Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.9
အခန်း(၃၉) လင်းချန်​စယ်​ဘဝ+
Translator - Mayhoney127

BGM suggest >>> When I look at​you by Miley Cyrus

ဘယ်မှာလဲ?"

လူကြီးရဲ့မေးခွန်းထွက်လာတာနဲ့ တမင်ကြားအောင် သူတံခါးကို ဆောင့်ပိတ်ချလိုက်တယ်။ ကျိုးယွင်​ရှန့်ပုံစံက စိမ်ပြေနပြေရှိနေ​ပေမယ့်လည်း စိတ်က​ယောက်​ကယက်ဖြစ်ကာ ကူရာမဲ့နေတဲ့ လန်​ကြုတ်​သံနဲ့

"ကျွန်တော် Han Mountain Bussiness Clubရဲ့ အခန်းနံပတ်(၁၀၈)မှာ။ လာလို့ရမ . . ."

တဖက်က သူပြီးအောင်တောင် မပြောရသေးခင် ဖုန်းချသွားတယ်။ ကျိုးယွင်​ရှန့် က ဖုန်းကိုသိမ်းလိုက်ကာ ဗိုလ်​ထိုင်အိမ်သာပေါ်မှာ ခြေချိတ်ထိုင်ရင်း စောင့်နေလိုက်တယ်။
တစ်မိနစ်လောက်ကြာတော့ ကလပ်တံခါကိုbodyguardနှစ်ယောက်က ခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်။ ချောင်းမိုခွန်းက သူတို့နောက်က အသက်ရှုရပ်မတပ် ပြေးလာတယ်။ အခန်းထဲက ညစ်ညမ်းမြင်ကွင်းတွေတွေ့တော့ သူ့မျက်နှာကရှုံ့ မဲ့သွားတယ်။ သူဒေါသထိန်းကာ တစ်ကိုယ်ချင်းလိုက်စစ်ကြည့်တယ်။ အိမ်သာတံခါးပွင့်လာပြီး အထဲက မျက်ရည်တွေဝဲနေတဲ့ ဖြူဖပ်ဖြူလျှော်ကောင်လေးက သတိနဲ့လှမ်းချောင်းကြည့်တာ မြင်တော့ သူလန့်သွားတယ်။ သူတို့တစ်ယောက်ကိုတစ်ယောက် ခဏစိုက်ကြည့်နေမိကြတယ်။ပြီးမှ သူခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားကာ သူ့ကုတ်အင်္ကျီကိုချွတ်​ပြီး ကောင်လေးကိုယ်ပေါ်ကို တင်းကျပ်စွာခြုံထားပေးလိုက်တယ်။ ကလပ်မန်နေဂျာရဲ့ မပြီးနိုင်မစီးနိုင် တောင်းပန်နေမှုကို လျစ်လျူရှုကာ သူတို့ကလပ်ထဲက ထွက်လာကြတယ်။
ကားထဲရောက်တာနဲ့ ကုတ်အင်္ကျီကို ဖွင့်ကာ ကောင်လေးရဲ့ တစ်ကိုယ်လုံးကို ခြုံကြည့်ရင်း

"ဘာဖြစ်သွားသေးလဲ?"

တကယ်လို့ Driverနဲ့ bodyguardတွေသာ မရှိရင် သူက ကောင်လေးရဲ့ အဝတ်တွေအကုန်ချွတ်ကာ အတွင်းရောအပြင်ရော သေချာစစ်မယ့်ပုံပေါ်တယ်။

"သူတို့က ကျွန်တော့်ကို ဝိုင်နဲ့မုန့်တွေပေး​ပေမယ့် ကျွန်တော်ထိတောင်မထိရဲလို့ ဘာမှမဖြစ်ပါဘူး။ တချို့သူတွေ ဆေးကြောင်ကြောင်နေတာမြင်တော့ ကျွန်တော်ကြောက်ပြီး အိမ်သာထဲဝင်ပုန်းနေတာ"

ကျိုးယွင်​ရှန့်က တစ်ကိုယ်လုံးတုန်ယင်နေကာ လူကြီးရဲ့ ကြီးမားကျယ်ပြန့်ပြီး နွေးထွေးနေတဲ့ ရင်ခွင်ထဲပုန်းရင်း လုံးဝကြောက်နေတဲ့ပုံလေးနဲ့ ပြောတယ်။3
"ဘာလို့နမော်နမဲ့နိုင်ရတာလဲ? ဟန်ယွိပြန်သွားတာရင် ဘာလို့သူနဲ့ ပြန်လိုက်မသွားလဲ? ဒီမှာအဲ့လူတွေ ဘာလုပ်နေကြလဲ မင်းနားမလည်ဘူးလား? သူတို့မင်းကို ဘာလုပ်ပစ်နိုင်တယ်ဆိုတာရော သိရဲ့လား? ငါပြောပြမယ်။ မင်းကသူတို့အတွက် အရသာရှိတဲ့​စားချင်စရာလေးပဲ။ မင်းအကုန်စားခံရလိမ့်မယ်ကွ!"

ချောင်းမို့ခွန်းက သူ့ကိုတင်းတင်းဖက်ထားကာ ဒေါသတကြီးဆူတော့တယ်။ ကျိုးယွင်ရှန့်က သနားစဖွယ်ပုံလေးနဲ့

"သူတို့က ဟန်ယွိရဲ့ သူငယ်ချင်းတွေလေ။ မှန်တယ်လို့တော့ မထင်မိ​ပေမယ့် သူတို့နဲ့ ပေါင်းရင် ဟန်ယွိအတွက် အကူအညီများရမလားလို့။ သူ့မှာအသိများလာလေလေ၊ အခွင့်အရေးပိုရှိလာလေလေပဲမလား။ သူတို့ထဲက တစ်ယောက်ယောက်က ကူညီနိုင်ရင် ကူညီနိုင်မှာပါ။ သူကခုမှစလုပ်ရမှာတော့ အဆက်အသွယ်အများကြီးလိုသေးတယ်"
ချောင်းမို့ခွန်းက သွေးအန်မတက် ဒေါသထွက်လာတယ်။ ကောင်လေးကိုတော့ မဟုတ်ပါဘူး။ သူနှာခေါင်းရှုံ့ကာ

"ငါက သူ့ဦးလေးလေ။ သူမျှော်လင့်နိုင်သမျှ အကောင်းဆုံးအဆက်အသွယ်ကြီးပဲ။ သူ့အတွက်ရှာပေးဖို့ ဘာလို့မင်းကို လိုရဦးမှာလဲ"

"ကျီအိမ်ကို စီးပွားပျက်အောင်လုပ်တာ ခင်ဗျားမဟုတ်ဘူးလား? ပြီးတော့ သူ့အမေကိုလည်း ခင်ဗျားမုန်းနေသေးတာကို။ ဘယ်လိုလုပ် ခင်ဗျားက သူ့ကိုကူညီမှာလဲ?"

ချောင်းမို့ခွန်းက မျက်မှောင်ကြုတ်​ကာ ရင်ထဲကနေ ဒေါသတွေအလိပ်လိုက်အလိပ်လိုက်တက်လာပြီး

"မင်းကိုသူပြောလား? ဟင်? ငါသူ့ကိုမကူညီဘူးလို့ ပြောလို့ မင်းဖာခံရမယ်လို့ ပြောလား?"

ကျိုးယွင်ရှန့်က ဟုတ်လို့ငြိမ်ခံနေတဲ့ပုံလေးနဲ့ ဘာမှပြန်မပြောတော့ဘူး။ ချောင်းမို့ခွန်းက နှာခေါင်းထပ်ရှုံ့ မိတယ်။ သူ့တစ်ကိုယ်လုံးဒေါသတွေနဲ့ပြည့်နက်နေပြီ။ ဆေးလိပ်သောက်ဖို့ ဆေးလိပ်ကိုင်လိုက်​ပေမယ့် ကောင်လေးအနံ့မခံနိုင်တာသိတော့ ပြန်ချထားလိုက်တယ်။ သူဖုန်းကို ကောက်ကိုင်ကာ ဖုန်းဆက်တော့တယ်။

"မင်းဘာလုပ်နေလဲ?"

"ကျွန်တော် . . . ဘာလုပ်နေလဲလား?"

ကျီဟန်ယွိ အသံကပြာနေပြီးတော့ အရမ်းမောနေတယ်။ ချောင်းမို့ခွန်းက မယုံသင်္ကာနဲ့

"မင်း . . . တစ်ယောက်ယောက်ကို လုပ်နေတာလား?"

ချောင်းမို့ခွန်းက ရုတ်တရပ်တောင့်သွားတဲ့ ကောင်လေးကို တချက်ကြည့်လိုက်တယ်။ ကျီဟန်ယွိက ချက်ချင်းပဲ

"မဟုတ်ပါဘူး"

ပြီးတော့ သူ့ချစ်သူကို ပြုံးပြလိုက်တယ်။ သူဖုန်းကို မကိုင်ဖို့လုပ်ထား​ပေမယ့် ခေါ်တဲ့သူနာမည်တွေ့တော့မှ အိပ်ရာထဲက မနည်းထပြောနေရတာ။
"ငါ့ကိုလာလိမ်မနေနဲ့။ ငါအကုန်ကြားနေရတယ်။ မင်း ဖန်းယို့ရမ်နဲ့ တကယ်ချစ်နေကြတယ်ဆိုရင်လည်း ငါမတားပါဘူး"

ကျီဟန်ယွိက ခဏတိတ်သွားပြီး ခေါင်းညိမ့်ကာ

"ဦးလေး ကျွန်တော်နဲ့သူက တကယ်ပါ။ ပြီးတော့ ဦးလေးရဲ့ထောက်ခံပေးမှုက အရမ်းအရေးပါလို့ ကျေးဇူးတင်ပါတယ်"

"ပြီးတော့ လင်းချန်စယ်ကရော?"

ချောင်းမို့ခွန်းက သူဆက်စစ်မေးလိုက်တယ်။ ဖန်းယို့ရမ်က သူ့ဘေးမှာနားစွန့်နေတာမလို့ ကျီဟန်ယွိက အမုန်းတွေကိုထိန်းကာ အထင်သေးစွာဘဲ

"သူ့ကိုဂရုစိုက်မနေပါနဲ့ သူက အစကနေအဆုံးအထိ ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး"

"ဟုတ်ပြီ ငါနားလည်ပြီ။ မင်းကိစ္စသာဆက်လုပ်တော့"

ချောင်းမိုခွန်း ဖုန်းချလိုက်တယ်။ ပြီးတော့ ကောင်လေးရဲ့မေးလေးကိုပင့်ကာ သူ့မျက်ဝန်းတွေထဲ ကြည့်စေရင်း ပြတ်ပြတ်သားသားပဲ

"မင်းချစ်တယ်ဆိုတဲ့ လူကိုကြည့်စမ်း! သူကမင်းကို ခေါင်းအစခြေအဆုံး စိတ်တောင်မဝင်စားဘူးတဲ့! မင်းအချစ်ဆုံးသူငယ်ချင်းတောင်မှ fxxkပစ်တယ်!"

ကျိုးယွင့်ရှန်က ခဏအေးခဲသွားပြီးတော့ မျက်ရည်တွေညှစ်ထုတ်ကာ အကြီးအကျယ် စိတ်ပျက်သွားတဲ့ပုံလေးနဲ့ ဒီကောင်လေးရဲ့ စိတ်ထိခိုက်နာကျင်လွယ်တဲ့သရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တော့တယ်။ ချောင်းမိုခွန်းက ကောင်လေးရဲ့ ဒီလိုစိတ်ထိခိုက်သွားတဲ့ပုံနဲ့ ကြုံတွေ့ရတော့ သူ့ရဲ့တစ်​ချိန်လုံး အေးစက်ခါးသီးလွန်းတဲ့ နှလုံးသားက တုန်ရင်လာကာ ရင်ထဲကနာကျင်မှုတွေက တစ်ကိုယ်လုံးကို စီးဆင်းသွားတယ်။ (ဒယ်​ဒီ = ဗီလိန်​ဂျင်းစားသူ 😂)10

"ဘာလို့ငိုနေရတာလဲ? ဒီ​လောက်​လေးကို မိသားစုဝင်တစ်ယောက်ယောက် သေသွားလို့ ငိုနေတာကျနေတာပဲ။ ဘာရည်မှန်းချက်မှ မရှိဘူးလား?"

သူ့ ပါးစပ်ကသာ အပြစ်ပြောနေပင်မယ့် လက်ကတော့ တစ်ရှူးကိုင်ကာ ကောင်လေးမျက်ရည်တွေကို ဖွဖွလေးသုတ်ပေးနေလေရဲ့။ အစက သူဒီရက်ပိုင်း ကောင်လေးကို ကျီဟန်ယွိက ဖန်းယို့ရမ်နဲ့ ခြံခုန်နေတာကို အခွင့်အရေးရှာကာ သိအောင်ပြဖို့ အစီအစဉ်ရှိတယ်။ ဒါ​ပေမယ့် ကျီဟန်ယွိက သူ့ကို ဒီလိုမကောင်းတဲ့sexပါတီကို ခေါ်သွားလိမ့်မယ်လို့တော့ မမျှော်လင့်မိဘူး။ ဒါက ချောင်းမို့ခွန်းရဲ့ သည်းခံနိုင်စွမ်းကို ကျော်သွားတာပဲ။ ဟန်ယွိက တရားမဝင်သမီးရဲ့ ကလေးလေ။ သူ့ကိုသဘောကျလို့ ထောက်ပံ့ပေးနေ​ပေမယ့် သူ့ကိုစိတ်ကုန်သွားရင် ချောက်ထဲကန်ချဖို့ ဝန်မလေးဘူး။
ကျိုးယွင်​ရှန့် က သူ့တစ်ရှူးကိုယူသုတ်ကာ သူ့အင်္ကျီလက်ကို ဆွဲရင်း+

"ကျွန်တော့် အဖေရော အမေရော ဆုံးသွားပြီဗျ ! ဒါကို ခင်ဗျားကြီးက အနာကိုဆားလာသိပ်နေတာလား?"

"ဟုတ်သားပဲ ဦးမှားသွားတယ်။ မငိုနဲ့တော့နော် ကလေး။ ကျီဟန်ယွိက ဘာမှမဟုတ်တဲ့ကောင်ကို ကလေးမှာ ဦးရှိသေးတယ်လေ။ မငိုနဲ့တော့နော်"2

ချောင်းမို့ခွန်းက တစ်ခါမှမချော့ဘူးတော့ နည်းနည်းပြောလေ အမှားကင်းလေလို့ပဲတွေးကာ သူ့ရင်ခွင်ထဲမှာ တင်းနေအောင် ဖက်ထားပြီး နဖူးလေးကို ဖွဖွလေးနမ်းလိုက်တယ်။

"ကျွန်တော့်မှာ ခင်ဗျားရှိသေးလို့လား? မေ့နေတာလား? သဘောတူစာချုပ်က ကုန်တော့မယ်လေ"

ကျိုးယွင်ရှန့် က ဗုံးတစ်လုံး ချလိုက်တယ်။ ချောင်းမို့ခွန်းက သဘောတူညီမှုနဲ့တွဲနေတာကို သတိရမိတော့ ခဏအသက်ရှုရပ်သွားတယ်။
သေစမ်း! ကိစ္စကို ပိုဆိုးအောင် လုပ်မိမှာတွေ ဘာတွေမေ့လိုက်တော့! အစတည်းက ဆိုးတဲ့အခြေအနေနဲ့ စနေခဲ့ပြီးနေပြီတာပဲ

သူဒီလို တကယ်ကြွေဆင်းမိမယ်မှန်းသာသိရင် ဒီကောင်လေးကို လူမဆန်တဲ့ အပေးအယူတွေ ဘယ်တော့မှ လုပ်ခဲ့မိမှာ မဟုတ်ဘူး။1
ကျိုးယွင်​ရှန့် က သူ့ကိုရှင်းပြခွင့်တောင် မပေးဘဲ

"ငွေသိန်းသုံးထောင် အခုချက်ချင်းတန်းပေးတော့"

"ကလေးဘာလုပ်မလို့လဲ? အဲ့လောက်တုံးရလား? သူပိုက်ဆံမရှိဘူးပြောတာနဲ့ ဘာမှမတွေးဘဲ တန်းယုံရသလား? မွဲသွားတယ်ဆိုတာက ဆင်းရဲသွားတာ မဟုတ်ဘူး။ ပိုင်ဆိုင်မှုတွေ အရင်လိုပိုလျှံမနေဘဲ ထိန်းထိန်းသိမ်းသိမ်း သုံးနေရတာကို ခေါ်တာကွ။ ဆင်ပိန်က ကျွဲထက်တော့ သာပါသေးတယ် ကလေးရာ။ ကျီမိသားစုက ပိုက်ဆံသိန်း၃ထောင် မရှိလောက်တဲ့အထိ ချွတ်ခြုံကျမသွားဘူး။ ကလေး . . . သူက ကလေးကို ကစားနေတာနော်"

ချောင်းမိုခွန်းက သူ့လက်ရှိရှုပ်နေတဲ့အခြေအနေကို မေ့ကာ ခါးသီးတဲ့အမှန်တရားတွေကို ပြောလိုက်မိတယ်။ ကျိုးယွင်ရှန့် က အတော်ကြာကြာ ငြိမ်ကျသွားတယ်။ နောက်ဆုံး ခေါင်းခါကာ

"ခင်ဗျား ထင်နေသလို ကျွန်တော်က အပေါစားကောင် မဟုတ်ဘူး။ သူကျွန်တော့်ကို ကစား​နေ​နေ မ​နေ​နေ အခုအရေးကြီးတာက သူနဲ့ဇာတ်လမ်းသွားဖြတ်ရမယ်"

သူပြောပြီးတာနဲ့ သူ့လက်ကAIကို အရိပ်အခြေကြည့်ကာ ခိုးကြည့်လိုက်တယ်။ ဇာတ်လိုက်တွေနဲ့ ဇာတ်ရှိန်အမြင့်ဆုံးမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်ကောင်းရအောင် သူအိမ်မှာ ကင်မရာအသေးလေးတွေ တပ်ထားတယ်။ သူတို့နှစ်ယောက် ပထမဆုံးအိပ်တည်းက သူဒီဇာတ်ကဖို့ အဲ့ဒီမှာ ရှိနေရမှာဆို​ပေမယ့် အဲ့အချိန် သူလည်း ကံခေပြီး ချောင်းမိုခွန်းနဲ့ အတူရှိနေတော့ အခွင့်အရေးလွတ်သွားတယ်။ အခုသူတို့နှစ်ယောက် ထပ်လုပ်နေကြပြန်တော့ ဒီအခွင့်အရေးကို သူလွတ်လို့မဖြစ်ဘူး။ သူကျီဟန်ယွိကို တစ်ကိုယ်ကောင်းအချစ်က ဘာမှန်းသိအောင် လုပ်ပေးရမယ်လို့ ဆုံးဖြတ်ချက်ချပြီးတည်းက မေးစရာမလိုအောင်ကို သူဖြစ်အောင်လုပ်ပစ်မှာ။

ချောင်းမို့ခွန်းက သူ့ပြတ်သားတဲ့စိတ်နဲ့အမူအယာကို တွေ့ရတော့မှ နောက်ဆုံး စိတ်သက်သာရာရတော့တယ်။ သူ့bodayguardတွေကို ဘဏ်ကိုသွားပြီး သိန်းသုံးထောင်​ကို​ငွေသားနဲ့ ချက်​ချင်းသွားထုတ်ခိုင်းလိုက်တယ်။

ကျိုးယွင်​ရှန့် က ငွေအိတ်အလေးကြီးကိုမကာ တံခါးမကြီးက ဝင်လာတယ်။ တံခါးကဆီဝနေတော့ အထဲကနှစ်ယောက်က သူဝင်လာတာကို မသိလိုက်ဘူး။ ကျိုးယွင့်ရှန် ဖန်းယို့ရမ်အိပ်ခန်းထဲ ဝင်လိုက်တော့ လုံးထွေးနေတဲ့ကိုယ်နှစ်ကိုယ်ကို မြင်လိုက်ချင်း မျက်နှာမည်းသည်းသွားတယ်။
ကျီဟန်ယွိက ရူးမတက်ထိုးသွင်းနေပြီး ဖန်းယို့ရမ်က မထိန်းနိုင်တော့ တောင်းပန်နေတယ်။

"လျှော့လုပ် . . . ဖြည်းဖြည်း . . . နာတယ်"

သူအမှတ်တမဲ့ကြည့်မိလိုက်တော့ သူ့အသံက လည်ချောင်းထဲမှာပျောက်သွားကာ ပြောစရာစကားပျောက်သွားတယ်။ အချိန်အတော်ကြာမှ သူမယုံကြည်နိုင်စွာ
"ချန်စယ်!"

လို့အော်ပြီး သူ့အပေါ်က ကျီဟန်ယွိကို တွန်းထုတ်လိုက်တယ်။ ကျီဟန်ယွိက နည်းနည်းတောင်ကြောက်မသွားဘဲ သူ့ချစ်သူအပေါ်ကို စောင်ခြုံပေးကာ အတွင်းခံအေးဆေးဝတ်ရင်း

"ပြန်လာတာလား?"

ကျိုးယွင်ရှန့် က အိပ်ရာဘေးက ဆိုဖာပေါ်ကို မျက်နှာသေနဲ့ သွားထိုင်ရင်း

"ဟုတ်တယ် ငါပြန်လာတာ။ ငါ့အချစ်ဆုံးသူငယ်ချင်းကို မင်းဘယ်လိုfxxkနေလဲ ကြည့်ဖို့ပြန်လာတာ"

ကျီဟန်ယွိက နှာခေါင်းရှုံ့ ကာ
"ငါတို့ကို မကောင်းတဲ့သူတွေလို လာကြည့်မနေနဲ့! မင်းကရော သန့်သေးလို့လား? Sexပါတီမှာ မင်းပျော်ခဲ့တယ်မလား? သူဌေးသားတွေက မင်းကိုကျေနပ်အောင် ဘယ်လိုလုပ်ပေးခဲ့လဲ? မင်းငတ်နေတဲ့အပေါက်လေးကို ဖြည့်ဖို့ သူတို့ငွေတွေက လောက်ရောလောက်ရဲ့လား?"

ကျိုးယွင်ရှန့် က ဒေါသမထွက်​ပေမယ့် ဧည့်ခန်းမှာ ဆေးလိပ်ထိုင်သောက်နေတဲ့ ချောင်းမိုခွန်းကတော့ ဒေါသတွေ အလိပ်လိုက်အလိပ်လိုက်တက်လာတယ်။ သူ့တူက သူ့အမေလို လူတစ်ယောက်ကို ဒေါသထွက်သွားတာနဲ့ သတ်ပစ်ဖို့နီးပါး လုပ်​နိုင်​အောင်​ဆွတတ်​တာမျိုးတွေ အတော်တူတာ သူမသိခဲ့ဘူး။

ကျိုးယွင်ရှန့် က ကျီဟန်ယွိလည်ပင်းကို လိမ်ချိုးပစ်ချင်စိတ်တွေ ထိန်းလိုက်တယ်။ ငွေအိတ်ကိုဖွင့်ကာ ပိုက်ဆံအထပ်​လိုက် အထပ်​လိုက်တွေကို ဆွဲထုတ်လိုက်ကာ
"သိန်း၃ထောင်လိုတယ်လို့ ပြောခဲ့တယ်မလား? ရော့ ဒီမှာငါဒုက္ခခံခဲ့ရမမျှ မင်းကိုပေးတယ်။ မင်းအတွက် ဂျင်းဘောင်းဘီလေးနဲ့ pornတစ်ဝက်လောက် ဖြစ်နေတဲ့ ကြော်​ညာကို ရိုက်ခဲ့ရတယ်။ မင်းအတွက် အဖိုးကြီးရဲ့ အိမ်မွေးတိရစ္ဆာန်လို ငါ့ကိုယ်ငါရောင်းစားခဲ့ရတယ်! မင်းအတွက် မင်းချီးထုတ်သူငယ်ချင်းတွေကို မင်းကိုကူညီဖို့ အခွင့်အရေးလေးရအောင် ပလူးပလဲနေခဲ့ရတယ်! မင်းအတွက် ငါ့အရှက်သိက္ခာ၊ ငါ့ခန္ဓာကိုယ်၊ ငါ့ဝိညာဉ်ကိုတောင် ရောင်းစားခဲ့ရတယ် သူတောင်စားရ! ပြီးတော့ ဒါကို မင်းက ဘာပြန်လုပ်ခဲ့လဲ? ဆည်းဆာချိန်မှာ မင်းနဲ့ငါ့အချစ်ဆုံးသူငယ်ချင်း fxxkနေတာကို ထိုင်ကြည့်နေရမှာလား?​စောက်​ရမ်းစိတ်ပျက်ဖို့ကောင်းတဲ့sexပါတီကို ခေါ်ခံရပြီး ဆေးကြောင်ကြောင်ပြီး တိရစ္ဆာန်တွေလို စိတ်လွတ်နေတဲ့သူတွေကြား ပစ်ချခံရတာလား? ငါမင်းကို ဘာအတွက်တောင်းပန်ရမှာလဲ? ငါဘာလုပ်မိလို့ ငါ့ဘဝပျက်အောင် ဖျက်စီးရတဲ့အထိ မုန်းနေရတာလဲ?"4

ကျီဟန်ယွိရဲ့ shockရသွားတဲ့မျက်နှာကို ငွေထုတ်တွေနဲ့ ပေါက်ရင်း ပြောလိုက်တယ်။1

သူဘာလို့ ဖန်းယို့ရမ်ကို ချစ်မိသွားတာလဲ? ဘာဖြစ်လို့လဲဆို သူ့စိတ်ဓာတ်ကျနေချိန်မှာ သူ့ကိုကိုယ်ချင်းစာတဲ့မျက်လုံးလေးတွေနဲ့ ကြည့်ပေးတဲ့ တစ်ဦးတည်းသောသူမလို့ပဲ။ သူများတွေလို သူ့ကိုမနှိမ်ဘဲ သူ့နားကဖယ်ကျဉ်မသွားဘဲ သူလိုအပ်နေတဲ့အချိန်မှာ စွန့်ပစ်မသွားလို့ပဲ။ သူ့ကိုယ်တိုင်ဆင်းရဲနေတာတောင် သူ့ကိုကူညီဖို့ အကုန်လုပ်ခဲ့တယ်။ သူ့အချစ်စစ် အပြည့်အဝက အရမ်းနွေးထွေးစေတယ်။ ဒါ​ပေမယ့် ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေတဲ့ ငွေစက္ကူအလိပ်လိုက်တွေက သူကိုပြောနေတယ်။ သူသတိမထားမိချိန်မှာ တစ်စုံတစ်ယောက်က သူ့အတွက် အရှက်သိက္ခာ၊ ခန္ဓာကိုယ် ဝိညာဉ်တွေအားလုံးကို ပေးဆပ်ခဲ့တယ်။ ပြီးတော့ သူကအဲ့လိုလူဘဝကို ညစ်ညမ်းစွာဖျက်ဆီးပစ်ဖို့ လုပ်ခဲ့တယ်။ အရှက်တကွဲဖြစ်နေတဲ့ မမေ့နိုင်လောက်အောင် လှလွန်းတဲ့ ကောင်လေးကို ကြည့်နေရုံနဲ့ ကျီဟန်ယွိက ပါးအသေချခံလိုက်ရသလိုမျိုး သူ့ပါးတွေက လောင်ကျွမ်းသွားမတက် ပူလောင်လာတယ်။ သူအသံ တုန်ရီစွာနဲ့

"မင်း . . . မင်းသူငယ်ချင်းတွေကို ငါနဲ့ပိုက်ဆံကြောင့် တွဲတာလို့ ပြောခဲ့တယ်မလား?"

"မင်းကိုပဲချစ်တာလား လာလာမေးတဲ့ အတန်းဖော်တိုင်းကို ငါကဘာလို့ အကုန်လိုက်ပြောနေရမလဲ? ဒါငါ့ကိစ္စလေ။ ငါပေးဆပ်သမျှ မင်းငါ့အချစ်အင်အားတွေကို မြင်နိုင်ပြီး ဒုက္ခတွေကို အတူလက်တွဲ ရင်ဆိုင်နိုင်မယ် ထင်ခဲ့တာ။ ဒါ​ပေမယ့်လည်း မင်းအချစ်က အရမ်းအပေါစားဆန်လွန်းတယ် ထင်ပါတယ်။ ဖန်းယို့ရမ်က မင်းကိုထမင်းနည်းနည်းလောက် ကျွေးရုံ၊ အားပေးရုံနဲ့ မင်းအချစ်တွေ သူ့ကိုပေးလိုက်တယ်ပေါ့?"

ကောင်လေးက ပင်ပန်းလာပုံပေါ်လာကာ ဆိုဖာကိုမှီချလိုက်ကာ လက်ပြရင်း

"မေ့လိုက်တော့။ အခုမှရှင်းပြနေတော့ ဘာလုပ်ရမှာလဲ? ငါကအပျော်သဘော စနောက်ပြောခဲ့ရုံလေးနဲ့ မင်းကငါ့ဘဝကို ဖျက်ဆီးပစ်ဖို့ လုပ်ခဲ့တယ်။ ကျီ​ဟန်ယွိ မင်းစိတ်က အရမ်းအောက်တန်းကျလွန်းတယ်။ ပိုက်ဆံတွေ ကောက်ပြီး မြန်မြန်ထွက်သွားတော့။ မင်းကိုမြင်နေရတာ ငါအဆင်မပြေဘူး"

ကျီဟန်ယွိက ဒီပိုက်ဆံတွေကို ဘယ်လိုမျက်နှာမျိုးနဲ့ ယူရက်ပါ့မလဲ? ဒီကောင်လေး ဒါအတွက်ပေးဆပ်ခဲ့တာ တွေးမိသလောက် သူ့နှလုံးသားတစ်ခုလုံး ဖြစ်ညှစ်လိမ်ခံလိုက်ရသလိုပဲ။ သူနှလုံးသားက ဘယ်လောက်မာတယ်ပဲပြောပြော သူကအတွေ့အကြုံမရှိသေးတဲ့ ကလေးသာသာပဲဆိုတော့ ဟာကွက်တွေအများကြီးပဲ။ ကျိုးယွင့်ရှန် သူ့ကိုသုံးလိုက်တဲ့အကွက်က သူရှေ့မဆက်နိုင်လောက်အောင်ပဲ။
သူတောင်သတိမရတဲ့ သူ့ကတိကိုတည်ဖို့ လင်းချန်စယ်က တနေ့လုံးအပြင်ထွက်နေပြီး ညဉ့်နက်မှပြန်လာတာက သူပျော်တော်ဆက်လေး ဖြစ်နေခဲ့လို့။ သူ့သူငယ်ချင်းတွေကို လိုက်ရောတာက သူ့ကိုကူညီမယ့်သူရှိအောင်လို့။ သူ့အတွက်လုပ်ခဲ့သမျှကို သူဘာလို့မမြင်နိုင်ရတာလဲ? သူပြောခဲ့တာလေးနဲ့ နားလည်မှုတွေ အကြီးကြီးလွဲကာ ဒီလိုကြောက်ဖို့ကောင်းတဲ့အကြံအစီတွေ လုပ်မိတာလဲ? တကယ်လို့ သူတို့သာ ပွင့်ပွင့်လင်းလင်းနဲ့ အမှန်အတိုင်း ပြောခဲ့မိကြရင် ဒီအခြေအနေထိ ရောက်လာမှာမဟုတ်ဘူး။ စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးတွေရဲနေတဲ့ ကောင်လေးကို ကြည့်ကာ သူအရင်လုပ်ခဲ့မိတာတွေအတွက် နောင်တအကြီးအကျယ်ရမိတယ်။ အချိန်တွေသာ ပြန်လှည့်လို့ရခဲ့ရင် သူ့ကိုရော သူ့ခံစားချက်တွေပါ အလေးထားခဲ့ပါတယ်။+

ဖန်းယို့ရမ် စောင်ပုံထဲက မျက်ရည်နဲ့မျက်ခွက်နဲ့ ထွက်လာကာ

"ချန်စယ် . . .ငါတောင်းပန်ပါတယ်"

"မင်းလည်း ငါ့ကိုတကယ်အားနာတယ်ဆို ဒီပိုက်ဆံတွေယူပြီး ထွက်သာသွားတော့။ ငါမင်းကို မမြင်ချင်တော့ဘူး"

ကျိုးယွင်ရှန့် က သူ့ကိုအေးစက်စွာ ကြည့်လိုက်တယ်။ အရင်လင်းချန်စယ်က မှားခဲ့တယ်ပဲထားဦး ကိုယ့်best friendရဲ့ boyfriendကို စနှိုက်ပါကောင်လုပ်တာနဲ့တင် ဖန်းယို့ရမ်က ဘယ်မှာဖြူစင်လို့လဲ။ လင်းချန်စယ် ညစ်ညမ်းပုံတွေနဲ့ ဒုက္ခရောက်နေတုန်းက သူ့ကိုလွတ်အောင် ပြန်မကူညီဘဲ အကူအညီမဖြစ်တဲ့ အားပေးစကားတစ်ခွန်းနှစ်ခွန်းပဲ ပြောသွားတာ။ နောက်ဆုံးမှာ သူသားကောင်ဖြစ်သွားတော့ ဖန်းယို့ရမ်က သူ့ကိုကိုယ်ချင်းစာဖို့နေနေသာသာ အေးတိအေးစက်တောင် ဆက်ဆံသေးတယ်။ အရင်လင်းချန်စယ်က သူ့ကိုနှစ်တွေအများကြီး အိမ်ပေါ်ခေါ်တင်ထားတဲ့ ကြင်နာမှုကို သူဒီလိုချေသွားတာ။ ဒါဘာသဘောလဲ? ဒါလားတကယ်ချစ်ကြတဲ့ သူငယ်ချင်းတွေဆိုတာ?

ကျီဟန်ယွိက သူ့ကိုထွက်မသွားစေချင်ဘူး။ သူဒီလို လမ်းမခွဲချင်ဘူး။ သူဆက်တွဲဖို့ တောင်းပန်မလို့ရှိသေး သူ့ဦးလေးက အေးဆေးလျှောက်ဝင်လာတာတွေ့တော့ မျက်လုံးထဲမှာ အမုန်းရိပ်တွေ ပြည့်လာတယ်။
"ကလေး ပြီးပြီလား? ပြီးရင် ကိုယ်နဲ့အိမ်ကို ပြန်လိုက်ခဲ့တော့"

သူကောင်လေး လက်တွေကို ဆွဲကိုင်ရင်း ပြောတယ်။ ကျီဟန်ယွိက ဖြစ်နိုင်သမျှတွေ တွေးရင်း ဒေါသမွှန်နေတဲ့ မျက်နှာနဲ့

"ဦးလေးက ဒီမှာဘာလာလုပ်နေတာလဲ? ဦးလေးနဲ့ ချန်စယ်က ဘယ်လိုပတ်သက်​လို့လဲ?"

"ငါက သူပြောသွားတဲ့ အဖိုးကြီးပဲ။ ကလေး တကယ်လို့ ဒါသာမပြောရင် ကလေးစိတ်ထဲမှာ ဦးကဒီလိုမျိုးဖြစ်နေမယ်ဆိုတာကိုတွေးမိမှာတောင် မဟုတ်ဘူး"13
သူကောင်လေးရဲ့ နားသီးလုံးလုံးလေးကို ကိုက်ရင်းပြောတယ်။ ကောင်လေးရဲ့ တောင့်နေတဲ့ပုခုံးတွေက ပြေကျလာပြီး ဝမ်းနည်းပက်လက်ပြန်ပြုံးပြတယ်။
"အခုသွားမယ်"

လို့ ပါးစပ်လှုပ်ရုံလောက်ပြန်ပြောရင်း သူ့ခါးကိုသိုင်းဖက်ကာ ထွက်သွားတော့တယ်။

ကျီဟန်ယွိက shockရကာ အကြာကြီးရပ်နေတယ်။ သူ့ငွေစက္ကူတွေကို ကြည့်လိုက်ပြီး မျက်နှာကိုလက်နဲ့အုပ်ကာ ငိုနေတဲ့ ကောင်လေးကို ကြည့်လိုက်တယ်။ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးလူတစ်ယောက် ဆုံးရူံးလိုက်ရသလို ခံစားနေရတယ်။
ဖန်းယို့ရမ်က သူနောင်တရနေတဲ့ပုံကိုမြင်တော့ အသဲတွေကွဲသွားတယ်။ ဟန်ယွိအတွက် သူပေးနိုင်သမျှ အကုန်ပေးခဲ့တာ လုံလောက်တယ်လို့ထင်ခဲ့တာ။ ဒါက သူဟန်ယွိကို ခိုးနိုင်တဲ့အဓိက အကြောင်းရင်းပဲ။ အခုချန်စယ်ရဲ့ ပေးဆပ်အနစ်နာခံမှုတွေနဲ့ ကြုံလိုက်ရတော့ သူကဟာသသက်သက်ပဲ။
ကျီဟန်ယွိသာ သူနဲ့ပြတ်မယ်ဆို သူဒီကနေ ဘယ်မှာသွားနေရတော့မှာလဲ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі