူ လိပ်ပြာမသန့်သလို ခံစားမိလို့ ဖူရွှမ်းသည် ပန်းချီကားကို ဖန်တီးစဉ်က ခံစားချက်အကြောင်းကို မပြီးနိုင်မစီးနိုင် ပြောပြနေတော့သည်။ သူ့လက်ပါးစေညီငယ်တစ်ချို့ကလည်း မကြာခဏ ခေါင်းညိမ့်ပြပြီး ထန်ဝေ့မင်တောင်မှ စကားတစ်ချို့နဲ့ ထောက်ခံပေးလိုက်သေးသည်။

ကျိူးယွင်ရှန့်သည် ပန်းချီကားကို ဂျူလှိုင်လလယ်မှာ စဆွဲပြီး စက်တင်ဘာလအကုန်မှာ ပြီးစီးခဲ့သည်။ ပန်းချီဆွဲတဲ့ ဖြစ်စဉ်တစ်ခုလုံးကို နဉ်စစ်နျန် တပ်ဆင်ထားတဲ့ကင်မရာက မှတ်တမ်းတင်ထားသည်။ ဒါအပြင် သူက နဉ်ဝမ်ရှုရဲ့ပုံတူကို ရေးဆွဲခဲ့တာဖြစ်တယ်။ အဲအချက်နဲ့တင် ဖူရွှမ်းကို စွဲချက်တင်ဖို့ လုံလောက်နေပြီ။

လိပ်ပြာမသန့်တဲ့စိတ်ကြောင့် ဖူရွှမ်း မအပ်စပ်မဆီလျော်တဲ့ အကြောင်းတွေ ဆက်ပြောနေပေမယ့် ' နဉ် ' ကတော့ အေးအေးဆေးဆေး အသံသွင်းနေတုန်းပဲ။ ဖူရွှမ်းကတော့ သူ့သေတွင်း သူ တူးနေပြီ။ နဉ်စစ် သူ့ကို လုံးဝမနှောင့်ယှက်ဘူး။ သူ ပြောပြီးနောက် ထန်ဝေ့မင်ကို မေးခွန်းအမြောက်အမြား ဆက်မေးသည်။ အပြစ်ရှိကြောင်း ပြနိုင်တဲ့သက်သေအထောက်အထားတွေ လုံလောက်ပြည့်စုံအောင် စုဆောင်းပြီးမှ နဉ်စစ် ကောင်လေးလက်ကို ကိုင်ပြီး ကျောင်းအုပ်ကြီးကို ဦးတည်ပြီးပြောလိုက်သည်။
" ပါမောက္ခချုပ်လီ... ကျူပ်​အရင်ပြန်နှင့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကျူပ်​ရှေ့နေကို အကြောင်းကြားလိုက်မယ်။ ဒါပေမယ့် အနာဂါတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ခင်ဗျားကျောင်းမှာ ထပ်မဖြစ်ဖို့ မျှော်လင့်တယ်။ "

" ဟုတ်ကဲ့ပါ မစ္စတာနဉ်... ကောင်းကောင်းပြန်ပါ " ကျောင်းအုပ်ကြီး ပါမောက္ခချုပ်လီ နဉ်စစ်တို့နှစ်ဦးကို လေးလေးစားစားနဲ့ တံခါးဆီ လိုက်ပို့ပေးရင်း ပြောလိုက်သည်။ ပြီးတာနဲ့ ချက်ချင်း ပြန်လှည့်လာကာ ဖူရွှမ်းကို အတန်ကြာစိုက်ကြည့်နေပြီး နောက်ဆုံး ခေါင်းခါရင်း ပြောလိုက်သည်။
" သွား... မင်းမိဘတွေကို မြန်မြန်သွားခေါ်။ မင်းကို ကူညီပေးဖို့ အတော်ဆုံးရှေ့နေရှာပေးလို့ ပြောလိုက်။ ကံကောင်းရင်တော့ တရားရုံးမှာကျေအေးလို့ရနိုင်လိမ့်မယ်။ "

" ကျောင်းအုပ်ကြီး... ကျွန်တော်က ဘာလို့ တရားရုံးမှာ ကျေအေးဖို့ တရားရင်ဆိုင်ရမှာလဲ။ ဒီပန်းချီကားကို ကျွန်တော် ဆွဲထားတာ။ ပြီးတော့ လူတွေအများကြီးလည်း အဲဒါကို သက်သေခံပေးနိုင်တယ်။ " ဖူရွှမ်း ထွက်သွားဖို့ ငြင်းပယ်ပြီး ပြောလိုက်သည်။

" မင်းလက်နဲ့ ဆွဲထားတာ ဟုတ်လား? မိုင်ပေါင်းများစွာဝေးတဲ့​နေရာက မစ္စတာနဉ်ရဲ့သားလေးကို မင်း ဆွဲနိုင်တယ်ပေါ့။ အနာဂါတ်ကလေးကို စိတ်ကူးပုံဖော်ထားတာ ဟုတ်လား... ... အဲစကားကို ကြားမိတော့ မင်းအစား ငါ အရမ်းရှက်တာပဲ။ "
ကျောင်းအုပ်ကြီးရဲ့အသံ တဖြည်းဖြည်း တိုးလာတာနဲ့အမျှ ထန်ဝေ့မင်နဲ့ အယောင်ဆောင်သက်သေ ကျောင်းသားတွေ ဇောချွေးပြန်လာပြီး နိမိတ်မကောင်းတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။

" ကလေးက ဘာလို့ အစစ်အမှန် ဖြစ်ရမှာလဲ။ ဝေ့ရှီရန်က စိတ်ကူးပုံဖော်ပြီး ဆွဲထားတာလို့ ငါ့ကို ပြောခဲ့တာ။ " ဖူရွှမ်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ကျောင်းအုပ်ကြီးက တုံ့ဆိုင်းတုံ့ဆိုင်း လုပ်တတ်တဲ့သူ မဟုတ်လို့ လူတိုင်းကို အခန်းအပြင်သို့ မောင်းထုတ်လိုက်သည်။ အခန်းထဲမှာရှိတဲ့လူအားလုံး ဒီနေ့ပြီးတာနဲ့ သူတို့အတွက် အနာဂါတ်မရှိတော့ဘူးဆိုတာ ဆရာကြီး သိလိုက်တယ်။

ဖူရွှမ်း သူ့အိမ်ကို ပြန်သွားပေမယ့် သူ့မိဘနှစ်ပါးလုံးက ' နဉ် ' အုပ်စုကို တိုက်ခိုက်ဖို့ ငြင်းပယ်လိုက်သည်။ အမှုကို မစစ်ဆေးရသေးလို့ မီဒီယာက အဲအကြောင်းကို သတင်းရေးသားပြီး ဝမ်ရှုကို ထိခိုက်အောင် မလုပ်နိုင်ပေမယ့် လက်ရေးလှပညာနဲ့ ပန်းချီလောကမှာတော့ ' ဖူ ' မိသားစုရဲ့ဂုဏ်သတင်းက ပျက်စီးပြီးဆုံးသွားခဲ့ပြီ။ မြောက်မြားစွာသော လျော်ကြေးငွေပေးပြီးနောက် သူတို့တွေက နိုင်ငံခြားထွက်သွားပြီး လူမသိသူမသိ မှေးမှိန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထန်ဝေ့မင်နဲ့ လိမ်ညာသက်သေထွက်ဆိုခဲ့တဲ့ ကျောင်းသားတွေကလည်း အနုပညာအသိုင်းအဝိုင်းကနေ သူတို့ဘာသာ နုတ်ထွက်သွားပြီး မထင်မရှားဘဝနဲ့ ဆက်လက်ရှင်သန်နေထိုင်ခဲ့ကြသည်။

... ... ... ... ... ... ... ... ... ... ... ... ...

အိမ်ပြန်လမ်းတွင် ကျူးယွင်ရှန့် တွန့်ဆုတ်တွန့်ဆုတ် ပြောလိုက်သည်။
" သူမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ ကျွန်တော့်တို့မှာက ကလေးလေးရှုပဲ ရှိတာ။ တရားစွဲဆိုမှု ရှုံးသွားရင် ဘယ်လိုလုပ်မလဲ? "

" ဘာလို့ မနိုင်ရမှာလဲ။ သက်သေက အရမ်းပြည့်စုံနေပြီ " နဉ်စစ်နျန် ကောင်လေးရဲ့ နူးညံ့ပျော့ပျောင်းတဲ့ဆံပင်လေးကို တို့ထိရင်း ပြောလိုက်သည်။

" ဘယ်လိုသက်သေမျိုးလဲ ဟင်? " အပြစ်ကင်းတဲ့မျက်ဝန်းတစ်စုံကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကျူးယွင်ရှန့်မေးလိုက်သည်။ 6

နဉ်စစ်နျန် ရုတ်တရတ် ချွေးစေးတွေ ထွက်လာပြီး စိတ်လှုပ်ရှားထိတ်လန့်စွာ ရယ်မောလိုက်သည်။
" မစိုးရိမ်ပါနဲ့... သက်သေရှိတယ်လို့ ကိုယ် ပြောရင် သက်သေရှိတယ်လို့ ယုံထားလိုက်နော်။ အမှုကိစ္စနဲ့ပတ်သက်တာ အားလုံး ကိုယ့်ကို လွှဲထားလိုက် ကိုယ်ပဲ အားလုံးလုပ်လိုက်မယ်။ တခြားပန်းချီကားတွေကော ရှိသေးလား။ ရှိရင် ကိုယ့်ကို ပြပါဦး။ ပြိုင်ပွဲမှာ​ဘေဘီ ဝင်ပြိုင်လို့ရအောင် ကိုယ် ပြင်ဆင်ပေးမယ်။ " 11

ကျူးယွင်ရှန့် အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်သွားပြီး ခေါင်းပဲငြိမ့်ပြရင်း ပြောလိုက်သည်။
" ကျွန်တော်မှာ 'တောက်ပခြင်း' နဲ့ level တူတဲ့ ပန်းချီကားတစ်ခု ရှိသေးတယ်။ အဲဒါကိုလည်း ဝင်ပြိုင်လို့ရအောင် ကူညီပေးပါ။ ဒါနဲ့လေ အမှုကို လူထုကြား မချပြလို့ရမလား ဟင်။ ကလေး​လေးရဲ့အနာဂတ်​ကို ထိခိုက်မှာ စိုးရိမ်တယ်။ "

မီဒီယာက နောက်ကြောင်းဇာတ်လမ်းကို သေချာပေါက် တူးဖော်ကြမှာပဲ။ နဉ်ဝမ်ရှုက လူတွေရဲ့မျက်လုံးထဲ မလွဲဧကန်ဝင်ရောက်သွားမှာ။ နဉ်ဝမ်ရှုက စိတ်အနှောင့်အယှက် ခံရဖို့အတွက် အရမ်းငယ်သေးတယ်။ ကျူးယွင်ရှန့် သူ့ကိုကာကွယ်ဖို့ ခွန်အားအပြည့်အဝ ရှိပေမယ့် သူရဲ့ပုံတူကို အသုံးချမိတဲ့အတွက် စိတ်ထဲ လိပ်ပြာမသန့်သလို ခံစားနေရတုန်းပဲ။

နဉ်စစ်နျန်က ယွင်ရှန့်ရဲ့အတွေးကို မသိပဲ သူ့သားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုပဲ မြင်တာကြောင့် သူ့နှလုံးသားက နူးညံ့သွားပြီး သူ့အနားဆွဲခေါ်ကာ ညင်သာစွာ နမ်းရှိုက်လိုက်သည်။ 7

တစ်ယောက်နဲ့တစ်ယောက် ပြုံးရယ်ရင်း ကြည့်လိုက်ကြသည်။

အိမ်ရောက်တော့ ကျူးယွင်ရှန့် ပုံကြမ်းဆွဲဖို့ နဉ်ဝမ်ရှုကို ရေကန်ဆီ ခေါ်သွားလိုက်သည်။ နဉ်စစ်နျန် ရှေ့နေဆီ ဖုန်းခေါ်ဖို့ စာကြည့်ခန်းဆီ သွားလိုက်သည်။ ဒါက နိုင်ငံထိပ်တန်းရှေ့နေအဖွဲ့အစည်းရဲ့ တရားမရေးရာအမှုဖြစ်လို့ အရမ်းလွယ်ကူပြီး တစ်ဖက်က တရားပြိုင်လည်း စိတ်မချမ်းမြေ့စရာတန်ဖိုးကို ပေးပြီး အာမခံတာဝန်ယူရလိမ့်မယ်။
ဖုန်းချလိုက်ပြီး နဉ်စစ် စီးကရက်ကို ကိုင်ကာ ပြတင်းပေါက်နားရပ်ရင်း လူငယ်လေးနဲ့ကလေးလေး ပျော်ရွှင်စွာ ပန်းချီဆွဲနေတာကို ငေးကြည့်နေလိုက်သည်။ အဲအချိန် ကျောက်ရှင်းဖန်း စာကြည့်ခန်းထဲ ကမန်းကတန်း တံခါးဖွင့်ဝင်လာပြီး အကြွေးဝယ်ကတ်ကို ကိုင်ကာ ပြောလာသည်။
" စစ်... အကြွေးဝယ်ကတ်တွေ သုံးမရတော့ဘူး "

နဉ်စစ် လှည့်ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။
" ရှင်းဖန်း ... ဒီမှာ လာကြည့်ပါဦး "

ကျောက်ရှင်းဖန်း လျှောက်လာပြီး ကွန်ပြူတာမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။ နဉ်စစ်နျန် ဖွင့်တဲ့ခလုတ်ကို နှိပ်လိုက်တော့ " အ... အာ... အ... " ညည်းတဲ့အသံတွေက ချက်ချင်း အခန်းထဲ ပျံ့နှံ့သွားသည်။ ဖြူဖွေးနေတဲ့ခန္ဓာကိုယ်နှစ်ခုက အနေအထားအမျိုးမျိုးနဲ့ ပူးကပ်နေပြီး အဖြစ်အပျက်က အရမ်းညစ်ညမ်းနေသည်။

ကျောက်ရှင်းဖန်းရဲ့မျက်နှာ ဖျော့တော့သွားကာ ဒယိမ်းဒယိုင်နဲ့ အနောက်ဘက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး တုန်လှုပ်စွာ ပြောလိုက်သည်။
" စစ်... အဲဒါ တမင်လုပ်တာမဟုတ်ပါဘူး။ မဟုတ်... မဟုတ်ဘူး တွန်းအားပေးခံရတာ။ စစ်... ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ... "

နဉ်စစ်နျန် သူမကို လျှစ်လျူရှုပြီး ဖုန်း ကောက်ကိုင်လိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် ရဲဝန်ထမ်းတွေ အများကြီး ဝင်လာပြီး လိမ်ညာမှု၊ ခိုးမှု၊ စီးပွား​ရေးဆိုင်​ရာ လျှို့ဝှက်​ချက်​ပေါက်​ကြားမှု စသည့်​စွဲချက်​တွေနဲ့ ကျောက်ရှင်းဖန်းကို ဖမ်းဆီးလိုက်​သည်​။ ပြစ်မှုတွေ များတာကြောင့် ကျောက်ရှင်းဖန်း အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခံရပြီး ' နဉ် ' အုပ်စုကိုလည်း မြောက်မြားစွာသောတန်ဖိုး ပေးဆပ်ရမည်။ တရားသူကြီးတွေကလည်း သူတို့နှစ်ဦးကြားက လက်ထပ်မှုကို ပယ်ဖျက်ပေးလိုက်သည်။

ချန်ယွိကတော့ လွန်ခဲ့တဲ့တစ်လကတည်းက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီ။

... ... ... ... ... ... ... ... ... ... ... ...

သုံးနှစ်ကြာပြီးနောက် ဒေါက်တာချင်လီ အငြိမ်းစားယူသွားတာကြောင့် သူ့ကလေးနဲ့ ချစ်သူကို ဂရုစိုက်ပေးဖို့ ကလေးထိန်းတစ်ယောက်ရှာရန် နဉ်စစ်နျန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ပန်းချီကို အရူးအမူးစွဲလမ်းပြီး စတူဒီယိုခန်းထဲ တခါဝင်သွားတာနဲ့ အရာအားလုံးကို မေ့သွားသည်။ သူတို့အနား သူတို့ကို သတိပေးမယ့်သူမရှိရင် သူတို့ကိုယ် သူတို့ သေတဲ့အထိ အစာငတ်ခံမယ်ဆိုတာ သေချာသလောက်ပဲ။

အဲဒါက အိမ်ရှိစောင့်ကြည့်ကင်မရာတွေကို တစ်စစီဖြုတ်ဖို့ နဉ်စစ် တွန့်ဆုတ်ရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

ဒီနေ့ လှပတဲ့မိန်းမပျိုလေးတစ်ယောက် အိမ်တံခါးကို လာခေါက်သည်။ သူမက လှစ်လပ်​နေတဲ့​နေရာကို အလုပ်လျှောက်ဖို့ လာခဲ့တာ ဖြစ်သည်။

" ဟာ... ရှင်... ရှင်က ဝေ့ရှီရန် 'အိမ်အပြန်လမ်း' ဆွဲတဲ့ ဝေ့ရှီရန် ဟုတ်တယ်မလား " မိန်းမပျိုလေးက လူငယ်လေးရဲ့ချောမောတဲ့မျက်နှာကို ကြည့်ရင်း အော်ပြောလိုက်သည်။

" အိမ်အပြန်လမ်း " က လွန်ခဲ့တဲ့သုံးနှစ်က ပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ပေးပို့ခဲ့တဲ့ ပန်းချီကား ဖြစ်သည်။ ပြည့်စုံစေ့စပ်တဲ့ အမူအယာရှိတဲ့ လူငယ်လေးက အမျိုးသမီးတစ်ဦးရဲ့ပေါင်ပေါ် လှဲအိပ်နေတဲ့ပန်းချီကားပါ။ အမျိုးသမီးက လက်တစ်ဖက်နဲ့ သူ့​ခေါင်း​တွေကို ပွတ်သပ်ပေးနေပြီး ကျန်တစ်ဖက်နဲ့ သူ့မျက်နှာကို ဖုံးကွယ်ထားသည်။ သူတို့ပတ်ပတ်လည်မှာ နှင်းဆီပန်းတွေနဲ့ ပြည့်နှက်နေပြီး လေပြည်လေညှင်းကြား ယိမ်းထိုးညှို့ယူဖမ်းစားနေသည်။ မြင်ကွင်းက တောက်ပနွေးထွေးပေမယ့် ကောင်လေးရဲ့အနောက်မှာတော့ ဆူးတွေနဲ့ပြည့်နှက်နေတဲ့ အဆုံးမရှိတဲ့လမ်း ရှိနေသည်။

ကောင်လေးရဲ့ခြေထောက်က ကွေးနေပြီး ခြေဖဝါးမှာလည်း သွေးတွေရှိနေသည်။ အဲဒါကို ကြည့်ပြီး သူ အမျိုးသမီးဆီ လာတဲ့လမ်းတစ်လျှောက် တွေ့ကြုံလာရတဲ့ ပင်ပန်းခက်ခဲမှုတွေကို စိတ်ကူးမှန်းဆဖို့ မခက်ခဲတော့ပါဘူး။ အဲဒါက အိမ်မက်စိတ်ကူးပန်းချီဖြစ်ပေမယ့် ရှေ့ဟောင်းအနုပညာနဲ့လည်း သဟဇာတဖြစ်နေသည်။ ဝမ်းနည်းစရာဇာတ်လမ်းလို့ ပြောနိုင်တယ်။ ကောင်လေးက အဲနေရာမှာ တိတ်တဆိတ်လှဲလျောင်းနေပြီး အသက်ဝင်လှပလွန်းတာကြောင့် ဘေးမှဖြတ်သွားသူအားလုံး စိတ်ဝင်စားပြီး အသက်ရူမရူ စူးစမ်းရှာဖွေကာ အသက်ရှင်နေရင် သူ့ကို မြင်တွေ့ချင်ကြသည်။ ကြင်နာသနားတတ်ပုံကြောင့် လူတိုင်းက သူ့ကို ပွေ့ဖက်ချင်ကြသည်။

ပန်းချီကားကို ပြခန်းတင် ပြသတဲ့အချိန် လူအမြောက်အများ နစ်မျောသွားပြီး အသက်ရှု မရှုကို စမ်းသပ်ကြည့်ဖို့ သွေးဆောင်ဖြားယောင်းခံကြရသည်။ ပန်းချီကားကို မပျက်စီးစေရန် စီစဉ်သူက နံရံမှာ " မကိုင်တွယ်ပါနဲ့။ သူ အသက်ရှင်နေတုန်းပဲ " ဆိုတဲ့ စာတန်းကို ကပ်ထားခဲ့ရသည်။

ပန်းချီဆရာရဲ့ ထိပ်တန်းကျတဲ့အရည်အချင်းနဲ့ ရိုးသားတဲ့ချစ်ခြင်းမေတ္တာတရားက ပန်းချီကားကို အသက်ဝင်လှုပ်ရှားစေခဲ့သည်။ ထိုပန်းချီကားသည် အဲနှစ် ပြိုင်ပွဲတွင် အမြင့်ဆုံးဆုကို ရရှိခဲ့သည်။

ဝေ့ရှီရန်အတွက်ကတော့ အဲဒါက ကျော်ကြားမှု ဖြစ်ပေမယ့် နဉ်စစ်နျန်အတွက်ကတော့ လပေါင်းများစွာ မနှစ်မြို့စရာ အိပ်မက်ဆိုး ဖြစ်ခဲ့သည်။ စီစဉ်သူတွေက ' အသက်ရှင်နေတယ် ' လို့ ပြောပေမယ့် လူငယ်လေးကို ပွေ့ဖက်ထားတဲ့ အမျိုးသမီးက အမှန်တကယ်တော့ သေဆုံးသွားပြီဖြစ်တဲ့​ဝေ့ရှီရန်​အမေဆိုတာ နဉ်စစ်နျန် တစ်ယောက်တည်း သိတယ်။ သူက သူ့အမေရဲ့လက်မောင်းကြား ပွေ့ဖက်မှုကို ရရှိဖို့ စိတ်အားထက်သန်ခဲ့သည်။ အဲဒါက မြုပ်နှံ့ထားတဲ့အဓိပ္ပါယ်ပဲ။

နဉ်စစ်သည် ကြောက်လန့်ပြီး ကောင်လေးအပေါ် ပိုပြီးစောင့်ကြပ်လာသည်။ သူ့မြင်ကွင်းကနေ သုံးမိနစ်ထက်ပိုပြီး ပျောက်ကွယ်သွားတာနဲ့ မနေနိုင်မထိုင်ဖြစ်ပြီး ချွေးစေးတွေ ထွက်လာသည်။

ကောင်လေးကို ရှာဖို့ ကျောက်ကျွင့်ကို မကြာခဏ ခေါ်တတ်သည်။ဒါ​ကြောင့်​သူ့သူဌေး နေမကောင်းဖြစ်နေတာ 100% သေချာသွားပြီလို့ ကျောက်ကျွင့် တွေးလိုက်သည်။ 2

အဲအချိန်တွင် နဉ်စစ်နျန်သည် ကွန်ပြူတာဖန်သားပြင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ လူငယ်လေးနဲ့ မိန်းမပျိုက စကားအပြန်အလှန်ပြောနေကြပြီး တခစ်ခစ်ရယ်သံကိုတောင် သူ့နားကြပ်ကနေ ကြားနေရသည်။

" ကွက်ကီးမုန့် လုပ်တတ်လား။ ကျွန်တော့်တူလေးက ကွက်ကီးကြိုက်တယ်။ " ကျိူးယွင်ရှန့် နတ်ဘုရားမကို ကြည့်ရင်း ပြောလိုက်သည်။ ဟုတ်တယ်... ဒါက အချိန်နှောင်းတဲ့ ဇာတ်လိုက်အမျိုးသမီး။

" လုပ်တတ်တယ်။ ရှင်နဲ့ ကလေးအတွက် နည်းနည်း လုပ်ကြည့်ရမလား " မိန်းမပျိုရဲ့ပါးတွေက နီရဲနေပြီး မျက်လုံးတွေတောက်ပစွာနဲ့ ပြောလိုက်သည်။ ' အိမ်အပြန်လမ်း ' ကြောင့် သူမက ဝေ့ရှီရန်အပေါ် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သဘောကျနှစ်သက်နေပြီးသား။ သူမရဲ့အနာဂါတ် အလုပ်ရှင် ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မမျှော်မှန်းထားဘူး။

" ရတယ် မီးဖိုချောင်ထဲမှာ အားလုံးရှိတယ်။ လိုအပ်တာ ဘာမဆို ယူသုံးလိုက်ပါ။ " ကျိူးယွင်ရှန့် ကြောင်အိမ်ကို ညွှန့်ပြရင်း ပြောလိုက်သည်။

သူမ အလျင်အမြန် ခေါင်းညိမ့်လိုက်ပြီး ရှေ့ဖုံးခါးစည်းကို ဝတ်မလို့ပြင်လိုက်ချိန် ကျောက်ကျွင့် သူမဆီ လျှောက်လာပြီး ပြောလိုက်သည်။
" မစ္စတာဝေ့... သူဌေး ခေါ်နေတယ်။ ကလေးထိန်းကောင်းကောင်း ရှာတွေ့ထားပြီမို့ ဒီတစ်ယောက်ကို ကြည့်စရာမလိုတော့ဘူးတဲ့။ ဒီအမျိုးသမီးကို အပြင်လိုက်ပို့ပေးလိုက်ပါမယ်။ "
စကားပြောနေရင်းနဲ့ မိန်းမပျိုကို 'နဉ် ' အိမ်ကနေ အပြင်လိုက်ပို့ပေးလိုက်သည်။ 2

သိပ်မကြာခင်မှာပဲ ' နဉ် ' အိမ်က ကလေးထိန်းအသစ်တစ်ယောက် အမှန်တကယ်ရှာတွေ့သွားသည်။ အသက် 65 နှစ် အရွယ်ရှိပြီး မျက်နှာက အခြောက်လှမ်းထားသော လိမ္မော်ခွံနဲ့ တူနေသည့် အဖွားကြီးတစ်​ယောက်​။ 8

ကျိူးယွင်ရှန့် သူမကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီး စိတ်ထဲက နှာဗူးကြီးကို ကျိန်ဆဲလိုက်ပေမယ့် နှုတ်ခမ်းကတော့ အနည်းငယ် ကွေးညွှတ်သွားသည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі